← Chapters

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အပိုင်း ( 163 )

ကြွယ်ဝမှုလှိုင်းလုံး၊ ကြီးမားသော ရိတ်သိမ်းမှု ၃

အကျိုးအမှတ် ၁၀၀၊ ၎င်းသည် ဒုတိယအဆင့် ပညာရှင်ကို သတ်ဖြတ်ခြင်းအတွက် ရရှိမည့် ဆုကြေးမျိုး ဖြစ်သည်။

ရှားဟောက်ချန်းသည် မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ နတ်သိုင်းဌာနက ဒီလောက်အထိ လုပ်ဖို့လိုလို့လားဗျ? ရှုကျိုးက ပထမအဆင့်ပဲ ရှိသေးတယ်လေ “

“ ဘာလို့ မလုပ်ရမှာလဲ? “

လျူချင်းယွမ်မှ အသာအယာ ပြုံးပြလာခဲ့သည် “ ဌာနနှစ်ခုက အမြဲလိုလို ပြိုင်ဘက်တွေ ဖြစ်နေခဲ့တာလေ၊ ငါတို့က ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးလိုက်တဲ့ အချိန်မှာ သူတို့က ရှုကျိုးကို စိန်ခေါ်ဖို့အတွက် သူတို့ရဲ့ ရွယ်တူလူငယ်တွေကို သေချာပေါက် တာဝန်ပေးမှာပဲ “

“ အဲ့တာတွေက သက်တူရွယ်တူတွေ ကြားထဲက စိန်ခေါ်မှုတွေပဲ၊ အစွမ်းထက် ပုဂ္ဂိုလ်တွေရဲ့ ဝင်ရောက်စွက်ဖက်မှု မရှိဘူးဆိုရင် အဲ့တာက သာမန်ပြိုင်ပွဲတစ်ခုပါပဲ “

“ အကျိုးပြုအမှတ် ၁၀၀အတွက်ကတော့၊ အဲ့တာက တော်တော်လေးကို များနေပင်မဲ့ ဒီနေ့ ရှုကျိုးပြလိုက်တဲ့ စွမ်းအားက သာမန် ဒုတိယအဆင့်ပညာရှင်တစ်ယောက်‌နီးပါးလောက် ရှိနေတယ်လေ၊ ဆိုတော့ ဆုကြေးက သိပ်လည်း မထူးဆန်းပါဘူး “

ရှုကျိုးမှ မနေနိုင်တော့ဘဲ မေးလိုက်သည် “ အစစ်အမှန် သိုင်းပညာဌာနမှာရော အဲ့လိုတာဝန်မျိုး ရှိလားဗျ? “

“ ဒါပေါ့ “

လျူချင်းယွမ်မှ အေးအေးဆေးဆေး ပြောလာခဲ့သည် “ တကယ်လို့ မင်းက နတ်သိုင်းဌာနရဲ့ သွေးကြောမှတ် ၁၄၀ကျော်တဲ့လူကို အနိုင်တိုက်နိုင်ခဲ့မယ်ဆိုရင်၊ အကျိုးပြုအမှတ် ၁၀၀ရလိမ့်မယ် “

ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

အဲ့လိုတာဝန်မျိုး တကယ်ရှိတာပဲ။

လူတစ်ယောက်ကို အနိုင်ယူနိုင်ရင် အကျိုးပြုအမှတ် ၁၀၀ရမယ်ပေါ့၊ သူသည် တစ်ခဏခန့် အဆွဲဆောင်ခံလိုက်ရသည်။

သို့ရာ၌ ယခုတွင် သူသည် သွေးကြောမှတ် ၁၄၀ကျော်သည့် လူနှင့် မယှဥ်သေးသောကြောင့် အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ဆိုင်းနေရဦးမည် ဖြစ်သည်။

“ ရှားဟောက်ချန်း၊ မင်းအရင် ပြန်လိုက်ဦး “ လျူချင်းယွမ်မှ ရုတ်တရက် ပြောလာခဲ့သည် “ ငါရှုကျိုးနဲ့ သီးသန့် စကားပြောဖို့ လိုအပ်နေလို့ “

ရှားဟောက်ချန်းမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည်လည်း သိချင်နေခဲ့သော်လည်း အမြန်ထွက်သွားခဲ့သည်။

…

ရှားဟောက်ချန်း ထွက်သွားသည့်နောက်၌

လျူချင်းယွမ်သည် ရှုကျိုးကို ကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ဒီနေ့ မင်းပြခဲ့တဲ့ စွမ်းအားက နည်းနည်းလေးတော့ ချဲ့ကားလွန်းတယ် “

“ အစစ်အမှန် သိုင်းပညာဌာနရဲ့ အဆင့်တူမှာ ပြိုင်ဘက်ကင်းတာက ပြီးပြည့်စုံတဲ့ စနစ်အပေါ်မှာအခြေခံထားတာ “

လျူချင်းယွမ်သည် သူ့ကို ကြည့်လာခဲ့သည် “ ဒါပင်မဲ့ မင်းက သွေးကြောမှတ် အခု၃၀ပဲ ဖွင့်ရသေးတယ်၊ မင်းဆီမှာက အဲ့ဒီလို တိုက်ခိုက်ရေး စွမ်းအားမျိုး မရှိသင့်ဘူး “

တစ်ဘက်ရှိ ချင်ဖုန်းမှာလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။

သူသည် အစောပိုင်းအချိန်များအတွင်းက ရှုကျိုးကို အမြန်ဆွဲထုတ်လာခဲ့ရသည်မှာ အဆိုပါ အကြောင်းအရင်းကြောင့်ပင် ဖြစ်သည်။

ရှုကျိုး၏ အဆင့်ကျော်တိုက်ခိုက်စွမ်းသည် အတော်ပင် ထူးဆန်းနေခဲ့သည်။

၎င်းသည် လူများ၏ အာရုံများကို ဆွဲဆောင်သွားမည် ဖြစ်သည်။

ဤအချိန်တွင် လျူချင်းယွမ်မှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ မင်းဖွင့်ထားတဲ့ သွေးကြောမှတ် အခု၃၀က သာမန်မဟုတ်ဘူးမလား? “

ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး၊ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကျွန်တော့်ဆီမှာ ပြီးပြည့်စုံတဲ့ စနစ်တစ်ခု ရှိနေတယ် “

တိတ်ဆိတ်

ငြိမ်သက်

လျူချင်းယွမ်နှင့် ချင်ဖုန်းတို့နှစ်ဦးစလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

စက္ကန့်အတော်အတန် ကြာခဲ့ပြီးသည့်နောက်၌ သူတို့၏ မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်နေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ သွေးကြောမှတ် ၃၀တည်းနဲ့ ပြီးပြည့်စုံတဲ့ စနစ်တစ်ခု ဖြစ်နေတာလား? “ ချင်ဖုန်း မှင်သက်သွားခဲ့သည်။

သူသည် ၎င်းကို ယခင်က မှန်းဆထားခဲ့ပြီးပြီဖြစ်သည်၊ သို့သော် ရှုကျိုးထံမှ ကြားသိလိုက်ရသောအခါတွင်လည်း အံ့ဩသွားရစဲသာ ဖြစ်သည်။

အစစ်အမှန် သိုင်းပညာဌာနသည် နှစ်နှင့်ချီ၍ သုတေသနပေါင်းများစွာ ပြုလုပ်နေခဲ့သည်၊ ယခု၌ ကျောင်းသားအသစ်လေးတစ်ဦးသည် တစ်လအတွင်းမှာပင် ၎င်းကို အောင်မြင်သွားခဲ့သည်။

၎င်းမှာ မကြုံစဖူးဖြစ်ရပ်ထူးပင်။

လျူချင်းယွမ်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းရဲ့ သွေးကြောမှတ်တွေကို အသက်သွင်းလိုက် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ကာ သူ၏ ချီ-သွေးစွမ်းအင်များကို စုစည်းလိုက်သည်။

ဝှစ် ~~

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ် ၃၅ခုသည် လင်းလက်တောက်ပလာခဲ့သည်။

သွေးကြောမှတ်များမှ ထုတ်လွှတ်လာသည့် အလင်းသည် မှိန်ဖျော့နေခဲ့သော်လည်း၊ ၎င်းးအား လူသားတို့၏ သာမန်မျက်လုံးများဖြင့်ပင် မြင်နိုင်ပေသည်။

လျူချင်းယွမ်ကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကမူ ဖျတ်ခနဲကြည့်ရုံဖြင့် ၎င်းကို ရှင်းရှင်းလင်း မြင်နိုင်ပေသည်။

“ သွေးကြောမှတ် ၃၅ခု၊ ၄ခုက အပြည့်အဝ မပွင့်သေးဘူးလား? “

ရှုကျိုး အံ့ဩသွားတော့သည် “ ဆရာက အဲ့တာကိုတောင် မြင်နိုင်တာလား? “

“ ဒါပေါ့ “

လျူချင်းယွမ်သည် သူ့အား မျက်စောင်းထိုးလာတော့သည် “ ငါ့နယ်ပယ်နဲ့ဆိုရင် အဲ့တာကို ဘယ်လိုလုပ် မမြင်ပဲနေမှာလဲ? “

“ အဲ့ဒီလေးခုကို မင်းက ဉာဏ်အလင်းဆေးနဲ့ ဖွင့်ထားတာမလား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ အတော်လေး အထင်ကြီးလေးစားသွားခဲ့သည်။

သူသည် အဆိုပါ သွေးကြောမှတ်၄ခုအား ယမန်နေ့က ဉာဏ်အလင်းဆေးငါးလုံးကို အသုံးပြုကာ အလောတကြီး ဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ၎င်းတို့သည် ပြင်ပအားများဖြစ်နေသောကြောင့် အဆိုပါ သွေးကြောမှတ် ၄ခုသည် ၁၀၀% မပွင့်သေးဘဲ အချိန်တစ်ချို့ယူကာ အပြည့်အဝ ပွင့်သွားသည်အထိ ဆက်လက်၍ လေ့ကျင့်ရဦးမည် ဖြစ်သည်။

လျူချင်းယွမ်သည် ရှုကျိုးအား ဂရုတစိုက် ကြည့်ရှုစစ်ဆေးနေခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် သူသည် အံ့ဩတကြီးဖြင့် ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ တကယ်ကြီးကို ပြီးပြည့်စုံတဲ့ စနစ်တစ်ခု ဖြစ်နေတာပဲ “

ချင်ဖုန်းမှာလည်း အံ့ဩသွားခဲ့သည် “ ဆရာ၊ တကယ်ကြီးလား? သွေးကြောမှတ် အခု၃၀တည်းနဲ့ ပြီးပြည့်စုံတဲ့ စနစ်ဖြစ်နေတာလား? “

လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ တကယ့် ပြီးပြည့်စုံတဲ့ စနစ်နဲ့ နည်းနည်းတော့ ကွဲပြားနေတဲ့ပုံပဲ ဒါပင်မဲ့ သိပ်အများကြီး မဟုတ်ဘူး “

ထိုစကားလုံးများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ချင်ဖုန်း၏ အသက်ရှူသံများ မြန်ဆန်လာတော့သည်။

“ သွေးကြောမှတ် အခု၃၀နဲ့ ပြီးပြည့်စုံတဲ့ စနစ် “ ချင်ဖုန်းမှ ရေရွတ်ပြောဆိုနေတော့သည် “ တကယ်လို့ အဲ့တာသာ ……… မဟုတ်ဘူး၊ လျူတျန်မုလည်း အဲ့မှာ ရှိနေခဲ့တယ်၊ သူလည်း အဲ့တာကို မြင်သွားနိုင်တယ် “

ချင်ဖုန်း၏ အမူအရာ ပြောင်းလဲသွားပြီး၊ လျူချင်းယွမ်ကို အမြန်ကြည့်လိုက်သည် “ ဆရာ၊ နတ်သိုင်းဌာနရဲ့ ဆုကြေးတိုးသွားတာကို ဒီအကြောင်းကို သိသွားလို့များလား? “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

နတ်သိုင်းဌာနက အဲ့တာကို ဒီလောက်မြန်မြန်ဆန်ဆန်ကြီး သတိပြုမိသွားတာလား?

လျူချင်းယွမ်သည် အနည်းငယ် တွေးတောစဥ်းစားနေခဲ့ကာ၊ ပြောလာခဲ့သည် “ သူတို့သိသိ၊ မသိသိ၊ ဒါက ငါတို့အတွက် ကောင်းတဲ့ကိစ္စတစ်ခုပဲ “

“ ဒီအကြောင်းသာ ပြန့်သွားတာနဲ့ လူသားမျိုးနွယ်တစ်ခုလုံး အကျိုးအမြတ်ရသွားလိမ့်မယ် “

“ ဒါပင်မဲ့ သွေးကြောမှတ် အခု၃၀တည်းနဲ့ ပြီးပြည့်စုံတဲ့ စနစ် ဘယ်လိုဖြစ်လာလဲဆိုတာကို ငါတို့က မသိသေးဘူး “

၎င်းကို ပြောလိုက်ကာ လျူချင်းယွမ်သည် အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားတော့သည်။

ချင်ဖုန်းမှာလည်း တွေးတောခြင်း သံသရာထဲ တိုးဝင်သွားခဲ့သည်။

တစ်ဖက်ရှိ ရှုကျိုးသည် မနေနိုင်တော့ဘဲ ချောင်းဟန့်လာခဲ့သည် “ အဟမ်း၊ ကျွန်တော့်ကို ဘာလို့ မမေးကြတာလဲ? “

ငါလည်းရှိတယ်၊ ငါ့ကို ဘာလို့ ပလစ်ထားကြတာလဲဟ?

“ မင်းလား? “ ချင်ဖုန်းမှ သတိပြန်ဝင်လာပြီး ပြောလာခဲ့သည် “ မင်းကသိလို့လား? “

ဒီကလေးက အဲ့တာကို ရုတ်တရက် သိသွားတာမဟုတ်ဘူးလား?

၎င်းမှာ လျူချင်းယွမ်နှင့် ချင်ဖုန်းတို့ နှစ်ဦးစလုံး ထင်နေကြသည့် အရာဖြစ်သည်။

သွေးကြောမှတ် အခု၃၀၏ ပြီးပြည့်စုံသော စနစ်အား ယခင်ဌာနမှူးက အဆိုပြုခဲ့ခြင်း ဖြစ်သည်၊ သို့သော် ၎င်းအား အစစ်အမှန် သိုင်းပညာဌာန အပါအဝင် မည်သူကမှ ဂရုမစိုက်ခဲ့ကြပေ။

မည်သူကမှ ၎င်းကို မစူးစမ်း မလေ့လာခဲ့ကြပေ။

အဘယ့်ကြောင့်ဆိုသော် သူတို့သည် သွေးကြာမှတ် ၁၂၀၏ ပြီးပြည့်စုံသော စနစ်ကိုပင် အပြည့်အဝ နားမလည်ကြသေးသောကြောင့် ဖြစ်သည်။

သွေးကြောမှတ် အခု၃၀၏ ပြီးပြည့်စုံသော စနစ်ကမူ ပို၍ပင် ခက်ခဲနေမည် ဖြစ်သည်။

ရှုကျိုးက တစ်ခုခုကို တွေ့ထားလို့များလား?

မဖြစ်နိုင်ပါဘူးလေ ……..

သူတို့၏ အမူအရာများကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြောလာခဲ့သည် “ အဲ့တာက မှန်နေမလားဆိုတာကိုတောင် သိပ်တော့ မသေချာပါဘူး “

ရှုကျိုးသည် တစ်ခဏခန့် ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလာခဲ့သည် “ ကျွန်တော် သွေးကြောမှတ်တွေကို ရှာတဲ့နည်းလမ်းက ဆရာတို့နဲ့ မတူဘူး “

“ ကျွန်တော်က ချီ-သွေးစွမ်းအားတွေကို ကျွန်တော့်ခန္ဓာကိုယ်ရဲ့ အကန့်အသတ်အထိရောက်သွားအောင် ထိုးထည့်လိုက်တာ၊ အဲ့တာဆိုရင် သွေးကြောမှတ်တွေက သူတို့ဘာသာ ပေါ်လာတယ်၊ စိတ်စွမ်းအားသုံးပြီး ရှာဖို့တောင် မလိုဘူး “

……………………………………………………………………………………………………………..

အပိုင်း ( 164 )

ကြွယ်ဝမှုလှိုင်းလုံး၊ ကြီးမားသော ရိတ်သိမ်းမှု ၄

သူသည် သူ၏သွေးကြောမှတ် ရှာဖွေခြင်းနည်းလမ်းကို ပြောပြလိုက်သည်။

သူ၏စကားများကို ကြားသိလိုက်ရပြီးသည့်နောက်တွင် လျူချင်းယွမ်နှင့် ချင်ဖုန်းတို့နှစ်ဦးစလုံး ထပ်မံ၍ မှင်သက်သွားခဲ့ရပြန်သည်။

နှစ်ဦးစလုံး အံ့ဩတုန်လှုပ်သွားကြသည်၊ ဒီကလေးက တကယ်သိနေတာလားဟ?

သိပ်မသေချာဘူးဟု စကားခံထားခဲ့သော်လည်း ရှုကျိုး၏ နည်းလမ်းသည် တစ်မျိုးတစ်ဖုံ ယုတ္တိရှိနေခဲ့သည်။

“ သွေးကြောမှတ်တွေက အလိုအလျောက် ပေါ်လာတာလား? “ ချင်ဖုန်းသည် အံ့ဩတကြီးဖြင့် ရေရွတ်ပြောဆိုနေတော့သည် “ ငါက ဘာလို့ အဲ့လိုအခြေအနေမျိုးနဲ့ ဘာလို့မကြုံခဲ့ရတာလဲ? “

ရှုကျိုးမှ ကူရာကယ်ရာမဲ့စွာြဖင့် ပြန်ဖြေလိုက်သည် “ စွမ်းရည်ကြောင့်ထင်တယ်၊ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က တော်တော်လေး မာတယ်လေ “

“ ဆိုတော့ ကျွန်တော်က ပိုပြီးတော့ တောင့်ခံနိုင်တယ်၊ အဲ့တာကြောင့် သွေးကြောမှတ်တွေက အလိုလို ပေါ်လာတာထင်တယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် လျူချင်းယွမ်သည် တစ်စုံတစ်ခုကို ချက်ချင်းတွေးမိသွားခဲ့သည်။

“ သားရဲစွမ်းရည်ကြောင့်များလား? “ လျူချင်းယွမ်မှ ရေရွတ်ပြောဆိုနေတော့သည်။

သူသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ပြောလာခဲ့သည် “ အဲ့တာဆိုရင် သာမန်လူတွေက အဲ့နည်းလမ်းကို သုံးလို့မရတာများလား? အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူတို့က သွေးကြောမှတ်တွေကို ရှာမတွေ့ခင်မှာပဲ ပေါက်ကွဲသွားနိုင်တယ် “

ရှုကျိုးမှ ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ဘေးဘက်ရှိ ချင်ဖုန်းသည် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

အဲ့တာဆိုရင် လူသားမျိုးနွယ်စုအတွက် မျှော်လင့်ချက် မရှိသေးပြန်ဘူးပေါ့?

“ အဆင်ပြေပါတယ် “ လျူချင်းယွမ်မှ ပြုံးပြလာခဲ့သည် “ ရှုကျိုးကို ဥပမာတစ်ခုအဖြစ် ယူလိုက်မယ်ဆိုရင် အနည်းဆုံးအနေနဲ့ ရှေ့ကနောင်တော်တွေရဲ့ အယူအဆက မှန်ကန်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့တယ်လေ။ သွေးကြောမှတ် အခု၃၀ရဲ့ ပြီးပြည့်စုံတဲ့ စနစ်က တကယ်ကြီးကို ရှိနေတယ်၊ ငါတို့က ရှာမတွေ့သေးတာ “

ထို့နောက်တွင် သူသည် ရှုကျိုးကိုကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ လာမဲ့ကာလအတွင်းမှာ မင်းက ပထမအဆင့် အထွတ်အထိပ်ကို မရောက်မချင်း အပြင်မထွက်တာ အကောင်းဆုံးပဲ “

“ အဲ့လိုမှ မဟုတ်ဘူးဆိုရင် နတ်သိုင်းဌာနက လူတွေက မင်းကို သေချာပေါက် ပြဿနာလာရှာလိမ့်မယ် “

“ တကယ်လို့ သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားတဲ့ တစ်ယောက်ယောက်က မင်းကို ရှာတွေ့သွားမယ်ဆိုရင်၊ သူတို့နဲ့ အရောမဝင်နဲ့ သူတို့ရဲ့ စိန်ခေါ်မှုတွေကိုလည်း လက်မခံနဲ့ “

လျူချင်းယွမ်မှ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ သူတို့က မင်းကို ဘယ်လိုပဲ စော်ကားနေပါစေ၊ သည်းခံထားလိုက် ပြန်မတိုက်နဲ့။ အခုလက်ရှိ အချိန်မှာ မင်းက သူတို့ကို မယှဥ်နိုင်ဘူး “

ရှုကျိုး၏ စိတ်နှလုံးသား အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

သူသည် မနေနိုင်တော့ဘဲ သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ ဆရာ၊ သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားတဲ့လူတွေက ဘယ်လောက်စွမ်းလဲ? “

လျူချင်းယွမ်သည် တည်ငြိမ်စွာ ပြန်ပြောလာခဲ့သည် “ သူတို့က Aအဆင့် စွမ်းရည်ရှိတဲ့ အစောပိုင်း ဒုတိယအဆင့် သိုင်းပညာရှင်တွေနဲ့တောင် ယှဥ်ချနိုင်တယ်၊ နားလည်လား? “

ရှုကျိုး တုန်လှုပ်သွားတော့သည်။

Aအဆင့် စွမ်းရည်ရှိတဲ့ အစောပိုင်း ဒုတိယအဆင့် !!

၎င်းမှာ သာမန် ဒုတိယအဆင့် သိုင်းပညာရှင် မဟုတ်ပေ၊ ၎င်းသည် သာမန် အလယ်အလတ် ဒုတိယအဆင့် ပညာရှင်နှင့် ညီမျှနေမည် ဖြစ်သည်။

“ နားလည်ပါတယ်၊ ဆရာ “ ရှုကျိုးမှ တလေးတစား ပြန်ဖြေလိုက်သည်။

သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားတဲ့ လူတွေက တော်တော်စွမ်းတာပဲ !!

သူသည် ယခုလက်ရှိ အချိန်တွင် ထိုလူများကို ယှဥ်နိုင်ဦးမည် မဟုတ်ပေ။

သို့ရာ၌ သူသည် ဤတစ်ကြိမ်တွင် တော်တော်များများ ရိတ်သိမ်းနိုင်ခဲ့ပြီး၊ အကျိုးပြုအမှတ် ရာနှင့်ချီ၍ ရရှိခဲ့သည်။

သူသည် အဆိုပါ အမှတ်များဖြင့် ကျင့်ကြံရေး အရင်းအမြစ်များကို လဲလှယ်လိုက်သည်နှင့်တစ်ပြိုင်နက် စွမ်းအားများ သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လာခဲ့ပါက သူသည် သွေးကြောမှတ် ၁၄၀ ဖွင့်ထားသည့် အဆိုပါ ပါရမီရှင်များနှင့် အနိမ့်ဆုံးအနေဖြင့် လက်ရည်ယှဥ်နိုင်တော့မည် ဖြစ်သည်။

လျူချင်းယွမ်သည် ခေါင်းငြိမ့်ပြကာ စကားဆက်ပြောရန် ပြင်လိုက်သည်။

တီ တီ တီ !!

ရုတ်တရုတ်ဆိုသလိုပင် သူ၏ဖုန်းသံ ပေါ်ထွက်လာခဲ့သည်။

လျူချင်းယွမ်မှ လက်ဝေ့ယမ်းပြကာ ပြောလာခဲ့သည် “ ချင်ဖုန်း၊ မင်းရဲ့ ဂျူနီယာညီလေးကို အိမ်ပြန်ပို့ပေးလိုက် “

“ ဟုတ်ကဲ့ “ ချင်ဖုန်းသည် လက်သီးဆုပ်၍ အရိုအသေပေးလိုက်ကာ ရှုကျိုးကို ကြည့်လာခဲ့သည် “ ဂျူနီယာညီလေး၊ သွားကြစို့ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ ချင်ဖုန်းနှင့်အတူ ထွက်သွား‌တော့သည်။

…

ထိုနှစ်ဦး ထွက်သွားသည့်နောက်၌

လျူချင်းယွမ်သည် ထိုအချိန်မှသာလျှင် ဖုန်းကိုင်လိုက်သည် “ ဌာနမှူး၊ ဘာကိစ္စရှိလို့လဲဗျ? “

“ လျူချင်းယွမ်၊ မင်းရဲ့ ကျောင်းသားသစ်လေးက သွေးကြောမှတ် ၃၀တည်းနဲ့ သွေးကြောမှတ် ၁၀၀ကျော်တဲ့လူကို အနိုင်တိုက်ခဲ့တယ်ဆို? ဘာတွေ ဖြစ်နေတာလဲ? “

ဖုန်းမှတစ်ဆင့် ရှန့်ဝမ်ချန်း၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ ရှုကျိုးကို ပြောတာလား? “ လျူချင်းယွမ်မှ အေးအေးဆေးဆေး ပြန်ဖြေလိုက်သည် “ သူက သွေးကြောမှတ် အခု၃၀ရဲ့ ပြီးပြည့်စုံတဲ့ စနစ်ကို ရှာတွေ့ထားတယ် “

“ … “

တစ်ဖက်လူသည် တစ်ခဏခန့် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရှန့်ဝမ်ချန်း၏ အသံ ရုတ်တရက် ဟိန်းထွက်လာခဲ့သည်။

“ အတည်ပြောနေတာလား? “

“ အတည်ပါ “ လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြလိုက်သည် “ အစောပိုင်းအချိန်တုန်းက ပြောဖို့မေ့နေခဲ့တာပါ၊ ရှုကျိုးက ချီ-သွေးစွမ်းအား ဖြည့်သွင်းတဲ့ စက်ထဲကို ပထမဦးဆုံးအကြိမ်အဖြစ် ဝင်သွားခဲ့တုန်းက သူက အထဲမှာ ၁၀နာရီကြာနေခဲ့ပြီးတော့ သွေးကြောမှတ် ၁၀ခု ရှာတွေ့ခဲ့ပါတယ် “

ရှန့်ဝမ်ချန်းသည် ထပ်မံ၍ တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။

“ လျူချင်းယွမ် !! “

ရှန့်ဝမ်ချန်းမှ ဒေါသတကြီးဖြင့် ပြောလာခဲ့သည် “ ဒီလိုအရေးကြီးတဲ့ ကိစ္စမျိုးကို ငါစကား စတဲ့အချိန်အထိ စောင့်နေဦးမှာလား? မင်းက ဒီလူအိုကြီးကို မင်းရဲ့ဆရာအဖြစ် မမြင်တော့ဘူးလား? “

“ ကျွန်တော်က အလုပ်များပြီးတော့ မေ့ …….. “

“ အလုပ်များပြီး မေ့နေတာလား? “

ရှန့်ဝမ်ချန်းမှ အေးစက်စွာ နှာမှုတ်လာခဲ့သည် “ ငါသိပြီ၊ မင်းက မင်းရဲ့ကျောင်းသားကို ငါယူသွားမှာ ကြောက်နေတာပဲ၊ ဟုတ်တယ်မလား? “

“ အဟွတ် အဟွတ် “ လျူချင်းယွမ်သည် တစ်ကြိမ်မျှ ချောင်းဆိုးသွားခဲ့ကာ အေးအေးဆေးဆေးပြန်ပြောလိုက်သည် “ ဆရာ၊ အခုဆိုရင် ကျွန်တော်က ဆရာနဲ့ အဆင့်တူနေပြီလေ၊ ကျွန်တော်က ဒီတပည့်လေးကို ဆရာ့ကိုယ်စား လက်ခံပေးထားရုံလေးပါပဲ “

“ ငါနဲ့ အဆင့်တူတယ်ပေါ့၊ အဲ့တာက ဘာများကောင်းနေလို့လဲ? “

၎င်းကို ပြောနေရင်းဖြင့် ရှန့်ဝမ်ချန်းသည် ပို၍ဒေါသထွက်သွားကာ အော်ဟစ်လာခဲ့သည် “ အရင်တုန်းက သတ္တမအဆင့်က တစ်ယောက်နဲ့ မတိုက်နဲ့လို့ မင်းကိုငါပြောခဲ့တယ်လေ၊ ဒါပင်မဲ့ မင်းက အဲ့စကားကို နားထောင်ခဲ့လို့လား? မင်းက ငါတို့တွေထဲမှာ အဆင့်တက်ဖို့အတွက် အလားအလာ အကောင်းဆုံးလူပဲ။ တကယ်လို့ အဲ့တိုက်ပွဲအတွက် မင်းရဲ့အခြေခံအုတ်မြစ်ကို မဖျက်စီးခဲ့ရဘူးဆိုရင် မင်းက အခုချိန်လောက်ဆိုရင် သတ္တမအဆင့်ကို ရောက်နေလောက်ပြီ “

လျူချင်းယွမ် ဆွံ့အသွားတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ချိုချိုသာသာ ပြောလိုက်သည် “ ဆရာကလည်း၊ အဲ့တိုက်ပွဲ မဖြစ်ဘူးဆိုရင်တောင်မှ ကျွန်တော်က သတ္တမအဆင့်ကို ရောက်ဖို့အတွက် တော်တော်ခက်ပါတယ် “

ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် တိတ်ဆိတ်သွားခဲ့ကာ သက်ပြင်းချနေတော့သည် “ မေ့လိုက်တော့၊ အဲ့ကိစ္စကို ထပ်မပြောတော့ဘူး “

“ ကွမ်ဟန်မှာ နတ်သိုင်းဌာနရဲ့ လမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ အစွမ်းထက် ပုဂ္ဂိုလ်တော်တော်များများက သံသယဝင်နေကြပြီ၊ မကြာခင်မှာပဲ အခြေအနေတွေက ဖရိုဖရဲဖြစ်လာနိုင်တယ် “

“ နတ်သိုင်းဌာနက အဲ့လူတွေကို သေချာစောင့်ကြည့်ထားကြ၊ လူတစ်ချို့က လက်မလျှော့နိုင်ဖြစ်နေကြမှာကို ငါကြောက်မိတယ်၊ အထူးသဖြင့် ရှုကျိုးပဲ၊ သူက လူတော်တော်များများရဲ့ အာရုံကို ဆွဲဆောင်ပြီးသွားလောက်ပြီ “

“ ဒါပင်မဲ့ အဲ့ကလေးက တကယ်ကို ကောင်းချီးပေးခံထားရတာပဲ၊ အဲ့ဒီအချိန်တုန်းက မင်းထပ်တောင် ပိုပြီးတော့ ထူးချွန်နေတယ် “

လျူချင်းယွမ်သည် ၎င်းကို ကြားလိုက်ရသောအခါတွင် ပြုံးမိသွားခဲ့သည်။

ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ ကျောင်းမှာဆိုရင်တော့ ရှုကျိုးက လုံခြုံပါတယ်၊ ဒါပင်မဲ့ သူ့မိဘတွေကတော့ ……. “

“ ရှုကျိုးရဲ့ ဆွေမျိုးတွေကို စောင့်ကြည့်ဖို့ လူတွေ သေချာလွှတ်ထားလိုက်၊ လနတ်ဘုရားဂိုဏ်းက လူတွေက သူတို့ကို လုပ်ကြံမှာကို ကာကွယ်ပေးလိုက် “

“ ကောင်းပါပြီ “ လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြလိုက်ပြီး ရုတ်တရက် မေးမြန်းလိုက်သည် “ ဒါနဲ့ ရှုကျိုးက သွေးကြောမှတ် လည်ပတ်မှုကို ရှာနိုင်တယ်လို့ ဆရာထင်လား? “

ရှ့န်ဝမ်ချန်းသည် တစ်ခဏခန့် ငြိမ်သက်သွားခဲ့သည်။

စက္ကန့်ပိုင်းမျှအကြာတွင် ဆက်၍ စကားပြောလာခဲ့သည် “ ပြောဖို့ခက်တယ်။ သွေးကြောမှတ် လည်ပတ်မှု၊ ငါက အဲ့တာတွေကို ရှိမှရှိပါ့မလားလို့တောင် သံသယဝင်နေမိပြီ “

ထိုအချိန်တွင် ရှန့်ဝမ်ချန်းမှ ထပ်ဖြည့်ပြောလာခဲ့သည် “ မင်းဘက်မှာ ပထမအဆင့် နယ်ပယ်ရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေ ဘယ်လောက်ကျန်နေသေးလဲ? သူ့ကို အဲ့တာတွေ အားလုံးပေးလိုက်၊ အဲ့ကလေးက ပထမအဆင့် အထွတ်အထိပ်ကို မြန်မြန်ရောက်သွားပါစေလေ “

“ ကျွန်တော်က ပထမအဆင့် ကျင့်ကြံရေး အရင်းအမြစ်တွေကို ဘာလို့ သိမ်းထားရမှာလဲ? “ လျူချင်းယွမ်မှ ကူရာကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် “ ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေ သုံးတာက သိပ်မများပါဘူး။ တတိယအဆင့်တွေရဲ့ ကုန်ကျစားရိတ်ကသာ တော်တော်ကြီးကိုများနေတာ၊ အဲ့တာကြောင့် ကျွန်တော်က တတိယအဆင့်တွေပဲ သိမ်းထားပေးတယ် “

………………………………………………………………………………………………………………………………

အပိုင်း ( 165 )

ကြွယ်ဝမှုလှိုင်းလုံး၊ ကြီးမားသော ရိတ်သိမ်းမှု ၅

“ ကျွန်တော်တို့ဌာနက တော်တော်လေးကို ဆင်းရဲနေတာလေ၊ ပထမအဆင့် ကျင့်ကြံရေး အရင်းအမြစ်တွေကို စုထားဖို့အတွက် ဘဏ္ဍာငွေက ဘယ်လိုလုပ်ရှိမှာလဲ? “

“ မင်းရဲ့ အကျိုးပြုအမှတ်တွေကရော? မင်းဆီမှာ ဘယ်နှမှတ် ကျန်သေးလဲ? “

“ အရင်လကတည်းက အကုန်သုံးခဲ့ပြီးသွားပြီ “

“ … “

ရှ့န်ဝမ်ချန်း ဆွံ့အသွားတော့သည်။

သူ့ထံတွင်လည်း အကျိုးပြုအမှတ် ၁၀၀၀အောက်သာ ကျန်ရှိနေတော့သည်၊ ၎င်းမှာ သူ၏အသက်ကယ် ဘဏ္ဍာငွေဖြစ်ပြီး၊ လိုရမယ်ရ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

သူသည် လူအိုကြီးတစ်ဦးဖြစ်နေခဲ့ပြီဖြစ်ပြီး မည်သည့်အချိန်တွင် ဆုံးပါးသွားမလဲဆိုသည်ကိုပင် မသိချေ။

အာ၊ မွဲလွန်းတယ်ဟေ့ ~!!

အစစ်အမှန် သိုင်းပညာဌာနတစ်ခုလုံးက မွဲနေတယ်၊ ငါတို့အားလုံးက သူတောင်းစားတွေ ကြနေတာပဲ ဟူး ~~~

ထိုအချိန်တွင် ရှန့်ဝမ်ချန်းသည် ကူရာကယ်ရာမဲ့နေသော အမူအရာဖြင့် သက်ပြင်းတချချ ဖြစ်နေတော့သည်။

လျူချင်းယွမ်မှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ စိတ်ပူဖို့မလိုပါဘူး၊ နောက်ရက်ပိုင်းလောက်ဆိုရင် ကျွန်တော်က ကွမ်ဟန်ကို သွားပြီးတော့ နောက်ထပ် သတ္တမအဆင့် တစ်ယောက်ကို သတ်လိုက်မယ်၊ အဲ့တာဆိုရင် အကျိုးပြုအမှတ်တွေ အကုန်လုံးက ရှုကျိုးဆီကို ရောက်သွားလိမ့်မယ် “

“ လျူချင်းယွမ်၊ မင်းက အရိုက်ခံချင်နေတာလား? “ ရှန့်ဝမ်ချန်းမှ ဒေါသတကြီး အော်ပြောလာခဲ့သည်။

“ အဟမ်း “ လျူချင်းယွမ် သူ၏ အမူအရာကို ပြင်၍ ပြောလိုက်သည် “ ကျွန်တော်က အတည်ပြောနေတာ၊ ရက်အနည်းငယ်အတွင်းမှာပဲ အဲ့ကို ခရီးထွက်ရမှာ။ အကျိုးပြုအမှတ်တွေကြောင့်ပဲ မဟုတ်ဘူး၊ အခြေအနေတွေအရ သွားကိုသွားရမှာ “

ဒိတစ်ကြိမ်၌ ရှန့်ဝမ်ချန်းသည် အချိန်အတော်ကြာ တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည် “ ငါသိတယ်၊ နောက်နှစ်နည်းနည်းလောက်ကြာရင် ငါကလည်း အဲ့ကို နောက်ဆုံးတစ်ခေါက် ခရီးထွက်ရမယ် “

…

လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့ စကားပြောနေကြသည့် အချိန်တွင်

တစ်ခြားတစ်ဘက်၌

ရှုကျိုးသည် စံအိမ်သို့ ပြန်မလာဘဲ ဝန်ဆောင်မှုခန်းမဆီသို့သာ သွားနေခဲ့သည်။

ချင်ဖုန်းမှာလည်း သူနှင့်အတူ လိုက်လာခဲ့ပြီး၊ ဤတစ်ကြိမ်တွင် ရှုကျိုးက အကျိုးပြုအမှတ် မည်မျှ ရထားလဲဆိုသည်ကို သိချင်နေလျက်ရှိသည်။

ကောင်တာ၌

ရှုကျိုးကို မြင်လိုက်ရသောအခါတွင် ဝူဟွေ့၏ စိတ်ဓာတ်များ တက်ကြွသွားခဲ့သည်။

“ ဒီကလေး၊ သူနိုင်သွားတာလား? “

သူသည် ဝန်ဆောင်မှုခန်းမထဲတွင်သာ နေနေခဲ့ရသောကြောင့် အပြင်ဘက်ရှိ ကိစ္စများကို မသိခဲ့ရပေ။

ရှုကျိုးမှ ချဥ်းကပ်လာကာ စကားပြောလိုက်သည် “ ဆရာ၊ ကျွန်တော်က အကြွေးသိမ်းဖို့ ရောက်လာတာပါ “

ထိုစကားကို ပြောနေရင်းဖြင့် သူသည် ကျောင်းသားကဒ်သုံးခုကို စားပွဲပေါ်သို့ တင်လိုက်သည်။

“ ဟမ်? “ ဝူဟွေ့သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ရှုကျိုးမှ အပြုံးဖြင့် ရှင်းပြလိုက်သည် “ အဲ့နှစ်ခုက ကျွန်တော်နဲ့ တိုက်ခဲ့တဲ့ လူတွေရဲ့ဟာပါ။ တကယ်လို့ ကျွန်တော်နိုင်ရင် သူတို့ရဲ့ အကျိုးပြုအမှတ်တွေကို ကျွန်တော့်ကို ပေးမယ်လို့ သဘောတူထားကြတာပါ “

ဝူဟွေ့သည် မည်သည့်စကားမှ ထပ်ပြောမနေတော့ဘဲ ကဒ်သုံးကဒ်ကို ယူကာ စက်ထဲသို့ ထည့်လိုက်သည်။

မကြာခင်မှာပင် ဝူဟွေ့မှ ပြောလာခဲ့သည် “ လျူဟောင်ချန်၊ ဒုတိယနှစ်ကျောင်းသား၊ အကျိုးပြုအမှတ် ၂၁၅မှတ် “

“ လျူပိုင်ချန်၊ ဒုတိယနှစ်ကျောင်းသား၊ အကျိုးပြုအမှတ် ၃၃၅မှတ် “

“ အဲ့လောက်လေးပဲလား? “ ရှုကျိုးသည် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။

တစ်ဘက်ရှိ ချင်ဖုန်းကမူ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ တစ်ပွဲတည်းနဲ့ အကျိုးပြုအမှတ် ၅၀၀ကျော် ရလိုက်တာလေ၊ မင်းက အဲ့တာကို နည်းတယ်လို့ ထင်နေတာလား? “

သာမန် ဒုတိယအဆင့် ပညာရှင်ကို သတ်မည်ဆိုလျှင်တောင်မှ အကျိုးပြုအမှတ် ၁၀၀မျှသာရရှိမည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

သို့သော် ရှုကျိုးကမူ အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။

အဲ့နှစ်ယောက်က ဒုတိယနှစ် ကျောင်းသားတွေလေ၊ အနည်းဆုံးအနေနဲ့ တစ်ယောက်ကို အကျိုးပြုအမှတ် ၅၀၀လောက်တော့ ရှိနေသင့်တယ်လေ၊ မဟုတ်ဘူးလား?

လူတိုင်းသည် ရှုကျိုးကဲ့သို့ ဝင်ခွင့်စာမေးပွဲတွင် အမှတ် ၁၀၀ကျော် မရကြပေ။

မကြာခင်မှာပင် ရှုကျိုးသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်၊ ၅၀၀ကျော်ဆိုတာကလည်း နည်းနည်းတော့ များပါသေးတယ်လေ။

အဲ့တာက ငါးသန်းကျော်ပဲလေ။

“ ရှုကျိုးလား? မင်းလည်း ဒီရောက်နေတာလား? “

အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လီတျယ်သည် လမ်းလျှောက်လာကာ အပြုံးဖြင့် ပြောလာခဲ့သည် “ အချိန်ကိုက်ပဲဟေ့၊ အကျိုးပြုအမှတ်တွေ ရပြီ၊ မင်းဆီကို ငါလွှဲပေးလိုက်မယ် “

ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် သူ၏ကျောင်းသားကဒ်အား ဝူဟွေ့ဆီသို့ လွှဲပြောင်းပေးအပ်လိုက်သည် “ ဆရာ၊ ကျွန်တော့်ကို ကူညီပြီးတော့ အကျိုးပြုအမှတ် ၃၆၀ကို ရှုကျိုးဆီကို လွှဲပေးပါ “

“ ဘာ!! အကျိုးပြုအမှတ် ၃၆၀လား? “

ချင်ဖုန်း၏ အမူအရာ ရုပ်ဆိုးသွားတော့သည်။

ရှုကျိုးက ဘယ်အချိန်ကစပြီးတော့ ငွေဒီလောက် ထပ်ရသွားတာလဲ?

အစောပိုင်း အချိန်များအတွင်းက ၅၀၀ကျော်နှင့် ယခု ၃၀၀ကျော်ကို ပေါင်းလိုက်မည်ဆိုပါက ၁၀၀၀နီးပါးပင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် ကျောင်းသို့ ရောက်လာခဲ့ပြီး တစ်လအတွင်းမှာပင် အကျိုးပြုအမှတ် ၁၀၀၀နီးပါး ရှာဖွေနိုင်ခဲ့သည် !!

ယခင်က သူသုံးခဲ့သည့် အမှတ်များကိုပါ ထည့်တွက်မည်ဆိုပါက ၁၀၀၀ကျော်နေခဲ့ပြီ ဖြစ်သည်။

“ ငါက အမှတ် ၁၀၀၀ကို ဘယ်အချိန်တုန်းက ပထမဦးဆုံးအကြိမ်အဖြစ် ရခဲ့တာလဲ? “ ချင်ဖုန်းမှ တွေးတော စဥ်းစားနေတော့သည်။

နှစ်လလား?

သုံးလလား?

မဟုတ်ဘူး၊ ၆လထင်တယ်?

ချင်ဖုန်းကား ဝမ်းနည်းပူဆွေးစိတ်များဖြင့် ပြည့်နှက်သွားတော့သည်၊ အစစ်အမှန် သိုင်းပညာဌာနမှ ကျောင်းသူကျောင်းသား အားလုံး ဆင်းရဲမွဲတေနေသည့် အချိန်တွင် ရှုကျိုးမှာ သူဌေးကြီး ဖြစ်နေလျက်ရှိသည်။

ကောင်တာရှိ ဝူဟွေ့မှာလည်း အံ့ဩသွားခဲ့သည် “ မင်းက အကျိုးပြုအမှတ် ၃၆၀ကို သူ့ဆီ လွှဲပေးချင်နေတာလား? မင်းတို့နှစ်ယောက်က ဘာတွေ အရောင်းအဝယ် လုပ်ထားကြတာလဲ? “

သူသည် လီတျယ်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

လီတျယ်သည် ချောင်းဆိုးသွားကာ ပြောလာခဲ့သည် “ အဲ့တာက …….. လျှို့ဝှက်ချက် “

“ လျှို့ဝှက်ချက်လား? “ ဝူဟွေ့သည် သူ့ကို စိုက်ကြည့်လိုက်သည်၊ သေခြင်းရှင်ခြင်း တိုက်ပွဲကနေ အကျိုးအမြတ်တွေ ရနေတယ်ပေါ့? ဟမ့် !!

သူသည် စိတ်ထဲတွင် လှောင်ပြောင်နေတော့သည်။

ဒီလိုလှည့်ကွက်လေးတွေကို ကျောင်းက မသိဘူးလို့များ ထင်နေတာလား?

စစ်ဆေးလိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာပဲ ပေါ်လာလိမ့်မယ် !!

ဝူဟွေ့သည် ကျောင်းသားကဒ်ကို ယူလိုက်ကာ အလေးအနက်ထား၍ ပြောလိုက်သည် “ နောင်မှာ အဲ့လိုကိစ္စမျိုးတွေ မလုပ်နဲ့။ ဒီနေရာမှာ အကျိုးပြုအမှတ်တွေကို အကြောင်းပြချက် မရှိဘဲ ထုတ်ပေးနေတယ်လို့ ထင်နေတာလား? အဲ့လိုကိစ္စတွေ ဖြစ်မလာအောင် လုပ်ထားတာပဲ “

“ ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်၊ ဒါပင်မဲ့ ထပ်မလုပ်နဲ့တော့ “

အစတွင် ရှုကျိုးနှင့် လီတျယ်တို့နှစ်ဦးစလုံး စိုးရိမ်ပူပန်သွားကြသည်၊ သို့သော် ထိုစကားကို ကြားလိုက်ရသောအခါတွင် သူတို့နှစ်ဦးစလုံး ပျော်ရွှင်သွားကြသည်။

လီတျယ်မှ အမြန်ပြန်ပြောလိုက်သည် “ ကျေးဇူးတင်ပါတယ်၊ ဆရာ “

ဝူဟွေ့သည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ၊ ကွန်ပျူတာကို ကိုင်တွယ်၍သာ အလုပ်လုပ်နေတော့သည်။

ထို့နောက်တွင် သူသည် ရှုကျိုးကို ကြည့်ကာ ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းရဲ့ အကျိုးပြုအမှတ်က ၉၁၆မှတ်ပဲ “

“ ဝါးးး “

လီတျယ်သည် ရှုကျိုးကို အံ့ဩတကြီးဖြင့် ကြည့်လာခဲ့သည် “ မင်းဆီမှာ အမှတ် ၁၀၀၀နီးပါး ရှိနေတာလား? “

သူမှင်သက်သွားခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် အားကျစိတ်များ တဖွားဖွား ဖြစ်ပေါ်လာတော့သည်၊ ဒီလူက တကယ်ကို ရှာနိုင်တာပဲ။

ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူ၏မျက်လုံးများထဲတွင်မူ မျှော်လင့်ချက် အရိပ်အငွေ့လေးများ ဖြစ်ပေါ်နေလျက်ရှိသည်။

ဒီအမှတ်တွေနဲ့ဆိုရင် ဉာဏ်အလင်းဆေး တော်တော်များများ ဝယ်လို့ရပြီ၊ ငါက ရက်ပိုင်းအတွင်းမှာပဲ ပထမအဆင့် အထွတ်အထိပ်ကို ရောက်သွားတော့မှာလား?

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် အနည်းငယ် စိတ်လှုပ်ရှားသွားတော့သည်။

ပထမအဆင့် အထွတ်အထိပ်၊ မဟုတ်ဘူး၊ ငါက ဒုတိယအဆင့်ကိုတောင် ရောက်သွားနိုင်တယ် !!

……………………………………………………………………………………………………

All Chapters