← Chapters

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အပိုင်း ( 154 )

ဘဝက ပုရွက်ဆိတ်လောက် အရေးမပါပင်မဲ့၊ မင်းတို့ စော်ကားလို့ မရဘူး !! ၂

“ ဒီလျူတျန်မုက နည်းနည်းတော့ ပြဿနာဖြစ်လာနိုင်တယ် …… “ ချင်ဖုန်းသည် တိတ်တဆိတ် မျက်မှောင်ကြုတ်သွားတော့သည်။

၎င်းကို တွေးမိသွားသော အချိန်၌ သူသည် စိတ်ထဲတွင် ကြိတ်၍ သက်ပြင်းချနေတော့သည်၊ ဒီကလေးကတော့ သေခြင်းရှင်ခြင်းတိုက်ပွဲကို လုပ်ရလောက်တဲ့အထိ မဆင်မခြင် လုပ်လွန်းတာပဲ။

ဘေးနားရှိ ကျန်းလန်သည် ချင်ဖုန်း၏ စကားကို ကြားလိုက်ရပြီးသည့်နောက်တွင် မနေနိုင်တော့ဘဲ စိုးရိမ်ပူပန်သွားခဲ့သည် “ ဟုတ်တယ်၊ ဒီကောင်က ကျောင်းကို ရောက်တာ ၁လပဲ ရှိသေးတယ်။ တကယ်လို့ အစစ်အမှန် သိုင်းပညာဌာနက နယ်ပယ်တူမှာ ပြိုင်ဘက်ကင်းတယ်ဆိုရင်တောင်မှ ဒီလောက်တော့ မမြန်သင့်ဘူး “

သူမ၏ လက်ဖဝါးသေးသေးလေးကို ဆုတ်ခဲနေပြီး၊ လှပသော သူမ၏မျက်လုံးလေးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လျူတျန်မုနှင့် ချင်ဖုန်းတို့ ရောက်လာသည်ကို မြင်တွေ့သွားသော လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

“ ဒီပထမအဆင့်လေးတွေရဲ့ တိုက်ပွဲက လျူတျန်မုနဲ့ ချင်ဖုန်းတို့ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

“ ဟုတ်တယ်၊ သူတို့နှစ်ယောက်လုံးက တတိယအဆင့် ပညာရှင်တွေလေ။ သူတို့က ဒီလိုအသေးစားတိုက်ပွဲလေးတွေကို ဘယ်အချိန်ကစပြီးတော့ အာရုံစိုက်လာရတာလဲဟ? “

နတ်သိုင်းဌာနမှ လူတစ်ချို့သည် ဆွေးနွေးပြောဆိုနေကြသည်။

ချင်ဖုန်းသည် ထိုစကားများကို ကြားကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ အသေးစား တိုက်ပွဲလား? “ ချင်ဖုန်းသည် စိတ်ထဲတွင် ကြိတ်၍ ချေပပြောဆိုနေတော့သည် “ ဒါက အသေးအမွှား တိုက်ပွဲလေး မဟုတ်ဘူးကွ။ ကျောင်းက အဆင့်မြင့် ပုဂ္ဂိုလ်တစ်ချို့တောင် ဒီတိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေကြတယ် “

သူသိထားသလောက်အရဆိုပါက သက်ဆိုင်ရာ ဌာနနှစ်ခု၏ ဌာနမှူးများသည် ယနေ့တိုက်ပွဲနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပန်နေလျက်ရှိသည်။

ထိုလူများသည် လူကိုယ်တိုင်ပေါ်လာ၍ ကြည့်ရှုရန် မဖြစ်နိုင်သောကြောင့် ထိုလူများက မသိကြခြင်း ဖြစ်သည်။

ဘေးနားရှိ ရှားရှီယောက်သည် သိလိုစိတ်ဖြင့် မေးလာခဲ့သည် “ စီနီယာအစ်ကို၊ စီနီယာ အစ်မချန်းက မလာဘူးလား? “

“ ချန်းရှင်ကို ပြောတာလား? “ ချင်ဖုန်း အံ့ဩသွားပြီး ခေါင်းကို ခါယမ်းပြလိုက်သည် “ သူမက တစ်ခြားတစ်နေရာရာကနေ ကြည့်နေမှာ။ သူမက လူများတဲ့နေရာတွေကို မသွားဘူး “

ရှားရှီယောက်သည် တအံ့တဩဖြင့် ပြောလာခဲ့သည် “ ကြည့်ရတာတော့ စီနီယာအစ်မချန်းက ဒီလောက်တောင် ဖာသိဖာသာ နေတတ်တဲ့ပုံပဲ “

“ ဖာသိဖာသာ နေတတ်တာလား? “ ချင်ဖုန်းမှ ပြုံးပြလာခဲ့ပြီး၊ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။

ရုတ်တရက်ဆိုသလိုပင် သူ၏အမူအရာ ပြောင်းလဲသွားခဲ့သည် “ လျူဟောင်ချန် ရောက်လာပြီ “

ကျန်းလန်နှင့် ရှားရှီယောက်တို့နှစ်ဦးစလုံး လှမ်းကြည့်လိုက်ကြသည်။

သူမတို့သည် ဓားရှည်တစ်ချောင်းကို သယ်ထားသည့် အဖြူရောင် မျက်ခုံးမွှေးများဖြင့် လူငယ်လေးတစ်ဦးက ဤနေရာသို့ ဖြည်းညှင်းစွာ ချဥ်းကပ်လာသည်ကို မြင်တွေ့သွားခဲ့သည်။

သူသည် တိုက်ပွဲကွင်းပြင်၏ အလယ်ဗဟိုဆီသို့ သွားကာ သူ၏ ဓားကို မြေပြင်ပေါ်သို့ ချထားလိုက်ပြီး၊ တင်ပျဥ်ခွေထိုင်၍ မျက်လုံးများကို မှိတ်လိုက်သည်။

ထိုလူငယ်လေးသည် မည်သည့်စကားမှ မပြောသကဲ့သို့ စောင့်ဆိုင်းနေခြင်းလည်း မပြုလုပ်ဘဲ မြေပြင်ပေါ်တွင် ထိုင်ကာ လေ့ကျင့်နေခဲ့သည်။

ထိုကဲ့သို့သော သဘောထားကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့ဩသွားကြသည်။

ဤအချိန်၌ လူအများစုသည် ဇဝေဇဝါ ဖြစ်သွားကြသည်၊ လျူဟောင်ချန်က ရောက်လာပြီ ရှုကျိုးကရော?

တော်တော်လေးတောင် ကြာနေပြီလေ၊ သူက ဘယ်လိုလုပ်ပြီးတော့ မရောက်လာရသေးတာလဲ?

သူက မလာရဲတော့တာများလား?

…

ရှုကျိုးသည် မလာရဲခြင်း မဟုတ်ဘဲ၊ ရောက်နေသည်မှာကြာနေခဲ့ပြီ ဖြစ်သည်၊ သူသည် လမ်းတွင် မိတ်ဆွေတစ်ဦးနှင့် တွေ့နေခဲ့ခြင်း ဖြစ်သည်။

“ မင်းဘာပြောလိုက်တယ်? “

ရှုကျိုးသည် လီတျယ်ကို ကြည့်ကာမျက်မှောင်ကြုတ်သွားခဲ့သည် “ မင်းက လောင်းကြေးဖွင့်လိုက်တာလား? ပြီးတော့ ငါနိုင်မယ်လို့ လောင်းလိုက်တာလား? “

သူ၏ အမူအရာသည် အနည်းငယ် ရုပ်ဆိုးသွားခဲ့သည်။

ဒါက ငါ့ရဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲလေ၊ ဒါကို‌တောင် ဒီကောင်က လောင်ကစား လုပ်လိုက်တယ်ပေါ့?

“ အဟွတ် အဟွတ် အဟွတ် “

လီတျယ်သည် ချောင်းဟန့်ကာ ပြုံးစိစိအမူအရာဖြင့် အမြန်ပြောလာခဲ့သည် “ အစ်ကိုကြီး၊ ငါ့မှာ ငွေလေး ပြတ်နေလို့ပါကွာ “

ရှုကျိုး၏ အမူအရာက ပို၍ ဆိုးရွားလာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် လီတျယ်မှ အမြန်ပြောလာခဲ့သည် “ ပြီးသွားရင် မင်းကို ရှယ်ယာ ၃၀% ပေးမှာပါကွာ “

ရှုကျိုးသည် သူ့ကိုသာ စိုက်ကြည့်နေခဲ့သည်။

လီတျယ်သည် ဦးရေပြားပင် အေးစိမ့်သွားသကဲ့သို့ ခံစားသွားရကာ အမြန်ပြောလာခဲ့သည် “ ဒါဆိုရင် ၄၀%ဆိုရင်ကော? “

“ ၅၀ကွာ၊ အဲ့လိုဖြစ်သင့်တယ် “

“ ၆၀ကွာ၊ ၆၀ထပ်တော့ ပိုမရဘူး “ လီတျယ်မှ အံကြိတ်၍ ပြောလာခဲ့သည် “ လောင်းကြေးဖွင့်ဖို့က ငါ့ရဲ့ အကြံအစည်ပဲဆိုတော့ အဲ့လိုပဲ ဖြစ်သင့်ပါတယ် “

ထိုအခါမှသာလျှင် ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ ထပ်မံ၍ ဖိအားပေးမနေတော့ချေ။

အရိုးသားဆုံး ပြောရမည်ဆိုပါက သူသည်လည်း ငွေပြတ်လပ်နေခြင်း ဖြစ်သည်။

သူ၏ အကျိုးပြုအမှတ်များမှာလည်း ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါ၌ ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ အနည်းငယ် သိချင်သွားခဲ့သည် “ ဆက ဘယ်လောက်လဲ? “

“ ၉အချိုး၁ “

“ ကိုးဆ တစ်ဆလား? “ ရှုကျိုး အံ့ဩသွားတော့သည် “ ငါ့အတွက်က တစ်ဆတည်းလား? “

လီတျယ်သည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည် “ မင်းနဲ့ လျူဟောင်ချန်ကြားက ကွာဟချက်က တော်တော်ကြီးကို ကြီးတယ်လေ၊ လူအနည်းစုလောက်ပဲ မင်းနိုင်မယ်လို့ လောင်းထားကြတယ်၊ ဒါပင်မဲ့ အဲ့တာက ကောင်းတယ်၊ မင်းနိုင်ရင် ငါတို့က အချီကြီးမြတ်ပြီလေ “

“ မင်းက ငါ့ကို အဲ့လောက်တောင် ယုံတာလား? “ ရှုကျိုးသည် သူ့ကို ကြည့်လိုက်သည်။

“ ဟဲဟဲ “ လီတျယ်ကား ခေါင်းတကုတ်ကုတ် ဖြစ်သွားခဲ့သည် “ ဘာလို့လဲတော့ မသိပင်မဲ့ မင်းနိုင်လိမ့်မယ်လို့ ခံစားနေရတယ် “

သူကိုယ်တိုင်ပင် ၎င်းက အတော်လေး ထူးဆန်းနေသည်ဟု ခံစားနေခဲ့ရသည်။ ငါက ရှုကျိုးရဲ့ အစွမ်းကို မြင်ထားလို့ မျက်ကန်းတစ္ဆေ ယုံမိသွားတာများလား?

ရှုကျိုးမှ ခေါင်းစဥ်ပြောင်း၍ ပြောလာခဲ့သည် ” သွားကြစို့၊ လျူဟောင်ချန်က ရောက်နေလောက်ပြီ “

လီတျယ်မှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ လူနှစ်ဦးသည် တိုက်ပွဲကွင်းပြင်ဆီသို့ ဦးတည်လာနေတော့သည်။

…

၁၀မိနစ်ကြာခဲ့ပြီးသည့်နောက်၌

ရှုကျိုးသည် တိုက်ပွဲကွင်းပြင်ရှိရာ နေရာဆီသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

သူရောက်လာသည်နှင့် တစ်ပြိုင်နက် တစ်နေရာလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

အကြည့်အားလုံးသည် ရှုကျိုးဆီသို့ ကျရောက်လာခဲ့သည်။

ရှုကျိုးကမူ တစ်ခြားလူများကို လျစ်လျူရှုထားပြီး၊ တိုက်ပွဲကွင်းပြင်၏ အလယ်ဗဟိုတွင် ထိုင်နေသည့် လူငယ်လေးကိုသာ စိုက်ကြည့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် မျက်လုံးများ မှိတ်ထားခဲ့သည့် လျူဟောင်ချန်သည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်ကာ ဖြည်းညှင်းစွာ ထရပ်လာခဲ့သည်။

သူသည် ရှုကျိုးကိုကြည့်ကာ အေးအေးလူလူ ပြောလာခဲ့သည် “ မင်းရောက်လာပြီလား? “

ရှုကျိုးသည် မီတာ ၅၀အကွာတွင် ရပ်လိုက်ပြီး၊ လက်သီးဆုပ်၍ နှုတ်ဆက်ကာ ပြောလိုက်သည် “ ဒီနေ့တိုက်ပွဲက အနိုင်အရှုံးအတွက် မဟုတ်ဘဲ၊ သေခြင်းရှင်ခြင်း အတွက်ဆိုတာကို စီနီယာ သိနေမယ်လို့ မျှော်လင့်ပါတယ် “

လျူဟောင်ချန်မှ ခေါင်းငြိမ့်ပြ၍ အေးအေးဆေးဆေး ပြောလာခဲ့သည် “ ငါသိတယ် “

သိတာလား?

ရှုကျိုး၏ မျက်လုံးများ အနည်းငယ် မှေးကျဥ်းသွားခဲ့သည်၊ တစ်ဖက်လူ၏ သဘောထားသည် သူ့အား အံ့အားသင့်သွားစေခဲ့သည်။

သူသည် ပြိုင်ဘက်ဖြစ်သူကို ကြည့်ကာ မေးလိုက်သည် “ စီနီယာနဲ့ ကျွန်တော့်ကြားမှာ ရန်ငြှိုးရှိလို့လား? “

လျူဟောင်ချန်၏ အမူအရာသည် အေးဆေးတည်ငြိမ်နေစဲဖြစ်သည် “ ငါ့အတွက်တော့ ဒီဟာက တာဝန်တစ်ခုသာသာပဲ၊ မင်းကို သတ်ရတာကလည်း အဆင်ပြေတဲ့ လုပ်ရပ်တစ်ခုပဲ “

အဆင်ပြေတဲ့ လုပ်ရပ်လား?

ရှုကျိုး ရယ်မောမိသွားသည်၊ ပြိုင်ဘက်ဖြစ်သူနှင့် သူ့ကြားတွင် မည်သည့်မကျေနပ်ချက်မှ မရှိပေ၊ ထို့အပြင် သို့သော် ၎င်းက သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်သည်ဆိုသည်ကို သိသော်လည်း တစ်ဖက်လူသည် တိုက်ခိုက်ရန် ရောက်လာသေးစဲဖြစ်သည်။

အစပိုင်းတွင် ရှုကျိုးသည် တစ်ဖက်လူက သူ့နှင့် တိုက်ခိုက်ရသည်မှာ အငြှို(သို့) အမုန်းတရားကြောင့် ဖြစ်နေမလားဟု တွေးတောနေခဲ့သည်။

အမှန်တရားကမူ မည်သည့်အရာမှ ဟုတ်မနေခဲ့ပေ။

လျူဟောင်ချန်၏ မျက်လုံးများထဲတွင်မူ သူ့ကို သတ်ရခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရခြင်းနှင့် တူညီနေသည့်ပုံပင်။

“ သိပြီ “

ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြကာ ပြောလိုက်သည် “ တိုက်ပွဲရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ၊ ရှုံးတဲ့ဖက်က အကြီးအကဲတွေက ဝင်မပါဘူးလို့ မျှော်လင့်ပါတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် တိုက်ပွဲက အဓိပ္ပါယ် မဲ့သွားလိမ့်မယ် “

လျူ‌ဟောင်ချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ကာ အေးစက်စွာ ပြောလာခဲ့သည် “ သေခြင်းရှင်ခြင်း တိုက်ပွဲမှာ အရှုံးသမားက သေချာပေါက်ကို သေရမှာပဲ။ အရည်အချင်းမရှိတဲ့ လူအတွက် အကြီးအကဲတွေက ပြဿနာရှာနေမှာ မဟုတ်ဘူး “

သူ၏ အမူအရာမှာ ရုပ်ဆိုးသွားခဲ့သည်။

ရှုကျိုး၏ စကားလုံးမျာက သူ၊ လျူဟောင်ချန်သာ သေဆုံးသွားမည်ဆိုပါက လျူမိသားစုက ပြဿနာရှာလာနိုင်သည်ဟု ဆိုလိုနေသည့်ပုံပင်။

………………………………………………………………………………………………………………………….

အပိုင်း ( 155 )

ဘဝက ပုရွက်ဆိတ်လောက် အရေးမပါပင်မဲ့၊ မင်းတို့ စော်ကားလို့ မရဘူး !! ၃

ငါက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ?

ရှုကျိုးသည် အသာအယာ ပြုံးကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ကျွန်တော်၊ ရှုကျိုးက ကျောင်းကျိုးလို နေရာသေးသေးလေးကနေလာတယ်၊ ကျုပ်မှာက လျူမိသားစုလိုမျိုး နောက်ခံမရှိဘူး၊ ကျုပ်ရဲ့ မိဘတွေကလည်း သာမန်လူတွေပါပဲ၊ ကျောထောက်နောက်ခံပြုပေးမဲ့ အကြီးအကဲတွေလည်း မရှိဘူး “

“ ဒီတိုက်ပွဲကို ကျုပ်က အစပြုတာ မဟုတ်ဘူး။ ကျောင်းကို ရောက်လာတဲ့ ပထမဦးဆုံးနေ့မှာတည်းက လျူမိသားစုက ကျုပ်ကို တစ်ဆင့်ချင်းစီ ဖိအားပေးလာခဲ့တာ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သေခြင်းရှင်းတိုက်ပွဲ လုပ်ရတဲ့အထိ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ? “

“ ဒီစကားတွေကို ပြောနေရတယ်ဆိုတာက ဒါက ဌာနတွေကြားက ပဋိပက္ခ မဟုတ်ဘဲ၊ ကိုယ်ရေးကိုယ်တာ ပဋိပက္ခဖြစ်တယ်ဆိုတာကို အားလုံးကို သိစေချင်လို့ ပြောနေတာပါ “

လူအများစု၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ရှုကျိုး၏ စကားလုံးများသည် အတော်လေး စိတ်ဝင်စားဖွယ် ကောင်းနေခဲ့သည်။

အကယ်၍ ဤတိုက်ပွဲကသာ ဌာနဆိုင်ရာ ပဋိပက္ခဖြစ်နေမည်ဆိုပါက ပုံမှန်ပင် ဖြစ်နေလိမ့်မည် ဖြစ်သည်။

နတ်သိုင်းဌာနမှ အစစ်အမှန် သိုင်းပညာဌာနကို ဖိနှိပ်နေသည့် ကိစ္စအား နတ်သိုင်းဌာနရှိ လူတော်တော်များများက သိထားသောကြောင့် ဖြစ်သည်။

သို့သော် ကိုယ်ရေးကိုယ်တာ ပဋိပက္ခအဖြစ် ပြောင်းလဲသွားမည်ဆိုပါက စိတ်ဝင်စားဖွယ်ကောင်းသွားလိမ့်မည် ဖြစ်သည်။

အဓိက အရာကမူ ရှုကျိုး၏ စကားလုံးများသည် အကယ်၍ နောင်အနာဂတ်တွင် သူသာ ပျောက်သွားမည်ဆိုပါက ၎င်းက လျူမိသားစုနှင့် သက်ဆိုင်နေသည်ဟု ညွှန်ပြနေခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့သာ ဖြစ်လာခဲ့ပါက တက္ကသိုလ်မှ စုံစမ်းစစ်ဆေးလာခဲ့မည် ဖြစ်သည်။

ကွမ်ဟန် တက္ကသိုလ်သည် အားနည်းသူများကို အားကြီးသူများ၏ အနိုင်ကျင့်ခြင်းမှ ကာကွယ်ရန် စည်းမျဥ်းစည်းကမ်းများ သတ်မှတ်ထားခဲ့သည်။

၎င်းမှာ ကျောင်းသူကျောင်းသား အားလုံးအတွက် ရှိနေသည့် ကျောင်း၏ အကာအကွယ်ဖြစ်သည်။

ရှုကျိုးမှ အဆင့်မြင့် လူတစ်ဦးကို စော်ကားခြင်း (သို့) အဆင့်မြင့် လူတစ်ဦးဦးမှ ရှုကျိုးကို တိုက်ခိုက်ခြင်းတို့ ပြုလုပ်မည်ဆိုပါက သူတို့သည် ကျောင်း၏ ဖိနှိပ်မှုကို စောင့်ကြိုနေကြရမည် ဖြစ်သည်။

ကိုယ်ရေးကိုယ်တာ ပဋိပက္ခအတွက်ကား လူအများစုသည် ၎င်းကို ကောင်းစွာ သိထားကြပြီ ဖြစ်သည်။

၎င်းကို လူသိရှင်ကြား လုပ်လိုက်ခြင်းမှာ ရှုကျိုးသည် လျူမိသားစုအား မီးပုံပေါ်သို့ ပစ်တင်ပေးလိုက်ခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် လျူမိသားစု၏ ကွမ်ဟန်တက္ကသိုလ်မှ အပြစ်တင်ခံရခြင်းကို ရှောင်ရှားရန်အတွက် ရှုကျိုးကို တိတ်တဆိတ် ကာကွယ်ပေးရန် ပညာရှင်များပင် စေလွှတ်ပေးလာနိုင်မည်လားဆိုသည်ကို မည်သူကို သိနိုင်ကြမည်နည်း?

…

“ မောက်မာလိုက်တာ !! “

လျူဟောင်ချန်သည် ရှုကျိုးအား အေးစက်စွာ စိုက်ကြည့်လာခဲ့သည်။

“ ရှုကျိုး၊ အစကတော့ မင်းနဲ့ ငါ့ကြားမှာ ဘာရန်ငြှိုးမှ မရှိဘူး။ ကိုယ်ရေးကိုယ်တာ ပဋိပက္ခအကြောင်းကို ပြောနေစရာမလိုဘူး။ နတ်သိုင်းဌာနက ကြေညာခဲ့တဲ့ တာဝန်ကြောင့်သာ မင်းနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ လုပ်ဖို့အတွက် ငါလက်ခံလိုက်တာ “

လျူဟောင်ချန်သည် အေးစက်စွာ ပြောလာခဲ့သည် “ အဲ့လိုမှ မဟုတ်ဘူးဆိုရင် အခုမှ ကျောင်းကို ရောက်လာတဲ့ လူသစ်လေးကို လျူမိသားစုက ဘာကိစ္စ ပစ်မှတ်ထားနေရမှာလဲ? မင်းက ငါနဲ့တိုက်ဖို့ အဆင့်မှီလို့လား? “

ရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြောလိုက်သည် “ ငါအဆင့်မှီလား၊ မမှီဘူးလားဆိုကတော့ တိုက်ကြည့်ရင် သိလာပါလိမ့်မယ် “

သူသည် တစ်ခြားလူများကို ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည် “ ကျွန်တော်၊ ရှုကျိုးက တောင့်တင်းတဲ့ နောက်ခံနဲ့ အကြီးအကဲတွေရဲ့ ထောက်ပံ့မှု မရှိပါဘူး၊ လျူမိသားစုကလည်း ကျွန်တော့်ကို စောင့်ကြည်နေပါတယ်၊ ဒါပင်မဲ့ ကျွန်တော်က အဲ့တာတွေကို လုံးဝမကြောက်ပါဘူး “

“ ပုရွက်ဆိတ်ဆိုရင်တောင်မှ ဂုဏ်သိက္ခာရှိပါတယ် “

“ ကျွန်တော်က ပြင်ပခရိုင်က လူတစ်ယောက်ပါ၊ ဒါပင်မဲ့ ကျွန်တော်က အစော်ကားခံရမယ်ဆိုရင် လုံးဝငြိမ်ခံနေမှာ မဟုတ်ဘူး “

“ ဒီတိုက်ပွဲ ပြီးသွားရင် ဒုတိယအဆင့်အောက်က ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်ကို လာတိုက်လို့ရပါတယ် “

ပရိတ်သတ်တစ်အုပ်လုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် တစ်ချို့လူများ၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။

နတ်သိုင်းဌာနရှိ လူအားလုံးသည် အတွင်းမြို့တော်မှ ပါရမီရှင်များသာလျှင် မဟုတ်ပေ၊ ပြင်ပခရိုင်မှ ပါရမီရှင် တစ်ချို့ပါ ရှိနေသေးသည်။

ယခု ရှုကျိုး၏ စကားလုံးများကို ကြားလိုက်ရသောအခါတွင် သူတို့၏ သွေးများ ဆူပွက်သွားသကဲ့သို့ ခံစားသွားခဲ့ရသည်။

သူတို့မှာလည်း ပြင်ပခရိုင်မှ ရောက်လာကြခြင်း ဖြစ်ပြီး၊ သူတို့သည်လည်း အကြိမ်ပေါင်းများစွာ အရှက်ခွဲခံခဲ့ရကြသည်၊ သူတို့သည် ပုရွက်ဆိတ်ကဲ့သို့သော လူများသာဖြစ်သော်လည်း ကိုယ်ပိုင်မာနနှင့် ဂုဏ်သိက္ခာများ ရှိနေသေးသည်။

အကယ်၍ သူတို့ကသာ နတ်သိုင်းဌာနမှ လူများ မဟုတ်ဘူးဆိုပါက သူတို့သည် “ ပြောတာကောင်းတယ် “ဟုစိတ်အားထက်သန်စွာဖြင့် အော်ပြောလာကြမည် ဖြစ်သည်။

“ ပြောတာ ကောင်းတယ် !! “

အဆုံးတွင် တစ်စုံတစ်ဦးမှ အော်ပြောလာခဲ့သည်၊ သို့သော် သူသည် နတ်သိုင်းဌာနမှ လူတစ်ဦးမဟုတ်ဘဲ ချင်ဖုန်းဖြစ်နေခဲ့သည်။

ဤအချိန်၌ ချင်ဖုန်း၏ မျက်လုံးများသည် နှင်းဖြူကဲ့သို့ တောက်ပနေလျက်ရှိသည်၊ သူသည် သူ၏ဂျူနီယာ ညီငယ်က ဤမျှလောက် လွှမ်းမိုးကြီးစိုးနေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

မလှမ်းမကမ်းရှိ လျူတျန်မုနှင့် တစ်ခြားသော နေရာများတွင် ရှိနေသည့် လျူမိသားစုမှ အဖွဲ့ဝင်တို့၏ အကြည့်များမှာလည်း အေးစက်သွားခဲ့သည်။

ချင်ဖုန်းကမူ ၎င်းတို့ကို လျစ်လျူရှုထားခဲ့သည်၊ သူသည် လျူတျန်မုကိုပင် မကြောက်သည့် လူဖြစ်သည်၊ ထိုလူများသာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။

ချင်ဖုန်းဘေးနားရှိ ရှားရှီယောက်မှာလည်း စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလာခဲ့သည် “ ပြောတာ ကောင်းတယ် “

ကျန်းလန်သည် သူမကို ကြည့်ကာ အနည်းငယ် ဆွံ့အသွားခဲ့သည်၊ ငါတို့အားလုံးက အတွင်းမြို့တော်က လူတွေလေ၊ နင်က ဘာလို့ ဝင်ပါ‌နေရတာတုန်း?

သူမသည် ချင်ဖုန်း၏ နောက်ခံကို သိရှိထားခဲ့သည်၊ ချင်ဖုန်းသည် အတွင်းမြို့တော်မှ လူမဟုတ်ဘဲ ပြင်ပခရိုင်မှ လူတစ်ဦးဖြစ်သည်၊ ထို့ကြောင့် သူမှ အော်ပြောလာခဲ့ခြင်းမှာ ကျိုးကြောင်းသင့်တင့်နေမည် ဖြစ်သည်။

သို့သော် ရှားရှီယောက်အတွက်ကား ၎င်းသည် အနည်းငယ် ရယ်စရာကောင်းနေခဲ့သည်။

မည်သို့ပင်စေကာမူ ကျန်းလန်၏ လှပေသော မျက်ဝန်းတစ်စုံသည် ရှုကျိုးထံသို့ ရောက်ရှိသွားခဲ့သည်။

ဒီလူက ယုံကြည်ချက်အပြည့် ရှိနေတာလား?

…

“ မောက်မာလိုက်တာ !! “

တိုက်ပွဲကွင်းပြင်၌ လျူဟောင်ချန်သည် ရုတ်တရက် အော်ဟစ်ကာ ရှေ့ဘက်ရှိ မြေပြင်ကို ဆောင့်နင်းချလိုက်သည်။

ခွမ်းဟူသောအသံနှင့်အတူ မြေပြင်ပေါ်ရှိ ဓားရှည်သည် သူ၏ လက်ထဲသို့ တိုးဝင်လာခဲ့သည်။

“ ရှုကျိုး၊ မင်းရဲ့ ပေါက်ကရတွေကို တော်လိုက်တော့၊ တိုက်မှာလား မတိုက်ဘူးလား? “

ရှုကျိုးမှ အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ သဘောတူညီချက်ကို အရင်လုပ်ကြတာပေါ့၊ ရှုံးတဲ့လူက နိုင်တဲ့လူကို အကျိုးပြုအမှတ်တွေ အကုန်ပေးရမယ် “

လျူဟောင်ချန်သည် ဒေါသတကြီး အော်ရယ်လာခဲ့သည်၊ ဒီကောင်က ငါ့ရဲ့ အကျိုးပြုအမှတ်တွေကို တကယ်ကြီး ယူချင်နေတယ်ပေါ့?

“ တကယ်လို့ မင်းကသာ အသက်ရှင်နေမယ်ဆိုရင်တော့၊ ငါ့ရဲ့ အမှတ်တွေက မင်းဟာတွေပဲ ဖြစ်လာလိမ့်မယ်။ ဒါပင်မဲ့ မင်းက အဲ့အခွင့်အရေးကို ရမှာ မဟုတ်ဘူး “

ဝုန်းးးး !!

လျူဟောင်ချန်၏ အရှိန်အဝါသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်၊ ပထမအဆင့် အထွတ်အထိပ် အရှိန်အဝါများသည် အရှေ့ဘက်သို့ ဖိနှိပ်လာခဲ့သည်။

သူ၏ အကြည့်သည် အံ့ဩဖွယ်ကောင်းလောက်အောင် အေးစက်နေခဲ့သည်။

အစ၌ သူသည် ရှုကျိုးနှင့် အမုန်းမပွားဘဲ၊ တစ်ဖက်လူကို ငြင်ငြင်သာသာ အဆုံးသတ်ပေးလိုက်ကာ အကျိုးပြုအမှတ်များ ထုတ်ယူရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတွင်ကား သူသည် သတ်ဖြတ်ရန်အတွက် စိတ်ပိုင်းဖြတ်ထားခဲ့ပြီ ဖြစ်သည်။

ဓားချီတစ်ခုသည် လေထုကိုထွင်းဖောက်လာခဲ့သည်။

ချီ-သွေး စွမ်းအင်များ မြင့်တက်လာခဲ့ပြီး၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ရှုကျိုး၏ နဖူးကို ချိန်ရွယ်လာခဲ့သည်။

ရှုကျိုး၏ ပုံရိပ် လှုပ်ရှားသွားခဲ့ကာ ၎င်းကို ရှောင်ရှားရန် လေပေါ်သို့ ခုန်တက်လိုက်သည်။

“ သေ !!! “

လျူဟောင်ချန်မှ အစွမ်းထက် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ရာ ချီ-သွေးစွမ်းအင်များ ပေါက်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် ရှုကျိုးကို ဖုံးလွှမ်းလာခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် စိတ်စွမ်းအား ဖိအားတစ်ခုသည် ရှုကျိုး၏ စိတ်အာရုံကို တိုက်ရိုက်ပစ်မှတ်ထားလာခဲ့သည်။

“ စိတ်ဝိညာဥ်စွမ်းရည်လား? “

ရှုကျိုးသည် ချက်ချင်း ထင်ကြေးပေးခန့်မှန်းလိုက်သည်၊ လျူဟောင်ချန်နှင့် လီရို့ရှီတို့၏ စွမ်းရည်များသည် အနည်းငယ် တူညီနေခဲ့သည်၊ နှစ်ခုစလုံးသည် စိတ်ဝိညာဥ်စွမ်းရည်များ ဖြစ်ကြသည်၊ သို့သော် လျူဟောင်ချန်၏ စွမ်းရည်ကမူ Sအဆင့် စွမ်းရည်ဖြစ်သည်။

ထိုကဲ့သို့သော စွမ်းရည်မျိုးသည် အလွန်ရှားပါးလွန်းလှသည်၊ ပထမအဆင့်မှာပင် ရန်သူ၏ စိတ်ဝိညာဥ်ကို ဖိအားပေးနိုင်ခြင်းကား မရှိသလောက်နီးပါးပင် ရှားပါးလွန်းနေခဲ့သည်။

အစကတည်းက သူသည် ချီ-သွေးဖိအားနှင့် စိတ်စွမ်းအင် ဖိအားတို့ကို ပေါင်းစည်းကာ ရှုကျိုးကို အမှောက်သိပ်ရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖိအားကြောင့် ရှုကျိုးသာ တစ်ခဏခန့် ရပ်တန့်သွားသရွေ့၊ အဆိုပါအချိန်သည် လျူဟောင်ချန်မှ အသေသတ်တိုက်ကွက် ထုတ်သုံးရန် လုံလောက်နေမည် ဖြစ်သည်။

“ ချိုးဖျက်စမ်း !! “

ရှုကျိုး၏ စိတ်စွမ်းအားသည် အလွန်အားကောင်းခိုင်ခံ့နေသောကြောင့် ပြိုင်ဘက်ဖြစ်သူ၏ စိတ်စွမ်းအင် ဖိအားသည် တိုးညှင်းသော ကြုံးဝါးသံနှင့်အတူ ချက်ချင်း ပြိုကွဲသွားခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဓားချီသည် သူ၏အရှေ့သို့ ရောက်ရှိလာခဲ့သည်။

၎င်းသည် ကြီးမားသော လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ရှုကျိုး၏ မျက်နှာဆီသို့ တိုးဝင်လာခဲ့သည်။

ရှုကျိုး၏ ချီ-သွေးစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

ကျယ်လောင်သော အသံနှင့်အတူ ရှုကျိုး၏ ချီ-သွေး စွမ်းအင်လှိုင်းများ ဒလဟော လျှံထွက်လာတော့၏။

……………………………………………………………………………………………………………………..

အပိုင်း ( 156 )

ဘဝက ပုရွက်ဆိတ်လောက် အရေးမပါပင်မဲ့၊ မင်းတို့ စော်ကားလို့ မရဘူး !! ၄

“ ခွမ်း !! “

သူ့နောက်ကျောရှိ Eအဆင့် ၅၀၀အမျိုးအစား ထန်ဓားသည် ဓားအိမ်ထဲမှ ရုတ်တရက် ထွက်လာခဲ့သည်။

ရှုကျိုးသည် ၎င်းကို ကိုင်၍ ရှည်လျားသော ဓားရှည်နဲ့ တွေ့ဆုံပေးရန် လွှဲရမ်းလိုက်ရာ၊ ဓားနှစ်လက် တိုက်မိသွားပြီး ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လျူဟောင်ချန်သည် အေးစက်စက် အမူအရာဖြင့် တိုက်ခိုက်ရန်အတွက် သူ၏လက်ကို ထပ်မြှောက်လိုက်သည်။

ဝုန်းးးး !!

ချီ-သွေးစွမ်းအင် ပေါက်ကွဲမှုကြောင့် အနီးအနားရှိ လေထုပင် ကွဲအက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လျူဟောင်ချန်၏ ခန္ဓာကိုယ်သည် ရှုကျိုး၏ အနားသို့ ရောက်ရှိလာခဲ့ပြီး၊ သူ့အပေါ်သို့ ကျရောက်နေသော ဖိအားသည် နှစ်ဆတိတိမြင့်တက်လာခဲ့သည်။

အကယ်၍ သာမန်ပထမအဆင့် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်နေမည်ဆိုပါက ထိုကဲ့သို့သော ဖိအားအောက်တွင် အလွယ်တကူ မိန်းမောသွားကာ တိုက်ပွဲထဲတွင် ရှိနေသေးစဲဆိုသည်ကို မေ့လျော့သွားမည် ဖြစ်သည်။

သို့သော် ရှုကျိုးကမူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏၊ ဒီလိုကလေးကွက်မျိုးက ငါ့ရှေ့မှာ သုံးလို့ရမယ်လို့ ထင်နေတာလား?

“ သတ် !! “ ရှုကျိုးမှ ကြုံးဝါးလာခဲ့ပြီး၊ ဓားကို လွှဲကာ ခုတ်ပိုင်းလိုက်သည်။

ကျယ်လောင်သော ထစ်ချုန်းသံနှင့်အတူ ဓားနှစ်လက် ထပ်မံ၍ ထိတွေ့သွားခဲ့ပြီး၊ လျူဟောင်ချန်သည် တယိမ်းတယိုင်ဖြင့် ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်သွားခဲ့ရကာ၊ သူ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ရှုကျိုးက သူ၏ဖိအားပေးမှုအောက်မှ လုံးဝလွတ်မြောက်နေခဲ့ခြင်းသည် သူမမျှော်လင့်ထားခဲ့သော အရာတစ်ခုဖြစ်သည်။

ထို့အပြင် ရှုကျိုး၏ ခွန်အားသည် သူတွေးထင်ထားသည်ထပ် ပို၍ များစွာအားကောင်းနေခဲ့သည်။

“ ငါက မင်းကို လျှော့တွက်မိထားတာပဲ၊ ဒါပင်မဲ့ ဒီမှာပဲ အဆုံးသတ်သင့်နေပြီ “

လျူဟောင်ချန်သည် လေသံတိုးတိုးလေးဖြင့် ကြုံးဝါးကာ သူ၏ သွေးကြောမှတ် ၁၀၅မှတ်လုံးကို ရုတ်တရက် ဖွင့်ကာ ချီ-သွေးစွမ်းအင်အား သူ၏ခန္ဓာကိုယ်တစ်ခုလုံးထံသို့ စီးဆင်းခွင့်ပြုလိုက်သည်။

ပထမအဆင့် ပညာရှင်တစ်ဦး၏ အစစ်အမှန် ဝှက်ဖဲသည် သွေးကြောမှတ်များ၏ လျှို့ဝှက်အစွမ်းပေါ်တွင် တည်ရှိနေလျက်ရှိသည်။

အဆိုပါ လျှို့ဝှက်စွမ်းအားက မည်သည့်နေရာမှ ရောက်ရှိလာလဲဆိုသည်ကား ယနေ့အချိန်အထိ မည်သူမှ မသိခဲ့ကြပေ။ အမျိုးမျိုးသော ကျင့်ကြံရေး နည်းစနစ်များကို အသုံးပြု၍ သွေးကြောမှတ်များကို ဖွင့်လှစ်ခဲ့ပြီးသည့်နောက်၌ ၎င်းတို့အတွင်းတွင် လျှို့ဝှက်စွမ်းအားများ သိုလှောင်ထားသည်ဆိုသည်ကိုသာ သိကြခဲ့လေသည်။

သိုင်းပညာရှင်များက သူတို့၏ သွေးကြောမှတ်များကို အသက်သွင်းလိုက်သောအခါတွင် အဆိုပါ လျှို့ဝှက်စွမ်းအားသည် သူတို့၏ ခန္ဓာကိုယ်တစ်လျှောက်လုံးသို့ လှည့်ပတ်စီးဆင်းသွားပြီး၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို များစွာမြှင့်တင်ပေးမည် ဖြစ်သည်။

ဝုန်းးး၊ ဝုန်းးးး၊ ဝုန်းးး

ထိုအချိန်တွင် လျူဟောင်ချန်၏ အရှိန်အဝါသည် လျင်မြန်စွာ အားကောင်းလာခဲ့သည်။

သူသည် အသာအယာ ကြုံးဝါးလာခဲ့ပြီး၊ ရှုကျိုးအား ဓားရှည်ဖြင့် ထပ်မံ၍ ခုတ်ပိုင်းလိုက်သည်။

အဆိုပါ တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ အစွမ်းထက်နေခဲ့ကာ ယခင်ကထပ် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

ရှုကျိုး၏ အမူအရာသည် မပြောင်းမလဲ တည်ငြိမ်နေလျက်ရှိသည်၊ သူသည်လည်း သူ၏ သွေးကြောမှတ် အခု ၃၀ကို အသက်သွင်းကာ ချီ-သွေးစွမ်းအင်များကို စီးဆင်းခွင့်ပြုလိုက်သည်။

သူသည် သွေးကြောမှတ်များ၏ လျှို့ဝှက်စွမ်းအားကို ပထမဦးဆုံး အကြိမ်အဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

“ သတ် !! “

ရှုကျိုးမှ ကြုံးဝါး၍ ထန်ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ၊ သူ့ကိုယ်တွင်းရှိ သွေးကြောမှတ် အခု၃၀သည် တလက်လက် တောက်ပလာခဲ့သည်။

…

“ သွေးကြောမှတ် အခု ၃၀လား? “

ပြိုင်ပွဲကွင်းပြင်တွင် စူးစမ်းလေ့လာနေသည့် ကျောင်းသူကျောင်းသား တော်တော်များများသည် အံ့ဩတကြီးဖြင့် အာမေဋိတ်သံ ထွက်ပေါ်လာခဲ့သည်။

ရှုကျိုးက ကျောင်းကို လွန်ခဲ့တဲ့ တစ်လလောက်ကမှ ရောက်လာခဲ့တာလေ၊ သွေးကြောမှတ်တွေကို ဒီလောက်တောင် ဖွင့်ထားနိုင်ပြီလား?

ပထမနှစ် ကျောင်းသားကျောင်းသူ အများစုသည် သွေးကြောမှတ် အခု၃၀ ဖွင့်လှစ်ရန်အတွက် အနည်းဆုံးအနေဖြင့် နှစ်လမှ သုံးလအထိ အချိန်ယူရမည် ဖြစ်သည်။

“ ဒီကောင်က သွေးကြောမှတ် အခု ၃၀တောင် ဖွင့်ထားပြီးပြီလား? “

ကျန်းလန်၏ လှပသော မျက်နှာလေးတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူမသည် သွေးကြောမှတ် ၁၄မျှခုသာ ဖွင့်ထားရသေးပြီး၊ ၎င်းအား မြန်ဆန်နေပြီဟု ထင်နေခဲ့လေသည်။ သို့ရာ၌ ရှုကျိုးကမူ ……..

အဓိက အရာကား ရှုကျိုး၏ စွမ်းရည်မှာ သားရဲစွမ်းရည်ဖြစ်နေခြင်းပင် ဖြစ်သည်။

“ သားရဲစွမ်းရည်နဲ့ သွေးကြောမှတ် အခု၃၀ဖွင့်ထားတယ်၊ ရှုကျိုးက သမိုင်းတွင်တော့မှာပဲ “ ကျန်းလန်၏ မျက်လုံးလေးများထဲတွင် ရှုပ်ထွေးနေသော စိတ်ခံစားချက်များ ထင်ဟပ်လာခဲ့သည်၊ သူမ၏စိတ်ထဲတွင် ရှုကျိုးသည် အသုံးမကျသော သားရဲစွမ်းရည်ပိုင်ရှင် မဟုတ်တော့ပေ။

ဒီကောင်က အံ့ဩဖွယ်ရာတွေကို အကြိမ်ကြိမ် အခါခါ လုပ်ပြနေတာပဲ !!

…

တစ်ခြားတစ်ဘက်ရှိ ဟွမ်ယွင်လုံနှင့် ကျောက်ချီဖုန်းတို့မှာလည်း တအံ့တဩဖြစ်နေလျက်ရှိသည်။

“ သွေးကြောမှတ် အခု၃၀လား? “

ထိုနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။

သူတို့သည် ယခုလအတွက် အကျော်ကြားဆုံးသော ကျောင်းသားများဖြစ်ကြသည်၊ သို့သော် သူတို့သည် သွေးကြောမှတ် အခု၂၀ကျော်သာ ဖွင့်ထားရသေးသည်။

ရှုကျိုးကား ယခုလတွင် သိုသိုသိပ်သိပ်သာ နေနေခဲ့သည်၊ သူပြန်ပေါ်လာသည့် အချိန်တွင် လူတိုင်းကို မိန်းမောသွားစေခဲ့ပြန်သည်။

သို့ရာ၌ သွေးကြောမှတ် အခု ၃၀ဖြင့် လျူဟောင်ချန်၏ သွေးကြောမှတ် ၁၀၅ခုကို ရင်ဆိုင်ခြင်းကမူ ခက်ခဲသော စိန်ခေါ်မှု တစ်ခုဖြစ်သည်။

…

နတ်သိုင်းဌာနမှ လူတစ်ချို့ကပင် ခေါင်းတခါခါဖြင့် သက်ပြင်းတချချ ဖြစ်သွားကြသည်။

“ ရှုကျိုးက ဒီနှစ် လူသစ်တွေကြားထဲမှာ အစွမ်းဆုံးပဲ၊ ဒါပင်မဲ့ လျူဟောင်ချန်လို သွေးကြောမှတ် ၁၀၅ခု ဖွင့်ထားတဲ့ လူနဲ့ရင်ဆိုင်ရရင်တော့ အနိုင်ရဖို့ အခွင့်အရေး မရှိဘူး “

“ လူသစ်တွေကြားထဲမှာ သွေးကြောမှတ် အခု ၃၀ ဖွင့်ထားနိုင်တယ်ဆိုတာက တော်တော်လေးကို အထင်ကြီးဖို့ကောင်းနေပြီ၊ ဒါပင်မဲ့ ပထမအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ လျူဟောင်ချန်နဲ့ ယှဥ်လိုက်မယ်ဆိုရင်တော့ ကွာခြားချက်က ရှိနေတုန်းပဲ “

“ သနားစရာပဲ၊ ဒီလူက ဒီနေ့မှာ သေပြီပဲ “

…

တိုက်ပွဲကွင်းပြင်၌

ရှုကျိုး၏ချီ-သွေးများ ပေါက်ထွက်လာခဲ့ပြီး၊ ထန်ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ထန်ဓားသည် ဓားရှည်ဖြင့် တိုက်မိသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်လှိုင်းများသည် ဗုံးကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။

ကွင်းပြင်အနီးရှိ လူတစ်ချို့သည် တောင့်မခံနိုင်တော့ဘဲ နောက်ဆုတ်သွားခဲ့ရသည်။

သို့သော် ရှုကျိုးနှင့် လျူဟောင်ချန်တို့ကမူ တိုက်ပွဲကွင်းပြင် အလယ်ဗဟိုတွင် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။

“ ဥက္ကာပျံ !! “

လျူဟောင်ချန်သည် ကျယ်လောင်စွာ ကြုံးဝါးလာခဲ့၏၊ သူ့လက်ထဲရှိ ဓားရှည်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည့် ဥက္ကာပျံတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး၊ ကွင်းပြင်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။

သူသည် လျူမိသားစု၏ တိုက်ခိုက်ရေး နည်းစနစ်ဖြစ်သည့် ကြွေကျလာသော ကြယ်တစ်စင်းကဲ့သို့ ရပ်တန့်၍ မရသည့် ဥက္ကာပျံ ဓားပညာရပ်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

“ ဝှစ် !!! “

နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် ဥက္ကာပျံကဲ့သို့သော ဓားအလင်းတန်းသည် ရှုကျိုးအပေါ်သို့ ကျရောက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် သေခြင်းရှင်ခြင်း အကြပ်အတည်းကို ခံစားလိုက်ရသည်။

သူ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး၊ အသာအယာ ကြုံးဝါးလိုက်ရာ၊ သူ့လက်ထဲရှိ ထန်ဓားသည် တုန်ရင်လှုပ်ခတ်လာခဲ့သည်၊ သူသည် သူ၏ချီ-သွေးစွမ်းအင်အကုန်လုံးကို ၎င်းဆီသို့ ပို့လွှတ်လိုက်သည်။

ထန်ဓားသည် အပြင်းအထန် လှုပ်ရမ်းလာခဲ့ပြီး၊ ဓားထဲတွင် ချိတ်ပိတ်ထားသည့် တစ်ချို့သော ကြောက်မက်ဖွယ် စွမ်းအားများ ဖြည်းညှင်းစွာ ပွင့်ဟလာသကဲ့သို့ ကြီးစိုးသော လှိုင်းလုံးတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

ဓား၏ အရှိန်အဟုန်သည် တရကြမ်း မြင့်တက်လာခဲ့သည်။

၎င်းက အထွတ်အထိပ်သို့ ရောက်သွားသောအခါတွင် ရှုကျိုးသည် ရုတ်တရက် ရှေ့တက်လာခဲ့သည်။

ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း !!

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပြင်ကြား၌ ဖျော့တော့သော အဖြူရောင် အလင်းတန်းတစ်ခု ရှိနေသည့်ပုံပင်။

သို့သော် လျူဟောင်ချန်၏ မျက်လုံးများထဲတွင်မူ ၎င်းသည် ကောင်းကင်နှင့်မြေပြင်ကို ပိုင်းဖြတ်လိုက်သည့် အလွန်ရင်သပ်ရှုမောဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု ဖြစ်နေခဲ့ပြီး၊ ဥက္ကာပျံကဲ့သို့သော ဓားအလင်းတန်းနှင့် တိုက်မိသွားခဲ့သည်။

“ ဒင် !!! “

ချက်ချင်းဆိုသလိုပင် လျူဟောင်ချန်၏ ဓားရှည်သည် ကျိုးပဲ့ကျိုးကြေသွားသည့် အသံတစ်ခုကို ထုတ်လွှင့်လာခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ ဓားအလင်းတန်းသည် မြစ်တစ်စင်းကဲ့သို့ ပြန့်ကားလာခဲ့ကာ သူ၏ ဓားအလင်းတန်းကို ဖုံးလွှမ်းသွားခဲ့သည်။

လျူဟောင်ချန်သည် အဖြူရောင် ဓားအလင်းတန်းတစ်ခုက အံ့ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကြီးမားလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။

“ ဝုန်းးးး !!! “

ကျယ်လောင်သော အသံနှင့်အတူ လျူဟောင်ချန်၏ ခန္ဓာကိုယ်သည် အနောက်ဘက်သို့ လွင့်ထွက်သွားခဲ့ကာ၊ ပြင်းထန်သော ဒဏ်ရာတစ်ခုသည် သူ၏ရင်ဘတ်ပေါ်တွင် ပွင့်ထွက်လာခဲ့သည်၊ သူဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာမှာလည်း တိုက်ရိုက်ကျိုးကြေသွားခဲ့ပြီး၊ အရိုးကိုမြင်ရသည်အထိ နက်သော ဒဏ်ရာတစ်ခုကို လှစ်ဟပြသလာခဲ့သည်။

သွေးများ တဟုန်ထိုး စီးကျလာခဲ့သည်။

“ သွေးကြောမှတ် အခု၃၀လား? မဖြစ်နိုင်ဘူး “

လျူဟောင်ချန်၏ မျက်နှာ ဖြူဖျော့သွားခဲ့ကာ တည်ငြိမ်နေသော သူစိတ်ပင် လှုပ်ခတ်သွားခဲ့ရသည်။

ဤချီ-သွေးစွမ်းအင် ပေါက်ကွဲမှုသည် သွေးကြောမှတ် အခု ၃၀ထပ် များစွာသာလွန်နေလေသည်။

…

“ မင်းမေကလွှား !! ရှယ်ပဲဟေ့ !! “

လီတျယ်သည် မနေနိုင်တော့ဘဲ အော်ဟစ်လာခဲ့သည်။

သူသည် အမှန်တကယ် အံ့ဩမှင်သက်သွားခဲ့ခြင်း ဖြစ်သည်။

ကျောင်းစတက်သည့် အချိန်ကတည်းက သူသည် ရှုကျိုးက အံ့ဖွယ်ကောင်းလိမ့်မည်ဟု မှန်းဆနေခဲ့သည်။

သို့သော် ယခုတွင် ရှုကျိုး ပြသခဲ့သည့် စွမ်းဆောင်မှုသည် သူတွေးထင်ထားသည်ထပ်ပင် ပို၍ အံ့ဩတုန်လှုပ်ဖွယ် ကောင်းနေခဲ့သည်။

ထိုအချိန်တွင် တစ်ခြားသော လူများမှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

သွေးကြောမှတ် အခု၃၀ပဲ ရှိတဲ့ ရှုကျိုးက သွေးကြောမှတ် ၁၀၅ခု ဖွင့်ထားတဲ့ လျူဟောင်ချန်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေခဲ့တာလားဟ?

ပြီးတော့ တစ်ကွက်ပဲ သုံးလိုက်ရတယ်ပေါ့? ဒါကြီးက …..

အတုကြီးလား?

ကျောက်ချီဖုန်းနှင့် ဟွမ်ယွင်လုံတို့မှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားကြသည်၊ သူတို့မှာလည်း သွေးကြာမှတ် အခု ၃၀နှင့် နီးကပ်နေကြပြီ ဖြစ်သည်၊ သို့သော် သူတို့သည် သူတို့၏ စွမ်းအားက ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းနေမလားဆိုသည်ကို သံသယဖြစ်သွားကြသည်။

သူတို့သာလျှင် မဟုတ်ဘဲ ချင်ဖုန်းနှင့် ကျန်းလန်တို့ကပင် အံ့ဩတုန်လှုပ်နေကြသည်။

ရှားရှီယောက်မှ ရေရွတ်ပြောဆိုလာခဲ့သည် “ အဲ့တာက ငါ့မိသားစုက ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၊ ငါ့အဘိုးရဲ့ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း !! “

“ သိပြီ “ ချင်ဖုန်းမှ အလောတကြီး ပြောလာခဲ့သည် “ မင်းတို့ ရှားမိသားစုက ကောင်းကင်ဖြိုခွင်းက အဲ့လောက် မကြမ်းဘူးလေ၊ ဟုတ်တယ်မလား? “

ပြောနေရင်းဖြင့် သူသည် မယုံကြည်နိုင်ဖြစ်နေသော အကြည့်ဖြင့် ရှုကျိုးကို ကြည့်ကာ ရေရွတ်ပြောဆိုလာခဲ့သည် “ ဒီကောင်က သွေးကြောမှတ် အခု ၃၀ပဲ ဖွင့်ထားရသေးတာလေ၊ ဒီလောက်တောင် ကြမ်းနေတာလားဟ? ဘယ်လိုလုပ်လိုက်တာလဲ? “

ယခုလေးတင် သူသည် ရှုကျိုးထုတ်လွှင့်လိုက်သည့် ချီ-သွေး စွမ်းအင်လှိုင်းကို ခံစားမိခဲ့ပြီး၊ ၎င်းသည် သွေးကြောမှတ် အခု ၁၀၀ထပ်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ရှုကျိုး၏ ချီ-သွေးစွမ်းအားသည် အလွန်သိပ်သည်းလွန်းနေခဲ့သည်။

…………………………………………………………………………………………………

All Chapters