အခန်း (၂၄၀)
Vol. 24 Ch. 240
စစ်အင်အား အများအပြားက စစ်တပ်ဘက်မှ စတင် ထွက်ခွာခဲ့ကြကာ နေ့ရောညပါ တစ်ရက်တာ အချိန်ယူခဲ့ရပြီးနောက် သံသယရှိသော တောင်တည်ရှိရာ နေရာသို့ ရောက်ရှိခဲ့ကြပြီး ဒေသခံ ရဲဘော်များနှင့် တွေ့ဆုံခဲ့ကြသည်။
တောင်ခြေသို့ ရောက်မှသာ ကယ်ဆယ်ရေးမစ်ရှင်က အမှန်တကယ် စတင်ခဲ့သည်။
ဤမစ်ရှင်၏ ခေါင်းဆောင်ဖြစ်သည့် စုန့်ရှီးယန်က အဖွဲ့ဝင်များကို တောင်များဆီသို့ လျှောက်သွားရန်အတွက် မစွန့်စားစေခဲ့ဘဲ ပထမဦးစွာ ဒေသခံ ပြည်သူ့လုံခြုံရေး ရဲဘော်များထံမှ နောက်ထပ် သတင်းအချက်အလက်များ တောင်းခံပြီးမှသာ တိုက်ခိုက်ရေးအတွက် အစီအစဉ်ကို စတင် ရေးဆွဲခဲ့သည်။
နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် စုန့်ရှီးယန်က လူအချို့ကို ခေါ်ဆောင်ကာ အခြေအနေကို ပထမဦးစွာ စုံစမ်းရန် တောင်ပေါ်သို့ တက်ရန် စီစဉ်ခဲ့သည်။
သူတို့အနေဖြင့် ပြိုင်ဘက်၏ အသိုက်အမြုံကို တွေ့ရှိပါက အခြေအနေပေါ်တွင် မူတည်၍ လှုပ်ရှားလိမ့်မည်။
ပြိုင်ဘက်တွင် လူအများအပြား မရှိပါက သူတို့က တိုက်ရိုက် သွားရောက်မည်ဖြစ်သည်။ အကယ်၍ စောင့်ကြပ်သူက များလွန်းပြီး တခြားသော အန္တရာယ်များလည်း ရှိနေပါက သူတို့အနေဖြင့် တောင်အောက်ရှိ လူများကို အရင်ဆုံး အကြောင်းကြားရန် ရွေးချယ်လိမ့်မည်။
“ရဲဘော်စုန့်၊ ခင်ဗျား သေချာပေါက် သတိထားရမယ်!”
စုန့်ရှီးယန် ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့၊ အချိန်တိုင်း အချက်ပြမှုကို စောင့်ကြည့်ဖို့ မမေ့နဲ့”
ထိုသို့ ပြောပြီးနောက် စုန့်ရှီးယန်က သူ၏ အဖွဲ့ငယ်ကို ခေါ်ဆောင်ကာ တောင်ပေါ်သို့ တက်သွားခဲ့သည်။
သူတို့သည် တောတောင်များထဲတွင် မည်မျှကြာအောင် လျှောက်သွားခဲ့သည်ကို မသိနိုင်ခဲ့ဘဲ နောက်ဆုံးတွင်တော့ အိမ်တစ်လုံးကို မြင်တွေ့လိုက်ရသည်။
ဤအိမ်သည် လွန်ခဲ့သောနှစ်များက ကျန်ရစ်ခဲ့ခြင်းလား သို့မဟုတ် တမင် တည်ဆောက်ထားခြင်းလာဆိုသည်ကိုတော့ မသိနိုင်ပေ။
ဤအိမ်မှလွဲ၍ ပတ်ဝန်းကျင်တွင် တခြား အိမ်များမရှိဘဲ တောင်များထဲတွင် တစ်အိမ်တည်း တည်ရှိနေခဲ့သည်။
ထို့အပြင် ပတ်ဝန်းကျင် အခြေအနေကို အချိန်မရွေး စောင့်ကြည့်ရန်အတွက် ဖြစ်နိုင်သည်။ ထိုလူကုန်ကူးသူအဖွဲ့က အနီးအနားရှိ သစ်ပင်အားလုံးကို ခုတ်လှဲထားခဲ့လေ၏။
ထို့ကြောင့် စုန့်ရှီးယန်နှင့် အဖွဲ့ဝင်များမှာ လုံးဝ မချဉ်းကပ်နိုင်ခဲ့ကြပေ။
သူတို့သာ ချဉ်းကပ်ပါက ပေါ်လွင်သွားမည့် အန္တရာယ် ရှိသောကြောင့် ဖြစ်ပေသည်။
နောက်ဆုံးတွင်တော့ စုန့်ရှီးယန်နှင့် အဖွဲ့ဝင်များမှာ သစ်တောထဲမှ အိမ်ကို မြင်နိုင်သော နေရာတစ်ခုကို ရှာဖွေပြီး ပုန်းအောင်းရုံသာ တတ်နိုင်ခဲ့သည်။
သို့သော် သူတို့အနေဖြင့် အိမ်၏ အရှေ့တံခါးကိုသာ အဝေးမှ မြင်နိုင်ပြီး မည်သူ့ကိုမျှ မတွေ့ရသေးပေ။
ဤအချိန်တွင် တခြားနေရာတွင် ရပ်နေသော အဖွဲ့ဝင်က ရုတ်တရက် စကားပြောလာသည်။
“ဗိုလ်ကြီး၊ ဟိုဘက် ကြည့်လိုက်.. တစ်ယောက်ယောက် ထွက်လာနေပြီ!”
စုန့်ရှီးယန်လည်း သူ ညွှန်ပြသည့်ဘက်သို့ ချက်ချင်း ကြည့်လိုက်လျှင် တစ်စုံတစ်ယောက် ထွက်လာနေသည်ကို မြင်တွေ့လိုက်ရလေ၏။ ဆိုရလျှင် လူတစ်ယောက်ထက် ပိုပေသည်။
သို့သော် အိမ်နောက်ဘက်မှ ထွက်လာသော ထိုလူသုံးဦး၏မျက်နှာများကို မြင်လိုက်ရချိန်တွင် စုန့်ရှီးယန်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။
ချန်ကျားယန်က ဘာလို့ ဒီမှာပါလာတာလဲ!
သူ ဘာလို့ ဒီကိုရောက်နေရတာလဲ။
စုန့်ရှီးယန်တစ်ယောက် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာတွင် ရှုပ်ထွေးမှုများ ပြည့်နေခဲ့သည်။
သို့သော် သူ့၏ရှေ့မှ အခြေအနေသည်က အလွန် ရှင်းလင်းသည်။
ချန်ကျားယန်ထံတွင် မည်သည့်အရာများ ဖြစ်သွားသည်ကို သူ မသိသော်လည်း၊ ထိုသူက ပညာတတ် လူငယ်တစ်ဦးအဖြစ် ချွမ်ဖန်း တပ်မဟာတွင် မနေဘဲ ဤလူကုန်ကူးသူများနှင့် တွေ့ဆုံကာ သူတို့ထံ ဖမ်းဆီးခြင်းကို ခံခဲ့ရသော်လည်း...
သူသည်က သားကောင်များထဲမှ တစ်ဦး ဖြစ်သောကြောင့် အချိန်တန်လျှင် စုန့်ရှီးယန်အနေဖြင့် ကိုယ်ရေးကိုယ်တာ မကျေနပ်မှုများ အားလုံးကို ဘေးဖယ်ထားပြီး သူ့ကို ကယ်ဆယ်ရလိမ့်မည်။
ချန်ကျားယန်၏ လက်ရှိ အသွင်အပြင်ကို ကြည့်လိုက်လျှင် တစ်ဖက်လူမှာ ဤလူကုန်ကူးသူများ၏ နှိပ်စက်မှုကို မည်မျှကြာအောင် ခံခဲ့ရသည်ကိုပင် မသိတော့ပေ။
အဝေးကြီးမှပင် စုန့်ရှီးယန်တစ်ယောက် ချန်ကျားယန်၏ အဝတ်အစားများက ညစ်ပတ်နေပြီး၊ သူ့ဆံပင်များ ရှုပ်ပွနေကာ၊ သူ့ပါးတစ်ဖက်မှာပင် ရောင်ရမ်းနေသည်ကို မြင်နိုင်ခဲ့သည်။
ထိုသူသည်က ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရသည်မှာ ထင်ရှားသည်။
သူတစ်ဦးတည်းသာ ဤသို့ ပြုမူခံရသူလား၊ သို့မဟုတ် ထိုနေရာရှိ သားကောင်အားလုံး ဤကဲ့သို့ ခံစားနေရသည်လားကိုတော့ မသိနိုင်ပေ။
တစ်ဖက်တွင်တော့ လူကုန်ကူးသူနှစ်ဦးက ချန်ကျားယန်ကို အိမ်ပြင်သို့ ခေါ်သွားပြီးနောက် ရွံရှာသော အကြည့်ဖြင့် သူ့ကို ပြောလိုက်သည်။
“ ပျင်းရိတဲ့လူတွေက သေးများများ ပေါက်တယ်ဆိုတာ တကယ်ပဲ.. မြန်မြန် ရှင်းပြီး ဝင်ဖို့လုပ်!”
ချန်ကျားယန်တစ်ယောက် မြေအောက်ခန်းထဲတွင် ရောက်နေစဉ် ရုတ်တရက် သူ့၏ဗိုက်ထဲတွင် ပြင်းထန်စွာ နာကျင်မှုကို ခံစားလိုက်ရသည်။
သူ ကြောက်လန့်သွားသောကြောင့်လား သို့မဟုတ် စျေးနည်းသော အစားအစာများကို လောဘတကြီး စားခဲ့သောကြောင့်လားဆိုသည်ကိုတော့ မသိပါချေ။ အတိုချုပ်ပြောရလျှင် သူ အလွန် ဗိုက်နာပြီး ဝမ်းသွားချင်သည်။သို့သော် မြေအောက်ခန်းထဲတွင် အမျိုးသမီး ရဲဘော်များစွာ ရှိနေသည်။
သူသည်က ဤအခန်းထဲတွင် ဝမ်းသွားခြင်းကို လုံးဝလက်ခံလိမ့်မည် မဟုတ်ပေ။
အဓိကမှာ သူ့အနေဖြင့် အခန်းထဲတွင်ဆက်လက် နေရဦးမည်ဖြစ်ပြီး ထိုသို့လုပ်မည်ဆိုပါက တိရစ္ဆာန်နှင့် တူသွားမည် မဟုတ်ပါလား။
ထို့ကြောင့် သူ ထပ်မံ အော်ခေါ်ပါက လူကုန်ကူးသူများက ရိုက်နှက်မည်ကို သိသော်လည်း မြေအောက်ခန်း၏အပေါ်မှ လူများကို လှမ်းခေါ်ရန်ကလွဲ၍ သူ့တွင် ရွေးချယ်စရာမရှိခဲ့ပေ။
ကံကောင်းစွာဖြင့် သူ ထိုတောင်းဆိုချက်ကို ပြောပြပြီးနောက် အပေါ်မှ လူများမှာ စိတ်မရှည်သော်လည်း ချန်ကျားယန်ကို ဆွဲထုတ်ခဲ့ကြသည်။
သူတို့သည်လည်း မြေအောက်ခန်းထဲတွင် ဝမ်းသွားခွင့် ပေးရန် ရည်ရွယ်ချက် မရှိပေ။
မည်သို့ပင်ဖြစ်စေ သူတို့သည်လည်း နောက်ပိုင်းတွင် အောက်ကို ဆင်းရပေဦးမည်။
ထို့ကြောင့် လူနှစ်ယောက်ပ ချန်ကျားယန်အား ဝမ်းသွားလိုခြင်း ပြဿနာကို ဖြေရှင်းရန် အပြင်သို့ ခေါ်ထုတ်သွားရန် စီစဥ်လိုက်ကြသည်။
သူတို့အနေဖြင့် အိမ်၏မြင်ကွင်းမှ ယာယီ ပုန်းအောင်းနိုင်သည့် အရာအားလုံးကို ရှင်းလင်းထားပြီး ဖြစ်သော်လညား လူများကိုလည်း အဝေးကြီးသို့ ခေါ်သွားရန် မရဲဝံ့ကြပေ။
ထို့ကြောင့် နောက်ဆုံးတွင် သူတို့က ချန်ကျားယန်ကို အိမ်ပြင်ပရှိ ကွင်းပြင် နေရာတွင် ကိစ္စကို တိုက်ရိုက် ဖြေရှင်းခိုင်းရန် စီစဉ်ခဲ့ကြသည်။
ချန်ကျားယန်က ထိုနေရာကို မြင်လျှင် အံ့အားသင့်သွားသည်။
“ဒီမှာပဲလား”
ပတ်ဝန်းကျင်မှာ မြက်ပင်တစ်ပင်မရှိတဲ့ ဒီလောက်ကြီးတဲ့ ရှင်းလင်းနေရာကြီးမှာ သူ ဘယ်လိုများထုတ်ရမလဲ!
သေချာပေသည်။ သူက သူ့၏ မကျေနပ်မှုကို တိုက်ရိုက် ထုတ်ဖော်ဖို့ မရဲါချေ။ ထို့ကြောင့် သူ အကြောင်းပြချက်တစ်ခုကို ဂရုတစိုက် ရှာခဲ့သည်။
“အစ်ကိုတို့၊ ကျွန်တော် တကယ်ကြီး ဒီမှာ လုပ်ခဲ့မယ်ဆိုရင် ဒီပတ်ဝန်းကျင်မှာ အကာအဆီးလုပ်မဲ့အရာလည်း မရှိတော့ အနံ့က ဘေးကို လွင့်သွားလိမ့်မယ်၊ ပြီးတော့ အိမ်ထဲကို တိုက်ရိုက် လွင့်သွားနိုင်တယ်...”
ချန်ကျားယန် ထိုသို့ ပြောလိုက်သည်နှင့် သူ၏ ဘေးမှ လူနှစ်ယောက်မှာ အလွန် ဆိုးရွားသော အနံ့ဆိုးကို ရှူမိလိုက်သလို ခံစားလိုက်ရပြီး သူတို့၏ မျက်နှာများတွင် ရွံရှာမှုဖြင့် ပြည့်နှက်သွားသည်။
သူတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း သူတို့၏ရှေ့မှ အရွယ်ရောက်ပြီးသော ယောက်ျားတစ်ဦး ဝမ်းသွားသည်ကို မကြည့်ချင်ကြပေ။
ထို့ကြောင့် နောက်ဆုံးတွင် သူတို့သည် တွန့်ဆုတ်သွားပြီး တညီတညွတ်တည်း ဆုံးဖြတ်လိုက်သည်။
“နောက်ထပ် ခြေလှမ်းအနည်းငယ် လျှောက်ပြီး သူ့ကို ဟိုဘက်က သစ်တောစပ်ဆီကို ခေါ်သွားရအောင်”
သူတို့အနေဖြင့် ဤဧရိယာကို စစ်ဆေးပြီး ဖြစ်သည်။ သူတို့၏ လူများမှလွဲ၍ မည်သူမျှ လာမည် မဟုတ်ပေ။
ချန်ကျားယန်ကို သစ်တောထဲသို့ ခေါ်လာခဲ့သော်လည်း သစ်တောထဲတွင် အန္တရာယ်များ ပြည့်နေသည်။ ချန်ကျားယန် ထွက်ပြေးချင်လျှင်ပင် ထွက်ပြေးနိုင်မည် မဟုတ်ပေ။
သူ ထိုတောထဲတွင် လမ်းပျောက်ပြီး တောင်ပေါ်ရှိ ကြမ်းတမ်းသော သားရဲတိရစ္ဆာန်များ၏ တိုက်ခိုက်ခြင်းကိုပင် ခံရနိုင်သည်။
ထို့ကြောင့် သူသည်က သူ၏ ကိုယ်ပိုင်ဘဝကို လွတ်မြောက်နိုင်ရန်စဉ်းစားနေလျှင်ပင် တစ်ယောက်တည်း ထွက်ပြေးဖို့ လုံးဝ နည်းလမ်းမရှိပေ။
ခဏတာ စဉ်းစားပြီးနောက် ထိုနှစ်ယောက် ချန်ကျားယန်ကို တစ်ဘက်က သစ်တောစပ်ဆီသို့ ခေါ်သွားပြီး သူအား ထွက်ပြေးရန် မကြိုးစားရန် သတိပေးလိုက်သည်။
မဟုတ်ပါက တောင်ပေါ်ရှိ သားရဲတိရစ္ဆာန်များက သူ့ကို စားသွားလိမ့်မည်ဖြစ်ပြီး မည်သူကမျှ သူ့၏အလောင်းကို လာကောက်မည် မဟုတ်ပေ။
ချန်ကျားယန်၏ မတိုင်ခင်ကမှ ပေါ်ပေါက်လာခဲ့သော ထွက်ပြေးလိုစိတ်တို့က ချက်ချင်း ငြိမ်းသတ်ခံလိုက်ရပြီး နောက်ဆုံးတွင် ရိုးသားစွာ ခေါင်းညိတ်လိုက်ရသည်။
“စိတ်မပူပါနဲ့ အစ်ကိုကြီးတို့၊ ကျွန်တော် လုံးဝ ထွက်မပြေးပါဘူး!”
သူသည်က ရောင်းစားခံရခြင်းထက် သားရဲတိရစ္ဆာန်များ၏ အစားခံရခြင်းကို ပို၍ ကြောက်သည်။
သူ၏ ကြောက်ရွံ့ထိတ်လန့်နေသော အသွင်အပြင်ကို မြင်လျှင် တစ်ဖက်မှ လူနှစ်ယောက်လည်း ချက်ချင်း ရယ်မောလိုက်ကြပြီး ချန်ကျားယန်၏ရှေ့တွင် တိုက်ရိုက် လှောင်ပြောင်လိုက်သည်။
“သူ ဘယ်လောက်တောင် ကြောက်တတ်လဲ ကြည့်ပါဦး.. မသိတဲ့သူတွေက သူ့ကို မိန်းကလေးလို့တောင် ထင်ကောင်းထင်လိမ့်မယ်.. သူက ယောက်ျားတစ်ယောက်ရော ဟုတ်ရဲ့လား ဟားဟား”
“သူက အခုတော့ ယောက်ျားတစ်ယောက် ဖြစ်နေသေးတယ်၊ ဒါပေမဲ့ နောက်ဆိုရင်တော့ မဟုတ်လောက်တော့ဘူး၊ ဟားဟားဟားဟား!”
ထိုနှစ်ယောက်က မည်သည့်အကြောင််းကို တွေးတောနေကြသည်ကို မသိဘဲ ရယ်မောလိုက်ကြသည်။
ချန်ကျားယန်သည် နားထောင်ရင်း နှလုံးသားထဲတွင် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ ထိုလူနှစ်ဦး၏ စကားလုံးများနောက်ကွယ်မှ ပဟေဠိကို သူ အတိအကျ နားမလည်နိုင်သော်လည်း ၎င်းသည်က ကောင်းသော ကိစ္စ မဟုတ်ကြောင်းကိုတော့ သူ ခန့်မှန်းမိသည်။
ဒီလို လူဆိုးတွေက အနာဂတ်မှာ အဆိုးရွားဆုံးနည်းတွေနဲ့ သေချာပေါက်သေဆုံးမှာပဲ!
တောအုပာထဲတွင်ရှိနေသော စုန့်ရှီးယန်ကတော့ လူကုန်ကူးသူနှစ်ဦးက ချန်ကျားယန်ကို သစ်တောဆီသို့ ခေါ်ဆောင်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။သူတို့အနေဖြင့် လူအချို့ကို ဖမ်းဆီးရန် လုံလောက်သည်အထိ အနီးသိုး ချဉ်းကပ်ရန် အခွင့်အရေး မရရှိမည်ကို စိုးရိမ်ခဲ့ကြသော်လည်း ဤလူများက သူတို့ဆီသို့ ကိုယ်တိုင် ရောက်လာပြီး စတေးခံနေခဲ့သည်။
ချန်ကျားယန်က မရည်ရွယ်ဘဲ သူတို့ကိုကူညီပေးခဲ့သည်ဟု ပြောရမည်။
ချန်ကျားယန်နှင့် အဖွဲ့ဝင်များ ဤလမ်းဘက်သို့ လျှောက်လာနေသည်ကို မြင်လျှင် စုန့်ရှီးယန်က သူ၏ အောက်ရှိ လူများထံသို့ အမြန် လက်ဟန်ပြလိုက်ပြီး လျင်မြန်စွာ လူစုဖြန့်၍ ပုန်းအောင်းရန် ပြောလိုက်သည်။
စက္ကန့်အနည်းငယ်အတွင်း လူတိုင်းက ပြန့်ကျဲသွားပြီး သူတို့၏ ကိုယ်ပိုင် ပုန်းအောင်းရာ နေရာများကို ရှာဖွေခဲ့ကြလေသည်။