← Chapters

အခန်း (၂၃၉)

Vol. 24 Ch. 239

အခန်း (၂၃၉)

Vol. 24 Ch. 239

စုန့်သားအဖနှစ်ယောက် နောက်ဆုံးတွင် ကိစ္စများကို ဖြေရှင်းပြီးသွားခဲ့ပြီး စုန့်ရှီးယန်သည်လည်း လက်ရှိတာဝန်၏ အရေးကြီးပုံကို သဘောပေါက်သွားခဲ့သည်။

အချိန်သိပ်မရှိတော့သည်ကို သိရှိနေခဲ့သောကြောင့် စုန့်ရှီးယန်တစ်ယောက် လင်းရန်ထံသို့ အလောတကြီး လျှောက်သွားခဲ့လေ၏။

သူ့၏အမူအရာတွင်တော့ အပြစ်ရှိသော အမူအရာများဖြင့် ပြည့်နေခဲ့သည်။

“ရန်ရန်၊ ကိုယ် တောင်းပန်ပါတယ်၊ ကိုယ်...”

လင်းရန်က ခေါင်းကိုမော့ကာ သူ့ကို နွေးထွေးစွာ ပြုံးပြလိုက်သည်။

“ကိစ္စမရှိပါဘူး.. ရှင့်ရဲ့အရေးကြီးတူ့အလုပ်တာဝန်ကို သွားလုပ်လို့ရတယ်.. ကျွန်မ အန်တီနဲ့ သဘောတူထားပြီးပြီ၊ သူမက ကျွန်မကို လိုက်ပို့ပေးမယ်တဲ့”

“အာ?”

စုန့်ရှီးယန်၏ အမူအရာမှာ ကြောင်အ,သွားခဲ့ပြီး ဘေးနားတွင်ရှိနေသော ချင်းယွင်ကျစ်ဘက်ကို မသိစိတ်အရ လှည့်ကြည့်လိုက်မိလေ၏။

သူ့အနေဖြင့် အလွန်ပင် အံ့သြနေခဲ့သည်။

“အမေလိုက်သွားမလို့လား.. အမေ တကယ်ပြောနေတာလား”

ချင်းယွင်ကျစ်က သူမ၏ မေးစေ့ကို မော့လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

“ဒါပေါ့၊ ပြီးတော့ ရန်ရန်က ငါ့ကို သူ့မိသားစုနဲ့ တွေ့ခွင့်ပေးမယ်လို့ ကတိပေးထားတယ်!”

စုန့်ရှီးယန်: “...”

ဤကဲ့သို့ကိစ္စမျိုးအတွက် သူ့၏မိခင်ဖြစ်သူက မည်သည့်အရာကို ဂုဏ်ယူနေခဲ့ကြောင်းကို စုန့်ရှီးယန်တစ်ယောက် မသိခဲ့ပါချေ။

သူသည်က လင်းမိသားစုနှင့် တွေ့ဆုံပြီးရုံသာမက သူတို့၏ အိမ်တွင်လည်း အချိန်အတော်ကြာ နေထိုင်ခဲ့ရပြီး ဖြစ်သောကြောင့် တစ်ဖက်မှ လူများ၏ စိတ်သဘောထားကို ယုံကြည်စိတ်ချနိုင်သည်။

သို့သော် သူ၏ မိခင်ဖြစ်သူ၏ ရံဖန်ရံခါဖြစ်ပေဲလာတတ်သော မရင့်ကျက်သည့် သဘောထားကို တွေးလိုက်မိလျှင် စုန့်ရှီးယန်တစ်ယောက် အကြောင်းပြချက်မရှိ အနည်းငယ် စိုးရိမ်မိသွားရသည်။

“ရန်ရန်ကို ပြန်ပို့ဖို့ ရဲဘော်တစ်ယောက်ကို ခေါ်သွားခိုင်းလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ”

ချင်းယွင်ကျစ်တစ်ယောက် သားဖြစ်သူ၏စကားကို ကြားလိုက်ရလျှင် ချက်ချင်းပင်ဒေါသထွက်လာခဲ့သည်။

“မင်း ဘာပြောတာလဲ ကောင်စုတ်လေး! ငါက ယုံကြည်စိတ်ချရတဲ့သူ မဟုတ်ဘူးလို့ပြောချင်တာလား”

“အမေ ကျွန်တော်ပြောချင်တာက အဲဒီလို မဟုတ်ပါဘူး၊ ဒါပေမဲ့...”

ကောင်းပြီ၊ အကြောင်းပြချက်ကို သူ တကယ် ရှာမတွေ့တော့ဘူး။

သူ ခဏလောက်စဉ်းစားပြီးနောက်မှာတောင် ယုံကြည်စိတ်ချရခြင်း မရှိသေးဘူးလို့သာ တွေးတောမိနေတယ်။

“တော်ပြီ၊ ရှင် မြန်မြန် ထုပ်ပိုးလိုက်တော့.. ဦးလေးက နာရီဝက်အတွင်း တပ်ထဲကို ပြန်သွားရမယ်လို့ မပြောထားဘူးလား

ရှင် အထုပ်အပို့တွေ မလုပ်သေးဘူးဆိုရင် နောက်ကျနေလိမ့်မယ်.. ကျွန်မ ကိစ္စကို စိတ်မပူနဲ့.. ကျွန်မက ကလေး မဟုတ်တော့ဘူး၊ ကိုယ့်ဘာသာကိုယ် ဂရုစိုက်နိုင်ပါတယ်”

လင်းရန်က ထိုသို့ ပြောပြီးနောက် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။

“ဒါပေမဲ့ ကျွန်မ သတိပေးထားမယ်နော်.. ရှင် အန္တရာယ်ကင်းကင်းနဲ့ ပြန်လာပြီး ကျွန်မကို လာတွေ့ဖို့ အကောင်းဆုံး ကြိုးစားသင့်တယ်..

မဟုတ်ရင် ကျွန်မ ဘယ်လောက်ကြာကြာ စောင့်နိုင်လောက်မလဲဆိုတာ အာမခံနိုင်မှာ မဟုတ်ဘူး..

စုန့်ရှီးယန်.. ရှင် ကျွန်မရဲ့ အကျင့်စရိုက်ကို သိပါတယ်”

ဤနောက်ဆုံးသောစကားကို ပြောလာချိန်တွင် လင်းရန်က ယခင်ကထက် ပို၍ အလေးအနက် ရှိနေခဲ့သည်။

သူမသည်က စုန့်ရှီးယန်မှ သူမ၏ စကားလုံးများအတွက် အဓိပ္ပာယ်ကို နားလည်နိုင်ကြောင်း သိနေသောကြောင့် သိပ်ပြီး ရှင်းရှင်းလင်းလင်း ရှင်းပြနေရန် မလိုအပ်တော့ပါချေ။

စုန့်ရှီးယန်တစာယောက် ထိုစကားကို ကြားလိုက်ရလျှင် ချက်ချင်းပင် ရွှင်လန်းလာခဲ့သည်။

“စိတ်မပူပါနဲ့၊ ကိုယ် သေချာပေါက် အန္တရာယ်ကင်းကင်းနဲ့ ပြန်လာမှာပါ.. မင်းလည်း အိမ်မှာ ကိုယ့်ကိုယ်ကို ကောင်းကောင်း ဂရုစိုက်ရမယ်.. အရမ်း မပင်ပန်းမခံပါနဲ့

ပြီးတော့... ပြီးတော့ ကိုယ့်ကို အရမ်းမလွမ်းဆွတ်နေပါနဲ့”

လင်းရန်: “?”

လင်းရန်တစ်ယောက် မည်သည့်စကားကို ဆိုရမှန်း မသိတော့ပေ။

ပုံမှန်အားဖြင့် သူက သူမကို သူ့ကို ပိုပြီးလွမ်းဆွတ်သတိရနေဖို့ ပြောသင့်သည်မဟုတ်ပါလား။

လင်းရန် ခဏလောက် စဉ်းစားလိုက်ပြီး စုန့်ရှီးယန်မှာ အလွန်အမင်း အလျင်စလို ဖြစ်နေသောကြောင့် စကားလုံးများ လွဲမှားသွားသည်ဟု တွေးတောလိုက်မိပြီး ဂရုတစိုက်ဖြင့် ထပ်မစဉ်းစားတော့ပေ။

ထို့နောက်တွင်မိသားစု တစ်ခုလုံးက သူတို့၏ ကိုယ်ပိုင်ကိစ္စများကို လုပ်ဆောင်ရန် အလုပ်ရှုပ်သွားခဲ့ကြသည်။ နာရီဝက်က အလွန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

စုန့်ရှီးယန်က သူ၏ကိုယ်ပိုင် အထုပ်အပိုးများများကို ပြင်ဆင်ထုပ်ပိုးပြီးနောက် စစ်တပ်သို့ တိုက်ရိုက် သွားခဲ့သည်။

နေဝင်ချိန်အခိုက်အတန့်တွင် သူ၏ နောက်ကျောက သူမ၏ မျက်လုံးများရှေ့မှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လင်းရန်တစ်ယောက် ရုတ်တရက် အတွေးတစ်ခု ရရှိလာပြီး စုန့်ရှီးယန်ပြောခဲ့သည့် စကားများ၏ အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။

တကယ်တမ်းတွင် သူသည်က စကားလုံးအသုံးအနှုန်း လွဲမှားသွားခြင်း မဟုတ်ဘဲ သူမကို သူ့အား သတိမရစေရန်ဆိုသည့် ရည်ရွယ်ချက်က အမှန်တကယ် ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုသူက သူမကို ဝန်ထုပ်ဝန်ပိုး မဖြစ်နေစေလိုသကဲ့သို့ သူမအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာချင်စိတ် မရှိသောကြောင့်ပင်။သူ့အနေဖြင်် သူ၏ ကတိကို အမှန်တကယ် မဖြည့်ဆည်းနိုင်ဘဲ တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက သူမဘက်မှ သူ့ကို သတိမရခြင်းက သူမအတွက် အကောင်းဆုံးသော ရလဒ် ဖြစ်လိမ့်မည်။

ဤနည်းဖြင့်သာ သူမက စုန့်ရှီးယန်ကို အမြန်ဆုံး မေ့ပစ်နိုင်ပြီး ဤမှတ်ဉာဏ်ထဲမှ ရုန်းထွက်နိုင်လိမ့်မည် ဖြစ်သည်။

ထိုအကြောင်းကို တွေးတောပြီးနောက် လင်းရန်၏ နှာခေါင်းက အကြောင်းပြချက်မရှိ စူးရှနာကျင်လာခဲ့ရလေ၏။

ထို့နောက် လင်းရန်တစ်ယောက် သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်ပြီး လမ်းမပေါ်သို့ပြေးထွက်ကည ဒေါသတကြီး အော်ဟစ်လိုက်သည်။

“စုန့်ရှီးယန်၊ ရှင် တကယ်လို့ အရှုပ်အထွေးတွေဖြစ်အောင်လုပ်ရဲရင် ကျွန်မ ဘယ်တော့မှ ရှင့်ကို စောင့်မှာ မဟုတ်ဘူး!

ရှင် ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး နောင်တရနေရလိမ့်မယ်!”

စုန့်ရှီးယန် ထွက်ခွာသွားပြီးနောက်တွင် စုန့်ကျယ်ကလည်း ညတွင်းချင်း ထွက်ခွာသွားခဲ့ပြီး အိမ်တွင် လင်းရန်နှင့် ချင်းယွင်ကျစ်တို့သာ ကျန်ရစ်ခဲ့သည်။

သူတို့အနေဖြင့် အမျိုးသားနှစ်ဦး ထွက်ခွာသွားခြင်းအပေါ် သိပ်ပြီးတုံ့ပြန်မှု မရှိပုံရသော်လည်း အခန်းထဲမှ လေထုသည်က အရင်ကထက် များစွာ ပို၍ တိတ်ဆိတ်သွားခဲ့သည်။

သို့သော် ချင်းယွင်ကျစ်သည်က ထိုကဲ့သို့ မြင်ကွင်းမျိုးကို အမျဲတစေကြုံတွေ့ဖူးသူ ဖြစ်ပေသည်။ သူမက လျင်မြန်စွာ ပြန်လည် ချိန်ညှိလိုက်ပြီး မနက်ဖြန် ချွန်ဖန်းတပ်မဟာသို့ ပြန်ယူသွားမည့် ပစ္စည်းများကို ထုပ်ပိုးရန် လင်းရန်ကို အပေါ်သို့ခေါ်သွားခဲ့သည်။

သူမအနေဖြင့် ရုတ်တရက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သောကြောင့် မည်သည်ကိုမှ မပြင်ဆင်ရသေးပါချေ။

မည်သို့ပင်ဖြစ်စေ လင်းမိသားစုအိမ်သို့ လက်ဗလာဖြင့် သွားလို့ မဖြစ်ပေ။ သူမက အိမ်တွင် ရှိနေသည့် ပစ္စည်းအချို့ကို ယူဆောင်ရန် ထုပ်ပိုးခဲ့သည်။

မနက်ဖြန် မြို့ထဲသို့ သွားသောအခိုက်တွင်လည်း ပစ္စည်းတချို့ကို ဝယ်ယူရန်လည်း စီစဉ်ထားသည်။ လင်းရန်က မည်သို့ပင် ငြင်းဆန်နေသည်ဖြစ်စေ သူမဘက်က ပြင်ဆင်ရလိမ့်မည်။

ဤသည်က သူတပါး၏ အိမ်သို့ သွားရောက်လည်ပတ်သည့်အတွက် ပ်ဆောင်လေး အနည်းငယ်ဖြစ်ရုံသာမက မျက်နှာရရေးကိစ္စလည်း ဖြစ်ပေသည်။

နောက်တစ်ချိန်တွင်တွင် သူမတို့က ခမည်းခမက်များ ဖြစ်လာကြလအမ့်မည်။ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့်အခိုက်တွင် ထိုကောင်စုတ်လေး စုန့်ရှီးယန်၏ မျက်နှာကို မြှင့်တင်ပေးရမည် ဖြစ်သည်။

ဤနည်းအားဖြင့် လင်းမိသားစုမှ သူတို့၏ မိသားစုက စိတ်ရင်းမှန်ဖြင့် ဆက်ဆံခြင်းဖြစ်ကြောင်းကို မြင်တွေ့နိုင်လိမ့်မည်!

လင်းရန်တစ်ယောက် သူမကို မတားဆီးနိုင်တော့ဘဲ ချင်းယွင်ကျစ်၏ ခရီးဆောင်အိတ်များ တဖြည်းဖြည်း ပိုများလာပြီး ပို၍ လေးလံလာသည်ကိုသာ ကြည့်နေခဲ့ရတော့သည်။

နောက်ဆုံးတွင်တော့ သူမအနေဖြင့် ကောင်းကင်ကို မော့ကြည့်၍သာ အော်ပြောချင်စိတ်တို့ဖြစ်ပေါ်လာခဲ့ရသည်။

သူတို့၏ သေးငယ်လှသော ခန္ဓာကိုယ်လေးများဖြင့် ဤပစ္စည်းများကို အမှန်တကယ် သယ်ဆောင်နိုင်ပါမည်လား။

သို့သော် မည်သို့ပင်ဖြစ်စေ ချင်းယွင်ကျစ်၏ စိတ်လှုပ်ရှားနေသည့် အမူအရာကို မြင်တွေ့နေရပြီးနောက်တိင် သူမ၏ စိတ်ဓာတ်ကို အမှန်တကယ် မပျက်စီးစေလိုတော့ပေ။

...

နောက်တစ်နေ့တွင်တော့ လင်းရန်နှင့် ချင်းယွင်ကျစ်တို့ ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြပေပြီ။

ချင်းယွင်လျန်သည်လည်း မနက်အစောကြီးကတည်းက ရောက်ရှိလာခဲ့သည်။ သူမသည် သူမ၏ ခင်ပွန်းသည် ရှာကျန်းပန်းမှ မနေ့ညကတည်းက မစ်ရှင်အကြောင်းကို ပြောပြသည်ကို ကြားခဲ့ရပုံရသည်။

သူမ အိမ်ထဲသို့ ရောက်လာပြီးနောက် စုန့်ကျယ်နှင့် စုန့်ရှီးယန်တို့ မရှိသည်ကို မြင်လိုက်ရချိန်တွင် အံ့သြသွားခြင်း မရှိပေ။

သူမ၏ အစ်မက ခရီးဆောင်အိတ်များကို သယ်ဆောင်ကာ တစ်နေရာရာသို့ ထွက်ခွာရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရချိန်တွင်သာ အံ့အားသင့်သွားခဲ့သည်။

“အစ်မ၊ အစ်မက ရန်ရန်တို့အိမ်ကို လိုက်သွားမလို့လား”

ညီအစ်မအရင်း ဖြစ်နေသည်နှင့်အညီ သူမက အစ်မဖြစ်သူ စဉ်းစားနေသည်ကို ချက်ချင်း ခန့်မှန်းမိခဲ့သည်!

ချင်းယွင်ကျစ်လည်း ရုတ်တရက် ရယ်မောလိုက်လေသည်။

“ဟုတ်တယ်၊ အဲဒီ ကောင်လေး စုန့်ရှီးယန်က ရန်ရန်ကို အိမ်ပြန်မပို့နိုင်တော့ဘူးလေ.. ဒီတော့ မိခင်တစ်ယောက်အနေနဲ့ ငါက ဒီတာဝန်ကို ထမ်းဆောင်ရမှာပေါ့.. ငါ ရန်ရန်ကို သူ့အိမ်ကို ပြန်ပို့ပေးဖို့ စီစဉ်ထားတယ်၊

ပြီးတော့ လင်းမိသားစုနဲ့ တွေ့ဆုံပြီး ကောင်စုတ်လေးရဲ့ လက်ထပ်ပွဲ ကိစ္စကိုပါ တစ်ခါတည်း ဆွေးနွေးလို့ရနိုင်တယ်!”

ချင်းယွင်ကျစ်က နောက်ဆုံးစာကြောင်းကို အလွန်တိုးသည့်အသံဖြင့် ပြောခဲ့သောကြောင့် ထိုစကားများကို ချင်းယွင်လျန်သာ ကြားလိုက်ရသည်။

ထိုစကားကို ကြားလျှင် ချင်းယွင်လျန်လည်း ရုတ်တရက် နားလည်သွားခဲ့သည်။

သူမ၏ အစ်မက ဤအကြံအစည်လေးကို စိတ်ထဲတွင် တိတ်တဆိတ် အစီအစဉ် ချမှတ်နေခဲ့ခြင်း ဖြစ်သည်။

ဒီတစ်ကြိမ်မှာ တိုက်ရိုက်ပဲ လက်ထပ်ခွင့်တောင်းလို့ရပြီ!

တစ်ချိန်တည်းမှာပင် စုန့်ရှီးယန်မှာ အရာအားလုံးကို စီစဉ်ပြီးနောက် စစ်သည်အင်အား အများအပြားနှင့်အတူ သူတို့၏ ဦးတည်ရာသို့ သွားနေခဲ့သည်။

သူတို့၏ ထောက်လှမ်းရေးအဖွဲ့မှာ ထိုလူကုန်ကူးသူအဖွဲ့၏ အကြမ်းဖျင်း တည်နေရာကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ထိုလူကုန်ကူးသူအဖွဲ့က အတွေ့အကြုံရှိနေဲ့ပြီး ဖုံးကွယ်နိုင်စွမ်းလည်း အလွန် ကောင်းမွန်သည်။သူတို့ ပုန်းအောင်းနေသော တောင်တန်းများကလည်း ပို၍ပင် မတ်စောက်သည်။

ဒေသခံများထဲမှ လမ်းပြသူ မရှိပါက ဤထိပ်တန်းတပ်ဖွဲ့ပင်လျှင် မှန်ကန်သော နေရာကို လျင်မြန်စွာ ရှာဖွေနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဤမစ်ရှင်၏ အခက်အခဲသည် သူတို့ ထင်ထားသည်ထက် များစွာ ပိုမို ခက်ခဲနေခဲ့လေသည်။

All Chapters