← Chapters

တံခါးပိတ်ကျင့်ကြံခြင်း

Vol. 92 Ch. 1374

တံခါးပိတ်ကျင့်ကြံခြင်း

Vol. 92 Ch. 1374

ချူးယွင်ဖန်းသည် တည်းခိုခန်းမှ ထွက်လာခဲ့ပြီး အဂ္ဂိရတ်ပညာရှင်အဖွဲ့အစည်းသို့ ရောက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် အဂ္ဂိရတ်ပညာရှင်အဖွဲ့အစည်းထဲမှ ထွက်လာသည့်လူသည် မနေ့ကအစောင့်မဟုတ်ချေ၊ သို့သော်လည်း အရပ်ရှည်ပြီးခန္ဓာကိုယ်ဖွဲ့စည်းပုံကောင်းသည့် စျေးကြီးသည့်အဝတ်အထည်ဝတ်ထားသော ကျက်သရေရှိသည့်ဟန်ပန်ဖြင့် လူအိုတစ်ယောက်ထွက်လာခဲ့သည်။

“ကျန်းဝူချန်း၊ ငါက ယွင်ရှန်းမြို့ အဂ္ဂိရတ်ပညာရှင်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ကုံစွန်းကျန်းပဲ” လူကြီးက ပြောလာ၏။

“ခေါင်းဆောင်ကုံစွန်း” ချူးယွင်ဖန်းက ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။

ကုံစွန်းကျန်းသည် ချူးယွင်ဖန်းကို ဇဝေဇဝါအကြည့်ဖြင့် ကြည့်လိုက်၏။ မနေ့က ပြိုင်ပွဲကို သူမျက်စိတပ်အပ်မြင်ခဲ့ပြီး အနှီအန္တရာယ်ကင်းပုံပေါ်သည့် လူငယ်သည် မည်မျှကြောက်စရာကောင်းမှန်း သူကောာင်းကောင်းသိပေသည်။ ချူးယွင်ဖန်းက ရွှီရှစ်ကျဲကို တစ်ချက်တည်းဖြင့် သတ်ခဲ့ပြီး ဟွမ်ရှုံယီကိုလည်း တစ်ချက်တည်းဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့၏။

သူတို့နှစ်ယောက်စလုံးသည် ကျော်ကြားသောဖြစ်တည်မှုများဖြစ်ကြသော်လည်း ချူးယွင်ဖန်းကို ဆန့်ကျင်မိသည့်အခါ သူတို့ပြန်မတိုက်နိုင်ကြတော့။ ချူးယွင်ဖန်း၏ ကျင့်ကြံရေးသည် မည်မျှအံ့အားသင့်စရာကောင်းမှန်း တွေးကြည့်နိုင်၏။

“ငါတို့မနေ့က မင်းမှာတဲ့ ဆေးဝါးတွေ ရခဲ့ပြီ” ကုံစွန်းကျန်းက ပြောလိုက်ကာ “ငါအဲဒါတွေကို မင်းဆီ ခဏနေပို့လိုက်မယ်”

“ကောင်းပါပြီ” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

“ခဏလေးနေပါဦး၊ ကျန်းဝူချန်း”

ချူးယွင်ဖန်းက ဆေးဖက်ဝင်အပင်များကို ယူရန်ပြင်လိုက်စဥ် ကုံစွန်းကျန်းကြောင့် ရပ်သွား၏။

“ဘာများဖြစ်လို့လဲ ခေါင်းဆောင်ကုံံစွန်း” ချူးယွင်ဖန်းက မေးလိုက်သည်။

“မင်းတာဝန်တစ်ခုများ ယူပေးဖို့ စိတ်ဝင်စားသလား” ကုံစွန်းကျန်းက နှေးကွေးစွာ ပြောလာ၏။

“ဘယ်လိုတာဝန်မျိုးလဲ၊ ကျုပ်ကိုပြောကြည့်လေ” ချူးယွင်ဖန်းက ပြောလိုက်သည်။

“အခုတော့ မင်းကိုငါ အသေးစိတ်ပြောပြဖို့ မသင့်တော်ဘူး။ မင်းစိတ်ဝင်စားမှပဲ ငါပြောပြမှာ၊ ငါမင်းကို ဆက်သွယ်ရေးအဆောင်ကနေတစ်ဆင့် ထပ်ပြောပေးလိုက်မယ်” ကုံစွန်းကျန်းက သူ့ခေါင်းကို ခါရင်း “အဲဒီတာဝန်က ဆုကြီးကြီးရမှာ။ငါလည်းအခုထိ ဘာညွှန်ကြားချက်မှတော့ မရသေးဘူး၊ ဆိုတော့ ငါမင်းနဲ့အသေးစိတ်ဆွေးနွေးဖို့ အခုထိတော့ အဆင်မပြေသေးဘူး”

“ကောင်းပြီလေ၊ အဲဒီအချိန်ရောက်ရင် ကျုပ်ကိုအသိပေးပေါ့” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်၏။ သူသည် ကုံစွန်းကျန်း၏သရုပ်နှင့်ပတ်သက်၍ အနည်းငယ်သိချင်ခဲ့သည်။ သူသည် အဂ္ဂိရတ်ပညာရှင်အဖွဲ့အစည်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဟု ယူဆ၍ရပြီး သူပင်လျှင်အမိန့်များကို လိုက်နာရသေး၏။ တာဝန်က အဂ္ဂိရတ်ပညာရှင်အဖွဲ့အစည်းရဲ့ အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက်ဆီကများလား?

သို့သော်လည်း အနှီလူက မည်သည်မှထပ်မပြောသဖြင့် ချူးယွင်ဖန်းလည်း ဆက်မမေးတော့။ သူ၏မူလစွမ်းအားကို ကုံစွန်းကျန်း၏ ဆက်သွယ်ရေးအဆောင်ကျောက်ပေါ်တွင် ချန်ထားခဲ့သဖြင့် သူတို့အချင်းချင်း နောက်ပိုင်းတွင် ဆက်သွယ်နိုင်ပေသည်။

“အိုး၊ မနေ့ကပွဲက ကြယ်စင်ကိုးပါးရဲ့ အကြီးအကဲတွေကို သတိပေးသလိုဖြစ်သွားတယ်။ သူတို့ လွယ်လွယ်နဲ့လွှတ်မပေးမှာ ငါစိုးရိမ်တယ်” ကုံစွန်းကျန်းက သူ့ကို ကရုဏာသက်စွာ အကြံပေးလိုက်ကာ “ငါမင်းကို ဒီလိုပုံစံနဲ့ အသတ်မခံရစေချင်ဘူး”

“အတော်ပဲ၊ ကျုပ်လည်း ထပ်မစောင့်နိုင်တော့ဘူး” ချူးယွင်ဖန်းက အရောင်စူးရှနေသော မျက်လုံးများဖြင့် ပြောလာသည်။

ကြယ်စင်ကိုးပါးသည် တန်စီယုကို အကြိမ်ပေါင်းများစွာ သတ်ရန်ကြိုးစားခဲ့သော်လည်း ယခုတွင်မူရန်ကြွေးကို ဖြေရှင်းရန် အချိန်ရောက်ပေပြီ။ နွေဦးဝိညာဥ်ရေ၏အကူအညီဖြင့် ချူးယွင်ဖန်းသည် နတ်စွမ်းအားအဆင့်၏ထိပ်ဆုံးသို့ အချိန်တိုအတွင်း ရောက်ရှိနိုင်သည်။ ယင်းအချိန်ရောက်ပါက တစ်ဖက်လူက အမတေမဲ့အဆင့်ထိပ်တန်းတစ်ယောက်ဆိုလျှင်တောင် သူသည် အကြောက်အလန့်မရှိ သူတို့ကို သတ်နိုင်ပေ၏။

သူသည် တဝေကို ချက်ချင်းပြန်ရန်မရွေးချယ်ခြင်းက သူ့အင်အားသည် မလုံလောက်ကြောင်း သိသောကြောင့်ပင်။ စစ်သူကြီးယဲ့ဖေးနှင့် ထိပ်တန်းသက်တော်စောင့်ကို ဆန့်ကျင်ပါက မည်သည့်ကောင်းကျိုးမှ သူရမည်မဟုတ်။ အများဆုံး သူ့ကိုယ်သူတောင် ကာကွယ်ရန် ခက်ပေလိမ့်မည်။

သို့သော်လည်း သူနတ်စွမ်းအားအဆင့်၏ထိပ်ဆုံးသို့ ရောက်ချိန်၌ အနှီလူနှစ်ယောက်စလုံးက သူ့ပြိုင်ဘက်လုံးဝမဟုတ်တော့ကြောင့် ယုံကြည်ခဲ့သည်။

အချိန်ပဲ။ ယခုသူလိုအပ်နေသည့်အရာမှာ အချိန်ပင်။

“ဒီလိုဆိုမှတော့၊ ငါထပ်ပြီး ဘာမှမပြောတော့ပါဘူး”

ကုံစွန်းကျန်းသည်လည်း ချူးယွင်ဖန်းကို စမ်းသပ်ချင်ခဲ့သည်။ ချူးယွင်ဖန်းသာ ကြယ်စင်ကိုးပါးကို မဆန့်ကျင်နိုင်ခဲ့ပါက သူယင်းအကြောင်း မေ့ထားလိုက်တော့မည်။

ချူးယွင်ဖန်းသည် သူလိုချင်သော ဆေးဖက်ဝင်အပင်ကို ချက်ချင်းရခဲ့ကာ သူ၏နတ်စွမ်းအားဖြင့် ယင်းတို့ကို စစ်ဆေးလိုက်၏။ အမှားအယွင်းမရှိကြောင်း စစ်ဆေးပြီးသည့်နောက်တွင် သူသည် အဂ္ဂိရတ်ပညာရှင်အဖွဲ့အစည်းမှထွက်လာကာ တည်းခိုခန်းသို့ ပြန်လိုက်သည်။

ယင်းအခိုက်အတန့်တွင် တည်းခိုဆောင်ထဲ၌ ချူးယွင်ဖန်း၏ လျှို့ဝှက်ချက်များကို ပြောနေသည့် ဧည့်သည်မှာ ရှိနေဆဲပင်။

“ကျန်းဝူချန်းရဲ့ ခေါင်းဖြတ်တဲ့ဓားအတွက်တော့၊ အဲဒါကြီးက တစ်ခုခုတော့......”

ချူးယွင်ဖန်းက ရယ်ကာ သူ့ခေါင်းကိုခါလိုက်သည်။ သူ့အခန်းသို့ ဝင်ပြီးနောက် သူက တောတောင်မြစ်ချောင်းပန်းချီကားဆီ တန်းတန်း ဝင်သွားလိုက်၏။

ချူးယွင်ဖန်း ပထမဆုံးရရှိခဲ့သော တောတောင်မြစ်ချောင်းပန်းချီကားနှင့် နှိုင်းယှဥ်ပါက အထဲထဲရှိကွက်လပ်သည် အဆများစွာပြန့်ကြဲနေခဲ့သည်။ ခပ်ဝေးဝေးမှနေ၍ သူသည် ကမ္ဘာ၏အစဦးပုံစံကိုပါ မြင်နေရ၏။ သို့သော်လည်း ဤကျယ်ပြောလှသောကွက်လပ်တွင် ၎င်း၏တစ်ဝက်လောက်မှာ ဆေးဖက်ဝင်တောင်တန်းများဖြင့် ပြည့်နေပြီးသားဖြစ်သည်။ ဗြဟ္မာသစ်ပင်ကြီးလာသည်နှင့်အမျှ ဆေးဖက်ဝင်တောင်တန်းသည် တဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့၏။

ဤသည်မှာ နတ်စွမ်းအားအမျိုးမျိုးအတွက် လိုအပ်သောပတ်ဝန်းကျင်အရ ပြောင်းလဲနိုင်သည့်ရတနာတစ်ခုဖြစ်သည်။ အဖိုးတန်လှသော ဆေးဖက်ဝင်တောင်တန်းမရှိဘဲ ချူးယွင်ဖန်းက ဗြဟ္မာသစ်ပင်ကို ရွှေ့စိုက်ရန် မဖြစ်နိုင်ပေ။

ဤကွက်လပ်တွင် ချူးယွင်ဖန်းက လေထုအလယ်၌ တင်ပလင်ချိတ်ထိုင်လိုက်သည်။ သူက ဧကရာဇ်နည်းလမ်းကိုသုံးလျက် သူတတ်နိုင်သမျှ စတင်လည်ပတ်လိုက်၏။ သူ၏မှော်ပညာမှာ သူ့ခန္ဓာကိုယ်အတွင်း ပွက်ပွက်ဆူနေသော မီးတောက်များအလား။ မိုးကြိုးစွမ်းအားလုံးများသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ထုတ်လွှတ်ကာ မိုးကြိုးပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းသွားခဲ့သည်။

သူသည် နဝမမြောက်နတ်စွမ်းအားအဆင့်သို့ ရောက်ပြီးသားဖြစ်၏။ သူသာ နောက်တစ်ဆင့်တက်ချင်ပါက သူ၏စွမ်းအားအားလုံးကို ခွာချကာ ထိပ်ဆုံးသို့ ခြေချရန် လိုအပ်သည်။ ထိုအခါမှသာ သူ့တွင် အမတေအဆင့်သို့ လှမ်းတက်နိုင်မည့် ခြေလှမ်းရရှိလာလိမ့်မည်။

သာမန်လူများ၏စွမ်းအားသည် အကန့်အသတ်နှင့်ဖြစ်သောကြောင့် သူတို့၏စွမ်းအားကို လွယ်လွယ်နှင့်လွှတ်ချနိုင်ကြသည်။ သို့သော်လည်း ချူးယွင်ဖန်းက မတူ။ သူ့တွင် ထိပ်တန်းစွမ်းအင်၂ခုဖြစ်သည့် အင်ပါယာစွမ်းအင်နှင့် မိုးကြိုးစွမ်းအင်ရှိပြီး သူတို့မှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်နေခဲ့ကြသည်။ သူ၏စွမ်းအင်မှာ သာမန်လူများထက် အဆ၁၀၀ပိုသာသည်။ သူသာ ယင်းတို့ကို ထုတ်လွှတ်ချင်ပါက သာမန်နည်းလမ်းများနှင့်ဆိုလျှင် အချိန်အတော်ကြာလိမ့်မည်။

ကံကောင်းသည်က သူ့တွင် ဤဖြစ်စဥ်ကို အရှိန်တင်ရန် နွေဦးဝိညာဥ်ရေရှိ၏။

ချူးယွင်ဖန်းသည် ကြွေပုလင်းတစ်လုံးကို ထုတ်လိုက်ကာ သူ့ပါးစပ်ထဲသို့ နွေဦးဝိညာဥ်ရေတစ်စက် လောင်းထည့်လိုက်သည်။ ယင်းက သူအလင်းပွင့်သွားသကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လာပြီး သူ့ခြေလက်များနှင့်အရိုးများမှတစ်ဆင့် ထင်ရှားသည့်စီးဆင်းမှုတစ်ခု လှည့်ပတ်နေခဲ့သည်။

သူသည် သူ့ခန္ဓာကိုယ်တွင်းရှိဆဲလ်များအားလုံးကို တစ်ခုခုက လှုံ့ဆော်နေပုံရခြင်းကို ချက်ချင်း သဘောပေါက်လိုက်၏။ ယင်းတို့က နတ်စွမ်းအားကို အဆက်မပြတ်ထုတ်လိုက်ကာ သူ၏နတ်စွမ်းအားကို ကြီးမားသည့်အနားသတ်တစ်ခုဖြင့် တိုးမြင့်နေခဲ့သည်။

ဤသည်မှာ ပုံမှန်အကန့်အသတ်ထက် ကျော်လွန်ပြီးသားဖြစ်၏။

ချူးယွင်ဖန်းသည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် သူရောက်နေမှန်းသိသည်။ သူ့ခန္ဓာကိုယ်၏စွမ်းအားသည် အမှန်တကယ်ကို နှိုးထလာခဲ့၏။ အရှိန်နှုန်းသည် အလွန်မလျင်မြန်သော်လည်း သူ့စွမ်းအင်ကို လှုံ့ဆော်ရန် သူကိုယ်တိုင်အဆက်မပြတ် အသုံးချခဲ့သော နည်းလမ်းအမျိုးမျိုးထက် ပိုမြန်ပေသည်။

“ဒီနွေဦးဝိညာဥ်ရေက သူ့ဂုဏ်သတင်းလိုပါပဲလား”

ချူးယွင်ဖန်းက ချက်ချင်းဆိုသလို ဧကရာဇ်နည်းဗျူဟာကို လှည့်ပတ်လိုက်ပြီး နွေဦးဝိညာဥ်ရေကို သန့်စင်လိုက်ကာ သူ့ခန္ဓာကိုယ်ထဲမှ တစ်စတစ်စထုတ်လွှတ်နေခဲ့သော စွမ်းအားများကို နှိုးဆွလိုက်သည်။

အချိန်အတန်ကြာပြီးနောက် ချူးယွင်ဖန်းသည် ရပ်တန့်လိုက်၏။ သူ၏ ခံနိုင်ရည်သည် ၃ပုံ၁ပုံမြင့်တက်လာခဲ့သည်။ အနှီ၃ပုံ၁ပုံကို အထင်မသေးလိုက်နှင့်။သူတို့စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်သော အမတေတစ်ယောက်အတွက် ခံနိုင်ရည်၃ပုံ၁ပုံတိုးမြင့်လာခြင်းမှာ သူတို့၏တိုက်ခိုက်စွမ်းရည်ကို နှစ်ဆတိုးစေသည်။

“မလုံလောက်သေးဘူး၊ မလုံလောက်သေးဘူး” ချူးယွင်ဖန်းက နွေဦးဝိညာဥ်ရေကို နောက်တစ်စက်လောင်းချပြီး မြိုချလိုက်၏။ ပိုများသောစွမ်းအင်များသည်လည်း ထကြွလာခဲ့သည်။

All Chapters