လျှို့ဝှက်ဆန်းကြယ်စံအိမ်အားသုတ်သင်ခြင်း
Vol. 92 Ch. 1370
ဆိုးရိုးအတိုင်း တစ်စုံတစ်ယောက်၏အကြောက်တရားများက အမှန်တကယ်ဖြစ်လာလေသည်။ ချူးယွင်ဖန်းက လျှို့ဝှက်ဆန်းကြယ်စံအိမ်အထက်သို့ ပျံတက်လာသည်ကို သူတို့မြင်သည်နှင့် နှစ်ယောက်သားက စတင်ကြောက်လန့်လာကြ၏။
“သခင်ကြီး ကျွန်တော်တို့အခုဘာလုပ်ကြမလဲ”
ဝမ်ချောင်က ကျူးလီလွမ်ကို အလန့်တကြားကြည့်လိုက်သည်။ သူက ကျွမ်းကျင်သူမျိုးစုံကို မြင်ခဲ့ဖူး၏။ အမတေအဆင့်များပင် သူတို့၏ခေါင်းကို လျှို့ဝှက်ဆန်းကြယ်စံအိမ်ရှေ့၌ ရိုရိုကျိုးကျိုးနှိမ့်ချကုန်ကြ၏။ ထို့ကြောင့် ၎င်းနှင့်ပတ်သက်ပြီး အရင် မည်သည့်နေရာတွင်မှားမှန်း သူမတွေးမိ။ ချူးယွင်ဖန်းက ဤမျှရက်စက်တတ်မှန်း သူမည်သို့သိပေလိမ့်နည်း။
ထင်ရှားကျော်ကြားသော ရွှီရှစ်ကျဲပင် သူ့ပြိုင်ဘက်မဟုတ်။
မြင်းမိုရ်တောင်ကြီးနှင့်တူသော လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို ဆန့်ကျင်ရန် စွမ်းအားမဲ့သောကြောင့် သာမန်လူများသည် သူတို့ခံစားခဲ့ရသောအမျက်ဒေါသများကို မြိုချရုံသာတတ်နိုင်သည်။ သို့သော်လည်း ကျန်းဝူချန်းသည် အခြားသူများနှင့် ရှင်းလင်းစွာမတူပေ။
“မင်းက ဘာအတွက်ကြောက်လန့်နေရတာလဲ။ သူ လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို ဝင်နိုင်တယ်လို့ ငါတော့မယုံပါဘူး။ သူက လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို ဆန့်ကျင်မိရင် ဒီလောကမှာ သူ့အတွက်နေရာရှိတော့မှာမဟုတ်ဘူး”
ကျူးလီလွမ်က သူ့သွားများကို ကြိတ်လိုက်သည်။ သူသည်လည်း ယင်းအခိုက်အတန့်တွင် အလွန်တရာတုန်လှုပ်နေခဲ့သည်၊ သို့သော် ကိစ္စများသည် ဤကဲ့သို့ဖြစ်လာပြီးမှ သူ့တွင်ရွေးချယ်စရာမရှိတော့။
သူတို့သည် လူကိုကြည့်၍ သတင်းရောင်းခဲ့သည်ဆိုသော်လည်း ချူးယွင်ဖန်းကို သူတို့မှားယွင်းအကဲဖြတ်မိမှန်း ထင်ရှားပေသည်။
အသိဉာဏ်ခန်းမမှပေးသောသတင်းအချက်အလက်အရ ချူးယွင်ဖန်းသည် အမတေအဆင့်ကျင့်ကြံခြင်းကို ပြုလုပ်ခဲ့သည်ဟု သံသယဝင်စရာပင်။
ဤသည်မှာ သံသယဝင်ခြင်းတစ်ခုဖြစ်သော်လည်း ယခုတွင်မူ ချူးယွင်ဖန်းက သူ၏လှုပ်ရှားမှုကို ပြုလုပ်ခဲ့ရာ သူတို့က ယင်းမှာ သံသယတစ်ခုမဟုတ်မှန်းသိလာသည်။ အနှီအစုတ်အပြတ်ကောင်သည် အမတေတစ်ယောက်ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သတ်ဖြတ်ခဲ့၏။ ဤသည်မှာ သံသယတစ်ခုအဖြစ် မရိုးရှင်း။
သို့သော်လည်း ကျူးလီလွမ်သည် ဤအခိုက်အတန့်တွင် ယုံချက်မှုရှိနေဆဲ။
လျှို့ဝှက်ဆန်းကြယ်စံအိမ်နာမည်သည် သူ၏အကောင်းဆုံးသော ဒိုင်းကာဖြစ်ပေသည်။ လူတိုင်းက လျှို့ဝှက်ဆန်းကြယ်စံအိမ်သည် သတင်းတစ်ခုတည်းသာ ဖြန့်သည်ဆိုလျှင်တောင် မည်မျှစွမ်းအားကြီးမှန်း သိကြ၏။ဤသည်ကပင် အဆင့်မြင့်မြောက်မြားစွာအတွက် အလဲအလှယ်လုပ်ရန် လုံလောက်ပေသည်။ လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို ဆန့်ကျင်ခြင်းသည် တစ်ချိန်တည်းမှာပင် မြောက်မြားစွာသောအဆင့်မြင့်များကို ဆန့်ကျင်ခြင်းပင်။ လျှို့ဝှက်ဆန်းကြယ်စံအိမ်၏ လိုက်လံခြင်းမှ သူတို့အတွက် လွတ်လမ်းမရှိနိုင်။
ချူးယွင်ဖန်းသည် အလွန်တရာအေးစက်နေသော အမူအရာဖြင့် လျှို့ဝှက်ဆန်းကြယ်စံအိမ်ထိပ်ဖျားသို့ တန်းတန်းပျံတက်သွားခဲ့သည်။ လူအများစုက ယင်းစံအိမ်ကိုကြောက်လန့်ကြသော်လည်း သူကတော့ ဤသို့မဟုတ်ပေ။ အလွန်ဆုံး သူသရုပ်အသစ် ဟန်ဆောင်၍ပဲ ရချေမည်။ သူက အဆင့်မြင့်များကို ကမ္ဘာတစ်ခွင်ပတ်၍ ကျန်းဝူချန်းကို ဖမ်းခိုင်းမည်။
“ကျူးလီလွမ်၊ ဝမ်ချောင်၊ ထွက်ခဲ့စမ်း”
ချူးယွင်ဖန်းက ယွင်ရှန်းတစ်ခုလုံး လှုပ်ခါသည်အထိ အော်ဟစ်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ်စံအိမ်ထဲမှ ကျူးလီလွမ်နှင့်ဝမ်ချောင်သည် သူတို့မျက်နှာကျဆင်းသွားသလို ခံစားလိုက်ရ၏။ ချူးယွင်ဖန်းသည် သူတို့ကို တိုက်ရိုက်အမည်တပ် ခေါ်နေခဲ့သည်။ လူအများသာ သူတို့ ချူးယွင်ဖန်းကို သူတို့ရန်စခဲ့သည်ကို သိသွားပါက အခြားလူများသူတို့ကို မည်ကဲ့သို့ ကြည့်မည်မှန်း ခန့်မှန်း၍ရ၏။
“ဒီကျန်းဝူချန်း”
ဝမ်ချောင်က သူ့သွားတွေကို ကြိတ်လိုက်သည်။
ကျူးလီလွမ်မျက်နှာသည်လည်း ပြာကျနေပေ၏။ ချူးယွင်ဖန်း၏သတင်းကို သူရောင်းစားလိုက်ချိန်ကကဲ့သို့ အေးဆေးပုံမပေါ်တော့။
လျို့ဝှက်ဆန်းကြယ်စံအိမ်ကလူတိုင်းသည် မည်သည်ဖြစ်မှန်း ချက်ချင်းနားလည်သွားကြသည်။ သတင်းကို အသက်မွေးဝမ်းကြောင်းအတိုင်း ရောင်းစားသောစံအိမ်တွင် မည်သည့်လျှို့ဝှက်ချက်ကိုမှ ထိန်းရန်မဖြစ်နိုင်ပေ။ ကျူးလီလွမ်၏အဆင့်သည် နိမ့်သော်လည်း ယင်းနေရာတွင် သူနှင့်တန်းတူလူအများ ရှိသေးသည်။
“ကျူးလီလွမ်က ဒီလူသတ်သမားကြယ်ပွင့်ကို ရန်စခဲ့တာလား”
“ကြည့်ရတာ သူပေါ်သွားပုံပဲ။ တစ်ခုခုကတော့ အနှေးနဲ့အမြန်ဖြစ်လာတော့မှာပဲ”
“ဒါပေမဲ့ ဒီကောင့်ကြည်ံရတာ လုံးဝတိုက်ရိုက်ကြီး မတိုက်ခိုက်ရဲလောက်ဘူး
”
လူတိုင်းဆွေးနွေးနေစဥ်မှာပဲ လျှို့ဝှက်ဆန်းကြယ်စံအိမ်ရှေ့က ခြင်္သေ့ပုံစံကျောက်တုံးကြီး၂တုံးက ရုတ်တရက်ရွေ့လျားသွား၏။ လူတိုင်းက ယင်းတို့အား သာမန်ကျောက်ခြင်္သေ့ရုပ်များဖြစ်သည်ဟု ထင်ခဲ့ကြသော်လည်း တခဏချင်းမှာပဲ သူတို့သည် ချူးယွင်ဖန်းဆီသို့ ခုန်အုပ်ရန်လာနေကြသော ကြီးမားသည့် သားရဲကြီး၂ကောင်အဖြစ်သို့ ပြောင်းသွားကြသည်။ အနှီကျောက်ခြင်္သေ့၂ကောင်၏အားသည် သာမန်အမတေမဲ့ပေါက်စတစ်ယောက်ထက် မနိမ့်ပေ။
လူအတော်များများက သတ္တဝါကြီးများတွင်သာ ဤကဲ့သို့စွမ်းအားများရှိကြောင်း ရုတ်တရက်သဘောပေါက်သွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်စံအိမ်သည် ၎င်း၏စွမ်းအားကို များသောအားဖြင့် မပြသတတ်သော်လည်း ၎င်းသည် အမှန်တကယ်တွင် ဤကဲ့သို့သော အုတ်မြစ်တစ်ခုဖြစ်၏။ ဤသည်မှာ လူအများကို ရုတ်ခြည်းဆိုသလို အံ့အားသင့်စေသည်။ အပြင်ဘက်နယ်မြေမှ ရန်သူများအထိ လျှို့ဝှက်ဆန်းကြယ်စံအိမ်သည် အခွဲများဖွင့်ရဲခြင်းမှာ အံ့သြစရာမဟုတ်တော့။
ဤကဲ့သို့သောစွမ်းအားသည် အမှန်တကယ်ကို သာမန်ထက်လွန်ကဲနေလေသည်။
ကျောက်ခြင်္သေ့နှစ်ကောင်မှာ ချူးယွင်ဖန်းကို နှစ်ဘက်စလုံးမှ တိုက်ခိုက်လာခဲ့၏။ ချူးယွင်ဖန်းသည် သူတို့ကို ကြည့်ပင်မကြည့်ဘဲ မိုးကြိုးဓားနှစ်လက်ကို ထုံးစံအတိုင်း ခါယမ်းခဲ့သည်။
“ဘုန်း”
“ဘုန်း”
ကျောက်ခြင်္သေ့နှစ်ကောင်သည် လေထဲတွင် အပိုင်းပိုင်းလွင့်ထွက်ကုန်ကြ၏။ သူတို့တွင် တက်သစ်စအမတေမဲ့အဆင့်ခွန်အားများရှိပြီး သာမန်စွမ်းအားရှိကြသောရန်သူများကို ဟန့်တားရန်လုံလောက်လျှင်တောင် ချူးယွင်ဖန်းနှင့်တွေ့ခြင်းသည် သူတို့အတွက် သနားစရာပင်။ ချူးယွင်ဖန်း၏လက်ထဲတွင် သူတို့သည် ရိုက်ချက်တစ်ချက်များကိုပင် မခံခဲ့။
ချူးယွင်ဖန်းသည် သူ၏ဓားသိုင်းကျင့်စဥ်တစ်ခုတည်းကိုသာသုံး၍ တိုက်ခိုက်သော်လည်း သူ၏စွမ်းအားကြီးသော မူလပါရမီသည် ငြင်း၍မရပေ။ ဤအဆင့်ရှိသော Golemsများသည် သူ့ကို မည်သည့်ခြိမ်းခြောက်မှုမှ မပြုနိုင်။
ချူးယွင်ဖန်းအတွက်ပြောရလျှင် ဤသည်မှာ အသေးအဖွဲကိစ္စဖြစ်သော်လည်း ယွင်ရှန်းအတွက်မူ ၎င်းက အလုံးစုံသည့် အုတ်အော်သောင်းတင်းမှုတစ်ခုပင်။ မြို့ထဲရှိ အင်အားစုအမျိုးမျိုးမှာ လျှို့ဝှက်ဆန်းကြယ်စံအိမ်တွင် ဤကဲ့သို့သော ဝှက်ဖဲတစ်ချပ်ရှိသည်ကို ထိတ်လန့်ကုန်ကြ၏။ ချူးယွင်ဖန်းက အဲဒီကျောက်ခြင်္သေ့နှစ်ရုပ်ကို ပေါ့ပေါ့ပါးပါးပဲ ဟက်တက်ခွဲပြီး ဖောက်ခွဲလိုက်မယ်လို့ ဘယ်သူကသိပါ့မလဲ။
မည်သူက ပိုအားကြီးပြီး မည်သူက ပိုအားနည်းမှန်း သိသာစေသည်။
အချိန်တစ်ခုအထိ တိုးတိုးတိတ်တိတ်ပြောနေသံများ ဆက်နေခဲ့၏။
“ဒီကျန်းဝူချန်းဆိုတာ ဘယ်သူလဲ။ သူ့ရဲ့ ဓားသိုင်းကျင့်စဥ်က တကယ့်ကို ထိပ်တန်းပဲ”
“သူ့ကျင့်စဥ်စွမ်းအားက ငါ့ဘဝမှာ မြင်ဖူးသမျှထဲက အရှားပါးဆုံးပဲ”
“လူတစ်ယောက်၍ ဓားသိုင်းကျင့်စဥ်က တကယ်ပဲ ဒီလောက်တောင် စွမ်းအားကြီးနိုင်လို့လား။ ဒီလို စွမ်းအားကြီးတဲ့ဓားသမားတစ်ယောက်ကို မမြင်ရတာ အတော်ကြာပြီပဲ”
လူတိုင်းက ခံစားချက်များဖြင့် သက်ပြင်းချလိုက်သော်လည်း လူတော်တော်များများမှာ မယုံနိုင်ကြပေ။
“သူက ခုလေးတင် ကြယ်စင်ကိုးပါးကို ဆန့်ကျင်ပြီးတာ။ အခုလဲ လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို သွားဆန့်ကျင်ဦးမလားပဲ”
လူအများ၏ မျက်လုံးထဲတွင် ဤနေရာနှစ်ခုမှာ ကျော်ကြားကြ၏။ တစ်ခုကို ဆန့်ကျင်ခြင်းကပင် သူတို့ကို ဂဏာမငြိမ်ဖြစ်အောင်လုပ်ရန် လုံလောက်သဖြင့် တစ်ပြိုင်နက်တည်း နှစ်ခုလုံးကို တစ်ယောက်တည်း ဆန့်ကျင်ရန် ခွင့်ပြုထားလိုက်သည်။
တခဏအကြာတွင် လျှို့ဝှက်ဆန်းကြယ်စံအိမ်အတွင်းမှ အဝါရောင်ဝတ်ရုံနှင့် လူအိုကြီးတစ်ယောက် ပျံထွက်လာပြီး ချူးယွင်ဖန်းကို ကြည့်လိုက်သည်။
“ငါက ယွင်ရှန်းလျှို့ဝှက်ဆန်းကြယ်စံအိမ်ရဲ့ သခင်ကြီးပဲ၊ မင်းကဘာလို့ ငါတို့ရဲ့ဂုဏ်သတင်းကို လာဖျက်ဆီးနေရတာလဲ”
“သခင်ကြီးဟွမ်၊ မင်းက ငါဘာလို့ မင်းတို့ လျှို့ဝှက်ဆန်းကြယ်စံအိမ်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးချင်ရတာလဲဆိုတာ တကယ်ပဲ မသိဘူးလား”
ချူးယွင်ဖန်းက သရော်လိုက်ပြီး
“ငါဒီကို သတင်းမေးဖို့ လာဖူးတယ်၊ ပြီးတော့ မင်းတို့က ငါ့သတင်းကို ရောင်းစားလိုက်ကြတယ်”
လူတိုင်းက အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ကြသည်။ ချူးယွင်ဖန်း၏ စကားများကို ကြားပြီးနောက် လူတိုင်းက မှင်သက်ကုန်ကြ၏။ သူတို့အတော်များများ သိကြသည်က လျှို့ဝှက်ဆန်းကြယ်စံအိမ်မှ သတင်းများကို ဝယ်ရန် သို့မဟုတ် ရောင်းရန်သာ သိရှိကြသည်။
ချူးယွင်ဖန်းသာ မှန်ခဲ့ပါက သူတို့သည်လည်းပဲ သူတို့မေးသောသတင်းများကို လျှို့ဝှက်ဆန်းကြယ်စံအိမ်မှ ရောင်းချခံရလောက်ပြီဖြစ်၏။ စီးပွားရေးရှုထောင့်မှကြည့်သော် မမှားပေ။ လူတစ်ယောက်က အခကြေးငွေတတ်နိုင်သရွေ့ သူတို့မရောင်းနိုင်သော သတင်းဟူ၍မရှိ။
သို့သော်လည်း သူတို့ယင်းအကြောင်း တွေးမိသောအခါ၌ သူတို့ဆံပင်မွေးများပင် ထောင်လာသလို ခံစားလိုက်ရသည်။ ဤကိစ္စသာ မှန်ကန်ပါက သူတို့သည် လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို အနာဂတ်တွင် သတိထားရပေတော့မည်။
ဟွမ်ရှုံယီ၏အမူအရာသည် ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ ဤကဲ့သို့သော သတင်းသာ တစ်ကြိမ်ပေါက်ကြားသွားပါက လျှို့ဝှက်ဆန်းကြယ်စံအိမ်၏ပုံရိပ်သို့ မည်ကဲ့သို့ထိခိုက်မှုဖြစ်မည်ကို သူစဥ်းစားမိ၏။