ယွင်ရှန်မြို့သို့ အမြန်သွားခြင်း
Vol. 91 Ch. 1362
နူကလီးယား ပေါက်ကွဲသံက အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ဤသို့အခြေအနေမျိုးတွင် ရွှေအမတေအဆင့်ရှိသူတစ်ဦးပင် သေဆုံးသွားရပေလိမ့်မည်။ ၎င်းတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက် ကြည့်လိုက်ကြကာ ပေါက်ကွဲမှုဖြစ်ပွားရာမြင်ကွင်း၌ သက်ရှိသတ္တဝါများမရှိတော့သည်ကို သတိပြုမိကာ ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ တိုင်ပွဲတွင် နှစ်ဖက်စလုံးရှုံးမည်။ ဤသည်က ၎င်းတို့ မြင်ချင်သောအရာဖြစ်သည်။ နှစ်ယောက်သား လှည့်၍ အခင်းဖြစ်ပွားရာနောမှ ထွက်သွားကြသည်။ နောက်ဆက်တွဲလှုပ်ခတ်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကြည်လင်နေသော မြေပြင်သာ ကျန်ရှိတော့သည်။ ကမ္ဘာ၏ အဆုံးသည် စစ်မြေပြင်တစ်ခုလုံးကို ဖြတ်ကျော်သွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။ ဤစစ်မြေပြင်တွင် မည်သည့် သက်ရှိသတ္တဝါမျှ မရှင်သန်နိုင်ပေ။
အချိန်အတော်ကြာပြီးနောက် ချူးယွင်ဖန်းပေါ်လာသည်။ ယခုပင် အရေးကြီးသောအခိုက်အတန့်တွင် သူသည် တောင်မြစ်ပန်းချီကားအတွင်း၌ မိမိကိုယ်ကို ဝှက်ထားခဲ့သည်။ ချူးယွင်ဖန်းနှင့် အလွန်နီးကပ်သောကြောင့် ဤနျူကလီးယားဗုံးဆယ်လုံး၏ ဗုံးကြဲတိုက်ခိုက်မှုကို သွေးတပ်သားများကပ မရှင်သန်နိုင်ပေ။ ၎င်းတို့က သူ့ကို ဝိုင်းရံပိတ်နိုင်ထားပြီဟုထင်နေခဲ့ကြသော်လည်း ယင်းမှာ လွတ်မြောက်ရာလမ်းကြောင်းမှ ဖြည်းညှင်းစွာ ပိတ်မိသွားခြင်းဖြစ်သည်။
ချူးယွင်ဖန်း ချမှတ်ထားသည့် ထောင်ချောက်တစ်ခုဖြစ်နေလိမ့်မည်ဟု မည်သူသိမည်နည်း။ ယင်းက အလွန်နီးကပ်လွန်းသောကြောင့် ရွှေအမတေအဆင့်များပင်လျှင် လွတ်မြောက်ရန် အချိန်မရှိဘဲ နျူကလီးယားဗုံးများ၏ ဝါးမျိုခြင်းခံခဲ့ရသည်။
၎င်းတို့၏ ဗျူဟာက မမှားပေ။ ပြဿနာမှာ ချူးယွင်ဖန်းတွင် ဤသို့ နည်းလမ်းမျိုးရှိရန် ၎င်းတို့မမျှော်လင့်ထားကြသောကြောင့်ဖြစ်သည်။ ထိုအကြောင်းကိုသိသော မဟာဝေ့နိုင်ငံ၏ အရာရှိကြီးများကလည်း ယင်းကိုဖုံးကွယ်ထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုတစ်ခုအောက်၌ လုံးဝ သေဆုံးခဲ့ကြသည်။
နူကလီးယားပေါက်ကွဲမှု၏ စွမ်းအားနှင့် ရင်ဆိုင်ရသောအခါတွင် အမတေမဲ့အဆင့်သည်ပင် ၎င်းကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် သူ၏ နတ်စွမ်းအင်များဖြင့် စတင်၍ ပတ်ဝန်းကျင်ကို လေ့လာကြည့်ခဲ့သည်။ ဗိုလ်ချုပ်ရီဖေးနှင့် ပထမအုပ်ထိန်းသူတို့ ထွက်သွားကြောင်း အတည်ပြုပြီးနောက် သူ သက်ပြင်းချလိုက်သည်။ ၎င်းတိတု့နှစ်ဦးသည် အလွန်သန်မာသော်လည်း ချူးယွင်ဖန်း သေပြီဟု ရှင်းလင်းစွာပင် အတည်ပြုလိုက်ကြသည်။ အစောပိုင်းကကဲ့သို့ ၎င်းတို့ကိုယ်၎င်းတို့ ဖုံးထားရန်ပင် စိတ်မဝင်စားကြတော့သဖြင့် ချူးယွင်ဖန်းပင် အလွယ်တကူရှာနိူင်ခဲ့သည်။ ချူးယွင်ဖန်းသည် သွေးတပ်သားများကြောင့် ၎င်းတို့နှင့် ဆက်ဆံရန် အချိန်မရှိခဲ့သည်။ သူသည် နျူကလီးယားဗုံးဖြင့် တပ်သားများကို ဖျက်ဆီးရန်သာမက ၎င်းတို့ကို လှည့်ဖြားရန်လည်း အသုံးပြုခဲ့သည်။ ချူးယွင်ဖန်း၏ ဝှက်ဖဲများကို မဟာဝေ့နိုင်ငံ၏ တော်ဝင်မိသားစုမှ သိကြပေမည်ဖြစ်ကာ သူ နည်းလမ်းတစ်ခုကို အသုံးပြုကြသရွေ့ ၎င်းတို့ သိကြလိမ့်မည်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားတွင် ပုန်းနေနိုင်သည်ကို ၎င်းတို့မသိခဲ့ကြပေ။ မဟာဝေ့နိုင်ငံတွင် သိုင်းပညာက အဆင့်မြင့်ကာ နေရာလွတ်နယ်မြေများကို ရှိသော်လည်း လူတစ်ဦဂကို အတွင်းထဲတွင် ဝှက်ထားရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သာမာန် နေရာလွတ်ကိရိယာများဖြင့် ဖွင့်ထားသော နေရာလွတ်သည် သေနေသော နေရာလွတ်ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတွင် နေရာလွတ်ဆိုင်ရာအစွမ်းသတ္တိများရှိသည့်နိုင် ယင်းအတွင်း၌ အချိန်မကုန်ပေ။
သက်ရှိသတ္တဝါများသည် ၎င်းတို့ဝင်ရောက်ပြီးသည်နှင့် မရဏလမ်းကြောင်းတွင် ပိတ်မိနေလိမ့်မည်။ သက်မဲ့အရာဝတ္ထုများကို သိမ်းဆည်းရန်သာ အသုံးပြုနိုင်သည်။ သို့သော် တောင်မြစ်ပန်းချီကားသည် ကွဲပြားသည်။ အမှန်တကယ်ပင် ယင်းက သူ၏ ကိုယ်ပိုင်ကမ္ဘာတစ်ခုဖြစ်ကာ ဤကမ္ဘာကြီးသည် သူ့အတွက် အလွန်သေးငယ်နေခြင်းသာဖြစ်သည်။ ဤသည်က ချူးယွင်ဖန်း၏ အကြီးမားဆုံးသော ဝှက်ဖဲဖြစ်သည်။
မဟာဝေ့နိုင်ငံ၏ တော်ဝင်မိသားစုက သူ့ကိုလုပ်ကြံရန်မဖြစ်နိုင်ပေ။ ချူးယွင်ဖန်းတွင် ဤသို့နည်းလမ်းများရှိသည်ကို ၎င်းတို့ သိခဲ့မည်ဆိုလျှင် အရေးယူမှုမလုပ်ခင်တွင် ပို၍ သတိထားရပေလိမ့်မည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့ ဤမျှစိတ်မြန်နေကြမည်မဟုတ်ပေ။
"သူတို့နှစ်ယောက်က မဟာဝေ့နိုင်ငံက အကြီးဆုံး ဝှက်ဖဲနှစ်ချပ်ဖြစ်လောက်တယ်”
“ဗိုလ်ချုပ် ရီဖေးနဲ့ ပထမ အုပ်ထိန်းသူ” ချူးယွင်ဖန်းမျက်မှောင်ကြုတ်လိုက်သည်။
၎င်းတို့၏ အထောက်အထားများကို ခန့်မှန်းရန် သူ့အတွက်မခက်ခဲပေ။
သို့သော် အတိအကျပြောရမည်ဆိုလျှင် ထိုအချက်ကြောင့် သူ့မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အမြွက်ပြနေခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤလူနှစ်ဦးကို အလွယ်တကူ ကိုင်တွယ်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ချူးယွင်ဖန်းသည် မိမိကိုယ်မိမိ ကာကွယ်နိုင်ရုံသာဖြစ်သည်။ ဤလူနှစ်ယောက်ကို ဆက်ဆံလိုလျှင် သူ၏ အစွမ်းအစအားလုံးကို ထုတ်လွှတ်ကာ နတ်အဆင့်အထွတ်အထိပ်သို့ တစ်ကြိမ်တည်း တက်လှမ်းနိုင်ခြင်း မရှိသေးလျှင်ပင် လုံလောက်သည်။ ထိုအချိန်ရောက်လျှင် ၎င်းတို့ မည်မျှပင် သန်မာစေကာမူ ၎င်းတို့က သူနှင့်ယှဥ်နိုင်မည်မဟုတ်ပေ။
သို့သော် ထိုသို့အောင်မြင်ရန် အချိန်အတိုင်းအတာတစ်ခုယူရပေမည်။ သူသည် သူ၏စွမ်းရည်အားလုံးကို ထုတ်လွှတ်၍ နတ်အဆင့် အထွတ်အထိပ်သို့ အဆင့်မတက်မီ ပြန်လာရန် ရည်ရွယ်ချက်မရှိပေ။
ယခု မဟာဝေ့နိုင်ငံ၏ အရာရှိများက သူ သေဆုံးသွားပြီဟု တွေးနေပေလိမ့်မည်။ ဤသို့ဖြစ်လာပြီဖြစ်၍ ၎င်းတို့ကို ဆက်လက်၍ တွေးခွင့်ပေးလိုက်လျှင်လည်း ကိစ္စမရှိပေ။ လက်စားချေရန် စောင့်ဆိုင်းခြင်းက သူ့ပုံစံမဟုတ်သော်လည်း ယခုမူ အချိန်မတန်သေးပေ။
ဤသည်ကိုတွေး၍ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားသည်။ သူ့အရိုး၊ အသားများ အရာအားလုံးက တုန်ခါနေသည်။ ခဏအကြာတွင် သူ့အသွင် ပြောင်းလဲသွားသည်။ အရပ်သည်လည်း အတော်အတန် မြင့်မားလာကာ ချူးယွင်ဖန်းကိုယ်တိုင်နှင့် နှိုင်းယှဉ်ပါက သူ၏ လက်ရှိအသွင်အပြင်က ပို၍ တက်ကြွနေသည်။ သူသည် ဓားအိမ်မှ မထုတ်ရသေးသော ဓားနှင့်တူသည်။
ထို့နောက် တောင်မြစ်ပန်းချီကားထဲမှ အခြား ဓားတစ်ချောင်းကိုယူကာ သူ့နောက်ကျောပေါ်တင်လိုက်သည်။ ဤသည်က သူ့အတွက် မည်သို့မျှ မဖြစ်ခဲ့ပေ။ ထိုအချိန်က ရန်သူများစွာကို သတ်ခဲ့ကာ ၎င်းတို့၏ မှော်လက်နက်များ အားလုံးသည် ချူးယွင်ဖန်း၏လက်ထဲသို့ ရောက်ခဲ့သည်။ ထို့ကြောင့် ဓားတစ်ချောင်းကို ရှာရန်မှာ သူ့အတွက် အရေးမကြီးလှပေ။
ဤသည်မှာ လူတစ်ဦး၏ ကြွက်သားများနှင့် အရိုးများကို ပြောင်းလဲရန် ဆေးဧကရာဇ်တိုက်ပွဲ စာအုပ်တွင် မှတ်တမ်းတင်ထားသော နည်းလမ်းဖြစ်သည်။ သိုင်းပညာကျွမ်းကျင်ပညာရှင်များသည် သာမာန် အသွင်အပြင်ဖြင့် အလွယ်တကူ မြင်တွေ့နိုင်သော်လည်း ၎င်းသည် အခြေခံကျသော ပြောင်းလဲမှုဖြစ်သောကြောင့် လုံးဝ မမြင်နိုင်ပေ။ ယခု ဤသူသည် ချူးယွင်ဖန်းဖြစ်သည်ဟု မည်သူမျှ ထင်မည်မဟုတ်ပေ။ ယင်းမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကျင့်ကြံရေးအဆင့်ရှိသော ဓားပညာရှင်တစ်ဦးဖြစ်သည်။
"ဒီရုပ်ဖျက်ထားတဲ့ ငါ့ကို ကျန်းဝူချန်လို့ နာမည်ပေးရအောင်” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။ ထို့နောက် သူ၏ခြေရင်းအောက်တွင် ဓားအလင်းတစ်ခုပေါ်လာကာ သူ၏မူလနေရာဖြစ်သော ယွင်ရှန်မြို့ဆီသို့ ပြေးသွားခဲ့သည်။
ချူးယွင်ဖန်း၏ လှုပ်ရှားမှုများသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသည်။ သို့သော် မြေပုံတွင်ဖော်ပြထားသော ယွင်ရှန်ကို နောက်ဆုံးတွင် မရောက်နိုင်မီ နေ့ရောညပါ ပျံသန်းခဲ့ရသည်။ သူ၏ ယုံကြည်မှုကို အနိုင်ယူရန်အတွက် မဟာဝေ့နိုင်ငံသည် ဤကိစ္စနှင့်ပတ်သက်၍ လိမ်လည်ခြင်းမရှိခဲ့ပေ။
ယွင်ရှန်သည် အနှိုင်းမဲ့ကြီးမားသော တောင်ထိပ်ပေါ်တွင် တည်ရှိသည်။ သို့သော်၊ ဤတောင်ထွတ်သည် နတ်စွမ်းအင်များအောက်၌ ပြားချပ်သွားပုံရကာ ကြီးမားသောမြို့ကြီးတစ်ခုထားရှိရန် လုံလောက်သည့် မြေပြန့်တစ်ခု ဖြစ်ပေါ်လာစေသည်။
တောင်ထွတ်သည် အလွန်မြင့်မား၍ တိမ်များဖြင့် ဝန်းရံထားသောကြောင့် မြို့၏အောက်ပိုင်းဧရိယာသည် တိမ်များဖုံးလွှမ်းနေကာ ကောင်းကင်တွင် လွင့်နေသည့်နှယ်ထင်ရသည်။
အဝေးမှကြည့်လျှင် ယင်းက အလွန် တုန်လှုပ်ဖွယ်ကောင်းသည်။
တကယ်တမ်းတွင် မတ်စောက်သော တောင်လမ်းများကြောင့်လည်း ယွင်ရှန်၏ မူလနေထိုင်သူများမှတပါး
တောင်ပေါ်တက်လိုသော ပြင်ပလူများသည် မတ်စောက်သော တောင်လမ်းများမှတဆင့်သာ ပြုလုပ်နိုင်ကြသည်။ သာမာန်စစ်သည်များသည် တောင်တက်လမ်းတစ်ဝက်တွင် စစ်မှန်သောစွမ်းအင်များ ကုန်သွားကာ တောင်ပေါ်သို့တက်နိုင်မည်မဟုတ်ပေ။ မြေပြန့်ပေါ်တွင် လျှောက်သွားနေသကဲ့သို့ပင် မွေးရာပါ ကျွမ်းကျင်သူများသာ ယွင်ရှန်အထက်သို့ အလျင်အမြန်တက်နိုင်ကြသည်။
မှန်သည်။ နတ်အဆင့်ကိုရောက်လျှင် ပြဿနာမရှိပေ။ ၎င်းတို့က တိုက်ရိုက် ပျံသန်း၍ရသည်။ ထိုကဲ့သို့သော နတ်အဆင့်များသည် ယွင်ရှန်ရှိ လူနည်းစုမဟုတ်သည်မှာ သေချာသည်။
ရံဖန်ရံခါတွင် အဝေးမှ ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်မည့် အလင်းတန်းများ ရှိလိမ့်မည်။ ခဏအကြာတွင်၊ ၎င်းတို့က ယွင်ရှန်ထဲသို့ ဝင်သွားကြသည်။ ချူးယွင်ဖန်းသည် ဓားအလင်းကို ဖမ်းဆုပ်၍ ယွင်ရှန်မြို့အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။
ယွင်ရှန်မြို့က မကြီးလှပေ။ လူဦးရေ တစ်သန်းမျှသာ ရှိသည်။ သို့သော် မြို့သူမြို့သားအားလုံးနီးပါးသည် အံ့သြစဖွယ်ကောင်းလောက်သော ကျင့်ကြံရေးအဆင့်များရှိကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။ နတ်အဆင့်များကို လမ်းများပေါ်တွင် အခါအားလျော်စွာ တွေ့မြင်နိုင်ပေသည်။ ယွင်ရှန်မြို့မှ ကျွမ်းကျင်ပညာရှင် အရေအတွက်သည် ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ချူးယွင်ဖန်းကဲ့သို့ ပညာရှင်တစ်ယောက်အတွက် မည်သို့မျှ မဟုတ်လှပေ။
မကြာခင်၌ပင် ချူးယွင်ဖန်းက သူ၏ ပထမဆုံးသော ပစ်မှတ်ကို ရွေးချယ်ခဲ့သည်။