အမြစ်ပြတ်ချေမှုန်းခြင်း
Vol. 92 Ch. 1380
ထျဲနူသည် လွင့်ထွက်သွားပြီး သူ့သံချပ်ကာသည် အပိုင်းပိုင်းဖြစ်သွားကာ သူ၏ရုပ်သွင်အမှန် ထွက်လာခဲ့၏။ သူသည် ကြွက်သားအပြည့်နှင့် လူတစ်ယောက်ဖြစ်သည်။
သူ့မျက်နှာသည် ကြောက်ရွံ့ထိတ်လန့်ပုံပေါ်နေ၏။ ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် အရင်ကထက် ပိုကြောက်စရာကောင်းလာသည်။ သူသည် ချူးယွင်ဖန်း၏ နဂိုတိုက်ခိုက်မှုကို အနည်းငယ်ပိတ်ဆို့နိုင်ခဲ့ပါက ချူးယွင်ဖန်း၏ရိုးရိုးတိုက်ကွက်မှုသည် သူ့ကို အရှုံးမပေးချင်အောင်ခံစားရလိမ့်မည်။
ထို့နောက် ဤသည်မှာ ဉာဏ်အလင်းရပြီးနောက် ချူးယွင်ဖန်း၏စွမ်းအားပင်။
ချူးယွင်ဖန်းသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူဓားသိုင်းကို အပြည့်အဝနားလည်မှုမရှိစဥ်က သူ့စွမ်းအားသည် သာမန်အမတေမဲ့အဆင့်တစ်ယောက်ထက် အနည်းငယ်မျှသာ ပို၏၊ ယခုတွင်မူ၊ သူသည် သူတို့ကို အပြည့်အဝဖိနှိပ်နိုင်ပြီဖြစ်သည်။ သူ၏စွမ်းအားသည် အလုံးစုံထုတ်လုပ်နိုင်ပြီဖြစ်၏။ ဤတိုက်ပွဲ၏လှုံ့ဆော်မှုကြောင့် သူသည် အလွန့်အလွန်ကျယ်ပြန့်သော ဆင့်ကဲပြောင်းလဲခြင်းကို ပြီးမြောက်သွားလေသည်။
သူ၏အခြေခံသည် ခိုင်မာ၏။ သူသည် ဒဏ္ဍာရီလာအမတေမဲ့အဆင့်သို့ ခြေချရန် တစ်လှမ်းသာကျန်တော့သည်။ သာမန်ထိပ်တန်းအမတေမဲ့အဆင့်သည် သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။
“မင်းကငါ့ကို ဓားသွေးကျောက်လို သဘောထားနေတာပဲ” ထျဲနူက တစ်လုံးချင်းပြောလာခဲ့၏။
“ဒါပေါ့။ သာမန်လူတွေက ငါ့ဓားသွေးကျောက်ဖြစ်ဖို့ အရည်အချင်းမရှိဘူး။ ဥပမာ မင်းနောက်က ယဲ့ထျန်းနန်လိုကောင်ပေါ့” ချူးယွင်ဖန်းက သရော်လိုက်ပြီး “မင်းငါ့ကို သတ်ချင်တယ်လို့ မပြောခဲ့ဘူးလား။ မင်းကငါ့ဝိညာဥ်ကို ဆွဲထုတ်ချင်တာ မဟုတ်ဘူးလား။ မင်းကဘာလို့ ငကြောက်လို သူများနောက်ရပ်နေရတာတုန်း”
ယဲ့ထျန်းနန်၏မျက်နှာသည် ပြာကျမတတ်ဖြစ်နေသော်လည်း သူသည်ရှေ့သို့မထွက်ရဲပေ။ ဤလူသည် အတော်ကြောက်မယ်ဖွယ်ရာကောင်းမှန်း သူကောင်းကောင်းသိ၏။ ထျဲနူ၏အကူအညီဖြင့်ပင် သူသည် ဖျက်ဆီးနိုင်သည့်အာရုံတစ်ခုကို ခံစားနေရဆဲပင်။ သူသည် ထျဲနူ၏အကာအကွယ်အောက်မှ မထွက်ရဲ။
သူစီးလာခဲ့သောဇိမ်ခံလှည်းသည် အလုံးစုံပျက်ဆီးသွားကာ သူ၏အစေခံများသည်လည်း ချူးယွင်ဖန်း၏ဓားချက်အောက်၌ သေသွားခဲ့ပြီ။ ထျဲနူသည် သူ့ကိုသာမက အရာအားလုံးကိုပါ မကာကွယ်နိုင်တော့။
“ချီး..မင်း...ကျန်းဝူချန်း၊ မင်းတော့သေပြီ၊ မင်းသေချာပေါက် သေမှာ၊ သူ့ကိုတားကြစမ်း၊ ငါသူ့ကိုအသေလိုချင်တယ်၊ ငါငါ့အဖေကို အကြောင်းကြားပြီးသွားပြီ။ သူသူ့ကိုလာသတ်ဖို့ မကြာတော့ဘူး”
ယဲ့ထျန်းနန်၏စကားလုံးများသည် ယွင်ရှန်းတစ်ခုလုံးတွင် အုတ်အုတ်ကျက်ကျက်တစ်ခုကို ချက်ချင်းဖြစ်သွားစေ၏။ ယနေ့တွင် သူတို့သည် ကြယ်စင်ကိုးပါး၏ အဆင့်မြင့်သခင်ကြီးလက်အောက်မှ စွမ်းအားအကြီးဆုံးသောအဆင့်မြင့်ကို တွေ့မြင်ခဲ့ရုံသာမက သူတို့သည် အနှီအဆင့်မြင့်သခင်ကြီးကိုယ်တိုင်ကိုပင် တွေ့မြင်ရဦးမည်။
ကြယ်စင်ကိုးပါး၏သခင်ကြီးသည် အမတေမဲ့အဆင့်ကို ကျော်လွန်ခဲ့ပြီးဖြစ်သည့် အဆင့်မြင့်တစ်ယောက်ဖြစ်ကြောင်းဆိုကြသည်။ ဤသည်ကိုတွေးမိသည်နှင့် လူအတော်များများသည် စိတ်လှုပ်ရှားလာကြ၏။
သို့သော်လည်း ထျဲနူ၏အမူအရာသည် ပြောင်းလဲသွားကာ ခါးသက်သက်ရယ်လိုက်သည်။ ဘယ်လောက်တောင် အလိုက်တဲ့ အသင်းဖော်လဲ။ ဤသည်မှာ အလွန်တုံးသည့်အသင်းဖော်ပင်။ ယဲ့ထျန်းနန်မှာ သူတို့ကို သတင်းများကိုပင် ဖော်ထုတ်ပြလိုက်သည်။ ချူးယွင်ဖန်းက ကြယ်စင်ကိုးပါး၏သခင်ကြီးကို ကြောက်ရွံ့သည်ဆိုလျှင်ပင် သူတို့ကိုချမ်းသာပေးမည့်အစား သတ်ပစ်ခြင်းက ပိုမြန်ပေမည်။
မျှော်လင့်ထားသည့်အတိုင်း ချူးယွင်ဖန်း၏အမူအရာသည် အေးစက်ခြင်းကို ပြောင်းလဲသွားပြီး ပြောလိုက်သည်။ “အဲလိုဆိုမှတော့ ငါမင်းတို့နဲ့ ဆက်မကစားပေးတော့ဘူး”
“ငါ့ရဲ့နောက်ထပ်တိုက်ကွက်ကို ယူလိုက်၊ မြစ်နေဝင်ချိန်” ချူးယွင်ဖန်းက အော်ဟစ်လိုက်၏။
ယင်းအခိုက်အတန့်၌ သူသည် ကြယ်စင်ကိုးပါး၏သခင်ကို တိုက်ရိုက်မတိုက်ခိုက်ချင်။ သူသည် စွမ်းအင်စုဆေးလုံးကို သန့်စင်ပြီး အမတေမဲ့အဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးနောက် သူရန်သွားစမည့်သူက ကြယ်စင်ကိုးပါး၏သခင်ကြီးပင်ဖြစ်သည်။
ချူးယွင်ဖန်း၏လက်ထဲကဓားမှာ ကောင်းကင်တစ်ခုလုံးကို ဆုတ်ဖြဲလိုက်၏။ ကောင်းကင်သည် နောက်တစ်ကြိမ် မြစ်ရှည်ကြီးတစ်စင်းနှင့် နေဝင်ချိန်မြင်ကွင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ပုံရိပ်ယောင်သည် ထျဲနူပေါ်သို့ ဖိနှိပ်လိုက်၏။
ဘန်း......
ထျဲနူသည် ခုခံရန် စွမ်းအားမရှိတော့။ သူသည် ဓားအလင်းရောင်ရိုက်ချလာသည်ကိုသာ ကြည့်ရန်တတ်နိုင်ခဲ့သည်။
“အား” ထျဲနူက သနားစရာကောင်းသောအော်ဟစ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး သွေးတစ်ပွက်အန်ချခဲ့၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် လေထုအလယ်၌ ပေါက်ကွဲသွားခဲ့သည်။ သူသည် အမတေမဲ့အဆင့်၏ထိပ်တန်း၌ ရောက်နေခဲ့သော်လည်း ချူးယွင်ဖန်း၏ဓားချက်ကို ကြံ့ကြံ့ခံနိုင်ခြင်းမရှိခဲ့။
သို့သော်လည်း သူမသေခင် သူ့မျက်လုံးသည် စိတ်သက်သာရသွားကြောင်း ပြသခဲ့သည်။ သူသည် ကြယ်စင်ကိုးပါးသခင်ကြီး၏ ထိန်းချုပ်ခံထားရခြင်းကြောင့် သူ့ကိုယ်သူသတ်သေခြင်းပင် မပြုလုပ်နိုင်ခဲ့ပေ။ သူသတ်သေချင်စိတ် တစ်ကြိမ်တွေးမိသည်နှင့် သူ့ဝိညာဥ်သည် ပြင်းထန်သောရိုက်ချက်များကိုခံစားရပြီး ရုတ်ခြည်းနာကျင်လာရသည်။ ဤကဲ့သို့အခြေအနေအောက်တွင် သူ့၌ ကြယ်စင်ကိုးပါးသခင်ကြီးအတွက် တိုက်ခိုက်ပေးရန်ကလွဲ ရွေးချယ်စရာမရှိခဲ့။
သို့ရာတွင် ယခုတွင်မူ ချူးယွင်ဖန်း၏လက်ထဲ၌ သေရခြင်းက စိတ်သက်သာရာတစ်ခုပင်ဖြစ်သည်။
ချူးယွင်ဖန်းသည် ဤသည်ကိုမြင်သည်နှင့် သူ့တိုက်ကွက်ကို စတင်ရန် ဆုံးဖြတ်လိုက်၏။
ထျဲနူသေသွားသည့်အချိန်တွင် သူ့နောက်တွင်ရပ်နေခဲ့သောယဲ့ထျန်းနန်သည် သူ့မိဘပျောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အသိစိတ်လွတ်သည်အထိ ကြောက်လန့်သွားခဲ့၏။ သူ့ကို သေချာပေါက်ကာကွယ်နိုင်မည်ထင်ထားသော ထျဲနူပင် သူ့ရှေ့က သူ့ကိုကာရင်း အမှန်တကယ်ပင် သေသွားခဲ့သည်။
သူသည် ယင်းအကြောင်းတွေးရင်း တဆတ်ဆတ်တုန်လာခဲ့၏။
ရုတ်ခြည်းဆိုသလိုပင် သူက လှည့်ပြေးကာ လေထဲမှစက္ကူလိပ်တစ်ခုကို ဆွဲယူလိုက်ပြီး ဆုတ်ဖြဲလိုက်သည်။ ထို့နောက် သူ့ရှေ့တွင် နေရာရွှေ့ပြောင်းသည့်အစီအရင်တစ်ခု ပေါ်လာခဲ့၏။ ဤသည်မှာ စာလိပ်ထဲရှိ နေရာရွှေ့ပြောင်းသည့်ပုံစံကွက် အစီအရင်တစ်ခုဖြစ်သည်။ ၎င်းက လူတစ်ယောက်၏အသက်ကိုကယ်ရန် အသုံးပြုသော ဦးတည်ရာဘက်ရွှေ့ပြောင်းပေးသည့်အစီအရင်ဖြစ်ပေ၏။ ဤသည်မှာ မည်မျှအဖိုးတန်မှန်း တွေးနိုင်ပေသည်။
သူသေတော့မည့်အချိန်မဟုတ်ပါက ယဲ့ထျန်းနန်သည် ဤသည်ကို လွယ်လွယ်ကူကူအသုံးပြုနိုင်မည်မဟုတ်။ သို့ရာတွင်ယခုအခါ၌ သူ့တွင် အခြားရွေးချယ်စရာမရှိတော့။
“နည်းနည်းလေးထပ်ပြီး၊ နည်းနည်းလေးထပ်ပြီး”
ယဲ့ထျန်းနန်သည် အစီအရင်ထဲသို့ ပျံပြေးလိုက်ကာ အစီအရင်၏အခြားတစ်ဖက်ရှိ မြင်ကွင်းကိုပါမြင်နေရ၏။ သူ့အဖေသည် အခြားတစ်ဖက်၌ ရှိနေခဲ့သည်။
သို့သော်လည်း ယင်းအခိုက်အတန့်၌ ချူးယွင်ဖန်း၏လက်ထဲမှ ဓားအလင်းရောင်တစ်ချက် ထုတ်လွှတ်လာခဲ့ပြီး ယဲ့ထျန်းနန်နောက် လိုက်သွားလေ၏။
ဘန်း.........
ယဲ့ထျန်းနန်ကို ဓားဖြင့် ရိုက်ချလိုက်သဖြင့် သွေးမြူခိုးတိမ်တစ်ခုအဖြစ် မပေါက်ကွဲခင် သူသည် ကြောက်လန့်စရာကောင်းလောက်အောင် အော်ဟစ်လိုက်သည်။
“ဘယ်သူလုပ်တာလဲ”
“အစီအရင်၏တခြားတစ်ဖက်မှ ကျယ်လောင်သည့်အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ အလွန်အမင်းဒေါသထွက်နေပုံပင်။ ထို့နောက် အစီအရင်၏အခြားတစ်ဖက်မှ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုသည် နယ်ကျော်လာခဲ့သည်။
ယွင်ရှန်းရှိလူတိုင်း၏မျက်နှာများသည် ပြောင်းလဲသွားခဲ့၏။ မည်မျှကြောက်ဖို့ကောင်းသည့် ကြောက်မက်ဖွယ်အဆင့်မြင့်မျိုးလဲ။ သူ့တွင် မြို့တော်ကို ဖျက်ဆီးရန် စွမ်းအားရှိ၏။ ဤသည်မှာ အမတေမဲ့အဆင့်အထက်ရှိ အဆင့်မြင့်ပင်။
သို့သော်လည်း အစီအရင်တစ်ခုလုံးသည် ယဲ့ထျန်းနန်၏သေဆုံးမှုကြောင့် စတင်ပြိုကွဲလာခဲ့သည်။
“မင်းဘယ်ကိုမှ ပြေးဖို့မစဥ်းစားနဲ့”
ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ခိုက်မှုတစ်ခုသည် အစီအရင်၏အခြားတစ်ဖက်မှ ပြန့်ကြဲလာကာ ပြိုကျနေသောအပေါက်မှတစ်ဆင့် ဝင်ရောက်လာခဲ့သည်။ ဤသည်မှာ အံ့အားသင့်စရာစွမ်းအားတစ်ခုရှိသည့် စိတ်ချောက်ချားစရာလှိုင်းတစ်ခုပင်။
ချူးယွင်ဖန်းသည် ၎င်းကို ကြည့်ပင်မကြည့်ဘဲ သူ့ဓားနှင့် အနှီစိတ်ချောက်ချားစရာလှိုင်းကို ပပျောက်အောင်လုပ်ပစ်သည်။ သို့သော်လည်း သူ၏လက်မောင်းမှာ အနည်းငယ်တုန်ယင်လာခဲ့၏။
ချူးယွင်ဖန်း၏မျက်နှာသည် ထိတ်လန့်မှုတစ်ခုကို ပြသလာခဲ့သည်။ အနှီချောက်ချားစရာလှိုင်းသည် အမှန်တကယ်ပင် ချောက်ချားစရာကောင်း၏။ သူ၏လက်ရှိစွမ်းအားနှင့်ပင် ထိပ်တန်းအမတေမဲ့အဆင့်များပင် သူ၏ပြိုင်ဘက်မဟုတ်ပေ။ ဥပမာအနေဖြင့် ထျဲနူသည် သူ၏ပြိုင်ဘက်လုံးဝမဟုတ်။ အနှီတိုက်ခိုက်မှုသည် သူ့လက်မောင်းကို အတန်ငယ်တုန်ယင်စေခဲ့သည်။
ယင်းက အမှန်တကယ့်ကို အံ့အားသင့်စရာကောင်း၏။
အစီအရင်၏အခြားတစ်ဖက်သည် သေချာပေါက် ကြယ်စင်ကိုးပါး၏သခင်ကြီးဖြစ်ပုံရသည်။ သူ၏တိုက်ခိုက်မှုစွမ်းအားကို အကဲခတ်ခြင်းဖြင့် ဒဏ္ဍာရီသည် မမှားနိုင်။ အနှီကျော်ကြားသောသခင်ကြီးသည် အမတေမဲ့အဆင့်၏အထက်ရှိ အဆင့်မြင့်တစ်ယောက် ဖြစ်နိုင်ပေသည်။
အပြင်လောကတွင် ဤကဲ့သို့သခင်ကြီးများရှိသည်ဟု သူမမျှော်လင့်ထား။ သို့သော်လည်း ဤကဲ့သို့မဟုတ်ပါက သူသည် ကြယ်စင်ကိုးပါးကဲ့သို့ ကြီးမားသောအုတ်မြစ်ကြီးတစ်ခုကို တည်ဆောက်နိုင်ခြင်းပြုနိုင်မည်မဟုတ်။
ယဲ့ထျန်းနန်ကို သတ်ပြီးနောက် ချူးယွင်ဖန်းသည် သူနှင့်ထျဲနူ၏ နေရာကူးပြောင်းလက်စွပ်များကို ယူလိုက်ပြီး မြို့ထဲမှပျံထွက်လိုက်သည်။
သူ၏ဦးတည်ရာဘက်မှာ တဝေဖြစ်၏။