← Chapters

အခန်း (၁၅၉၁-၁၅၉၅)

Vol. 64 Ch. 1591-1595

အခန်း (၁၅၉၁-၁၅၉၅)

Vol. 64 Ch. 1591-1595

အပိုင်း (၁၅၉၁)

ချက်ချင်း ကလန်ကလန် မြည်သံတို့ ခရမ်းရောင်ဒိုင်းဆီမှ ထွက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် ခရမ်းရောင် အလင်းအကာအရံသည်လည်း လျင်မြန်စွာ မှိန်ကျလာခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်နှာပျက်သွားပြီး ခရမ်းရောင်ဒိုင်းကို အမြန် ပြန်သိမ်းလိုက်လေသည်။

ဤအကာအကွယ် မှော်ရတနာသည် တန်ခိုးရှင် အဆင့်မြင့်‌ မှော်ရတနာ တစ်ခုသာ ဖြစ်သော်လည်း အလွန်ကိုမှ အားကောင်းသည့် မှော်ရတနာ တစ်ခု ဖြစ်သည်။ သို့သော်ငြား ဤနေရာရှိ နယ်ပယ်၏ စွမ်းအားကို ခုခံရန် မလုံလောက်ခဲ့ပေ။ ခရမ်းရောင်ဒိုင်း အဆင်မပြေတော့သည့်အတွက် သူတော်စင်ချီကို သုံး၍ စတင် ကာကွယ်ရတော့သည်။

“တန်ခိုးရှင်ဒုတိယအဆင့်ပဲလား…” ရန်ကိုင်ကို ကြည့်ရင်း ရှုတင်းယန် မှင်သက်နေခဲ့သည်။

ရန်ကိုင် သူတော်စင်ချီကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ကျင့်ကြံခြင်းကို ရှုတင်းယန် သတိပြုမိသွားသည်။ စိတ်လည်း ပျက်မိသွားသည်။

တန်ခိုးရှင်ဒုတိယအဆင့်နှင့် တတိယအဆင့်ကြား အဆင့်သေး တစ်ဆင့်သာ ကွာသော်ငြား ထိုအဆင့်နှစ်ဆင့်ကြားရှိ ခွန်အား ကွာခြားချက်သည် အလွန်ကိုမှ ကြီးမားလှသည်။ ထို့အပြင် ဤနေရာသည် တန်ခိုးရှင်တတိယအဆင့်များသာ ဝင်လာကြသည့် သွေးအကျဉ်းထောင် ဖြစ်သည်။

ရန်ကိုင်၏ ခွန်အားဖြင့် သူ့ကိုယ် ကယ်ရန်မဆိုထားနှင့် သူ့ကိုယ်ပင် အသက်ရှင်အောင် မနည်းကြိုးစားရလိမ့်မည်ဟု ရှုတင်းယန် တွေးနေမိသည်။

“ရောင်းရင်း၊ တောင်းပန်ပါတယ်ကွာ” ရှုတင်းယန်သည် နယ်ပယ်ဝဲကတော့၏ စွမ်းအားကို အတတ်နိုင်ဆုံး ခုခံနေရင်း ရန်ကိုင်အား လှမ်းသတိပေးလိုက်သည် “မင်း တန်ခိုးရှင်ဒုတိယ အဆင့်ပဲ ရှိသေးမှန်း ငါမသိလိုက်ဘူး။ မဟုတ်ရင် မင်းဆီက အကူအညီ တောင်းမှာ မဟုတ်ဘူး။ မင်းဝင်လာတာ သိပ်ပြီး မလှမ်းသေးတော့ ပြန်ဆုတ်ဖို့ အချိန်မှီသေးတယ်။ အရမ်းကြီး နောက်မကျသေးခင် မင်းမြန်မြန် ပြန်ဆုတ်လိုက်တာ ကောင်းလိမ့်မယ်”

သို့သော်ငြား ရန်ကိုက်မူ ရှုတင်းယန် ပြောသည်ကို လျစ်လျုရှုပြီး သူတော်စင်ချီ ထုတ်လွှတ်နှုန်းကို မြှင့်တင်၍သာ နယ်ပယ် ဝဲကတော့၏ ဆန်းကြယ်မှုများကို လေ့လာရန် ကြိုးစားလေ၏။

သို့သော်လည်း ရန်ကိုင် ထိတ်လန့်သွားရသည်ကား သူမည်သို့ပင် ကြိုးစားနေစေကာမူ နယ်ပယ်ဝဲကတော့အပေါ် လုံးဝ အကျိုး သက်ရောက်မှု မရှိခြင်းပင်။ သူမည်သို့ပင် လုပ်ပါစေ၊ နယ်ပယ် ဝဲကတော့၏ ဖိနှိပ်မှုကို ဖျက်စီးမနိုင်ခဲ့ပေ။

ထူးခြားဆန်းကြယ်လှသည့် စွမ်းအားများစွာတို့သည် သူ့အား မလှုပ်ရှားနိုင်အောင် ရစ်ပတ်ထားခဲ့ကြသည်။

ဒီတော့ ဒါက နယ်ပယ်ရဲ့ စွမ်းအားပေါ့။ တန်ခိုးရှင်ဘုရင် အဆင့်တွေပဲ ပိုင်တဲ့ စွမ်းအားဆိုတဲ့ အတိုင်းပါပဲလား

“ရောင်းရင်း၊ မင်းရှီကိုသုံး။ သူတော်စင်ချီကို မသုံးနဲ့။ မဟုတ်ရင် အထဲ ပိုပို ရောက်လာလိမ့်မယ်” ရန်ကိုင် အခက်တွေ့နေသည်ကို မြင်သော် ရှုတင်းယန်က အလျင်အမြန် သတိပေးလိုက်သည်။

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း ရှီကို ထုတ်လွှတ်လိုက်လေသည်။

သူ့ရှီကု ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ပတ်လည်ရှိ အေးခဲနေသော လဟာပြင် အနည်းငယ် အားပျော့သွားသလို ရန်ကိုင် ခံစားလိုက်ရသည်။

“ကျေးဇူးပဲ” ရန်ကိုင်က ခေါင်းမော့လိုက်ပြီး ရှုတင်းယန်အား လှမ်းကျေးဇူးတင်လိုက်သည်။

“မလိုပါဘူး” ရှုတင်းယန်က အားတင်းပြုံးလိုက်လေသည်။ သူ့နဖူးထက် ချွေးသီးချွေးပေါက်များ ဝေ့သီလာပြီး သူ့ပတ်လည်ရှိ သူတော်စင်ချီ အရောင်အဝါမှာလည်း တဖြည်းဖြည်း အားပျော့လာခဲ့သည်။

ရန်ကိုင်နှင့် ခဏလောက် စကားပြောလိုက်သည့် အချိန်အတွင်း ရှုတင်းယန်၏ အခြေအနေ ပိုဆိုးသွားခဲ့သည်။ ထို့အတွက်ကြောင့် နယ်ပယ်ဝဲကတော့၏ စွမ်းအားကို ခုခံသည့်ဘက်သို့ ချက်ချင်း ပြန်အာရုံစိုက်လိုက်ရလေသည်။

ရန်ကိုင်၏ အမူအရာသည်လည်း လေးနက်သွားခဲ့ပြီး ရှီကို ဖြန့်ကျက်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားတော့သည်။

ရန်ကိုင်အား ဗဟိုပြု၍ ဆယ်မီတာ ပတ်လည်တစ်ဝိုက်ရှိ ဟင်းလင်းပြင်သည် စတင် တွန့်လိမ်လာပြီး မမြင်နိုင်လုနီးပါး သေးငယ်လှသော လေဟာနယ် အက်ကွဲကြောင်းလေးများသည် ထိုဆယ်မီတာပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုဟင်းလင်းပြင် အက်ကွဲကြောင်းလေးများသည် တည်ငြိမ်ခြင်း မရှိဘဲ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သည်။

သူ့ရှီကို ဖြန့်ကျက်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင် ခံစားနေရသည့်ဖိအား အကြီးအကျယ် လျော့ပါးသွားခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့်များ၏ နယ်ပယ်စွမ်းအားသည် ရှီမှ အသွင်ပြောင်းလဲလာခြင်း ဖြစ်သည်။

ထို့ကြောင့် နယ်ပယ်ကို ခုခံရာတွင် ရှီသည် အလွန် အသုံးဝင်ခြင်း ဖြစ်သည်။

ဤနယ်ပယ်သည် သက်ရှိထင်ရှား ရှိနေသော တန်ခိုးရှင်ဘုရင် အဆင့် တစ်ယောက်မှ ထုတ်ဖော်သည့် နယ်ပယ်ဖြစ်နေခဲ့လျှင် ရန်ကိုင်သည် သူ့ရှီကို ပြီးပြည့်စုံသည့်အဆင့်ထိ ကျင့်ကြံထားလျှင်ပင် ခုခံနိုင်လိမ့်မည် မဟုတ်သော်ငြား သူလက်ရှိ ရင်ဆိုင်နေရသည့် နယ်ပယ်သည် လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာခန့်မှ ကျန်ရစ်ခဲ့သည့် အကြွင်းအကျန် နယ်ပယ်တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးနောက်၌ ဤနယ်ပယ်သည် တဖြည်းဖြည်း အားကောင်းလာသည့်တိုင်၊ ထိန်းချုပ်မည့်သူ မရှိသည့် အတွက်ကြောင့် သိပ်ပြီး အန္တရာယ်မများလှချေ။

တန်ခိုးရှင်တတိယအဆင့် ပညာရှင်များ သွေးအကျဉ်းထောင်သို့ အုံလိုက်ကျဉ်းလိုက် ရောက်လာသည်မှာ ဤအကြောင်းကြောင့်ပေးကိုး။ အန္တရာယ်များသည် ဆိုလျှင်ပင် ရရှိနိုင်သည့် အကျိုးအမြတ်သည် အလွန်ကိုမှ မက်မောဖွယ်ရာ ကောင်းနေပေသည်။

ဤနေရာတွင် တည်ရှိနေသည့် နယ်ပယ် ဝဲကတော့များသည် တန်ခိုးရှင်တတိယအဆင့်များအား သူတို့၏ ရှီကို သိပ်သည်းနိုင်အောင် ကူညီပေးနိုင်သည့် အကောင်းဆုံး အကူ ပစ္စည်းများ ဖြစ်ကြပေသည်။

ကျင့်ကြံသူတစ်ယောက်သည် ဤနေရာတွင် သူတို့၏ရှီကို သိပ်သည်းနိုင်ပြီး အဆင့်မြှင့်တင်နိုင်ကာ တစ်ချိန်တည်းတွင် နယ်ပယ်၏ ဆန်းကြယ်နက်နဲမှုများကို ဆင်ခြင်သုံးသပ်နိုင်၏။ ထိုသို့ဖြင့် သူတို့၏ ရှီကိုသာ ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံသွားနိုင်မည် ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် စတင် ကြိုးစားနိုင်ပေသည်။

ဤအဆင့်သည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်များစွာ မရောက်နိုင်သည့် အဆင့် ဖြစ်ပေသည်။

ရှီကိုသုံး၍ ပတ်ဝန်းကျင်ရှိ မမြင်နိုင်သော နယ်ပယ်၏ စွမ်းအားကို ခုခံနေစဉ် ရောက်တတ်ရာရာ အတွေးတို့ ရန်ကိုင်၏ စိတ်ထဲ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ခါတစ်ရံ ရန်ကိုင် မျက်မှောင်ကြုတ်နေခဲ့ပြီး တစ်ခါတစ်ရံ ပျော်နေခဲ့သည်။ တစ်ခါတစ်ရံကျ သူ့အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေတတ်ပြန်သည်။

မသိလိုက်မသိဘာသာနှင့် ရန်ကိုငသည် ရှေ့သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း တိုးသွားလေသည်။ သူ့သွားနေသည့်နှုန်းသည် အလွန်ကိုမှ နှေးကွေးသော်ငြား နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုဆီသို့ ရန်ကိုင်သွားနေသည်မှာ လုံးဝ သေချာပေသည်။

အချိန်ကြာလာသည်နှင့်အမျှ ရှီစွမ်းအင်ကို ရန်ကိုင် ပို၍ နိုင်နိုင်နင်းနင်း ထိန်းချုပ်လာနိုင်ခဲ့ရာ သူဖြန့်ကျက်ထားသည့် ရှီစက်ကွင်း အကျယ်အဝန်းသည်လည်း တဖြည်းဖြည်း စတင် ကျယ်ပြန့်လာခဲ့လေသည်။ ကျယ်ပြန့်လာသည့်နှုန်းသည် သိပ်ပြီး မပြောပလောက်သော်ငြား ကျယ်ပြန့်လာနေသည်မှာ ငြင်း၍ မရသည့် အမှန်တရားတစ်ခု ဖြစ်သည်။

ရန်ကိုင်သည် ပတ်ဝန်းကျင်ကိုပင် သတိမမူမိတော့ဘဲ နယ်ပယ် ဝဲကတော့၏ စွမ်းအားကို လေ့လာရာတွင်သာ နစ်မြောနေတော့၏။

ရှုတင်းယန်သည် ပြဿနာအကြီးကြီးနှင့် ရင်ဆိုင်နေရသော်ငြား ရန်ကိုင်ကိုတော့ စောင့်ကြည့်နေခဲ့သေးသည်။

ရန်ကိုင် သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသည်ကို မြင်သော် ရှုတင်းယန် ထိတ်လန့်သွားခဲ့သည်။

ဤနယ်ပယ်ဝဲကတော့၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို မည်သူ့ထက်မဆို သူပိုသိသည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းအရ ဤနယ်ပယ်ဝဲကတော့သို့ ခြေချမိသည်နှင့် ချက်ချင်း ပြန်ဆုတ်မှ အဆင်ပြေပေလိမ့်မည်။ မဟုတ်လျှင် သူကျိန်းသေ သေရပေလိမ့်မည်။

သို့သော်လည်း သူနှင့်တစ်ခါမှ မတွေ့ဖူးသော ထိုလူငယ်လေးသည် နောက်ပြန်မဆုတ်ရုံမကလို့ နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုသို့ပင် ဆက်လျှောက်လာနေသေးသည်။

ဘာတွေဖြစ်နေတာလဲ ရှုတင်းယန် သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။

တန်ခိုးရှင်တတိယအဆင့်သို့ ရောက်လာသည့်လူတိုင်းသည် သူတို့ကိုယ်သူတို့ အလွန်ယုံကြည်ချက် မြင့်မားကြပြီး သူတို့၏ နည်းလမ်းများအပေါ် အလွန်ဂုဏ်ယူကြသည်။ ဂိုဏ်းငယ်လေး တစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ရှုတင်းယန်သည်လည်း ငယ်စဉ်ကတည်းက ပါရမီရှင်တစ်ယောက်အဖြစ် ပြုစုပျိုးထောင်ခံခဲ့ရခြင်း ဖြစ်သည်။

သို့သော် သူ့ရှေ့ရှိ လူငယ်လေးနှင့် ယှဉ်လိုက်လျှင်မူကား၊ ရှုတင်းယန် သူ့ကိုယ်သူပင် ရှက်သွားခဲ့သည်။ သူ့မနာ ရိုက်ချိုးခံလိုက်ရသလို ခံစားလိုက်ရသည်။

ထိုသို့ သူတစ်ချက် သတိလွတ်သွားသည့်အခါ စူးရှသော အသံများ သူ့နားထဲ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

အသံထွက်ပေါ်ရာဆီသို့ လှမ်းကြည့်လိုက်သည့်အခိုက် ရှုတင်းယန်၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

သူ့အား ကာကွယ်ပေးထားသော အကာအကွယ်၏ မျက်နှာပြင်ထက်တွင် အက်ရာများ စတင် ထွက်ပေါ်လာနေခဲ့သည်။

“ရောင်းရင်း၊ ဒီရှု ဘယ်လိုမှ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။ ရောင်းရင်းအတွက် အဆင်ပြေမယ်ဆိုရင် လှိုင်းနီကြယ်ဆီ သွားပြီး ဒီရှု ဒီမှာ ကျဆုံးသွားတဲ့အကြောင်းကို ဂိုဏ်းအကြီးအကဲတွေဆီ သွားအကြောင်းကြားပေးပါလား။ ရောင်းရင်း၊ ဒီရှု သိုလှောင် လက်စွပ်ထဲက ပစ္စည်းတွေအားလုံးကို ယူသွားလို့ ရပါတယ်။ တစ်ချက်လေးပဲ သွားအကြောင်းကြားပေးပါနော်” ရှုတင်းယန်က လှမ်းအော်ပြောလိုက်သည်။

သူ့အော်ပြောသံကို ကြားလိုက်မှပဲ ရန်ကိုင် မိန်းမောသလို ဖြစ်နေရာမှ အသိပြန်ဝင်လာပြီး ရှုတင်းယန်ဘက်သို့ လှမ်း၍ ကြည့်လိုက်မိသည်။

ရန်ကိုင် ကြည့်လိုက်သည့် အချိန်နှင့် ရှုတင်းယန်ကို ကာကွယ်ပေးထားသည့် အကာအကွယ် တစ်စစီ ပျက်စီးသွားသည့် အချိန်၊ ကွက်တိ ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်ကို ပြန်ဆုတ်ရန် သတိပေးခဲ့သော်လည်း သေရမည့်အတူတူ မသေခင်လေး နောက်ဆုံးအကြိမ် ကြိုးစားကြည့်ချင်သည့်ပုံပင်။

မာန်သွင်းအော်ဟစ်လျက် သူ့ခန္ဓာကိုယ်ပတ် ရစ်ပတ်ထားသော အဖြူအနက် စွမ်းအင်လှိုင်းများကို အဆုံးစွန်ထိ အသက်သွင်းလိုက်၏။ သို့သော်လည်း အကာအရံ ပြိုကွဲသွားပြီး ဖြစ်သည့်အတွက် ရှုတင်းယန်ကို ကာကွယ်ပေးနိုင်သည့်အရာ မရှိတော့ချေ။ ချက်ချင်းဆိုသလို မမြင်နိုင်သော နယ်ပယ်သည် ရှုတင်းယန်အား အဘက်ဘက်မှ ဖိချလာခဲ့သည်။

အသက်သုံးရှိုက်စာအတွင်းမှာပင် ရှုတင်းယန် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါလာခဲ့ပြီး ကျောက်ရုပ်ထုကြီး တစ်ခုနှယ် တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ ထို့နောက်တွင် သူ့အသားအရေ တစ်ပြင်လုံး နီရဲလာပြီး သွေးစိမ်းရှင်ရှင်တို့ သူ၏ ဒွါရခုနှစ်ပေါက်မှ စီးကျလာလေတော့သည်။

ဘုန်း…

ရှုတင်းယန်၏ တစ်ကိုယ်လုံးသည် အရိုးအသားပင် မကျန်ဘဲ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် အနည်းငယ် ထိတ်လန့်မိနေ၏။

ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ရသော သူ့ရှေ့ရှိ တန်ခိုးရှင် တတိယအဆင့် ပညာရှင်ကိုကြည့်ရင်း နယ်ပယ်ဝဲကတော့များ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ရန်ကိုင် နားလည်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ရှင်းပြ၍မရသော ဝမ်းနည်းမှုတစ်ရပ် သူ့စိတ်ထဲ ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း ထိုစိတ်အနှောင့်အယှတ် ဖြစ်စေသည့် အတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီး မျက်လုံးပိတ်ကာ နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း ဆက်လျှောက်သွားလေသည်။

သူနှင့် ရှုတင်းယန်သည် သူစိမ်းများ ဖြစ်ကြသည်။ ထို့ကြောင့် ရှုတင်းယန် သေသွားသည့်အပေါ် ရန်ကိုင် အရမ်းကြီး ခံစားမနေခဲ့။

နယ်ပယ်ဝဲကတော့သည် ရှုတင်းယန်အား မကူနိုင်မကယ်နိုင် ဖြစ်အောင် လုပ်ခဲ့သော်ငြား သူ့ကိုလည်း ထိုကဲ့သို့ လုပ်နိုင်လိမ့်မည်ဟု မဆိုလိုပေ။ ရန်ကိုင်သည် သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိပေသည်။

ရန်ကိုင်၏ ရှီဿည် ဟင်းလင်းပြင်ထဲ ခေါက်တုန့်ခေါက်ပြန် သွားလာနေခဲ့သည်။ ရှီစွမ်းအားဖြင့် အကူအညီဖြင့် ရန်ကိုင်သည် ဤနေရာတစ်ဝိုက်တွင် စီးဆင်းနေသော ဆန်းကြယ်သည့် စွမ်းအားများကို စုပ်ယူနိုင်ခဲ့သည်။ သူ့အတွက် အသုံးမဝင်သည့် အရာများကို ဖယ်ထုတ်လိုက်ပြီး အသုံးဝင်သည့် အရာများကိုသာ စုပ်ယူပေသည်။

ရန်ကိုင်၏ ပတ်ပတ်လည် တစ်ခုလုံးကို လွှမ်းခြုံထားသာ သတ်ဖြတ်ခြင်း စွမ်းအားသည် ရန်ကိုင် ရှေ့ဆက်တိုးနေသည်ကို မည်သို့မှ မရပ်တန့်နိုင်ခဲ့ပေ။

မည်သည့် အကာအကွယ် မှော်ရတနာကိုမှ အသုံးမပြုဘဲ သူတော်စင်ချီကို လှည့်ပတ်ရုံသာ လှည်ပတ်ပြီး ရန်ကိုင်သည် ရှီစွမ်းအင်နှင့် သူ့ခန္ဓာကိုယ်ခွန်အားကို အသုံးပြု၍ နယ်ပယ် ဝဲကတော့၏ စွမ်းအားကို ခုခံရင်း ဤနေရာရှိ ဆန်းကြယ်မှုများကို လေ့လာနေခဲ့သည်။

ရှေ့သို့ ဆက်တိုးလာသည့်နှင့် သူရရှိသည့် အကျိုးအမြတ်များသည် ပိုပို၍ များပြားလာခဲ့လေသည်။

အားကောင်းသော ခန္ဓာကိုယ် ရှိရခြင်းသည် ကောင်းကျိုးသည် ဤနေရာတွင် ထပ်မံ သိသာလာပြန်သည်။ အခြား မည်သည့် တန်ခိုးရှင်အဆင့် ပညာရှင်မှ ရန်ကိုင်ကဲ့သို့ လုပ်ရဲလိမ့်မည် မဟုတ်ဘဲ သူတို့၏ရှီကိုသုံး၍သာ နယ်ပယ်ဝဲကတော့၏ စွမ်းအားကို ခုခံနိုင်ပေလိမ့်မည်။

ရန်ကိုင်ကမူ ရှီကိုသာမဟုတ်ဘဲ သူ့ခန္ဓာကိုယ်ကိုလည်း အသုံးချ၏။ ထို့ကြောင့် အချိန်အကန့်အသတ် တစ်ခုအတွင်း သူရရှိသည့် အကျိုးအမြတ်သည် အခြားတန်ခိုးရှင်အဆင့် ပညာရှင်များ ရရှိသည့် အကျိုးအမြတ်ထက် ပိုများပြားသည်ဟု ဆိုနိုင်ပေသည်။

အချိန်တစ်ခုသို့ ရောက်သော်၊ ရန်ကိုင် ရုတ်တရက် မျက်လုံး ပွင့်လာခဲ့သည်။ သူ့ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ရှီစွမ်းအင်သည်လည်း ရုတ်ချည်း ပြန့်ကားထွက်လာခဲ့သည်။

အထဲသို့ ဝင်လာသူတိုင်းအား လမ်းပင် ကောင်းကောင်း မလျှောက်နိုင်အောင် လုပ်နိုင်သော နယ်ပယ်ဝဲကတော့သည် ရန်ကိုင်အား နည်းနည်းလေးမှ မတားဆီးနိုင်တော့ချေ။ ခြေလှမ်းကျဲကျဲလှမ်းလျက် ရန်ကိုင်သည် နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုဆီသို့ အချိန်တိုအတွင်း ရောက်လာခဲ့လေသည်။

ဤနေရာသည် နယ်ပယ်ဝဲကတော့၏ ဖိအားအများဆုံး နေရာတစ်ခု ဖြစ်သလို ရှုတင်းယန် သေသွားခဲ့သည့် နေရာလည်း ဖြစ်ပေသည်။ ရန်ကိုင်သည် ထိုနေရာတွင် ရပ်နေပြီးနောက် သူ့ရှီကို ပြန်ရုတ်သိမ်းလိုက်သည်။ ထိုသို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် နယ်ပယ်စွမ်အားတို့သည့် သူ့အပေါ် စုပြုံ ကျရောက်လာခဲ့လေသည်။

ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ရန်ကိုင်၏ အရိုးများအားလုံး ကျိုးကြောတော့မည့်နှယ် ဖြစ်ကုန်လေသည်။ ဤနေရာတွင် ရှိနေသော နယ်ပယ်ဝဲကတော့၏ စွမ်းအးသည် ရန်ကိုင်အား စိစိညက်ညက်ကြေအောင် အမှုန့်ကြိတ်ချင်နေသည့်ပုံပင်။

ထိုစဉ် ငါးရောင်ခြယ်အလင်းတန်းတို့ ရန်ကိုင်ဆီမှ ဖြာထွက်လာခဲ့၏။ သူ့အသွေးအသားထဲ စိမ့်ဝင်ပျံ့နှံ့လာသော ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီကြောင့် ရန်ကိုင်၏ ခန္ဓာကိုယ် ပို၍ ကြံခိုင်လာပြီး နယ်ပယ်၏ စွမ်းအားကို ခုခံနိုင်လာခဲ့သည်။

အလွန်ပြင်းထန်သော ဖိအားကြောင့် ရန်ကိုင်၏ မျက်နှာတစ်ပြင်လုံး နီရဲလာပြီး သူ့သွေးများ ဆူပွက်လာရသည်။ သို့သော်လည်း ဤနည်းဖြင့် သူရှိလိုက်သည့် အကျိုးအမြတ်သည် ယခင်ထက် ပို၍ များပြားပေသည်။

အနည်းငယ် အသားကျလာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် မျက်လုံးကိုပိတ်၍ ဆန်းကြယ်သော စွမ်းအင်များကို စတင် ဆင်ခြင်သုံးသပ်တော့သည်။ ဤသွေးအကျဉ်းထောင် စမ်းသပ်ပွ၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် သူ့အား ကောင်းကျိုးများစွာ ဖြစ်ထွန်းစေလိမ့်မည်ဟု ရန်ကိုင်စိတ်ထဲ ခံစားနေရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၉၂)

အစကမူ သွေးအကျဉ်းထောင်အကြောင်း သိပ်စိတ်မဝင်စားခဲ့။ သွေးအကျဉ်းထောင်သို့ လာသူအားလုံးသည် တန်ခိုးရှင်တတိယ အဆင့်များသာ ဖြစ်ကြပြီး သွေးအကျဉ်းထောင်သည်ကလည်း တန်ခိုးရှင်တတိယအဆင့်များ အတွက်သာ အကျိုးရှိသည် မဟုတ်ပေလော။

ရန်ကိုင်သည် တန်ခိုးရှင် ဒုတိယအဆင့်သာ ရှိသေးသည်။ တန်ခိုးရှင်ဘုရင်အဆင့်အောက် မည်သူ့ကိုမှ သူမကြောက်သော်ငြား သူ့ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဒုတိယ အဆင့်သာ ရှိသေးသည်မှာ ငြင်း၍မရသည့် အမှန်တရားတစ်ခု ဖြစ်သည်။ တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသည့်အတွက် တန်ခိုးရှင်တတိယအဆင့်များ အတွက်သာ ဖြစ်သော သွေးအကျဉ်းထောင်ဆီမှ အကျိုးအမြတ်များများ မရနိုင်ဘူးဟု ရန်ကိုင် ထင်ခဲ့သည်။ ထို့ကြောင့် ချင်းတုန်နှင့် အခြားသူများကို တောင်စိမ်းကြယ်တွင် ထားခဲ့ကာ ထုန်းရွှမ်လောကကြီးသို့သွား၍ သူ့ဆွေမျိုးများနှင့် မိတ်ဆွေများကို သွားရှာခဲ့ခြင်းပင်။

သို့သော်လည်း သွေးအကျဉ်းထောင်အတွင်းရှိ နယ်ပယ် ကျောက်တုံးများအကြောင်းကို ရှန်ချင်းလော့ဆီမှ သိလိုက်ရစဉ်က ထိုပစ္စည်းများအကြောင်းကို ရန်ကိုင် စိတ်ဝင်စားလာခဲ့သည်။

ယခု ဤနေရာသို့ လူကိုယ်တိုင် ရောက်လာပြီးနောက်တွင် နယ်ပယ်ကျောက်တုံးများကို မရလျှင်ပင် သွေးအကျဉ်းထောင်ထဲ၌ ပျံ့နှံ့နေသော နယ်ပယ်ဝဲကတော့များကို အားကိုးရုံဖြင့် အကျိုးအမြတ်များစွာ ရနိုင်ကြောင်းကို ရန်ကိုင် နားလည်သွားခဲ့၏။

အရည်အချင်းသာ လုံလောက်လျှင် မည်သည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူမဆို ထိုနယ်ပယ်ဝဲကတော့များ၏ အကူအညီဖြင့် သူတို၏ရှီကို ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သည်အထိ မြှင့်တင်နိုင်ပေလိမ့်မည်။ ကျင့်ကြံခြင်းမြင့်မှ လုပ်နိုင်လိမ့်မည်ဟု မဆိုလိုပေ။

ပြောသာပြောရသော်ငြား ထိုကဲ့သို့ လုပ်နိုင်သည့်လူမှာ အနည်းငယ်သာ ရှိပေသည်။

ရန်ကိုင်သည် ထိုကဲ့သို့သော လူများအနက် တစ်ယောက် အပါအဝင် ဖြစ်သည်။ သွေးအကျဉ်ထောင်၏ အပြင်ဘက် မိုင်တစ်ရာအကွာရှိ တောင်တစ်လုံးပေါ်တွင် ကျောက်တုံးစံအိမ်တစ်လုံး ရှိနေခဲ့သည်။

လက်ရှိတွင် ထိုကျောက်တုံးစံအိမ်ထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူခုနှစ်ဦး စုဝေးနေခဲ့ကြသည်။

တကယ်ကို အင်အားတောင့်သည့် လူစုလူဝေးပင်။

လူနှစ်ယောက်အနက်၊ အချို့သည့် မျက်လုံးပိတ်၍ ကျင့်ကြံနေကြချိန် အချို့မှာပင် သူတို့ နားလည်ထားသည့် အကြောင်းအရာများအကြောင်း အချင်းချင်း ဆွေးနွေးနေခဲ့ကြသည်။

ထိုကျင့်ကြံသူ ခုနှစ်ယောက်သည် ကြယ်စီရင်စုကြီးထဲရှိ အမျိုးမျိုးသော ကျင့်ကြံရေးကြယ်များမှ ရောက်လာခြင်း ဖြစ်သည်။

ထိုလူများ ဤနေရာသို့ ရောက်လာရခြင်းမှာ ပွဲကြည့်ရန် မဟုတ်ဘက် လက်ရွေးစင် ပါရမီရှင်များကို ခေါ်ယူရန်အတွက်သာ ဖြစ်ပေသည်။

သွေးအကျဉ်းထောင်ထဲသို့ ဝင်သွားပြီး အသက်ရှ၍်လျက် ပြန်ထွက်လာနိုင်ခြင်းမှာ ထိုကျင့်ကြံသူသည် အနာဂတ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်မလာနိုင်လျှင်ပင် တန်ခိုးရှင်အဆင့်အတွင်း ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်သည်ဟု ဆိုလိုနေပေသည်။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း ထိုကဲ့သို့သော ကျင့်ကြံသူများအတွက် လမ်းဖွင့်ပေးထားသလို ခရမ်းကြယ်၊ ဓါးအဖွဲ့အစည်းနှင့် အခြားသော အင်အားစုများသည်လည်း အတူတူပင် ဖြစ်သည်။

ထိုတန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် ခုနှစ်ဦးသည် ကြယ်စီရင်စုကြီးကို အုပ်စိုးသော အင်အားစုကြီး ခုနှစ်ခုကို ကိုယ်စားပြုသည်ဟု ပြောလျှင်ပင် မမှားချေ။

သွေးအကျဉ်းထောင် ဖွင့်သည့်အခါတိုင်း အင်အားစုအသီးသီး၏ ကိုယ်စားပြုများသည် တောင်စိမ်းကြယ်သို့ ရောက်လာပြီး ပါရမီရှိသည့် တပည့်များကို လာရောက် ရွေးချယ်ကြသည်။

အချို့မှာမူ သွေးအကျဉ်းထောင်ထဲတွင်သာ ရှိသော နယ်ပယ်ကျောက်တုံးများအတွက် အထူးတလည် ရောက်လာကြခြင်း ဖြစ်သည်။

နယ်ပယ်ကျောက်တုံးများသည် ထိုတန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များအတွက် အသုံးမဝင်သော်လည်း သူတို့၏ မျိုးဆက်၊ တပည့်များအတွက်တော့ အသုံးဝင်ပေသည်။ ရှင်းရှင်းပြောရလျှင် သွေးအကျဉ်းထောင်ထဲမှ ရသော နယ်ပယ်ကျောက်တုံးများကို အလွန်မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ပေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ခုနှစ်ယောက်ထဲတွင် ကြည့်လိုက်သည်နှင့် ထင်းခနဲ ဖြစ်နေသည်မှာ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခရမ်းရောင် သရဖူကို ဆောင်းထားသည့် ကျင့်ကြံသူ ဖြစ်သည်။ ထိုလူသည် အသက်သုံးဆယ်လောက်သာ ရှိသေးဟန် ထင်ရပြီး ဓါးသွားကဲ့သို့ ထက်ရှသော မျက်ခုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။ လက်ရှိတွင် ထိုလူကြီးသည် မျက်လုံးပိတ်ကာ ထိုင်နေခဲ့သည်။

ရုတ်တရက် ထိုလူ မျက်လုံးပွင့်လာပြီး အံ့အားသင့်နေသည့် အမူအရာဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။

အနားတွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည်လည်း ထိုပညာရှင်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့် ခုနှစ်ယောက်အနက် တစ်ဦး အပါအဝင် ဖြစ်သော အဘွားအိုကြီးသည် ခဏမျှ မျက်မှောင်ကြုတ်နေပြီး နောက်တွင် ရယ်သွမ်းသွေးလျက် မေးလိုက်လေသည် “လူကြီးမင်း လော့ဟိုင်၊ စိတ်ဝင်စားစရာ တစ်ခုခု ရှာတွေ့လို့လား။ တွေ့ရင် ကျွန်မတို့ကိုလည်း ပြောပါား။ တောင်စိမ်းကြယ်မှာ ကြယ်သခင် ဖြစ်တဲ့ လူကြီးမင်းတစ်ဦးပဲ သွေးအကျဉ်းထောင်ထဲက အဖြစ်အပျက်တွေကို အာရုံခံလို့ရတယ်ဆိုတာ ကျွန်မတို့ ကောင်းကောင်း သိတယ်”

အခြား ပညာရှင်တစ်ဦးကလည်း ခေါင်းညိတ်၍ ပြောလိုက်သည် “ဟုတ်တယ်။ ဒီနေရာက‌ သွေးအကျဉ်းထောင်နဲ့ နီးတယ်ဆိုပေမယ့် အစ်ကို လော့ဟိုင်တစ်ယောက်ပဲ အထဲမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို အာရုံခံနိုင်တာ။ ကျုပ်တို့အားလုံးရဲ့ ကောင်းကင် စိတ်အာရုံက ဒီနေရာမှာ အသုံးမဝင်တော့ဘူး။ ဒါကြောင့် တစ်ခုခု စိတ်ဝင်စားစရာတွေ့ရင် ကျုပ်တို့ကိုလည်း ပြောပါဦးလို့”

လော့ဟိုင်ဆိုသော လူက မတ်တပ်ရပ်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည် “ဒီဘုရင် စိတ်ဝင်စားစရာတစ်ခု တကယ်ပဲ တွေ့လိုက်တယ်။ ဒါပေမယ့် ဒီလောက်ကြီးတော့ မဟုတ်ဘူး။ အခုတစ်ကြိမ် သွေးအကျဉ်းထောင်ထဲကို ဝင်လာတဲ့ လူတွေထဲမှာ တန်ခိုးရှင်ဒုတိယအဆင့် တစ်ယောက်ပါ ပါနေတယ်”

“အို၊ တန်ခိုးရှင်ဒုတိယအဆင့်လား” အဘွားကြီး အံ့အားသင့်သွား၏။ အခြားသူများလည်း အံ့အားသင့်သွားခဲ့၏။

“သွေးအကျဉ်းထောင်ထဲကို တန်ခိုးရှင်ဒုတိယအဆင့်တွေ မဝင်ဖူးတာတော့ မဟုတ်ဘူး၊ ဝင်ဖူးတဲ့လူတွေ ရှိတယ်။ ဒါပေမယ့် ဝင်သွားတဲ့လူတွေ အကုန်လုံး ပထမ တစ်ရက်၊ နှစ်ရက်နဲ့တင် သေသွားကုန်ကြတာချည်းပဲ။ ဒီတစ်ယောက်လည်း အရင်လူတွေလမ်း လိုက်သွားဦးမလား မသိဘူး” အဘွားအိုကြီးက ဖြည်းဖြည်းချင်း ခေါင်းခါလျက် ပြောလိုက်သည်။

“ဟုတ်တယ်။ အဲ့လို သွေးဆူလွယ်တဲ့ လူငယ်တွေက ခံဖူးမှ သိမှာ။ သွေးအကျဉ်းထောင်က တန်ခိုးရှင်တတိယအဆင့်တွေ အတွက်ပဲ။ တန်ခိုးရှင်ဒုတိယအဆင့်တွေ ဝင်ခွင့်မရှိဘူးလို့ ပြောမထားပေမယ့် ဝင်သွားတဲ့လူတွေ ဘယ်သူကံကောင်းခဲ့လိုပဲ။ ဒီလောက် နှစ်တွေ ကြာနေတာတောင် အခုထိ မမှတ်ကြသေးပါလား”

“အစ်ကိုလော့ဟိုင်၊ အဲ့ကောင်လေး အခြေအနေ ဘယ်လိုရှိလဲ။ အစ်ကိုလော့ဟိုင် စိတ်ဝင်စားရတာဆိုတော့ အဲ့ကောင်လေးက သာမန်တော့ မဟုတ်လောက်ဘူးနဲ့တူတယ်၊ ဟုတ်တယ်မလား” အမျိုးသမီးလှလှ တစ်ဦးက လော့ဟိုင်ကိုကြည့်၍ မေးလိုက်၏။ ထိုအမျိုးသမီးသည် တန်ခိုးရှင်ဘုရင်ပထမအဆင့် ဖြစ်သော်ငြား လော့ဟိုင်နှင့် စကားပြောရာတွင် အနည်းငယ်တော့ သတိ ထားနေရဆဲ။

လော့ဟိုင်၏ ကျင့်ကြံခြင်း သူမထက်တစ်ဆင့် ပိုမြင့်သည့် အတွက်ကြောင့် မဟုတ်ဘဲ လော့ဟိုင်သည် ဤတောင်စိမ်းကြယ်၏ ကြယ်သခင် ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ကြယ်သခင်တစ်ယောက်အား သူ့ပိုင်နက်ထဲတွင် ဆန့်ကျင်ရဲလောက်အောင် မည်သူမှ မရူးမိုက်ချေ။

ရှင်းရှင်းပြောရလျှင် တန်ခိုးရှင်ဘုရင် တတိယအဆင့်တစ်ယောက် ရောက်လာလျှင်ပင် လော့ဟိုင်အား တောင်စိမ်းကြယ်ပေါ်တွင် သတ်နိုင်လိမ့်မည် မဟုတ်ချေ။

ဤနေရာတွင် သူသည် အရှင်သခင် ဖြစ်သည်။

လော့ဟိုင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်သွားသည့် အခါကျ ဤတောင်စိမ်းကြယ်သို့ ရောက်လာသည့်လူအားလုံး သူ့အား မျက်နှာသာ ပေးရပေလိမ့်မည်။

“သူလည်း ဘာမှဒီလောက် မဟုတ်ပါဘူး” လော့ဟိုင်က ပြုံးလျက် “သွေးအကျဉ်းထောင်ထဲ ဝင်လာတဲ့အထဲမှာ သူ့လို တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်ကို လာတွေ့လို့ ဒီဘုရင် နည်းနည်း အံ့ဩသွားတာ။ သူလို့ လူတွေ မတွေ့ရတာ ကြာနေပြီကိုး။ အခု သူနယ်ပယ်ဝဲကတော့ဆီ ဝင်သွားပြီ။ နောက်ဘာဆက်ဖြစ်လဲ ဆိုတာကိုတော့ ဒီဘုရင်လည်း မသိတော့ဘူး။ ဒီဘုရင်က တောင်စိမ်းကြယ်ရဲ့ ကြယ်သခင်ဆိုပေမယ့် ဒီဘုရင်ရဲ့ ကောင်းကင် စိတ်အာရုံတောင် သွေးအကျဉ်းထောင်ထဲရောက်ရင် ကန့်သတ်ခံရတယ်”

“နယ်ပယ်ဝဲကတော့ဆီ သွားတာလား” အဘွားအိုကြီးက သက်ပြင်းချလျက် “ကြည့်ရတာ သူလည်း အရင်လူတွေနောက် လိုက်ရတော့မယ်နဲ့ တူတယ်။ ကိုယ့်အဆင့် ကိုယ်မသိကြတဲ့ လူငယ်တွေက နေရာတိုင်းမှာ ရှိနေကြတာပါလား”

“သူထိုက်နဲ့သူကံပဲလေ”

“မေ့လိုက်တော့။ သူ့ကို ဆက်အာရုံစိုက်မနေနဲ့တော့။ အာရုံစိုက်နေရငလည်း ကြာကြာနေရမယ့်လူ မဟုတ်ဘူး။ ငါစိတ်ဝင်စားတာ အခုတစ်ကြိမ် အသုတ်ထဲမှာ မျိုးစေ့ကောင်းလေးတွေ ပါလာလား ဆိုတာပဲ”

“ဟုတ်တယ်။ ငါတို့အားလုံး တောင်စိမ်းကြယ်ဆီ ရောက်လာတာ အဲ့အကြောင်းကြောင့်ပဲ မဟုတ်လို့လား”

ထိုစကားကို ကြားသော် လော့ဟိုင်က ပြုံး၍ ဝင်ပြောလိုက်၏ “အားလုံး၊ မင်းတို့ဘာလို့ ဒီရောက်လာလဲ ဒီဘုရင် သိတယ်။ ဒါပေမယ့် ဒီဘုရင် သတိပေးထားမယ်။ မျိုးစေ့ကောင်းတွေ တွေလို့ ပြန်ခေါ်သွားချင်တယ်ဆိုရင် သူတို့ သဘောတူမှ ရမှာနော်။ အတင်းအကြပ် လုပ်လို့မရဘူး။ တောင်စိမ်းကြယ်ရဲ့ ကြယ်သခင် တစ်ယောက်ဖြစ်တဲ့ အနေနဲ့ ဒီဘုရင်ရဲ့ကြယ်မှာ သူတို့လို လူငယ်တွေ မတရားခံရမယ့် အဖြစ််မျိုး မမြင်ချင်ဘူး”

“အစ်ကိုလော့ဟိုင်၊ စိတ်ပူစရာမလိုပါဘူး။ အရင်တုန်းကလည်းက သူတို့ ဆန္ဒရှိမှ ကျွန်မတို့ ပြန်ခေါ်သွားခဲ့တာလေ။ ဘယ်အကြိမ်ကများ အတင်းအကြပ် လုပ်တာမျိုး ရှိလို့လဲ” အမျိုးသမီးချောလေးက နှုတ်ခမ်းလေးကွေးလျက် ပြုံးကာ ပြောလိုက်သည်။

“ငါကတော့ ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး။ ငါဒီတစ်ကြိမ်လာတာ နယ်ပယ်ကျောက်တုံး ဝယ်ဖို့သက်သက်ပဲ။ ဟဲဟဲ၊ ဒီကောင်တွေ နယ်ပယ်ကျောက်တုံး အများကြီး မရလာရင်တောင် နည်းနည်းလောက်တော့ ရလာမှာသေချာတယ်” ဆံပင်ဖြူဖြူနှင့် လူအိုကြီးတစ်ဦးက ပြုံးလျက် ပြောလိုက်သည်။

ထို့နောက် လော့ဟိုင်ဘက်သို့လှည့်၍ “အစ်ကိုလော့ဟိုင် တားတာကြောင့်သာ မဟုတ်ရင် ဒီလူအိုကြီးကိုယ်တိုင် သွေးအကျဉ်းထောင်ထဲဝင်ပြီး နယ်ပယ်ကျောက်တုံးတွေ သွားရှာနေလောက်ပြီ”

“အစ်ကိုကျိုး အထင်မှားနေပြီ” လော့ဟိုင်က ခေါင်းခါ၍ “ဒီဘုရင်က ခွင့်မပြုပေးချင်တာ မဟုတ်ဘူး။ အစ်ကိုကျိုးကကို သွားလို့မရတာ။ သွေးအကျဉ်းထောင်ပတ်လည်မှာ တောင်စိမ်းကြယ်ရဲ့ အရင်ကြယ်သခင် ခင်းကျင်းထားခဲ့တဲ့ အကာအရံကြီးတစ်ခု ရှိတယ်။ အဲ့အကာအရံ ရှိနေလို့ ဘယ်တန်ခိုးရှင်ဘုရင်အဆင့်မှ သွေးအကျဉ်းထောင်ထဲ ဝင် လို့ မရတော့ဘူး။ ဒီဘုရင်က တောင်စိမ်းကြယ်ရဲ့ ကြယ်သခင် ဖြစ်နေပြီဆိုပေမယ့် အဲ့အကာအရံနဲ့ ပက်သက်ပြီး ဘာမှ မတတ်နိုင်သေးဘူး။ အဲ့အကာအရံကို ပြန်ဖြေဖို့ဆိုရင် တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်မှပဲ လုပ်နိုင်လောက်လိမ့်မယ်”

“အရင်ကြယ်သခင်က အကာအရံတစ်ခု ခင်းကျင်းထားခဲ့တာလား” အကုန်လုံး ထိတ်လန့်သွားခဲ့သည်။

“ဟုတ်တယ်။ ဒီဘုရင် ဒီအကြောင်းကို လူသိရှင်ကြား ထုတ်မပြောဖူးပေမယ့် အဲ့ဒါ အမှန်ပဲ။ မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်တစ်ထောင်က တိုက်ပွဲမှာ သွေးအကျဉ်းထောင်ထဲကနေ ဘယ်တန်ခိုးရှင်ဘုရင်အဆင့်မှ ထွက်မပြေးနိုင်ခဲ့တာ ဘာကြောင်လို့ ထင်လဲ”

“အဲ့အကာအရံကြောင့်လား”

“ဟုတ်တယ်။ အဲ့အကာအရံကို တောင်စိမ်းကြယ်ရဲ့ စွမ်းအားကို သုံးပြီး ဖန်တီးထားခဲ့တာ။ အဲ့အကာအရံ ရှိနေရင် ဘယ်တန်ခိုးရှင် ဘုရင်အဆင့်မှ သွေးအကျဉ်းထောင်ထဲကိုတင် မဟုတ်ဘူး၊ သွေးအကျဉ်းထောင်ထဲကပါ ထွက်လို့မရတော့တာ” လော့ဟိုင်က ခေါင်းညိတ်လိုက်သည်။

“ဒါကြောင့်ကိုး။ တန်ခိုးရှင်ဘုရင်အဆင့် အယောက်နှစ်ဆယ်ကျော်တောင် ဘယ်လို သေသွားလဲ မှတ်နေတာ။ ဒါကြောင့် ဖြစ်နေတာကိုး”

ထိုလွန်ခဲ့သော နှစ်ပေါင်းထောင်းများစွာက တိုက်ပွဲနှင့်ပက်သက်၍ အတော်များများ အဖြေရှာမရသည့် ကိစ္စမှာ ဘာကြောင့် အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မှ မရှိရသလဲ ဆိုသည်ပင်။

တိုက်ပွဲသည် အလွန်ပြင်းထန်သည် ဆိုလျှင်ပင် အသက်ရှင် ကျန်ရစ်သူ တစ်ယောက်နှစ်ယောက်လောက်တော့ ရှိသင့်၏။ ထိုတိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တန်ခိုးရှင်ဘုရင်အဆင့် အရေအတွက်မှာ အတော့်ကိုမှ များပြားလှသည်။ ထို့အပြင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များကို တစ်ယောက်ကို တစ်ယောက် သတ်ရန်မှာ အလွန် ခက်ခဲလှသည်။

သို့သော်လည်း ရှေးမှတ်တမ်းများအရ၊ ထိုတိုက်ပွဲအတွင်း အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။

ယခု လော့ဟိုင် ရှင်းပြသည်ကို ကြားပြီးမှပဲ သူတို့အားလုံး နားလည်သွားကြတော့သည်။

တောင်စိမ်းကြယ်၏ စွမ်းအားသုံးပြီး ဖန်တီးထားသည့် အကာအရံ တစ်ခု ဖြစ်သည့်အတွက် တောင်စိမ်းကြယ်၏ ခွင့်ပြုချက်မရဘဲ မည်သည့် တန်ခိုးရှင်ဘုရင်အဆင့်မှ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ပေ။ ယခင်ကြယ်သခင်သည် သူ့ဘက် မသာတော့မှန်း သိသည့်အတွက် သွေးအကျဉ်းထောင်တစ်ခုလုံးကို ပိတ်ချပြီး သူနှင့်အတူ ဆွဲခေါ်သွားခဲ့ခြင်း ဖြစ်လောက်သည်။

ထိုအကြောင်းကို သိလိုက်သည်နှင့် အကုန်လုံး သက်ပြင်း အသီးသီးချလျက် တိတ်ဆိတ်သွားခဲ့ကြလေသည်။

မျက်တောင်တစ်ခတ်အတွင်း သုံးရက် ကုန်ဆုံးသွားခဲ့သည်။

လော့ဟိုင်သည် ရုတ်တရက် အာမေဋိသံ ပြုလိုက်လေသည်။

“လူအိုကြီးမင်းလော့ဟိုင်၊ စိတ်ဝင်စားစရာတစ်ခုခု ထပ်ရှာတွေ့ပြန်ပြီလား” အဘွားအိုကြီးက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“စိတ်ဝင်စားစရာပဲ။ တန်ခိုးရှင်ဒုတိယအဆင့်လေးနဲ့ နယ်ပယ်ဝဲကတော့ထဲကနေ တကယ်ကြီး ထွက်လာနိုင်တာလား” လော့ဟိုင်က မျက်ခုံးပင့်လျက် အံ့အားသင့်နေသည့် အသံဖြင့် ပြောလိုက်သည်။

“ဘယ်လို” အဘွားအိုကြီး ထိတ်လန့်သွားခဲ့သည်။

“အစ်ကိုလော့ဟိုင်ပြောတာ ဟိုအရင်တစ်ခေါက်က ပြောခဲ့တဲ့ တန်ခိုးရှင်ဒုတိယအဆင့် လူငယ်လေးကို ပြောတာလား” အမျိုးသမီးချောလေးလည်း ထိတ်လန့်သွားခဲ့သည်။

“ဟုတ်တယ်။ သူဘယ်လို ထွက်လာနိုင်လဲဆိုတာ ဒီဘုရင် တကယ် စိတ်ဝင်စားသွားပြီ” လော့ဟိုင်က မယုံသင်္ကာ အမူအရာဖြင့် ပြောလိုက်သည်။ သူသည် တောင်စိမ်းကြယ်၏ ကြယ်သခင်တစ်ဦး ဖြစ်သော်လည်း သွေးအကျဉ်းထောင်အတွင်းရှိ အခြေအနေကို အသေးစိတ် မစစ်ဆေးနိုင်ခဲ့ချေ။

“အဲ့နယ်ပယ်ဝဲကတော့ကများ အရမ်း အားနည်းနေလို့လား” တစ်ယောက်ယောက်က ပြောလိုက်သည် “သွေးအကျဉ်းထောင်ထဲက နယ်ပယ်ဝဲကတော့တွေက တစ်ခုနဲ့တစ်ခု စွမ်းအားချင်း တူညီကြတာ မဟုတ်ဘူး။ အချို့က အားအကောင်းပေမယ့် အချို့က အရမ်းအားနည်းတယ်။ သူဝင်သွားတဲ့ နယ်ပယ်ဝဲကတော့က အားနည်းတဲ့တစ်ခု ဖြစ်နေလောက်တယ်”

“မဟုတ်ဘူး။ သူ့မတိုင်ခင် တန်ခိုးရှင်တတိယအဆင့် တစ်ယောက်လည်း အဲ့နယ်ပယ်ဝဲကတော့ထဲ ဝင်သွားသေးတယ်။ ဒါပေမယ့် အဲ့တန်ခိုးရှင်တတိယအဆင့်တောင် ပြန်ထွက်မလာနိုင်ဘူး။ အဲ့အချက်ကို ကြည့်ရုံနဲ့တင် အဲ့နယ်ပယ် ဝဲကတော့ လုံးဝ အားမနည်းတာ သေချာတယ်” လော့ဟိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် ပြောလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၉၃)

တန်ခိုးရှင်ဒုတိယအဆင့်လေးဖြင့် ထိုကဲ့သို့ အားကောင်းသော နယ်ပယ်ဝဲကတော့ထဲမှ ထွက်လာနိုင်ကြောင်း သိလိုက်ရသည့် နောက်တွင် ကျောက်တုံးစံအိမ်လေးထဲတွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံး အံ့ဩသွားခဲ့ကြ၏။

ထိုတန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသော လူငယ်လေးသည် ပါရမီရှင်တစ်ဦးဖြစ်မည်မှန်း အကုန်လုံး နားလည်သွားကြသည်။

“ဟဲဟဲ၊ အဲ့ကောင်လေးကို ဒီအဘွားကြီးရဲ့ ဓါးအဖွဲ့အစည်းဆီ ခေါ်သွားရမယ်” အဘွားအိုကြီးက အသာအယာ ရယ်မောလျက် “သူသာ သွေးအကျဉ်းထောင်ထဲက အသက်ရှင်လျက် ထွက်လာနိုင်မယ်ဆိုရင် ဒီအဘွားကြီး သူ့ကို ဓါးအဖွဲ့အစည်းဆီ ခေါ်သွားပြီး ကောင်းကောင်း လေ့ကျင့်ပေးမယ်”

“စီနီယာအစ်မလဲ့ အိပ်ချင်မူးတူးနဲ့ စကားပြောနေတာလား” ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် သက်လတ်ပိုင်းလူကြီးက “စကားနည်းနည်းလေးနဲ့ သူ့ကို ခေါ်သွားချင်နေတယ်ပေါ့။ ဒီက လူတွေကိုလည်း အရင်မေးဦးလေ။ သူလို့ လူတစ်ယောက်ကို ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကလည်း ဘာလို့ လက်လွှတ်ရမှာလဲ”

“ငါတို့ ခရမ်းကြယ်လည်း အတူတူပဲ” အမျိုးသမီးချောလေးက ဝင်ပြောလိုက်သည်။

“ငါဂရုမစိုက်ဘူး။ သူအသက်ရှင်လျက် ထွက်လာမယ်ဆိုရင် ဒီအဘွားကြီး သူ့ကို ကျိန်းသေ ခေါ်မယ်။ နင်တို့ လိုချင်ရင် အခြားသူတွေကို သွားရွေး” အဘွားကြီးက ပြန်ပြောလိုက်သည်။

“စီနီယာအစ်မလဲ့၊ နင်တစ်ဖက်သတ်ချည်းပဲ ပြောနေလို့မရဘူး။ အဲ့ကောင်လေး ဘယ်သူလဲ၊ သူဘယ်ကလာလဲ၊ သူ့မှာ နောက်ခံ တစ်ခုခုများ ရှိလား၊ ငါတို့ တစ်ယောက်မှ သိတာ မဟုတ်ဘူး။ သူမှာ နောက်ခံကောင်းကောင်း မရှိရင်တောင် သူနင့်နောက်ကို လိုက်မယ်ဆိုတာ သေချာလို့လား။ ဓါးအဖွဲ့အစည်းထက်စာရင် သူက ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းဆီကိုတောင် ပိုလာချင်လာဦးမှာ။ ကြယ်စီရင်စုထဲမှာ ငါတို့ ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းက နင်တို့ ဓါးအဖွဲ့အစည်းထက် ပိုပြီး နာမည်ကျော်တယ်လေ” သက်လတ်ပိုင်းလူကြီးက ပြန်ပြောလိုက်၏။

“နာမည်ကျော်တာချင်းဆိုရင် ငါတို့ အင်အားစု သုံးခုစလုံးက ဘာမှ ဒီလောက်ကွာတာ မဟုတ်ပါဘူး” အမျိုးသမီးချောလေးက သူမ၏ နှုတ်ခမ်းကိုကွေးလျက် တခစ်ခစ်ရယ်မောရင် “သူငါတို့ ခရမ်းကြယ်ကို စိတ်ဝင်စားသွားတာလည်း ဖြစ်နိုင်တာပဲ”

အဘွားကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “နင်တို့ ငါနဲ့ပြိုင်ပြီး အဲ့ကောင်လေးကို တကယ် လုချင်နေတာလား”

“စီနီယာအစ်မနဲ့ ပြိုင်ချင်တာ မဟုတ်ဘူး။ စီနီယာအစ်မကကို တစ်ဖက်သတ်ကြီဂ လာလုပ်နေတာ” သက်လတ်ပိုင်းလူကြီးက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

“တော်ပြီ၊ ရန်မဖြစ်ကြနဲ့တော့” လော့ဟိုင်က မျက်မှောင်ကြုတ်၍ ဖြတ်ပြောလိုက်လေသည် “အဲ့ကောင်လေး သွေးအကျဉ်းထောင်ထဲကနေ အသက်ရှင်လျက် ထွက်လာမယ်၊ မထွက်လာဘူးဆိုတာက သေချာသေးတာ မဟုတ်ဘဲ ဘာလို့ အချင်းချင်း ငြင်းခုံနေကြတာလဲ။ နယ်ပယ်ဝဲကတော့ထဲကနေ သူကံကောင်းပြီး လွတ်လာတာလည်း ဖြစ်နိုင်တာပဲ။ သူသာ လမ်းတစ်ဝက်မှာ သေသွားခဲ့ရင် အခုလို ငြင်းခံနေတာ ဘာအသုံးဝင်တော့မှာ မို့လို့လဲ”

လော့ဟိုင်စကားကို ကြားသည့်အခါ သုံးယောက်စလုံး အနည်ငယ် မျက်နှာမဲ့သွားသော်လည်း ခေါင်းတော့ ညိတ်လိုက်ကြလေသည်။

အဘွားကြီးက ထပ်ပေါင်းပြောလိုက်လေသည် “လူကြီးမင်း လော့ဟိုင်၊ ကျေးဇူးပြုပြီး အဲ့ကောင်လေးကို စောင့်ကြည့်ပေးလို့ ရမလား။ သူသေသွားရင်လည်း ကျွန်မတို့ကို အကြောင်းကြားပေးပါဦး။ သူ့အတွက် စောင့်ရတာ အချည်းနှီး မဖြစ်ချင်လို့”

“ဒီဘုရင် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်” လော့ဟိုင်က ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် လူကြီးမင်းလော့ဟိုင်” အဘွားကြီးက အလျင်အမြန် ကျေးဇူးတင်လိုက်သည်။

ဤသို့ဖြင့် ကျောက်တုံးစံအိမ်လည်း တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့ပြန်လေသည်။

ထိုအချိန်အတောအတွင်း၌၊ ရန်ကိုင်သည် သူ့ကိုယ်သူ ရှီစွမ်းအားဖြင့် လွှမ်းခြုံစေလျက် မြေကြီးထက်တွင် ကျနေသော သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်ပြီးနောက် ဇိမ်ပြေနပြေ အမူအရာဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာ နယ်ပယ်ဝဲကတော့သည် ရန်ကိုင်အား လုံးဝ မဖိနှိပ်နိုင်ခဲ့ချေ။ ရန်ကိုင်သည် သူ့ရှီစွမ်းအားကို အသုံးပြု၍ နယ်ပယ်ဝဲကတော့၏ ဖိနှိပ်နိုင်သည့် စက်ကွင်းအတွင်းမှ အချိန်တိုအတွင်း အပြင်သို့ ထွက်လာနိုင်ခဲ့သည်။

နယ်ပယ်ဝဲကတော့ထဲ ရက်အနည်းငယ်ကြာအောင် အချိန် ဖြုန်းပြီးနောက်တွင် ရှီစွမ်းအင်အပေါ် ရန်ကိုင်၏ နားလည်မှုသည် ကြီးကြီးမားမား တိုးတက်လာခဲ့ရလေသည်။ ဤအရာမျိုးသည် တင်ပလင်ခွေထိုင် ဆင်ခြင်ကျင့်ကြံရုံဖြင့် ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

သွေးအကျဉ်းထောင်သည် တကယ်ကို ရတနာသိုက်ကြီးတစ်ခု ဖြစ်သည်။

သိုလှောင်လက်စွပ်အား ကိုင်ကား ကောင်းကင်စိတ်အာရုံဖြင့် တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သိုလှောင် လက်စွပ်ကို ပြန်သိမ်းထားလိုက်လေသည်။

ရှုတင်းယန်၏ သိုလှောင်လက်စွပ်ထဲတွင် ရန်ကိုင် စိတ်ဝင်စားသည့် ပစ္စည်းတစ်ခုမှ ရှိမနေခဲ့ချေ။ ရှုတင်းယန်၏ ချမ်းသာမှုသည် အခြား တန်ခိုးရှင်အဆင့်များနှင့် ယှဉ်နိုင်သော်လည်း ရန်ကိုင်ကမူ ထိုမျှလောက်သာ ပိုင်ဆိုင်မှုလောက်ကို စိတ်မဝင်စားချေ။

ရှုတင်းယန် မသေခင်ပြောသွားသည့် တောင်းဆိုမှုကိုမူကား ရန်ကိုင် ဂရုမစိုက်။

သူတို့နှစ်ယောက်သည် လမ်းကြုံရင်း တွေ့ခဲ့ကြသူများသာ ဖြစ်ကြပြီး နည်းနည်းလေးမှ ရင်းနှီးခြင်းမရှိသလို ရန်ကိုင်ကလည်း သူ့တောင်းဆိုချက်ကို သဘောတူခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ငှက်မွှေးပြာဂိုဏ်းကို အကြောင်းကြားပေးရန် သက်သက်ဖြင့် လှိုင်းနီကြယ်ဆီသို့ သီးသန့်ကြီး ခရီးတစ်ခေါက်သွားမည် မဟုတ်ပေ။

လမ်းကြုံခဲ့လျှင်တော့ ဝင်အကြောင်းကြားပေးလိုက်၍ ဘာမှမဖြစ်ပေ။ သို့သော် အလကားသက်သက်ကြီးတော့ သွားမည် မဟုတ်ချေ။ ထိုနေရာမှ ထွက်ခွာလာပြီးနောက်တွင် ကြုံရာ လမ်းကြောင်းတစ်ခုရွေးကာ ထွက်လာခဲ့လိုက်သည်။

သွေးအကျဉ်းထောင်သည် ရန်ကိုင် သွားခဲ့ဖူးသည့်‌ နေရာများနှင့် အတော်လေး ကွဲပြားပေသည်။ သဲမီးတောက်နယ်မြေဖြစ်စေ၊ ဧကရာဇ်ဥယျာဉ်ဖြစ်စေ၊ ထိုနေရာ နှစ်ခုစလုံးသည် အလွန်ကိုမှ ကျယ်ပြောပြီး ဝင်ခွင့်ကန့်သတ်ချက် အသီးသီး ရှိကြသည်။ ထို့ကြောင့် လူအများကြီး ဝင်လာကြသည် ဆိုလျှင်ပင် တစ်ယောက်နှင့်တစ်ယောက် တွေ့နိုင်ချေ အတော်လေး နည်း၏။

သွေးအကျဉ်းထောင်ကမူ မတူတော့ချေ။

သွေးအကျဉ်းထောင်သည် အတော်လေးကျယ်သော်ငြား ကြယ်စီရင်စုထဲ အလွန် နာမည်ကျော်ကြားသည့် နေရာတစ်ခု ဖြစ်သည်။ တစ်ကြိမ်ဖွင့်တိုင်း ဖွင့်တိုင်းလည်း ကြယ်စီရင်စုထဲ၌ ရှိနေသော တန်ခိုးရှင်တတိယအဆင့်များစွာ လာရောက်ကြ၏။ ထို့ကြောင့် သွေးအကျဉ်းထောင်ထဲတွင် အခြားသူများနှင့် မကြာခဏ ကြုံဆုံတွေ့ရတတ်ပေသည်။

လူအများစုသည် ပြဿနာရှာလိုစိတ် မရှိကြ။ သူစိမ်းလူ တစ်ယောက်၏ အရှိန်အဝါကို ခံစားမိလိုက်သည်နှင့် တစ်ပြိုင်နက် လမ်းကြောင်း ကွေ့ပတ်သွားကြလေသည်။

သို့သော်လည်း ရန်ကိုင်သည် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးမှန်း သိလိုက်ရသည့်အခါ၊ အကုန်လုံး မှင်သက်သွားကြ၏။ ထို့နောက် ရန်ကိုင်အား မကြာခင် သေရတော့မည့် လူတစ်ယောက်နှယ် ဂရုဏာသက်သည့် အကြည့်များဖြင့် ကြည့်လာကြလေသည်။

ရန်ကိုင်ကမူ ထိုလူများကို ဂရုစိုက်မနေခဲ့ချေ။

သွားလာနေစဉ် အတောအတွင်း အချင်းချင်း တိုက်ခိုက်နေကြသည့် ကျင့်ကြံသူများကိုလည်း တွေ့ခဲ့ရသည်။

ကြယ်စီရင်စုကြီးထဲရှိ အင်အားစုများသည် အချင်းချင်း သဟဇာတ ဖြစ်ကြသည်မဟုတ်။ အင်အားစုကြီး တော်တော်များများကြား၌ မကျေနပ်ချက်များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုအင်အားစုများ၏ အဖွဲ့သားများ အချင်းချင်း တွေ့ကြသည့်အခါ တိုက်ပွဲများ ဖြစ်ပွားကုန်ကြလေသည်။

ရန်ကိုင်သည် ထိုတိုက်ပွဲများဝင် ဝင်ပါပက်သက်ခြင်းမပြုဘဲ နယ်ပယ် ဝဲကတော့များကို ရှာဖွေရေးတွင်သာ အာရုံစိုက်နေခဲ့၏။

ထိုကဲ့သို့ ရှာနေရင်းနှင့်မှ စုစုပေါင်း အားကောင်းသော နယ်ပယ်ဝဲကတော့ သုံးခုနှင့် ကြုံတွေ့ခဲ့ရသည်။ ရန်ကိုင်သည် ထိုသုံးခုစလုံးထဲသို့ ဝင်သွားခဲ့ပြီး ရက်အနည်းငယ်ကြာပြီးနောက် ပြန်ထွက်လာနိုင်ခဲ့သည်။ ထိုနယ်ပယ်ဝဲတော့များဆီမှ ရန်ကိုင်သည်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။

သူ့ရှီသည် လက်ရှိတွင် အသေးစားပြီးမြောက်ခြင်း အဆင့်ကို ဖြတ်ကျော်သွားပြီး ပြီးပြည့်စုံခြင်းအဆင့်ဆီသို့ တဖြည်းဖြည်း ဦးတည်ခြေလှမ်းနေခဲ့သည်။

နယ်ပယ်ဝဲကတော့များကို ရှာတွေ့ခဲ့သော်ငြား သွေးအကျဉ်းထောင် ထဲတွင်သာ ရနိုင်သည့် နယ်ပယ်ကျောက်တုံးများကိုတော့ ရန်ကိုင် မတွေ့ခဲ့သေးပေ။

နယ်ပယ်ကျောက်တုံးများသည် နယ်ပယ်များနှင့် အတူတကွ တည်ရှိကြသည်။ နယ်ပယ်ကျောက်တုံးများသည် နှစ်ပေါင်းများစွာ ကြာအောင် တည်ရှိလာသော နယ်ပယ်များကို ထူးခြားသော ကျောက်စိမ်းများမှ စုပ်ယူပြီးနောက်၌ ထိုကျောက်တုံးများ တဖြည်းဖြည်း အခြေတည်သိမ်းသည်းရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထို့ကြောင့် နယ်ပယ်ကျောက်တုံးများသည် ယေဘုယျအားဖြင့် နယ်ပယ်ဝဲကတော့များထဲတွင် ရှိတတ်ကြသည်။ တစ်နည်း ဆိုရသော်၊ နယ်ပယ်ကျောက်တုံးများကို လိုချင်လျှင် နယ်ပယ်ဝဲကတော့ထဲ သွားရပေမည်။

တစ်နေ့တွင်၊ ရန်ကိုင်သည် နယ်ပယ်ဝဲကတော့များကို ရှာဖွေနေစဉ်၊ သူ့ဆီသို့ ချဉ်းကပ်လာနေသော အသံဗလံများစွာကို ရုတ်တရက် ကြားလိုက်ရ၏။

ထိုအသံများမှာ တိုက်ပွဲများသံများ ဖြစ်မှန်း သိလိုက်သဖြင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ့ဆီ တိုးဝင်လာနေဆီနေသာ တိုက်ပွဲဆီမှ ရှောင်ချင်သော်ငြား ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ချိန် ရန်ကိုင် မသင်္ကာ ဖြစ်သွားခဲ့ရသည်။

သူ့ဆီသို့ ချဉ်းကပ်လာနေသော လူနှစ်ယောက်ကို သူရင်းနှီးနေခဲ့သည်။ ခဏအကြာတွင် ရန်ကိုင်ရှေ့ အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး အသက်ဆယ်ရှိုက်စာ အကြာ၍ အနည်းငယ် ပုံပျက်ပန်းပျက် ဖြစ်နေသော လှပသည့် ပုံရိပ်လေးတစ်ခု ရန်ကိုင်ရှေ့သို့ ဆင်းသက်လာခဲ့သည်။

“ခင်ဗျားလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

ယခု ရောက်လာသည့်လူမှာ ဂဏန်းရိုင်းပိုင်နက်မှ သူနှင့်အတူ ဤနေရာသို့ လိုက်လာခဲ့သည့် ရွှယ့်စွန်းဖြစ်ပေသည်။

လက်ရှိ သူမ၏ အရှိန်အဝါသည် အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။ သူမ ဝတ်စားသည့် အစိမ်းရောင် ဝတ်စုံမှာလည်း သွေးချင်းနီနေခဲ့၏။ ရန်ကိုင်ရှေ့သို့ ရောက်လာပြီးနောက် အမောတကော အသက်ရှူရင်း ရန်ကိုင်အား ရှုပ်ထွေးသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

ဤနေရာတွင် ရှိနေသည့်လူသည် ဤလူသားကောင်လေး ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

အနည်းငယ် ရင်းနှီးနေသည့် အရှိန်အဝါကို ခံစားမိသည့် အတွက် အကူအညီတောင်းရန် ဤနေရာသို့ အပြေးလာခဲ့လိုက်ခြင်းသာ။

“ခင်ဗျားကြည့်ရတာ တော်တော်လေး အခြေအနေဆိုးနေတာပဲ” ရန်ကိုင်က တစ်ချက် စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်သည်။

“ငါအလိုက်ခံနေရတာ နင်မတွေ့ဘူးလား” ရွှယ့်စွန်းက အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေသည် “ငါ့ကို ကူညီပေးဦး”

ရန်ကိုင် မျက်လုံးလေးပင့်လိုက်ပြီး သူမနောက်သို့ ကျော်ကြည့်လိုက်ရာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ပြေးလိုက်လာနေသော လူနှစ်ဦးကို တွေ့လိုက်ရလေသည်။

“ဘာလို့ ကူညီရမှာဗျ။ ကျုပ်ကိစ္စမှ မဟုတ်တာ” ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ လာနေသည့်လူသာ ရွှယ့်စွန်းမှန်း သိခဲ့လျှင် အစောကြီးကတည်းက ထွက်သွားလိုက်ပေသည်။

ရွှယ့်စွန်း၏ မျက်လုံးထဲ အနည်းငယ် ကူကယ်ရာမဲ့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားပြီး သူမ၏ နှုတ်ခမ်းကိုက်၍ ပြောလိုက်သည် “နင်ယုံယုံမယုံယုံ၊ ငါညီမချင်းလော့နဲ့ အတော်လေး ရင်းနှီးတယ်”

“အဲ့ဒါ ကျုပ်နဲ့ဘာဆိုင်လို့လဲ” ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်သည်။ ချင်းလော့နှင့် ရင်းနှီးသည်ဟု ပြောလိုက်ရုံဖြင့် သူက ကူညီပေးလိမ့်မည်ဟု ဤအမျိုးသမီး တကယ်ကြီး ထင်နေလေသလော။ ခေါင်းခါ၍ ရန်ကိုင်က ဆက်ပြောလိုက်၏ “ခင်ဗျား မစဉ်းစားတတ်တာလား။ ကျုပ်က တန်ခိုးရှင်ဒုတိယ အဆင့်ပဲ ရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်နော်။ အခွင့်အရေး ရတုန်း ခင်ဗျား မြန်မြန် ထွက်ပြေးရင် ကောင်းလိမ့်မယ်။ ဟိုနှစ်ယောက်က ခင်ဗျားကို မှီတော့မှာ။ သူတို့ မှီတော့မှ ထွက်ပြေးမယ်ဆိုရင် အရမ်း နောက်ကျသွားလိမ့်မယ်နော်”

“နင်တန်ခိုးရှင်ဒုတိယအဆင့် ဆိုရင်တောင် နန်းတော်ထဲမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ငါသိပြီးလား။ နင်ငါ့ထက် လုံးဝ အားမနည်းဘူး” ရွှယ်စွန်းက ပြန်ပြောလိုက်လေသည်။

ရန်ကိုင်ကတော့ ခေါင်းခါနေဆဲ “မိန်းကလေး၊ နင့်ဒဏ်ရာက ဒီလောက်ကြီး ပြင်းတာလည်း မဟုတ်ဘူး။ ဒီလောက် ဒဏ်ရာနဲ့ဆို သူတို့ နှစ်ယောက်ကို မနိုင်ရင်တောင် သူတို့လက်က အသာလေး ထွက်ပြေးလို့ရတယ်။ ဘာလို့ ငါ့ကိုပါ နင့်အရှုပ်ထုပ်ထဲ လာဆွဲခေါ်နေတာလဲ”

“ငါထွက်ပြေးနိုင်တာပေါ့” ရွှယ့်စွန်းက ဂုဏ်ယူဝံ့ကြွစွာဖြင့် “ဒါပေမယ့် ငါက မွန်းစတားမျိုးနွယ်က ဆိုတာကိုရော နင်မေ့နေတာလား။ ငါသာ ဒီအတိုင်းကြီး ထွက်ပြေးသွားလို့ အခြား လူသားပညာရှင်တွေနဲ့ သွားတိုးရင် ဘယ်လိုဖြစ်မယ်ထင်လဲ။ သူတို့ ငါ့ကို ထပ်ပြီး အမဲလိုက်မှာပေါ့ဟဲ့။ အခုပုံစံနဲ့ ထွက်ပြေးရင် ပိုပြီး အခြေအနေဆိုးရုံပဲ ရှိမှာ”

“အဲ့ဒါလည်း ဟုတ်တာပဲ”

“အဲ့ဒါကြောင့် ငါ့ကို ကူပြီး သူတို့ထဲက တစ်ယောက်ကို သတ်ပေး။ အခြား တစ်ယောက်ကို ငါ့ဘာသာ ဖြေရှင်းလိုက်မယ်” ရွှယ့်စွန်းသည် ရန်ကိုင်အား စိုက်ကြည်၍ အလျင်အမြန် ထပ်ပြောလိုက်သည် “နင်ကူညီပေးမယ်ဆို နင့်အပေါ် အကြွေး တစ်ခု တင်သွားတယ်လို့ မှတ်လိုက်”

“အကြွေးတင်တာ မတင်တာ ဘယ်သူက ဂရုစိုက်နေလို့လဲ။ အဓိက ငါကူညီပေးရင် ဘာရမှာလဲ ဆိုတာပဲ” ရန်ကိုင်က ရွှယ်စွန်းအား အထက်အောက် အစုံအဆန် ဆန်းစစ်ကြည့်လိုက်ပြီး နောက်ဆုံး၌ သူ့အကြည့်သည် သူမ၏ မို့တက်နေသော ရင်အစုံနေရာတွင် ရပ်တန့်သွားခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သော် ရွှယ့်စွန်း၏ မျက်လုံးထဲ ရွံ့ရှာစက်ဆုပ်သည့် အကြည့်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ခန္ဓာကိုယ်ကိုကို အနည်းငယ်လေးကြုံလျက် ရန်ကိုင်အား သတိထားကြည့်ရင်း ပြန်မေးလိုက်လေသည် “နင်ဘာလိုချင်တာလဲ”

“ငါလိုချင်တာကို မေးရမှာ မဟုတ်ဘူး။ နင်ဘာပေးနိုင်လဲ ဆိုတာကို ပြောရမှာ” ရန်ကိုင်က မျက်ခုံးပင့်၍ ပြန်ပြောလေသည်။

ရွှယ်စွန်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ခဏတာ တုန့်ဆိုင်းနေခဲ့သော်လည်း သူမအား လိုက်ဖမ်းနေသည့် လူနှစ်ယောက် သူမနှင့် အတော်လေး နီးလာနေပြီမှန်း သိလိုက်သည့်နောက်တွင် အံကြိတ်၍ ပြောလိုက်တော့၏ “ငါနယ်ပယ်ကျောက်တုံးတစ်တုံး တွေ့ထားတယ်။ ဒါပေမယ့် ယူဖို့ အချိန်မရလိုက်ဘူး။ နင်ကူညီပေးမယ်ဆိုရင် ငါနင့်ကို အဲ့နေရာဆီ ခေါ်သွားပေးလို့ရတယ်”

“နယ်ပယ်ကျောက်တုံးလား” ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့ပြီး ချက်ချင်း သဘောတူလိုက်လေ၏ “သဘောတူတယ်”

အကျိုးအမြတ်ကိုသာ ဂရုစိုက်တတ်သည့် ရန်ကိုင်ပုံစံကိုမြင်သော် ရွှယ့်စွန်း ရန်ကိုင်အား ပို၍ အမြင်ကတ်သွားလေသည်။

ထိုကဲ့သို့သော လူတစ်ယောက်ကို ရှန်ချင်းလော့ ဘာကြောင့် တမ်းတမ်းစွဲ ဖြစ်နေမှန်း ရွှယ့်စွန်း တကယ် နားမလည်နိုင်ချေ။ ယခုတစ်ကြိမ် အိမ်ပြန်ရောက်လျှင် ရှန်ချင်းလော့အား ဤသူတောင်းစားကောင်နှင့် မပက်သက်တော့ရန် သွားဖြောင်းဖျကြည့်ရပေဦးမည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၉၄)

ရွှယ့်စွန်း အတွေးများနေစဉ် သူမအား လိုက်ဖမ်းနေသည့် လူနှစ်ယောက် သူမနှင့် မီတာတစ်ရာအကွာဆီသို့ ရုတ်တရက် ရောက်လာခဲ့သည်။

လိုက်လာသည့် လူနှစ်ယောက်မှာ ယောကျာ်းတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အမျိုးသား၏ အသားအရေသည် မိန်းမများပင် မနာလိုရလောက်အောင် ဖြူဖွေးစွတ်နေခဲ့သော်ငြား သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် အရှိန်အဝါမှ အလွန်ကိုမှ အားကောင်းလှသည်။

အမျိုးသမီးသည် အလှစ်အဖော်များလှသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏ ပေါင်တံရှည်များနှင့် လက်မောင်း သွယ်သွယ်လေးကိုများကို လှစ်ဟာပြထားလေရာ အမျိုးသားသည် သူမဆီသို့ မကြာမကြာ လှမ်းလှမ်းကြည့်နေခဲ့သည်။

ရန်ကိုင်ဆီသို့ အကြည့်ရောက်သွားချိန် အမျိုးသမီး၏ မျက်ဝန်းထဲ စိတ်ဝင်စားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး တခစ်ခစ် ရယ်သွမ်းသွေးလျက် သူမဘေးဘက်သို့လှည့်၍ ပြောလိုက်လေ၏ “စီနီယာအစ်ကို၊ ဒီကောင်လေးရဲ့ ကိုယ်လုံးကိုယ်ပေါက် မဆိုးဘူး”

“ဂျူနီယာညီမ သူ့ကို စိတ်ဝင်စားလို့လား” အမျိုးသမီးသည် နည်းနည်းလေးမှ အံ့အားသင့်သွားပုံမပေါက်ဘဲ ရန်ကိုင်ကိုသာ တစ်ချက် ဆန်းစစ်ကြည့်လိုက်ပြီး ခေါင်းညိတ်၍ “ဟုတ်တယ်။ သူ့ကိုယ်လုံးကိုယ်ပေါက်က ဂျူနီယာညီမ ကြိုက်တဲ့ ပုံစံမျိုးပဲ”

ပြောနေရင်း အမျိုးသမီး၏ တင်ပါးဆုံမို့မို့ကြီးများကို ရန်ကိုင်တို့ ရှေ့၌ပင် ဖျစ်ညစ်ပစ်လိုက်ပြီး ညစ်ကျယ်ကျယ်ပြုံးလျက် “ဂျူနီယာညီမ သူ့ကို ကြိုက်သွားတာလား”

“စီနီယာအစ်ကိုကလည်း…” အမျိုးသမီးက မျက်နှာနီနီဖြင့် တိုးတိုးလေး ပြန်ပြောလိုက်လေသည် “ဂျူနီယာညီမက သူနဲ့ နည်းနည်းလောက် ပျော်ပါးချင်ရုံပဲကို။ ဂျူနီယာညီမ တကယ် ချစ်တာ စီနီယာအစ်ကိုပဲ ဆိုတာကို စီနီယာအစ်ကိုလည်း သိတာပဲ”

“စီနီယာအစ်ကို သိတာပေါ့” ထိုလူက အဓိပ္ပါယ်ပါပါ ပြုံးလိုက်၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်နှင့် ရွှယ်စွန်းတို့ နှစ်ဦးစလုံး မှင်သက်နေခဲ့ကြသည်။

ရွှယ်စွန်းသည် မွန်းစတားကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် မွန်းစတားမျိုးနွယ်ဝင်များ၏ သွေးရဲသည့် စရိုက်လက္ခဏာကို ပိုင်ဆိုင်ထားသော်ငြား ထိုမြင်ကွင်းကို ကြည့်နိုင်လောက်သည်အထိ သည်းခံနိုင်စွမ်းမရှိချေ။

“ဆန်ကုန်မြေလေးနှစ်ကောင်” ရန်ကိုင်က ရွှယ်စွန်းအားကြည့်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည် “ဒီကောင် နင့်အလှကို မြင်ပြီး နင့်ကို လိုက်ဖမ်းတာလား”

ထိုစကားကို ကြားသည့်အခါ ရွှယ်စွန်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး အံကြိတ်၍ ပြန်ပြောလိုက်လေသည် “နင့်ကိုယ်နင် ပြောဖို့လည်း ချန်ထားဦး။ ငါ့ကိုချည်းပဲ လာပြောမနေနဲ့”

ရန်ကိုင် ရယ်သာရယ်လိုက်လေသည်။

ရန်ကိုင်တို့ နှစ်ယောက်သည် သူတို့နှစ်ယောက်အား နည်းနည်းလေးမှ မကြောက်သည်ကို မြင်သော် အမျိုးသားနှင့် အမျိုးသမီးအတွဲ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ အမျိုးသားသည် ရန်ကိုင်အား ခဏမျှ သေသေချာချာ စစ်ဆေးပြီးနောက် ရုတ်တရက် ထရယ်တော့လေသည် “တန်ခိုးရှင်ဒုတိယအဆင့်လေးနဲ့ သွေးအကျဉ်းထောင်ထဲကို ဝင်လာရဲတာလား။ ဂျူနီယာညီမရေ၊ ဒီကောင် တကယ် တာပဲကွ”

“ဂျူနီယာညီမက အဲ့လို ယောကျာ်းမျိုးကိုမှ ကြိုက်တာ” အမျိုးသမီးက ထိုသို့ပြောရင်း သူမ၏နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ရန်ကိုင်အား စားတော့ဝါးတော့မတတ် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။

“ကောင်းပြီလေ။ အဲ့ကောင်လေးကို ဂျူနီယာညီမယူလိုက်” အမျိုးသားက ရွှယ်စွန်းကို လက်ညိုးထိုး၍ “အဲ့အမျိုးသမီးကိုတော့ စီနီယာအစ်ကိုယူမယ်။ စီနီယာအစ်ကို အသက်ရှင်လာတာ ကြာပြီ ဆိုပေမယ့် မွန်းစတားမျိုးနွယ်နဲ့ တစ်ခါမှ မကစားဖူးသေးဘူး။ ဒီလို အဆင့်မြင့် မွန်းစတားမျိုးနွယ် တစ်ယောက်နဲ့ ကစားရမှာ တော်တော်လေး ပျော်စရာကောင်းမှာ သေချာတယ်။ ကောင်မလေး၊ ဒီကောင်လေးဆီက အကူအညီ တောင်းချင်လို့ သူ့ဆီ ပြေးလာခဲ့တာလား။ ငါအကြံပေးလိုက်မယ်။ မတိုက်နဲ့တော့။ ဒီလီက အလှလေးတွေအပေါ်ဆို အမြဲ ကြင်နာတယ်။ နင်သာ နာနာခံခံနဲ့ လက်လျှော့လိုက်မယ်ဆိုရင် ငါနင့်အပေါ် အရမ်းကြီး ခက်ခဲအောင် မလုပ်ဘူး”

မသိလျှင် ရန်ကိုင်နှင့် ရွှယ်စွန်းတို့သည် သူတို့အား ရှုံးမည့်သလိုလို။

“ခွေးပါးစပ်က ဘယ်တော့မှ လူစကားမထွက်ဘူးဆိုတာ အမှန်ပါပဲလား” ရွှယ်စွန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “အဲ့အမျိုးသမီးကို နင်တာဝန်ယူလိုက်။ ဒီသူတောင်းစားကောင်ကို ငါတာဝန်ယူလိုက်မယ်”

“နင်ပဲ အဲ့အမျိုးသမီးကို တာဝန်ယူလိုက်ပါလား။ ငါအမျိုးသမီးတွေကို သိပ်မသတ်ချင်ဘူး…” ရန်ကိုင်က ရွှယ်စွန်းဘက်သို့ လှည့်၍ ပြောလိုက်သော်ငြား သူစကား ဆုံးအောင်ပင် မပြောရသေးခင်မှာဘဲ ရွှယ့်စွန်းသည် အမျိုးသား ကျင့်ကြံသူဆီသို့ ပြေးထွက်သွားနေခဲ့လေပြီ။ ရွှယ်စွန်းက တိုက်ပွဲ စလိုက်ပြီ ဖြစ်သဖြင့် ရန်ကိုင်နှင့် အမျိုးသမီး ကျင့်ကြံသူသာ ကျန်ရစ်ခဲ့လေသည်။

“မောင်လေး၊ နင်ငါ့ကို မသတ်ချင်ဘူးလို့ ပြောလိုက်တာလား” အမျိုးသမီးသည် သူမ၏ စီနီယာအစ်ကိုအတွက် နည်းနည်းလေးမှ စိုးရိမ်သည့်ပုံမပေါ်ဘဲ ရန်ကိုင်ကိုသာ အာရုံစိုက်နေခဲ့လေသည်။

ရန်ကိုင်က သွားပေါ်အောင်ပြုံးလျက် ပြန်ပြောလိုက်လေသည် “ခင်ဗျားလို အမျိုးသမီးတစ်ယောက်ကို ကျုပ်ဘယ်လိုလုပ်ပြီး သတ်ရက်မှာလဲ”

ရန်ကိုင်၏ စကားကို ကြားကြားချင်း အမျိုးသမီး အနည်းငယ် အံ့အားသင့်သွားခဲ့သော်ငြား မကြာမီ ချိုသာစွာ ရယ်မောလျက် ရန်ကိုင်အား ရာဂမီးတောက်နေသည့် အကြည့်ဖြင့် ကြည့်ကာ “အဲ့လိုဆိုမှတော့ ဘာလို့ တိတ်ဆိတ်တဲ့နေရာဆီ သွားပြီး စကားမပြောတာလဲ။ မောင်လေးကြည့်ရတာ တော်တော်လေး ငယ်တဲ့ပုံပဲ။ မောင်လေးလို ယောကျာ်းတွေကို ဒုက္ခရောက်အောင် လုပ်ရမှာမျိုး အစ်မကြီးလည်း မလုပ်ချင်ဘူး”

ပြောနေရင်း အသက်တစ်ချက် ရှူထုတ်လိုက်ရာ ရန်ကိုင်၏ အနီးတစ်ဝိုက် ပတ်ဝန်းကျင်တစ်ခုလုံး သစ်ခွရနံ့တို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။

ထိုသင်းပျံ့လှသော သစ်ခွရနံ့သည် မမြင်နိုင်သော လက်များနှယ် ရန်ကိုင်၏ နှလုံးသားအတွင်းပိုင်းကို လာရောက်ပွတ်သပ်နေပြီး သူ့စိတ်ဆန္ဒရိုင်းများကို နှိုးဆွရန် ကြိုးစားနေခဲ့လေသည်။

အမျိုးသမီးသည် ရှေ့သို့ တိုးလာပြီး သူမ၏ လက်သွယ်သွယ်လေးဖြင့် ရန်ကိုင်၏ ပါးကို အသာအယာ ပွတ်သပ်လိုက်သည်။ သူမ၏ အပြုအမူသည် မည်သည့် ယောကျ်ားသားကိုမဆို သတိလျော့ပေါ့သွားစေပြီး သူမ လုပ်ချင်တိုင်း လုပ်ခွင့်ပြုစေသည်အထိ ဖြစ်သွားစေနိုင်၏။

“သေချာတာပေါ့” ရန်ကိုင်က တောက်ပစွာ ပြုံးလိုက်လေသည်။ သို့သော်ငြား အမျိုးသမီး၏လက် သူမျက်နှာကို မထိသေးခင်တွင် ရန်ကိုင်၏ မျက်ဝန်းထဲ အေးစက်စက် အရိပ်အယောင်တို့ ဖြတ်ပြေးသွားပြီး အမျိုးသမီး၏ လက်ကောက်ဝတ်ကို ရုတ်တရက် လှမ်းဖမ်းလိုက်လေသည်။

အမျိုးသမီးသည် ထိုသို့ ဖြစ်လာမည်ဟု မထင်ထားသဖြင့် ရန်ကိုင်၏ အလွယ်တကူ ဖမ်းဆီးခြင်း ခံလိုက်ရလေသည်။

ရန်ကိုင်၏ ထင်မှတ်မထားသော လုပ်ရပ်ကြောင့် အမျိုးသမီး အလစ်အငိုက် မိသွားခဲ့ပြီး တိုးတိုးလေး ညည်းမိလိုက်လေ၏။ ထို့နောက် ရန်ကိုင်အား မကျေမနပ်ဖြင့် ကြည့်လျက် “မောင်လေး၊ နင်လုပ်တာ ငါနာနေပြီ”

ပြောပြီးသည်နှင့် သူမလက်ကို ခါရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ရန်ကိုင်က ပြုံးလျက်သာ သူမလက်ကို ပို၍ တင်းတင်း ဆုပ်ကိုင်ထားလိုက်လေသည်။

ရန်ကိုင်၏ လက်မှ ရုန်းမထွက်နိုင်မှန်း သိလိုက်သည့်နောက်၌ အမျိုးသမီး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ကျန်အားနေသော လက်တစ်ဖက်ကိုသုံးလျက် ရန်ကိုင်၏ ဝမ်းဗိုက်နှင့် ခါးဆီသို့ အပ်များဖြင့် ထိုးချလိုက်လေသည်။

ထို့နောက်တွင် အမျိုးသမီး၏ အသက်ရှူသံ တဖြည်းဖြည်း လေလံလာပြီး သူမ၏ မျက်ဝန်းများသည်လည်း ရီဝေဝေ ဖြစ်လာခဲ့လေ၏။ ရန်ကိုင်မျက်နှာနားသို့ တိုးကပ်သွားပြီး လေပူတစ်ချက် မှုတ်ထုတ်လျက် တခစ်ခစ် ရယ်သွမ်းသွေးကာ ပြောလိုက်လေသည် “ဒီခံစားချက်ခုနှစ်သွယ်၊ ဆန္ဒခြောက်မျိုး အပ်တွေက အစ်မကြီးရဲ့ ကိုယ်စားပြု‌ မှော်ရတနာတွေပဲ။ မောင်လေး၊ နာနာခံခံလေး နေလိုက်တော့။ မောင်လေးကို အစ်မကြီး ကျေနပ်အောင် လုပ်ပေးမယ်”

“ခံစားချက်ခုနှစ်သွယ်၊ ဆန္ဒခြောက်မျိုးအပ်တွေလား။ ဒီလောက်ကြီးလည်း မဟုတ်ပါဘူး” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်အမြင်မှာတော့ အဲ့လောက်က မလုံလောက်သေးဘူး”

ရန်ကိုင်၏ စကားကြောင့် အမျိုးသမီး၏ အပြုံး အေးခဲသွားပြီး ငုံ့ကြည့်လိုက်ရာ ရန်ကိုင်၏ ခါးနှင့် ဝမ်းဗိုက်နေရာတွင် ခရမ်းရောင် အလင်းအကာအရံ တစ်ခု ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။ သူမ၏ အပ်များသည် ထိုအလင်းအကာရံ၏ တားဆီးထားခြင်း ခံလိုက်ရလေသည်။

အခြေအနေ မကောင်းတော့မှန်း သတိပြုမိလိုက်သည်နှင့် အလန့်တကြား အော်ဟစ်လျက် သူတော်စင်ချီကို အရူးအမူး လှည့်ပတ်၍ ရန်ကိုင်၏ ရင်ဘတ်တည့်တည့်ဆီသို့ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်လေသည်။

ရန်ကိုင်ကလည်း အေးစက်စက် နှာခေါင်းရှုံ့လျက် နတ်ဆိုးမီးတောက်ဖြင့် လွှမ်းခြုံထားသော လက်သီးဖြင့် ပြန်ထိုးချလိုက်လေသည်။

ဘုန်း…

လက်သီးနှင့်လက်ဝါး တွေ့သွားသည့်အခိုက်၊ အမျိုးသမီးသည် ရန်ကိုင်၏ လက်သီးချက်ကို မည်သို့မှ ခုခံနိုင်ခဲ့ခြင်း မရှိချေ။ လက်သီးချက်ထဲတွင် ပါဝင်သော စွမ်းအားသည် သူမ၏ လက်ဝါးကို ဖြတ်ကျော်လာပြီးနောက် ရင်ဘတ်တည့်တည်ဆီသို့ လာရောက် ထိမှန်လေသည်။ အရိုးကျိုးသံများနှင့်အတူ အမျိုးသမီးသည် ကြိုးပြတ်သွားသော စွန်တစ်စင်းနှယ် လွင့်ပျံထွက်သွားခဲ့လေသည်။

အနက်ရောင်မီးတောက်များကြောင့် သူမ၏ အဝတ်အစားများ မီးလောင်ကျွမ်းကုန်ပြီး ယောကျာ်းသားများ သရေကျစရာ ရှိုက်မောဖွယ်ရာ မြင်ကွင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ သို့သော် မကြာမီ ထိုမြင်ကွင်းသည်လည်း မီးစွဲလောင်သွားခဲ့လေသည်။

သူမ၏ ရင်ဘတ်ဆီမှ သွေးများစီးထွက်လာပြီး ပေါင်တံ တစ်လျှောက် စီးကျသွားခဲ့လေသည်။ နီရဲနေသော သွေးအစင်းကြောင်းသည် ဖြူဖွေးစွတ်နေသော သူမ၏ အသားအရေနှင့် တခြားစီ ဖြစ်နေခဲ့လေရာ သူမ၏ အလှမှာ တစ်မျိုးပို၍ ထူးခြားလှပလာခဲ့ရလေသည်။

အမျိုးသမီးသည် လေထဲ နှစ်ပတ်သုံးပတ်လောက် လွင့်စင်သွားပြီး နောက်ဆုံးတွင် တည်တည်ငြိမ်ငြိမ် ပြန်ရပ်လိုက်နိုင်ခဲ့သည်။ ခြေခိုင်ခိုင် ပြန်ရပ်သွားနိုင်သည့်နောက် သူမ၏ ရင်ဘတ်ဆီသို့ ငုံ့ကြည့်မိလိုက်သည့်အခိုက် အမျိုးသမီး၏ အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး ရန်ကိုင်အား သွေးရူးတန်းရူးဖြင့် အော်ဟစ်တော့လေသည် “ခွေးကောင်၊ ငါနင့်ကိုသတ်မယ်”

ရန်ကိုင်၏ အမူအရာလည်း အေးစက်သွားခဲ့လေသည်။ ရွှေရောင်အလင်းများနှင့်အတူ ရွှေရောင်သွေးမျှင်နှစ်မျှင် ထွက်ပေါ်လာပြီး မြှားနှစ်စင်း အဖြစ်သို့ အသွင်ပြောင်းကာ အမျိုးသမီးဆီသို့ တိုးဝင်သွားခဲ့လေသည်။

အမျိုးသမီး ထိတ်လန့်သွားခဲ့သည်။ တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသော ဤလူငယ်လေးသည် ဤမျှ ရင်ဆိုင်ရခက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသဖြင့် အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ထင်ထားခဲ့ပြီး သူ့အား သူမ၏ကျွန်အဖြစ် နေခိုင်းရန်ပင် စဉ်းစားထားခဲ့သေးသည်။

ယခုမှပဲ သူမ၏ အတွေးတို့ မည်မျှ မှားယွင်းနေမှန်း အမျိုးသမီး နားလည်သွားခဲ့သည်။

ထိုတန်ခိုးရှင်ဒုတိယအဆင့် ကောင်လေးသည် သာမန် တန်ခိုးရှင် တတိယအဆင့်များထက်ပင် ပိုကြောက်မက်ဖွယ် ကောင်းနေသေး၏။

ရွှေရောင်အလင်းတန်းနှစ်ခု သူမဆီ တိုးဝင်းလာနေသည်ကို မြင်သော် အမျိုးသမီးသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ အပြာရောင် ကိုယ်ကြပ်ဝတ်စုံတစ်ခုကို ထုတ်ဝတ်ကာ သူမကိုယ်သူမ ကာကွယ်လိုက်သည်။ တစ်ချိန်တည်းတွင် ထိုတိုးဝင်လာနေသော ရွှေရောင်အလင်းတန်းများဆီသို့ အပ်ပျံများစွာ ပစ်လွှတ်လိုက်လေသည်။

ကလန်… ကလန်…

ရွှေရောင်သွေးမျှင်နှစ်ချောင်းသည် အပ်ပျံများ၏ တားဆီးခြင်း ခံလိုက်ရလေသည်။

သို့သော်ငြား အမျိုးသမီး စိတ်မအေးနိုင်သေးခင်မှာပင် ရွှေရောင်သွေးမျှင် နှစ်ချောင်းသည် အတောင်ပံပါသည့် ရွှေရောင်နှင့် အနီရောင် ရောယှတ်နေသော ဖွတ်ကြီး နှစ်ကောင် အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။

“မိုးကြိုးမီးတောက်ဖွတ်တွေ” အမျိုးသမီး တုန်လှုပ်သွားခဲ့လေ၏။ ထိုကောင်လေး သူမအား ရင်ဆိုင်ရန် မည်ကဲ့သို့သော နည်းလမ်းကို သုံးခဲ့မှန်း သူမ အမှန်တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့လေပြီ။

မိုးကြိုးမီးတောက်ဖွတ်နှစ်ကောင်သည် သူတို့၏ ပါးစပ်ကြီးကို ဟလျက် သူမ၏ ဘက်ဘက်၊ ညာဘက်ဆီမှ ပြိုင်တူ ပြေးဝင်လာခဲ့ကြလေသည်။

ထိုဖွတ်နှစ်ကောင်ကို ကြည့်ရင်း အမျိုးသမီး၏ မျက်ဝန်းထဲ ကြောက်ရွံ့ရိပ်တို့ ထွက်ပေါ်လာပြီး သူမတစ်ကိုယ်လုံး တုန်ရီလာခဲ့လေသည်။

သားရဲနှစ်ကောင်ကို မြင်ပြီး ကြောက်စိတ် စိုးမိုးသွားသည့် အတွက် အမျိုးသမီးသည် တိုက်ပွဲအပေါ် အာရုံတစ်ချက် လွတ်သွားခဲ့၏။ အကျိုးဆက်အနေဖြင့် အမျိုးသမီး မည်သည့် ပညာရပ်ကိုမှ ထုတ်မသုံးနိုင်သေးခင်မှာပဲ ညာဘက်တွင် ရှိနေသော မိုးကြိုးမီးတောက်ဖွတ်၏ လက်သည်းချက်သည် သူမပေါ်သို့ ကျရောက်လာခဲ့လေသည်။ ထိုလက်သည်းချက်ကြောင့် အမျိုးသမီးသည် ဘယ်ဘက်တွင် ရှိနေသော မိုးကြိုးမီးတောက်ဖွတ်၏ ပါးစပ်တည့်တည့်ဆီသို့ ရောက်သွားခဲ့လေသည်။

မိုးကြိုးမီးတောက်ဖွတ်၏ ကိုက်ချက်နှင့် ရင်ဆိုင်ရသော် အမျိုးသမီး ဝတ်ဆင်ထားသည့် အပြာရောင် ကိုယ်ကြပ်အင်္ကျီ တလက်လက် တောက်ပလာခဲ့လေသည်။

ထိုစဉ် ရန်ကိုင်သည် အမျိုးသမီဆီသို့ အချိန်ကိုက် ပျံလာပြီး မြှားကဲ့သို့ မှော်ရတနာတစ်ခုကို ဆင့်ခေါ်လိုက်လေသည်။

ငှက်မွှေးဝိဥာဉ်မြှားပင်… မှော်ရတနာကို ထုတ်ပြီးသည်နှင့် တစ်ပြိုင်နက် နည်းနည်းလေးမှ တုန့်နှေးမနေဘဲ အမျိုးသမီး တည့်တည့်ဆီသို့ ပစ်ထည့်လိုက်သည်။

သေခြင်းတရားနှင့် တဖြည်းဖြည်း နီးကပ်လာနေသည်ကို သတိပြုမိလိုက်သော် အမျိုးသမီး အလန့်တကြား ထအော်လေ၏ “စီနီယာအစ်ကို ကျွန်မကို ကယ်ပါဦး”

ငှက်မွှေးဝိဥာဉ်မြှားသည် အမျိုးသမီး၏ အကာအကွယ်ကို အလွယ်တကူ ချိုးဖျက်သွားခဲ့သည်။ အကာအကွယ် မရှိတော့သည့် နောက်တွင် မိုးကြိုးမီးတောက်ဖွတ်၏ ကိုက်ချက်ကို တားဆီးမည့် အရာ မရှိတော့သည့်အတွက်ကြောင့် သူမတစ်ကိုယ်လုံး မိုးကြိုးမီးတောက်ဖွတ်၏ ကိုက်ချက်အောက်၌ နှစ်ပိုင်း ပြတ်သွားခဲ့ရလေသည်။

သွေးစိမ်းရှင်ရှင် ပန်းထွက်လာခဲ့ပြီး အမျိုးသမီး၏ အလောင်း ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သည်။

မိုးကြိုးမီးတောက်ဖွတ်နှစ်ကောင်သည် တွန့်လိမ်လာပြီး ရွှေရောင်သွေးမျှင် နှစ်ချောင်းအဖြစ် အသွင်ပြန်ပြောင်း၍ ရန်ကိုင်၏ ကိုယ်ထဲသို့ ပြန်ဝင်သွားလေသည်။

ရပ်နေမြဲနေရာတွင် ရပ်လျက် ရန်ကိုင်သည် တစ်ခုခုကို ခဏမျှ တွေးနေပြီးနောက် ရုတ်တရက် အဖြေရှာတွေသွားသည့်ဟန်ဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

လစန္ဒာမြို့တွင် မီထျန်း၏ မွန်းစတားသားရဲ နှစ်ကောင်ကို သတ်ခဲ့စဉ်က ရန်ကိုင်သည် ရွှေရောင်သွေးမျှင်သုံး၍ ထိုမွန်းစတား သားရဲနှစ်ကောင်၏ သွေးအဆီအနှစ်ကို စုပ်ယူ၍ သွေးသားရဲ နှစ်ကောင်ကို သန့်စင်ခဲ့သည်။ ယခုမှသာ သူ၏ ထိုအသစ်စက်စက် သွေးသားရဲနှစ်ကောင်ကို ပထမဆုံးအကြိမ် ထုတ်သုံးခြင်း ဖြစ်သည်။

ထိုသွေးသားရဲများမှာ အတော်လေး ကောင်းမွန်ပေသည်။ သွေးသားရဲများ၏ အားသာချက်မှာ သွေးသားရဲများသည် ရန်ကိုင်၏ ညွှန်ကြားချက်မပါဘဲ လှုပ်ရှားနိုင်ခြင်းပင်။ သွေးသားရဲများသည် ရန်ကိုင်၏ ညွှန်ကြားချက်မပါဘဲ သူတို့ဘာသာ ရန်သူများကို တိုက်ခိုက်နိုင်ပေသည်။

သူ့တိုက်ပွဲ ပြီးသွားသည့်နောက်၊ ရန်ကိုင်သည် ရွှယ်စွန်းနှင့် အမျိုးသား ကျင့်ကြံသူ၏ တိုက်ပွဲဆီသို့ လှမ်းကြည့်လိုက်၏။

ရွှယ်စွန်းလည်း အခြေအနေ ကောင်းပေသည်။ အစောပိုင်းက မောက်မာသည့်လေသံဖြင့် စကားပြောနေသော အမျိုးသားသည် လက်ရှိတွင် ရွှယ်စွန်း၏ ဖိနှိပ်ခြင်း ခံနေခဲ့ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၅၉၅)

ထိုလူ၏ ခွန်အားသည် ရွှယ်စွန်းထက် အများကြီး နိမ့်ကျနေခြင်း မဟုတ်ချေ။ နှစ်ယောက်သား ခွန်အားကုန် ယှဉ်တိုက်မည်ဆိုလျှင် မည်သူနိုင်မည်လဲ ပြောရခက်ပေသည်။

ရွှယ်စွန်းသည် ထိုအမျိုးသား ကျင့်ကြံသူထက် ပိုသန်မာသည် ဆိုလျှင်ပင် အရမ်းကြီး သန်မာသည်တော့မဟုတ်။ အနည်းဆုံး သူမအနေဖြင့် ထိုလူအား အလွယ်တကူ သတ်နိုင်သည်အထိ သန်မာနေခြင်း မဟုတ်ပေ။

ထိုလူ အောက်စည်းရောက်သွားရသည့် အကြောင်းအရင်းသည်ကား ရန်ကိုင်တို့၏ တိုက်ပွဲ မြန်မြန် ပြီးပြတ်သွားပြီး သူ့ဂျူနီယာညီမ ရှုံးနိမ့်သွားသည့် အတွက်ကြောင့် ဖြစ်ပေသည်။

သူ့ဂျူနီယာညီမ၏ အော်ဟစ် အကူအညီတောင်းသံကြောင့် အမျိုးသားသည် တိုက်ပွဲအပေါ် အပြည့်အဝ အာရုံမစိုက်တော့နိုင် ဖြစ်သွားခဲ့လေသဖြင့် ရွှယ့်စွန် အထက်စီးရောက်သွားခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် ရန်ကိုင်သည် သူတို့တိုက်ပွဲကို ရပ်စောင့်ကြည့်နေသဖြင့် ရန်ကိုင် မည်သည့်အချိန် သူ့အား ချောင်းတိုက်မလဲဆိုသည်ကို အမျိုးသား ကျင့်ကြံသူ တွေးပူနေရပေသေးသည်။

ခဏလေးအတွင်း သူ့ဂျူနီယာညီမ မည်ကဲ့သို့ သေသွားသလဲ ဆိုသည်ကို ထိုလူ မတွေးတတ်နိုင် ဖြစ်နေခဲ့လေသည်။

သူ့ဂျူနီယာညီမ၏ ခွန်အားအကြောင်း သူကောင်းကောင်းသိသည်။ သူမ၏ ခွန်အားသည် သူ့အောက် နိမ့်ကျခြင်း မရှိလေရာ တန်ခိုးရှင် ဒုတိယအဆင့်သာ ရှိသေးသည့် လူငယ်လေး၏ လက်၌ မည်ကဲ့သို့ အချိန်တိုအတွင်း သေသွားခဲ့ရသနည်း။

အချိန်ကိုက်ချောင်း၍ ပေါက်ရန် ချောင်းနေသော မြွေဟောက်၏ ရန်ကို ကြောက်နေရလေရာ သူ့အနေဖြင့် တိုက်ပွဲအပေါ် မည်ကဲ့သို့ အပြည့်အဝ အာရုံစိုက်နိုင်တော့မည်နည်း။ ရွှယ်စွန်းသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူမ၏ ဒေါသကို အမျိုးသား ကျင့်ကြံသူဆီ ပုံချတော့လေသည်။

ထိုသို့ ဖြစ်နေရာမှ မကြာမီ တိုက်ပွဲသည် တစ်ဖက်သတ် ဖြစ်လာတော့လေသည်။

ဤလောကတွင် အလကားသက်သက် သေချင်နေသည့်လူ မည်သူမှ မရှိချေ။ ထိုလူသည်လည်း အလကားသေရမည့် အဖြစ်မျိုး မကြုံချင်သည့်အတွက် ရုတ်တရက် သူ့လျှာကိုကိုက်၍ ရွှယ်စွန်းဆီ သွေးမြူများ မှုတ်ထုတ်လိုက်သည်။ ရွှယ်စွန်း သူနှင့် ခဏတာ လူချင်းကွာသွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ချက်ချင်း လှည့်ပြေးတော့လေသည်။

ပြေးနေရင်း ရန်ကိုင်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်သေး၏။ ရန်ကိုင်သည် သူ့နောက်သို့ လိုက်မလာဘဲ ဤအတိုင်းသာ ရပ်နေသည်ကို မြင်သော် အမျိုးသားကျင့်ကြံသူ သက်ပြင်း တစ်ချက် ချလိုက်လေသည်။

သူလွတ်ပြီဟု တွေးထင်နေစဉ်မှာပဲ သူ့အနီးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ရုတ်ချည်း စေးကပ်လာခဲ့သည်။

တစ်ချိန်တည်းတွင် သူ့တစ်ကိုယ်လုံး လှုပ်ရှားရခက်လာပြီး သူ့အရှိန်လည်း တစ်ဟုန်ထိုး လျော့ကျသွားခဲ့လေသည်။ အမျိုးသား ကျင့်ကြံသူ မျက်လုံးမှေးစဉ်းသွားပြီး အလန့်တကြား ထအော်လေ၏ “ရှီလား”

တန်ခိုးရှင်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်အညီ ရှီအကြောင်းကို သူကောင်းကောင်းသိသည်။ ထို့ကြောင့် စေးကပ်ကပ် ဖြစ်နေသော ဟင်းလင်းပြင်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် အားကောင်းသော ရှီစွမ်းအင် စက်ကွင်းထဲ သူရောက်သွားပြီမှန်း အမျိုးသားကျင့်ကြံသူ နားလည်လိုက်သည်။

ဤရှီသည် သူ့ထက် ပိုအားကောင်းပေသည်။ နည်းနည်းလေး အားကောင်းရုံတင် မဟုတ်ဘဲ အလွန်ကို အားကောင်းနေခြင်း ဖြစ်သည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ထိုရှီစွမ်းအင်ထဲတွင် အခြားသော ထူးဆန်းသည့် စွမ်းအင်တစ်မျိုး ရောစပ်နေသေး၏။

နှောင့်နှေးနေ၍ မဖြစ်မှန်း သိသည့်အတွက် သူ့ရှီကို ထုတ်သုံး၍ ခုခံရန် ကြိုးစားလိုက်သည်။ သို့ရာတွင်မူ သူ့ရှီသည် သူ့အား အနည်းငယ် လှုပ်ရှားရအဆင်ပြေအောင်သာ လုပ်ပေးနိုင်ခဲ့ပြီး ထိုထူးဆန်းသော ရှီစက်ကွင်းမှ လွတ်မြောက်အောင် မကူညီပေးနိုင်ခဲ့ချေ။

ရုတ်တရက် သူ့ရှေ့တွင် လူတစ်ယောက် ပေါ်လာသဖြင့် မော့ကြည့်လိုက်ရာ ထိုလူကို မြင်လိုက်သည်နှင့် အမျိုးသား ကျင့်ကြံသူ အလန့်တကြား ထအော်ပြလေသည် “မင်းဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ”

သူ့ရှေ့ရှိ ရောက်နေသည့်လူမှာ အခြားမဟုတ်ဘဲ ရန်ကိုင် ဖြစ်နေခဲ့ပေသည်။ သူထွက်မပြေးခင်က တစ်ချက် လှည့်ကြည့်လိုက်ပေသေးသည်။ ထိုစဉ်က ရန်ကိုင်သည် သူနှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူရှေ့သို့ မည်ကဲ့သို့ ရုတ်တရက်ကြီး ရောက်လာခဲ့ရသနည်း။

“ဘာလို့ မရောက်ရရမှာလဲ” ရန်ကိုင်က ပြုံးလိုက်ပြီး သူ့ရှီစွမ်းအင်ကို တိုးမြှင့်လိုက်သည်။

ရုတ်တရက် မြင့်တက်လာသော ရှီစွမ်းအင်ကြောင့် အမျိုးသား ကျင့်ကြံသူ တစ်ကိုယ်လုံး ချွေးစေများ ပျံလာခဲ့လေသည်။

ခရက်… ခရက်…

အက်ကွဲသံများစွာ ထွက်ပေါ်လာသဖြင့် လှည့်ပတ်ကြည့်လိုက်ရာ ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျလာသည့်နှယ် သူ့အနီး ပတ်ပတ်လည်တွင် အနက်ရောင် အက်ကွဲကြောင်းလေးများ တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာနေသည်ကို အမျိုးသား ကျင့်ကြံသူ တွေ့ရှိလိုက်ရလေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် အမျိုးသားကျင့်ကြံသူ လုံးဝ ကြောက်လန့်သွားခဲ့သည်။ ဟင်းလင်းပြင်ကို ဤကဲ့သို့ ဖြစ်အောင် လုပ်နိုင်သည့် ရှီစွမ်းအင်အား ပိုင်ဆိုင်ထားသည့် လူတစ်ဦး ရှိလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သူ့ဂျူနီယာညီမ ဘာကြောင့် အလွယ်တကူ သေသွားခဲ့မှန်း ယခု သူနားလည်သွားခဲ့လေပြီ။ ဤတန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူသည် အလွန်ကို ကြောက်စရာကောင်းသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေသည်။

ရန်ကိုင်သည် အမျိုးသား ကျင့်ကြံသူအား နည်းနည်းလေးမှ ခုခံခွင့်မပေးဘဲ ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် လေဟာနယ် ဓါသွားများ တစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်သည်။ ထိုလေဟာနယ်ဓါးသွားများသည် အမျိုးသားကျင့်ကြံသူ၏ သူတော်စင်ချီ အကာအကွယ်နှင့် အကာအကွယ် မှော်ရတနာကို အလွယ်တကူ ထိုးဖောက်သွားပြီး သူ့ခန္ဓာကိုယ်ကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ပိုင်းဖြတ်သွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရွှယ်စွန်း၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့သည်။ အမျိုးသား ကျင့်ကြံသူကို ရန်ကိုင် အလွယ်တကူ သတ်နိုင်ခဲ့ခြင်းမှာ တစ်ဖက်လူ အာရုံမစိုက်နိုင်ချိန် အလစ်အငိုက် ချောင်းတိုက်ခဲ့သည့် အတွက်ကြောင့် ဖြစ်သော်ငြား ရန်ကိုင်၏ ခွန်အားသည် သံသယရှိစရာ မလိုအောင်ကို အားကောင်းကြောင်း ရွှယ်စွန်း နားလည်ထားသည်။

ရွှယ့်လျန် သူ့အား မနိုင်သလို မီထျန်း သူ့အား လန့်နေသည်မှာလည်း အထူးအဆန်း မဟုတ်တော့။

လက်ရှိ သူတိုက်သွားသည့်ပုံကို ကြည့်ရသလောက် ရွှယ့်လျန်နှင့် မီထျန်းတို့နှင့် ရင်ဆိုင်ရစဉ်က သူ့ခွန်အားကို ထိန်ချန်ထားခဲ့လောက်သည်။ မဟုတ်လျှင် ထိုနှစ်ယောက် ဘာကြောင့် ယခုအချိန်အထိ အသက်ရှင်နေဦးမည်နည်း။

ရွှယ်လျန်နှင့် မီထျန်းတို့ ဆိုသည်မှာ သူမပင်လျှင် မော့ကြည့်ရသည့် အဆင့်မျိုးထဲ ပါပေသည်။ သို့သော်လည်း ယနေ့ ရန်ကိုင်၏ စွမ်းအားကို မြင်တွေ့ပြီးနောက်တွင် ထိုနှစ်ယောက်သည် တန်ခိုးရှင် အဆင့်ထဲတွင် အထွဋ်အထိပ်အဆင့် တည်ရှိမှုများ မဟုတ်သေးမှန်း ရွှယ်စွန်း နားလည်သွားခဲ့သည်။

သို့သော်ငြား တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက်သည် ဤအတိုင်းအတာအထိပင် အားကောင်းနိုင်သလော။

ညီမချင်းလော့ မမှားတာလည်း ဖြစ်နိုင်တာပဲလေ ရွှယ်စွန်း၏ ရင်ထဲ ရန်ကိုင်အပေါ် ပြန်ပြောင်းတွေးရတော့လေသည်။

ရန်ကိုင် သူမအား စိုက်ကြည့်လာသည်ကို မြင်သော် ရွှယ်စွန်း ချက်ချင်း အကြည့်လွှဲလိုက်သည်။ ဘာကြောင့်မှန်း မသိသော်ငြား သူမစိတ်ထဲ ထိုလူငယ်လေးကို အနည်းငယ် လန့်မိနေသည်။

ထိုလူနှစ်ယောက်ကိုပင် အလွယ်တကူ သတ်နိုင်လေရာ သူမကိုလည်း သတ်ချင်လျှင် သတ်နိုင်ပေလိမ့်မည်။

ရွှယ်စွန်းသည် သေသွားသည့် လူနှစ်ယောက်၏ သိုလှောင် လက်စွပ်နှစ်ကွင်းကို သွားကောက်ယူလိုက်ပြီးနောက် ရန်ကိုင်ကို ပေးလိုက်လေသည်။

“ကျေးဇူးပဲ” ရန်ကိုင်သည် နည်းနည်းလေးမှ အားနာခြင်းမရှိဘဲ ရယ်သွမ်းသွေးလျက် သိုလှောင်လက်စွပ် နှစ်ကွင်းကို သိမ်းဆည်းလိုက်ပြီးနောက် “အခု၊ နင်ပြောတဲ့ နယ်ပယ် ကျောက်တုံးက ဘယ်မှာလဲ”

“ငါနောက်လိုက်ခဲ့” ရွှယ်စွန်းသည် ချက်ချင်းပဲ လမ်းကြောင်း တစ်ခုဆီသို့ ပျံသန်းသွားလေသည်။

“နင့်ဒဏ်ရာ အခြေအနေ ဘယ်လိုလဲ” ရန်ကိုင်က သူမနောက်မှ လိုက်လာရင်း မေးလိုက်သည်။

“အသေးစားလေးတွေပဲ။ ဘာမှ ဒီလောက် ကိစ္စမရှိဘူး” ရွှယ်စွန်းက ပြန်ပြောလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး စကားထပ်မပြောတော့ဘဲ သူမနောက်မှ တိတ်တဆိတ်သာ လိုက်ပါလာခဲ့သည်။

ရွှယ်စွန်း နယ်ပယ်ကျောက်တုံးကို တွေ့ခဲ့သည့် နေရာသည် သူတို့ ယခင်ရှိနေခဲ့သည့် နေရာနှင့် သိပ်မဝေးချေ။ ထိုနေရာကို ရောက်ရန် တစ်နာရီလောက်သာ ရန်ကိုင်တို့ အချိန်ယူခဲ့ရသည်။

“ငါနင့်ကို ပြောစရာတစ်ခုရှိတယ်” လမ်းတစ်ဝက်တွင် ရွှယ်စွန်းက အနည်းငယ် လိပ်ပြာမလုံဟန်ဖြင့် ပြောလာခဲ့သည်။

“ဘာလဲ” ရန်ကိုင် သူမအား မသင်္ကာသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“တကယ်တော့ နင်သတ်လိုက်တဲ့ နှစ်ယောက်မှာ အဖော်တွေ ရှိတယ်” ရွှယ်စွန်းက ရန်ကိုင်ကိုကြည့်၍ ပြောလိုက်လေသည်။

“တကယ်လား။ အဲ့လူတွေ ဘယ်မှာလဲ” ရန်ကိုင် ကြောင်သွားခဲ့သည်။

“နယ်ပယ်ကျောက်တုံး ရှိတဲ့နေရာမှာ…” ရွှယ်စွန်းက အံကြိတ်၍ အမှန်အတိုင်း ပြောလိုက်လေသည် “နယ်ပယ်ကျောက်တုံးကို ငါအရင် စတွေ့ခဲ့တာ။ ဒါပေမယ့် ငါမယူရသေးခင်မှာပဲ သူတို့ ငါးယောက်ရောက်လာပြီး နှစ်ယောက်က ငါ့ကို လိုက်ဖမ်းနေတဲ့ အချိန် ကျန်တဲ့သုံးယောက်က အဲ့မှာနေခဲ့ပြီး နယ်ပယ် ကျောက်တုံးကို ယူဖို့ ကြိုးစားကြတာ။ သူတို့ နယ်ပယ်ကျောက်တုံးကို ရသွားပြီလား၊ မရသေးဘူးလား ဆိုတာတော့ ငါလည်းမသိဘူး။ ဒါပေမယ့် ရသွားခဲ့ရင်…”

“ရသွားလည်း ဘာဖြစ်လဲ။ သူတို့ဆီက ပြန်လုရုံပေါ့” ရန်ကိုင်က သွားပေါ်အောင်ပြုံးလျက် ပြန်ပြောလိုက်သည်။

ရွှယ်စွန်း မျက်မှောင်ကြုတ်သွားခဲ့ပြီး “ငါဒီအကြောင်းကို အစကတည်းက မပြောခဲ့တာကို နင်ဒေါသမထွက်ဘူးလား”

“နည်းနည်းတော့ ထွက်တာပေါ့” ရန်ကိုင် ခေါင်းညိတ်လိုက်၏။

ရွှယ်စွန်းမျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့သည်။

“ဒါပေမယ့် ငါ့အတွက် ဘာမှ ဒီလောက်ကြီး ထူးခြားသွားတာမှ မဟုတ်တော့ ငါဂရုစိုက်မနေတော့ဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် “ငါ့ကို လမ်းပြပေး”

“ကောင်းပြီ” ရွှယ်စွန်း သက်ပြင်းချလိုက်၏။

မကြာမီ ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ဝမ်းသာသွားသည့် အမူအရာဖြင့် မေးလိုက်လေသည် “အရှေ့တည့်တည့်မှာလား။ နယ်ပယ်စွမ်းအင်လှိုင်းတွေကို ငါခံစားမိနေပြီ”

“ဟုတ်တယ်” ရွှယ်စွန်း ခေါင်းညိတ်လိုက်ပြီး အရှိန်တင်လိုက်၏။

ခဏအကြာတွင် ရန်ကိုင်နှင့် ရွှယ်စွန်းတို့ နယ်ပယ်ဝဲကတော့၏ အစွန်ဖျားဆီသို့ ရောက်လာခဲ့လေသည်။

ဤနယ်ပယ်ဝဲကတော့သည် မီတာနှစ်ထောင်နီးပါးခန့် အချင်းရှိပြီး နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုတွင် လက်သီးဆုပ်အရွယ် ကျောက်တုံးလေးများစွား ရှိနေခဲ့သည်။

နယ်ပယ်ကျောက်တုံးများပင်… ထိုကျောက်တုံးများကို မြင်သော် ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။

နယ်ပယ်ကျောက်တုံးကို ယခုမှ ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် နယ်ပယ်ကျောက်တုံးများ မည်ကဲ့သို့သော အရာမျိုး ဖြစ်မလဲဆိုသည်ကို သူအတော်လေး စိတ်ဝင်စားနေမိ၏။ သို့သော်လည်း ပတ်ပတ်လည်တွင် ရှိနေသော နယ်ပယ် ဝဲကတော့ကြောင့် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အထဲအား မစစ်ဆေးနိုင်ချေ။ အမြင်သက်သက်ဖြင့်တော့ အထဲတွင် နယ်ပယ်ကျောက်တုံး မည်မျှများများ ရှိနေမလဲ ဆိုသည်ကို သူမပြောနိုင်ပေ။

သို့သော်လည်း နယ်ပယ်ကျောက်တုံး တစ်တုံးချင်းစီတိုင်းသည် အလွန်ကိုမှ အဖိုးတန်ပေသည်။ နယ်ပယ်ကျောက်တုံး တစ်တုံးလောက် ရလျှင်ပင် ထိုနယ်ပယ်ကျောက်တုံးအား အဖိုးတန် ကျင့်ကြံရေး အရင်းအမြစ်များနှင့် ပြန်လည် လဲလှယ်နိုင်သလို ထိုသို့ မလုပ်ချင်လျှင်လည်း နယ်ပယ်ကျောက်တုံးထဲရှိ စွမ်းအားကို စုပ်ယူပြီး နယ်ပယ်၏ စွမ်းအားကို ဆင်ခြင်သုံးသပ်နိုင်ပေသည်။

နယ်ပယ်ဝဲကတော့ထဲတွင် လူသုံးယောက် ရှိနေခဲ့သည်။ ထိုသုံးယောက်သည် ခြေနှစ်ဖက်ကို ချိတ်လျက် တစ်ယောက် တစ်နေရာစီ ခွဲထိုင်ကာ မျက်လုံးမှိတ်ထားကြသည်။ တစ်ချိန်တည်းတွင်လည်း သူတို့၏ရှီကို ဖြန့်ကျက်ထားလေ၏။

နယ်ပယ်ကျောက်တုံးများ အဖိုးတန်ရသည့် အကြောင်းအရင်းမှာ ထိုကျောက်တုံးများ ကိန်းအောင်နေသော နယ်ပယ်စွမ်းအားကြောင့် သက်သက်တင် မဟုတ်ဘဲ ထိုကျောက်တုံးများကို ရယူရန် အလွန်ကိုမှ စွန့်စားရသည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။

ရှားပါးသည့် အရာတိုင်းသည် အဖိုးတန်တတ်ကြသည်။ နယ်ပယ်ကျောက်တုံးများသည်လည်း အတူတူပင်။

နယ်ပယ်ကျောက်တုံးများကို နယ်ပယ်ဝဲကတော့များထဲတွင်သာ တွေ့နိုင်သည်။ နယ်ပယ်ကျောက်တုံးကို ရယူလိုပါက ထိုနယ်ပယ် ကျောက်တုံး ရှိနေသော နယ်ပယ်ဝဲကတော့၏ နက်နဲဆန်းကြယ်မှုများကို အရင်ဦးစွာ သိမြင်နားလည်အောင် လုပ်ရမည်။ သို့မှသာ နယ်ပယ်ဝဲကတော့၏ အလယ်ဗဟိုဆီသို့ သွားနိုင်မည်ဖြစ်ပြီး နယ်ပယ်ကျောက်တုံးများကို ယူနိုင်ပေလိမ့်မည်။

နယ်ပယ်ဝဲကတော့ထဲ ဝင်ရန်ကြိုးစားရင် သေသွားခဲ့ကြသည့် တန်ခိုးရှင်တတိယအဆင့် ပညာရှင် မရေမတွက်နိုင်အောင် ရှိပေသည်။ နယ်ပယ်ကျောက်တုံးကို ရယူရန်အတွက် အသက်ကို စွန့်စားရသည်။ နယ်ပယ်ကျောက်တုံးကို ယူရန် ကြိုးစားရင် သေသွားသည့် ကျင့်ကြံသူ အရေအတွက်မှာ ဒုနှင့်ဒေးပင်။

ရန်ကိုင်သည် နယ်ပယ်ဝဲကတော့ထဲ ထိုင်နေသည့် လူသုံးယောက်ကို တစ်ချက်လောက်သာ ကြည့်လိုက်ပြီးနောက် နယ်ပယ်ကျောက်တုံးများကိုသာ ပြန်အာရုံစိုက်လိုက်၏။

သူတို့ရှေ့တွင် ရှိနေသော နယ်ပယ်ဝဲကတော့သည် အရမ်းကြီး အားကောင်းခြင်းမရှိသလို အရမ်းကြီးလည်း အားမနည်းချေ။ သို့သော် ရှုတင်းယန်အား တစ်စစီဖြစ်အောင် ဖိချေဖြစ်ခဲ့သော နယ်ပယ်ဝဲကတော့ထက်တော့ အားနည်းပေသည်။ မဟုတ်လျှင် ထိုလူစိမ်းလူသုံးယောက်စလုံး အထဲတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်နေနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်နှင့် ရွှယ်စွန်းတို့ ရောက်လာသည်ကို ထိုသူစိမ်းသုံးယောက် သတိပြုမိသွားခဲ့ကြသည်။ သုံးယောက်စလုံး မျက်လုံးပွင့်လာပြီး ရန်ကိုင်တို့အား လှည့်ကြည့်လာပြီးနောက် ဆံပင်ဖြူဖြူနှင့် လူအိုကြီးက အလန့်တကြား အော်ပြောလိုက်လေသည် “မိန်းမပျက်မ၊ နင်မသေသေးဘူးလား”

ရွှယ်စွန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ရှင်လို ခွေးအိုကြီးတောင် မသေသေးတာ ကျွန်မက ဘာလို့ သေရမှာလဲ”

“အစ်ကိုလီနဲ့ ဂျူနီယာညီမချူတို့ ဘယ်မှာလဲ” မျက်လုံး တစ်ဖက်ကန်း ကျင့်ကြံသူက မျက်မှောင်ကြုတ်လျက် အေးစက်စက် အမူအရာဖြင့် မေးလိုက်လေသည်။

ရွှယ်စွန်းက လှောင်ပြုံးပြုံးလျက် “ငါအသက်ရှင်လျက် ပြန်လာမှတော့ သူတို့ ဘာဖြစ်သွားတယ်ထင်လဲ”

“မဖြစ်နိုင်ဘူး” တစ်လုံးကန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

“နင်လို့ မိန်းမပျက်မတစ်ယောက်က အစ်ကိုလီနဲ့ ညီမချူကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ။ ကြွားတာလည်း ကြည့်ကြွား” တတိယလူက ဝင်ပြောလိုက်သည်။

“ရှင်တို့မယုံလည်း နေပေါ့” ရွှယ်စွန်းသည် ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ အံကြိတ်၍သာ သုံးယောက်စလုံးကို ဝေ့ကြည့်လျက် ပြောလိုက်လေသည် “အဲ့နှစ်ယောက်ကတော့ သေသွားပြီ။ အခု ရှင်တို့အလှည့်ပဲ”

ထိုစကားကို ကြားကြားချင်း ဆံပင်ဖြူဖြူနှင့် လူအိုကြီး ကြောင်သွားခဲ့သော်ငြား ရုတ်တရက် ဝါးလုံးကွဲ အော်ရယ်တော့၏ “မိန်းမပျက်မ၊ နင်က တကယ် လေလုံးထွားတာပဲ။ ကောင်းတယ်။ကောင်တယ်။ နင်ပြောနိုင်တုန်း ပြောထား။ ဒီလူအိုကြီး နယ်ပယ်ဝဲကတော့နဲ့ အလုပ်ရှုပ်နေသေးလို့ နင့်ကို လွှတ်ထားပေးလိုက်မယ်။ ။ ငါထွက်လာမှ နင်နဲ့တွေ့မယ်။ နင်သတ္တိရှိရင်၊ ဘယ်မှမသွားဘဲ အဲ့မှာ ရပ်စောင့်နေ”

All Chapters