← Chapters

သုံးရက်ကြာပြီးနောက် အားကောင်းသောရန်သူရောက်လာလေပြီ

Vol. 92 Ch. 1375

သုံးရက်ကြာပြီးနောက် အားကောင်းသောရန်သူရောက်လာလေပြီ

Vol. 92 Ch. 1375

အချိန်များကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ၃ရက်ကုန်ဆုံးခဲ့၏။

၃ရက်တာစလုံး ယွင်ရှန်းတွင် အေးချမ်းစွာ ဖြတ်သန်းခဲ့သည်။ သာမန်လူများအတွက် အနှီ၃ရက်တာသည် အရင်နှင့်မကွာခြား‌ပေ။ သို့သော်လည်း မြို့ထဲရှိ အခြေအနေကို သိခဲ့သော ဂိုဏ်းကြီးများသည် ၁နှစ်အလားခံစားခဲ့ကြ၏။

မည်သို့ပင်ဖြစ်စေ လူတိုင်းက ချူးယွင်ဖန်းသည် ကြယ်စင်ကိုးပါးနှင့် လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို ကျဆုံးစေခဲ့ကြောင်း သိခဲ့ကြသည်။ သို့သော်လည်း အနှီ၃ရက်တွင် ၃ဖက်စလုံးက အလွန်ထူးဆန်းနေခဲ့၏။ ချူးယွင်ဖန်းက ထွက်မပြေးပေ၊ သို့သော်လည်း တည်းခိုခန်းထဲတွင် ပုန်းအောင်းနေပြီး သီးသန့်ကျင့်ကြံနေသည်။ မည်သူကိုမှ သူမတွေ့။

ဂိုဏ်းအမျိုးမျိုးမှလူများ ကြည့်နေခြင်းကြောင့်သာ မဟုတ်ပါက ချူးယွင်ဖန်းထွက်ပြေးလောက်ပြီဟု သူတို့က ခန့်မှန်းနေကြ၏။ သို့သော်လည်း ချူးယွင်ဖန်းသည် ထွက်ပြေးမည့်ပုံမပေါ်။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ကြယ်စင်ကိုးပါးနှင့်လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို လက်စားချေရန် စောင့်နေသည့်အလား။

ကြောက်ပင်မကြောက်။

သူသည် စွမ်းအားကြီးသော်လည်း လူအတော်များများက သူတစ်ယောက်တည်းနှင့် ကြယ်စင်ကိုးပါး၊ လျှို့ဝှက်ဆန်းကြယ်စံအိမ်တစ်ခုလုံးတို့ယှဥ်လိုက်ပါက အတော်အားနည်းသည်ဟု ထင်နေကြသည်။ ချူးယွင်ဖန်း၏ယုံကြည်ချက်များသည် မည်သည့်နေရာမှလာမှန်း သူတို့မသိကြပေ။

အလားတူပင် ချူးယွင်ဖန်းသည် ထွက်မပြေးသလို မျှော်လင့်ထားကြသော လျှို့ဝှက်ဆန်းကြယ်စံအိမ်၏ လက်စားချေမှုသည်လည်း ဖြစ်မလာ။

အခြားတစ်ဖက်တွင် ကြယ်စင်ကိုးပါးသည်လည်း မည်သည့်လှုပ်ရှားမှုမှ လုပ်ပုံမပေါ်။ သူတို့၏ပုံမှန် အကြမ်းဖက်တတ်သည့်ပုံစံနှင့်ယှဥ်ပါက ဤသည်မှာ အလွန်တရာကွဲပြားခြားနေသောပုံစံဖြစ်သည်။

ထို့ကြောင့် လေထုတစ်ခုလုံးသည် အလွန်တရာ ထူးဆန်းလှ၏။

အဆုံး၌ လူတိုင်းသည် ဤကိစ္စက ဤအတိုင်း ကြန့်ကြာနေဦးမည်ဟု တွေးထင်တော့မည့်အချိန်၌ အပြင်ဘက်လောကတွင် ရုတ်တရက် ပြင်းထန်သောမငြိမ်သက်မှုတစ်ခုဖြစ်လာခဲ့သည်။ များမကြာမီတွင် လူထောင်ပေါင်းများစွာပါသော အုပ်စုတစ်စုသည် ယွင်ရှန်းအထက်၌ ပေါ်ပေါက်လာခဲ့၏။

အဆင့်မြင့်အတော်များများက ဤအရာမှာ အကွာအဝေးတစ်ခုနှင့်တစ်ခုအကြား ကူးပြောင်းသော အစီအရင်ဟု ချက်ချင်းပင် အာရုံရသွားကြသည်။

လူတိုင်းက အထက်သို့ကြည့်လိုက်သည့်အခါ အနှီလူထောင်ပေါင်းများစွာသည် ကြယ်စင်ကိုးပါးမှဝတ်ရုံများ ဝတ်ဆင်ထားသည့် တပည့်များဖြစ်ကြောင်း မြင်လိုက်ရ၏။ သို့သော်လည်း သူတို့အားလုံးမှာ အမျိုးသမီးတပည့်များဖြစ်ကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် ပန်းကဲ့သို့လှပကြပြီး စွမ်းအားလည်းကြီးကြ၏။

ပိုပြီးအံ့သြစရာကောင်းသည်က အနှီလှပသော အမျိုးသမီးတပည့်များအားလုံးမှာ နတ်စွမ်းအားအဆင့်တွင် ရှိကြသည်။

လူအတော်များများသည် အံ့သြလွန်း၍ မပြောဘဲမနေနိုင်ကြပေ။ ဘယ်လိုဂိုဏ်းမျိုးကများ ဒီလိုအကြံအကြီးကြီးထုတ်နိုင်ရတာလဲ? နတ်စွမ်းအားအဆင့်အမျိုးသမီးတပည့်ပေါင်း တစ်ထောင်ကျော်။ သူတို့ကို မည်သည့်နေရာတွင်နေနေ ဤအကြောင်းမှာ သတင်းအကြီးကြီးပင်။

အမျိုးသမီးတပည့်တစ်ထောင်ကျော်အလယ်တွင် ဝေါယာဥ်အကြီးကြီးတစ်ခုရှိ၏။ ဤဝေါယာဥ်မှာ အလွန်အမင်းတန်ဖိုးကြီးပုံပေါ်ပြီး ကနုတ်ဆေးရေးပန်းချီများဖြင့် အလှဆင်ထားခဲ့သည်။ ကြည့်ရသည်မှာ တန်ဖိုးကြီးသောစီးယာဥ်တစ်ခုနှင့်တူပြီး မည်သည့်ဘက်ကကြည့်ကြည့် ၎င်းသည် သာမန်ထက်လွန်ကဲနေခဲ့၏။

သို့သော်လည်း လူတိုင်း၏အံ့သြဖွယ်ဖြစ်စဥ်၌ ဝေါယာဥ်သည် အလွန်ကြီးမားသောအိပ်ရာကြီးတစ်ခုကို တင်ဆောင်ထားသေးသည်။ အိပ်ရာပေါ်တွင် ပျင်းရိနေသည့်ပုံစံရှိသော လူငယ်တစ်ယောက်ပါ၏။ သူ့ကို အဖော်ပြုပေးနေသော လှပသည့်အခြွေအရံများလည်း ပါသေးသည်။

“အဲဒါ ယဲ့ထျန်းနန်ပဲ၊ ကြယ်စင်ကိုးပါးရဲ့ သခင်လေး” တစ်စုံတစ်ယောက်က အနှီလူ၏သရုပ်ကို ချက်ချင်းအော်ဟစ်ကာ ဖော်ထုတ်လိုက်၏။

ဤကဲ့သို့ ကြီးမားသော လူတန်းကြီးနှင့် ခမ်းနားကြီးကျယ်သောခရီးသွားမှုမျိုး ပြုလုပ်သည့်သူမှာ ယဲ့ထျန်းနန်ကလွဲ၍ မည်သူများဖြစ်နိုင်ပါမည်နည်းဟု လူတိုင်းက ရုတ်တရက်တွေးမိသွားသည်။ ဤကဲ့သို့သော လူတန်းကြီးကို တစ်ကြိမ်ကြုံဖူးသောသူသည် ယင်းအဖြစ်အပျက်ကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ ယင်းက ဘုရင်တစ်ပါး၏ တိုင်းခန်းလှည့်လည်ခြင်းထက် ပို၍ ရင်သပ်ရှုမောဖွယ်ကောင်းသည်။

သာမန်လူများသည် မည်သည်တို့ဖြစ်နေမှန်း နားမလည်နိုင်ကြပေ။ လူအချို့သည် ကြယ်စင်ကိုးပါး၏သခင်လေးအကြောင်း သိသော်လည်း သူဘာကြောင့် ဤနေရာသို့ရောက်လာမှန်း မသိပေ။ သို့သော်လည်း မြို့ထဲမှ ဂိုဏ်းကြီးအတော်များများက ဤအကြောင်းကို သိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်းက လွန်ခဲ့သည့်ရက်အနည်းငယ်၌ ကြယ်စင်ကိုးပါး၏လက်ရွေးစင်အယောက်၂၀အား သတ်ပစ်ခဲ့သောကြောင့်ပင်။

လူအတော်များများက သက်ပြင်းချကုန်ကြ၏။ အဆုံးတွင် အဓိကဇာတ်ကောင်ပေါ်လာခဲ့ပြီ။

လျှို့ဝှက်ဆန်းကြယ်စံအိမ်ထဲတွင် ဟွမ်ရှုံယီက ကောင်းကင်တွင်ပေါ်လာသော ယဲ့ထျန်းနန်ကို ကြည့်ကာ အေးစက်စက်အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ လွန်ခဲ့သည့်ရက်ပိုင်းကမှ သူ့ဒဏ်ရာအားလုံး ပျောက်ကင်းသွားခဲ့၏။ ဒဏ်ရာက အလွန်ပြင်းထန်သော်လည်း အမတေအဆင့်၏ ကုစားနိုင်စွမ်းကြောင့် သူချက်ချင်းပဲ ပြန်ကောင်းလာခဲ့သည်။

သို့သော်လည်း ရနိုင်သမျှအရင်းအမြစ်များအားလုံးသုံးခဲ့သော်လည်း သူတို့က ချူးယွင်ဖန်း၏နောက်ကြောင်းကို ရှာမတွေ့သေးပေ။ အရာအားလုံးသည် လေထုအပြင်မှ ထွက်ပေါ်လာသည့်အလား။ ဤအရာမှာ သူ့ကို ဇဝေဇဝါဖြစ်စေသည်။

တစ်ဖက်တွင်လည်း အဂ္ဂိရတ်ပညာရှင်အဖွဲ့အစည်း၏ခေါင်းဆောင် ကုံစွန်းကျန်းသည်လည်း ကောင်းကင်ထက်တွင် အလွန်အမင်းတင့်တယ်နေသော ယဲ့ထျန်းနန်ကို ကြည့်နေခဲ့၏။ သို့သော်လည်း အဆုံးတွင် သူက မည်သည်မှမပြောခဲ့။ အရာအားလုံးသည် ကျန်းဝူချန်းက ဤအရှုပ်တော်ပုံတွင် အသက်ရှင်မရှင်က ပိုအရေးကြီး၏။

တည်းခိုခန်းထဲရှိလူအားလုံးက ဖျားနာမတတ် ကြောက်ရွံ့နေခဲ့ကြသည်။ ယဲ့ထျန်းနန်နှင့်လူများသည် လေထဲမှတစ်ဆင့် တည်းခိုခန်းအထက်၌ ပေါ်လာခဲ့၏။ သူတို့မည်မျှတုံးအပါစေ ယဲ့ထျန်းနန်နှင့်အပေါင်းအပါများသည် မကောင်းသောအကြံအစည်နှင့်လာမှန်း သူသိပေသည်။ ယင်းရောက်ရောက်ခြင်းပင် ယင်း၏ဖိအားများကို ထုတ်လွှတ်ကာ လူတိုင်း၏ခေါင်းများ မမော့နိုင်သည်အထိ ဖိထားလိုက်၏။

အချိန်အတော်ကြာပြီးနောက် ဝေါယာဥ်ထဲမှ လူငယ် ယဲ့ထျန်းနန်သည် ပျင်းရိစွာပြောလာခဲ့သည်။ “အား...မျက်စိနာလိုက်တာ။ အောက်ဆင်းပြီး ဒီထဲက အသက်ရှင်နေတဲ့လူတိုင်းကို သတ်စမ်း”

မြို့ထဲရှိလူများသည် ဤသည်ကိုကြားသည်နှင့် အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ကြ၏။ နေရာတစ်ခုလုံးတွင် အနည်းဆုံး လူထောင်ပေါင်းများစွာရှိကြပြီး ယဲ့ထျန်းနန်က သူတို့ကို ပစ်မှုတစ်ခုတည်းဖြင့် သေစေချင်နေသည်။

“အရမ်းရက်စက်တာပဲ”

အခြားနေရာများမှ အဆင့်မြင့်များက ဤမြင်ကွင်းကို မြင်သည်နှင့် ဒေါသမထွက်ဘဲမနေနိုင်တော့။ မည်သို့ပင်ဖြစ်ပါစေ၊ သူတို့သည် ယွင်ရှန်းမှလူများဖြစ်နေဆဲပင်။ အပြင်လူများက သူတို့၏မြို့သားများကို အကြောင်းမရှိသတ်ချင်သည်ကို မြင်သောအခါ သူတို့နှလုံးအိမ်အတွင်းမှ ဒေါသများပြန့်ထွက်လာခဲ့သည်။

“အဲဒီယဲ့ထျန်းနန်လေ၊ မင်းသူ့ကို ကြားဖူးတာ ဒီနေ့မှလား။ ငါကြားတာတော့ ဂိုဏ်းထဲက အမျိုးသမီးတပည့်မကို သူကလိုချင်တာ ဟိုက သူ့ငြင်းလိုက်တယ်တဲ့။ ဒေါသထွက်ပြီး အဲဒီတပည့်မရဲ့ တစ်ဂိုဏ်းလုံးကို အစုလိုက်အပြုံလိုက်သတ်ပစ်တယ်ဆိုပဲ။ အဲဒီမှာ လူတွေထောင်ပေါင်းများစွာရှိတာတောင် တစ်ယောက်မှမကျန်ဘူးဆိုပဲ”

“ငါလည်း ကြားသေးတယ်၊ နောက်တော့ အဲဒီတပည့်မကို အဆင့်နိမ့်ပြည့်တန်ဆာအိမ်ရောင်းလိုက်ပြီး သေတဲ့ထိ သူ့ကိုကစားပစ်တယ်ဆိုပဲ”

“ဒီလိုကောင်မျိုးမှာ စွမ်းအားကြီးတဲ့အဖေတစ်ယောက်သာမရှိလို့ကတော့ အစောကြီးကတည်းက သေအောင်ရိုက်သတ်ခံရလောက်ပြီ”

“ဒါပေမဲ့လည်း သူ့မှာ ဘာနည်းလမ်းတွေရှိရှိ။ ကြယ်စင်ကိုးပါးရဲ့ အကိုးကွယ်ခံသခင်လေးကို ဘယ်သူကရန်စရဲမှာလဲ”

လူတိုင်းက အုတ်အုတ်ကျက်ကျက် ဆွေးနွေးနေကြရင်း စိတ်မသက်မသာခံစားလာရသည်။ သို့သော်လည်း မည်သူကမှ ထရပ်ကာ သူ့ကိုမတားဆီးကြပေ။ သူတို့အားလုံးက သူတို့သာတိုက်ခိုက်လိုက်ပါက ရှိခိုးကောင်က နှစ်ဘီးတပ်စစ်လှည်းကို တိုက်ခိုက်နေသည့်ပုံနှင့်တူမည်ကို သိကြ၏။ သူတို့၏ သေခြင်းကို ရှာဖွေခြင်းသာ။ နတ်စွမ်းအားအဆင့်အမျိုးသမီးတပည့် ထောင်ပေါင်းများစွာနှင့်ပင် ထိတ်လန့်ရန် လုံလောက်ပေသည်။

တည်းခိုခန်းထဲရှိလူတိုင်းနှင့် အနှီဝန်းကျင်ရှိလူတိုင်းက ရေခဲဂူထဲကျရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့အားလုံး၏ သဘောတူညီချက်သေးသေးလေးကိုပင် ဂရုမစိုက်စွာ သူ့တွင် သူတို့အား သတ်ရန် အကြောင်းပြချက်မလိုအပ်ပေ။

သူတို့တွင် ပြန်လည်ချေပရန် အခွင့်အရေးလေးပင် မရှိ။ ပိုပြီး ကြောက်မက်ဖွယ်ကောင်းသည်က သူတို့က ကြောက်မက်ဖွယ်ကောင်းသောဖိအားတစ်ခုက ဖိထားကာ လှုပ်၍မရပေ။ သူတို့ကို သတ်မည့်အချိန်ကို ထိုင်စောင့်နေရသည့်အလား။

သူတို့အော်ဟစ်ချင်သော်လည်း တစ်စုံတစ်ယောက်က သူတို့လည်ပင်းများကို ညှစ်ထားသကဲ့သို့ မည်သည့်အသံမှထွက်၍မရ။ အထက်ပိုင်းရှိဤလူများမှာ မည်မျှကြောက်စရာကောင်းမှန်း သိသာသည်။

ဒီလိုကံဆိုးမှုမျိုးက ဘာလို့များ သူတို့ပေါ်ကျရောက်ရတာလဲ။

မိနစ်တိုင်း၊ စက္ကန့်တိုင်း သေရန်စောင့်နေသည့်ခံစားချက်သည် တစ်နှစ်နီးပါးကြာပေသည်။ မည်သူကမှ သူတို့အတွက် ထရပ်၍ကယ်ဆယ်ခြင်းမျိုး မပြုလုပ်ကြပေ။

မြို့ထဲမှဂိုဏ်းများအားလုံးမှာ ငြိမ်သက်နေကြပြီး ယဲ့ထျန်းနန်၏လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ်ထောက်ခံနေကြသည်။ ဆိုတော့ သူတို့သူ့ကို တားရင်ရော။ သူတို့ကိုပါ တစ်ချက်တည်းနှင့် ယွင်ရှန်းကို ဖျက်ဆီးနိုင်သည့် ကြယ်စင်ကိုးပါးက သတိထားမိမည်ဖြစ်၏။

သူတို့သည် ကြယ်စင်ကိုးပါး၏ ပြိုင်ဘက်များ မဟုတ်ကြ။

All Chapters