← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အပိုင်း ( 172 )

အံ့ဖွယ်ကောင်းသည့် တိုးတက်မှု ၄

“ ခွန်ပန် နည်းစနစ် !!! “

ရှုကျိုးသည် ကျင့်ကြံရေး နည်းစနစ်ကို လျင်မြန်စွာ အသက်သွင်းလိုက်ကာ သွေးကြောမှတ်များကို ဖွင့်ရန် ကြိုးပမ်းနေတော့သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

…

ရှုကျိုးက ကျင့်ကြံရေးထဲတွင် နစ်မြုပ်နေသည့် အချိန်

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အစွန်းပိုင်းတွင်

၁၀မီတာကျော် ရှည်လျားသည့် ရွှေနက်ရောင် သားရဲကြီးတစ်ကောင်သည် မြင့်မားသော တောင်တစ်တောင်၏ ထိပ်ဆုံးတွင် မတ်တပ်ရပ်နေကာ အဝေးသို့ ငေးကြည့်နေလျက်ရှိသည်။

“ နောက်ဆုံးတော့ အပြင်ဘက်ကို ရောက်လာခဲ့ပြီ “

ရွှေတောင်ပံ T-Rexကြီးမှ တွေးတော စဥ်းစားနေတော့သည် “ အခုဆိုရင် ငါက ပထမအဆင့် အဆင့်၇ကို ရောက်နေပြီ၊ ငါ့ရဲ့တိုက်ခိုက်ရေး စွမ်းအားက ပထမအဆင့် အဆင့်၉သားရဲတွေကိုတောင် ယှဥ်နိုင်နေပြီ “

၎င်းမှာ ယေဘူယျ နှိုင်းယှဥ်ချက်မျှသာ ဖြစ်သည်။

၎င်းကြုံတွေ့ခဲ့ရသည့် ဗီဇပြောင်းသားရဲများသည် အတော်လေး သာမန်ဆန်နေခဲ့ပြီး၊ ၎င်းတို့သည် လူသားတို့၏ E(သို့) Dအဆင့် စွမ်းရည်ပိုင်ရှင်များနှင့်သာ ညီမျှလေသည်။

၎င်းတို့ထံတွင် အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်း မရှိသလောက်နီးပါးပင် ဖြစ်နေခဲ့သည်။

ရွှေတောင်ပံ T-Rexကြီးသည် ကောင်းကောင်းမွန်မွန် စားသောက်နေခဲ့ရပြီး၊ ဆင့်ကဲပြောင်းလဲမှု သုံးကြိမ်ကြုံတွေ့ခဲ့ရသေးသည်၊ ၎င်း၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် Aအဆင့် စွမ်းရည်ဖြင့်ပင် ယှဥ်နိုင်နေပြီဖြစ်သည်။

Sအဆင့် စွမ်းရည်အတွက်ကား အနိမ့်ဆုံးအနေဖြင့် နတ်သားရဲသွေးမျိုးဆက်ကို လိုအပ်မည် ဖြစ်သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအတွင်းမှာပင် နတ်သားရဲသွေးမျိုးဆက်မှာ အတော်လေး ရှားပါးနေခဲ့သည်။

၎င်း၏ တားမြစ်နယ်မြေသည် အလွန်ကျယ်ဝန်းလှပြီး၊ အတွင်းပိုင်းနှင့် အပြင်ပိုင်းနယ်မြေဟု လူသားတို့ ခေါ်ဆိုသော နေရာများသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အစွန်ဘက်တွင်သာ တည်ရှိနေခြင်း ဖြစ်သည်။

အတွင်းပိုင်းနယ်မြေ၌ အမြင့်ဆုံးအနေဖြင့် တတိယအဆင့် (သို့) စတုတ္ထအဆင့် သားရဲမျိုးကိုသာ မြင်တွေ့ရမည် ဖြစ်သည်။

အမှန်တိုင်းပြောရမည်ဆိုပါက တတိယအဆင့် သားရဲများဆိုသည်မှာ အဆာပြေစာမုန့်အဆင့်မျှသာလျှင် ရှိပေသည်။

ပဥ္စမအဆင့်နှင့် အထက်အဆင့် သားရဲတို့၏ ပိုင်နက်များတွင်သာ နတ်သားရဲ သွေးမျိုးဆက်များကို ကြုံတွေ့ရနိုင်လေသည်။

၎င်းမှာ ရွှေတောင်ပံ T-Rexကြီးအတွက် အတော်လေး အလှမ်းဝေးနေသေးသော ကိစ္စတစ်ရပ်ဖြစ်သည်။

ဤအချိန်၌ ရွှေတောင်ပံ T-Rexကြီးသည် တောင်ထိပ်ပေါ်တွင် ရပ်ကာ အောက်ဘက်ရှိ ရှုခင်းများကို ကြည့်ရှုနေလျက်ရှိသည်။

“ အပြင်ပိုင်းနယ်မြေထဲမှာ တိတ်တဆိတ် ကြီးထွားလာအောင် လုပ်ရမယ် “

“ အပြင်ပိုင်း နယ်မြေက သားရဲတွေ အကုန်လုံးကို စားပြီးသွားရင်တော့ အတွင်းပိုင်းနယ်မြေထဲကို ပြန်သွားရမယ် “

“ အဲ့ဒီအချိန်ကျရင် ငါက အတွင်းပိုင်းနယ်မြေထဲမှာ ဗိုလ်လုပ်လို့ရနေပြီ “

အတွင်းနယ်မြေကို ရှင်းပြီးရင်တော့ အဲ့ထပ်နက်တဲ့ နေရာကို သွားရမယ်၊ တစ်ဆင့်ချင်းစီပေါ့ကွာ “

ဤအချိန်၌ ရွှေတောင်ပံ T-Rexကြီးသည် ငယ်ရွယ်သည့် ဘုရင်ငယ်တစ်ပါးကဲ့သို့ နောင်အနာဂတ်တွင် နယ်မြေများကို သိမ်းပိုက်ပြီး နိုင်ငံတော်ကို ထူထောင်ရန်အတွက် အစီအစဥ်ဆွဲ ဗျူဟာချမှတ်နေခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌

“ ဝှစ် !! “

ကြီးမားသော ရွှေနက်ရောင် ပုံရိပ်ကြီးတစ်ခုသည် ကောင်းကင်ပေါ်သို့ ရုတ်တရက် ပျံတက်သွားခဲ့သည်။

မီတာ ၂၀ရှည်လျားသည့် တောင်ပံများသည် အင်ပြည့်အားပြည့် လှုပ်ခတ်နေခဲ့ပြီး၊ ကောင်းကင်ပေါ်တွင် လျင်မြန်စွာ ပျံသန်းနေခဲ့ပြီး၊ ကျယ်လောင်သော လေတိုးသံများကို ဖန်တီးနေခဲ့သည်။

ကြီးမားသော တောင်ပံများသည် လေထုအား ထောင်ပေါင်းများစွာသော လေလှိုင်းလုံးများအဖြစ် ကွဲထွက်သွားစေခဲ့သည်။

“ ဝေါင်းးး ! “

ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ပိုင်းနယ်မြေထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

ဤရက်များအတွင်း၌ မရေမတွက်နိုင်လောက်အောင် များပြားသော ဗီဇပြောင်းသားရဲများသည် တထိတ်တလန့်ဖြင့် ကြောက်ရွံ့တုန်လှုပ်နေလျက်ရှိသည်။

…

ရှုကျိုးသည် သူ၏ လေ့ကျင့်မှုကိုသာ အာရုံစိုက်နေလျက်ရှိသည်။ ရွှေတောင်ပံ T-Rexကြီးမှာလည်း ၎င်း၏ အမဲလိုက်ပွဲများကို အဆက်မပြတ် ကခုန်နေခဲ့သည်။

အချိန်များ ကုန်ဆုံးသွားကာ ကြယ်များ ပြောင်းလဲသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၈ရက်တာ ကုန်ဆုံးသွားခဲ့သည်။

စံအိမ်အတွင်း၌

ရှုကျိုးသည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်ကာ ရေရွတ်ပြောဆိုလာခဲ့သည် “ အခု၆၀မြောက် သွေးကြောမှတ် ကို ရှာတွေ့ပြီ “

ဝရုန်းးးးး !!

သူသည် ခွန်ပန်နည်းစနစ်ကို အသက်သွင်းလိုက်ရာ ခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ် ၆၀ ပေါ်ပေါက်လာခဲ့သည်။

၎င်းတို့ကြားထဲတွင် ၃၉ခုသည် အပြည့်အဝ ပွင့်ဟနေခဲ့ပြီဖြစ်ပြီး၊ ၁၅ခုမှာ တစ်ဝက်ပွင့်နေလျက်ရှိကာ ကျန်၆ခုကမူ လုံးဝမပွင့်သေးပေ။

တစ်ဝက်ဖွင့်ထားသည့် သွေးကြောမှတ် ၁၅ခုသည် ဉာဏ်အလင်းဆေးလုံးများ၏ အကျိုးသက်ရောက်မှုဖြစ်ပြီး၊ အပြည့်အဝ ပွင့်လာရန်အတွက် အချိန်တစ်ချို့ပေးကာ ဆက်၍ လေ့ကျင့်ရဦးမည် ဖြစ်သည်။

သို့သော် ရှုကျိုးသည် ထိုကိစ္စနှင့်ပတ်သက်၍ များစွာစိုးရိမ်ပူပန်မနေခဲ့ချေ။

“ ဒုတိယမြောက် ပြီးပြည့်စုံတဲ့စနစ်က ပေါ်လာပြီ “ ဟုရှုကျိုးမှ တီးတိုးပြောဆိုနေခဲ့သည်။

သူသည် သူ၏ကိုယ်အတွင်းပိုင်းကို ကြည့်နေခဲ့ပြီး၊ သွေးကြောမှတ် အခု၆၀သည် အပိုင်းနှစ်ခုအဖြစ် ကွဲသွားခဲ့သည်။

၎င်းတို့ထဲမှ သွေးကြောမှတ် အခု၃၀သည် ပြီးပြည့်စုံသော စနစ်တစ်ခုအဖြစ် ဖွဲ့တည်သွားခဲ့သည်။

တစ်ခြားသော အခု၃၀မှာလည်း ရွှေရောင်ချည်ကြိုး၏ ချိတ်ဆက်မှုဖြင့် ဒုတိယမြောက် ပြီးပြည့်သော စနစ်အဖြစ် ဖွဲ့စည်းထားခဲ့သည်။

“ ကြည့်ရတာတော့ သွေးကြောမှတ် အခု၃၀တိုင်းက ပြီးပြည့်စုံတဲ့ စနစ်ကို တည်ဆောက်နိုင်တဲ့ပုံပဲ “

ရှုကျိုးမှ စိတ်လှုပ်ရှားစွာဖြင့် ပြောနေတော့သည် “ သွေးကြောမှတ် အကုန်လုံး ပွင့်သွားတာနဲ့၊ ဘယ်လောက်တောင် တိုးတက်သွားမှာလဲ? “

သူ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလျက်ရှိသည်။

“ ဒီသွေးကြောမှတ် အခု၆၀ကို အမြန်ဖွင့်ရမယ် “ ရှုကျိုးမှ ဆုံးဖြတ်လိုက်သည်။

သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဉာဏ်အလင်းဆေးကို သောက်သုံးကာ ဆက်လက်၍ လေ့ကျင့်နေတော့သည်။

…

ဒုတိယမြောက် ပြီးပြည့်စုံသော စနစ်ပွင့်လာသည်နှင့်တစ်ပြိုင်နက် ရှုကျိုး၏ ကျင့်ကြံရေး အမြန်နှုန်းသည် သိသိသာသာ ပြောင်းလဲတိုးတက်လာမည် ဖြစ်သည်။

၆နာရီကုန်ဆုံးသွားခဲ့သည်။

ရှုကျိုးသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လာခဲ့သည်။

“ ငါ့ရဲ့ ကျင့်ကြံရေး အမြန်နှုန်းက ……….. “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည် “ တော်တော်လေးကို မြန်နေတာပဲဟ !! “

ဒုတိယမြောက် ပြီးပြည့်စုံသော စနစ်နှင့် ဉာဏ်အလင်းဆေးတို့၏ ထောက်ပံ့မှုကြောင့် သူသည် ၆နာရီအတွင်းမှာပင် သွေးကြောမှတ်တစ်ခုကို အပြည့်အဝ ဖွင့်လှစ်နိုင်ခဲ့သည်။

အဆိုပါ အမြန်နှုန်းသည် အမြန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဒုတိယမြောက် ပြီးပြည့်စုံသော စနစ်ပေါ်မလာခင် အချိန်က ဉာဏ်အလင်းဆေး၏ အကူအညီဖြင့်ပင် သွေးကြောမှတ်တစ်ခုကို ဖွင့်လှစ်ရန်အတွက် တစ်ရက်ခွဲခန့် အချိန်ယူခဲ့ရသည်။

ယခု၌ ခြောက်နာရီအတွင်းမှာပင် ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

“ ဒါပင်မဲ့ ဒုတိယမြောက် ပြီးပြည့်စုံတဲ့စနစ်က အရင်းအမြစ်တွေ တော်တော်စားတယ် “

ရှုကျိုးသည် အသာအယာ ခေါင်းယမ်းနေတော့သည် “ ခြောက်နာရီအတွင်းမှာပဲ ငါက ဉာဏ်အလင်းဆေး ၂လုံးကို သုံးခဲ့ပြီးပြီ “

ယခင်က သူသည် သွေးကြောမှတ်တစ်ခုကို ဖွင့်လှစ်ရန်အတွက် ဉာဏ်အလင်းဆေးတစ်လုံးသာလျှင် အသုံးပြုခဲ့ရသည်။

ယခုတွင်ကား နှစ်ခုအထိ သုံးနေခဲ့ရပြီ ဖြစ်သည်။

စွမ်းအားမှာလည်း သိသိသာသာတိုးတက်လာခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် သွေးကြောမှတ်များကို ပိုဖွင့်လေလေ၊ အဆိုပါ သွေးကြောမှတ်များက ယူဆောင်လာသည့် တိုးတက်မှုကို ပိုကြီးလေလေဖြစ်သည်ဟု ခံစားနေခဲ့ရသည်။

ဥပမာအားဖြင့် ပထမဦးဆုံး သွေးကြောမှတ်ကို သူဖွင့်လိုက်သည့်အချိန်တွင် သူ၏ လက်သီးထိုးချက်အားသည် ၁၅၀ကီလိုဂရမ်မျှသာ တိုးလာခဲ့သည်။

သို့သော် ယခုတွင်ကား အနိမ့်ဆုံးအနေဖြင့် ၃၀၀ ကီလိုဂရမ်အထိ တိုးနေခဲ့ပြီ ဖြစ်သည်။

“ တကယ်လို့ ငါက ဉာဏ်အလင်းဆေးကို မသုံးဘူးဆိုရင်ရော? “ ရှုကျိုးမှ စဥ်းစားခန်း ဖွင့်နေတော့သည် “ တကယ်လို့ စစ်မှန်တဲ့ ကျင့်ကြံရေးကလည်း မြန်နေမယ်ဆိုရင် ဉာဏ်အလင်းဆေးကို သုံးဖို့ မလိုတော့ဘူး “

ရှုကျိုးသည် နေ့လည်စာကို အမြန်စားကာ ချက်ချင်း စမ်းသပ်နေတော့သည်။

ဤတစ်ကြိမ်တွင် သူသည် ဉာဏ်အလင်းဆေးကို မသောက်ဘဲ တင်ပျဥ်ခွေထိုင်ကာ ခွန်ပန်ကျင့်ကြံရေးနည်းစနစ်ကို စတင်လည်ပတ်လိုက်သည်။

၅နာရီ

၁၀နာရီ

နာရီ ၂၀

…

သုံးရက်တာ ကုန်ဆုံးသွားခဲ့သည်။

ရှုကျိုးသည် ကူရာကယ်ရာမဲ့နေသော အမူအရာဖြင့် မျက်လုံးများ ဖွင့်လာခဲ့သည် “ ဉာဏ်အလင်းဆေးရဲ့ ထောက်ပံ့မှုမရှိဘူးဆိုရင် သွေးကြောမှတ် တစ်ခုကို ဖွင့်ဖို့အတွက် သုံးရက်တောင် အချိန်ပေးရတာလားဟ? “

၎င်းသည် သူ့အား အနည်းငယ် အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

ဉာဏ်အလင်းဆေး၏ အကျိုးသက်ရောက်မှုကား အံ့ဖွယ်ကောင်းလှပေသည်။

“ ဉာဏ်အလင်းဆေးရဲ့ အကျိုးသက်ရောက်မှုက အရင်ကထပ်ပိုပြီးတော့ ထိရောက်လာတဲ့ပုံပဲ “ ရှုကျိုးမှ တွေးတော ဆင်ခြင်နေတော့သည် “ ငါက ဒုတိယမြောက် ပြီးပြည့်စုံတဲ့ စနစ်ကို ရသွားလို့များလား? “

( ပြီးပြည့်စုံတဲ့ စနစ်က ရှည်လို့ ပါဖက်စနစ်လို့ ပြောင်းသုံးသွားပါမယ် )

ပါဖက်စနစ် နောက်တစ်ခု ဖြစ်တည်လာခဲ့ပြီးသည့်နောက်တွင် ဉဏ်အလင်းဆေး၏ အကျိုးသက်ရောက်မှုသည် သိသိသာသာ ထိရောက်လာခဲ့သည့်ပုံပင်။

ရှုကျိုးသည် ၎င်းက ပါဖက်စနစ်နှစ်ခုရှိနေသောကြောင့် ဖြစ်နိုင်သည်ဟု ထင်ကြေးပေးမှန်းဆထားခဲ့သည်၊ ဉာဏ်အလင်းဆေးရဲ့ အကျိုးသက်ရောက်မှုက နှစ်ဆဖြစ်သွားတာလား?

“ ကြည့်ရတာတော့ ဉာဏ်အလင်းဆေးက ငါ့အတွက် မရှိမဖြစ် လိုအပ်လာပြီလို့ ထင်တယ် “

သူသည် သွေးကြောမှတ် တစ်ခု ဖွင့်လှစ်ရန်အတွက် သုံးရက်အထိ အချိန်မယူချင်ပေ။

၎င်းမှာ အလွန်နှေးကွေးလွန်းလှသည်။

ထိုနှုန်းဖြင့်သာ သွားနေမည်ဆိုပါက ပထမအဆင့် အထွတ်အထိပ်သို့ မည်သည့်အချိန်မှ ရောက်ရှိသွားမည်နည်း?

ဉာဏ်အလင်းဆေးဖြင့်သာဆိုပါက သူသည် ခြောက်နာရီတိုင်းတွင် သွေးကြောမှတ် တစ်ခုဖွင့်နိုင်မည် ဖြစ်သည်။

“ ဆက်လုပ်မယ် “ ရှုကျိုးသည် ဉာဏ်အလင်းဆေး နောက်တစ်လုံးကို သောက်ကာ မျက်လုံးများမှိတ်၍ လေ့ကျင့်ရေး ပြန်လုပ်နေတော့သည်။

…

နောက်ရက်ပေါင်းများစွာအထိ ရှုကျိုးသည် လေ့ကျင့်ရင်းဖြင့်သာ အချိန်ကို ကုန်ဆုံးသွားစေခဲ့သည်။

သူသည် သူ၏စွမ်းအင်အားလုံးကို သွေးကြောမှတ် ဖွင့်လှစ်ခြင်း တစ်ခုတည်းအတွက်သာ မသုံးခဲ့ပေ။

ဉာဏ်အလင်းဆေး များစွာသောက်သုံးခြင်းကြောင့် ဆေးပြီးခြင်း ဖြစ်ရပ်ကို ကာကွယ်ရန်အတွက် အချိန်တစ်ချို့ပေးရမည်ဖြစ်သည်။

ထို့ကြောင့် ရှုကျိုးသည် ထိုကာလအတွင်းတွင် အစစ်အမှန် သိုင်းပညာဌာနသို့ သွားကာ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းကို လေ့ကျင့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် လျူချင်းယွမ်၏ အကြံပြုချက်ကြောင့် သူသည် ခြေလှမ်းသိုင်း အသစ်တစ်ခုဖြစ်သည့် ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းဆိုသည့် နည်းစနစ်ကို သင်ယူနေခဲ့သည်။

လျူချင်းယွမ်၏ စကားများအရ အဆိုပါ နည်းစနစ်ထံတွင် အဆင့် ၉ဆင့်ရှိပြီး၊ တစ်ဆင့်လျှင် တစ်လှမ်းဖြစ်ပြီး၊ နဝမအဆင့်သို့ ရောက်ခဲ့ပြီးသည့်နောက်တွင် လူတစ်ဦးသည် လေပေါ်တွင် လမ်းလျှောက်နိုင်မည် ဖြစ်သည်။

ချင်ဖုန်းမှာလည်း အဆိုပါ နည်းစနစ်ကို လေ့ကျင့်ခဲ့သည်။

အဲ့တာကြောင့် သူက ဒုတိယအဆင့်ပဲ ရှိနေသေးတာကို လေပေါ်မှာ လမ်းလျှောက်နိုင်ခဲ့တာလား?

ရှုကျိုး၏ ဆေဘာနည်းစနစ်နှင့် ခြေလှမ်းသိုင်းတို့သည် တစ်ပြိုင်နက် တိုးတက်လာခဲ့သည်၊ သွေးကြောမှတ်များ ပိုဖွင့်ထားသည်နှင့်အမျှ သူ၏စွမ်းအားသည် မထင်မှတ်ထားသောနှုန်းထားဖြင့် တိုးတက်လာမည် ဖြစ်သည်။

…

ရှုကျိုးမှ သူ၏ခွန်အားကို အရူးအမူး တိုးမြှင့်နေသည့် အချိန်တွင်

နတ်သိုင်းဌာနမှာလည်း လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။

သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားသည့် ပါရမီရှင်များသည် ဤကာလအတွင်းတွင် ထူးထူးခြားခြား တက်ကြွနေခဲ့သည်။

သူတို့၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလှပေသည်၊ ရှုကျိုးကို စိန်ခေါ်ရန်ဖြစ်သည်။

ဤကာလအတွင်းတွင် သူတို့သည် နည်းလမ်းပေါင်းများစွာ အသုံးပြု၍ ရှုကျိုးကို စိန်ခေါ်ခဲ့ကြသည်။

“ ရှုကျိုး၊ မင်းက ငါ့ကို တိုက်ရဲလား? “

တစ်ချို့သည် အစစ်အမှန် သိုင်းပညာဌာန၏ ဂိတ်ပေါက်ဝအထိ လာရောက်စိန်ခေါ်ခဲ့ကြသည်။

သို့သော် သူတို့သည် မည်သည့်တုံ့ပြန်မှုကိုမှ မရသလောက်နီးပါးပင် ဖြစ်နေခဲ့သည်။

တုံ့ပြန်မှု ရှိခဲ့မည်ဆိုလျှင်တောင်မှ ရှုကျိုးသည် လူတစ်ဦးကို စေလွှတ်၍ သူတို့ကို အသိပေးခဲ့သည် “ ငါက စိန်ခေါ်မှုတွေကို လက်မခံဘူး၊ ကျေးဇူးပြုပြီးတော့ ပြန်ထွက်သွားကြပါ “

ရှုကျိုး၏ ပြတ်သားသော သဘောထားကြောင့် သူတို့မှာလည်း စိတ်ညစ်သွားကြသည်။

သို့သော် သူတို့သည် မည်သို့မျှ တွန်းအားမပေးခဲ့ကြပေ။

အကြပ်ကိုင်ခြင်း (သို့) ဆွဲဆောင်ခြင်းတို့အတွက်ကား …….. ၎င်းတို့မှာ သူတို့၏ ပုံစံ မဟုတ်ပေ။

အကယ်၍ တိုက်ခိုက်ကြမည်ဆိုပါက သူတို့သည် တရားမျှတသော တိုက်ပွဲတစ်ခုကိုသာ ဆင်နွှဲကြမည် ဖြစ်သည်။

ရှုကျိုးအား ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားတို့၏ အရှေ့တွင် ပွင့်ပွင့်လင်းလင်း အနိုင်ယူခြင်းကသာလျှင် သူတို့၏စစ်မှန်သော ရည်မှန်းချက်ဖြစ်သည်။

ကံဆိုးစွာဖြင့် ရှုကျိုးသည် သူတို့၏ စိန်ခေါ်မှုများကို ငြင်းပယ်ခဲ့လေသည်။

ရှုကျိုးကမူ အဆိုပါ ကိစ္စများကို လျစ်လျူရှုထားပြီး သူ၏ကျင့်ကြံရေးကိုသာ ဆက်လက်လုပ်ကိုင်နေခဲ့သည်။

…

ထိုအချိန် စံအိမ်တစ်ခုအတွင်း၌

အဆိုပါ သတင်းများကိုကြားသိလိုက်ရသောအခါတွင် လျူတျန်မု မျက်မှောင်ကြုတ်သွားတော့သည်။

အတိတ်အချိန်များအတွင်းက သူစိန်ခေါ်ခဲ့သည့် အချိန်တိုင်းတွင် ချင်ဖုန်းမှ အမြဲလိုလို တုံ့ပြန်ခဲ့သည်ချည်းသာလျှင် ဖြစ်ခဲ့လေသည်။

သူတို့၏ ပြင်းထန်ကြမ်းတမ်းသော ထိပ်တိုက်ရင်ဆိုင်မှုများကြောင့်ပင် လျူတျန်မုသည် နတ်သိုင်းဌာနထံမှ အကျိုးအမြတ် တော်တော်များများ ရယူနိုင်ခဲ့သည်။

သို့သော်ယခုတွင်ကား နတ်သိုင်းဌာနမှ ရှုကျိုးကို ပစ်မှတ်ထားနေခဲ့ပြီဖြစ်ပြီး၊ ရှုကျိုးကမူ လိပ်တစ်ကောင်ကဲ့သို့ အခွံထဲတွင် ပုန်းနေခဲ့ကာ မည်သို့မျှ ပေါ်မလာခဲ့ချေ။

၎င်းသည် လျူတျန်မုအား ပထမဦးဆုံးအကြိမ်အဖြစ် စိတ်ညစ်သွားစေခဲ့သည်။

……………………………………………………………………………………………………………………..

အပိုင်း ( 173 )

အစစ်အမှန် သိုင်းပညာဌာနက တော်တော်ကြီးကို ချမ်းသာတာပဲ !!

“ ရှုကျိုးက မင်းရဲ့ စိန်ခေါ်မှုကို လက်မခံသေးဘူးလား? “

စံအိမ်အတွင်း၌

လျူတျန်မုသည် ဖုန်းကို ကိုင်ကာ တစ်စုံတစ်ဦးနှင့် စကားပြောနေလျက်ရှိသည်။

“ ဟုတ်တယ်၊ သူက လုံးဝ ထွက်မလာသေးဘူး “ တစ်ဖက်လူမှ ပြန်ပြောလာခဲ့သည်။

လျူတျန်မု အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့ကလေးက ဒီလောက်တောင် သည်းခံနေနိုင်တာလား? “

ဤရက်ပိုင်းအတွင်း၌ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်တွင် ကောလဟာလများပင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

လူတော်တော်များများသည် ရှုကျိုးက အားနည်းသူများကိုသာ အနိုင်ကျင့်ရဲပြီး၊ တကယ့်ပညာရှင်များနှင့် ရင်ဆိုင်ရသော အခါတွင် လိပ်ကဲ့သို့ ပုန်းနေသည်ဟု ပြောဆိုနေကြပြီ ဖြစ်သည်။

ဉာဏ်ကောင်းသည့် လူများကမူ ၎င်းက မိုက်မဲသော စကားဖြစ်သည်ကို သိနေကြသည်။

သွေးကြောမှတ် အခု၃၀သာ ဖွင့်ထားသည့် ပထမအဆင့် ပညာရှင်မှ သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားသည့် ပထမအဆင့် အထွတ်အထိပ် ပညာရှင်ကို တိုက်ခိုက်ခြင်းသည် ကျောက်တုံးကို ကြက်ဥဖြင့် ပေါက်နေခြင်းပင် ဖြစ်သည်။

တစ်ချို့သော လူများသည် ဇာတ်လမ်းများ စတင်၍ ပြုလုပ်လာကြပြီ ဖြစ်သည်။

ထိုကိစ္စများ၏ နောက်ကွယ်တွင် လျူတျန်မုမှ မီးတောက်ကို လောင်စာထည့်ပေးနေခြင်း ဖြစ်သည်။

“ ဒီလို အရှက်ရရမဲ့ ကိစ္စမျိုးတွေကို မလုပ်ပါနဲ့လို့ မင်းတို့ကို ငါဟိုးအရင်တုန်းတည်းက ပြောထားခဲ့ပါတယ်ကွာ “

တစ်ဖက်လူမှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည် “ တကယ်လို့ ငါတို့က တိုက်ခိုက်မယ်ဆိုရင် ဂုဏ်သိက္ခာရှိတဲ့ တိုက်ပွဲတစ်ခုကို လုပ်ရမယ်၊ ငါတို့မှာ အဲ့လို လုပ်နိုင်စွမ်းရှိတယ် “

“ အစကတော့ ငါက သူပထမအဆင့် အထွတ်အထိပ်ကို ရောက်တဲ့ အချိန်အထိ စောင့်နေပြီးတော့ စိန်ခေါ်မလို့ပဲ၊ ဒါပင်မဲ့ မင်းကတော့ စိန်ခေါ်စာ ပို့ဖို့အတွက် ငါတို့ကို အတင်းအကြပ်ခိုင်းခဲ့တယ် “

“ တကယ်လို့ ငါတို့က ရှုကျိုးကို နိုင်သွားမယ်ဆိုရင်တောင်မှ ဘာရမှာမို့လို့လဲ? “

“ ငါတို့ နတ်သိုင်းဌာနက အားနည်းတဲ့လူကိုပဲ အနိုင်ကျင့်ရဲတယ်လို့ နာမည်းဆိုး ရသွားမှာ မဟုတ်ဘူးလား? “

ထိုစကားများကိုကြားလိုက်ရပြီးသည့်နောက်တွင် လျူတျန်မု၏ အမူအရာ မည်းမှောင်သွားတော့သည်။

“ ကျောင်းယွင်ဖေး၊ မင်းက သောက်တတ်ကြီးလား !! “ ဟုသူမှ ကျိန်ဆဲလိုက်သည်။

“ ရှုကျိုးက ပထမအဆင့်ကို ရောက်သွားရင်၊ အဲ့ကလေးရဲ့ စွမ်းရည်နဲ့ဆိုရင် သူက မင်းကိုတစ်ကွက်တည်းနဲ့ ဖြေရှင်းနိုင်တယ်၊ အဲ့တာကို မင်းယုံလား? “

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူ၏ လေသံမှာ အေးစက်စက် ဖြစ်သွားခဲ့သည်။

“ လျူတျန်မု၊ မင်းရဲ့ ပထမအဆင့်မှာ ချင်ဖုန်းကို မင်းမနိုင်ခဲ့ရတဲ့အကြောင်းအရင်းက မင်းက အသုံးမကျလို့ပဲ “

ကျောင်းယွင်ဖေးမှ အေးစက်စွာ ပြောလာခဲ့သည် “ ငါကလည်း အဲ့လိုဖြစ်နေလိမ့်မယ်လို့ မဆိုလိုဘူး “

“ ဒီနေ့တော့ ဒီလောက်ပဲ၊ ရှုကျိုးက ပထမအဆင့် အထွတ်အထိပ်ကို ရောက်သွားတဲ့အချိန်ကျရင် ငါသူနဲ့တိုက်မယ်။ အဲ့ဒီအချိန်ကျရင် ငါကိုယ်တိုင် သူ့ကို ဖိနှိပ်မယ် “

“ ငါကို ထပ်မလာခဲ့နဲ့ “

တီ ~~~~

ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

“ သောက်ရူး !!! “

လျူတျန်မုသည် ဖုန်းကို စားပွဲခုံပေါ်သို့ ရိုက်ချလိုက်ပြီး အမူအရာ မည်းမှောင်သွားခဲ့သည်။

သူသည် လျူမိသားစု၏ တိုက်ရိုက်မျိုးဆက်နှင့် တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်၊ ယခု၌ သူသည် ပထမအဆင့် အထွတ်အထိပ်မှ ငချွတ်လေးတစ်ဦး၏ အော်ငေါက်ခြင်းကို ခံလိုက်ရသည်။

အကယ်၍ တစ်ခြားလူတစ်ဦးဦးသာဆိုပါက သူသည် ချက်ချင်း ဖိနှိပ်ပစ်လိုက်ပြီ ဖြစ်သည်။

ကံဆိုးစွာဖြင့် ကျောင်းယွင်ဖေး၏ နောက်ခံမှာ တောင့်တင်းနေခဲ့သည်၊ နတ်သိုင်းဌာန၏ ဒုဌာနမှူး ကျောင်းခုန်းစုန့်သည် သူ၏ အဘိုးဖြစ်သည်။

လျူတျန်မုက လျူမိသားစုမှ တိုက်ရိုက်မျိုးဆက်တစ်ဦး ဖြစ်နေမည်ဆိုလျှင်တောင်မှ သူတို့၏ မျိုးရိုးသည် ပင်မမျိုးရိုး မဟုတ်သည့်အပြင် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်တွင်လည်း ထောက်ပံ့ပေးမည့် မည်သည့်အကြီးအကဲမှ မရှိဘဲ ကျဆုံးနေခဲ့ပြီ ဖြစ်သည်။

“ အရင်းအမြစ်တွေကြောင့် ဘုံတက်လာခဲ့တဲ့ သောက်ရူး၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်ဆိုတာက ဘာကိုဆိုလိုတာလဲဆိုတာကို မသိဘူးပဲ “

လျူတျန်မုမှ အေးစက်စွာ လှောင်ပြောင်နေတော့သည်။

သူသည် ကျောင်းယွင်ဖေးနှင့် ကွဲပြားပေသည်၊ သူ၏မိသားစုသည် သူ့အား အထောက်အပံ့ များများစားစား မပေးခဲ့ပေ၊ ဤနေရာအထိ ရောက်ရှိလာခဲ့ရခြင်းမှာ သူ၏ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများကြောင့်သာလျှင် ဖြစ်သည်။

နတ်သိုင်းဌာနမှ ပေးအပ်ခဲ့သည့် အရင်းအမြစ်များကို မှီခိုနေခဲ့ရခြင်း ဖြစ်သည်။

နတ်သိုင်းဌာနသည် အရင်းအမြစ်များကို အလကားမပေးခဲ့ပေ၊ ထို့ကြောင့် သူသည် အစစ်အမှန် သိုင်းပညာဌာနကို ပစ်မှတ်ထားခဲ့ရပြီး၊ ချင်ဖုန်းနှင့် ခက်ခဲကြမ်းတမ်းသော တိုက်ပွဲများကို တိုက်ခိုက်ခဲ့ရကာ နတ်သိုင်းဌာနမှ အကျိုးအမြတ်များကို ရယူခဲ့ရသည်။

ချင်ဖုန်းနှင့် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရသောကြောင့် သူသည် အစစ်အမှန် သိုင်းပညာဌာနက အဆင့်တူများထဲတွင် မည်သည့်အတွက်ကြောင့် ပြိုင်ဘက်ကင်းနေရလဲဆိုသည်ကို သိနေခဲ့သည်မှာ တော်တော်ကြာနေပြီ ဖြစ်သည်။

တူညီသော အဆင့်နှင့် တူညီသော စွမ်းရည်ရှိမည်ဆိုပါက နတ်သိုင်းဌာနသည် အစစ်အမှန် သိုင်းပညာဌာနအား မည်သို့မျှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ၊ ၎င်းမှာ ငြင်းပယ်၍ မရသော အမှန်တရားဖြစ်သည်။

သို့သော် နတ်သိုင်းဌာန၏ ကျောင်းသားကျောင်းသူများဖြစ်စေ၊ ဌာနအကြီးအကဲများပင် ဖြစ်စေ မည်သူကမှ ၎င်းကို ဝန်မခံချင်ကြပေ။

လျူတျန်မု၏ အမူအရာ မည်းမှောင်သွားခဲ့သည်၊ ချင်ဖုန်းနှင့် သူ၏ ရုန်းကန်ခဲ့ရမှုကို နတ်သိုင်းဌာနက စိတ်ပျက်နေခဲ့ပြီ ဖြစ်သည်။

သူသည် တစ်ဖက်လူအား ပထမဆင့်တွင်သာလျှင် မဟုတ်ဘဲ ဒုတိယအဆင့်တွင်ပါ အနိုင်မယူနိုင်ခဲ့ပေ။

သူသည် တတိယအဆင့်သို့ ရောက်ရှိနေခဲ့ပြီသော်လည်း ထပ်မံ၍ ကျရှုံးနေစဲပင် ဖြစ်သည်။

နတ်သိုင်းဌာနရှိ လူတော်တော်များများသည် သူ့အား ယုံကြည်မှု မရှိကြတော့ပေ။

ထို့ကြောင့်သာလျှင် ပထမအဆင့် ကျောင်းသားတစ်ဦးကို ဖိနှိပ်ရန်အတွက် သူ့အား တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

လျူတျန်မုသည် အကယ်၍ ဤတစ်ကြိမ်တွင်ပါ အထက်လူကြီးများကို စိတ်ပျက်သွားစေခဲ့မည်ဆိုပါက နောင်တွင် အရင်းအမြစ်များ ပျောက်ကွယ်သွားလိမ့်မည်ကို ကောင်းစွာသိနေခဲ့သည်။

“ ငါက ထပ်စောင့်နေလို့ မရတော့ဘူး “

လျူတျန်မု၏ မျက်နှာမှာ သုန်မှုန်နေလျက်ရှိသည် “ တစ်ခုခုတော့ လုပ်ရမယ် “

ယခုလက်ရှိ အချိန်ရှိ အကြီးမားဆုံးသော ပြဿနာကား ရှုကျိုးအား မည်ကဲ့သို့ ဆွဲဆောင်ရမလဲဆိုသည်ပင် ဖြစ်သည်။

သူသည် ဤတာဝန်ကို အချိန်အတော်ကြာ လုပ်နေခဲ့သော်လည်း၊ အီးပေါက်သံမျှပင် ပြန်မကြားခဲ့ရပေ၊ အကယ်၍ သူသာ ထပ်မံ၍ စောင့်ဆိုင်းနေဦးမည်ဆိုပါက အထက်လူကြီးများက ထပ်မံ၍ နားပူနားဆာ လုပ်လာကြမည် ဖြစ်သည်။

လျူတျန်မုသည် ရေရွတ်ပြောဆိုနေရင်းဖြင့် မျက်လုံးများ လှုပ်ခတ်သွားခဲ့သည် “ တကယ်တော့ ငါက တစ်ခြား ရှုထောင့်တစ်မျိုးကနေ ကြိုးစားကြည့်လို့ရတယ် “

…

ရှုကျိုးကမူ လျူတျန်မုထံတွင် ဖြစ်ပျက်နေသည့် အရာများကို မသိပေ။

သူသည် စံအိမ်ထဲတွင်နေကာ သွေးကြောမှတ်များကို တိတ်တဆိတ် ဖွင့်လှစ်နေလျက်ရှိသည်။

“ ဝှစ် ~~ “

ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ မျက်လုံးများ ပွင့်ဟလာခဲ့သည်။

“ ဉာဏ်အလင်းဆေးရဲ့ အကျိုးသက်ရောက်မှုက ပိုပိုပြီးတော့ နည်းလာနေပြီ “

ရှုကျိုးသည် အသက်ကို ပေါ့ပေါ့ပါးပါး ရှူထုတ်လာခဲ့သည် “ အခုတော့ နှစ်နာရီခွဲ ပြည့်တဲ့အချိန်တိုင်းမှာ တစ်လုံးသုံးနေရတယ် “

အကျိုးသက်ရောက်မှု လျော့သွားလိမ့်မည်လို့ ဆရာဝူပြောခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။

ကြာချိန်က ပိုပိုတိုလာပြီ။

ရှုကျိုးသည် ခေါင်းကိုခါယမ်းကာ ဆေးပုလင်းကို ဖွင့်၍ နောက်တစ်လုံး ထပ်သောက်ရန် ပြင်လိုက်သည်။

“ ဟမ်? “

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် အံ့အားသင့်သွားသော အမူအရာတစ်ခုသည် သူ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာခဲ့သည်။

“ ကုန်သွားပြီလားဟ? “

ရှုကျိုသည် ဆေးပုလင်းကို လှုပ်ခါ၍ အတွင်းသို့ ကြည့်လိုက်ရာ အမှန်တကယ် ဗလာဖြစ်နေခဲ့သည်။

“ ငါက ဉာဏ်အလင်းဆေး ၈၆လုံးကို အဲ့လိုမျိုး သုံးလိုက်ပြီလား? “

မကြာခင်မှာပင် ရှုကျိုး၏ မျက်နှာပေါ်တွင် အောင့်သက်သက်ဖြစ်သွားသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရက်ပေါင်း ၃၀အတွင်းတွင် သူသည် ဉာဏ်အလင်းဆေး ၈၆လုံးတိတိ သုံးစွဲခဲ့သည်။

ယခင်က အလုံး၇၀ ကုန်ဆုံးသွားသည့် အချိန်တွင် နောက်ထပ် ၁၆လုံး ထပ်မံ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယခု၌ အဆိုပါ ၁၆လုံးမှာလည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

“ ဒါပင်မဲ့ ဒီလရဲ့ ရိတ်သိမ်းမှုကလည်း တော်တော်လေးကို ကြီးပါတယ် “ ရှုကျိုးသည် ပြုံးစိစိ ဖြစ်သွားတော့သည်။

ဗွီ !!

သူ၏ခန္ဓာကိုယ်ထဲတွင် သွေးကြောမှတ် ၈၅ခု ပေါ်ပေါက်လာခဲ့သည်။

၎င်းတို့ထဲတွင် သွေးကြောမှတ် အခု၇၀သည် လင်းလက်တောက်ပကာ အပြည့်အဝ ပွင့်ဟနေလျက်ရှိသည်။

ရှုကျိုးသည် သွေးကြောမှတ် အခု၇၀ ဖွင့်ထားခဲ့ပြီး ဖြစ်သည်။

လွန်ခဲ့သော တစ်လက အချိန်နှင့် ယှဥ်ကြည့်လိုက်မည်ဆိုပါက လုံးဝအသွင်ပြောင်းလဲသွားကာ ခွန်အားများ များပြားတိုးတက်နေခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

ချီ-သွေး : ၆၇၆.၅ ကယ်လိုရီ

စိတ်ဝိညာဥ် စွမ်းအား : 45 Hz

ကိုယ်ပွား : ရွှေတောင်ပံ T-Rex

အဆင့် : ပထမအဆင့် အဆင့်၇ ( ၆၆% )

အသားတင် အလေးချိန် : ၄၄၅၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ၃၀ ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမျိုခြင်း၊ ကိုက်ဖြတ် ဆုတ်ဖဲခြင်း( ac )၊ ခုန်ဆင်းခြင်း( pas )

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ ကုဗမီတာ

…

……………………………………………………………………………………………………………………………

အပိုင်း ( 174 )

အစစ်အမှန် သိုင်းပညာဌာနက တော်တော်ကြီးကို ချမ်းသာတာပဲ !! ၂

တစ်လအတွင်းမှာပင် ရှုကျိုး၏ ချီ-သွေးသည် နှစ်ဆနီးပါးအထိ တိုးမြင့်လာခဲ့သည်။

သို့သော် ၎င်းမှာ သူ၏ ခွန်အားက နှစ်ဆတိုးလာသည်ဟု ဆိုလိုမနေပေ။

အဆင့်တက်လာမှုနှင့်အတူ ချီ-သွေး ၁ကယ်လိုရီ တိုးလာသည့်အချိန်တိုင်းတွင် ကြီးမားသော တိုးတက်မှုများ ယူဆောင်ပေးလာသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ခွန်အားတိုးတက်မှုအား စကားလုံးများဖြင့် ဖော်ပြနိုင်ရန် ခဲယဥ်းလှပေသည်။

အကယ်၍ ကိန်းဂဏန်းများဖြင့် ဖော်ပြမည်ဆိုပါက ရှုကျိုး၏ လက်သီးထိုးချက်တစ်ခုသည် ကီလိုဂရမ် သောင်းနှင့်ချီ၍ အားပါနေလိမ့်မည် ဖြစ်သည်။

“ ကိုယ်ပွားရဲ့ အလေးချိန်ကလည်း ၅၀၀၀ကီလိုဂရမ်နဲ့ နီးလာနေပြီ “

ရှုကျိုးမှ စဥ်းစားခန်းဖွင့်နေတော့သည် “ နောက်ထပ် ဆင့်ကဲပြောင်းလဲမှုက မကြာခင်မှာပဲ ရောက်လာသင့်နေပြီ “

အရိုးသားဆုံးပြောရမည်ဆိုပါက သူသည် ကိုယ်ပွား၏ ကြီးထွားမှုနှုန်းက မူလကိုယ်၏ တိုးတက်မှုကို လိုက်မှီလုနီးပါး ဖြစ်နေသည်ဟု ခံစားနေခဲ့ရသည်။

နောက်ထပ် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်လာခဲ့ပြီးသည့်နောက်တွင် မူလကိုယ်၏ကျင့်ကြံရေး အမြန်နှုန်းသည် ထပ်မံ၍ မြင့်တက်လာဦးမည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် ရုတ်တရက် မျှော်လင့်မိနေတော့သည်။

“ ဒါပင်မဲ့ ဉာဏ်အလင်းဆေးက ထပ်မရလောက်တော့ဘူး “

ရှုကျိုးသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားတော့သည် “ ငါ့ရဲ့ အခုလက်ရှိ အမြန်နှုန်းနဲ့ဆိုရင် သွေးကြောမှတ် တစ်ခုကို ဖွင့်ဖို့အတွက် အနည်းဆုံး ၃ရက်လောက် အချိန်ယူရလိမ့်မယ် “

ယခုတွင် သူသည် သွေးကြောမှတ် အခု၇၀မျှသာ ဖွင့်ထားရသေးပြီး၊ သွေးကြောမှတ် ၁၂၀ပြည့်ရန် တစ်ဝက်နီးပါးမျှ ကျန်ရှိနေသေးသည်။

ဉာဏ်အလင်းဆေး မရှိဘူးဆိုရင် သွေးကြောမှတ် ၁၂၀ပြည့်ဖို့အတွက် ငါက အနည်းဆုံး နှစ်ဝက်လောက် အချိန်ယူရမှာမလား?

“ မဖြစ်ဘူး ဉာဏ်အလင်းဆေးကိုရအောင် လုပ်ရမယ် “

ရှုကျိုး၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်၊ ယခုလက်ရှိ ပြဿနာမှာ သူ့ထံတွင် မည်သည့် အကျိုးပြုအမှတ်မှ မကျန်တော့ခြင်းဖြစ်သည်။

များသောအားဖြင့် သိုင်းပညာ တက္ကသိုလ်မှ ကျောင်းသားကျောင်းသူတို့သည် အကျိုးပြုအမှတ်များကို ရရှိရန်အတွက် တာဝန်များကို လုပ်ဆောင်လေ့ရှိကြသည်။

သို့သော် ပထမအဆင့် အထွတ်အထိပ်သို့ပင် မရောက်ရှိသေးသည့် ရှုကျိုးကဲ့သို့သော လူသစ်လေးကမူ တာဝန်(သို့) မစ်ရှင်ကြီးများကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

တာဝန်အသေးစားလေးများအတွက်မူ တစ်နေ့လုံး အလုပ်လုပ်မှ အကျိုးပြုအမှတ် ၁မှတ်၊ ၂မှတ်မျှသာ ရရှိမည် ဖြစ်သည်။

ရှုကျိုးသည် မျက်မှောင်ကြုတ်နေရင်းဖြင့် အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့သည်၊ အကျိုးပြုအမှတ်တွေ ရအောင် ဘယ်လိုလုပ်ရမလဲ?

“ အဲ့ဒီ သွေးကြောမှတ် ၁၄၀ ဖွင့်ထားတဲ့ လူတွေရဲ့ စိန်ခေါ်မှုကို စဥ်းစားသင့်နေပြီလား? “

“ ပိုပြီးတော့ စိတ်ချရတဲ့ နည်းလမ်းတစ်ခု ရှိနိုင်တယ် “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် စံအိမ်ထဲမှ ထွက်ကာ အစစ်အမှန် သိုင်းပညာဌာနဆီသို့ ဦးတည်သွားတော့သည်။

…

အစစ်အမှန် သိုင်းပညာဌာန

လျူချင်းယွမ်၏ ရုံးခန်း

ရှုကျိုးသည် လျူချင်းယွမ်ကို လာရှာခြင်းဖြစ်သော်လည်း ချင်ဖုန်းနှင့် ရှားဟောက်ချန်းတို့ကိုပါ မြင်တွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားခဲ့သည်။

“ စီနီယာ အစ်ကိုချင် “ ရှုကျိုးမှ အော်ခေါ်လိုက်သည်။

ချင်ဖုန်းမှ သူ့ကို ခေါင်းငြိမ့်ပြလာခဲ့သည် “ ဆရာ့ဆီမှာ အကြံဉာဏ်လာတောင်းတာလား? “

မလှမ်းမကမ်းရှိ လျူချင်းယွမ်မှာလည်း အေးအေးလူလူ ပြောလာခဲ့သည် “ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းသိုင်းရဲ့ ဒုတိယအဆင့်ကို လေ့ကျင့်ပြီးသွားပြီလား? “

“ မကြာသေးခင်ကမှ အဆင့်တက်ထားပါတယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

“ ဘာကြီး? “ ဘေးနားရှိ ချင်ဖုန်းသည် တအံ့တဩဖြစ်သွားတော့သည် “ မင်းက ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းသိုင်းရဲ့ ဒုတိယအဆင့်ကို ရောက်သွားပြီလား? “

လျူချင်းယွမ်မှ အပြုံးဖြင့် ပြောလာခဲ့သည် “ မင်းမသိလို့ပါ၊ ဒီကလေးရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေ လေ့လာတဲ့စွမ်းရည်က တော်တော်လေးကို အားကောင်းတယ်၊ သူက အဲ့ခြေလှမ်းသိုင်းကို ပထမနေ့မှာပဲ ကျွမ်းကျင်သွားတာ “

ချင်ဖုန်းသည် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

သူသည်လည်း အဆိုပါ ခြေလှမ်းသိုင်းကို လေ့ကျင့်ထားခဲ့သည်။

သို့သော် သူသည် ၎င်းကို ကျွမ်းကျင်ရန်အတွက် တစ်လခန့် အချိန်ယူလေ့ကျင့်ခဲ့ရသည်။

ဒုတိယအဆင့်သို့ ရောက်ရှိရန်အတွက် သုံးလအချိန်ယူခဲ့ရသည်။

ချင်ဖုန်းသည် အဆိုပါခြေလှမ်းသိုင်းကို လေ့ကျင့်ရခြင်းက မည်မျှခက်ခဲလဲဆိုသည်ကို ကောင်းစွာ သိနေခဲ့သည်။

ရှုကျိုးက တစ်ရက်အတွင်းမှာပဲ အဲ့တာကို ကျွမ်းကျင်သွားတာလားဟ?

ဘေးတစ်ဖက်ရှိ ရှားဟောက်ချန်းမှာလည်း ဝင်ရောက်မေးမြန်းလာခဲ့သည် “ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းကရော ဘယ်အဆင့်ကို ရောက်သွားပြီလဲ? “

“ တတိယအဆင့် “ ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါရမ်းကာ ပြုံးပြလိုက်သည် “ နည်းနည်းလေးနှေးနေတယ် “

ရှားဟောက်ချန်းသည် သွေးအန်လုနီးပါးပင် ဖြစ်သွားခဲ့သည်။

ငါတောင် ဒုတိယအဆင့်ကို အခုမှ ရောက်လာတာလေ။

မင်းက တတိယအဆင့်ကိုတောင် ရောက်နေပြီလေ၊ အဲ့တာကို နှေးတယ်လို့ ထင်နေတာလားဟ?

ရှားမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် ဘယ်သူလဲ? မင်းလား? ငါလားဟ?

သို့သော် ရှုကျိုးသည် ၎င်းက အနည်းငယ် နှေးကွေးသည်ဟု အမှန်တကယ် တွေးထင်နေခဲ့ခြင်း ဖြစ်သည်၊ သူသည် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းထံ၌ တောင်ဖြိုခွဲ ဆေဘာသိုင်းနှင့် ဖလှယ်အသုံးပြုနိုင်သည့် အကွက်တစ်ချို့ကို ရှာတွေ့ထားခဲ့သည်။

အကယ်၍ သူကသာ အသေအချာ အာရုံစိုက်၍ လေ့ကျင့်မည်ဆိုပါက သူသည် တတိယအဆင့် အထွတ်အထိပ်ထိပင် ရောက်ရှိသွားနိုင်လေသည်။

“ ကိုယ့်ကိုကိုယ် တစ်ခြားလူတွေနဲ့ နှိုင်းယှဥ်လိုက်တာက ဒေါသကိုပဲ ဖြစ်စေလိမ့်မယ် “

ရှားဟောက်ချန်းသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါနေတော့သည် “ မင်းရဲ့ တိုက်ခိုက်ရေး စွမ်းအားတင် မဟုတ်ဘဲ မင်းရဲ့ နားလည်နိုင်စွမ်းကပါ တော်တော်မြင့်နေတာပဲ “

ချင်ဖုန်းမှာလည်း အားကျစွာ ကြည့်လာခဲ့သည်၊ သူသည်လည်း ပါရမီရှင်တစ်ဦးဖြစ်သည်၊ သို့သော် ရှုကျိုးနှင့် ယှဥ်လိုက်မည်ဆိုပါက …….

မေ့လိုက်တာပေါ့ကွာ၊ အဲ့ကလေးနဲ့ လိုက်ယှဥ်နေလို့မရဘူး၊ အဲ့ကလေးက တကယ့် လူထူးလူဆန်းပဲ။

လျူချင်းယွမ်သည် သူတို့ကို လျစ်လျူရှုထားပြီး ရှုကျိုးကိုကြည့်ကာ အသာအယာ ပြုံးပြ၍ မေးလာခဲ့သည် “ ငါ့ကိုပြော၊ ဒီတစ်ခါမှာရော မင်းရဲ့ကျင့်ကြံရေးမှာ ဘာပြဿနာတွေ ရှိနေပြန်ပြီလဲ? “

ရှုကျိုးမှ ခေါင်းခါပြကာ ပြောလာခဲ့သည် “ ကျင့်ကြံရေး ကိစ္စ မဟုတ်ပါဘူး၊ ဒီတစ်ခေါက်က ဆရာ့ဆီကနေ ငွေများ ချေးလို့ရမလားလို့ တောင်းဆိုမလို့ပါ “

“ ငွေချေးတာလား? “ လျူချင်းယွမ် မှင်သက်သွားတော့သည်။

“ ကျွန်တော်က ကျွန်တော့်ရဲ့ အကျိုးပြုအမှတ်တွေကို အကုန်သုံးခဲ့ပြီးသွားပြီ “ ရှုကျိုးမှ ချောင်းဟန့်၍ ပြောလိုက်သည်။

“ ဘာကြီး? “

လျူချင်းယွမ် မတုံ့ပြန်နိုင်ခင်မှာပင် ချင်ဖုန်းမှ အံ့ဩတကြီးဖြင့် အော်ပြောလာခဲ့သည်။

“ တစ်ထောင်ကျော်တဲ့ အမှတ်တွေကို အကုန်သုံးပြီးသွားပြီပေါ့? “

“ ဘာကြီး? အမှတ် တစ်ထောင်ကျော်လား? “

ဤတစ်ကြိမ်၌ လျူချင်းယွမ်၏ မျက်နှာပေါ်တွင် အနည်းငယ် အံ့ဩသွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ ရှားဟောက်ချန်းကမူ ပို၍ပင် အံ့ဩတုန်လှုပ်သွားခဲ့သည်။

“ တစ်ထောင်ကျော် မဟုတ်ပါဘူး၊ ကိုးရာကျော်လေးပါပဲ “ ရှုကျိုးမှ ချောင်းတဟန့်ဟန့်ဖြင့် ပြောလာခဲ့သည်။

“ အကျိုးပြုအမှတ် ကိုးရာကျော်ကို မင်းက အကုန်လုံး သုံးပြီသွားပြီလား? “ လျူချင်းယွမ်သည် အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

အစစ်အမှန် သိုင်းပညာဌာနက အလွန်ဆင်းရဲနေသောကြောင့် အကျိုးပြုအမှတ် ၁မှတ်ချင်းစီတိုင်းကို ချွေတာ သုံးစွဲနေရသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ရှုကျိုးသည် သူ၏ နှာခေါင်းကို ပွတ်၍ ပြောလိုက်သည် “ ဒီအတော်အတွင်းမှာ ကျွန်တော်က သွေးကြောမှတ်တွေ ဖွင့်နေခဲ့တာလေ၊ သွေးကြောမှတ် နည်းနည်းလောက် ပိုဖွင့်ဖို့အတွက် ဉာဏ်အလင်းလေးနည်းနည်းလောက် ဝယ်လိုက်လို့ပါ “

လျူချင်းယွမ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး၊ သူ့ကို ကြည့်၍ မေးလာခဲ့သည် “ အခုမင်းက သွေးကြောမှတ် ဘယ်နှခု ဖွင့်ထားပြီးပြီလဲ? “

ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ အမှန်တိုင်းပြောပြလိုက်သည် “ စုစုပေါင်းအနေနဲ့ သွေးကြောမှတ် ၇၀ဖွင့်ထားပြီးပါပြီ၊ ပြီးတော့ ဒုတိယမြောက် ပါဖက်စနစ်ကို တည်ဆောက်ထားပါတယ် “

တိတ်ဆိတ် !!

ငြိမ်သက် !!

လျူချင်းယွမ်နှင့် ချင်ဖုန်းတို့နှစ်ဦးစလုံး မှင်သက်သွားကြသည်။

ရှားဟောက်ချန်းကမူ လွန်စွာ စိတ်ရှုပ်ထွေးသွားခဲ့သည် “ သွေးကြောမှတ် အခု၇၀လား? ပါဖက်စနစ်လား? ဘာအကြောင်းတွေ ပြောနေတာလဲ? ကျွန်တော် နားမလည်ဘူး “

သူသည် အမှန် တကယ် နားမလည်ခြင်း ဖြစ်သည်။

သွေးကြောမှတ် ၇၀၊ အဲ့တာက လူသားတွေ လုပ်နိုင်တဲ့ အရာရော ဟုတ်ရဲ့လားဟ?

မင်းက ကျောင်းကို ရောက်လာတာ နှစ်လလောက်ပဲ ရှိသေးတဲ့ လူသစ်လေးတစ်ယောက်လေ၊ သွေးကြောမှတ် အခု၇၀ ဖွင့်ထားခဲ့ပြီးပြီလို့ ပြောနေတာလား?

ရှားဟောက်ချန်းသည် သူ၏နဖူးကို ထိကြည့်ကာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ ငါက နေမကောင်း မဖြစ်ပါဘူးဟ၊ ဘာလို့ ထင်ယောင်ထင်မှားတွေ ဖြစ်နေရတာလဲ?

သူသည် အံ့အားသင့်နေစဲဖြစ်သည်။

လျူချင်းယွမ်နှင့် ချင်ဖုန်းတို့မှာလည်း သတိပြန်ဝင်လာခဲ့ကြသည်။

“ ဘမ်း !! “

ရုတ်တရက်ဆိုသလိုပင် ရုံးခန်းတံခါး အလိုအလျောက် ပိတ်သွားခဲ့သည်။

………………………………………………………………………………………………

All Chapters