← Chapters

အခန်း (၉၈၁-၉၈၅)

Vol. 40 Ch. 981-985

အခန်း (၉၈၁-၉၈၅)

Vol. 40 Ch. 981-985

အပိုင်း (၉၈၁)

အခန်းထဲဝယ်၊ အိပ်ရာပျော့ပျောထက် ရှနင်းချန် လဲလျောင်းနေခဲ့သည်။

ရန်ကိုင်သည် အကြမ်းပတမ်း မလှုပ်ရှားခဲ့၊ စကားချိုချိုလေးများ ပြောရင်းဖြင့်သာ ရှနင်းချန်အား ပို၍ ရစ်မူးအောင် လုပ်နေခဲ့သည်။ ရန်ကိုင်၏ ပျားသကာနှယ် ချိုမြသည့် စကားလုံးများကြောင့် ရှနင်းချအဖို့ တိမ်တိုက်တိမ်တိုက်များထက် လွင့်မျောနေသလို၊ တအိအိ ရွေ့လျားနေသော လှိုင်းလုံးများထက် စီးမျောနေရသလို ခံစားနေခဲ့ရသည်။ သူမတစ်ကိုယ်လုံး ယိမ်းထိုးနေပြီး အသက်ရှူသံမှာလည် မြန်ဆန်လာခဲ့ရသည်။

မျက်လုံးလေးများ ရီဝေလာပြီး ဖြူစင်သော သူမ၏ မျက်နှာလေးထက် ကြည်နူးပီတိ ဖြစ်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင် ခေါင်းငုံ့လိုက်ပြီး သူမ၏ မျက်လုံးလေးကို နမ်းရှိုက်လိုက်သည်။ ထိုမှတစ်ဆင့် နှာခေါင်းရိုးတစ်လျှောက် နိမ့်ဆင်းသွားပြီး နှာခေါင်းထိပ်သို့ ရောက်သွားခဲ့သည်။ သူ့အပြုအမူကြောင့် ရှနင်းချန်၏ အသားလေး ပဲ့ကြွေသွားမည်ကို စိုးသည့်အလား ရန်ကိုင်သည် သေသေချာချာကို သတိထား လှုပ်ရှားနေခဲ့သည်။

သူနှင့် အကြည့်ချင်း ဆုံသွားသည့်အခိုက် ရှနင်းချန်၏ နားသီလေးများ ရဲရဲနီသွားခဲ့ပြီး သူ့စီနီယာမမလေးက တိုးတိုးလေး ပြောလိုက်သည် “ဂျူနီယာမောင်လေး... နင်မထွက်သွားခင်၊ ငါ့ပုံစံကို သေချာကြည့်သွားနော်”

ထိုစကားကို ကြားကြားချင်း ရန်ကိုင် ကြောင်သွားသည်။ သို့သော် အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်လေသည်။

ရှနင်းချန်ကို စတွေ့ခဲ့သည်မှာ ဆယ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော်ငြား သူမ၏ မျက်နှာကို တစ်ခါမှ မမြင်ဖူးသေးချေ။

သူ့စီနီယာမမလေးသည် အမြဲတမ်း ဇာပဝါကို ဝတ်ဆင်ထားသဖြင့် သူ့မျက်နှာကို မမြင်နိုင်ခဲ့ပေ။

အစပိုင်းတွင် သူ့စီနီယာမမလေး၏ ရုပ်ရည် မည်ကဲ့သို့ ရှိလိမ့်မည် ဆိုသည်ကို သိချင်မိသော်လည်း အချိန် ကြာလာသည့်အခါ ထိုကိစ္စကို လုံးဝ ဂရုမစိုက်တော့ချေ။

ရှနင်းချန်သည် တိုင်းနှင့်ပြည်ကို ဖျက်စီးပစ်နိုင်သည့် အလှတရားကို ပိုင်ဆိုင်ထားည်ဖြစ်စေ၊ သာမန် ရုပ်ရည်ကိုသာ ပိုင်ဆိုင်ထားသည်ဖြစ်စေ၊ စီနီယာမမလေးသည် အမြဲတမ်း သူ၏ စီနီယာမမလေး ဖြစ်နေမည်သာ။ မည်သူမှ သူ့စီနီယာမမလေး၏ နေရာကို အစားထိုးနိုင်လိမ့်မည် မဟုတ်ချေ။

သူမတွင် အစွန်းအထင်း မြူတစ်မှုန်စာမျှ စွန်းထင်းခြင်း မရှိသည့် မျက်ဝန်းလေးများရှိသည်။ ထိုအရာနှင့်ပင် လုံလောက်နေလေပြီ။

သူမထွက်သွားခင်၊ ရှနင်းချန်သည် သူမ ဇာပဝါကို ချွတ်ပြလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ သူကကော ငြင်းမည်လား၊ ဘယ်ငြင်းလေပါ့မလဲ။

ထို့နောက် ရှနင်းချန်သည် သူမ၏ ဇာပဝါကို အသာအယာ ဖယ်ရှားလိုက်သည်။

ပြတင်းပေါက်ဆီမှ လေညင်းတစ်ချက် တိုက်ခတ်သွားပြီး ဇာပဝါသည် ကုတင် တစ်ဖက်ခြမ်းသို့ ရောက်သွားခဲ့သည်။

ရှနင်းချန်ကို မျက်လုံးကို စုံမှိတ်ထားခဲ့။ ရှက်ရှက်ဖြင့် သူမ၏ မျက်နှာကို ရန်ကိုင် သေသေချာချာ မြင်ရလေအောင် ခေါင်းလေး မော့ပေးလိုက်သည်။

ရန်ကိုင် ရှနင်းချန်ကို အသေအချာ စိုက်ကြည့်နေသည်။ ထိတ်လန့်တုန်လှုပ်မှုကြောင့် လျှော့ရိုက်ခံလိုက်ရသည့်နှယ် သူ့တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။

စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်ငြား ရှနင်းချန်ပေါ် အကြည့်ရောက်သွားချိန် အနည်းငယ်တော့ ကြောင်အမိသွားသည်။

စီနီယာမမလေး၏ ရုပ်ရည်သည် သူမြင်တွေ့ခဲ့ဖူးသည့်များ အနက် အလှဆုံးမဟုတ်ချေ။ သို့သော်လည်း စီနီယာမမလေးသည် စုယန်နှင့် ရှန်ချင်းလော့တို့ကဲ့သို့ လှပသည်။ ထို့အပြင် သူမ၏ အလှသည် အခြားသူများနှင့် မတူ တစ်မူထူးခြားသည်။ ကိုယ်ပိုင်အလှဟုပင် ပြောရလေမလား။

စုယန်သည် ရေခဲနတ်သမီးလေးသဖွယ် လှပသည်။ ရှနင်းချန်သည် လွန်စွာကိုမှ ညို့ဓါတ်ပြင်းလှကာ မြင်သူတိုင်းအား ရစ်မူးရီဝေသွားအောင် ဆွဲဆောင်နိုင်သည်။ စီနီယာမမလေးသည် သန့်စင်ဖြူစင်သော အလှတရားကို ပေးစွမ်းနေသည်။

နှစ်ထောင်ပေါင်း များစွာ ကြာသွားလျှင်ပင် သူမ၏ အလှတရာသည် စိုးစဉ်းမျှ ညစ်ထေးသွားခြင်း မရှိသည့် ပုံစံမျိုးပင်။

ကြွေသားလေးသဖွယ် ချောမွတ်ဖြောင့်စင်းသော နှာတံလေး၊ ရှက်သွေးဖြာ နီးမြန်နေသော ပါးနှစ်ဖက်နှင့် ပွင့်ချပ်လေးများသဖွယ် နှုတ်ခမ်းအစုံ၊ မည်သည့် အလှပြင်ပစ္စည်းကိုမှ သုံးမထားသော်လည်း သူမ၏ အသားအရေသည် ကျောက်စိမ်းသားလေးသဖွယ် ချောမွတ်တောက်ပြောင် ဖြူဖွေးနေဆဲ။

သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီသည် အပြစ်အဆာ ကင်းလှသည်။ သို့သော် ထိုသန့်စင်ပြီး ပြစ်ချက်ကင်းလှသော အစိတ်အပိုင်းအားလုံး ပေါင်းလိုက်သည့်အခါ မမျှော်လင့်ထားသည့်အရာ တစ်ခုဖြစ်လာသည်။

သူ့ရှေ့ရှိ အလွန်တရာကိုမှ လှပသန့်စင်သော မိန်းမလှလေးသည် ဤလောကကြီး၏ သေမျိုးတို့နှင့် မသက်ဆိုင်သော နတ်သက်ကြွေလာသော နတ်မိမယ် တစ်ပါးနှယ်၊ မထိရက်၊ မကိုင်ရက်၊ မပြစ်မှားရက်နှယ် ထင်မှတ်ရသည်။

ရန်ကိုင်သည် နေရာများစွာကို သွားဖူးပြီး မိန်းမလှပေါင်း များစွာကို တွေ့ဖူးသော်လည်း ရှနင်းချန်ကဲ့သို့ တစ်မူထူးခြား လှပသော မိန်းမလှမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ချေ။

သူမ၏ မျက်နှာအစစ်ကို မြင်လိုက်သည်နှင့် ရန်ကိုင်အဖို့ သူ့စိတ်ခံစားချက်များကို ဖိနှိပ်ရ ခက်လာခဲ့သည်။ သူတို့ ခန္ဓာကိုယ်နှစ်စလုံး တစ်ခုတည်း ဖြစ်သွားသည်အထိ ရှနင်းချန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားချင်မိလာသည်။ သူမအား သူ့နားမှ တစ်ဖဝါးမှ မခွာစေချင်တော့သည်အထိ ဖြစ်လာမိသည်။

ထိုအတွေးတို့ သူ့ခေါင်းထဲ ပေါ်လာသည်နှင့် ချက်ချင်း အသက်ပြင်းပြင်း တစ်ချက်ရှူပြီး စိတ်ခံစားချက်များကို အမြန် ချုပ်ထိန်းလိုက်ရသည်။ ရန်ကိုင်၏ အမူအရာသည်လည်း လေးနက်တည်ကြည်သွားခဲ့ရလေသည်။

သူသည် စိတ်ဆန္ဒကို မချုပ်တည်းတတ်သည့် လူတစ်ယောက်မဟုတ်၊ ကောင်းကာင်း ထိန်းချုပ်တတ်သည့် လူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း သူ့စိတ်ထဲ ထိုကဲ့သို့သော အတွေးများ ဖြစ်လာရသည်။

အခြားလူများသာ ရှနင်းချန်ကို မြင်သွားပါက မည်ကဲ့သို့ ပြုမူမည်ကို ရန်ကိုင် တွေးပင်မတွေးရဲတော့ချေ။

“ဆရာက ပြောတယ်... ငါ့မျက်နှာကို အလွယ်တကူ ထုတ်မပြသင့်ဘူးတဲ့။ ဒါကြောင့် အမြဲတမ်း ဇာပဝါ တပ်ထားခဲ့တာ” ရှနင်းချန်က တိုးတိုးလေး ပြောလိုက်သည်။ ရန်ကိုင်၏ မီးတောက်နေသည့် အကြည့်ကြောင့် ရှနင်းချန်မှာ ရှက်ရွံ့သွားခဲ့ရကာ သူမ၏ ပါးနှစ်ဖက်မှာလည်း နီမြန်းလာခဲ့ရလေသည်။

“ဘဏ္ဏာထိန်းမန် ပြောတာ အမှန်ပဲ” ရန်ကိုင်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။ ရှနင်းချန်၏ ပိုးသားနှယ် ပျော့ပျောင်းသော ဆံပင်လေးများကို ပွတ်သပ်ရင်း ခေါင်းငုံ့၍ ရှနင်းချန်၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည် “စီနီယာမမလေးရဲ့ မျက်နှာအစစ်ကိုသာ မြင်သွားရင် ယောကျာ်းသားအများစု တွေးမယ့် အတွေးနှစ်မျိုးပဲ ရှိတယ်”

“ဘယ်လိုအတွေးမျိုးလဲ” ရှနင်းချန် အလွန်တရာကိုမှ ရှက်ရွံ့သွားခဲ့သည်။ သို့သော် စိတ်ကလည်း သိချင်နေသဖြင့် မေးလိုက်မိသည်။

“အကြမ်းဖက်ချင်တဲ့စိတ်နဲ့ ကာကွယ်ပေးချင်တဲ့စိတ်ပဲ”

သူမ၏ ဖြူစင်ရိုးသားမှုကို ကာကွယ်ပေးမှု ယခင်အတိုင်း ဆက်လက်ရှိနေစေခြင်း။ နောက်တစ်ခုသည်ကား သူမ၏ အဖြူရောင်ပိတ်သားကို အရောင်ဆိုးကာ သူမ၏ ဖြူစင်သန့်စင်မှုကို အပြီးတိုင် ဖျက်စီးပစ်ခြင်းပင်။ မည်သည့် ယောကျာ်းမဆို သူမကို မြင်လိုက်သည်နှင့် သူတို့ခေါင်းထဲ ထိုအတွေးနှစ်မျိုးထဲမှ တစ်မျိုး ဖြစ်ပေါ်လာပေလိမ့်မည်။

ထိုအတွေးနှစ်မျိုးသည် ရှနင်းချန်အတွက် မလိုလားအပ်သော ပြဿနာများကို ကျိန်းသေ သယ်ဆောင်လာမည်မှာ မလွဲမသွေပင်။

“အဲ့ဒါဆို ဂျူနီယာမောင်လေး နင်ကကော” ရှနင်းချန်က ရဲဆေးတင်ကာ ရန်ကိုင် မျက်လုံး တည့်တည့်ကို စိုက်ကြည့်၍ မေးလိုက်သည်။ ထိုကဲ့သို့ မေးလိုက်ရခြင်းသည် သူမအတွက် အလွန်ကိုမှ ရှက်စရာကောင်းနေလေချေပြီ။

အခြားသူများ ဘာတွေးနေသည်ကို သူမ ဂရုမစိုက်၊ ရှနင်းချန်ဆိုသော သူမ ဂရုစိုက်သည်ကြား ရန်ကိုင်၏ အတွေးကိုသာ။

“ကျွန်တော်လား” ရန်ကိုင်က မိစ္ဆာန်ဆန် ပြုံးလိုက်ပြီး “ဂျူနီယာမောင်လေးက အများစုထဲကပေါ့”

ပြောပြီးသည်နှင့် ခေါင်းငုံ၍ ရှနင်းချန်၏ နီးစွေးစွေး နှုတ်ခမ်းလေးကို အသာအယာ နမ်းရှုံ့လိုက်လေသည်။

“အင်း...” ရှနင်းချန် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူမ၏ ဝိဥာဉ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံလိုက်ရသည့်နှယ်၊ သူမ တစ်ကိုယ်လုံး လှုပ်ရှားခြင်းမရှိ ရပ်တန့်သွားခဲ့သည်။ စကားပြောရန် နေနေသာသာ ကောင်းကောင်းပင် မတွေးတောနိုင်တော့ချေ။ ရန်ကိုင်၏ အနမ်းတစ်ချက်သည် ကန်ရေပြင်ထဲ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သည့်နှယ်။

သို့‌သော်လည်း ခဏကြာ သူမ၏ နှလုံးသားနက် အတွင်းပိုင်းထဲမှ သာယာကြည်နူးမှု၊ ပျော်ရွှင်မှုတို့ လှိုက်တက်လာခဲ့ရလေသည်။

မျက်လုံးလေးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး ထိုရစ်မူးဖွယ်ရာ အခိုက်အတန့်ထဲ ပျော်ဝင်ခံစားလိုက်သည်။ သူမ၏ နှလုံးခုန်သံမှာလည်း စစ်ဗုံတီးနေသည့်နှယ် ပြင်းပြင်းထန်ထန် ခုန်လာခဲ့လေသည်။

ရှနင်းချန်းနှင့် နှုတ်ခမ်းချင်း နမ်းရှိုက်နေစဉ် အတောအတွင်း ရန်ကိုင်၏ လက်များသည် သူမ၏ အင်္ကျီအောက်ထဲသို့ လျှို့ဝင်သွားပြီး တောင်ထွတ်နှစ်လုံး ရှိရာဆီ လမ်းကြောင်းရှာလိုက်သည်။ ပျော့အိအိ တောင်မို့မို့နှစ်လုံးကို ရှာတွေ့သွားသည်နှင့် အသာအယာ ဆုပ်နှယ်ဆော့ကစားတော့လေသည်။

ရှနင်းချန်၏ ရင်သားလေးများမှာ အလွန်တကာကို ပျောအိစက်လှသည်။ အရမ်းကိုမှလည်း ကိုင်လို့ ကောင်းလှသည်။ ပျော့အိအိနှင့် ကိုင်နေရသည်မှာ အိမ်မက်ထဲ ရောက်နေသလားဟုပင် ထရသည်။ ထို့နောက် တောင်မို့မို့ထက်ရှိ ကျောက်စိမ်းသီးလေးများကို လက်ဖြင့် ဖိညစ်လိုက်ရာ ရှနင်းချန်တစ်ကိုယ်လုံး တုန်တက်သွားရ၏။ သူမ၏ ကိုယ်အပူချိန်မှာလည်း မီးတောင်ထဲ ရောက်နေသည့်နှယ် တစ်ဟုန်ထိုး မြင့်တက်လာရသည်။

အပူချိန်သာမက၊ သူမ၏ အသက်ရှူသံပါ ပြင်းထန်ကြမ်းရမ်း၊ မြန်ဆန်လာခဲ့သည်။ ရန်ကိုင်၏ လက်အစုံ သူမ၏ ရင်သားများကို ပွတ်သပ်ဆုပ်နှယ်လိုက်တိုင်း သူမ၏ ရင်ဘတ်တစ်ခုလုံး ယာကျိကျိ ဖြစ်သွားရပြီး စိတ်တစ်ခုလုံးမှာလည်း ဗလာကျင်းသွားရသည်။

ယာကျိကျိ ခံစားချက်သည် သူမအား မသက်မသာ မဖြစ်စေ၊ သူမတစ်ကိုယ်လုံးရှိ အသွေးအသား၊ စိတ်ဆန္ဒတို့ပင်ကို လောင်မြိုက်လာစေသေးသည်။ ရန်ကိုင်၏ အပွတ်အသပ်ကြောင့် သူမတစ်ကိုယ်လုံး နတ်ပြည် ရောက်နေသည့်နှယ် ခံစားနေရသည်။

လက်ရှိအချိန်ကို ဘယ်သောအခါမှ ကုန်လွန်သွားခြင်း မရှိရလအောင်ကို အချိန်ကိုသာ ရပ်တန့်ထားချင်စိတ်တို့ သူမစိတ်ထဲ ဖြစ်ပေါ်လာရသည်။

သူမ၏ အဝတ်အစားများ ကျွတ်သွားချိန် ရှနင်းချန် တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားလေသည်။

ရန်ကိုင်နှင့် စုယန်တို့ ချစ်တင်းနှောနေချိန်၊ သူတို့ နှစ်ယောက်နား သူမ အကြိမ်များစွာ အိပ်ခဲ့ဖူးသည်။ အိမ်နေစဉ် သူတို့ နှစ်‌ယောက် လုပ်နေသည်ကို မသိသည်မဟုတ်။ သိသည်။ ထို့ကြောင့် အဝတ်အစား ကျွတ်သွားပြီးနောက် နောက်ဘာဆက်ဖြစ်မည်ကို သူမ ကြိုသိနေခဲ့သည်။

အဝတ်အစာများ ကျွတ်သွားသည့်အခိုက် အသံရှူနှုန်းပင် မမှန်နိုင် ဖြစ်လာခဲ့လေသည်။

လန္စာ၏ အလင်းရောင်အောက် ရှနင်းချန်၏ ခန္ဓာကိုယ်လေးသည် အနာအဆာ ကင်းမဲ့သော အကောင်းဆုံးသော ကျောက်စိမ်းသားလေး တစ်တုံးနှယ် တောက်ပနေခဲ့သည်။ ရန်ကိုင်သည် ထိုနတ်ဘုရား လက်ရာကို တစ်သက်မမေ့ရလေအောင် သူ့နှလုံးသားထဲ အသေအချာ တံဆိပ်ခတ်နှိပ်နေခဲ့သည်။

ဆက်လက်၍ ပွတ်သပ်ဆုပ်နှယ်၊ နမ်းရှိုက်ရင်း ရှနင်ချန်း၏ အသွေးအသားများကို ဆူပွက်လာစေသည်။ သူမတစ်ကိုယ်လုံးကို နေမထိထိုင်မထိ ဖြစ်လာစေသည်။ သူမ၏ နှလုံးသားလေးကို ယိမ်းထိုးလှုပ်ခတ် လာစေခဲ့သည်။

သူ့စိတ်ထဲ သူ့စီနီယာမမလေးအား တစ်သက်မမေ့နိုင်မည့် အပြီးပြည့်စုံဆုံးသော ညတစ်ညကို ပေးစွမ်းသွားမည်ကို ဆုံးဖြတ်ပြီးသွားလေပြီ။

သူ့အနေဖြင့် ကြယ်တာရာကောင်းကင်ထဲ ထွက်ခွာတော့မည် ဖြစ်လေရာ သူ့စီနီယာမမလေးအတွက် လုပ်ပေးနိုင်သည့် အရာဆို၍ ဤအရာသာ ရှိတော့သည်။ ထို့ကြောင့် သူ့ရင်ထဲ နောင်တရနေမည့်၊ စိတ်ညစ်ရနေမည့် မည်သည့် အဖြစ်အပျက်မှ မချန်ထားခဲ့ချေ။ သူ့စီနီယာ မမလေးကိုလည်း အပြီးပြည့်စုံဆုံးသော လက်ဆောင်တစ်ခု ပေးသွားချင်သည်။

အိပ်ရာခင်းတို့ စိုစွတ်လာလေပြီ။ ရှနင်းချန်သည်လည်း ဘာကိုမှ ကောင်းကောင်း မစဉ်းစားနိုင်တော့။ သူမ၏ ဆန္ဒရိုင်းများသည် ရှိုက်သံ၊ ညည်းသံများအဖြစ်သို့ ပြောင်းလဲနေခဲ့လေပြီ။ ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာ ဆိုရင်လည်း အိပ်ရာခင်းထက် တွန့်လိမ်ကောက်ကွေး နေခဲ့ချေပြီ။ သူမ၏ အသားအရေဟာ ဆိုလျှင်လည်း တစ်ကိုယ်လုံး ပန်းရောင်သန်းနေခဲ့လေပြီ။

ရန်ကိုင်သည် အားကုန်စုစည်း၍ ရန်သူ၏ နောက်ဆုံး ခံစစ်ကို စတင်ထိုးဖောက်လေပြီ။

သူ၏ ရေအလျင်နှယ် သိမ်မွေ့သော လှုပ်ရှားမှုမျာသည် တဖြည်းဖြည်း ကြမ်းတမ်းလာခဲ့သည်။

တော်ဝင်ရုံးတော်တစ်ခုလုံး နွေဦးအချိန်အခါသမယသို့ ရောက်နေသည့်နှယ်၊ အရာအားလုံးသည် လန်းဆန်းသစ်လွင် နေခဲ့ပြီး ပန်းပွင့်တို့သည်မှာလည်း တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာနေခဲ့သည်။

လှပံသော ပုံရိပ်တစ်ခုသည် တော်ဝင်သခင်ရုံးတော်၏ အပြင်ဘက်တွင် ငြိမ်သက်စွာ ရပ်နေလျက် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် အရှေ့တည့်တည့်သို့ စိုက်ကြည့်နေခဲ့သည်။

နောက်ထပ်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် မီးအိမ်တစ်လုံးကို ကိုင်ထားသော အန်လင်းအာပင် ဖြစ်လေသည်။ ယခင်ပုံရိပ်သည် အန်လင်းအာ ရောက်လာသည်ကို သတိမထားမိ။ သူမ ချောင်းဟန့်လိုက်မှပဲ ငေးငိုင်နေရာမှ အသိပြန်ဝင်လာပြီး ကြောက်လန့်သွားသော ယုန်လေတစ်ကောင်နှယ် အလန့်တကြား ထခုန်လေသည်။ သူမ၏ လှပသော မျက်နှာလေးဟာ ဆိုလျှင်လည်း ရှက်ရွံ့မှုကြောင့် ရဲရဲနီမြန်းနေခဲ့လေသည်။

“မိန်းကလေးချူ၊ အခုအချိန်ထိတောင် မနားသေးပါလား” အန်လင်းအာက ချူလင်းအား သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်သည်။ ညဘက်ကြီး ချူရီမန် ဤနေရာတွင် ရပ်ပြီး ဘာလုပ်နေမှန်း သူမတကယ်ကို နားမလည်ချေ။

“အို... ငါနားတော့မှာ” ချူလင်းမန်က တော်ဝင်သခင်ရုံးတော် ရှိရာဆီ တစ်ချက် ချောင်းကြည့်လိုက်ပြီး အလျင်စလို ပြန်ပြောလိုက်သည်။

“တော်ဝင်သခင်နဲ့ ဆွေးနွေးချင်တာများ ရှိလို့လား” ချူရီမန်၏ အပြုအမူမှတစ်ဆင့် သဲလွန်စအချို့ကို အန်လင်းအာ ချက်ချင်းပဲ ကောက်ဆွဲနိုင်ခဲ့သည်။ ထို့ကြောင့် တွေးတွေးဆဆဖြင့် ပြုံးလျက် “ဆွေးနွေးစရာ ကိစ္စတစ်ခုခု ရှိတယ်ဆိုရင် သွားတွေ့သင့်တယ်နော်။ မိန်းကလေးချူက အပြင်လူမှ မဟုတ်တာကို။ ပြီးတော့ သူလည်း အခုအချိန် မအိမ်လောက်သေးဘူး”

“မ..... မလိုပါဘူး...” ချူရီမန်က သူမလက်ကို ကမန်းကတန်း ဝှေ့ရမ်းလိုက်ပြီး “ငါ... ငါသူ့ကို တွေ့ဖို့လာတာ မဟုတ်ဘူး... ကြယ်... ကြယ်တွေကို လာကြည့်ရုံသက်သက်ပဲ”

ချူရီမန်၏ မျက်နှာလေး ရှက်ရွံ့မှုကြောင့် ပို၍ပင် နီရဲလာခဲ့လေသည်။

“တော်ဝင်သခင်ရန်က မနက်ဖြန် ထွက်သွားတော့မှာ။ သူဘယ်အချိန် ပြန်လာမလဲ ဘယ်သူမှ သိတာ မဟုတ်ဘူး။ ဒီအခွင့်အရေးကိုသာ လွဲသွားရင် နောက်ဘယ်အချိန်မှ ပြန်ရနိုင်မလဲဆိုတာ သိနိုင်တာမဟုတ်ဘူး။ ဘာတွေ တုန့်ဆိုင်းနေသေးတာလဲ မိန်းကလေးချူ” အန်လင်းအာသည် ချူရီမန်၏ အတွေးများကို နားလည်ပေသည်။ ထို့ကြောင့် နည်းနည်းလေး တွန်းအားပေးလိုက်သည်။

“ငါသူ့ကိုတွေ့ဖို့ လာတာမဟုတ်ဘူး။ တကယ်‌ ပြောနေတာ” ချူရီမန်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည်။

အန်လင်းအာက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး တစ်ခုခု ပြန်ပြောတော့မည်အပြု ထူးဆန်းသည့် အသံတို့ကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူမ၏ မျက်လုံးကြောများ တွန့်ကွေးသွားခဲ့ပြီး ထိုအသုံးကို သေသေချာချာ နားစိုက်ထောင်လိုက်သည်။

ချူရီမန်သည်လည်း ထိုအသံများကို ကြားပေသည်။ ထို့ကြောင့် ဘာအသံမှန်း သိရလေအောင် သေသေချာချာ အာရုံစိုက် နားထောင်လိုက်သည်။

ခဏအကြာ၌ မိန်းကလေး နှစ်ယောက်စလုံး၏ မျက်နှာများ ရဲရဲတောက် နီမြန်လာခဲ့ပြီး နှစ်ယောက်စလုံး ပျာတီးပျာယာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

“အဟမ်း...” အန်လင်းအာက အသာအယာ ချောင်းဟန့်လိုက်သည် “ညလေလေးက အေးနေတာပဲ။ ဒါကြောင့် ဒီည မိန်းကလေးချူကို အဖော်ပြုပြီး ကြယ်တွေကို ထိုင်ကြည့်တော့မယ်”

တော်ဝင်သခင်ရုံးတော်သို့ ပြန်ရမည်ကို အန်လင်းအာ အရမ်းကိုမှ ရှက်ရွံ့နေပေသည်။ ထို့ကြောင့် အနီးအနားရှိ စားပွဲခုံတွင် ချက်ချင်း သွားထိုင်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်တော့လေသည်။

ချူရီမန်သည်လည်း သူမနည်းတူ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

မိန်းကလေးနှစ်ယောက်စလုံး စကားတစ်ခွန်းမှ မပြောကြ။ ညယံသည် တော်ဝင်သခင်ရုံးတော်မှ လာနေသော အသံများမှလွဲ၍ အလွန်တရာကိုမှ တိတ်ဆိတ်နေသည်။ နှစ်ယောက်စလုံး တစ်ယောက် နှလုံးခုန်သံကိုပင် တစ်ယောက် ပြန်ကြားနေရသည်။ တော်ဝင်သခင်ရုံးတော်မှ လာနေသော အသံများကြောင့် မိန်းကလေး နှစ်ယောက်စလုံး နေမထိ၊ ထိုင်မထိ ဖြစ်နေခဲ့ကြရာ သူမတို့ ခြေထောက်နှစ်ချောင်းကို အလိုလို ပူးကပ်မိလိုက်ကြသည်။

“ဟဲဟဲ... ရာသီဥတုလေးက အရမ်း သာယာတာပဲနော်” အန်လင်းအာက အဓိပ္ပါယ်မရှိသည့် စကားများကို ပြောလိုက်သည်။

“ဟုတ်တယ်” ချူရီမန်ကလည်း ဘူးမသိဘမသိနှင့် ထောက်ခံပြောဆိုလိက်သည်။

တော်ဝင်သခင်ရုံးတော်မှ လာနေသော အသံများသည် ကြာလာသည်နှင့် ပိုပို၍ ကျယ်လောင်လာခဲ့လေရာ မိန်းကလေး နှစ်ယောက်စလုံး အောက်ဘက်ပိုင်းသည်လည်း ရွစိရွစိ ဖြစ်လာခဲ့ကြရသည်။ ထိုအခိုက် လေးအေးတစ်ချက် ဖြတ်တိုက်သွားရာ နှစ်ယောက်စလုံး ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့ရလေသည်။ ဝမ်းဗိုက်နေရာမှပူ၊ လေကအေး၊ အပူအအေး ဓါတ်နှစ်မျိုးကြောင့် သူမတို့၏ ခန္ဓာကိုယ်များသည် သာမန်ထက်ပို၍ တု့န်ပြန်လာနေခဲ့သည်။

“ငါတကယ်ကို မထင်ထားဘူး” အန်လင်းအက ဆွံ့အနေသည့် အမူအရာဖြင့် ရုတ်တရက် ပြောလိုက်သည်။

“ဘာကို မထင်ထားတာလဲ” ချူရန်မန်က အန်လင်းအာကို ပြန်လှည့်မေးလိုက်သည်။

“အဲ့ အမြဲတမ်း တိတ်ဆိတ်နေပြီ၊ ဆင်ဆင်ခြင်ခြင်နဲ့ အနေအထိ ပိရိသေသပ်တဲ့ မိန်းကလေး ဒီလောက် အသံကျယ်ကျယ်နဲ့ အော်နေမယ်လို့လေ...”

“ဟဲဟဲ...” ချူရီမန် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

“နင်ရောမသွားဘူးလား” အန်လင်းအာက သူမ၏ နှုတ်ခမ်းပါးလေးကို ကိုက်၍ ရုတ်တရက် မေးလိုက်သည် “အခုအချိန်က အချိန်ကောင်းပဲနော်။ ဘာအပိုစကားမှ ပြောနေစရာ မလိုဘူး”

“အန်...” ချူရီမန် ထိတ်လန့်သွားခဲ့ပြီး ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည် “ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ”

“အခု ဘာတွေရှက်နေစရာ လိုသေးလို့လဲ။ ငါသာ နင့်နေရာမှာ ပြေးဝင်သွားပြီး အဲ့ကောင်ကို သင်ခန်းစာ ကောင်းကောင်း ပေးပစ်လိုက်ပြီ” အန်လင်းအာက ပြန်ပြောလိုက်သည်။

“မရဘူး” ချူရီမန်က သူမလက်ကို ကမန်းကတန်း ဝှေ့ရမ်းလိုက်ပြီး “ငါအဲ့လိုမလုပ်နိုင်ဘူး”

အခြားတစ်ယောက်၏ အချစ်ကို တောင်းဆိုနေသည့် မနာလိုနေသော သူလေးတစ်ယောက်နှယ် ပြူမူနေသော်ငြား ချူရီမန်သည် သူမကိုယ်သူမ ထိုကဲ့သို့ ရှက်စရာကောင်းသည့် အလုပ်ကို လုပ်အောင် တွန်းအားမပေးနိုင် ဖြစ်နေခဲ့သည်။

“ကြောက်မနေနဲ့။ နောက်မှာ ငါရှိတယ်။ အခုအကြိမ် လွဲသွားရင် နောက်တစ်ကြိမ် ရှိတော့မှာ မဟုတ်ဘူးနော်” အန်လင်းအားက မကောင်းဆိုးရွား တစ်ကောင်နှယ် ဆက်လက်၍ ဆွဲဆောင်လိုက်ပြန်သည်။

ချူရီမန် တွေဝေနေလေပြီ။ သို့သော်လည်း သေသေချာချာ တွေးလိုက်ပြီးနောက် ရုတ်တရက် ခေါင်းခါလိုက်ကာ မတ်တပ်ရပ်၍ ပြောလိုက်သည် “သူပြန်လာတာကို ငါစောင့်မယ်။ သူနောက်တစ်ကြိမ် ပြန်လာတဲ့အခါကျ... ငါသူ့ကို လွှတ်ပေးတော့မှာ မဟုတ်ဘူး။ မင်္ဂလာညချမ်းပါ မိန်းကလေးအန်၊ ကျွန်မပြန်တော့မယ်”

“အန်။ ဟေး၊ ငါ့ကို တစ်ယောက်တည်း ဒီမှာ ထားမသွားနဲ့လေ...” အန်လင်းအာက လက်မြှောက်ပြီး လှမ်းခေါ်သော်ငြား ချူရီမန်သည် သူမမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ။

ယခု သူမတစ်ယောက်တည်းသာ ရှိတော့လေပြီ။ သို့သော်လည်း ညံမစဲနိုင်သော ညည်းသံများကို ကြားနေရဆဲ။ အန်လင်းအာသည် သူမ၏ နှုတ်ခမ်လေးကိုကိုက်၊ ကိုယ်လုံးလေးကိုကျုံ့ဝင်၊ နားလေးကို လက်ဖြင့်အုပ်၍ ရန်ကိုင်အား ထပ်တလဲလဲ ကြိတ်ကာ ကျိန်ဆဲနေလိုက်သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၆)-ကြယ်တာရာကောင်းကင်

အပိုင်း (၉၈၂) စိတ်ကူးအလွန် ခြေဆန့်ခြင်း

နောက်တစ်နေ့၊ ရန်ကိုင်နှင့် ရှနင်းချန်တို့ တော်ဝင်သခင်ရုံးတော်ထဲမှ ဘေးချင်းယှဉ် လမ်းလျှောက်ထွက်လာခဲ့ကြသည်။

အပြင်ဘက်တွင် လူများစွာ စောင့်ဆိုင်းနေခဲ့ကြသည်။ ဟန်မင်းဆက်မှ အင်အားစုအသီးသီး၏ ခေါင်းဆောင်များ၊ ရန်မိသားစုဝင်များ၊ တော်ဝင်နယ်မြေ၏ အကြီးအကဲများနှင့် ခေါင်းဆောင်များ၊ ရှေးဟောင်းနတ်ဆိုးကလန်၏ ဗိုလ်ချုပ်ကြီးများ၊ သုံးဆယ်ထက် မကသော သူတော်စင် အဆင့် ဆေးပညာရှင်များ၊ ထျန်းဇန်လူအိုကြီးနှင့် တိယောင်...

အကုန်လုံးသည် ရန်ကိုင် ထွက်လာမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

ရန်ကိုင် ထွက်လာသည်ကို မြင်သော် အကုန်လုံး၏ အကြည့်တို့သည် သူတို့နှစ်ယောက်ပေါ် စုပြုံ ရောက်ရှိလာခဲ့သည်။ အကုန်လုံးသည် ‘ငါသိနေပါတယ်’ ဆိုသော အပြုံးများကို ဆင်မြန်းထားလျက်...

ရှနင်းချန်၏ မျက်နှာ တစ်မုဟုတ်ချည်း နီမြန်းသွားပြီး ရန်ကိုင်နောက် ချက်ချင်း ပြေးပုတ်လိုက်သည်။ သူမ လမ်းလျှောက်နေသည့် ပုံစံမှာလည်း သိပ်ပြီး ပုံစံမကျ... တစ်ခုခု ထောက်နေသည့်နှယ်...

ရန်ကိုင်က ခပ်ကျယ်ကျယ် အော်ရယ်လျက် လက်သီးဆုပ်ကာ “ဘာလို့ အားလုံး ဒီမှာ လာစုနေကြတာလဲဟင်”

“မင်းကို လိုက်ပို့မလို့လေ” လူအိုကြီးလီက ရှေ့တက်၍ ပြောလိုက်သည် “မင်းဒီနေ့ ထွက်သွားတော့မယ်ဆို”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်”

“အဲ့ဒါတွေ ပြောနေစရာမလိုဘူး။ ဟိုရောက်ရင်သာ သတိထား။ အဆင်မပြေရင်တော့ ပြန်သာလာပေါ့” လူအိုကြီးလီက ပြောလိုက်ရာ ရန်ကိုင်က ခေါင်းညိတ်၍ “ဂျူနီယာ သေချာမှတ်ထားလိုက်ပါ့မယ်”

ရန်ရင်ဖုန်းနှင့် ဒေါင်စုကျုသည်လည်း ရန်ကိုင်အား အရာရာကို သေချာသတိထား၊ ဂရုစိုက်ရန် အထပ်ထပ် အခါခါ သတိပေးမှာကြားလေသည်။

“ကောင်စုတ်လေး၊ သေချာပြန်လာခဲ့နော်။ နင်းချန်က ဒီမှာရှိနေတဲ့လူအားလုံးထက် မင်းတစ်ခုခု ဖြစ်သွားမှာကို အရမ်းကြောက်တာ” မန်ဝူရက အသံတိုးတိုးဖြင့် ရန်ကိုင်နားနား ကပ်ပြောလိုက်သည်။

“’ကျုပ်သိတယ်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ကတိပေးလိုက်သည် “စီနီယာမမလေးကို ကျုပ်ဝမ်းနည်းအောင် လုပ်မှာ မဟုတ်ဘူး”

“မင်းအောင်မြင်ပါစေလို့ ငါဆုတောင်းပေးနေမယ်” မန်ဝူရက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ ပြောလိုက်သည်။

သူ့မိတ်ဆွေ၊ မိသားစုဝင်များ၏ နှုတ်ဆက်စကားများနှင့် ဆုတောင်းစကားများကြောင့် ရန်ကိုင်ရင်ထဲ နွေးထွေးသွားရ၏။

တော်ဝင်နယ်မြေ၏ ကိစ္စအဝဝကို အကြီးအကဲများဆီအပ်၊ လီရုန်နှင့် အခြားသူများကို နှုတ်ဆက်စကားပြော၊ ပြင်ဆင်စရာ ရှိသည်များကို ပြင်ပြီး နောက်ဆုံး သူ့စီနီယာမမလေးအား နှစ်သိမ့်စကားဆို၊ နဖူးလေးအား နှုတ်ဆက်အနမ်း ချွေပြီးနောက် ကြယ်လွန်းပျံကို ထုတ်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။

ခရီးသစ်ကို သူစတင် လျှောက်လှမ်းလေပြီ။

အကုန်လုံးသည် တော်ဝင်သခင်ရုံးတော်မှ သူ့အား လက်ဝှေ့ရမ်း နှုတ်ဆက်နေခဲ့ကြသည်။

ရန်ကိုင်ပုံရိပ် ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ယုယင်က သက်ပြင်းတစ်ချက်ချ၍ နှစ်သိမ့်ပေးလိုက်သည် “လင်းအာ၊ မငိုနဲ့လေ။ တော်ဝင်သခင် ကျိန်းသေ ပြန်လာမှာ”

“ဘယ်သူငိုနေလို့လဲ” အန်လင်းအာက စိတ်ရှုပ်နေသည့် ပုံစံဖြင့် ပြန်မေးလိုက်သည်။

“ဒါဆို နင့်မျက်လုံးတွေ ဘာလို့ နီနေတာလဲ” ယုယင် ရယ်သွမ်းသွေးလျက် ပြန်မေးလိုက်သည်။ အန်လင်းအာ ဝန်ခံရန် ရှက်နေသည်ဟု ယုယင် ထင်နေခြင်းပင်။

“ကျွန်မ မျက်လုံးတွေ နီနေတာက...” အန်လင်းအာ ရှင်ပြရန် ပြင်လိုက်သော်လည်း မနေ့ညက အကြောင်း ပြန်စဉ်းစားမိလိုက်သည်နှင့် မည်ကဲ့သို့ ရှင်းပြ၍ ရှင်းပြရမှန်း မသိတော့ချေ။

ဇာပဝါဝတ်ထားသည့် အဆက်မပြတ် ငိုကြွေးနေသော ဖြူစင်ရိုးသားသည့် မိန်းကလေးကို ကြည့်ရင်း အန်လင်းအာ၏ စိတ်ထဲ နက်နက်နဲနဲကို လေးစားမိသွားသည်။

မနေ့ညတုန်းက အန်လင်အားသည် တစ်ညလုံး တော်ဝင်သခင်ရုံတော် အပြင်ဘက်၌ ကြယ်များကို ကြည့်ရင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရသည်။

ထိုနှစ်ယောက်သည် အမှန်တကယ်ကို သက်လုံ ကောင်းလှပေသည်။ အထိတ်လန့်ဆုံးစရာသည်ကြား မိန်းကလေးရှသည် တစ်ညလုံး မအိပ်ခဲ့သည့်တိုင် နည်းနည်းလေးမျှ ငူငူငိုင်ငိုင် ဖြစ်နေခြင်းမရှိ၊ သူမ၏ အသားအရေဟာ ဆိုလျှင်လည်း စိုပြေဝင်းလက် တောက်ပနေပေသေးသည်။

သူမ အမှန်တကယ်ကို နားမလည်နိုင်တော့ချေ။

ရန်ကိုင်ထွက်သွားပြီး ရက်အနည်းငယ် ကြာပြီးနောက် ရှေးဟောင်းနတ်ဆိုးကလန်သည် ကျန်းယွမ်နှင့် အစောပိုင်း သဘောတူညီချက်အရ လီရုန်၊ အခြား ဗိုလ်ချုပ်ကြီးများ၏ ဦးဆောင်မှုဖြင့် နတ်ဆိုးကုန်းမြေထဲသို့ ထွက်ခွာလေသည်။

နတ်ဆိုးအိုကြီးသည်လည်း လိုက်သွားခဲ့သည်။

တကယ်တော့ သူသည်လည်း နတ်ဆိုးမျိုးနွယ်စုဝင် ဖြစ်နေပြီ မဟုတ်လေလော။ နတ်ဆိုးကုန်းမြေသည်သာ သူ့အတွက် အကောင်းဆုံး ကျင့်ကြံရေးနယ်မြေတစ်ခု ဖြစ်ပေလိမ့်မည်။

ဟူညီအစ်မနှစ်ယောက်သည် တိုက်ပွဲစိတ်ဝိဥာဉ် ကျောင်းတော်နေရာမှ ထွက်ခွာ၍ အမွှာစိတ်ဝိဥာဉ်စံအိမ်သို့ ထွက်သွားခဲ့သည်။

မန်ဝူရသည် ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် အခြေချပြီး ကာကွယ်သူချုပ်ကြီး ဖြစ်လာခဲ့သည်။

တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော် နေရာတွင် ဟန်မင်းဆက်မှ ကျင့်ကြံသူများသည် ဘုံကိုးခုထွတ်မြတ် နယ်မြေမှ ထောက်ပံ့ပေးသော အရင်းအမြစ်များကို အသုံးချ၍ ကြိုးကြိုးစားစား လေ့ကျင့်နေကြသည်။

အယောက်သုံးဆယ် နီးပါးရှိသော သူတော်စင်အဆင့် ဆေးပညာရှင်များသည် ဘုံကိုးခုထွတ်မြတ်နယ်မြေကို ဆေးပညာရှင်များ၏ ဠာနာချုပ်အဖြစ် မှတ်ယူထားကြလေပြီ။ အကြောင်းမှ ထျန်းဇန်လူအိုကြီးသည် လောကကြီးထဲ ခြေဆန့်လှည့်လည်တော့မည် အဟုတ်ဘဲ တော်ဝင်နယ်မြေတွင် အခြေချတော့မည်ဟု ကြေညာလိုက်သောကြောင့် ဖြစ်ပေသည်။

လူအိုကြီးလီသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ဂုဏ်သရေရှိ ဆေးပညာရှင်ချုပ် ဖြစ်လာခဲ့လေသည်။

လူအိုကြီးနှင့် ရှနင်းချန်တို့ ထိုနေရာတွင် ရှိနေမှဖြင့် အခြားဆေးပညာရှင်များသည် ဘာကြောင့် ထွက်သွားကြတော့မည်နည်း။ အကုန်လုံးသည် အကြောင်းပြချက် အမျိုးမျိုးဖြင့် တော်ဝင်နယ်မြေတွင် နေနေကြသည်။

ထိုအဖြစ်အပျက်ကြောင့် တော်ဝင်နယ်မြေသည် ထုန်းရွှမ်လောကကြီးတွင် အလွှမ်းမိုးနိုင်ဆုံးသော အင်အားစုတစ်ခုအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားလေသည်။

----------------------------------

ကြယ်တာရာကောင်းကင်သည် အဆုံးမဲ့ကျယ်ပြေ၏။

အေးစက်က်၊ မှောင်မိုက်နေသော ကြယ်စီရင်စုထဲ ရန်ကိုင်၏ ကြယ်လွန်းပျံသည် တရွေ့ရွေ့နှင့် ရှေ့ဆက်နေသည်။

သူသည် ကြယ်တာရာကောင်းကင်သို့ ရေခဲဂိုဏ်းတွင် ရှိနေသော လေဟာနယ်လိုဏ်ခေါင်းမှတစ်ဆင့် လာခဲ့သည်။ အကြောင်းမှာ ရေခဲဂိုဏ်းချုပ် ချင်းယတို့အဖွဲ့သည် ကြယ်တာရာကောင်းကင်ထဲသို့ ထိုနေရာမှတစ်ဆင့် ထွက်သွားသောကြောင့် ဖြစ်ပေသည်။

သို့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ချေ။

ဘယ်နေရာသို့ သွားသင့်လဲ၊ သက်ရှိ သတ္တဝါတွေကို ကြုံတွေ့မည်လား သူမသိချေ။ သူသိသည်ဆို၍ ကြယ်တာရာကောင်းကင်ထဲတွင် လူသားမျိုးနွယ်စုအပြင် အခြားမျိုးနွယ်စုဝင်များပါ ရှိသည်ဆိုသည်ပင်။

အရိုးမျိုးနွယ်စုသည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ပေါင်းများစွာခန့်က ထုန်းရွှမ်လောကကြီးကို ရှာတွေ့နိုင်ခဲ့သည်။

သူဆက်သွားနေသရွေ့ တစ်နေ့ သက်ရှိ အရိပ်အယောင်တို့ကို တွေ့ရပါစေဟု ရန်ကိုင် မျှော်လင့်နေမိသည်။

ကြယ်လွန်းပျံသည် ကြယ်တာရာကောင်းကင်ထဲ ရွေ့လျားသွားလာနေခဲ့သည်။ ကြယ်လွန်းပျံ၏ အကာအကွယ် အရံအတားကြောင့် ကြယ်တာရာကောင်းကင်၏ အဖျက်စွမ်းအားသည် ရန်ကိုင်အပေါ် မသက်ရောက်နိုင်ခဲ့ပေ။

ကြယ်လွန်းပျံသာ မရှိလျှင် ရန်ကိုင်လည်း ဤမျှ ဝေးဝေးသွားနိုင်လိမ့်မည် မဟုတ်ချေ။ ကြယ်တာရာကောင်းကင်၏ အဖျက်စွမ်းအားကို ခုခံရန်အတွက် သူ့ခွန်အားကို အဆက်မပြတ် အသုံးပြုနေရလိမ့်မည် မဟုတ်လေလော။

ကြယ်လွန်းပျံကို လည်ပတ်ရန်အတွက် အသုံးပြုရသော စွမ်းအင်သည် ကြယ်တာရာကောင်းကင်၏ ဖိအားကို ခုခံရန်အတွက် ထုတ်သုံးရသော သူ့ကိုယ်ပိုင်စွမ်းအင်နှင့် ယှဉ်လျှင် အရမ်းကိုမှ နည်းလွန်းပေသည်။

ကြယ်တာရာကောင်းကင်ထဲ သူသွားနေသည်မှာ မည်မျှ ကြာသွားပြီလဲ ဆိုသည်ကို ရန်ကိုင်မသိချေ။ သို့သော် သူ၏ သူတော်စင်အဆင့် ကျင့်ကြံခြင်းမှာ တည်ငြိမ်သွားလေပြီ။ ရန်ကိုင်သည် ကျင့်လည်းကျင့်ကြံရင်း ကြယ်လွန်းပျံကို ထိန်းချုပ်လျက် ကြယ်တာရာကောင်းကင်ထဲ သွားလာနေသည်။

သို့သော်ငြား ယခုထိတိုင် ဘာကိုမှ ရှာမတွေ့သေးချေ။

သူသည် မဟာနတ်ဆိုးနတ်ဘုရားနှင့်ယှဉ်လျှင် အတော်လေး ကံကောင်းသည်ဟု ဆို၍ရပေသည်။ မဟာနတ်ဆိုးနတ်ဘုရား ကြယ်တာရာကောင်းကင်ထဲသို့ သွားစဉ်က အာကာသမုန်တိုင်းကို ကြုံတွေ့ခဲ့ရလေသည်။

သို့သော် စိတ်ပျက်စရာသည်ကား သူ့အနေဖြင့် မည်သည့် သက်ရှိ အရိပ်အယောင်ကိုမှ ရှာမတွေ့သေးခြင်း ဖြစ်သည်။

ရန်ကိုင် စိတ်ဓါတ်ကျချင်လာခဲ့သည်။ ဤအတိုင်းသာ ဦးတည်ရာမဲ့ သွားနေပါက မည်သည့် အကျိုးမှ ရှိလိမ့်မည် မဟုတ်ချေ။ ဤကြယ်စီရင်စုထဲ လမ်းပျောက်သွားပြီး အသက်ကြီး သေသွားသည်မှာလည်း ဖြစ်နိုင်ပေသည်။

ထိုသို့သော စိတ်ညစ်၊ စိတ်ပျက်စရာ အတွေးများ သူ့ခေါင်းထဲပေါ်လာသော်ငြား ပြန်ဆုတ်ရန် မစဉ်းစားခဲ့။ အကြောင်းမှာ စုယန်သည်လည်း ဤကြယ်စီရင်စုထဲရှိ တစ်နေရာရာတွင် ရှိနေသောကြောင့် ဖြစ်ပေသည်။

တစ်နေ့၊ လုပ်စရာမရှိ ဖြစ်နေသဖြင့် နတ်ဆိုးစာအုပ်ကို ထုတ်ယူ စစ်ဆေးကြည့်လိုက်သည်။

ထိုနတ်ဆိုးစာအုပ်ကို ရလိုက်သည့် အချိန်မှစ၍ သူ့ဘဝသည် တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရသည်။ သူ၏ လက်ရှအောင်မြင်မှုများသည် နတ်ဆိုးစာအုပ်နှင့် ဆက်စပ်နေပေသည်။

ထိုရှေးဟောင်းစာအုပ်မှ ရွှေရောင်အရိုးခြောက်၊ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် မဟာနတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်ကို သူရခဲ့သည်။

မဟာနတ်ဆိုးနတ်ဘုရားသည် သူမသေခင် သူ့အမွေ ဆက်ခံသူအတွက် လမ်းကြောင်းခင်းထားပေးခဲ့သည့်ပုံပင်။ သို့သော်လည်း လက်ရှိတွင် ရန်ကိုင်သည် မဟာနတ်ဆိုး နတ်ဘုရား မပြည့်မြောက်နိုင်ခဲ့သော ကြယ်တာရာကောင်းကင် အား စူးစမ်းခြင်းခရီးစဉ်ကို စတင်နေလေပြီ။

လက်ရှိအချိန်မှစ၍ သူ၏ အောင်မြင်မှုများသည် မဟာနတ်ဆိုးနတ်ဘုရားထက် ကျော်လွန်သွားပေတော့မည်။

မဝေးတော့သော အနာဂတ်တွင် သူသည် မဟာနတ်ဆိုး နတ်ဘုရား အတိတ်တွင် ပြီးမြောက်အောင် မလုပ်နိုင်ခဲ့သော အရာကို အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ ဆရာထက် တပည့်လက်စောင်းထက် ကျိန်းသေ ဖြစ်လာမည်ကို တထစ်ချ ယုံကြည်နေသည်။

“အန်...” သူအတွေးနက်နေစဉ် ရုတ်တရက် တစ်ခုခုကို သတိပြုမိလိုက်ပြီး နတ်ဆိုးစာအုပ်ကို ငုံ့ကြည့်လိုက်သည်။

အဘက်ဘက်တွင် ရှိနေသော ကြယ်များမှ စွမ်းအင်များသည် စွမ်းအင်တန်းများ အသွင်သို့ ပြောင်းလျက် နတ်ဆိုးစာအုပ်ထဲသို့ စီးဝင်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။

တစ်ချိန်တည်းတွင် နတ်ဆိုးစာအုပ်ထဲတွင် ရှိနေသော နတ်ဘုရားသစ်ပင်က သူ့အား အကြောင်းကြားလာခဲ့သည်။

နတ်ဘုရားသစ်ပင်၏ ခေါ်သံကို ကြားသော် ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “ငါအခုချက်ချင်းပဲ လာခဲ့မယ်”

ပြောပြီးသည်နှင့် သူ့နာဝိဥာဉ်ကို နတ်ဆိုးစာအုပ်ထဲသို့ ပို့လိုက်လေသည်။ အထဲသို့ ရောက်သည်နှင့် များစွာသော ကြယ်အလင်းတန်းတို့ နေရာတစ်ခုဆီ ဦးတည် စီးဆင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

အလင်းတန်းများသည် အနက်ရောင်ကျောက်တုံး နှစ်တုံးဆီသို့ စီးဆင်းနေခြင်းဖြစ်သည်။

ထိုအနက်ရောင်ကျောက်တုံး နှစ်တုံးကို မည်သို့သော အရာမှန်း ယခုထိတိုင် ရန်ကိုင် မသိသေးချေ။

ထိုအနက်ရောင်ကျောက်တုံးများသည် သတ္တုရိုင်းများစွာ ထဲရှိ သတ္တုအဆီအနှစ်များကို စုပ်ယူခဲ့သည်။ ထိုသို့ စုပ်ယူပြီးနောက် ကျောက်တုံးမျက်နှာပြင်ထက် လူသားများ၏ သွေးကြောများနှင့် ဆင်တူသော မျဉ်းကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် ကျောက်တုံးများသည် အသက်ရှိလာသည့်နှယ် ၎င်းတို့ဆီမှ လူသားတို့၏ နှလုံးခုန်သံ ကဲ့သို့သော အသံများ ကြားလာရသည်။

ကြယ်စွမ်းအင်များကို စုပ်ယူပြီးနောက် ကျောက်တုံး မျက်နှာပြင်ပေါ်ရှိ မျဉ်းကြောင်းများသည် ပို၍ ကြည်လင်၊ ပြတ်သား၊ ရှင်းလင်းလာခဲ့သည်။ ၎င်းဆီမှ ထုတ်လွှတ်နေသာ တဒုတ်ဒုတ် ခုန်နေသည့် အသံမှာလည်း ပို၍ သိသာခဲ့သည်။

“အဲ့ဒါတွေက အသက်ရှိနေတယ်ထင်တယ်” နတ်ဘုရားသစ်ပင်က ပြောလိုက်သည်။ နတ်ဘုရား သစ်ပင်သည် နတ်ဆိုးစာအုပ်ထဲတွင်နေ၍ ထိုကျောက်တုံး နှစ်တုံးကို အမြဲတမ်း စောင့်ကြည့်နေခဲ့သဖြင့် သူသည် ရန်ကိုင်ထက် ထိုကျောက်တုံးများအကြောင်းကို ပိုသိပေသည် “အဲ့ဒါတွေကို ကြည့်ရတာ လရောင်စမ်းမြက်ပင်နဲ့ ဆင်သလိုပဲ”

“မင်းပြောချင်တာက အဲ့ကျောက်တုံးနှစ်တုံးက လောကရတနာတွေလို့ ပြောချင်တာလား” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။

“သိပ်တော့လည်း မသေချော။ နှစ်ပိုင်းပိုင်းပြီး စစ်ဆေးကြည့်ချင်လား” နတ်ဘုရားသစ်ပင်က မေးလိုက်သည်။

“မလိုသေးဘူး။ အဲ့ဒါတွေသာ လောကရတနာတွေကို တကယ်ကို ဖြုန်းတီးရာရောက်မှာ” ရန်ကိုင်က ခေါင်းခါလိုက်သည် “ဘာပဲဖြစ်ဖြစ်၊ နှစ်ခုစလုံးက ပြောင်းလဲနေတုန်းပဲ ရှိသေးတယ်။ ဆက်ပြီးတော့ စောင့်ကြည့်နေ။ တစ်ခုခုထူးခြားရင် ငါ့ကို ချက်ချင်း အကြောင်းကြားလိုက်”

“သိပြီ” နတ်ဘုရားသစ်ပင်က ပြန်ပြောလိုက်သည်။

ထိုကျောက်တုံးနှစ်တုံးသည် မည်သည့် ပစ္စည်းပင် ဖြစ်စေကာမူ၊ သူသာ စိတ်ရှည်ရှည်ဖြင့် စောင့်နေသရွေ့ တစ်နေ့ကျ အမှန်တရားကို သိရပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်သည် နတ်ဆိုးစာအုပ်ကို ချက်ချင်း ပြန်မသိမ်းဘဲ ကျောက်တုံးနှစ်တုံး ကြယ်စွမ်းအင်များကို စုပ်ယူနိုင်စေရန် အပြင်သို့ ထုတ်ထားလိုက်သည်။

ရန်ကိုင် ဆက်သွားနေခဲ့သည်။

တစ်နေ့၊ သူ့ရှေ့၊ နောက်ထပ် စွမ်းအင်မုန်တိုင်း ပေါ်လာခဲ့သည်။ ထိုစွမ်းအင်မုန်းတိုင်းသည် လွန်စွာကိုမှ အရွယ်အစား ကြီးမားလှပေသည်။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူတော်စင်ချီကို လှည့်ပတ်၍ ထိုစွမ်းအင်မုန်တိုင်းကို ခုခံရန် ပြင်လိုက်သည်။

ကြယ်တာရာကောင်းကင်ထဲသို့ ခြေချလိုက်ကတည်းက အာကာသမုန်တိုင်းများသည် သူ့အတွက် ပုံမှန်ဖြစ်လာသည်။ မသေမျိုးအဆင့်သို့ ချိုးဖျက်ခဲ့စဉ်က အာကာသမုန်တိုင်းဆီမှ ကပ်သီသီလေး လွတ်မြောက်ခဲ့သည့် ဘဝမျိုး မဟုတ်တော့။ လက်ရှိသူသည် အာကာသမုန်တိုင်းကို အလွယ်တကူ ခုခံကျော်လွှား နိုင်နေလေပြီ။

အာကာသမုန်တိုင်း တိုက်ခတ်လာသည့်အချိန် ရန်ကိုင်သည် ကြယ်လွန်းပျံကို ထိန်းထားရင်း တည်တည်ငြိမ်ငြိမ်ဖြင့်သာ ဆက်သွားနေလိုက်သည်။

မရေမတွက်နိုင်သော ဂြိုလ်သိမ်ဂြိုလ်မွှား များစွာတို့သည် မုန်တိုင်းထဲ လှည့်ပတ်နေခဲ့ကြသည်။

ရုတ်တရက် တစ်ခုသော ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုသည် ရန်ကိုင်၏ အမြင်အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ထို့ကြောင့် ထိုနေရာဆီသို့ ချက်ချင်း ပြေးသွားလိုက်ပြီး စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ် တုန်ရင်လာခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၉၈၃) မိန်းမချောလေးနှစ်ယောက်

ဂြိုလ်သိမ်ဂြိုလ်မွှားပုံထဲတွင် ရပ်၍ ရန်ကိုင်သည် ဘေးပတ်ပတ်လည်ကို လေ့လာနေခဲ့သည်။ သူကြည့်လိုက်သည့် နေရာတိုင်းတွင် ကျင့်ကြံသူများ ချန်ရစ်ခဲ့သည့် အရိပ်အယောင်များကို တွေ့နေရသည်။

ရန်ကိုင် အလွန်တရာကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် လမ်းမသိဘဲ ဦးတည်ချက်မဲ့ သွားလာနေခြင်း ဖြစ်သည်။ သူ့စိတ်ထဲ ကြယ်တာရာကောင်းကင်ထဲ လမ်းပျောက်ပြီး အသက်ကြီးပြီး သေသွားရမည်ကိုလည်း ကြောက်ရွံ့နေမိသေးသည်။ လမ်းတစ်လျှောက်လုံး မည်သည့် သက်ရှိအရိပ်အယောင်ကိုမှလည်း မတွေ့ခဲ့ရချေ။ ထို့ကြောင့် သဲလွန်စအချို့ တွေ့လိုက်ရချိန် သူစိတ်အားတက်သွားခြင်းမှာ မထူးဆန်းချေ။

ရန်ကိုင်သည် စိတ်ဓါတ်ကျ၊ စိတ်ညစ်နေခြင်း မရှိတော့။ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးလေတော့သည်။

ထိုဂြိုလ်သိမ်ကြီးသည် တောင်တစ်လုံးစာမျှ ကြီးမားပေသည်။ အနားတွင် လှည့်ပတ်နေသော ဂြိုလ်သိမ်ဂြိုလ်မွှား သေးသေးလေးများလည်း ရှိနေသည်။ ဂြိုလ်သိမ်ကြီးထက်တွင် သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း မဟုတ်သော အပေါက်၊ အချိုင့်များ၊ ကမုကထစ်များ ရှိနေခဲ့သည်။ ဓါးခုတ်ရာကဲ့သို့သော ဖြတ်ပိုင်းရာများလည်း ရှိနေခဲ့သည်။

တစ်ယောက်ယောက် ဤနေရာတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရပေမည်။

ထိုအချက်ကို ရန်ကိုင် သေချာနားလည်ပေသည်။ တွေ့ရှိရသော သဲလွန်းစများအရ တိုက်ပွဲသည် အချိန် အကြာကြီးက ဖြစ်သွားခဲ့ခြင်း မဟုတ်။ လွန်ခဲ့သော ရက်အနည်းငယ်၊ လအနည်းငယ် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် ထိုချိုင့်ရှာ၊ ခွက်ရာ၊ ဖြတ်ပိုင်းရာများသည် အာကာသမုန်တိုင်း၏ ပွတ်တိုက်စားမှုကြောင့် ပြောင်ချောသွားနေပေလိမ့်မည်။

သဲလွန်စများကို သေသေချာချာ စစ်ဆေးပြီးနောက် တိုက်ခိုက်ခဲ့သော လူများသည် အရမ်းကြီး မမြင့်ကြောင်း ရန်ကိုင် သတိပြုမိလိုက်သည်။ တစ်ချိန်တည်းတွင် စိတ်သက်သာရာလည်း ရသွားခဲ့သည်။ ရန်ကိုင်သည် ကြယ်တာရာကောင်းကင်ထဲသို့ ထွက်လာလာခြင်း အားကောင်းသော ပညာရှင်များနှင့် တွေ့ရမည်ကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။

အာကာသမုန်တိုင်း အလွန်သို့ စိုက်ကြည့်နေပြီးနောက် ရန်ကိုင်သည် ကြယ်လွန်းပျံကို ထိန်းချုပ်၍ အာကာသမုန်တိုင်းနှင့် ဆန့်ကျင်ဘက် အရပ်ကို ပျံသန်းသွားလေသည်။

အာကာသမုန်တိုင်းသည် ထိုအရပ်မှာ လာခြင်းဖြစ်သည်။ ထို့ကြောင့် ဂြိုလ်သိမ်ကြီးပေါ် အပျက်အစီးများ ကျန်ခဲ့အောင် တိုက်ခိုက်ခဲ့သော လူများသည် ထိုဘက်ရှိ တစ်နေရာရာတွင် ရှိနေရပေမည်။

အခွင့်အရေးမှာ ပါးလျသော်ငြား ကြိုးစားကြည့်၍ မမှားချေ။

ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို အစွမ်းကုန် ဖြန့်ကျက်၍ ရှေ့ဆက်သွားနေခဲ့သည်။

လမ်းတွင် တွေ့ခဲ့သော ဂြိုလ်သိမ်ဂြိုလ်မွှားများကို စစ်ဆေးကြည့်ခြင်းမှ သဲလွန်စအချို့ကို ထပ်တွေ့ခဲ့ရာ သူရှာနေသော လူများသည် သူနှင့် မဝေးတော့ကြောင်း ရန်ကိုင် ခန့်မှန်းမိလိုက်သည်။

ရန်ကိုင်သည် ကြယ်လွန်းပျံအား ပို၍ မြန်မြန် ပျံသန်းစေလိုက်သည်။

အမှောင်ထုထဲ အချိန်အတော်ကြာအောင် လျှောက်ပတ်ရှာနေကြည့်ပြီးနောက် တောက်ပသော အလင်းရောင်တို့ ရန်ကိုင်ရှေ့ ထွက်ပေါ်လာခဲ့သည်။

ကြယ်စီရင်စု၏ ဤအပိုင်းတွင် တောက်ပသော ကြယ်များစွာ ရှိနေခဲ့သည်။ ကြည့်ရသည်မှာ ရန်ကိုင်သည် ကြယ်စီရင်စု၏ အခြားတစ်ဖက်သို့ ရောက်လာသည့်ပုံပင်၊ ဤနေရာတွင် ကြယ်စင်များစွာ ရှိနေသော်ငြား သူလာခဲ့သော ယခင်အပိုင်းသည် မည်းမှောင်သော အမှောင်ထုနှင့် တိတ်ဆိတ်မှုမှလွဲ၍ အခြားမရှိချေ။ ယခုဘက်ခြမ်းနှင့် ယခင်ဘက်ခြမ်းနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

မရေမတွက်နိုင်သော ကြယ်သေး၊ ကြယ်ကြီးများသည် ဤကြယ်စီရင်စုထဲ ရှေးခေတ်အချိန်များကတည်းက မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ကြယ်တစ်လုံးချင်းစီတိုင်းသည် တစ်ခုခုကို ဗဟိုပြုလျက် ပုံသဏ္ဏာအမျိုးမျိုးဖြင့် လှည့်ပတ်၊ လည်ပတ်နေခဲ့ကြသည်။

ရောင်စုံအလင်းတို့ကိုလည်း ဤဘက်ပိုင်းတွင် မြင်တွေ့နေခဲ့ရသည်။

အချို့ကြယ်များသည် လွန်စွာကိုမှ တောက်ပစွာ လင်းလက်နေခဲ့သလို တစ်ချိန်တည်းတွင် ချစ်ချစ်တောက် ပူပြင်းလှသော အပူချိန်ကို ထုတ်လွှတ်နေခဲ့သည်။ ထိုကြယ်များထဲတွင် ပါဝင်သော အပူစွမ်းအင်သည် အနားကပ်လာသူတိုင်းကို လောင်ကျွမ်းပစ်နိုင်သည်ဟု ရန်ကိုင် ခန့်မှန်းမိလိုက်သည်။

ထိုကြယ်များစွာဆီမှ ထွက်ပေါ်နေသော အပူစွမ်းအင်သည် ရန်ကိုင်ကိုယ်ထဲသို့ စီးဝင်လာရာ ရန်ကိုင်တစ်ကိုယ်လုံး အလွန်တရာကိုမှ သက်သောင့်သက်သာ ဖြစ်သွားရသည်။ အသန့်စင်ဆုံးသော ယန်ဓါတ်များပင်။

အခြားကြယ်များသည် အလွန်တရာကိုမှ အေးစက်နေခဲ့သည်။ ကြယ်တစ်စင်လုံးသည် ကမ္ဘာဦး ရေခဲများဖြင့် ဖွဲ့စည်းထားသည့်နှယ်၊ ကြယ်ဆီမှ ထွက်ပေါ်နေသော ရေခဲစက်ကွင်းသည် ကြယ်၏ အရွယ်အစားထက်ပင် ပို၍ ကြီးမားနေပေသည်။

ထိုရေခဲစက်ကွင်းသည် စက်ကွင်းထဲ ဝင်လာသည့် အရာမှန်သမျှကို အေးခဲပစ်နိုင်စွမ်း ရှိသည်ဟု ထင်ရသည်။

အခြားကြယ်များနှင့်မတူ စိမ်းစိမ်းတောက်နေသည့် ကြယ်များလည်း ရှိနေပေးသည်။ ထိုကြယ်များတွင် လွန်စွာကိုမှ သိပ်သည်းလှသော သစ်သားဓါတ်ကို ထုတ်လွှတ်နေသည့် ဧရာမသစ်ပင်ကြီးများစွာ ရှိနေခဲ့သည်။ ထိုသစ်ပင်ကြီးများကို ကြည့်ရသည်မှာ ကြယ်တာရာ ကောင်းကင်ထဲ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပေါက်ရောက်နေသည့်နှယ်။

ထိုအသစ်အဆန်း မြင်ကွင်းကြောင့် ရန်ကိုင် မှင်သက်သွားပြီး ကြောင်ကြည့်နေမိလို်ကသည်။

ကြယ်စီရင်စုကြီး၏ ထူးခြားအံ့ဩဖွယ်ကောင်းလှသည့် မြင်ကွင်းများကို သူ့မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့နိုင်ခဲ့လေပြီ။

ခန့်ပင်မခန်းမှန်နိုင်သော များပြာလှသော စွမ်းအင်တို့ကို အနားတွင် ရှိနေသော ကြယ်စင်များစွာတို့က ထုတ်လွှတ်နေ၏။ ထုန်းရွှမ်လောကကြီးတွင် ရှိနေသော တော်ဝင်နယ်မြေသည် အနေရာနှင့် ယှဉ်လိုက်လျှင် ဘာဆိုဘာမှမဟုတ်တော့ချေ။ ဤနေရာ၌ တစ်နှစ် ကျင့်ကြံခြင်းသည် ထိုနေရာ၌ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းနှင့် အလားသဏ္ဍာန် တူပေသည်။

ရန်ကိုင်၏ မွှေးညင်းပေါင်များ အလိုလို ပွင့်လာပြီး အနားရှိ စွမ်းအင်များကို လောဘတကြီး စုပ်ယူတော့သည်။ သူ့တစ်ကိုယ်လုံး တုန်ရီနေခဲ့ပြီး သူ့ပါးစပ်မှာလည်း နားရွက် တက်ချိတ်တော့မည့်နှယ် ပြုံးဖြီးနေခဲ့သည်။

ရန်ကိုင်စိတ်ထဲ ဤနေရာတွင် ထိုင်ပြီး ကျင့်ကြံပစ်ချင်သည့် စိတ်တို့ ထွက်ပေါ်လာရသည်။ ထိုအတွေးသည် လက်တွေ့မဆန်သော်ငြား သူ့အနေဖြင့် ဤမျှ သိပ်သည်းလှသော မိုးမြေစွမ်းအင်များကို လက်မလွှတ်ချင်ပေ။

သူ့ဘာသာ သိပ်သည်းလှသော မိုးမြေစွမ်းအင်များကို စုပ်ယူနေသည့် အခြင်းအရာထဲ နစ်မြောနေစဉ် သူ့ကောင်းကင် စိတ်အာရုံစက်ကွင်းထဲသို့ တစ်ယောက်ယောက် ဝင်လာသည်ကို သတိပြုမိလိုက်သည်။

ရန်ကိုင်လည်း သူ့ကောင်းကင်စိတ်အာရုံကို အမြန် ပြန်ရုတ်လိုက်ပြီး သက်ရှိ အရိပ်အယောင်အား အာရုံခံမိလိုက်သည့် အရပ်ဆီ လှမ်းကြည့်လိုက်သည်။

သူသည် တစ်ဖက်လူအား ရှာတွေ့ခဲ့သလို တစ်ဖက်လူသည်လား သူ့အား ရှာတွေ့ခဲ့သည်။ အကြောင်းမှာ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်လိုက်သည့် အချိန်တွင် တစ်ဖက်ဆီမှ သူ့အောက် မနိမ့်ကျသော ကောင်းကင် စိတ်အာရုံတို့ ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

လူနှစ်ယေဦက်ပင်... ထိုအပြင် သူတို့ကြား ကျင့်ကြံခြင်း ကွာခြားချက်သည် ကြီးမားခြင်းမရှိချေ။ ထိုနှစ်ယောက်သည် သူတော်စင် ဒုတိယအဆင့်၊ တတိယအဆင့် ဝန်းကျင်တွင်သာ ရှိနေသည်။

ကြယ်တာရာကောင်းကင်ထဲတွင် မမျှော်လင့်ဘဲ ကြုံတွေ့လိုက်သော လူနှစ်ယောက်သည် သူတော်စင် အဆင့်များ ဖြစ်နေခဲ့သည်။ ရန်ကိုင် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။ တစ်ချိန်တည်းတွင် စိတ်သက်သာရာလည်း ရသွားခဲ့သည်။ တစ်ဖက်လူသည် သူတော်စင်အဆင့် ဖြစ်နေသည့်အတွက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်မည်ဆိုလျှင် သူ့ဘက်ကလည်း ပြန်၍ ခုခံတိုက်ခိုက်နိုင်ပေမည် မဟုတ်လေလော။

ထို့ကြောင့် ရန်ကိုင်သည် တုန့်ဆိုင်းမနေဘဲ ကြယ်လွန်းပျံကို ထိန်းချုပ်၍ ထိုလူနှစ်ယောက် ရှိနေရာ အရပ်ဆီ ပျံသန်းသွားလိုက်သည်။

လမ်းတွင် ကံကောင်းပြီး လူနှစ်ယောက်ကို တွေ့ခဲ့ရသည်။ ထိုလူနှစ်ယောက်ကို ဘာကြောင့် ဒီအတိုင်း လွှတ်လိုက်ရမည်နည်း။ လမ်းပျောက်နေသည် ဖြစ်လေရာ ထိုနှစ်ယောက်အား အနီးအနားတွင် လူနေသည့်နေရာ ရှိမရှိ မေးမြန်းစူးစမ်းရပေမည်။

သို့သော်လည်း သူသည် တစ်ဖက်လူဆီသို့ သွားနေစဉ် တစ်ဖက်လူနှစ်ယောက်သည်လည်း သူ့ဆီသို့ လာနေသည့် အတွက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။

ထိုအချက်ကြောင့် ရန်ကိုင်လည်း ချက်ချင်းပဲ နိုးနိုးကြားကြား ဖြစ်သွားခဲ့ရသည်။

သူတို့၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ရန်ကိုင်၏ ခွန်အားကို သတိမပြုမိနိုင်စရာ အကြောင်းမရှိချေ။ တစ်ဖက်လူသာ မကောင်းသည့် ရည်ရွယ်ချက်ဖြင့် သူ့ဆီသို့ လာနေခြင်း ဖြစ်ပါက ကျိန်းသေ တိုက်ပွဲဖြစ်ရပေလိမ့်မည်။

ရန်ကိုင်သည် နောက်ပြန်မဆုတ်ဘဲ သတိချပ်၍သာ ရှေ့ဆက်သွားလိုက်သည်။ လမ်းပျောက်နေသည်ဖြစ်ရာ ထိုနှစ်ယောက်ကို ဘာမှမပေးဘဲ မလွှတ်လိုက်နိုင်ပါချေ။

ခဏအကြာ၌ ရန်ကိုင်ရှေ့ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် ရပ်တန့်လိုက်ပြီး သူ့ရှေ့ရှိ အပြာရောင်အလင်းတန်းကို စိုက်ကြည့်လိုက်သည်။ ခဏအကြာ၌ လှပသောမျက်ဝန်းနှစ်စုံ သူ့အား စိုက်ကြည့်လာသည်ကို တွေံလိုက်ရသည်။

ယခုမှပဲ သူ့ကောင်းကင်စိတ်အာရုံ စက်ကွင်းထဲသို့ ဝင်လာသော လူနှစ်ယောက်သည် မိန်းမငယ်လေး နှစ်ယောက် ဖြစ်နေမှန်း သိလိုက်ရသည်။

နှစ်ယောက်စလုံးသည် တူညီသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လှပသော ရုပ်ဆည်ကို ပိုင်ဆိုင်ထားကြသည်။ ခန္ဓာကိုယ်အချိုးအစားမှာလည်း အပြစ်ဆိုစရာမရှိ။ တင်းကြပ်သော အဝတ်ကြောင့် သူတို့၏ ရင်အုပ်နေရာ၊ တင်သားနေရာတို့မှာ ပို၍ ထင်ရှားပေါ်လွင်နေခဲ့သည်။ နှစ်ယောက်စလုံး၏ ရင်ဘတ်ပေါ်တွင် ဓါးပုံစံ အမှတ်အသား တစ်ခုရှိနေခဲ့သည်။ ထိုမိန်းကလေး နှစ်ယောက်စလုံးသည် အင်အားစုတစ်တည်းမှ လာခြင်း ဖြစ်ရပေမည်။

ထို့အပြင် သူတို့နှစ်ယောက်သည် ကြယ်လွန်းပျံတစ်စီးကို စီးလာခြင်းဖြစ်သည်။

ထိုနှစ်ယောက်ကို မြင်ပြီးနောက် ရန်ကိုင်စိတ်ထဲမှနေ၍ ခေါင်းညိတ်မိလိုက်သည်။ ကဲလော့ပြောခဲ့သည်မှာ မမှားချေ။ ကြယ်စီရင်စုထဲတွင် ကြယ်လွန်းပျံများသည် သာမန် မြင်တွေ့နေကျ ပစ္စည်းများသာ ဖြစ်သည်။ လွန်စွာကိုမှ အသုံးများသော သာမန် ပျံသန်းရေးမှော်ရတနာပစ္စည်းများ ဖြစ်ပေသည်။

သို့ရာတွင် မိန်းကလေးနှစ်ယောက် စီးလားသည့် ကြယ်လွန်းပျံသည် ရန်ကိုင် စီးလာသည့် ကြယ်လွန်းပျံထက် ပို၍ အဆင့်မြင့်ပေသည်။ ထိုကြယ်လွန်းပျံကို ပြုလုပ်ထားသော ပစ္စည်းများသည် ရန်ကိုင်၏ ကြယ်လွန်းပျံကို ပြုလုပ်ထားသော ပစ္စည်းများထက် ပိုအဆင့်မြင်၏။

ဒီတော့ ကြယ်လွန်းပျံတွေမှာလည်း အဆင့်တွေ ရှိသေးတယ်ပေါ့ ရန်ကိုင်က သူ့ဘာသာ တွေးလိုက်သည်။ ထို့နောက် ရိုးသားအပြစ်ကင်းစင်သည့် အမူအရာဖြင့် အမျိုးသမီးနှစ်ဦးကို ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည် “ဟယ်လို”

ရှေ့တွင် ရပ်နေသော အမျိုးသမီးသည် ရန်ကိုင်အား ပြန်ခေါင်းညိတ်ပြပြီး သူ့အာ သတိထား၍ စစ်ဆေးကြည့်လိုက်သည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူမအောက် နိမ့်ကျမှန်း တွေ့ရှိလိုက်ရပြီးနောက် စိတ်သက်သာရာရသွားသည့်ပုံပင်။

တစ်ဖက်တွင်မူ နောက်ဘက်တွင် ရပ်နေသော ပို၍ အသက်ငယ်ပုံပေါက်သည်။ ထိုကောင်မလေးသည် သူမ၏ မျက်ဝန်းလှလှလေးများဖြင့် ရန်ကိုင်အား သေသေချာချာကို စစ်ဆေးကြည့်နေခဲ့သည်။

“အစ်မကြီး၊ သူက ဟိုလူတွေဘက်က ဖြစ်နေမလား မသိဘူး” အလှလေးက တိုးတိုးလေး ပြောလိုက်သည် “ကျွန်မသူ့ကို ဘာလို့ မမြင်ဖူးရတာလဲ”

“သူ့ကျင့်ကြံခြင်းက နိမ့်လွန်းတယ်။ ဟိုလူတွေထဲက မဖြစ်နိုင်ဘူး” ရှေ့ဘက်တွင် ရပ်နေသာ အလှပိုင်ရှင်ကြီးက ဖြည်းဖြည်းချင်း ခေါင်းခါ၍ ပြောလိုက်သည် “ဒါပေမယ့် သတိထားတာ မမှားဘူး”

“အင်း” အလှလေးက ခေါင်းညိတ်လိုက်သည်။

“ဟဲလို” ရှေ့ဘက်တွင် ရပ်နေသော အမျိုးသမီးက နှုတ်ဆက်၍ ဆက်ပြောလိုက်သည် “ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ရှင့်ဆီက အကူအညီတစ်ခု တောင်းချင်ရုံ သက်သက်ပါပဲ။ အရမ်းကြီး မစိုးရိမ်ပါနဲ့”

“အို” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ပြုံး၍ ပြန်ပြောလိုက်သည် “ကျုပ်စိုးရိမ်နေတာ မဟုတ်ဘူး။ တကယ်တော့ ကျုပ်လည်း ခင်ဗျားတို့ဆီက အကူအညီ တောင်းချင်နေတာ”

“ငါတို့ဆီက အကူအညီ တောင်းချင်တာလား” အမျိုးသမီး အံ့ဩသွားခဲ့သည်။

“အင်း” ရန်ကိုင်က ပြုံးမြဲပြုံးလျက် “ကျုပ်တို့မှာ ကိုယ်လိုချင်တာ ကိုယ်စီ ရှိနေတာဆိုတော့ ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် မကူညီကြရမှာလဲ။ ဒါပေမယ့် ကိုယ်တတ်နိုင်တဲ့ ဘောင်အတွင်းကပဲပေါ့။ အတင်းအကြပ် တွန်းအားပေးတာက မကောင်းဘူးလေ၊ ဟုတ်တယ်မလား”

ရန်ကိုင်သည် တစ်ပါးသူအပေါ် အကြွေးတင်ရမည်ကို ရွံရှာပေသည်။ ထို့ကြောင့် တစ်ဖက်လူ၏ စကားသည် သူ့အတွက် အကူအညီကြီး ဖြစ်သွားခဲ့ရသည်။

ရှေ့ဘက်တွင် ရပ်နေသော အမျိုးသမီးက နောက်ဘက်တွင် ရပ်နေသော အမျိုးသမီးဘက်သို့ လှည့်၍ တစ်ခုခု တိုးတိုးလေး ပြောလိုက်သည်။ ခဏအကြာ၌ ရှေ့ဘက်သို့လှည့်၍ “ကောင်းပြီလေ”

“ခင်ဗျားတို့အရင်ပေးမယ်။ ကျုပ်ဘာကူညီပေးရမလဲ” ရန်ကိုင်က စိတ်ကောင်းဝင်နေသဖြင့် တစ်ဖက်လူကို အရင် ဦးစားပေးလိုက်သည်။

“ရှင်ရဲ့ ကြယ်မြေပုံကို ကူးယူလို့ရမလား” တစ်ဖက် မိန်းကလေးက မေးလိုက်သည်။

“ကြယ်မြေပုံလား” ထိုစကားကို ကြားကြားချင်း ရန်ကိုင် ကြောင်သွားခဲ့သည် “ကြယ်မြေပုံက ဘာလဲ”

“ကြယ်မြေပုံဆိုမှတော့ ကြယ်မြေပုံပဲပေါ့၊ ဘာဖြစ်ရဦးမှာလဲ” တစ်ဖက်အမျိုးသမီး မျက်မှောင်ကြုံ့သွားခဲ့သည “ရှင့်မှာ ကြယ်မြေပုံ မရှိဘူးလား”

ရန်ကိုင် ခေါင်းခါလိုက်သည်။

“ရှင်ကျွန်မတို့ကို လာအရူးလုပ်နေတာလား” အလှလေးက ကြယ်လွန်းပျံနောက်ဘက်ကို စိုက်ကြည့်ရင်း အော်ပြောလိုက်သည် “ရှင့်မှာ ကြယ်မြေပုံ ဘယ်လိုလုပ်ပြီး မရှိတာရတာလဲ။ ကျွန်မတို့ကို မိန်းမတွေဆိုပြီး အလွယ်တကူ လာအနိုင်ကျင့်လို့ ရမယ်ထင်မနေနဲ့”

ထို့နောက် ချစ်စဖွယ် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ လက်သီးလေးများကို ဝှေ့ရမ်း၍ ရန်ကိုအား ခြိမ်းခြောက်လိုက်သည်။

“ကျုပ်ခင်းဗျားတို့ကို အနိုင်ကျင့်နေတာ မဟုတ်ဘူး” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

“ဟန့်၊ ရှင့်မှာလည်း ကျွန်မတို့ကို အနိုင်ကျင့်နိုင်တဲ့ စွမ်းရည်မရှိပါဘူး။ ကျွန်မကို ဒေါသမထွက်မိစေအောင် သတိထားနေရင် ကောင်းမယ်။ မဟုတ်ရင် ရှင့်ကို ရိုက်နှက်ပြီး ရှင့်ကြယ်မြေပုံကို လုယူမှာ။ ပြီးရင် ရှင့်ကို ဒီနေရာမှပဲ ဒီအတိုင်းထားခဲ့မှာ” မိန်းကလေးက နှာခေါင်းရှုံ့လိုက်သည်။

“ဟဲမြောင်” ရှေ့ဘက်တွင် ရပ်နေသော အမျိုးသမီးက မိန်းမငယ်လေးကို ဆူပူလိုက်သည်။

မိန်းမငယ်လေးက ပြံးလိုက်ပြီး “အစ်မကြီး၊ အဲ့လူက အရမ်းသံသယဝင်စရာကောင်းတယ်။ သူမဟုတ်တာတွေ လျှောက်ပြောနေတာပဲ ဖြစ်ရမယ်။ သူ့ကြည့်ရတာ ကျွန်မတို့ကို နှောင့်နှေးအောင်လုပ်ဖို့ ဟိုဘက်က လွှတ်လိုက်တဲ့ လူပဲ ဖြစ်ရမယ်”

မိန်းမငယ်လေးကို ပြောသည်ကို နားထောင်ပြီးနောက် အမျိုးသမီး၏ အမူအရာ ရုတ်ချည်း နိုးနိုးကြားကြား ဖြစ်သွားရလေသည်။ ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်နေပြီးနောက် “ရှင် ဟိုလူတွေထဲက တစ်ယောက် ဟုတ်ဟုတ်မဟုတ်ဟုတ် ကျွန်မဂရုမစိုက်ဘူး။ ကျွန်မက ကြယ်မြေပုံကို လိုချင်တာ။ ကြယ်မြေကို ကျွန်မ ဝယ်မယ်။ သူတော်စင်အဆင့် သလင်းကျောက်တုံး ဆယ်တုံးဆို အဆင်ပြေမလား”

ပြောပြီးသည်နှင့် သူမဝတ်ထားသည့် လက်ကောက် အလျင်းတစ်ချက်သွားပြီး တလက်လက် တောက်ပနေသော သူတော်စင်အဆင့် သလင်းကျောက်တုံး ဆယ်တုံး ထွက်ပေါ်လာလေသည်။

“အစ်မကြီး၊ ကျွန်မတို့မျာ သူတော်စင်အဆင့် သလင်းကျောက်တွေ များများစားစား ကျန်တော့တာ မဟုတ်ဘူးနော်” မိန်းမငယ်လေးက အလန့်တကြား ဆိုလိုက်သည်။ သူမ၏ မျက်ဝဣ်းလှလှလေးများထဲ စိုးရိမ်မှုတို့ဖြင့် ပြည့်နေခဲ့သည်။ ထိုသူတော်စင်အဆင့် သလင်းကျောက်တုံး ဆယ်တုံးသည် သူမ၏ အဖိုးအတန်ဆုံး ရတနာများ ဖြစ်သည့်နှယ်။

ရန်ကိုင်သည် အပြင်ပိုင်းတွင် တည်ငြိမ်နေသော်ငြား စိတ်ထဲတွင် အတော်လေးကိုမှ ထိတ်လန့်နေမိသည်။

အကြောင်းမှာ တစ်ဖက်လူသည် သူတော်စင်အဆင့် သလင်းကျောက် ဆယ်တုံးကို အလွယ်လေး ထုတ်ပြသွားသောကြောင့် မဟုတ်ဘဲ သူမတို့ဝတ်ထားသည့် လက်ကောက်ကြောင့် ဖြစ်ပေသည်။

သူထင်သည်သာ မမှားလျှတင် ထိုလက်ကောက်သည် သိုလှောင်ရေး မှော်ရတနာတစ်ခု ဖြစ်ရပေမည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၉၈၄) နင်တို့လည်း လမ်းပျောက်နေတာလား

ထုန်းရွှမ်လောကကြီးတွင် သိုလှောင်အိတ်များသည် သာမန် သိုလှောင်ရေး မှော်ရတနာများ ဖြစ်သည်။

ရှေးဟောင်းနတ်ဆိုးကလန်၏ ဗိုလ်ချုပ်ကြီးများသာ မဟာနတ်ဆိုးနတ်ဘုရားမှ အကြွင်းအကျန် ဝိဥာဉ် ကျောက်တုံးများဖြင့် သန့်စင်ခဲ့သော သိုလှောင်လက်စွပ်များကို အသုံးပြုနိုင်ကြသည်။

ထိုလက်စွပ်သုံးကွင်း၏ တန်ဖိုးသည် သိုလှောင်အိတ် တစ်အိတ်၏ တန်ဖိုးထက် အဆပေါင်းများစွာ ပိုတန်ဖိုးကြီး၏။

သို့သော်လည်း ကြယ်တာရာကောင်းကင်ထဲတွင် သူ ပထမဆုံး တွေ့ခဲ့သော လူသည် သိုလှောင်လက်ကောက် တစ်ကွင်းကို ပိုင်ဆိုင်ထားသည့်လူ ဖြစ်နေခဲ့သည်။ ထိုသိုလှောင် လက်ကောက်၏ တန်းဖိုသည် သိုလှောင်လက်စွပ်အောက် မနိမ့်ကျနိုင်ချေ။ ပို၍ပင် မြင့်နေနိုင်သေးသည်။

ကြယ်တာရာကောင်းကင်ထဲတွင် သိုလှောင်လက်စွပ်များသည် ကြယ်လွန်းပျံများကဲ့သို့ အသုံးများသည် သာမန် သိုလှောင်ရေးရတနာများ ဖြစ်နေလေမလား။

နောက်ဘက်တွင် ရပ်နေသော အလှလေး၏ လက်ကို ရန်ကိုင် တစ်ချက် လှမ်းစစ်ဆေးကြည့်လိုက်သည်။ သို့သော် မည်သည့်လက်ကောက်ကိုမှ ရှာမတွေ့ဘဲ လက်စွပ် တစ်ကွင်းကိုသာ တွေ့လိုက်ရသည်။ ထိုလက်စွပ်သည်လည်း သိုလှောင်ရေးလက်စွပ်ပင် ဖြစ်လေသည်။

သို့သော်လည်း ရန်ကိုင်အား ဇဝေဇဝါ ဖြစ်စေသည်ကား ထိုသိုလှောင်ရေး မှော်ရတနာများသည် ဝိဥာဉ်ကျောက်တုံးဖြင့် လုပ်ထားခြင်းမဟုတ်ဘဲ အခြားသော သတ္တုတစ်မျိုးမှ လုပ်ထားခြင်းပင်။

“ရှင်ဘာကို စိုက်ကြည့်နေတာလဲ။ ခိုးကြောင်ခိုးဝှက်နဲ့၊ မုန်းစရာကောင်းလိုက်တာ” ရန်ကိုင်၏ အကြည့်ကြောင့် ရန်ကိုင်သည် မဟုတ်တရုတ် အကြံဥာဏ်များ စဉ်းစားနေသည်ဟု ဟဲမြောင် ထင်မှတ်သွားလေသည်။

“တောင်းပန်ပါတယ်ဗျာ” ရန်ကိုင်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းခါရမ်း၍ “ကြယ်မြေပုံကို ကျုပ်တကယ် မသိတာ။ ကြားတောင် ကြားဖူးတာ မဟုတ်ဘူး”

“မကြားဖူးဘူးလား” ယခုတစ်ကြိမ်တော့ အမျိုးသမီးတို့ အံ့အားသင့်ရမည့်အလှည့်ပင်။ အကြီးမကြီးသည် ရန်ကိုင်၏ စကားကို မယုံသည့်အပြင် ဒေါသပင် ထွက်လာ၏။

“အစ်မကြီး၊ သူနဲ့ အပိုတွေ ပြောမနေနဲ့တော့။ ကျွန်မတို့သာ ဒီမှာဆက်နေရင် ကျွန်မတို့ရဲ့ နေရာ ပေါက်ကြားသွားလိမ့်မယ်။ သူ့ကြယ်လွန်းပျံကိုပဲ လုယူလိုက်ကြမယ်လေ။ သူက သူတော်စင် ပထမအဆင့်ပဲဟာ၊ ကျွန်မတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး”

အကြီးမကြီး တွေဝေစပြုလာလေပြီ။ သို့သော်လည်း ချက်ချင်း မလှုပ်ရှားသေး။

“နေပါဦး” ရန်ကိုင်က လက်မြှောက်၍ ပြောလိုက်သည် “ကြယ်မြေပုံက ဘာလဲဆိုတာကို ကျုပ်ကို ရှင်းပြကြဦးလေ။ ကျုပ်တကယ် မကြားဖူးလို့ပါ”

ရန်ကိုင်၏ အတည်ပေါက်မျက်နှာကို မြင်သော် အကြီးမကြီး မကျေမနပ် ညီးတွားမိလိုက်သည်။

ရန်ကိုင်စကားသည် အလွန်တရာကိုမှ ယုံကြည့်စရာ မကောင်းသော်လည်း ထိုကဲ့သို့သော ရယ်စရာကောင်းလှသည့် အလိမ်အညာကို ပြောနေသည့်တိုင် သူ့မျက်နှာ အမူအရာသည် စိုးစဉ်မျှပြောင်းလဲသွားခြင်းမရှိ၊ သူ့ဝိဥာဉ်သည်လည်း အနည်းငယ်မျှ လှုပ်ခတ်သွားခြင်း မရှိပေ။

“ရှင်ဘယ်ကလာတာလဲ” အကြီးမကြီးက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည်။

“မပြောလို့ရမလား” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်သည်။ ရန်ကိုင်သည် စုယန်ကို ရှာရန်အတွက် ကြယ်စီရင်စုထဲသို့ တစ်ယောက်ထဲ ထွက်လာခဲ့ခြင်းဖြစ်သည်။

ကျယ်ပြောလှသော ကြယ်စီရင်စုကြီးနှင့် ယှဉ်လျှင် ထုန်းရွှမ်လောကကြီးသည် အလွန်တရာကိုမှ သေးငယ်လှ၏။ တိုးတက်မှုလည်း နှေးကွေးလှသည်။ ထုန်းရွှမ်လောကကြီး၏ တည်နေရာကို ထုတ်ပြောလိုက်ပါက အားကောင်းသော ပညာရှင်တစ်ယောက်၏ အာရုံကို ဆွဲဆောင်သွားနိုင်သည်။

ထို့ကြောင့် ဖြစ်နိုင်လျှင် ထုန်းရွှမ်လောကကြီး၏ တည်နေရာကို သူထုတ်မပြောချင်ပေ။

“အရမ်းကို ချောင်ကျတဲ့ နေရာက လာတာလို့ပဲ ပြောနိုင်မယ်” ရန်ကိုင်က ပခုံးတွန့်လိုက်သည်။

“အဆင့်နိမ့်ကမ္ဘာလား” အကြီးမ၏ မျက်ခုံးလေးများ မသိမသာလေး တွန့်ကွေးသွားသည်။ ရန်ကိုင်စကားသည် အနည်းငယ် ယုံကြည်စရာကောင်းနေပေသည်။ အဆင့်နိမ့် ကမ္ဘာမှလူများသာ ကြယ်မြေပုံကို မသိပေလိမ့်မည်။

“အင်း”

“စိတ်မရှိရင် ရှင့်ရဲ့ ကြယ်လွန်းပျံကို ကြည့်လို့ရမလား” အကြီးမက မေးလိုက်သည်။

“ရတာပေါ့။ ဘာလို့ မရရမှာလဲ” ရန်ကိုင်က ပြုံးလိုက်ပြီး ကောင်းကင်စိတ်အာရုံဖြင့် သူ့ခြေထောက်အောက်ရှိ ကြယ်လွန်းပျံကို အကြီးမကြီးဆီ ရွေ့သွားစေလိုက်သည်။

သူကမူ နေရာတွင် ရပ်နေခဲ့လေသည်။

ထိုအမျိုးသမီးနှစ်ယောက်သည် ယခင်က တစ်ခါမှ မတွေ့ဖူးသလို ယခုအကြိမ်မှ စကားလေး အနည်းငယ်သာ ပြောဖူးသော်ငြား ထိုနှစ်ယောက်သည် လူယုတ်မာများ ဖြစ်လိမ့်မည်ဟု ရန်ကိုင် မယုံချေ။ မဟုတ်လျှင် သူတို့ကြား ခွန်အားကွာခြားချက်ကို အသာစီးယူ၍ သူ့ဆီမှ ကြယ်လွန်းပျံကို အတင်းအကြပ် လုယူပြီးသွားလောက်ပေပြီ။ အပိုစကားများ ပြောနေစရာမလိုချေ။ အားသုံးလိုက်လျှင် ပြီးနေပေပြီ။

အကြီးမက သူမလက်ကို အသာအယာ မြှောက်၍ ကြယ်လွန်းပျံကို ယူလိုက်သည်။ ညီအစ်မနှစ်ယောက်သည် ရန်ကိုင်၏ ကြယ်လွန်းပျံကို စစ်ဆေးနေစဉ် နှစ်ယောက်စလုံး ထိတ်လန့်မှုကြောင့် မျက်လုံးပြူးသွားသည်။

နှစ်ယောက်စလုံးသည် မျက်လုံး အပြူးသားဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေကြပေသည်။

သူမတို့၏ အကြည့်ကြောင့် ရန်ကိုင်လည်း ကိုးယိုးကားယား ဖြစ်သွားပြီး သူ့ကိုယ်သူ ပြန်စစ်ဆေးကြည့်လိုက်သည်။ မည်သည့် ထူးဆန်းသည့် အရာကိုမှမတွေ့ရ။ အားလုံးသည် ပုံမှန်အနေအထားပင်။ သို့တိုင် ထိုအမျိုးသမီးနှစ်ယောက်သည် မျက်လုံး အပြူးသားဖြင့် သူ့အား ဘာကြောင့် စိုက်ကြည့်နေသလဲ ဆိုသည်ကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

“အစ်မကြီး၊ သူက ကြယ်လွန်းပျံရဲ့ အကာအကွယ် မပါဘဲနဲ့တောင် ဒီအတိုင်း ရပ်နေနိုင်တယ်ဆိုတော့ သူက သူတော်စင်ပထမအဆင့်များ မဟုတ်တာလား” ဟဲမြောင်က တိုးတိုးလေး ပြောလိုက်သည်။

“သူ့ရဲ့ သူတော်စင်ချီကိုလည်း မလှည့်ပတ်ထားဘူး...” အကြီးမကြီး အတော်လေး ထိတ်လန့်နေသည် “သူ့ခန္ဓာကိုယ်က အဲ့လောက်တောင် အားကောင်းတာလား”

“သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်တာများ ဖြစ်နေမလား။ သူက သူတော်စင်ဘုရင်အဆင့်လည်း ဖြစ်နေနိုင်တာပဲ” ဟဲမြောင်က ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားပြီးနောက် သူမ၏ မျက်နှာလေး ဖြူလျော်သွားခဲ့သည်။

“အဲ့လိုတော့ မဖြစ်နိုင်လော်ကဘူး...”

ညီအစ်မနှစ်ယောက် တိုးတိုး တိုးတိုးဖြင့် ပြောနေကြသည်။ ဘာတွေပြောနေမှန်း ရန်ကိုင် မသိ။ သူ့ကို ကြည့်ပြီးတော့ ပြောနေမှန်းသာသိသည်။ နောက်ဆုံး စိတ်မရှည်တော့သဖြင့် လှမ်းအော်ပြောလိုက်လေသည် “ခင်ဗျားတို့ စစ်ဆေးတာ ပြီးပြီလား”

ရန်ကိုင်၏ အော်သံကို ကြားတော့မှပဲ ရန်ကိုင်၏ ကြယ်လွန်းပျံကို သူမ ကိုင်ထားသေးမှန်း သတိရလိုက်သည်။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံကို အလျင်အမြန် ထုတ်လွှတ်၍ ကြယ်လွန်းပျံ၏ အတွင်းပိုင်းကို သေသေချာချာ စစ်ဆေးကြည့်လေသည်။ ခဏအကြာ၌ စိတ်ပျက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

ကြယ်လွန်းပျံကို ရန်ကိုင်ဆီ ပြန်ပေးပြီးနောက် အကြီးမကြီးက နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်လေသည် “ကြယ်မြေပုံမရှိဘဲ ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

“ဒီနားက ဂြိုလ်သိမ်ဂြိုလ်မွှဦး ပင်လယ်ထဲမှာ တိုက်ရာ၊ ခိုက်ရာတွေတွေ့လို့ အဲ့အတိုင်း လိုက်လာရင်း နောက်ဆုံး ဒီကို ရောက်လာခဲ့တာ” ရန်ကိုင်က ရှင်းပြလိုက်သည်။

“ရှင့်သတ္တိက မသေးပါလား” အကြီးမကြီး ရန်ကိုင်၏ သတ္တိကို လေးစားမိသွားသည် “ရှင့်ကံကလည်း တော်တော်လေး ကောင်းတယ်လို့ ပြောရမယ်။ ဒီကိုတောင် ပျက်နေတဲ့ ကြယ်လွန်းပျံနဲ့ ရောက်အောင် လာနိုင်တယ် ဆိုတော့လေ”

“ပျက်နေတယ် ဟုတ်လား” ရန်ကိုင် ကြောင်သွားခဲ့၏ “ဒါက သုံးဖို့ဒီလောက်လွယ်တာကို ဘယ်လိုလုပ်ပြီး ပျက်နေတာလဲ”

“ကြယ်မြေပုံအကြောင်းကိုမှ ရှင်မသိတာ။ ဒီတော့ ကျွန်မလည်း ရှင့်ကို မရှင်းပြတတ်ဘူး” အကြီးမကြီးက သက်ပြင်း ယဲ့ယဲ့လေး ချလိုက်သည်။

“အင်း” ရန်ကိုင် ထိုကိစ္စကို ဆက်မမေးတော့။ ရယ်သွမ်းသွေး၍သာ “ကြည့်ရတာ ခင်ဗျား ကျုပ်ကို ယုံသွားပြီနဲ့တူတယ်။ ကျုပ်ခင်ဗျားကို မကူညီပေးနိုင်ပေမယ့် အခု ကျုပ်အကူအညီ တောင်းရမယ့် အလှည့်လို့ထင်တယ်”

အကြီးမကြီးက ခေါင်းသာခါလိုက်ပြီး “ကျွန်မတို့ကို လမ်းကြောင်း မေးဖို့ဆိုရင်တော့ အားတော့နာပါရဲ့။ ကျွန်မတို့လည်း ရှင့်ကို မကူညီပေးနိုင်ဘူး”

ရန်ကိုင် သူမဆီတို့ဆီမှ မည်သည့် အကူအညီ တောင်းမည်ကို ကြိုသိနေသည့်အလား အကြီးမကြီးက ရန်ကိုင် မမေးခင် ကြိုပြောလိုက်သည်။

ရန်ကိုင် အမူအရာ ညိုးကျသွားလေသည်။

“ဘာလို့လဲဆိုတော့ ကျွန်မတို့လည်း ဒီမှာ လမ်းပျောက်နေတာ အတော်ကြာနေပြီ” အကြီးမကြီးက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်သည်။

“အဲ့ဒါကြောင့်ပဲ ရှင့်ဆီကနေ ကြယ်မြေပုံကို တောင်းနေတာ” အလှလေး ဟဲမြောင်က ဝင်ပြောလိုက်သည် “ကြယ်မြေပုံမရှိဘဲနဲ့ ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ရှင့်ကြယ်လွန်းပျံထဲမှ ကြယ်မြေပုံမှန်း မရှိမှန်း ဘယ်သူက သိမှာလဲ”

“ခင်ဗျားတို့လည်း လမ်းပျောက်နေတာလား” ရုတ်တရက် ရန်ကိုင် ရယ်ချင်မိလာသည်။ သူသည် ထုန်းရွှမ်လောကကြီးမှ ဤနေရာသို့ ခက်ခက်ခဲခဲဖြင့် လာခဲ့ရသည်။ နောက်ဆုံး လူနှစ်ယောက် တွေ့လိုက်သဖြင့် ကံကောင်းပြီကွ အထင်ဖြင့် အားတက်သရော လမ်းကြောင်း သွားမေးလိုက်ပါသည်။ ထိုနှစ်ယောက်သည်လည်း သူနှင့် မထူးခြားနားပင် ဖြစ်နေလိမ့်မည် မည်သူ ထင်မည်နည်း။

သို့သော် သူမတို့ပြောစကားမှ အကြောင်းအရာအချို့ကို ရန်ကိုင် သတိလိုက်ရသည်။

ကြယ်မြေပုံသည် ကြယ်တာရာကောင်းကင်ထဲရှိ ကျင့်ကြံသူများ ကြယ်တာရာကောင်းကင်ထဲ သို့မဟုတ်၊ ကြယ်စီရင်စုထဲတွင် သွားလာသည့်အခါ အသုံးပြုသော မြေပုံတစ်မျိုးဖြစ်သည်။ ကြယ်မြေပုံများကို ကြယ်လွန်းပျံများထဲတွင် ထည့်သွင်း အသုံးပြုကြသည်။

ကြယ်လွန်းပျံကို သန့်စင်ခဲ့စဉ်က ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ကြီးအား သူမြင်တွေ့ခဲ့သည်ကို ရန်ကိုင် ပြန်အမှတ်ရမိလိုက်သည်။

“ဟုတ်တယ်။ ကျွန်မတို့လည်း လမ်းပျောက်နေတာ။ အဲ့ဒါ ဘာရယ်စရာပါလို့လဲ” ရန်ကိုင်၏ စပ်ဖြဲဖြဲအပြုံးကြောင့် အကြီးမကြီး ရှက်ရှက်နှင့် ရမ်းလေသည်။

ရန်ကိုင်လည်း သူ့ရုပ်ကို ချက်ချင်း ပြနတည်လိုက်ပြီး မေးလိုက်သည် “ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး လမ်းပျောက်နေတာလဲ”

“ကျွန်မတို့ စီးလာတဲ့ ကြယ်လွန်းပျံထဲက ကြယ်မြေပုံက ပျက်စီးသွားတယ်လေ။ ဒီတော့ ဘယ်သွားလို့ သွားရမှန်း မသိတော့ဘူး။ အဲ့လို ကြယ်မြေပုံ ပျက်စီးသွားတာက ကြယ်စီရင်စုထဲ သွားလာနေတဲ့ ကျင့်ကြံသူတွေအတွက် တကယ့် ပြဿနာပဲ။ ကြယ်မြေပုံသာ အခြားနေရာမှ ပျက်စီးဿွားခဲ့ရင် လမ်းကြောင်းရှာပြီး ပြန်ရင် ပြန်နိုင်ဦးမယ်။ ဒါပေမယ့် ဒီနေရာရောက်နေတော့ လမ်းကြောင်း မရှာတတ်တော့ဘူး”

“ဒီနေရာက ဘာဖြစ်နေလို့လဲ”

“ရှင့်ကြည့်ရတာ ကြယ်စီရင်စုနဲ့ ပက်သက်ပြီး ဘာမှ မသိတဲ့ပုံပဲ” အကြီးမကြီးက စိတ်မရှည်သည့်ဟန်ဖြင့် ရေရွတ်လိုက်သည်။ လေကုန်ခံ ဆက်ရှင်းပြမနေတော့ဘဲ သူမသိထားသည့် အကြောင်းအရာ အချို့ကိုသာ စိတ်စွမ်းအင်လုံးအဖြစ် စုစည်းလျက် ရန်ကိုင်ဆီသို့ ပို့ပေးလိုက်သည်။

“ရှင့်ဘာသာရှင် ကြည့်ပေတော့။ ဒီမှာ ကျင့်ကြံသူ အများစု သိထားတဲ့ အခြေခံ အချက်အလက် အချို့ကို ထည့်ပေးထားတယ်။ ရှင့်ဘာသာ လမ်းကြောင်း ရှာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ သွားပြီနော်၊ ဘိုင့်ဘိုင့်” ပြောပြီးသည်နှင့် သူမ၏ ကြယ်လွန်းပျံကို အသက်သွင်း၍ အဝေးသို့ ပျံသန်းထွက်ခွာသွားလေသည်။

အကြီးမကြီး နောက်တွင် ရပ်နေသော အလှလေးသည် မသွားခင် ရန်ကိုင်ကို တစ်ချက် ကြည့်သွားခဲ့သည်။

ရန်ကိုင် မဲ့ပြုံးပြုံးရင်း ခေါင်းသာခါလိုက်သည်။ ထိုနှစ်ယောက်အား တားဆီးခြင်း မပြုခဲ့ချေ။

ထိုနှစ်ယောက်သည်လည်း လမ်းပျောက်နေပြီ ဖြစ်လေရာ သူတို့အား သွားတားနေ၍ ဘာအကျိုးထူးမည်နည်း။

အကြီးမကြီး ပေးလိုက်သည့် အလင်းလုံးကို သူ့အသိစိတ်ပင်လယ်ထဲသို့ စုပ်ယူပြီးနောက် ထိုအရာကို သေသေချာချာ စတင်စစ်ဆေးတော့လေသည်။

ထိုအလင်းလုံးလေးထဲတွင် ကြယ်မြေပုံအကြောင်းကို သေသေချာချာ ရှင်းပြထားသည်။ ကြယ်မြေပုံသည် ရန်ကိုင် ခန့်မှန်းခဲ့သလို ကြယ်တာရာကောင်းကင်ထဲတွင် သွားလာရန် ရေးဆွဲထားသော မြေပုံတစ်ခုဖြစ်သည်။

ကျင့်ကြံသူတစ်ယောက် ဂြိုလ်တစ်ခုမှ အခြားဂြိုလ်တစ်ခုသို့ သွားလာသည့်အခါ သင့်တော်သော ကြယ်မြေပုံတစ်ခုကို ဝယ်သွားကြသည်။ ကြယ်မြေပုံများသည်နှင့် တစ်ခုနှင့်တစ်ခု ခြားနားကြပြီး ကြယ်တာရာကောင်းကင်အကြောင်း ကောင်းကောင်း နားလည်သည့် ပညာရှင်များမှ ဖန်တီးထားခြင်း ဖြစ်သည်။

ကြယ်မြေပုံမျာကို ကြယ်လွန်းပျံထဲ ထည့်၍ သိမ်းဆည်းထားနိုင်ပြီး အစစ်အမှန်နှင့် စိတ်စွမ်းအင်သုံးကာ ထိုကြယ်မြေပုံများကို အသက်သွင်းနိုင်ကြသည်။ ကြယ်မြေပုံများကို ပိုင်ဆိုင်ထားခြင်းဖြင့် ကိုယ်သွားချင်သည့် နေရာသို့ ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်သလို အန္တရာယ်များစွာကိုလည်း ရှောင်တိမ်းနိုင်ပေသည်။ ကြယ်မြေပုံကောင်းကောင်း တစ်ခုသာရှိလျှင် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် သူတို့၏ ကြယ်လွန်းပျံကို ကိုယ်တိုင် ထိန်းချုပ်နေစရာပင် မလိုချေ။ ကိုယ်သွားချင်သည့် နေရာကိုထောက်လိုက်ရုံဖြင့် ကြယ်လွန်းပျံသည် ထောက်ထားသည့် နေရာသို့ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း အလိုလို သွားပေလိမ့်မည်။

ကြယ်လွန်းပျံထဲရှိ ကြယ်မြေပုံအား အစားထိုး၍ ရသလို ဖျက်စီး၍လည်း ရပေသည်။

ထိုအရာများသည် ကြယ်မြေပုံများ၏ အသုံးဝင်ပုံ ဖြစ်လေသည်။

ကြယ်မြေပုံ၏ အသုံးဝင်ပုံကို ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။ ညီအစ်မနှစ်ယောက် ကြယ်မြေပုံကို ဘာကြောင့် ကူးယူချင်မှန်းကိုလည်း ယခုမှပဲ သူနားလည်သွားခဲ့သည်။

သို့သော်လည်း ရန်ကိုင်သည် သူ့ကြယ်လွန်းပျံကို မတော်တဆ ရရှိခဲ့ခြင်းသာ ဖြစ်သည်။ သူစီးလာသည့် ကြယ်လွန်းပျံသည် ကြယ်တာရာကောင်းကင်ထဲ လွင့်မျောနေခဲ့သည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်နေခဲ့ချေပြီ ဖြစ်လေရာ ကြယ်မြေပုံရှိနေလျှင် ပျောက်ကွယ်သွားသည်မှာ ကြာလောက်ပေပြီ။

သူ့ကြယ်လွန်းပျံထဲရှိ ကြယ်စီရင်စု၏ အကျဉ်းချုံး ပုံစံသည် ဆိုးဆိုးရွားရွား ထိခိုက်နေခဲ့ပြီ ဖြစ်သဖြင့် ကြယ်မြေပုံ အသစ်တစ်ခုကို ထပ်မံ ထည့်သွင်းနိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့်ပဲ သူစီးလာသည့် ကြယ်လွန်းပျံသည် ပျက်စီးနေပြီဟု ညီအစ်မနှစ်ယောက် ပြောခဲ့ခြင်းဖြစ်သည်။

ညီအစ်မနှစ်ယောက်သည် သူ့အား ကြယ်မြေပုံအကြောင်း အပြင်၊ သူလက်ရှိ ရောက်နေသော နေရာအကြောင်းကိုပါ ပြောပြသွားခဲ့သည်။ သူလက်ရှိ ရောက်နေသည့် နေရာသည်ကား...

သေခြင်းတရားချောက်နက်...

သူသိလိုက်ရသောအရာကြောင့် ရန်ကိုင် အကြီးအကျယ် တုန်လှုပ်သွားရသည်။ ဤအလွန်တရာကိုမှ လှပသော နေရာ၊ ထိုင်ပြီး ကျင့်ကြံချင်စိတ်တို့ပင် ဖြစ်ပေါ်ခဲ့ရသော နေရာသည် ကြယ်စီရင်စုထဲရှိ အန္တရာယ်အများဆုံး တားမြစ်နေရာများထဲမှ တစ်ခုဖြစ်သော သေခြင်းတရားချောက်နက် ဖြစ်နေခဲ့သည်။

ထိုကြီးမား၊ လှပလှသော ကြယ်များသည် မြောက်မြားလှစွာသော စွမ်းအင်များကို ထုတ်လွှတ်နေရုံမက ကျင့်ကြံသူတစ်ယောက်၏ စိတ်ကို ရှုပ်ထွေးစေနိုင်သော ရှုပ်ထွေးပွေလီသည့် ပရမ်းပတာစွမ်းအင်စက်ကွင်းများကိုပါ ဖန်တီးလေသည်။ ပိုဆိုးသည်ကြား ထိုပရမ်းပတာ စွမ်းအင် စက်ကွင်းများထဲမှ ထွက်ခွာရန် အလွန်တရာကိုမှ ခဲယဉ်းလှခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာသို့ မတော်တဆ ရောက်လာသူများစွာတို့သည် လမ်းပျောက်၍ ဤနေရာတွင်သာ တစ်သက်လုံး ပိတ်မိသွားရတော့သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း (၉၈၅) သေခြင်းတရားချောက်နက်

အကြီးမကြီး ပေးခဲ့သော အကြောင်းအရာကိုမှ လေ့လာကြည့်ပြီးနောက် ရန်ကိုင် အမူအရာ သုန်မှုန်သွားရလေသည်။

သူသည် ကြယ်စီရင်စု၏ တားမြစ်နေရာတစ်ခုထဲတွင် ရောက်နေပေသည်။

သူတော်စင်ဘုရင်အဆင့် ပညာရှင်များပင် ဤနေရာထဲသို့ ခြေမချရဲချေ။

ထိုအပူဓါတ်၊ အအေးဓါတ်များကို ထုတ်လွှတ်နေသည့် တလက်လက် ကြယ်များသည် လှသည်ဆိုသော်ငြား အလွန်တရာကိုမှ အန္တရာယ် များလှသည်။

ဤနေရာ၏ အန္တရာယ်သည် ကျင့်ကြံသူများအား စိတ်လှုပ်ရှုပ်ထွေးအောင် လုပ်နိုင်စေရုံတင် မဟုတ်ချေ။ ထို့ထက်ပို၍ အန္တရာယ်များပေသည်။ ထိုအန္တရာယ်များသည် မည်သည့် အန္တရာယ်များ ဖြစ်သည်ဆိုသည်ကို အကြီးမကြီးက ရှင်းပြမသွားခဲ့။ သို့သော်လည်း သူ့အား ပြောသွားသည့်ပုံစံအရ ထိုအန္တရာယ်အားလုံးသည် သူ့အသက် နှုတ်ယူနိုင်သည်အထိ အန္တရာယ်များပေသည်။

အဆိုးတကာ့ အဆိုးဆုံးသည်ကား ဘယ်နေရာသွားလို့ သွားရမှန်း မသိခြင်းပင်။

ထိုအကြောင်းအရာမျာကို သိပြီးနောက် နောက်အစီအစဉ်အတွက် နေရာတွင်ရပ်၍ အချိန် အတော်ကြာအောင် စဉ်းစားနေလိုက်သည်။ ထို့နောက် ကြယ်လွန်းပျံကို ထိန်းချုပ်၍ ဦးတည်ရာအရပ် တစ်ခုဆီ ပျံသန်းသွားလေသည်။

ရန်ကိုင် ဒီအတိုင်း လက်မလျှော့လိုက်ချင်ချေ။ ယခုမှ ကြယ်စီရင်စုထဲသို့ ရောက်လာခြင်းဖြစ်သည်။ ကြယ်စီရင်စုကြီး မည်မျှ ကျယ်ပြောသည်ကို ကိုယ်တိုင် မကြုံတွေ့ရသေးဘဲနှင့် နောက်ပြန်မလှည့်ချင်ချေ။

အချိန်ကြာလာသည့်အခါ ရန်ကိုင်သည် ကြုံရာ လမ်းကြောင်းတစ်ခုကို ရွေးချယ်၍ အရှိန်ကုန်မြှင့်ကာ ပျံသန်းတော့လေသည်။

သို့သော်လည်း ရန်ကိုင် မည်မျှပင်ကြာအောင် ပျံသန်းစေကာမူ၊ ဤမရေမတွက်နိုင်သော လှပသည့် ကြယ်စဉ်စုကြီးထဲမှ မလွတ်မြောက်နိုင်ခဲ့ချေ။

သူ့စိတ်ထဲ ဝိုင်းကြီးပတ်ပတ် ပျံသန်းသန်းနေရသလို ခံစားနေခဲ့ရသည်။

ထိုပရမ်းပတာ စွမ်းအင်စက်ကွင်းသည် ရန်ကိုင်၏ အသိစိတ်ကို ရှုပ်ထွေးအောင်လုပ်ကာ သူ့အား လမ်းကြောင်းမှားကြောင့် လုပ်နေခဲ့သည်။ ရန်ကိုင်စိတ်ထဲ အရှေ့တည့်တည့် ပျံသန်းနေသည်ဟု ထင်နေသော်ငြား အစစ်အမှန်သည် အခြားတစ်ဖက်သို့ ပျံသန်နေခြင်းလည်း ဖြစ်နိုင်သည်။

တလက်လက် တောက်ပနေသော ကြယ်စဉ်များပတ်လည် ပျံသန်းရင်း၊ ပျံသန်းရင် အချိန်မည်မျှ ကြာသွားသလဲ ရန်ကိုင် မသိတော့။

တစ်လ သို့ နှစ်လ ကြာသွားသည်လည်း ဖြစ်နိုင်သည်။ နှစ်ဝက်လည်း ဖြစ်နိုင်သည်။ ကိုးကားမှတ်ယူစရာ အမှတ်အသား မရှိသဖြင့် အချိန်ဘယ်လောက် ကြာသွားပြီလဲ ဆိုသည်ကို မပြောနိုင် ဖြစ်နေခဲ့သည်။

ရန်ကိုင်၏ ကျင့်ကြံခြင်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်နေခဲ့သည်။ လွန်းစွာကိုမှ သိပ်သည်းလှသော စွမ်းအင်များကြောင့် သူ့ကျင့်ကြံခြင်းသည် သူတော်စင် ဒုတိယအဆင့်သို့ ချိုးဖျက်ခါနီးအထိ ရောက်ရှိလာခဲ့သည်။ သူ့ခွန်အားသည် သူခန်မှန်းထားသည်ထက် ပို၍မြန်မြန် တိုးတက်လာနေခဲ့လေသည်။

လမ်းပျောက်နေသော်ငြား ငါ့ခွန်အား တိုးတက်နေပါသေးတယ်ဟု တွေးရင်း သူ့ကိုယ်သူ ဖြေသိမ့်နေရသည်။

ဤနေရာတွင် နေရသည်မှာ ထင်သလောက် မဆိုးဘူးဟု ရန်ကိုင် တွေးနေမိသည်။ ပျောက်သောသူ ရှာရင်တွေ့ ဆိုသလို လမ်းကြောင်းကို တောက်လျှောက် ရှာနေမည်ဆိုပါက တစ်နေ့ တွေ့နိုင်ပေလိမ့်မည်။

ရန်ကိုင်သည် ကြယ်လွန်းပျံအား ရှေ့တည့်တည့်သို့ သူ့ဘာသာ သွားစေလျက် သူကမူ ကြယ်လွန်းပျံပေါ်တွင် ထိုင်ကာ ကျင့်ကြံနေသည်။

သူ့အမူအရာသည် ကန်ရေပြင်ကဲ့သို့ အကြွင်းမဲ့ တည်ငြိမ်နေသည်။ နည်းနည်းလေးမျှပင် စိုးရိမ်နေခြင်းမရှိ။ လမ်းကြောင်း ရှာမတွေ့သေးမှဖြင့် ကိုယ့်ဘာသာ ကျင့်ကြံနေလိုက်သည်မှ ပို၍ မကောင်းပေလော။ ကြယ်တာရာကောင်းကင်ထဲ ဤကဲ့သို့ စွမ်းအင် သိပ်သည်းလှဖြင့် နေရာမျိုး အများကြီး မရှိလောက်ဟု ရန်ကိုင် ယုံကြည်နေမိသည်။

သူသာ လုံလောက်အောင် အားကောင်းသရွေ့ ဤနေရာမှ ဖောက်ထွက်နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေမိသည်။

ရုတ်တရက် ဖျော့တော့တော့ အားနည်းနေသော ဝိဥာဉ်စွမ်းအင်လှိုင်းနှင့် အသက်စွမ်းအင် အရှိန်အဝါ နှစ်ခုကို ရန်ကိုင် အာရုံခံမိလိုက်သည်။

သူတွေ့ခဲ့သော ညီအစ်မနှစ်ယောက်သည်။

ရန်ကိုင် မျက်လုံးဖွင့်လိုက်ပြီး သူ့မျက်ခုံးများသည်လည်း မဆိုသလောက်ကလေး တွန့်ကွေးသွားရသည်။

ထိုနှစ်ယောက်ကို ပြန်တွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ကြည့်ရသည်မှာ ထိုနှစ်ယောက်လည်း ဤသေခြင်းတရားချောက်နက်မှ ထွက်နိုင်မည့် လမ်းကြောင်းကို ရှာမတွေ့သေးသည့်ပုံပင်။

လက်ရှိတွင် ထိုညီအစ်မနှစ်ယောက်သည် ဂြိုလ်သိမ်ကြီး တစ်ခုပေါ်၌ နားနေခဲ့သည်။ သူတို့သည် ဆက်လက် ပျံသန်းကြီး မပြုတော့ဘဲ ဂြိုလ်သိမ်ကြီးပေါ်တွင်သာ လိုက်ပါသွားလာနေခဲ့သည်။

နှစ်ယောက်စလုံးသည် အချိန်အကြာကြီး နေမှ သူတွေ့ခဲ့ရသော သက်ရှိနှစ်ယောက် ဖြစ်ကြသလို သူနှင့် ဘဝတူများ ဖြစ်ကြသဖြင့် ရန်ကိုင်စိတ်ထဲ ထိုနှစ်ယောက်အား ရိုင်းပင်းကူညီချင်စိတ်တို့ ဖြစ်ပေါ်လာရသည်။

ခဏလောက် စဉ်းစားပြီးနောက် ထိုဂြိုလ်သိမ်ကြီး ရှိရာဆီ ပျံသန်းသွားလိုက်သည်။

ဂြိုလ်သိမ်ကြီးဆီသို့ ရောက်လာသော်ငြား ညီအစ်မ နှစ်ယောက်ကို မတွေ့ဘဲ လိုဏ်ဂူတစ်လုံးကိုသာ တွေ့လိုက်ရသည်။

သူတို့ အထဲမှာ ပုန်းနေတာများလား ရန်ကိုင် မျက်မှောင်ကြုံ့သွားလေသည်။

လိုဏ်ဂူရှိရာဆီ လမ်းလျှောက်သွားလိုက်ပြီးနောက် ရန်ကိုင်က အတွင်းထဲသို့ လှမ်းအော်မေးလိုက်သည် “ခင်ဗျားတို့တွေ အထဲမှာလလား”

“အထဲလာပြီးပြော” အကြီးမကြီး၏ အသံ ထွက်လာခဲ့သည်။ သူတို့သည်လည်း ရန်ကိုင်၏ အရှိန်အဝါကို အာရုံခံမိပေသည်။ ထို့ကြောင့် အရမ်းကြီး သတိထားမနေခဲ့။

ရန်ကိုင်သည် လိုဏ်ဂူထဲသို့ ခုန်ဆင်းသွားပြီး လမ်းကြောင်း တစ်လျှောက်သွားပြီးနောက် အတွင်းပိုင်းသို့ အရောက်၊ တင်ပလင်ခွေထိုင်နေသော ညီအစ်မ နှစ်ယောက်ကို တွေ့လိုက်ရသည်။

ညီအစ်မနှစ်ယောက်စလုံး အတော့်ကိုမှ စိတ်ဓါတ်ကျနေသည့်ပုံပင်။ ဟဲမြောင်ဆိုသော အငယ်လေးက ပို၍ စိတ်ဓါတ်ကျနေသည့်ပုံပေါက်လေသည်။

“ထပ်တွေ့ကြပြန်ပြီနော်” အကြီးမကြီးက ရန်ကိုင်အား အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

“အင်း” ပြန်တွေ့ခြင်းမှာ ပျော်စရာ မဟုတ်သော်လည်း ရန်ကိုင်က ပြုံးပြလိုက်သေးသည်။ “ခင်ဗျားတို့နှစ်ယေဦက် ဘာလို့ ဒီမှာ ပုန်းနေတာလဲ။ အန္တရာယ်တစ်ခုခုနဲ့ ကြုံရလို့လား”

“အခုလောလောဆယ်တော့ ဘာအန္တရာယ်မှ မရှိသေးဘူး။ အားကုန်မှာကြောက်လို့ ဒီမှာ လာနေတာ။ ဒီမှာနေရင် ကြယ်တာရာကောင်းကင်ရဲ့ စွမ်းအားကို ခုခံဖို့ သူတော်စင်ချီကို ဖြုန်းစရာ မလို့တော့တာ ရှင်သတိမထားမိဘူးလား”

သူမပြောသည်ကို ကြားမှပဲ ကြယ်တာရာကောင်းကင်၏ စွမ်းအင်သည် ဤလိုဏ်ဂူထဲသို့ မရောက်သည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။

“ကျွန်မတို့မှာ ရှိတဲ့ သူတော်စင် သလင်းကျောက်တွေနဲ့ ဆေးလုံးတွေ အကုန်လုံး သုံးလို့ကုန်သွားပြီလေ။ ဒီတော့ ဒီမှာပဲ ပုန်းနေရတော့တာပေါ့” အငယ်မလေး ဟဲမြောင်က ဝင်ပြောလိုက်သည်။ သူမ အသံသည် ယခင်ကကဲ့သို့ တက်ကြွနေခြင်း မရှိတော့။

“သုံးလို့ကုန်သွားတာလား” ရန်ကိုင် ထိတ်လန့်သွား၏။

“ကျွန်မတို့ ဒီရောက်နေတာ အကြာပြီး ရှိနေပြီ” အကြီးမက ရှင်းပြလိုက်သည် “အခုနေသော အပြင်ထွက်ပြီး လမ်းကြောင်းရှာလို့ ရှာမတွေ့ခဲ့ရင် အားကုန်သွားမှာ။ အဲ့အခါကျ သေရမယ့်အချိန်ကို စောင့်နေရသလို ဖြစ်သွားလိမ့်မယ်”

“ခင်ဗျားတို့ အခြေအနေက တော်တော့်ကို ဆိုးတာပဲ...” ထိုညီအစ်မနှစ်ယောက်၏ အခြေအနေကို နားလည်လေရာ ရန်ကိုင်လည်း ထိုနှစ်ယောက်ကို သနားမိသွားသည်။

“သူများ ဒုက္ခရောက်နေတာကို ဘာတွေ ပျော်နေတာလဲ” ဟဲမြောင်က ခါးသက်သက် လေသံဖြင့် ဝင်ပြောလိုက်သည်။

“ကျုပ်လား...” ရန်ကိုင် ကြောင်သွားခဲ့သည်။

“ဟုတ်တယ်လေ”

“... အဲ့လိုဆိုမှတော့လည်း အဲ့လိုပေါ့။ ဒါနဲ့ ခင်ဗျားတို့ ဘာဆက်လုပ်မယ် စဉ်းစားထားလဲ။ ဒီအတိုင်းပဲ ဆက်ပုန်းနေမှာလား”

“ဘာလုပ်ရဦးမှာလဲ” အကြီးမက ရန်ကိုင်အား ရှုပ်ထွေးသည့် အမူအရာဖြင့် “ကျွန်မတို့က ရှင့်လိုမျိုး ကြယ်တာရာကောင်းကင်ရဲ့ စွမ်းအားကို ခန္ဓာကိုယ် သက်သက်နဲ့ ခုခံနိုင်တဲ့လူတွေ မဟုတ်ဘူး”

ထိုစကားကြောင့် ရန်ကိုင် ဘာပြောရမှန်းမသိ ဖြစ်သွားကာ ကိုးယိုးကားယားသာ ရယ်မိလိုက်သည်။

အမှောင်ထုထဲ ဟဲမြောင်၏ မျက်ဝန်းများ ရုတ်ချည်း တောက်ပသွားခဲ့သည် “ဟုတ်တာပဲ. ရှင်က ကြယ်တာရာ ကောင်းကင်ရဲ့ စွမ်းအားကို ကြောက်စရာမလိုဘူး ဆိုတော့ သူတော်စင် သလင်းကျောက်တွေ၊ ဆေးလုံးတွေကို သုံးစရာမလိုဘူးလို့ ဆိုလိုက်တာပဲပေါ့။ ရှင့်မှာ သူတော်စင်အဆင့် သလင်းကျောက်၊ ဒါမှမဟုတ် ဆေးလုံး အပိုတွေရှိရင် ကျွန်မတို့ကို ရောင်ပါလား... အင်း၊ နည်းနည်းလောက် ချေးပါလား”

သူမ၏ မျက်နှာလေးထက် မျှော်လင့်မှုတို့ဖြင့် ပြည့်နေသည်။ မျှော်လင့်ချက်မဲ့သည့် အခြေအနေထဲ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသည့်နှယ်၊ သူမ၏ မျက်ဝန်းလှလှလေးများသည် ရန်ကိုင်အား တိတ်တဆိတ် တောင်းဆိုနေသည့်ပုံ ပေါက်နေလေသည်။

အငယ်လေး၏ စကားကြောင့် အကြီးမကြီး၏ မျက်နှာထက် မျှော်လင့်ရိပ်တို့ ထွက်ပေါ်လာသည်။

“ကျုပ်မှာ သူတော်စင်သလင်းကျောက် တစ်တုံးမှ မရှိဘူး” ရနက်ိုင်က ခေါင်းခါလိုက်သည်။

ညီအစ်မနှစ်ယောက်စလုံး မျက်မှောင်ကြုံ့သွားသည်။ ရန်ကိုင်သည် အားငယ်ဒုက္ခရောက်နေသော မိန်းကလေးကိုပင် မကူညီချင်သည့် ကပ်စေးနှဲကော်တစ်ရာ ဖြစ်သည်ဟု နှစ်ယောက်စလုံး ထင်မှတ်သွားကြသည်။

“ဒါပေမယ့် သလင်းကျောက်တွေတော့ ရှိတယ်။ ဆေးလုံး နည်းနည်းလည်း ရှိတယ်” ရန်ကိုင်က ဆက်ပြောလိုက်သည်။

“သလင်းကျောက်တွေလား၊ အဆင့်နိမ့် သလင်းကျောက်တွေလား” အကြီးမကြီး ကြောင်သွားခဲ့သည်။ သို့သော် ခပ်မြန်မြန်ပဲ ခေါင်းညိတ်ပြလေသည် “သလင်းကျောက်လည်း အဆင်ပြေတယ်။ ဘာမှမရှိတာထက် စာရင် ပိုကောင်းတယ်”

“ကျွန်မတို့ကို နည်းနည်းလောက် ချေးလို့ရမလား” ဟဲမြောင်က သနားစဖွယ် အမူအရာလေးဖြင့် မေးလိုက်သည်။

“ခင်ဗျားတို့ကို ပေးဖို့က ပြဿနာ မရှီပါဘူး” ရန်ကိုင် တုန့်ဆိုင်းမနေခဲ့ချေ။ သူသည် ကြယ်တာရာကောင်းကင်၏ စွမ်းအားကို ခုခံရန် စိုးရိမ်စရာ မလိုချေ။ စွမ်းအင် လိုအပ်သည် ဆိုပါကလည်း အနီးနားရှိ စွမ်းအင်များကို စုပ်ယူလိုက်ရုံပင်။

“ကောင်းလိုက်တာ။ ရှင်က လူကောင်းပဲ” ဟဲမြောင် ပျော်သွားလေသည်။

“ဒါနဲ့ ခင်ဗျားတို့ ကျုပ်ကို ဘာပြန်ပေးမှာလဲ” ရန်ကိုင်က မေးလိုက်သည်။

ဟဲမြောင်၏ ပျော်နေသော အမူအရာလည်း ရုတ်ချည်း တောင့်တင်းသွားခဲ့ပြီး အကြီးမကြီးက နိုးနိုးကြားကြား အမူအရာဖြင့် “ရှင်ဘာလို့ချင်လို့လဲ”

အမှောင်ထုထဲတယ်၊ ရန်ကိုင်က ညီအစ်မနှစ်ယောက်ကို ဝေ့ကြည့်လိုက်ပြီး ဘာပြန်တောင်းလျှင် ကောင်းမလဲ စဉ်းစားလိုက်သည်။

ယခုလောလောဆယ်တွင် ထိုညီအစ်မနှစ်ယောက်၌ ဘာပစ္စည်းရှီလဲ သူမသိ။

“မေ့လိုက်တော့” အကြီးမကြီး၏ အမူအရာ ရုတ်ချည်း သုန်မှုန်သွားလေသည်။ သူမ၏ ရန်ကိုင်အပေါ် သဘောထားသည် ဆိုးဆိုးရွားရွား ပြောင်းလဲသွားခဲ့ပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည် “ကျွန်မတို့ မမေးဘူးလို့သာ သဘောထားလိုက်။ ကျွန်မတို့ ဒီမှာပဲ နေတော့မယ်”

“လူညစ်ကောင်” ဟဲမြောင်ကလည်း နှာခေါင်းရှုံ့လိုက်သည်။ ရန်ကိုင်အား ဒေါသတကြီး စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် “ကျွန်မတို့ ညီအစ်မနှစ်ယောက်ပေါင်းပြီး ရှင့်ကို ဝိုင်းမတိုက်အောင် သတိထားနေရင် ကောင်းမယ်”

နှစ်ယောက်စလုံး ရန်ကိုင်သည် သူမတို့၏ လက်ရှိ အခြေအနေကို အခွင့်ကောင်းယူရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု နားလည်မှု လွဲသွားကြခြင်း ဖြစ်လေသည်။

ရန်ကိုင်က ရယ်ရယ်မောမော ကူကယ်ရာမဲ့မဲ့ဖြင့် ခေါင်းခါရမ်း၍ သလင်းကျောက်နှင့် ဆေးလုံးအချို့ကို ထုတ်ယူ၍ “လက်ဆောင်လို့သာ မှတ်ထားလိုက်”

သူနှင့်အတူ သလင်းကျောက်တုံးနှင့် ဆေးလုံး များများစားစားကို မယူလာခဲ့ချေ။ သူ့တွင် သူတော်စင်အဆင့် ဆေးလုံး မရှားသော်ငြား ညီအစ်မနှစ်ယောက်ကို ပေးလိုက်သော ဆေးလုံးများသည် စိတ်ဝိဥာဉ်အဆင့် ဆေးလုံးများသာ ဖြစ်ပေသည်။

တကယ်တော့ သူသည် ထိုညီအစ်မနှစ်ယောက်ကို မကြာသေးခင်ကမှ တွေ့ခဲ့ခြင်းဖြစ်ပြီး သူတို့ကြား မည်သည့် မည်သည့် ရင်းနှီးပက်သက်မှုမှ မရှိချေ။ သူသာ သူတော်စင်အဆင့်နှင့် သလင်းကျောက်တုံး အများကြီးကို ထုတ်ပေးလိုက်ပါက သူ့ပိုင်ဆိုင်မှုကို တပ်မက်သွားကာ မလိုလားအပ်သော တိုက်ပွဲများ ဖြစ်လာနိုင်ပေသည်။

သူ့အနေဖြင့် သေသေချာချာ သတိထား ဆောင်ရွက်ရပေမည်။

ရန်ကိုင်၏ ရုတ်တရက် အပြုအမူကြောင့် ညီအစ်မ နှစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေသည်။ ထိုလူဆိုးကြီး ဘာကြောင့် ရုတ်တရက်ကြီး သဘောကောင်းသွားမှန်း နှစ်ယောက်စလုံး နားမလည်နိုင် ဖြစ်နေခဲ့သည်။

အကြီးမကြီးလည်း အေးစက်စက် ဖြစ်မနေတော့ဘဲ ရန်ကိုင်အား ပြန်တောင်းပန်လိုက်လေသည် “အခွင့်အရေးရင် ဒီထက်ဆယ်ဆ ပြန်ပေးပါ့မယ်”

“အင်း၊ ကံကောင်းပါစေ ကျုပ် လမ်းကြောင်း သွားရှာလိုက်ဦးမယ်။ ခင်ဗျားတို့ကို မနှောင့်ယှတ်တော့ဘူး”

ပြောပြီးသည့်နောက် လိုဏ်ဂူပေါက်ဝဆီသို့ လှည့်ထွက်သွားလေသည်။

သူထွက်သွားတော့မည့်အပြု အကြီးမကြီးက လှမ်းအော်ပြောလိုက်သည် “ငါတို့တွေက ဓါးအဖွဲ့အစည်းရဲ့ တပည့်တွေပဲ။ ငါ့နာမည်က ဟဲကျောင်၊ ငါ့ညီမလေး နာမည်က ဟဲမြောင်”

“ကျုပ်မှတ်ထားပါ့မယ်။ နောက်တစ်ကြိမ် ပြန်တွေ့ရင် ကောင်းကောင်းမွန်မွန် တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ရန်ကိုင် ထွက်သွားပြီးနောက် ဟဲကျောင်နှင့် ဟဲမြောင်ကို ငေးငိုင်ငိုင် ဖြစ်နေကြလေသည်။ ခဏအကြာမှပဲ ဟဲမြောင်က “သူက တကယ်ကို ထူးဆန်းတဲ့လူပဲ။ သူ့နာမည်ကိုတောင် ပြောမသွားဘူး။ လောကဝတ်တွေ ဘာတွေ နားမလည်ဘူးလား မသိဘူး”

“အနည်းဆုံးတော့ သူက လူဆိုးတစ်ယောက် မဟုတ်ဘူးလေ” ဟဲကျောင်က ရန်ကိုင် ချထားပေးခဲ့သည့် သလင်းကျောက်နှင့် ဆေးလုံးများကို ကြည့်ရင်း ပြောလိုက်သည်။

“သူ့ကြည့်ရတာ တကယ်ကို ချောင်းကျတဲ့ နေရာက လာတာပဲဖြစ်ရမယ်။ အဲ့သလင်းကျောက်တွေနဲ့ ဆေးလုံးတွေက အနိမ့်တွေချည်းပဲ။ ကျွန်မတို့ရဲ့ ခွန်အားကို အများကြီး ပြန်ပြည့်အောင် လုပ်ပေးနိုင်မှဦမဟုတ်ဘူး” ဟဲမြောင်က ရန်ကိုင် ချန်ခဲ့သည့် ပစ္စည်းများကို ကြည်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“အခုလို ပေးသွားတာကိုတောင် ကျေးဇူးတင်သင့်နေပြီ။ ဒါတွေနဲ့ဆိုရင် နောက်ထပ် တစ်လ၊ နှစ်လလောက် လျှောက်သွားလို့ရပြီ။ မျှော်လင့်ချက် သိပ်မရှိပေမယ့် လက်မလျှော့နိုင်ဘူးလေ။ ဆရာလည်း ငါတို့ကို ရှာနေမှာပဲ။ ဆရာတို့အဖွဲ့နဲ့ သွားတိုးနိုင်မယ်ဆိုရင် ငါတို့ ဒီကနေ လွတ်နိုင်ပြီ”

“အစ်မကြီး၊ ကျွန်မဆရာကို လွမ်းတယ်။ နောက်ပိုင်း ဒီအစုတ်ပလုတ် နေရာနား ဘယ်တော့မှ မလာတော့ဘူး”

“ခရမ်းကြယ်လူတွေ လိုက်တာ ခံရတာကြောင့်သာ မဟုတ်ရင် ငါတို့လည်း အခုလို အခြေအနေမျိုး ဘယ်တော့မှ ရောက်ရမှာ မဟုတ်ဘူး။ သေခြင်းတရားချောက်နက်ထဲ ရောက်ဖို့ဆို ပိုတောင်ဝေးသေး”

“အဲ့ခရမ်းကြယ်ကလူတွေ ကျွန်မတို့နောက် ဆက်လိုက်နေသေးလား မသိဘူး။ သူတို့ ကြည့်ရတာ ကျွန်မတို့ကို အလွတ်ပေးမယ့်ပုံမပေါ်ဘူး”

“ဖြစ်နိုင်တယ်။ တကယ်တော့ အဲ့ပစ္စည်းက ငါတို့ လက်ထဲမှာပဲ ရှိသေးတယ်။ မုန်းစရာကောင်းလိုက်တာ။ သတင်းတွေ ဘယ်လိုလုပ်ပြီး ပေါက်ကြားသွားတာလဲ မသိဘူး”

“အဖွဲ့အစည်းထဲမှ သစ္စာဖောက်တစ်ယောက် ကျိန်းသေ ရှိနေလိမ့်မယ်” ဟဲမြောင်က ပြောလိုက်သည်။

“အဲ့ဒါတွေကို ဘေးဖယ်ထားလိုက်ဦး။ အခုဆက်ပြီး ရှင်သန်နိုင်ဖို့က အရေးအကြီးဆုံးပဲ”

စကားပြောနေရင်း ညီအစ်မနှစ်ယောက်စလုံး ရန်ကိုင် ချပေးခဲ့သည့် ပစ္စည်းများကို ကောက်သိမ်းလိုက်ကြသည်။

ပုံမှန်ဆိုလျှင် ထိုပစ္စည်းများကို နောက်တစ်ချက်ပင် ကြည့်မည် မဟုတ်ချေ။ သို့သော်လည်း လက်ရှိအချိန်တွင် ထိုအရာများသည် သူတို့၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်နေပြီ ဖြစ်လေရာ နည်းနည်းလေးမှ မလွင့်ပစ်ရဲချေ။

အားပြန်ဖြည်ပြီးနောက် ညီအစ်မနှစ်ယောက် လိုဏ်ဂူထဲမှ ထွက်ကာ ရန်ကိုင် ထွက်သွားသည့် လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်အရပ်ဆီ ထွက်သွားလေသည်။

All Chapters