← Chapters

အခန်း (၂၈၅၁-၂၈၅၅)

Vol. 122 Ch. 2851-2855

အခန်း (၂၈၅၁-၂၈၅၅)

Vol. 122 Ch. 2851-2855

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၅၁)

ဘာသာပြန်သူ_တိမ်တိုက်

အားဟူနှင့် အခြားသူများ နတ်ဆိုးချီ ကူးစက်ခံလိုက်ရပြီး အကောင်းအတိုင်း ရှိနေသေးရခြင်းမှာ သူတို့၏ အားကောင်းလှသည့် ခန္ဓာကိုယ်နှင့် သွေးချီကြောင့် ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်ပင် အဖွဲ့ထဲရှိ အတော်လေးကို အားနည်းသည့် လူများမှာ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားရခြင်း ဖြစ်လေသည်။

ရန်ကိုင်မှ သွေးလောင်ကျွမ်းခြင်း ပညာရပ်ကို ထိုလူများအပေါ် သုံးပေးလိုက်သည့်အခါ ထိုလူများ၏ သွေးချီမှာ ရုတ်တရက်ဆိုသလို နှစ်ဆသုံးဆခန့် ပိုမိုအားကောင်းလာလေ၏။ ထိုအကြောင်းကြောင့်ပင် နတ်ဆိုးချီကို ခန္ဓာကိုယ်ထဲမှ ဖယ်ထုတ်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း ထိုနည်းလမ်း အလုပ်ဖြစ်မဖြစ် သေချာမသိဘဲ စမ်းကြည့်လိုက်ခြင်းသာ ဖြစ်သည်။ ကံကောင်းစွာဖြင့် တကယ်ကြီး အလုပ် ဖြစ်သွားခဲ့၏။

လက်ရှိအခြေအနေကိုမြင်ပြီးနောက်တွင် နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် ရင်ဆိုင်ရသည့်အခါ သွေးလောင်ကျွမ်းခြင်း ပညာရပ်ကို ထုတ်သုံးရမည်ဟု ရန်ကိုင် တွေးမိသွားလေသည်။ သွေးချီသည်သာ လုံလောက်အောင် အားကောင်းနေမည်ဆိုပါက ထိုလူများသည် နတ်ဆိုးချီ၏ တိုက်စားမှုကို ကြံ့ကြံ့ခံ ခုခံနိုင်ပေလိမ့်မည်။

နတ်ဆိုးမျိုးနွယ်များ ကျူးကျော်လာသည့်အခါ ကလန်လေးခု တစ်ခဏအတွင်း ဖျက်စီးခံလိုက်ရသည်။ ထို့ကြောင့် နတ်ဆိုးမျိုးနွယ်နှင့် ပက်သက်သည့် ဘာကိုမှ သေချာ မသိခဲ့ရချေ။ ထို့နောက်တွင် မှော်သူတော်စင်လေးဦးသည် နတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်များနှင့် သွားရင်ဆိုင်လေသည်။ နှစ်ဖက်စလုံးမှာ လက်ရည် အတူတူလောက်သာ ရှိကြသည်။

ဘုရင်မြို့တော်မှ ထွက်မလာခင်၊ မှော်ဘုရင်တန်သည် သူတို့အားလုံးအား ဖြစ်နိုင်လျှင် နတ်ဆိုးမျိုးနွယ်၏ အားနည်းချက်ကိုပါ ရှာလာရန် ပြောခဲ့လေသည်။ ယခု အခြေအနေကို ကြည့်ရသလောက် ရန်ကိုင်သည် နတ်ဆိုးချီအား အတန်အသင့် တန်ပြန်နိုင်မည့် နည်းလမ်းတစ်ခုကို တွေ့သွားသည့်ပုံပင်။

သို့သော်ငြား သွေးလောင်ကျွမ်းခြင်း ပညာရပ်သည် သုံးချင်တိုင်း သုံးလို့ကောင်းသည့် ပညာရပ်တစ်ခုမဟုတ်၊ ထိုပညာရပ်ကိုသာ ထပ်တလဲလဲ ထုတ်သုံးနေမည်ဆိုပါက အားကောင်းသည့် လူရိုင်းစစ်သည်တော်များပင်လျှင် တဖြည်းဖြည်း အားနည်းသွားရနိုင်သည်။ သို့သော်ငြား ယခုကဲ့သို့ သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်နေရသည့် အချိန်မျိုးတွင် မည်သူကများ ထိုကဲ့သို့သော ကိစ္စများကို ဂရုစိုက်နေနိုင်ပါဦးမည်နည်း။

ထိုအကြောင်းကို သေချာစဉ်းစားကြည့်လိုက်သော် တစ်ခုခု မှားယွင်းနေသည်ဟု ရန်ကိုင် ခံစားလိုက်ရလေ၏။

ရှေးဟောင်းနတ်ဆိုးချီကိုသာ သွေးချီဖြင့် ခုခံလို့ရမည်ဆိုပါက မေပယ်မြို့ကိစ္စတွင် လူပေါင်းများစွာ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားရလိမ့်မည် မဟုတ်ချေ။

ခေတ်သစ် ကျင့်ကြံသူများသည် ခန္ဓာသန့်စင်ခြင်းကို ဂရုမစိုက်ကြပါသော်ငြား ကျင့်ကြံနေစဉ် အတောအတွင်း သူတို့၏ ခန္ဓာကိုယ်ကို မိုးမြေစွမ်းအင်ဖြင့် နှစ်ပေါင်းများစွာ အားဖြည့်ပေးခဲ့သည်။ ထို့ကြောင့် ထိုလူများ၏ ခန္ဓာကိုယ်သည် မည်သည့် မှော်စွမ်းအားကိုမှ ကျင့်ကြံထားခြင်းမရှိသည့် အားဟူတို့နှင့် ယှဉ်ပြိုင်နိုင်ပေသည်။

သို့ပင်ဖြစ်လင့်ကစား ထိုလူများမှာတော့ နတ်ဆိုးချီအား ခုခံနိုင်ခဲ့ခြင်းမရှိချေ။ အားဟူတို့မှာ နတ်ဆိုးချီအား အလွယ်လေး ခုခံနိုင်ခဲ့ကြပါသော်ငြား ထိုလူများမှာတော့ နတ်ဆိုးချီ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်နှင့် ချီစွမ်းအင်ကိုသာ ထုတ်မသုံးပါက လုံးဝ ခုခံနိုင်ခြင်း မရှိကြချေ။

ရန်ကိုင်၏ အဖွဲ့သားများအနက် အယောက်တစ်ရာလောက်သာ နတ်ဆိုးချီ ကူးစက်ခြင်း ခံခဲ့ရသည်။

(လောကနိယာမကြောင့်လား) ခေတ်နှစ်ခုကြားရှိ လောကနိယာမများမှာ တူညီခြင်း မရှိချေ။

မတူညီသည့်မိုးမြေစွမ်းအင်အောက်တွင် မတူညီသည့် ပညာရှင်များ ပေါက်ဖွားလာကြ၏။ ဧကရာဇ်ဖြစ်သော ရန်ကိုင်သည်ပင်လျှင် ဤနေရာသို့ ရောက်လာပြီးနောက် သူ့ခွန်အား အကုန်အစင်ကို ထုတ်သုံးနိုင်ခြင်း မရှိတော့ချေ။

လူရိုင်းမျိုးနွယ်များသည် ရန်ကိုင်ခေတ်တွင် ရှိနေသည့် လောကနိယာမများနှင့် မတူညီသည့် လောကနိယာမအောက်တွင် ကြီးထွားလာခဲ့ကြရသည်။ ထို့ကြောင့်ပင် သွေးချီအကူအညီဖြင့် နတ်ဆိုးချီကို ခုခံနိုင်နေခြင်း ဖြစ်သည်။

ရန်ကိုင်၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင် မှော်ဆရာများ နားလည်သွားကြတော့သည်။ ယွဲ့နှင့်လုတို့သည်ပင် ရန်ကိုင်အား အတော်လေးကိုမှ အထင်ကြီး လေးစားသွားတော့၏။

သူတို့နှစ်ဦးစလုံးသည် တောင်ပိုင်းလူရိုင်းကလန်၏ ပါရမီရှင်မှော်ဆရာများ ဖြစ်ကြသည်။ အချိန်သာပေးလိုက်မည်ဆိုပါက နှစ်ဦးစလုံး မှော်ဘုရင်အဆင့်သို့ ကျိန်းသေ ရောက်နိုင်ပေသည်။ မှော်ကျောင်းတော်တွင်လည်း နှစ်ဦးစလုံးသည် အကောင်းဆုံးသော မှော်ပညာရပ်များကို သင်ကြားခဲ့ရသည်။

မှော်ဘုရင်တန်မှ သူမတို့နှစ်ဦးအား ရန်ကိုင်အဖွဲ့ထဲသို့ ထည့်ပေးလိုက်စဉ်က နှစ်ဦးစလုံးမှာ မှော်ဆရာညိုအား လုံးဝ အထင်မကြီးခဲ့ချေ။ သူမတို့သည်လည်း အချိန်သာရလျှင် ရန်ကိုင်၏ အဆင့်သို့ အလွယ်လေး ရောက်နိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်သည် သူမတို့ထက် အများကြီး ပိုအားကြောင်းလိမ့်မည်ဟု လုံးဝ ထင်ထားခဲ့ခြင်းမရှိခဲ့။

ထို့ကြောင့်ပင် ရန်ကိုင်အား သူမတို့နှင့် အဆင်တူအဖြစ်သာ သဘောထားခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်သည် ခေါင်းဆောင်ဖြစ်သော်ငြား ရန်ကိုင်အပေါ် သိပ်၍ လေးစားခြင်းမရှိ။ အနှေးနှင့်အမြန်ဆိုသလို သူမနောက်တွင် ကျန်ခဲ့မည့် လူတစ်ဦးကို ဘာကြောင့်မျှ အထူးတလည် လေးစားနေရမည်နည်း။

သို့သော်ငြား ယခု အဖြစ်အပျက်ပြီးသည့်နောက်တွင် ပါရမီရှင် မှော်ဆရာများသည် မှော်ကျောင်းတော်တွင်သာ ရှိနေခြင်းမဟုတ်ဘဲ အပြင်ဘက်တွင်လည်း ရှိကြောင်း နားလည်သွားရတော့သည်။

နှစ်ဦးစလုံးမှာ ရန်ကိုင်မှ သွေးလောင်ကျွမ်းခြင်းပညာရပ်အား မည်သည့် မှော်မန္တန်ကိုမှ မရွတ်ဆိုဘဲ ထုတ်သုံးသွားသည့်အပေါ် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ သူတို့နှစ်ဦး အတူ ပူးပေါင်းလုပ်ဆောင်မည်ဆိုလျှင်ပင် ထိုသို့ မလုပ်နိုင်ချေ။

ထို့အပြင် အချိန်တိုလေးအတွင်း ရန်ကိုင်သည် နတ်ဆိုးအသွင်ပြောင်းသွားသည့် လူများအား ကုသပေးနိုင်သည့် နည်းလမ်းကိုလည်း ရှာတွေ့နိုင်ခဲ့သေးသည်။ ထိုအရာသည် သာမန်လူတစ်ဦး လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။

ယခုအဖြစ်အပျက်ကြောင့် ရန်ကိုင်သည် အမွှာညီအစ်မနှစ်ဦး၏ လေးစားမှုကို ရရှိသွားခဲ့လေ၏။

တစ်ချိန်တည်းတွင် ရန်ကိုင်သည် နတ်ဆိုးအသွင်ပြောင်းသွားသည့် လူအားလုံးကို တစ်နေရာတည်းတွင် စုဝေးစေလိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ သွေးလောင်ကျွမ်းခြင်း ပညာရပ်အား ထိုလူအားလုံးပေါ် ထုတ်သုံးလိုက်လေ၏။ ရုတ်ချည်းဆိုသလို ထိုလူများ၏ကိုယ်ထက် အနီရောင်အလင်းတို့ တောက်ပလာပြီး မည်းနက်နေသည့် မျက်လုံးများထဲ အနီရိပ်တို့လည်း ထွက်ပေါ်လာကုန်ကြလေသည်။

တစ်ချိန်တည်းတွင် မှော်ဆရာများသည် သန့်စင်ခြင်းပညာရပ်များကို ထုတ်သုံး၍ နတ်ဆိုးအသွင်ပြောင်းသွားသည့် လူများ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာနေသည့် နတ်ဆိုးချီများကို သန့်စင်ပစ်နေခဲ့လေသည်။

အကုန်လုံး စိတ်သက်သာရာရသွားဟန်ဖြင့် ရပ်ကြည့်နေစဉ်မှာပင် မတော်တဆ တစ်ခု ဖြစ်လာတော့လေသည်။

ဘုန်း… ဟူသော အသံနှင့်အတူ နတ်ဆိုးအသွင်ပြောင်းသွားသည့် လူတစ်ဦး၏ခေါင်း ပေါက်ကွဲထွက်သွားခဲ့လေသည်။ ထိုအဖြစ်အပျက်ကြောင့် အကုန်လုံး အံ့ဩသွားသလို ရန်ကိုင်ကိုယ်တိုင်သည်လည်း မျက်လုံး မှေးစဉ်းသွားခဲ့ရ၏။

အခြေအနေမှာ ထိုမျှနှင့်ပင် အဆုံးမသတ်သေး။ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးသည် လူအချို့တွင်လည်း ထပ်ဖြစ်လေသည်။

ထိုလူများမသေခင် ထိုလူများ၏ မျက်လုံးထဲ အနက်ရောင်အလင်းနှင့် အနီရောင်အလင်း အားပြိုင်နေကြသည်ကို ရပ်ကြည့်နေကြသည့်လူအားလုံး သေချာမြင်ခဲ့ရသည်။

ထိုအရောင်နှစ်ရောင်၏ အားပြိုင်မှု အတိုင်းအတာတစ်ခုအထိ ရောက်လာချိန်တွင်တော့ ထိုကလန်သားမှာ ဆက်၍ တောင့်မခံနိုင်တော့ဘဲ သေဆုံးသွားရလေ၏။ ထိုကဲ့သို့ဖြစ်ကာ သေဆုံးသွားရသည့် လူအရေအတွက်မှာ ဆယ်ယောက်ကျော်လောက်သာ ရှိပြီး ကျန်သည့် လူအားလုံးမှာတော့ အဆင်ပြေခဲ့လေသည်။

အကုန်လုံး အဆင်ပြေသွားသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်လေ၏ “ဒီနေ့ တိုက်ပွဲက ငါတို့ အဖွဲ့အတွက် အရှက်ရစရာဆိုတာ သေချာမှတ်ထားကြ။ နောက်ပိုင်းကျရင် ဒီနေ့ကိစ္စအတွက် အတိုးနဲ့ရင်းပြီး ပြန်ဆပ်ကြရမယ်”

ထောင်နှင့်ချီသော လူအုပ်ကြီးသည် သဲနတ်ဆိုးအချို့၏ အလစ်ချောင်း တိုက်ခိုက်မှုကြောင့် လူတစ်ရာနီးပါး သေသွားခဲ့ရသည်။ တစ်ဖက်ရန်သူအကြောင်း သေချာ မသိသည့်အတွက်ကြောင့် ဤကဲ့သို့ ဖြစ်ရခြင်း ဖြစ်ပါသော်ငြား ဤရလဒ်သည် လက်သင့်ခံနိုင်သည့် ရလဒ်မျိုး မဟုတ်ချေ။

ကလန်သားများမှာလည်း မကျေမနပ် ဖြစ်နေကြသည့်အလား လက်သီးကို တင်းတင်း ဆုပ်ထားကြသည်။ သေဆုံးသွားသည့် သူတို့၏ အပေါင်းအပါများကိုကြည့်ရင်း အကုန်လုံးမှာ အလွန်ကိုမှ ဒေါသထွက်နေကြ၏။

ကလန်သားများအား သတိလစ်သွားသည့်လူများကို ဂရုစိုက်ရန် ညွှန်ကြားပြီးနောက် ရန်ကိုင်က လှမ်းအော်ခေါ်လိုက်၏ “အားဟွာ”

“ဟုတ်ကဲ့ ဆရာ” အားဟွာ ရန်ကိုင်ဆီဿို့ ရောက်လာလေ၏။

“အခု ငါတို့ကြုံခဲ့တဲ့ကိစ္စကို လူလွှတ်ပြီး အခြားအဖွဲ့တွေကို ပြောပြခိုင်းလိုက်”

“ဟုတ်ကဲ့” အမိန့်ရပြီးနောက် အားဟွာ ချက်ချင်း ပြန်ထွက်သွားလေသည်။

ယနေ့တိုက်ပွဲကြောင့် ရန်ကိုင်တို့အဖွဲ့သား တစ်ရာနီးပါး သေဆုံးသွားခဲ့ရသော်ငြား ထိုလူများ၏ သေဆုံးမှုသည် အချည်းနှီးတော့ ဖြစ်မသွားခဲ့ချေ။ အနည်းဆုံးတော့ သဲနတ်ဆိုးများသည် မြေကြီးထဲ ပုန်းအောင်းနေနိုင်ပြီး မည်သည့်နေရာမှမဆို ပေါ်လာနိုင်ကြောင်း သိသွားခဲ့ရသလို နတ်ဆိုးချီအား တန်ပြန်နိုင်မည့် နည်းလမ်း တစ်ခုကိုလည်း ရှာတွေ့သွားခဲ့ရလေသည်။

ဤအရေးကြီးသည့် အချက်ကို အဆုံးအရှုံး မများသေးခင်အချိန်အတွင်း အခြားအဖွဲ့များ သိအောင် လုပ်ထားသည်မှာ အကောင်းဆုံး ဖြစ်သည်။

“ဆရာ၊ ဒီနေရာက ထောင်ချောက်ဆိုတော့ ကျွန်မတို့ ဒီနေရာမှ မနေသင့်တော့ဘူးလို့ ထင်တယ်” ယွဲ့သည် ရန်ကိုင်နားသို့ ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ ယခုအကြိမ်၌ သဲနတ်ဆိုးအချို့သာ ပေါ်လာခဲ့ပါသော်ငြား သူတို့သာဆက်၍ နှောင့်နှေးနေမည်ဆိုပါက ပိုမိုများပြားသည့် သဲနတ်ဆိုးများ ပေါ်လာနိုင်ပေသည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်၏ “ဟုတ်တယ်။ အဖွဲ့သားတွေ အကုန်လုံးကို ဆယ်ငါးမိနစ်ကြာတာနဲ့ ဒီကနေ ထွက်မယ်လို့ ပြောလိုက်”

ဆယ်ငါးမိနစ်ခန့် ကြာပြီးနောက်တွင် ရန်ကိုင်တို့အဖွဲ့ မြောက်အရပ်ဆီသို့ ဆက်လက် ဦးတည်သွားလေသည်။

အကုန်လုံး ထွက်သွားပြီးနောက်တွင် ရွာအလယ်ရှိ မြေကွက်ထပ်ထဲရှိ မြေသားထုမှာ ရုတ်တရက် မို့တက်လာခဲ့သည်။ ထို့နောက် ထိုမြေထုကြီးသည် သဲနတ်ဆိုးတစ်ကောင် အသွင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေ၏။

ထိုသဲနတ်ဆိုးသည် ရန်ကိုင်တို့ ထွက်သွားသည့်ဘက်သို့ ယာယီမျှ စိုက်ကြည့်နေပြီးနောက် မြေကြီးထဲသို့ ပြန်လည်တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။

နေ့ဝက်ကြာပြီးနောက် တောင်လိုဏ်ဂူတစ်လုံးထဲ၌ သဲနတ်ဆိုး ပြန်ပေါ်လာခဲ့သည်။

ထိုလိုဏ်ဂူထဲတွင် အမြီးတစ်ချောင်းထွက်နေပြီး မလုံ့တလုံ အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေခဲ့သည်။ ထိုအမျိုးသမီးသည် သဲနတ်ဆိုးကို ကြည့်၍ သဲနတ်ဆိုး၏ နဖူးဆီသို့ လက်လှမ်းလိုက်လေသည်။

နတ်ဆိုးချီတို့ အမျိုးသမီး၏ လက်ဆီမှ ဖြာထွက်လာပြီး သဲနတ်ဆိုး၏ နဖူးထဲသို့ တိုးဝင်သွားလေသည်။ သဲနတ်ဆိုးမှာ မခံမရပ်နိုင်လောက်အောင် ပြင်းထန်လှသည့် နှိပ်စက်မှုကို ခံစားနေရသည့်အလား ခံစားချက်ကင်းမဲ့သည့် ၎င်း၏ မျက်လုံးထဲ ကြောက်ရွံ့ရိပ်တို့ အတိုင်းသာ ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား ထိုအမျိုးသမီး၏ လုပ်ရပ်ကို အနည်းငယ်မျှပင် မခုခံရဲဘဲ ငြိမ်ခံနေရုံသာ တတ်နိုင်ခဲ့လေသည်။

သဲနတ်ဆိုး၏ မှတ်ဥာဏ်များကို ပြန်ဖတ်ရင်း အမျိုးသမီး၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။

တစ်ခဏကြာပြီးနောက်... အမျိုးသမီး ရပ်တန့်လိုက်သည့်အခါ သဲနတ်ဆိုးသည် သေခါနီး လူမမာတစ်ယောက်ပမာ မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားခဲ့လေသည်။

အမျိုးသမီးကမူ သဲနတ်ဆိုး၏ အခြေအနေကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ နှာခေါင်းရှုံ့၍ ပြောလိုက်၏ “ပြင်ပမျိုးနွယ်တွေက တကယ်ကြီး လာနေတာပဲ”

အနားတွင်ရှိနေသော အနက်ရောင်နတ်ဆိုးချီတို့ဖြင့် လွှမ်းခြုံနေသည့် ပုကွကွ နတ်ဆိုးက မေးလိုက်လေ၏ “သခင်မ၊ ဘာဖြစ်လို့လဲ”

အမျိုးသမီးသည် ပြန်လှည့်ထွက်သွားပြီး ကျောက်တုံးထိုင်ခုံပေါ် သွားထိုင်နေ၏။ ထို့နောက် လက်ပေါ် မေးထောက်ရင်းမှ ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်လေသည် “ဘာမှမဟုတ်ဘူး။ သဲနတ်ဆိုးတစ်ဖွဲ့ အသတ်ခံလိုက်ရရုံပဲ။ ပြင်ပမျိုးနွယ်က ငါတို့ကို တန်ပြန်နိုင်မယ့် နည်းလမ်းကို တကယ် ရှာတွေ့သွားတာပဲ”

နတ်ဆိုးပုလေးက ပြန်ပြောလိုက်လေ၏ “လက်အောက်ငယ်သား လူခေါ်ပြီး သူတို့ကို သွားသတ်ပစ်လိုက်ရမလား”

အမျိုးသမီးက ခေါင်းခါလျက် “မလိုဘူး။ သူတို့ ပြန်မကောင်းခင်အထိ ငါတို့ကို ခုခံထားဖို့ပဲ နတ်ဆိုးသူတော်စင်တွေက ပြောထားတာ။ မလိုအပ်ဘဲ ဘာမှ အဆုံးရှုံးခံစရာမလိုဘူး”

“ဒါဆို... သဲနတ်ဆိုးတွေကို အလကားသက်သက် အသေခံခိုင်းလိုက်တော့မှာလား” နတ်ဆိုးပုလေးက ထပ်မေးလေသည်။

“အလကားသက်သက် အသေခံခိုင်းဖို့” အမျိုးသမီးက ရယ်မောလျက် “အဲ့လို ဖြစ်စရာလား။ သူတို့ခေါင်းဆောင်မျက်နှာကို ငါသေချာမှတ်ထားတယ်။ နတ်ဆိုး သူတော်စင်တွေ ပြန်ကောင်းလာတော့မှာ အဲ့ကောင်နဲ့ငါ စာရင်းရှင်းရမယ်”

ထိုသို့ ပြောပြီးနောက်တွင် အမျိုးသမီးသည် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေ၏။ သူမ၏ ပုံစံကိုကြည့်ရင်း နတ်ဆိုးပုလေးမှာ အမျိုးသမီးအား ဆက်မကြည့်ရဲတော့ဘဲ ခေါင်းကိုသာ တွင်တွင်ငုံ့ထားတော့လေသည်။ သူ့နဖူးထက်တွင်လည်း ချွေးအေးများ ဝေ့သီနေလေ၏။

ဤအမျိုးသမီးသည် နာမည်ကျော် ကဝေနတ်ဆိုးကလန်မှ ကဝေနတ်ဆိုးဖြစ်ပေသည်။ နတ်ဆိုးမျိုးနွယ်ထဲရှိ ကလန်များထဲတွင် သူမ၏ကလန်သည် အတော်လေး အဆင့်မြင့်သည်။ သူမ၏ ပစ်မှတ်ထားခြင်းခံရသည့် မည်သည့် ယောကျ်ားသားမဆို အဆုံးသတ်ကောင်းလေ့မရှိချေ။ နတ်ဆိုးပုလေးမှာ နတ်ဆိုးဗိုလ်ချုပ်တစ်ဦး ဖြစ်သော်ငြား သူသည်သာ သူမ၏ ညို့ဓါတ်ပညာရပ်အောက် ရောက်သွားမည်ဆိုပါက စိတ်လွတ်ကာ သူမ၏ ဆော့ကစားစရာဘဝသို့ ရောက်သွားရပေလိမ့်မည်။

ကဝေနတ်ဆိုးနှင့် တစ်ညတာ ပျော်ပါးနိုင်ခြင်း အိမ်မက်လှလှလေးတစ်ခု မက်ရသလိုပင်။ သို့သော်ငြား ထိုတစ်ညပြီးနောက် အသိစိတ်မရှိတော့သည့် အလောင်းကောင်ဘဝသို့ ရောက်သွားမည်ဆိုပါက တန်တော့လိမ့်မည် မဟုတ်ချေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၅၂)

ဘာသာပြန်သူ_တိမ်တိုက်

“ဆရာ… ကျွန်မတို့ ဘယ်ကိုသွားနေတာလဲ…” ယွဲ့က ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။

ရန်ကိုင်တို့အဖွဲ့သည် လွန်ခဲ့သောသုံးရက်ခန့်က ရွာမှထွက်လာခဲ့သည်။ ထိုအချိန်မှစ၍ ရန်ကိုင်စစ်ချီတက်နေသည့်ပုံစံမှာ အလွန်ကိုမှ ထူးဆန်းလှသည်။ သူ့တွင် ဦးတည်ရာနေရာ ပုံသေလမ်းကြောင်းမရှိ။ မှော်ဆရာညိုမှ သူ့စိတ်ရှိတိုင်း အဖွဲ့ကို စေညွှန်နေသည့်အလား။

ရှင်းရှင်းပြောရသော် ရန်ကိုင်သည် အဖွဲ့၏ခေါင်းဆောင်ဖြစ်သည့် အတွက်ကြောင့် လူတိုင်းသည် သူ့အမိန့်ကို နာခံရပေလိမ့်မည်။ သို့သော်ငြား ယခုကဲ့သို့ ဦးတည်ရာလမ်းကြောင်း အတည်တကျမရှိဘဲ သွားချင်သလိုသွားနေသည့်ပုံစံမှာ အခြားသူများအတွက်တော့ အလွန်ကိုမှ ဇဝေဇဝါဖြစ်စရာ ကောင်းလှသည်။

ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်နေပြီးသည့်နောက် မထိန်းထားနိုင်တော့သည့်အဆုံးတွင် ယွဲ့က မေးလိုက်လေသည်။

“အဖွဲ့သားတွေအကုန်လုံးကို အရှေ့တောင်ဘက်ကို အရှိန်ကုန်တင်ပြီးသွားဖို့ အမိန့်ပေးလိုက်တော့…” ရန်ကိုင်က အော်ပြောလိုက်လေသည်။ ထို့နောက် ယွဲ့ကိုကြည့်၍ ပြုံးဖြီးကာ ပြောလိုက်လေ၏။ “ဘယ်ကိုသွားရမှာလဲ… လက်စားချေဖို့ သွားရမှာပေါ့…”

(လက်စားချေဖို့…) ယွဲ့နှင့်လုတို့နှစ်ဦးစလုံး ကြောင်သွားခဲ့ကြလေသည်။

လတ်တလောအတွင်း ရန်ကိုင်တို့အဖွဲ့မှာ ဘာဆိုဘာနှင့်မှ သိပ်မတွေ့ရတော့ချေ။ လွန်ခဲ့သောသုံးရက်ခန့်က တစ်ခဏမျှ အနားယူခဲ့သည့်ရွာ၌ အလစ်ချောင်းတိုက်ခိုက်ခံရသည့် တစ်ကြိမ်မှ လွဲ၍ ကျန်သုံးရက်လုံးလုံး မည်သည့်နတ်ဆိုးနှင့်မှ မတွေ့ခဲ့ရပေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှ ရုတ်တရက်ကြီး လက်စားချေမည်ဟု ပြောလာခဲ့သော် အကုန်လုံး ကြောင်သွားကြခြင်း ဖြစ်လေသည်။

ရန်ကိုင်ကမူ ဘာမှရှင်းပြမနေခဲ့ဘဲ သူ့စိတ်ထဲ ခံစားနေရသည့် မှိန်ဖျဖျဆက်သွယ်ချက်ဘက်ဆီသို့သာ အေးစက်စက်အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။

သဲနတ်ဆိုးတစ်ကောင်သည် ရွာထဲတွင် ပုန်းအောင်းနေခဲ့သည်။ ထိုနတ်ဆိုးကို ရန်ကိုင် အစောကြီးတည်းက ရှာတွေ့ပြီးသားပင်။

သို့သော်ငြား ထိုနတ်ဆိုးအား တစ်ခါတည်း ရှင်းမပစ်ခဲ့ဘဲ ထိုနတ်ဆိုးပေါ်၌ သူ၏ကောင်းကင်စိတ်အာရုံအမှတ်အသားတစ်ခုကို ချန်ထားရစ်ခဲ့လေသည်။ ယခု သူတို့အဖွဲ့ ထွက်လာပြီးသည့်နောက်တွင် ထိုသဲနတ်ဆိုးသည် တစ်ခုသောဘက်ဆီသို့ ဦးတည်သွားပြီး တစ်နေရာတွင် ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။ လွန်ခဲ့သည့်ရက်များအတွင်း သဲနတ်ဆိုးသည် ထိုနေရာမှ ခြေတစ်ဖဝါးပင် မခွာခဲ့ချေ။ တစ်နည်းဆိုရသော် သဲနတ်ဆိုးမှာ သူတို့အဖွဲ့သားများ ရှိနေသည့် နေရာဆီသို့ ပြန်ရောက်သွားပြီဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

ထိုနေရာသည် ရန်ကိုင်၏ပစ်မှတ် ဖြစ်လေသည်။

ရန်ကိုင်တို့၏ ပထမဦးဆုံးတိုက်ပွဲမှာ သိပ်၍ အခြေအနေမဟန်ခဲ့ပေ။ သုံးထောင်ခန့်ရှိသော ရန်ကိုင်၏စစ်တပ်ကြီးသည် သဲနတ်ဆိုးလေးအချို့နှင့်အတွေ့တွင် လူတစ်ရာနီးပါးခန့် သေဆုံးခဲ့ရသည်။ ထို့အတွက်ကြောင့် လွန်ခဲ့သည့်ရက်များအတွင်း ရန်ကိုင်အဖွဲ့သားအားလုံးမှာ သေဆုံးသွားသော သူတို့၏လူများအတွက် ပြန်လည်၍ လက်စားချေချင်နေကြသလို သူတို့ကဲ့သို့ လူအများကြီးမှ လူနည်းနည်းလေးကြောင့် ဒုက္ခရောက်ခဲ့ရသည့်အပေါ်လည်း မကျေမနပ် ဖြစ်နေကြသည်။

သဲနတ်ဆိုးများ၏ခံတပ်သည် သူတို့၏ဒေါသကို ဖွင့်ထုတ်ဖို့ရာ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပေသည်။

ရန်ကိုင်မှ ဦးတည်ရာမဲ့ စစ်ချီတက်နေခြင်းမှာလည်း အမှန်တကယ်တော့ စိတ်ထင်တိုင်း တွေ့ကရာ လျှောက်သွားနေခြင်းမျိုးမဟုတ်ချေ။ ရန်ကိုင်သည် သဲနတ်ဆိုးပြန်ရောက်သွားသည့် နတ်ဆိုးခံတပ်ကို စက်ဝိုင်းပုံစံအတိုင်း ဝိုင်းကြီးပတ်ပတ် ပတ်သွားနေခြင်း ဖြစ်လေသည်။

အခြေအနေမှာ ရန်ကိုင်ထင်ထားသည်ထက် ပိုကောင်းနေခဲ့သည်။ ဤအနီးအနားတစ်ဝိုက်တွင် မည်သည့်နတ်ဆိုးများ၏ စစ်စခန်းမှ ရှိမနေခဲ့ပေ။ မိုင်တစ်ထောင်ဝန်းကျင်အတွင်းတွင် သဲနတ်ဆိုးစစ်စခန်းတစ်ခုတည်းသာ ရှိသည့်ပုံပင်။ ထိုသို့ဆိုလျှင်တော့ ရန်ကိုင်တို့အတွက် အမှန်တကယ်ကို ကောင်းပေသည်။ သူတို့သာ သဲနတ်ဆိုးများ၏ စစ်စခန်းကို စတင်တိုက်ခိုက်မည်ဆိုပါက မည်သည့်နတ်ဆိုးမှ စစ်ကူလာပေးနိုင်တော့လိမ့်မည်မဟုတ်။

တစ်ခုတည်းသော မေးစရာရှိတော့သည်မှာ ထိုသဲနတ်ဆိုးစစ်စခန်း၌ နတ်ဆိုးမည်မျှရှိသလဲဟူ၍ပင်။ ထိုနေရာကို မည်ကဲ့သို့သော သဲနတ်ဆိုးများမှ ဦးဆောင်နေလေသနည်း။

နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့သည် တောင်ကြားတစ်ခုဆီသို့ ရောက်လာခဲ့သည်။ ရန်ကိုင်သည် လက်မြှောက်၍ သူ့အဖွဲ့သားများအား ရပ်တန့်ရန် အချက်ပြလိုက်သည်။

အဖွဲ့သားများအား ထိုနေရာတွင် နားနေ၍ အားပြန်ဖြည့်ထားရန် အမိန့်ပေးပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်အောက်တွင်ရှိနေသော မှော်ဆရာများကို ဆင့်ခေါ်ကာ အစည်းအဝေးလေးတစ်ခု ကျင်းပလိုက်လေသည်။ လက်ရှိ သူတို့ရှိနေရာဆီမှ မိုင်တစ်ရာခန့်အကွာတွင် နတ်ဆိုးလိုဏ်ဂူတစ်ခု ရှိနေကြောင်း ကြားသိလိုက်ရပြီးသည့်နောက် ထိုမှော်ဆရာများ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။

လွန်ခဲ့သောရက်ပိုင်းအတွင်း ရန်ကိုင်၏လုပ်ပုံနှင့်ပတ်သက်၍ သူတို့ နားမလည်နိုင်ခဲ့ကြ။ ရန်ကိုင်သည် အဖွဲ့ထဲမှ ခြေတစ်လှမ်းပင် ထွက်သွားခဲ့ခြင်းမရှိ။ ထိုသို့ဖြစ်လေရာ ဤနေရာမှ မိုင်တစ်ရာခန့်အကွာတွင် နတ်ဆိုးလိုဏ်ဂူတစ်ခု ရှိနေကြောင်းကို ရန်ကိုင် မည်ကဲ့သို့များ သိသွားခဲ့ရလေသနည်း။

ရန်ကိုင်မှ သူကိုယ်တိုင် ထိုနတ်ဆိုးလိုဏ်ဂူအား သွားစစ်ဆေးကြည့်မည်ဟု ပြောလာသည့်အခါ မှော်ဆရာများ စိတ်ပူသွားကုန်ကြလေသည်။ ယွဲ့နှင့်လုတို့ဆိုလျှင် သူတို့ပါလိုက်မည်ဟုပင် ပြောလာခဲ့သည်။ သူတို့နှစ်ဦးမှာ မှော်သခင်များသာ ဖြစ်ကြပါသော်ငြား မှော်ကျောင်းတော်တွင် သေသေချာချာ လေ့ကျင့်ထားကြသူများ ဖြစ်ကြပေသည်။ မှော်ကျောင်းတော်တွင် လေ့ကျင့်နေစဉ်အတောအတွင်း ကိုယ်ပျောက်မှော်ပညာရပ်များစွာကိုလည်း ကောင်းကောင်းသင်ကြားခဲ့ကြရသည်။ ထို့အတွက်ကြောင့် တစ်ဖက်လူ၏စခန်းကို ထောက်လှမ်းဖို့ရာမှာ သူတို့အတွက်တော့ ပြဿနာမဟုတ်လှချေ။ သို့သော်ငြား သူတို့ရှိနေကြောင်းသာ သတင်းထွက်သွားမည်ဆိုပါက လုံးဝကို အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်။

ထို့အတွက်ကြောင့် ရန်ကိုင်သည် အမွှာနှစ်ဦး၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်လေသည်။

မှော်ဆရာများနှင့် စကားနည်းနည်းပါးပါး ထပ်မံပြောဆိုပြီးသည့်နောက်တွင် ရန်ကိုင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ တီယာသည် ရန်ကိုင်၏ ဤပုံစံနှင့်ပတ်သက်၍ အသားကျနေပြီဖြစ်ပါသော်ငြား အခြားသော မှော်ဆရာများမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေကြလေသည်။ ဘေးပတ်ပတ်လည်သို့ လိုက်ပတ်ရှာကြည့်ပါသော်ငြား ရန်ကိုင်အား မည်သည့်နေရာတွင်မှ မတွေ့ရကြောင်း တွေ့လိုက်ရလေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ္ဆေသရဲတစ်ကောင်နှယ် မိုင်တစ်ရာခန့်အကွာ၌ ရှိနေသော နတ်ဆိုးလိုဏ်ဂူထဲသို့ ခိုးဝင်လာခဲ့လေ၏။ ဝင်ပေါက်တွင်ရပ်နေကြသော အစောင့်များမှာတော့ ရန်ကိုင်ရှိလို့ရှိမှန်းကို လုံးဝကိုမသိကြချေ။

လိုဏ်ဂူမှာ တောင်အလယ်ဗဟိုတွင် တည်ရှိနေခြင်း ဖြစ်သည်။ တောင်၏ အလယ်ပိုင်းလောက်မှနေ၍ အတွင်းပိုင်းဆီသို့ ဦးတည်ဖောက်ထားသော လိုဏ်ဂူတစ်လုံး ဖြစ်ကာ အတွင်းပိုင်းမှာ အတော်လေးကိုမှ ကျယ်ဝန်းပေသည်။

ရန်ကိုင်သည် သူ့အရှိန်အဝါကိုဖုံးကွယ်၍ လိုဏ်ဂူအတွင်းပိုင်းကို လေ့လာကြည့်သည်။

ဤနေရာတွင် အားကောင်းသည့် ပညာရှင်တစ်ဦး ရှိလားမရှိလားဆိုသည်ကို သေချာမသိရသေးဘဲနှင့် ရန်ကိုင်သည် သူ၏ကောင်းကင်စိတ်အာရုံကို မဆင်မခြင် မဖြန့်ကျက်ရဲခဲ့။ တဖြည်းဖြည်းချင်း မသိမသာလေးသာ ဖြန့်ကျက်ရဲခဲ့သည်။

တောင်အလယ်နေရာတွင် ကလန်အမျိုးမျိုးမှ နတ်ဆိုးပေါင်းများစွာ ရှိနေကြလေသည်။ ထိုနတ်ဆိုးများသည် အရွယ်အစားရော ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ပါ တူညီခြင်းမရှိကြချေ။ အကောင်ထွားထွားနတ်ဆိုးများမှာ လူရိုင်းများထက်ပင် ပို၍ လူကောင်ထွားကြကာ အချို့သောနတ်ဆိုးများမှာတော့ လူပုလေးများအလား တစ်မီတာခန့်သာ ရှိကြပေသည်။

မည်သို့ပင်ဖြစ်နေစေကာမူ ထိုနတ်ဆိုးများဆီမှ အားကောင်းလှသည့် ရှေးဟောင်းနတ်ဆိုးချီတို့ ဖြာထွက်နေခဲ့လေသည်။ ထို့အပြင် နတ်ဆိုးတစ်ကောင်နှင့်တစ်ကောင်ဆီမှ ဖြာထွက်နေသည့် ရှေးဟောင်းနတ်ဆိုးချီသိပ်သည်းဆမှာလည်း တူညီခြင်းမရှိကြချေ‌။ နတ်ဆိုးချီသိပ်သည်းမှုကိုလိုက်၍ ရန်ကိုင်သည် ထိုနတ်ဆိုးများ၏ ခွန်အားအတိမ်အနက်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

ဤသည်မှာ ရန်ကိုင်အဖို့ နတ်ဆိုးများကို ပထမဦးဆုံးအကြိမ်အဖြစ် အနီးကပ်တွေ့ဖူးခြင်း ဖြစ်လေသည်။ ထိုနတ်ဆိုးများ၌ မည်ကဲ့သို့သော စွမ်းရည်မျိုး ရှိနေသလဲဆိုသည်ကို မသိသည့်အတွက်ကြောင့် မဆင်မခြင် မလှုပ်ရှားရဲခဲ့။

တောင်အလယ်နေရာတွင်ရှိနေသော လိုဏ်ဂူတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် အရေးကြီးသည့် အချက်တစ်ချက်ကို ရန်ကိုင် ရှာတွေ့သွားခဲ့သည်။

ဤနေရာတွင် နတ်ဆိုးအသွင်ပြောင်းလဲထားသည့် လူပေါင်းများစွာ ရှိနေခြင်းပင်။ ထိုလူရိုင်းများမှာ ဖျက်ဆီးခံလိုက်ရသည့် ကလန်လေးခုမှ အဖွဲ့သားများ ဖြစ်ကြရပေလိမ့်မည်။ ရရှိထားသည့်သတင်းများ ပြောသည်မှာတော့ ကလန်လေးခုလုံး တစ်ယောက်မကျန် ရှင်းပစ်ခံလိုက်ရပြီဟူ၍ပင်။ သို့သော်ငြား ဤနေရာသို့ ရောက်ပြီးသည့်နောက် ထိုသို့မဟုတ်ကြောင်း တွေ့လိုက်ရလေသည်။ ထိုကလန်သားများအနက် အချို့မှာ နတ်ဆိုးများအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ကြသည်။

မူရင်းနတ်ဆိုးများနှင့် နတ်ဆိုးအသွင်ပြောင်းလဲသွားသည့် လူရိုင်းများကြား အဆင့်အတန်းကွာခြားမှုလည်း ရှိနေပေသည်။ မည်သည့်နတ်ဆိုးမဆို နတ်ဆိုးအသွင်ပြောင်းလဲသွားသည့် လူရိုင်းများကို ကန်ချင်သလိုကန်၊ ပြောချင်သလိုပြော၊ ကြိုက်သလိုစေခိုင်းအမိန့်ပေးနိုင်သည်။ သို့သော်ငြား နတ်ဆိုးအချင်းချင်းဆိုလျှင်တော့ တလေးတစားဖြင့် ဆက်ဆံကြလေသည်။

နတ်ဆိုးအသွင်ပြောင်းသွားသည့် လူရိုင်းများသည် နတ်ဆိုးများအတွက်မူ အစေခံများသာ ဖြစ်ကြလေသည်။

လူရိုင်းမျိုးနွယ်၏ သာမန်လူရိုင်းများသည်သာ နတ်ဆိုးအဖြစ်သို့ အသွင်ပြောင်းခံထားရခြင်းမဟုတ်ဘဲ မှော်ဆရာများလည်း အသွင်ပြောင်းခံထားကြရလေသည်။ လက်ရှိ ရန်ကိုင်ရှာတွေ့ထားရသလောက် နတ်ဆိုးအသွင်ပြောင်းသွားသည့် အားအကောင်းဆုံးမှော်ဆရာမှာ မှော်သခင်တစ်ပါး ဖြစ်သည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ထိုမှော်သခင်မှာ ပုပုကွကွနတ်ဆိုးတစ်ကောင်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံနေရလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ခေါင်းတခါခါ ဖြစ်သွားခဲ့လေ၏။ ထို့နောက် ဆက်၍ စစ်ဆေးကြည့်လေသည်။

တစ်ခဏမျှ လျှောက်လာပြီးသည့်နောက် အလွန်ကိုမှ ခက်ထန်သည့် သားရဲဟိန်းသံတစ်သံကို ကြားလိုက်ရလေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ထိုသားရဲဟိန်းသံကြားရာဆီသို့ လျှောက်လာလိုက်ရာ မကြာမီ လိုဏ်ဂူကျယ်ကြီးတစ်လုံးဆီသို့ ရောက်လာခဲ့လေသည်။

မည်းမှောင်နေသော လိုဏ်ဂူကျယ်ကြီးထဲဆီမှ အနီရောင်မျက်လုံးပေါင်းများစွာ ရုတ်တရက် ပွင့်လာခဲ့ပြီး ရန်ကိုင်ရှိရာဆီသို့ စုပြုံစိုက်ကြည့်လာခဲ့လေသည်။

ရန်ကိုင်လည်း အထိတ်တလန့်ဖြင့် ဗလာနတ္ထိပညာရပ်ကို ကပျာကယာ အသက်သွင်းကာ အမြန်ပုန်းလိုက်ရသည်။

အနီရောင်မျက်လုံးများသည် ရန်ကိုင်ရှိနေသည့်နေရာအား တစ်ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားကြလေသည်။

ထိုအကြည့်များ၏ ပိုင်ရှင်များမှာ အခြားမဟုတ်ကြ။ ရှေးဟောင်းနတ်ဆိုးချီတို့ ဖြာထွက်နေကြသည့် ဧရာမသားရဲကြီးများ ဖြစ်ကြလေသည်။ ကြည့်ရသလောက် နတ်ဆိုးမျိုးနွယ်စုများထဲ သားရဲရိုင်းများလည်း ရှိနေသည့်ပုံပင်။ ထိုအကောင်များကို သားရဲရိုင်းများဟု မခေါ်သင့်ဘဲ နတ်ဆိုးသားရဲဟုခေါ်လျှင် ပို၍သင့်တော်ပေလိမ့်မည်။ နတ်ဆိုးသားရဲနှင့် သားရဲရိုင်း မည်ကဲ့သို့ ကွာခြားသလဲဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။

သားရဲရိုင်းများကို ခဏမျှကြာအောင် စစ်ဆေးကြည့်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို မသိမသာလေး ဖြန့်ကျက်လိုက်လေသည်။ အနီးအနားတွင် မည်သူမျှမရှိမှန်း အတည်ပြုပြီးသည့်နောက် နတ်ဆိုးသားရဲတစ်ကောင်ဆီသို့ တည်နေရာခုန်ကူးသွားပြီး ထိုနတ်ဆိုးသားရဲအား ကောင်းကင်စိတ်အာရုံဖြင့် ဖမ်းချုပ်၍ လောကဓာတ်လုံးထဲသို့ ပစ်ထည့်လိုက်လေသည်။

ရန်ကိုင် ရုတ်တရက် ပေါ်လာပြီး သူတို့အဖွဲ့သားတစ်ဦးအား ဆွဲခေါ်သွားသည့် အဖြစ်အပျက်သည် နတ်ဆိုးသားရဲများအား ထိတ်လန့်သွားစေခဲ့လေသည်။ ချက်ချင်းဆိုသလို ရာနှင့်ချီသော နတ်ဆိုးသားရဲများအားလုံး ထရပ်လာခဲ့ပြီး ပြိုင်တူဟိန်းဟောက်လိုက်ကြလေသည်။

နတ်ဆိုးသားရဲများ၏ ဟိန်းဟောက်သံကြောင့် နတ်ဆိုးသားရဲများကို စောင့်ကြည့်ရန် တာဝန်ကျထားသည့် နတ်ဆိုးများလည်း လိုဏ်ဂူဆီသို့ အလျင်အမြန် ပြေးလာစစ်ဆေးကြလေသည်။ သို့သော်ငြား သူတို့ရောက်လာသည့်အချိန်တွင် ရန်ကိုင်မှာ အခြားတစ်နေရာသို့ တည်နေရာခုန်ကူးပြီးသွားနေခဲ့လေပြီ။

လက်ရှိအချိန်တွင် ရန်ကိုင်စိတ်ထဲ အနည်းငယ် မသက်မသာ ဖြစ်နေခဲ့လေသည်။

ရုတ်တရက် တည်နေရာခုန်ကူးလိုက်သည့်အတွက်ကြောင့် ရန်ကိုင်သည် ပုံမှန်မဟုတ်သည့် နေရာတစ်ခုဆီသို့ ရောက်လာခဲ့သည်။ ဤနေရာမှာ ထူးဆန်းသော ကျောက်ဆောင်ကျောက်တုံးများဖြင့် ဝိုင်းရံထားသည့် လိုဏ်ဂူကြီးတစ်လုံး ဖြစ်လေသည်။ ဤလိုဏ်ဂူကြီးထဲတွင် အခန်းတစ်ခန်း ရှိနေခဲ့၏။ ထိုအခန်းဆီမှ ကြားလိုက်ရသည့် မည်သူကိုမဆို ရှက်သွေးဖြာသွားစေနိုင်သည့် အသံများ ထွက်ပေါ်လာနေခဲ့လေသည်။

အသံမှာ သိမ်မွေ့ပြီး သာယာလှကာ အလွန်ကိုမှ နားဝင်ပီယံ ဖြစ်လှပေသည်။ ထိုအသံသည် မမြင်နိုင်သည့်လက်တစ်ဖက်မှ လူတစ်ဦး၏ နှလုံးကြိုးများကို လှုပ်ခတ်ဆော့ကစားနေသည့်အလား ကြားလိုက်ရသည့်လူ၏ အနက်ရှိုင်းဆုံးသော စိတ်ခံစားချက်များကို နှိုးဆွပေးနိုင်ပေသည်။

ရန်ကိုင်သည် မှောင်ရိပ်တစ်နေရာတွင် ပုန်းအောင်း၍ အခြေအနေကို စောင့်ကြည့်လိုက်သည်။ ထို့နောက် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ သူထင်ထားသလို ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။

ထိုအခန်းထဲတွင် အဝတ်ဗလာကျင်းနေသော လူရိုင်းတစ်ဦးသည် ကျောက်တုံးကုတင်ထက်တွင် လှဲလျောင်းနေခဲ့လေ၏။ ထိုလူရိုင်း၏ကိုယ်ပေါ်တွင်တော့ ကျော့ရှင်းလှပလှသည့် အမို့အမောက်အရှိုက်အဝန်းများနှင့် ပြည့်စုံလှသော ပုံရိပ်တစ်ခု ရှိနေခဲ့လေသည်။ ချွေးများဖြင့် စိုရွှဲနေသော ထိုသွယ်လျလျ ခန္ဓာကိုယ်လေးသည် လူရိုင်း၏ခန္ဓာကိုယ်အား မြင်းစီးသလို စီးနေခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်၏ခေါင်းတစ်ခုလုံး ချာချာလည်ထွက်သွားပြီး လည်ချောင်းများပင် ခြောက်လာခဲ့ရသည်။

ကုတင်ထက်တွင် လှဲလျောင်းနေသော လူရိုင်း၏မျက်နှာထက်တွင်လည်း အလွန်ကိုမှ ကြည်နူးနေသည့် အရိပ်အယောင်တို့ကို မြင်တွေ့နေရသည်။

(အရှက်မရှိလိုက်တာကွာ…) ရန်ကိုင်စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်ပြီး သူ့ကောင်းကင်စိတ်အာရုံကို သတိထားကာ ပြန်လည်ရုတ်သိမ်းလိုက်လေသည်။ သေသေချာချာ မစစ်ဆေးခဲ့လိုက်ရပါသော်ငြား ထိုအမျိုးသမီးကို သွားအထင်သေး၍မရမှန်းတော့ ရန်ကိုင်သိနေခဲ့သည်။ ထိုအမျိုးသမီး၏ခွန်အားမှာ အနည်းဆုံး အဆင့်မြင့်မှော်ဘုရင်အဆင့်တွင် ရှိနေသည်။ တစ်နည်းဆိုရသော် သူမသည် ဤနေရာတစ်ခုလုံးရှိ အားအကောင်းဆုံးပညာရှင်တစ်ဦးဖြစ်ကာ ဤနေရာတစ်ခုလုံးကို အုပ်ချုပ်နေသည့် နတ်ဆိုးခေါင်းဆောင်လည်း ဖြစ်နေနိုင်ပေသေးသည်။

အမျိုးသမီးသည် နတ်ဆိုးတစ်ကောင်မှန်း ရန်ကိုင် မည်ကဲ့သို့ သိသွားသလဲဆိုလျှင်တော့ သူမခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် နတ်ဆိုးချီများကို ကြည့်ရင်းဖြင့် သိနိုင်ပေသည်။ ထို့အပြင် သူမ၏ တစ်စုံတစ်ရာဆီမှ အမြီးတစ်ချောင်းလည်း ထွက်နေသေးသည်။ ထိုအချက်ကို ကြည့်ရင်းဖြင့် သူမ မည်သူမည်ဝါဖြစ်သလဲ ဆိုသည်ကို အတိုင်းသားခန့်မှန်းနိုင်ပေသည်။

ထိုအမျိုးသမီး အခြားကိစ္စတစ်ခုအပေါ် အာရုံရောက်နေသည်မှာ ကံကောင်းသွားခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင် ဤနေရာတွင် ရုတ်တရက်ပေါ်လာသည်ကို ထိုအမျိုးသမီး ကျိန်းသေ သတိထားမိသွားနိုင်ပေသည်။

ရန်ကိုင်ကိုယ်တိုင်သည် အဆင့်မြင့်မှော်ဘုရင်တစ်ပါးကို မကြောက်ပါသော်ငြား သူသည် ဤနေရာသို့ သတင်းအချက်အလက်စုံစမ်းရန် ရောက်ရှိလာခြင်း ဖြစ်သည့်အတွက်ကြောင့် တစ်ဖက်လူကိုသာ နိုးနိုးကြားကြားဖြစ်အောင် လုပ်မိလိမ့်မည်ဆိုပါက သိပ်၍မကောင်းလှချေ။

ရန်ကိုင်သည် ပြန်ထွက်သွားနိုင်မည့်အခွင့်အရေးတစ်ခုကို ငြိမ်ရပ်ကာ စောင့်နေခဲ့လေသည်။

ကျောက်တုံးကုတင်ပေါ်တွင် ရှိနေသော အမျိုးသမီးမှာ ပိုပို၍ စိတ်လှုပ်ရှားလာခဲ့လေသည်။ သူမ၏ဆံပင်များမှာ လေအလွင့်နှင့်အတူ ဖွာကြဲလန်ကာ လွင့်ပျံနေခဲ့သည်။ သူမ၏အော်ငြီးသံများမှာလည်း ပိုပို၍ ကျယ်လောင်လာခဲ့လေသည်။

ထိုအမျိုးသမီး အထွဋ်အထိပ်သို့ ရောက်တော့မည်မှန်း သိလိုက်သည့်နောက်တွင် ရန်ကိုင်လည်း ထွက်သွားရန် ပြင်လိုက်လေသည်။ သို့သော်ငြား ထိုစဉ် အနက်ရောင်အရိပ်တစ်ခု သူ့နောက်ဘက်ဆီမှ ထွက်ပေါ်လာပြီး သူ့လည်ပင်းတည့်တည့်သို့ ဓါးမြှောင်ဖြင့် ထိုးချလိုက်လေသည်။

ဓါးမြှောင်တစ်ခုလုံးမှာ ပိန်းပိန်းပိတ်အောင် နက်မှောင်နေပြီး အရောင်အဝါ ရွှန်းစိုနေခြင်းမရှိ။ ထိုဓါးမြှောင်ကို အာရုံခံဖို့ရာလည်း အလွန်ကိုမှ ခက်ခဲလှသည်။ ထို့အပြင် အနက်ရောင်အရိပ်သည် အလွန်ကိုမှ သိုသိုဝှက်ဝှက်နှင့် လှုပ်ရှားခြင်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်မထားသည့်အခါ တစ်ဖက်လူ၏တိုက်ခိုက်မှုကို အချိန်မီ မခုခံနိုင်ခဲ့ချေ။

ရန်ကိုင်မှ သတိလက်လွတ်ဖြစ်နေစဉ် ဓါးမြှောင်သည် သူ့လည်ဂုတ်အား ထိမှန်သွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၅၃)

ဘာသာပြန်သူ_တိမ်တိုက်

သူ့လည်ဂုတ်တစ်ဝိုက် အေးခနဲဖြစ်သွားသည်ကို ခံစားမိလိုက်သော် ရန်ကိုင်ရင်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့လေသည်။ ချက်ချင်းပဲ မှော်စွမ်းအားကို လှည့်ပတ်၍ တန်ပြန်ခုခံလိုက်လေသည်။

“စွပ်…”

ဓါးမြှောင်သည် ရန်ကိုင်၏လည်ဂုတ်အား ရှပ်ထိသွားခဲ့လေသည်။

ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်သည့်လူမှာ ထိုရလဒ်ကြောင့် အံ့အားသင့်သွားခဲ့လေ၏။ သူ့အနေဖြင့် ရန်ကိုင်အား အောင်မြင်စွာ အလစ်ချောင်းတိုက်ခိုက်နိုင်ခဲ့သလို ရန်ကိုင်ကိုပင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါသော်ငြား ရန်ကိုင်ရသွားသည့်ဒဏ်ရာမှာ အပေါ်ယံအရေပြားကို ရှပ်ထိသွားသည့် ဒဏ်ရာလောက်သာ ဖြစ်ပေသည်။ တစ်နည်းဆိုရသော် သူ၏တိုက်ခိုက်မှုသည် ရန်ကိုင်အား အနည်းငယ်မျှပင် ထိခိုက်သွားစေခဲ့ခြင်း မရှိချေ။

သူ့စိတ်ထဲ ထိုရလဒ်နှင့်ပတ်သက်၍ ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ရန်ကိုင်သည် ထိုလူဘက်သို့လှည့်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။

ငြီးသံနှင့်အတူ တစ်မီတာခန့်ရှိ‌သော ပုကွကွနတ်ဆိုးတစ်ကောင် အနက်ရောင်မြူခိုးထဲမှ ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏လက်သီးချက်ကြောင့် ထိုနတ်ဆိုးမှာ မျက်လုံးပြူးထွက်သွားပြီး အနီးအနားတွင်ရှိနေသော နံရံတစ်ခုအား သွားဆောင့်လေ၏။ တစ်ချိန်တည်းတွင် ရန်ကိုင်၏လက်သီးချက်ကြောင့်ပင် ထိုနတ်ဆိုး၏ရင်ဘတ်မှာလည်း ချိုင့်ဝင်သွားခဲ့ရသည်။

ကြိုးစားပမ်းစား ကုန်းရုန်းပြန်ထလာပြီးနောက် ထိုပုပုကွကွနတ်ဆိုး၏မျက်နှာထက် ကြောက်ရွံ့မှုတို့ အထင်းသား ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်မှ သူ့ဆီသို့ နောက်ထပ်လက်သီးတစ်လုံး ပစ်သွင်းနေသည်ကိုမြင်သော် သူ့မျက်နှာထက်ရှိ ကြောက်ရွံ့မှုတို့မှာ ပို၍ သိသာထင်ရှားလာခဲ့ရလေသည်။ ထိုနတ်ဆိုးပုလေးသည် ချက်ချင်းပဲ အနက်ရောင်မြူခိုးအသွင်သို့ ပြောင်း၍ ရန်ကိုင်၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်လေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ရန်ကိုင်ကိုယ်တိုင်သည် သဲနတ်ဆိုးများနှင့် တိုက်ခိုက်ခဲ့ဖူးပါသော်ငြား ယခုကဲ့သို့သော နတ်ဆိုးပုများနှင့် ပထမဦးဆုံးအကြိမ် တိုက်ခိုက်ဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် တစ်ဖက်လူ၏ စိတ်ရှုပ်စရာပညာရပ်အား တန်ပြန်နိုင်မည့်နည်းလမ်းကို ရှာမတွေ့သေးချေ။

အနက်ရောင်မြူခိုးသည် လျင်မြန်စွာ ပြန်ဆုတ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် ရန်ကိုင်၏နောက်ဘက်ဆီမှ စူးရှသည့်အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံကိုကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏ဝိဉာဉ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး အမျိုးမျိုးသော ပုံရိပ်ယောင်များ သူ့မျက်လုံးထဲ ထွက်ပေါ်လာခဲ့လေသည်။

(စိတ်စွမ်းအင်တိုက်ခိုက်မှု…) ရန်ကိုင်သည် သူ့ခေါင်းကို အဆက်မပြတ်ခါယမ်းရင်း စိတ်စွမ်းအင်ကို အရူးအမူးလှည့်ပတ်ကာ ထိုအော်သံ၏ လွှမ်းမိုးမှုအောက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

ထိုစဉ် လေခွင်းသံများ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် သူ့လက်ကို အလျင်အမြန်မြှောက်၍ သူ့ဆီသို့ တိုးဝင်လာနေသည့် ကြာပွတ်အား တားဆီးလိုက်လေသည်။ သို့သော်ငြား ကြာပွတ်သည် ရန်ကိုင်၏တားဆီးခြင်းခံလိုက်ရသည့်တိုင် ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ မြွေတစ်ကောင်နှယ် ရန်ကိုင်၏လက်အား ထူးဆန်းစွာ ရစ်ပတ်၍ ကျာပွတ်၏အဖျားသည် ရန်ကိုင်၏မျက်နှာတည့်တည့်သို့ ဆက်လက်တိုးဝင်လာခဲ့လေသည်။

ထို့နောက်တွင် ကျာပွတ်အဖျားသည် မြွေခေါင်းတစ်ခေါင်းအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုမြွေခေါင်းသည် ၎င်း၏ပါးစပ်ကိုဟကာ ရန်ကိုင်တည့်တည့်သို့ ကိုက်ချလာခဲ့လေသည်။

ဤအရာသည် ကျာပွတ်မဟုတ်၊ မြွေတစ်ကောင်သာ ဖြစ်လေသည်။

ရန်ကိုင်သည် ကျန်လက်တစ်ဖက်ဖြင့် ထိုမြွေခေါင်းကို အလျင်အမြန် လှမ်းဖမ်း၍ ဖိချေချလိုက်လေ၏။

“ဟမ်…” အံ့အားသင့်သံတစ်သံ အနောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသလောက် ရန်ကိုင်အား တိုက်ခိုက်လိုက်သည့်လူသည် ရန်ကိုင်မှ သူ့တိုက်ခိုက်မှုအား အောင်မြင်စွာ ချေဖျက်ပြသွားသည်ကိုမြင်သော် အံ့အားသင့်သွားသည့်ပုံပင်။ ထို့နောက်တွင် သင်းပျံ့သည့်မွေးရနံ့တစ်ခု ရန်ကိုင်၏ဘေးဘက်ဆီသို့ ရောက်လာခဲ့ပြီး အဖြူရောင်အလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ချက်ချင်းဆိုသလို မရေမတွက်နိုင်သော လက်ဝါးရိပ်များ ရန်ကိုင်အား လွှမ်းခြုံသွားခဲ့လေသည်။

ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် မတ်မတ်ရပ်ရင်းမှ ထိုလက်ဝါးချက်များကို သူ့လက်ဝါးချက်များဖြင့် တန်ပြန်ချေဖျက်လိုက်သည်။

“ဘုန်း… ဘုန်း… ဘုန်း…”

လက်ဝါးချင်း ထိခတ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ လက်ဝါးချက်အချက်တစ်ရာခန့် ရိုက်ထုတ်လိုက်ပြီးသည့်နောက်တွင် အဖြူရောင်အလင်းသည် နောက်သို့ ပြန်ဆုတ်သွားခဲ့လေသည်။ ရန်ကိုင်နှင့် အဖြူရောင်အရိပ်ဆီမှ ထွက်ပေါ်လာသည့် လက်ဝါးချက်များကြောင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါလာခဲ့ကာ လိုဏ်ဂူတစ်ခုလုံးမှာလည်း အချိန်မရွေး ပြိုကျတော့မည့်အလား ဖြစ်လာခဲ့လေသည်။

အကုန်လုံးသည် တစ်ခဏအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။ နတ်ဆိုးပုလေးမှ ရန်ကိုင်အား အလစ်ချောင်းတိုက်ပြီးသည့်နောက် အဖြူရောင်အရိပ်ပေါ်လာကာ ရန်ကိုင်အား ထပ်မံ၍ အလစ်ချောင်းတိုက်ခိုက်လိုက်သည်မှာ မျက်တောင်တစ်ခတ်စာမျှအချိန်သာ ရှိပေသေးသည်။

ထိုအခါမှသာလျှင် ရန်ကိုင် မဲ့ပြုံးယဲ့ယဲ့လေးပြုံးရင်း ဘေးပတ်ဝန်းကျင်သို့ ဖြည်းဖြည်းချင်း လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင်နှင့် မီတာနှစ်ဆယ်ခန့်အကွာတွင် အမျိုးသမီးတစ်ဦး ငြိမ်သက်စွာ ရပ်နေခဲ့လေသည်။ ထိုအမျိုးသမီး၏ပုံစံမှာ အလွန်ကိုမှ မက်မောစရာကောင်းလှသည်ဟု ပြော၍ရပေသည်။ ခန္ဓာကိုယ်မှာ အလွန်တရာကိုမှပင် အချိုးအစား ကျနလှပြီး အမို့အမောက်အရှိုက်အဝန်းများမှာလည်း လုံးဝကို ပြည့်စုံလှသည်။ အမျိုးသမီးမှာ အရပ်ရှည်ကာ သူမ၏စနေနှစ်ခိုင်မှာလည်း လုံးဝကို မို့ကြွနေသည်။ ခါးမှာလည်း အဆီပိုမရှိ ချပ်ရပ်နေကာ ခြေတံသွယ်သွယ်လေးများမှာလည်း ပုရိသယောက်ျားများအတွက် ရင်ဖိုစရာပင်။ သူမ၏ နှင်းဖြူရောင်အသားအရေမှာလည်း မြင်လိုက်သည့်လူတိုင်း၏ ကာမစိတ်ဆန္ဒများကို နိုးကြွစေနိုင်လောက်အောင်ကိုပင် သိမ်မွေ့နူးညံ့ပုံ ပေါက်နေပေသည်။

ယခုလေးတင်မှပင် ကာမရမ္မက်ကို ကျေကျေနပ်နပ်ကြီး ခံစားထားသည့်အတွက်ကြောင့် ထိုအမျိုးသမီးနတ်ဆိုး၏မျက်နှာမှာ အနည်းငယ် နီမြန်းနေခဲ့ကာ သူမ၏မျက်လုံးများမှာတော့ ကျေနပ်ရိပ်တို့ဖြင့် ပြည့်နေခဲ့လေသည်။

ဤအမျိုးသမီးနတ်ဆိုးမှာ အစောပိုင်းက ရန်ကိုင် လှမ်းကာ စစ်ဆေးကြည့်ခဲ့သည့် နတ်ဆိုးလည်းဖြစ်သည့် ကဝေနတ်ဆိုးဖြစ်ပေသည်။

ရန်ကိုင်သည် သူမ၏ အနီးအနားတွင် ရှိနေသည့်အတွက်ကြောင့် အနက်ရောင်အရိပ်နှင့် ရန်ကိုင် တိုက်ခိုက်လိုက်သည်ကို သူမ သေသေချာချာကို ခံစားမိလိုက်သည်။

လက်ရှိအချိန်တွင် ကဝေနတ်ဆိုးမှာ တစ်ကိုယ်လုံး အဝတ်ဗလာကျင်းနေခဲ့လေသည်။ သူမ၏ မို့ကြွလှသော စနေနှစ်ခိုင်မှာလည်း ရန်ကိုင်ရှေ့ အထင်းသား ပေါ်နေခဲ့သည်။ သို့သော်ငြား ကဝေနတ်ဆိုးမှာတော့ အနည်းငယ်မျှပင် ရှက်ရွံ့ခြင်းမရှိ။

ကဝေနတ်ဆိုး၏ဘေးနားတွင်တော့ တုန်တုန်ရီရီဖြစ်နေသော အနက်ရောင်အရိပ်တစ်ခု ရှိနေခဲ့လေသည်။ ထိုအနက်ရောင်အရိပ်၏ အရှိန်အဝါမှာ တည်ငြိမ်နေခြင်းမရှိဘဲ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့လေသည်။ ကြည့်ရသလောက် ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်ခဲ့သော်ငြား ရန်ကိုင်က ဒဏ်ရာမရသွားခဲ့ဘဲ ထိုနတ်ဆိုးသည်သာ ဒဏ်ရာရသွားသည့်ပုံပင်။

“နင်ပဲ…” ရန်ကိုင်ကိုကြည့်ရင်း ကဝေနတ်ဆိုး၏မျက်လုံးများ တောက်ပလာခဲ့လေသည်။ ထို့နောက် ခေါင်းလေးကိုစောင်းလျက် ထပ်ပြောလိုက်လေ၏။ “နင် ဒီနေရာကို ရှာတွေ့နိုင်တာ တကယ်ကို အထင်ကြီးစရာပဲ…”

ရန်ကိုင်က ပြုံးဖြီးလျက် “ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် သိကြလို့လား…”

ကဝေနတ်ဆိုးက ရယ်သွမ်းသွေးလျက် “အခု သိသွားပြီမဟုတ်ဘူးလား…”

ရန်ကိုင်က ခေါင်းညိတ်လျက် “ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ…”

ညှို့နတ်ဆိုးမှာ ဆည်းလည်းသံတမျှ ချိုသာလှသည့် တခစ်ခစ် ရယ်မောလိုက်ရာ သူမ၏ နှင်းဖြူရောင်စနေနှစ်ခိုင်မှာ လှိုင်းလုံးပမာ ရုတ်တရက်ဆိုသလို နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့လေသည်။ ထို့နောက် မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမှ ပြန်ပြောလိုက်လေ၏။ “ငါကလား… ငါက နတ်ဆိုးဘုရင် ရှယပဲ…”

“နတ်ဆိုးဘုရင်…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ “ခင်ဗျားက နတ်ဆိုးဘုရင်ဆိုရင် နတ်ဆိုးဘုရင်ထက်မှာ နတ်ဆိုးသူတော်စင်ပဲရှိတော့တာပေါ့… ဟုတ်တယ်မလား…”

ရှရာသည် ရန်ကိုင်ကို ပြုံးကာကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “မောင်လေး အစ်မဆီကနေ သတင်းနှိုက်ဖို့ ကြိုးစားနေတာလား… မောင်လေးရဲ့လှည့်ကွက်က အလုပ်မဖြစ်သေးဘူးနော်…”

ရန်ကိုင်က ပုခုံးတွန့်လျက် “ဒါ ကျုပ်တို့ ပထမဦးဆုံးအကြိမ် တွေ့ဖူးတာမို့လို့ ခင်ဗျားနဲ့ နည်းနည်းပါးပါး စကားပြောကြည့်ချင်ရုံပါပဲ… ဖြေတာမဖြေတာက ခင်ဗျားအပိုင်းပေါ့…”

“စိတ်ဝင်စားစရာပဲ…” ရှယသည် ရန်ကိုင်အား အထက်အောက်အစုံအဆန် ငုံ့ကြည့်လိုက်ပြီးသည့်နောက် မျက်မှောင်ကြုတ်လျက် အနည်းငယ် နောင်တရနေဟန်ဖြင့် “နင့်ခန္ဓာကိုယ်က တော်တော်လေး အားနည်းတာပဲ…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ခန္ဓာကိုယ်သေးတိုင်း အားနည်းတယ်လို့ မဆိုလိုဘူးနော်… ခင်ဗျားကိုယ်တိုင်လည်း တိုက်ပွဲတွေအများကြီး တိုက်ခိုက်ခဲ့တဲ့လူပဲ… ဒီတော့ ခန္ဓာကိုယ်ကြီးပြီးတော့ ဘာမှမဟုတ်တဲ့လူတွေနဲ့ တွေ့ခဲ့ပြီးပြီပဲ မဟုတ်ဘူးလား…”

ထိုစကားကိုကြားသော် ရှရာက ခေါင်းညိတ်လျက် “အင်း… နင်မှန်တယ်… နတ်ဆိုးဘုရင်အထက်မှာ နတ်ဆိုးသူတော်စင်တွေပဲရှိတယ်… နင်တို့မှာလည်း သူတော်စင်တွေရှိတယ်မဟုတ်ဘူးလား… သူတို့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ တိုက်ခိုက်ထားကြတာ… အဲ့အကြောင်းကိုမသိဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော်…”

“သိတာပေါ့… အဲ့တိုက်ပွဲမှာ နှစ်ဖက်စလုံး ထိခိုက်သွားကြတာလေ… ကံမကောင်းစွာနဲ့ပဲ အဲ့တိုက်ပွဲကို ကျုပ်ကိုယ်တိုင်မမြင်လိုက်ရတာ တော်တော်ဆိုးသွားတယ်…”

ရှယသည် ရန်ကိုင်အား ထူးထူးဆန်းဆန်းအမူအယာဖြင့် စိုက်ကြည့်လျက် “ကိုယ်တိုင်သွားကြည့်ဖို့… မောင်လေးက ကိုယ့်ကိုယ်ကို သိပ်ပြီးတော့ အထင်ကြီးတာပါလား…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ကျုပ်ကိုယ်ကျုပ် အထင်ကြီးတာလား… ဒါပေါ့…ကြီးတာပေါ့”

ရှရာက အဓိပ္ပာယ်ပါပါပြုံးလျက် “အဲ့ဒါဆိုရင်တော့ အစ်မကိုယ်တိုင် စစ်ဆေးကြည့်လို့ရမလား…”

“ရတယ်… စစ်ဆေးကြည့်လေ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် လေသံပြောင်းလျက် “ခင်ဗျားအထက်မှာ နတ်ဆိုးသူတော်စင်တွေဆိုရင် ခင်ဗျားအောက်မှာရော…”

“အစ်မအောက်မှာလား… မောင်လေး မတွေ့ဘူးလား…” ရှရာ၏မျက်နှာ ရုတ်တရက် နီမြန်းသွားခဲ့ပြီး သူမ၏လေသံမှာလည်း အတော်လေးကိုမှ သိမ်မွေ့သွားခဲ့လေသည်။ ထို့နောက် အမြတ်တနိုး တန်ဖိုးထားရသော ဥယျာဉ်ငယ်လေးအား မပေါ့်တပေါ် လှစ်ဟာပြလိုက်လေ၏။ ရှယမှ ထိုကဲ့သို့လုပ်ပြီး စကားပြောနေစဉ်အတောအတွင်း ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို ပြောင်းလဲလာရလေသည်။

ရန်ကိုင်သည် တံတွေးတစ်လုပ်မျိုချရင်းမှ ငုံ့ကြည့်လျက် “အင်း…”

ရှယဘေးနားတွင်ရှိနေသော နတ်ဆိုးပုလေးမှာတော့ ရုတ်တရက် ငြီးတွား၍ ရှယအနီးမှ ဝေးရာဆီသို့ မြန်နိုင်သမျှမြန်အောင် ထွက်ပြေးတော့လေသည်။

ရှယသည် သူမ၏ညှို့ဓာတ်ပညာရပ်ကို ထုတ်သုံးနေပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ထွက်ပြေးမှရပေတော့မည်။ မဟုတ်လျှင် သူမ၏ အစေခံ ဖြစ်သွားရပေလိမ့်မည်။

“သူ့ကို စိတ်ထဲထားမနေနဲ့… အဲ့ကောင်က ဘာမှ အသုံးဝင်တာမဟုတ်ဘူး…” ရှယက ယဲ့ယဲ့လေးပြုံး၍ ပြောလိုက်လေသည်။ တစ်ချိန်တည်းတွင် သူမဆီမှ ငြီးသံသဲ့သဲ့ ထွက်ပေါ်လာခဲ့လေ၏။ ရှယသည် ကလူတူတူ ညူတူတူ အမူအယာမျိုးဖြင့် နှုတ်ခမ်းလေးကို ကိုက်ရင်းမှ “မောင်လေး… အစ်မ သိပ်ပြီး နေလို့အဆင်မပြေလို့ အစ်မကို ကူညီပေးလို့ ရမလား…”

“ရတယ်လေ…” ရန်ကိုင်က ချက်ချင်းပြန်ဖြေလိုက်ပြီးသည့်နောက် ရှယအား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်ရင်း သူမဆီသို့ လျှောက်သွားလိုက်သည်။ သွားနေစဉ်အတောအတွင်း ရန်ကိုင်၏အသက်ရှူသံမှာ တဖြည်းဖြည်း မြန်ဆန်လာခဲ့ပြီး သူ့အကြည့်ဟာလည်း သူမ၏နှင်းဖြူရောင်ခန္ဓာကိုယ်ပေါ်တွင်သာ တစ်ချိန်လုံး ရောက်ရှိနေခဲ့လေသည်။

ရန်ကိုင်၏ပုံစံကိုကြည့်ရင်း ရှယမှာ အလွန်ကိုမှ ကျေနပ်ပီတိဖြစ်နေကာ အဆက်မပြတ်ကို အော်ဟစ်ရယ်မောနေခဲ့လေသည်။ ဆည်းလည်းသံတမျှ ချိုသာလှသည့် ရယ်သံလေးများမှာ ဘေးပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်နေခဲ့ပြီး ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခုဟာလည်း ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့လာခဲ့လေသည်။ ထို့နောက်တွင် ရှရာသည် လက်နှစ်ဖက်ကို ဖြန့်၍ ရန်ကိုင်ဆီသို့ ပစ်ဝင်သွားလေ၏။

ရှရာ၏ ရင်ခွင်ထဲသို့ရောက်သော် တဏှာရမ္မက်တို့ဖြင့် ပြည့်နေသည့် ရန်ကိုင်၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးသည့်နောက် ရန်ကိုင်သည် ရှရာ၏ဆံပင်ကို ဆွဲကာ သူမခန္ဓာကိုယ်ကို နောက်သို့ ဆွဲလှန်ချလိုက်လေသည်။

“နာတယ်…” ရှရာက အော်ငြီးလိုက်သည်။ ထို့နောက် နှုတ်ခမ်းလေးကိုကိုက်ရင်းမှ မျက်မှောင်ကြုတ်လျက် နားမလည်နိုင်သည့်အမူအယာဖြင့် “မောင်လေး ဘာလုပ်ချင်နေတာလဲ…”

ရန်ကိုင်က ပြုံးဖြီးလျက် “ကျုပ် ဘာလုပ်ချင်နေတယ်လို့ထင်လဲ…”

ရှရာ ထိတ်လန့်သွားခဲ့လေသည်။ “နင် ဘယ်လိုလုပ်ပြီး…”

ရန်ကိုင်မျက်နှာထက်ရှိ လှောင်ပြုံးကိုမြင်သော် ရန်ကိုင်အား ညှို့ယူရန် ကြိုးစားသည်မှာ အလုပ်မဖြစ်သွားခဲ့မှန်း ရှရာ သိလိုက်လေသည်။

မည်ကဲ့သို့များ ထိုသို့ဖြစ်ရလေသနည်း။ သူမသည် နာမည်ကျော် ကဝေနတ်ဆိုးကလန်မှ ဖြစ်လေသည်။ ထို့အပြင် ထိုကလန်၏ သာမန်နတ်ဆိုးတစ်ကောင်သာလျှင်မဟုတ်ဘဲ ကဝေနတ်ဆိုးဘုရင်တစ်ပါး ဖြစ်သည်။ အရှိန်အဝါအရ ရန်ကိုင်၏ အဆင့်မှာ သူမထက် အများကြီးနိမ့်ကျပေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်သည် သူမ၏ညှို့ဓာတ်ပညာရပ်အောက်မှ မည်ကဲ့သို့များ ရုန်းထွက်သွားနိုင်ရလေသနည်း။

အစောပိုင်းက ရန်ကိုင်လုပ်ပြနေသည့် အမူအယာမှာ ဟန်ဆောင်နေခြင်းသက်သက်သာ ဖြစ်လေသည်။ ရန်ကိုင်၏ အေးစက်စက်မျက်လုံးများကို ကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင် ညှို့ယူခံထားရခြင်း မရှိကြောင်းကို အထင်းသား မြင်တွေ့နိုင်ပေသည်။

ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ဘာမဟုတ်တဲ့ ညှို့ဓာတ်ပညာရပ်လေးကို ဒီမှော်ဆရာပေါ် လာသုံးချင်တယ်ပေါ့ ဟုတ်လား… ခင်ဗျားက ကောင်းကင်နဲ့မြေပြင် ဘယ်လောက်ကွာခြားလဲဆိုတာကို တကယ်မသိတာပဲ…”

ထိုသို့ပြောပြီးသည့်နောက် ရှယ၏ မို့မောက်လှသော ရင်အစုံဆီသို့ သူ့လက်သီးဖြင့် ထိုးချလိုက်လေသည်။

ရှယမှာ ယခုကဲ့သို့အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံခဲ့ဖူးသည့်အတွက်ကြောင့် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ ရန်ကိုင် သူမအား တိုက်ခိုက်လိုက်သည့်အချိန်မှသာလျှင် ရှယ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး စူးစူးဝါးဝါး ထအော်လေသည်။

ရန်ကိုင်မှ တိုက်ခိုက်တော့မည်အပြု မမြင်နိုင်သော ဓါးသွားတစ်ချောင်းသည် သူ့ခေါင်းအား လာထိမှန်သလို ခံစားလိုက်ရလေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုအရာကို ဂရုစိုက်မနေခဲ့ဘဲ ရှယ၏ရင်ဘတ်တည့်တည့်သို့သာ ဆက်၍ ထိုးချလိုက်လေသည်။

မှော်စွမ်းအားတို့ ပေါက်ကွဲထွက်လာပြီးသည့်နောက် ရှယ၏ရင်ဘတ်တစ်ခုလုံး သွေးချင်းနီသွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်၏လက်သီးချက်မှ ထွက်ပေါ်လာသည့် တွန်းအားကို အားပြု၍ ရှယသည် ဆံပင်အကျွတ်ခံကာ သူမခေါင်းကို ဆွဲလှန်လျက် ရန်ကိုင်လက်မှ ရုန်းထွက်ပြီး ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းသို့ ဆုတ်သွားလေ၏။

ဟန်ချက်ပြန်ထိန်းလိုက်ပြီးသည့်နောက်တွင် ရှယ သူမရင်ဘတ်ဆီသို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမမျက်နှာတစ်ပြင်လုံး သုန်မှုန်သွားခဲ့လေ၏။

သူမ အလွန်ကိုမှ ဂုဏ်ယူလှသော မို့မောက်မောက်တောင်ဖြူနှစ်လုံးအနက် တစ်လုံးမှာ ရန်ကိုင်၏လက်သီးချက်ကြောင့် ပေါက်ကွဲထွက်သွားခဲ့လေပြီ။ ယခုဆိုလျှင် ထိုနေရာဆီမှ သွေးများမှာ သူမ၏ဝမ်းဗိုက်ထိတိုင် တောက်လျှောက်စီးကျနေခဲ့သည်။

“ငါ နင့်ကိုသတ်မယ်…” ရှယသည် အရူးတစ်ပိုင်းနှယ် ထအော်တော့လေသည်။

သူမသည် ကဝေနတ်ဆိုးတစ်ကောင်ဖြစ်လေရာ သူမ၏ခန္ဓာကိုယ်အချိုးအစားမှာ အလွန်ကိုမှ အရေးပါလှသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏လက်သီးချက်ကြောင့် သူမ၏ အချိုးအစားကျနလှသော ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရသည့်အပေါ် ရှယ မည်သို့မှ သည်းမခံနိုင်ပေ။ ဒဏ်ရာကို ပြန်ကောင်းချင်သည်ဆိုပါက သူမအနေဖြင့် တန်ရာတန်ကြေး ကြီးကြီးမားမားတစ်ခု ပြန်ပေးဆပ်ရမည် ဖြစ်သည့်အတွက်ကြောင့် ရှယမှာ အလွန်ကိုမှ ဒေါသူပုန် ထနေရတော့သည်။

တစ်ချက်ကလေး သတိလက်လွတ်ဖြစ်သွားသည့်အတွက်ကြောင့် ဤလူရိုင်းလက်တွင် ဆိုးဆိုးရွားရွား ဒုက္ခရောက်သွားခဲ့ရလေသည်။

ရန်ကိုင်ကမူ ဘာမျှပြောမနေခဲ့ဘဲ ရှယဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။ ဤနေရာသို့ လာရင်းရည်ရွယ်ချက်မှာ သတင်းအချက်အလက်စုဆောင်းရန် ဖြစ်ပါသော်ငြား တစ်ဖက်လူမှ သူ့အား သတိထားမိသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း မတိုက်ခိုက်ဘဲ နေ၍ မရတော့ချေ။ ဤနတ်ဆိုးဘုရင်ကို တစ်ခါတည်း အဆုံးသတ်ပစ်နိုင်လျှင်တော့ အကောင်းဆုံးပင်။ ထိုသို့ဖြစ်လျှင် ဤနေရာသို့ လာရသည်မှာ လုံးဝကို တန်သွားလေပြီ။

သူမဆီသို့ တဟုန်ထိုးပြေးဝင်လာနေသည့် ရန်ကိုင်ကိုကြည့်ရင်း ရှယရင်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့လေသည်။ သူမသည်သာ ဤနေရာမှ ထွက်မသွားပါက သေရတော့မည်ဟု ခံစားနေခဲ့ရသည်။

သူမ၏မသိစိတ်အရ ဤကဲ့သို့ ခံစားမိသည့်အပေါ် ရှယ အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် သူမ၏မသိစိတ်အား ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

ရုတ်တရက်ဆိုသလို ရှယ၏ခန္ဓာကိုယ်ဆီမှ အလင်းစက်ကွင်းတစ်ကွင်း ဖြာထွက်လာခဲ့လေသည်။ ရန်ကိုင်မှာ ရှယရှေ့သို့ရောက်လာပြီး ရှရာအား လှမ်းဖမ်းဆွဲတော့မည်အပြု ထိုအလင်းစက်ကွင်း၏ တွန်းထုတ်ခြင်း ခံလိုက်ရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၅၄)

ဘာသာပြန်သူ_တိမ်တိုက်

အလင်းစက်ကွင်း ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် သဲနတ်ဆိုးတစ်ကောင် ရုတ်တရက် ပေါ်လာပြီး ဒဏ်ရာရနေသည့် ရှယကို ခေါ်ကာ မြေကြီးထဲသို့ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက် စစ်ဆေးကြည့်လိုက်ရာ ရှယသည် မြေကြီးထဲသို့ အလွန်မြန်သည့်နှုန်းဖြင့် လျှိုဝင်သွားနေပြီး မကြာမီ သူ့အာရုံခံ စက်ကွင်းထဲမှ ထွက်သွားကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် ရန်ကိုင်လည်း သက်ပြင်းသာ ချနိုင်တော့လေ၏။

သဲနတ်ဆိုး၏ မြေလျှိုးနိုင်သည့် စွမ်းရည်မှာ အလွန်ကိုမှ စိတ်ညစ်စရာကောင်းလှသည်။ ကံကောင်းစွာဖြင့် သဲနတ်ဆိုးများသည် အတော်လေးကိုမှ ဥာဏ်ရည်နိမ့်ပါးကြသည်။ ထိုသို့သာမဟုတ်ပါက မြေလျှိုးနိုင်သည့် သူတို့၏ စွမ်းရည်သည် လူရိုင်းမျိုးနွယ်များအတွက် အလွန်ကိုမှ စိတ်ကရိကထဖြစ်စရာ ဖြစ်လာပေလိမ့်မည်။

ရှယမှာ ထွက်ပြေးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် သူမနောက်သို့ မလိုက်နိုင်တော့ချေ။ ထိုစဉ် ဘက်ပေါင်းစုံဆီမှ တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာလေသည်။ ဤနေရာတွင် ရှိနေသော နတ်ဆိုးများ ရှယ၏ အမိန့်ဖြင့် ရန်ကိုင်အား တိုက်ခိုက်ရန် လာနေကြခြင်း ဖြစ်သည်။

အစောပိုင်းက ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်ခဲ့သည့် နတ်ဆိုးပုလေးနှင့် ဆင်တူသည့် နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။ သို့သော် ထိုနတ်ဆိုးများ ဘာမှမလုပ်နိုင်သေးခင်မှာပင် ရန်ကိုင်သည် ကြမ်းကြုတ်စွာပြုံးရင်း ရန်သူအုပ်ထဲသို့ ပြေးဝင်သွားလေ၏။ သွေးများ ပန်းထွက်လာခဲ့ပြီး ရန်သူများမှာ ဘာမှပြန်မလုပ်နိုင်ကြဘဲ အတုံးအရုံး သေဆုံးကုန်ကြရလေသည်။

နောက်ဆုံးတွင် နတ်ဆိုးပုများမှာ ရန်ကိုင်အား ထိတ်လန့်လာပြီး ပြန်ဆုတ်သွားကုန်ကြလေ၏။

နတ်ဆိုးပုများအပြင် အကောင်ကြီးကြီး နတ်ဆိုးကြီးများလည်း ပေါ်လာကြလေသည်။ ထိုနတ်ဆိုးများသည် လက်နက်အသီးသီးကို ကိုင်ဆွဲရင်း ရန်ကိုင်ဆီသို့ ပြေးဝင်လာပြန်၏။

ရန်ကိုင်သည် ထွက်ပြေးတိမ်းရှောင်ခြင်းမပြုဘဲ အန္တဓါးကိုကိုင်ဆွဲ၍ ပြန်လည် တိုက်ခိုက်လိုက်ရာ သူ့ဓါးတစ်ချက်နှင့် သူ့ဆီသို့ ပြေးဝင်လာနေသည့် နတ်ဆိုးများ နှစ်ပိုင်းပြတ်ထွက်သွားခဲ့ရလေသည်။ တစ်ကောင်ပင် လွတ်မြောက်ခြင်း မရှိချေ။

ဤတိုက်ပွဲတွင် နတ်ဆိုးပေါင်းများစွာ သေဆုံးခဲ့ရသော်ငြား ရန်ကိုင်ကမူ မည်သည့် ဒဏ်ရာမှ ရသွားခြင်း မရှိချေ။

နတ်ဆိုးများမှာ စတင် တုန့်ဆိုင်းလာကြတော့သည်။ သူတို့ရှေ့တွင် ရှိနေသည့်လူသည် သူတို့ သွားယှဉ်ပြိုင်နိုင်သည့်လူ မဟုတ်ချေ။ အရူးထပြီး သွားတိုက်ခိုက်ပါက သေရမည့်လူသည် သူတို့သာ ဖြစ်သွားရပေလိမ့်မည်။ ထို့ကြောင့် မည်သူမှ ရှေ့တက် မလာရဲကြတော့ဘဲ ရန်ကိုင်ကိုသာ ကြောက်ကြောက်လန့်လန့်ဖြင့် အဝေးမှ ရပ်ကြည့်နေကြတော့လေ၏။

“မင်းတို့ မလာကြဘူးလား” ရန်ကိုင်သည် အန္တဓါးကို မြှောက်ပြရင်းမှ “မင်းတို့ မလာရင် ငါလာမှာနော်”

နတ်ဆိုးများသည် တိတ်မြဲတိတ်နေခဲ့သည်။

နတ်ဆိုးများ ငြိမ်နေကြသည့်အတွက်ကြောင့် ရန်ကိုင်လည်း စလှုပ်ရှားတော့လေ၏။ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပြေးထွက်သွားပြီး ခဏအကြာ၌ မူလနေရာသို့ ပြန်ရောက်လာခဲ့သည်။ အန္တဓါးသွားထိပ်မှ သွေးများသည် တတောက်တောက်ဖြင့် အောက်သို့ စီးကျနေခဲ့လေသည်။

နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်လေ၏။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “အမှိုက်ကောင်တွေ”

ထိုသို့ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူးပါးပြင်တစ်ခုလုံး အစိမ်းရောင်သန်းလာခဲ့လေ၏။ ရန်ကိုင် အလန့်တကြား ထအော်လေသည် “အဲ့ခွေးမက ငါ့ကို အဆိပ်သုံးရဲတယ်ပေါ့”

ထိုအစိမ်းရောင်သည် သူ့ပါးပြင်မှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ စတင် ပျံ့နှံ့သွားရာ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်တစ်ကိုယ်လုံး အစိမ်းရောင် ဖြစ်သွားခဲ့ရသည်။

“ဟားဟားဟားဟား” ထိုမြင်ကွင်းကိုကြည့်ရင်း ရှယသည် လိုဏ်ဂူထဲမှ အားပါးတရ အော်ရယ်မောနေခဲ့လေသည်။ ရှယသည် လိုဏ်ဂူထဲရှိ တစ်နေရာတွင် ပုန်းအောင်းပြီး တိုက်ပွဲကို ထိုင်ကြည့်နေခြင်း ဖြစ်လောက်သည်။ ရန်ကိုင်၏ လက်ရှိ ခွန်အားအရလည်း သူမ ရှိနေသည့်နေရာကို အာရုံခံနိုင်လောက်အောင် သူ့ကောင်းကင်စိတ်အာရုံသည် အားကောင်းခြင်း မရှိ။ ရန်ကိုင်အား အဆိပ်ခတ်နိုင်ခဲ့သည့်အပေါ် ကျေနပ်နေသည့်အလား ရှယက လှမ်းအော်ပြောလိုက်လေသည် “အစိမ်းရောင်နတ်ဆိုးအဆိပ်ပဲ။ အစိမ်းရောင်နတ်ဆိုးအဆိပ်က အားအကောင်းဆုံးမဟုတ်ပေမယ့် ဖြေရအခက်ဆုံးနဲ့ အဆန်းကြယ်ဆုံး အဆိပ်တွေထဲမှာပါတယ်။ ကဲမောင်လေး နင်အခုဘယ်လိုလုပ်မှာလဲ၊ အသက်ရှင်ချင်တာလား။ အဲ့ဒါဆိုရင် အစ်မကို လာတောင်းပန်ပြီး အစ်မရဲ့ ကျွန် လုပ်မှပဲ ရမှာနော်”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူသတ်ခဲ့သည့် နတ်ဆိုးများထဲတွင် အခြားနတ်ဆိုးများနှင့် သိပ်မတူသည့် အစိမ်းရောင်နတ်ဆိုးလေးတစ်ကောင် ရှိခဲ့ကြောင်း သတိရသွားသည်။ ရှယပြောနေသည့် အစိမ်းရောင်နတ်ဆိုးသည် ထိုနတ်ဆိုးကို ပြောနေခြင်း ဖြစ်လောက်ပေသည်။

သို့သော်ငြား ထိုအစိမ်းရောင်နတ်ဆိုးသည် သူ့အား တစ်ချက်ပင် မတိုက်ခိုက်နိုင်ခဲ့ပေ။ ရန်ကိုင်ကိုယ်တိုင်သည်လည်း အစိမ်းရောင်နတ်ဆိုးဆီသို့ အနီးကပ်သွားခဲ့ခြင်း မရှိ။ ထိုသို့ဖြစ်လေရာ သူမည်ကဲ့သို့ အဆိပ်ခတ်ခံလိုက်ရလေသနည်း။ ရှယမှ အစိမ်းရောင် နတ်ဆိုးအဆိပ်သည် ဆန်းကြယ်သည်ဟု ပြောခြင်းမှာ အထူးအဆန်း မဟုတ်တော့ချေ။

ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏ “မလိုဘူး။ သုံးပြီးသားပစ္စည်းတွေကို ကျုပ်စိတ်မဝင်စားဘူး”

ရှယ၏ လေသံ ရုတ်ချည်း အေးစက်သွားခဲ့လေသည် “ဝါးစရာသွား မရှိတော့အောင် နင့်ပါးစပ်တစ်ခုလုံးကို ငါဖျတ်ရိုက်ပစ်ချင်နေပြီနော်”

“သုံးပြီးသားပစ္စည်း၊ ဟုတ်လား။ နင်တို့ တစ်မိသားစုလုံးကသာ သုံးပစ္စည်းသားပစ္စည်းတွေဟဲ့၊ ခွေးသူတောင်းစားရဲ့”

ထိုသို့ပြောပြီးနောက်တွင် ရှယမှာ ဒေါသထွက်လွန်းသဖြင့် နောက်ထပ် မည်သည့် စကားကိုမှ မပြောတော့နိုင် ဖြစ်သွားခဲ့ရသည်။

ပတ်ဝန်ကျင်းတစ်ခုလုံး တိတ်ကျသွားခဲ့လေသည်။ ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ “ခင်ဗျားမလာရင် ကျုပ်သွားတော့မှာနော်”

မည်သည့်အသံမှ ထွက်မလာခဲ့။

ရန်ကိုင်လည်း ပခုံးတွန့်လျက် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေ၏။

ရန်ကိုင် ထွက်သွားပြီဟု အတည်ပြုပြီးသည့်နောက်မှာ ရှယသည် မှောင်ရိပ်တစ်နေရာမှ ထွက်လာခဲ့လေသည်။ လက်ရှိအချိန်တွင် သိမ်မွေ့သည့် အမျိုးသမီးတစ်ဦး ပုံစံနှင့် လားလားမျှမတူတော့။ ထို့အစား အလွန်ကိုမှ ခက်ထန်ကြမ်းကြုတ်ကာ သွေးဆာသည့် ကြမ်းကြမ်းရမ်းရမ်း မိန်းမကြမ်းတစ်ဦးနှင့်သာ တူနေတော့သည်။

နတ်ဆိုးပုလေးသည် ရှယ ဘေးနားတွင် ပေါ်လာပြီး ထိတ်လန့်နေသည့် လေသံဖြင့် မေးလိုက်လေသည် “သခင်မ၊ အဲ့ကောင်ကို ဒီအတိုင်း လွှတ်ပေးလိုက်မလို့လား”

ရှယက အေးစက်စက် လေသံဖြင့် “ဘာလဲ၊ နင်သူ့ကို မလွှတ်ပေးချင်ဘူးလား”

နတ်ဆိုးပုလေးက ပြန်ပြောလေ၏ “သူကျုပ်တို့လူတွေကို သတ်သွားတာ အများကြီးပဲ”

“ဒါဆို ဘာလို့ နင်ကိုယ်တိုင် သူ့ကို သွားမတားတာလဲ” ရှယက နတ်ဆိုးပုလေးဘက်သို့ လှည့်၍ ပြောလိုက်လေသည်။

နတ်ဆိုးပုလေး ရှက်သွားပြီး ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားလေသည် (သခင်မကိုယ်တိုင်တောင် သူ့ကို မတားနိုင်တာ ကျုပ်ခွန်အားလေးနဲ့ သူ့ကို ဘယ်လိုလုပ်ပြီး သွားတားရမှာလဲ။ ခုနတုန်းကတောင် အဲ့ကောင်ရဲ့ လက်သီး တစ်ချက်နဲ့ ကျုပ် အသက်ပျောက်တော့မလို့ဟာကို)

“ဟန့်၊ ဘာမှမဖြစ်ဘူး။ ထားထားလိုက်။ ဒီကောင် အစိမ်းရောင်နတ်ဆိုးအဆိပ်မိထားတာ။ သူသေမှပဲ အဆိပ်ရပ်သွားလိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင်တော့ ငါတို့ နတ်ဆိုးမျိုးနွယ် ဖြစ်လာမှပဲ ရမယ်။ နတ်ဆိုးမျိုးနွယ် ဖြစ်ဖို့က လွယ်တာမို့လို့... ငါ့ကို လာအသနားခံမှပဲ ငါ့ကျွန်အဖြစ် ပြောင်းပေးမှာ။ အခုတော့ မောက်မာနိုင်တုန်းလေး မောက်မာထားဦးပေါ့”

ထိုစကားကိုကြားသော် နတ်ဆိုးပုလေး ခေါင်းတညိတ်ညိတ် ဖြစ်သွားလေသည်။

အစိမ်းရောင်နတ်ဆိုးသည် ကဝေနတ်ဆိုး၏ လက်အောက်တွင်ရှိသော နတ်ဆိုးကလန် တစ်ခု ဖြစ်ပေသည်။ နတ်ဆိုးမဟုတ်သည့် သက်ရှိများအပေါ် အစိမ်းရောင်နတ်ဆိုး အဆိပ်သည် အလွန်ကိုမှ ပြင်းသည်ဟု ပြော၍ရသည်။ အဆိပ်ရောင်နတ်ဆိုးအဆိပ် မိသွားမည် ဆိုပါက ကုသရန် ဆေးမရှိတော့ချေ။

ယခု ထိုလူရိုင်းကောင်မှာ အစိမ်းရောင်နတ်ဆိုးအဆိပ် မိသွားပြီ ဖြစ်သည့်အတွက် သူ့အား စိတ်ထဲ ထားစရာမလိုတော့ချေ။

ရှယသည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။ နတ်ဆိုးပုလေးသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ သက်ပြင်းချလျက် အမိန့်ပေးလိုက်၏ “အလောင်းတွေကို သားရဲတွေကို သွားကျွေးပစ်လိုက်”

သဲနတ်ဆိုးအများအပြား ပေါ်လာပြီး အလောင်းများကို နတ်ဆိုးသားရဲများရှိသည့် လိုဏ်ဂူဆီသို့ သယ်သွားကုန်ကြလေသည်။

…

“ဆရာ၊ ဘာ... ဘာ.. ဘာဖြစ်လာတာလဲ”

နတ်ဆိုးလိုဏ်ဂူမှ မိုင်တစ်ရာခန့်အကွာ၌... မှော်ဆရာများ၊ လူရိုင်းစစ်သည်တော်များသည် ရန်ကိုင်အား ပါးစပ်အဟောင်းသားဖြင့် ဝိုင်းအုံကြည့်နေကြလေသည်။

လက်ရှိ အချိန်တွင် ရန်ကိုင် တစ်ကိုယ်လုံးမှာ အစိမ်းရောင်သန်းနေသဖြင့် ထိုလူအားလုံး ထိတ်လန့်အံ့အားသင့်နေကြသည်မှာ အထူးအဆန်း မဟုတ်ချေ။ ပုံမှန်အားဖြင့် လူရှေ့ သူရှေ့သို့ ဤကဲသို့သော ပုံစံမျိုးဖြင့် ထွက်သွားပါက ဝိုင်းရယ်ခံရမည် ဖြစ်သော်ငြား ရန်ကိုင်သည် နတ်ဆိုးစခန်းအား စစ်ဆေးရန် ထွက်သွားကြောင်း လူတိုင်းသိကြသည်။ ထို့ကြောင့် ရန်ကိုင် ယခုကဲ့သို့ ဖြစ်လာသည့်အခါ အကုန်လုံး စိတ်ပူမိကြသည်မှာ သဘာဝသာ ဖြစ်လေသည်။

ရန်ကိုင်သည် တစ်ဖွဲ့လုံး၏ ခေါင်းဆောင်ဖြစ်သည်။ သူသာ တစ်ခုခု ဖြစ်သွားပါက ဤစစ်တပ်တစ်ခုလုံး ခေါင်းဆောင်မရှိ ဖြစ်သွားရပေလိမ့်မည်။ စစ်ပွဲတစ်ပွဲတွင် ခေါင်းဆောင်မရှိသည့် စစ်တပ်တစ်ခု၏ စွမ်းဆောင်ရည်မှာ ပုံမှန်စစ်တပ်များ၏ စွမ်းဆောင်ရည်နှင့် သိသိသာသာကို ကွာပေသည်။

“မတော်တဆ အဆိပ်မိလာတာ” ရန်ကိုင်၏ မျက်နှာကြီးမှာ သုန်မှုန်နေခဲ့သည်။ မှော်ဆရာအချို့ သူ့နား ကပ်လာတော့မည်ကို မြင်သော် လက်ဝှေ့ရမ်းလျက် သတိပေးလိုက်လေ၏ “ကျုပ်နား သိပ်ကပ်မလာနဲ့။ မဟုတ်ရင် ခင်ဗျားတို့ကိုပါ အဆိပ် ကူးသွားနိုင်တယ်”

ထိုစကားကို ကြားသော် ရန်ကိုင်နားသို့ ကပ်လာရန် လုပ်နေကြသည့် မှော်ဆရာများ ချက်ချင်း နောက်ပြန်ဆုတ်သွားကြလေသည်။

“အဲ့ဒါ အစိမ်းရောင်နတ်ဆိုးအဆိပ်လား...” ယွဲ့က ရုတ်တရက် မေးလိုက်သည်။

“အန်” ရန်ကိုင်သည် ယွဲ့ကို အံ့အားသင့်တကြီးဖြင့် ကြည့်လျက် “နင်ဘယ်လိုသိတာလဲ”

အဆိပ်နာမည်ကို ပြောနိုင်သည့်အတွက်ကြောင့် ဤအဆိပ်အကြောင်းကို ယွဲ့သိသည်မှာ သိသာလှပေသည်။

ယွဲ့က ခေါင်းညိတ်လျက် “တကယ်ကြီး အစိမ်းရောင်နတ်ဆိုးအဆိပ်ပေါ့”

ထိုစဉ် လုက ဝင်ပြောလိုက်လေသည် “အဲဒါဆိုရင်တော့ ဖြေဆေး မရှိတော့ဘူး”

“အစိမ်းရောင်နတ်ဆိုးအဆိပ်အကြောင်း နင်တို့ ဘယ်လောက်သိလဲ” ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်သည်။

အမွှာနှစ်ဦးသည် အကြည့်ချင်း ဖလှယ်ပြီးနောက် ရှင်းပြလိုက်လေ၏ “မှော်ကျောင်းတော်မှာ အရင်တုန်းက နတ်ဆိုးမျိုးနွယ်နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်းကို မှတ်တမ်းတင်ထားတဲ့ စာအုပ်အချို့ရှိတယ်။ အကြောင်းအရာတွေက သိပ်ပြီး မပြည့်စုံပေမယ့် အစိမ်းရောင်နတ်ဆိုးအကြောင်းတော့ နည်းနည်း ရေးထားတာပါတယ်”

(ဒီတော့ မှော်ကျောင်းတော်ကပေါ့)

ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ စီနီယာချင်၏ မှတ်ဥာဏ်မှတစ်ဆင့် နတ်ဆိုးမျိုးနွယ် ဤကမ္ဘာအား ကျူးကျော်သည်မှာ တစ်ကြိမ်မကတော့မှန်း ရန်ကိုင် သိနေသည်။ ထို့ကြောင့် ဤလောကကြီးထဲရှိ လူများသည် နတ်ဆိုးမျိုးနွယ်အကြောင်း အနည်းအကျဉ်းတော့ သိထားလောက်ပေသည်။ မှော်ကျောင်းတော်သည် ဤလောကကြီး တစ်ခုလုံးရှိ လူရိုင်းမျိုးနွယ်များ၏ အရေးအကြီးဆုံး နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ထိုနေရာတွင် နတ်ဆိုးမျိုးနွယ်နှင့် ပက်သက်သည့် အကြောင်းအရာအချို့ ရှိနေသည်မှာ အထူးအဆန်း မဟုတ်ချေ။

ရန်ကိုင်တို့ အဖွဲ့ထဲ၌အသက်အကြီးဆုံး မှော်အတတ်သင်က တုန်တုန်ရီရီဖြင့် မေးလိုက်လေသည် “မှော်ဆရာညိုသိထားတဲ့ အစိမ်းရောင်နတ်ဆိုးအဆိပ်ကို ကုဖို့ တကယ် ဆေးမရှိတာလား”

ယွဲ့နှင့်လုတို့ တစ်ပြိုင်တည်း ခေါင်းခါပြလိုက်ကြသည်။ ထို့နောက် ယွဲ့က ပြန်ပြောလိုက်လေသည် “ကုသဖို့ ဆေးမရှိပေမယ့် အဆိပ်ကူးမှာကိုတော့ စိတ်ပူစရာ မလိုဘူး။ အစိမ်းရောင်နတ်ဆိုးအဆိပ်က မကူးတတ်ဘူး”

ထိုသို့ ပြောပြီးနောက် သူမကိုယ်တိုင် ရန်ကိုင်၏ပါးကို သွားထိပြလိုက်သည်။ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သော်ငြား ရှောင်တော့ မရှောင်ခဲ့ချေ။ သူမလက်ကို ပြန်ရုတ်လိုက်သည့်အခါ သူမလက်ပေါ်တွင် မည်သည့် အစိမ်းရောင်အစွန်းအထင်းမှ ရှိမနေကြောင်း တွေ့လိုက်ရလေသည်။ အစိမ်းရောင်နတ်ဆိုးအဆိပ်သည် တကယ်ကို မကူးတတ်ပေ။

သို့သော်ငြား မှော်ဆရာများမှာတော့ စိတ်မအေးနိုင်ကြချေ။

ထိုစဉ်က ရန်ကိုင်က ပြန်မေးလိုက်လေ၏ “အစိမ်းရောင်နတ်ဆိုးအဆိပ်ရဲ့ လက္ခဏာတွေက ဘာလဲ”

ယွဲ့က ခေါင်းခါလျက် “အဲ့ဒါတော့ ကျွန်မတို့လည်း မသိဘူး။ စာအုပ်ထဲမှာလည်း အဲ့အကြောင်းကို ပြောမထားဘူး။ ပြောထားတာကတော့ အဆိပ်ရောင်နတ်ဆိုးအဆိပ်ကို ဖြေချင်တယ်ဆိုရင် တစ်ခုတည်းသော နည်းလမ်းက ကိုယ့်ကိုယ်ကို နတ်ဆိုးအဖြစ် ပြောင်းပစ်လိုက်ဖို့ပဲ။ မဟုတ်ရင် အခြားနည်းလမ်းမရှိဘူး။ စာအုပ်ထဲမှာ အဲ့လောက်ပဲ ပြောထားတယ်”

လုက မေးလိုက်လေသည် “ဆရာ နောက်ဆုံးပြောချင်တဲ့ စကားရှိသေးလား။ ရှိရင် ကျွန်မတို့ကို ပြောခဲ့လို့ ရတယ်နော်”

ရန်ကိုင် ဝါးလုံးကွဲ ထရယ်တော့လေသည် “ငါမသေသေးဘူးလေ”

လုက ဆက်ပြောလိုက်သည် “ဒါပေမယ့် ဆရာ ရုတ်တရက်ကြီး သေသွားခဲ့ရင် ဆရာ့ရဲ့ နောက်ဆုံးစကားကို ဘယ်သူ့ကိုမှ ပြောနိုင်တော့မှာ မဟုတ်ဘူးနော်”

ရန်ကိုင် ခေါင်းညိတ်လိုက်၏ “ကိစ္စမရှိဘူး။ ငါသေမှာမဟုတ်ဘူး။ ဘာလို့လဲတော့ မသိပေမယ့် အခု ငါလုံးဝကို အဆင်ပြေနေတယ်။ ဒီတော့ အဲ့လောက်ကြီး စိတ်ပူမနေနဲ့”

ယွဲ့နှင့်လုတို့ မျက်မှောင်ကြုတ်သွားကြသည်။ လူတိုင်းမှာလည်း စိုးရိမ်တကြီးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၅၅)

ဘာသာပြန်သူ_တိမ်တိုက်

အမွှာနှစ်ဦးသည် နှစ်ပေါင်းများစွာကြာအောင် အတူတူ လေ့ကျင့်လာခဲ့ခြင်း ဖြစ်ကာ စိတ်ချင်းဆက်နေသည့် အဆင့်သို့ပင် ရောက်နေသည့်အတွက်ကြောင့် အကြည့်ချင်း ဖလှယ်လိုက်ရုံဖြင့် တစ်ယောက် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို တစ်ယောက် သိနေကြလေပြီ။

အစိမ်းရောင်နတ်ဆိုးအဆိပ်သည် ကုသ၍မရချေ။ သို့သော်ငြား မှော်ဆရာညိုက သူမသေဘူးဟု ပြောလာသည့်အတွက်ကြောင့် သူသည်...

“နတ်ဆိုးမျိုးနွယ်အကြောင်း နင်ဘယ်လောက်သိလဲ” ရန်ကိုင်က မေးလိုက်သည်။

ယွဲ့သည် သူမစိတ်ထဲရှိ အတွေးများကို ထုတ်မပြောဘဲ ပြန်၍သာ ဖြေလိုက်သည် “သိပ်တော့မသိဘူး။ မှတ်တမ်းတွေထဲမှာ သူတို့အကြောင်း ဘာမှ သိပ်မပြောထားဘူး။ အစိမ်းရောင်နတ်ဆိုးတွေနဲ့ အနီရောင်နတ်ဆိုးတွေအကြောင်းပဲ အဓိက ပြောထားတယ်။ အဲ့နတ်ဆိုးတွေကပဲ အရင်တိုက်ပွဲတွေမှာ လူရိုင်းမျိုးနွယ်တွေကို အဓိက ထိခိုက်အောင် လုပ်ခဲ့ကြတာဆိုတော့”

“အနီရောင်နတ်ဆိုး” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ထို့နောက် ရယ်စရာပုံပေါက်သည့် နတ်ဆိုးများကို စဉ်းစားမိသွားပြီး မေးလိုက်လေ၏ “ဟိုအနီရောင်အသား၊ အနီရောင်ဆံပင်နဲ့ ပုပုကွကွ၊ ဝိုင်းဝိုင်းလုံးလုံး နတ်ဆိုးတွေကို ပြောတာလား”

“ဟုတ်လောက်တယ်...” ယွဲ့ သိပ်မသေချာချေ။

“အဲ့အနီရောင်နတ်ဆိုးတွေမှာ ဘယ်လိုစွမ်းရည်တွေရှိလဲ”

ယွဲ့က ပြန်ပြောလိုက်သည် “အနီရောင်နတ်ဆိုးတွေကို ဗုံးနတ်ဆိုးတွေလို့ ခေါ်တယ်။ ရှင်းရှင်းပြောရရင် အနီရောင်နတ်ဆိုးဆိုတာ ပေါက်ကွဲဖို့ ဖြစ်လာတဲ့ နတ်ဆိုးတွေပဲ”

“အဲ့လိုနတ်ဆိုးတွေ တကယ်ကြီး ရှိတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ နတ်ဆိုးလိုဏ်ဂူထဲတွင် အနီရောင်နတ်ဆိုးများကို ရန်ကိုင် သတ်ခဲ့သည်။ ထိုနတ်ဆိုးများသည် ပုပုဝဝဖြစ်ကာ အရက်စည်ပိုင်းများနှင့် ဆင်ပေသည်။ ထိုနတ်ဆိုးများကို သတ်ခဲ့စဉ်က ဘာကိုမှ သေချာမတွေ့ခဲ့ရ။ ယခုမှသာလျှင် ထိုနတ်ဆိုးများသည် ပေါက်ကွဲရန်အတွက် မွေးဖွားလာခြင်းဖြစ်ကြောင်း သိရတော့သည်။

ဤသည်မှာ အရေးကြီးသည့် နောက်ထပ်သတင်းတစ်ခု ဖြစ်ပေသည်။

သို့သော်ငြား ယွဲ့နှင့်လု ညီအစ်မနှစ်ယောက်သည် နတ်ဆိုးအကြောင်းဆို၍ အနီရောင်နတ်ဆိုးနှင့် အစိမ်းရောင်နတ်ဆိုးများအကြောင်းသာ သိထားပြီး အခြား မည်သည့်နတ်ဆိုးအကြောင်းကိုမှ မသိချေ။

ထို့ကြောင့် ရန်ကိုင်လည်း ညီအစ်မနှစ်ယောက်ဆီမှ နတ်ဆိုးများအကြောင်း များများစားစား မသိခဲ့ရချေ။

သူ့ဘာသာ နတ်ဆိုးလိုဏ်ဂူအား သွားစစ်ဆေးကြည့်ရင်းမှ ပိုမိုများပြားသော နတ်ဆိုးများအကြောင်း သိခဲ့ရသည်။ ရန်ကိုင်လည်း နတ်ဆိုးလိုဏ်ဂူအတွင်း သူမြင်ခဲ့ရသည့် အကြောင်းအရာများကို မှော်ဆရာများအား ရှင်းပြလိုက်ပြီး အခြားအဖွဲ့သားများကိုပါ ပြောပြထားရန် ပြောလိုက်လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် နေရာလပ်တစ်ခုရှာကာ နတ်ဆိုးလိုဏ်ဂူမှာ ဖမ်းလာခဲ့သည့် နတ်ဆိုးသားရဲကို အပြင်သို့ ထုတ်ပေးလိုက်လေ၏။

နတ်ဆိုးချီတို့သည် နတ်ဆိုးသားရဲဆီမှ အဆက်မပြတ် ဖြာထွက်နေခဲ့သည်။ အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် နတ်ဆိုးသားရဲမှာ ရုတ်တရက် ထဟိန်းဟောက်လေရာ အနီးအနားတွင် ရှိနေကြသော မှော်ဆရာများ လန့်သွားကုန်ကြရလေသည်။ မှော်သားရဲကြီးကို မြင်ပြီးနောက် အကုန်လုံးမှာ ရန်ကိုင်အား ကြည့်လိုက်ကြသည်။ ဤကဲ့သို့သော မှော်သားရဲကြီးတစ်ကောင်ကို ရန်ကိုင် မည်ကဲ့သို့များ ဗြုန်းစားကြီး ပေါ်လာအောင် လုပ်နိုင်လဲဆိုသည်ကို အကုန်လုံး နားမလည်နိုင် ဖြစ်နေကြသည်။

ရန်ကိုင်သည် မှော်သားရဲ၏ စွမ်းအားကို ချက်ချင်း ချိတ်ပိတ်လိုက်လေ၏။ ထို့ကြောင့် မှော်သာရဲမှာ ဟိန်းသာဟိန်းဟောက်နေပါသော်ငြား မည်သည့် အန္တရာယ်မှ မပေးနိုင်တော့ချေ။

“နတ်ဆိုးမျိုးနွယ်မှာလည်း နတ်ဆိုးသားရဲစစ်တပ်တွေ ရှိတဲ့ပုံပဲ။ ဒီကောင်တွေရဲ့ အားနည်းချက်ကိုရှာထား။ ဒီကောင်တွေကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တဲ့ အားနည်းချက်မျိုး ရှာတွေ့နိုင်ရင် ပိုကောင်းတယ်”

ထိုသို့ အမိန့်ပေးပြီးသည့်နောက်တွင် ရန်ကိုင်သည် သူနေသည့် အိမ်လေးဆီသို့ ထွက်လာခဲ့လေသည်။

မှော်ဆရာအဖွဲ့သည် နတ်ဆိုးသားရဲနားတွင် ဝိုင်းအုံကို နတ်ဆိုးသားရဲကို သေချာစတင် လေ့လာတော့သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့လေသည်။ ရန်ကိုင်သည် နှစ်ရက်လုံးလုံး သူ့အိမ်ထဲတွင်သာ အချိန်ထိုင်ဖြုန်းနေခဲ့သည်။ သူဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မည်သူမှ မသိကြ။ လူရိုင်းစစ်သည်တော်များမှာတော့ လာမည့်တိုက်ပွဲအတွက် ကြိုးစားပမ်းစား လေ့ကျင့်နေကြလေသည်။

နတ်ဆိုးလိုဏ်ဂူထဲ၌... ရှယသည် မလုံ့တလုံ အဝတ်အစားများကိုဝတ်ရင်း သူမ၏ ပုလ္လင်ပေါ်တွင် ထိုင်နေခဲ့သည်။ မည်သို့သော ပညာရပ်ကို ထုတ်သုံးလိုက်လဲတော့မသိ။ သူမ၏ ဖျက်စီးခံရထားရသည့် တောင်မို့မို့သည် အကောင်းအတိုင်း ပြန်ဖြစ်နေခဲ့လေသည်။

လက်ရှိအချိန်တွင် ရှယသည် တရေးတမော အိပ်စက်နေသည့်အလား လက်ပေါ် မေးထောက်၍ မျက်လုံးလေး စင်းထားခဲ့သည်။ နတ်ဆိုးပုလေးကမူ လူသေကောင်ပမာ မည်သည့်အရှိန်အဝါကိုမှ ထုတ်လွှတ်ခြင်းမရှိဘဲ သူမဘေးနားတွင် မလှုပ်မယှတ် ရပ်နေခဲ့လေ၏။

အချိန်အတော်ကြာသွားသည့်နောက်တွင် ရှရာ မျက်လုံးပွင့်လာပြီး မေးလိုက်လေ၏ “အဲ့မှာ ဘာတွေဖြစ်နေတာလဲ။ သူဘာလို့ မလာသေးတာလဲ”

နတ်ဆိုးပုလေးက ချက်ချင်း ပြန်ပြောလိုက်၏ “သဲနတ်ဆိုးတွေ ပြောတာတော့ ပြင်ပမျိုးနွယ်စုတွေက သူတို့လူတွေ သေထားတာနဲ့ ပက်သက်ပြီး တော်တော်လေး အခဲမကြေ ဖြစ်နေကြတယ်တဲ့။ ဟိုကောင်ကတော့၊ တစ်ချိန်ကုန် အိမ်တွင်း အောင်းနေတာတဲ့။ အပြင်ကို ဘာမှထွက်မလုပ်ဘူးတဲ့”

ရှယက လှောင်ပြုံးပြုံးလျက် “အဲ့ကောင် အစိမ်းရောင်နတ်ဆိုးအဆိပ်ကို သူ့ကိုယ်ထဲက ထုတ်ဖို့ ကြိုးစားနေတာ၊ ရယ်မယ်ထင်နေလားမသိဘူး... အစိမ်းရောင်နတ်ဆိုးအဆိပ်သာ ဒီလောက် ဖြေရလွယ်နေရင် ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ ဖြေရခက်ထဲ အဆိပ်ထဲမှာ ပါတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် အဆိပ်မိပြီးတာတောင် နှစ်ရက်တိတိ တောင့်ခံနိုင်တယ်ဆိုတော့ မဆိုးပါဘူး”

ထိုသို့ပြောပြီးနောက်တွင် မတ်တပ်ရပ်၍ “ထွက်ဖို့အသင့်ပြင်ဖို့ အကုန်လုံးကို ပြောလိုက်”

နတ်ဆိုးပုလေး ကြောင်သွားလေသည် “သခင်မ၊ ကျုပ်တို့ သူတို့ကို သွားတိုက်ခိုက်တော့ဖို့လား”

ရှယက လှောင်ပြုံးပြုံးလျက် “သူက မလာမှတော့ ငါကပဲ သူ့ဆီ သွားရတော့မှာပေါ့။ သူတို့ အစေခံတစ်ယောက် တွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ဒီတော့ ငါသူ့ကို ဒီအတိုင်း အသေခံခိုင်းလို့ မဖြစ်ဘူး”

ထိုစကားကိုကြားသည့်အခါ နတ်ဆိုးပုလေး ထိုလူရိုင်းမှော်ဆရာကို သနားပင် သနားမိသွားသည်။ သို့တိုင် သူ့သခင်မပြောသည့်အတိုင်းလုပ်ရန် ထွက်သွားလေ၏။

ရုတ်ချည်းဆိုသလို နတ်ဆိုးလိုဏ်ဂူထဲ နတ်ဆိုးများစွာ စုဝေးလာခဲ့ကြလေသည်။

တစ်နာရီခန့်ကြာပြီးနောက်၊ ရန်ကိုင်၏ အဖွဲ့သားများ မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာသည်ကို ခံစားလိုက်ကြရသည်။ တစ်ချိန်တည်းတွင် ကင်းစောင့်နေကြသော ဝေဟင်စစ်တပ်တို့ဆီမှ စစ်ပွဲအချက်ပေး ခရာသံများ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်၏ အဖွဲ့သားအားလုံး လက်အနက်အသီးသီးကို ကိုင်ဆွဲ၍ တိုက်ပွဲအတွက် အဆင်သင့် ပြင်လိုက်ကြသည်။

ရန်ကိုင်မှာတော့ ယခင်အတိုင်း တစ်ကိုယ်လုံး အစိမ်းရောင် တောက်နေ၏။ သူ့အိမ်ထဲမှ ထွက်လာပြီး နတ်ဆိုးလိုဏ်ဂူရှိသည့်ဘက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ရာ ကောင်းကင်တစ်ခုလုံး မည်းညို့အုံ့ဆိုင်းနေကြောင်း တွေ့လိုက်ရလေသည်။ ထိုအခြင်းအရာကိုကြည့်ရင်း ရန်ကိုင်၏နှုတ်ခမ်း ကွေးတက်သွားခဲ့သည်။

ထောင်ပေါင်းများစွာသော စစ်သည်တော်များနှင့် မှော်ဆရာများမှာတော့ ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်နေကြလေသည်။

ရန်ကိုင် အစိမ်းရောင်နတ်ဆိုး အဆိပ်မိထားသည်မှာ နှစ်ရက်ခန့် ရှိနေလေပြီ။ သူ့ပုံစံမှာ အဆင်ပြေသည့်ပုံ ပေါက်ပါသော်ငြား မည်သည့်အချိန် အဆိပ်ထဖောက်မလဲ ဆိုသည်ကို မည်သူမှ မသိချေ။ စစ်ပွဲမှာ စတော့မည်ဖြစ်လေရာ သူသာ ရုတ်တရက်ကြီး သေသွားခဲ့မည်ဆိုလျှင်... စစ်သည်တော်များ၏ စိတ်ဓါတ် ပျက်ပြားသွားရနိုင်ကာ တိုက်ပွဲရေချိန်မှာလည်း ပြောင်းလဲသွားနိုင်ပေသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် အတော်များများမှာ ရန်ကိုင်အား စိတ်ပူနေပါသော်ငြား မည်သူမှ သူ့အခြေအနေကို သွားမမေးရဲခဲ့ပေ။ ရန်ကိုင် အဆင်ပြေပါစေဟုသာ သူတို့စိတ်ထဲ ကြိတ်၍ ဆုတောင်းနေခဲ့ရသည်။ ယွဲ့နှင့် လုတို့မှာတော့ အဆိုးဆုံးအတွက် ကြိုတင် ပြင်ဆင်ထားခဲ့လေ၏။

ရန်ကိုင်သည် မှော်ဆရာများနှင့် ထောင်နှင့်ချီသော လူရိုင်းစစ်သည်တော်များကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် အသက်ကိုပြင်းပြင်းရှူသွင်းလျက် အော်ပြောလိုက်၏ “မင်းတို့တွေက လူရိုင်းမျိုးနွယ်ရဲ့ စစ်သည်တော်တွေပဲ။ ဒီမြေမှာ မွေးဖွားလာခဲ့ကြတဲ့ လူရိုင်းစစ်သည်တော်တွေ။ အမိမြေကို ကာကွယ်ရမှာ ငါတို့ လူရိုင်းစစ်သည်တော်တွေရဲ့ တာဝန်ပဲ။ အခု ရန်သူတွေက ကျူးကျော်လာနေကြပြီ။ ဒီရန်သူတွေက ဟိုရွာမှာ မင်းတို့ရဲ့ ညီအစ်ကိုတွေ သတ်သွားခဲ့တဲ့ နတ်ဆိုးတွေပဲ။ ဒါအစပဲ ရှိသေးတယ်။ ငါတို့သာ ဒီနတ်ဆိုးတွေကို မတွန်းလှန်နိုင်ရဲ့ သန်းနဲ့ချီတဲ့လူတွေ အကုန်လုံး သေကြေရမှာ။ လူရိုင်းမျိုးနွယ်တစ်ခုလုံးရဲ့ အနာဂတ် မှောင်အတိကျသွားရမှာ။ ဒါကြောင့် မင်းတို့ရဲ့ ကလေးတွေ၊ မိဘတွေ၊ နောင်လာနောင်သာတွေအတွက် နတ်ဆိုးတွေကို တိုက်ထုတ်ပြီး အမိမြေကို ကာကွယ်ကြ”

ရန်ကိုင်၏ စကားသံနှင့်အတူ လူရိုင်းစစ်သည်တော်များ၏ အသက်ရှူသံ မြန်ဆန်လာပြီး တိုက်ခိုက်လိုစိတ် နိုးကြားတက်ကြွလာကြသည်။

“ဒါ ငါတို့ရဲ့ တကယ့် ပထမဆုံးတိုက်ပွဲပဲ။ ဒီတိုက်ပွဲမှာ မင်းတို့အားလုံးရဲ့ တာဝန်ပဲ တစ်ခုတည်းပဲ။ အနိုင်ရဖို့ပဲ။ နိုင်ရုံတင်မဟုတ်ဘူး။ နတ်ဆိုးစစ်တပ်တစ်ခုလုံးကိုပါ ဖျက်စီးပစ်ရမယ်။ ဒါမှပဲ ဟိုရွာမှာတုန်းက ငါတို့စစ်တပ် ခံစားခဲ့ရတဲ့ အရှက်တရားကို ဆေးကြောပစ်နိုင်လိမ့်မယ်။ ငါ့စစ်သည်တော်တို့... မင်းတို့အားလုံး အဆင်သင့် ဖြစ်ကြပြီလား”

စစ်သည်တော်အားလုံး သံပြိုင်အော်ဟစ်လိုက်ကြလေသည်။

သွေးလောင်ကျွမ်းခြင်း ပညာရပ် မသုံးထားသည့်တိုင် လူရိုင်းစစ်သည်တော်များ၏ မျက်လုံးများသည် အလိုလို နီရဲလာနေခဲ့လေသည်။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် မှုန်မှိုင်းနေသော ကောင်းကင်ပြင်ကြီးဆီသို့ လှမ်းကြည့်ရင်း “အဆင်သင့်ဖြစ်ရင် ချီတက်ကြပေတော့”

စူးရှသည့် သိမ်းငှက်အော်သံတို့နှင့်အတူ ဝေဟင်တပ် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။ ခေါင်းဆောင်အသီးသီး၏ ဦးဆောင်မှုအောက်တွင် အဖွဲ့ ဆယ်ဖွဲ့သည် နတ်ဆိုးစစ်တပ်များ ရှိနေရာဆီသို့ ချီတက်လာလေတော့၏။ စည်းချက်ညီညီ ခြေသံများသည် မြေပြင်တစ်ခုလုံးကို တသိမ့်သိမ့် တုန်ခါနေစေခဲ့သည်။

လက်ရွေးစင်စစ်တပ်များမှာမူ မှော်ဆရာများကို ကာကွယ်ပေးရင်း ချီတက်နေကြ၏။ မှော်ဆရာများဆီမှ အလင်းမှော်ပညာရပ်များ ထွက်ပေါ်လာပြီး စစ်သည်တော် အားလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

သွေးလောင်ကျွမ်းခြင်း ပညာရပ်၊ အလင်းခန္ဓာကိုယ် ပညာရပ်၊ ကျောက်တုံးချပ်ကာ ပညာရပ်၊ မဟာခွန်အား ပညာရပ်၊ အသက်ချိန်းကြိုး ပညာရပ်...

လူတိုင်းစစ်သည်တော်တိုင်း၏ ခန္ဓာကိုယ်သည် ရောင်စုံအလင်းရောင်တို့ဖြင့် တောက်ပနေခဲ့ပြီး အရွယ်အစားမှာလည်း ယခင်ထက် အဆပေါင်းများစွာ ပိုမို ကြီးမားနေခဲ့သည်။ မျက်လုံးများမှာလည်း ကြက်သွေးရောင် တောက်နေလေ၏။

စစ်တပ်နှစ်တပ်သည် မည်သည့် နည်းစနစ်ကိုမှ ထုတ်မသုံးဘဲ ထိပ်တိုက်ရင်ဆိုင်ကြမည့်ပုံပင်။ အပေါ်စီးမှ ငုံ့ကြည့်လိုက်မည်ဆိုပါက တရွေ့ရွေ့ ချီတက်လာနေသည့် စစ်တပ်ကြီးနှစ်ခုကို မြင်တွေ့နိုင်ပေသည်။ တဖြည်းဖြည်းနှင့် စစ်တပ်နှစ်တပ်ကြားရှိ အကာအဝေးမှာ ကျဉ်းမြောင်းလာခဲ့လေသည်။

တိုက်ခိုက်လိုစိတ်တို့ မိုးယံထိတိုင် ရောက်ရှိနေပြီး သတ်ဖြတ်လိုစိတ်တို့မှာ နေရာအနှံ့အပြား ပျံ့နှံ့လို့နေခဲ့သည်။ အနက်ရောင်တိမ်တိုက်များ မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားချိန် စစ်တပ်နှစ်တပ်မှာ ထိပ်တိုက်တွေ့တော့လေသည်။

အနီးကပ် ရင်ဆိုင်လာရသည့်နောက် လူရိုင်းစစ်သည်တော်များမှာ ကြောင်အမ်းအမ်း ဖြစ်သွားကုန်ကြလေသည်။ အကြောင်းမှာ ရင်းနှီးနေသည့် လူရိုင်းကလန်သားများကို သူတို့ရန်သူဘက်၌ မြင်တွေ့လိုက်ရသည့် အတွက်ကြောင့်ပင်။

နတ်ဆိုးစစ်တပ်၏ ရှေ့ပြေးတပ်မှာ နတ်ဆိုးအသွင်ပြောင်းထားခံရသည့် လူရိုင်းမျိုးနွယ်များ ဖြစ်ကြလေသည်။

သို့သော်ငြား လက်ရှိအချိန်တွင် ထိုလူများမှာ အသိစိတ်မရှိတော့ဘဲ သတ်ဖို့၊ ဖြတ်ဖို့သာ သိတောသော လူများ ဖြစ်နေကြလေပြီ။ ထိုလူများသည် လူရိုင်းမျိုးနွယ်များ၏ အဖွဲ့သားများ မဟုတ်ကြတော့ဘဲ ရန်သူများ ဖြစ်နေကြလေပြီ။

ရန်သူများသည် လက်နက်များကိုကိုင်ဆွဲရင်း မကြောက်မရွံ့ ရှေ့သို့ ပြေးတက်လာခဲ့သည်။

“သတ်” အော်ဟစ်သံတို့ မိုးယံထိတိုင် ပဲ့တင်ထပ်သွားခဲ့သည်။

အကုန်လုံးမှာ အနည်းငယ် မှင်တက်နေခဲ့ပါသော်ငြား အနည်းငယ် ပြန်လည် အာရုံစိုက်နိုင်ခဲ့သည်။ ရန်သူ့နယ်မြေထဲတွင် နတ်ဆိုးအသွင်ပြောင်းထားခံရသည့် ဖျက်စီးခံလိုက်ရသော ကလန်လေးခုမှ အဖွဲ့သားများ ရှိနေကြောင်းကို ရန်ကိုင် သူတို့အား ကြိုပြောပြထားပြီးသားပင်။ ထို့ကြောင့် အကုန်လုံးမှာ အချိန်မှီ စိတ်ကို ပြန်ထိန်းလိုက်နိုင်ကြလေသည်။

ထို့နောက် လက်နက်များကို ဆုပ်ကိုင်ရင်း ထိုလူများဆီသို့ ပြေးဝင်သွားလေ၏။

ထိုလူများသည် ယခင်ကသူတို့ မျိုးနွယ်ဝင်များ ဖြစ်ခဲ့ကြလိမ့်မည် ဖြစ်သော်ငြား ယခုအချိန်တွင် ရန်သူများ ဖြစ်နေကြလေပြီ။ သူတို့ဘက်မှ မသတ်လျှင် တစ်ဖက်လူက ပြန်သတ်သွားပေလိမ့်မည်။ ထို့အပြင် ထိုလူများကို သတ်ပေးလိုက်ခြင်းသည် ထိုလူများ ခံစားနေရသည့် ဝေဒနာမှ ကင်းလွတ်အောင် လုပ်ပေးလိုက်ခြင်းနှင့် အလားတူပင်။ မည်သူမှ နတ်ဆိုးအသွင်သို့ပြောင်းကာ နတ်ဆိုးကျွန်အဖြစ် နေရမည့်ဘဝတွင် နေချင်ကြလိမ့်မည် မဟုတ်ချေ။

ထို့အပြင် တုန့်ဆိုင်းနေခြင်းသည် သူတို့ရောင်းရင်းများ၏ အသက်ဖြင့် ဆော့ကစားခြင်းနှင့် အတူတူပင်။ အားဟူသည် ရှေ့ဆုံးမှ ပြေးတက်သွားပြီး ပုဆိန်ကြီးကိုမြှောက်၍ အားပါးတရ ခုတ်ချလိုက်လေသည်။

တိုက်ခိုက်မှုမှာ မရောက်သေးပါသော်ငြား ပုဆိန်ဆီမှ ထွက်ပေါ်လာသည့် ထက်ရှလှသော အရှိန်အဝါကြောင့် နတ်ဆိုးအသွင်ပြောင်းသွားသည့် ကလန်သား၏ အရေပြား ကွဲထွက်သွားခဲ့လေ၏။ အားဟူ၏ တိုက်ခိုက်မှု ရောက်ရှိလာချိန်တွင်တော့ ထိုကလန်သား နှစ်ပိုင်းပြတ်ထွက်သွားလေ၏။

All Chapters