← Chapters

ခွေးတစ်ကောင်လိုထွက်ပြေးရခြင်း

Vol. 92 Ch. 1377

ခွေးတစ်ကောင်လိုထွက်ပြေးရခြင်း

Vol. 92 Ch. 1377

ယဲ့ထျန်းနန်၏မျက်လုံးများထဲတွင် ချူးယွင်ဖန်းသည် ငမိုက်သားတစ်ယောက်သာဖြစ်၏။ တစ်ခဏတာ စိတ်ကျေနပ်မှုအတွက် ယဲ့ထျန်းနန်သည် ဘာမဆိုလုပ်ရဲသည်။

သို့သော်လည်း သူသည် ချူးယွင်ဖန်း သို့မဟုတ် ကျန်းဝူချန်းသည် အရှုပ်တစ်ခုမှန်း မသိပေ။ သူသည် မိနစ်ပိုင်းမျှဖြင့် အခြားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ပေသည်။ သူ့သရုပ်မှန်၏အဟန့်အတားသာမရှိပါက ချူးယွင်ဖန်းသည် ဤထက်ပို၍ အထိန်းအကွတ်မဲ့ကာ သူသတ်ချင်သည့်သူကို သူသတ်ပေလိမ့်မည်။

တစ်စုံတစ်ယောက်၏မူအတိုင်း သရုပ်ဆောင်ရသည်မှာ ကျင့်ကြံရေးလောကတွင် ရှားပါးလှသော ပူပင်ကြောင့်ကြမှုတစ်ခုဖြစ်၏။

မှန်၏၊ ဤသည်မှာ သူ၏လျှို့ဝှက်နည်းလမ်းကို ကျေးဇူးတင်ရမည်ပင်။ တစ်စုံတစ်ယောက်သည် သူတို့၏ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲချင်ပါက သူတို့သည် အခြားသူများထံမှ ယင်းရုပ်ရည်ကို ကွယ်ဝှက်နိုင်ခြင်းမပြုလုပ်နိုင်ကြ၊ အနှီနတ်စွမ်းအားအဆင့်ပင်မဟုတ်။

နတ်စွမ်းသည် တစ်စုံတစ်ယောက်၏အသက်ကို သူတို့၏ပတ်ဝန်းကျင်ကို ကြည့်ရှုခြင်းဖြင့် အကဲဖြတ်နိုင်ခဲ့သည်။ အနှီမယုံကြည်နိုင်စရာကောင်းသော စွမ်းအားများအားလုံးသည် နတ်စွမ်းအားများဖြစ်၏။

ယဲ့ထျန်းနန်၏အော်ဟစ်သံသည် ကမ္ဘာတစ်ခုလုံးကို တုန်ခါစေခဲ့သည်။ ယွင်ရှန်းရှိအဆင့်မြင့်များအားလုံးသည် ယင်းအကြောင်းအရာကို ကြားသော်လည်း သူတို့သည် ပိုမိုတိတ်ဆိတ်လာပြီး မတ်တပ်ပင်မရပ်နိုင်ကြတော့။

“ငါ့ကိုသတ်မယ်၊ မင်းလိုအမှိုက်ကောင်ကလေ” ချူးယွင်ဖန်းက နှာခေါင်းရှုံ့လျက် “မင်းမှာမင်းအဖေသာ မရှိရင် မင်းလိုကောင်က သေတဲ့အထိရိုက်ခံရပြီး ခွေးစာကျွေးပစ်ရမှာ”

ယဲ့ထျန်းနန်က ယုတ်မာပြုံးပြုံးလျက် ပြောလိုက်သည်။ “အဲတော့ ဘာဖြစ်လဲ။ ငါ့မှာ ဒီလိုကံမျိုးရှိလည်း မင်းလိုအောက်တန်းစားမှာ အဲလိုကံတောင် မရှိဘူးမလား။ မင်းက အဲဒီအဆင့်မရှိတဲ့ကောင်တွေလိုပဲ။ အရင်တစ်ခေါက်တုန်းက အဲဒီအဆင့်မရှိတဲ့ တန်စီယုက ငါ့ကိုဒဏ်ရာရ‌အောင်လုပ်ပြီး ထွက်ပြေးသွားတယ်။ မင်းလည်း ဒီတစ်ကြိမ်ထွက်ပြေးလို့ရမယ် ထင်လား။ မင်းငါ့ကို မင်းနဲ့အဲဒီပြည့်တန်ဆာမနဲ့ ဆက်ဆံရေးကို ပြောတာပိုကောင်းမယ်။ ပြီးရင် ငါမင်းကို ရက်အနည်းငယ်လောက်ဆုတ်ဖြဲတာကနေ ကယ်ပေးလို့ရတယ်”

သူသည် သာမန်လူများ ပြောမထွက်သောစကားများပြောရခြင်းကို ရှက်ရွံ့မနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ၎င်းနှင့်ပတ်သက်၍ ဂုဏ်ယူနေခဲ့သည်။ သူ့အတွက် ယင်းက သူ၏မြင့်မြတ်သောသွေးကြောအတွက် သက်သေပင်ဖြစ်၏။ မဟုတ်ပါက ဘာကြောင့်များ တစ်ချို့လူတွေက သူ့လို မြင့်မြတ်ပြီးထင်တိုင်းကြဲဘဝနှင့် မွေးဖွားလာကာ အခြားလူများက ကျွန်ဘဝဖြင့် မွေးဖွားလာမည်နည်း။

ဤသည်မှာ ကံတရားပင်။ ထို့နောက် သူသည် ကံအကောင်းဆုံးတစ်ယောက်ဖြစ်၏။

ချူးယွင်ဖန်းသည် သူ့မျက်လုံးထဲမှ လူသတ်ချင်သည့်အငွေ့အသက်များကို မဖျောက်ဖျက်ပေ။ ယဲ့ထျန်းနန်သည် သူ့ကို ဒေါသအလွန်အမင်း ထွက်လာခဲ့သည်။ ယဲ့ထျန်းနန်သည် ခွေးချီးတစ်ပုံနှင့်တူသော်လည်း သူ့ကိုယ်သူ အလွန်တရာကြီးမြတ်သည်ဟု ထင်နေသေး၏။

သို့သော်လည်း သူသာ ယဲ့ထျန်းနန်ကို သတ်ချင်ပါက သူအရင်ဆုံးထျဲနူကို ဖြတ်ကျော်ရပေမည်။

ထျဲနူတွင် အလွန်တရာကြီးမားသော ကိုယ်ရောင်ကိုယ်ဝါရှိပေသည်။ ယင်းနေရာ၌ တိတ်တိတ်လေးရပ်နေလျှင်ပင် ချူးယွင်ဖန်းသည် သူတောင်ကြီးတစ်တောင်ကို ဝင်တိုက်မိသကဲ့သို့ ခံစားလိုက်ရ၏။ ဤသည်မှာ အလွန်တရာစွမ်းအားကြီးသော ပြိုင်ဘက်တစ်ယောက်သာဖြစ်သည်။

ထိပ်တန်းအမတေမဲ့အဆင့်။

ထျဲနူသည် ထိပ်တန်းအမတေမဲ့အဆင့်။

ဤကဲ့သို့အဆင့်မြင့်သည် ဂုဏ်မြောက်ပြီး မောက်မာထောင်လွှားသောလူတစ်ယောက် ဖြစ်သင့်သော်လည်း သူ့ကို ယဲ့ထျန်းနန်ကိ အစေခံတစ်ယောက်ကဲ့သို့ အမိန့်ပေးနေခဲ့သည်။

ချူးယွင်ဖန်းသည် လျှို့ဝှက်ဆန်းကြယ်စံအိမ်ကပေးသော ကြယ်စင်ကိုးပါးအကြောင်း သတင်းများထဲရှိ အနှီထျဲနူအကြောင်း ပြန်တွေးလိုက်၏။ သူသည် ကြယ်စင်ကိုးပါး၏ ထင်ရှားသောသခင်များထဲမှ နံပါတ်တစ်အဆင့်မြင့်တစ်ယောက်ဖြစ်သည်။ သူ့ကို သံမဏိစစ်သူကြီးဟု သိကြ၏။ ကြယ်စင်ကိုးပါး စစ်ထွက်တိုက်သည့်အချိန်တိုင်း စစ်တပ်ကို ဦးဆောင်ရသောသူမှာ သူပင်။ သူသည် စွမ်းအားကြီးပြီး သံချပ်ကာကို ဝတ်ဆင်ရခြင်းအား ကြိုက်နှစ်သက်သောကြောင့် သူ့ကို သံမဏိစစ်သူကြီးဟု ခေါ်ကြသည်။

ကြယ်စင်ကိုးပါးတွင် သူသည် စွမ်းအားအကြီးဆုံးဖြစ်တည်မှုများထဲမှ တစ်ခုဖြစ်၏။

ကြယ်စင်ကိုးပါး၏ ကြေညာချက်အရ ထျဲနူသည် ကြယ်စင်ကိုးပါးနှင့် အလုပ်လုပ်ချင်စိတ်ရှိခြင်းသည် ကြယ်စင်ကိုးပါး၏ ကျော်ကြားသောသခင်ကြီးက သူ့ကို ငယ်ငယ်က ကယ်ခဲ့သောကြောင့်ပင်။ လူအတော်များများက ဤဖော်ပြချက်ကို လှောင်ရယ်ခဲ့ကြသည်။ ဤအဆင့်တွင် ကြင်နာမှုနည်းနည်းပြခံခဲ့ရလျှင်တောင် သူသည်၎င်းကို ကြာရှည်စွာ ပြန်ဆပ်နေပေ၏။ သူ့ကို ဘာလို့များ နွားတစ်ကောင်၊ မြင်းတစ်ကောင်လို အမိန့်ပေးတာကို ခံနေရတာလဲ။

သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်စံအိမ်၏သတင်းထဲတွင် နောက်ထပ်ဖြေရှင်းချက်မှာ ထျဲနူကို အနှီကျော်ကြားသောသခင်ကြီးက ထိန်းချုပ်ထားခြင်းပင်။ သူသည် ထိန်းချုပ်မှုအောက်တွင် ရှိသောကြောင့် သူ့တွင် ကြယ်စင်ကိုးပါးခေါင်းဆောင်၏အမိန့်ကို လိုက်နာရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

ချူးယွင်ဖန်းသည် ဤအဖြေကမှ အစစ်အမှန်ဟု ခံစားရသည်။ မဟုတ်ပါက ဤကဲ့သို့အဆင့်ရှိသည့် အဆင့်မြင့်တစ်ယောက်က ခွေးတစ်ကောင်ကဲ့သို့ ပြုမူမည်နည်း။

“အညံ့ခံလိုက်စမ်း” ထျဲနူက ချူးယွင်ဖန်းကို အော်ဟစ်လိုက်ကာ သူ့အသံက သူသည် သံဘူးတစ်ဘူးထဲတွင် ပိတ်မိနေသကဲ့သို့ ကျီကျီကျာကျာမြည်နေခဲ့သည်။

ချူးယွင်ဖန်းပတ်လည်မှ အန္တရာယ်ရှိသည့်အရိပ်အယောင်ကို အာရုံခံမိသောကြောင့် သူက ချက်ချင်းမတိုက်ခိုက်သေးပေ။ သူ၏ပထမဆုံးအမြင်ကပင် သူ့ကို ဤဓားနှင့်လူအား အထင်မသေးသင့်ဟု ပြောနေခဲ့သည်။

“ထျဲနူ၊ သွား၊ ငါသူ့ကို အပိုင်းပိုင်းခုတ်ပစ်ချင်တယ်” ယဲ့ထျန်းနန်က မကျေမနပ်အော်လိုက်၏။ “ငါသူ့ဝိညာဥ်ကို ထုတ်ပြီး အဲဝိညာဥ်ကို နေ့ရောညပါ နှိပ်စက်ပစ်မယ်။ ငါသူ့ကို ကံတရားကိုဆန့်ကျင်ရင် ဘာဖြစ်မလဲဆိုတာ သိစေချင်တယ်။ ငါကသူ့ထက် ပိုပြီး မြင့်မြင့်မြတ်မြတ်မွေးလာတာ”

“သခင်လေး၊ ဒီအရိုင်းအစိုင်းက အန္တရာယ်များပါတယ်၊ လျှော့မတွက်သင့်ပါဘူး” ထျဲနူက ဟန်ပင်မဆောင်နိုင်တော့ဘဲ ပြောလာသည်။

“အန္တရာယ်များတယ်၊ သေချာတာပေါ့၊ သူက အန္တရာယ်များလို့လေ၊ မဟုတ်ရင် ငါကဘာလို့ အဖေ့ဆီမှာ မင်းကိုတောင်းရမှာလဲ” ယဲ့ထျန်းနန်က ထျဲနူ၏ခေါင်းကို ခပ်ပြင်းပြင်းရိုက်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောလာ၏။ “မင်းမသွားရင် ငါ့ကိုဒီအန္တရာယ်ကို ယူစေချင်တာလား။ မင်းက အဖေ့ရဲ့နံပါတ်တစ်အဆင့်မြင့် မဟုတ်ဘူးလား။ မင်းက ခွေးတစ်ကောင်လို ဘာလို့ရှေ့မဆက်ရဲရတာလဲ”

ထျဲနူ၏မျက်လုံးများတွင် ဒေါသရိပ်တစ်ခုဖြတ်ပြေးလာသော်လည်း သူ့မျက်နှာပေါ်တွင် နာကျင်သည့်အမူအရာတစ်ချက်ပေါ်လာကာ သူ့မျက်လုံးထဲရှိ ဒေါသအရိပ်အယောင်များကို ချက်ချင်းရုတ်သိမ်းလိုက်သည်။

“မင်းဝမ်းမနည်းဘူးလား။ ဒီလိုအမှိုက်က မင်းကို ကျွန်တစ်ယောက်လို အမိန့်ပေးနေတာကိုလေ” ချူးယွင်ဖန်းက အေးစက်စက်မေးလိုက်၏။

အမတေမဲ့အဆင့်ထိပ်တန်းသို့ ကျင့်ကြံနိုင်သူများသည် သူရဲကောင်းများနှင့် ပင်ကိုပါရမီထူးသူများဖြစ်ကြသည်။ သို့သော် ထျဲနူသည် ခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံခံရဆဲ။ ဤသည်မှာ ထိပ်တန်းအမတေမဲ့အဆင့်တစ်ယောက်အတွက် အတော်လေးကို အရှက်ရစရာပင်။

ထျဲနူ၏မျက်လုံးများထဲ၌ တွေဝေသွားသည့် အရိပ်အယောင်တစ်ခုပြလာသော်လည်း မကြာမီပြန်အေးစက်သွားကာ “ကျန်းဝူချန်း ဒီထက်ပိုပြီး ဘာမှပြောစရာမရှိတော့ဘူး။ မင်းသာ ဒီနေ့ငါတို့လိမ်လိမ်မာမာမလိုက်ခဲ့ရင် ငါရိုင်းတယ်လို့ အပြစ်မတင်နဲ့” သူက အေးစက်စက်ပြောလာသည်။

ဘုံး...

ထျဲနူက စကားဆုံးသည်နှင့် ယဲ့ထျန်းနန်က သူ့ခေါင်းကို ပြင်းပြင်းထန်ထန်ရိုက်လိုက်ပြန်သည်။ ယဲ့ထျန်းနန်က လက်အစီအရင်တစ်ခုကို ပြုလုပ်လိုက်သဖြင့် ထျဲနူသည် အလွန်ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုကို ခံစားရသကဲ့သို့ မြေကြီးပေါ်တွင် ချက်ချင်းလူးလှိမ့်သွား၏။ နာကျင်မှုသည် သူ့ဝိညာဥ်အတွင်းနက်နက်နှင့် ဆဲလ်တစ်လုံးစီမှ ပေါက်ထွက်လာခဲ့သည်။

ထျဲနူ၏ မူလစွမ်းအားဖြင့်ပင် ယင်းအရာကို သူကြံ့ကြံ့မခံနိုင်တော့။

ယဲ့ထျန်းနန်က ထျဲနူကို ပြင်းပြင်းထန်ထန်ကန်လိုက်သည်။

“ခွေးကောင်၊ မင်းဘာသာ စီရင်ခိုင်းလဲ။ ငါသူ့ခေါင်းကို လိုချင်တာ။ သူ့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်တာ”

မည်သူကမှ ကိစ္စသည် ယင်းသို့ဖြစ်လာမည်ဟု မထင်ထား။ ယဲ့ထျန်းနန်သည် ထျဲနူကို လူတိုင်းရှေ့၌ သင်ခန်းစာစပေးနေတော့သည်။ ကြယ်စင်ကိုးပါး၏သခင်လက်အောက်မှ နံပါတ်တစ်အဆင့်မြင့်ဟုလူသိများသော ထျဲနူသည် ယဲ့ထျန်းနန်၏ ခွေးတစ်ကောင်ကဲ့သို့ ရိုက်နှက်ခြင်းကို ခံနေရ၏။

မြို့တော်ထဲမှ သခင်များအားလုံးသည် ယဲ့ထျန်းနန်ကို ကြည့်နေခဲ့ကြသည်။ သူတို့သည် မည်သည့်ဂိုဏ်းမှလာလာ သူတို့အားလုံး ကိုယ်ချင်းစာစိတ်အနည်းငယ်ခံစားလာရပြီး စိတ်ထိခိုက်သွားခဲ့ကြ၏။ အဆုံးသတ်၌ သူတို့သည် ထျဲနူကဲ့သို့ပင်၊ နှစ်ဦးနှစ်ဘက်စလုံးက ထိပ်တန်းကိုယ်ခံပညာကို လေ့ကျင့်ထားကြပြီး သူတို့၏ကျင့်ကြံရေးအဆင့်များသာ ကွာခြားကြသည်။

ဤကဲ့သို့သောလူမျိုးက ခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံခံနေရ၏။ ခွေးတစ်ကောင်ထက်ပင် ပို၍ဆိုးပေသည်။

ယင်းအခိုက်အတန့်တွင် မြေခွေးသည် ယုန်၏သေဆုံးခြင်းအတွက် ဝမ်းနည်းမိသည်မှာ မုချပင်။

All Chapters