← Chapters

ခွန်အားသိသိသာသာတိုးလာခြင်း

Vol. 92 Ch. 1379

ခွန်အားသိသိသာသာတိုးလာခြင်း

Vol. 92 Ch. 1379

အနှီလေကာတိုက်ခိုက်မှုသည် ထျဲနူကို အသက်မရှုနိုင်အောင် ပြုလုပ်လာ၏။ သူ့လက်များပင် တဖြည်းဖြည်းထုံထိုင်းလာခဲ့သည်။ သူသည် သူ၏လှံကို လက်နှစ်ဖက်စလုံးဖြင့်ကိုင်ထားသော်လည်း သူ့ကို ချူးယွင်ဖန်း၏လက်တစ်ဖက်တည်းဖြင့် ကိုင်ထားသောဓားက သူ့ကို ဖိနှိပ်နေခဲ့၏။

ချူးယွင်ဖန်း၏ သာမန်ကာလျှံကာဓားချက်များ၏အလျင်ကို ခုခံရင်း သူပါလွင့်ထွက်တော့မည်။

ပိုပြီးကြောက်စရာကောင်းသည်က ချူးယွင်ဖန်းသည် သူ့ဓားကိုသူနားလည်လာလေလေ သူ၏စွမ်းအားသည် တိုးတက်လာလေလေဆိုသည်ကို သူခံစားလာရသည်။ ချူးယွင်ဖန်းများ၏ ဓားကိုနားလည်ခြင်းသည် အစပိုင်းတွင် မည်သည်မျှမဟုတ်သော်လည်း သူသည်အခြားသူများကို သူ၏အရှိန်နှင့်စွမ်းအားတို့ဖြင့် အနိုင်ကျင့်ရုံသာ။

ယခုတွင်မူ ချူးယွင်ဖန်း၏ဓားထိပ်သည် ဓားအဟုန်သည် ပြန်ပြင်းလာပြန်သည်။

ဤသည်မှာ ကြောက်စရာအကောင်းဆုံးသောအရာဖြစ်၏။

ထျဲနူသည် ယခင်စစ်ပွဲများအတွင်း ထိုးဖောက်နိုင်သောသူများကို မြင်ခဲ့ဖူးသည်။ အဆုံးသတ်၌ လူအတော်များများရှိနေပြီး ဤကဲ့သို့ပင်ကိုပါရမီပါသည့်သူများလည်း အမြဲရှိပေ၏။ ဤသည်မှာ ကိစ္စကြီးမဟုတ်သော်လည်း တိုက်ပွဲအတွင်းရှိ ချူးယွင်ဖန်း၏အံ့သြဖွယ်ရာ တိုးတက်မှုများက ပြိုင်ဘက်ကင်းလှသည်။

ဓားသိုင်းတွင်အဆင့်မြင့်တစ်ယောက်ဖြစ်ပုံရသော ချူးယွင်ဖန်းသည်ပင် ယင်းနှင့်ပတ်သက်ပြီး အင်မတန်ရင်းနှီးကျွမ်းဝင်မှုမရှိသည်ကို သူက ထူးဆန်းစွာ တွေ့ရှိခဲ့၏။ သို့သော်လည်း သူသည် ယင်းအကြောင်းကို ထပ်ပြီးတွေးရန် အချိန်မရှိပေ။

ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် ပြိုင်ဘက်ကင်းပြီးသားပင်။

သူမသိသည်က ချူးယွင်ဖန်း၏စိတ်ထဲတွင် အနန္တအင်ပါယာစစ်ပွဲစာအုပ်ထဲရှိ ဓားသိုင်းမှတ်တမ်းများသည် အဆက်မပြတ်ပေါ်နေခြင်းပင်။

အနန္တအင်ပါယာစစ်ပွဲစာအုပ်သည် အဂ္ဂိရတ်ဧကရာဇ်က သူ့ဘဝတစ်လျှောက်လုံး စုဆောင်းခဲ့သော သိုင်းကျမ်းတစ်ခုနှင့် သက်ဆိုင်ရာမှတ်တမ်းများဖြစ်သည်။ ၎င်းက အစွမ်းထက်သော သိုင်းပညာမြောက်မြားစွာကို မှတ်တမ်းထား၏။

ယင်းစာအုပ်ထဲတွင် ဓားသိုင်းမှတ်တမ်းများအများအပြားရှိကြပြီး သူတို့ထဲတွင် ဒဏ္ဍာရီဓားဘုရင်၏ အခြေခံဓားသိုင်းများပင် ပါရှိကာ ယင်းတို့က ဓားသိုင်းအားလုံး၏မူရင်းဖြစ်သည်ဟု ဆိုကြသည်။

ချူးယွင်ဖန်းသည် အရင်က ဓားသိုင်းအချို့ကိုလေ့လာခဲ့သော်လည်း ၎င်းတို့က အများဆုံးမှ ဓားသိုင်းအချို့သာဖြစ်၏။ ဓားသိုင်းအစစ်အမှန်ဟု မဆိုနိုင်။ အများဆုံးမှ သူတို့သည် ရိုးရိုးရှင်းရှင်းသိုင်းပညာများပင်။

ချူးယွင်ဖန်းအတွက် ဓားသိုင်းနည်းစနစ်များသည် ကိရိယာများသာသာပင်။ သူ၏ထိပ်တန်းစွမ်းအားကို ထုတ်လွှတ်ရန် ဓားသိုင်းပညာများကို ကြားခံနယ်တစ်ခုအဖြစ် သူအသုံးပြုနိုင်၏။ သို့သော်လည်း ယခုလက်ရှိ တိုက်ပွဲအလယ်၌ သူသည် အခြေခံဓားသိုင်းများကို သဘောပေါက်နားလည်ရန် စတင်လိုက်သည်။

ဓားသိုင်းအခြေခံများသည် ဓားသိုင်းအားလုံး၏မူရင်းကို မှတ်တမ်းတင်ထားခဲ့၏။ အချို့သောသာမန်သိုင်းကွက်များသည် ဓားသိုင်းတစ်ခုလုံး၏ အခြေခံပင်။

သိုင်းကွက်တိုင်းတွင် ထောင်ပေါင်းများစွာသော ပုံစံများရှိပြီး ဤသည်မှာ အရာအားလုံး၏အစဖြစ်သည်။

လူတစ်ယောက်က အခြေခံဓားသိုင်းကို လေ့လာခဲ့ပါက အနှီလူ၏နားလည်သဘောပေါက်နိုင်စွမ်းသည် ပိုနက်နဲလေလေ ဓားသိုင်း၏အနှစ်သာရကို အချိန်တိုတိုအတွင်း ပိုသင်ယူနိုင်လေလေဖြစ်၏။ ယင်းဓားသိုင်းက မည်သည့်သိုင်းပညာမျိုးပင်ဖြစ်ပါစေ အနှစ်ချုပ်လိုက်သည့်အခါ ယင်းသည် ဓားသိုင်း၏မူရင်းမှ ပြောင်းလဲထားခြင်းပင်။

အခြေခံဓားသိုင်းပညာသည် ကျယ်ပြောပြီး နက်နဲလှသည်။ ဓားသိုင်းသမားတစ်ယောက်ပင် သူ့ဘဝတစ်လျှောက်လုံး လေ့လာပင်လျှင် ကျွမ်းကျင်မည်မဟုတ်။

သာမန်ဓားသိုင်းအခြေခံမှ ဓားသိုင်းအဆင့်များအထိသည် နည်းပညာမှ ဘဝတစ်လျှောက်လုံးအသုံးပြုရမည့် အရည်အချင်းနှင့်ဆိုင်သည့် ပြောင်းလဲမှုတစ်ခုဖြစ်သည်။ ဓားသိုင်းအခြေခံမှနည်းပညာအထိသည် အလွန်မြင့်မားသည့်နယ်ပယ်တစ်ခုဖြစ်သော သဘောပေါက်နားလည်ခြင်းမှ မွေးဖွားလာသောပညာရပ်တစ်ခုဖြစ်၏။

သာမန်လူများသည် အခွင့်အခါရှိလာပါက ဘဝတစ်လျှောက်လုံး လေ့လာရန်လိုအပ်ပေမည်။ သို့သော်လည်း ချူးယွင်ဖန်းတွင် ဗျူဟာကျသောအနေအထားတစ်ခုရှိပြီး အခြေခံဓားသိုင်းမှစခဲ့သူဖြစ်သည်။ သူသည် အခြေခံဓားသိုင်း၏ အနှစ်ချုပ်မှ စတင်ခဲ့၏။ ဤသည်မှာ လူအတော်များများ သူတို့ဘဝတစ်လျှောက်လုံး မရရှိခဲ့သော အခွင့်အရေးဖြစ်သည်။

သူ့စိတ်ထဲရှိ ဗုဒ္ဓဦးခေါင်းသည် အဆက်မပြတ်လင်းလက်နေခဲ့ပြီး ချူးယွင်ဖန်းကိုယ်တိုင်က နားလည်ရခက်သည့် နားလည်သဘောပေါက်နိုင်စွမ်းအဆင့်သို့ ဝင်ရောက်ခဲ့ပုံပေါ်၏။ ၎င်းက လျှပ်တစ်ပြက်ဖြစ်ရပ်တစ်ခုအလား။ သူသည် အလုံးစုံတည်ငြိမ်နေပြီး ဓားသိုင်းကိုလည်း အလုံးစုံနားလည်သဘောပေါက်နေခဲ့ပြီဖြစ်သည်။ သူ၏ဓားသိုင်းကို နားလည်သဘောပေါက်နိုင်စွမ်းသည် တစ်စတစ်စတိုးတက်လာခဲ့၏။

ဤသည်မှာ ထျဲနူသည် အဘယ်ကြောင့် ချူးယွင်ဖန်း၏နားလည်သဘောပေါက်နိုင်နှုန်းသည် တဖြည်းဖြည်းပိုပိုအားကောင်းလာကြောင်း ခံစားရသည့်အကြောင်းပင်။ သူ၏ဓားသိုင်းကျင့်ကြံရေးမှာ အစပိုင်းတွင် ရင်းနှီးကျွမ်းဝင်မှုမရှိသောပုံစံမှ တဖြည်းဖြည်း ကျွမ်းကျင်လာသည့်ပုံစံဖြစ်နေသည်။

ပိုကြောက်မက်ဖွယ်ကောင်းသည်က ချူးယွင်ဖန်းသည် ဓားသိုင်းပညာကိုစတင်လေ့လာခဲ့ပြီး ပိုပိုကြောက်စရာကောင်းလာကြောင်း ထျဲနူတွေ့ရှိသွားခြင်းပင်။ သူ့သိုင်းကွက်များသည် အရင်ကကဲ့သို့ မြန်ဆန်တိကျပြီးသနားညှာတာမှုမရှိတော့ဘဲ မခန့်မှန်းနိုင်လောက်အောင် စတင်ပြောင်းလဲလာခဲ့သည်။

အချို့သောဓားသိုင်းကွက်များသည် မိုးကြိုးပစ်သကဲ့သို့ မြန်ဆန်လာပြီး အချို့မှာ ထိုက်‌တောင်ကဲ့သို့ လေးပင်လာကာ တစ်ချို့မှာ လေပြေလေညင်းကဲ့သို့ နူးညံ့သိမ်မွေ့၏။ လူသတ်ချင်သည့်အရိပ်အယောင်ကို ဖုံးကွယ်ထားခြင်း၊ မြန်မြန် သို့မဟုတ် နှေးနှေး၊ ပေါ့ပါးသွက်လက် သို့မဟုတ် လေးလံထိုင်းမှိုင်း စသည့်အရာအားလုံးသည် နှလုံးသားပေါ်တွင် မူတည်သည်။

သူသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာကျော်က ဓားသိုင်းကျင့်ကြံမှုတွင် နစ်မြုပ်ခဲ့သော ဓားသိုင်းကျင့်ကြံသူတစ်ယောက်နှင့် တူခဲ့၏။ သိုင်းကွက်များအားလုံးသည် သူ့နှလုံးသားထဲမှလာပြီး ယင်းတို့အားလုံးကို သူငြီးငွေ့ပုံမရ။

အချိန်များ ပိုကုန်လွန်သွားလေလေ ယင်းပုံစံပိုဖြစ်လာလေလေဖြစ်၏။ ဤကဲ့သို့ ထူးဆန်းသောချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသဖြင့် ထျဲနူသည် ခုခံရန် ပိုပိုခက်လာသည်ဟု ခံစားခဲ့ရသည်။

အဆုံး၌ အတိုင်းအတာမသိနိုင်သော အချိန်တစ်ခုပြီးသည့်နောက် ချူးယွင်ဖန်းသည် သူ၏သွေးရူးသွေးတန်း နားလည်သဘောပေါက်မှုမှ နိုးထလာခဲ့၏။ တောတောင်မြစ်ချောင်းပန်းချီကားထဲရှိ ဝိညာဥ်ကျောက်တုံးများမှာ အစွမ်းကုန်သွားခဲ့သည်။ ဤသည်ကြောင့်သာမဟုတ်ပါက ချူးယွင်ဖန်း၏ရိုးတွင်းခြင်ဆီများတစ်လျှောက် ဗုဒ္ဓဦးခေါင်းသည် ဆက်လက်စီးဆင်းနေလောက်၏။

ချူးယွင်ဖန်းအတွက်မူ ဗုဒ္ဓဦးခေါင်းသည် အဆင့်မြင့်လွန်းနေပြီး လိုက်မမီလွန်းဖြစ်နေဆဲပင်။ သူ၎င်းကို အသုံးပြုပြီး ဉာဏ်အလင်းရသည့်အဆင့်သို့ ဝင်ရောက်သည့်အချိန်တိုင်း တန်ကြေးတစ်ခုကို သူပေးရသည်။

ဉာဏ်အလင်းရသည့်အဆင့်မှ နိုးထလာသော ချူးယွင်ဖန်းက သူ၏ဓားကိုနားလည်ခြင်းသည် မကြုံစဖူးအဆင့်တစ်ခုအထိ ရောက်သွားခြင်းကို ရုတ်တရက်ခံစားလိုက်ရ၏။ အတိတ်တွင် သူ၏အနက်ရှိုင်းဆုံးသော ဉာဏ်အလင်းရပြီးသဘောပေါက်နားလည်ခြင်းသည် ထိပ်တန်းနည်းလမ်းများဖြစ်ခဲ့သော်လည်း ယခုတွင်မူ သူသည် ဓားသိုင်းပညာကို အခြေခံကစ နက်နက်ရှိုင်းရှိုင်းနားလည်နိုင်ပြီဟု ဆိုနိုင်သည်။

သူ့တွင် အခြေခံဓားသိုင်းကျမ်းများရှိနေသရွေ့ သူ့အတွက် မည်သည့်သိုင်းပညာကိုမဆို သိုမှီးပြီးလေ့လာခြင်းမှာ ပို၍လွယ်ကူသွားမည်ဖြစ်၏။ မည်သည့်ဓားသိုင်းမှ အခြေခံဓားသိုင်းကျမ်း၏နယ်ပယ်မှ မလွတ်မြောက်နိုင်။ သူသည် ဓားသိုင်းများအားလုံးကို လွယ်ကူစွာသင်ယူနိုင်ပြီး ပြစ်ချက်များ ရှာဖွေနိုင်ပေသည်။

တစ်ဖက်တွင် ထျဲနူသည် စိတ်သက်သာရသွားသည့် သက်ပြင်းတစ်ခုကို ချလိုက်၏။ သူ့လက်များသည် တုန်ယင်နေပြီး သူ့လက်မနှင့်လက်ညှို့အကြားရှိ အရေပြားသည် သွေးများအပြင်သို့စီးကျကာ အလုံးစုံအက်ကွဲနေခဲ့သည်။ သူသည် ဤအခြေအနေအထိ ဖိအားပေးခံရမည်ဟု မမျှော်လင့်ထားပေ။

“မင်းနောက်ဆုံးတော့ မင်းရဲ့ဉာဏ်အလင်းရတဲ့အဆင့်ကနေ ထွက်လာပြီပေါ့”

ချူးယွင်ဖန်း၏သိုင်းပညာသည် အတော်လေးကြောက်မက်ဖွယ်ကောင်းသည်။ ထျဲနူသည် ချူးယွင်ဖန်းဉာဏ်အလင်းရနေသည့်အချိန်တွင် သတ်ပစ်ချင်ခဲ့သော်လည်း ချူးယွင်ဖန်းသည် ဉာဏ်အလင်းရသည့်အဆင့်အောက်၌ ကြောက်စရာကောင်းလောက်အောင် တိကျပြီးအေးစက်သည့် စက်ရုပ်တစ်ရုပ်နှင့်တူလာမည်ဟု မည်သူကသိမည်နည်း။

“မင်းကောင်းကောင်း တိုက်ခဲ့တာပဲ” ချူးယွင်ဖန်းက ထျဲနူကို ကြည့်ရင်း ပြောလိုက်သည်။

သာမန်လူတစ်ယောက်သာဖြစ်ပါက သူတို့သည် ချူးယွင်ဖန်း ဉာဏ်အလင်းရနေသည့်အဆင့်၌ သူ့ကိုသတ်ကြလောက်မည်။ ထို့နောက် သူ၏ဉာဏ်အလင်းသည် စောစောပျောက်ကွယ်သွားပေမည်။

“အပြန်အလှန်အနေနဲ့ ငါမင်းကို ဒီနာကျင်မှုကနေ သက်သာအောင်ကူညီပေးမယ်”

သူစကားဆုံးဆုံးချင်း ချူးယွင်ဖန်းက သူ၏တိုက်ကွက်ကို စလိုက်သည်။ သူ့လက်ထဲမှဓားရှည်သည် မြစ်ရှည်တစ်စင်းကို ခုတ်ပိုင်းလိုက်၏။ ၎င်းမှာ အနန္တအင်ပါယာစစ်ပွဲစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော အမတေဓားသိုင်းပင်။

“မြစ်နေဝင်ချိန်ရိုက်ချက်”

ချူးယွင်ဖန်း၏ဓားအလင်းရောင်သည် အဆုံးမဲ့စီးဆင်းနေသော မြစ်အရှည်ကြီးတစ်ခုနှင့် တူပေ၏။ ချူးယွင်ဖန်းသည် သာမန်သိုင်းကွက်များကို သုံးသောအချိန်၌ အလွန်ကြောက်စရာကောင်းပြီးသားဖြစ်သည်။ယခုအခါတွင် အမတေအဆင့်၏ထိပ်တန်းဟုယူဆရသော ဤဓားသိုင်းကို သူအသုံးပြုလိုက်သည့်အခါ သူ၏စွမ်းအားတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာအဆင့်တစ်ခုအထိ တိုးပွားလာခဲ့၏။

ထျဲနူသည် အော်ဟစ်ကာ တိုက်ခိုက်မှုကို သူ၏လှံတံဖျားဖြင့် နောက်တစ်ကြိမ် ပိတ်ဆို့ရန်ကြိုးစားလိုက်သည်။ သို့သော်လည်း သူဓားအလင်းရောင်ကို ထိတွေ့လိုက်သည့်အခိုက်အတန့်တွင် သူ့လက်နက်သည် လွင့်ထွက်သွား၏။ လူတိုင်းက မြစ်ထဲရှိနေဝင်ချိန်နှင့်တူသော ပုံရိပ်ယောင်သည် ထျဲနူ၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်ခြင်းကိုသာမြင်ကြပုံရသည်။

ဘန်း......

ထျဲနူသည် လွင့်ထွက်သွားခဲ့၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာသည် ကျယ်လောင်သောအသံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့၏။ သူ၏ကြွက်သားများသည် စုတ်ပြဲသွားပြီး သူ့ကိုသွေးများဖြင့် ဖုံးလွှမ်းထားခဲ့သည်။

All Chapters