အခန်း (၂၃၆)
Vol. 24 Ch. 236
“စုန့်စစ်ယွီ! စုန့်စစ်ယွီ၊ မင်း ဒီမှာ ရှိလား”
ချန်ကျားယန် စဉ်းစားလေလေ၊ တစ်ခုခု မှားနေသည်ဟု ပို၍ ခံစားရလေ ဖြစ်နေခဲ့သည်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူနှင့် စုန့်စစ်ယွီကြားမှ ဆက်ဆံရေးကို ဂရုတစိုက် ပြန်တွေးမိလျှင် ပထမဆုံးနေ့တုန်းက သူ စုန့်စစ်ယွီရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူမကို ထိတ်လန့်သွားစေခဲ့ချိန်က သူမဘက်မှ ရန်လိုသည့် အမူအရာ ပြသခဲ့သည်မှလွဲ၍ ကျန်ရှိသည့်ရက်များတွင် သူတို့ နှစ်ဦးက အလွန်အမင်း ပျော်ရွှင်စွာ ပေါင်းသင်းဆက်ဆံခဲ့ကြောင်း သိသာပေသည်!
အထူးသဖြင့် စာပေကဗျာ စုဆောင်းမှုများအကြောင်းကို ဆွေးနွေးတိုင်း စုန့်စစ်ယွီက သူ့ကို လေးစားအားကျသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို အမြဲတစေမြင်တွေ့ခဲ့ရသည်။
သူသည်သာ အသိပညာ အရှိဆုံးလူ ဖြစ်သည့်အတိုင်းပင်!
ဒါက အရင်ဘဝရဲ့ လမ်းကြောင်းနဲ့ တူညီနေတာမဟုတ်ဘူးလား။
သူတို့ နှစ်ယောက် နောက်ထပ် ရက်အနည်းငယ်လောက် အတူရှိနေလိုက််ရုံနှင့် စုန့်စစ်ယွီက သူရဲ့ လက်ထဲကို သေချာပေါက် ရှိလာလိမ့်မယ်!
သို့သော် ချန်ကျားယန်အနေဖြင့် သူ ဤနေရာသို့ ရှင်းပြလို့မရနိုင်စွာ ရောက်လာလိမ့်မည်ဟု မည်သည့်အချိန်ကမှ မမျှော်လင့်ခဲ့ပေ။
သူ အရှုံးမပေးသသေးဘဲ စုန့်စစ်ယွီက သူ့ကို မလိမ်ညာခဲ့ကြောင်းကို ဖြည်းစွတ် တွေးတောနေခဲ့သည်။
သူမသည်လည်း လှည့်ဖြားခံရပြီး ဤနေရာသို့ ခေါ်ဆောင်ခြင်း ခံရခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူ စုန့်စစ်ယွီ၏ အမည်ကို ဆက်တိုက် ခေါ်နေခဲ့သည်။
အကြိမ်များစွာ ခေါ်ပြီးနောက်တွင်တော့ စုန့်စစ်ယွီဆီမှ တုံ့ပြန်မှုကို မရရှိသည့်အပြင် အပေါ်ဘက်မှ လူ၏ အာရုံကိုပါ ဆွဲဆောင်မိသွားတော့သည်။
မြေအောက်ခန်းတံခါးက နောက်တစ်ဖန် ပြန်ပွင့်လာသည်။
“မင်း ဘာလို့ ဒီလိုမျိုး ဆူညံနေရတာလဲ! ရူးနေတာလား! မင်းသာ ပါးစပ်ကို မပိတ်ဘူးဆိုရင် ကျန်ရှိတဲ့ ဘဝတစ်ခုလုံး အပြင်ကို ပြန်ထွက်နိုင်အောင် ငါ လုပ်ပစ်မယ်!”
အပေါ်မှ ကြမ်းတမ်းသော အသံက ချန်ကျားယန်ကို ကြောက်လန့်သွားစေပြီး သူ စကားတစ်ခွန်းမှ ထပ်မံ မပြောရဲတော့ပေ။
မြေအောက်ခန်း ပြန်ပိတ်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ချန်ကျားယန်တစ်ယောက် မြေပြင်ပေါ်သို့ စိတ်ပျက်အားငယ်စွာ လဲကျသွားတော့သည်။
သူ့ကိုယ်သူ ထပ်ပြီး စိတ်ချမ်းသာအောင်ဖြည့်တွေးနေဖို့ မလိုတော့ဘူး။
စုန့်စစ်ယွီက ဒီမှာ လုံးဝ မရှိဘူး!
တကယ်တော့ သူ ဒီကိုရောက်နေရေဲ့ အကြောင်းရင်းက စုန့်စစ်ယွီကြောင့်ဆိုတာ ၁၀၀% သေချာသွားပြီ!
“ယောက်ျားတွေက ဘာလို့ပါလာတာ လဲ.. ဒီလူကုန်ကူးသူတွေက မိန်းမနဲ့ ကလေးတွေကိုပဲ ပြန်ပေးဆွဲတယ် ထင်တာ၊ ယောက်ျားတွေပါ လိုချင်တယ် မထင်ထားဘူး”
“မသိဘူး၊ ဒါပေမဲ့ သူလည်း အတော်လေး ကံမကောင်းတာပဲ.. ဟေး ရှားရှားပါးပါး ယောကျ်ားလေးတစ်ယောက်ခေါ်လာတဲ့အချိန်မှာ ပြန်ပေးဆွဲခံလာရတယ်”
မြေအောက်ခန်းက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဘေးဘက်မှ တစ်ယောက်ယောက်က ချန်ကျားယန် အဘယ်ကြောင့် ဤနေရာသို့ ရောက်လာသည်ကို သိချင်နေဟန်ဖြင့် တီးတိုးပြောဆိုနေသည်ကို ကြားလိုက်ရသည်။
သူတို့၏ စကားပြောဆိုမှုမှတဆင့် ချန်ကျားယန်အနေဖြင့် မတိုင်ခင်ကသူ့ကို ခေါ်လာသူက လူကုန်ကူးသူ ဖြစ်နေကြောင်းကို သိလိုက်ရသည်။
လူကုန်ကူးတာတဲ့လား?!
စုန့်စစ်ယွီ!!
သူမကတော့ ရူးတာပဲဖြစ်ရမယ်!
ချန်ကျားယန်၏ မျက်လုံးများက အံ့သြသင့်မှုများနှင့် ပြူးကျယ်သွားခဲ့ရသည်!
မတိုင်ခင်က သူ့အနေဖြင့် စုန့်စစ်ယွီက သူ့ကို သင်ခန်းစာပေးရန်အတွက် ရက်အနည်းငယ်လောက် ပိတ်လှောင်ထားရန် အခြားသူများနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟု ရိုးရှင်းစွာ တွေးထင်ခဲ့သည်။
သို့သော်လည်း ဤနေရာက လူကုန်ကူးသူများ၏ အသိုက်အမြုံ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ!
ချန်ကျားယန်အနေဖြင်် လူကုန်ကူးသူ ဆိုသည်က မည်သည့်အရာဖြစ်ကြောင်းကို မသိဘဲ မနေပါချေ။ သို့သော်လည်း တစ်နေ့တွင် သူသည်လည်း လူကုန်ကူးသူ၏ ပြန်ပေးဆွဲခြင်း ခံရလိမ့်မည်ဟု အိပာမက်ထဲတွင်ပင် မတွေးခဲ့ဖူးပေ။
သူက ယောက်ျား တစ်ယောက်လေ!
သူက စကားပြောနေသော လူနှစ်ဦးထံသို့ အလောတကြီး ချဉ်းကပ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
“သူတို့က ငါတို့ကို ဘယ်တေရာကို ခေါ်သွားမှာလဲ.. မင်းတို့ သိလား”
“ငါတို့ မသိဘူး.. ငါတို့က နင့်ထက် တစ်ရက်ပဲ စောပြီးရောက်တာ.. ပထမဆုံး ရောက်လာတဲ့လူကတော့ သိချင်သိလိမ့်မယ်...”
ချန်ကျားယန်က ပထမဆုံး ရောက်လာသူက မည်သူဖြစ်ကြောင်းကို မည်သို့သိနိုင်မည်နည်း။
သို့သော်လည်း ဤအချိန်တွင် မကြာသေးခင်အချိန်ထိ ငိုကြွေးပြီး စိတ်မချမ်းမသာ ဖြစ်နေသော ချန်ဖေးဖေးက သည်းမခံနိုင်တော့ဘဲ ထပြောလိုက်သည်။
“ရှင်တို့တွေ ဆူညံတာ ရပ်ပေးလို့ မရဘူးလား! သူတို့ ခုနက တိတ်တိတ်ဆိတ်ဆိတ်နေဖို့ ပြောခဲ့တာကို ရှင်တို့ မကြားလိုက်ဘူးလား.. ရှင် ဆူညံချင်ရင် အပြင်ကိုထွက်ပြီး ဆူညံနေလိုက်၊ ကျွန်မတို့ကိုတော့ ဒုက္ခမပေးနဲ့!”
သူမက ချန်ကျားယန်ကို ဦးတည်ကာ ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
သူမ ဤနေရာသို့ ပြန်ပေးဆွဲခံရကတည်းက ယောက်ျားသားအားလုံးကို မုန်းတီးနေခဲ့သည်!
သူမက စုန့်ရှီးယန်ကို မုန်းသကဲ့သို့ ထိုလူကုန်ကူးသူများကိုလည်း မုန်းတီးသည်။
သူမ၏ ကံဆိုးမှုအားလုံးက ဤယောက်ျားများမှ သူမထံ ယူဆောင်လာသည်ဟု သူမ ခံစားရသည်။ထို့ကြောင့် ချန်ကျားယန်မှ စကားနားမထောင်ဘဲ အော်ဟစ်နေသည်ကို မြင်လျှင် ပို၍ပင် ဒေါသထွက်လာမိသည်။
ချန်ကျားယန်၏ စိတ်နေစိတ်ထားက သိပ်မကောင်းလှပေ။ ပို၍ တိကျစွာ ပြောရလျှင် သူသည်က အားကြီးသူမများရှေ့တွင် အားနည်းပြီး အားနည်းသူရှေ့တွင်တော့ အင်အားကြီးလေ့ရှိသည်။
ရိုးရှင်းစွာပြောရလျှင် သူက အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့သည်။
သူက ဤအဖွဲ့ရှိ လူများအားလုံးမှာ သူ့မှလွဲလျှင် လူတိုင်းက အမျိုးသမီးများသာ ဖြစ်ကြောင််းကို မတိုင်ခင်က သိခဲ့ရသောကြောင့် တခြားသူများကို မကြောက်တော့ပေ။
သူက ထိုအဆိပ်ပြင်းသော မိန်းမ စုန့်စစ်ယွီ၏ လှည့်ဖြားခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သေချာသွားခဲ့ပြီး လူကုန်ကူးသူထံသို့ပင် ရောင်းစားခံလိုက်ရကြောင်း သိလိုက်ရသည့်အတွက် မည်မျှ ဒေါသထွက်သည်ကိုပင် မသိတော့ပေ!
ထိုအဆိပ်ပြင်းသော မိန်းမ စုန့်စစ်ယွီနှင့် ပြေလည်အောင် ရှင်းရန်အတွက် နည်းလမ်းမရှိတော့ပေ။
ထိုအခိုက်တွင် ကောင်းကင်နှင့် မြေကြီး၏ အမြင့်ကို မသိသော မိန်းကလေးတစ်ယောက်က သူ့ကို ထိုသို့ ပြောလာခဲ့သည်။ သူ မည်သို့သည်းခံနိုင်မည်နည်း။
“ငါ စကားပြောနေတာကို မင်းမှာ ဝင်ပြောဖို့ အလှည့်ရှိနေတယ်လို့ ထင်နေတာလား.. မင်းက ဒီလောက်ထိ မောက်မာနေတာ၊ လူကုန်ကူးသူတွေ ဖမ်းတာက မင်းနဲ့ ထိုက်တန်တယ်!”
ချန်ဖေးဖေးတစ်ယောက် ခဏတာလောက် ကြောင်အမ်းသွားပြီးနောက် အလွန်ပင် ဒေါသထွက်လာရသည်။
“နင် ရူးနေတာလား! နင်! အရွယ်ရောက်ပြီးတဲ့ ယောက်ျားတစ်ယောက်က ငါနဲ့ စကားများဖို့ သတ္တိရှိသေးတယ်! နင်က တကယ်ကို မျက်နှာပြောင်တဲ့သူပဲ!”
“ငါ မျက်နှာပြောင်မပြောင်က မင်းနဲ့ ဘာဆိုင်လို့လဲ!”
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ပို၍ ဒေါသထွက်လာကြပြီး မထိန်းချုပ်နိုင်တော့ဘဲ စကားများရန်ဖြစ်ကြတော့သည်။
သူတို့ ဘေးပတ်ဝန်းကျင်မှ လူများမှာ မည်သူကိုမျှ မသိကြသကဲ့သို့ ဤကဲ့သို့ ဆက်လက် ရန်ဖြစ်နေပါက တစ်ခုခု ဖြစ်မည်ကို သိသော်လည်း ထိုနှစ်ဦး ရန်ဖြစ်နေသည်က အလွန် ပြင်းထန်သောကြောင့် သူတို့ကို တားဆီးရန် မရဲကြပေ။
ထို့ကြောင့် နောက်ဆုံးတွင် မြေအောက်ခန်းပေါ်မှ လူကုန်ကူးသူမှာ အောက်ဘက်မှ ဆူညံသံကို ကြားလိုက်ရပြီး အမြန်လာကြည့်တော့သည်။
ထို့နောက် ချန်ဖေးဖေးနှင့် ချန်ကျားယန်တို့ ရန်ဖြစ်နေသည်ကို တွေ့ရှိခဲ့ပြီး လူတိုင်း၏ ရှေ့တွင်ပင် သူတို့ နှစ်ဦးစလုံးကို ပြင်းထန်စွာ ပါးရိုက်လိုက်သည်။
ပါးရိုက်သံ နှစ်ချက်က ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး အားကို လုံးဝ ထိန်းမထားသောကြောင့် နှစ်ယောက်လုံး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ချန်ကျားယန်နှင့် ချန်ဖေးဖေးတို့နှစ်ယောက်လုံး ကြောင်အမ်းသွားကြပြီး ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့က တစ်ဖန် ပြန်လည် ရိုက်ခတ်လာသည်။
“မင်းတို့ စကားနားမထောင်ချင်ဘူးလား.. မင်းတို့ ထပ်ပြီး ပြဿနာရှာရဲရင် ပါးရိုက်ရုံနဲ့ ရပ်မှာ မဟုတ်ဘူး!”
လူကုန်ကူးသူက သူတို့ကို ဒေါသတကြီး ထပ်မံသတိပေးပြီးနောက် ထွက်ခွာသွားသည်။
ချန်ကျားယန်နှင့် ချန်ဖေးဖေးတို့က အရင်ဆုံး သင်ခန်းစာ အပေးခံလိုက်ရခြင်းကြောင့် ကျန်လူများမှာလည်း အလွန်တိတ်ဆိတ်စွာဖြင့်ညတစ်ယောက်နှင့်တစ်ယောက် ကပ်လျက် ထိုင်နေကြသည်။
သူတို့က စကားမပြောရဲကြသည့်အပြင် ချန်ဖေးဖေးနှင့် ချန်ကျားယန်တို့နှင့်လည်း နီးကပ်စွာ နေရဲခြင်းမရှိတော့ပေ။
သူတို့ကြောင့် ဒုက္ခရောက်မည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
နောက်ဆုံးတွင်တော့ ချန်ကျားယန်နှင့် ချန်ဖေးဖေးတို့မှာ လူအုပ်စုထံမှ ဖယ်ထုတ်ခံလိုက်ရပြီး ထောင့်တစ်နေရာတွင်သာ ထိုင်နေနိုင်တော့သည်။
ထို့နောက် သူတို့က တစ်ယောက်ကိုတစ်ယောက် မနှစ်မြို့သော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် သူတို့၏ နှလုံးသားထဲတွင် အမြန်ဆုံး လွတ်မြောက်နိုင်ရန် ဆုတောင်းနေခဲ့ကြသည်။
...
နောက်တစ်နေ့တွင်တော့ လင်းရန်နှင့် ချင်းယွင်ကျစ်တို့သည် မနေ့က စီမံထားသည့်အတိုင်း ချင်းမိသားစုထံသို့ တိုက်ရိုက် သွားရောက်ခဲ့ပြီး စုန့်ရှီးယန်၏ အဘိုးနှင့် တွေ့ဆုံခဲ့ကြသည်။
အဘိုးချင်းမှာ အလွန်ပင် အသက်ကြီးနေပြီ ဖြစ်သော်လည်း အလွန်သန်မာပြီး တက်ကြွနေခဲ့သည်။
လင်းရန်နှင့်ချင်းမိသားစုအဖွဲ့ဝင်များ ဝင်ရောက်လာချိန်တွင် သူက လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုက်ချီကို လေ့ကျင့်နေခဲ့သည်။ အဝေးမှ လှအ်းကြည့်ရုံဖြင့်ပင် အလွန် အားမာန်ပြည့်ဝနေခဲ့သည်။
ချင်းယွင်ကျစ်နှင့်တခြားလူများ ရောက်လာသည်ကို မြင်လျှင် အဘိုးအိုက ခဏမျှ အံ့သြသွားခဲ့သည်။
“မင်းတို့ ဘာလို့ ဒီကိုရောက်လာတာလဲ”
ထို့နောက် သူ၏ မျက်လုံးများ စုန့်ရှီးယန်ထံသို့ ကျရောက်ချိန်တွင် သူ၏ အမူအရာတို့က မည်းမှောင်သွားခဲ့ပြန်သည်။
“မင်း ကောင်စုတ်လေး၊ ငါ့ရှေ့ကို လာဖို့ သတ္တိရှိသေးတယ်.. မင်း လက်တွဲဖော် ရှာမတွေ့မချင်း ငါ့ရှေ့မှာ မပေါ်နဲ့လို့ ငါ မပြောခဲ့ဘူးလား”