← Chapters

ညဘက်တိုက်ခိုက်မှု

Vol. 92 Ch. 1368

ညဘက်တိုက်ခိုက်မှု

Vol. 92 Ch. 1368

ချူးယွင်ဖန်းက လျှို့ဝှက်ဆန်းကြယ်စံအိမ်မှ ထွက်ခွာလာပြီးနောက်ပိုင်းတွင် ခေါင်းကုတ်နေမိသည်။ လျှို့ဝှက်ဆန်းကြယ်အိမ်တော်ဆိုသည်က အပြင်ဘက်နယ်မြေတစ်ခုလုံးတွ၍ အတော်ဆုံးသော၊ အားအကောင်းဆုံးသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ တိုက်ပွဲဖြစ်ပြီးနောက်တွင် သူတို့သည် တန်စီယုကို ခြေရာမခံနိုင်ကြတော့ပေ။ ထိုသည်ကိုက ထူးဆန်းလို့နေသည်။ လျှို့ဝှက်ဆန်းကြယ်စံအိမ်၏အရည်အချင်းနှင့်သာဆိုလျှင် သတင်းကိုဖုံးကွယ်ထားရန်က ခက်ခဲသည်။ ထိုသို့အကောင်းကြီးကြီးမျိုးဖြစ်ရန် နှစ်‌ပေါင်းမည်မျှကြာအောင် ကြိုးစားခဲ့ရသည်ကို မသိနိုင်ပေ။

ချူးယွင်ဖန်းတစ်ယောက် အနည်းငယ်မျှ စိတ်ပျက်သွားမိသည်။ တန်စီယုသတင်းရရန်က မလွယ်သော်လည်း သူမကထွက်သွားနှင့်ပြီးဖြစ်သည်။

"ကြယ်စင်ကိုးပါးတဲ့လား။"

သူက လှောင်ပြောင်ရယ်မောလိုက်သည်။ တန်စီယုမထွက်သွားခင်တွင် သူမက ထိုသူများကို ရင်မဆိုင်နိုင်ခဲ့သော်လည်း မိမိကမူ ရင်ဆိုင်မည်သာဖြစ်သည်။

သို့သော်လည်း တဝေ၏တော်ဝင်မိသားစုဖြင့် ရင်ဆိုင်သည်ဖြစ်စေ မဟုတ်လျှင်လည်း ကြယ်စင်ကိုးပါးဖြင့်ရင်ဆိုင်ရသည်ဖြစ်စေ ဂရုတစိုက်သေချာစဉ်းစားရန် လိုသည်။

ယခုတွင် အရေးကြီးဆုံးက အင်အားပင် ဖြစ်သည်။ သူသည် နတ်စွမ်းအားနဝမအဆင့်သို့ ရောက်နှင့်နေပြီးဖြစ်သည်။ နောက်ထပ်ခြေလှမ်းတစ်လှမ်းမှာ အထွတ်အထိပ်သို့ ရောက်အောင်တက်လှမ်းရန်သာ ဖြစ်၏။

ချူးယွင်ဖန်းက တည်းရန်အတွက် တည်းခိုဆောင်လိုက်ရှာသည်။ နောက်တွင်မှ ဆေးအစည်းအရုံးက မနက်ဖြန်တွင်လိုအပ်သည့်ဆေးပင်များ စုဆောင်းပြီးသည့်အချိန်ထိ စောင့်နေရင်းဖြင့် မြစ်ချောင်းတောတောင်ပန်းချီကားထဲသို့ဝင်ပြီး တိတ်တဆိတ်ကျင့်ကြံနေလေသည်။ ထိုအချိန်တွင် သူ၏အင်အားက တစ်ချက်တည်းဖြင့် ခုန်တက်သွားနိုင်သည်။

ညနက်လာပြီဖြစ်သည်။ ယွင်ရှန်း၌ ညချမ်းအချိန်က တိတ်ဆိတ်နေသည်။ ရုတ်တရက်ဆိုသလိုပင် မြို့ပြင်ရှိ ညကောင်းကင်ယံ၌ ရေမျက်နှာပြင်လှိုင်းထသကဲ့သို့ ပုံရိပ်များ ထွက်ပေါ်လာသည်။

လူနှစ်ယောက်နှစ်ဆယ်မကသောအုပ်စုဖြစ်ပြီး တစ်ဦးချင်းစီက နတ်စွမ်းအားအဆင့်အထက်တွင်ရှိသူများဖြစ်သည်။ ထိုသူများသည် ရင်ဘတ်၌ ကြယ်စင်ကိုးပါးပုံပန်းထိုးထားသည့် သားနားလှသောအဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ တစ်ယောက်ယောက်ကသာ ၎င်းတို့ကို မြင်လျှင် အပြင်ဘက်နယ်မြေကို လွှမ်းမိုးထားသော ကြယ်စင်ကိုးပါးမှဖြစ်ကြောင်းကို တန်းသိသည်။

ထိုသူများကြား၌ ခန္ဓာကိုယ်တောင့်တင်းသည့်သက်လတ်ပိုင်းလူတစ်ယောက်က ခေါင်းဆောင်ဖြစ်သည်။ ထိုသူ၏အကြည့်တို့က လင်းယုန်ကဲ့သို့ စူးရှပြီး အမှောင်ထုကိုပင် ထိုးဖောက်မြင်ရဟန်ပေါ်သည်။ မြို့ထဲရှိတည်းခိုဆောင်တစ်ခုကို လှမ်းကြည့်နေခြင်းဖြစ်သည်။

"သေချာမေးပြီးပြီလား။ ကျန်းဝူချန်းက အဲ့ဒီတည်းခိုဆောင်ထဲမှာလား။"

ထိုသူက ပြောလိုက်သည်။

"အမှန်ပါပဲ။ လျှို့ဝှက်ဆန်းကြယ်စံအိမ်ရဲ့သတင်းအရဆိုရင်တော့ သူက ဒီတည်းခိုဆောင်မှာပါ။"

ကြယ်စင်ကိုးပါးလက်ရွေးစင်တစ်ဦးက ခေါင်းညိတ်ရင်းဖြင့် ပြန်ဖြေလိုက်သည်။

ထိုသက်လတ်ပိုင်းလူက ဖြည်းဖြည်းချင်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းတယ်။ သူ့ကိုဝိုင်းထားကြ။ တောင်ပံပါရင်တောင် မလွတ်သွားစေနဲ့။ သခင်လေးရဲ့အမိန့်ပဲ။ သူ့ကိုအရှင်ဖမ်းနိုင်ရင် အကောင်းဆုံးပဲ။ ကျန်းဝူချန်းနဲ့ တန်စီယုတို့ ဘယ်လိုပတ်သက်တာလဲဆိုတာကို သခင်လေးက သိချင်နေတာ။"

သက်လတ်ပိုင်းလူက အမိန့်ပေးလိုက်သည်။ သူ့နောက်တွင် နတ်စွမ်းအားသတ္တမအဆင့်ထက်မနည်းသော ကျွမ်းကျင်သူအယောက်နှစ်ဆယ်မကရှိသည်။ ထိုထဲတွင် ခြေလှမ်းတစ်ဝက်အမတေအဆင့်နှစ်ယောက်ပါ ပါသည်။ ထိုသို့အဖွဲ့မျိုးက ကြောက်စရာကောင်းလှပေသည်။

ညအမှောင်ထဲတွင် ထိုအဖွဲ့ပုန်းနေသည်ကို မည်သူမှမသိပေ။ သို့သော်လည်း ယနေ့ညက သာမန်ညတစ်ညမဖြစ်နိုင်တော့ပေ။

သက်လတ်ပိုင်းလူက ရုတ်တရက်ပင် လက်ကိုတစ်ဖက်ကို ဖြန့်လိုက်သည်။ ထိုအခါတွင် လက်ထဲမှ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး လေတစ်ချက်အဝှေ့နှင့်အတူ တည်းခိုဆောင်ဆီသို့ စွမ်းအားလုံးကို ရိုက်ချပစ်သည်။

ဘုန်း....

တည်းခိုဆောင်အထက်၌ ခံစစ်အရံအတားတစ်ခုရှိသော်လည်း အမတေတစ်ယောက်၏အားပြင်းသောရိုက်ချက်ကို မည်သို့ခံနိုင်ရည်ရှိမည်နည်း။ ချက်ချင်းဆိုသလိုပင် တည်းခိုဆောင်လေးက တစ်စစီကျိုးပဲ့သွားကာ မီးခိုးနှင့်ဖုံမှုန့်လုံးများအဖြစ်သို့ ပြောင်းသွားသည်။ တည်းခိုဆောင်ထဲတွင် အိပ်စက်နေသော မရေမတွက်နိုင်သည့်လူများစွာသည်လည်း ဘာဖြစ်လိုက်မှန်းမသိခင်တွင်ပင် သေသွားကြရသည်။ သို့သော်လည်း ထိုသူက အမူအရာတစ်ချက်လေးမပြောင်းပေ။ ကြယ်စင်ကိုးပါးက အခြားသူများ မည်သို့တွေးသည်ကို ဂရုစိုက်ဟန်မပေါ်ပေ။ သို့သော်လည်း လှုပ်ရှားမှုမရှိသည်ကို မြင်လိုက်ရသောအခါတွင် အမူအရာက ချက်ချင်းပင် အေးခဲသွားသည်။

"ဘာလို့ ဘယ်သူမှမရှိတာလဲ။"

လျှို့ဝှက်ဆန်းကြယ်စံအိမ်မှရထားသောသတင်းအရဆိုလျှင် ကျန်းဝူချန်းသည် အများဆုံး ရွှေအမတေ မဟုတ်လျှင် ခြေလှမ်းတစ်ဝက်အမတေအဆင့်ဖြစ်နိုင်သည်။ ထိုသို့သာဆိုလျှင် တစ်ချက်တည်းရိုက်ချရုံဖြင့် မသေနိုင်ပေ။ စောနကလက်ဝါးချက်က သူ့အတွက် အားပျော့လွန်းနေသည်။ ခုခံသည့်အရိပ်အယောင်မျိုးလည်း ထွက်ပေါ်မလာပေ။

တည်းခိုဆောင်ထဲ၌ မည်သူမှမရှိနေခြင်းမျိုး မဟုတ်ပေ။ နတ်တစ်ပါးရှိနေသော်လည်း ထိုသူ၏ရှေ့တွင် အားလုံးက ပုရွက်ဆိတ်သာသာ သာဖြစ်သည်။

"သတင်းက မှားနေတာများလား။"

ထိုအချိန်တွင် အားလုံးက အချင်းချင်းပြန်ကြည့်လိုက်သည်။

အချိန်ကုန်နေသည်နှင့်အမျှ တည်းခိုဆောင်ပျက်စီးသွားခြင်းကလည်း ယွင်ရှန်းရှိသူများကိုနိုးကြားသွားစေသည်။ အချို့သူများက အိပ်နေရာမှထလာကြသည်။ ချက်ချင်းပင် နတ်စွမ်းအားကိုဖြန့်ကျက်ပြီး ကြည့်ကြည့်ကြသည်။ အစတွင် ထိုသူများက ယွင်ရှန်း၌ မည်သူကအတင့်ရဲပြီး ညအချိန်တိုက်ခိုက်ရဲတာလဲဟု မေးချင်သော်လည်း ထိုအုပ်စုကို တွေ့လိုက်ရတော့သည်။

"ဘာလို့ ရွှီရှစ်ကျဲနဲ့ အဲ့လူတွေက ဒီမှာရောက်နေတာလဲ။'

တစ်ယောက်ယောက်က သက်လတ်ပိုင်းလူကို မှတ်မိသွားပြီး ပြောလိုက်သည်။

ထိုသက်လတ်ပိုင်းလူသည် ကြယ်စင်ကိုးပါး၏ ရွှီရှစ်ကျဲပင် ဖြစ်လေသည်။ ရွှီရှစ်ကျဲဆိုသည်က အပြင်ဘက်နယ်မြေတွင် နာမည်ကြီးသူဖြစ်သည်။ ကြယ်စင်ကိုးပါးတွင် အရေးပါသူဖြစ်ပြီး နောက်ပိုင်းတွင် ကြယ်စင်ကိုးပါး၏အကြီးအကဲအဖြစ် ရာထူးတိုးခံရသည်။ အချို့ကမူ ရွှီရှစ်ကျဲနှင့်ရင်ဆိုင်ဖူးသည်။ အစက အပြင်ဘက်နယ်မြေကို တစ်ယောက်ယောက်က ကျူးကျော်လာသည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ထိုသို့မဟုတ်တော့ပေ။ ရွှီရှစ်ကျဲက သူနှင့်အတူ လူနှစ်ဆယ်ခန့်ခေါ်လာသည်။ ယွင်ရှန်းကို ကျူးကျော်ချင်လျှင်ပင် ဟာသဖြစ်ပေလိမ့်မည်။ လူများက ငတုံးမဟုတ်ကြပေ။ ရွှီရှစ်ကျဲတစ်ယောက် လက်စားလာချေသည်ကို အားလုံးသ‌ဘောပေါက်ကြသည်။ သာမန်ကာလျှံကာလှုပ်ရှားမှုတစ်ခုကပင် ရက်စက်လှသောလူသတ်သည့်အကွက်ဖြစ်နေသည်။

သို့သော်လည်း ကြယ်စင်ကိုးပါး၏အကြီးအကဲကိုယ်တိုင်လှုပ်ရှားလာသည်အထိ မည်သူက ကြယ်စင်ကိုးပါးကို ရန်စလိုက်သည်ကို မသိကြပေ။ တည်းခိုဆောင်ထဲ၌ သေသွားရသည့် ရိုးသာသောလူများအတွက်မူ ထည့်ပင်မတွက်ကြပေ။ ထိုသူများက ပုရွက်ဆိတ်သာသာ သာဖြစ်ကြသည်။

"ဘာလို့လဲ။ ငါ့ကို လိုက်ရှာနေကြတာလား။"

သတင်းမှားသလားကို ရွှီရှစ်ကျဲစဉ်းစားနေစဉ်တွင်ပင် လူတစ်ယောက်က လေထဲ၌ ရုတ်တရက်ပေါ်လာသည်။

ချူးယွင်ဖန်းကလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။

ချူးယွင်ဖန်း၏အမူအရာက အေးစက်နေသည်။ မျက်နှာထက်၌ ဒေါသအရိပ်အယောင်ကို အထင်သားမြင်နေရပြီး ရွှီရှစ်ကျဲကို ကြည့်နေသည်။ သူသည် တည်းခိုဆောင်တွင်ရှိသော်လည်း တောတောင်မြစ်ချောင်းပန်ချီကားထဲ၌ ကျင့်ကြံနေသဖြင့် တိုက်ခိုက်မှုကြောင့် မထိခိုက်ခဲ့ပေ။ သို့သော်လည်း တစ်ဖက်သူ၏ရည်ရွယ်ချက်က နေ့အလင်းအရောင်ကဲ့သို့ ရှင်းလင်းနေ၏။

"မင်းက ကျန်းဝူချန်းလား။"

ရွှီရှစ်ကျဲက ရွှေအမတေအဆင့်၏ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်း၌ ရွှေအမတေအငွေ့အသက်မျိုးမရှိဘဲ နတ်စွမ်းအားအဆင့်သာရှိသည်ကို သိလိုက်ရသောအခါတွင် ချက်ချင်းပင် စိတ်သက်သာရာရသွားပြီး ချက်ချင်းပင် ထောင်လွှားသောအမူအရာအဖြစ်သို့ ပြောင်းသွားတော့သည်။

All Chapters