← Chapters

သစ္စာ‌ဖောက်ခံလိုက်ရတာလား? ‌ရောင်းစားခံလိုက်ရတာလား

Vol. 92 Ch. 1367

သစ္စာ‌ဖောက်ခံလိုက်ရတာလား? ‌ရောင်းစားခံလိုက်ရတာလား

Vol. 92 Ch. 1367

ထိုကိစ္စသည် ချက်ချင်းဆိုသလိုပင် အပြင်ဘက်နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ကြယ်စင်ကိုးပါးကို အဓိကအားကြီးတစ်ခုအဖြစ် စဉ်းစားနိုင်သည်။ ကြယ်စင်ကိုးပါး၌ အကြီးအကဲဖြစ်လာသူများကလည်း သေချာပေါက် အမတေမဲ့အဆင့်များသာဖြစ်နိုင်သည်။ ထိုသို့တည်ရှိမှုမျိုးက အပြင်ဘက်နယ်မြေရှိ အဆုံးအစမဲ့လွင်ပြင်နယ်မြေများတွင်ပါ ကြောက်စရာကောင်းလှ၏။ သို့သော်လည်း တန်စီယုက ဓားတစ်ချက်တည်းဖြင့် ထိုသူ၏ခေါင်းကို ဖြတ်ပစ်သည်။ ကြယ်စင်ကိုးပါးတစ်ခုလုံးက ဒေါသထွက်နေကြသည်။ ကြယ်စင်ကိုးပါး၏သခင်လေးက ဖခင်ဖြစ်သူ၏အာဏာကိုသုံးကာ တန်စီယုကိုလိုက်သတ်ခိုင်းခဲ့သည်။ မတော်တဆဖြစ်ပြီးနောက်၌ ကြယ်စင်ကိုးပါးတစ်ခုလုံးက သူမကို သည်းမခံနိုင်ကြတော့ပေ။ ထိုမ‌တော်တဆမှုကြောင့် ကြယ်စင်ကိုးပါးသည် အပြင်ဘက်နယ်မြေတွင် လူရယ်စရာဖြစ်ခဲ့ရသည်။

ယခုတွင်မူ ကြယ်စင်ကိုးပါးဘက်မှ ဝရမ်းထုတ်လိုက်တော့သည်။ တန်စီယုကို ဖမ်းနိုင်လျှင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သန်းငါးဆယ်ဆုချမည်ဟု ဆုကြေးထုတ်လိုက်သည်။ တန်စီယုနှင့်ပတ်သက်ပြီးသတင်းပေးနိုင်ပါလျှင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သန်းဆုချမည်ဟု ဆိုသည်။

တစ်နှစ်တည်းအတွင်းတွင်ပင် တန်စီယုက အပြင်ဘက်နယ်မြေတစ်ခုလုံးကို မွှေသွားသည်။ ကျူလီလွမ်က ပြောပြီးသည်နှင့် ဂရုတစိုက်ဖြင့် ချူးယွင်ဖန်းကို ကြည့်ကြည့်လိုက်သည်။ ချူးယွင်ဖန်းနှင့် တန်စီယုကြားမှဆက်ဆံရေးကို သိလိုခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်း၏အမူအရာက ဘာမှဂရုမစိုက်သကဲ့သို့ မထုံတတ်သေးပင်ဖြစ်နေသည်။ သို့သော်လည်း ထိုပုံစံက ဟန်ပြသာဖြစ်ပြီး စိတ်ထဲတွင်မူ ဒေါသများပွက်ပွက်ဆူနေ၏။

"ယဲ့ထျန်းနန်ဆိုတာ ဘယ်သူလဲ။"

ချူးယွင်ဖန်းက ဒေါသကိုထိန်းချုပ်ပြီး မေးလိုက်သည်။

"ယဲ့ထျန်းနန်က အပြင်ဘက်နယ်မြေမှာတော့ အတော်‌လေးစိတ်ဝင်စားစရာကောင်းတဲ့သူမျိုးပဲ။ သူ့အဖေက ကြယ်စင်ကိုးပါးရဲ့အကြီးကဲပဲ။ သူ့အမေက အတော်လေးအလှမ်းဝေးတဲ့ ထူးဆန်တဲ့ဂိုဏ်းတစ်ဂိုဏ်းရဲ့တပည့်ပါ။ နှစ်သွယ်ကျင့်စဉ်ဂိုဏ်းလို့ ပြောလို့ရတယ်။ ယဲ့ထျန်းနန်မှာ ကိုယ်လုပ်တော်ကိုးထောင်ကျော်ရှိတယ်။ အားလုံးကလည်း ကျင့်ကြံကြတဲ့စစ်သည်တော်တွေ။ သူက တစ်သက်လုံး အဲ့ကိုယ်လုပ်တော်တွေနဲ့ လေ့ကျင့်လာတာ။ နှစ်ငါးဆယ်အတွင်းမှာပဲ ရွှေအမတအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာ။"

ကျူလီလွမ်က ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

"အဲ့ကိုယ်လုပ်တော်တွေက မေးခွန်းထုတ်ရမဲ့နောက်ခံမျိုး ရှိမှာပဲစိုးမိတယ်။"

ချူးယွင်ဖန်းက ပြောလိုက်သည်။

"အမှန်ပဲ။ ကိုယ်လုပ်တော်အများစုက ဂိုဏ်းပေါင်းစုံက တပည့်မတွေ။ အများစုမှာလည်း ယောက်ျားရှိတယ်။ သူတို့ကို ယဲ့ထျန်းနန်က ပြန်ပေးဆွဲပြီးအတင်းအကျပ်ယူပြီး သူ့ရဲ့ကျင့်ကြံရေးသွေးကြောလုပ်ခိုင်းထားတာ။"

လီလွမ်က ရှင်းပြလိုက်သည်။

"ဒါပေမဲ့ ဘယ်သူကမှ မပြောဘူးလား။"

ချူးယွင်ဖန်းက မေးလိုက်သည်။

"ဘယ်သူက လုပ်ရဲမှာတဲ့လဲ။ သူက ကြယ်စင်ကိုးပါးအကြီးအကဲရဲ့သားပဲ။ တစ်ဦးတည်းသောသားမဟုတ်တာတောင်မှ အခြားသားအားလုံးထက် မျက်နှာသာပေးခံရတယ်။ လီလွမ်က ပြောလိုက်သည်။

"ငါတို့ရထားတဲ့သတင်းအရဆိုရင် ဂိုဏ်းတော်တော်များများက မကျေနပ်ကြပေမဲ့လို့ ဘယ်သူမှမပြောရဲကြဘူးတဲ့လေ။"

ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့သာဆိုလျှင် သာမန်ကိစ္စသာဖြစ်သည်။

'ကြယ်စင်ကိုးပါးရဲ့ယဲ့ထျန်းနန်လား။"'

စူးရှသောအလင်းက မျက်လုံးထဲတွင် ဖျပ်ခနဲအရောင်လက်သွားသည်။

"ယဲ့ထျန်းနန်က တန်စီယုကို မြင်မြင်ချင်းသဘောကျတာလို့ ပြောလို့ရတယ်။ သူက မြင်မြင်ချင်းပဲ ချစ်သွားလို့ ဇနီးအဖြစ်ခေါ်သွားချင်တာတဲ့လေ။"

ကျူလီလွမ်က ချူးယွင်ဖန်းကို ကြည့်ရင်းဖြင့် ပြောလိုက်သည်။ ချူးယွင်ဖန်းကမူ အေးစက်စွာဖြင့်သာ ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို လျစ်လျူရှုထားလိုက်သည်။

"အခုကရော ဘယ်လိုလဲ။ တန်စီယုနဲ့ပတ်သက်တဲ့ဘာသတင်းမှ မရဘူးလား။"

ချူးယွင်ဖန်းက မေးလိုက်သည်။

"အများကြီးရှိသေးတယ်။ အရင်တုန်းက တန်စီယုက အတော်လေးအမဲလိုက်ခံခဲ့ရပြီး ကြယ်စင်ကိုးပါးခေင်းဆောင်ရဲ့အာရုံစိုက်တာပါ ခံခဲ့ရတယ်။ တိုက်ပွဲက ပြင်းထန်လွန်းလို့ တန်စီယုလည်း ဒဏ်ရာရသွားတယ်ကြားတယ်။"

ကျူလီလွမ်က ပြောလိုက်သည်။

"ငါတို့သိသမျှကတော့ ဒါအကုန်ပဲ။"

တန်စီယုဒဏ်ရာအပြင်းအထန်ရထားသည့်အကြောင်း ကြားသောအခါတွင် ချူးယွင်ဖန်းက စိတ်ထဲမှဒေါသကို မဖိနှိပ်နိုင်တော့ပေ။ ရွှေအမတေကျင့်စဉ်အခြေခံရှိသည့်တန်စီယုသည် အနည်းဆုံးတွင် အပြင်ဘက်နယ်မြေ၌ သူမဘာသာ ကာကွယ်နိုင်မည်ဟု ထင်ခဲ့မိသည်။ အပြင်ဘက်နယ်မြေသို့သို့ ရောက်သောအခါတွင် ထိုသို့ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုတွင်မူ ဒဏ်ရာအပြင်းအထန်ရပြီး ပျောက်ပါပျောက်သွားသည်။

"ကြယ်စင်ကိုးပါးအကြီးအကဲ။ ယဲ့ထျန်းနန်။ ကြယ်စင်ကိုးပါးဂိုဏ်း။"

ချူးယွင်ဖန်းက သရော်လိုက်ပြီး ပြောလိုက်သည်။

"ကြယ်စင်ကိုးပါးနဲ့ပတ်သက်တဲ့အချက်အလက်အားလုံးလိုချင်တယ်။ သူတို့မှာ လူဘယ်လောက်လောက်ရှိတယ်။ ဘယ်လိုလူမျိုးတွေရှိတယ်ဆိုတာပါမကျန်သိချင်တယ်။ အဲ့လိုဆို ကြေးပိုပေးရမှာပေါ့။"

"ဒါပေါ့။"

ကျူလီလွမ်က ပြောလိုက်သည်။ တန်စီယုနှင့်ပတ်သက်သည့်သတင်းက များများစားစားမရှိသော်လည်း ကြယ်စင်ကိုးပါးကဲ့သို့ အားကြီးတစ်ခုနှင့်ပတ်သက်၍မူ သတင်းအစုံရှိထားသည်။

ကျူလီလွမ်ဘေး၌ ထိုင်နေသောဝမ်ချွမ်က အချက်အလက်များကို မှတ်တမ်းတင်ထားရန် သလင်းကျောက်တစ်လုံးကို ချူးယွင်ဖန်းအား ပေးလိုက်သည်။ ထိုသည်မှာ သိုင်းလောက၏မှတ်တမ်းတင်သည့်နည်းလမ်းဖြစ်သည်။ အချက်အလက်များကို သလင်းကျောက်ထဲ၌ မှတ်တမ်းတင်သည်။ လိုအပ်လျှင် နတ်စွမ်းအားဖြင့် ထိုထဲကို ဖတ်ကြည့်၍ရသည်။

သတင်းရပြီးသည်နှင့် ချူးယွင်ဖန်းက လျှို့ဝှက်ဆန်းကြယ်အိမ်တော်မှ တန်းပြန်သွားသည်။ ကိစ္စများက မိမိစိတ်ကူးထားသည်ထက် ပို၍ရှုပ်ထွေးလာလေပြီ။ ယခင်က သတင်းထက်စာလျှင် ယခုသတင်းများက ပို၍တိကျသည်။ သူထွက်သွားပြီးနောက်တွင် ဝမ်ချောင်ကို ကျူလီလွမ်က မေးလိုက်သည်။

"မင်းဘာရထားလဲ။ ဘာမှတ်တမ်းမှရှာမတွေ့ဘူးလား။"

"ဘာမှကိုမရှိဘူး။"

ဝမ်ချောင်က ခေါင်းယမ်းပြလိုက်သည်။

"သူက တောထဲတောင်ထဲမှာ ကျင့်ကြံတဲ့သူမို့လို့လား။ ပြောရမယ်ဆိုရင်တော့ သူက အခြားတိုင်းပြည်တွေကနေဆိုရင်တောင်မှ အဲ့လောက်သတိထားမိမှာမဟုတ်ဘူး။"

"မဟုတ်မှလွဲရော ရုပ်ဖျက်တဲ့ကျင့်စဉ်သုံးထားတာများလား။"

ဝမ်ချောင်က သံသယများဖြင့် ဆိုလိုက်သည်။

"ငါသိသလောက်ဆို သူ့အသက်အရွယ်လောက်ရှိတဲ့ဘယ်သူကမှ ဓားသုံးပြီး ပြိုင်ဘက်မဖြစ်လာနိုင်လောက်ဘူး။"

"ရုပ်ဖျက်ထားတာဖြစ်နိုင်တယ်လား။ လျှို့ဝှက်ဆန်းကြယ်စံအိမ်မှာ အစီအရင်ရှိတာပဲ။ ရုပ်ဖျက်ထားရင်လည်း ဒီနေရာရောက်တာနဲ့တန်းပေါ်မှာ။"

လီလွမ်က ဆက်ပြောလိုက်သည်။

"ကျန်းဝူချန်းက မိုးကျရွှေကိုယ်လိုမျိုးပဲ။ ဘာအစအနမှကို ရှာမရဘူး။"

"သခင်ကြီး ကျန်းဝူချန်းက တန်စီယုနဲ့ပတ်သက်နေတာများလား။"

ဝမ်ချောင်က အံ့ဩစွာမေးလိုက်မိသည်။

"ဖြစ်လောက်တယ်။ မဟုတ်ရင် ဘာလို့ တန်စီယုနဲ့ပတ်သက်တဲ့သတင်းမျိုး လာဝယ်မှာလဲ။ အဲ့တုန်းက တန်စီယုကိစ္စက နာမည်ကြီးပဲ။ သူက အဲ့တုန်းက ရှိနေရင် သေချာပေါက်အဲ့ကိစ္စတွေကြားမှာပဲလေ။"

"တဝေရဲ့လျှို့ဝှက်အဖွဲ့အစ်ညးက သူလျှိုနဲ့ အပေးအယူလုပ်ခဲ့တာကို မှတ်မိလား။ သူပို့လိုက်တဲ့အချက်အလက်တွေကလည်း တန်စီယုနဲ့အဲ့လက်ပတ်နဲ့ ပတ်သက်နေတာ။"

"အမှန်ပဲ။"

ဝမ်ချောင်က ရုတ်တရက်ပင် ဉာဏ်ပွင့်သွားသည်။

"အဲ့လိုဆို အဲ့ကျန်းဝူချန်းက တဝေကပဲဖြစ်ရမယ်။"

"ဟုတ်မယ်။ နောက်ကျမှ တဝေဂိုဏ်းခွဲမှာ ကျန်းဝူချန်းနဲ့ပတ်သက်တဲ့အကြောင်းကို မေးကြည့်ရမယ်။"

လီလွမ်က ဆက်ပြောလိုက်သည်။

"အချိန်ကျလာရင် ကြယ်စင်ကိုးပါးကိုလည်း သတင်းပေးရမယ်။ ကြယ်စင်ကိုးပါးက ငါတို့အတွက်လည်း ဝိညာဉ်ကျောက်တုံးငါးသန်းဆုချမှာမလား။ တန်စီယုနဲ့ပတ်သက်တာမှန်သမျှကို သူတို့က ဆုချကြမှာပဲ။"

ဝမ်ချောင်ကလည်း ဝမ်းပန်းတသာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ နှစ်ဖက်လုံးဆီသို့ သတင်းများရောင်းစားသည်က မိမိတို့အတွက် ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

All Chapters