စံအိမ်သခင်အား ခေါင်းငုံ့စေရန်ဖိအားပေးခြင်း
Vol. 92 Ch. 1371
တစ်ချို့အရာများသည် စကားနှင့်ပြော၍မရသော စည်းမျဥ်းများဖြစ်သည်။ လူတိုင်းက ဤအကြောင်းကို သိကြသော်လည်း မည်သူကမှ ယင်းကို ပေါ်ပေါက်ချင်စိတ်မရှိ။ သို့သော်လည်း ၎င်းသာ တစ်ကြိမ်ထွက်ပေါ်လာပြီး စားပွဲပေါ်တင်လိုက်သည့်အခါ အကျိုးသက်ရောက်မှုသည် ကြီးမားပေမည်။
ဤသည်မှာ အသက်မွေးဝမ်းကျောင်းတစ်ခုအတွက် သတင်းရောင်းစားသော လျှို့ဝှက်ဆန်းကြယ်စံအိမ်လို အဖွဲ့အစည်းတစ်ခုအတွက် အထူးအရေးကြီးသည်။ ၎င်းက သတင်းကို နှစ်ဖက်စလုံးကို ရောင်းသည့်အကြောင်းအရင်းက လူအများကို စိုးရိမ်ပူပန်စေနိုင်၏။
“ကျန်းဝူချန်း၊ မင်းဒီလိုကိစ္စမျိုးကို သက်သေမပါဘဲ မပြောပါနဲ့။ မဟုတ်ရင် လျှို့ဝှက်ဆန်းကြယ်စံအိမ်က ရိုင်းတယ်လို့ အပြစ်မတင်ပါနဲ့”
ဟွမ်ရှုံယီက ကျယ်လောင်စွာ ပြောလာခဲ့သည်။
“သက်သေလား။ မင်းက ငါ့ကို ရုံးတော်အရာရှိလို့ မှတ်နေတာလား။ သက်သေအကြောင်းပြောရရင် လူတိုင်း ဘာဖြစ်ခဲ့လဲဆိုတာ သိတယ်” ချူးယွင်ဖန်းက အေးစက်စက်ပြောလာခဲ့၏။ “ငါ့ကို သစ္စာဖောက်တဲ့သူတိုင်း အပြင်ထွက်လာပြီး သေရမယ်။ အဲဒါပဲ”
ချူးယွင်ဖန်း၏စကားများကို ကြားသည်နှင့် ကျူးလီလွမ်နှင့်ဝမ်ချောင်တို့၏ အမူအရာများမှာ ပျက်နေကြသည်။ ကျန်းဝူချန်းသည် အင်အားကြီးရုံသာမက အလွန်တရာကြောက်မက်ဖွက်ကောင်းအောင် အင်အားကြီး၏။ ဟွမ်ရှုံယီသည် လျှို့ဝှက်ဆန်းကြယ်စံအိမ်၏နာမည်ကို သုံးခဲ့လျှင်တောင် ချူးယွင်ဖန်းက နည်းနည်းမျှ မကြောက်ရွံ့ပေ။
ကျန်းဝူချန်းသည် ချူးယွင်ဖန်းအယောင်ဆောင်ထားမှန်း သူတို့ အဘယ်ကြောင့် မသိရှိခဲ့ပါသနည်း။ သူအဲဒါကို ဖယ်ရှားလိုက်ရင်ရော။ သူဂရုမစိုက်လောက်ပေ။ သူသာ လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို ဆန့်ကျင်တိုက်ခိုက်ချင်နေပါက အစကနေအဆုံးထိ သူကြောက်ရွံ့မှာ မဟုတ်။
“အရမ်းများသွားပြီ၊ အရမ်းများသွားပြီ”
ကျူးလီလွမ်က ရုတ်ခြည်းဆိုသလို ဒေါသတို့ပေါက်ကွဲထွက်လာခဲ့သည်။ ချူးယွင်ဖန်းသည် သူ့ကို အပြင်ထွက်ပြီး သေစေချင်သည်သာမက ဤနေ့တွင် ချူးယွင်ဖန်းလက်ထဲ၌ သူမသေခဲ့ပါက လျှို့ဝှက်ဆန်းကြယ်စံအိမ်အတွက် ဤကဲ့သို့သောအဆင့်မြင့်ကို သူရန်စမိမည်ကို တစ်ဖက်လူက သိနေခဲ့၏။ သူ့အနာဂတ်သည် လုံးဝဥဿုံ ပျက်ဆီးတော့မည်။
ဤအရာအားလုံးသည် ချူးယွင်ဖန်းကြောင့်ဖြစ်သည်။ သူ့မျက်လုံးများက ချူးယွင်ဖန်းဆီကို စူးစိုက်ကြည့်နေပြီး သူ့ကို တစ်စစီ ဆွဲဖြဲချင်နေခဲ့၏။ သို့သော်လည်း ဤသည်မှာ သူ၏လောဘကြောင့်သာမဟုတ်ပါက ဤကဲ့သို့အခြေအနေသို့ ဖိအားပေးခံရမည်ဟု သူဘယ်တုန်းကမှ မတွေးပေ။
“သခင်ကြီး၊ ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ”
ဝမ်ချောင်က ယင်းအခိုက်အတန့်၌ ကြောက်လန့်နေခဲ့သည်။ ချူးယွင်ဖန်းသည် လျှို့ဝှက်ဆန်းကြယ်စံအိမ်သို့ တိုက်ရိုက်ကြီး ပျံသန်းလာပြီး သူတို့ကို သေစေချင်နေကြ၏။
“ကျန်းဝူချန်း၊ သိပ်လွန်မလာနဲ့” ဟွမ်ရှုံယီက ဒေါသတကြီး ပြစ်တင်လာခဲ့သည်။ သူသည် ချူးယွင်ဖန်း၏တောင်းဆိုမှုကြောင့် ဒေါသထွက်ခဲ့၏။ ချူးယွင်ဖန်းသည် လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို အကျပ်အတည်းထဲ တွန်းပို့နေခဲ့သည်။
“လွန်တာလား၊ ဒါက အရမ်းများသွားတယ်ပေါ့၊ ငါသာ ငါ့ကိုယ်ငါ ကာကွယ်ဖို့ လုံလောက်တဲ့အင်အားမရှိဘူးဆိုရင်၊ ငါသာ သာမန်လူတစ်ယောက်ဖြစ်နေခဲ့ရင်၊ ငါကြောက်တာက သူတို့ရွှီရှစ်ကျဲလက်ထဲ သေနေပြီဆိုတာပဲ။ အဲဒီအချိန်ကြရင် မင်းတို့ကို ဘယ်သူက ပြဿနာရှာရဲတော့မလဲ၊ ဘယ်လောက်တောင် ကောင်းတဲ့အစီအစဥ်လဲ”
ချူးယွင်ဖန်းက ထေ့ငေါ့လိုက်သည်။
သူ့စကားလုံးများသည် မြို့တော်ရှိ အဓိကအင်အားစုများအကြား ပဲ့တင်ထပ်နေခဲ့၏။ သူတို့သည်လည်း လျှို့ဝှက်ဆန်းကြယ်စံအိမ်က သူတို့ကို တစ်နေ့ဖျက်ဆီးသွားမည်ကို စိုးရိမ်နေခဲ့ကြသည်။ ချူးယွင်ဖန်းသည် သတင်းအချို့မေးရန်သာ လာခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း သူသည် ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသောရန်သူတစ်စုကို မျက်စိကျသွားစေခဲ့၏။ သို့သော်လည်း ချူးယွင်ဖန်း၏ရန်သူများမှာ သူ့လောက်ကြောက်စရာမကောင်းမှန်း သိလိုက်ရသဖြင့် အနာဂတ်တွင် သူတို့ဂရုစိုက်ရတော့မည်။
လူတိုင်းတွင် ရန်သူအနည်းငယ်စီရှိသောကြောင့် သူတို့က ဤကဲ့သို့သောအပြုအမူကို သည်းမခံနိုင်ကြပေ။
“ချူးယွင်ဖန်း၊ မင်းအခုထွက်သွားမယ်ဆိုရင် ငါမင်းရဲ့ လျှို့ဝှက်ဆန်းကြယ်စံအိမ်ထဲ ပိုင်နက်ကျူးကျော်တဲ့ပြစ်မှုကို အရေးယူမှာမဟုတ်ဘူး” ဟွမ်ရှုံယီက ချူးယွင်ဖန်းကို အေးစက်စက်ကြည့်လိုက်ပြီး “အဲလိုမှမဟုတ်ရင် ငါတို့ရဲ့အစွမ်းအစအားလုံး ထုတ်သုံးရရင်တောင် လျှို့ဝှက်ဆန်းကြယ်စံအိမ်က မင်းကို သတ်ရလိမ့်မယ်”
“မင်းကငါ့ကို ခြိမ်းခြောက်နေတာလား”
ချူးယွင်ဖန်းက ထေ့လျက်
“ငါမင်းတို့ကို သင်ခန်းစာကောင်းကောင်းမှ မပေးရရင် မင်းတို့က ငါဘယ်လောက်တောင် စွမ်းအားကြီးလဲ မသိကြဘူးပဲ”
ချူးယွင်ဖန်းက စကားဆုံးသည်နှင့် သူ့လက်ကိုမြှောက်လိုက်ကာ သူ့ဓားကို ဝေ့ယမ်းလိုက်သည်။ ဓား၏အလင်းရောင်သည် ကောင်းကင်တစ်ခုလုံးကို ထိုးဖောက်နေခဲ့ပြီး မှောင်မိုက်သောညအလယ်တွင် ရှည်လျားသောအလင်းလမ်းကြောင်းတစ်ခုကို ချန်ရစ်ခဲ့၏။ သို့သော်လည်း အလင်းကြောင်းသည် အလွန်တရာမြန်ဆန်ပြီး ၎င်းက ရုတ်ခြည်းပင် ဟွမ်ရှုံယီကို ဟက်တက်ပိုင်းလိုက်သည်။
ဟွမ်ရှုံယီက အံ့အားသင့်သွားခဲ့၏။ သူသည် ချူးယွင်ဖန်းက ဤကဲ့သို့ လှုပ်ရှားမှုမျိုးပြုလုပ်နိုင်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့။
ဘုန်း.....
ဟွမ်ရှုံယီသည် သူ့ရင်ဘတ်ထဲတွင် စူးရှရှနာကျင်မှုတစ်ရပ်ကို ခံစားခဲ့ရသည်။ ထို့နောက် သူ့ရင်ဘတ်မှ သွေးများလျှံကျလာသည်ကို မြင်ခဲ့ရ၏။ သူ့လည်ပင်းမှ သွေးစိမ်းများသည် သူ့ခါးပေါ်ထိ ပန်းထွက်လာခဲ့သည်။ ချူးယွင်ဖန်း၏ဓားမှာ ဟက်တက်ခွဲရာအကြီးကြီးတစ်ခု ဖန်တီးခဲ့၏။
ဟွမ်ရှုံယီသည် ပါးစပ်အပြည့်သွေးတစ်ပွက် အန်ချလိုက်သည်။ သူသည် အလျင်အမြန် သူ၏ကိုယ်တွင်းမှ စွမ်းအားများကို လှည့်ပတ်လိုက်ပြီး သူ့ဒဏ်ရာများကို ထိတ်ထိတ်ပျာပျာ ကုစားလိုက်၏။ တစ်ချိန်တည်းမှာပဲ သူ့မျက်လုံးများက ချူးယွင်ဖန်းကို ကြောက်လန့်တကြား ကြည့်နေခဲ့သည်။ ရွှီရှစ်ကျဲက ချူးယွင်ဖန်းကို တစ်ချက်တောင် အနိုင်မတိုက်နိုင်သည့်အကြောင်းကို သူအဆုံး၌ နားလည်သွားခဲ့၏။ သိုင်းလောကတွင် အရှိန်သည် ဖြိုခွဲမရသော တစ်ခုတည်းသောအရာဖြစ်သည်။ ဤသည်မှာ လူအတော်များများနားလည်သော အမှန်တရားတစ်ခုဖြစ်၏။
သို့ရာတွင် ချူးယွင်ဖန်းကဲ့သို့ လုပ်နိုင်သောလူမှာ ရှားလှသည်။ သူသည် ကမ္ဘာကို ကျွမ်းထိုးမှောက်ခုံလှန်နိုင်ပေ၏။ “မြန်သည်” ဆိုသော စကားနှင့်ပင် အသန်မာဆုံးသောရန်သူများကို သတ်ရန်လုံလောက်ပေသည်။
ချူးယွင်ဖန်းက သက်ညှာပေးနေမှန်း သူသိ၏။ သို့မဟုတ်ပါက ဓားချက်တစ်ချက်တည်းဖြင့် သူအသတ်ခံရနိုင်သည်။ သူ့နှလုံးအိမ်သည် အဆုံးမရှိသောအံ့အားသင့်မှုများဖြင့် ပြည့်နေခဲ့၏။ ချူးယွင်ဖန်းက ဘယ်လိုလုပ်ပြီး ဒီလောက်သန်မာရတာလဲ?
ရွှီရှစ်ကျဲကို တစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့သည်။ သို့သော်လည်း သူသည် အလယ်အလတ်တန်း အမတေမဲ့အဆင့်သို့ ခြေချထားပြီးဖြစ်သည့် စွမ်းအားကြီးသောဖြစ်တည်မှုတစ်ခုဖြစ်နေချိန်၌ ရွှီရှစ်ကျဲသည် သာမန်တက်သစ်စ အမတေမဲ့တစ်ယောက်သာ ဖြစ်သေး၏။ သူဘာကြောင့် ဒီလောက်တောင်အားနည်းရတာလဲ?
ဟွမ်ရှုံယီသည် သူမကျရှုံးခင် ချူးယွင်ဖန်းက သူ၏နတ်စွမ်းအားကို မည်ကဲ့သို့သုံးမှန်း သူမြင်ပင်မမြင်လိုက်။ အရာအားလုံးသည် လျှပ်တစ်ပြက်အတွင်း ဖြစ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ဆိုလိုရင်းကို သူနားလည်သွားခဲ့၏။ သူသည် ချူးယွင်ဖန်းနှင့် ခြေရာတူသည်ထင်ခဲ့သည်။ ရွှီရှစ်ကျဲကို သတ်ခဲ့သော ချူးယွင်ဖန်းသည် အများဆုံး သူနှင့် အဆင့်တူသည်ဟု ထင်ခဲ့၏။. အခုတွင်မူ သူတို့သည် ဆီနှင့်ရေသာဖြစ်သည်၊ အရင်ကသူသည် မည်မျှလောက် ရယ်စရာကောင်းစွာမှားယွင်းခဲ့မှန်း သဘောပေါက်သွားခဲ့၏။
လုံးဝကို ဟာသတစ်ခုပဲ.......
“ငါထပ်ပြောလိုက်မယ်။ လျှို့ဝှက်ဆန်းကြယ်စံအိမ်က ဘယ်လိုဖြစ်တည်မှုကိုမှ ငါဂရုမစိုက်ဘူး။။ ငါက ကျေးဇူးတရားနဲ့သိက္ခာမဲ့တဲ့ကြားက ရှင်းလင်းတဲ့ဂုဏ်ပုဒ်တစ်ခုကို ပြုလုပ်ထားတဲ့လူမျိုးပဲ။ ကျူးလီလွမ်နဲ့ဝမ်ချောင်ကိုသာ ထုတ်ပေးလိုက် အဲလိုမှမဟုတ်ရင် လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို ငါဖျက်ဆီးပစ်မယ်”
ချူးယွင်ဖန်းက အေးစက်စက်ပြောလိုက်သည်။
လူတိုင်းက ချူးယွင်ဖန်း၏စကားများကို ကြားပြီးနောက် အုတ်အော်သောင်းတင်းဖြစ်လာကြပြန်၏။ လူတိုင်းက ချူးယွင်ဖန်းသည် ရူးနေသည်ဟု ထင်ကြ၏။ သူသည် အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို ဆန့်ကျင်ခဲ့ပြီး သူတို့ကို ဖျက်ဆီးပစ်ချင်သည်တောင် ပြောလိုက်သေးသည်။ ဤသည်မှာ ထုံးစံမရှိပေ။ ကြယ်စင်ကိုးပါးသည် အပြင်ဘက်တွင် စွမ်းအားကြီးပုံပေါ်သော်လည်း အခြားသောအထင်ကရအင်အားစုများသည် လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို ပို၍ကြောက်ရွံ့ကြ၏။
ဤအင်အားစုဟောင်းသည် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည်။ မည်သူကမှ လျှို့ဝှက်ဆန်းကြယ်စံအိမ်သည် အဘယ်လောက်စွမ်းအားကြီးသည်ကိုမသိ၊ သို့သော် ၎င်းက ကြယ်စင်ကိုးပါး၏အထက်တွင် ရှိမည်ဆိုခြင်းမှာ သံသယဝင်စရာပင်မဟုတ်ပေ။ ထို့အပြင် ချူးယွင်ဖန်းက လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို အရှုံးပေးရန် ဖိအားပေးချင်နေခဲ့သည်။
ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ။
“သူ့နောက်ကို လျှို့ဝှက်ဆန်းကြယ်စံအိမ်ကလူတွေ လိုက်မှာ မကြောက်ဖူးလားမသိဘူး”
လူအတော်များများသည် ဤကဲ့သို့သောအတွေးကို မတွေးဘဲမနေနိုင်။
“သိပ်ကောင်းတယ်”
ဟွမ်ရှုံယီ၏မျက်လုံးများမှာ အလွန်တောက်ပသောအလင်းတန်းတစ်ခုဖြင့် ရောင်ပြန်ဟပ်နေခဲ့သည်။ သူက သူ့စွမ်းအားကို ဖြန့်ကြည့်လိုက်သည့်အခါ ကျူးလီလွမ်နှင့်ဝမ်ချောင်ကို ချက်ချင်းတွေ့သွားခဲ့၏။ သူ့မျက်လုံးများက လူသတ်ချင်သည့်အရိပ်အယောင်များဖြင့် ပြည့်နေခဲ့သည်။ ဒီလိုကြောက်စရာကောင်းတဲ့ရန်သူကို ရန်စခဲ့တာ သူတို့နှစ်ယောက်ကိုး!
သူချူးယွင်ဖန်းကို လက်ရှိတွင် မည်သည်မှ မလုပ်နိုင်သေးပေ။ ထို့ကြောင့် သူ့ဒေါသတွေကို အနှီလူနှစ်ယောက်ဆီသာ ဖွင့်ချရတော့မည်။
တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်း၏စကားလုံးများကြောင့် လျှို့ဝှက်ဆန်းကြယ်စံအိမ်၏ပုံရိပ်မှာ လူအတော်များများ၏မျက်လုံးထဲ၌ ယုံစား၍မရနိုင်တော့သည့်အကြောင်းကို သူသိခဲ့သည်။ သူသည် ဒီကိစ္စကို အလျင်အမြန် ဖြေရှင်းရမည်ဖြစ်၏။