← Chapters

အခန်း (၂၃၄)

Vol. 24 Ch. 234

အခန်း (၂၃၄)

Vol. 24 Ch. 234

ချန်ဟုန်ထောင်တစ်ယောက် တူမဖြစ်သူ၏ သတင်းကြောင့် အလွန်ပင် စိတ်ပူနေခဲ့သည်။

သူမ သေသေချာချာ မေးကြည့်လိုက်လျှင် ချန်ဖေးဖေးမှာ သူမ ယခင်က ကယ်ဆယ်ခဲ့သော လူနာတစ်ဦးကို သွားတွေ့ရန် မြို့ပြင်သို့ ထွက်သွားကြောင်း သိလိုက်ရသည်။

သူမ တစ်ခုခု မှားယွင်းနေကြောင်း ခံစားရသောကြောင့် ထပ်မံမေးကြည့်လိုက်ချိန်တွင် ထိုလူနာ၏ မျိုးရိုးက စုန့်ဖြစ်ကြောင်းကို သိလိုက်ရလေ၏။

ထိုအချိန်တွင် အရာအားလုံးက ချက်ချင်း ရှင်းလင်းသွားခဲ့သည်။

လူနာနဲ့ တွေ့ဖို့သွားတာ မဟုတ်ဘူး။

သူမက “ချစ်သူ” နဲ့ တွေ့ဖို့ အလျင်စလို သွားခဲ့တယ်ဆိုတာ ရှင်းနေတာပဲ!

သူမ၏ ချစ်သူဆိုသူက သူမ၏အပိုင် မဟုတ်ခဲ့သည်ကတော့ ဝမ်းနည်းစရာပင်!

သူမက တစ်ပတ်လုံးလုံး ပြန်မလာသေးဘဲ သတင်းကိုလည်း မကြားခဲ့ရသောကြောင့် ချန်မိသားစုက ရူးသွပ်လုနီးပါးဖြစ်နေကြလေပြီ။

ချန်ဟုန်ထောင်အနေဖြင့် ယမန်နေ့က ပြန်ရောက်လာသော စုန့်ရှီးယန်နှင့် ၊ သူနှထင့်အတူအိမ်သို့ လိုက်လာသော လင်းရန်တို့ကို ပြန်စဉ်းစားမိသည်။

သူမ၏ တူမ ချန်ဖေးဖေးက သူတို့ထက် စောပြီး ရောက်ရှိလာသင့်သည်။

သို့သော် ဤအချိန်ထိ ပေါ်မလာသေးသောကြောင့် တစ်ခုခု ဖြစ်သွားခြင်းသာ ဖြစ်ရမည်!

ထို့ကြောင့် ယနေ့ တစ်နေကုန် သူမက သူမ၏ အစ်ကိုနှင့် ယောက်မဖြစ်သူတို့အတူ ရဲစခန်းတွင် ရှိနေခဲ့ပြီး ထွက်ဆိုချက်များကို မှတ်တမ်းတင်ခြင်း တို့ဖြင့် အလုပ်ရှုပ်နေခဲ့သညဲ။

ညနေဘက် နောက်ကျမှသာ ပြန်လာနိုင်ခဲ့သည်။

ယနေ့တွင် ရဲများက ပြည်နယ်များကိုကျော်ခွ၍ လူရှာရန်အတွက်က ခက်ခဲလိမ့်မည်ဟု ပြောလာခဲ့ချိန်တွင် ချန်မိသားစု၏ နှလုံးသားများက အောက်ဆုံးသို့ နစ်မြုပ်သွားခဲ့ရသည်။

ထို့ကြောင့် ချန်ဟုန်ထောင်တစ်ယောက် အပြန်လမ်းတွင် ဤမျှ ရုပ်ဆိုးနေခြင်း ဖြစ်သည်။

တူမဖြစ်သူ၏ အခြေအနေကို ပြန်တွေးမိလျှင် ချန်ဟုန်ထောင်တစ်ယောက် ဝမ်းနည်းစိတ်များ ထပ်မံ ဖြစ်ပေါ်လာရသည်။

သူမ၏ လေသံကလည်း ဤအချိန်တွင် အလွန်ပျော့ပျောင်းသွားပြီး လင်းရန်ဆီသို့ တောင်းပန်လိုသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ရဲဘော်လင်းရန်၊ ငါတို့ရဲ့ဖေးဖေးထွက်သွားတုန်းက ဘာတွေပြောခဲ့လဲဆိုတာ ပြောပြလို့ရမလား.. သူမ ဘယ်ကကိုသွားလဲဆိုတာရော မင်း မြင်ခဲ့လား..

သူမ ကားထဲကို ဝင်သွားတာလား.. ငါတို့ရဲ့ဖေးဖေးက အရမ်းကိုသတိတတ်လိမ္မာတဲ့သူပါ..

သူမက အကြောင်းပြချက်မရှိဘဲပျောက်ကွယ်သွားမှာ မဟုတ်ဘူး.. မင်းသာ တစ်ခုခု သိထားရင် ဖုံးကွယ်မထားပါနဲ့.. တစ်ရက်လောက် နောက်ကျပြီးမှ ရှာတွေ့ရင် အန္တရာယ် ပိုကြီးနိုင်တယ်!”

ချန်းဟုန်ထောင်ဘက်မှ အဓိကအချက်ကို ပြောလာခဲ့သော်လည်း လင်းရန်အနေဖြင့် ငြင်းဆိုစကားကိုသာ ပြောနိုင်ခဲ့သည်။

“ကျွန်မ မသိဘူး၊ အဲဒီနေ့က သူမကက ကျွန်မနဲ့ စုန့်ရှီးယန်တို့ အတူရှိနေတာကို သိသွားပြီးတော့ ဘာမှ ဆက်မပြောတော့ဘဲ ငိုပြီးထွက်ပြေးသွားတာ”

“ခဏလေး၊ မင်းတို့နှစ်ယောက် အတူရှိနေတာကို ကြားပြီးသွားတော့ သူမက ဘာလို့ ငိုပြီး ထွက်ပြေးသွားရတာလဲ”

ဘေးနားမှ ချင်းယွင်လျန်က ထိုစကားမှ အဓိကအချက်ကို ချက်ချင်း တွေ့ရှိသွားခဲ့ပြီး လင်းရန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် မေးလိုက်သည်။

လင်းရန်က မျက်ခုံးကိုအသာပင့်ကာ ချန်ဟုန်ထောင်ကို တိုက်ရိုက်ကြည့်လိုက်သည်။

“ဒီဘက်က အန်တီက အကြောင်းပြချက်ကို သိလိမ့်မယ်လို့ ထင်ပါတယ်”

ချင်းယွင်လျန်၏ မျက်လုံးများက ချန်ဟုန်ထောင်ထံသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

“ချန်ဟုန်ထောင်၊ ရှင့်ရဲ့ တူမက ဘာဖြစ်နေတာလဲ”

သူတို့၏ သံသယများနှင့် ရင်ဆိုင်လာရချိန်တွင် ချန်ဟုန်ထောင်တစ်ယောက် ရုတ်တရက် အနည်းငယ် ရှက်ရွံ့သွားရသည်။

ဤကဲ့သို့အကြောင်းကိစ္စမျိုးက အမှန်တကယ်ပင် ရှက်စရာ ကောင်းပေ၏။

အဆုံးတွင်တော့ မိန်းကလေးတစ်ယောက်အတွက် ဂုဏ်သိက္ခာက အလွန်အရေးကြီးသည်မဟုတ်ပါလား။

စုန့်ရှီးယန်နှင့် သူ့အမေတို့က ချန်ဖေးဖေးက ဘယ်သူလဲဆိုတာတောင် မသိကြဘူး!

သူမရဲ့ တူမကသာ စုန့်ရှီးယန်ကို တစ်ဖက်သတ် ချစ်ကြိုက်နေကြောင်း သိသွားရင် ဘယ်လိုတွေ စဉ်းစားလာမလဲဆိုတာတောင် မသိနိုင်တော့ဘူး!

နောက်ဆုံးတွင်တော့ ချန်ဟုန်ထောင်တစ်ယောက် ခေါင်းမာစွာနှင့် ရင်ဆိုင်ကာ လျင်မြန်စွာ ပြောလိုက်သည်။

“အခု ဒီကိစ္စတွေအကြောင်းကို မပြောကြရအောင်.. ဘယ်လိုပဲဖြစ်ဖြစ်.. အရေးအကြီးဆုံးက ကျွန်မရဲ့တူမကို အရင်ဆုံး ရှာတွေ့ဖို့ပဲ!”

သို့သော် သူမ၏ အပြစ်နေရှိသော အမူအရာ နှင့် စကားခေါင်းစဥ်ကို လွှဲပြောင်းပြောဆိုလာမှုတို့မှတဆင့် ချင်းယွင်လျန်တို့ ညီအစ်မနှစ်ယောက်က မည်မျှပင် နှေးကွေးပါစေ၊ ထိုစကားများက မည်သည့်အရာကိုဆိုလိုခြင်းဖြစ်ကြောင်းကို သိလိုက်ကြသည်။

ချန်ဟုန်ထောင်၏ တူမက စုန့်ရှီးယန်ကို သဘောကျနေတာပဲ။

ထို့အပြင် သူမက တစ်ကြိမ်တစ်ခါမှ အထိန်းအချုပ်မခံဖူးသေးသော မိန်းကလေးသာ ဖြစ်ပေလိမ့်မည်။

စုန့်ရှီးယန်မှ ရက်ရက်စက်စက် ငြင်းပယ်ခဲ့သော မိန်းကလေးများစွာကို သတိရလိုက်မိပြီးနောက် ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့ ညီအစ်မနှစ်ယောက်မှာ ချန်ဖေးဖေးကို အနည်းငယ်သနားမိသွားခဲ့ကြသည်။

လင်းရန်ထံမှ မည်သည့်အရာကိုမှ မေးမြန်း၍မရနိုင်တော့ကြောင်းကို မြင်လိုက်ရပြီးနောက် ချန်ဟုန်ထောင်တစ်ယောက် အလွန်ပင် စိတ်ပျက်သွားခဲ့ရသည်။

သေချာပေ၏။ သူမက လင်းရန်နှင့် စုန့်ရှီးယန်အပေါ် ရန်လိုမှုကိုတော့ လုံးဝ လျှော့ချခြင်းမရှိခဲ့ပါချေ။

ထိုအချိန်က လင်းရန်နှင့် စုန့်ရှီးယန်တို့နှစ်ယောက်မှ သူမ၏ တူမချန်ဖေးဖေးကို မည်သည့်အရာမှ မလုပ်ခဲ့လျှင်ပင် သူမ၏တူမက ငိုပြီး ထွက်ပြေးခဲ့ရရသည်။

သူတို့ကြောင့်သာ ထိခိုက်ခဲ့ရခြင်းပင်။

သူတို့နှစ်ယောက် အတူရှိနေတယ်ဆိုလည်း အတူရှိနေတယ်ပေါ့။ သူမရဲ့ တူမ ချန်ဖေးဖေးကို ပိုပြီး နူးညံ့သိမ်မွေ့တဲ့နည်းလမ်းနဲ့ပြောလို့မရဘူးလား။

ဘာလို့ သူမကို ငိုအောင် လုပ်ရတာလဲ။

သူမက အရမ်း ဝမ်းနည်းလွန်းနေတဲ့အတွက်ကြောင့် အပြန်လမ်းမှာ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ရတာပဲ ဖြစ်မယ်!

ထိုသို့ စဉ်းစားလိုက်ပြီးနောက်တွင် လင်းရန်နှင့် စုန့်ရှီးယန်တို့က ပူးပေါင်းကြံစည်သူများသာဖြစ်လိမ့်မည်ဟု ခံစားလာခဲ့ရသည်။

သို့သော် ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့နှစ်ယောက်တို့က စောင့်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင်း ချန်ဟုန်ထောင်တစ်ယောက် လင်းရန်ကို ပြဿနာရှာရန် သတ္တိမရှိတော့ဘဲ နောက်ဆုံးတွင် သူမကို ဒေါသတကြီး စိုက်ကြည့်ကာ အမြန်ဆုံး ထွက်ခွာသွားရတော့သည်။

“ဒီတစ်ယောက်က ခေါင်းမှာတစ်ခုခု မှားယွင်းနေတာလား”

ချင်ယွင်လျန်က မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

“သူမရဲ့တူမက သူ့ဘာသာသူ ပျောက်သွားတာလေ၊ ငါတို့နဲ့ ဘာမှ မဆိုင်ဘူး၊ တကယ့်ကို ထူးဆန်းတဲ့အတွေးအခေါ်တွေနဲ့ အရှုပ်အထွေးတွေလုပ်နေတာပဲ!”

“တော်ပြီ၊ ဒီကိစ္စကို စိတ်ထဲမထားနဲ့တော့.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ရှိနေသရွေ့ သူမဘက်က စစ်တပ်ကို တိုင်ကြားရင်တောင် ငါတို့နဲ့ မဆိုင်ဘူး”

ချင်းယွင်ကျစ်အနေဖြင့် ချန်ဟုန်ထောင်နှင့် ချန်ဖေးဖေးတို့၏ ကိစ္စများက သူတို့၏ ယနေ့အတွက် ပျော်ရွှင်မှုကို ထိခိုက်စေမည်ကို မလိုချင်သောကြောင့် အလျှင်အမြန်ပင် ခေါင်းစဥ်ကိုလွှဲပြောင်း၍ပြောဆိုခဲ့သည်။

လင်းရန်သည်လည်း သူတို့၏သဘောထားကိုမြင်သောကြောင့် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်လိုက်လေ၏။

သူတို့ သုံးယောက်က လက်ထဲတွင် အောင်ပွဲများအဖြစ် အထုပ်အပိုးအစုံအလင်ဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။

အိမ်တံခါးကိုဖွင့်ကာ ဝင်လိုက်သည်နှင့် စုန့်ရှီးယန်က အပြစ်တင်နေသော မျက်နှာတို့ဖြင့် ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရပြီး သူ၏ဘေးတွင်တော့ အဖေစုန့်က စာနယ်ဇင်းတစ်ခုကို အလေးအနက် ဖတ်နေသည်ကို တွေ့လိုက်ရသည်။

တံခါးဖွင့်သံကို ကြားလျှင် သားအဖနှစ်ယောက်က ချက်ချင်းပင် တံခါးဝဆီသို့ လှည့်ကြည့်လာခဲ့ကြသည်။

“ပြန်ရောက်လာပြီလား!”

စုန့်ရှီးယန်က ချက်ချင်းပင် ထရပ်လိုက်ပြီး လင်းရန်၏အနီးသို့ လျှောက်လာရင်း မေးလိုက်သည်။

“ပင်ပန်းနေပြီလား.. ဒီနေ့ အပြင်မှာ ဘာတွေ လုပ်ခဲ့လဲ

စုန့်ကျယ်ကလည်း ထရပ်သော်လည်း သူ၏နေရာတွင်သာ ရပ်တန့်နေပြီး လှုပ်ရှားခြင်း မရှိပေ။

သူက စကားတစ်ခွန်းသာ ပြောခဲ့သည်။

“ပြန်လာပြီလား”

ချင်းယွင်ကျစ်တစ်ယောက် လုံးလုံးလျားလြား စိတ်ပျက်သွားရလေသည်။

အထူးသဖြင့် သူမက စုန့်ကျယ်၏ တုံးအလွန်းသော ပါးစပ်ကို ရင်းနှီးနေပြီဟု ထင်ခဲ့သော်လည်း ယခု စုန့်ရှီးယန်က သူ၏ဘေးတွင် ရှိနေခဲ့ပြီး နှိုင်းယှဉ်ပြသနေသကဲ့သို့ ရှိနေချိန်တွင်တော့ သူမအနေဖြင့် ရုတ်တရက် ပို၍ပင် ဒေါသထွက်လာခဲ့သည်။

သူ၏ သားပင်လျှင် ရန်ရန်ကို နှုတ်ဆက်တတ်သည်။ စုန့်ကျယ်ကသားဖြစ်သူထက် အသက်နှစ်ဆယ် ပိုကြီးခဲ့ခဲ့သည်မှာ အချိန်များကို အလဟသဖြစ်စေသကဲ့သို့ပင်။

သူ၏ ပါးစပ်က တံဆိပ်ခတ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်!

ဘာမှ ထပ်မပြောချင်တော့ဘူး!

ချင်းယွင်ကျစ်တစ်ယောက် ပို၍စဉ်းစားလေလေ၊ ပို၍ဒေါသထွက်လေလေ ဖြစ်သောကြောင့် ပစ္စည်းများကို သယ်ဆောင်ကာ အပေါ်ထပ်သို့ တိုက်ရိုက် တက်သွားတော့သည်။

သူမဘေးမှ ချင်းယွင်လျန်သည်လည်း အစ်မဖြစ်သူ ဒေါသထွက်နေကြောင်းကိုသိနေခဲ့သည်။ သို့သော်လည်း ဤကဲ့သို့ စကားမပြောနိုင်သော ခဲအိုကို ရင်ဆိုင်ရချိန်တွင် သူမက ပခုံးကိုတွန့်ပြရုံသာ တတ်နိုင်ခဲ့သည်။

“ရန်ရန်၊ မင်း ပစ္စည်းတွေယူထားလိုက်လေ၊ ငါ အရင် ပြန်သွားလိုက်ဦးမယ်.. မနက်ဖြန် မနက်မှ ပြန်လာခဲ့မယ်”

ထိုသို့ပြောပြီးနောက် ချင်းယွင်လျန်သည်လည်း ထွက်ခွာသွားခဲ့ပြီး အိမ်ထဲတွင် လူသုံးဦးသာ ကျန်ရစ်ခဲ့တော့သည်။

စုန့်ရှီးယန်နှင့် လင်းရန်တို့က ယနေ့ အပြင်ဘက်တွင် ကြုံတွေ့ခဲ့ရသည့် ကိစ္စများအကြောင်းကို ပြောဆိုနေကြပြီး...

အဘယ်ကြောင့်မှန်းမသိ သူ့ဇနီးကို ထပ်မံ ဒေါသထွက်စေခဲ့သော စုန့်ကျယ်သာလျှင် ကျန်ရစ်ခဲ့တော့သည်။

အဖေစုန့်မှာ မတိုင်ခင်က စာနယ်ဇင်းကို အမှန်တကယ် ဖတ်နေခြင်းမဟုတ်ဘဲ သူ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူ၏နားထဲ၌ လူငယ်နှစ်ဦးတို့ အချင်းချင်း စကားပြောနေသည်ကို နားထောင်ရင်း သူ၏ လက်ထဲရှိ စာနယ်ဇင်းက အလွန်ပင် မျက်စိနောက်စရာ ဖြစ်လာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

“ငါ အပေါ်ကို တက်လိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် စုန့်ကျဲက စာနယ်ဇင်းကို ကော်ဖီစားပွဲပေါ်သို့ အားပြင်းပြင်းနှင့် တင်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် အပေါ်ထပ်သို့ တက်သွားခဲ့လေသည်။

လင်းရန်တစ်ယောက် အဖေစုန့် စာနယ်ဇင်းကို ချလိုက်သည့် အသံကြောင့် ထိန်လန့်သွားရသည်။အဖေစုန့် ထွက်ခွာသွားချိန်က မျက်နှာပေါ်ရှိ အေးစက်လွန်းသောအမူအရာကို သူမ၏ မျက်စိထောင့်မှ မြင်လိုက်ရသောကြောင့် မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။

“ရှင့်အဖေ ဘာဖြစ်သွားတာလဲ.. အန်တီကို ပြဿနာရှာဖို့ အပေါ်ကိုတက်သွားတာလား”

သူမ၏ အဖေစုန့်အပေါ် ပထမဆုံးထင်မြင်ချက်က အလွန်ကောင်းမွန်ခဲ့သော်လည်း ထိုသူက သူ၏ ဇနီးကို တိုက်ခိုက်ခြင်း ရှိ၊ မရှိကိုတော့ သူမ မဆုံးဖြတ်နိုင်ပေ။

အထူးသဖြင့် သူ ယခု အပေါ်ထပ်သို့ တက်သွားသည့်အမူအရာတွင် အတော်လေး ရန်လိုနေသကဲ့သို့ဖြစ်နေသောကြောင့် မြင်ရသူတိုင်းက သူ ဒေါသထွက်နေကြောင်းကို သိနိုင်သည်!

All Chapters