ထျဲနူအားချေမှုန်းခြင်း
Vol. 92 Ch. 1378
ဤအချိန်တွင် ချူးယွင်ဖန်းက သူ၏လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။ သူ၏ပုံရိပ်က မိုးကြိုးရိုက်ချက်တစ်ခုက ဓားအလင်းရောင်တစ်ခုအဖြစ် ပြောင်းလဲလိုက်၏။ သူသည် ယဲ့ထျန်းနန်ရှေ့သို့ ရောက်လာပြီး ဓားအလင်းရောင်မှာ အရာအားလုံးကို ဆုတ်ဖြဲသွားခဲ့သည်။
ဘုန်း....
တစ်ခဏအတွင်းမှာပင် ၎င်းက ဖြတ်တိုက်သွားခဲ့၏။ သို့သော်လည်း ဓားအလင်းရောင်က ယဲ့ထျန်းနန်ကို ရိုက်မိမည့်အချိန်တွင် လှံအသွားတစ်ခုက ပိတ်ဆို့လိုက်သည်။ ဓား၏အလင်းရောင်သည် လေထဲတွင် ပြန့်သွားခဲ့၏။
“မင်းကို သူကဒီလိုဆက်ဆံတာတောင် မင်းက သူ့ကို ကယ်ချင်သေးတယ်ပေါ့” ချူးယွင်ဖန်းက ထျဲနူကို အေးစက်စက်ပြောလိုက်သည်။
“မင်းကိစ္စမဟုတ်ဘူး၊ လျှောက်မပြောနဲ့” ထျဲနူက သူ့ကိုယ်သူဖိအားပေးကာ ထရပ်လိုက်၏။
သူသည် အခုလေးတင်ပဲ ဆိုးဆိုးရွားရွားအနှိပ်စက်ခံထားရသော်လည်း သူသည် ထိပ်တန်းအမတေမဲ့အဆင့်တစ်ယောက်ဖြစ်နေဆဲပင်။ သူသည် တစ်ခဏအတွင်း ပြန်ကောင်းလာခဲ့သည်။
“သွား ထျဲနူ၊ သူ့ကိုသတ်” ယဲ့ထျန်းနန်က အော်ဟစ်လိုက်၏။
သူသည် ချွေးအေးများဖြင့် လွှမ်းမိုးထားခဲ့သည်။ အခုလေးတင်ပဲ သူ့ကို ချူးယွင်ဖန်းက သတ်ခါနီးဖြစ်ခဲ့၏။ သူသည် အဆုံး၌ သူအဘယ့်ကြောင့် ချူးယွင်ဖန်းကို မသတ်နိုင်ခဲ့သည်ကို သိသွားပြီး သူ့ကိုပင် တစ်ဖက်လူက သတ်နိုင်သည်ကိုလည်း သိသွားခဲ့သည်။ သူသည် အမတေမဲ့အဆင့်ဖြစ်သော်လည်း သူနှင့် ချူးယွင်ဖန်းကြားမှ ကွာခြားချက် မည်မျှကြီးကြောင်း ယခုနားလည်လိုက်ရ၏။
အတော်ကြောက်စရာကောင်းသည်။
သူသည် လူတစ်ယောက်က ဤကဲ့သို့ စွမ်းအားအလွန်ကြီးမှန်း ဘယ်တုန်းကမှ မသိခဲ့ပေ။ အတိတ်တွင် ဤကဲ့သို့စွမ်းအားကြီးသောသူများက သူ့ကိုမတိုက်ရဲကြသည်က သူ့အဖေကိုကြောက်သောကြောင့်ပင်။ ရလဒ်အနေနှင့် သူက မောက်မာထောင်လွှားလာခဲ့သည်။
သူ့သရုပ်ကို လုံးဝဂရုမစိုက်သည့် ချူးယွင်ဖန်းနှင့်တွေ့မည်ဟု မည်သူကထင်မည်နည်း။
ဤအချိန်မှာ ထျဲနူကို သင်ခန်းစာပေးရန် ကောင်းသောအချိန်မဟုတ်ပေ။ ထျဲနူကြောင့်သာမဟုတ်ပါက သူသည် ချူးယွင်ဖန်း၏လက်ထဲတွင် နှစ်ခါပြန် သေပြီးလောက်ပြီ။ ထျဲနူကို ယနေ့သူခေါ်လာခြင်းက မှန်ကန်သည့်ရွေးချယ်ချက်ပင်။ ထျဲနူကြောင့်သာမဟုတ်ပါက သူယနေ့ဤနေရာ၌ သေလိမ့်မည်။
ထျဲနူက ဤသည်ကိုကြားသည့်အချိန်တွင် သူ့မျက်လုံးထဲ၌ စူးရှသည့်အလင်းရောင်တစ်ခုဖြတ်ပြေးသွားခဲ့သည်။ တစ်ခဏအတွင်းမှာပင် သူက ချူးယွင်ဖန်းရှေ့ရောက်သွားခဲ့၏။ သူ့လက်ထဲမှ လှံသွားက ဖြိုခွင်းတော့မည့်တောင်ကြီးတစ်ခုကဲ့သို့။ ကြောက်မက်ဖွယ်ရာဖိအားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ၎င်းက ကောင်းကင်တစ်လျှောက် ရှည်လျားသောနဂါးကြီးတစ်ကောင်ကဲ့သို့ လှည့်လည်ရင်း ချူးယွင်ဖန်းဆီ ပြေးဝင်လာခဲ့သည်။
ဘုန်း........
ချူးယွင်ဖန်းက သူ့ဓားကိုမြှောက်ကာ ပိတ်ဆို့လိုက်သော်လည်း အသံတစ်ခုနှင့်အတူ ဓား၏အလင်းသည် လှံသွားနှင့် သွားတိုက်မိ၏။
သူ၏ပထမဆုံးတိုက်ခိုက်မှုသည် ကျရှုံးသွားပြီးနောက် ထျဲနူသည် နောက်တစ်ကြိမ်တိုက်ခိုက်ရန် ပြင်လိုက်သည်၊ သို့သော် အနှီချူးယွင်ဖန်းသည် သူ့ကို ရုတ်တရက်ကြီး တိုက်ခိုက်လာမည်ဟု ထင်မည်နည်း။ သူ့အရှိန်သည် အလွန်တရာ မြန်ဆန်လှသည်။
ချူးယွင်ဖန်း၏စွမ်းအားအကြောင်းနှင့် ပတ်သက်၍ အထူးတလည်ဟူ၍မရှိပေ။ ၎င်းက မြန်ရုံသာဖြစ်၏။ သိပ်သည်းလာသော ဓားစွမ်းအားသည် မကျော်လွှားနိုင်လောက်အောင် ဆိုးရွားလှသည်။
ထျဲနူသည် တိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်းသို့သာ ပြောင်းလဲလာရ၏။
ချွမ်း......
နောက်ထပ်ကျယ်လောင်သော ပေါက်ကွဲခြင်းနှင့်အတူ ချူးယွင်ဖန်း၏ဓားသည် လှံတံကို ရိုက်ချလာခဲ့သည်။
ချွမ်၊ချွမ်၊ချွမ်
ထျဲနူသည် နောက်ဆုံး၌ သူ့ကိုယ်သူမထိန်းခင်ထိ နောက်သို့ ဆုတ်နေခဲ့ရ၏။ သူ့မျက်လုံးများထဲတွင် ထိတ်လန့်နေသောအကြည့်များဖြတ်ပြေးနေခဲ့သည်။ ချူးယွင်ဖန်း၏အရှိန်သည် မြန်ပြီး သူ၏စွမ်းအားသည်လည်း ကြီး၏။ သူသည် သံမဏိသံချပ်ကာဖြင့် ဖုံးကာထားသောကြောင့် သူ့စွမ်းအားမှာ ပင်ကိုအားဖြင့် ထူးကဲသည်။ သို့သော်လည်း ချူးယွင်ဖန်းက သူ့ကို နောက်ဆုတ်သည်အထိ ဖိအားပေးနိုင်ခဲ့၏။
“စိတ်ဝင်စားစရာပဲ၊ နောက်တစ်ကြိမ်” ချူးယွင်ဖန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထျဲနူသည် အနှီတိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားခဲ့သော်လည်း ချူးယွင်ဖန်းက သက်တောင့်သက်သာ စိတ်ကျေနပ်နေဆဲပင်။ သူသည် သူ၏စွမ်းအားအားလုံးကို ထုတ်လွှတ်ခဲ့သော်လည်း သူ၏တိုက်ခိုက်စွမ်းရည်သည် အမတေမဲ့နှောင်းပိုင်းအဆင့်၏ထိပ်တန်းအဆင့်မှ အမတေမဲ့ထိပ်တန်းအဆင့်သို့ တက်နှင့်ပြီးပြီပင်။
ထို့နောက် သူ၏စွမ်းအားများမှာ ဖွံ့ဖြိုးနေဆဲဖြစ်ပြီး အနှီခံစားချက်သည် အလွန်တရာကောင်းမွန်၏။
“ထပ်ပြီး” ချူးယွင်ဖန်း၏ဓားသည် ရိုက်ချလာပြန်သည်။
သူ့လက်ထဲမှ ၃ပေရှည်သောဓားကြီးသည် တောင်တန်းတွဲကြီးများကဲ့သို့ ကျလာခဲ့၏။ ဤသည်မှာ ချူးယွင်ဖန်းရောက်ရှိနေတာ ကြာပြီဖြစ်သည့်အဆင့်ဖြစ်သည်။ လေးလံသောအရာဝတ္ထုများကို ပေါ့ပါးသကဲ့သို့ မနိုင်ပြီး ပေါ့ပါးသောအရာဝတ္ထုများကို လေးလံသကဲ့သို့မနိုင်ခြင်း။ ချူးယွင်ဖန်း၏လက်ထဲမှ အပ်တစ်ချောင်းပင်လျှင် ထိုက်တောင်၏စွမ်းအားကဲ့သို့ပင်။
ဘွန်း........
ရိုက်ချက်က ထျဲနူ၏ လှံသွားဆီ တစ်ကြိမ်ထပ်ကျလာပြန်သည်။
ချွမ်၊ ချွမ်၊ ချွမ်........
ထျဲနူသည် နောက်သို့ နောက်တစ်ကြိမ်ထပ်ဆုတ်ရပြန်၏။ ချူးယွင်ဖန်း၏စွမ်းအားများသည် အလွန်အမင်းတိုးလာသည်ဟု သူကခံစားခဲ့ရသည်။ ဓားချက်တိုင်းက အရင်ထက်ပိုမြန်လာပြီး ပိုအားကောင်းလာခဲ့၏။
“ဟားဟားဟား၊ နောက်တစ်ကြိမ်”
ချူးယွင်ဖန်းက ရယ်ကာ နောက်တစ်ကြိမ်ထပ်ခုတ်လာခဲ့သည်။
ဘမ်း......
ထျဲနူသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်ကို ခံစားလိုက်ရ၏။ ချူးယွင်ဖန်း၏ဓားအဟုန်သည် ထောင်မတ်နေကာ ရက်စက်နေခဲ့သည်။ ယင်းက အစမှအဆုံးကြည့်လျှင် ဓားရိုက်ချက်တစ်ချက်သာဖြစ်၏။ ၎င်းနှင့်ပတ်သက်၍ လစ်ဟာနေသောစကားလုံးများလည်းမရှိသလို ထူးဆန်းခြင်းလည်းမရှိ။ သို့သော်လည်း ၎င်းက ဤကဲ့သို့သော ခုခံရန်အခက်ခဲဆုံးဖြစ်သည့် တည့်မတ်သောဓားချက်တစ်ချက်ဖြစ်သည်။ ပရိယာယ်များလည်းမရှိသောကြောင့် ပရိယာယ်လည်း မဖြစ်နိုင်။
ဓားတစ်ချောင်းသည် ဓားတစ်ချောင်းပင်ဖြစ်ပြီး သူသည် အနှီဓားကို မခုခံနိုင်သောကြောင့် သူ့တွင်ရွေးချယ်စရာမရှိပေ။ ချူးယွင်ဖန်း၏ဓားသွားသည် သူ့ခန္ဓာကိုယ်ကို တိုက်ရိုကက်လှီးဖြတ်တော့မည်။ ဤကဲ့သို့သော အရိုးသားဆုံးတိုက်ပွဲက မည်သည့်ထူးဆန်းသောနည်းလမ်းမဆိုထက် ပြဿနာများသည်။
ထျဲနူသည် မရေမတွက်နိုင်သော စစ်ပွဲများစွာ တိုက်ခဲ့ပြီး သူသည်အမတေမဲ့ထိပ်တန်းအဆင့်များနှင့်ပင် တိုက်ခိုက်ခဲ့ဖူး၏။ သို့သော်လည်း သူသည် ချူးယွင်ဖန်းကဲ့သို့ ပြိုင်ဘက်တစ်ယောက်နှင့် ဘယ်တုန်းကမှ မဆုံဖူးပေ။ သူသည် ချူးယွင်ဖန်း၏ ဖြောင့်မတ်လွန်းသောတိုက်ခိုက်မှုများကို ရိုးရိုးရှင်းရှင်းပင် ကြံ့ကြံ့မခံနိုင်။
သူ့တွင် ပြေးလမ်းလည်းမရှိ။ ယဲ့ထျန်းနန်သည် သူ့နောက်တွင် ရှိနေခဲ့သောကြောင့် သူပြန်တိုက်ရန်သာရွေးချယ်ခဲ့သည်။ ယဲ့ထျန်းနန်သည် အသေးဆုံးသောအမှားကို ပြုလုပ်ခဲ့လျှင်ပင် ကြယ်စင်ကိုးပါးခေါင်းဆောင်၏တိုက်ခိုက်မှုကို သူမကိုင်တွယ်နိုင်ပေ။ ၎င်းသည် သေခြင်းထက်ပိုဆိုးပေမည်။
သို့သော်လည်း သူ့ကိုထိတ်အလန့်ဆုံးက ချူးယွင်ဖန်း၏အဆက်မပြတ်တိုးပွားနေသော စွမ်းအားပင်။ အခြားလူများက ယင်းကို သေချာစွာ မခံစားနိုင်လောက်သော်လည်း သူသည် ချူးယွင်ဖန်းနှင့်တိုက်ခိုက်မိတိုင်း အရှင်းလင်းဆုံးခံစားရပေသည်။ အယ်ကြောင့်ဆိုသော် ချူးယွင်ဖန်း၏ တိုးပွားနေသောစွမ်းအားများကို သူအဆက်မပြတ်တောင့်ခံနေရသောကြောင့်ပင်။
သူ့ကိုပိုပြီး မသက်မသာဖြစ်စေသည်က ချူးယွင်ဖန်းသည် သူ့စွမ်းအားအကန့်အသတ်ကို စမ်းသပ်ရန် သူ့ကို စမ်းသပ်ကျောက်တုံးအဖြစ် အသုံးချနေသောကြောင့်ဖြစ်သည်။ သို့သော်လည်း သူသည် ခုခံရန်ကလွဲ ရွေးချယ်စရာမရှိပေ။
ယွင်ရှန်းမှအဆင့်မြင့်များသည် အံ့သြကုန်ကြသည်။ ဘာတွေဖြစ်ကုန်တာလဲ?
ကျော်ကြားသော အမတေမဲ့အဆင့်ကျွမ်းကျင်သူ၊ ကြယ်စင်ကိုးပါးသခင်ကြီး၏လက်အောက်က နံပါတ်တစ်အဆင့်မြင့်သည် တစ်စုံတစ်ယောက်၏ဖိနှိပ်ခြင်းကို ခံနေရသည်။
အနှီကျန်းဝူချန်းသည် မည်သူများနည်း။
“ဘုရားရေ....ကျန်းဝူချန်းက အရမ်းကြောက်စရာကောင်းတာပဲ။ ငါတော့ ယဲ့ထျန်းနန်က ပဆုပ်ပနီကောင်ရဲ့အသိုက်ကို ကန်မိမှာပဲ ကြောက်တယ်”
“အရင်တုန်းက သူ့ကို သူ့အဖေကြောင့် ဘယ်သူကမှမထိရဲခဲ့ဘူး။ အခု သူ့အဖေကိုပါ အထင်သေးရဲတဲ့သူတစ်ယောက် နောက်ဆုံးတော့ပေါ်လာခဲ့ပြီ”
“သူက အနှေးနဲ့အမြန် သေလောက်အောင်ရိုက်ခံရတော့မှာပဲ။ ကျန်းဝူချန်းဒီမှာမရှိရင်တောင် တခြားသူတွေရှိသေးတာပဲ”
“ဒါပေမဲ့ ဒီကျန်းဝူချန်းက ဘယ်ကနေထွက်လာတာလဲ။ အပြင်လောကမှာ ဒီလိုကြောက်စရာကောင်းတဲ့အဆင့်မြင့်တစ်ယောက် ရှိသေးတာလား”
လူအုပ်ကြီးမှာ ဖိနှိပ်ခံထားရပြီး အရိုက်ခံနေရသော ထျဲနူကိုကြည့်၍ အုတ်အုတ်ကျက်ကျက်ဆွေးနွေးကုန်ကြသည်။ ယွင်ရှန်း၏အဆင့်မြင့်များသည် ပွဲကြည့်ရန်ဆန္ဒရှိကြပါက ယဲ့ထျန်းနန်၏အမူအရာသည် အလုံးစုံမည်းမှောင်လာခဲ့၏။
ထျဲနူသည် နောက်သို့တစ်လှမ်းပြီးတစ်လှမ်း ဖိအားပေးဆုတ်ခံနေရသည်။ သူသည် မောက်မာထောင်လွှားသောစရိုက်ဖြင့် လာခဲ့သော်လည်း ပွဲတွင်နောက်ပြန်ဆုတ်ရန် ဖိအားပေးခံနေရ၏။
“အမှိုက်၊ မင်းက နံပါတ်၁အမှိုက်ပဲ၊ မင်းကအဖေ့ရဲ့ နံပါတ်၁အဆင့်မြင့်မဟုတ်ဘူးလား။ မင်းက ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ” ယဲ့ထျန်းနန်က အော်ဆဲလိုက်သည်။
သို့သော်ညလ်း သူ့ရှေ့တွင်ကာထားသောထျဲနူက ယင်းအကြောင်းတွေးရန်ပင် စိတ်မလာ။ သူသည် အစပိုင်းတွင် သက်တောင့်သက်သာဖြစ်ခဲ့သော်လည်း ချူးယွင်ဖန်း၏စွမ်းအားများ တိုးပွားလာသည်နှင့်အမျှ သူသည် အသက်ရှူကြပ်သောခံစားချက်တစ်ရပ်ကို ခံစားလိုက်ရသည်။
ယင်းက တစ်ယောက်ယောက်က သူ့လည်ပင်းကို ညှစ်သတ်နေသည့်အလား။