← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အပိုင်း ( 160 )

သူတို့ကို အမှောက်သိပ်လိုက် !! ၂

လျူမိသားစုဝင်များ ထွက်သွားကြသည့်နောက်တွင်

ရှားရှီယောက်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ပြောလာခဲ့သည် “ သေခြင်းရှင်ခြင်း တိုက်ပွဲကို သူတို့ကပဲ စခဲ့တာ မဟုတ်ဘူးလား၊ အခုကျတော့ သူတို့သေသွားတဲ့အတွက် ရှုကျိုးကို အပြစ်တင်နေကြတာလား? သူတို့က အရူးတွေလား? “

ကျန်းလန်မှာလည်း သူမ၏ လက်သီးသေးသေးလေးများကို ဆုပ်ကာ ပြောလာခဲ့သည် “ အဲ့လျူမိသားစုက အမြဲလိုလို အရှက်မရှိဘူး “

“ ဟုတ်တယ်၊ အဲ့တာကို ငါထောက်ခံတယ် “ ရှားရှီယောက်သည် တည်ကြည်သော အမူအရာဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာခဲ့သည်။

…

သေခြင်းရှင်ခြင်း ဖြစ်ရပ်ကား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

စောင့်ကြည့်ရန် ရောက်လာကြသည့် နတ်သိုင်းဌာနမှလူများသည် မှုန်မှိုင်းနေသော အမူအရာများသည် ပြန်လည်ထွက်ခွာသွားကြသည်၊ သူတို့သည် အစစ်အမှန် သိုင်းပညာဌာနဘက်တွင် ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦး ပေါ်လာပြီဖြစ်ကြောင်း ခံစားသွားခဲ့ရသည်။

…

ရှုကျိုးသည် ဤနေရာတွင် ကြာကြာ ဆက်မနေခဲ့ပေ။

သို့ရာ၌ မထွက်သွားခင် အချိန်တွင် သူသည် လီတျယ်ဆီသို့ အရင်သွားလိုက်သည်။

“ အစ်ကိုကြီး၊ မင်းက သောက်ရမ်းကြမ်းတာပဲ “

လီတျယ်သည် အံ့ဩတုန်လှုပ်နေစဲဖြစ်သည် “ တစ်လပဲ ရှိသေးတယ်၊ ပထမအဆင့် အထွတ်အထိပ်ပညာရှင်ကတောင် မင်းကို အနိုင်မယူနိုင်တော့ဘူး။ နောက်လအနည်းငယ်လောက်ဆိုရင် မင်းက ဒုတိယအဆင့်တွေကိုတောင် သတ်နိုင်တော့မှာလား? “

“ အဲ့လောက် မြန်ပါ့မလားဟ? “

ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါကာ မေးမြန်းလိုက်သည် “ မင်း ဘယ်လောက်ရခဲ့လဲ? “

“ ဟဲဟဲ၊ ငါတို့တော့ ထီပေါက်ပြီပဲ “ လီတျယ်မှ ပြုံးစိစိဖြင့် ပြောလာခဲ့သည် “ အစ်ကိုကြီး၊ မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ၊ မင်းကို ဘက်ကန်တဲ့လူတွေကတော့ မွဲသွားကြပြီ “

“ လျှောက်ပြောမနေနဲ့၊ ဘယ်လောက်ရခဲ့တာလဲ? “ ရှုကျိုးမှ တိုက်တွန်းနှိုးဆော်လိုက်သည်။

“ အကျိုးပြုအမှတ် ၆၀၀ရခဲ့တယ် “

“ ၆၀၀လား? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ၎င်းမှာ သူမျှော်မှန်းထားသည်ထပ် ပိုများနေခဲ့သည်။

လီတျယ်သည် ဝမ်းသာအားရ ရယ်မောပြောဆိုလာခဲ့သည် “ မင်းက ဒုတိယတစ်ယောက်ကို တိုက်နေတဲ့ အချိန်တုန်းက ငါက လောင်းကြေးထပ်ဖွင့်ခဲ့တယ်လေ “

ရှုကျိုး ဆွံ့အသွားတော့သည်၊ ဒီကောင်က လောင်းကစား ဘယ်လိုလုပ်ရမလဲဆိုတာကို တကယ်သိတာပဲ။

သို့ရာ၌ သူသည် များများစားစား ပြောမနေတော့ပေ။

အကျိုးပြုအမှတ် ၆၀၀ကို ၆၀-၄၀ အချိုးအစားဖြင့် ခွဲယူကြမည် ဖြစ်သောကြောင့် သူသည် အကျိုးပြုအမှတ် ၃၆၀ ရရှိမည် ဖြစ်သည်။

လီတျယ်မှ ထပ်ဖြည့်ပြောလာခဲ့သည် “ ဒါပင်မဲ့ ဒီနေ့မင်းလုပ်ခဲ့တာတွေက လူတော်တော်များများရဲ့ အာရုံတွေကို ဆွဲဆောင်သွားနိုင်တယ် “

“ ဟမ်? “ ရှုကျိုးသည် သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။

“ သွေးကြောမှတ် အခု၃၀က သွေးကြောမှတ် ၁၀၀ကျော်တွေကို နိုင်ခဲ့တာလေ၊ အဲ့တာက ကွမ်ဟန် သိုင်းပညာတက္ကသိုလ်ရဲ့ သမိုင်းမှာ တစ်ခါမှ မဖြစ်လာခဲ့ဖူးဘူး “ လီတျယ်မှ လေးလေးနက်နက် ပြောလာခဲ့သည် “ ပြီးတော့ မင်းက သွေးကြောမှတ် ၁၁၈ခု ဖွင့်ထားတဲ့လူကို သတ်လိုက်တယ်လေ။ အဲ့ကိစ္စသာ ပြန့်သွားမယ်ဆိုရင် တော်တော်လေးကို ရုတ်ရုတ်သဲသဲဖြစ်သွားမှာ “

“ အထူးသဖြင့် နတ်သိုင်းဌာနက လူတွေပဲ၊ သူတို့က မင်းရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ချင်ကြလိမ့်မယ်၊ နောက်ဆိုရင် မင်းက ပိုပြီးတော့ သတိထားသင့်တယ် “

သူသည် မေးခွန်းများစွာ မေးမလာခဲ့ပေ၊ သို့သော် ရှုကျိုးက လုံးဝသာမန်မဟုတ်ဘူးဆိုသည်ကို သူသေချာသိနေခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက အစစ်အမှန် သိုင်းပညာဌာနမှ ကျောင်းသားတစ်ဦး ဖြစ်နေမည်ဆိုလျှင်တောင်မှ ထိုမျှအထိ အဆင့်ကျော် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။ သွေးကြောမှတ် အခု၃၀၏ ပြီးပြည့်စုံသော စနစ်တစ်ခုသည် အစစ်အမှန် သိုင်းပညာဌာနမှာပင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးသော ကိစ္စတစ်ရပ် ဖြစ်သည်။

အကယ်၍ နတ်သိုင်းဌာနကသာ ၎င်းကို သိသွားမည်ဆိုပါက သူတို့သည် ရှုကျိုးအား အရူးအမူး ပစ်မှတ်ထားလာကြမည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုး၏ အမူအရာသည် ပို၍လေးနက်သွားခဲ့သည်။

…

နတ်သိုင်းဌာန

ဌာနသို့ လူများ ပြန်ရောက်လာခဲ့သည်နှင့်တစ်ပြိုင်နက် ဖြစ်ရပ်တစ်ခုသည် ဌာနထဲတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

“ ဘာ !! သွေးကြောမှတ် အခု၃၀က သွေးကြောမှတ် အခု၁၀၀ကျော်ကို အနိုင်ယူသွားတာလား? သူတို့က ရူးနေကြတာလား? “

“ အစစ်အမှန် သိုင်းပညာဌာနက ဘယ်အချိန်ကစပြီးတော့ ဒီလောက်တောင် အံ့ဩဖို့ကောင်းလာရတာလဲ? “

“ လျူပိုင်ချန်တောင် အသတ်ခံလိုက်ရတာလား? ရှုကျိုးက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား? “

သတင်းကို ကြားသိလိုက်ရသည့် နတ်သိုင်းဌာနမှ ကျောင်းသားကျောင်းသူများသည် အံ့ဩတကြီးဖြစ်သွားကြသည်။

သို့သော် အစောပိုင်း ပထမအဆင့် ပညာရှင်တစ်ဦးက နယ်ပယ်တူတွင် ပြိုင်ဘက်ကင်းနေခြင်းမှာ လုံးဝမရှိခဲ့ဖူးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။

အစစ်အမှန် သိုင်းပညာဌာန၏ စစ်မှန်သော စွမ်းအားသည် ပြီးပြည့်စုံသော စနစ်အပေါ်တွင် မူတည်နေလျက်ရှိသည်။

မကြာခင်မှာပင် တစ်စုံတစ်ဦးသည် ကွဲပြားသော အထင်အမြင်တစ်ခုကို ထုတ်ပြောလာခဲ့သည်။

“ ပထမအဆင့်မှာ ပြိုင်ဘက်ကင်းတယ်လို့တော့ ပြောလို့မရဘူး၊ လျူဟောင်ချန်နဲ့ လျူပိုင်ချန်တို့က ပထမအဆင့် အထွတ်အထိပ်တွေကြားထဲမှာ အသန်မာဆုံးလူတွေလို့ သတ်မှတ်လို့မရဘူး “

“ ပထမအဆင့် အထွတ်အထိပ်တွေကြားထဲမှာရှိတဲ့ ထိပ်တန်းပါရမီရှင်တွေ အကုန်လုံးက သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားကြတယ် “

“ ဒါပင်မဲ့ အဲ့ဒီ ရှုကျိုးက သွေးကြောမှတ် အခု၃၀တည်းနဲ့ သွေးကြောမှတ် အခု၁၀၀ကျော်တဲ့ လူတွေကို အနိုင်ယူနိုင်တယ်ဆိုတော့၊ သူက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ သူက ပထမအဆင့် အထွတ်အထိပ်ကို မရောက်သေးတဲ့ အချိန်မှာတောင် ဒုတိယအဆင့်တွေကို ချေမှုန်းနိုင်လောက်တယ် “

ထိုအချိန်၌ နတ်သိုင်းဌာနမှ လူတော်တော်များများသည် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားကြသည်။

နတ်သိုင်းဌာနမှ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ချို့ကပင် အဆိုပါ ကိစ္စကို အာရုံစိုက်လာကြသည်။

ရှုကျိုးကား ပထမအဆင့်မှာပင် အလွန်ထူးချွန်နေပြီဖြစ်သည်၊ အကယ်၍ ဒုတိယအဆင့် (သို့) တတိယအဆင့်သို့ ရောက်လာခဲ့မည်ဆိုပါက ………..

အကယ်၍ သူသာ ကြီးပျင်းလာမည်ဆိုပါက နယ်ပယ်တူတွင် သူ့အား မည်သူက ဖိနှိပ်နိုင်မည်နည်း?

…

ထိုအချိန်တွင် လျူတျန်မုသည် ဌာနသို့ ပြန်ရောက်လာပြီဖြစ်ပြီး၊ သတင်းပို့ရန်အတွက် သူ၏ နည်းပြဆရာဆီသို့ ချက်ချင်းသွားတွေ့လိုက်သည်။

ထိုအချိန်တွင် သူသည် စပါးအုံး အရေခွံဖြင့် ပြုလုပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ဦး၏ အရှေ့တွင် မတ်တပ်ရပ်ကာ တလေးတစား စကားပြောနေလျက်ရှိသည် “ အကြီးအကဲ စုန့်၊ ကိစ္စက အဲ့လိုပါပဲဗျ “

စုန့်ယွင်ဟဲ့သည် တင်ပျဥ်ခွေထိုင်ကာ မျက်လုံးများကို ပိတ်ထားခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ပေါ့ပေါ့ပါးပါး စကားပြောလာခဲ့သည် “ အသစ်ရောက်လာတဲ့ လူကြောင့် အသတ်ခံလိုက်ရတယ်၊ အဲ့ဒီအမှိုက်နှစ်ကောင်က မင်းတို့ လျူမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေလား? “

လျူတျန်မုသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ ကြည့်ရတာတော့ ဆရာက ဒီကိစ္စကို သိပ်ဂရုမစိုက်ဘူးထင်တယ်။

သို့ရာ၌ ၎င်းမှာ အထူးအဆန်းမဟုတ်ပေ။

စုန့်ယွင်ဟဲ့သည် နေရာတစ်နေရာကို ချုပ်ကိုင်ထားနိုင်သည့် နတ်သိုင်းဌာနမှ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

သူသည် လျူမိသားစုမှ မဟုတ်သောကြောင့်၊ လျူဟောင်ချန်နှင့် လျူပိုင်ချန်တို့၏ သေဆုံးမှုသည် သူ့အတွက် မည်သည့်အဓိပ္ပါယ်မှ ရှိနေလိမ့်မည် မဟုတ်ပေ။

လျူတျန်မုသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ပြောလိုက်သည် “ အကြီးအကဲစုန့်၊ အဓိကကိစ္စက အဲ့တာ မဟုတ်ပါဘူး “

“ ဟမ်? “

“ အဓိက ကိစ္စက ရှုကျိုးက သွေးကြောမှတ် အခု၃၀နဲ့ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုကို တည်ဆောက်ထားတယ်လို့ ကျွန်တော် သံသယရှိပါတယ် “

ဆွစ်ရှ် !!

စုန့်ယွင်ဟဲ့၏ မျက်လုံးများ ရုတ်တရက် ပွင့်ဟလာခဲ့ပြီး၊ ၎င်းတို့ထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။

………………………………………………………………………………………………………………………………….

အပိုင်း ( 161 )

ကြွယ်ဝမှုလှိုင်းလုံး၊ ကြီးမားသော ရိတ်သိမ်းမှု

“ သေချာလား? “

စုန့်ယွင်ဟဲ့၏ မျက်လုံးများအတွင်းရှိ ရွှေရောင်အလင်းတန်းများသည် လျူတျန်မုကို စိုက်ကြည့်နေရင်းဖြင့် မှိန်ကျသွားခဲ့သည်။

အစစ်အမှန် သိုင်းပညာဌာနသည် အဆင့်တူတွင် ပြိုင်ဘက်ကင်းခြင်းအတွက် အမြဲလိုလို ကျော်ကြားလှသည်၊ ထို့ကြောင့် ရှုကျိုးမှ သွေးကြောမှတ် အခု၁၀၀ကျော် ဖွင့်ထားသည့် လူများကို သွေးကြောမှတ် အခု၃၀တည်းဖြင့် အနိုင်ယူခဲ့ခြင်းမှာ သူ၏တည်ငြိမ်မှုကို မပျက်ပြားသွားစေခဲ့ပေ။

ကျောင်းသူကျောင်းသားများအတွက် ၎င်းက ယုံကြည်ရခက်လှပေသည်။

သို့သော် စုန့်ယွင်ဟဲ့၏ အမြင်တွင်မူ ထိုကဲ့သို့ ပြုလုပ်ရန်အတွက် နည်းလမ်းပေါင်းများစွာ ရှိနေခဲ့သည်။

ဥပမာအားဖြင့်

အစစ်အမှန် သိုင်းပညာဌာနသည် ရှုကျိုး၏ တိုက်ခိုက်ရေးစွမ်းအားကို ယာယီမြှင့်တင်ပေးရန်အတွက် နည်းလမ်းတစ်ခု ရှာဖွေပေးလိုက်ကာ သွေးကြောမှတ် အခု၁၀၀ကျော် ဖွင့်ထားသည့်လူများကို အနိုင်တိုက်စေလိုက်ခြင်းပင် ဖြစ်သည်။

၎င်းမှာ မဖြစ်နိုင်သော အရာမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အစစ်အမှန် သိုင်းပညာဌာနသည် အံ့ဩဖွယ်ကောင်းသော သုတေသန အောင်မြင်မှုများ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

၎င်းတို့ထဲမှ မည်သည့်အရာကမဆို တစ်နိုင်ငံလုံးကို ဂယက်ထသွားစေနိုင်လေသည်။

သို့သော် ရှုကျိုးမှ အဆိုပါ အရာများကို မမှီခိုဘဲ သွေးကြောမှတ် အခု၃၀ဖြင့် ပြီးပြည့်စုံသော စနစ်တစ်ခု တည်ဆောက်ထားမည်ဆိုပါက ……..

အခြေအနေမှာ ကွဲပြားသွားပြီ ဖြစ်သည်။

“ သွေးကြောမှတ် အခု၃၀ရဲ့ ပြီးပြည့်စုံတဲ့ စနစ်တစ်ခု၊ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနက သုတေသနလုပ်နေတာ တော်တော်ကြာနေပြီ၊ ဘာတိုးတက်မှုမှ မရှိသေးဘူး “

စုန့်ယွင်ဟဲ့မှ မျက်မှောင်ကြုတ်ကာ ပြောလာခဲ့သည် “ မင်းက အမြင်မမှားခဲ့ဘူးဆိုတာ သေချာလား? “

လျူတျန်မုသည် သူ၏ဦးခေါင်းကို ခါရမ်းပြကာ လေးလေးနက်နက် ပြောလာခဲ့သည် “ အဲ့ဒီအချိန်တုန်းက ကျွန်တော် သေချာကြည့်လိုက်ပါတယ်။ ရှုကျိုး ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောမှတ် အခု၃၀က တစ်ခုတည်းအဖြစ် မသိမသာ ပြောင်းသွားတဲ့ပုံပါပဲ “

“ ပြီးတော့ တကယ်လို့ အဲ့တာတွေကသာ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုမဖြစ်သွားဘူးဆိုရင် သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဒီလောက်တောင် ကောင်းနေခဲ့မှာ မဟုတ်ပါဘူး “

သွေးကြောမှတ်များက ပြီးပြည့်စုံသော စနစ်တစ်ခုအဖြစ် ဖွဲ့တည်ခဲ့ပြီးသည့်နောက်တွင် တိုက်ခိုက်ရေးစွမ်းအားသည် မိုးထိထောင်တက်လာမည် ဖြစ်သည်။

၎င်းမှာ အစစ်အမှန် သိုင်းပညာဌာနက နယ်ပယ်တူတွင် ပြိုင်ဘက်ကင်းနေရသည့် အကြောင်းအရင်းများစွာထဲမှ တစ်ခုဖြစ်သည်။

ထိုစကားများကို ကြားခဲ့ရပြီးသည့်နောက်တွင် စုန့်ယွင်ဟဲ့၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

အကယ်၍ ၎င်းကသာ မှန်ကန်နေမည်ဆိုပါက ၎င်းမှာ နတ်သိုင်းဌာနအတွက် သတင်းကောင်း မဟုတ်ပေ။

အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနတို့ ကွဲပြားနေရသည့် အကြောင်းအရင်းကား အစစ်အမှန် သိုင်းပညာဌာနမှာ လူသားများအတွက် ပြီးပြည့်စုံသော စနစ်တစ်ခုကို ရှာတွေ့ထားသောကြောင့် ဖြစ်သည်။

နတ်သိုင်းဌာနကမူ ထိုကဲ့သို့ အယူအဆမျိုး မရှိဘဲ၊ ကျင့်ကြံရန်အတွက် သားရဲအူတိုင်များနှင့် သားရဲတို့၏ သွေးကြောမှတ်စနစ်ကိုသာ အသုံးပြုလျက်ရှိသည်။

သို့သော် အစစ်အမှန်သိုင်းပညာဌာနမှာပင် ပြီးပြည့်စုံသော စနစ်သည် သွေးကြောမှတ် ၁၂၀ ဖွင့်လှစ်ခဲ့ပြီးသည့်နောက်မှ တည်ဆောက်နိုင်မည် ဖြစ်သည်။

ထို့ကြောင့်သာလျှင် အစစ်အမှန် သိုင်းပညာဌာနသည် ထိပ်တန်းအဆင့် ပါရမီရှင်များကို လိုအပ်နေခြင်း ဖြစ်သည်။

ထိပ်တန်းအဆင့် Sအဆင့် စွမ်းရည်ပိုင်ရှင်များကသာလျှင် သွေးကြောမှတ် ၁၂၀ကို ဖွင့်နိုင်ကြသည်။

သို့သော် ယခုတွင်ကား သွေးကြောမှတ် အခု၃၀ဖြင့် ပြီးပြည့်စုံသော စနစ်တစ်ခု တည်ဆောက်ခြင်း ………….

ထိုကဲ့သို့သာ ကျင့်ကြံနိုင်မည်ဆိုပါက နောင်အနာဂတ်တွင် လူများသည် အစစ်အမှန် သိုင်းပညာဌာနဆီသို့သာ ရောက်ရှိသွားကြပြီး၊ အစစ်အမှန် သိုင်းပညာဌာနသည် တစ်ဖန်ပြန်၍ မြင့်တက်လာမည် ဖြစ်သည်။

“ သွေးကြောမှတ် အခု၃၀ရဲ့ ပြီးပြည့်စုံတဲ့ စနစ် “ စုန့်ယွင်ဟဲ့မှ ရေရွတ်ပြောဆိုနေခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ အရင်ဌာနမှူးကတောင် အဲ့လို မလုပ်နိုင်ခဲ့ဘူး။ အဲ့အဘိုကြီး ရှန့်ဝမ်ချန်းလား၊ ဒါမှမဟုတ် လျူချင်းယွမ်က အောင်မြင်သွားခဲ့တာလား? “

အစစ်အမှန် သိုင်းပညာဌာနက ထပ်ပြီးတော့ မြင့်တက်လာတော့မှာလား?

နတ်သိုင်းဌာနနှင့် အစစ်အမှန် သိုင်းပညာဌာနတို့သည် အမြဲလိုလို ပြိုင်ဆိုင်နေခဲ့ကြသည်။ လမ်းကြောင်းများ ကွဲပြားနေသောကြောင့်သာလျှင် မဟုတ်ပေ။

အဓိကအရာကား လမ်းကြောင်းတစ်ခု ထင်ပေါ်လာခြင်းသည် တစ်ခြားလမ်းကြောင်းတစ်ခု၏ ကျဆုံးခြင်းကို ကိုယ်စားပြုနေသောကြောင့် ဖြစ်သည်။

နှစ်ပေါင်းများစွာ တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီးသည့်နောက်တွင် လမ်းကြောင်းနှစ်ခုကြားရှိ ပြိုင်ဆိုင်မှုသည် သေခြင်းရှင်ခြင်း အဆင့်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

စုန့်ယွင်ဟဲ့သည် တစ်ခဏခန့် တွေးတောစဥ်းစားနေတော့သည်။

တစ်ခဏခန့် ကြာပြီးသည့်နောက်တွင် သူသည် လျူတျန်မုကိုကြည့်ကာ ပြောလာခဲ့သည် “ ရှုကျိုးက မင်းကိုယ်တွယ်ရမဲ့ လူပဲ။ သူ့ကို နည်းနည်းပါးပါးလောက် ပုံစံပေးလိုက်။ အရမ်းမြင့်မြင့် သွားခွင့်မပေးနဲ့ “

လျူတျန်မု၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

“ ကျွန်တော်က ရှုကျိုးကို ထိန်းရမှာလား? “

လာပြောင်နေတာလား?

ကျွန်တော်က တတိယအဆင့်လေ။

“ ငါဆိုလိုတာ မင်းက လူကိုယ်တိုင် လုပ်ဖို့ မလိုအပ်ဘူး “

စုန့်ယွင်ဟဲ့မှ ခေါင်းခါပြလာခဲ့သည် “ မင်းက လျူမိသားစုရဲ့ လူငယ်မျိုးဆက် ခေါင်းဆောင်ပဲ။ ပထမအဆင့်က ပါရမီရှင်တွေကို ခေါ်ပြီးတော့ လှုပ်ရှားခိုင်းလိုက် “

“ အထူးသဖြင့် သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားပြီးတော့ တော်တော်လေး မောက်မာတတ်တဲ့လူတွေပဲ၊ သူတို့က ကျောင်းက တာဝန်တွေကိုတောင် လျစ်လျူရှုထားကြတယ်။ သူတို့ကို ရှုကျိုးနဲ့ ပေးတွေ့လိုက် “

“ ဟုတ်ကဲ့ “ လျူတျန်မုမှ အမြန်ခေါင်းငြိမ့်ပြလိုက်သည်။

နတ်သိုင်းဌာနမှ သွေးကြောမှတ် ၁၄၀ဖွင့်ထားသော ပါရမီရှင် လူနည်းစုသည် အမှန်တကယ် မောက်မာလွန်းကြသည်။

နတ်သိုင်းဌာနမှ ရှုကျိုးကို အနိုင်ယူရန် တာဝန်ကို ကြေညာခဲ့သည့် အချိန်တွင် သူတို့ထဲမှ မည်သူကမှ မလှုပ်ရှားလာခဲ့ပေ။

သူတို့သည် ရှုကျိုးကို အထင်သေးကြပြီး၊ သူတို့ကိုယ်သူတို့ ထူးခြားမြင့်မြတ်သည်ဟု သတ်မှတ်ထားကြကာ ကျောင်းသို့ ယခုမှ ရောက်လာသည့် လူသစ်လေးတစ်ဦးနှင့် ပြိုင်ဆိုင်ရခြင်းက အောက်ကျသည်ဟု ထင်နေသောကြောင့် ဖြစ်သည်။

စုန့်ယွင်ဟဲ့သည် တစ်ခဏခန့် တွေးတော စဥ်းစားကာ ထပ်ဖြည့်ပြောလာခဲ့သည် “ ပြီးတော့ ဒီတာဝန်အတွက် ဆုကြေးကို နည်းနည်းလောက် မြှင့်လိုက်။ ရှုကျိုးကို နိုင်တဲ့လူက အကျိုးပြုအမှတ် ၁၀၀ရလိမ့်မယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် လျူတျန်မုသည် အနည်းငယ် အံ့ဩသွားခဲ့သော်လည်း၊ မည်သည့်စကားမှ မပြောဘဲ သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

…

မကြာခင်မှာပင် ကြေညာချက်တစ်ခုသည် နတ်သိုင်းဌာနတစ်ခုလုံးတွင် လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။

ဒုတိယအဆင့်အောက်မှ ရှုကျိုးကို အနိုင်ယူနိုင်သည့် လူသည် အကျိုးပြုအမှတ် ၁၀၀ရမည် !!

ချက်ချင်းဆိုသလိုပင် နတ်သိုင်းဌာနတစ်ခုလုံး ထပ်မံ၍ ရုတ်တရုတ်သဲသဲ ဖြစ်သွားခဲ့ပြန်သည်။

အကျိုးပြုအမှတ် ၃၀မှ ၁၀၀အထိ မြင့်တက်သွားခြင်း !!

အကျိုးပြုမှတ် ၁၀၀ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း?

ကွမ်ဟန် သိုင်းပညာတက္ကသိုလ်၌ ဒုတိယအဆင့် ပညာရှင်များကို သတ်ဖြတ်ရသည့် တစ်ချို့သော တာဝန်များကသာ အကျိုးပြုမှတ် ၁၀၀ရရှိခြင်းဖြစ်သည်။

အခုတော့ ရှုကျိုးလို ကျောင်းရောက်တာ တစ်လပဲ ရှိသေးတဲ့ လူသစ်လေးအတွက် အကျိုးပြုအမှတ် ၁၀၀တောင် ပေးနေပြီလား?

ကျောင်းသူကျောင်းသား တော်တော်များများသည် အတွင်းပိုင်း ဇာတ်လမ်းများကို မသိကြသောကြောင့် စတင်၍ စူးစမ်းလာကြသည်။

ရှုကျိုးက ဘယ်သူလဲ? သူက ဘာလို့ဒီလောက်တောင် တန်ဖိုးရှိနေရတာလဲ?

ဒီကိစ္စနောက်မှာ ဘာတွေ ရှိနေတာလဲ?

လူတစ်ချို့၏ စုံစမ်းမှုများအောက်တွင် သဲလွန်စများ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။

“ သွေးကြောမှတ် အခု၃၀တည်းနဲ့ သွေးကြောမှတ် အခု ၁၀၀ကျော်ဖွင့်ထားတဲ့ လူနှစ်ယောက်ကို ဆက်တိုက်သတ်ခဲ့ပြီးတော့၊ ရှိနေတဲ့ လူတစ်ရာလောက်ကို ရှေ့မတက်ရဲအောင် ဖိအားပေးခဲ့တယ်ပေါ့ !! “

ထိုစကားလုံးများနှင့်အတူ နတ်သိုင်းဌာနတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

အစတွင် လူတော်တော်များများသည် ထိုကိစ္စကို မသိကြပေ၊ ၎င်းမှာ ကျဥ်းမြောင်းလှသည့် ရပ်ဝန်းတစ်ခုတွင်သာ ပျံ့နှံ့နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတွင် သတင်းပေါ်လာခဲ့ပြီဖြစ်သောကြောင့် နတ်သိုင်းဌာနတစ်ခုလုံး ပွက်ပွက်ဆူလာရတော့သည်။

ဒုတိယအဆင့်နှင့် တတိယအဆင့် ကျောင်းသူကျောင်းသားတစ်ချို့ကပင် အဆိုပါ သတင်းကြောင့် တုန်လှုပ်သွားခဲ့ကြသည်။

သွေးကြောမှတ် ၃၀မှ သွေးကြောမှတ် ၁၀၀ကို ဖိနှိပ်ခြင်း၊ ၎င်းသည် ယခင်က တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးချေ။

ထိုအချိန်တွင် ပထမအဆင့်၊ သွေးကြောမှတ် ၁၄၀ ဖွင့်ထားကြသည့် ပါရမီရှင်များကလည်း အဆိုပါ ကိစ္စကို အာရုံစိုက်လာခဲ့ပြီ ဖြစ်သည်။

ရှုကျိုး !!

ရှုကျိုးကို အနိုင်ယူနိုင်လျှင် အကျိုးပြုအမှတ် ၁၀၀ရမည် !!

အကျိုးပြုအမှတ် ၁၀၀ …………

၎င်းမှာ သူတို့အတွက်ပင် အတော်လေး ဆွဲဆောင်မှုအားကောင်းနေခဲ့သည်။

…

နတ်သိုင်းဌာနအတွင်းရှိ၊ သီးသန့်နေရာတစ်ခု၌

“ ဝုန်းးးး !! “

ကြီးမားသော တံခါးတစ်ချပ် ရုတ်တရက် ပွင့်ဟလာခဲ့ပြီး၊ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုသည် အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

အစွမ်းထက် ချီ-သွေး စွမ်းအင်များ လှုပ်ခတ်နေခဲ့ပြီး၊ လေပြင်းတစ်ခုကြောင့် ကြွေကျလာသည့် သစ်ရွက်များနှင့် ကျောက်စရစ်ခဲများကဲ့သို့ နေရာအနှံ့ပြန့်ကျဲသွား၏။

…………………………………………………………………………………………………………………………….

အပိုင်း ( 162 )

ကြွယ်ဝမှုလှိုင်းလုံး၊ ကြီးမားသော ရိတ်သိမ်းမှု ၂

ပုံရိပ်၏ အကြည့်သည် လျှပ်စီးလက်နေသကဲ့သို့ စူးရှနေခဲ့သည်၊ သူ၏ကိုယ်တွင်း၌ ၁၄၀ကျော်သော သွေးကြောမှတ်များသည် မှိတ်တုပ်မှိတ်တုပ်ဖြင့် သိသိသာသာ မြင်နိုင်သည်အထိ အနည်းငယ် လင်းလက်တောက်ပနေခဲ့သည်။

“ သွေးကြောမှတ် ၃၀က သွေးကြောမှတ် ၁၀၀ကျော်ကို အနိုင်ယူသွားတာလား? “

ပုံရိပ်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည် “ စိတ်ဝင်စားစရာပဲ၊ နောက်ဆုံးတော့ အစစ်အမှန် သိုင်းပညာဌာနက လူတစ်ယောက်က ငါ့ရဲ့ စိတ်ကို ဖမ်းစားလာခဲ့ပြီပေါ့၊ ဒါပင်မဲ့ သွေးကြောမှတ် အခု၃၀ပဲ ရှိနေတာက နှမြောစရာပဲ “

“ သူက ပထမအဆင့် အထွတ်အထိပ်ကို ‌ရောက်တဲ့အချိန်ကျရင် ငါသူနဲ့တိုက်မယ် “

တီ !!

ရုတ်တရက်ဆိုသလိုပင် အဆိုပါ ပုံရိပ်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး၊ သူသည် သူ၏ဖုန်းကို ကောက်ယူလိုက်သည်။

“ လျူတျန်မုလား? “ သူအနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ မင်းကငါ့ကို အဲ့လူကို စိန်ခေါ်ချင်နေတာလား? “

“ တကယ်လို့ အဲ့လူက သွေးကြောမှတ် ၁၀၀ကျော်တဲ့လူကို အနိုင်ရထားတယ်ဆိုရင်တောင်မှ၊ ငါနဲ့ မယှဥ်နိုင်သေးဘူး။ လျူတျန်မုက ဘာတွေ တွေးနေတာလဲ? “

…

နတ်သိုင်းဌာန၏ အနောက်ဘက် တောင်တန်းရှိ သစ်တောထဲတွင်

ဝှစ် !!

ဝှစ် !!

ထက်မြိသော ဓားအလင်းတန်းများသည် လေထုထဲတွင် အရိပ်ထင် အပ်ကြောင်းထပ်နေပြီး၊ ဘုံကိုးဆင့် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် မိုးကြိုးများကဲ့သို့ ကြီးမားသော ကျောက်တုံးကြီးကို ထိုးဖောက်သွားခဲ့သည်။

၁၀မီတာ မြင့်သော ကျောက်တုံးကြီးသည် မည်သို့မျှ မပျက်စီး မထိခိုက်သွားဘဲ ထိုနေရာတွင် ရပတ်တည်နေလျက်ရှိသည်။

“ ဝူးးး “

ရုတ်တရက်ဆိုသလိုပင် ငြင်သာသော လေညင်းတစ်ခု တိုက်ခတ်လာခဲ့ရာ ကြီးမားသော ကျောက်တုံးကြီးသည် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး၊ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။

ကျောက်တုံးအောက်ဘက်၌ ရွှေညိုရောင် အသားအရည်ရှိသော ကောင်မလေးတစ်ဦး သူမ၏ဓားကို ရုတ်ကာ မတ်တပ်ရပ်နေလျက်ရှိပြီး၊ သူမ၏ ကိုယ်တွင်း၌ သွေးကြောမှတ် ၁၅၀ကျော်သည် လင်းလက်စွာ တောက်ပနေခဲ့သည်။

သူမသည် ဖုန်းကို ထုတ်ယူကာ တစ်ချက်မျှ ကြည့်လိုက်သည်။

“ ရှုကျိုးလား? သွေးကြောမှတ် ၃၀က သွေးကြောမှတ် ၁၀၀ကျော်ကို နိုင်ခဲ့တယ်ပေါ့? “

ကောင်မလေးသည် ချိုသာစွာ ရေရွတ်ပြောဆိုနေခဲ့ပြီး၊ သူမ၏နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည် “ သူက ငါ့ရဲ့တိုက်ကွက်တစ်ခုကို ခံနိုင်မှာလား? “

…

နတ်သိုင်းဌာနရှိ စံအိမ်တစ်ခုအတွင်း၌

အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ဦးသည် နားကြပ်များတပ်ကာ တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။

ရုတ်တရက်ဆိုသလိုပင် သူမျက်မှောင်ကြုတ်သွားခဲ့ကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် “ ငါနားလည်ပြီ “

သူသည် မျက်လုံးများကို ဖွင့်ကာ ဖုန်းကို ဖျတ်ခနဲ ကြည့်လိုက်သည်။

“ အကျိုးပြုအမှတ် ၁၀၀လား? “ အဖြူဝတ်ရောင် ဝတ်စုံနှင့် လူငယ်လေးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ စိတ်ဝင်စားစရာပဲ၊ ကျောင်းက အဲ့လူဆီမှာ ဒုတိယအဆင့်ပညာရှင်ရဲ့ စွမ်းအားမျိုး ရှိတယ်လို့ ထင်နေတယ်ပေါ့? “

“ ဒါပင်မဲ့ ငါက သူ့ကို သုံးကွက်အတွင်းမှာ အပြီးသတ်နိုင်သင့်တယ် “

…

ရှုကျိုးကမူ နတ်သိုင်းဌာနတွင် ဖြစ်နေသည့် ကိစ္စများကို မသိပေ။

ထိုအချိန်၌ သူသည် ချင်ဖုန်းနောက်မှလိုက်ကာ အစစ်အမှန် သိုင်းပညာဌာနသို့ ပြန်နေခဲ့သည်။

လမ်းပေါ်၌

ချင်ဖုန်းသည် ရှုကျိုးကို ဖျတ်ခနဲကြည့်ကာ ပြောလာခဲ့သည် “ မင်းက မျက်ရည်ယိုအမှုန့်ကို မသုံးလိုက်ဘူးလား? “

ရှုကျိုးမှ ခေါင်းခါပြလိုက်သည်။

သူသည် သူ၏ ကိုယ်ပိုင်စွမ်းအားကို လျှော့တွက်ခဲ့ပြီး၊ မျက်ရည်ယိုမှုန့် မသုံးခင်အချိန်မှာပင် ရန်သူများကို အနိုင်တိုက်နိုင်ခဲ့သည်။

ချင်ဖုန်းသည် သူ့ကို ကြည့်ကာ သက်ပြင်းချနေတော့သည် “ မင်းတော်တော်ကြီးကို ထင်ပေါ်လွန်းနေတယ် “

ထင်ပေါ်နေတာလား?

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

“ ဆရာက မင်းသိုသိုသိပ်သိပ် နေနိုင်အောင်လုပ်ဖို့အတွက် မျက်ရည်ယိုမှုန့်တွေကို ပေးခဲ့တာ “

ချင်ဖုန်းမှ ခေါင်းခါ၍ ပြောလာခဲ့သည် “ ဒါပင်မဲ့ အဲ့လိုမဟုတ်လည်း အဆင်ပြေပါတယ်၊ နည်းနည်းလေး သန်မာတာက ကောင်းပါတယ်၊ အဲ့ဒီငပျော့ကောင်တွေကို အဟန့်အတား ဖြစ်သွားစေတာပေါ့ “

ရှုကျိုးမှ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးလာခဲ့သည် “ ဆရာက ကျွန်တော့်ကို ဘာလို့ သိုသိုသိပ်သိပ် နေစေချင်ရတာလဲ? “

“ ဘာလို့လဲဆိုတော့ မင်းက လုံလုံလောက်လောက် မသန်မာသေးလို့ပဲ “

ချင်ဖုန်းသည် သူ့ကို ကြည့်ကာ ဆက်ပြောလာခဲ့သည် “ ဒီတိုက်ပွဲမှ မဟုတ်ဘူး၊ အရင်က မင်းလုပ်ခဲ့တဲ့ သေခြင်းရှင်ခြင်းကိစ္စကလည်း တော်တော်ကြီးကို မဆင်မခြင် နိုင်လွန်းတယ် “

“ ဒီတစ်ခါက အဆင်ပြေတယ်၊ ဘာလို့လဲဆိုတော့ သွေးကြောမှတ် ၁၂၀အောက်က လူတွေ ဖြစ်နေလို့ပဲ “

“ တကယ်လို့ သွေးကြောမှတ် ၁၄၀ ကျော်တဲ့ လူတွေရောက်လာမယ်ဆိုရင်တော့၊ မင်းက ချောက်ထဲရောက်သွားလိမ့်မယ် “

“ သွေးကြောမှတ် ၁၄၀လား? “ ရှုကျိုးသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်၊ သွေးကြောမှတ် အဲ့လောက်အများကြီး ဖွင့်ထားတဲ့လူတွေ ရှိနေတာလား?

သူသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ ပထမအဆင့်မှာ သွေးကြောမှတ်တွေက အများဆုံးအနေနဲ့ ဘယ်နှခုဖွင့်လို့ရလဲ? “

ချင်ဖုန်းမှ ပြောပြလာခဲ့သည် “ သီအိုရီအရဆိုရင်တော့ အများဆုံးအနေနဲ့ ၁၂၀အထိ ဒါမှမဟုတ် အဲ့ထပ် နည်းနည်းလေးပိုတဲ့အထိ ဖွင့်လို့ရတယ်၊ ဒါပင်မဲ့ ကွာခြားချက်ကတော့ ဂဏန်းတစ်လုံးစာလောက်ပဲ ရှိတယ် “

“ဒါပင်မဲ့ နတ်သိုင်းဌာနက ငါတို့ကို ပစ်မှတ်ထားဖို့အတွက် သွေးကြောမှတ်တွေ ပိုဖွင့်ခဲ့တယ်၊ သွေးကြောမှတ် ၁၄၀အထိ ဖွင့်နိုင်ခဲ့တယ်။ အဲ့အဆင့်အထိ ရောက်တဲ့လူတွေကတော့ တစ်နိုင်ငံလုံးမှာတောင် တော်တော်ရှားတယ် “

“ ပထမအဆင့်တွေကြားထဲမှာ ထိပ်တန်းပါရမီရှင်တွေ အများကြီးပဲ “

“ ငါတို့ အစစ်အမှန် သိုင်းပညာဌာနအတွက် သူတို့ရဲ့ တန်ပြန်တိုက်စစ်က ပထမအဆင့် အထွတ်အထိပ်တွေပဲ “

“ တကယ်လို့ သွေးကြောမှတ် ၁၄၀ကျော်ဖွင့်ထားတဲ့ လူရှိနေတယ်ဆိုရင်တော့၊ ‌မင်းက သေချာပေါက် သေပြီပဲ “

ချင်ဖုန်းသည် သူ့ကို လေးလေးနက်နက်ကြည့်ကာ ဆက်ပြောလာခဲ့သည် “ ခုနတုန်းက မင်းကို ဆက်မတိုက်ဖို့ပြောခဲ့ရတာက အဲ့လူတွေကို ဆွဲဆောင်မိသွားမှာကို ကာကွယ်ဖို့အတွက်ပဲ။ အဲ့လို့မှ မဟုတ်ရင် ကိုင်တွယ်ဖို့ ခက်သွားလိမ့်မယ် “

ရှုကျိုး၏ စိတ်နှလုံးသား လေးလံသွားတော့သည်။

သွေးကြောမှတ် ၁၄၀ ဖွင့်ထားတဲ့လူက အစစ်အမှန် သိုင်းပညာဌာနရဲ့ ပထမအဆင့် အထွတ်အထိပ်နဲ့ ယှဥ်မှာလား?

တကယ်လို့ အဲ့လိုသာ ဖြစ်နေရင်တော့ တော်တော်လေးကို စွမ်းနေမှာပဲ။

အစစ်အမှန် သိုင်းပညာဌာန၏ ပထမအဆင့် အထွတ်အထိပ် ပါရမီရှင်များသည် များသောအားဖြင့် သွေးကြောမှတ် ၁၂၀သာ ဖွင့်ထားကြသည်၊ ထို့ထပ် မပိုခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် အစစ်အမှန် သိုင်းပညာဌာန၏ ပြီးပြည့်စုံသော စနစ်သည် သွေးကြောမှတ် ၁၂၀ရှိသောကြောင့် ဖြစ်သည်။

နတ်သိုင်းဌာန၏ သွေးကြောမှတ် ၁၄၀ထပ် ပိုဖွင့်ခြင်းသည် အစစ်အမှန် သိုင်းပညာဌာနကို ပစ်မှတ်ထားခြင်းပင် ဖြစ်သည်။

ရှုကျိုး၏ စိတ်နှလုံးသားသည် လေးလံမှုကို ခံစားနေခဲ့ရသည်၊ သူသည် သွေးကြောမှတ် ၁၂၀ကို အနည်းငယ်မျှ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်၊ သို့သော် သွေးကြောမှတ် ၁၄၀နှင့် ရင်ဆိုင်ရမည်ဆိုပါက အနိုင်ရရန် များစွာခက်ခဲနေမည် ဖြစ်သည်။

“ အဲ့ကိစ္စကို တွေးပူမနေပါနဲ့ “ ချင်ဖုန်းမှ ရုတ်တရက် ပြုံးကာ ပြောလာခဲ့သည် “ မင်းက ဒီနေ့မှာ ကောင်းကောင်းကြီးကို လုပ်နိုင်ခဲ့တယ်။ နတ်သိုင်းဌာနက ခဏလောက်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မယ် “

“ လာ၊ ဆရာ့ဆီသွားမယ် “

ထိုကဲ့သို့ ပြောလာခဲ့ကာ ချင်ဖုန်းသည် အရှေ့သို့ လျှောက်လှမ်းသွားတော့သည်။

ရှုကျိုးမှ ခေါင်းငြိမ့်ကာ နောက်မှ အမြန်လိုက်သွားတော့သည်။

…

သုတေသန အခန်း၌

သူတို့နှစ်ဦး ရောက်လာခဲ့သော အချိန်တွင် လျူချင်းယွမ်ကို မတွေ့ရဘဲ စက်လုံးထဲမှ ထွက်လာသည့် ရှားဟောက်ချန်းကိုသာ မြင်တွေ့လိုက်ရသည်။

“ ဟမ်? မင်းက ပြန်လာပြီလား? “ ရှားဟောက်ချန်းသည် အံ့ဩတကြီးဖြင့် ပြောလာခဲ့သည်။

ရှုကျိုးမှာလည်း အံ့အားသင့်သွားခဲ့သည်၊ ဒီကောင်က တိုက်ပွဲကို လာမကြည့်ဘဲ၊ သူ့ကိုယ်သူ ဒီမှာ နှိပ်စက်နေပြန်ပြီလား?

“ လာမကြည့်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ “ ရှားဟောက်ချန်းမှ ပြောလာခဲ့သည် “ မင်းနိုင်မယ်လို့ ငါယုံတယ်လေ၊ တကယ်လို့ မနိုင်ဘူးဆိုရင်တော့ ငါလည်း ဘာမှ ကူညီပေးလို့မရဘူး “

“ အဲ့မှာ တွေးပူနေတာထပ် ဒီမှာ သွေးကြောမှတ် နည်းနည်းလောက် ဖွင့်နေတာက ပိုကောင်းတယ်လေ “

ထိုကဲ့သို့ ပြောနေရင်းဖြင့် သူသည် ရှုကျိုးကို ကြည့်လာခဲ့သည် “ သေခြင်းရှင်ခြင်းတိုက်ပွဲက ပြီးသွားပြီလား? တိုက်ပွဲက ဘယ်လိုလဲ? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြကာ စကားပြောရန် ပြင်လိုက်သည့် အချိန်တွင် လျူချင်းယွမ်သည် အပြင်ဘက်မှ လမ်းလျှောက်ဝင်လာခဲ့သည်။

“ ဆရာ “ သုံးဦးစလုံးသည် တစ်ပြိုင်နက် နှုတ်ဆက်လိုက်ကြသည်။

လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြလာခဲ့ကာ ရှုကျိုး၏ ပခုံးကို ပုတ်၍ ပြုံးပြလာခဲ့သည် “ လုပ်တာကောင်းတယ်၊ သွေးကြောမှတ် ၃၀က သွေးကြောမှတ် ၁၀၀ကျော်ကို နိုင်ခဲ့တယ်၊ မင်းက နတ်သိုင်းဌာနမှာ နာမည်ကြီးလုနီးပါး ဖြစ်နေပြီ “

“ ဘာ !! သွေးကြောမှတ် ၃၀က သွေးကြောမှတ် ၁၀၀ကျော်ကို အနိုင်ပိုင်းလိုက်တာလား? “

ဘေးနားရှိ ရှားဟောက်ချန်းသည် အံ့ဩမှင်သက်သွားခဲ့သည်။

ရှုကျိုးက ဘယ်အချိန်ကစပြီးတော့ ဒီလောက်တောင် အံ့ဩဖို့ကောင်းလာရတာလဲ?

သူ့နည်းတူပင် ရှုကျိုးမှာလည်း ထပ်တူထပ်မျှ အံ့ဩသွားခဲ့သည် “ ကျွန်တော်က နတ်သိုင်းဌာနမှာ နာမည်ကြီးနေတာလား? “

“ ဟုတ်တယ် “ လျူချင်းယွမ်သည် ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ သူတို့ဘက်မှာ သူတို့က ဆုကြေးကိုတောင် တိုးလိုက်ကြပြီ။ အဆင့်တူတွေက မင်းကို အနိုင်တိုက်ရင် အကျိုးပြုအမှတ် ၁၀၀ရလိမ့်မယ် “

“ အကျိုးပြုအမှတ် ၁၀၀လား? “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

သူသာလျှင် မဟုတ်ဘဲ ချင်ဖုန်း၏ အမူအရာမှာလည်း ပြောင်းလဲသွားပြီး၊ သူ၏အသက်ရှူနှုန်းပင် မြန်ဆန်လာခဲ့သည်။

အကျိုးပြုမှတ် ၁၀၀၊ နတ်သိုင်းဌာနက တော်တော်ချမ်းသာတာပဲ။

ဘေးဘက်ရှိ ရှားဟောက်ချန်းမှာလည်း လုံးဝအံ့အားသင့်သွားခဲ့သည်။

ရှုကျိုးက ဒီလောက်တောင် တန်ဖိုးရှိနေပြီလား?

…………………………………………………………………………………………

All Chapters