အခန်း (၂၃၆၆-၂၃၇၀)
Vol. 95 Ch. 2366-2370
အပိုင်း (၂၃၆၆)
“ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရတာလဲ…” လျို့ရှန်းယွင် အံ့အားသင့်သွားခဲ့လေ၏။
“ငါလည်းမသိဘူး…” ရန်ကိုင်လည်း နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ ခေါင်းတခါခါဖြင့် ပြန်၍ ပြောလိုက်လေ၏။ “ဒီနေရာနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်…”
စတင်ကျင့်ကြံသည့် အချိန်မှစ၍ သူကိုယ်တိုင် စုပ်ယူ၍ မရသည့် မိုးမြေစွမ်းအင်မျိုးကို တစ်ခါမှ မတွေ့ဖူးချေ။ ဤဟင်းလင်းပြင်ကမ္ဘာထဲရှိ မိုးမြေစွမ်းအင်များထဲတွင် သူ့ခန္ဓာကိုယ်အား ထိခိုက်စေသော အရာများ ရောနှော ပါဝင်နေခဲ့လေသည်။ ထို့အတွက်ကြောင့် သူ့ဘက်မှ ပို၍ စုပ်ယူလေ သူ့ခန္ဓာကိုယ် ပို၍ ထိခိုက်လာရလေပင်။ ရေရှည်သာ ဆက်၍ စုပ်ယူနေပါက သူ့သွေးကြောများထိခိုက်ကာ ကျင့်ကြံခြင်းကိုပင်လျှင် ဆုံးရှုံးလိုက်ရနိုင်ပေသည်။
ကံကောင်းစွာဖြင့် ရန်ကိုင်သည် တစ်နာရီလောက်သာ ကျင့်ကြံခဲ့ပြီးနောက် ရပ်လိုက်လေ၏။
“ဒါဆို အခု ဘာလုပ်ကြမလဲ…” လျို့ရှန်းယွင် စတင်၍ ထိတ်လန့်လာခဲ့လေသည်။ သူတို့သာ ဤနေရာရှိ မိုးမြေစွမ်းအင်အား မစုပ်ယူနိုင်ပါက အနှေးနှင့်အမြန်ဆိုသလို အားကုန်သွားကြရပေလိမ့်မည်။ ဝင်ပေါက်ကို ရှာရန် မဆိုထားနှင့် ပင်လယ်ပြင်ထဲမှပင်လျှင် ထွက်နိုင်မည်မဟုတ်ဘဲ အားကုန်ပြီးတော့သာ ဤနေရာတွင် သေသွားကြရပေလိမ့်မည်။
သူတို့အဖြစ်အပျက်မှာ ဆာလောင်နေသည့် သင်္ဘောသားရှေ့တွင် အလွန်ကိုမှ အရသာရှိလှသည့် စားကောင်းသောက်ဖွယ်များ ချထားပေးသော်ငြား ထိုစားကောင်းသောက်ဖွယ်များမှာ အဆိပ်ခတ်ခံ ထားရသည့် စားကောင်းသောက်ဖွယ်များ ဖြစ်နေသည့် ပုံစံမျိုးကဲ့သို့ ဖြစ်နေလေသည်။ သူတို့သာ ထိုအရာများကို စားလိုက်မည်ဆိုပါက အဆိပ်မိပြီး သေသွားကြရပေလိမ့်မည်။ မစားလျှင်လည်း ဗိုက်ဆာလွန်းသဖြင့် သေရပြန်ဦးမည်။
“စိတ်မပူနဲ့… ငါ့မှာ အဖြေရှိပြီးသား…” ရန်ကိုင်ကမူ အရမ်းကြီး ထိတ်လန့်မနေခဲ့ပေ။ ကမ္ဘာငယ်လေးကို ထုတ်ယူလိုက်ပြီးသည့်နောက် လျို့ရှန်းယွင်ကို ပေးကာ ပြောလိုက်လေ၏။ “ဒါကို ကိုင်ထား… ငါတစ်ချက်လောက် သွားအနားယူလိုက်ဦးမယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ကမ္ဘာငယ်လေးထဲသို့ ဝင်သွားလိုက်လေသည်။
လျို့ရှန်းယွင်မှာ ဘာမှပြန်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူမ၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။ ထိုအခါ မင်သက်နေသည့်အမူအယာဖြင့် သူမလက်ထဲရှိ ကမ္ဘာငယ်လေးအား ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် အစောပိုင်းက သူမမြင်ခဲ့ရသည့် အဆောက်အဦးများနှင့် တိတ်ဆိတ်သောကမ္ဘာကြီးအကြောင်းကို ပြန်စဉ်းစားမိလိုက်သော် လျို့ရှန်းယွင်သည် တစ်ခုခုအား နားလည်သွားသည့်အလား အလွန်ကိုမှ အံ့အားသင့်သွားခဲ့လေသည်။
သို့သော်ငြား ထိုအရာများကို အရမ်းကြီး အချိန်ကုန်ခံ ထိုင်စဉ်းစားမနေခဲ့ပဲ ကမ္ဘာငယ်လေးကို သိမ်းထားပြီးသည့်နောက်တွင် လှေငယ်လေးကိုသာ ပြန်၍ ထိန်းချုပ်နေလိုက်လေသည်။
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ရန်ကိုင် ပြန်ပေါ်လာခဲ့လေသည်။ ယခုမူ ကောင်းကောင်းအနားယူပြီးသွားသည့်အလား သူ့အသားအရေမှာ အတော်လေးကိုမှ ပြန်လည်ဝင်းပ လာခဲ့လေသည်။
လျို့ရှန်းယွင်မှာမူ ဘာမျှ ပြောမနေဘဲ ခေါင်းတစ်ချက်ညိတ်ပြ၍သာ ကမ္ဘာငယ်လေးကို ရန်ကိုင့်လက်ထဲသို့ ပြန်ထည့်ပေးလိုက်လေ၏။
သူမကိုယ်တိုင်သည် တစ်စပြင်ကန္တရာကြယ်စီရင်စုကြီးထဲတွင် တန်ခိုးရှင်ဘုရင် တတိယအဆင့်ထိသို့ ရောက်အောင် ကျင့်ကြံလာနိုင်ခဲ့သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် အတော်လေးကိုမှ အတွေ့အကြုံများသည့် လူတစ်ယောက်ဖြစ်သည်ဟု ပြော၍ရပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် မည်သည့်အရာကိုမေးရမည် မည်သည့်အရာကိုမမေးဘဲ နေရမည်ဆိုသည်ကို ကောင်းကောင်း သိထားပေသည်။
ရန်ကိုင်မှ ကမ္ဘာငယ်လေးအား သူမလက်ထဲသို့ ထည့်ပေးလိုက်ခြင်းမှာ သူမအပေါ် ယုံကြည်သည်ဟု ပြောလိုက်ခြင်းနှင့် အတူတူပင်။ ကမ္ဘာငယ်လေးအကြောင်းကိုတော့ ရန်ကိုင်မှ ပြောမလာပါက သူမဘက်မှ မမေးသည်မှာ အကောင်းဆုံးသာ ဖြစ်လေသည်။
ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့လေသည်။
နှစ်ရက်သုံးရက်ကြာတိုင်း ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲသို့ ဝင်ကာ အနားယူ အားပြန်ဖြည့်လေ့ ရှိပေသည်။ ထိုအချိန်အတောအတွင်း လျို့ရှန်းယွင်လည်း အရင်းအမြစ်ချီ ကုန်ခမ်းသွားခဲ့ပြီး ကမ္ဘာငယ်လေးထဲသို့ ဝင်ကာ အားပြန်ဖြည့်ခဲ့ရလေသည်။ သို့သော်ငြား လျို့ရှန်းယွင်မှာ အတော်လေးကိုမှ အလိုက်သိသည့်သူ ဖြစ်သည့်အတွက်ကြောင့် အခြားမည်သည့် အပိုမေးခွန်းကိုမှ မေးမနေခဲ့ပေ။
မျက်တောင်တစ်ခတ်အတွင်း တစ်လတိတိ ကုန်ဆုံးသွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်တို့မှာတော့ ကုန်းမြေအရိပ်အယောင်ကိုပင်လျှင် ရှာမတွေ့သေးချေ။
ရန်ကိုင်မည်မျှပင်လျှင် တည်ငြိမ်နေစေကာမူ အနည်းငယ်တော့ စတင်၍ စိတ်မရှည် ဖြစ်လာမိတော့သည်။
ယနေ့ ရန်ကိုင် ကမ္ဘာငယ်လေးထဲမှ ပြန်ထွက်လာစဉ် လျို့ရှန်းယွင်က အံ့အားသင့်နေသည့် အမူအယာဖြင့် သူ့အား လှမ်းအော်ပြောလေသည်။ “စီနီယာအစ်ကို… ကျွန်မ တစ်ခုခု ရှာတွေ့သွားပြီနဲ့တူတယ်….”
“တကယ်လား…” ထိုစကားကိုကြားသည့်အခါ ရန်ကိုင်လည်း စိတ်လှုပ်ရှားသွားခဲ့လေသည်။
လျို့ရှန်းယွင်က ရှေ့တည့်တည့်သို့ ညွှန်ပြရင်းမှ ပြောလိုက်လေ၏။ “အဲ့မှာကြည့်ကြည့်… ရေပန်းတွေက တဖြည်းဖြည်းနည်းလာသလိုပဲ… ကျွန်မတို့ ပိုသွားလေပိုသွားလေ ရေပန်းတွေက ပိုပိုပြီး နည်းလာလေပဲ…”
ရန်ကိုင်လည်း သေချာစစ်ဆေးကြည့်လိုက်ရာ လျိုရှန်းယွင်ပြောသည့်အတိုင်း ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ပင်လယ်ပြင်ပေါ်ရှိ ရေပန်းအရေအတွက်မှာ တဖြည်းဖြည်းနှင့် လျော့ကျလာခဲ့လေသည်။ ထိုအချက်ကို သတိပြုမိလိုက်သော် ရန်ကိုင့်၏မျက်လုံးများ တောက်ပလာခဲ့လေ၏။
လက်ရှိအချိန်ထိ ကုန်းမြေအရိပ်အယောင်ကို မတွေ့ရသေးသော်ငြား တချို့သော ပြောင်းလဲမှုများကိုတော့ စတင်၍ တွေ့ရှိလာရလေပြီ။
အစကတော့ ရန်ကိုင် ထင်နေမိခဲ့သည်မှာ သူတို့များ စက်ဝိုင်းပုံစံအတိုင်း သွားနေခြင်းပေလားဟုပင်။ သို့သော်ငြား ယခုမှသာ ပင်လယ်ပြင်ကကိုက အလွန်တရာကျယ်ပြောနေခြင်းဖြစ်မှန်း နားလည်သွားခဲ့လေသည်။
ထိုတွေ့ရှိမှုကြောင့် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ နှစ်ဦးစလုံး စိတ်ဓာတ်တက်ကြွ သွားခဲ့ကြရလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ရေပန်းအရေအတွက်မှာ အမှန်တကယ်ကိုပင်လျှင် နည်းသထက် နည်းလာခဲ့လေသည်။ နောက်ဆုံးတွင် ရေပန်းများကို လုံးဝ မတွေ့ရတော့ချေ။ ထိုတွေ့ရှိမှုသည် ရန်ကိုင့်အား သူပျံသန်းသွားနေသည့်လမ်းကြောင်းမှာ မှန်ကန်ကြောင်း ထောက်ခံပေးလိုက်သလို ဖြစ်သွားခဲ့လေသည်။ သူတို့သာ ဤအတိုင်း ဆက်သွားနေမည်ဆိုပါက မမျှော်လင့်ထားသည့် အရာတစ်ခုခုကိုပင်လျှင် ကြုံတွေ့ကောင်း ကြုံတွေ့နိုင်ပေသည်။
သုံးရက်ကြာပြီးသည့်နောက် ရန်ကိုင်သည် လှေပျံလေးအား ထိန်းချုပ်မောင်းနှင်နေစဉ် သူ့အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် တစ်ခုသောနေရာဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။ မကြာခင်တွင် ရန်ကိုင် ဝမ်းသာသွားခဲ့ပြီး လျို့ရှန်းယွင်၏ပုခုံးကိုပုတ်ကာ ပြောလိုက်လေသည်။ “ဂျူနီယာညီမ… ရှေ့မှာ သင်္ဘောတစ်စင်းတွေ့တယ်…”
လျို့ရှန်းယွင်သည် မျက်လုံးပိတ်ကာ တင်ပလင်ခွေထိုင်နေခြင်း ဖြစ်ပေသည်။ ဤနေရာတွင် မကျင့်ကြံရဲသည့်အတွက်ကြောင့် ရန်ကိုင်မှ လှမ်းအော်ခေါ်သည့်အခါ ချက်ချင်းနိုးလာခဲ့လေသည်။ နိုးလာပြီးသည့်နောက် မတ်တပ်ရပ်၍ ရန်ကိုင်ညွှန်ပြနေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ အမှန်တကယ်ကိုပင်လျှင် ထိုနေရာ၌ သင်္ဘောတစ်စင်း ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။
ထိုတွေ့ရှိမှုကြောင့် လျို့ရှန်းယွင် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။ ရန်ကိုင့်အား လှမ်းကြည့်လိုက်ရာ ရန်ကိုင်ကိုယ်တိုင်သည်လည်း ဝမ်းသာပျော်ရွှင်နေကြောင်း တွေ့လိုက်ရလေသည်။
သူတို့ဤနေရာသို့ ရောက်ပြီး လမ်းပျောက်ကာ လူအရိပ်အယောင် ကုန်းမြေအရိပ်အယောင်ကို မတွေ့ခဲ့ရသည်မှာ တစ်လမက ရှိသွားခဲ့ရလေပြီ။ ထို့အတွက်ကြောင့် ယခုကဲ့သို့ အချိန်မျိုး၌ သင်္ဘောတစ်စင်းအား တွေ့လိုက်ရသည့် ပျော်ရွှင်မှုသည် စကားလုံးဖြင့်ပင်လျှင် ဖော်ပြ၍ မရနိုင်ချေ။
သင်္ဘောတစ်စင်းကို တွေ့လိုက်သည်ဆိုသည်မှာ ထိုသင်္ဘောပေါ်တွင် လူများ ရှိနေသည်ဟု ဆိုလိုက်ခြင်းပင် ဖြစ်လေသည်။ လူရှိနေသည်ဆိုပါက မည်သည့်နေရာသို့ ဦးတည်၍ သွားရမည်ဆိုသည်ကို သူတို့သိနိုင်တော့မည်။
ရန်ကိုင်သည် ချက်ချင်းပဲ အရှိန်တင်၍ သင်္ဘောဆီသို့ ဦးတည်ပျံသန်းသွားလေ၏။
တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ သင်္ဘောပုံစံကို ပို၍ ကြည်ကြည်လင်လင် မြင်လာရလေတော့သည်။
ထိုသင်္ဘောမှာ အတော်လေးကိုမှ ကြီးမားလှသည့် သင်္ဘောတစ်စင်းပင် ဖြစ်လေသည်။ ထိုကဲ့သို့သော သင်္ဘောတစ်စင်းကို တည်ဆောက်ရန်အတွက် ကုန်ကြမ်းပစ္စည်းမြောက်များစွာနှင့် စွမ်းအင်များစွာကို လိုအပ်ပေလိမ့်မည်။ သင်္ဘောပေါ်တွင် ရှိနေသော လူများသည် ဤကဲ့သို့သော နေရာမျိုးတွင် ထိုကဲ့သို့သော သင်္ဘောတစ်စင်းအား မည်ကဲ့သို့များ ဆောက်လုပ်နိုင်သလဲဟု ရန်ကိုင် တွေးမိသွားခဲ့လေသည်။
ရန်ကိုင်တို့၏ လှေငယ်လေး တဖြည်းဖြည်း နီးကပ်လာသည့်အခါ သင်္ဘောပေါ်တွင် ရှိနေသည့်လူများလည်း သူတို့အား သတိပြုမိသွားကြလေသည်။ ရန်ကိုင်တို့ အနားသို့ရောက်လာမည်ကိုပင် စောင့်မနေတော့ဘဲ လူပေါင်းများစွာသည် သင်္ဘောကုန်းပတ်ပေါ်သို့ တက်၍ သူတို့ဘက်သို့ လှည့်ကြည့်လာကြလေ၏။ ထို့နောက်တွင် ရန်ကိုင်တို့ဘက်သို့ လက်ညှိုးထိုးရင်း သူတို့ဘာသာသူတို့ တီးတိုးပြောကြတော့လေသည်။
မကြာမီတွင် ရန်ကိုင်သည် သင်္ဘောနှင့် အနီးတစ်နေရာသို့ ရောက်လာခဲ့လေ၏။ လှမ်းကြည့်လိုက်ရာ သင်္ဘောပေါ်ရှိ လူအားလုံးသည် သတိချပ်လျက် သူတို့အား စိုက်ကြည့်နေကြောင်းကို တွေ့လိုက်ရလေသည်။
သို့သော်ငြား ရန်ကိုင့်အား အံ့အားသင့်သွားစေခဲ့သည်မှာ သင်္ဘောပေါ်တွင် ရှိနေသည့် ကျင့်ကြံသူများမှာ တာအိုသခင်အဆင့် ကျင့်ကြံသူများ ဖြစ်နေခြင်းပင်။
ဤကဲ့သို့သော နေရာမျိုးတွင် သူတို့၏ကျင့်ကြံခြင်းကို မည်ကဲ့သို့များ ထိန်းထားနိုင်ကြလေသနည်း။ တကယ်တော့ ဤနေရာရှိ မိုးမြေစွမ်းအင်ကို စုပ်ယူ၍ မရဘူး မဟုတ်ပေလော။ ထိုသို့ဖြစ်လေရာ ဤနေရာတွင် အချိန်အကြာကြီး နေရမည်ဆိုပါက မိမိ၏ ကျင့်ကြံခြင်းမှာ တဖြည်းဖြည်းနှင့် လျော့ကျသွားရပေလိမ့်မည်။
သင်္ဘောပေါ်တွင် ရှိနေသည့် လူအုပ်ကြီး၏ခေါင်းဆောင်မှာ လုံးကြီးပေါက်လှ ခန္ဓာကိုယ်နှင့် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ ပင်လယ်ပြင်ထဲ အချိန်အကြာကြီး ထွက်နေရသည့် အတွက်ကြောင့်လားမသိ သူမ၏အသားအရေမှာ အနည်းငယ် ညိုသည့်ဘက်သို့ ရောက်နေခဲ့လေသည်။
သူမသည် သင်္ဘောကုန်းပတ်ပေါ်တွင် အားကောင်းသည့် ကျားသစ်တစ်ကောင်နှယ် မားမားမတ်မတ်ရပ်တည်ရင်း ရန်ကိုင်တို့အား စူးရှသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ရန်ကိုင်သည် သင်္ဘောပေါ်သို့ အလျင်စလို တက်မသွားဘဲ လက်သီးဆုပ်၍သာ လှမ်းအော်ပြောလိုက်လေသည်။ “ရောင်းရင်းတို့… မင်းတို့ ဘယ်သွားနေလဲတော့ ငါမသိဘူး… ဒါပေမဲ့အဆင်ပြေရင် ငါတို့ကိုပါ ခေါ်သွားပေးလို့ရမလား…”
သင်္ဘောပေါ်ရှိ လူများမှာတော့ ထူးမခြားနားဟန်ဖြင့်သာ ရှိနေကြလေသည်။ သို့သော်ငြား သူတို့၏ခေါင်းဆောင်မှာမူ အသာအယာလေးခေါင်းမော့လျက် ပြန်၍ မေးလိုက်လေ၏။ “ရှင်တို့ ဘယ်ကလာတာလဲ…”
ရန်ကိုင်သည် အခြားတစ်ဖက်ဆီသို့ ညွှန်ပြလျက် ပြန်ပြောလိုက်လေသည်။ “အဲ့ဘက်က… ကျုပ်တို့သင်္ဘောဖျက်ဆီးခံလိုက်ရလို့ ကျုပ်တို့နှစ်ယောက်တည်းပဲ လွတ်လာတာ…”
“သင်္ဘောဖျက်ဆီးခံလိုက်ရတာ…” အမျိုးသမီး၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သင်္ဘောပျက်စီးသွားသည့်အကြောင်းကို အရမ်းကြီး မေးမြန်းမနေခဲ့သော်ငြား သူမအမူအယာကို ကြည့်ရသလောက် သင်္ဘောများ ဤပင်လယ်ထဲ ပျက်စီးခြင်းမှာ သဘာဝသာ ဖြစ်သည့်ပုံပင်။ ထို့နောက်တွင် အမျိုးသမီးက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ရှင်တို့နှစ်ယောက် လွတ်လာတာ တကယ်ကံကောင်းတယ်လို့ ပြောလို့ရတယ်… ကျွန်မ ရှင်တို့ကို ခေါ်သွားပေးလို့ရတယ်… ဒါပေမဲ့ စည်းမျဉ်းတွေကို ရှင်တို့ သိတယ်မလား…”
(စည်းမျဉ်းတွေ…) ရန်ကိုင် ရင်တုန်သွားခဲ့လေ၏။ ဤသင်္ဘောပေါ်ရှိ လူအုပ်သည် ဤနေရာသို့ ရောက်လာပြီးသည့်နောက် ပထမဆုံးကြုံရသည့် လူအုပ်ဖြစ်လေရာ မည်သည့်စည်းမျဉ်းများကို သူတို့က သိရမည်နည်း။
သို့သော်ငြား ဆက်၍ မေးတော့မည်အပြု အမျိုးသမီးက မျက်မှောင်ကျုံ့၍ ပြောလိုက်လေသည်။ “လူတစ်ယောက်ကို အရင်းအမြစ်ကျောက်ငါးထောင်… နှစ်ယောက်ဆိုတော့ တစ်သောင်း…”
“ရတယ် ရတယ်…” ရန်ကိုင်က အလျင်အမြန် ခေါင်းညိတ်လိုက်လေသည်။ သူတို့ပြောနေသည့် စည်းမျဉ်းမှာ သင်္ဘောစီးခ ဖြစ်နေခဲ့လေ၏။
ထိုစည်းမျဉ်းမှာ လက်သင့်မခံနိုင်စရာ မဟုတ်ပေ။ ရန်ကိုင် အံ့အားသင့်သွားသည့်အချက်မှာ သင်္ဘောစီးခမှာ အလွန်ကိုမှ ဈေးပေါနေခြင်းပင်။ လူတစ်ဦးလျှင် အရင်းအမြစ်ကျောက် ငါးထောင်သာ ကုန်လေ၏။
ထိုသို့ပြောပြီးသည့်နောက်တွင် အရင်းအမြစ်ကျောက်များကို ထုတ်ယူချင်သည့်အလား သိုလှောင်လက်စွပ်အား ထိလိုက်လေသည်။
ရန်ကိုင့်၏လုပ်ရပ်ကိုမြင်သော် အမျိုးသမီးက မျက်မှောင်ကျုံ့လျက် ပြောလိုက်လေ၏။ “ရှင် ဒီနေရာကြီးမှာ ကျွန်မကို အရင်းအမြစ်ကျောက်တွေပေးမယ်လို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်…”
ရန်ကိုင်က အံ့အားသင့်သွားဟန်ဖြင့် “ဘာဖြစ်လို့လဲ…”
ထိုစကားကိုကြားသော် အမျိုးသမီး၏အမူအယာ ထူးဆန်းသွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင့်အား သေသေချာချာကို စိုက်ကြည့်လာတော့လေ၏။ သူမသာလျှင် သင်္ဘောကုန်းပတ်တွင် ရှိနေသည့် လူများသည်လည်း ပြုံးဖြီးဖြီးအမူအယာများဖြင့် ရန်ကိုင့်အား ကြည့်လာခဲ့ကြလေသည်။
(ဘာတွေဖြစ်နေတာလဲ…) ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထို့နောက် စိတ်ထဲမှနေ၍ တွေးလိုက်လေ၏။ (ဒီနေရာမှာ သူ့ကို အရင်းအမြစ်ကျောက်တွေပေးတာနဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေလို့လား)
ရန်ကိုင့်စိတ်ထဲ မယုံသင်္ကာ ဖြစ်နေစဉ်မှာပင် အမျိုးသမီးသည် တံဆိပ်ပြားတစ်ခုကို ထုတ်ယူ၍ သင်္ဘာအား ကာရံပေးထားသော အကာအရံကို ဖွင့်ပေးလိုက်လေသည်။ ထို့နောက် ပြောလိုက်လေ၏။ “အရင်ဝင်လာခဲ့…”
“ကျေးဇူးအများကြီးတင်ပါတယ်…” ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လှေငယ်လေးဖြင့် ထိုအပေါက်ထဲသို့ ဝင်သွားလေ၏။
သင်္ဘောကုန်းပတ်ပေါ်သို့ ခြေချပြီးသည့်အခါမှသာ ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့နှစ်ဦးလုံး သက်ပြင်းချလိုက်နိုင်ကြလေသည်။ အောက်ခြေအခိုင်အမာရှိသည့် ကြမ်းပြင်တစ်ခုခုပေါ်တွင် မတ်တပ်ရပ်နေရသည့် ခံစားချက်မှာ အလွန်ကိုမှ အံ့ဩဖွယ်ကောင်းလွန်းလှပေသည်။
“ကျွန်မနောက်လိုက်ခဲ့…” အမျိုးသမီးက လက်ဝှေ့ယမ်း၍ ရှေ့မှ ဦးဆောင် ထွက်သွားလေ၏။
ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် အကြည့်ချင်းဖလှယ်လျက် အမျိုးသမီးနောက်သို့ လိုက်သွားကြလေသည်။
ရန်ကိုင်တို့ သွားနိုင်လေအောင် သင်္ဘောကုန်းပတ်တွင် ရှိနေသော ကျင့်ကြံသူများသည် ချက်ချင်း လမ်းဖယ်ပေးလိုက်ကြလေသည်။
တစ်ခဏမျှကြာအောင် လျှောက်လာပြီးသည့်နောက်တွင် အမျိုးသမီးက ရုတ်တရက် ပြောလိုက်လေ၏။ “ရှင်တို့ ဒီဟင်းလင်းပြင်ပင်လယ်ထဲမှာ သင်္ဘောပျက်သွားတာ ဘယ်လောက်ကြာပြီလဲ…”
(ဒီတော့ ဒီနေရာကို ဟင်းလင်းပြင်ပင်လယ်လို့ ခေါ်တာလား…) ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွား၏။ အမျိုးသမီး၏ မေးခွန်းကိုကြားသော် ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။
“မနေ့ကဖြစ်သွားတာ… ဒါပေမဲ့ ကံကောင်းပြီး ခင်ဗျားတို့နဲ့လာတိုးတာ… မဟုတ်ရင် ကျုပ်တို့ တော်တော် ဒုက္ခရောက်ကြရတော့မှာ… ကျုပ်တို့ကို သင်္ဘောပေါ်ခေါ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်…”
ရန်ကိုင့်၏အရှိန်အဝါမှာ အတော်လေးကို တည်ငြိမ်နေ၏။ ထို့အတွက်ကြောင့် သူ့အရင်းအမြစ်ချီ များများစားစား ကုန်ဆုံးထားခြင်း မရှိသည်မှာ သိသာလှပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူ့သင်္ဘောပျက်သွားသည်မှာ မနေ့ကဖြစ်သည်ဟု ပြောလိုက်ခြင်းမှာ အကောင်းဆုံးသာ ဖြစ်လေသည်။
“အဲ့လိုလား…” အမျိုးသမီး၏နှုတ်ခမ်း မသိမသာလေး ကွေးတက်သွားခဲ့လေသည်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး သူ့ဘာသာသူ မေးလိုက်လေ၏။ (ဒီအမျိုးသမီး တစ်ခုခုကို နားလည်သွားတာလား… ဒါပေမဲ့ ငါ ဘာမှ မပြောရသေးပါဘူး…)
ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့နှစ်ဦးစလုံး ဇဝေဇဝါအမူအယာများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
စကားတပြောပြောနှင့် အမျိုးသမီးသည် ရန်ကိုင့်အား အခန်းတစ်ခန်းဆီသို့ ခေါ်လာလေ၏။ ထို့နောက် အခန်းတံခါးကို ဖွင့်ကာ အထဲသို့ ဝင်သွားလိုက်လေသည်။
ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်အား လှည့်ပတ် စူးစမ်းကြည့်လိုက်လေသည်။ ဤနေရာမှာ ကျယ်ဝန်းခြင်း မရှိသော်ငြား အသွင်အပြင်မှာတော့ မဆိုးလှချေ။ ထို့အပြင် ဤနေရာ၌ ခင်းကျင်းထားသော အစီအရင်တစ်ခုလည်း ရှိနေခဲ့သည်။ မည်ကဲ့သို့သော အစီအရင် ဖြစ်သလဲ ဆိုသည်ကိုသာ မသိခြင်းပင်။
“ကျုပ်တို့ ဒီမှာ နေရမှာလား…” ရန်ကိုင်က မေးလိုက်လေ၏။
အမျိုးသမီးသည် ရန်ကိုင့်အား ကြည့်လျက် ထူးမခြားနားဟန်ဖြင့် “အဲ့လောက်ကြီး မလောပါနဲ့ဦး…”
ရန်ကိုင့်၏မျက်နှာ မှုန်ကုပ်သွားခဲ့လေသည်။ (ဒီအမျိုးသမီးက တော်တော်ထူးဆန်းတာပဲကွ… ငါတို့ကို ဒီမှာ မနေခိုင်းရင် ဘာလို့ ဒီကိုခေါ်လာတာလဲ…)
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၆၇)
“ရှင် ဒီမှာ နေချင်ရင် နေလို့ရတယ်… ဒါပေမဲ့ တစ်ရက်ကို အရင်းအမြစ်ကျောက် တစ်ထောင်ကျမှာ…” အမျိုးသမီးက ဆက်ပြောလိုက်လေသည်။
ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ပြန်မေးလိုက်လေ၏။ “ကျုပ်တို့ သင်္ဘောစီးခ ပေးပြီးသွားပြီ မဟုတ်ဘူးလား…”
သူ့တွင် အရင်းအမြစ်ကျောက် ရှားပါးမနေသော်ငြား ဤအမျိုးသမီး၏ လုပ်ပုံမှာ လက်သင့်ခံနိုင်စရာမရှိဟု ထင်မိပေသည်။ သူမသည် သူတို့အား အခန်းခ တကယ်ကြီး ထပ်တောင်းနေသည်လား။ ကြည့်ရသလောက် သူတို့ဆီမှ မရ ရအောင် ဖျစ်ညှစ်တောင်းမည့်ပုံပင်။
“သင်္ဘောစီးခနဲ့ အခန်းခတွေက မတူဘူး… အလကားနေလို့ရတဲ့အခန်းမှာ ရှင်နေချင်လို့လား…”
“ဘာကွာလို့လဲ…” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။
(သင်္ဘောပေါ်က အခန်းတွေကိုတောင် အလကားရတဲ့အခန်းနဲ့ ပိုက်ဆံပေးရတဲ့အခန်းဆိုပြီး ခွဲထားသေးတာလား… ဒီအခန်းကြီးက ဒီလောက်လည်း ကောင်းတာမဟုတ်ပါဘူး… ဘာဖြစ်လို့ ပိုက်ဆံပေးပြီး နေရမှာလဲ…)
အမျိုးသမီးက ရှင်းပြလိုက်လေသည်။ “ဒီအခန်းထဲမှာ ဟင်းလင်းပြင်လောကကြီးထဲက အဖျက်စွမ်းအားကို သန့်စင်ပေးတဲ့ အစီအရင်တစ်ခု ခင်းကျင်းပေးထားတယ်… အဲ့အစီအရင်က အဆင့်အမြင့်စား မဟုတ်ပေမဲ့ ဒီအစီအရင်ရဲ့အကူအညီနဲ့ ကျင့်ကြံလို့တော့ရသေးတယ်…”
(ကျင့်ကြံလို့ရတယ်…) ယခုမှသာလျှင် သင်္ဘောပေါ်ရှိ ကျင့်ကြံသူများမှာ သူတို့၏ကျင့်ကြံခြင်းအား ဘာကြောင့်ထိန်းထားနိုင်သေးသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားရတော့လေသည်။
(သန့်စင်ရေးအစီအရင်တွေကြောင့်ကိုး…) သူကိုယ်တိုင်သည်လည်း ဤနေရာတွင် ကျင့်ကြံရန် ကြိုးစားခဲ့ဖူးသည့် အတွက်ကြောင့် ဤလောကကြီးထဲရှိ မိုးမြေစွမ်းအင်ထဲတွင် မည်ကဲ့သို့သော အဖျက်စွမ်းအင်မျိုး ကိန်းအောင်းနေသလဲ ဆိုသည်ကို ကောင်းကောင်းသိထားပေသည်။
အမျိုးသမီးဆီမှ စကားတစ်ခွန်းသည် ရန်ကိုင့်အား အကြောင်းအရာများစွာကို နားလည်သွားစေခဲ့လေသည်။
ထိုသို့သာဆိုလျှင် အခန်းခတောင်းသည်မှာ ကိစ္စမရှိတော့ချေ။ သန့်စင်ရေးအစီအရင်သည် မိုးမြေစွမ်းအင်ထဲတွင် ကိန်းအောင်းနေသော အဖျက်စွမ်းအင်များကို သန့်စင်ပေးနိုင်ပေသည်။ ထို့အတွက်ကြောင့် အခန်းထဲရှိ ကျင့်ကြံသူများမှာ မိုးမြေစွမ်းအင်များကို ကောင်းကောင်းစုပ်ယူနိုင်လေ၏။
သို့သော်ငြား မကြာခင်တွင် တစ်ခုခုမှားယွင်းနေမှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။ အကြောင်းမှာ အခန်းထဲရှိ မိုးမြေစွမ်းအင်မှာ အလွန်ကိုမှ ပါးလျနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ အပြင်ဘက်က မိုးမြေစွမ်းအင်နှင့် ယှဉ်လိုက်သော် မိုးနှင့်မြေလိုပင်။
ကြည့်ရသလောက် သန့်စင်ရေးအစီအရင်များတွင် အားနည်းချက်များ ရှိနေသေးသည့်ပုံပင်။ သန့်စင်ရေးအစီအရင်သည် အဖျက်စွမ်းအားများကို သန့်စင်ပေးနိုင်သော်ငြား မိုးမြေစွမ်းအင်စီးဆင်းနှုန်းကို နှေးကျသွားစေခဲ့လေသည်။
ကျင့်ကြံသူတစ်ဦးအနေဖြင့် အဖျက်စွမ်းအားမရှိတော့သည့် အတွက်ကြောင့် ဤနေရာတွင် ကျင့်ကြံနိုင်လိမ့်မည် ဖြစ်သော်ငြား ဤမျှပါးလျသော မိုးမြေစွမ်းအင်ဖြင့် သူတို့ကျင့်ကြံခြင်းအား ထိန်းထားနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့၏ကျင့်ကြံခြင်းသည် တဖြည်းဖြည်းနှင့် လျော့ကျသွားရပေလိမ့်မည်။
“ရှင် နေမှာလား မနေဘူးလား…” ရန်ကိုင် အတွေးနက်နေသည်ကို မြင်သော် အမျိုးသမီးက စိတ်မရှည်ဟန်ဖြင့် မေးလိုက်လေသည်။
“နေမှာပေါ့…” ရန်ကိုင်က အလျင်စလို ခေါင်းညိတ်လိုက်လေသည်။ ဤသန့်စင်ရေးအစီအရင်၏အဆင့်မှာ မြင့်မားခြင်း မရှိလျှင်ပင် အဖျက်စွမ်းအားကို သန့်စင်ပေးနိုင်ဟူသော အချက်နှင့်ပင်လျှင် ဤအခန်းတွင် နေသည်မှာ အလကားရသည့် အခန်းတွင် နေခြင်းထက် အများကြီးပိုသာပေသည်။
မည်သို့ပင်ဖြစ်စေကာမူ သူ့တွင် အရင်းအမြစ်ကျောက် နည်းပါးနေသည်မှ မဟုတ်လေပဲ။ ရန်ကိုင်သည် ယောင်ချန်ကျွင်း၏ သိုလှောင်လက်စွပ်ထဲမှ အရင်းအမြစ်ကျောက် သန်းရာနှင့်ချီကာ ရရှိထားခဲ့လေသည်။
“နေမယ်ဆိုရင် တစ်လစာ အရင်ကြိုပေးရမယ်… ကုန်းပေါ်ကို ရောက်လို့ နင်ပေးထားတာ ပိုနေသေးတယ်ဆိုရင် အဲ့ပိုနေတာကို ပြန်အမ်းပေးမယ်… မပိုလို့ ထပ်လိုတယ်ဆိုရင်လည်း ရှင့်ဘက်က ထပ်ပေးရမယ်…” အမျိုးသမီးသည် ရန်ကိုင့်အား လက်ဖြန့်တောင်းလိုက်လေ၏။
ရန်ကိုင်လည်း ဘာမှ ပြောမနေတော့ဘဲ အရင်းအမြစ်ကျောက်လေးသောင်းကို တစ်ပြိုင်တည်း ထုတ်ပေးလိုက်လေသည်။
အမျိုးသမီးသည် ထိုအရင်းအမြစ်ကျောက်များကို သူမသိုလှောင်လက်စွပ်ထဲသို့ အလျင်စလို ထည့်သိမ်းလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “အခြားကိစ္စမရှိရင် အပြင်မှာ လျှောက်သွားမနေနဲ့… ကျွန်မတို့ ဒီကို တာဝန်တစ်ခုနဲ့လာတာ.. အဲ့တာဝန်ပြီးသွားတာနဲ့ ရှင့်ကို ကောင်းကင်ကျွန်းဆီ ပြန်ခေါ်သွားပေးမယ်…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “နားလည်ပြီ…”
ထိုအခါမှသာ အမျိုးသမီး လှည့်ထွက်သွားလေ၏။ တံခါးဝနားသို့ ရောက်စဉ် အမျိုးသမီးသည် ရုတ်တရက်ရပ်လိုက်ပြီး ရန်ကိုင့်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “အရင်းအမြစ်ကျောက်ကို တောင်းဖို့ ကျွန်မ ဘာလို့ ရှင့်ကို ဒီအခန်းထဲ ခေါ်လာလဲ ရှိသိလား…”
ရန်ကိုင်ကြောင်သွားခဲ့လေသည်။ အမျိုးသမီး ဘာပြောချင်လို့ ပြောချင်နေမှန်းကို သူနားမလည်။
အမျိုးသမီးသည် ဘာမျှ ပြန်မပြောခဲ့ဘဲ ရန်ကိုင့်ဘက်သို့ လက်ဖြန့်၍ ပြောလိုက်လေ၏။ “ကျွန်မကို အရင်းအမြစ်ကျောက်တစ်တုံးပေး… အဲ့ဒါဆို ဘာကြောင့်လဲဆိုတာ ရှင့်ကို ပြောပြပေးမယ်…”
ရန်ကိုင့်၏နဖူးထက် သွေးကြောကြီးများ ထောင်တက်လာခဲ့လေသည်။ ဤအမျိုးသမီးသည် အလွန်ကိုမှ ငွေမက်သည့် လူစားမျိုးဖြစ်လေသည်။ သူမဆီမှ အကြောင်းအရာတစ်ခု သိချင်ရုံအတွက်နှင့် အရင်းအမြစ်ကျောက်များကို တောင်းရမ်းနေခဲ့လေသည်။
သူ့စိတ်ထဲ အနည်းငယ် မကျေမနပ် ဖြစ်မိသော်ငြား ရန်ကိုင်ကမူ အရင်းအမြစ်ကျောက်တစ်တုံးကို လှမ်းပစ်ပေးလိုက်လေသည်။
အမျိုးသမီးက အရင်းအမြစ်ကျောက်တုံးကို လှမ်းယူလိုက်ပြီးသည့်နောက် လှောင်ပြုံးပြုံးကာ ပြောလိုက်လေ၏။ “သေသေချာချာ ကြည့်ထား…”
ထိုသို့ပြောပြီးသည့်နောက်တွင် အရင်းအမြစ်ကျောက်ကို အခန်းအပြင်ဘက်သို့ ပစ်လိုက်လေသည်။
“ဒုတ်…” ဟူသော အသံနှင့်အတူ အရင်းအမြစ်ကျောက် သင်္ဘောကုန်းပတ်ပေါ်သို့ ကျသွားခဲ့လေ၏။
ချက်ချင်းဆိုသလို နောက်မြင်လိုက်သည့်မြင်ကွင်းကြောင့် ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့ရလေသည်။ အမျိုးသမီး အပြင်ဘက်သို့ ပစ်ထည့်လိုက်သော အရင်းအမြစ်ကျောက်သည် အလွန်လျင်မြန်သည့် နှုန်းဖြင့် စတင်၍ ပျောက်ကွယ်နေခဲ့လေသည်။ အသက်ဆယ်ရှိုက်စာအတွင်း အရင်းအမြစ်ကျောက်တစ်တုံးလုံးသည် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။ အမျိုးသမီးက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ရှင်က ဒီနေရာကို အခုမှရောက်တဲ့လူဆိုရင် အခုမှရောက်တဲ့လူပေါ့… ဘာတွေလူဟောင်းပုံစံ လုပ်နေတာလဲ…”
ထိုသို့ပြောပြီးသည့်နောက်တွင် အခန်းတံခါးကိုပိတ်လျက် အပြင်သို့ ထွက်သွားလေ၏။
ရန်ကိုင့်မျက်နှာ နီတက်လာခဲ့လေသည်။ အပြင်ဘက်တွင် အရင်းအမြစ်ကျောက်ကို ထုတ်၍ ပေးရန် လုပ်လိုက်စဉ်တည်းက သူ့အလိမ်များကို တစ်ဖက်လူ ဖောက်မြင်သွားပြီမှန်း ရန်ကိုင် သဘောပေါက်လိုက်လေသည်။ ထို့ကြောင့်သာမဟုတ်ဘဲ သူသာ ဤနေရာ၏ ဒေသခံလူတစ်ဦးဆိုပါက ထိုအကြောင်းကို ဘာကြောင့်များ မသိဘဲ နေရမည်နည်း။
“စီနီယာအစ်ကို…” လျို့ရှန်းယွင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ “အဲ့အရင်းအမြစ်ကျောက်…”
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “အရင်းအမြစ်ကျောက်တွေကို ဒီသန့်စင်ရေးအစီအရင်တွေ အပြင်ဘက်မှာ ထုတ်ပြလိုက်လို့ မဖြစ်ဘူး… မဟုတ်ရင် ပျောက်ကွယ်သွားကုန်လိမ့်မယ်…”
အမျိုးသမီး သူ့ဆီမှ အရင်းအမြစ်ကျောက်တစ်တုံး တောင်းလိုက်ရခြင်းမှာ ထိုအချက်ကို ပြချင်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
“ဒီတော့ ကျွန်မတို့က အခုမှ ရောက်တယ်ဆိုတာကို သူတို့ သတိထားမိသွားတာပေါ့…”
ရန်ကိုင်က မဲ့ပြုံးပြုံးလျက် “ကျိန်းသေကို သတိထားမိသွားတာ… ဒါပေမဲ့ ကိစ္စမရှိဘူး… အဲ့အမျိုးသမီးကို ကြည့်ရတာ နည်းနည်း မောက်မာတဲ့ပုံရပေမဲ့ မကောင်းတဲ့လူတစ်ယောက်ပုံစံတော့ မပေါက်ဘူး… အရင်နားကြရအောင်… သူပြောတဲ့ကောင်းကင်ကျွန်းကို ရောက်တော့မှပဲ ဒီကနေဘယ်လိုထွက်မလဲ စဉ်းစားကြတာပေါ့…”
“အင်း…” လျို့ရှန်းယွင်သည် ခေါင်းညိတ်လိုက်ပြီး နေရာတစ်ခုရှာကာ တင်ပလင်ခွေ ထိုင်လိုက်လေသည်။
သင်္ဘောကုန်းပတ်ပေါ်တွင် ယောက်ျားကြီးနှစ်ဦးသည် သူတို့၏ခေါင်းဆောင်အမျိုးသမီး ပြန်ထွက်လာသည်ကိုမြင်သော် ချက်ချင်းဆိုသလို သူမတို့ဆီသို့ ပြေးလာကြလေ၏။
ဘယ်ဘက်ရှိလူ၏မျက်နှာထက်တွင် သူ၏မေးရိုးမှတစ်ဆင့် ပါးစပ်အထိသို့ပင် ရောက်အောင် ရှည်လျားလှသော အမာရွတ်ကြီးတစ်ခု ရှိနေခဲ့လေသည်။ ညာဘက်ရှိလူမှာမူ တုတ်ခိုင်ကျစ်လျစ်သည့် ပုံစံမျိုးပင် ဖြစ်လေ၏။
“အစ်မလင်း… အဲ့နှစ်ယောက်နေမှာလား…” ဘယ်ဘက်တွင်ရှိနေသောလူက အရောင်တလက်လက်တောက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်ရင်း မေးလိုက်လေသည်။ ထိုသို့မေးလိုက်ရင်းမှ ဘာကြောင့်မှန်းမသိ သူ့လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်လေ၏။
“အင်း… နေမှာ…” လင်းယင်ချင်းက ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် ထိုလူအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် “နင် ဘာလို့ အဲ့ဒါကို လာမေးနေတာလဲ…”
ညာဘက်တွင်ရှိနေသောလူက အဓိပ္ပာယ်ပါပါပြုံးလျက် “အစ်မလင်း သိနေပြီပဲဟာကို… အဲ့နှစ်ယောက် ဒီကို ရောက်တာ ပထမဦးဆုံးအကြိမ်ဆိုတာ လုံးဝကို သေချာတယ်… သူတို့လို ဒီကို ပထမဦးဆုံးအကြိမ် ရောက်လာတဲ့လူတွေမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိတယ်ဆိုတာကို အစ်မလင်းလည်း မသိတာမှမဟုတ်တာ…”
ဘယ်ဘက်တွင်ရှိနေသောလူက ခေါင်းညိတ်လျက် “ဟုတ်တယ်အစ်မလင်း… ကျုပ်တို့မှာ အရင်းအမြစ်ကျောက် သိပ်ကျန်တော့တာမဟုတ်ဘူး… ထပ်ပြီးတော့သာ မရဘူးဆိုရင် ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းတွေ ဆက်ပြီး လျော့ကျလာလိမ့်မယ်… ကောင်းကင်ကျွန်းက အခြေအနေကိုလည်း အစ်မလည်း မသိတာမဟုတ်ဘူး… အခု အဆီတဝင်းဝင်းနဲ့သိုးနှစ်ကောင် ကျုပ်တို့ဆီကို ရုတ်တရက်ကြီး ရောက်လာတာ ကျုပ်တို့ ဒီတိုင်း နေနေလိုက်ရင် တုံးရာကျသွားမှာပေါ့…”
“ဒါ နင်တို့နှစ်ယောက် စီစဉ်နေတာလား… ဒါမှမဟုတ် သင်္ဘောပေါ်မှာရှိနေတဲ့ လူတွေအကုန်လုံးရဲ့အကြံလား…” လင်းယွင်ချင်းက ရပ်လိုက်ပြီး မေးလိုက်လေသည်။
ဘယ်ဘက်တွင် ရှိနေသောလူက သူ့ခေါင်းကိုကုတ်ရင်းမှ “သူတို့ ဘာမှမပြောဘူးဆိုပေမဲ့ သူတို့လည်း ကျုပ်တို့လိုပဲ တွေးနေကြမှာ… အစ်မလင်းသာ အမိန့်ပေးလိုက်.. ကျုပ်တို့ ချက်ချင်းပဲ သူတို့ကို သွားဖမ်းလိုက်မယ်…”
“နင် ဘာတွေလာပြောနေတာလဲ…” လင်းယွင်ချင်းက ဒေါသတကြီး ထအော်လေသည်။ “နင်တို့ လောဘကို သေချာထိန်းချုပ်ထားစမ်း… ငါ့ကို ပြဿနာတွေ လာလာပေးမနေနဲ့…”
မျက်နှာပေါ်တွင် အမာရွတ်ရှိနေသည့်လူက သူ့မျက်နှာအား ရှက်ရှက်ဖြင့် ပွတ်လိုက်ရင်း “အစ်မလင်း… ကျုပ်တို့ စကားကောင်းကောင်း ပြောလို့ရပါတယ်… ကျုပ်ကို တံတွေးနဲ့ ထွေးစရာ မလိုပါဘူး…”
လင်းယွင်ချင်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “နင် ခေါင်းအေးအေးနဲ့ စဉ်းစားနိုင်အောင် ငါနင့်ကို သင်္ဘောကုန်းပတ်ပေါ် လွှင့်ပစ်ပေးရမလား…”
ထိုစကားကိုကြားသော် မျက်နှာပေါ်တွင် အမာရွတ်ရှိနေသည့်လူက ကြောက်လန့်သွားသည့်အမူအယာဖြင့် အလျင်အမြန် လက်ဝှေ့ယမ်းလျက် “မလိုပါဘူး မလိုပါဘူး… ကျေးဇူးပါပဲ…”
လင်းယွင်ချင်းက အသက်ပြင်းပြင်းရှူသွင်းလျက် ပြန်ပြောလိုက်လေသည်။ “အဲ့လူက ငါတို့ သွားရှုပ်လို့ကောင်းတဲ့ လူမဟုတ်ဘူး… သူတို့က အသစ်ရောက်လာတဲ့ လူတွေမှန်း သိမှတော့ အသစ်ရောက်လာတဲ့လူတိုင်းကို သွားအထင်သေးလို့ မရဘူးဆိုတာ နင်တို့လည်း သိမှာပေါ့… သူတို့က ငါတို့လို ဒီမှာ အကြာကြီးနေရသေးတာမဟုတ်တော့ သူတို့ရဲ့ ကျင့်ကြံခြင်းက လျော့ကျမသွားသေးဘူး… ဒီတော့ သူတို့ရဲ့ ခွန်အားအကုန်ကို ထုတ်သုံးလို့ရတယ်… အဲ့လူက တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးပဲ… သူ့ကိုတိုက်နိုင်တဲ့လူ သင်္ဘောပေါ်မှာ ဘယ်သူရှိလို့လဲ… တကယ်သာ တိုက်ပွဲဖြစ်မယ်ဆိုရင် ငါတို့ဘက်ကလူတွေ တော်တော်များများ သေကုန်ကြမှာ… အဲ့လိုဖြစ်တာကို နင်မြင်ချင်လို့လား…”
ထိုစကားကိုကြားမှသာ ထိုလူနှစ်ဦး ထိုအချက်ကို စဉ်းစားမိသွားကြလေသည်။ ချက်ချင်းဆိုသလို နှစ်ဦးစလုံး ပြိုင်တူခေါင်းခါပြလိုက်ကြလေ၏။
လင်းယွင်ချင်းက ဆက်ပြောလိုက်လေသည်။ “ဟင်းလင်းပြင်ကမ္ဘာထဲမှာ ရှိတဲ့ ပထမဦးဆုံးစည်းမျဉ်းက မလိုအပ်ရင် ဘယ်တော့မှ မတိုက်ခိုက်ဖို့ပဲ… အဲ့အချက်ကို သေချာမှတ်ထား… ကုန်ဆုံးသွားတဲ့ အရင်းအမြစ်ချီတွေက အလွယ်တကူ ပြန်ဖြည့်လို့ရတာမဟုတ်ဘူး…”
“ဟုတ်ကဲ့…” ထိုလူနှစ်ဦးစလုံး ပြိုင်တူ ပြန်ဖြေလိုက်ကြလေသည်။
“ပြီးတော့ ငါတို့လုပ်ရမဲ့ တာဝန်ရှိသေးတယ်… အဲ့တာဝန်သာ ပြီးသွားလို့ရှိရင် နင်တို့အားလုံး ကျင့်ကြံဖို့ အရင်းအမြစ်ကျောက်တွေနဲ့ အခြားပစ္စည်းတွေ ရကြမှာ…” ထိုသို့ပြောနေရင်းမှ လင်းယွင်ချင်းသည် သူမ၏ သိုလှောင်လက်စွပ်ကိုချွတ်၍ မျက်နှာပေါ်တွင် အမာရွတ်ရှိနေသော လူဆီသို့ ပေးလိုက်လေသည်။ “အဲ့လူဆီကနေ အရင်းအမြစ်ကျောက်လေးသောင်းရလာတယ်… အဲ့ဒါကိုယူပြီး အခြားသူတွေဆီ ခွဲပေးလိုက်ကြ…”
“လေးသောင်း…” ထိုလူနှစ်ဦးစလုံး ပျော်သွားခဲ့ကြလေသည်။
အပြင်လောကကြီးတွင်သာ ဆိုလျှင်တော့ မည်သည့်တာအိုသခင်အဆင့် ကျင့်ကြံသူမဆို အဆင့်နိမ့်အရင်းအမြစ်ကျောက် လေးသောင်းလောက်ကို စောင်းငဲ့ကြည့်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား အရင်းအမြစ်ကျောက်များ အလွန်ရှားပါးလှသော ဤနေရာတွင်တော့ အရင်းအမြစ်ကျောက်လေးသောင်းမှာ အတော်လေးကိုမှ အဖိုးတန်နေခဲ့လေပြီ။
ဤနေရာတွင် တစ်နှစ်ပတ်လုံး နေနေကြသည့် ကျင့်ကြံသူများမှာ အရင်းအမြစ်ကျောက်များကို သုံးစွဲရန် လိုအပ်ပေသည်။ သို့သော်ငြား ဤနေရာတွင် အရင်းအမြစ်ကျောက်များကို တူး၍ရသည့် နေရာဆို၍ မရှိချေ။ ထို့အတွက်ကြောင့် ရေရှည်တွင် သူတို့အတွက် အဆင်မပြေလာတော့။ သူတို့အနေဖြင့် အရင်းအမြစ်ကျောက်အား ရနိုင်သည့် နည်းလမ်းဆို၍ ဤနေရာသို့ မတော်တဆ ရောက်လာသော ကျင့်ကြံသူများဆီမှသာ ဖြစ်လေသည်။
သို့သော်ငြား တစ်နှစ်တစ်နှစ်တွင် ဤနေရာသို့ ရောက်လာကြသည့် ကျင့်ကြံသူအရေအတွက်မှာ သိပ်မရှိလှချေ။ သူတို့နှင့်အတူ ပါလာမည့် အရင်းအမြစ်ကျောက်များမှာလည်း သေချာမှုမရှိလှ။ ထိုသို့ဖြစ်လေရာ သူတို့တွင် ရှိနေသော အရင်းအမြစ်ကျောက်ဖြင့် ကောင်းကင်မြို့တွင် နေထိုင်သော သိန်းနှင့်ချီသည့် လူများကို မည်ကဲ့သို့များ ထောက်ပံ့ပေးထားနိုင်ပါမည်နည်း။
ထိုအရင်းအမြစ်ကျောက်လေးသောင်းဟူသော ပမာဏသည် သင်္ဘောပေါ်တွင် ရှိနေသည့် လူများအတွက်တော့ အတော်လေးကိုမှ များလှသည့် ပမာဏသာဖြစ်လေသည်။
သို့သော်ငြား လင်းယွင်ချင်းကမူ ထိုအရင်းအမြစ်ကျောက်များကို သူ့လူများဆီသို့ တုံ့ဆိုင်းချင်းမရှိ ပေးပစ်လိုက်လေသည်။ ထို့ကြောင့်ပင်လျှင် သူမသည် သူတို့၏ခေါင်းဆောင်လုပ်ကာ သင်္ဘောပေါ်တွင် ရှိနေသော လူများအား သူမအမိန့်ကို နာခံအောင် လုပ်နိုင်ခြင်း ဖြစ်ပေသည်။
လင်းယွင်ချင်းသည် တစ်ကိုယ်ကောင်းဆန်သည့် လူမဟုတ်ပေ။ သူမလူများအတွက် ကောင်းကောင်းကို ထည့်သွင်းစဉ်းစားပေးလေသည်။ ထို့အတွက်ကြောင့် သင်္ဘောပေါ်တွင် ရှိနေသော လူများကလည်း သူမအပေါ် အလွန်နာခံနေခြင်း ဖြစ်၏။
“အဲ့နှစ်ယောက်နဲ့ပတ်သက်ပြီး ဘာမှ ရှုပ်ရှုပ်ရှက်ရှက်လုပ်ဖို့ မစဉ်းစားနဲ့လို့ ကျန်တဲ့လူတွေကို သွားပြောထားလိုက်… ပြီးတော့ သူတို့ဘယ်က ရောက်လာလဲဆိုတာကိုလည်း ကောင်းကင်ကျွန်းရောက်ရင် မပြောပြနဲ့ဦးလို့… သူတို့ဆီကနေ အရင်းအမြစ်ကျောက်ကိုလိုချင်ရင် သမားရိုးကျနည်းလမ်းကိုပဲစဉ်းစား… မဟုတ်တရုတ်တွေ သွားမစဉ်းစားနဲ့… ငါတို့တာဝန်က ခဏလေးနဲ့ ပြီးဦးမှာမဟုတ်ဘူး… နည်းလမ်းကောင်းကိုသာ သုံးမယ်ဆိုရင် သူတို့ဆီကနေ နောက်ထပ် အရင်းအမြစ်ကျောက်တွေ ထပ်ပြီး ရရင် ရနိုင်ဦးမှာ…” လင်းယွင်ချင်းက ထပ်၍ သတိပေးလိုက်လေသည်။
“ကောင်းပါပြီ အစ်မလင်း…” နှစ်ယောက်စလုံး ပျော်သွားခဲ့ကြလေသည်။ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးသည့်နောက်တွင် သင်္ဘောဝမ်းတွင်းပိုင်းထဲသို့ ချက်ချင်း ပြေးထွက်သွားကြလေ၏။
မကြာမီတွင် မျက်နှာပေါ်တွင် အမာရွတ်ရှိနေသောလူသည် ပြန်ရောက်လာပြီး လင်းယွင်ချင်းအား သိုလှောင်လက်စွပ်ကို ပြန်ပေးလိုက်လေသည်။ “အစ်မလင်းအတွက် အရင်းအမြစ်ကျောက် တစ်သောင်း ချန်ထားတယ်… ကျန်တဲ့ဟာတွေကိုတော့ ကျုပ်တို့ကြား ခွဲယူလိုက်ပြီ… ဟဲ ဟဲ… အကုန်လုံးက အခုလိုပေးတဲ့အတွက် အစ်မလင်းကို ကျေးဇူးတင်နေကြတယ်…”
လင်းယွင်ချင်းက နှာခေါင်းရှုံ့လိုက်လေသည်။ “သူတို့သာ ပြဿနာမရှာပေးရင် ငါက တကယ်ကို ကျေးဇူးတင်နေမှာ…”
“မရှာပါဘူး.. လုံးဝမရှာပါဘူး…” မျက်နှာပေါ်တွင် အမာရွတ်ရှိနေသည့်လူက အလေးအနက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၆၈)
ရန်ကိုင် အခန်းထဲရောက်ပြီး မကြာခင် အခန်းတံခါးခေါက်သံတစ်သံ ထွက်ပေါ်လာ၏။ လျို့ရှန်းယွင် ရန်ကိုင်အား လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင် ခေါင်းညိတ်ပြနေသည်ကို မြင်သော် အခန်းတံခါးကို သွားဖွင့်ပေးလိုက်လေ၏။
အစောပိုင်းက သူတို့ သင်္ဘောပေါ်တွင် တွေ့ခဲ့ရသည် မျက်နှာပေါ်ရှိ အမာရွတ်ရှိနေသည့် လူကြီးသည် အခန်းတံခါးဝရှေ့တွင် ပြုံးဖြီးလျက် ရပ်နေခဲ့လေသည်။ တံခါးပွင့်လာသည်ကို မြင်သော် ချက်ချင်း ပြောလိုက်လေ၏ “မင်္ဂလာပါ ဧည့်သည်တို့။ ဧည့်သည်တို့ ကျင့်ကြံနေတာကို အနှောင့်အယှတ် ဖြစ်မသွားစေဖို့ မျှော်လင့်ပါတယ်"
လျို့ရှန်းယွင်က ပြန်မေးလိုက်၏ “ဘာကိစ္စရှိလို့လဲ”
ထိုလူကြီးက ရယ်မောလျက် “ဧည့်သည်တွေ လိုအပ်တာရှိမရှိ အစ်မကြီးက တစ်ချက် လာကြည့်ခိုင်းလိုက်လို့ပါ။ ဧည့်သည်တို့ လိုတာရှိရင် ပြောပါနော်။ ကျုပ်တို့ဘက်က အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါမယ်”
လျို့ရှန်းယွင် အံ့အားသင့်သွားခဲ့သလို ချက်ချင်းလည်း သတိကပ်မိလိုက်သည်။ ဤလူကြီး၏ ပုံစံသည် သံသယဝင်စရာ ကောင်းနေခဲ့လေသည်။ သူမတို့သည် သူတို့နှင့် ရင်းနှီးခြင်းမရှိသလို ဤနေရာသို့လည်း ယခုမှ စရောက်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် ဤလူကြီး၏ အလွန် ဖော်ရွေသည့်ပုံစံသည် သူမအတွက် မသင်္ကာစရာ ကောင်းနေခဲ့၏။
လူကြီးက ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေသည် “ဒီမှာ ခင်ဗျားတို့စားဖို့ ကျုပ်တို့ ညီအစ်ကိုတွေ ပြင်ပေးလိုက်တာပါ။ သင်္ဘောပေါ်မှာက ဘာမှသိပ်မရှိတော့ဘဲ စိတ်မရှိဖို့ မျှော်လင့်ပါတယ်”
ထိုအခါမှ လူကြီး၏ လက်ထဲတွင် ဝိုင်တစ်အိုးနှင့် ဟင်းပွဲနှစ်ပွဲ ထည့်ထားသည့် လင်ဗန်းတစ်ချပ် ရှိနေကြောင်း လျို့ရှန်းယွင် သတိထားမိသွားသည်။
(ဒါတွေကို အဆိပ်ခတ်ထားတာတော့ မဟုတ်လောက်ပါဘူးနော်) လျို့ရှန်းယွင်၏ အမူအရာ ထူးဆန်းသွားခဲ့လေသည်။ သူမစိတ်ထဲ ငြင်းလိုက်ချင်သော်ငြား တစ်ဖက်လူက စေတာနဖြင့် လာပေးနေသည့် အတွက်ကြောင့် ငြင်းလိုက်လျှင် မသင့်တော်။ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့သည့်အဆုံး ရန်ကိုင်ဘက်သို့သာ လှည့်ကြည့်လိုက်၏။
“အထဲဝင်လာပါလား။ အထဲမှာ ပြောကြတာပေါ့” ရန်ကိုင်ကတော့ ဂရုစိုက်သည့်ပုံမပေါ်။
ထိုစကားကိုကြားသည့်အခါ လူကြီးက ဝမ်းသာအားရအမူအရာဖြင့် “တစ်ဆိတ်လောက်နော်” ဟုပြောကာ အခန်းထဲသို့ ဝင်လိုက်လေသည်။
လျို့ရှန်းယွင်လည်း တံခါးပေါက်ဝမှ ဖယ်ပေးလိုက်လေသည်။ ရန်ကိုင် ထိုင်နေသည့် စားပွဲပေါ်တွင် လင်ဗန်းကို ချလိုက်ပြီးနောက် လူကြီဂသည် ရန်ကိုင်အား အားတက်သရော အမူအရာဖြင့် ကြည့်လိုက်လေသည်။
ရန်ကိုင်က ပြုံးလျက် မေးလိုက်လေသည် “ဒါက အလကားလား။ ပိုက်ဆံ ပေးရဦးမှာလား”
လူကြီးက အဓိပ္ပါယ်ပါပါပြုံးလျက် ခေါင်းကိုကုတ်ကာ ပြောလိုက်သည် “ဒါက ဒီအတိုင်း စေတနာနဲ့ ကျွေးတာဆိုတော့ အလကားပေါ့။ ဒါပေမယ့်... ဟဲဟဲ... ရောင်းရင်း နားလည်မယ်လို့ ထင်ပါတယ်”
ထိုမြင်ကွင်းကိုကြည့်ရင်း လျို့ရှန်းယွင်သည် မျက်နှာကြီးမဲ့လျက် နှာခေါင်းရှုံ့လိုက်၏။ လှေပေါ်ရှိ လူအားလုံးသည် အလွန်ပိုက်ဆံမက်သည့် လူများ ဖြစ်ပွဲပေသည်။ အရည်အသွေး မကောင်းသည့် ဟင်းပွဲလေးနှစ်ပွဲနှင့် ဝိုင်တစ်အိုးကိုပင်လျှင် လာပြီး ပိုက်ဆံတောင်းချင်နေသည်။
အပြင်လောကကြီးတွင်သာဆိုလျှင် ဤကဲ့သို့သော ဟင်းပွဲမျိုးကို လှည့်ပင် ကြည့်လိုက်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား ရန်ကိုင်ကတော့ ပြန်၍သာ မေးလိုက်လေသည် “ဒီမှာ အရင်းအမြစ်ကျောက်တွေ အဲ့လောက်တောင် ရှားတာလား”
လူကြီးက ခါးသက်သက် အမူအရာဖြင့် “ရောင်းရင်း ဒီမှာနေတာကြာသွားရင်း အရင်းအမြစ်ကျောက်တွေ ဘယ်လောက်အဖိုးတန်လဲ သိလာလိမ့်မယ်”
ထို့ကြောင့်သာ မဟုတ်လျှင် သူကိုယ်တိုင်သည်လည်း မျက်နှာပြောင်တိုက်ပြီး ရန်ကိုင်ဆီမှ အရင်းအမြစ်ကျောက် နည်းနည်းပါးပါးလောက်ကို လာတောင်းနေလိမ့်မည် မဟုတ်ချေ။
“ဒီမှာ အရင်းအမြစ်ကျောက်တွေ တူးလို့မရဘူးလား”
လူကြီးက ခေါင်းခါလျက် “မရဘူး။ အဖျက်စွမ်းအားက နေရာအနှံ့မှာ ရှိနေတာ။ အရင်းအမြစ်ကျောက်တွေ အပြင်ရောက်တာနဲ့ အကုန် အငွေံပျံကုန်ရော။ ဒီက အရင်းအမြစ်ကျောက်တွေ အကုန်လုံး အငွေ့ပျံကုန်လို့ပဲ ဒီနေရာရဲ့ မိုးမြေစွမ်းအင်က ဒီလောက် သိပ်သည်းနေတာ”
အပြင်ဘက်သို့ ပစ်လိုက်သည့် အရင်းအမြစ်ကျောက်တစ်တုံး မည်ကဲ့သို့ အငွေ့ပျံသွားလဲ ဆိုသည်ကို လျို့ရှန်းယွင် ကိုယ်တိုင်လည်း မြင်လိုက်ရပေသည်။ ထို့ကြောင့် လူကြီး ပြောနေသည်ကို နားလည်ပေသည်။ ထို့အတွက်ကြောင့် သူမစိတ်ထဲ သူတို့ ငွေမက်သည့် အပေါ်ကို သိပ်ပြီး အပြစ်တင်လိုစိတ် မရှိတော့ချေ။ အရင်းအမြစ်ကျောက် ဤမျှ ရှားပါးနေလေရာ သူတို့ ငွေမက်သည်မှာလည်း အထူးအဆန်းတော့ မဟုတ်ပါချေ။
လူကြီးက သက်ပြင်းချလျက် “အခု ဒီဟင်းလင်းပြင်ကမ္ဘာထဲမှာ ရှိနေတဲ့ အရင်းအမြစ်ကျောက်တွေ အကုန်လုံးက အပြင်ဘက်လူတွေဆီကနေ ပါလာတဲ့ ဟာတွေချည်းပဲ။ ဒီနေရာကနေ ရထားတဲ့ဟာ တစ်ခုမှမပါဘူး”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ဤနေရာတွင် အရင်းအမြစ်ကျောက်များသည် အလွန်ကိုမှ အဖိုးတန်သည့် အရာများ ဖြစ်ကြပေသည်။
“ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ” ရန်ကိုင်က မေးလိုက်သည်။
လူကြီးက အမြန် ပြန်ပြောလိုက်၏ "ကျောင်းရီ၊ အစ်မကြီးကတော့ ကျောင်းအိုကြီးလို့ ခေါ်တယ်။ ရောင်းရင်း အဆင်ပြေသလိုသာခေါ်”
“ကျေးဇူးပြုပြီး ထိုင်ပါဦး ရောင်းရင်းကျောင်း၊ ကျုပ်ခင်ဗျားကို မေးချင်တာလေးရှိလို့” ထိုသို့ ပြောပြီးနောက်တွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ အရင်းအမြစ်ကျောက်များ ထည့်ထားသည့် အိတ်တစ်လုံးကိုထုတ်ကာ စားပွဲပေါ်သို့ တင်၍ ကျောင်းရီရှေ့သို့ ပို့ပေးလိုက်လေသည်။
အရင်းအမြစ်ကျောက်များကို မြင်လိုက်သည်နှင့် စားကောင်းသောက်ဖွယ်ရာကို မြင်လိုက်သည့် အစာငတ်နေသော တစ္ဆေတစ်ကောင်၏ မျက်လုံးများနှယ် ကျောင်းရီ၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့သည်။ ရန်ကိုင် ချပေးထားသည့် အိတ်ထုတ်ကို လွှမ်းဆွဲယူ၍ ဖွင့်ကြည့်လိုက်လေသည်။ အထဲရှိ အရင်းအမြစ်ကျောက်များကို မြင်သော် ထိုအိတ်ထုတ်ကို သိုလှောင်လက်စွပ်ထဲသို့ အမြန် ထည့်သိမ်းလျက် ပျော်ရွှင်စွာ ပြန်မေးလိုက်လေ၏ “ရောင်းရင်း ဘာမေးချင်တာရှိလို့လဲ။ မေးချင်တာသာ မေးနော်၊ ဒီကျောင်း သိတာအကုန်ဖြေပေးမယ်။ ဒီကျောင်းရဲ့ အတွင်းခံ အရောင်ကိုပါ သိချင်တယ် ဆိုရင်တောင် ကိစ္စမရှိဘူး”
“ဟန့်...” လျို့ရှန်းယွင် ရှက်သွေး ဖြာသွားခဲ့လေ၏။
ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည် “အမှန်အတိုင်းပြောရရင် ကျုပ်နဲ့ ကျုပ်ဂျူနီယာညီမ ဒီကိုရောက်တာ သိပ်မကြာသေးဘူး။ ဒီတော့ ဒီနေရာနဲ့ ပက်သက်ပြီး ဘာမှသိပ်မသိဘူး...”
“သိပါတယ်။ အသစ်ရောက်လာတဲ့ လူတွေကလွဲရင် ဘယ်သူကများ သူတို့ရဲ့ အရင်းအမြစ်ကျောက်တွေကို အပြင်ဘက်မှာ ထုတ်မှာလဲ။ ရောင်းရင်းလုပ်ပုံကို မြင်ပြီးကတည်းက ရောင်းရင်းတို့က လူသစ်မှန်း ကျုပ်တို့ သိပြီဂသား”
တစ်ဖက်လူက သိနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း သူလူသစ်ဖြစ်သည် ဟူသော အချက်ကို ဖုံးကွယ်မနေတော့ချေ။ သူကိုယ်တိုင်ကလည်း ဤနေရာအကြောင်းကို စုံစမ်းရန် လိုအပ်နေသေးသည် မဟုတ်ပေလော။
ကျောင်းရီက သက်ပြင်းချလျက် “ဒီမှာ တစ်နှစ်လောက်ပဲနေ၊ အရင်းအမြစ်ကျောက်တွေ ဘယ်လောက် အဖိုးတန်လဲ ရောင်းရင်း နားလည်သွားလိမ့်မယ်။ ဒီကျောင်း ရောင်းရင်းကို အကြံတစ်ခု ပေးလိုက်မယ်။ အရင်းအမြစ်ကျောက်တွေကို ချွေချွေတာတာသုံး။ ရောင်းရင်းမှာ အရင်းအမြစ်ကျောက်တွေ ဘယ်လောက်များများ အဲ့ဒါတွေ အကုန်လုံး ဘယ်လိုကုန်လို့ ကုန်မှန်းမသိ ကုန်သွားမှာ။ ဒီကျောင်းဆိုမှာ ဆိုရင်းလည်း ဒီကို စရောက်တုန်းက အရင်းကျောက်တွေ သန်းနဲ့ချီပြီး ပါလာတာ။ အခုတော့... ဟူး...”
“ရောင်းရင်းကျောင်း ဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ”
ထိုမေးခွန်းကို မဖြေခင် ကျောင်းရီသည် ဝိုက်တစ်ခွက်ငှဲ့ပြီး အရင်မော့သောက်လိုက်၏။ ထို့နောက် ပါးစပ်ကိုသုတ်လျက် ပြန်ဖြေလိုက်လေသည် “သေချာတော့ မရေကြည့်ဖူးဘူး။ ဒါပေမယ့် ခန့်မှန်းရသလောက်ဆို အနည်းဆုံး နှစ်ခြောက်ဆယ်လောက်ရှိပြီ”
“နှစ်ခြောက်ဆယ်” လျို့ရှန်းယွင်၏ မျက်နှာလေး ဖြူလျော်သွားခဲ့လေသည်။
ကျောင်းရီက လျို့ရှန်းယွင်ကို ကြည့်လျက် "ဟုတ်တယ်။ နှစ်ခြောက်ဆယ်။ ဒါပေမယ့် အဲ့လောက်က ဘာမှမဟုတ်သေးဘူး။ အချို့ဆို ဒီမှာ နှစ်ရာနဲ့၊ ထောင်နဲ့ချီပြီး ပိတ်မိနေကြတာ”
“ဒီကနေ ပြန်ထွက်လို့ရမယ့် နည်းလမ်းမရှိဘူးလား” လျို့ရှန်းယွင်က မေးလိုက်၏။
ကျောင်းရီက မျက်မှောင်ကြုတ်လျက် “အဲ့ဒါတော့ မသိဘူး။ ရှိချင်လည်းရှိမယ်၊ မရှိချင်လည်း မရှိဘူး။ ကျုပ်အတွက်ကတော့ ကျုပ်ခွန်အားက နိမ့်တာဆိုတော့ ထွက်လို့ရမယ့် နည်းလမ်းရှိရင်တောင် ထွက်နိုင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့်သာ မဟုတ်ရင် ကောင်းကင်ကျွန်းက ပညာရှင်တွေ ထွက်သွားတာ ကြာလောက်ပြီ။ ဘာလို့ ဒီလို နေရာမျိုးကြီးမှာ ဆက်နေနေကြမှာလဲ”
ရန်ကိုင်က ပြောလိုက်လေသည် “ဒါဆို ရောင်းရင်းကကော ဟင်းလင်းပြင်တောင်တန်းကနေ ဒီကို ရောက်လာခဲ့တာလား”
“ဟင်းလင်းပြင်တောင်တန်း” ကျောင်းရီ ကြောင်သွားလေသည်။ သို့သော် တစ်ခုခုကို နားလည်သွားပြီး ပြန်၍ ပြောလိုက်လေသည် “အော်၊ ရောင်းရင်းက တောင်ဘက်နယ်မြေနဲ့ အရှေ့ဘက်နယ်မြေ စပ်ကြားက ဟင်းလင်းပြင်တောင်တန်းကို ပြောတာလား၊ မဟုတ်ဘူး။ ကျုပ်က အနောက်ဘက်နယ်မြေနဲ့ တောင်ဘက်နယ်မြေ စပ်ကြားနေရာက လာခဲ့တာ”
“ဒီနေရာကို အခြားနေရာတွေကနေလည်း လာလို့ရတယ်ပေါ့”
“လာလို့ရလောက်တယ်။ ကောင်းကင်ကျွန်းမှာဆိုရင် နယ်မြေပေါင်းစုံကလူတွေနဲ့ ပြည့်နေတာ။ ဒီလှေပေါ်မှာ ရှိနေတဲ့လူတွေတောင် နေရာအမျိုးမျိုးကနေ လာကြတာ”
“အဲ့လောက်တောင် များတာလား” လျို့ရှန်းယွင် အံ့ဩသွားလေ၏။
ကျောင်းရီက ပခုံးတွန့်လျက် "ကျုပ်လည်းမသိဘူး"
ရန်ကိုင်က ပြန်ပြောလိုက်လေသည် “ဟင်းလင်းပြင်ကမ္ဘာထဲကို ဝင်လို့ရတဲ့ ဝင်ပေါက်က ရွေ့နေတာ ဟုတ်ရင်ဟုတ် မဟုတ်ရင် ဝင်ပေါက်က အခြားနေရာတွေမှာ ရှိနေတာပဲ ဖြစ်ရလိမ့်မယ်။ ရောင်းရင်းကျောင်း၊ ခင်ဗျား ပြောပြောနေတဲ့ ကောင်းကင်ကျွန်း အကြောင်း ကျုပ်ကို တစ်ချက်လောက် ပြောပြပေးပါလား”
ကျောင်းရီက ပြန်ပြောလိုက်လေသည် “ကောင်းကင်ကျွန်းကတော့ ကောင်းကင်ကျွန်းပေါ့။ ဒီဟင်းလင်းပြင်ကမ္ဘာရှိနေတဲ့ လူတွေအကုန်လုံး အဲ့မှာနေနေကြတာ။ အဲ့ကျွန်းမှာရှိတဲ့ အင်အားစုတွေရဲ့ အခြေအနေက နည်းနည်း ရှုပ်ထွေးတယ်။ ဒီကျောင်း ပြောချင်တာတော့ ရောင်းရင်း အဲ့ကိုရောက်ရင် အင်အားစုတစ်ခုထဲ ဝင်လိုက်ဖို့ပဲ။ မဟုတ်ရင် တစ်ယောက်တည်း အသက်ရှင်ဖို့ တော်တော်လေး ခက်လိမ့်မယ်။ အထူးသဖြင့် ရောင်းရင်းတို့လို့ လူသစ်တွေ... ဒီက လူတွေက လူသစ်ဆိုတာနဲ့ စပြီး ပစ်မှတ်ထားကြတော့တာ။ ဘာလို့လဲဆိုတာကိုတော့ ရောင်းရင်းလည်း သိမှာပေါ့”
“အရင်းအမြစ်ကျောက်တွေကြောင့်လား" လျို့ရှန်းယွင်က မေးလိုက်သည်။
ကျောင်းရီက ခေါင်းညိတ်လိုက်၏ “ဟုတ်တယ်။ လူသစ်တွေမှာ အရင်းအမြစ်ကျောက်တွေ အနည်းအများဆိုသလို ပါလာကြတယ်လေ။ ဒါကြောင့်ပဲ လူဟောင်းတွေရဲ့ ပစ်မှတ်ဖြစ်တာ”
ရန်ကိုင်က ထပ်မေးလိုက်သည် “ကျွန်းပေါ်မှာ ဧကရာဇ်အဆင့်တွေကော ရှိလား”
“ရှိတယ်” ကျောင်းရီက ပြန်ပြောလိုက်၏ “တော်တော်လေးကို ရှိတာ။ အားအကောင်းဆုံးက ကျောင်းကင်ကျွန်းသခင်ပဲ... သူဆိုရင် ဧကရာဇ်တတိယအဆင့်။ ကျုပ်ကြားတာတော့ သူကျွန်းကို ရောက်နေတာ နှစ်တစ်ထောင်မကတော့ဘူးတဲ့”
“ဧကရာဇ်တတိယအဆင့်တောင် ဒီမှာ ပိတ်မိနေတာလား” လျို့ရှန်းယွင်၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။
ကျောင်းရီက အဓိပ္ပါယ်ပါပါပြုံးလျက် “ဟုတ်တယ်လေ။ အဲ့ဒါ ဘာထူးဆန်းလို့လဲ။ ထွက်လို့ရမယ့်လမ်း ရှာမတွေ့ရင် ဘယ်သူမဆို ပိတ်မိနေမှာလဲ။ ဒီမှာ ပိတ်မိနေပြီးတဲ့ နောက်ပိုင်း ကျွန်းသခင်ရဲ့ ကျင့်ကြံခြင်း တော်တော်လေး လျော့ကျသွားတယ်လို့ ပြောကြတယ်။ အခုဆို ဧကရာဇ်ဒုတိယအဆင့်ပဲ ရှိချင် ရှိတော့မှာတဲ့။ တကယ် ဟုတ်မဟုတ်တော့ ဘယ်သူမှ မသိကြဘူး”
ထို့နောက်တွင် သက်ပြင်းချလျက် ဆက်ပြောလိုက်လေသည် “ဒါပေမယ့် အဲ့ကောလဟာတွေက မှန်တယ်လို့ ထင်တာပဲ။ ဒီလောက် အကြာကြီး ပိတ်မိနေတာ ကျင့်ကြံခြင်းက လျော့မကျဘဲ ဘယ်နေမှာလဲ။ ဒီကျောင်းတောင် ဒီကို စရောက်တုန်းက တာအိုသခင်ဒုတိယအဆင့်ရှိတာ... ဒါပေမယ့် အခုတော့ ပထမအဆင့်ပဲ ရှိတော့တယ်”
ရန်ကိုင်က မျက်မှောင်ကြုတ်၍ မေးလိုက်လေသည် “ခင်ဗျားမှာ အရင်းအမြစ်ကျောက်တွေ မရှိမှတော့ ဘယ်လို ကျင့်ကြံကြတာလဲ"
ကျောင်းရီက ပြန်ပြောလေ၏ “သန့်စင်ရေးအစီအရင်တွေနဲ့ပေါ့။ ဒီအခန်းထဲမှာ ရှိတဲ့ သန့်စင်ရေးအစီအရင်ရဲ့ အဆင့်က သိပ်မမြင့်တော့ အရမ်းမသိသာဘူး။ အဆင့်ပိုမြင့်လာရင် သိသာလိမ့်မယ်။ ဒါကြောင့် ကောင်းကင်ကျွန်းကိုရောက်ရင် အဆင့်မြင့် သန့်စင်ရေးအစီအရင် တပ်ထားတဲ့ အိမ်တစ်လုံးကိုသာ သွားငှားလိုက်။ အဲ့ဒါဆို ကျင့်ကြံခြင်းလျော့ကျတဲ့နှုန်းက တော်တော်လေးကို နှေးကျသွားလိမ့်မယ်။ ဒါပေမယ့် ဟုတ်တာပေါ့... သန့်စင်ရေးအစီအရင်နဲ့ ကျင့်ကြံရင်တောင် ဆေးလုံးတွေကိုတော့ သုံးရဦးမှာပဲပေါ့... ဒါပေမယ့် ဒီမှာ ဆေးလုံးတွေက အရမ်း ဈေးကြီးလွန်းတယ်။ ကျွန်းပေါ်မှာက ဆေးပညာရှင်တွေ သိပ်ရှိလှတာ မဟုတ်ဘူး။ အဲ့ဒါကိုမှ အတော်ဆုံး ဆေးပညာရှင်တွေ အကုန်လုံးက ကျွန်းသခင်လက်အောက်မှ ခိုဝင်သွားကြတော့ ပိုဆိုးပေါ့။ ဆေးလုံးတစ်လုံးကို အပြင်လောကကြီးကဈေးထက် ဆယ်ဆလောက် ပေးပြီး ဝယ်နေကြရတယ်”
“ဒါဆို ရှင်တို့ ဘယ်လို အသက်ရှင်ကြတာလဲ” လျို့ရှန်းယွင် ကျောင်းရီအား သနားမိသွားလေသည်။
ကျောင်းရီက ခါးသက်စွာပြုံးလျက် “ပင်လယ်ထဲက သားရဲတွေကို အမဲလိုက်ပြီး လဲလှယ်လို့ရမယ့် ပစ္စည်းတွေ လိုက်ရှာရတာပေါ့။ ဒီပင်လယ်ထဲက မွန်းစတားတွေရဲ့ အမြူတေတွေက တော်တော်လေး ဈေးရတယ်။ ဒီတစ်ကြိမ် ငါတို့ မီးခိုရောင် ငှက်မွှေးသန္တာကျောက်ဆိုတဲ့ဟာကို လာရှာကြတာ”
“အဲ့ဒါကို ဘာလုပ်ဖို့ သုံးတာလဲ” လျို့ရှန်းယွင်က မေးလိုက်လေသည်။
ကျောင်းရီက ပြန်ဖြေလိုက်၏ “သန့်စင်ရေးအစီအရင်တွေ ဖန်တီးတဲ့နေရာမှာသုံးတာ။ ကောင်းကင်ကျွန်းမှာ အသက်ရှင်ဖို့ သန့်စင်ရေးအစီအရင်တွေက မရှိမဖြစ်ဘဲ။ ဒီတော့ ဒီမီးခိုရောင် ငှက်မွှေးသန္တာကျောက်က တော်တော်လေး ဈေးကောင်းရတယ်လို့ ပြောလို့ရတယ်” ထိုသို့ ပြောပြီးနောက်တွင် ကျောင်းရီ၏ အမူအရာ ပြောင်းလဲသွားပြီး မေးလိုက်လေသည် “မင်းတို့ကော စိတ်ဝင်စားလား။ စိတ်ဝင်စားရင် အစ်မလင်းကို ငါသွားပြောပေးလို့ရတယ်။ သူငြင်းမယ်လို့မထင်ဘူး။ ဈေစုကတော့ ငါတို့လိုပဲ ရမှာပေါ့။ မင်းတို့ ပိုပြီး ကူညီပေးနိုင်ရင် ပိုပြီး ရမယ်”
ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့သည် လူသစ်များ ဖြစ်ကြသဖြင့် နှစ်ဦးစလုံးမှာ အကောင်းဆုံး အခြေအနေတွင် ရှိနေကြလေသည်။ အထူးသဖြင့် ရန်ကိုင်ပင်... တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော သူ့ကိုသာ ဆွဲခေါ်နိုင်မည်ဆိုပါက သူတို့ကို ကောင်းကောင်း အကူအညီ ပေးနိုင်ပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၆၉)
ကျောင်းရီသည် ရန်ကိုင်တို့အား စည်းရုံးရန် ထပ်ကြိုးစားလေးသည် “လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အဲ့မီးခိုရောင်ငှက်မွှေးသန္တာကျောက်တွေကို တွေ့ခဲ့တာ။ ဒါပေမယ့် အဲ့နေရာကို ပင်လယ်းသားရဲတစ်ကောင်က ကာကွယ်ထားတော့ ငါတို့ ဘယ်လိုမှ တူးလို့မရခဲ့ဘူး။ အစ်မလင်းပြောတာတော့ အဲ့ကောင်က သေတော့မှာတဲ့။ နောက်ထပ် အသက်ရှင်လည်း အများဆုံး ငါးနှစ်ပဲတဲ့။ ဒါကြောင့် အဲ့ကောင် သေလောက်မယ့် အချိန်ကိုစောင့်ပြီး အခု ငါတို့ ပြန်ထွက်လာခဲ့တာ။ အခုလောက်ဆို အဲ့ကောင် သေနေလောက်ပြီ။ မီးခိုရောင်ငှက်မွှေးသန္တာကျောက်တွေကိုလည်း ငါတို့စိတ်ကြိုက် တူးလို့ရပြီ။ ငါတွေ့ခဲ့တဲ့ ပမာဏလောက်နဲ့ဆို ဒီတစ်ကြိမ် တူးပြီးသွားရင် နောက်တပ် အနည်းဆုံး တစ်နှစ်လောက် ပင်လယ်ထဲ ထပ်ထွက်စရာ မလိုတော့ဘူး”
ရန်ကိုင်က ခေါင်းခါလျက် “စိတ်မဝင်စားဘူး”
သူ့တွင် အရင်းအမြစ်ကျောက်များ ရှားပါးနေသည်မဟုတ်။ ထို့ကြောင့် ထိုမီးခိုးရောင် ငှက်မွှေးသန္တာကျောက်များကို တူးရန် စိတ်ဝင်စားနေလိမ့်မည် မဟုတ်ချေ။
ထိုအခြင်းအရာကိုမြင်သော် ကျောင်းရီလည်း ဘာမှထပ်မပြောတော့ချေ။ ဤနေရာတွင် တစ်နှစ်၊ နှစ်နှစ်လောက် နေပြီးမှသာ မီးခိုးရောင်ငှက်မွှေးသန္တာကျောက်များ မည်မျှ အဖိုးတန်သလဲဆိုသည်ကို ဤလူနှစ်ယောက် သိသွားလိမ့်မည်ဟုသာ တွေးလိုက်သည်။ ထိုအချိန်သို့ ရောက်သည့်အခါ သူ့အနေဖြင့် ခေါ်စရာပင် မလိုတော့ချေ။ သူတို့ဘာသာ အလိုလို လာပူးပေါင်းကြပေလိမ့်မည်။
“ဒါနဲ့ ဒီတစ်ကြိမ်ခရီးက ဘယ်လောက်လောက် ကြာမှာလဲ” ရန်ကိုင်က မေးလိုက်လေသည်။
ကျောင်းရီက ပြန်ပြောလေ၏ “ငါတို့ သွားနေတဲ့နေရာကို နောက်ထပ် သုံးရက်လောက် ကြာဦးမယ်။ တူးတာက နှစ်ရက်လောက်ကြာမှာဆိုတော့ ပြန်မှာနဲ့ဆိုရင်… ကောင်းကင်ကျွန်းကိုရောက်ဖို့ အနည်းဆုံး တစ်လလောက် ကြာလိမ့်မယ်”
“အဲ့လောက်တောင်ကြာမှာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။
ကျောင်းရီက ခါးသက်စွာပြုံးလျက် “ကောင်းကင်ကျွန်းနားမှာ ရှိနေတဲ့ဟာတွေ အကုန်လုံးလောက်က တူးထုတ်ပြီးကုန်ပြီ။ ဒီတော့ ပစ္စည်းကောင်းကောင်း လိုချင်ရင် ခပ်ဝေးဝေးသွားဖို့ပဲ ရှိတော့တယ်”
ရန်ကိုင် ခေါင်းညိတ်လိုက်လေ၏ “အဲ့ဒါဆိုရင် ခင်ဗျားတို့ အဆင်ပြေပါစေ”
ရန်ကိုင်၏စကားကိုကြားသော် ကျောင်းရီက အလိုက်တသိ ပြန်ပြောလိုက်လေသည် “အဲ့ဒါဆို သွားလိုက်ပါဦးမယ်။ လိုတာတစ်ခုခုရှိရင် ဒီကျောင်းကို လာရှာလို့ရတယ်နော်”
“ကောင်းပါပြီ”
ကျောင်းရီသည် တံခါးနားသို့အရောက်တွင် ရုတ်တရက် နောက်လှည့်၍ ပြောလေ၏ “ဒါနဲ့ မင်းတို့နှစ်ယောက် ကောင်းကင်ကျွန်းကိုရောက်ရင် သက်သေခံတံဆိပ်ပြားတစ်ခု အရင်ဆုံး လုပ်ရလိမ့်မယ်။ မဟုတ်ရင် မြို့ထဲဝင်လို့ရမှာ မဟုတ်ဘူး။ ဒါပေမယ့် တံဆိပ်ပြား လုပ်မယ်ဆိုရင် မင်းတို့တွေက လူသစ်တွေလို့ အများသိအောင် ကြေညာပေးလိုက်သလို ဖြစ်သွားမှာ။ ဒီကိစ္စနဲ့ပက်သက်ပြီး ငါအစ်မလင်းကို သွားပြောပေးရမလား။ ငါတို့တွေက အင်အားစုကြီးတစ်ခုခုလက်အောက်က မဟုတ်ဘူးဆိုပေမယ့် အစ်မလင်းမှာက အဆက်အသွယ်ပေါတယ်။ သူမင်းတို့ကို ကူညီပေးနိုင်လောက်တယ်”
ခဏမျှ စဉ်းစားနေပြီးနောက်တွင် ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည် “အဲ့ဒါဆို ရောင်းရင်းကျောင်းကို ကြိုပြီး ကျေးဇူးတင်ထားရတာပေါ့”
ကျောင်းရီက ပြုံးလျက် “အကြောင်းထူးရင် ငါမင်းတို့ကို ပြန်ပြောပေးမယ်”
ကျောင်းရီ ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ယောက်စလုံး၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်တို့ကို အထင်းသား မြင်နေရလေသည်။ ဤနေရာသည် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦးကိုပင်လျှင် ပိတ်ထားနိုင်သည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် သူတို့အဖို့ ဤနေရာမှ ထွက်သွားနိုင်ရန် မည်မျှ ခက်ခဲကြောင်း မြင်နိုင်ပေသည်။ ထို့အပြင် ကျောင်းရီတို့ အဖွဲ့ကိုယ်တိုင်ကလည်း ဤနေရာမှ မည်သို့ ထွက်သွားရမလဲ မသိသည့်အတွက်ကြောင့် သူတို့ကို သွားမေးလျှင်လည်း ဘာမှသိရလိမ့်မည် မဟုတ်ချေ။
သူတို့ လုပ်နိုင်သည့်အရာဆို၍ ကောင်းကင်ကျွန်းသို့ အရင် ရောက်အောင်သွားပြီးမှသာ အစီအစဉ်ချရုံ ရှိတော့သည်။
သင်္ဘောသည် လေးရက်ကြာအောင် ရွက်လွှင့်နေပြီးနောက် ရုတ်တရက် ရပ်သွားခဲ့လေသည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သင်္ဘောဝမ်းတွင်းပိုင်းထဲ ရောက်နေသော သင်္ဘောသားအကုန် ကုန်းပတ်ပေါ်သို့ ရောက်နေကြောင်း တွေ့လိုက်ရ၏။ အကုန်လုံးသည် အားတက်သရော အမူအရာများဖြင့် အင်္ကျီလက်များကို လိပ်တင်နေကြလေသည်။ ကြည့်ရသလောက် ကျောင်းရီပြောသွားသည့် မီးခိုးရောင် ငှက်မွှေးသန္တာကျောက်များကို တူးနိုင်သည့် နေရာသို့ ရောက်လာကြသည့်ပုံပင်။
ထိုစဉ် ကျောင်းရီသည် ရန်ကိုင်တို့ဆီ ရောက်လာပြီး သူတို့ကော ပါချင်သေးသလား ထပ်လာမေးလေသည်။ ရန်ကိုင်က ငြင်းလိုက်ပြီးနောက် ကျောင်းရီလည်း ဘာမှ ထပ်မပြောတော့ချေ။
ခဏအကြာတွင် သင်္ဘောကုန်းပတ်ပေါ်ရှိ ကျင့်ကြံသူများစွာ ပင်လယ်ထဲသို့ ခုန်ဆင်းသွားကြလေ၏။ ကျောင်းရီပြောသလိုပင် မီးခိုးရောင်ငှက်မွှေးသန္တာကျောက်များကို ကာကွယ်ပေးနေသည့် သားရဲ မရှိတော့သည့် အတွက်ကြောင့် ယခုတစ်ကြိမ်တွင်တော့ သူတို့ စိတ်ကြိုက်တူးလို့ ရနိုင်ခဲ့ပေသည်။
ပင်လယ်ထဲမှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဝမ်းသာအားရ အမူအရာများဖြင့် ခုန်ထွက်လာကြလေသည်။ လေးရက်ကြာပြီးနောက် အကုန်လုံး သင်္ဘောပေါ် ပြန်ရောက်လာကြလေ၏။
ရန်ကိုင်ကတော့ သူတို့ကို အာရုံစိုက်မနေခဲ့ပေ။ သို့သော်ငြား တစ်ခါတစ်လေတော့ လှမ်းလှမ်း၍ စစ်ဆေးကြည့်မိပေ၏။ သူကြားရသလောက်တော့ ယခုတစ်ကြိမ်တွင် လင်းယင်ချင်း မျှော်လင့်ထားသည်ထက်ပင် ပိုရလိုက်သည့်ပုံပင်။
ခုနှစ်ရက်ခန့် ကြာပြီးသည့်နောက်တွင် တင်ပလင်ခွေထိုင်နေသည့် ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး မျက်လုံးဖွင့်လာခဲ့လေသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ကမ္ဘာငယ်လေးထဲသို့ ပို့လွှတ်၍ ကျောက်တုံးကိုယ်ပွားနှင့် ဆက်သွယ်လေ၏။
“ဘာဖြစ်လို့လဲ” ရန်ကိုင်က မေးလိုက်သည်။ ဘာကြောင့်မှန်းမသိ ကျောက်တုံးကိုယ်ပွားသည် ပျာယာခတ်နေသည့် အမူအရာဖြင့် သူ့အား ရုတ်တရက် လှမ်းခေါ်လာခဲ့သည်။
“ရို့ရှီ၊ အဲ့ကောင်မလေး... အဆင့် ချိုးဖျက်တော့မယ်” ကျောက်တုံးကိုယ်ပွားက ချက်ချင်း ပြန်ပြောလိုက်၏။
“ရို့ရှီ အဆင့်ချိုးဖျက်တော့မယ်” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည် “အဲ့ဒါသတင်းကောင်း မဟုတ်ဘူးလား။ မင်းက ဘာလို့ ပျာယာခတ်နေရတာလဲ”
“ဘယ်လိုလုပ်ပြီး ကောင်းရမှာလဲကွ” ကျောက်တုံးကိုယ်ပွားက ပြန်အော်လေ၏။
ထိုအခါမှသာ ရန်ကိုင်လည်း တစ်ခုခုအား နားလည်သွားပြီး မျက်စိပျက်မျက်နှာပျက်ဖြင့် “တာအိုသခင်အဆင့်”
ယခုမှသာ ကျန်းရို့ရှီသည် တန်ခိုးရှင်ဘုရင်တတိယအဆင့်တွင် ရှိနေကြောင်း ပြန်သတိရသွားခဲ့သည်။ ကျန်းရို့ရှီသာ နောက်တစ်ဆင့်သို့ ချိုးဖျက်သွားလျှင် တာအိုသခင်အဆင့်ကို ရောက်သွားပေလိမ့်မည်။
“ဟုတ်တယ်။ ငါလည်းဘာလို့မှန်းမသိဘူး... ဒီကောင်မလေး အဆင့်တက်တဲ့နှုန်းက အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်။ သူတန်ခိုးရှင်ဘုရင်အဆင့်ရောက်တာ ဘယ်လောက် ကြာသေးလို့လဲ။ အခု တာအိုသခင်အဆင့်ကို တက်ဖို့ ထပ်လုပ်နေပြန်ပြီ”
ဤပြဿနာ မည်မျှကြီးမားကြောင်း နားလည်သွားသည့်နောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲသို့ ချက်ချင်း ဝင်လာခဲ့လိုက်လေသည်။
ကျန်းရို့ရှီသည် ကမ္ဘာငယ်လေးထဲတွင် တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေခဲ့သည်။ မိုးမြေစွမ်းအင်များသည် သူမ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေခဲ့ပြီး သူမကိုယ်ထဲရှိ သူတော်စင်ချီများမှာ အရူးအမူး လှည့်ပတ်စီးဆင်းနေကြလေသည်။
ကျန်းရို့ရှီသည် နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ခါနီးနေခဲ့လေပြီ။
အပြင်လောကကြီးတွင်တော့ သူမအနေဖြင့် အဆင့်ချိုးဖျက်လိုလျှင်ပင် ဘာကိစ္စမှ ရှိလိမ့်မည် မဟုတ်ချေ။
သို့သော်ငြား လက်ရှိတွင် သူမသည် ကမ္ဘာငယ်လေးထဲတွင် ရှိနေခြင်း ဖြစ်ပေသည်။ ကမ္ဘာငယ်လေးထဲရှိ လောကနိယာမများမှာ ပြည့်စုံခြင်းမရှိချေ။ ကျင့်ကြံဖို့အတွက် သက်သက်ဆိုလျှင် ကမ္ဘာငယ်လေးသည် ပြဿနာမရှိတော့ငြား အဆင့်တက်ဖို့အတွက် ဆိုလျှင်တော့ ထိုသို့ မဟုတ်ချေ။ ကမ္ဘာငယ်လေးထဲတွင် တာအိုသခင်အဆင့်သို့ ဝင်ရောက်ရန် ကြိုးစားပါက အောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။
မအောင်မြင်သွားခဲ့လျှင် ကျန်းရို့ရှီ၏ တက်လမ်းသည် ဤနေရာတွင်သာ ရပ်တန့်သွားရပေလိမ့်မည်။ အခပ်မသင့်လျှင် အဆင့်တက်ရင်းနှင့်ပင် သေကောင်း သေသွားနိုင်ပေသည်။
ရန်ကိုင် မျက်နှာပျက်သွားခဲ့လေ၏။
အပြင်ဘက်သို့ ခေါ်သွားဖို့ရာ ဆိုလျှင်လည်း ဟင်းလင်းပြင်ကမ္ဘာကြီး ဖြစ်နေခဲ့သည်။ ဟင်းလင်းပြင်လောကကြီးထဲတွင် ကျန်းရို့ရှီအနေဖြင့် အဆင့်တက်ဖို့ရာ အဆင်ပြေမှ ပြေပါ့မလား ရန်ကိုင် မသိချေ။
လျို့ယန်နှင့် ဟွာချင်းစီတို့မှာလည်း မျက်နှာပျက်နေကြလေ၏။
“အခုလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ” ရန်ကိုင်က မေးလိုက်၏။
“မကြာသေးဘူး၊ ခုနကလေးမှ ဖြစ်တာ” ဟွာချင်းစီက ပြန်ပြောလိုက်သည် “ဒါပေမယ့် သူ့ကြည့်ရတာ အဲ့ဒါကို ဆက်ပြီး ဖိနှိပ်ထားနိုင်တော့တဲ့ပုံမပေါ်ဘူး။ မလုပ်နိုင်ဘဲ အတင်း ဆက်လုပ်နေရင် သူ့အုတ်မြစ်ပဲ ထိခိုက်သွားလိမ့်မယ်”
“သခင်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ” လျို့ယန်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိ။
“သူ့ကို ခဏကြည့်ထား။ ငါတစ်ချက် စဉ်းစားလိုက်ပြီးမယ်” ထိုသို့ ပြောပြီးနောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ ထွက်လာခဲ့လေသည်။
ကမ္ဘာငယ်လေးထဲမှ ထွက်လာပြီးနောက်တွင် ရန်ကိုင်သည် ချက်ချင်း အပြင်သို့ ပြေးထွက်သွားလေ၏။
ရန်ကိုင်ဘာကြောင့် အလျင်လိုနေမှန်း မသိသည့်အတွက်ကြောင့် လျို့ရှန်းယွင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင်နောက်မှ အမြန် ပြေးလိုက်သွားလေ၏။
လင်းယင်ချင်းသည် သူမ၏ အခန်းထဲတွင် ရှိနေခဲ့သည်။ ယခုတစ်ကြိမ်ကဲ့သို့ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ပင်လယ်ထဲ ထပ်ထွက်စရာမလိုတော့အောင် များပြားလှသော မီးခိုးရောင် ငှက်မွှေးသန္တာကျောက်များကို ထပ်တွေ့ဖို့ရာ မလွယ်ကူချေ။ ထို့ကြောင့် လင်းယင်ချင်း အတော်လေး ပျော်နေခဲ့လေသည်။
ယခု တူးထုတ်လာနိုင်သည့် မီးခိုးရောင်ငှက်မွှေးသန္တာကျောက်များကို မည်သည့် အင်အားစုဆီ သွားရောင်းလျှင်ကောင်းမလဲ စဉ်းစားနေစဉ်မှာပင် သူမ၏ အခန်းတံခါးသည် ဘုန်းဟူသော အသံနှင့်အတူ ရုတ်တရက် ပွင့်သွားခဲ့သည်။
လင်းယင်ချင်း အံ့အားသင့်သွားပြီး ချက်ချင်း ထရပ်၍ အော်ပြောလိုက်လေသည် “ဘယ်သူလဲ”
သူမသည် သင်္ဘော၏ ကပ္ပတိန်ဖြစ်သည်။ ထို့ကြောင့် သင်္ဘောပေါ်ရှိ မည်သူမှ သူမ အခန်းထဲသို့ ဤကဲ့သို့ ဝင်မလာရဲကြချေ။ ထို့ကြောင့် လင်းယင်ချင်း ပထမဆုံး တွေးလိုက်မိသည်မှာ ရန်သူ တစ်ဦး သူမအခန်းထဲသို့ ဝင်လာသည်ဟူ၍ပင်။
သို့သော်ငြား ဝင်လာသည့်လူကို မြင်ပြီးနောက် လင်းယင်ချင်း အံကြိတ်၍ ထအော်တော့လေသည် “ရှင်လာလုပ်နေတာလဲ”
လင်းယင်ချင်း ဒေါသထွက်ချင်လည်း ထွက်စရာပင်။ သူမသာ ယခုနေ ကျင့်စဉ် တစ်ခုခုကို လေ့ကျင့်နေခဲ့လျှင် ရန်ကိုင်၏ လုပ်ရပ်ကြောင့် သူမ၏ ကြိုးစားအားထုတ်မှုအားလုံး အလဟဿ ဖြစ်သွားရနိုင်ပေသည်။ ဤကောင်သည် သင်္ဘောပေါ်သို့ ရောက်ကတည်းက ငြိမ်ငြိမ်လေး နေနေသည့်အတွက်ကြောင့် လင်းယင်ချင်းသည် သူ့အပေါ် အတော်လေး အကောင်းမြင်မိခဲ့သော်ငြား ယခု သူ့လုပ်ရပ်ကို မြင်ပြီးနောက် သူမစိတ်ထဲ ရန်ကိုင်အား ရွံပင်ရွံချင်သွားခဲ့သည်။
ရန်ကိုင်လည်း သူ့လုပ်ရပ် မသင့်တော်မှန်း သိပေသည်။ သို့သော်ငြား ကျန်းရို့ရှီ၏ ကိစ္စကို စဉ်းစားမိလိုက်သော် ဂရုစိုက်မနေနိုင်တော့ဘဲ လက်သီးဆုပ်၍သာ ပြောလိုက်လေသည် “အစ်မလင်း၊ ကျုပ်မှာ အရမ်း အရေးကြီးတဲ့ကိစ္စတစ်ခု ရှိလို့ပါ။ ဒါကြောင့် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
“ဘာဖြစ်တာလဲ”
ရုတ်တရက် အပြင်ဘက်မှ အလန့်တကြား ထအော်သံများ ထွက်လာကြလေသည်။ ရန်ကိုင် တံခါးအား ဆောင့်ဖွင့်လိုက်သည့် အသံကြောင့် သင်္ဘောပေါ်ရှိ လူအားလုံး နိုးနိုးကြားကြား ဖြစ်သွားကြခြင်း ဖြစ်လေသည်။
ရန်ကိုင်သည် လင်းယင်ချင်းရှေ့တွင် ရပ်နေပြီး လင်းယင်ချင်း ကိုယ်တိုင်ကလည်း အလွန်ကိုမှ ဒေါသထွက်နေသည်ကိုမြင်သော် အကုန်လုံး ထိတ်လန့်သွားကြလေသည်။ ကျောင်းရီက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြောလိုက်လေသည် “ရောင်းရင်းရန်၊ မင်းဘာလို့ အစ်မလင်း အခန်းထဲ ပြေးဝင်လာတာလဲ”
“ဟုတ်တယ်ကောင်လေး၊ အစ်မ ငါတို့ အစ်မလင်းကို အကြမ်းနည်းသုံးပြီး သိမ်းဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်”
“ဘာကွ။ ဒီကောင်က ငါတို့ အစ်မလင်းကို လိုချင်နေတာဟုတ်လား”
“မင်းသေချင်နေတာလား ကောင်လေး။ ဂျူနီယာညီမ တစ်ယောက် ရှိနေတာတောင် မကျေနပ်သေးဘဲ ငါတို့ အစ်မလင်းကိုပါ လာပြီး ကြံနေရဲတယ်၊ ကြည့်နေကြည့်စားနော်၊ မဟုတ်ရင် ငါမင်းကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်လိုက်မှာ”
လူအုပ်ကြီးမှာ ရန်ကိုင်အား တစ်ယောက်တစ်ပေါက် ထအော်တော့လေသည်။
ထိုလူအုပ်ကြီး၏ ပုံစံကိုမြင်ပြီး ရန်ကိုင် ဆွံ့အသွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ လက်သီးဆုပ်၍ လင်းယင်ချင်းအား ပြောလိုက်လေသည် “ကျုပ်မှာ အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခုရှိနေလို့ အခုလို ဖြစ်သွားတာပါ။ ဒါကြောင့် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် အစ်မလင်း”
လင်းယင်ချင်းသည် အံကြိတ်ရင်း ရန်ကိုင်အား စိုက်ကြည့်နေလေ၏။ သူမစိတ်ထဲ အလွန်ကိုမှ ဒေါသထွက်နေမိသော်ငြား ရန်ကိုင်ပုံစံသည် ဟန်ဆောင်နေသည့်ပုံစံ မပေါက်သည့်အတွက်ကြောင့် နှာခေါင်းရှုံ့လျက် ပြန်မေးလိုက်လေသည် “ဘာတွေ ဒီလောက်တောင် အရေးကြီးနေလို့ တံခါးတောင် မခေါက်နိုင်ရတာလဲ။ ဒီလို သာမန် ကိစ္စလေးတွေကိုတောင် ရှင့်အမေက သင်ပေးမထားဘူးလား”
ရန်ကိုင်ကတော့ ပြန်လည်တုန့်ပြန်ပြောမနေဘဲ လိုရင်းကိုသာ တန်းပြောလိုက်လေ၏ “အစ်မလင်းဆီက အကြံတောင်းချင်လို့ပါ။ ဒီနေရာမှာ အဆင့်ချိုးဖျက်ချင်လို့ရှိရင် ဘယ်လိုလုပ်ရမလဲ အစ်မလင်းသိလား”
“အဆင့်ချိုးဖျက်ဖို့” လင်းယင်းချင်း၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည် “အဆင့်ကြီး တစ်ဆင့်ကို ချိုးဖျက်တာလား”
“ဟုတ်တယ်”
ထိုစကားကို ကြားသည့်အခါ လင်းယင်ချင်း အလွန်ကိုမှ ထိတ်လန့်သွားသဖြင့် တစ်ခဏမျှ ငေးကြောင်ကြောင်ပင် ဖြစ်သွားခဲ့လေသည်။ ရန်ကိုင် အဆင့်ချိုးဖျက်လိုခြင်း ဖြစ်သည်ဟု သူမ ထင်နေခြင်းဖြစ်သည်။
ရန်ကိုင်သည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူသာ အဆင့်ချိုးတက်လိုလျှင် ဧကရာဇ်အဆင့်သာ ရှိပေတော့မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၇၀)
ကောင်းကင်ကျွန်းတွင် ဧကရာဇ်အဆင့်ပညာရှင် များများစားစား မရှိချေ။ သို့သော်ငြား သူမ လမ်းပေါ်တွင် အမှတ်မထင် တွေ့ဆုံခဲ့ရသော လူငယ်လေးသည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်စွမ်း ရှိနေသော လူတစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရန်ကိုင်သာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက် သွားနိုင်မည်ဆိုပါက ကောင်းကင်ကျွန်းတွင် နေရာတစ်နေရာ ရနိုင်မည်ဖြစ်ကာ သူမတို့အဖွဲ့အား အကာအကွယ်ပေးနိုင်ပေလိမ့်မည်။ သို့သော်ငြား ဤဟင်းလင်းပြင်လောကကြီးထဲတွင် နေထိုင်ဖူးသူများသာ ဤနေရာသည် ကျင့်ကြံသူများအတွက် မဟာသင်္ချိုင်းတစ်ခုမှန်းကို နားလည်ကြပေလိမ့်မည်။ ဤနေရာတွင် နေနေ၍ မိမိ၏ကျင့်ကြံခြင်း နိမ့်ကျမသွားခြင်းမှာ ကံကောင်းနေပြီဟု ပြော၍ ရပေသည်။ အခွင့်အရေးတစ်ခုခုနှင့် ကြုံကြိုက်၍ အဆင့်ချိုးဖြတ်တော့မည်ဟု အာရုံခံစားနေရမည်ဆိုလျှင်ပင် တကယ်တမ်း အဆင့်ချိုးဖြတ်နိုင်သူဆို၍ အနည်းငယ်သာ ရှိလေသည်။
ဤနေရာတွင် နောက်တစ်ဆင့်သို့ ချိုးဖြတ်ရန် ကြိုးစားရင်း မအောင်မြင်ခဲ့ပဲ ကျင့်ကြံခြင်းပျက်စီးကာ ဒုက္ခတိဖြစ်သွားသူများစွာကို လင်းယွင်ချင်း တွေ့ခဲ့ဖူးပေသည်။
ထိုသို့စဉ်းစားမိပြီးသည့်နောက်တွင် လင်းယွင်ချင်းမှာ ထိတ်လန့်အံ့အားသင့်နေခြင်း မရှိတော့ဘဲ ရန်ကိုင့်အတွက်ပင်လျှင် သနားစိတ်ဝင်မိသွားခဲ့လေသည်။ ရန်ကိုင်သည် အသက်ငယ်ငယ်လေးသာ ရှိသေးမှန်း သူမ ပြောနိုင်ပေသည်။ ဤအသက်အရွယ်လေးဖြင့် တာအိုသခင်တတိယအဆင့်သို့ ရောက်နိုင်သည်မှာ သူမည်မျှ ပါရမီရှိကြောင်းကို ဖော်ပြနေခဲ့လေသည်။ အပြင်ဘက်တွင်သာဆိုလျှင် ရန်ကိုင်သည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ တက်သစ်စကြယ်ပွင့်တစ်ဦး ဖြစ်လောက်ပေသည်။ အချိန်သာရမည်ဆိုပါက သူ့အနေဖြင့် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်မဝင်ရောက်နိုင်စရာအကြောင်း မရှိချေ။
သို့သော်ငြား ဤနေရာတွင်မူ ဧကရာဇ်အဆင့်သို့ ဝင်ရောက်နိုင်ချေမှာ အလွန်ကိုမှ နည်းပါးလှပေသည်။
ရန်ကိုင် စတင်၍ စိုးရိမ်လာခဲ့လေသည်။ လင်းယွင်ချင်း ဘာကြောင့် သူ့အား ထိုကဲ့သို့အကြည့်ဖြင့် ကြည့်နေမှန်းကို နားမလည်။ သူမဆီမှ အတန်ကြာသည်အထိတိုင် အဖြေပြန်မရသော် ထပ်၍ မေးလိုက်လေသည်။ “အစ်မလင်း… ကျုပ်ကို ကူညီပေးနိုင်မဲ့ဟာ တစ်ခုခုလောက် သိထားတာများ ရှိလား…”
“နင် တကယ် အဆင့်ချိုးဖြတ်တော့မှာလား…” လင်းယွင်ချင်းက ပြောလိုက်လေ၏။ “တကယ်ချိုးဖြတ်နိုင်မယ်လို့ ယုံကြည်ချက်မရှိရင် လုံးဝမချိုးဖြတ်တာကောင်းလိမ့်မယ်… မဟုတ်ရင် နင့်တက်လမ်းကို နင်ပိတ်လိုက်သလို ဖြစ်သွားမှာ…”
ရန်ကိုင် မင်သက်သွားခဲ့ပြီး ပြန်၍ မေးလိုက်လေသည်။ “ဘာဖြစ်လို့လဲ…”
ကျောင်းရီက ဝင်ပြောလိုက်လေ၏။ “ရောင်းရင်းရန်… ဒီဟင်းလင်းပြင်ကမ္ဘာကြီးက အဆင့်ချိုးဖြတ်ဖို့အတွက် သင့်တော်တဲ့ နေရာတစ်ခုမဟုတ်ဘူး… ဒီထဲကမိုးမြေစွမ်းအင်တွေထဲမှာ အဖျက်စွမ်းအင်တွေ ပါနေတာကို မင်းလည်း သိတာပဲ… ဒီနေရာမှာ အဆင့်ချိုးဖြတ်ဖို့ ကြိုးစားတဲ့လူတိုင်းရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်က ကျရှုံးသွားတာချည်းပဲ… အစ်မကြီးက မင်းအတွက် အကောင်းပြောပေးနေတာ…”
ရန်ကိုင် လုံးဝကို ထိတ်လန့်သွားတော့လေသည်။ ဤနေရာသည် အဆင့်ချိုးဖြတ်လို့ ကောင်းသည့် နေရာတစ်ခုမဟုတ်မှန်း သိသော်ငြား ဤမျှအထိ ဆိုးရွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကျန်းရို့ရှီမှ ဖြာထွက်နေသည့် ချီစွမ်းအင်လှိုင်းများမှာ ဆက်၍ ဖိနှိပ်လို့ မရတော့ချေ။ သူသာ ကျန်းရို့ရှီ၏ ကျင့်ကြံခြင်းကို ဆက်၍ ဖိနှိပ်ထားလိုက်ဦးမည်ဆိုပါက ကျန်းရို့ရှီအနေဖြင့် တာအိုသခင်အဆင့်သို့ မည်သို့မျှ ရောက်ရှိနိုင်တော့လိမ့်မည် မဟုတ်ချေ။ သူမအနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့်တွင်သာ တစ်သက်လုံး နေသွားရပေလိမ့်မည်။
သင်္ဘောပေါ်ရှိ ကျင့်ကြံသူအားလုံးမှာ ရန်ကိုင့်အား ကရုဏာသက်နေသည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။
ရန်ကိုင်သည် တစ်ခဏမျှ အံ့အားသင့်သွားပြီးသည့်နောက် ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် “ကျေးဇူးပြုပြီး အစ်မလင်း တစ်ခုခုလောက် ကူညီပေးနိုင်တာမျိုး မရှိဘူးလား…”
ရန်ကိုင် ထိုမျှ ဆုံးဖြတ်ချက် ပြတ်သားနေသည်ကို မြင်သော် သူမဆက်ပြောနေလဲ အပိုသာဖြစ်မည်မှန်း လင်းယွင်ချင်း သိလိုက်လေသည်။ ထို့ကြောင့် ပြန်၍သာ ပြောလိုက်လေ၏။ “ငါ့မှာ အဆင့်မြင့် သန့်စင်ရေးအစီအရင်တစ်ခုတော့ ရှိတယ်… အဲ့ဒါက နင့်ကို ကူညီပေးကောင်း ကူညီပေးနိုင်လောက်တယ်…”
သန့်စင်ရေးအစီအရင်များတွင် အဆင့်လေးဆင့်ရှိပေသည်။ သာမန်အဆင့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်၊ ထိပ်တန်းအဆင့် ဟူ၍ပင်။
ထိုရတနာများအား ယခင်ရက်များအတွင်း ကျောင်းယီနှင့် စကားပြောရင်းမှ သင်္ဘောထဲတွင် ခင်းကျင်းထားသော သန့်စင်ရေး အစီအရင်အားလုံးမှာ သာမန်အဆင့် အစီအရင်များသာ ဖြစ်ကြောင်း ရန်ကိုင် သိခဲ့ရပေသည်။ အကြောင်းမှာ အဆင့်မြင့်သန့်စင်ရေးအစီအရင်များကို ခင်းကျင်းရန်အတွက် အလွန်ကိုမှဈေးကြီးသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ သန့်စင်ရေး အစီအရင်များသည် တစ်ဆင့်ထက်တစ်ဆင့် ခင်းကျင်းရန်အတွက် ဆယ်ဆခန့်ပို၍ ဈေးကြီးသွားပေသည်။ သာမန်သန့်စင်ရေး အစီအရင်တစ်ခုကို ခင်းကျင်းရန်အတွက် ငွေကြေး တစ်ရာကျသင့်မည်ဆိုပါက အလယ်အလတ်အဆင့် သန့်စင်ရေးအစီအရင်တစ်ခုကို ခင်းကျင်းရန်အတွက် ငွေကြေးတစ်ထောင် ကျသင့်ပေလိမ့်မည်။ လင်းယွင်ချင်းတို့အဖွဲ့သည် အသက်ရှင်နိုင်ရန်အတွက်ပင် အနိုင်နိုင် ကြိုးစားနေကြရသူများ ဖြစ်လေရာ သူတို့တွင် ထိုမျှ အားကောင်းလှသော သန့်စင်ရေး အစီအရင်များကို ခင်းကျင်းရန်အတွက် ငွေကြေး အလုံအလောက် ရှိမနေခဲ့ပေ။
ထို့အတွက်ကြောင့်ပင်လျှင် လင်းယွင်ချင်း၌ အဆင့်မြင့် သန့်စင်ရေး အစီအရင်တစ်ခု ရှိနေလိမ့်မည်ဟု ရန်ကိုင် ဘယ်လိုမှ မထင်ထားခဲ့ခြင်းပေ။
သန့်စင်ရေးအစီအရင်တစ်ခု အဆင့်ပိုမြင့်လေ ၎င်းမှ စစ်ထုတ်ပေးနိုင်သည့် မိုးမြေစွမ်းအင်မှာလည်း ပိုမိုများပြားလေပင်။ သန့်စင်ရေး အစီအရင်များသည် မိုးမြေစွမ်းအင်များကို ဇကာကွက်နှယ် စစ်ထုတ်ရင်းမှ အဖျက်စွမ်းအားများကို တားဆီးပေးခြင်း ဖြစ်သည့်အတွက်ကြောင့် သန့်စင်ရေးအစီအရင် ခင်းကျင်းလိုက်သည့်နေရာတွင် ဝိဉာဉ်စွမ်းအင်များကို စုပ်ယူနိုင်ပါသော်ငြား စုပ်ယူနိုင်သည့် မိုးမြေစွမ်းအင် ပမာဏမှာ အလွန်ကိုမှ နည်းပါးနေပေလိမ့်မည်။ သန့်စင်ရေးအစီအရင်တစ်ခု၏ အဆင့် ပိုမြင့်လေ သန့်စင်ရေးအစီအရင်မှတစ်ဆင့် စိမ့်ထွက်လာနိုင်သည့် မိုးမြေစွမ်းအင်မှာ ပိုမိုများပြားလေပင်။
ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် အစ်မလင်း…”
လင်းယွင်ချင်းမှ အဆင့်မြင့် သန့်စင်ရေး အစီအရင်အား ထုတ်ပေးမည်ဟု ပြောလာသည့်အခါ သင်္ဘောပေါ်တွင် ရှိနေသော သင်္ဘောသားများ၏ အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ ကျောင်းရီက တိုးတိုးလေးဝင်ပြောလိုက်၏။ “အစ်မလင်း… အဲ့ သန့်စင်ရေးအစီအရင်က…”
ကျောင်းရီ ဆုံးအောင် မပြောနိုင်သေးခင်မှာပင် လင်းယွင်ချင်းက ဆက်မပြောရန် လက်တားပြလိုက်ပြီး အစီအရင်အလံတိုင်များကို ထုတ်ကာ ရန်ကိုင့်ဆီသို့ ပေးလိုက်လေသည်။ “နင် မလုပ်နိုင်ရင် အရမ်းကြီး တွန်းအားပေးမနေနဲ့…” ထို့နောက် ရန်ကိုင့်လက်ထဲသို့ ကျောက်စိမ်းပြားတစ်ပြား ထည့်ပေးလိုက်ပြီး ပြောလိုက်လေ၏။ “အဲ့ထဲမှာ အစီအရင်ကို ဘယ်လိုခင်းကျင်းရမလဲ ပြောပြထားတယ်… ခင်းကျင်းရတဲ့ ပုံစံက ရိုးရိုးလေးပဲဆိုတော့ နင်တစ်ချက်လောက် ဖတ်ကြည့်လိုက်ရင် နားလည်သွားလိမ့်မယ်…”
“ဒီကျေးဇူးကို ကျုပ်မှတ်ထားပါမယ်…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ဤအဆင့်မြင့်သန့်စင်ရေးအစီအရင် မည်သည့်နေရာမှ လာသလဲဆိုသည်ကို သူ မသိသော်ငြား သင်္ဘောသားများ၏ ပြောင်းလဲသွားသည့် အမူအယာကို ကြည့်ရသလောက် ဤအစီအရင်သည် လင်းယွင်ချင်းအတွက် မည်မျှ အဖိုးတန်ကြောင်းကို ရန်ကိုင်သိပေသည်။ ရန်ကိုင်သိသလောက်ဆိုလျှင် လင်းယွင်ချင်းနေသည့် အခန်းထဲတွင် ခင်းကျင်းထားသည့် သန့်စင်ရေးအစီအရင်သည်ပင်လျှင် သာမန်အဆင့်သာ ဖြစ်သည်။
ဤ အဆင့်မြင့်သန့်စင်ရေးအစီအရင်၏ နောက်ကြောင်းကို သူမသိချေ။ သို့သော်ငြား ယခုကိစ္စပြီးသွားလျှင်တော့ လင်းယွင်ချင်းအား သေချာ ပြန်ကျေးဇူးဆပ်ရမည်ဟု စိတ်ထဲကြိတ်၍ ဆုံးဖြတ်လိုက်လေသည်။ “ကျုပ် အစ်မလင်းကို မေးချင်တာတစ်ခု ထပ်ရှိသေးတယ်… ဒီအနီးအနားလောက်မှာ ကျွန်း တစ်ကျွန်းကျွန်းများ မရှိဘူးလား…” ရန်ကိုင်ကမေးလိုက်လေသည်။
လင်းယွင်ချင်းက လူအုပ်ကြီးကြားထဲရှိ မုတ်ဆိတ်မွေးဗရပွဖြင့် ကျင့်ကြံသူတစ်ဦးဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “ငါ့ကို မြေပုံပေး…”
ထိုကျင့်ကြံသူသည် သူ၏သိုလှောင်လက်စွပ်ထဲ သားရဲအရေပြားတစ်ချပ်ကို ထုတ်ယူလျက် လင်းယွင်ချင်လက်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်လေသည်။ ရန်ကိုင်လည်း ထိုမြေပုံကို သွားကြည့်လေ၏။ သို့သော် သေသေချာချာ မကြည့်တတ်ပေ။
လင်းယွင်ချင်သည် မြေပုံအား တစ်ချက် ဝေ့ကြည့်လိုက်ပြီးသည့်နောက် တစ်ခုသော နေရာသို့ ညွှန်ပြလျက် “အရှေ့တောင်ဘက်… ငါတို့ အခု ရှိနေတဲ့ နေရာကနေ မိုင်ငါးရာလောက်ကွာတဲ့နေရာမှာ ကျွန်းလေးတစ်ကျွန်းရှိတယ်…”
ရန်ကိုင်က လက်သီးဆုပ်လျက် “ကျေးဇူးအများကြီးတင်ပါတယ်…”
ထိုသို့ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်ပုံရိပ်သည် သင်္ဘောပေါ်မှ ပျောက်ကွယ်သွားခဲ့လေသည်။
လူအုပ်ကြီးတစ်ခုလုံး ထိတ်လန့်သွားခဲ့လေ၏။ လင်းယွင်ချင်သည်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့လေသည်။ ရန်ကိုင် မည်ကဲ့သို့ လှုပ်ရှားလို့ လှုပ်ရှားလိုက်မှန်းကို မည်သူတစ်ဦးတစ်ယောက်မှ မမြင်လိုက်ရပေ။
ရန်ကိုင့်၏ကျင့်ကြံခြင်းသည် တာအိုသခင် တတိယအဆင့်တွင် ရှိနေမှန်း သိထားသော်ငြား ရန်ကိုင် ဤမျှအထိ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ကိုင်၏တိုက်ခိုက်ရေးစွမ်းအားကို မဆိုထားနှင့် ရန်ကိုင် မည်ကဲ့သို့ လှုပ်ရှားလို့ လှုပ်ရှားသွားမှန်းကိုပင် သူမ မမြင်လိုက်ရပေ။ ထိုကဲ့သို့သော လူတစ်ဦးကသာ သူမအား သတ်ချင်သည်ဆိုပါက သူမ မည်သည့်အချိန်က အသတ်ပျောက်လို့ ပျောက်သွားမှန်းမသိ ပျောက်သွားရပေလိမ့်မည်။
ချက်ချင်းဆိုသလို သူမ၏အဖွဲ့သားများအား ရန်ကိုင်အား သွားပြဿနာမရှာရန် တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့သည့်အပေါ် ပို၍ ဝမ်းသာမိသွားခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက သူမတို့ သင်္ဘောသားတစ်ဖွဲ့လုံး အသက်ပျောက်ကြရပေလိမ့်မည်။
“စီနီယာအစ်ကို… သူ… သူ တကယ်ကြီး ဧကရာဇ်အဆင့်ကို ချိုးဖြတ်တော့မှာလား…” တစ်စုံတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်လေသည်။
လင်းယွင်ချင်း လှမ်းကြည့်လိုက်ရာ စိုးရိမ်တကြီးဖြင့် ရပ်နေသော လျို့ရှန်းယွင်ကို မြင်လိုက်ရလေ၏။
လျို့ရှန်းယွင်ကိုယ်တိုင်သည်လည်း ရန်ကိုင်နှင့်အတူ အခန်းထဲမှ ထွက်လာခြင်း ဖြစ်ပေသည်။ သူတို့ပြောနေသည့် အကြောင်းအရာအားလုံးကို သူမကြားခဲ့ရသည်။ ထို့ကြောင့် အတော်လေးကိုမှ ထိတ်လန့်နေမိနေခြင်း ဖြစ်လေသည်။ လင်းယွင်ချင်းနှင့် မတူသည်မှာ လျို့ရှန်းယွင်သည် ရန်ကိုင့်နားတွင်နေ၍ တောက်လျှောက်ကျင့်ကြံနေခြင်း ဖြစ်လေသည်။ ထိုအချိန်အတောအတွင်း ရန်ကိုင့်ဆီမှ အဆင့်ချိုးဖြတ်မည့် မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့ခဲ့ချေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်သည် မည်ကဲ့သို့များ ဧကရာဇ်အဆင့်သို့ ရုတ်တရက်ကြီး ချိုးဖြတ်ချင်သွားရသနည်း။
သို့သော်ငြား တစ်ခဏမျှ ထိတ်လန့်တုန်လှုပ်နေပြီးသည့်နောက်တွင် လင်းယွင်ချင်းပြောသည်ကို ကြားပြီးသည့်နောက် သူမစိတ်ထဲ ရန်ကိုင့်အား အလွန်ကိုမှ စိတ်ပူသွားခဲ့လေသည်။
“အစ်မလင်း… ကျွန်မစီနီယာအစ်ကို သူ….” လျို့ရှန်းယွင်သည် လင်းယွင်ချင်းဘက်သို့ လှည့်ကြည့်လိုက်လေသည်။
လင်းယွင်ချင်းက သက်ပြင်းချလျက် အမှန်အတိုင်း ပြောပြလိုက်လေ၏။ “သူ့အတွက် မျှော်လင့်ချက် သိပ်မရှိဘူး… ရှင်းရှင်းပြောရရင် ဒီလိုနေရာမျိုးမှာ ဧကရာဇ်အဆင့်ကို ချိုးဖြတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်လုနီးပါးပဲ…”
လျို့ရှန်းယွင်၏ မျက်နှာ ဖြူလျော်သွားပြီး ဒယီးဒယိုင် ဖြစ်သွားခဲ့လေ၏။ ရန်ကိုင့်ကဲ့သို့သော ပါရမီရှင်တစ်ဦး၏ အနာဂတ်မှာ ဤနေရာကြီးတွင် ရပ်တန့်သွားရတော့မည်လား။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ သူမကြောင့်သာ ဖြစ်လေသည်။ သူမသာ စိမ့်တောမြို့တွင် ရန်ကိုင်နှင့် သွားမတိုးမိခဲ့ပါက ရန်ကိုင်သည် သူမဘက်မှ ဝင်ပါပေးမိခဲ့လိမ့်မည် မဟုတ်သလို ယောင်ချန်ကျွင်းကဲ့သို့သော ပညာရှင်တစ်ဦး၏ အာရုံစိုက်ခြင်းကို ခံလိုက်ရမည်လည်း မဟုတ်ချေ။ ထိုသို့သာ မဖြစ်လျှင် ရန်ကိုင့်အနေဖြင့် ဟင်းလင်းပြင်တောင်တန်း၏ အတွင်းပိုင်းအထိသို့ ရောက်အောင် လိုက်ဖမ်းခံလိုက်ရမည်မဟုတ်သလို ဟင်းလင်းပြင်ဝဲကတော့ကြီး၏ ဝါးမျိုခြင်းလည်း ခံလိုက်ရလိမ့်မည် မဟုတ်ချေ။
ပိုတွေးလေ ပိုတွေးလေ လျို့ရှန်းယွင်စိတ်ထဲ ပို၍ အပြစ်မကင်းသလို ခံစားလာရလေပေ။ ရန်ကိုင်သာ ဤနေရာတွင် အောင်မြင်စွာ အဆင့်မချိုးဖြတ်နိုင်ပါက သူ သေသေ ဒုက္ခိတဖြစ်ဖြစ် အကုန်လုံးမှာ သူမကြောင့်သာ ဖြစ်လာရပေလိမ့်မည်။
“အစ်မလင်း… အဲ့ သန့်စင်ရေးအစီအရင်က အစ်ကိုကျိုး အစ်မကို ပေးခဲ့တာလေ… ဘယ်လိုလုပ်ပြီး…” ကျောင်းရီသည် လင်းယွင်ချင်အား ကြည့်ကာ ပြစ်တင်လိုဟန်ဖြင့် ပြောလိုက်လေသည်။
လင်းယွင်ချင်းက ပြန်ပြောလိုက်လေ၏။ “သူက အရေးတကြီး လိုအပ်နေတာလေ…. သူ့ကို ငှားလိုက်တာက ဘာဖြစ်မှာမို့လို့လဲ…”
ကျောင်းရီက ပြန်ပြောလိုက်၏။ “ဒါပေမဲ့ အဲ့တာသာ ထိခိုက်သွားရင်…”
“နင်သာ အဆင့်ချိုးဖြတ်တော့မယ်ဆိုရင်လည်း ငါ နင့်ကို ငှားမှာပဲ…”
လင်းယွင်ချင်း လိမ်နေခြင်းမဟုတ်မှန်း သူတို့သိပေသည်။ သူမ၏စရိုက်ကိုက ဤကဲ့သို့ ဖြစ်နေခြင်း ဖြစ်ပေသည်။ သူမသည် အပြင်ပိုင်းတွင်သာ အေးစက်စက်ပုံစံမျိုး ရှိနေသော်ငြား စိတ်ထားကတော့ အလွန်ကိုကောင်းပေသည်။ ရန်ကိုင် အဆင့်ချိုးဖြတ်ဖြတ် မချိုးဖြတ်ဖြတ် သူမနှင့် ဘာမှ မဆိုင်ချေ။ သို့သော်ငြား ထိုမျှ အဖိုးတန်လှသော သန့်စင်ရေးအစီအရင်ကို ရန်ကိုင့်ဆီသို့ ငှားပေးလိုက်လေ၏။
ဤ သန့်စင်ရေးအစီအရင်ကိုယ်တိုင်က အလွန်မှ တန်ဖိုးကြီးနေသည့် အတွက်ကြောင့် သူတို့အားလုံး နှမြောတွန့်တိုနေရခြင်းမဟုတ်။ ထို့အစား ထို သန့်စင်ရေးအစီအရင်နှင့် ပတ်သက်သည့် နောက်ကြောင်းကြောင့်သာ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် လင်းယွင်ချင်းတွင် အဆင့်မြင့် သန့်စင်ရေးအစီအရင်တစ်ခု ရှိနေမှန်း သိနေကြသည့်တိုင် မည်သူမှ ထိုအရာကို ထုတ်သုံးကြရအောင်ဟု သူမအား သွားမပြောခဲ့ခြင်း ဖြစ်ပေသည်။ အကုန်လုံးသည် သူတို့၏ သာမန်အဆင့် သန့်စင်ရေးအစီအရင်များကိုသာ အသုံးပြုကြသည်။
“အမိန့်ပေးလိုက်… ငါတို့ ဒီမှာ ခဏလောက် ကျောက်ချကြမယ်…” လင်းယွင်ချင်းသည် သူမလက်ကို ဝှေ့ယမ်း၍ အကုန်လုံးအား အမိန့်ပေးလိုက်လေသည်။
သင်္ဘောသားများသည် တစ်ဦးကိုတစ်ဦး ခဏမျှကြာအောင် ကြည့်နေကြပြီးသည့်နောက် ဘာမျှမပြောတော့ဘဲ အသီးသီး ထွက်သွားကြလေသည်။
“စီနီယာအစ်ကိုကျောက်… အစ်ကိုပြောသွားတဲ့ စီနီယာအစ်ကိုကျိုး ဆိုတဲ့လူက ဘယ်သူလဲ…” လျို့ရှန်းယွင်သည် သူတို့၏နောက်သို့ လိုက်လာရင်းမှ မေးလိုက်လေသည်။
ကျောင်းရီက ပြန်ပြောလိုက်လေ၏။ “သူက အစ်မကြီးရဲ့ လက်တွဲဖော်ပဲ… အစ်မလင်းနဲ့ အစ်ကိုကျိုးတို့ နှစ်ယောက်လုံး ဒီကို အတူတူ ရောက်လာကြတာ… သူကပဲ ငါတို့အားလုံးကို တစ်ဖွဲ့တည်းဖြစ်အောင် စုဝေးပေးခဲ့တာ… ဒါပေမဲ့ ပင်လယ်ထဲကို ထွက်တဲ့ တစ်ခေါက်တုန်းက အစ်ကိုကျိုးက ငါတို့ကို ကာကွယ်ရင်းနဲ့ သားရဲတစ်ကောင် သတ်တာ ခံလိုက်ရတယ်… ဒါပေမဲ့ သူမသေခင် ငါတို့အားလုံးအတွက် သန့်စင်ရေးအစီအရင်တစ်ခုကို ချန်ထားပေးခဲ့တယ်… အဲ့အစီအရင်ကို ဝယ်ဖို့အတွက် သူ့ကိုယ်ပိုင်မှော်ရတနာကိုတောင် ရောင်းပစ်ခဲ့ရတာ…သူ့မှာသာ သူ့ကိုယ်ပိုင်မှော်ရတနာ ရှိနေခဲ့မယ်ဆိုရင် အစ်ကိုကျိုးမသေလောက်ဘူး…”
အတိတ်အကြောင်းများကို ပြောနေစဉ် ကျောင်းရီ၏စိတ်ခံစားချက်များ မငြိမ်မသက် ဖြစ်လာခဲ့လေသည်။ အစ်ကိုကျိုးဆိုသည့်လူသည် သူ့အပေါ် အတော်လေးကိုမှ ဂရုစိုက်ခဲ့သည့်အလား သူသေဆုံးသွားသည့်အကြောင်း ပြောနေရင်း ကျောင်းယီသည် လက်သီးတင်းတင်း ဆုပ်လိုက်လေ၏။
“အစ်ကိုကျိုးက အစ်မလင်းကို ကောင်းကောင်း ဂရုစိုက်ခဲ့တာပဲ…” လျို့ရှန်းယွင်က ရေရွတ်လိုက်လေသည်။ အစ်မလင်းအတွက်နှင့် အစ်ကိုကျိုးသည် သူ၏ကိုယ်ပိုင်မှော်ရတနာကိုပင်လျှင် ရောင်းပစ်ခဲ့လေသည်။ သူ့လုပ်ရပ်သည် အလွန်ကိုမှ တုံးအသော်ငြား မည်သူကများ သူ့ကို သွားဝေဖန်ရဲမည်နည်း။
“အခု အဲ့ သန့်စင်ရေးအစီအရင်က အစ်မလင်းအတွက် ဘယ်လောက်အဖိုးတန်လဲ နင်သိသွားပြီမလား…” ကျောင်းရီက အံကြိတ်၍ ပြောလိုက်လေသည်။ “နင့်စီနီယာအစ်ကိုသာ အဲ့ သန့်စင်ရေးအစီအရင်ကို ထိခိုက်အောင်လုပ်ရင် ငါသူ့ကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး…” ထိုသို့ပြောပြီးသည့်နောက်တွင် ကျောင်းရီက ထပ်၍ ပြောလိုက်လေသည်။ “တောင်းပန်ပါတယ်နော် ခုနတုန်းက ပြောလိုက်မိတဲ့စကားအတွက်… ငါ့စိတ်ကို ငါ ထိန်းလို့ကိုမရဘူး… အခုလိုစကားမျိုးတွေ ငါမပြောလိုက်သင့်တာ… နင့်စီနီယာအစ်ကို အသက်ရှင်လျင် ပြန်လာမယ်မှန်းတောင် ငါတို့ သိရသေးတာမဟုတ်ဘူး…”
“ရပါတယ်…. စီနီယာအစ်ကိုကျောင်း ဘယ်လိုခံစားရလဲ ကျွန်မနားလည်ပါတယ်…” လျို့ရှန်းယွင်က လက်ဝှေ့ယမ်း ပြလိုက်လေသည်။ သူမကိုယ်တိုင်သည်လည်း ရန်ကိုင် သူမအတွက် ပစ္စည်းတစ်ခုခု ချန်ပေးထားခဲ့သည်ဟူသော အကြောင်းကိုလည်း တွေးကြည့်လိုက်မိလေသည်။ ရန်ကိုင် ချန်ထားခဲ့သည့် ပစ္စည်းသည် မည်သို့သော ပစ္စည်းဖြစ်နေပါစေ သူမအနေဖြင့် ထိုပစ္စည်းကို ကျိန်းသေ တန်ဖိုးထားမိပေလိမ့်မည်။