← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အပိုင်း ( 151 )

သွေးကြောမှတ် အခု၃၀ကို ပေါင်းစည်းခြင်း 4

“ တကယ်လို့ အဲ့ဒီ ဒုတိယအဆင့်ပညာရှင်က Aအဆင့်အောက်က စွမ်းရည်ပဲ ရှိတယ်ဆိုရင်တော့၊ သေချာပေါက် ဖြေရှင်းလို့ရတယ် “

“ ဒါပင်မဲ့ တကယ်လို့ Aအဆင့် ဒါမှမဟုတ် Sအဆင့် စွမ်းရည်ပိုင်ရှင်ဖြစ်နေမယ်ဆိုရင်တော့ အဆင့်ကျော်တိုက်ဖို့ဆိုတာက တော်တော်ခက်တယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ၎င်းမှာ အမှန်ပင် ဖြစ်သည်။

အကယ်၍ အစစ်အမှန် သိုင်းပညာဌာနရှိ လူများက အဆင့်ကျော်တိုက်ခိုက်နိုင်မည်ဆိုလျှင်တောင်မှ ဖြစ်ရပ်အများစု၌ ၎င်းသည် Aအဆင့်အောက်ရှိ စွမ်းရည်ပိုင်ရှင် ပြိုင်ဘက်များကိုသာလျှင် ပြုလုပ်နိုင်မည် ဖြစ်သည်။

အကယ်၍ ပြိုင်ဘက်ထံတွင် Sအဆင့် စွမ်းရည်ရှိနေမည်ဆိုပါက၊ အဆင့်ကျော်တိုက်ခိုက်ခြင်းမှာ အလွန်ခက်ခဲလှပြီး၊ ၎င်းသည် လူနည်းစုကသာလျှင် လုပ်ဆောင်နိုင်သော အရာဖြစ်သည်။

ရှုကျိုးသည် သူ၏လက်နက်ကို ချကာ ပြောလိုက်သည် “ ဆရာ၊ ဉာဏ်အလင်းဆေးရှိလား? “

ဝူဟွေ့ အံ့ဩသွားပြီး၊ ခေါင်းငြိမ့်ပြလာခဲ့သည် “ ရှိတယ်၊ တစ်လုံးကို အကျိုးပြုမှတ် ၁၀မှတ်၊ ဒါပင်မဲ့ မင်းဆီမှာက အကျိုးပြုအမှတ်တွေ မရှိလောက်တော့ဘူးလေ၊ ဟုတ်တယ်မလား? “

“ သူများတွေက ချေးထားတယ် “ ရှုကျိုးသည် ကျန်းလန်နှင့် ရှားဟောက်ချန်းတို့၏ ကျောင်းသားကဒ်များကို ထုတ်ပေးလိုက်သည် “ ကျွန်တော်က ၅လုံးဝယ်ချင်ပါတယ် “

ဝူဟွေ့သည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ ကျောင်းသားကဒ်များကို ရရှိခဲ့ပြီးသည့်နောက်တွင် သူသည် ဂိုထောင်ဆီသို့ ထွက်သွားတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ ဝူဟွေ့ ပြန်ရောက်လာခဲ့ပြီး၊ ရှုကျိုးထံသို့ ပုလင်းသေးသေးလေးတစ်လုံးကို လွှဲပြောင်းပေးလာခဲ့သည်။

သူသည် သတိပေးလာခဲ့သည် “ ဉာဏ်အလင်းဆေးကို မမှီခိုတာတော့ အကောင်းဆုံးပဲ၊ အဲ့တာက ဈေးကြီးတယ်၊ အကျိုးသက်ရောက်မှုကလည်း သေးတယ် “

“ သိပါပြီ၊ ကျေးဇူးတင်ပါတယ်၊ ဆရာ “

ရှုကျိုးသည် ကြာကြာထပ်မနေတော့ဘဲ ဝူဟွေ့ကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။

ရှုကျိုး ထွက်သွားခဲ့ပြီးသည့်နောက်တွင်

ဝူဟွေ့သည် သူ၏မေးစေ့ကိုထိကာ ရေရွတ်ပြောဆိုနေခဲ့သည် “ သေခြင်းရှင်ခြင်း တိုက်ပွဲလား? တစ်ချို့ အဆင့်မြင့် ပုဂ္ဂိုလ်တွေကတောင် ဒီတိုက်ပွဲကို အာရုံစိုက်နေတယ်လို့ ငါကြားတယ်၊ ဒီနှစ် အသစ်လေးကတော့ နည်းနည်းလေး ထူးခြားတယ် “

…

စံအိမ်သို့ ပြန်ရောက်လာသောအခါတွင် ရှုကျိုးသည် တင်ပျဥ်ခွေထိုင်ကာ သူ၏မျက်လုံးများကို မှိတ်လိုက်သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူ၏မျက်လုံးများကို ဖွင့်လာခဲ့ကာ အမောတကော အသက်ရှူနေတော့သည်။

“ ဟူးးး “

မနက်ဖြန်ဆိုရင် သေခြင်းရှင်ခြင်း တိုက်ပွဲပဲ။

ရှုကျိုးသည် သေခြင်းရှင်ခြင်း အကြပ်အတည်းပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသော်လည်း ဤအချိန်တွင် အနည်းငယ် စိတ်တင်းကြပ်နေခဲ့သည်။

“ လျူဟောင်ချန်၊ သွေးကြောမှတ် ၁၀၅ခုလား? “ ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည် “ အခုလက်ရှိ ငါက အဲ့တာကို ကိုင်တွယ်နိုင်ပါ့မလားဆိုတာကို ငါမသိဘူး “

သူသည် စနစ်၏မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

ချီ-သွေး : ၄၁၉.၅ ကယ်လိုရီ

စိတ်ဝိညာဥ်စွမ်းအား : 45 Hz

ကိုယ်ပွား : ရွှေတောင်ပံ T-Rex

အဆင့် : ပထမအဆင့် အဆင့်၇ ( ၃၅% )

အသားတင် အလေးချိန် : ၃၅၂၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ၃၀ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )၊ ခုန်ဆင်းခြင်း ( pas )

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ ကုဗမီတာ

…

တစ်လအတွင်း၌ ရှုကျိုး၏ ချီ-သွေးသည် ၁၆၅ကယ်လိုရီအထိ တိုးမြင့်လာခဲ့သည်။

ရွှေတောင်ပံ T-Rexကြီး၏ အဆင့်မှာလည်း ၃၀% တိုးလာခဲ့သည်။

သူ၏အလေးချိန်မှာလည်း ကီလိုဂရမ် ၃၀၀၀ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ရှုကျိုးသည် ကိုယ်ပွား၏ အလေးချိန်က ကီလိုဂရမ် ၅၀၀၀သို့ ရောက်ရှိသွားသောအခါတွင် နောက်ထပ် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်လာလိမ့်မည်ဟု မှန်းဆမိနေခဲ့သည်။

ထိုအချိန်၌ သူ၏စွမ်းရည်သည် ထပ်မံ၍ ပြောင်းလဲသွားနိုင်လေသည်။

သို့ရာ၌ ၎င်းတို့သည် နောက်မှ ဖြစ်ပေါ်လာမည့် ကိစ္စများသာဖြစ်သည်။

ရှုကျိုးသည် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်လိုက်သည်။

အသက်ဝင်နေသည့် သွေးကြောမှတ် အခု၃၀သည် ပေါင်းစည်းလျက်သား ဖြစ်နေခဲ့သည်။

ထို့အပြင် အဆိုပါ သွေးကြောမှတ် အခု၃၀ကြား၌ ရွှေရောင် လိုင်းတစ်ခုသည် ၎င်းတို့ကို အတူတကွ ချိတ်ဆက်ပေးထားသည်။

အဆိုပါ သွေးကြောမှတ် အခု ၃၀သည် မီးသီးများကို ဖွင့်ထားသကဲ့သို့ မှိတ်တုပ်မှိတ်တုပ် ဖြစ်နေခဲ့ကာ ရွှေရောင်သမ်း၍ တောက်ပနေခဲ့သည်။

“ တစ်လအတွင်းမှာပဲ ငါက သွေးကြောမှတ် ၂၅ခု ဖွင့်နိုင်ခဲ့တယ်၊ အရင်က ဖွင့်ထားတဲ့ ၆ခုနဲ့ဆိုရင် သွေးကြောမှတ် အခု ၃၀လုံးကို ဖွင့်ထားခဲ့ပြီးပြီ “

“ ပြီးတော့ သွေးကြောမှတ် အသစ် ၂၄ခုကိုလည်း ရှာတွေ့ထားတယ် “

“ ဆိုတော့ ငါက သွေးကြောမှတ် ၅၄ခု ရှာတွေ့ထားပြီးတော့ ၃၁ခုကို ဖွင့်ထားတယ် “

ရှုကျိုးသည် ဆင်ခြင်သုံးသပ်နေခဲ့သည်။ သို့သော် ၎င်းတို့မှာ အဓိက အရာ မဟုတ်ပေ။

“ ၃၁ခုမြောက် သွေးကြောမှတ်ကို ဖွင့်ခဲ့တဲ့ အချိန်တုန်းက ငါ့ရဲ့ ခန္ဓာကိုယ်က အညစ်အကြေး ပမာဏ အများကြီးကို ရုတ်တရက် စွန့်ထုတ်လာခဲ့တယ် “

ရှုကျိုးသည် ပြန်လည် တွေးတောစဥ်းစားနေလျက်ရှိသည် “ ပြီးတော့ ငါ့ရဲ့ ခွန်အားက ရုတ်တရက်ကြီး တိုးလာခဲ့တယ်၊ အာရုံငါးပါးကလည်း သိသိသာသာကြီးကို ပိုကောင်းလာတယ်၊ ချီ-သွေးနဲ့ စိတ်စွမ်းအား မပြောင်းလဲသွားတာကတော့ နည်းနည်းလေး ထူးဆန်းတယ် “

ရှုကျိုးသည် ထိုအချိန်က သူ၏ခန္ဓာကိုယ်မှာ ဆင့်ကဲပြောင်းလဲသွားခဲ့သည်ဟု ခံစားနေခဲ့ရသည်။

စနစ်၏ မျက်နှာပြင်ပေါ်ရှိ ကိန်းဂဏန်းများ မပြောင်းလဲသွားခဲ့သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်။

ဗီဇပြောင်းလဲခြင်းကဲ့သို့ပသ် အပေါ်ယံတွင် မည်သို့မျှ မပြောင်းလဲသွားခဲ့သော်လည်း သူ၏ခွန်အားသည် သိသိသာသာ မြင့်တက်သွားခဲ့သည်။

“ အဲ့ဒီ သွေးကြောမှတ် အခု၃၀က ပြီးပြည့်စုံတဲ့ စနစ်တစ်ခုအဖြစ် ပေါင်းစည်းသွားလောက်ပြီ “ ရှုကျိုးမှ တွေးတောနေလျက်ရှိသည် “ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီလိုမျိုး သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ဘူး “

ဤအချိန်၌ ရှုကျိုးသည် သူ၏မှန်းဆချက်ကို ပို၍ ယုံကြည်လာခဲ့ပြီ ဖြစ်သည်။

အဆိုပါ သွေးကြောမှတ် အခု၃၀သည် ပြီးပြည့်စုံသည့် စနစ်တစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။

သို့ရာ၌ သူ၏စွမ်းအားကို စမ်းသပ်ရန်အတွက် တိုက်ပွဲများကို တိုက်ခိုက်ရန် လိုအပ်နေဦးမည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ရှုကျိုးကိုယ်တိုင်ကပင် သူ၏အစွမ်းက မည်သည့်အဆင့်သို့ ရောက်ရှိကာ မည်မျှ အားကောင်းနေပြီလဲဆိုသည်ကို မသိသောကြောင့် ဖြစ်သည်။

ဖွင့်လှစ်ထားသော သွေးကြောမှတ် အရေအတွက်သည် သူ၏စွမ်းအားကို ကိုယ်စားမပြုနိုင်တော့ပေ။

စနစ်၏ မျက်နှာပြင်ပေါ်ရှိ ချီ-သွေးနှင့် စိတ်ဝိညာဥ်စွမ်းအားတို့၏ ကိန်းဂဏန်းတို့ကပင် ၁၀၀% တိကျနေမည် မဟုတ်ပေ။

“ အသစ်တွေ့ထားတဲ့ သွေးကြောမှတ် ၂၄ခုကတော့ စနစ်တစ်ခုအဖြစ် မပေါင်းစည်းသေးဘူး “

ရှုကျိုးမှ မှန်းဆတွက်ချက်နေတော့သည် “ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုဖြစ်ဖို့အတွက် သွေးကြောမှတ် အခု၃၀ လိုအပ်တာများလား? “

ပြီးပြည့်စုံသောစနစ်တစ်ခု၊ ရှုကျိုးသည် ၎င်းက မည်သည့်အရာဖြစ်နေမလဲဆိုသည်ကို ယနေ့အထိ အဖြေမရှာနိုင်သေးပေ။

ပြီးပြည့်စုံသော စနစ်တစ်ခုကို ဖွဲ့တည်ရန်အတွက် သွေးကြောမှတ် အခု၃၀လိုအပ်သည်ဟု သူမှန်းဆထားခဲ့သည်။ ယခုတွင်ကား သွေးကြောမှတ် ၂၄ခုသာလျှင် ရှာတွေ့ထားပြီး ၆ခုကျန်နေသေးသည်။

ပြီးပြည့်စုံသောစနစ်တစ်ခုကို မတည်ဆောက်နိုင်ခြင်းသည် သွေးကြောမှတ် ဖွင့်လှစ်သည့် အမြန်နှုန်းက အနည်းငယ် လျော့ကျသွားမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ပြီးပြည့်စုံသော စနစ်တစ်ခုအဖြစ် ဖွဲ့တည်ထားချိန်က သူသည် သွေးကြောမှတ် တစ်ခုကို ဖွင့်လှစ်ရန်အတွက် တစ်ရက်နီးပါးမျှသာ အချိန်ယူခဲ့ရသည်။

သွေးကြောမှတ် ၃၁ခုအထိ ဖွင့်လှစ်ရန်အတွက် ၇ရက်တိတိ အချိန်ယူခဲ့ရလေသည်။

သို့သော် ယခုတွင်ကား သေခြင်းရှင်ခြင်း တိုက်ပွဲ စတင်တော့မည် ဖြစ်သည်။

ရှုကျိုးသည် အဆိုပါ သွေးကြောမှတ် ၃၁က မလုံလောက်သေးဘူး၊ လျူဟောင်ချန်၏သွေးကြောမှတ် ၁၀၅ခုကို အလွယ်တကူ မကိုင်တွယ်နိုင်လောက်ဘူးဟု ခံစားနေခဲ့ရသည်။

“ နောက်ဆုံးမိနစ်အထိ ကြိုးစားရမယ်ဆိုရင်တောင်မှ လုပ်ကိုလုပ်ရမယ် “

ရှုကျိုးသည် ဆေးပုလင်းကို ထုတ်ယူလိုက်သည်။

“ ဉာဏ်အလင်းဆေး “ ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ဆရာပြောတာကတော့ ဒါက ပြီးပြည့်စုံတဲ့ စနစ်မရှိတဲ့အချိန်မှာ သွေးကြောမှတ် ဖွင့်တဲ့ အမြန်နှုန်းကို အတိုင်းအတာတစ်ခုအထိပဲ တိုးမြှင့်ပေးတယ်တဲ့ “

“ ဒါပင်မဲ့ ငါ့မှာက ပြီးပြည့်စုံတဲ့ စနစ်တစ်ခု ရှိနေပြီးသားလေ၊ ဒါတွေက သွေးကြောမှတ် ဖွင့်တဲ့ အရှိန်ကို ဘယ်လောက်တောင် တိုးမြှင့်ပေးနိုင်မလဲ? “

ရှုကျိုးသည် မျှော်လင့်နေမိတော့သည်။

သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ ပုလင်းကို ဖွင့်ကာ ဆေးတစ်လုံး သောက်လိုက်သည်။

“ ဂလု ~~ “

ဆေးလုံးသည် သူ၏လည်ချောင်းထဲသို့ ခုန်ချသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သန့်စင်သော စွမ်းအင်များ ပျံ့နှံ့လာခဲ့ပြီး၊ သူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ် အားလုံးဆီသို့ တိုးဝင်သွားခဲ့သည်။

……………………………………………………………………………………………………………..

အပိုင်း ( 152 )

သွေးကြောမှတ် အခု၃၀ကို ပေါင်းစည်းခြင်း ၅

ရှုကျိုးသည် ခွန်ပန်ကျင့်ကြံရေး နည်းစနစ်ကို လျင်မြန်စွာအသက်သွင်းလိုက်သည်။

နှစ်နာရီကြာခဲ့ပြီးသည့်နောက်၌

“ ဆွစ်ရှ် “

ရှုကျိုးသည် အံ့ဩတကြီးဖြစ်နေသော အမူအရာဖြင့် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လာခဲ့သည် “ သွေးကြောမှတ် ဖွင့်တဲ့ အမြန်နှုန်းက သိသိသာသာကြီးကို တိုးသွားတာပဲဟ “

၎င်းသည် အမှန်ပင် များစွာမြန်ဆန်လာခဲ့ခြင်း ဖြစ်သည်။

သူသည် ၃၂ခုမြောက် သွေးကြောမှတ်၏ အတားအဆီးက ပွင့်လုနီးပါးဖြစ်နေခဲ့ကာ ကြီးမားသောအက်ကြောင်းကြီး ဖြစ်နေပြီဟု ခံစားနေခဲ့ရသည်။

ထိုကဲ့သို့သော အမြန်နှုန်းသည် အံ့ဖွယ်ကောင်းလောက်အောင် မြန်ဆန်နေခဲ့သည်။

သူသည် ၃၁ခုမြောက် သွေးကြောမှတ်ကို ဖွင့်ရန်အတွက် နေ့တစ်ဝက်အချိန်ယူခဲ့ရသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ယခုတွင်ကား နှစ်နာရီမျှသာ အချိန်ယူခဲ့ရသည်။

“ ငါထင်ထားတဲ့အတိုင်းပဲ “ ရှုကျိုးသည် ပျော်ရွှင်ဝမ်းမြောက်သွားခဲ့သည် “ ပြီးပြည့်စုံတဲ့ စနစ်နဲ့ဆိုရင် ဒီဉာဏ်အလင်းဆေးရဲ့ သွေးကြောမှတ် ဖွင့်တဲ့ အမြန်နှုန်းက တော်တော်ကြီးကို တိုးတက်သွားမှာ “

ဆိုတော့ ငါတော့ မနက်ဖြန် မရောက်ခင် အချိန်အထိ သွေးကြောမှတ် နည်းနည်းလောက် ထပ်ဖွင့်ထားလို့ရပြီ !!

ရှုကျိုးကား အပျော်လွန်သွားခဲ့သည်၊ ၎င်းမှာ မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။

“ ဒါပင်မဲ့ ဒီဆေးလုံးတွေက တော်တော်ကြီးကို ဈေးကြီးတယ် “ ရှုကျိုးမှ ညီးညူနေတော့သည်။

တစ်ခုလျှင် အကျိုးပြုမှတ် ၁၀မှတ်၊ ၎င်းမှာ ယွမ် ၁သိန်းပင်ဖြစ်သည်။

၎င်းသည် သူက ကျန်းလန်နှင့် ရှားဟောက်ချန်းတို့ထံတွင် ယွမ် ၅သိန်း အကြွေးတင်နေပြီဟု ဆိုလိုခြင်းပင် ဖြစ်သည်။

“ ဆင်းရဲလိုက်တာကွာ “ ရှုကျိုးသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

ဤအချိန်၌ ရှုကျိုးသည် သူက မည်မျှ ဆင်းရဲနေပြီး၊ ငွေကြေးပြတ်လပ်နေလဲဆိုသည်ကို ကောင်းစွာ နားလည်သွားခဲ့သည်။

သို့သော် အဓိက ပြဿနာကား လူသစ်လေးများအတွင် အကျိုးပြုအမှတ်များ ရရှိအောင် ကြိုးပမ်းနိုင်သည့် နည်းလမ်းများစွာ မရှိခြင်းပင် ဖြစ်သည်။

“ သေခြင်းရှင်ခြင်းတိုက်ပွဲ “ ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားခဲ့သည် “ သေခြင်းရှင်ခြင်း ပြိုင်ပွဲမှာဆိုရင် ပြိုင်ဘက်ရဲ့ အကျိုးပြုအမှတ်တွေကလည်း ငါ့ဟာတွေ ဖြစ်လာမှာလေ ဟုတ်တယ်မလား? “

နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

ဤတစ်ကြိမ်၌ သူ့ထံတွင် စိုးရိမ်စိတ်များ မရှိတော့ဘဲ မျှော်လင့်ချက်များဖြင့်သာ ပြည့်နှက်လာခဲ့သည်။

သူသည် နောက်တစ်နေ့တွင် ဖြစ်ပေါ်လာမည့် တိုက်ပွဲအတွက် အလွန်စိတ်အားထက်သန်သွားခဲ့သည်။

“ ဘာပဲဖြစ်ဖြစ်ပါလေ၊ အရင်လေ့ကျင့်တာပေါ့ကွာ “ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်း၍ သူ၏စိတ်အခြေအနေကို ချိန်ညှိလိုက်သည်။

ထို့နောက်၌ သူသည် ဆေးပုလင်းကို ဖွင့်ကာ ကျန်ရှိနေသော ဆေး၄လုံးကို တစ်ပြိုင်နက် သောက်သုံးလိုက်သည်။

ပြိုင်ဘက်ကို အနိုင်တိုက်နိုင်မျှသာလျှင် အကျိုးပြုအမှတ်များ ရရှိမည်ဖြစ်သည်၊ ထို့ကြောင့် သူသည် ယနေ့တွင် ကောက်ရိုးမျှင်များကိုပင် ဆုပ်ကိုင်ထားရပါစေ သွေးကြောမှတ်များကို ရသလောက် ဖွင့်ထားရမည် ဖြစ်သည်။

…

ရှုကျိုးမှ အာရုံစိုက်၍ လေ့ကျင့်နေသည့် အချိန်၌

နတ်ဆိုးတစ်ထောင် လှိုက်ဂူ၊ သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်

ကြီးမားသော ရွှေတောင်ပံ T-Rexကြီးသည် အံ့အားသင့်ဖွယ်ကောင်းသည့် တောင်ပံတစ်စုံကို ဖြန့်ကျက်ကာ မတ်တပ်ရပ်နေလျက်ရှိသည်။

အဆိုပါ တောင်ပံများသည် ရွှေနက်ရောင် အဆင်းရှိပြီး၊ အမွှေးတစ်ခုချင်းစီတိုင်းသည် ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေခဲ့ကာ အေးစက်သော အလင်းရောင်တို့ဖြင့် တောက်ပနေလျက်ရှိသည်။

“ ဆွစ်ရှ် “

ရုတ်တရက်ဆိုသလိုပင် ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏မျက်လုံးများကို တရကြမ်း ဖွင့်လာခဲ့သည်။

“ ဝုန်းးးးးး !! “

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ ကြီးမားသော ခြေသည်းကြီးသည် မြေပြင်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ဆင်းသက်လာခဲ့ပြီး၊ ၎င်းပုံရိပ်သည် လေထဲသို့ ရုတ်တရက် မြင့်တက်သွားခဲ့ကာ နေရာတစ်နေရာဆီသို့ ဦးတည်သွားတော့သည်။

စက္ကန့်အနည်းငယ်မျှ ကြာခဲ့ပြီးသည့်နောက်၌

ရွှေတောင်ပံ T-Rexကြီးသည် ၁၀မီတာ ရှည်လျားသော အနက်ရောင် ခြသေ့်သားရဲကို ရိုက်ချလိုက်သည်။

“ ဝေါင်းးး “

အနက်ရောင် ခြသေ့်သားရဲသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။

၎င်းသည် ပထမအဆင့် အဆင့်၉ သားရဲကောင်ဖြစ်သည်။

၎င်းသည် မည်သည့်ကြောက်ရွံ့မှုမှ မရှိဘဲ ရွှေတောင်ပံ T-Rexကြီးဆီသို့ ပြေးတက်လာခဲ့သည်။

သားရဲနှစ်ကောင် တိုက်မိသွားပြီး၊ ကမ္ဘာမြေကွဲအက်သွားစေသည့် ကျယ်လောင်သော အသံကြီးကို ထွက်ပေါ်လာစေခဲ့ကာ၊ ၎င်းတို့နှစ်ကောင်အနားရှိ သစ်ပင်များကို ကြွေမွသွားစေခဲ့သည်။

ရွှေတောင်ပံ T-Rexကြီးသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့ပြီး လျှပ်စီးတန်းတစ်ခုကဲ့သို့ အသွင်ပြောင်းကာ ခြသေ့်နက်ဆီသို့ ပြေးလာခဲ့သည်။

“ ဆွပ်ရှ် ~~ “

ကုတ်ချက်တစ်ခုနှင့်အတူ သွေးစီးကြောင်းတစ်ခုသည် ခြသေ့်နက်၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲ့သည်။

ယခုလက်ရှိအချိန်၌ ရွှေတောင်ပံ T-Rexကြီးသည် ပထမအဆင့် အဆင့်၇သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့ ၎င်း၏ အစားအသောက်သည် တတိယအဆင့် သားရဲကောင်၏အသားများ ဖြစ်နေခဲ့သည်။ ၎င်းသည် ရွှေတောင်ပံ T-Rexကြီး၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြင့်တက်သွားစေခဲ့ကာ အဆင့်တူများထပ် သာလွန်သွားစေခဲ့သည်။

ကုတ်ချက်တစ်ခုကပင် ခြသေ့်နက်၏ အသားကို စုတ်ပြဲသွားစေနိုင်ပြီး၊ အဆိုပါ ခြသေ့်နက်၏ ကုတ်ချက်ကမူ ခြစ်ရာလောက်မျှသာ ဖြစ်နေခဲ့သည်။

ရလဒ်မှာ ဆုံးဖြတ်ပြီးသွားခဲ့ပြီဖြစ်သည်။

၁၅မိနစ်ကုန်ဆုံးသွားသည့်နောက်၌

လေထုထဲတွင် သွေးညှီနံ့များဖြင့် ပြည့်နှက်နေလျက်ရှိသည်။

ရွှေတောင်ပံ T-Rexကြီးသည် အလောင်းကောင်ပေါ်တွင် သူရဲကောင်းဆန်စွာ မတ်တပ်ရပ်နေလျက်ရှိသည်၊ ၎င်း၏ ခြေထောက်များ အောက်၌ ပထမအဆင့် အဆင့်၉ ခြသေ့်နက်သားရဲ၏ သွေးယိုစီးကျနေသော အလောင်းကြီးတစ်လောင်း လှဲလျောင်းနေလျက်ရှိသည်။

သို့ရာ၌ ရွှေတောင်ပံ T-Rexကြီး၏ မျက်လုံးများထဲတွင် မည်သည့်ဂုဏ်ယူဝင့်ကြွားမှုမှ ရှိမနေခဲ့ပေ။

ထို့အစား လေးနက်မှုများသာ ရှိနေခဲ့သည်။

“ပထမအဆင့် အဆင့်၉သားရဲကောင်တောင် ပေါ်လာပြီ၊ မကြာခင်မှာပဲ ဒုတိယအဆင့် သားရဲကောင်ပါ ပေါ်လာတော့မှာကို ငါကြောက်မိတယ် “

၎င်း၏ ကြီးမားသော မျက်လုံးကြီးများထဲတွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာခဲ့သည်။

ကျားပျံမျိုးနွယ်စု၏ ပိုင်နက်မှာ လုံခြုံမှုများ တဖြည်းဖြည်း လျော့ပါးလာနေပြီ ဖြစ်သည်။

“ အမြန်လစ်တာ ကောင်းမယ် “ ရှုကျိုးမှ တွေးတော စဥ်းစားနေတော့သည်။

သို့သော် နေရာပြောင်းရွှေ့ခြင်းမှာလည်း ပြဿနာတစ်ခုဖြစ်သည်။

နတ်ဆိုးတစ်ထောင်လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော နေရာဖြစ်သည်၊ ငါတို့က ဘယ်ကိုသွားရမှာလဲ?

အပြင်ပိုင်းနယ်မြေကို ပြန်သွားသင့်လား?

“ ဟမ်? အဲ့တာက အကြံကောင်းတစ်ခုပဲ “ ရွှေတောင်ပံ T-Rexကြီး၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားခဲ့သည်။

၎င်း၏ အစွမ်းနှင့်ဆိုပါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ပိုင်းနယ်မြေသို့ ပြောင်းရွှေ့သွားခြင်းမှာ အုပ်စိုးသူဖြစ်သွားခြင်းနှင့် တူညီနေမည် ဖြစ်သည်။

ယခင်က ၎င်းကို မတွေးမိခဲ့ရခြင်းမှာ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်က လုံခြုံနေသေးသောကြောင့် ဖြစ်ပြီး၊ တတိယအဆင့် သားရဲနှစ်ကောင်၏ အလောင်းများကိုလည်း အပြည့်အဝ မစားသုံးရသေးသောကြောင့် ဖြစ်သည်။

သို့သော် ယခုတွင်ကား မိကျောင်းသားရဲခေါင်းဆောင်ကြီးနှင့် ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီးတို့၏ အလောင်းများသည် လုံးဝ ဆွေးမြေ့နေပြီဖြစ်ကာ စားသုံး၍ မရတော့ပေ။

“ သွားမယ်ဟေ့ “ ရွှေတောင်ပံ T-Rexကြီးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

၎င်းသည် ကျားပျံမျိုးနွယ်စု၏ အသိုက်ဆီသို့ ပြန်သွားကာ သားရဲပုံဆောင်ခဲ ခြင်ဆီရည်အိုးများ၊ မိကျောင်းဥများနှင့် တစ်ခြားသော ပစ္စည်းများကို သိမ်းယူကာ ပြောင်းရွှေ့ရေး ခရီးစဥ်ကို စတင်လုပ်ဆောင်နေတော့သည်။

…

ရွှေတောင်ပံ T-Rexကြီးက ပြောင်းရွှေ့ရေး ခရီးစဥ်စတင်နေသည့် အချိန်၌

ရှုကျိုးသည် စံအိမ်ထဲတွင်သာ တိတ်တဆိတ် လေ့ကျင့်နေလျက်ရှိသည်။

အချိန်များ အေးချမ်းစွာ ကုန်ဆုံးသွားခဲ့သည်။

တစ်နေ့တာ ကုန်ဆုံးသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်ရက်သို့ ကူးပြောင်းရောက်ရှိလာခဲ့သည်။

………………………………………………………………………………………………………………

အပိုင်း ( 153 )

ဘဝက ပုရွက်ဆိတ်လောက် အရေးမပါပင်မဲ့၊ မင်းတို့ စော်ကားလို့ မရဘူး !!

ကျောင်းအနောက်ဘက် သိုင်းပညာ ပြိုင်ကွင်း

ဤနေရာသည် အဓိကဌာနလေးခုဆုံရာ အရပ်တွင် တည်ရှိပြီး၊ လူသွားလူလာ ကြဲပါးလေ့ရှိသည်။

သို့သော် ယနေ့၌ အနီးအနားတွင် လူရိပ်များ ပေါ်လာခဲ့သည်။

…

နတ်သိုင်းဌာနမှ ကျောင်းသူကျောင်းသား တစ်ချို့သည် ဟိုဟိုဒီဒီ ပြန့်ကျဲနေခဲ့ကာ တိုက်ပွဲစမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

ဤတိုက်ပွဲအကြောင်းကို လူတော်တော်များများ မသိကြပေ၊ နတ်သိုင်းဌာန၏ ကျဥ်းမြောင်းလွန်းလှသော နယ်ပယ်အတွင်း၌သာ ၎င်းက ပျံ့နှံ့နေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယနေ့‌ရောက်ရှိလာကြသည့် လူများသည် နတ်သိုင်းဌာနမှ လူအများစုဖြစ်သည်။

ပြိုင်ပွဲကွင်းပြင်၏ ထောင့်တစ်နေရာ၌

ဟွမ်ယွင်လုံသည် သူ့ဘေးနားရှိ ကျောက်ချီဖုန်းကို ကြည့်ကာ ပြောလိုက်သည် “ ဒါက တိုက်ပွဲလေးတစ်ပွဲပဲ မဟုတ်ဘူးလား? ဘာစိတ်ဝင်စားစရာတွေရှိလို့ မင်းက ငါ့ကို ဒီအထိ ခေါ်လာခဲ့ရတာလဲ? “

ကျောက်ချီဖုန်းမှ ခေါင်းခါ၍ ပြန်ပြောလာခဲ့သည် “ ငါလည်း အဲ့လိုပဲ ထင်ခဲ့တာ၊ ဒါပင်မဲ့ ငါသတင်းတွေရခဲ့တယ်၊ ဒါက သာမန်တိုက်ပွဲ မဟုတ်ဘူး၊ သေခြင်းရှင်ခြင်း တိုက်ပွဲပဲ “

“သေခြင်းရှင်ခြင်း တိုက်ပွဲလား? “ ဟွမ်ယွင်လုံ မှင်သက်သွားခဲ့သည်၊ ထို့နောက်တွင် အဆိုပါ အံ့ဩစိတ်သည် ချက်ချင်း ပြန်ပျောက်သွားခဲ့သည် “ အဲ့တာက ငါတို့နဲ့ ဘာဆိုင်လို့လဲ? “

“အဲ့တာက ရှုကျိုးလေ၊ သူ့ပြိုင်ဘက်က ငါတို့ နတ်သိုင်းဌာနက စီနီယာ လျူဟောင်ချန်လေ “

“ ရှုကျိုးလား? “ ဟွမ်ယွင်လုံ အံ့အားသင့်သွားခဲ့ပြီး၊ တစ်စုံတစ်ခုကို ပြန်လည် အမှတ်ရသွားခဲ့သည် “ နတ်သိုင်းဌာနက ကြေညာခဲ့တဲ့ မစ်ရှင်ကြောင့်လား? “

ရှုကျိုးက အစစ်အမှန် သိုင်းပညာဌာနနှင့် ပူးပေါင်းသွားသည့် အချိန်တွင် နတ်သိုင်းဌာနမှ တာဝန်တစ်ခု ထုတ်ပြန်ကြေညာလာခဲ့သည်။

နယ်ပယ်တူတွင် ရှုကျိုးကို အနိုင်ယူနိုင်မည်ဆိုပါက အကျိုးပြုအမှတ် ၃၀ရရှိမည် ဖြစ်သည်။

ဟွမ်ယွင်လုံ အံ့ဩတုန်လှုပ်သွားခဲ့သည် “ သာမန်တိုက်ပွဲမဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီးတော့ သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်သွားရတာလဲ? “

“ ဖြစ်နိုင်တာကတော့ ရှုကျိုးက သူကိုယ်တိုင် တောင်းဆိုခဲ့တာပဲ ဖြစ်ရမယ် ကျောက်ချီဖုန်းမှ ထင်ကြေးပေးမှန်းဆလာခဲ့သည်။

ဟွမ်ယွင်လုံ ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။

ရှုကျိုးက ရူးနေတာလား?

သူက ပထမအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ စီနီယာတစ်ယောက်နဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲကို တိုက်ရဲနေတာလား?

“ သူ့အတွက် တန်ပါ့မလား? “ ဟွမ်ယွင်လုံမှ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးလာခဲ့သည်။

“ သူနဲ့ လျူမိသားစုကြားက ရန်ငြှိုးတွေကြောင့် ဖြစ်နိုင်တယ် “ ဟုကျောက်ချီဖုန်းမှ ပြောလာခဲ့သည်။

ဟွမ်ယွင်လုံ မျက်မှောင်ကြုတ်သွားကာ ပြောလာခဲ့သည် “ ဒီလူက နာမည်ကြီးချင်နေတာ ထင်တယ်၊ ပထမအဆင့်တွေကြားက သာမန်တိုက်ပွဲလေးတစ်ခုပဲဆိုရင် လူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး၊ ဒါပင်မဲ့ အခုတော့ ဒုတိယအဆင့် စီနီယာတွေတောင် ရောက်လာကြပြီလေ “

သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ နတ်သိုင်းဌာနမှ တစ်ချို့သော ဒုတိယအဆင့် သိုင်းပညာရှင်များ ရောက်ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

ထိုလူများက သေခြင်းရှင်ခြင်း တိုက်ပွဲအကြောင်းကို သိထားကြမည်မှာ သေချာလှပေသည်။

ကျောင်းသို့ စရောက်လာခဲ့ပြီးသည့်နောက် တစ်လအကြာတွင် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်နေသော စီနီယာတစ်ဦးနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု ဆင်နွှဲခြင်းမှာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှာပင် အလွန်ရှားပါးလွန်းလှသော ကိစ္စတစ်ခုဖြစ်သည်။

သူ၏စကားကိုကြားလိုက်ရသောအခါတွင် ကျောက်ချီဖုန်း၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည် “ နာမည်ကြီးချင်နေတာလား? ဖြစ်နိုင်တယ် “

“ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှာက အရာအားလုံးအတွက် တိုက်ခိုက်ရတယ်လေ။ ပိုကောင်းတဲ့ အရင်းအမြစ်တွေ၊ ပိုကောင်းတဲ့ အထောက်အပံ့တွေကို ရဖို့အတွက် တိုက်ခိုက်ရမှာပဲ “

ကျောက်ချီဖုန်း၏ အကြည့်များ လေးနက်သွားခဲ့သည် “ ရှုကျိုးရဲ့ နည်းလမ်းက လူတော်တော်များများကို တကယ်ကြီး ဆွဲဆောင်နိုင်ခဲ့တယ် “

ဘေးဘက်ရှိ ဟွမ်ယွင်လုံမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ဒါပင်မဲ့ တကယ်လို့ သူသေသွားမယ်ဆိုရင်၊ ဘယ်သူမှ မကျန်တော့ဘူးလေ၊ ဘာအတွက် တိုက်ခိုက်ကြတာလဲ? “

“ ငါကတော့ ရှုကျိုးက နည်းနည်းလေး ထူးခြားတယ်လို့ ထင်နေခဲ့တာ၊ ဒါပင်မဲ့ အခုကြည့်ရသလောက်ဆိုရင်တော့ သူက ကမူးရှူးထိုးလုပ်တတ်တဲ့ အရူးတစ်ယောက်ဖြစ်နေတဲ့ပုံပဲ “

…

တစ်ခြားသော နေရာတစ်ခု၌

ရှားရှီယောက်နှင့် ကျန်းလန်တို့သည် ဘေးချင်းကပ်၍ လမ်းလျှောက်လာနေလျက်ရှိသည်။

“ နတ်သိုင်းဌာနက လူတွေ “ ရှားရှီယောက်သည် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ကာ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

အစစ်အမှန် သိုင်းပညာဌာနတွင် တစ်လတိတိ နေခဲ့ပြီးသည့်နောက်တွင် သူမသည် အစစ်အမှန် သိုင်းပညာဌာနအပေါ်သို့ ကျရောက်နေသည့် နတ်သိုင်းဌာန၏ ဖိနှိပ်မှုကို အကြမ်းဖျင်းနားလည်နေခဲ့ပြီ ဖြစ်သည်။

“ ရှုကျိုး ရောက်မလာသေးဘူးလား? “ ကျန်းလန်သည် ၎င်းကို စိတ်ထဲထားမနေဘဲ လှည့်ပတ်ကြည့်ရှုလိုက်ရာ ရှုကျိုး၏ ပုံရိပ်ကို မမြင်ခဲ့ရပေ။

ထိုအချိန်၌ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုသည် သူမတို့၏အနားသို့ ချဥ်းကပ်လာခဲ့သည်။

လျူတျန်မုသည် ရှားရှီယောက်ကို ကြည့်ကာ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ မမလေးရှား၊ ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော် “

ရှားရှီယောက်၏ လှပသော မျက်နှာလေးသည် ချက်ချင်း အေးစက်သွားကာ သူ့အား လျစ်လျူရှုထားလိုက်သည်။

ယခင်က လျူမိသားစုမှ လူတစ်ဦးသည် သူမအား နှောင့်ယှက်ခဲ့ဖူးပြီး၊ ထိုလူသည် လျူတျန်မု၏ ဝမ်းကွဲတစ်ယောက် ဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့်ပင် လျူမိသားစုအပေါ်တွင် ရှိနေသည့် သူမ၏ အမြင်သည် အလွန်ဆိုးရွားနေခဲ့သည်။

သူမဘေးနားရှိ ကျန်းလန်၏ အမူအရာမှာလည်း ထပ်တူထပ်မျှ အေးစက်သွားခဲ့သည် “ လျူတျန်မု၊ နင်က ဒီကို ဘာလာလုပ်တာလဲ? “

ထိုလူသည် သားရဲဘုရင်၏ နှလုံးအတွက် သူမကို တစ်ခါတိုက်ခိုက်ခဲ့ဖူးလေသည်။

ဒီကောင်က အဲ့လိုထပ်လုပ်ဖို့ ကြိုးစားနေတာများလား?

“ ဒီလောက်ကြီး သတိထားနေဖို့ မလိုပါဘူး “ လျူတျန်မုသည် အသာအယာပြုံး၍ ပြောလာခဲ့သည် “ ငါက ပွဲကြည့်ဖို့အတွက်ပဲ ရောက်လာတာ “

ကျန်းလန်သည် သူ့အား အေးစက်စွာ စိုက်ကြည့်လိုက်သည်၊ ဒီကောင့်ရဲ့ အရှက်မရှိမှုမျိုးနဲ့ဆိုရင် တိတ်တဆိတ် မတိုက်ခိုက်လာနိုင်ဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ?

လျူတျန်မုသည် သူမတွေးနေသည့် အရာကို သိနေသည့်ပုံပေါ်ပြီး၊ တဟားဟားရယ်မော၍ ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ တကယ်လို့ လျူဟောင်ချန်က သေတဲ့အထိ အရိုက်ခံလိုက်ရမယ်ဆိုရင်တောင်မှ၊ ငါနဲ့ဘာမှ မဆိုင်ဘူး “

“သူနဲ့ ရှုကျိုးရဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲမှာ ဘယ်သူပဲသေသေ၊ ငါက ဝမ်းသာပေးမှာပါ “

“ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ရှုကျိုးက သေခြင်းရှင်ခြင်း တိုက်ပွဲကို အဆိုပြုရလောက်တဲ့အထိ တော်တော်တုံးတာပဲ၊ သူဘာတွေ တွေးနေလဲဆိုတာကို ငါတကယ် မသိဘူး “

လျူတျန်မုသည် သက်ပြင်းချလာခဲ့သည် “ တကယ်လို့ သူကသာ တိတ်တိတ်ဆိတ်ဆိတ် လေ့ကျင့်နေမယ်ဆိုရင်၊ နောင်အနာဂတ်မှာ ငါက သူ့ဆီကနေ အကျိုးပြုအမှတ် တစ်ချို့တစ်လေ ရနိုင်တယ်၊ နှမြောစရာပဲ “

“ စိတ်မပူပါနဲ့၊ ရှုကျိုးက သေချာပေါက် နိုင်လိမ့်မယ် “

တည်ငြိမ်သော အသံတစ်သံ ပေါ်ထွက်လာခဲ့ကာ ချင်ဖုန်းရောက်ရှိလာခဲ့သည်။

သူသည် လျူတျန်မုကိုကြည့်ကာ ပြောင်ကျကျ ပြောဆိုလာခဲ့သည် “ သေခြင်းရှင်ခြင်း တိုက်ပွဲမှာ ဘယ်ကောင်မှ ဝင်ပါလို့မရဘူးနော်။ တကယ်လို့ မင်းက တိတ်တဆိတ် လှုပ်ရှားရဲနေမယ်ဆိုရင်တော့ ငါက မင်းတို့ လျူမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို သတ်မှာ “

တစ်ခြားလူများက မသိကြသော်လည်း ချင်ဖုန်းမှာ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။

လျူတျန်မုကား မလှုပ်ရှားဘူးဟု ပြောလေလေ၊ တိတ်တဆိတ် လှုပ်ရှားလေလေပင် ဖြစ်သည်။

လျူတျန်မုနှင့် နှစ်ပေါင်းများစွာ ယှဥ်ပြိုင်လာခဲ့သောကြောင့် ချင်ဖုန်းသည် ထိုလူက အလွန်အရှက်မဲ့သည်ဆိုသည်ကို ကောင်းစွာသိနေခဲ့သည်။

လျူတျန်မု၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ခတ်သွားခဲ့သော်လည်း သူသည် မည်သည့်စကားမှ ပြောမလာခဲ့ပေ။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ငါဝင်ပါဖို့ မလိုပါဘူးကွာ။ တကယ်လို့ ပထမအဆင့် အထွတ်အထိပ်က အသစ်ရောက်လာတဲ့ လူသစ်လေးတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးဆိုရင် သေဖို့ ထိုက်တန်တယ် “

“ မင်းကသာ ရှုကျိုးကို တိတ်တဆိတ် မကူညီပေးသင့်ဘူး၊ ငါမင်းကို စောင့်ကြည့်နေမှာ “

လျူတျန်မုသည် ချင်ဖုန်းကို အေးစက်စွာ စိုက်ကြည့်၍ လှည့်ထွက်သွားတော့သည်။

သူထွက်သွားသည့်နောက်၌ ကျန်းလန်သည် ချင်ဖုန်းကို ကြည့်ကာ စကားပြောလာခဲ့သည် “ စီနီယာ အစ်ကို၊ ရှုကျိုးက တကယ် နိုင်မှာလား? “

၎င်းမှာ ရိုးရှင်းသော တိုက်ပွဲလေးတစ်ခု မဟုတ်ဘဲ၊ သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်သည်။

ကျန်းလန်နှင့် ရှားရှီယောက်တို့နှစ်ဦးစလုံးသည် ချင်ဖုန်းကို ကြည့်လာကြသည်။

“ ငါလည်း သိပ်မသေချာဘူး “ ချင်ဖုန်းမှ ခေါင်းခါပြလိုက်သည်။

ကျန်းလန် အံ့ဩသွားတော့သည်၊ ဒါဆိုရင် ခုနတုန်းကကျတော့ သချာတယ်လို့ ဘာလို့ ပြောလိုက်ရတာလဲ?

ချင်ဖုန်းမှ စကားပြောလာခဲ့သည် “ တကယ်လို့ ရှုကျိုးကသာ အစစ်အမှန် သိုင်းပညာဌာနမှာ နှစ်ဝက်လောက် ရှိနေခဲ့မယ်ဆိုရင်၊ သူက သေချာပေါက်ကို နိုင်တယ်။ ဒါပင်မဲ့ အခုတော့ သူက တစ်လပဲ နေရသေးတာလေ၊ အဲ့တော့ သိပ်မသေချာဘူး “

သူသည် ဤတစ်ကြိမ်တွင် တိတ်တဆိတ် ကူညီလှုပ်ရှားရန်အတွက် ရောက်လာခဲ့ခြင်း ဖြစ်သည်။

၎င်းက သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်သော်လည်း ရှုကျိုးသည် သူ၏ဂျူနီယာ ညီငယ်ဖြစ်သည်၊ သူသည် သူသေသွားမည်ကို ထိုင်ကြည့်နေမည် မဟုတ်ပေ။

စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်ရမည်ဆိုလျှင်တောင်မှ သူဝင်ပါမည် ဖြစ်သည်။

………………………………………………………………………………………………………

All Chapters