← Chapters

အခန်း (၁၆၆-၁၆၈)

Vol. 12 Ch. 166-168

အခန်း (၁၆၆-၁၆၈)

Vol. 12 Ch. 166-168

အပိုင်း ( 166 )

ငါးယောက် တစ်ယောက်

“ ဆရာ၊ ဆရာ့ဆီမှာ ဉာဏ်အလင်းဆေး ဘယ်လောက်ကျန်သေးလဲဗျ? “

ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အမှတ်အားလုံးကို အသုံးပြုကာ ဉာဏ်အလင်းဆေးများ ဝယ်ယူရန် စီစဥ်နေတော့သည်။

သို့သော် ဝူဟွေ့သည် သူ၏စကားကြောင့် အနည်းငယ် အံ့ဩသွားခဲ့သည် “ တော်တော်လေး ရှိပါ‌သေးတယ်၊ ဒါပင်မဲ့ ………. မင်းက အမှတ်တွေ အကုန်လုံးကို ဉာဏ်အလင်းဆေးတွေ ဝယ်ပြီးတော့ ဖြုန်းမလို့လား? “

“ မင်းကို ငါ သတိပေးလိုက်မယ်၊ ဆေးတွေ အများကြီးစားတာက မကောင်းဘူးနော်။ နောက်ကျရင် မင်းက ဆေးပြီးသွားလိမ့်မယ်၊ အဲ့တာတွေက အကျိုးသက်ရောက်မှု ပျောက်သွားလိမ့်မယ် “

ရှုကျိုး အံ့ဩသွားတော့သည်၊ အဲ့လိုကိစ္စမျိုး တကယ်ရှိနေတာလား?

ဘေးဘက်ရှိ ချင်ဖုန်းမှာလည်း အလေးအနက်ထား၍ ပြောလာခဲ့သည် “ ရှုကျိုး၊ အကျိုးပြုအမှတ်တွေကို ချွေတာဖို့ မင်းကို ငါအကြံပေးချင်တယ်၊ အကုန်မသုံးလိုက်နဲ့။ ဘာလို့လဲဆိုတော့ တတိယအဆင့်ကို ရောက်တဲ့အချိန်ကျရင် နေရာတော်တော်များများမှာ အဲ့တာတွေကို သုံးဖို့လိုလာလိမ့်မယ် “

“ အဲ့ဒီအချိန်ရောက်ရင် အမှတ် ၁၀၀၀ဆိုတာကတောင် ပမာဏ သေးသေးလေး ဖြစ်နေလိမ့်မယ် “

ရှုကျိုး ဆွံ့အသွားတော့သည်၊ စီနီယာအစ်ကို တော်တော်ကြီးကို တွေးလွန်းနေတာပဲ။

ပထမအဆင့်မှာရှိတဲ့ ငါ့ရဲ့ အသုံးစားရိတ်ကတောင် တော်တော်လေးကို ကြီးနေပြီ၊ တတိယအဆင့်ဆိုရင်တော့ အောက်ခြေမရှိတဲ့ တွင်းနက်ကြီး ဖြစ်နေမလားပဲ?

သို့ရာတွင် ခွန်အားကို မြှင့်တင်ရန်အတွက် တန်ဖိုးတစ်ခု ပေးချေရမည်မှာ ခိုင်မာသော လောကနိယာမတစ်ခုပင် ဖြစ်သည်။

အကယ်၍ သူကသာ သွေးကြောမှတ် တစ်ခုကို ဖွင့်လှစ်ရန်အတွက် ၆ရက်၊ ၇ရက်မျှ အချိန်ယူရမည်ဆိုပါက အကုန်အကျ များနေမည် မဟုတ်ပေ။

သို့သော် ၎င်းမှာ အလွန်နှေးလှသောကြောင့် သွေးကြောမှတ် ၁၄၀ကျော်အထိ ဖွင့်ချင်မည်ဆိုပါက နှစ်ပေါင်းမည်မျှ အချိန်ယူရလိမ့်မည်နည်း?

ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစား၍ ပြောလိုက်သည် “ ဆရာ၊ ကျွန်တော်က ဉာဏ်အလင်းဆေး အလုံး၇၀ အရင်ဝယ်ထားမယ် “

ဉာဏ်အလင်းဆေး ၇၀အတွက် အကျိုးပြုအမှတ် ၇၀၀ပေးချေရမည် ဖြစ်သည်။

သူ၏ယခုလက်ရှိ အမှတ်သည် ၉၁၆မှတ်ဖြစ်သောကြောင့် ထိုမျှသုံးစွဲလိုက်မည်ဆိုပါက ကျန်ရှိနေသော အမှတ်များသည် အရေးပေါ်ကိစ္စများအတွက် လုံလောက်နေမည် ဖြစ်သည်။

၎င်းကို ကြားလိုက်ရသောအခါ၌ ဝူဟွေ့သည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ဂိုထောင်ထဲသို့သာ ဝင်သွားတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူသည် ပုလင်းကြီးတစ်လုံးကို ကိုင်၍ထွက်လာခဲ့ကာ ၎င်းအား ရှုကျိုးကို ပေးလာခဲ့သည်။

“ ကျေးဇူးတင်ပါတယ်၊ ဆရာ ” ၎င်းကို လက်ခံလိုက်ပြီးသည့်နောက်တွင် ရှုကျိုးမှ ထပ်ဖြည့်ပြောလိုက်သည် “ ကျေးဇူးပြုပြီးတော့ အမှတ် ၅၀ကို ကျန်းလန်နဲ့ ရှားဟောက်ချန်းတို့ဆီကို လွှဲပေးပါ၊ ကျွန်တော် အရင်တုန်းက သူတို့ဆီကနေ ချေးထားခဲ့လို့ပါ “

ဝူဟွေ့မှ ခေါင်းငြိမ့်ပြလာခဲ့သည်။

ထိုကိစ္စများကို ဖြေရှင်းပြီးသည့်နောက်၌ သူသည် ဤနေရာတွင် ကြာကြာဆက်မနေတော့ဘဲ ချင်ဖုန်း၊ လီတျယ်တို့နှင့်အတူ ပြန်ထွက်လာတော့သည်။

…

စံအိမ်ဆီသို့ လမ်းလျှောက်လာနေရင်းဖြင့် ချင်ဖုန်းသည် သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားသည့် ပါရမီရှင်များ၏ စိန်ခေါ်မှုကို လက်မခံနှင့်ဆိုသည့် ကိစ္စကဲ့သို့ တစ်ချို့သော အရာများကို ညွှန်ကြားပြောဆိုနေခဲ့သည်။

ထိုစကားများကို ပြောခဲ့ပြီးသည့်နောက်တွင် ချင်ဖုန်း ထွက်ခွာသွားတော့သည်။

“ မင်းရဲ့ စီနီယာအစ်ကိုက မင်းအပေါ်ကို တကယ်ကောင်းတာပဲ “ လီတျယ်မှ အားကျစွာ ပြောလာခဲ့သည်။

ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ဦးခေါင်းကို ခါယမ်းပြလိုက်သည် “ အစစ်အမှန် သိုင်းပညာဌာနမှာက လူနည်းနည်းလေးပဲရှိတာလေ၊ ဆက်ဆံရေးတွေက ဘယ်လိုလုပ် အေးစက်နေပါ့မလဲ? “

“ အမှန်ပဲ “ လီတျယ်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဒါနဲ့၊ မင်းက အဲ့လိုစိန်ခေါ်မှုတွေကို နောက်တစ်ခါထပ်လုပ်တော့မယ်ဆိုရင် ငါ့ကိုခေါ်ဖို့ သတိရနော်၊ အကျိုးပြုအမှတ် ရာဂဏန်းလောက် ထပ်ရှာကြတာပေါ့ “

ရှုကျိုး၏ အမူအရာ ပြောင်းလဲသွားတော့သည်၊ ဒီကောင်က ထပ်လုပ်ချင်နေသေးတာလားဟ?

“ မစ္စတာဝူက မင်းအကြောင်း သတင်းပို့လိုက်မှာကို မကြောက်ဘူးလား? “

“ ဘာကို ကြောက်နေရမှာလဲ? အဲ့ဒီအချိန်ကျရင် ငါတို့က အကျိုးပြုအမှတ်တွေကို လဲလှယ်ဖို့ မသုံးဘဲ၊ ကျင့်ကြံရေး အရင်းအမြစ်တွေ ဒါမှမဟုတ် တစ်ခြားတစ်ခုခုအတွက် သုံးလိုက်မှာပေါ့ “ လီတျယ်မှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည်။

ရှုကျိုးသည် အံ့ဩတကြီးဖြင့် သူ့ကို ကြည့်နေတော့သည်။

တော်တော်ကြီးကို ရဲတင်းတဲ့ကောင်ပဲ !!

မကြာခင်မှာပင် ရှုကျိုးသည် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်၊ လာမဲ့ရက်တွေအတွင်းမှာ ငါက ဘယ်သူ့ကိုမှ စိန်ခေါ်မှာ မဟုတ်ဘူးကွ။

ပထမအဆင့် အထွတ်အထိပ်ကို ရောက်တဲ့အထိ ဆက်တိုက် လေ့ကျင့်နေမှာ !!

ပြောရင်းဆိုရင်းဖြင့် သူတို့သည် စံအိမ်ဆီသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

“ ဟမ်? “

ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သိပ်မဝေးသော နေရာ၌ ရပ်သပ်ရှုမောဖွယ်ကောင်းလှသည်အထိ လှပသော မိန်းမငယ်လေးတစ်ဦးသည် သူ၏ စံအိမ်တံခါးအရှေ့တွင် မတ်တပ်ရပ်နေလျက်ရှိသည်။

ကောင်မလေး၏ အလှသည် ပြိုင်ဘက်ကင်းနေလျက်ရှိသည်၊ သူမ၏ ရှည်လျားသောအနက်ရောင် ဆံသားတို့သည် သူမ၏ပခုံးလေးများပေါ်သို့ ရေတံခွန်များကဲ့သို့ ကျရောက်နေခဲ့ပြီး၊ အနည်းငယ် တင်းကြပ်သော အနက်ရောင်ဝါဝန်သည် သူမ၏ အချိုးအစားလှပ‌သော အဝေ့အဝိုက်များကို လှစ်ဟပြသနေခဲ့သည်။

“ ဝါးးး “ လီတျယ် မှင်သက်သွားခဲ့သည် “ မင်းရဲ့ တံခါးရှေ့မှာ ရပ်နေတာ ဘယ်ကအလှလေးလဲ? မင်းရဲ့ရည်းစားလား? “

“ ငါ့အစ်မပါကွာ “ ရှုကျိုးမှ ကူရာကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

“ မင်းရဲ့ အစ်မလား? ဒီလောက်တောင် လှတာလား? “ လီတျယ် အလွန် အံ့ဩသွားတော့သည်။

ရှုကျိုးသည် သူ့ကို လက်ဝေ့ယမ်းပြလိုက်သည် “ ကောင်းပြီလေ၊ မင်းပြန်သင့်နေပြီ “

ထို့နောက်၌ ရှုကျိုးသည် သူ့ကို လျစ်လျူရှုကာ အရှေ့ဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားတော့သည်။

“ အစ်မ “ ရှုကျိုးမှ အပြုံးဖြင့် နှုတ်ဆက်လိုက်သည် “ ဘယ်အရာက နင့်ကို ဒီနေရာဆီ ခေါ်လာခဲ့တာလဲ? “

သူ့ကို မြင်လိုက်ရသောအခါတွင် လီရို့ရှီ၏လှပသော မျက်လုံးလေးများသည် အနည်းငယ် ပွင့်ဟသွားခဲ့ပြီး ရှေ့တိုးလာခဲ့သည်။

“ ငါကြားတာတော့ နင်က သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုကို လုပ်ခဲ့တယ်ဆို? “ လီရို့ရှီ၏ လေသံထဲတွင် ပြစ်တင်ပြောဆိုနေသည့် အရိပ်အငွေ့များ ပါရှိနေခဲ့သည် “ နင့်ကို အဲ့လိုမဆင်မခြင်လုပ်ဖို့အတွက် ဘယ်သူကပြောတာလဲ? နင်က ကျောင်းကို အခုမှ ရောက်လာတာလေ “

“ ငါအဆင်ပြေတယ်လေ၊ ဟုတ်တယ်မလား? “

ရှုကျိုးသည် အပြုံးဖြင့် သူမကို နှစ်သိမ့်ပေးလိုက်သည် “ ပြီးတော့ ငါက အကျိုးပြုမှတ် ရာနဲ့ချီရခဲ့တယ်၊ တကယ်လို့ နင်တစ်ခုခု လိုအပ်တယ်ဆိုရင် ငါ့ဆီကိုသာ လာခဲ့လိုက် “

“ အကျိုးပြုအမှတ် ရာဂဏန်းလား? “ လီရို့ရှီ၏ မျက်လုံးများသည် အံ့ဩတကြီးဖြင့် အနည်းငယ် ကြီးမားသွားခဲ့သည်။

ငါ့ဆီမှာ အမှတ် ၁၀၀တောင် မရှိဘူးလေ၊ ဒီကောင်က အမှတ်တွေ ရာနဲ့ချီပြီးတော့ ရနေတယ်ပေါ့? အဲ့ဒီ သေခြင်းရှင်ခြင်းတိုက်ပွဲ တော်တော်လေးကို အန္တရာယ်များနေမှာ သေချာတယ် !!

“ နင်ဒဏ်ရာ ရသွားသေးလား? “ လီရို့ရှီမှ သူ့ကို ကြည့်လာခဲ့သည်။

“ ဘာမှကို မဖြစ်တာ “ ရှုကျိုးသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောနေတော့သည် “ အထဲဝင်ပြီး ခဏလောက် ထိုင်ဦးမလား? “

လီရို့ရှီသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားခဲ့ပြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ တကယ်တော့ ငါနင်နဲ့ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုရှိတယ် “

“ အမ်? “ ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

လူနှစ်ဦးသည် အိမ်ထဲသို့ဝင်လာခဲ့ကြပြီး လီရို့ရှီသည် ဆိုဖာပေါ်တွင် ထိုင်ကာ သူမ၏ အဖြူရောင် ခြေဖဝါးနုနုလေးများကိုမူ ကြမ်းပြင်ပေါ်သို့ ချထားခဲ့သည်။

ရှုကျိုးသည် ရေတစ်ခွက် လောင်းထည့်ပေးလိုက်ကာ သူမကို ကြည့်၍ မေးမြန်းလိုက်သည် “ ဘာကိစ္စလဲ? “

လီရို့ရှီသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားတော့သည်၊ ထို့နောက်မှ ဆက်၍ ပြောလာခဲ့သည် “ ငါကနင့်ကို …….. ငါ့ကောင်လေးအဖြစ် ဟန်ဆောင်ခိုင်းချင်တာ “

“ ဘာကြီး? “

ရှုကျိုးသည် သူ့ကိုယ်သူ နားမကောင်းတော့ဘူးဟု ထင်လုနီးပါးဖြစ်သွားခဲ့သည် “ နင်ကငါ့ကို နင့်ကောင်လေး ဖြစ်စေချင်တာလား? “

“ ဟန်ဆောင်တာ !! “ လီရို့ရှီမှ ချက်ချင်း အမှန်ပြင်ပေးလာခဲ့သည်။

“ ဟန်ဆောင်တာလား? “ ရှုကျိုးကား မှင်သက်အံ့ဩနေစဲဖြစ်သည်၊ ငါ့ကို ရီးစားအဖြစ် ဟန်ဆောင်ပေးဖို့ တောင်းဆိုနေတာလား?

ဘယ်လိုအရာမျိုးက သူမကို ဒီလိုတောင်းဆိုမှုမျိုး လုပ်လာအောင် လုပ်ခဲ့တာလဲ?

ရှုကျိုးသည် လီရို့ရှီအား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ နင်ဘာတွေ တွေးနေတာလဲ !!! “ လီရို့ရှီမှ သူ့ကိုစိုက်ကြည့်ကာ ဒေါသတကြီးဖြင့် ရုတ်တရက် အော်ပြောလာခဲ့သည်။

“ အဟမ်း “ ရှုကျိုးသည် ရှက်အမ်းအမ်းဖြင့် ရယ်မောလိုက်သည်၊ သူ့ဆီမှာ စိတ်ဖတ်စွမ်းရည်ရှိတာ မေ့တော့မလို့ကွာ။

“ အစ်မ၊ နင်က ငါ့ကို နင့်ရဲ့ကောင်လေးအဖြစ် ဘာလို့ ဟန်ဆောင်ခိုင်းချင်ရတာလဲ? “ ရှုကျိုးမှ ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် မေးမြန်းလိုက်သည်။

လီရို့ရှီသည် တစ်ခဏခန့် တိတ်ဆိတ်သွားခဲ့ပြီးမှ စကားဆက်ပြောလာခဲ့သည် “ အထူးပြုဌာနမှာ ငါ့ကို အမြဲနှောင့်ယှက်နေတဲ့ လူတွေရှိတယ် “

“ တကယ်လို့ နင်က အဲ့ကိုလာပြီးတော့ ငါ့ကောင်လေးဖြစ်တယ်လို့ ပြောလိုက်ရင် သူတို့က ငါ့ကို ထပ်ပြီးတော့ နှောင့်ယှက်နေတော့မှာ မဟုတ်ဘူး “

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။

“ တကယ်လို့ သူတို့က နင့်ကို နှောင့်ယှက်နေတယ်ဆိုရင်၊ သူတို့ကို ဘာလို့ မောင်းမထုတ်လိုက်ရတာလဲ? “

“ သူတို့က လွန်လွန်ကျူးကျူး ဘာမှမလုပ်ကြဘူး၊ အဲ့တော့ ငါလှုပ်ရှားလို့ မရသေးဘူး “

လီရို့ရှီသည် အသာအယာ သက်ပြင်းချနေတော့သည် “ ဒါပင်မဲ့ သူတို့က ပီကေတွေလိုပဲ၊ ဖယ်လို့ကို မရဘူး “

“ ဆိုတော့ ငါက အဲ့တာကို လူသိရှင်ကြား လုပ်ချင်တဲ့အတွက် နင့်ကို လိုတယ်၊ အဲ့လိုလုပ်လိုက်လို့ ငါ့ရင်ထဲမှာ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာကို သိပြီးတာတောင်မှ သူတို့က ဆက်ပြီးတော့ နှောင့်ယှက်နေကြမယ်ဆိုရင်တော့၊ ငါလှုပ်ရှားလို့ရပြီ “

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားတော့သည်။

“ လူသိရှင်ကြားလုပ်မှာလား? “ ရှုကျိုး၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားခဲ့သည် “ အဲ့တာဆိုရင် နင်က ငါ့ကောင်မလေးဖြစ်တယ်ဆိုတာကို လူတိုင်းက သိသွားကြမှာပေါ့? “

…………………………………………………………………………………………………………………………………..

အပိုင်း ( 167 )

ငါးယောက် တစ်ယောက် ၂

“ ဘာလဲ? “ လီရို့ရှီသည် သူ့အား သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လာခဲ့သည် “ နင့်ကောင်မလေး ဖြစ်ရတာက ငါကတောင် နစ်နာပါသေးတယ်နော် “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် သူ၏မေးစေ့ကို ပွတ်နေတော့သည်၊ တကယ်တော့ အဲ့တာက ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။

သူမရဲ့ အလှအပက စွဲမက်ဖို့ကောင်းတယ်၊ သူမရဲ့ အသွင်အပြင်က ………..

ဘမ်း !!

လီရို့ရှီသည် သူ့အား ဒေါသတကြီး ကန်ကျောက်လာခဲ့သည် “ နင်က ဘာတွေ ထပ်တွေးနေပြန်ပြီလဲ? အဲ့တာက သရုပ်ဆောင်တာလို့ ငါပြောပြီးပြီလေ “

ရှုကျိုးသည် နာကျင်မှုကြောင့် တွန့်လိမ်သွားခဲ့သည် “ အစ်မ၊ နင့်ရဲ့ ကန်ချက်ကို ဂရုစိုက်ဦး၊ တစ်ခုခု ကွဲသွားနိုင်တယ် “

“ အဲ့တာက အလွယ်တကူ ကွဲသွားမှာ မဟုတ်ဘူး “ လီရို့ရှီသည် သူ့ကို ကြည့်ကာ နှာခေါင်းရှုံ့ပြလာခဲ့သည် “ သဘောတူလား၊ မတူဘူးလား? “

“ ဒါက နင့်ရဲ့ အကူအညီတောင်းတဲ့ပုံစံလား? “ ရှုကျိုးမှ ကူရာကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်၊ သူသည် အနည်းငယ် ခြိမ်းခြောက်ခံနေရသကဲ့သို့ ခံစားနေခဲ့ရသည်။

“ အဓိပ္ပါယ် မရှိတာတွေ မပြောနဲ့ “ လီရို့ရှီသည် သူမ၏ လှပသော မျက်လုံးလေးများဖြင့် သူ့ကို စိုက်ကြည့်ကာ သူမ၏ ခြေထောက်ကို အနည်းငယ် မြှောက်လိုက်သည်။

“ ကောင်းပြီ၊ ငါသဘောတူတယ်၊ ငါသဘောတူတယ် “

ရှုကျိုးကား လုံးဝကို ကူရာကယ်ရာမဲ့နေခဲ့သည်၊ လီရို့ရှီ၏ စိတ်ဖတ်ခြင်း စွမ်းရည်သည် သူသွားရှုပ်၍ မရသော အရာတစ်ခုဖြစ်သည်။

သူမသည် သူတွေးသမျှ အရာအားလုံးကို မြင်နိုင်နေခဲ့သည်။

ရှုကျိုး သဘောတူလာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ဆိုဖာပေါ်ရှိ လီရို့ရှီမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကောင်းပြီ၊ ငါနင့်ကို အပြင်မှာ စောင့်နေမယ် “

ထိုကဲ့သို့ပြောလာခဲ့ပြီးသည့်နောက်တွင် သူမသည် မတ်တပ်ထရပ်ကာ အိမ်အပြင်ဘက်သို့ ထွက်သွားတော့သည်။

လီရို့ရှီ၏ နောက်ကျောကို ကြည့်နေရင်းဖြင့် ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါရမ်းကာ သက်ပြင်းချနေတော့သည်၊ အစ်မကတော့ အရင်ကလိုမျိုး ကြီးစိုးနေတုန်းပါပဲ။

စံအိမ်အပြင်ဘက်၌

အပြင်သို့ ရောက်ရှိလာသောအခါတွင် လီရို့ရှီသည် ရုတ်တရက် သက်ပြင်းချနေတော့သည်၊ သူမ၏ မျက်နှာလှလှလေးသည် လျင်မြန်စွာ နီမြန်းလာခဲ့သည်။

“ သူက တကယ်ကြီး သဘောတူခဲ့တာလား? “ လီရို့ရှီသည် အနည်းငယ် နီရဲနေသော မျက်နှာဖြင့် နောက်သို့ ပြန်ငေးကြည့်နေမိသည်။

သူမသည် ဤနေရာသို့ လာခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် စိုးရိမ်ပူပန်နေခဲ့ရသည်၊ ထိုကဲ့သို့သော တောင်းဆိုမှုမျိုးသည် အနည်းငယ် ရိုင်းပြလှပေသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်နေခဲ့ပြီး၊ ရှုကျိုးမှာလည်း သဘောတူခေါင်းငြိမ့်လာခဲ့လေသည်။

သို့ရာ၌ ထိုကဲ့သို့သော ကိစ္စမျိုးသည် လီရို့ရှီအတွက် ပထမဦးဆုံးဖြစ်သောကြောင့်၊ အမြဲလိုလို အေးစက်စက် ဖြစ်နေတတ်သည့် သူမ၏ မျက်နှာလှလှလေးပေါ်မှာပင် ကြောက်ရွံ့မှု အနည်းငယ် ရှိနေခဲ့သည်။

…

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် စံအိမ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။

သူထွက်လာသည်နှင့်တစ်ပြိုင်နက် သူသည် အပေါက်ဝတွင် အေးအေးဆေးဆေး မတ်တပ်ရပ်နေသည့် အေးစက်ကာ နှစ်လိုဖွယ်ကောင်းသည့် ကောင်မလေးကို မြင်တွေ့လိုက်ရသည်။

“ သွားကြစို့ “ လီရို့ရှီမှ အေးအေးဆေးဆေး ပြောလာခဲ့ပြီး၊ သူထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် သူမသည် အရှေ့သို့ ဦးတည် ထွက်ခွာသွားတော့သည်။

ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ နောက်မှ အမြန်လိုက်သွားတော့သည်။

…

အထူးပြုဌာန၌

ရှုကျိုးသည် တစ်ခြားသော ဌာနတစ်ခုဆီသို့ ပထမဦးဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်ဖူးခြင်း ဖြစ်သည်။

အစစ်အမှန် သိုင်းပညာဌာနနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက အထူးပြုဌာန၏ ဂိတ်ပေါက်ဝသည် များစွာကြီးကျယ် ခမ်းနားမနေခဲ့ပေ။

ကြီးမားသော ကျောက်တိုင်ကြီးတစ်ခုသည် လေပေါ်တွင် ပျံဝဲနေလျက်ရှိသည်။

၎င်းပေါ်တွင် အထူးပြုဌာနဟူသည့် စာလုံးများကို ထိုးထွင်းထားခဲ့သည်။

ထိုမှတစ်ပါး တစ်ခြားသော အရာမရှိပေ။

လီရို့ရှီသည် အထူးပြုဌာန၏ ဂိတ်ပေါက်ဝတွင် ရပ်တန့်လိုက်သည်။

“ ဘာဖြစ်လို့လဲ? “ ရှုကျိုးသည် ဇဝေဇဝါ ဖြစ်သွားသောအမူအရာဖြင့် သူမကို ကြည့်ကာ မေးလိုက်သည်။

“ ငါ့ကိုဖက်ထား “ လီရို့ရှီမှ ရုတ်တရက် ပြောလာခဲ့သည်။

“ ဘာကြီး? “ ရှုကျိုးသည် တစ်ခဏခန့် ကြက်သေသေသွားခဲ့သည်။

“ မြန်မြန်လုပ် “ လီရို့ရှီသည် သူ့အား စိုက်ကြည့်လာခဲ့သည် “ တကယ်လို့ ငါတို့က ရင်းရင်းနှီးနှီး မရှိဘူးဆိုရင်၊ နင်က ငါ့ကောင်လေးဆိုတာကို သူတို့က ဘယ်လိုလုပ် ယုံကြမှာလဲ? “

ထိုစကားနှင့်အတူ သူမသည် ရှုကျိုး၏ လက်ကို ဆွဲကိုင်၍ ၎င်းကို သူမ၏ ခါးပေါ်သို့ တင်ပေးလိုက်သည်။

ရှုကျိုး၏ ခန္ဓာကိုယ်သည် ပို၍နီးကပ်သွားစေရန် အဆွဲခံလိုက်ရသည်၊ သူသည် လီရို့ရှီ၏ လက်ရာမြောက်သော အသွင်အပြင်ကို တအံ့တဩ ငေးကြည့်နေရင်းဖြင့် သူ၏နှာခေါင်းသည် သင်းပျံ့သော မွှေးရနံ့တစ်ခုကို ရှူရှိုက်မိသွားခဲ့သည်။

သူသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားခဲ့သည်၊ ထို့နောက်တွင် သူသည် သူ၏လက်ဖြင့် လီရို့ရှီ၏ သေးသွယ်သော ခါးလေးကို ရစ်ပတ်ထားလိုက်သည်။

လီရို့ရှီ၏ ခါးလေးသည် မည်သည့်အသားအဆီပိုမှ မရှိဘဲ အလွန်နူးညံ့နေခဲ့ပြီး၊ ရှုကျိုးသည် ၎င်းက သူ၏ ဆုပ်ကိုင်မှုဖြင့် အံဝင်ခွင်ကျမဖြစ်ဘူးဟုပင် ခံစားသွားခဲ့ရသည်။ သူမတင်ပါးတို့၏ အကွေ့အဝိုက်များကလည်း သူ၏လက်အား အပြည့်အဝ ကူညီထောက်ပံ့ပေးနေခဲ့သည်။

ရှုကျိုးမှ သူမ၏ ခါးကို ဆွဲကိုင်လိုက်သည့် အချိန်တွင် လီရို့ရှီ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် အနည်းငယ် တုန်ရင်သွားခဲ့သည်။

သူမသည် တစ်ခြားသောအရာများကို မပြောဘဲ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ သွားကြစို့ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ လီရို့ရှီကို ဖက်ထားရင်းဖြင့် အထူးပြုဌာနထဲသို့ ဝင်သွားတော့သည်။

…

အထူးပြုဌာနထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ရှုကျိုးသည် လီရို့ရှီက မည်သည့်အတွက်ကြောင့် အနှောင့်အယှက်ခံနေခဲ့ရလဲဆိုသည်ကို နားလည်သွားခဲ့သည်။

ဤဌာနရှိ လူအများစုသည် ယောကျာ်းလေးများ ဖြစ်ကြပြီး၊ အမျိုးသမီးအနည်းငယ်မျှကိုသာ မြင်တွေ့နေခဲ့ရသည်။

သူတွေ့ခဲ့သည့် ရှားပါးသော အမျိုးသမီးများကလည်း များစွာဆွဲဆောင်မှု မရှိပေ။

သိုးများထပ် ဝံပုလွေများ ပိုများနေခြင်း !!

ထို့အပြင် ရှုကျိုးသည် ဤနေရာရှိ ယောကျာ်လေးအများစုမှာလည်း သာမန်ရုပ်ရည်များသာ ပိုင်ဆိုင်ထားသည်ဆိုသည်ကို သတိပြုမိသွားခဲ့သည်။

သူမက ဒီလောက်တောင် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။

ထိုအချိန်တွင် ရှုကျိုးသည် လီရို့ရှီအား အနည်းငယ် သနားမိသွားခဲ့သည်၊ ဤကဲ့သို့သော နေရာမျိုးတွင် လေ့ကျင့်ရခြင်းသည် အသက်ရှူပင် ကြပ်သွားနိုင်လေသည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ လီရို့ရှီ၏ ဦးဆောင်မှုဖြင့် သူမတို့သည် လေ့ကျင့်ရေး ခန်းမရှေ့သို့ ရောက်ရှိလာခဲ့သည်။

“ ဒါက လူထုလေ့ကျင့်ရေး ခန်းမပဲ “ လီရို့ရှီမှ လေသံတိုးတိုးလေးဖြင့် ပြောပြလာခဲ့သည် “ အထဲမှာ လူပေါင်းစုံရှိတယ် “

“ ပြီးရင် ငါ့ကို ရင်းရင်းနှီးနှီး ဖက်ထားပြီးတော့ ဝင်သွားရမယ်၊ ငါက ငါတို့ရဲ့ ဆက်ဆံရေးကို ဖော်လိုက်မယ် “

“ ကောင်းပြီ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

ရှုကျိုးသည် လီရို့ရှီ၏ ခါးလေးကို ဖက်ထားရင်းဖြင့် လူထုလေ့ကျင့်ရေး ခန်းမထဲသို့ သူမနှင့် အတူတကွ လမ်းလျှောက်ဝင်သွားတော့သည်။

ခန်းမကား လွန်စွာသက်ဝင်လှုပ်ရှားပြီး ဆူညံပွက်လောရိုက်နေလျက်ရှိသည်။

ရှုကျိုးနှင့် လီရို့ရှီတို့ အထဲကို ရောက်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

အလုံးစုံသော မျက်လုံးတို့သည် ရှုကျိုးထံသို့ ရောက်ရှိလာခဲ့သည်။

“ အဲ့တာက ဘယ်သူလဲ? “

“ ဘုရားရေ၊ ငါ့ရဲ့ နတ်ဘုရားမလေးက လူတစ်ယောက်ဖက်ထားတာကို ဘယ်လိုလုပ်ခံနေရတာလဲ? “

“ ဘာတွေ ဖြစ်နေတာလဲ? “

အမျိုးသားထုကြီး အံ့ဩတုန်လှုပ်သွားကြတော့လေသည်။

လီရို့ရှီမှ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ သူက ငါ့ကောင်လေးပဲ “

ရှုကျိုးသည် အနည်းငယ် ရှက်သွားခဲ့သည်။

သူသည် လီရို့ရှီက ဤကဲ့သို့သော ကိစ္စမျိုးကို ပြောရခြင်းအတွက် ကသိကအောက် မဖြစ်ဘူးလားဆိုသည်ကို သိချင်နေတော့သည်။

သို့ရာ၌ အဆိုပါနည်းလမ်းသည် လွန်စွာအကျိုးသက်ရောက်မှု ရှိနေခဲ့သည်။

လီရို့ရှီ၏ စကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး ပွက်လောရိုက် ဆူညံသွားခဲ့သည်။

“ လီရို့ရှီမှာ ရည်းစားရှိတာလားဟ? “

“ သူက ဘယ်သူလဲ? “

ထို့နောက်တွင် လူသစ်လေးတစ်ဦးသည် သူ့ကို မှတ်မိသွားခဲ့သည်။

“ သူက ရှုကျိုးထင်တယ်၊ သွေးကြောမှတ် ၃၀တည်းနဲ့ သွေးကြောမှတ် ၁၀၀ကျော် ဖွင့်ထားတဲ့လူတွေကို အနိုင်ယူခဲ့တဲ့လူလေ “

“ ဘာကြီး? ရှုကျိုးလား? ”

“ သူက တကယ်ကြီးကို လီရို့ရှီရဲ့ ရည်းစား ဖြစ်နေတာလား? “

“ ချီးပဲ၊ နတ်ဘုရားမလေးက အဲ့လိုမျိုး အလုခံလိုက်ရပြီပေါ့? “

ထိုအချိန်၌ အမျိုးသား အများစု၏ မျက်နှာများ ဖြူဖျော့သွားပြီး၊ သူတို့၏ ခန္ဓာကိုယ်များပင် အနည်းငယ် တုန်ရင်သွားခဲ့ကာ သူတို့၏ စိတ်ထဲတွင် စိတ်ပျက်အားလျော့မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

အထူးပြုဌာနရှိ မိန်းကလေး အရေအတွက်သည် အလွန်နည်းပါးလွန်းနေခဲ့သည်၊ အထူးသဖြင့် လီရို့ရှီကဲ့သို့သော မိန်းကလေးမျိုးဖြစ်ပြီး၊ မျိုးဆက်ပေါင်းများစွာတွင် တစ်ဦးသာ ရှိနိုင်သည့် ရှားပါးအလှပိုင်ရှင် ဖြစ်သည်။

အခုတော့ သူမမှာ ပိုင်ရှင်ရှိနေတယ်တဲ့လား?

ထိုအချိန်တွင် ခေါင်းတုံးဖြင့် လူတစ်ဦး ရှေ့ထွက်လာခဲ့သည်။

ထိုလူသည် ရှုကျိုးကို ကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ရှုကျိုး၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့၊ ငါတို့ အထူးပြုဌာနကို လာပြီးတော့ ငါတို့ဌာနရဲ့ အလှဘုရင်မကို ယူသွားတယ်ပေါ့၊ အဲ့တာက မလွန်လွန်းဘူးလား?? “

“ ဌာနရဲ့ အလှဘုရင်မလား? “ ရှုကျိုးသည် လီရို့ရှီကို ငေးကြည့်လိုက်သည်။

လီရို့ရှီမှာလည်း ဆွံ့အသွားသည့်ပုံပင်၊ ဒီကောင်တွေက တော်တော်လေးကို အားယားနေကြတဲ့ပုံပဲ။

ရှုကျိုးမှာလည်း အထူးပြုဌာနမှ အဆိုပါကျောင်းသားကျောင်းသူများက တစ်ခြားသော ဌာနများမှ တစ်ခြားသော ကျောင်းသားကျောင်းသူများနှင့် အတော်လေး ကွဲပြားနေသည်ဆိုသည်ကို နားလည်သွားခဲ့သည်။

တစ်ခြားသော ဌာနများတွင်မူ ဌာန၏ အလှဘုရင်မကဲ့သို့သော အရာမျိုးကို ရွေးချယ်နေမည် မဟုတ်ဘဲ ကျင့်ကြံရေးကိုသာ ပြုလုပ်နေကြမည် ဖြစ်သည်။

………………………………………………………………………………………………………………………..

အပိုင်း ( 168 )

ငါးယောက် တစ်ယောက် ၃

အထူးပြုဌာနတွင်မူ အမျိုးသမီးဦးရေ ရှားပါးလွန်းလှသောကြောင့် သူတို့သည် ထိုကဲ့သို့သောကိစ္စများကို အထူးတလည် ပြုလုပ်ခဲ့ကြသည့်ပုံပင်။

အထူးပြုဌာနရှိ ကျောင်းသူကျောင်းသားတို့၏ စွမ်းရည်များက အလွန်ထူးခြားလှသောကြောင့် သူတို့သည် ကျင့်ကြံရေးကို များစွာ အာရုံမစိုက်ကြဘဲ တစ်ခြားသော အရာများအပေါ်တွင် အာရုံစိုက်နေကြခြင်းလည်း ဖြစ်နိုင်ပေသည်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် ခေါင်းတုံးဖြင့် လူကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည် “ ငါက သန်မာတယ်လေ၊ အဲ့တော့ သူမက ငါ့ကိုကြိုက်ပြီးတော့ ငါ့ကောင်မလေး ဖြစ်ချင်တယ်လေ။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြဿနာ ရှိလို့လား? “

ပြောနေရင်းဖြင့် သူသည် ဘေးဘက်ရှိ လီရို့ရှီကို ကြည့်လိုက်သည်။

လီရို့ရှီမှာလည်း အသာအယာ ခေါင်းငြိမ့်ပြကာ ပြောလိုက်သည် “ ငါက သူ့ကိုအရင်စလိုက်ခဲ့တာ ”

လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ခေါင်းတုံးဖြင့် လူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ပြောလာခဲ့သည် “ မင်းက သွေးကြောမှတ် ၃၀တည်းနဲ့ သွေးကြောမှတ် ၁၀၀ကျော်ရှိတဲ့လူတွေကို နိုင်ခဲ့တယ်လို့ အပြင်မှာ ကောလဟာလတွေ ထွက်နေတယ်။ မင်းရဲ့ အစွမ်းက ထူးခြားနေနိုင်ပင်မဲ့ ငါက အဲ့တာကို ယုံကြည်လို့မရဘူး ဖြစ်နေတယ် “

သူသည် ရှုကျိုးကို စိုက်ကြည့်၍ လေးနက်စွာ ပြောလာခဲ့သည် “ ငါက ကျိုးဖန်မင်း၊ သွေးကြောမှတ် ၉၈ခု ဖွင့်ထားတဲ့ ဒုတိယနှစ်ကျောင်းသားပဲ။ ငါမင်းကို စိန်ခေါ်တယ် “

“မင်းက စိန်ခေါ်မှုကို လက်ခံရဲလား? “

သူ၏စကားလုံးများသည် အမျိုးမျိုးသော တုံ့ပြန်မှုများကို ဖြစ်ပေါ်သွားစေခဲ့သည်။

“ ဒုတိယနှစ်၊ ချန်းမင်ရိ၊ သွေးကြောမှတ် ၉၁ခု ဖွင့်ထားတယ်၊ ငါမင်းကို စိန်ခေါ်တယ် “

“ ဒုတိယနှစ်၊ ကျန်းချီ၊ သွေးကြောမှတ် ၈၉ခု ဖွင့်ထားတယ်၊ ငါမင်းကို စိန်ခေါ်တယ် “

“ … “

ကျောင်းသားငါးဦးသည် ရှုကျိုးကို ဆက်တိုက် စိန်ခေါ်လာခဲ့သည်။

ရှုကျိုးပင် တုန်လှုပ်သွားပြီး၊ ဘေးဘက်ရှိ လီရို့ရှီကို ငေးကြည့်မိသွားခဲ့သည်။

နင့်ကြောင့် လူထုရဲ့ ဒေါသကို ဆွမိလုနီးပါးပဲဟေ့။

ဘေးဘက်ရှိ လီရို့ရှီ၏ မျက်နှာလေးမှာလည်း အနည်းငယ် ပျက်ယွင်းနေလျက်ရှိသည်။

သူမမှ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ တောင်းပန်ပါတယ်၊ အဲ့လူတွေက ပုံမှန်ဆိုရင် တော်တော်လေး ပျော့ပြောင်းကြပါတယ်၊ သူတို့က အဲ့လိုလုပ်လာကြလိမ့်မယ်လို့ ငါလည်း မထင်ထားမိဘူး “

“ အဆင်ပြေပါတယ်၊ သူတို့က ငါ့ရဲ့ စွမ်းအားကို စမ်းသပ်ချင်ကြရုံပါပဲ “ ရှုကျိုး စိတ်မဆိုးသွားခဲ့ပေ။

လီရို့ရှီသည် သူ့ကို ကြည့်၍ နူးညံ့စွာ ပြောလာခဲ့သည် “ ဆက်လုပ်လေ၊ တကယ်လို့ သူတို့က ဒဏ်ရာရသွားတယ်ဆိုရင် ငါတာဝန်ယူမယ် “

သူမသည် ယခုတွင် ရှုကျိုးကို နောက်ဆုတ်ရန် ဖြောင်းဖြလိုက်မည်ဆိုပါက သူ၏ ဂုဏ်သိက္ခာအား ထိခိုက်သွားမည်ဆိုသည်ကို သိနေခဲ့သည်။

ထို့အစား သူ့ကို ဆက်လုပ်ခွင့်ပေး၍ တိုက်ခိုက်ခိုင်းလိုက်ခြင်းကပင် အကောင်းဆုံးဖြစ်နေလိမ့်မည် ဖြစ်သည်။

ရှုကျိုးကမူ တစ်ခဏခန့် တွေးတောဆင်ခြင်နေတော့သည်။

အရိုးသားဆုံး ပြောရမည်ဆိုပါက သူသည် ထိုလူများ၏ စိန်ခေါ်မှုကို လက်မခံချင်ပေ။

သို့သော် အခြေအနေမှာ ဤကဲ့သို့ ဖြစ်လာခဲ့ပြီး၊ အကယ်၍ သူကသာ လက်မခံလိုက်ဘူးဆိုပါက လီရို့ရှီမှာ နောင်အနာဂတ်တွင် ပြဿနာများနှင့် ဆက်၍ရင်ဆိုင်နေရဦးမည် ဖြစ်သည်။

ထိုအချိန်၌ ရှုကျိုး၏ တွေဝေတုံ့ဆိုင်းနေမှုကို ကြည့်ကာ ကျိုးဖန်မင်း၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“ ဘာလဲ၊ မင်းက စိန်ခေါ်မှုကို လက်မခံရဲဘူးလား? “

လေ့ကျင့်ရေး ခန်းမအတွင်းရှိ တစ်ခြားသော လူများ၏ မျက်လုံးများထဲတွင်လည်း မတူညီသော အကြည့်များ ဖြစ်ပေါ်လာခဲ့သည်။

ဒါကိုတောင် လက်မခံရဲဘူးဆိုတော့ ကောလဟာလတွေက သတင်းတုကြီးတွေများလား?

“ ငါက ဘာလို့ မလုပ်ရဲရမှာလဲ? “

ရှုကျိုးမှ အေးအေးဆေးဆေး ပြောလာခဲ့သည် “ ငါက မင်းတို့ရဲ့ စိန်ခေါ်မှုတွေကို လက်ခံတယ်၊ ဒါပင်မဲ့ ရှင်းရှင်းလင်းလင်း ပြောထားမယ်၊ ဒါက သေခြင်းရှင်ခြင်း တိုက်ပွဲမဟုတ်ဘူး၊ ငါတို့က ထိတာနဲ့ ရပ်ကြမယ် “

“ ပြဿနာ မရှိဘူး “

ကျိုးဖန်မင်းမှ ပြုံးပြလာခဲ့သည် “ မင်းဘယ်သူ့ကို အရင်ဦးဆုံး စိန်ခေါ်မှာလဲ? “

ရှုကျိုးသည် သူ့ကို ကြည့်ကာ ထို့နောက်တွင် တစ်ခြားလူလေးဦးကို ငေးကြည့်လိုက်သည်။

ထို့နောက်တွင် သူသည် လက်သီးဆုပ်၍ အရိုအသေပြုကာ ပြောလိုက်သည် “ အားလုံးက တစ်ခါတည်း တက်လာလိုက်ပါ “

ခန်းမတစ်ခုလုံး တစ်ခဏခန့် တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။

ကျောင်းသူကျောင်းသားတို့၏ အမူအရာများ ပြောင်းလဲသွားကြပြီး၊ သူတို့၏မျက်နှာများပေါ်တွင် အံ့အားသင့်သွားသည့် အကြည့်များ ဖြစ်ပေါ်လာခဲ့သည်။

ကျိုးဖန်မင်းနှင့် တစ်ခြားလူလေးဦးမှာလည်း မယုံကြည်နိုင် ဖြစ်သွားကြသည်။

“ မင်းက ငါတို့ငါးယောက်လုံးကို အတူတူ တိုက်ခိုက်ချင်တယ်ဆိုတာ သေချာလား? “

ကျိုးဖန်မင်းသည် ထူးဆန်းသော အမူအရာဖြင့် ပြောလာခဲ့သည် “ ငါတို့ အထူးပြုဌာနကို ထူးခြားစေတဲ့ အရာကို မင်းသိလား? “

“ အဲ့တာက ပေါင်းစပ်တိုက်ခိုက်ရေး နည်းစနစ်ပဲ “

“ တကယ်လို့ မင်းက သွေးကြောမှတ် အခု၁၀၀ကျော်တဲ့ လူကို တိုက်ခိုက်နိုင်တဲ့ စွမ်းအားမျိုးပိုင်ဆိုင်ထားမယ်ဆိုရင်တောင်မှ၊ မင်းက ငါတို့ရဲ့ ပေါင်းစပ် တိုက်ခိုက်ရေး နည်းစနစ်ကို မယှဥ်နိုင်လောက်ဘူး “

ဘေးဘက်ရှိ လီရို့ရှီမှာလည်း လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ရှုကျိုး၊ မဆင်မခြင် မလုပ်နဲ့။ အထူးပြုဌာနမှာ ရှိတဲ့ စွမ်းရည်အားလုံးက တော်တော်လေးကို ထူးခြားတယ်။ သူတို့တွေဆီမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေရှိတယ် “

“ အထူးသဖြင့် ကျိုးဖန်မင်းပဲ၊ သူ့မှာ ဟင်းလင်းပြင်စွမ်းရည်ရှိတယ်၊ သူ့ရဲ့ နည်းလမ်းတွေက ခန့်မှန်းလို့ မရဘူး၊ လျှော့မတွက်ထားနဲ့ “

ဟင်းလင်းပြင် စွမ်းရည်လား?

ရှုကျိုး၏မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

“ အဆင်ပြေပါတယ်၊ ငါက ဒီတိုက်ပွဲကို နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ သူတို့က ငါ့ရဲ့စွမ်းအားကို သိသွားကြပါလိမ့်မယ် “

ရှုကျိုးမှ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ပြုံးပြလိုက်သည် “ ဒါဆိုရင် သူတို့က မင်းကို ထပ်ပြီးတော့ နှောင့်ယှက်တော့မှာ မဟုတ်ဘူး “

လီရို့ရှီသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူ့စကားတွေက …………..

တကယ်လို့ သူက သူတို့ကို နိုင်သွားမယ်ဆိုရင်တောင်မှ အကျိုးအမြတ် မရှိတဲ့ အောင်ပွဲ ဖြစ်နေမှာလေ။

သူ့ကိုယ်သူ ယုံကြည်ချက် မရှိဘူးဆိုရင် ရှုကျိုးက ဒီလိုစကားမျိုး ပြောလာမှာ မဟုတ်ဘူး။

“ မောက်မာလိုက်တာ !! “ တစ်စုံတစ်ဦးမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်၊ သူသည် ရှုကျိုး၏ မှတ်ချက်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေသည်မှာ သိသသာလှပေသည်။

ရှုကျိုးကား ဒေါသမထွက်သွားခဲ့ပေ။

သူသည် ကျိုးဖန်မင်းကို ကြည့်ကာ ပြောလိုက်သည် “ ခင်ဗျားတို့ အထူးပြုဌာနက ပေါင်းစပ် တိုက်ခိုက်ရေး နည်းစနစ်ကို တည်ဆောက်နိုင်တယ်ဆိုတာကို ကျွန်တော်သိပါတယ်၊ အဲ့တာကြောင့်ပဲ ခင်ဗျားတို့အားလုံးကို ကျွန်တော်က တိုက်ခိုက်ချင်တာပဲ၊ ကျွန်တော်က အဲ့တာကို တွေ့ချင်တယ် “

“ ကြွပါ “

ကျိုးဖန်မင်းသည် သူ့ကို နက်နက်နဲနဲ ကြည့်ကာ လေးနက်စွာ ပြောလာခဲ့သည် “ အဲ့လိုဆိုရင် နောက်မှ မင်းဒဏ်ရာရသွားမယ်ဆိုရင် ငါတို့ကို အပြစ်လာမတင်နဲ့နော် “

“ သေချာတာပေါ့ “

ကျိုးဖန်မင်းမှ ခေါင်းငြိမ့်ပြလိုက်သည် “ ညီအစ်ကိုတို့ရေ၊ အတူပူးပေါင်းပြီးတော့ မောက်မာတဲ့ ဒီကောင်လေးကို ဆုံးမပေးလိုက်ကြတာပေါ့ “

ဝှီးးး !!

သူ၏စကားလုံးများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် လေ့ကျင့်ရေးခန်းမထဲတွင် ကြီးမားသော နေရာလွတ်တစ်ခု လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။

ကျိုးဖန်မင်း၊ ချန်းမင်ရိနှင့် တစ်ခြားလူများ ရှေ့တက်သွားကြသည်။

ရှုကျိုးသည် လီရို့ရှီ၏ နောက်ကျောကို ငြင်သာစွာ ပုတ်၍ ပြောလိုက်သည် “ နောက်ဆုတ် “

လီရို့ရှီမှ နာနာခံခံဖြင့် ခေါင်းငြိမ့်ပြလာခဲ့ကာ ချက်ချင်း နောက်ဆုတ်သွားခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် ရှုကျိုး ရှေ့တက်သွားတော့သည်။

“ ဆွစ်ရှ် !! “

ထန်ဓား ပေါ်လာခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် ကျိုးဖန်မင်းနှင့် တစ်ခြားလူများ၏ အရှေ့တွင် ရပ်လိုက်သည်။

“ ဂျူနီယာညီလေး၊ စပါ “

ကျိုးဖန်မင်းသည် အသာအယာ အော်ပြောလာခဲ့ပြီး၊ ထို့နောက်တွင် သူ၏အရှိန်အဝါများ မြင့်တက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောမှတ် ၉၈ခု ပွင့်လာခဲ့ပြီး၊ ထင်သာမြင်သာရှိသော လှိုင်းတစ်ခု လွှမ်းခြုံလာခဲ့သည်။

ရှုကျိုး၏ မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင်

တစ်ခြားလူလေးဦးမှာလည်း သူတို့၏ သွေးကြောမှတ်များကို ဖွင့်လာကြသည်။

ချန်းမင်ရိမှ သူ၏ သွေးကြောမှတ် ၉၁ခုကို ဖွင့်လိုက်ရာ သူ၏လက်များထဲတွင် မီးတောက်များ ပေါ်ထွက်လာခဲ့သည်။

သူ၏ စွမ်းရည်သည် မီးစွမ်းရည်ဖြစ်ပြီး၊ ပါးလွှာသည့် လေထုများကြားထဲမှ မီးတောက်များကို နှိုးဆွနိုင်ခဲ့သည်။

ကျန်းချီသည် သွေးကြောမှတ် ၈၉ခုဖွင့်ထားပြီး၊ သူ့ခန္ဓာကိုယ်အနှံ့တွင် လျှပ်စီးတန်းများ ဖြစ်ပေါ်နေခဲ့သည်။

သူ၏စွမ်းရည်က မိုးကြိုးလျှပ်စီးများနှင့် သက်ဆိုင်နေမည်မှာ သေချာလှပြီး၊ ၎င်းမှာ သူ့အား မိုးကြိုးများကို အလိုရှိသလို ဆင့်ခေါ်နိုင်အောင် ခွင့်ပြုပေးထားသည့်ပုံပင်။

တစ်ခြားလူနှစ်ဦး၏ စွမ်းရည်များမှာလည်း အလွန်ထူးခြားနေခဲ့သည်၊ တစ်ဦးတွင် စိတ်ဝိညာဥ်စွမ်းရည်ရှိနေခဲ့ပြီး၊ တစ်ခြားတစ်ဦးတွင်မူ လက်နက်စွမ်းရည်ရှိနေခဲ့သည်။

စိတ်ဝိညာဥ်စွမ်းရည်ကမူ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုပြုလုပ်နိုင်ပြီး၊ လက်နက်စွမ်းရည်ကမူ အဆပေါင်းများစွာ ချဲ့ထွင်နိုင်သည့် ပုဆိန်တစ်ချောင်းကို ပိုင်ဆိုင်ထားခဲ့သည်။

“ စီနီယာတို့၊ စကြတာပေါ့ “

ထိုလူများသည် သိုင်းလောက၏ စည်းမျဥ်းများကို အမှန်တကယ် လိုက်နာကြပြီး၊ သူတို့၏ စွမ်းရည်များကို အရင် ပြသခဲ့ကြသည်။

သူတို့က အလွန် ယုံကြည်မှုရှိနေသောကြောင့်လည်း ဖြစ်နိုင်လေသည်။

သူတို့၏ စွမ်းရည်များကို စွမ်းရည်များကို ထုတ်ပြခဲ့ပြီးသည့်နောက်မှာပင် သူတို့သည် ရှုကျိုးကို အနိုင်တိုက်ရန် ယုံကြည်ချက်ရှိနေကြစဲ ဖြစ်သည်။

ရှုကျိုး၏ စကားကို ကြားလိုက်ရပြီးသည့်နောက်တွင် ကျိုးဖန်မင်းမှ ချက်ချင်း အော်ပြောလာခဲ့သည် “ သတိထား “

“ ဟူးးးးး “

ချက်ချင်းဆိုသလိုပင် သူ၏ပုံရိပ်သည် သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ဟင်းလင်းပြင်စွမ်းရည်၊ တည်နေရာ ပြောင်းရွှေ့ခြင်း !!

ရှုကျိုး၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်၊ သူ၏ ပုံရိပ်သည် ဘေးတစ်ဖက်သို့ ရွှေ့သွားကာ ထန်ဓားကို လွှဲရမ်းလိုက်သည်။

ခွမ်း !!

သတ္တုထိတွေ့မှု အသံများ ဖြစ်ပေါ်လာခဲ့သည်။

ကျိုးဖန်မင်းသည် ရှုကျိုး၏ နောက်တွင် ပေါ်လာခဲ့ကာ ပြုံးနေတော့သည် “ တုံ့ပြန်မှုက မဆိုပါဘူး “

သူ၏စကားလုံးများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူ၏ ပုံရိပ်သည် ထပ်မံ၍ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ချန်းမင်ရိနှင့် တစ်ခြားလူများကလည်း ကျယ်‌လောင်စွာ ကြုံးဝါး၍ ရှုကျိုးဆီသို့ ပြေးတက်လာကြသည်။

လျှပ်စီး၊ မီးနှင့် ပုဆိန်တို့သည် ရှုကျိုးအပေါ်သို့ ကျရောက်လာခဲ့သည်။

တောက်ပသော အလင်းတန်းများသည် ရှုကျိုးကို လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။

သူ၏ အမူအရာကမူ မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ၊ ရှုကျိုးသည် သူ၏ သွေးကြောမှတ် ၃၅ခုကို အသက်သွင်းလိုက်ပြီး၊ လျှို့ဝှက် စွမ်းအားများကို သူ၏ခန္ဓာကိုယ်ထဲတွင် လည်ပတ်စီးဆင်းခွင့်ပြုလိုက်ရာ သူ၏ အရှိန်အဝါသည် ဆက်လက်၍ မြင့်တက်လာခဲ့သည်။

သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် ချီ-သွေး စွမ်းအင်များ မြင့်တက်လာခဲ့ပြီး၊ ဆေဘာကို လွှဲရမ်းနေတော့သည်။

ခလမ် !! ခွမ်း !!

ဆန့်ကျင်ဘက်နည်းစနစ်ငါးခုသည် အမြဲလိုလို ပြောင်းနေခဲ့သည်၊ သို့သော် ရှုကျိုးကမူ တစ်ကွက်တည်းသာ အသုံးပြုနေခဲ့သည်။

လွှဲရမ်းခြင်း !!

လွှဲရမ်းခြင်းကပင် လုံလောက်နေပြီဖြစ်သည် !!

ဆေဘာတစ်ချက်သည် ထောင်ပေါင်းများစွာသော နည်းစနစ်များကို ချေဖျက်နိုင်လေသည်။

ဆေဘာရှည်သည် အဆက်မပြတ် ကျဆင်းနေခဲ့ပြီး၊ သတ္တုထိတွေ့မှု အသံများကို ဆက်တိုက် ထုတ်လွှတ်နေခဲ့သည်။

…

လေ့ကျင့်ရေး ခန်းမအတွင်း၌

အထူးပြုဌာန၏ ကျောင်းသားကျောင်းသူတို့မှာ အနည်းငယ် အံ့ဩတုန်လှုပ်သွားကြသည်။

လူငါးဦး၏ ဝန်းရံတိုက်ခိုက်မှုကို ခံနေခဲ့ရသော်လည်း၊ ရှုကျိုးသည် တည်ငြိမ်နေသေးစဲဖြစ်ပြီး၊ နောက်သို့ တစ်လက်မလေးပင် မဆုတ်သွားခဲ့ရချေ။

ထိုအချိန်၌ လီရို့ရှီသည် ထောင့်တစ်နေရာတွင် မတ်တပ်ရပ်နေလျက်ရှိပြီး၊ သူမ၏ ဗာဒံစေ့ကဲ့သို့ လှပသော မျက်လုံးလေးများထဲတွင် ရှိနေခဲ့သည့် စိုးရိမ်ပူပန်မှုများ တဖြည်းဖြည်း လျော့နည်းပျောက်ကွယ်သွားခဲ့သည်။

ရှုကျိုးသည် ယခင်ကလိုမျိုး အစွမ်းထက်နေစဲပင် ဖြစ်သည်။

ထိုအချိန်တွင် စင်ပေါ်ရှိ ကျိုးဖန်မင်းမှ ရုတ်တရက် အော်ပြောလာခဲ့သည်။

“ ပေါင်းစပ် နည်းစနစ် “

လီရို့ရှီ၏ အမူအရာ ရုပ်ဆိုးသွားခဲ့ပြီး၊ သူမ၏ခန္ဓာကိုယ်လေးပင် တင်းကြပ်သွားခဲ့သည်။

တစ်ခြားလူများမှာလည်း တက်တက်ကြွကြွ ဖြစ်သွားကြသည်၊ နောက်ဆုံးတော့ ပေါင်းစပ် တိုက်ခိုက်ရေးကို သုံးလာကြပြီပေါ့။

ရှုကျိုးက အဲ့တာကို တောင့်ခံထားနိုင်မှာလား?

…

တိုက်ပွဲကွင်းပြင်၌

ရှုကျိုးသည် အထူးပြုဌာန၏ ပေါင်းစပ် တိုက်ခိုက်ရေး နည်းစနစ်ကို တွေ့ကြုံခံစားနေရပြီ ဖြစ်သည်။

ထိုအချိန်တွင် ချန်းမင်ရိ၊ ကျန်းချီနှင့် တစ်ခြားလူများကလည်း အတူတကွ အော်ဟစ်လာခဲ့သည် “ ပေါင်းစည်း !! “

ချက်ချင်းဆိုသလိုပင် မီးနှင့် လျှပ်စီးတို့ ပေါင်းစပ်ခဲ့သွားကာ စွမ်းအားများ မြင့်တက်လာခဲ့သည်။

သို့သော် ၎င်းမှာ အဆုံးသတ် မဟုတ်သေးဘူးပေ၊ မြင့်တက်လာသည့် အဆိုပါ ပေါင်းစည်းစွမ်းအားသည် ပုဆိန်ဆီသို့ တိုးဝင်သွားခဲ့သည်။

“ ဝုန်းးးး “

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ ဂျူနီယာ၊ သတိထား “

ချန်းမင်ရိမှ ကြင်နာစွာ သတိပေးလာခဲ့သည်၊ နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် ပုဆိန်သည် ရှုကျိုးအပေါ်သို့ ကြမ်းကြမ်းတမ်းခုတ်ပိုင်းလာခဲ့သည်။

လျှပ်စီးနှင့် မီးတို့ ပေါင်းစည်းနေသည့် ပုဆိန်ကြီးသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် ဒဏ်ခတ်မှုကဲ့သို့ ရပ်တန့်၍ မရသော အရှိန်အဟုန်ဖြင့် ရှုကျိုးဆီသို့ ကျရောက်လာခဲ့သည်။

ရှုကျိုးမှ သူ၏ဆေဘာကို လွှဲရမ်းကာ ခုခံရန်ပြင်လိုက်သည့် အချိန်၌ ရုတ်တရက်ဆိုသလိုပင် သူ၏စိတ်ထဲသို့ ပြင်ပမှ အရာတစ်ခု တိုးဝင်လာခဲ့သည်။

စိတ်ဝိညာဥ် တိုက်ခိုက်မှု !!

“ ဟမ့် “

ရှုကျိုးမှ နှာခေါင်းရှုံ့၍ အဆိုပါ တိုက်ခိုက်မှုကို ချက်ချင်း ခြေဖျက်လိုက်သည်။

ယခု၌ သူ၏စိတ်ဝိညာဥ်စွမ်းအားသည် 45Hzရှိနေခဲ့ပြီးဖြစ်ပြီး၊ ပထမအဆင့်၏ စံနှုန်းများထပ်ပင် ကျော်လွန်ပြီဖြစ်ကာ သာမန်တိုက်ခိုက်မှုများသည် သူ့အား မည်သို့မျှ ထိခိုက်စေနိုင်တော့မည်မဟုတ်ပေ။

နောက်ထပ် စက္ကန်ပိုင်းမျှ အကြာတွင် ရှုကျိုးသည် ရုတ်တရက် ရှေ့တက်သွားတော့သည်။

သူသည် ထန်ဓားကို လွှဲရမ်းလိုက်ရာ ဆေဘာ၏ အရှိန်အဟုန် မြင့်တက်လာခဲ့ပြီး၊ နဂါးငွေ့တန်းကဲ့သို့သော တောက်ပသော အလင်းတန်းတစ်ခုသည် ကောင်းကင်ဘုံနှင့် မြေပြင်ကို ခုတ်ပိုင်းလာသကဲ့သို့ လေထုကိုပါ ပိုင်းဖြတ်လာခဲ့သည်။

ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ ဒုတိယအဆင့် !!

“ ဝုန်းးး “

ဓားအလင်းတန်းသည် ပုဆိန်နှင့် တိုက်မိသွားခဲ့ရာ၊ ရေအောက် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ လေ့ကျင့်ရေး ခန်းမတစ်ခုလုံးကို တုန်ခါသွားစေခဲ့လေသည်။

ခရက် !!

ရှင်းလင်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး၊ တိုက်ပွဲဝင် ပုဆိန်ပေါ်တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ချန်းမင်ရိနှင့် တစ်ခြားလူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဓားအလင်းတန်းသည် ကြမ်းပြင်ပေါ်သို့ ကျရောက်သွားခဲ့ပြီး၊ ကျယ်လောင်သော အသံတစ်သံကို ထွက်ပေါ်သွားစေခဲ့ကာ ချန်းမင်ရိ၊ ကျန်းချီနှင့် တစ်ခြားလူများကိုပါ လွင့်ထွက်သွားစေခဲ့သည်။

“ ဖူးးး “

လက်နက်စွမ်းရည်ပိုင်ရှင်သည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရကာ မျက်နှာ ဖြူဖျော့သွားခဲ့သည်။

တိုက်ပွဲကွင်းပြင် အတွင်း၌ ကျိုးဖန်မင်း ပြန်ပေါ်လာခဲ့ပြီး ခါးသက်သက် ဖြစ်နေသော အမူအရာမျိုးဖြင့် စကားပြောလာခဲ့သည် “ ငါတို့က အရှုံးကို ဝန်ခံတယ် “

……………………………………………………………………………………………………

All Chapters