သိုင်းတာအို၏ အထွတ်အထိပ်ကို ရောက်ရှိဖို့ရာ လျှောက်လှမ်းရသည့် ခရီးသည် ရှည်ကြာလွန်းလှသလို ပျင်းရိငြီးငွေ့ဖွယ်လည်း ကောင်းလွန်းလှသည်။ အမျိုးမျိုးသော အန္တရာယ်အသွယ်သွယ်ကြားတွင် မဆုတ်မနစ်ဇွဲနှင့် အားထုတ်ကြိုးစားမှသာလျှင် အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်ပေလိမ့်မည်။ ကောင်းကင်စံအိမ်သည် ၎င်းတို့၏ တပည့်များ သိုင်းခရီးလမ်းကို လျှောက်လှမ်းနိုင်ရန်အတွက် အခက်ခဲဆုံးသော နည်းလမ်းများဖြင့် ပြင်ဆင်ပေးပေသည်။ တစ်နေ့တွင် အဆင့်နိမ့် တပည့်လေး တစ်ဦးဖြစ်သော ရန်ကိုင်သည် ထူးဆန်းသည့် အနက်ရောင်စာအုပ်တစ်အုပ်ကို ရရှိခဲ့သည်။ ထိုစာအုပ်ကို ရရှိပြီးချိန်မှစ၍ ရန်ကိုင်၏ ဘဝသည် တစ်ဆစ်ချိုး ပြောင်းလဲရလေတော့သည်။ အခက်အခဲမျိုးစုံဖြင့် ပြည့်နေသော သိုင်းခရီးလမ်း၌ မည်ကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာ အန္တရာယ်များ၊ အခွင့်အလမ်းများကများ သူ့အား စောင့်ကြိုနေမလဲ...။ ရန်ကိုင်ကကော ထိုကဲ့သို့သော အခက်အခဲများကို မည်ကဲ့သို့ ကျော်ဖြတ်သွားမလဲ...။

