← Chapters

ကောင်းကင်ဘုံသောကကံကြမ္မာ တတိယအဆင့်

Vol. 28 Ch. 343

ကောင်းကင်ဘုံသောကကံကြမ္မာ တတိယအဆင့်

Vol. 28 Ch. 343

"ငါ့ကို သုံးပြီး ငါ့ရဲ့ဆရာကို ခြိမ်းခြောက်ချင်တာလား...အိပ်မက်မက်နေလိုက်... ငါသေသွားရင်တောင် နင့်ကို အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူး"

လျှူမင်ယွဲ့သည် အပြည့်အဝ သတိပြန်လည်လာခြင်း မရှိသေးချိန်တွင် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏နဖူးကိုရိုက်ခွဲရန် လက်လှမ်းလိုက်သည်။ သို့ရာတွင် သူမ၏လက်ဝါး မကျရောက်မီအချိန်တွင် တစ်စုံတစ်ယောက်က သူမကို တားဆီးလိုက်၏။

"မင်ယွဲ့..."

ကျန်းရွှမ်က အော်ခေါ်လိုက်သည်။ ထိုအချိန်ကျမှသာ လျှူမင်ယွဲ့ သတိဝင်လာပြီး ရင်းနှီးသော မျက်နှာတစ်ခုက သူမ၏ရှေ့တွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ သူမ၏ရှေ့တွင် ရွေ့လျားနိုင်ခြင်းမရှိသော တောင်ကြီးတစ်လုံးရှိနေသည့်အလားပင်။ သူမ မည်သည့်နေရာသို့သွားပါစေ မည်သည့်ကိစ္စမျိုး ဖြစ်နေပါစေ တစ်ဖက်လူသည် သူမကို ကယ်တင်ပြီး သူမ၏ကျောထောက်နောက်ခံ ဖြစ်လာမည့်ပုံပင်။

"ဆရာ..."

လျှူမင်ယွဲ့ က ခုန်ထလိုက်ပြီး သူ၏ရင်ခွင်ထဲသို့ တိုးဝင်လိုသော်လည်း သူမ၏မျက်နှာ နီမြန်းသွားကာ ရပ်တန့်လိုက်၏။

"မင်း ဘာမှမဖြစ်တာ ကောင်းပါတယ်.. ဒါက ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေပဲ... မင်း ကိုယ့်ဘာသာကိုယ် ကျင့်ကြံမလား...ဒါမှမဟုတ် ငါနဲ့အတူ ရှောင်ယွီတို့ကို လိုက်ရှာမလား..."

"ကျွန်မက ဆရာ့ရဲ့နောက်ကိုလိုက်မှာပါ...ကျွန်မက ဆရာ့ရဲ့တပည့်ရင်းဖြစ်လာဖို့အတွက် ဆရာ့ရဲ့ အသိအမှတ်ပြုမှုကို အမြန်ဆုံးရအောင် ကြိုးစားချင်ပါတယ်"

လျှူမင်ယွဲ့က ပြောဆိုသည်။ ဆရာ၏ကမ္ဘာသစ်ထဲတွင် ကျင့်ကြံလျှင် အန္တရာယ်ကို ရှောင်ရှားနိုင်သော်လည်း အတွေ့အကြုံများများစားစား မရပါက သူမ၏တိုးတက်မှုတွင် အကန့်အသတ် ရှိပေလိမ့်မည်။ သူမသည် ဆရာ၏အသိအမှတ်ပြုမှုကို အမြန်ဆုံး ရယူလိုသည့်အပြင် ကျင့်ကြံခြင်းအရာတွင်လည်း ပို၍အစွမ်းထက်လိုသည်။

ကျန်းရွှမ်က သူမကို တားဆီးခြင်းမရှိဘဲ ညွှန်ကြားလိုက်သည်။

"မင်း ဟိုဘက်မှာ ကျင့်ကြံနေလိုက်...ငါ အရင်ဆုံး ငါ့ရဲ့ကျင့်ကြံဆင့်ကို ခိုင်မာအောင်လုပ်ပြီးတော့ လက်ရှိနယ်ပယ်ကနေ ချိုးဖျက်နိုင်မလားဆိုတာ ကြည့်လိုက်အုံးမယ်....အော် ဒါနဲ့ ဒီကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေထဲမှာ စည်းမျဥ်းတွေ အများကြီး ရှိတယ်...အခု ငါ မင်းကို အဲ့ဒါတွေ ပြောပြမယ်...အဲ့ဒီစည်းမျဥ်းတွေကို လုံးဝမချိုးဖောက်မိစေနဲ့..."

ခုန်းရှီ ပြောပြထားသော စည်းမျဥ်းများအားလုံးကို ရှင်းပြပြီးနောက် ကျန်းရွှမ်က လှိုဏ်ဂူ၏ထောင့်တစ်နေရာသို့သွားပြီး ပလ္လင်ခွေထိုင်လိုက်သည်။

ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့်ကို ချိုးဖျက်ဝင်ရောက်ရန်အတွက် သူသည် အရင်ဆုံး ကောင်းကင်ဘုံသောကကံကြမ္မာကို တတိယအဆင့်သို့ရောက်အောင် ချိုးဖျက်ဝင်ရောက်ရပေမည်။ ကျန်းရွှမ်သည် ဓားနည်းစနစ်ကို သူ့၏စိတ်ထဲတွင် စဥ်ဆက်မပြတ် တွက်ချက်နေပြီး မရေမတွက်နိုင်သော ဆက်တိုက်ဓားကွက်များအဖြစ် ပြောင်းလဲသွားသည်။ အချိန်မည်မျှကြာသွားမှန်း မသိရဘဲ ပိုးအိမ်ကွဲထွက်သွားသကဲ့သို့ "ဝုန်း"ခနဲ အသံတစ်သံ သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ဘုံစာကြည့်တိုက် အတွင်းရှိ ကောင်းကင်ဘုံသောကကံကြမ္မာသည် မရပ်မနား လှုပ်ရှားလာပေ၏။

ဝှစ်....

မရေမတွက်နိုင်သော စာအုပ်များသည် သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ကံကြမ္မာစွမ်းအင်မြစ်ထဲသို့ တိုးဝင်သွားကြသည်။ မူလက သေးငယ်သော ကြိုးမျှင်လေးကဲ့သို့ ဖြစ်နေသော ကံကြမ္မာစွမ်းအင်မြစ်သည် ပို၍ထူထပ်သိပ်သည်းပြီး ခိုင်မာလာသည်။ ပဉ္စမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော အရှိန်အဟုန်ကံကြမ္မာသည် ယခင်က ထိန်းချုပ်မှု လွတ်ကင်းတော့မည့် အလားအလာ ရှိနေသော်လည်း ယခုအချိန်၌ တဖန်ပြန်၍ ငြိမ်သက်သွားသည်။

ဘုန်း...

ကောင်းကင်ဘုံသောကကံကြမ္မာ အဆင့်တက်သွားသည်နှင့်အမျှ သူ၏ကျင့်ကြံခြင်းသည်လည်း ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့် အစောပိုင်းသို့ ချောချောမွေ့မွေ့ ချိုးဖောက်ဝင်ရောက်သွားသည်။

'သုံးရောင်ခြယ်ကုန်းမြေထဲကို ငါ ဝင်ခဲ့တုန်းက ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်တဲ့ ရတနာတွေ အများကြီးကို စုဆောင်းခဲ့သေးတယ်... အခုက အဲ့ဒါတွေကို သုံးဖို့ အကောင်းဆုံး အချိန်ပဲ'

အတွေးတစ်ချက်ဖြင့် ဆေးပင်များနှင့် ရတနာ များသည် ရွှမ်ကမ္ဘာအတွင်း၌ အပုံလိုက် ထွက်ပေါ်လာသည်။ သူ၏အတွေးနှင့်အတူ ထိုအရာများသည် သန့်စင်သောစွမ်းအင်များအဖြစ် ပြောင်းလဲကာ သူ၏မရီဒါန်းများမှတဆင့် ခန္ဓာကိုယ်အနှံ့အပြားသို့ လှည့်ပတ်သွားသည်။ တခြားသူများဆိုလျှင် နှစ်တစ်ထောင်ကျော် သက်တမ်းရှိသော ဤဆေးပင်များမှ ဆေးအာနိသင်သင်များကို အများဆုံးရအောင် မည်ကဲ့သို့ ပေါင်းစပ်ပြီး သန့်စင်ရမည်ကို စဉ်းစားရပေလိမ့်မည်။ သို့ရာတွင် ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်သော သူ့အနေဖြင့် ထိုကဲ့သို့ ဒုက္ခခံရန် မလိုအပ်ချေ။

သူ၏ကိုယ်ပိုင်ကမ္ဘာထဲသို့ ထည့်ထားသရွေ့ ထိုအရာများကို သူသည် အတွေးတစ်ချက်နှင့် လွယ်လင့်တကူ သန့်စင်နိုင်ပြီး အသန့်စင်ဆုံး စွမ်းအင်များအဖြစ် ပြောင်းလဲနိုင်သည်။

ဤသည်မှာ အတွေးတစ်ချက်နှင့် ဖန်တီးနိုင်ဖျက်ဆီးနိုင်ခြင်းပင်။

အကန့်အသတ်မဲ့ဆေးစွမ်းအားများ၏ ထောက်ပံ့မှုနှင့် ကောင်းကင်ဘုံသောကကံကြမ္မာ၏ အဆင့်တက်လာမှုတို့ကြောင့် ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးခါစဖြစ်သော သူ၏စွမ်းအားများ ထပ်မံ၍မြင့်တက်လာသည်။

ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့် အလယ်အလတ်...

ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့် နှောင်းပိုင်း...

ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်...

ကျန်းရွှမ်၏ကျင့်ကြံခြင်းသည် တည်ငြိမ်စွာ တိုးတက်နေပေ၏။ ဆရာဖြစ်သူ ကျင့်ကြံနေသည်ကို မြင်တွေ့ချိန်၌ မလှမ်းမကမ်းတွင် ရှိနေသော လျှူမင်ယွဲ့ကလည်း ပလ္လင်ခွေထိုင်လိုက်သည်။

"ငါ ကောင်းကောင်း လုပ်ဆောင်ရမယ်..."

သူမ၏မျက်လုံးများတွင်းတွင် ခိုင်မာပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

'သူတို့ ပြောစကားတွေကနေတဆင့် ဆရာ့ရဲ့ စွမ်းအားကို ငါ နားလည်သွားပြီ... သူက ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်ကို ရောက်နေပြီ.... ငါတို့ စတွေ့ချိန်ကနေ အခုထိ တစ်လကျော်ကျော်ပဲ ရှိသေးတယ်..သူက ရင်းမြစ်ရေအိုင်နယ်ပယ် ပထမအဆင့်ကနေ ဒီလိုကျင့်ကြံဆင့်နယ်ပယ်ထိ ရောက်လာခဲ့တယ်... သူ့တိုးတက်မှုက တကယ်ကို မြန်လွန်းတယ်'

'ဒါပေမဲ့ ဘာဖြစ်လဲ....ဆရာက ဒီလောက်ထိ မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ရင် ငါလည်း သေချာပေါက် လုပ်နိုင်ရမယ်'

သူမသည် ကြိုးစားပမ်းစားကျင့်ကြံပြီး သူမကို ဆရာ အထင်ကြီးလာအောင် လုပ်ရပေမည်။ ထိုကိစ္စကိုတွေးတောပြီးနောက် လျှူမင်ယွဲ့သည် ဆရာရှင်းပြခဲ့သော ကျင့်ကြံခြင်းနည်းလမ်းကို ပြန်စဥ်းစားကာ လေထုထဲတွင် မျောလွင့်နေသော ရင်းမြစ်စွမ်းအင်များကို အရူးအမူးလစုပ်ယူလိုက်၏။ ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေအတွင်းရှိ ရင်းမြစ်စွမ်းအင်များသည် ပြင်ပလောကထက် များစွာပို၍ ပေါကြွယ်ဝသည်။ ထိုကြောင့် ဤနေရာတွင် ကျင့်ကြံပါက ကျင့်ကြံနည်းစနစ်များအပြင် ခွန်အားအပေါ် နားလည်သဘောပေါက်မှုကိုလည်း ပို၍လွယ်ကူစေသည်။

"ဒီလိုဆိုရင်... အချိန်တစ်ရက်အတွင်းမှာ ငါ ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ဖြစ်တဲ့ ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်ကို ရောက်နိုင်လောက်တယ်..."

သူမ၏စွမ်းအားများ လျင်မြန်စွာ တိုးတက်လာသည်ကို ခံစားမိသဖြင့် လျှူမင်ယွဲ့ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူမသည် အဖမ်းခံရစဥ်အချိန်၌ သူမက ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်တွင်သာ ရှိနေပေ၏။ သူမသည် နဝမအဆင့်ဖြစ်သော ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းလိုလျှင် လအနည်းငယ် သို့မဟုတ် နှစ်ဝက်ခန့်ကြာမည်ဟု သူမ တွေးထင်ထားခဲ့သည်။ ဤမျှထိ လျှင်မြန်လိမ့်မည်ဟု သူမ တွေးထင်မထားခဲ့ချေ။

"ဆရာ့ရဲ့ မိုတောက်ကောင်းကင်ကံကြမ္မာ အဆင့်တက်သွားတာနဲ့ ဆိုင်လောက်တယ်..."

သူမ၏စိတ်နှလုံးသားလှုပ်ရှားသွားပြီး အကြောင်းအရင်းကို နားလည်သဘောပေါက်သွားသည်။ ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေအတွင်း၌ ရင်းမြစ်စွမ်းအင်များ ကြွယ်ဝသော်လည်း ဤမျှထိ အချိန်တိုအတွင်းတွင် သူမ အဆင့်တက်ရန်မှာ မဖြစ်နိုင်သေးချေ။ သူမသည် တစ်ရက်အတွင်းတွင် ကြယ်စင်မြစ်နယ်ပယ်သို့ တက်လှမ်းရန် အခွင့်အရေးရှိသည်ဟုပင် ခံစားမိသည်။ ဤသို့ဖြစ်လာသည့် အဓိကအကြောင်းအရင်းမှာ ဆရာသည် မိုတောက်ကောင်းကင်ကံကြမ္မာအပေါ် ထိုးထွင်းသိမြင်မှုအသစ်များ ရရှိခဲ့သောကြောင့်ပင်။ သူ၏ဆက်ခံသူဖြစ်သော သူမအနေဖြင့်တိုးတက်လာသည်မှာ သဘာဝကျပေ၏။

ဤသည်မှာ အမှန်ပင်။ လျှူမင်ယွဲ့ နားလည်သဘောပေါက်ထားသည်မှာ မိုတောက်ကောင်းကင်ကံကြမ္မာ ဖြစ်ပေ၏။ ကျန်းရွှမ်သည် ထိုကောင်းကင်ကံကြမ္မာကို စတုတ္ထအဆင့်ထိ မြှင့်တင်လိုက်သောကြောင့် သူ

တပည့်ဖြစ်သည့် သူမအတွက် ထိုကံကြမ္မာ နားလည်သဘောပေါက်ရန် ပို၍ချောမွေ့လွယ်ကူလာသည်။

ဝုန်း....

ဆယ်မိနစ်မပြည့်မီမှာပင် သူမ၏စွမ်းအားသည် ဓမ္မရုပ်သွင်နယ်ပယ် အစောပိုင်းအဆင့်၏အတားအဆီးကို ချိုးဖျက်ပြီး အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားသည်။

"အရမ်း မြန်တာပဲ..."

လျှူမင်ယွဲ့ စိတ်လှုပ်ရှားနေသည်။ ကြည့်ရသည်မှာ သူမ၏ကျင့်ကြံမှုအရှိန်နှုန်းကို အလွန်အမင်းလျော့တွက်ခဲ့မိပုံပင်။ သူမ အဆင့်တက်ရန် တစ်ရက်ပင် ကြာတော့မည် မဟုတ်ချေ။ ဤကဲ့သို့ ကျင့်ကြံမှုအရှိန်နှုန်းမျိုးနှင့်ဆိုရင် ဆရာသည် သူမကို အထင်ကြီးလောက်သည် မဟုတ်လော။

သူမထံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်များသို့ ဆက်လက်၍ ချိုးဖျက်ဝင်ရောက်ရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် လှိုဏ်ဂူအတွင်းရှိ ရင်းမြစ်စွမ်းအင်များ လှုပ်ရှားသွားပြီး မလှမ်းမကမ်းမှနေ၍ အစွမ်းထက်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူမသည် ထိတ်လန့်တကြားဖြင့် ထိုနေရာသို့ လှမ်းကြည့်လိုက်၏။

ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနှင့်ပြီးဖြစ်သော သူမဆရာ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများသည် အသက်ရှူရှိုက်သည့်အလား ပိန်လိုက်ဖောင်းလိုက်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် တတိယအဆင့်ကို ချိုးဖျက်ပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် စတုတ္ထအဆင့် သို့ ရောက်ရှိသွားသည်။ ထိုမျှသာမက ဤအဆင့်တက်မှုသည် ရပ်တန့်မည့်အရိပ်အယောင် မရှိဘဲ ဆက်လက် ၍ လျင်မြန်စွာ တိုးတက်နေသည်။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူသည် စတုတ္ထအဆင့် အစောပိုင်းမှ အလယ်အလတ်သို့ ချိုးဖျက်ဝင်ရောက်ကာ နောက်ဆုံးတွင် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။

"ဒါက အဆင့်တက်တာလား..."

လျှူမင်ယွဲ့၏မျက်နှာ တောင့်တင်းအေးခဲ့သွားသည်။ သူမသည် ဓမ္မရုပ်သွင်နယ်ပယ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ ရောက်ရှိရန်ပင် အလွန်ကြိုးစားခဲ့ရပြီး သူမကိုယ်သူမ ဂုဏ်ယူနေခဲ့သည်။ ဤလောကတွင် သူမထက် ပို၍ထူးချွန်သောပါရမီရှင် မရှိတော့ဟုပင် တွေးထင်ခဲ့လေ၏။ သူမ၏ဆရာကျင့်ကြံသည်ကို မြင်လိုက်ရချိန်မှသာ ကောင်းကင်ဘုံကို ဖီဆန်သည့် ပါရမီသည် မည်သည့်အရာဖြစ်သည်ကို နားလည်သဘောပေါက်သွားသည်။

ဤသည်မှာ လူအမြောက်အများကို လှောင်ပိတ်မိနေစေသော ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်ပင်။ သူသည် ဤမျှထိ လွယ်လင့်တကူ ချိုးဖောက်ဝင်ရောက်သွားသည့်အပြင် ရပ်တန့်မယ့် အရိပ်အယောင် မရှိသေးချေ။

သူမ ဆက်လက်၍ ကြည့်ရှုလိုက်ရာ သူမဆရာ၏ကျင့်ကြံဆင့်သည် လျင်မြန်စွာ တိုးတက်နေဆဲပင်။ အသက်ရှူချိန်ဆယ်ချိန်ကျော်စာ အတွင်းမှာပင် သူသည် ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့် အစောပိုင်းမှ အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။

ဘုန်း...

လှိုဏ်ဂူအတွင်းရှိ ရင်းမြစ်စွမ်းအင်များ ထပ်မံ ၍လှုပ်ရှားသွားပြီး သိပ်သည်းကြွယ်ဝသော စွမ်းအားတစ်ရပ် ထပ်မံ၍ကျဆင်းလာသည်။ ထို့နောက် အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ရပ်သည် မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ်မြင့်တက်သွားပေ၏။

"ဒါက... ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့်လား..."

လျှူမင်ယွဲ့သည် အနည်းငယ် ရူးသွပ်ချင်သကဲ့သို့ ဖြစ်သွားသည်။

'အဆင့်ကြီးတစ်ခုလုံးကို ချက်ချင်းချိုးဖျက်လိုက်တယ်...ပြီးတော့ ရပ်တန့်မယ့် အရိပ်အယောင် မရှိသေးဘူး... ဒါက ဆရာ့ရဲ့ စစ်မှန်တဲ့ပါရမီနဲ့ ကျင့်ကြံမှုအရှိန်နှုန်းလား'

'အဖြူရောင်ကျောက်တုံးမြို့မှာ ရှိနေတုန်းက ဆရာ့ရဲ့စွမ်းအားက ငါ့ထက်သာနေတာ မထူးဆန်းတော့ဘူး... အခုတော့ ကွာဟချက်က ပိုပိုပြီး ကြီးမားလာပြီ...'

'အစကတော့ တစ်ရက်အတွင်းမှာ ကြယ်စင်မြစ်နယ်ပယ်ကို အောင်အောင်မြင်မြင် ရောက်ရှိရင် ဆရာ ငါ့ကို သေချာပေါက် အထင်ကြီးလိမ့်မယ်လို့ ငါ ထင်ခဲ့တာ...အခုတော့ ငါ အတွေးလွန်သွားပုံရတယ်... ငါ့ရဲ့ ကျင့်ကြံမှုအရှိန်နှုန်းက သူ့ရဲ့မျက်လုံးထဲမှာ ဘာမှမဟုတ်လောက်ဘူး'

All Chapters