အခန်း (၂၃၇)
Vol. 24 Ch. 237
စုန်ရှီးယန်တစ်ယောက် အချိန် ဤမျှလောက်ကြာသည်အထိ မတွေ့ခဲ့ရချိန်တွင်ပင် သူ၏ ချစ်လှစွာသော အဘိုးက ဤမျှ မညှာမတာဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ အထူးသဖြင့် လင်းရန်ရှေ့တွင်ဖြစ်နေခဲ့သည်။
စုန့်ရှီးယန်တစ်ယောက် သူ၏ နှာခေါင်းကို လက်ဖြင့် အသာတို့ထိလိုက်ပြီး ရုတ်တရက် အနည်းငယ် ရှက်ရွံ့ သလို ခံစားလိုက်ရသည်။
“အဘိုး”
“ငါ့ကို အဘိုးလို့ မခေါ်နဲ့!”
အဘိုးချင်းက မသိစိတ်ဖြင့် နောက်တစ်ကြိမ် ဆဲဆိုရန် ပြင်လိုက်သော်လည်း ရုတ်တရက် ထိတ်လန့်သွားပြီးမှ အချိန်နောက်ကျမှ သတိပြုမိသွားသည်။
“အဘိုး” ဟူသော အသံက စုန့်ရှီးယန်၏ အသံမဟုတ်ဘဲ မိန်းကလေးတစ်ဦး၏အသံ ဖြစ်ပုံရသည်!
သူ ဂရုတစိုက် ကြည့်လိုက်လျှင် စုန့်ရှီးယန်၏ နောက်ကွယ်တွင် ကိုယ်တစ်ပိုင်းလောက် ပေါ်နေသော လင်းရန်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
“ဒါက ဘယ်သူလဲ”
လင်းရန်လည်း အပြုံးတစ်ခုဖြင့် ချက်ချင်း ထွက်လာပြီး အဘိုးအိုကို ထပ်မံ ခေါ်လိုက်သည်။
“အဘိုး၊ မင်္ဂလာပါ.. ဒါက ကျွန်မတို့တွေ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာပဲ.. ကျွန်မက လင်းရန်... စုန့်ရှီးယန်ရဲ့လက်တွဲဖော်ပါ”
သူမက ဤတစ်ကြိမ်တွင် အဘိုးဟု အရင်ဆုံး ခေါ်ရသည့် အကြောင်းရင်းမှာ ဤနေရာသို့ လာသည့်လမ်း၌ စုန့်ရှီးယန်နှင့် အလောင်းအစား လုပ်ခဲ့သောကြောင့် ဖြစ်ပေ၏။
စုန့်ရှီးယန်က ပြောခဲ့သည်။ ခဏအကြာ သူ၏အဘိုးနဲ့တွေ့ဆုံချိန်တွင် သူသာ အဘိုးဟု ခေါ်ပါက အဘိုးချင်းက သူ့ကို လုံးဝဂရုစိုက်မည် မဟုတ်သည့်အပြင် ဆူပူကြိမ်းမောင်းခြင်းကိုပင် လုပ်လာလိမ့်မည်။
သို့သော်လည်း လင်းရန်ကသာ ခေါ်ခဲ့ပါက အဘိုးချင်း အလွန် ပျော်ရွှင်လိမ့်မည်ဟူ၏။
လင်းရန်က လုံးဝ မယုံကြည်ခဲ့ပါချေ။
အဘိုးအိုမှာ သူ၏ မြေးချွေးမကို လိုချင်နေသည်မှာ အလွန်ကြာမြင့်ပေပြီ။ သို့တိုင် စုန့်ရှီးယန်က သူ့ထံသို့ အချိန်အတော်ကြာသည်အထိ ရောက်မလာခဲ့ခြင်းကြောင့် ယခု စုန့်ရှီးယန် ပေါ်လာသောအခိုက်တွင် အဘိုးအိုက ဒေါသမထွက်ဘဲ နေလိမ့်မည်မဟုတ်ဟု ပြောခဲ့သည်။
စုန့်ရှီးယန်၏ လာရောက်လည်ပတ်မှုကို တားမြစ်သော စကားမျိုးကိုလည်း ပြောလိမ့်မည်ဟု ပြောလာခဲ့သည်။
လင်းရန်က လုံးဝမဖြစ်နိုင်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း အမှန်တကယ်ပင် ဤကိစ္စအတွက် လင်းရန် ရှုံးနိမ့်ခဲ့သည်။
“မင်း...မင်း... မင်း... မင်းက ဒီကောင်လေးရဲ့ လက်တွဲဖော်အစစ်ရော ဟုတ်ရဲ့လား.. ငါ့ကို လာပြီး လှည့်ဖြားတာတော့ မဟုတ်ဘူးမလား”
အဘိုးအို၏ စကားများကြောင့် လင့်ရန်တစ်ယောက် နောက်ပိုင်းခေတ်ကာလများတွင် တရုတ်နှစ်သစ်ကူးကာလ၌ အများအပြား ပေါ်ပေါက်လာမည့် အလုပ်အကိုင်တစ်ခုဖြစ်သည့်:
လူများကို ငှားရမ်းခြင်းအကြောင်းကို ပင် စဉ်းစားမိစေခဲ့သည်။
အဘိုးအိုက ဤမျှ ခေတ်မီဆန်းသစ်သော အတွေးအခေါ်များ ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါချေ။
ဆိုရလျှင် ခေတ်ကာလက ပြောင်းလဲနေသော်လည်း တချို့သော လိုအပ်ချက်များကတော့ လုံးဝ မပြောင်းလဲဘဲ ရှိနေပေသည်။
“အဘိုး၊ ဘာတွေ ပြောနေတာလဲ!”
စုန့်ရှီးယန်က ဆက်လက် နားထောင်၍ မနေနိုင်တော့ဘဲ လင်းရန်က မည်သူဖြစ်ကြောင်းကို ဖော်ပြရန် အလျင်အမြန် ရပ်တည်ပေးလိုက်သည်။
ထို့အပြင် ဘေးနားမှ ညီအစ်မနှစ်ဦးဖြစ်သော ချင်းယွင်ကျစ်တို့ကလည်း လင်းရန်အတွက် သက်သေခံပေးခဲ့ကြသည်။
ထိုအခါမှ အဘိုးအိုက လင်းရန်၏ အထောက်အထားကို ယုံကြည်သွားခဲ့ပြီး မျက်စိပိတ်လာမတတ် ဝမ်းသာ ပျော်ရွှင်စွာ ပြုံးသွားခဲ့လေသည်။
“ရှောင်လင်း၊ အဘိုး မင်းကို စောင့်နေခဲ့တာ အရမ်း ကြာပြီ! အထဲကို မြန်မြန် ဝင်ပါဦး”
ထို့နောက် အလွန်အမင်းစိတ်အားထက်သန်သော အဘိုးချင်းက လင်းရန်ကို ခေါ်ဆောင်သွားခဲ့သည်။
နောက်ပိုင်းတွင်မူ မိသားစုတစ်စုလုံးမှာ အဘိုးချင်းနှင့် အချိန်အတော်ကြာအောင် စကားပြောဆိုခဲ့ကြပြီး အဘိုးချင်းက လင်းရန်အပေါ်သို့ အတက်ကြွဆုံး ဆက်ဆံခဲ့သည်။
သူမအား ဤနေရာတွင် နေထိုင်ရသည်ကို အဆင်ပြေ၊ မပြေ မကြာခဏ မေးမြန်းရုံသာမကဘဲ ပြန်ခါနီးတွင် လင်းရန်ကို လျှို့ဝှက်စွာဖြင့် စာအိတ်နီ တစ်အိတ်လည်း ပေးခဲ့သည်။
လင်းရန်တစ်ယောက် ကြောင်အသွားခဲ့ပြီး ငြင်းဆန်ရန် အစွမ်းကုန် ကြိုးပမ်းခဲ့သော်လည်း အဘိုးချင်းက အတင်းအကြပ် ပေးခဲ့လေ၏။ နောက်ဆုံးတွင် သူက လင်းရန် မသိရှိခဲ့သော အကြောင်းအရာတစ်ခုကို သူမထံတွင် ပြောပြခဲ့သည်။
“ငါ ဒီကောင်လေး စုန့်ရှီးယန်အပေါ်ကို ရက်စက်တယ်လို့ မထင်ပါနဲ့.. တကယ်တော့ ငါ့ရဲ့မြေးတွေထဲမှာ သူက ငါ စိတ်အပူပန်ရဆုံး မြေးပဲ...”
သူက စုန့်ရှီးယန်ကို အမြန်ဆုံး လက်ထပ်ရန်အတွက် အမြဲတမ်း တောင်းဆိုနေရသည့် အကြောင်းရင်းမှာ ငယ်စဉ်အချိန် စုန့်ရှီးယန်နှင့် သူ၏ ဖခင်တို့ကြားတိင် ဖြစ်ပျက်ခဲ့သော ကိစ္စကြောင့်ပင် ဖြစ်လေသည်။
အဘိုးချင်းအနေဖြင့် သူ၏ ဘဝတွင် သားသမီးများစွာ ရှိခဲ့သော်လည်း သူနှင့် သူ၏ ဇနီးသည်မှာ အလွန်တင်းကြပ်ခြင်း မရှိခဲ့ချေ။ ယင်းအစား သူတို့သည် သားသမီးများကို လွတ်လပ်စွာ ကြီးပြင်းစေခဲ့သည်။
သူတို့၏ သားသမီးများအတွက် တောင်းဆိုချက် တစ်ခုတည်းသာ ရှိခဲ့ပေသည်။ ၎င်းမှာ သူတို့၏ သားသမီးများ ကျန်းကျန်းမာမာ ကြီးပြင်းလာကာ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိသော၊ မထိခိုက်စေသော လူများ ဖြစ်လာရန် မျှော်လင့်ခဲ့ခြင်းသာ ဖြစ်သည်။သို့သော်လည်း သူ၏ သားသမီးများက သူ၏ မျှော်လင့်ချက်အတိုင်း ကြီးပြင်းလာခဲ့ကြသော်လည်း အကြီးဆုံးမြေးဖြစ်သူ စုန့်ရှီးယန်မှာမူ ဖခင်ဖြစ်သူ၏ ပြင်းထန်လွန်းသော ဖိအားများအောက်တွင် ကြီးပြင်းလာခဲ့ရသည်။
သူသည်က ငယ်စဉ်ကတည်းက စိတ်အပန်းဖြေရန် အချိန်မရှိသလောက် နည်းပါးခဲ့ပြီး လေ့ကျင့်ပေးခြင်းကိုသာ ခံခဲ့ရသည်။ သူ၏ အာရုံခံစားမှုများပင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။
ထို့ကြောင့် သူ၏ ဝမ်းကွဲများက လက်ထပ်သွားကြသော်လည်း စုန့်ရှီးယန်က တစ်ကိုယ်တည်း ဖြစ်နေဆဲကို မြင်တိုင်း သူ့ဘဝတစ်လျှောက်လုံး ဤကဲ့သို့ တစ်ယောက်တည်း အဆုံးသတ်သွားမည်ကို အလွန်ပင် စိုးရိမ်ခဲ့သည်။
ငယ်စဉ်က အဆင်ပြေခဲ့သော်လည်း သူ အိုမင်းလာသောအချိန်တွင် သူ့ဘေးနားတွင် ဂရုစိုက်ပေးမည့်သူ မရှိပါက မည်သို့ ဖြစ်သွားမည်နည်း။
သူသည်က ငယ်စဉ်ကတည်းကလည်း ဤမျှ ဆိုးဝါးစွာ ခံစားခဲ့ရပြီးပြီ။ ကြီးပြင်းလာသောအချိန်တွင်တော့ပျော်ရွှင်မှု၏ အရသာကို ပိုမို ခံစားနိုင်စေရန် မျှော်လင့်ခဲ့သည်။
ဤစကားများကို ကြားပြီးနောက် လင်းရန်တစ်ယောက် အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး နောက်ဆုံးတွင် အဘိုးအို၏ မျှော်လင့်တကြီး စောင့်စားနေသော မျက်လုံးများကို ကြည့်၍ ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။
“အဘိုး၊ စိတ်မပူပါနဲ့.. ကျွန်မတို့နှစ်ယောက်ရဲ့ကြားမှာ ပြန်ပြင်လို့ မရနိုင်တဲ့ ပဋိပက္ခမျိုး မရှိသရွေ့ ကျွန်မ သူ့ကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး”
“ကောင်းပြီ၊ မင်းရဲ့စကားတွေကြောင့် အဘိုး စိတ်သက်သာရာ ရသွားပြီ.. မင်းက ကောင်းမွန်တဲ့ ကောင်မလေးဆိုတာ အဘိုး မြင်ပါတယ်..မင်းတို့ လက်ထပ်မယ့်နေ့ကို အဘိုး မြင်တွေ့ရဖို့ မျှော်လင့်ပါတယ် ဟားဟား...”
နောက်ဆုံးတွင် အဘိုးချင်းက လင်းရန်နှင့်မိသားစုဝင်များကို လမ်းကြားအပြင်ဘက်အထိ လိုက်ပို့ပေးပြီးမှ ကျန်ရစ်ခဲ့သည်။
အဘိုးချင်းက လင်းရန်ကို စာအိတ်နီ ပေးခဲ့ချိန်က သီးသန့် ခေါ်ယူပြောဆိုခဲ့ခြင်းကြောင့် တခြားသူများက သူတို့နှစ်ဦး မည်သည့်အကြောင်းများကို ဆွေးနွေးပြောဆိုခဲ့သည်ကို မသိခဲ့ကြချေ။
သို့သော်လည်း တခြားသော အကြောင်းအရာများ မရှိလျှင် သူက အကြံဉာဏ်စကားအချို့ ပေးခဲ့ခြင်း သို့မဟုတ် လင်းရန်ကို နှုတ်ဆက်လက်ဆောင်အချို့ ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်းကို သိရှိကြပေ၏။
စစ်တပ်သို့ ပြန်လာသောအချိန်တွင်စုန့်ရှီးယန်တစ်ယောက် မမေးမြန်းဘဲ မနေနိုင်တော့ပေ။ လင်းရန်ကလည်း ဖုံးကွယ်မထားခဲ့ချေ။
သူမက အဘိုးချင်း ပေးခဲ့သော စာအိတ်နီကို ထုတ်လိုက်ပြီး ဖွင့်ကြည့်လိုက်လျှင် မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။
“အဘိုးက မင်းအပေါ် တကယ်ပဲ ရက်ရောတာပဲ”
စုန့်ရှီးယန်က မုန့်ဖိုးအိတ်ထဲမှ ပိုက်ဆံအထပ်လိုက်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးကိုအသာပင့်ကာ လင်းရန်ကို စနောက်လိုက်သည်။
“ကိုယ့်လိုမျိုး မြေးကို ပေးတာထက်တောင် အများကြီး ပိုများနေသေးတယ်”
လင်းရန်အနေဖြင့် စာအိတ်နီကို မကြည့်ရသေးခင်ကတည်းက ၀ာအိတ်နီ၏ အထူကိုကြည့်ပြီး ပိုက်ဆံများစွာ ပါဝင်မည်ဟု ခန့်မှန်းခဲ့သည်။
သို့သော် သူမ မည်သို့ပင် တွေးတောထားခဲ့သော်လည်း အဘိုးချင်းက သူမကို ယွမ်ငါးရာ အပြည့် ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ!
ယွမ်ငါးရာဆိုသည်မှာ မည်သည့်အဓိပ္ပါယ်နည်း။ ဤသည်မှာ ဤခေတ်ရှိ သာမန်မြို့ပြ အလုပ်သမားများ၏ တစ်နှစ်စာ သို့မဟုတ် နှစ်နှစ်စာ လစာနှင့် ညီမျှပြီး မြို့ထဲတွင် အိမ်တစ်လုံးကိုပင် ဝယ်ယူနိုင်ပေသည်။
ဆိုရလျှင် အဘိုးချင်းက သူမအား တိုက်ခန်းတစ်ခန်းကို တိုက်ရိုက် ပေးလိုက်သကဲ့သို့ ဖြစ်နေပေသည်။
“ဒါ အရမ်း များလွန်းတယ်.. ကျွန်မ လက်ခံလို့ မဖြစ်နိုင်ဘူး”
လင်းရန်သည် စာအိတ်နီမှာ အလွန် ပူလောင်နေသကဲ့သို့ စုန့်ရှီးယန်၏ လက်ထဲသို့ အတင်းအကြပ် ပြန်ထည့်ပေးလိုက်သည်။
“ဒါကို ရှင် ကိုယ်တိုင်ပဲ သိမ်းထားသင့်တယ်!”
စုန့်ရှီးယန်က သေချာပေါက် လက်ခံခြင်းမရှိပါချေ။
“ဒါက အဘိုး မင်းကို ပေးတာလေ.. သူ ဆန္ဒရှိသလို လက်ခံလိုက်ပါ”
သူက ထိုစကားကို ပြောပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လင်းရန်ကို သတိဖြင့် ကြည့်လိုက်သည်။
“မင်းက အဘိုးကို စိတ်ပျက်အောင် လုပ်မိမှာကို စိုးရိမ်လို့ ဒါကို မယူရဲတာလား”
ဒီလိုမျိုးတော့ လုံးဝ ဖြစ်လို့မရဘူး!
ထိုအကြောင်းကို တွေးလိုက်မိသော် စုန့်ရှီးယန်တစ်ယောက် စိတ်မချမ်းမြေ့မှုများကို ခံစားလိုက်ရသည်။
“ကိုယ်က ကိုယ့်ဆီမှာရှိတဲ့ အရာအားလုံးကို မင်းကို ပေးထားခဲ့တာလေ၊ မင်းသာ...”
သူမသာ သူ့ကို စွန့်ပစ်ခဲ့ပါလျှင် လူဟု ခေါ်နိုင်ပါဦးမည်လော။
စုန့်ရှီးယန်၏ စွပ်စွဲလိိသည့် အမူအရာကြောင့် လင်းရန်၏ မျက်နှာတွင် နဖူးကြောများပင် ထောင်ထသွားခဲ့သည်။
“ကျွန်မ ဘယ်တုန်းက အဲဒီလိုလုပ်မယ်လို့ပြောခဲ့လို့လဲ.. ရှင် နည်းနည်းပါးပါးလောက် စိတ်လျှော့ပြီး တွေးလို့ မရဘူးလား”
လင်းရန်တစ်ယောက် ယခုအချိန်တွင် ချင်းယွင်ကျစ်ကို အနည်းငယ် အားကျမိသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံတွင် စကားများများပြောတတ်သူနှင့် နှိုင်းယှဉ်ပါက တိတ်ဆိတ်နေတတ်သူများမှာ ပြဿနာပိုနည်းတတ်ပုံရသည်။
လင်းရန်၏ ကတိကို ရရှိပြီးမှသာ စုန့်ရှီးယန် စိတ်သက်သာရာ ရသွားခဲ့သည်။ထို့နောက်တွင် လင်းရန်က ယွမ်ငါးရာကို လက်ခံရန် ရှက်ရွံ့နေသေးသည်ကို မြင်လျှင် သူက ငွေကို ကိုယ်တိုင်လက်ခံလိုက်ရန်ပြောခဲ့သည်။
သို့သော် လင်းရန်အနေဖြင့် ခေတ္တ တာအပ်နှံထားရုံဟူသာ မှတ်ယူထားနိုင်ကြောင်း ရိုးရှင်းစွာ ပြောခဲ့သည်။
အနာဂတ်တွင် အခွင့်အရေး ရလာပါက သူကိုယ်တိုင်၏ ကိုယ်ပိုင်ငွေဖြင့် အဘိုးကို ပြန်လည်ပေးဆပ်ပေလိမ့်မည်။
သူ့၏စကားကို ကြားလျှင် လင်းရန်လည်း စိတ်ကျေနပ်သွားခဲ့သည်။