အခန်း (၁၃၁၆-၁၃၂၀)
Vol. 135 Ch. 1316-1320
အပိုင်း (၃၁၁၆)
ဘာသာပြန်သူ_တိမ်တိုက်
လိုဏ်ဂူထဲရှိမြူခိုးများ ရှင်းလင်းသွားချိန်တွင်တော့ လူတိုင်းမှာ လိုဏ်ဂူထဲ၌ ဘာတွေဖြစ်နေသလဲဆိုသည်ကို ပြန်မြင်လာနိုင်ကြလေသည်။
လိုဏ်ဂူအပြင်ဘက်၌ ရှိနေသော ဟန်ကျန်းချန်သည် လိုဏ်ဂူထဲရှိမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေလေ၏။
လက်ရှိအချိန်တွင် တူကိုင်ထားသည့်အကြီးအကဲနှင့် စုယန်တို့မှာ တစ်ဦးနှင့်တစ်ဦး ခြေသုံးလှမ်းအကွာ၌ မျက်နှာချင်းဆိုင်ကာ ရပ်နေကြလေသည်။ သို့သော်ငြား စုယန်၏ ဓါးသည် အကြီးအကဲ၏ရင်ဘတ်အား ထုတ်ချင်းဖောက် စိုက်ဝင်နေခဲ့လေ၏။ ဓါးသွားစိုက်ဝင်နေသည့်နေရာကို ဗဟိုပြုလျက် အအေးဓာတ်တို့သည်လည်း အကြီးအကဲ၏ ခန္ဓာကိုယ်တစ်လျှောက် လျင်မြန်စွာ ပြန့်နှံ့နေခဲ့လေရာ အကြီးအကဲ၏ ခြေလက်များ ခေါင်းများမှာ စတင်၍ အေးခဲလာနေကြရလေသည်။
“နင်…” အကြီးအကဲမှာ ဤနေရာတွင် သူ့အသက်အား ဆုံးရှုံးလိုက်ရသည့်အပေါ် အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ သူ၏ တူရိုက်ချက်မှာ အမှန်တကယ်ကို မဆိုးလှပေ။ ရှင်းရှင်းပြောရသော် စုယန်နှင့် သူသေကိုယ်သေ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်အထိပင်။ သို့သော်ငြား ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ ယာယီမျှ သတိလက်လွတ် ဖြစ်သွားခဲ့ရသည်။ သူအသိပြန်ဝင်လာချိန်တွင်တော့ စုယန်၏ဓါးမှာ သူ့ရင်ဘတ်အား ထုတ်ချင်းပေါက် စိုက်ဝင်နေခဲ့လေပြီ။
စုယန်ကိုယ်တိုင်သည်လည်း လက်ရှိအဖြစ်အပျက်နှင့်ပတ်သက်၍ အံ့အားသင့်နေမိလေသည်။ ဤအကြီးအကဲအား သူမအနေဖြင့် ဤမျှ အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခြင်း မရှိခဲ့ပေ။ သူမ ထင်ထားသည်မှာတော့ အကြီးအကဲနှင့် မီးကုန်ယမ်းကုန် တိုက်ခိုက်ရမည်ဟုသာ ဖြစ်လေသည်။
(ဘာတွေဖြစ်သွားတာလဲ…) သူမစိတ်ထဲ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေခဲ့ရလေသည်။ သို့သော်ငြား ထိုကိစ္စအား တွေးနေရန် အချိန်မရှိသည့်အတွက်ကြောင့် သူမ၏ဓါးထဲသို့ ရေခဲဓာတ်အရှိန်အဝါတို့ကို ထည့်သွင်း၍ အကြီးအကဲအား ရေခဲရုပ်တုအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။ ထို့နောက်တွင် ဓါးကိုဆွဲထုတ်၍ ဝှေ့ယမ်းချလိုက်ရာ အကြီးအကဲ၏ ရေခဲရုပ်တုမှာလည်း မြေပြင်ပေါ်သို့ လဲကျသွားပြီး တစ်စစီ ဖြစ်သွားခဲ့လေသည်။
ထို့နောက်တွင် စုယန်သည် ကျန်ရှိနေသော အကြီးအကဲဘက်သို့လှည့်၍ သူမဓါးကို ဝှေ့ယမ်းချလိုက်ပြန်လေ၏။ လေအဝှေ့နှင့်အတူ အေးစက်စက်အရှိန်အဝါတို့ ထွက်ပေါ်လာခဲ့ပြီး ထိုအရှိန်အဝါတို့သည် နှင်းပွင့်လေးများအသွင်သို့ ပြောင်းကာ အကြီးအကဲအား လွှမ်းခြုံသွားခဲ့လေသည်။
အကြီးအကဲမှာ ယခုအချိန်အထိ အသိပြန်ဝင်မလာနိုင်ခဲ့သေးပေ။ စုယန်၏တိုက်ခိုက်မှုနှင့် ကြုံရသည့်အခါမှသာ ချက်ချင်း အသိပြန်ဝင်လာခဲ့ပြီး အလျင်စလို ပြန်လည်တိုက်ခိုက်ရန် ကြိုးစားတော့လေသည်။ သို့သော်ငြား သူ့တစ်ကိုယ်လုံးကို နှင်းပွင့်လေးများမှ လွှမ်းခြုံနေခဲ့ပြီ ဖြစ်လေရာ အချိန်မီ လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ တူကိုင်ထားသည့်အကြီးအကဲနှင့် အလားတူကံကြမ္မာကို ကြုံလိုက်ရတော့လေသည်။
နှင်းပွင့်များသည် စုယန်၏ အရင်းအမြစ်ချီမှ ဖန်တီးထားခြင်းဖြစ်လေရာ အလွန်ကိုမှ အေးစက်ကာ ပြင်းထန်လှပေသည်။ အလွန်ကိုမှ ပြင်းထန်လှသည့် အအေးဓာတ်အရှိန်အဝါတို့သည် အကြီးအကဲ၏ မွေးညှင်းပေါက်များမှာတစ်ဆင့် သူ့ကိုယ်တွင်းသို့ စိမ့်ဝင်လာခဲ့လေရာ အကြီးအကဲ၏ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရီလာခဲ့ပြီး သူ၏အရင်းအမြစ်ချီကိုလည်း ကောင်းကောင်းမလှည့်ပတ်နိုင် ဖြစ်သွားခဲ့ရလေသည်။ ထိုသို့ဖြစ်လေရာ သူ့အနေဖြင့် စုယန်၏တိုက်ခိုက်မှုကို မည်ကဲ့သို့များ ခုခံနိုင်တော့ပါမည်နည်း။
စုယန်၏ဓါးချက် သူ့ဆီသို့ တိုးဝင်လာနေသည်ကိုမြင်သော်လည်း အကြီးအကဲမှာ သူ့လက်ကိုပင် မမြှောက်နိုင်ခဲ့ပေ။ သူ့မျက်လုံးထဲ နောင်တရနေသည့် တောင်းပန်တိုးလျှိုးနေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ထွက်သွားခဲ့ပြီး သွေးများ ပန်းထွက်လာခဲ့လေသည်။
စုယန်ကမူ သူမဓါးကို လက်ထဲကိုင်စွဲရင်း မျက်မှောင်ကျုံ့၍သာ ရပ်နေခဲ့သည်။ အကြီးအကဲနှစ်ဦးအား သတ်လိုက်နိုင်သည့်အပေါ် သူမစိတ်ထဲ အနည်းငယ်မျှပင် ပျော်ရွှင်နေခြင်းမရှိခဲ့။ သေဘေးမှ ကပ်သီလေး လွတ်မြောက်လာသည့်အတွက်လည်း ပျော်ရွှင်နေခြင်းမရှိခဲ့။ ထို့အစား တစ်ခုခုမှားယွင်းနေသည်ဟုသာ သူမစိတ်ထဲ ခံစားနေခဲ့ရသည်။ တစ်ချိန်တည်းတွင်လည်း သူမ၏ရင်အစုံမှာ စတင်၍ ဂနာမငြိမ် ဖြစ်လာခဲ့လေသည်။
ရုတ်တရက် တစ်ခုခုအား သဘောပေါက်သွားခဲ့ပြီး ချက်ချင်း လိုဏ်ဂူဝင်ပေါက်သို့ လှမ်းကြည့်လိုက်ရာ သူမ၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာတော့လေ၏။
အစောပိုင်းက အကြီးအကဲနှစ်ဦးနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲနေရသည့်အတွက်ကြောင့် တိုက်ပွဲအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားခဲ့လေရာ အခြားအရာများအပေါ် သေချာဂရုမပြုမိခဲ့ပေ။ ယခု တိုက်ပွဲပြီးသွားသည့် အချိန်မှသာလျှင် သူမ၏ဝိဉာဉ် ထူးခြားနေသည်ကို သတိထားမိလိုက်ပြီး သူမစိတ်ထဲ ခံစားနေရသည့် ထူးဆန်းသည့်ခံစားချက်ကိုလည်း သေသေချာချာ အာရုံစိုက်မိသွားတော့သည်။ စုယန်မှာ ပုံမှန်အားဖြင့် အေးစက်စက်မျက်နှာထားဖြင့် အမျိုးသမီးတစ်ဦး ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ သူမ၏မျက်နှာထက် ထွက်ပေါ်လာခဲသော အမျိုးမျိုးသောခံစားချက်များအား ဖုံးကွယ်နိုင်ခဲ့ခြင်း မရှိပေ။ မျှော်လင့်မှု၊ အံ့အားသင့်မှု၊ ကြောက်ရွံ့မှု၊ ပျော်ရွှင်မှု စသဖြင့် အမျိုးမျိုးသော ခံစားချက်များကို သူမမျက်နှာထက် အတိုင်းသား မြင်တွေ့နေရလေသည်။
“အား…” ဟန်ကျန်းချန်မှာ ကြောက်လန့်တကြားဖြင့် နောက်သို့ ဒယီးဒယိုင် ဆုတ်သွားရင်းမှ လက်ကိုဝှေ့ယမ်းလျက် အော်ပြောလိုက်လေသည်။ “ဂျူနီယာညီမ… ကျေးဇူးပြုပြီး ငါ့ကိုမသတ်ပါနဲ့… ဒါ… ဒါ နားလည်မှုလွဲသွားတာပါ…”
အကြီးအကဲနှစ်ဦးလုံးမှာ အသတ်ခံလိုက်ရပြီးဖြစ်လေသည်။ သူကိုယ်တိုင်သာမမြင်လိုက်ရလျှင် လုံးဝကို ယုံနိုင်လိမ့်မည်မဟုတ်ချေ။ ထိုအကြီးအကဲနှစ်ဦးကို အားကိုး၍ စုယန်အား ဖမ်းဆီးနိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ထင်သလိုဖြစ်မလာခဲ့။ ယခုမူ သူ့အစီအစဉ် ကျရှုံးသွားခဲ့ရုံမက သူကိုယ်တိုင်သည်လည်း အသတ်ခံရမည့်အရေးနှင့် ကြုံနေခဲ့ရလေပြီ။
(အမှိုက်ကောင်တွေ… မိန်းမတစ်ယောက်ကိုတောင် မဖမ်းနိုင်ဘဲနဲ့ ပြန်အသတ်ခံလိုက်ရတယ်… အသုံးမကျတဲ့ကောင်တွေ…)
နောက်သို့ဆုတ်နေရင်းမှ ရုတ်တရက် နံရံတစ်ခုခုနှင့် ဝင်ဆောင့်မိလိုက်သည့်အလား နောက်သို့ ဆက်ဆုတ်၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။ ဟန်ကျန်းချန်မှာ အထိတ်ထိတ်အလန့်လန့်ဖြင့် နောက်သို့လှည့်ကြည့်လိုက်လေရာ ချက်ချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေ၏။ “မင်း… မင်း… မင်း ဘာလို့ ဒီကိုရောက်နေရတာလဲ…”
ရန်ကိုင်ဟုခေါ်သောလူငယ်လေးသည် လက်ရှိအချိန်တွင် သူ့နောက်၌ လက်ပိုက်ကာ ရပ်နေခဲ့လေသည်။ ရန်ကိုင် ဤနေရာတွင် မည်သည့်အချိန်တည်းက ရပ်နေလို့ ရပ်နေမှန်း ဟန်ကျန်းချန် မသိပေ။ ရန်ကိုင်အရှိန်အဝါကို သူ့အနေဖြင့် လုံးဝကို ခံစားမိခြင်းမရှိ။ (သူ့ကို ဂိုဏ်းကအကြီးအကဲတွေ ဖမ်းထားပြီမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ…)
သူ့အား သတ်ချင်နေသည့် လူနှစ်ဦးမှာ ရှေ့ရောနောက်တွင်ပါ ရပ်နေသည့်အခါတွင်တော့ ဟန်ကျန်းချန်၏မျက်နှာမှာ စက္ကူဖြူတစ်ရွက်ပမာ ဖြူလျော်နေတော့လေသည်။ ထိုကဲ့သို့ ထိတ်လန့်နေသည့်ကြားမှ ရွမ်ပိတင်အား လှမ်း၍မြင်လိုက်သည့်အခါတွင် ဟန်ကျန်းချန်မှာ ကယ်တင်ရှင်ကိုမြင်လိုက်ရသည့်အလား အလျင်စလို လှမ်းအော်ပြောလိုက်လေ၏။ “အကြီးအကဲရွမ်… ကျုပ်ကိုကယ်ပါဦး…”
ရွမ်ပိတင်ကမူ ဟန်ကျန်းချန်အား အထင်အမြင်တသေးဖြင့်သာ စိုက်ကြည့်ရင်းမှ နှာခေါင်းရှုံ့လိုက်လေသည်။
“နှုတ်ဆက်ပါတယ် သခင်လေး…” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီးသည့်နောက် သူ့လက်ဖြင့် ဟန်ကျန်းချန်၏ ခေါင်းတည့်တည့်အား ရိုက်ချလိုက်လေသည်။ ဟန်ကျန်းချန်မှာတော့ အော်ချိန်ပင် မရလိုက်ဘဲ တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့ရလေ၏။ ရန်ကိုင်မှာ စုယန်နှင့် အတန်ကြာအောင် မတွေ့ခဲ့ရသည့်အတွက်ကြောင့် ဟန်ကျန်းချန်ကဲ့သို့သောအမှိုက်ကောင်ပေါ်တွင် အချိန်ကုန်မခံချင်တော့ပေ။
ထို့နောက် ခေါင်းမော့၍ လိုဏ်ဂူအတွင်းပိုင်းထဲသို့ လှမ်းကြည့်လိုက်လေသည်။ ထိုနေရာတွင် သူ့စိတ်ထဲ အနှစ်နှစ်အလလ တွေ့ချင်နေခဲ့သော ပုံရိပ်လေးတစ်ခု ရှိနေခဲ့လေသည်။ သူ့စိတ်ထဲ ကြိမ်ဖန်များစွာ ထွက်ပေါ်လာခဲ့သော ပုံရိပ်လေးသည် လက်ရှိအချိန်တွင် လိုဏ်ဂူထဲ၌ ရှိနေသည့် ပုံရိပ်လေးနှင့် တစ်သားတည်း ကျသွားခဲ့လေသည်။ သူ့စိတ်ထဲ ထိုသူအား ပြောစရာပေါင်းများစွာ ရှိနေပါသော်ငြား လက်ရှိအချိန်တွင်တော့ မည်သည့်နေရာမှ စပြောလို့ ပြောရမှန်းမသိကို ဖြစ်နေခဲ့လေ၏။
စုယန်ကမူ ရန်ကိုင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
“အဟမ်း….” ရွမ်ပိတင်က ချောင်းဟန့်၍ ပြောလိုက်လေသည်။ “နင်တို့ဘာသာနင်တို့ စကားပြောနှင့်ကြ… ငါ အပြင်ထွက်နေပေးမယ်…”
အရူးတစ်ယောက်သည်ပင်လျှင် ဤနေရာတွင်ရှိနေမည်ဆိုပါက မည်ကဲ့သို့သော အခြေအနေထဲသို့ သူရောက်နေသလဲဆိုသည်ကို သိနေပေလိမ့်မည်။ ထို့အတွက်ကြောင့် ရွမ်ပိတင်မှာတော့ ဤနေရာတွင် ဆက်မနေလိုတော့ပေ။ ထို့အပြင် သူမ၏ဆုံးဖြတ်ချက်ကြောင့် တိမ်တိုက်နီဂိုဏ်း ပျက်စီးသွားရသည့်အပေါ် သူမစိတ်ထဲ အနည်းငယ်တော့ ဝမ်းနည်းမိနေပေသေးသည်။ ယခုဆိုလျှင် သူမအနေဖြင့် မည်သည့်နေရာသို့ သွားလို့သွားရမှန်း သူမ မသိသေးချေ။
အချိန်အတန်ကြာအောင် ခွဲခွာပြီးသည့်နောက်မှသာ ပြန်လည်ဆုံစည်းရခြင်း ဖြစ်သည့်အတွက်ကြောင့် နွေးထွေးသည့် ဆုံတွေ့မှုလေးတစ်ခု ဖြစ်သင့်ပါသော်ငြား မြေပြင်ပေါ်တွင်ရှိနေသော အလောင်းသုံးလောင်းမှာ ပျော်ရွှင်စရာပြန်လည်ဆုံစည်းမှုကို ဖျက်လိုဖျက်ဆီး လုပ်နေခဲ့လေသည်။ သို့သော်ငြား သူတို့သည်သာ အတူရှိနေနိုင်မည်ဆိုလျှင်တော့ ဘာမှကိစ္စမရှိတော့။
“ဘာတွေစောင့်နေတာလဲ… လာခဲ့လေ…” စုယန်သည် ကတုန်ကယင်လေသံဖြင့် ရန်ကိုင်အား လှမ်းခေါ်လိုက်လေသည်။
ယခုမှသာလျှင် အကြီးအကဲနှစ်ဦးအား အလွယ်တကူ သတ်ပစ်နိုင်ခဲ့ရခြင်းမှာ အခြားဘာကြောင့်မှမဟုတ်ဘဲ သူမရှေ့တွင် ရှိနေသော လူငယ်လေးကြောင့်သာဖြစ်မှန်း စုယန် နားလည်သွားရတော့လေသည်။
ရန်ကိုင်သည်လည်း တုံ့ဆိုင်းမနေတော့ဘဲ စုယန်ဆီသို့ လျှောက်သွားလိုက်ပြီး သူမအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။ သူရင်းနှီးနေသည့် ကိုယ်သင်းရနံ့၊ သူရင်းနှီးနေသည့် အထိအတွေ့တို့ကို နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင် ရန်ကိုင် ပြန်လည်ခံစားမိလိုက်ရလေသည်။ သူတို့မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဖြစ်ပါသော်ငြား ရန်ကိုင်မှာမူ စုယန်နှင့်ပတ်သက်သည့် ဘာကိုမှ မေ့လျော့သွားခဲ့ခြင်း မရှိသေးပေ။ စုယန်နှင့် ပြန်လည်ဆုံတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် သူ့စိတ်ထဲ အနှစ်နှစ်အလလ ကိန်းအောင်းနေခဲ့သော မှတ်ဉာဏ်များ တစ်ဖန်ပြန်လည် ထွက်ပေါ်လာတော့လေသည်။
စုယန်သည်လည်း ရန်ကိုင်ပုခုံးပေါ် ခေါင်းတင်ရင်းမှ ရန်ကိုင်အား တင်းတင်းကြပ်ကြပ် ပြန်လည်ပွေ့ဖက်ထားခဲ့လေသည်။
ရန်ကိုင်မှာမူ အတန်ကြာအောင် အသက်မရှူထားရသည့်အလား စုယန်၏ ကိုယ်သင်းရနံ့ကို အမောတကော ရှူရှိုက်နေခဲ့လေသည်။ နာရီဝက်ခန့်ကြာအောင် တစ်ဦးကိုယ်တစ်ဦး ပွေ့ဖက်ထားပြီးသည့်နောက်တွင် စုယန်သည် ရန်ကိုင်၏ကျောပြင်လေးကိုပုတ်လျက် အမေတစ်ဦးမှ သူ့ကလေးအား နှစ်သိမ့်ပေးနေသည့်ပမာ ပြောလိုက်လေ၏။ “တော်လောက်ပြီနော်…”
“မတော်သေးဘူး…” ရန်ကိုင်ကမူ စုယန်အား လွှတ်မပေးချင်သေးပေ။ မကျေနပ်သေးသည့်အလား ရန်ကိုင်မှာ စုယန်အား ပို၍ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ စုယန်နှင့် မျက်နှာချင်းဆိုင်၍ အကြည့်ချင်းဆုံသွားသည့်နောက်တွင် သူ့ခေါင်းကိုငုံ့ကာ စုယန်၏နှုတ်ခမ်းများအပေါ် အနမ်းခြွေလိုက်လေသည်။
သူမ၏စိတ်နေစရိုက်ကဲ့သို့ပင် စုယန်၏နှုတ်ခမ်းများမှာ အေးစက်စက်ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုအေးစက်စက်ခံစားချက်ကို ဂရုစိုက်မနေခဲ့ပေ။ စုယန်၏နှုတ်ခမ်းကိုသာ အရူးအမူး နမ်းရှိုက်နေခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့လျှာကို စုယန်၏ပါးစပ်ထဲသို့ ထိုးသွင်း၍ စုယန်၏အထိအတွေ့ကို အသေအချာ ခံစားတော့လေသည်။ အစပိုင်းတွင်တော့ စုယန်မှာ တောင့်တောင့်ကြီးကို ဖြစ်နေခဲ့လေသည်။ မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် ရန်ကိုင်နှင့် ယခုကဲ့သို့ ထိတွေ့ဆက်ဆံရသည့်အပေါ် အနည်းငယ်အသားမကျသလို ဖြစ်နေခဲ့သည်။ သို့သော်ငြား တစ်ခဏမျှ ကြာပြီးသည့်နောက် အသားကျသွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်မှာလည်း စတင်၍ ပျော့ပျောင်းလာခဲ့ကာ ရန်ကိုင်၏လည်ပင်းအား လက်နှစ်ဖက်ဖြင့် ဖက်ရင်း ရန်ကိုင်ပြုမူသည့်အပေါ် အလိုက်သင့် တုံ့ပြန်ပေးလိုက်လေသည်။
နှစ်ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး တရှိုက်မက်မက် နမ်းရှိုက်နေခဲ့ကြသည်။ မြေပြင်ပေါ်ရှိ အလောင်းများနှင့် ဆိုးရွားလှသည့်ပတ်ဝန်းကျင်ကြောင့်သာမဟုတ်လျှင် ဤမြင်ကွင်းသည် အလွန်ကိုမှ ရင်သက်ရှုမောဖွယ်ရာ ကောင်းလှပေလိမ့်မည်။
ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် နမ်းရသည်နှင့်ပင် မကျေနပ်နိုင်တော့သည့်အလား သူ့လက်အား စုယန်၏ ခန္ဓာကိုယ်တစ်လျှောက် ရွေ့လျားရင်းမှ သူမ၏ မို့မောက်မောက် တောင်အစုံကို ဆွဲညှစ်လိုက်လေသည်။ သူ့လက်ထဲရှိ ပျော့အိအိခံစားချက်ကို ခံစားမိလိုက်သော် ရန်ကိုင်သည် စိတ်ထဲရှိသည့်အတိုင်း စတင်၍ ပွတ်သပ်ဆုပ်နယ်တော့လေသည်။
စုယန်သည် လက်သီးလေးကို တင်းတင်းဆုပ်ထားရင်းမှ ရန်ကိုင်၏ပုခုံးများကို ထုရိုက်လိုက်ပါသော်ငြား သူမ၏လုပ်ပုံသည် ရန်ကိုင်၏လုပ်ရပ်ကို တားဆီးနိုင်ခြင်း မရှိရုံမက ရန်ကိုင်၏ အရိုင်းဆန်သည့်သဘာဝကို လှုံ့ဆော်ပေးလိုက်သလိုပင် ဖြစ်သွားခဲ့လေသည်။
လက်သီးအလုပ်မဖြစ်သော် စုယန်မှာ စိတ်ကိုတင်း၍ ရန်ကိုင်၏နှုတ်ခမ်းကို ကိုက်ချလိုက်သည်။ သို့သော်ငြား ရန်ကိုင်ကမူ အနည်းငယ်မျှပင် လက်မလျှော့ခဲ့။
“အတင်းမလုပ်နဲ့လေ…” စုယန်က ခက်ခက်ခဲခဲဖြင့် ပြောလိုက်လေသည်။ သို့သော်ငြား ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် သူမ၏လျှာမှာ ရန်ကိုင်၏ပါးစပ်ထဲသို့ ရောက်သွားရတော့လေသည်။
ရုတ်တရက် ရန်ကိုင်၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့လေသည်။ အကြောင်းမှာ ရန်ကိုင် အစောပိုင်းက ယစ်မူးဖွယ်ရာ မခံစားရတော့သည့် အတွက်ကြောင့်ပင်။ ယခင်ခံစားနေရသည့် နွေးထွေးထွေးနှင့် ပျော့အိအိခံစားချက်မှာ ရုတ်တရက်ဆိုသလို အေးစက်လာခဲ့ကာ သူ့စိတ်ထဲ ရေခဲတုံးများကို ကိုင်ထားရသလို ခံစားလာခဲ့ရသည်။ သူမ၏ခန္ဓာကိုယ်သာလျှင်မဟုတ် သူ့ပါးစပ်ထဲမှ အထိအတွေ့မှာလည်း ခြောက်ခြားဖွယ်ရာကောင်းစွာကို အေးစက်လာတော့လေသည်။ မသိလျှင် သူ့ခမျာ ရေခဲတုံးတစ်တုံးအား ပွေ့ဖက်ထားရသည့်ပမာ။
ထို့အတွက်ကြောင့် ရန်ကိုင်လည်း စုယန်ဆီမှ လူချင်းခွာ၍ အထိတ်အလန့်အမူအယာဖြင့် မေးလိုက်လေ၏။ “စီနီယာအစ်မ… နင် ဘာလုပ်နေတာလဲ…”
လက်ရှိအချိန်တွင် စုယန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲဓါးဖြင့် ထွင်းထုထားသည့်အလား သလင်းကျောက်တစ်တုံးပမာ ဖြစ်နေခဲ့လေသည်။ သူမကိုယ်ထက် မည်သည့်အသွေးအသားကိုမှ မတွေ့ရ။ အသိစိတ်ရှိနေသေးသော သူမ၏မျက်လုံးများကြောင့်သာ မဟုတ်ပါက လူတိုင်းသည် သူမအား ရေခဲရုပ်တုတစ်ခုနှင့် အထင်မှားသွားနိုင်ပေသည်။
“ငါ့ဆရာ အပြင်မှာ ရှိနေသေးတယ်လေ…” စုယန်သည် ရန်ကိုင်၏နဖူးအား လက်ညှိုးဖြင့် ကောက်တောက်လိုက်လေသည်။
သူမစိတ်ထဲ နှစ်ပေါင်းများစွာကြာအောင် မတွေ့ရခဲ့သည့်နောက် ရန်ကိုင်နှင့် ပြန်တွေ့ရသည့်အပေါ် အလွန်ကိုမှ ဝမ်းသာနေမိပါသော်ငြား အဆုံးတွင်တော့ သူမသည် ရှက်တတ်သည့် အမျိုးသမီးတစ်ဦး ဖြစ်နေဆဲ။ ထို့အပြင် သူမ၏ဆရာရွမ်ပိတင်မှာ လိုဏ်ဂူအပြင်ဘက်တွင် စောင့်နေလေရာ သူမတို့အနေဖြင့် ယခုကဲ့သို့လုပ်၍ အဆင်ပြေပါမည်လော။
ရန်ကိုင်သည် စုယန်၏လက်ချောင်းလေးကို လှမ်းဖမ်းလိုက်ရင်းမှ ပြန်မေးလိုက်လေသည်။ “ဒါ ရေခဲသလင်းကျောက်စိမ်းခန္ဓာကိုယ်လား…”
စုယန်သည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် သူမ၏လက်ကို ပြန်ဆွဲယူ၍ ကောင်းကင်စိတ်အာရုံကိုလှည့်ပတ်ကာ မူလအသွင်သို့ ပြန်ပြောင်းလိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်အား တွန်းဖယ်၍ ပြောလိုက်လေ၏။ “မလှုပ်နဲ့… ငါ နင့်ကို တစ်ချက်ကြည့်ကြည့်ဦးမယ်…”
ရန်ကိုင်ကမူ ပြုံးသာ ပြုံးနေခဲ့သည်။
ရန်ကိုင်အား သေသေချာချာ စစ်ဆေးပြီးသည့်နောက် စုယန် စိတ်သက်သာရာ ရသွားခဲ့လေသည်။ အပြင်လောကကြီးထဲ တစ်ကိုယ်တည်း နှစ်ပေါင်းများစွာ ခရီးထွက်နေခဲ့သည့်တိုင် ရန်ကိုင်မှာ မည်သည့်ဒဏ်ရာမှ ရထားခြင်း မရှိခဲ့။ ရန်ကိုင်၏ကျင့်ကြံခြင်းမှာ သူ့လုံခြုံရေးလောက် အရေးကြီးခြင်းမရှိပေ။
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ငါ ဒဏ်ရာရထားတယ်…”
စုယန် အံ့အားသင့်သွားခဲ့လေသည်။ “ဘယ်နေရာမှာလဲ…”
ရန်ကိုင်ကမူ နာကျင်နေချင်ယောင်ဆောင်လျက် ရှင်းပြလိုက်သည်။ “ဘယ်နေရာမှာလဲတော့မသိဘူး… စီနီယာအစ်မ ငါ့ကို သေချာစစ်ဆေးပေးလို့ရမလား… အခု တစ်ကိုယ်လုံး နာနေသလိုပဲ… မသိရင် သေတော့မလိုတောင် ခံစားနေရတယ်…”
“ဘယ်အပိုင်းက နာနေတာလဲ…” စုယန်၏အမူအယာ ပြောင်းလဲသွားတော့လေသည်။
ထိုသို့ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်သည် စုယန်၏ခါးကို ပွေ့ဖက်လိုက်ပြီးသည့်နောက် ပြုံးဖြီးလျက် ပြောလိုက်လေသည်။ “ဒီနေရာက စစ်ဆေးလို့ကောင်းတဲ့နေရာမဟုတ်ဘူး… အခြားတစ်နေရာဆီ သွားရအောင်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်တို့နှစ်ဦးစလုံး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
လောကဓာတ်လုံးထဲရှိ ဆေးဥယျာဉ်အနီးအနားတွင် ရန်ကိုင်သည် သူ့အဝတ်အစားများကို အလျင်အမြန် ချွတ်လိုက်လေသည်။ ထို့နောက်တွင် စုယန်၏လက်ကိုကိုင်၍ သူ့ရင်ဘတ်ပေါ်တင်ကာ ပြောလိုက်လေသည်။ “စီနီယာအစ်မ… ကျေးဇူးပြုပြီးတော့ သေသေချာချာ စစ်ဆေးပေးနော်… အခု ငါ့နှလုံးသားက တဒုန်းဒုန်း ခုန်နေပြီ…”
စုယန်မှာ ရှက်ကိုးရှက်ကန်းဖြင့် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက်တွင် ခေါင်းကိုငုံ့၍ အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။ “အဆင်ပြေနေတာပဲကို… ဘာဒဏ်ရာမှမှ မရထားတာ…” ယခုမူ ရန်ကိုင်ဟန်ဆောင်နေခြင်းသက်သက်သာ ဖြစ်မှန်း စုယန် နားလည်သွားခဲ့လေပြီ။ ထို့အပြင် သူမဘက်မှ အကြီးအကဲနှစ်ဦးအား အလွယ်တကူသတ်နိုင်အောင် ရန်ကိုင်မှ မည်သူမျှ သတိမထားမိဘဲ ကူညီပေးခဲ့နိုင်သည်ကို ကြည့်ပါက ရန်ကိုင်၏ခွန်အားမှာ လုံးဝကို မယုံကြည်နိုင်စရာအဆင့်တစ်ခုသို့ ရောက်နေရပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် အလွယ်တကူ ဒဏ်ရာရစရာအကြောင်း မရှိချေ။
စုယန်၏ရှက်သွေးဖြာနေသည့်မျက်နှာလေးကိုကြည့်ရင်း ရန်ကိုင်မှာ တံတွေးတစ်လုပ် မျိုချမိလိုက်သည်။ ထို့နောက် သူမနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်လေသည်။ “စီနီယာအစ်မကိုလည်း ငါ တစ်ချက်စစ်ဆေးကြည့်မယ်နော်…”
“ငါ.. ငါ အဆင်ပြေတယ်…” စုယန် ချက်ချင်း အကြည့်လွှဲသွားခဲ့သည်။
“မစစ်ဆေးရသေးပဲနဲ့ ဘယ်လိုလုပ်ပြီး သိမှာလဲ… အခုလေးတင် အဆင့်တူကျင့်ကြံသူနှစ်ယောက်ကို တိုက်ခိုက်ထားရတာ… အတွင်းဒဏ်ရာတစ်ခုခု ရမထားဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ…” ပြောပြီးသည့်နောက် ရန်ကိုင် စတင်လှုပ်ရှားတော့လေသည်။ စုယန်၏ အဖြူရောင်ဝတ်ရုံမှာ ရန်ကိုင်၏ အကြမ်းပတမ်းလှုပ်ရှားများကို တောင့်ခံထားနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ တစ်ခဏအကြာ၌ ကျွတ်ကျသွားကုန်လေသည်။
အမို့အမောက်အရှိက်အဝန်းများဖြင့် ပြည့်စုံလှသော စုယန်၏ နှင်းဖြူရောင်ခန္ဓာကိုယ်လေးကို မြင်လိုက်သော် ရန်ကိုင်မှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ စုယန်ဆီသို့ ခုန်ဝင်သွားတော့လေသည်။ စုယန်၏ခန္ဓာကိုယ်မှာလည်း နတ်ပူးသည့်ပမာ တဆတ်ဆတ်ကို တုန်ရီနေခဲ့ပြီး အတတ်နိုင်ဆုံး အသံကျယ်ကျယ်မအော်မိအောင်လည်း ထိန်းနေခဲ့ရလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၁၇)
ဘာသာပြန်သူ_တိမ်တိုက်
မိုးခေါင်ပြီးသကာလ အချိန်ကိုက် မိုးစက်တို့ ရောက်ရှိလာသည့်ပမာ ညှိုးလျော်ခြောက်သွေ့နေသည့်သစ်ပင်များ ပြန်လည်ဝေဆာလာခဲ့ပြီး ပန်းပွင့်များဟာလည်း ဝေဝေဆာဆာ စတင်ဖူးပွင့်လာကြတော့သည်။
စုယန်၏ အဖြူရောင်အဝတ်အစားတို့မှာ ပြန်ဝတ်လိုက် ပြန်ကျွတ်သွားလိုက် ပြန်ဝတ်လိုက် ပြန်ကျွတ်သွားလိုက်ဖြင့် ထပ်တလဲလဲကို သံသရာလည်နေတော့လေသည်။
စုယန်မှာ သူမကိုယ်သူမ မည်သို့ပင် ထိန်းနေစေကာမူ ရန်ကိုင်၏ အရိုင်းဆန်သည့် ချဉ်းကပ်မှုကို ခုခံနိုင်ခြင်းမရှိခဲ့။ ပူလောင်ပြင်းပြလွန်းလှသည့် ရန်ကိုင်၏ တဏှာမီးတောက်တို့မှာ သူမ၏ ရေခဲသလင်းကျောက်စိမ်းခန္ဓာကိုယ်ကိုပင်လျှင် အရည်ပျော်ကျသွားစေနိုင်သည့်အလား။ စုယန်မှာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ဘဲ မြေပြင်ပေါ် မလှုပ်မယှက် လှဲလျောင်းနေခဲ့လေသည်။ သူမ၏ ဖြူလွလွခန္ဓာကိုယ်လေးထက်တွင်လည်း တစ်ဦးနှင့်တစ်ဦး ချစ်ကျွမ်းဝင်ရာမှ ကျန်ရစ်ခဲ့သော အမှတ်အသားပေါင်းများစွာ ရှိနေခဲ့လေသည်။
နှစ်ဦးစလုံးသည် တစ်ရက်လုံးလုံး ချစ်ကြည်နူးခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ ရန်ကိုင်သည် အဝတ်ဗလာဖြင့် စုယန်၏ရင်ဘတ်ပေါ် ခေါင်းတင်ကာ လှဲလျောင်းနေခဲ့သည်။
အသိစိတ်လွတ်ချင်သလိုဖြစ်နေသော စုယန်၏မျက်လုံးများမှာ တဖြည်းဖြည်းနှင့် ပြန်လည်တောက်ပလာခဲ့ပြီးသည့်နောက် ရန်ကိုင်၏ခေါင်းကိုပုတ်၍ မေးလိုက်သည်။ “နင်ပြီးပြီလား…”
စုယန်မှာ ဆက်၍ တောင့်မခံနိုင်တော့ပေ။ သူမ၏ရင်ခွင်ထဲတွင် ရှိနေသော လူသည် နှစ်ပေါင်းများစွာ မြိုသိပ်ထားခဲ့ရသည်များကို တစ်ခါတည်း ဖွင့်ထုတ်ပစ်ချင်နေသည့်အလား။ ထို့အတွက်ကြောင့် စုယန်ကိုယ်တိုင်မှာလည်း ဝမ်းသာမိရလေသည်။ သူမ၏ နှလုံးသားလေးမှာ နှစ်ပေါင်းများစွာကြာအောင် ငြိမ်သက်နေခဲ့ရပါသော်ငြား ယခုအချိန်တွင်တော့ ကန်ရေပြင်ထဲသို့ ခဲတစ်လုံးကျသွားသည့်ပမာ လှိုင်းထန်နေခဲ့ရလေသည်။
ရန်ကိုင်သည် သူမကိုယ်ထက်တွင် လှဲနေရင်းမှ ဘာမှန်းမသိသော စကားများကို ရေရွတ်နေခဲ့လေ၏။
စုယန်ကမူ ယဲ့ယဲ့လေးပြုံးရင်းမှ ကလေးတစ်ယောက်ကို ချော့သိပ်နေသည့်ပမာ ရန်ကိုင်၏ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးနေခဲ့သည်။ ရုတ်တရက် စုယန်က ပြောလိုက်လေ၏။ “ဒီတစ်လောအတွင်း နင့်အတွက် အရမ်းခက်ခဲခဲ့မှာပေါ့ ဟုတ်တယ်မလား…”
ကြယ်စီရင်စုကြီးထဲမှ ထွက်သွားစဉ်က ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပေသေးသည်။ သို့ရာတွင် လက်ရှိ ရန်ကိုင် မည်သည့်အဆင့်သို့ ရောက်နေသလဲဆိုသည်ကိုတော့ စုယန် မပြောနိုင်တော့ပေ။ ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင်၏ လက်ရှိအဆင့်သည် တာအိုသခင်တတိယအဆင့်ထက်တော့ ပိုမြင့်နေရပေလိမ့်မည်။
ထိုအဆင့်သို့ ရောက်ဖို့ရာ ရန်ကိုင်အနေဖြင့် အခက်အခဲပေါင်းစုံနှင့်လည်း ကြုံခဲ့ရပေလိမ့်မည်။
ထိုနှစ်များအတွင်း သူမသည် ရန်ကိုင်၏ဘေးတွင် မရပ်ပေးနိုင်ခဲ့ပါသော်ငြား ရန်ကိုင် မည်ကဲ့သို့သော အခက်အခဲများကို ကြုံခဲ့ရပြီး မည်ကဲ့သို့သော နာကျင်မှုမျိုးကို ခံစားခဲ့ရမည်မှန်းတော့ ခန့်မှန်းကြည့်နိုင်ပေသည်။ ထိုအချက်များကို စဉ်းစားမိလိုက်သည့်အခိုက် သူမစိတ်ထဲ ရန်ကိုင်အပေါ် အမှန်တကယ်ကို စိတ်မကောင်းဖြစ်မိသွားခဲ့သည်။ (သူ အဲ့လိုတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ သူ့ဘေးမှာ ဘယ်သူကများ ရှိနေနိုင်မှာလဲ…)
“ငါအဆင်ပြေတယ်…” ရန်ကိုင်က ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး လက်ထောက်ကာ စုယန်အား စိုက်ကြည့်နေခဲ့လေသည်။ စုယန်အား အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် စုယန်၏ရင်အစုံကို သူလက်ဖြင့် စတင်ဆော့ကစားတော့လေသည်။ ထို့နောက် “နောက်ကျသွားလို့ တောင်းပန်ပါတယ်…”
စုယန်ကမူ ရန်ကိုင်၏မျက်နှာလေးကို ပွတ်ပေးရင်းမှ ပြန်ပြောလိုက်သည်။ “နင်က တကယ့်ကို အရူးပဲ…”
ရန်ကိုင် ကြောင်သွားလေသည်။ “ငါက အရူး…”
စုယန်သည် သူမ၏ပါးစပ်ကလေးကို လက်ဖြင့် အုပ်ရင်းမှ တခစ်ခစ် ရယ်သွမ်းသွေးလျက် “ဟုတ်တယ်… နင်က ငါမြင်ဖူးတဲ့ အရူးဆုံးလူပဲ…”
“ဘာလို့ ရူးရမှာလဲ…” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။
ထိုသို့ပင်ဖြစ်လင့်ကစား စုယန်မှာမူ ဘာမျှပြန်မပြောခဲ့ဘဲ ပြုံးသာ ပြုံးနေခဲ့လေသည်။
ရန်ကိုင်သည် ဒေါသထွက်ချင်ယောင်ဆောင်လျက် ပြန်ပြောလိုက်လေသည်။ “ငါ့ကိုစရဲတယ်ပေါ့…”
ထို့နောက် စုယန်အား ကလိထိုးလိုက်လေရာ စုယန်မှာ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့အောင် ဖြစ်သွားခဲ့ရလေသည်။ ထို့နောက်တွင် ရန်ကိုင်သည် လုပ်လက်စအလုပ်ကိုရပ်၍ ပြောလိုက်လေသည်။ “ငါက အရူးဆိုရင် နင်တို့အားလုံးက အရူးရဲ့မိန်းမတွေပေါ့…”
ထိုသို့ပြောပြီးသည့်နောက် စုယန်၏ ရင်ဘတ်နေရာရှိ ချယ်ရီဖူးလေးကို ကောက်နမ်းလိုက်တော့လေသည်။ ထို့နောက်တွင် ဤလောကကြီးထဲရှိ အရသာအရှိဆုံးသော အစားအသောက်တစ်ခုကို မြည်းစမ်းနေသည့်ပမာ မြိန်ရေယှက်ရေ အရသာခံတော့လေသည်။
စုယန်သည် နှုတ်ခမ်းလေးကို တင်းတင်းကိုက်ရင်းမှ ခြေထောက်နှစ်ချောင်းအား အလိုလိုပူးကပ်မိလိုက်သည်။ ထို့နောက် ရန်ကိုင်၏ခေါင်းကို လက်နှစ်ဖက်ဖြင့်ကိုင်၍ သူမရှေ့တည့်တည့်သို့ ဆွဲယူလိုက်လေသည်။
“ဘာဖြစ်လို့လဲ… ငါ နင့်ကို နာအောင်လုပ်မိလိုက်လို့လား…”
“နောက်တစ်ကြိမ် ထပ်လုပ်လိုက်ရအောင်…” ထိုသို့ပြောပြီးသည့်နောက် စုယန်မှာ ရန်ကိုင်နှင့် အကြည့်ချင်းဆုံဖို့ရာ အလွန်ကိုမှရှက်နေသည့်အလား ချက်ချင်း အကြည့်လွှဲသွားခဲ့လေသည်။
ရန်ကိုင်၏အကြည့်များမှာမူ သားကောင်ကိုမြင်လိုက်ရသည့် မုဆိုးတစ်ယောက်ပမာ အရောင်တလက်လက် တောက်ပလာတော့လေသည်။ ခွင့်ပြုချက်ရလိုက်သည်နှင့်တစ်ပြိုင်နက် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပဲ လုပ်ချင်နေသည်ကို ဒုန်းစိုင်းလုပ်တော့လေသည်။
“ငါ အဝတ်ပြန်ဝတ်တော့မယ်… တော်တော့..” စုယန်မှာ အတော်လေးကိုမှ အားကုန်နေသည့်အလား ရန်ကိုင်အား အသနားခံသည့်အမူအယာဖြင့် ကြည့်လိုက်လေသည်။
(ဒီတိုင်းဆက်သွားနေလို့တော့ မရဘူး… ငါသာ အဝတ်ပြန်မဝတ်လို့ရှိရင် ဒီမှာတင် သေသွားလိမ့်မယ်… ပြီးတော့ ဆရာ့ကို နှစ်ရက်လောက်စောင့်ခိုင်းထားတာတောင် အားနာဖို့ကောင်းနေပြီ…) ရွမ်ပိတင်နှင့် သွားပြန်တွေ့ရတော့မည့်အကြောင်း စဉ်းစားမိလိုက်သော် စုယန် ရှက်သွေးဖြာသွားတော့လေသည်။
ရန်ကိုင်ကမူ ပြုံးဖြီးလျက် “ဘာတွေအလျင်လိုနေတာလဲ… ငါမှမပြီးသေးတဲ့ဟာကို…”
စုယန်သည် ရန်ကိုင်၏ခေါင်းကို လက်ဖြင့်ကောက်ထုလိုက်ရင်းမှ ပြောလိုက်သည်။ “မဆိုးနဲ့…”
ရန်ကိုင်က ချက်ချင်းပဲ ခေါင်းညိတ်၍ “ကောင်းပါပြီ သခင်မ…”
စုယန်က ဆက်ပြောလိုက်သည်။ “နောက်ပိုင်းလည်း အချိန်တွေအများကြီးပဲ ရသေးတာကို… ဘာဖြစ်လို့ ဒီလောက်တောင် လောဘကြီးနေရတာလဲ…”
“ဒါပေမယ့် အခုထိ တစ်ခါမှ အတူတူ မကျင့်ကြံရသေးဘူးလေ…”
ရန်ကိုင်နှင့်စုယန်တို့မှာ သူတို့၏ရင်ထဲ မျိုသိပ်ထားခဲ့ရသည်များကို ဖြည့်ဆည်းပေးရင်းဖြင့်သာ လွန်ခဲ့သည့်နှစ်ရက်လုံးလုံးကို အချိန်ဖြုန်းခဲ့သည်။ ထိုရက်များအတွင်း ယင်ယန်ပေါင်းစည်းခြင်းပညာရပ်ကိုပင် မကျင့်ကြံဖြစ်လိုက်။
“နောက်မှပဲကျင့်ကြံကြမယ်လေ…” စုယန်က တောင်းဆိုလိုက်သည်။
“မရဘူး…” ရန်ကိုင်ကမူ ခေါင်းသာ ခါနေခဲ့သည်။
စုယန်က ချက်ချင်းပဲ မျက်နှာသေဖြင့် ခြိမ်းခြောက်လိုက်လေ၏။ “ဒါဆို ငါ ဒေါသထွက်မိတော့မှာနော်…”
ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါဘာတွေကြုံခဲ့ရလဲဆိုတာကို ပြောပြချင်လို့… နင် နားမထောင်ချင်ဘူးလား…”
ထိုစကားကိုကြားသော် စုယန် တုံ့ဆိုင်းမိသွားခဲ့လေသည်။ သူမကိုယ်တိုင်သည်လည်း လွန်ခဲ့သည့်နှစ်များအတွင်း ရန်ကိုင် မည်ကဲ့သို့သောအဖြစ်အပျက်များနှင့် ကြုံခဲ့ရသလဲဆိုသည်ကို သိချင်မိပေသည်။ တကယ့်တကယ်ဆိုလျှင် ရန်ကိုင်နှင့် ပြန်တွေ့ပြီးသည့်နောက် ထိုအကြောင်းကို ကိုယ်တိုင်မေးမြန်းလိုခြင်း ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ သူမအား အခွင့်အရေး မပေးခဲ့ပေ။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် စုယန်က ပြောလိုက်သည်။ “ကောင်းပြီလေ… ဒါပေမယ့် တိုတိုတုတ်တုတ်ပဲနော်…”
“ရတယ်…” စုယန်အား ထူမပေးလိုက်ပြီးသည့်နောက် ရန်ကိုင်သည် တင်ပလင်ခွေထိုင်၍ ပြုံးဖြီးကာ ပြောလိုက်လေသည်။ “အတူတူကျင့်ကြံရင်းနဲ့ ပြောကြတာပေါ့…”
“ဟင်း…” ကူကယ်ရာမဲ့နေဟန်ဖြင့် စုယန်လည်း ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူမ၏ဆံပင်ကို ထုံးနှောင်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်၏ပေါင်ပေါ်၌ သွားထိုင်လေသည်။
လွန်ခဲ့သည့်နှစ်များအတွင်း ရန်ကိုင်ကြုံခဲ့ရသည့်များမှာ တိုတိုတုတ်တုတ်နှင့် ပြော၍ရသည့်အရာများမဟုတ်။ ဆေးဥယျာဉ်ဘေးနားဝယ် အမျိုးသားနှင့် အမျိုးသမီးတို့သည် ခံစားချက်များကို ရှေ့တန်းတင်ရင်းမှ သံပြိုင် အော်ငြီးနေခဲ့ကြလေသည်။
အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးနေခဲ့ပြီး ရန်ကိုင်မှာ သူကြုံခဲ့ရသည့် အကြောင်းအရာများကို ပြန်လည်ပြောပြနေခဲ့သည်။ ကြယ်တာရာအစုအဝေးသို့ ရန်ကိုင်ရောက်လာပြီးသည့်နောက်ပိုင်း ကိစ္စရပ်ပေါင်းများစွာ ဖြစ်ပျက်သွားခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အရေးကြီးဆုံးသော ကိစ္စများကိုသာ ပြောပြခဲ့ပြီး သူ အန္တရာယ်နှင့် ကြုံခဲ့ရသည်များကိုတော့ ဖယ်ထားခဲ့လေသည်။ စုယန်ကမူ ရန်ကိုင်ပြောပြသည်ကို နားထောင်နေရင်းမှ မကြာမကြာ ပြန်ပြန်၍ မေးခွန်းများ မေးတတ်ပေသည်။
အချိန်အတန်ကြာသွားပြီးသည့်နောက် ရန်ကိုင်မှာ သူ့ဇာတ်လမ်းအား ရှင်းပြလို့ ပြီးသွားခဲ့လေပြီ။
“စီနီယာအစ်မ… နင်ရော… နင်ရော ဘယ်လိုလုပ်ပြီး ဒီမူလကုန်းမြေဆီ ရောက်လာတာလဲ…”
စုယန်က ပြန်ပြောလိုက်သည်။ “အခွင့်အလမ်းတစ်ခုလို့ပဲ ပြောရမှာပေါ့…”
တကယ့်တကယ်ဆိုလျှင်တော့ စုယန် ဤနေရာသို့ ရောက်လာသည်မှာ အမှန်တကယ်ကို ထူးဆန်းလှပေသည်။ ဟုန်းလော့ကြယ်စီရင်စုကြီးသည် ချိတ်ပိတ်ထားခံရသည့် နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အဖို့ ကြယ်တာရာအစုအဝေးသို့ လာနိုင်ဖို့ရာပင် ယန်ယန်မှ ချန်ထားရစ်ခဲ့သော ကြယ်ဧကရာဇ်တံဆိပ်များကို အားကိုးခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်ထွက်သွားပြီး ငါးနှစ်ခန့်အကြာ၌ ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ ဟင်းလင်းပြင်တစ်နေရာသည် ပြိုကျတော့မည့်အလား ပုံမှန်မဟုတ်သည့်လက္ခဏာများ ပြလာခဲ့လေသည်။
ထိုနေရာမှာ အရိပ်ကြယ်မှ သိပ်မဝေးလှ။ ထို့အတွက်ကြောင့် ထိုသတင်းကိုကြားလိုက်ချိန် စုယန်သည် လူအချို့ကိုခေါ်ကာ ထိုနေရာအား သွားရောက်စစ်ဆေးကြည့်လေသည်။ သို့သော်ငြား ထိုနေရာ၌ ဘာတွေဖြစ်လို့ ဖြစ်နေသလဲဆိုသည်ကို မရှာတွေ့သေးခင်မှာပင် မူလကုန်းမြေကြီးထဲသို့ ရုတ်တရက် ရောက်လာခဲ့သည်။ ထို့နောက် တိမ်တိုက်နီဂိုဏ်းထဲသို့ ဝင်လိုက်လေ၏။ ထို့အတွက်ကြောင့် ရှင်းရှင်းပြောရသော် စုယန်မှာ သူမ ဤမူလကုန်းမြေကြီးဆီသို့ မည်ကဲ့သို့ ရောက်လာလို့ ရောက်လာသလဲဆိုသည်ကိုပင် မသိလိုက်ပေ။
ဂိုဏ်းထဲသို့ ဝင်ပြီးသည့်နောက်တွင်တော့ စုယန်၏ဘဝမှာ အတော်လေးကိုမှ ရိုးရှင်းသွားခဲ့လေသည်။ ရွမ်ပိတင်၏ မျက်နှာသာပေးခြင်းခံရပြီး ရွမ်ပိတင်၏တပည့် ဖြစ်လာခဲ့ကာ သူမ၏ ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသည်။ သို့သော်ငြား ဟန်ကျန်းချန်၏ အဆက်မပြတ်နှောင့်ယှက်မှုများအပေါ် ငြင်းဆန်နေခဲ့သည့်အတွက်ကြောင့် မီးတိမ်တိုက်သတ္တုကြောကို စောင့်ကြပ်ရန်အတွက် အမိန့်ပေးခြင်းခံခဲ့ရပြီး လွန်ခဲ့သည့်ဆယ်နှစ်လုံးလုံး ဤနေရာတွင် နေနေခဲ့ခြင်း ဖြစ်လေသည်။
စုယန်ရှင်းပြသွားသည်ကိုကြားသော် ရန်ကိုင်မှာ ဒေါသပြန်ထွက်လာခဲ့လေသည်။ သူ့စိတ်ထဲ ဟန်ကျန်းချန်အား အလွယ်တကူ သေခွင့်ပေးလိုက်မိသည့်အပေါ်ပင် နောင်တရချင်သလို ဖြစ်နေခဲ့လေသည်။
“အကြီးအကဲရွမ်… တိမ်တိုက်နီဂိုဏ်းက ပျက်စီးသွားပြီ… ကျုပ်တို့ အခု ဘာလုပ်ကြမှာလဲ…” သတ္တုတွင်းနှင့် သက်ဆိုင်သည့် ကိစ္စများကို တာဝန်ယူထားသော မီးတိမ်တိုက်သတ္တုကြောထဲတွင် ရှိနေသည့် တပည့်များမှာ ရွမ်ပိတင်အား လာရောက်မေးမြန်းကြလေသည်။
သူတို့ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများအားလုံး အသက် ခုနှစ်နှစ် ရှစ်နှစ်ခန့်လောက်သာ ရှိသေးသော ကလေးမတစ်ဦး၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည့်အကြောင်းနှင့် ထိုကိစ္စသည် စုယန်နှင့် ပတ်သက်နေသည်ဟူသော အကြောင်းကို ထိုလူများ သတင်းရခဲ့ကြသည်။
ဂိုဏ်းချုပ်နှင့် အကြီးအကဲများ သေသွားခြင်းသည် တိမ်တိုက်နီဂိုဏ်းပျက်စီးသွားပြီဟု ပြောလိုက်ခြင်းသာ ဖြစ်ပေသည်။ တပည့်များအားလုံးမှာ ထိုပြဿနာအရှုပ်အရှင်းထဲ ဆွဲထည့်ခံရမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ညတွင်းချင်း ထွက်ပြေးကုန်ကြလေသည်။ ယခုဆိုလျှင် ဂိုဏ်းထဲ၌ မည်သူမျှ ကျန်ရစ်နေခြင်းမရှိကြတော့ပေ။
မီးတိမ်တိုက်သတ္တုကြောတွင် ရှိနေသည့် တပည့်များ ထိုကိစ္စနှင့်ပတ်သက်၍ သတင်းရလိုက်သည်မှာ အတော်လေးကိုမှ နောက်ကျနေပြီဟု ပြော၍ရသည်။ ယခု သူတို့လည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိသည့်အတွက်ကြောင့် ဤနေရာသို့ ရောက်နေသော ရွမ်ပိတင်အား လာရောက်မေးမြန်းကြခြင်း ဖြစ်လေသည်။
အကုန်လုံးမှာ သူမမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသည့်အတွက်ကြောင့် ရွမ်ပိတင်မှာ သက်ပြင်းအမောကြီးသာ ချလိုက်လေသည်။
သူမကိုယ်တိုင်သည် တိမ်တိုက်နီဂိုဏ်းအား နှစ်ပေါင်းတစ်ရာကျော် ကာကွယ်ပေးခဲ့သည်။ ယခုမူ သူမ တစ်စိုက်မတ်မတ် ကာကွယ်ပေးလာခဲ့သော ဂိုဏ်းမှာ တစ်နေ့အတွင်း ဖျက်ဆီးခံလိုက်ရလေသည်။ ထို့အတွက်ကြောင့် သူမ စိတ်ဓာတ်ကျမိသည်မှာ သဘာဝသာ ဖြစ်လေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား သေချာပြန်စဉ်းစားကြည့်လိုက်ပြီးသည့်နောက် ယခုကိစ္စနှင့်ပတ်သက်၍ အပြစ်တင်ရမည်ဆိုလျှင် ဂိုဏ်းမှလူများကိုသာ အပြစ်တင်ရမည်မှန်း သဘောပေါက်သွားခဲ့သည်။ ဟန်ကျန်းယွမ်သည်သာ ထိုမျှ စိတ်ထားသေးသိမ်သည့်လူမျိုး မဖြစ်ခဲ့ပါက တိမ်တိုက်နီဂိုဏ်းမှာ ယခုကဲ့သို့အဖြစ်ဆိုးမျိုးနှင့် ကြုံခဲ့ရလိမ့်မည်မဟုတ်ချေ။ သူတို့သည်သာ စုယန်အား ယခုထက်ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့မည်ဆိုလျှင် တစ်ဂိုဏ်းလုံးအတွက်ပင် အကျိုးရှိကောင်း ရှိနေနိုင်လောက်ပေပြီ။
ရန်ကိုင်ဆိုသည့်လူငယ်လေး ပိုင်ဆိုင်ထားသည့်စွမ်းအားမှာ သူမပင် မခန့်မှန်းနိုင်သည့် စွမ်းအားမျိုး ဖြစ်ပေသည်။ ရန်ကိုင်ဆိုသည့်လူငယ်လေး မည်သည့်အဆင့်သို့ ရောက်လို့ရောက်နေမှန်းကိုလည်း သူမမသိ။ သို့သော်ငြား ထိုလူငယ်လေးပိုင်ဆိုင်ထားသည့် ရတနာတစ်ခုခုကိုသာ သူမတို့အား လက်ဆောင်အဖြစ် ပေးလာမည်ဆိုပါက တစ်ဂိုဏ်းလုံးအတွက် အလွန်ကိုမှ အကျိုးရှိလိမ့်မည်မှန်းတော့ ရွမ်ပိတင် ပြောနိုင်ပေသည်။
ကံမကောင်းစွာဖြင့် ဤလောကကြီး၌ နောင်တအတွက် ဆေးမရှိပေ။ ယခုအချိန်လောက်ဆိုလျှင် ဟန်ကျန်းယွမ်ရော သူ့သားရော ငရဲပြည်တွင် နောင်တတပွေကြီး ရနေလောက်ပေပြီ။
“ကိုယ့်လမ်းကိုယ်သာ ရှာကြပေတော့…” ရွမ်ပိတင်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“အကြီးအကဲရွမ်… အကြီးအကဲရွမ်တစ်ယောက်ပဲ တိမ်တိုက်နီဂိုဏ်းကို အခုချိန်မှာ ဦးဆောင်နိုင်တော့မှာနော်…” ထိုတပည့်မှာတော့ ဂိုဏ်းထဲမှ ထွက်မသွားချင်သေးသည့်အတွက်ကြောင့် ရွမ်ပိတင်အား ဆက်၍စည်းရုံးရန် ကြိုးစားလိုက်သည်။
သို့ရာတွင် ရွမ်ပိတင်ကမူ ခေါင်းသာခါလျက် “တိမ်တိုက်နီဂိုဏ်းက ပျက်စီးသွားပြီ… ဒီလောကကြီးမှာ ဘယ်အရာကမှ တည်မြဲတယ်ဆိုတာမရှိဘူး… တစ်ချိန်ချိန် ထွန်းတောက်ပြီးသွားရင်တော့ တစ်ချိန်ချိန်တော့ ပျက်စီးရာပျက်စီးကြောင်းနဲ့ ကြုံကြရမှာပဲ… ပန်းတွေတောင် ပွင့်ပြီးတာနဲ့ ညှိုးသွားရတာပဲလေ… ဒီတော့ သဘာဝတရားကြီးရဲ့ အလိုအတိုင်းပဲပေါ့… နင်တို့ အခု သွားကြပေတော့…”
ရှင်းရှင်းဆိုလျှင် ယခုအချိန် သူမစိတ်ထဲ ဝမ်းနည်းမိသည်ထက် ပို၍ စိတ်သက်သာရာ ရနေခဲ့လေသည်။ အသက်ကို ပြင်းပြင်းရှူသွင်းလျက် သူမစိတ်အစုံကို လန်းဆန်းအောင်လုပ်လိုက်သည်။ ယခုဆိုလျှင် သူမတစ်ကိုယ်လုံးသည် ချုပ်နှောင်ထားသည့် ချိန်းကြိုးများလက်အောက်မှ လွတ်မြောက်လာသည့်အလား အလွန်ကိုမှ လွတ်လပ်ပေါ့ပါး လန်းဆန်းနေခဲ့လေသည်။
“ဒါပေမယ့်…”
ရုတ်တရက်ဆိုသလို ရွမ်ပိတင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး တစ်ခုသောဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “အဲ့လူလာနေပြီ… နင်တို့ ဒီပြဿနာထဲ မပါချင်လို့ရှိရင် ထွက်သွားလိုက်ပေတော့… သူ နင်တို့ကို သတ်မလား မသတ်ဘူးလား ငါမပြောနိုင်ဘူး…”
ထိုစကားကိုကြားသည့်အခါ ထိုတပည့်များ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး တစ်ခဏလေးမျှပင် ဆက်မနေရဲတော့ဘဲ ချက်ချင်း ထွက်ပြေးသွားကုန်ကြလေသည်။
မကြာမီ စုယန်နှင့် ရန်ကိုင်တို့ အတူတကွ ထွက်လာကြလေသည်။
“ဆရာ…” စုယန်သည် ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။
ရွမ်ပိတင်မှာ အတွေ့အကြုံမရှိသည့်ကောင်မလေးတစ်ဦး မဟုတ်တော့သည့်အတွက်ကြောင့် လွန်ခဲ့သည့်ရက်များအတွင်း ရန်ကိုင်တို့နှစ်ဦး ဘာတွေလုပ်နေမလဲဆိုသည်ကို စုယန်၏မျက်နှာထားကို ကြည့်ရုံဖြင့် ပြောနိုင်ပေသည်။
(ဆယ်ရက်တောင်… ဒီကောင်က တကယ်ကို ဇွဲကောင်းလွန်းတာပဲ…)
“စုယန်… နင်… နေပါဦး… နင့်ကျင့်ကြံခြင်းက…” ရွမ်ပိတင်မှာ သူမစကားကိုပင် ဆုံးအောင်မပြောနိုင်တော့ဘဲ စုယန်အား အထိတ်အလန့်ဖြင့် စိုက်ကြည့်နေမိလေသည်။
မတွေ့ရသည်မှာ ဆယ်ရက်လောက်မှာ ရှိသေးပါသော်ငြား စုယန်၏ကျင့်ကြံခြင်းမှာ တာအိုသခင်ပထမအဆင့်မှ ဒုတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ ထို့အပြင် သူမ၏အရှိန်အဝါမှာ လုံးဝကို တည်ငြိမ်နေခဲ့လေရာ မသိလျှင် ဒုတိယအဆင့်သို့ ရောက်ပြီးသည့်နောက် သူမ၏ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင် အချိန်ယူကာ လုပ်ထားသည့်အလား။
(ဘယ်လို… ဘယ်လိုလုပ်ပြီးတော့ ဒီလိုတွေ ဖြစ်သွားရတာလဲ…)
စုယန်၏အရည်အချင်းနှင့်ပတ်သက်၍ ရွမ်ပိတင် တစ်ခါမျှ သံသယမဝင်ခဲ့ဖူးပေ။ စုယန်သည် တန်ခိုးရှင်ဘုရင်တတိယအဆင့်မှ တာအိုသခင်အဆင့်သို့ ငါးနှစ်အတွင်း တက်ရောက်နိုင်ခဲ့သူတစ်ဦး ဖြစ်သည့်အလျောက် သူမအရည်အချင်းကို လုံးဝ မေးခွန်းထုတ်နေစရာမလိုပေ။ ပုံမှန်အားဖြင့် စုယန်အဖို့ တာအိုသခင်ဒုတိယအဆင့်သို့ ရောက်ဖို့ရာ ဆယ်နှစ်လောက်သာ အချိန်ယူရနိုင်ပေသည်။ ယခု သူမ တာအိုသခင်ပထမအဆင့်သို့ ရောက်ပြီးနေသည်မှာ ဆယ်နှစ်ကျော်မက ကြာသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဒုတိယအဆင့်သို့ရောက်သည်မှာ အထူးအဆန်းမဟုတ်ပါသော်ငြား စုယန် လွန်ခဲ့သည့်ဆယ်နှစ်လုံးလုံး နေခဲ့ရသည့်နေရာမှာ မီးတိမ်တိုက်သတ္တုကြောဖြစ်ပေသည်။ ထိုအချိန်များအတောအတွင်း စုယန်၏ကျင့်ကြံခြင်းမှာ တိုးတက်နိုင်လာခြင်းမရှိဘဲ အောက်သို့ လျှောမကျသွားဖို့ရာပင် အနိုင်နိုင် ဖြစ်နေခဲ့ရသည်။ ရှင်းရှင်းပြောရသော် သူမ၏ကျင့်ကြံခြင်းမှာ လုံးဝ တိုးတက်မလာသင့်ပေ။ လွန်ခဲ့သောဆယ်ရက်ခန့်က ရောက်လာပြီးသည့်နောက်တွင်လည်း စုယန်၏ ကျင့်ကြံခြင်းမှာ အနည်းငယ်မျှပင် တိုးတက်လာခြင်းမရှိကြောင်း ရွမ်ပိတင်း သတိထားမိသည်။ ထိုသို့ဖြစ်လေရာ ဆယ်ရက်အတွင်းမှာပင် စုယန်သည် တာအိုသခင်ဒုတိယအဆင့်သို့ မည်ကဲ့သို့များ ရောက်သွားနိုင်ခဲ့ရလေသနည်း။
(သူ ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်လိုက်နိုင်တာလဲ…) ထိတ်လန့်နေရာမှ အသိပြန်ဝင်လာပြီးသည့်နောက်တွင် ရွမ်ပိတင်သည် ရန်ကိုင်အား ချက်ချင်း လှမ်းကြည့်လိုက်လေသည်။ စုယန်ဘာသာစုယန်ဆိုလျှင်တော့ ဤနေရာမျိုး၌ ဆယ်ရက်အတွင်း တာအိုသခင်ပထမအဆင့်မှ ဒုတိယအဆင့်သို့ ရောက်နိုင်စရာအကြောင်း မရှိချေ။ ယခုကိစ္စသည် အရည်အချင်းနှင့် ဘာမှမသက်ဆိုင်တော့။ လုံးဝကို မဖြစ်နိုင်သည့် အရာတစ်ခု ဖြစ်သည့်အတွက်ကြောင့်သာ မဖြစ်နိုင်ခြင်း ဖြစ်လေသည်။
ထိုသို့ဖြစ်လေရာ စုယန်အနေဖြင့် တာအိုသခင်ဒုတိယအဆင့်သို့ ရောက်နိုင်ခြင်းသည် ဤလူငယ်လေးကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ဤလူငယ်လေးသည် မည်ကဲ့သို့သော ဆေးလုံးမျိုး ရတနာမျိုးကို ပေးခဲ့၍များ စုယန်သည် ဆယ်ရက်အတောအတွင်းမှာပင် တာအိုသခင်ဒုတိယအဆင့်သို့ ရောက်သွားနိုင်ခဲ့ရလေသနည်း။
ရွမ်ပိတင်မှာ ထိုအကြောင်းကို ပြောလိုက်သည့်နောက် စုယန်၏မျက်နှာကြီးမှာ ပိုပို၍ နီမြန်းလာခဲ့လေသည်။ ရှင်းရှင်းပြောရသော် ထိုကဲ့သို့ဖြစ်သွားရခြင်းမှာ သူမတို့နှစ်ဦး အတူတကွ ဖိုမကျင့်ကြံလိုက်သည့်အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။ ယင်ယန်ပေါင်းစည်းခြင်းပညာရပ်သည် ဖိုမကျင့်ကြံခြင်းပညာရပ်တစ်ခုဖြစ်သည်။ ရန်ကိုင်တို့နှစ်ဦး မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ ဖြစ်ပါသော်ငြား ယင်ယန်ပေါင်းစည်းခြင်းပညာရပ်အား ကျင့်ကြံပြီးသည့်နောက်တွင် စုယန်၏ကျင့်ကြံခြင်းမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ရလေသည်။
ထို့အပြင် ရန်ကိုင်ကိုယ်တိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်ဆီမှ စုယန်ရလိုက်သည့် အကျိုးအမြတ်များမှာ အလွန်ကိုမှ များပြားလွန်းလှပေသည်။ ထိုသို့သာမဟုတ်လျှင်တော့ စုယန်အနေဖြင့် တာအိုသခင်ဒုတိယအဆင့်သို့ ဆယ်ရက်အတွင်း ရောက်နိုင်စရာအကြောင်းမရှိပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၁၈)
ဘာသာပြန်သူ_တိမ်တိုက်
“ဂုဏ်ယူပါတယ်…” ရွမ်ပိတင် အသိပြန်ဝင်လာခဲ့ပြီး စုယန်အား စိုက်ကြည့်ကာ ပြောလိုက်လေသည်။
သူမတပည့်၏ကျင့်ကြံခြင်း သူမနှင့်အဆင့်တူသို့ ရောက်လာသည့်အပေါ် ရွမ်ပိတင် အမှန်တကယ်ကို ဝမ်းသာမိပေသည်။ စုယန်အား တပည့်အဖြစ် လက်ခံလိုက်ခြင်းမှာလည်း မှန်ကန်ကြောင်း စုယန်မှ လုပ်ရပ်နှင့် သက်သေပြသွားခဲ့လေပြီ။
စုယန်က ပြန်ပြောလိုက်လေသည်။ “အခုလိုမျိုး ဖြစ်လာနိုင်ခဲ့တာက ဆရာရဲ့အကူအညီတွေလည်း မကင်းပါဘူး…” ရွမ်ပိတင်သည်သာ လွန်ခဲ့သည့်နှစ်များအတွင်း စုယန်အတွက် ကျင့်ကြံဖို့ရာ အရင်းအမြစ်များ တိတ်တဆိတ် မထောက်ပံ့ပေးခဲ့ပါက စုယန်၏ကျင့်ကြံခြင်းမှာ အောက်သို့ လျှောကျသွားရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ စုယန်အနေဖြင့် တာအိုသခင်ဒုတိယအဆင့်သို့ ရောက်နိုင်တော့လိမ့်မည်မဟုတ်ပေ။
“ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲရွမ်…” ရန်ကိုင်သည် ရွမ်ပိတင်အား ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ ရွမ်ပိတင် စုယန်အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံသည်မှာ ယုံမှားသံသယရှိစရာမလိုပေ။ လွန်ခဲ့သည့်ရက်များအတွင်း စုယန်နှင့်စကားပြောရာမှ ရွမ်ပိတင်မှ စုယန်အပေါ် မည်ကဲ့သို့ဆက်ဆံခဲ့ကြောင်း စုယန်ဆီမှ ကြားသိခဲ့ရသည်။ ထို့အတွက်ကြောင့် စုယန်၏ဆရာဖြစ်သူအပေါ် ရန်ကိုင် အမှန်တကယ်ကို ကျေးဇူးတင်မိပေသည်။
ရွမ်ပိတင်က လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်လေသည်။ “ငါ့ကို လာကျေးဇူးတင်နေစရာမလိုပါဘူး… စုယန်က ငါ့တပည့်ပဲဟာကို… သူ့ကို ငါ ကောင်းကောင်းဆက်ဆံရမှာပေါ့… အရင်တုန်းက သူ့ကိုခေါ်ပြီးတော့ တိမ်တိုက်နီဂိုဏ်းထဲကနေ မထွက်သွားမိတဲ့ ငါ့ကိုယ်ငါတောင် ပြန်အပြစ်တင်မိနေတာ… အဲ့ဒါကြောင့်ပဲ သူ့ကျင့်ကြံခြင်းက လွန်ခဲ့တဲ့ဆယ်နှစ်လုံးလုံး တောက်လျှောက်ကို တန့်နေခဲ့ရတာ… ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ အခုတော့ သူ့ကျင့်ကြံခြင်းက နောက်တစ်ဆင့်ကို တက်သွားပြီ။ မဟုတ်ရင် ငါ့စိတ်ထဲ အပြစ်ကင်းတယ်လို့ ခံစားရမှာမဟုတ်ဘူး…” ထို့နောက်တွင် ရွမ်ပိတင်သည် ရန်ကိုင်ကိုကြည့်၍ “နင် သူ့ကို ကောင်းကောင်းဆက်ဆံနော်… ကျင့်ကြံခြင်းအရ ငါ နင့်ကို မယှဉ်ပြိုင်နိုင်ပေမယ့် နင် သူ့ကို သစ္စာဖောက်သွားမယ်ဆိုရင်တော့ ငါ နင့်ကို လုံးဝ ခွင့်လွှတ်ပေးမှာမဟုတ်ဘူး…”
ရန်ကိုင်က သူ့လည်ပင်းအား တိခနဲ ဖြတ်ပြသည့်ပုံစံ လုပ်ပြရင်းမှ ပြုံးဖြီးလျက် “စီနီယာ စိတ်မပူနဲ့… အဲ့လိုမျိုး ဖြစ်လာခဲ့ပြီဆိုတာနဲ့ စီနီယာတောင် လုပ်နေစရာမလိုဘူး… ကျုပ်ဘာသာကျုပ် သတ်သေလိုက်မှာ…” ရန်ကိုင်၏ကျင့်ကြံခြင်းမှာ ရွမ်ပိတင်ထက် ပိုမြင့်နေပါသော်ငြား ရွမ်ပိတင်သည် စုယန်၏ဆရာ ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်မှ ရွမ်ပိတင်အား စီနီယာဟုခေါ်သည်မှာ အထူးအဆန်းတော့မဟုတ်ပေ။
ရွမ်ပိတင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ “ငါ မှတ်ထားမှာနော်…”
စုယန်က မေးလိုက်သည်။ “ဆရာ အခု ဘယ်ကိုသွားမှာလဲ…”
ရွမ်ပိတင်သည် စုယန်၏လက်ကိုကိုင်ရင်းမှ သက်ပြင်းချလျက် “တိမ်တိုက်နီက ပျက်စီးသွားပြီလေ… အဲ့မတိုင်ခင် ငါ့ကို ဟန်ကျန်းယွမ်က ဂိုဏ်းထဲကနေ မောင်းထုတ်ပြီးသား… ဒီလောကကြီးက အကျယ်ကြီးပါ… ဒီတော့ ဒီလောကကြီးရဲ့ အလှတရားတွေကို သေသေချာချာ လျှောက်ပတ်ကြည့်ရမှာပေါ့… တကယ်တော့ တိမ်တိုက်နီဂိုဏ်းထဲမှာ ငါနေနေတာ နှစ်တစ်ရာတောင် မကတော့ဘူးလေ… ပြီးတော့ နင်လည်း ငါနဲ့ အဆင့်တူတစ်ယောက် ဖြစ်နေပြီ… ဒီတော့ ငါ ပိုပြီးမကြိုးစားလို့ရှိရင် နင် ငါ့ကို ကျော်တက်သွားမှာ… အဲ့ခါကျ ငါက နင့်ဆရာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်ပါတော့မလဲ…”
စုယန်က ပြန်မေးလိုက်လေသည်။ “ဆရာ ဘာဖြစ်လို့ ကျွန်မတို့နဲ့ မလိုက်ခဲ့တာလဲ…”
ရွမ်ပိတင်က ယဲ့ယဲ့လေးပြုံးလျက် “နင်တို့နှစ်ယောက်က နှစ်တွေအကြာကြီးကြာမှ ပြန်တွေ့ရတာ… ငါက ဘာဖြစ်လို့ နင်တို့ကို လိုက်ပြီးတော့ ရှုပ်နေရမှာလဲ… ကဲ… ငါတို့ အချိန်တန်ရင် ပြန်တွေ့ကြရမှာပေါ့… ဟုတ်ပြီလား…”
ရန်ကိုင်က ခေါင်းခါလျက် “စီနီယာ အခုထွက်သွားမယ်ဆိုရင် ကျုပ်တို့ နောက်တစ်ကြိမ် ပြန်တွေ့နိုင်တော့မှာမဟုတ်ဘူး…”
ရွမ်ပိတင်က ပြန်ပြောလိုက်လေသည်။ “မူလကုန်းမြေက အကျယ်ကြီးဆိုပေမယ့် ငါတို့ တွေ့ချင်ရင် ပြန်တွေ့နိုင်ပါသေးတယ်…”
“ကျုပ်တို့က မကြာခင် မူလကုန်းမြေကနေ ထွက်သွားတော့မှာ…”
ရွမ်ပိတင် ကြောင်သွားခဲ့ပြီး စုယန်အား ကြည့်လျက် မေးလိုက်လေသည်။ “နင် မူလကုန်းမြေကနေ ထွက်သွားတော့မှာလား… ဘယ်ကိုထွက်သွားမှာလဲ…”
စုယန်က ပြန်ပြောလိုက်သည်။ “ကြယ်တာရာအစုအဝေး…”
“ကြယ်တာရာအစုအဝေး…” ရွမ်ပိတင် ကြောင်သွားခဲ့လေသည်။ သို့သော်ငြား မကြာမီ အံ့အားသင့်သွားဟန်ဖြင့် “နင်တို့ ကြယ်တာရာအစုအဝေးကို သွားမယ့်နည်းလမ်း ရှာတွေ့ထားတယ်ပေါ့…”
သူမပုံစံကို ကြည့်ရသလောက် ရွမ်ပိတင်သည်လည်း ကြယ်တာရာအစုအဝေးအကြောင်း သိထားသည့်ပုံပင်။
သူမအနေဖြင့် ထိုနေရာအကြောင်း သိထားသည်မှာလည်း အဆန်းတော့မဟုတ်။ မူလကုန်းမြေသည် မရေမတွက်နိုင်သော ကြယ်စီရင်စုများနှင့် ဆက်သွယ်ထားခဲ့လေသည်။ တချို့သောကြယ်စီရင်စုများမှာ ကြယ်တာရာအစုအဝေးအကြောင်း သိထားကြသည်။ မူလကုန်းမြေထဲရှိ သာမန်ကျင့်ကြံသူများမှာ ကြယ်တာရာအစုအဝေးအကြောင်း သိကြလိမ့်မည်မဟုတ်ပါသော်ငြား ထိပ်တန်းကျင့်ကြံသူများကမူ ထိုနေရာအကြောင်းကို ကျိန်းသေ သိထားလောက်ပေသည်။
ကြယ်တာရာအစုအဝေးသည် ဒဏ္ဍာရီလာနေရာတစ်ခု ဖြစ်ပေသည်။ ထိုနေရာသည် မူလကုန်းမြေကြီးထက် အဆပေါင်းများစွာ ပိုမိုကျယ်ဝန်းပြီး ထိုနေရာ၌ မိုးမြေစွမ်းအင် ပိုမိုသိပ်သည်းသည့်နေရာများ ရှိကြသည်ဟုလည်း ပြောကြသည်။ ထို့အပြင် ထိုနေရာရှိကျင့်ကြံသူများမှာ မူလကုန်းမြေကြီးထဲရှိ ကျင့်ကြံသူများထက် ပို၍အားကောင်းကြသည်ဟုပင် ပြောကြပေသေးသည်။
ထို့အတွက်ကြောင့် ကြယ်တာရာအစုအဝေးသည် ကျင့်ကြံသူများ သွားလိုသည့် နေရာတစ်ခု ဖြစ်ပေသည်။ ထိုနေရာတွင် မူလကုန်းမြေထဲရှိ အားအကောင်းဆုံးသော တာအိုသခင်အဆင့်ကျင့်ကြံသူများမှာ ဘာဆိုဘာမျှ မဟုတ်ကြတော့ပေ။
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
“ဆရာ… ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပါနော်…” စုယန်က ပြောလိုက်လေသည်။ ရွမ်ပိတင်သည် မူလကုန်းမြေထဲတွင် ရှိနေစဉ်အတောအတွင်း စုယန်အား ကြီးကြီးမားမား ကူညီပေးခဲ့သည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးသည်သာ ယခုကဲ့သို့ လမ်းခွဲသွားရမည်ဆိုလျှင် စုယန်သည် သူမဆရာအပေါ် တင်နေသည့် အကြွေးများကို ပြန်ဆပ်နိုင်တော့လိမ့်မည်မဟုတ်ပေ။
လက်ရှိအချိန်တွင်တော့ ရွမ်ပိတင်မှာ အလွန်ကိုမှ ဝေခွဲရ ခက်နေတော့လေသည်။ သူမစိတ်ထဲ မူလကုန်းမြေကြီးတစ်ခွင် လျှောက်ပတ်သွားရန် စဉ်းစားထားပါသော်ငြား ရုတ်တရက်ဆိုသလို သူမရှေ့၌ တံခါးပေါက်တစ်ချပ် ပွင့်လာခဲ့လေသည်။ ထိုတံခါးပေါက်ထဲရှိ မြင်ကွင်းအဖုံဖုံတို့မှာ သူမအား လာခဲ့ပါဟု ဖိတ်ခေါ်နေသလို ရွမ်ပိတင်ကိုယ်တိုင်မှာလည်း ထိုတံခါးပေါက်ထဲသို့ ဝင်သွားချင်နေမိလေသည်။
အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးသည့်နောက်တွင် ရွမ်ပိတင်သည် ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။ “နင် အခု ဘယ်အဆင့်မှာလဲ…”
“ဧကရာဇ်ပထမအဆင့်…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
“ဧကရာဇ်အဆင့်…” ရွမ်ပိတင်မှာလည်း ထိုအဆင့်သို့ ရောက်ချင်နေသည့်ပုံစံမျိုးဖြင့် “တာအိုသခင်အဆင့်ပြီးသွားရင် ဧကရာဇ်အဆင့် ရှိနေသေးတာပေါ့…” ထိုသို့ပြောပြီးသည့်နောက် ဆံပင်ကို နားသယ်နောက်သို့သပ်တင်၍ ပြုံးကာ ပြောလိုက်လေသည်။ “ငါလိုက်လာမယ်ဆိုရင် နင်တို့နှစ်ယောက်ကို နှောင့်ယှက်သလို ဖြစ်နေမလား…”
“မဖြစ်ပါဘူး… ကျုပ်တို့ လုံလုံလောက်လောက်ကို… အဟွတ်…”
စုယန်မှာ ရန်ကိုင်၏ရင်ဘတ်အား တံတောင်ဖြင့် ဆောင့်လိုက်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ချောင်းတဟွတ်ဟွတ် ဆိုးသွားရလေသည်။
ရွမ်ပိတင်ကမူ စုယန်အား ပြုံးကာကြည့်၍ ပြောလိုက်လေသည်။ “ကောင်းပြီလေ… ဒါဆိုရင်တော့ အခုကနေစပြီးတော့ ငါ နင်တို့ကိုပဲ အားကိုးရတော့မှာပေါ့…”
တိမ်တိုက်နီဂိုဏ်း၏ သဘာဝရှုခင်းများမှာ လှပနေသေးပါသော်ငြား ထိုနေရာသည် ယခင်ကကဲ့သို့ သက်ဝင်စည်ကားနေခြင်း မရှိတော့ချေ။
ဤနေရာသည် ဂိုဏ်းတစ်ဂိုဏ်း၏ ပိုင်နက်နယ်မြေဖြစ်သည့်တိုင် ခြောက်ခြားဖွယ်ရာကောင်းစွာ တိတ်ဆိတ်နေခဲ့လေသည်။ လူသူတစ်ဦးတစ်ယောက်သည်ပင်လျှင် ဤနေရာ၌ လှုပ်ရှားသွားလာနေခြင်းမရှိ။ မသိလျှင် ဤနေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသော သုဿာန်တစ်ခု ဖြစ်လာသည့်အလား။ တောအုပ်ထဲ လှုပ်ရှားနေကြသည့် သားရဲများသည်ပင်လျှင် သူတို့၏ နေအိမ်နေရာများသို့ ပြန်သွားကြပြီး အပြင်သို့ ထွက်မလာရဲကြတော့ပေ။ မသိလျှင် အကုန်လုံးကို အန္တရာယ်အငွေ့အသက်ကို ခံစားနေမိကြသည့်အလား။
နန်းတော်တစ်ခုရှေ့ရှိ လှေကားထစ်ပေါ်တွင်ထိုင်ရင်း လျို့ယန်သည် လက်ပေါ်မေးတင်ကာ သူမရှေ့တည့်တည့်အား စိုက်ကြည့်နေခဲ့လေသည်။ သူမ၏အကြည့်မှာ အသက်မပါသလို ငေးကြောင်ကြောင်ဖြစ်နေပါသော်ငြား တစ်ချိန်တည်းတွင်လည်း သူမ၏အကြည့်ထဲ ကမ္ဘာကြီးတစ်ခုလုံးကိုပင်လျှင် ထည့်သိမ်းထားနိုင်သည့်အလား။
ဟဲယွင်ရှန်းသည် လျို့ယန်နားသို့ လျှောက်လာပြီးသည့်နောက် သူမအား ကြောက်ကြောက်ဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။
ဤချစ်စဖွယ်ကောင်းလှသည့် ကလေးမလေးသည် သူမ၏ရန်သူများကို သွေးအေးအေးဖြင့် သတ်ပစ်ရဲသည့်လူတစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူမျှ ပြောနိုင်လိမ့်မည်မဟုတ်ပေ။ လွန်ခဲ့သည့်ဆယ်ရက်ခန့်က ခန်းမထဲ မည်ကဲ့သို့ဖြစ်သွားခဲ့သလဲဆိုသည်ကို ဟဲယွင်ရှန်း ကွက်ကွက်ကွင်းကွင်း မှတ်မိနေပေသေးသည်။ ဤကောင်မလေးသည် မီးတောက်မြွေလေးတစ်ကောင်ကိုသုံး၍ အသက်ဆယ်ရှိုက်စာအတွင်းမှာပင် တိမ်တိုက်နီဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲအားလုံးကို ပြာချပစ်ခဲ့သည်။ အားကောင်းလှသော တာအိုသခင်အဆင့် ပညာရှင်အားလုံးသည် ဤကလေးမလေး၏ရှေ့မှောက်တွင် လုံးဝကို ကူကယ်ရာမဲ့နေကြရသည်။
“ကောင်းတာတစ်ခုခုလောက် ရှာတွေ့လား…” လျို့ယန်သည် ဟဲယွင်ရှန်းဘက်သို့ လှမ်းကြည့်ရင်းမှ သူမလက်ကို ဆန့်ထုတ်လိုက်ရာ ဟဲယွင်ရှန်းနှင့်အတူပါလာသော လက်တစ်ဝါးအရွယ်အစားခန့်ရှိသည့် မီးငှက်လေးသည် သူမဆီသို့ ပြန်လာပြီး လျို့ယန်၏လက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ဟဲယွင်ရှန်းမှာ ယာယီမျှ ကြောင်တောင်တောင်ဖြစ်နေပြီးသည့်နောက် ချက်ချင်း ပြန်ပြောလိုက်လေသည်။ “သူတို့ရဲ့ဂိုထောင်ထဲမှာ ရှိတဲ့ဟာတွေအကုန်လုံးကို ယူလာခဲ့ပြီ…”
တိမ်တိုက်နီဂိုဏ်းသည် မူလကုန်းမြေထဲတွင် နှစ်ပေါင်းများစွာကြာအောင် တည်ရှိလာသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့်အလျောက် ၎င်းတွင် ကိုယ်ပိုင်ရတနာဂိုထောင် ရှိပေသည်။ ပုံမှန်အားဖြင့် ဂိုဏ်းချုပ်နှင့် အကြီးအကဲအချို့သည်သာ ထိုရတနာဂိုထောင်အား ဖွင့်ခွင့်ရကြသည်။ သို့သော်ငြား လက်ရှိအချိန်၌ မီးတိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ် ဟန်ကျန်းယွမ်နှင့် အကြီးအကဲအားလုံးမှာ အသတ်ခံလိုက်ရပြီဖြစ်သလို တပည့်များမှာလည်း ကြောက်အားလန့်အားဖြင့် ထွက်ပြေးသွားကြသည့်အတွက်ကြောင့် ရတနာဂိုထောင်တစ်ခုလုံးမှာ အကောင်းအတိုင်း ကျန်ရစ်ခဲ့လေသည်။
ရတနာဂိုထောင်ပတ်ပတ်လည်တွင် အစီအရင်ပေါင်းများစွာ ခင်းကျင်းထားသည့်အတွက်ကြောင့် တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ မကြာသေးခင်ကမှ ရောက်ထားသည့် ဟဲယွင်ရှန်းမှာ ထိုအစီအရင်များအား မည်သည့်နည်းနှင့်မျှ ဖျက်ဆီးနိုင်စရာအကြောင်း မရှိပေ။ သို့သော်ငြား လျို့ယန်ပေးလိုက်သော မီးငှက်လေးသည် ထိုအစီအရင်အားလုံးကို ပြာချပစ်သွားခဲ့လေရာ ဟဲယွင်ရှန်းမှာ ရတနာဂိုထောင်ထဲသို့ အလွယ်တကူဝင်နိုင်ခဲ့လေသည်။
တစ်နေ့နေ့၌ သူမဘဝတွင် ဤမျှများပြားလှသော အဖိုးတန်ရတနာများကို ရနိုင်လိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိသည့်အလျောက် ရတနာများကိုမြင်လိုက်စဉ် ဟဲယွင်ရှန်းမှာ အကြီးအကျယ်ကို စိတ်လှုပ်ရှားသွားခဲ့ရသည်။ ထိုရတနာများသည် တိမ်တိုက်နီဂိုဏ်းမှ နှစ်ပေါင်းထောင်နှင့်ချီတိုင်အောင် စုဆောင်းလာခဲ့သည့်ရတနာများ ဖြစ်သည့်အလျောက် ဟဲယွင်ရှန်းအတွက်တော့ အလွန်ကိုမှ အဖိုးတန်လှပေသည်။
လေပြင်းပင်လယ်ဓါးပြအဖွဲ့၏ ပထမခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျောက် ဟဲယွင်ရှန်းသည် အဆုံးမဲ့ကြယ်စီရင်စုကြီးထဲ နှစ်ပေါင်းများစွာကြာအောင် ကျင်လည်ကျက်စားခဲ့ပြီး မရေမတွက်နိုင်သော လူပေါင်းများစွာကို ဓါးပြတိုက်ခဲ့သည်။ သို့သော်ငြား ယခုမှသာလျှင် သူမသည် ဘာဆိုဘာမျှ သေချာမသိသေးသည့် သေးနုတ်သည့်လူတစ်ဦးသာ ဖြစ်နေသေးကြောင့် ဟဲယွင်ရှန်း နားလည်သွားခဲ့ရသည်။ လေပြင်းဓါးပြများ ရယူနိုင်ခဲ့သော ရတနာများသည် တိမ်တိုက်နီဂိုဏ်း၏ ရတနာဂိုထောင်ထဲတွင်ရှိနေသည့် ရတနာများနှင့် ယှဉ်လိုက်သော် ဘာဆိုဘာမျှ မပြောပလောက်တော့ချေ။
တိမ်တိုက်နီဂိုဏ်း၏ ရတနာဂိုထောင်ထဲတွင် ရှိနေသည့် အဖိုးတန်ရတနာအားလုံးကို သိမ်းဆည်းနိုင်ရန်အတွက် သိုလှောင်လက်စွပ်ဆယ်ကွင်းကျော်မက လိုအပ်ခဲ့ပေသည်။
(အခု ငါတို့ ချမ်းသာပြီ…) ထို့နောက်တွင် ဟဲယွင်ရှန်းသည် သူမယူလာသည့် သိုလှောင်လက်စွပ်အားလုံးကို လျို့ယန်ဆီသို့ ပေးလိုက်သည်။
လျို့ယန်ကမူ ဟဲယွင်ရှန်းကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
“ကျွန်မ တစ်ခုပဲ ယူထားတာ… ကျန်တဲ့ဟာတွေအကုန်လုံးကို မဒမ်ယူလိုက်လို့ရတယ်…” ဟဲယွင်ရှန်းက ပြောလိုက်လေသည်။ ဟဲယွင်ရှန်းမှာ ကိုယ့်အကြောင်းကိုယ်သိသူတစ်ဦး ဖြစ်သည့်အလျောက် အဖိုးတန်ရတနာအားလုံးကို သူမတစ်ယောက်တည်း မောင်ပိုင်စီးထားလိမ့်မည်မဟုတ်ပေ။ သူမအတွက်မူ သိုလှောင်လက်စွပ်တစ်ကွင်းနှင့်ပင် လုံလောက်နေလေပြီ။
“ထားလိုက်တော့… နင်ပဲယူလိုက်တော့…” လျို့ယန်က လက်ဝှေ့ယမ်းလိုက်သည်။
သူမနှင့် ရန်ကိုင်အတွက်မူ သိုလှောင်လက်စွပ်ဆယ်ကွင်းကျော်ထဲရှိ အရာများမှာ ဘာဆိုဘာမှ အဖိုးမတန်သည့်အရာများသာ ဖြစ်ကြပေသည်။
“ဒါပေမယ့်…”
ရုတ်တရက်ဆိုသလို လျို့ယန်သည် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်ရင်းမှ ထိုင်ရာမှ ထလေသည်။ မှုန်သေသေဖြစ်နေသည့် လျို့ယန်၏မျက်နှာထက် စိတ်လှုပ်ရှားနေသည့်အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။
ဟဲယွင်ရှန်းသည်လည်း လျို့ယန်ကြည့်နေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ လူအချို့ ပျံသန်းလာနေကြောင်း တွေ့လိုက်ရလေသည်။ ထိုလူစုကို ဦးဆောင်လာသည့်လူမှာတော့ ရန်ကိုင်မှလွဲ၍ အခြားမဟုတ်ပေ။ မကြာမီ ရန်ကိုင်တို့သုံးဦး မြေပြင်ပေါ်သို့ ဆင်းလိုက်ကြလေသည်။
ဟဲယွင်ရှန်း၏အကြည့်သည် သူမရင်းနှီးနေခြင်းမရှိသည့် တစ်ဦးသောအမျိုးသမီးဆီသို့ ရောက်သွားခဲ့သည်။ (လှလိုက်တာ… စုယန်ဒုက္ခရောက်နေတဲ့အကြောင်း ကြားပြီးတော့ ဆရာ ဒေါသထွက်သွားတယ်… အဲ့စုယန်ဆိုတဲ့သူက သူလား…)
စုယန်ကိုမြင်မြင်ချင်း ဟဲယွင်ရှန်းစိတ်ထဲ တွေးမိသည်မှာတော့ အလွန်တရာကိုမှ လှပသည်ဟူ၍ပင်။ လောကကြီးသည် ၎င်း၏ကောင်းချီးများကို သူမအပေါ် ချီးမြှင့်ထားသည့်အလား။ သူမကိုကြည့်လိုက်ရုံဖြင့် မည်သည့်အမျိုးသမီးမဆို မိမိကိုယ်ကို သိမ်ငယ်သလို ခံစားသွားရနိုင်ပေသည်။
ထို့နောက် သေသေချာချာ အနီးကပ်ကြည့်ကြည့်လိုက်ရာ စုယန်သည် မည်သည့်ယောက်ျားသားကိုမဆို ကြွေဆင်းသွားအောင် လုပ်နိုင်လောက်သည်အထိ လှပလှကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအခါမှသာလျှင် ရန်ကိုင်သည် သူမကဲ့သို့သော အမျိုးသမီးတစ်ဦး သူ့ဘေးနားတွင် ရှိနေသည့်တိုင် ဘာကြောင့် အနည်းငယ်မျှပင် စိတ်မဝင်စားရသလဲဆိုသည်ကို ဟဲယွင်ရှန်း နားလည်သွားရတော့သည်။
“ဆရာ…” ဟဲယွင်ရှန်းသည် ရန်ကိုင်အား အလျင်စလို ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။ စုယန် သူမအပေါ် မကျေမနပ် ဖြစ်မည်ကို ဟဲယွင်ရှန်းစိတ်ထဲ စိတ်ပူနေမိလေ၏။ တကယ်တော့ သူမသည် ရန်ကိုင်နောက်သို့ တကောက်ကောက်လိုက်နေသူတစ်ဦး မဟုတ်ပေလော။ စုယန်သည်သာ သူမအပေါ် မနာလိုဖြစ်လာလျှင် ဒုက္ခရောက်သွားရနိုင်ပေသည်။ ထို့အတွက်ကြောင့် နောက်နောင် သူမ၏အပြုအမူကို အတတ်နိုင်ဆုံး သေသေချာချာ သတိထားရတော့မည်ဟုလည်း တွေးလိုက်လေသည်။ အနည်းဆုံးတော့ ရန်ကိုင်အပေါ် ပွတ်သီးပွတ်သပ် သွားမလုပ်သင့်တော့ပေ။
“ဘာဖြစ်လို့လဲ…” ရန်ကိုင်သည် လျို့ယန်အား ဇဝေဇဝါအမူအယာဖြင့် ကြည့်ရင်းမှ သူမ၏ခေါင်းလေးကို ပွတ်ပေးလိုက်လေသည်။ ထို့နောက် ပြုံးဖြီးလျက် “နင် သူ့ကို မှတ်မိလား…”
လျို့ယန်နှင့် စုယန်တို့သည် တစ်ယောက်ကို တစ်ယောက် သိနေကြသည့်လူများ ဖြစ်ကြပေသည်။ ဟုန်းလော့ကြယ်စီရင်စုထဲတွင် ရှိစဉ်က သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ကြိမ်ဖန်ပေါင်းများစွာ ဆက်ဆံခဲ့ကြဖူးသည်။ သို့ရာတွင် ရန်ကိုင်နားမလည်ရသည့်အချက်မှာတော့ လက်ရှိအချိန်တွင် လျို့ယန်သည် စုယန်အား ပထမဦးဆုံးအကြိမ် မြင်ဖူးသည့်အလား သူမအား စိတ်ဝင်တစားဖြင့် ကြည့်နေခြင်း ဖြစ်ပေသည်။
ရန်ကိုင် ပို၍ နားမလည်နိုင်ဖြစ်သွားရသည်မှာ စုယန်သည်လည်း လျို့ယန်ကဲ့သို့ပင် လူစိမ်းတစ်ဦးကို ပထမဦးဆုံးမြင်ဖူးသည့်အကြည့်မျိုးဖြင့် လျို့ယန်အား ကြည့်နေခြင်းပင်။
ရန်ကိုင်သည် စုယန်ကိုကြည့်လိုက် လျို့ယန်ကိုကြည့်လိုက် လုပ်ရင်းမှ အံ့ဩတကြီးဖြင့် မေးလိုက်လေသည်။ “နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ…”
လျို့ယန်သည် စုယန်နားသို့ ကပ်လာပြီး ခွေးတစ်ကောင်ပမာ နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်လေသည်။ ထို့နောက် စုယန်အား ပြုံးကာ ကြည့်လိုက်လေသည်။
စုယန်သည်လည်း ဆွေမျိုးသားချင်းတစ်ဦးကို ကြည့်နေသည့်အလား ပြန်၍ ပြုံးပြလိုက်လေသည်။ ထို့နောက် လျို့ယန်၏ခေါင်းအား ပွတ်သပ်ပေးလိုက်ရင်းမှ မေးလိုက်လေသည်။ “နင့်နာမည်ဘယ်လိုခေါ်လဲ…”
ရန်ကိုင်သည် နဖူးထက်ဝေ့သီလာသော ချွေးအေးများကို သုတ်လိုက်ရင်းမှ အလျင်စလို ရှင်းပြလိုက်လေသည်။ “သူက လျို့ယန်ပဲ…”
စုယန်၏လက် တစ်ချက် ရပ်သွားခဲ့ပြီးသည့်နောက် အံ့အားသင့်နေသည့်လေသံဖြင့် “လျို့ယန်လား…”
(သူ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ…)
သူမ မှတ်မိသည့် လျို့ယန်သည် အနီရောင် မပေါ့်တပေါ် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရချိန်တွင်တော့ ထိုကဲ့သို့သောအမျိုးသမီးတစ်ဦးသည် ကလေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု စုယန် ထင်ထားခြင်း မရှိခဲ့ပေ။
စုယန်သည် ရန်ကိုင်အား ဘာလို့ ဒီလိုတွေ ဖြစ်သွားရတာလဲ ဟူသော အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်လေသည်။
“ပြောရရင်တော့ အရှည်ကြီးပဲ… ဒါပေမယ့် ရှင်းရှင်းပြောရရင်တော့ ကိစ္စတွေအများကြီး ဖြစ်သွားပြီးတော့ သူလည်း အခုလိုမျိုး ဖြစ်သွားတာ…” တစ်ချက်မျှရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ဒါနဲ့ နင်တို့နှစ်ယောက်စလုံး ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတာလဲ…”
စုယန်နှင့် လျို့ယန်မှာမူ အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက် အသီးသီးပြုံးလိုက်ကြလေသည်။ ရန်ကိုင်ကိုမူ ရှင်းပြမနေခဲ့ပေ။
(နင်တို့ စောင့်နေစမ်းပါကွာ…) ရန်ကိုင်သည် စိတ်ထဲမှနေ၍ ကြိတ်ကာ ကြုံးဝါးနေခဲ့လေသည်။ သို့သော်ငြား ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “သွားကြရအောင်…”
ရွမ်ပိတင်သည် သူမလက်ကို ဝှေ့ယမ်းချလိုက်ရာ အလွှာလေးလွှာပါဝင်သော မီတာတစ်ရာခန့် အလျားရှိသည့် သင်္ဘောတစ်စင်း ပေါ်လာခဲ့လေသည်။ သင်္ဘောပေါ်သို့ တက်လိုက်ကြပြီးသည့်နောက်တွင် ရွမ်ပိတင်သည် သင်္ဘောထဲသို့ အရင်းအမြစ်ချီကို ထည့်သွင်း၍ ကောင်းကင်ပေါ်သို့ ပျံတက်စေလိုက်လေ၏။ ယခု အိမ်ပြန်ရမည့်အချိန်သို့ ရောက်လာခဲ့လေပြီ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၁၉)
ဘာသာပြန်သူ_တိမ်တိုက်
ကျယ်ပြောလှသည့် ဟုန်းလော့ကြယ်စီရင်စုကြီး တစ်ခုလုံးသည် သုသာန်တစ်စပြင်မျှ တိတ်ဆိတ်နေခဲ့သည်။
ကြယ်စီရင်စုကြီးထဲရှိ တစ်ခုသောနေရာ၌ တဝဲလည်လည် လည်ပတ်နေသော ဝဲကတော့ကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုဝဲကတော့ကြီးမှာ အခြားမဟုတ်။ လေဟာနယ်လိုဏ်ခေါင်းတစ်ခုသာ ဖြစ်လေသည်။ သို့ရာတွင် လက်ရှိအချိန်၌ ထိုလေဟာနယ်လိုဏ်ခေါင်းကြီးသည် အချိန်မရွေး ပြိုကျသွားတော့မည့်အလား အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေလေ၏။
ဟုန်းလော့ကြယ်စီရင်စုကြီးထဲ၌ ရှိနေကြသည့် လူများသည် ဤလေဟာနယ်လိုဏ်ခေါင်းအကြောင်းကို သိကြပေသည်။ သို့သော်ငြား ဤနေရာသို့ လာရဲသည့်လူ သိပ်မရှိပေ။ အကြောင်းမှာ ယခင်က တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်တစ်ဦး ဤနေရာ၌ ပျောက်ဆုံးသွားခဲ့သည့်အတွက်ကြောင့်ပင်။ ထိုပညာရှင်နှင့်ပတ်သက်၍ မည်သည့်သတင်းမျှ မကြားရတော့။ ထိုလူ သေလားရှင်လား ဆိုသည်ကိုလည်း မသိရတော့ပေ။
ထို့အတွက်ကြောင့် လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတွင်း မည်သူမျှ ဤနေရာသို့ မဆင်မခြင် မလာရဲကြတော့။ ထို့အပြင် ဤလေဟာနယ်လိုဏ်ခေါင်းသည် ပြန်လမ်းမရှိသည့် နေရာတစ်ခုဆီသို့ ဦးတည်နေသည်ဟုလည်း လူအများ မှတ်ယူသွားကြလေသည်။ သို့သော်ငြား တကယ်ဟုတ်မဟုတ်ကိုတော့ မည်သူမျှ အတည်မပြုနိုင်ခဲ့ပေ။
ရှင်းရှင်းပြောရသော် ဤနေရာကြီး ခြောက်ကပ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။
သို့သော်ငြား လက်ရှိအချိန်တွင်မူ အလွန်ကိုမှ တိတ်ဆိတ်နေခဲ့သော လေဟာနယ်လိုဏ်ခေါင်း၌ ပုံမှန်မဟုတ်သည့် အဖြစ်အပျက်များ စတင်ဖြစ်ပျက်နေခဲ့လေသည်။
တဝဲလည်လည် လည်ပတ်နေသော လေဟာနယ်လိုဏ်ခေါင်း၏ ဝင်ပေါက်သည် ကျုံ့ဝင်သွားလိုက် ပြန်ကားထွက်လာလိုက် ကျုံ့ဝင်သွားလိုက် ပြန်ကားထွက်လာလိုက် ဖြစ်နေပြီးသည့်နောက်တွင် အဆုံး၌ လေဟာနယ်လိုဏ်ခေါင်းထဲဆီမှ ရောင်စုံအလင်းတန်းတစ်ခု ပျံထွက်လာခဲ့လေသည်။
ထိုအလင်းတန်းသည် ခပ်ဝေးဝေးသို့ရောက်သည့်တိုင် ပျံသန်းသွားပြီးသည့်နောက်မှသာ ရပ်တန့်သွားခဲ့သည်။ ရောင်စုံအလင်းတန်း ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ထိုနေရာ၌ လူတစ်ဦး ပေါ်လာခဲ့လေ၏။ ထိုလူမှာတော့ အခြားမဟုတ်။ ရန်ကိုင်သာဖြစ်လေသည်။ သို့ရာတွင် လက်ရှိအချိန်၌ ရန်ကိုင်၏ပုံစံမှာ အတော်လေးကိုမှ ဖိုသီဖတ်သီ ဖြစ်နေခဲ့သည်။
မူလကုန်းမြေထဲရှိ ကြယ်တာရာလမ်းကြောင်းဝင်ပေါက်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ရန်ကိုင်မှာ ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်လာနိုင်ရန်အတွက် ဟင်းလင်းပြင်အက်ကြောင်းများစွာကို ဖြတ်ကျော်ခဲ့ရသည်။ ထိုသို့လုပ်ဖို့ရာလည်း သူ့အတွက် မလွယ်ကူလှပေ။ ဟင်းလင်းပြင် ပြိုကျသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ထိုနေရာ၌ သူ့ခွန်အားများများစားစားကို ထုတ်သုံးရဲခြင်းမရှိ။ အလွန်အားနည်းသည့် ခွန်အားမျိုးကိုလည်း ထုတ်သုံး၍မရပြန်။ သူ့စွမ်းအားသည်သာ အားနည်းလွန်းနေမည်ဆိုပါက လောကအတားအဆီးကိုဖြတ်ကျော်၍ ဤနေရာသို့ လာနိုင်တော့လိမ့်မည်မဟုတ်။
ထိုအကြောင်းကြောင့်ပင်လျှင် အိမ်ပြန်လမ်းကို မရှာတွေ့မီ ရန်ကိုင်မှာ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးသည့်နောက် ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်စစ်ဆေးကြည့်သည်။ ဤသို့စစ်ဆေးနေရင်းမှ ရင်းနှီးနေသည့် ခံစားချက်တစ်ခု သူ့စိတ်ထဲ ပေါ်လာခဲ့လေသည်။ ထိုခံစားချက်ကို ခံစားမိလိုက်သည့်အခိုက် ရန်ကိုင် ချက်ချင်းပင် ဝမ်းသာမိသွားတော့သည်။ အကြောင်းမှာ အရိပ်ကြယ်၏ တည်ရှိမှုကို အာရုံခံမိလိုက်သည့်အတွက်ကြောင့်ပင်။
ထို့နောက်တွင် ရန်ကိုင်သည် လောကကြီးတစ်ခုလုံးကို သိမ်းကျုံး ပွေ့ဖက်ချင်နေသည့်အလား သူ့လက်နှစ်ဖက်ကို ကျယ်နိုင်သမျှကျယ်အောင် ဆန့်ကားလိုက်သည်။
[ဟုန်းလော့ကြယ်စီရင်စုကြီး၊ ငါပြန်လာပြီကွ]
ဟုန်းလော့ကြယ်စီရင်စုကြီးဆီမှ ထွက်လာပြီးသည့်နောက်တွင် ဤနေရာသို့ မြန်မြန်ဆန်ဆန် ပြန်လာနိုင်လိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိချေ။ နှစ်တစ်ရာကြာပြီးသည့်နောက် ဤနေရာသို့ ပြန်လာရန် မျှော်လင့်ထားခဲ့ပါသော်ငြား ယခုမူ နှစ်ငါးဆယ်ပင် မပြည့်သေးသည့် အချိန်မှာပင် ဤနေရာသို့ ပြန်ရောက်လာခဲ့လေပြီ။ ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်ရောက်လာပြီးသည့်နောက် ရန်ကိုင်မတွေ့ရသည်မှာ ကြာနေပြီဖြစ်သော သူတွေ့ချင်နေသည့် လူများ၏ မျက်နှာများ သူ၏စိတ်ထဲ အစီအရီ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်မှာ အရိပ်ကြယ်ဆီသို့ ချက်ချင်းရောက်သွားချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့ရလေသည်။ သူသာ ထိုနေရာသို့ရောက်သွားပြီး ထိုလူများသာ သူ့ကိုမြင်လျှင် မည်မျှပင် အံ့အားသင့်သွားလိုက်မည်နည်း။
ထို့နောက်တွင် ရန်ကိုင်သည် လေဟာနယ်လိုဏ်ခေါင်း ရှိရာဆီသို့ ပြန်စိုက်ကြည့်လိုက်သည်။ စုယန်သည် ထိုလေဟာနယ်လိုဏ်ခေါင်းမှတစ်ဆင့် မူလကုန်းမြေကြီးဆီသို့ ထွက်သွားခဲ့ခြင်းဖြစ်လေသည်။ လေဟာနယ်လိုဏ်ခေါင်းကိုကြည့်၍ ရန်ကိုင်၏စိတ်ထဲ အတော်လေးကိုမှ အလန့်မပြေနိုင်ဖြစ်နေခဲ့လေသည်။ စုယန် အနေဖြင့် လေဟာနယ်လိုဏ်ခေါင်းမှတစ်ဆင့် မူလကုန်းမြေကြီးဆီသို့ ရောက်သွားနိုင်ရခြင်းမှာ အလွန်ကိုမှ ကံကောင်းသည်ဟု ပြော၍ရပေသည်။
ထို့နောက်တွင် အသက်ကို ပြင်းပြင်းရှူသွင်းလျက် သူလက်ကို ဝှေ့ယမ်းလိုက်ရာ စုယန်သည် ရန်ကိုင်အရှေ့၌ ပေါ်လာခဲ့လေသည်။
လက်ရှိအချိန်တွင် စုယန်သည် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးပိတ်ထားခဲ့သည်။ သူမ၏ ပတ်ဝန်းကျင် ပြောင်းလဲသွားကြောင်းကို သတိပြုမိလိုက်သည့်အလား စုယန် မျက်လုံး ဖွင့်ကြည့်လာခဲ့လေသည်။ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ပြုံး၍ မေးလိုက်လေသည်။ "ငါတို့ ပြန်ရောက်လာပြီလား"
ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်မရောက်လာခင် ရန်ကိုင်သည် စုယန်တို့အားလုံးကို လောကဓာတ်လုံးထဲတွင် နေခိုင်းခဲ့သည်။ ပထမဦးစွာ လူပေါင်းများစွာကို သူနှင့်အတူ တစ်ပါတည်းခေါ်ဆောင်လာဖို့ရာ အလွန်ကိုမှ အားကုန်လှသလို ပင်ပန်းလွန်းလှပေသည်။ ဒုတိယတစ်ချက်အနေဖြင့် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်လာနိုင်ဖို့ရာ စုယန်အနေဖြင့် သူမ၏ ကျင့်ကြံခြင်းကို ဖိနှိပ်ထားရပေလိမ့်မည်။
ယခုအချိန်ထိမူ စုယန်မှာ သူမ၏ ကျင့်ကြံခြင်းကို ကောင်းကောင်း ဖိနှိပ်ထားနိုင်ခဲ့လေသည်။ လက်ရှိ စုယန်၏ ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။
"ဟုတ်တယ်၊ ငါတို့ပြန်ရောက်ပြီ" ရန်ကိုင်က အသက်ကိုပြင်းပြင်းရှူသွင်း၍ ပြောလိုက်သည်။ ကြယ်တာရာကောင်းကင်ထဲ မည်သည့်လေမျှ မရှိပါသော်ငြား ရန်ကိုင်မှာမူ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်တိုင်း ရင်းနှီးနေသည့် လေထုကို ရှူရှိုက်နေရသလို ခံစားနေရလေသည်။ ထို့နောက် စုယန်၏လက်ကို တင်းတင်းဆုပ်ကိုင်၍ စိတ်လှုပ်ရှားနေသည့် ကလေးတစ်ဦး၏ လေသံဖြင့် ပြောလိုက်လေ၏။ "အိမ်ပြန်ကြရအောင်"
သူနှင့် အရိပ်ကြယ်ကြားရှိ ဆက်သွယ်ချက်ကြောင့် ရန်ကိုင်မှာ အရိပ်ကြယ်ဆီသို့ မည်ကဲ့သို့ ပြန်ရမလဲဆိုသည်ကို လမ်းလိုက်ရှာနေစရာမလို။ သူ့စိတ်ထဲပေါ်လာသည့် ခံစားချက်အတိုင်း သွားလိုက်ရုံဖြင့် အရိပ်ကြယ်ဆီသို့ ရောက်သွားပေလိမ့်မည်။ ထိုသို့ဖြင့် ရန်ကိုင်နှင့် စုယန်တို့သည် အလင်းတန်းတစ်ခုအသွင်သို့ပြောင်းလျက် အရိပ်ကြယ်ဆီသို့ ပြန်လာခဲ့ကြတော့လေသည်။
ချောမောလှပသည့် အမျိုးသမီးတစ်ဦးမှ သူ့အား အဖော်ပြုပေးနေခဲ့လေရာ ရန်ကိုင်မှာ ခရီးလမ်းတစ်လျှောက် ပျင်းရိနေခြင်းမရှိတော့ချေ။ သူစိတ်ကြွလာသည့် အချိန်တိုင်း စုယန်အား ကြယ်သေတစ်လုံးဆီသို့ဖြစ်စေ ဂြိုဟ်သိမ်တစ်ခုဆီသို့ဖြစ်စေ ခေါ်သွား၍ သူ့စိတ်ခံစားချက်များကို ဖွင့်ထုတ်လေသည်။ အကြိမ်ဖန်ပေါင်းများစွာ လုပ်ပြီးသည့်နောက် စုယန်မှာ ဆက်၍မခံနိုင်တော့သည့် အဆုံးတွင် ရေခဲသလင်းကျောက်စိမ်း ခန္ဓာကိုယ်ကိုသုံးကာ ရန်ကိုင်၏ဆန္ဒများကို ချွန်းဖြင့်အုပ်ရတော့လေသည်။
ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက် ကြယ်ကြီးတစ်လုံး ရန်ကိုင်တို့ မြင်ကွင်းထဲ ပေါ်လာခဲ့သည်။ ရန်ကိုင်၏ကိုယ်ထဲတွင် ရှိနေသည့် အရိပ်ကြယ်၏ ကြယ်အမြုတေသည်လည်း ခရီးသွားတစ်ဦးမှ အိမ်ပြန်ရောက်လာသည့်ပမာ တဒုတ်ဒုတ် ခုန်လာတော့လေသည်။
အကြောင်းအရင်းအချို့ကြောင့် ရန်ကိုင်မှာ အိမ်ပြန်ရမည်ကို ကြောက်ရွံ့နေသည့်အလား စိုးရိမ်နေခဲ့လေသည်။ ထိုအခိုက်အတန့်မှာပင် သူ့လက်အား တစ်စုံတစ်ဦးမှ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာကြောင်း တွေ့ရှိလိုက်ရသည်။ စုယန်သည် ရန်ကိုင်၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့ခြင်းဖြစ်လေသည်။ အကြည့်ချင်းစုံသွားသည့်နောက် ရန်ကိုင် စိတ်သက်သာရာရသွားခဲ့လေသည်။ ထို့နောက် စုယန်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏နဖူးကို တစ်ချက်နမ်း၍ ပြောလိုက်လေသည်။ "သွားရအောင်"
နေ့ဝက်ခန့်အကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် အရိပ်ကြယ်အနားဆီသို့ ရောက်လာခဲ့လေသည်။
ရုတ်တရက်ဆိုသလို ရန်ကိုင်နှင့် စုယန်တို့ နှစ်ဦးစလုံး တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ကြယ်သင်္ဘောဆယ်စင်းမက ရှိနေခဲ့ပြီး အားကောင်းလှသော အရှိန်အဝါများမှာ ထိုကြယ်သင်္ဘောများဆီမှ ဖြာထွက်နေခဲ့လေသည်။
"သူတို့တွေက ဘယ်ဂိုဏ်းကလဲ" ရန်ကိုင်သည် ကြယ်သင်္ဘော၏ ကိုယ်ထည်ပေါ်တွင် ရှိနေသော အရိုးခြောက်တစ်ခုနှင့် ဆင်တူသည့် အမှတ်အသားကို ညွှန်ပြရင်းမှ မေးလိုက်သည်။ သူ ကြယ်စီရင်စုကြီးမှ ထွက်သွားသည်မှာ အလွန်ကြာနေပြီဖြစ်သည့်အတွက်ကြောင့် ထိုအမှတ်အသားသည် မည်သည့်အင်အားစုအား ကိုယ်စားပြုသလဲဆိုသည်ကိုပင် မမှတ်မိတော့ပေ။
သို့ရာတွင် စုယန်ကလည်း ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "ငါလည်း မသိဘူး"
စုယန် ကြယ်စီရင်စုကြီးထဲမှ ထွက်လာခဲ့သည်မှာလည်း ကြာမြင့်နေပြီဖြစ်သည့်အတွက်ကြောင့် သူမ မရှိစဉ် အတောအတွင်း ဟုန်းလော့ကြယ်စီရင်စုကြီးနှင့် အရိပ်ကြယ်တို့ မည်ကဲ့သို့များ ပြောင်းလဲသွားခဲ့သလဲဆိုသည်ကို သူမ မသိပေ။
ထိုအခိုက်အတန့်မှာပင် အကြီးဆုံးကြယ်သင်္ဘော၏ ကုန်းပတ်ပေါ်၌ လူတစ်ဦးပေါ်လာခဲ့သည်။ ထိုလူသည် အားကောင်းလှသည့် တန်ခိုးရှင်ဘုရင် တတိယအဆင့် အရှိန်အဝါကို ထုတ်လွှတ်နေသော လူအိုကြီးတစ်ဦးဖြစ်လေသည်။ သူနှင့် ရန်ကိုင်တို့အကြား မီတာထောင်ပေါင်းများစွာ ခြားနေပါသော်ငြား လူအိုကြီးသည် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည့် အကြည့်မျိုးဖြင့် ဟင်းလင်းပြင်ကိုဖြတ်ကျော်၍ ရန်ကိုင်တို့နှစ်ဦးအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
ရန်ကိုင်က ထိုလူအိုကြီးအား လှမ်း၍ ပြုံးပြလိုက်ပါသော်ငြား လူအိုကြီးကမူ သူ့လက်ကိုသာ မြှောက်ပြလိုက်သည်။ ထို့နောက်တွင် ကြယ်သင်္ဘောပေါ်၌ ရှိနေသော သလင်းအမြောက်တစ်ခုသည် ရန်ကိုင်တို့ဆီသို့ ချိန်ရွယ်လာခဲ့လေ၏။ မကြာမီ သလင်းအမြောက်ဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်တို့ဆီသို့ တိုးဝင်လာခဲ့လေသည်။
"ဟားဟားဟား" ရန်ကိုင်က ရယ်မောလိုက်လျက်... "ကြည့်ရတာ ငါတို့ ပြန်ရောက်ရောက်ချင်းကို အရူးတစ်ယောက်နဲ့ လာတိုးနေပါလား၊ အင်း သူနဲ့စကားသွားပြောကြည့်ရတာပေါ့"
အလင်းတန်း ပျောက်ကွယ်သွားပြီးသည့်နောက် ရန်ကိုင်နှင့် စုယန်တို့အား မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ လူအိုကြီးသည် ရန်ကိုင်နှင့် စုယန်တို့ ရပ်နေခဲ့သည့်နေရာအား တစ်ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် နှာခေါင်းရှုံ့ကာ သင်္ဘောဝမ်းတွင်းထဲသို့ ပြန်ဝင်သွားရန် လုပ်လိုက်လေသည်။
သို့သော်ငြား လူအိုကြီး၏ ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့လေသည်။ ချောက်ချားဖွယ်ရာ အငွေ့အသက်တို့သည်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလာခဲ့လေသည်။ မည်သည့်အချိန်ကတည်းကမှန်းမသိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် သူ့အရှေ့သို့ သူပင် မသိလိုက်ဘဲ ရောက်ရှိနေခဲ့လေသည်။ ထိုလူနှစ်ဦးမှာ အစောပိုင်းက သူနှင့် မီတာထောင်ပေါင်းများစွာခန့် အကွာတွင်ရှိနေသည့် လူနှစ်ဦးမှလွဲ၍ အခြားမဟုတ်ပေ။ ထိုလူနှစ်ဦးသည် သလင်းအမြောက်ကြောင့် သေဆုံးသွားသင့်ပြီဖြစ်လေရာ မည်ကဲ့သို့များ သူ့အရှေ့သို့ ရောက်နေရလေသနည်း။
မည်သို့ပင်ဖြစ်နေစေကာမူ သလင်းအမြောက်ဖြင့် ပစ်ခံရပြီးသည့်တိုင် ထိုလူနှစ်ဦးမှာ အကောင်းအတိုင်းသာ ရှိနေပေသေးသည်။ သို့သော်ငြား ထိုလူနှစ်ဦး၏အရှိန်အဝါကို သူ့အနေဖြင့် လုံးဝခံစားမိခြင်းမရှိပေ။ မျက်စိဖြင့် မြင်နေရသည့် အတွက်ကြောင့်သာ မဟုတ်ပါက ထိုလူနှစ်ဦး သူ့ရှေ့၌ ရပ်နေလို့ ရပ်နေမှန်းကိုပင် လူအိုကြီး သိလိမ့်မည် မဟုတ်ချေ။
"လူအိုကြီး၊ ခင်ဗျား လူသတ်ရတာကို စွဲလမ်းနေတာလား" ရန်ကိုင်သည် လူအိုကြီးအား ပြုံးကာကြည့်၍ မေးလိုက်လေသည်။ ယခင်ကသာဆိုလျှင်တော့ သူ့အား ယခုကဲ့သို့ တွေ့တွေ့ချင်း အမြောက်နှင့် ထုသည့် လူအိုကြီးအား သင်ခန်းစာကောင်းကောင်း ပေးပစ်လိုက်ပေပြီ။ သို့သော်ငြား ယနေ့တွင် စိတ်ကောင်းဝင်နေသည့်အတွက်ကြောင့် ဖြစ်နိုင်လျှင် သွေးမစွန်းလိုပေ။ ထို့အပြင် ဤလူအိုကြီး မည်သူမည်ဝါဖြစ်သလဲဆိုသည်ကိုလည်း မသိရသေးသဖြင့် မဆင်မခြင် မလှုပ်ရှားချင်ပေ။ ဤလူအိုကြီးသာ အရေးကြီးသည့် ရာထူးတစ်ခုခုအား ရထားမည်ဆိုလျှင် နားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ပေသည်။
ရန်ကိုင်သည် ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ လူပေါင်းများစွာနှင့် ပတ်သက်နေသည့်အတွက်ကြောင့် မဆင်မခြင် လှုပ်ရှား၍ မဖြစ်ပေ။ အခပ်မသင့်လျှင် ကိုယ်လူကို ပြန်ထိခိုက်အောင် လုပ်မိသွားသလို ဖြစ်သွားနိုင်သည်။
လူအိုကြီးမှာမူ ဘာဆိုဘာမျှ ပြန်မပြောဘဲ ရန်ကိုင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ သူ့အရှေ့တွင် ရပ်နေသည့် လူငယ်လေးကိုကြည့်ရင်းမှ လူအိုကြီး၏ နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ အင်္ကျီလက်စထဲတွင် ရှိနေသော သူ့လက်ကိုလည်း လူငယ်လေးမမြင်အောင် ဖုံးကွယ်ထားရင်းမှ တစ်ခုခုဖြစ်လာသော် အချိန်မရွေး လှုပ်ရှားနိုင်ရန်အတွက် လက်ကွက်တစ်ခုကို မသိမသာလေး ထုတ်ဖော်ထားခဲ့လေသည်။
"လူအိုကြီး၊ ခင်ဗျားက ဘယ်သူလဲ၊ ဒီသင်္ဘောတွေက ဘယ်အင်အားစုကလဲ၊ ခင်ဗျားတို့တွေ ဒီမှာ ဘာလာလုပ်နေတာလဲ" ရန်ကိုင်သည် လူအိုကြီးအား ဝိုင်းကြီးပတ်ပတ် လှည့်ပတ်ကြည့်ရင်းမှ မေးလိုက်လေသည်။ သို့သော်ငြား မည်သည့်အဖြေမျှ ပြန်မရခဲ့ပေ။
နောက်ဆုံးတွင်တော့ ရန်ကိုင်သည် လူအိုကြီးအရှေ့၌ ရပ်လိုက်ပြီး မေးလိုက်လေ၏။ "လူအိုကြီး၊ ခင်ဗျားကြည့်ရတာ အရမ်းစိုးရိမ်နေသလိုပဲနော်"
လူအိုကြီး၏ နဖူးထက် ပိုမိုများပြားသော ချွေးအေးများ ဝေ့သီလာတော့လေသည်။
ရန်ကိုင်သည် လူအိုကြီး၏ ပခုံးကို လှမ်းပုတ်၍ ပြုံးဖြီးကာ ပြောလိုက်လေ၏။ "စိတ်မပူစမ်းပါနဲ့၊ ခင်ဗျားတို့သာ ကျုပ်ရန်သူမဟုတ်သ၍ ကျုပ် ခင်ဗျားတို့ကို ဘာမှလုပ်မှာမဟုတ်ဘူး၊ ဘာလဲ ခင်ဗျားတို့က ကျုပ်ရဲ့ ရန်သူမလို့လား"
"မ မဟုတ်ပါဘူး" လူအိုကြီးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်လေ၊ ကျုပ်ရန်သူမှမဟုတ်တာ၊ ဘာတွေစိတ်ပူနေတာလဲ၊ ဒါနဲ့ ကျုပ်ကိုယ်ကျုပ် မမိတ်ဆက်ပေးရသေးဘူးဘဲ၊ ကျုပ်က ဒီကြယ်ရဲ့ ကြယ်သခင် ရန်ကိုင်ပဲ" ရန်ကိုင်သည် အောက်ဘက်တွင် ရှိနေသော ကြယ်ကြီးကို ညွှန်ပြရင်းမှ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
လူအိုကြီးမှာ အလွန်တရာကိုမှ ထိတ်လန့်ကြောက်ရွံ့သွားသည့်အလား သူ့မျက်လုံးများ ကျုံ့ဝင်သွားခဲ့လေသည်။ ဤကြယ်တွင် ကြယ်သခင်တစ်ပါးရှိကြောင်းကို သူတစ်ခါမျှ မကြားခဲ့ဖူးပေ။ သို့သော်ငြား ဤလူငယ်လေး၏ ပုံစံကို ကြည့်ရသလောက် လိမ်နေသည့်ပုံမပေါ်။
"ကျုပ် ဒီကနေထွက်လာတာ တော်တော်လေးကြာသွားပြီ၊ အခုမှပဲ ပြန်ရောက်လာတာ၊ ကျုပ်မိန်းမတွေက ကျုပ်ကိုအိမ်မှာ စောင့်နေကြတာဆိုတော့၊ လူအိုကြီး ကျုပ်သူတို့ဆီကို ဘယ်လိုလက်ဆောင်မျိုး ပြန်ယူသွားပေးရင် ကောင်းမယ်လို့ထင်လဲ"
[အဲဒါ မင်းဘာသာမင်း စဉ်းစားလေ ဘာလို့ ငါ့ကိုလာမေးနေတာလဲကွ] လူအိုကြီးသည် စိတ်ထဲမှနေ၍ အထွန့်တက်လိုက်သည်။ သို့သော်ငြား ထိုကဲ့သို့တော့ ပြန်မပြောရဲခဲ့ပေ။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်၍ပြောလိုက်လေ၏။ "လက်ဆောင်တွေ ဘာတွေ လိုမယ်လို့တော့ မထင်ဘူး၊ လူကိုယ်တိုင် ပြန်ရောက်လာတာနဲ့တင် သူတို့အတွက်တော့ အဆင်ပြေနေလောက်ပြီ"
ရန်ကိုင်သည် သူ့မေးစေ့ကို ပွတ်ရင်းမှ ခေါင်းတညိတ်ညိတ်လုပ်လျက်... "အင်း၊ ခင်ဗျားပြောတာ အမှန်ပဲနော်" ထို့နောက်တွင် ရန်ကိုင်က ရုတ်တရက် အော်ရယ်မောလျက်... "ငါကိုယ်တိုင်က အကောင်းဆုံး လက်ဆောင်ဖြစ်နေပြီပဲ၊ ဟုတ်တယ်မလား စီနီယာအစ်မ"
စုယန်က ပြန်ပြောလိုက်သည်။ "ဟုတ်တယ်"
"အခုလိုမျိုး အကြံပေးတဲ့အတွက် ကျေးဇူးပဲ လူအိုကြီးရေ" ရန်ကိုင်သည် လူအိုကြီးအား လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ပြီးသည့်နောက်တွင် အသက်ကိုပြင်းပြင်းရှူသွင်းလျက်... "ကဲ ကျုပ်အခု သွားတော့မယ်၊ သူတို့တွေလည်း ကျုပ်ကို တွေ့ချင်နေလောက်ပြီ"
[သွားသာ သွားစမ်းပါကွာ၊ ဒီအရူးကောင် ဘယ်ကနေ ရောက်လာတာလဲ]
ရန်ကိုင်မှာ အရိပ်ကြယ်ဆီသို့ အမြန်ပြန်သွားချင်နေလေပြီ။ ထို့အတွက်ကြောင့် ချက်ချင်းပင် ထွက်သွားရန် လုပ်လိုက်လေ၏။ သို့သော်ငြား ထွက်သွားခါနီးတွင် နောက်သို့တစ်ချက် ပြန်လှည့်ကြည့်၍ လူအိုကြီးအားကြည့်ကာ မေးလိုက်လေသည်။ "လူအိုကြီး၊ ခင်ဗျား ကျုပ် ရန်သူမဟုတ်တာ သေချာလား"
"သေချာတယ်"
"အင်း" ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ "ခင်ဗျားသိတဲ့အတိုင်းပဲ၊ ခင်ဗျားသာ ကျုပ်ရန်သူဆိုရင် အဆုံးသတ်က ကောင်းမှာ မဟုတ်ဘူးလေ"
လူအိုကြီး ရင်တစ်ဒုန်းဒန်း ခုန်သွားခဲ့ပြီး ခြေဖျား လက်ဖျားများ အေးစက်သွားခဲ့ရလေသည်။ သို့သော်ငြား သူခေါင်းမော့ကြည့်လိုက်သည့်အချိန် ရန်ကိုင်တို့ နှစ်ဦးအား မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ ထိုလူနှစ်ဦး မည်ကဲ့သို့ထွက်သွားမှန်းကိုပင် သူ မသိလိုက်။ ပတ်ဝန်းကျင်တစ်ခုလုံးအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်တိုင် မည်သည့်အရှိန်အဝါကိုမျှ မခံစားမိပေ။ မသိလျှင် ထိုလူနှစ်ဦးမှာ ဤနေရာသို့ လုံးဝရောက်လာခဲ့ဖူးခြင်းမရှိသည့်အလား။
ထို့နောက်တွင် လူအိုကြီးသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် တံတွေးတစ်လုတ် မျိုချလိုက်ပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ကာ ထိုအထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်လေသည်။ ဆက်သွယ်ရေးမှော်ရတနာကို ကိုင်ထားသည့် လူအိုကြီးလက်မှာတော့ ထိန်းမရအောင်ကို တုန်ယင်နေခဲ့လေသည်။
အထက်ကောင်းကင်ဂိုဏ်း။ ဤဂိုဏ်းသည် ဟုန်းလော့ကြယ်စီရင်စုကြီးထဲတွင် အလွန်ကိုမှ အားကောင်းလှသည့် အင်အားစုတစ်စု ဖြစ်ပေသည်။ အထက်ကောင်းကင်ဂိုဏ်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က ထူထောင်ခဲ့ခြင်းဖြစ်ပါသော်ငြား နှစ်အနည်းငယ်အတွင်းမှာပင် အထက်ကောင်းကင်နန်းတော်သည် တန်ခိုးရှင်ဘုရင် အဆင့်တွင်ရှိနေသော မြောက်မြားလှသည့် ပညာရှင်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။ အထက်ကောင်းကင်ဂိုဏ်းထဲ တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်လေးဦးမှ ငါးဦးအထိပင် ရှိနေခဲ့ပေသည်။
ထိုအကြောင်းကြောင့် အထက်ကောင်းကင်ဂိုဏ်းမှာ ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ ထိပ်သီးအင်အားစုများဖြစ်ကြသော ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၊ ခရမ်းကြယ်နှင့် ဓားမဟာမိတ်အဖွဲ့တို့ပင် မယှဉ်နိုင်သည့် အင်အားစုတစ်ခု ဖြစ်လာခဲ့ရလေသည်။
လက်ရှိအချိန်တွင် အထက်ကောင်းကင်ဂိုဏ်း၏ အဓိကအစည်းအဝေးခန်းမထဲ ပညာရှင်ပေါင်းများစွာ စုဝေးနေကြလေ၏။
အထက်ကောင်းကင်ဂိုဏ်း၏ ယာယီဂိုဏ်းချုပ်လည်းဖြစ် အကြီးအကဲချုပ်လည်းဖြစ်သည့် ရီရှီယွင်သည် ခေါင်းဆောင်နေရာတွင် ထိုင်နေခဲ့ပြီး အကြီးအကဲများဖြစ်ကြသော ချူလင်းရှောင်၊ လင်းတိုင်ရှု၊ ရန်ရှိုကျု၊ ချူဟန်းယီ၊ လင်းယုယောင်၊ ချင်းယနှင့် တခြားသူများသည် ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်ဆီတွင် ထိုင်နေကြလေသည်။ ထိုလူ တစ်ဦးတစ်ယောက်ချင်းစီသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များဖြစ်ကြသည်။
ထိုအဖွဲ့နှင့် ဝေးရာဆီတွင်တော့ ဖုချီ၊ ရန်ဝေ၊ ဒေါင်ချင်းဟန်ကဲ့သို့သော ဂျူနီယာဆယ်ဦးမက ရှိနေကြလေသည်။ လက်ရှိအချိန်တွင် ထိုဂျူနီယာများမှာ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများဖြစ်နေကြလေပြီ။ အချို့ဆိုလျှင် တန်ခိုးရှင်ဘုရင် အထွတ်အထိပ်သို့ ရောက်နေကြပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ဖို့ရာ ခြေတစ်လှမ်းသာ လိုတော့လေသည်။
ခန်းမတစ်ခုလုံးမှာတော့ ဆွေးနွေးတိုင်ပင်သံများဖြင့် ဆူညံ ယောက်ယက်ခက်နေခဲ့လေသည်။ လူအိုကြီးများသည်သာ အပြန်အလှန် ဆွေးနွေးနေကြရုံမက လူငယ်များသည်လည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးငြင်းခုံနေခဲ့ကြလေသည်။
ထိပ်သီးနေရာတွင် ထိုင်နေသော ရီရှီယွင်မှာမူ စကားတစ်ခွန်းမျှမပြောဘဲ အခြားသူများ ပြောနေသည်ကိုသာ တစ်စိုက်မတ်မတ် နားထောင်နေခဲ့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၂၀)
ဘာသာပြန်သူ_တိမ်တိုက်
လက်ရှိအချိန်တွင် အကုန်လုံးမှာ ရန်သူများအား မည်ကဲ့သို့ တိုက်ခိုက်ကြလျှင် ကောင်းမလဲဆိုသည်နှင့် ပတ်သက်၍ ငြင်းခုံနေကြခြင်း ဖြစ်လေသည်။ ထိုသို့ ငြင်းခုံရာတွင် အဖွဲ့နှစ်ဖွဲ့ ကွဲနေခဲ့သည်။ တစ်ဖွဲ့သည် အင်အားစုများကို အဖွဲ့အသီးသီးခွဲ၍ ရန်သူ၏ ထိုးစစ်အား ခုခံလိုကြသည်။ အခြားတစ်ဖွဲ့မှာတော့ ရှိသမျှ အင်အားအကုန်အစင်ကို စုဆောင်း၍ ရန်သူ၏ ဌာနချုပ်အား တိုက်ခိုက်ချင်ကြလေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အတန်ကြာအောင် ငြင်းခုံနေသည့်တိုင် ယခုအချိန်အထိ အဖြေမရကြသေးပေ။
ရုတ်တရက်ဆိုသလို ခန်းမ၏ ထိပ်သီးနေရာတွင် ထိုင်နေသည့် ရီရှီယွင်သည် တစ်ခုခုအား သတိပြုမိသွားသည့်အလား ဟင်းလင်းပြင်ကိုပင်လျှင် ထိုးဖောက်နိုင်သည့် အကြည့်မျိုးဖြင့် အဝေးတစ်နေရာဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။
ခန်းမထဲရှိ ငြင်းခုံသံများဟာလည်း ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး အကုန်လုံးသည် ရီရှီယွင်အား ကြည့်လာကြလေသည်။
ချူလင်းရှောင်က မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
"ထက်ကောင်းကင်ဂိုဏ်းထဲကို လူအချို့ ဝင်လာတယ်" ရီရှီယွင်က ပြန်ပြောလိုက်သည်။ အထက်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲချုပ်တစ်ဦး ဖြစ်သည့်အလျောက် ရီရှီယွင်မှာ ဂိုဏ်းကာကွယ်ရေး အစီအရင်အား ထိန်းချုပ်ထားနိုင်လေရာ ဂိုဏ်းထဲသို့ အတင်းအကျပ် ကျူးကျော်ဝင်ရောက်လာသည့် မည်သူ့ကိုမဆို အာရုံခံနိုင်ပေသည်။
"ဘယ်လို" အကုန်လုံး အထိတ်တလန့် ဖြစ်ကုန်ကြလေသည်။ အထက်ကောင်းကင်နန်းတော်သည် အားနည်းသည့် အင်အားစုလေးတစ်ခု မဟုတ်တော့။ ယခုဆိုလျှင် ကြယ်စီရင်စုကြီးတစ်ခုလုံး၏ ထိပ်သီးအင်အားစုတစ်ခု ဖြစ်နေခဲ့လေပြီ။ ထိုသို့ဖြစ်လေရာ မည်သူကများ သူတို့၏ ခွင့်ပြုချက်မရဘဲ ထက်ကောင်းကင်ဂိုဏ်းထဲသို့ အတင်းအကျပ် ကျူးကျော်ဝင်ရောက်လာရဲလေသနည်း။ မည်သူကများ ထိုကဲ့သို့ လုပ်နိုင်ရလေသနည်း။
ရုတ်ချည်းဆိုသလို အကုန်လုံး၏ အမူအရာမှာ လေးနက်တည်ကြည်သွားကုန်ကြ၏။
"အဲဒီ အရှိန်အဝါတွေက" ရီရှီယွင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူမ၏ စွဲမက်ဖွယ်ရာ မျက်နှာလေးအထက် မယုံကြည်နိုင်ဖြစ်နေသည့် အရိပ်အယောင်အချို့ ပေါ်လာခဲ့လေသည်။ ထို့နောက် ချက်ချင်းပင် ထိုင်ရာမှထကာ ခန်းမထဲမှ ပြေးထွက်သွားလေ၏။
အကုန်လုံးမှာ ရီရှီယွင် ဘာကိုတွေ့လိုက်၍များ ယခုကဲ့သို့ ဖြစ်သွားရသလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြရာ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကုန်ကြလေသည်။ ရီရှီယွင်အကြောင်း သူတို့ ကောင်းကောင်း သိထားကြသည်။ မည်ကဲ့သို့သော အန္တရာယ်မျိုးနှင့်ပင် ရင်ဆိုင်နေရစေကာမူ ရီရှီယွင်မှာ ဟန်မပျက်အမူအရာဖြင့် ရှိနေနိုင်သည့် လူတစ်ဦး ဖြစ်လေသည်။ ထိုအတွက်ကြောင့် ယခု သူမ၏ လုပ်ပုံသည် ခန်းမအတွင်းတွင် ရှိနေသည့်လူများအား အမှန်တကယ်ကို အံ့အားသင့်သွားစေခဲ့သည်ဟု ပြော၍ရသည်။
ထိုအကြောင်းကြောင့် ခန်းမထဲ၌ ရှိနေသော လူများမှာလည်း ထိုင်ရာမှထ၍ ရီရှီယွင် နောက်သို့ ပြေးလိုက်သွားကုန်ကြလေ၏။
မကြာမီ ထိုလူအားလုံး ခန်းမအပြင်ဘက်၌ ရပ်လိုက်ကြသည်။
လက်ရှိအချိန်တွင် လူနှစ်ဦးသည် ထိုလူအုပ်ကြီးဆီသို့ ဇိမ်ပြေနပြေ အမူအရာဖြင့် လမ်းလျှောက်လာနေကြလေသည်။ ခန်းမထဲမှ ထွက်လာကြသည့် လူများမှာမူ သူတို့ဆီသို့ လမ်းလျှောက်လာနေသည့် လူနှစ်ဦးကို ကြည့်ရင်း အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေသည့်အလား မျက်လုံးအပြူးသား ဖြစ်နေကြလေသည်။
ထက်ကောင်းကင်ဂိုဏ်းထဲ လမ်းလျှောက်လာရင်းမှ ရန်ကိုင်သည် လမ်းတွင် တွေ့သည့် တပည့်များကို ပြုံးပြကာ နှုတ်ဆက်လိုက်သည်။ တပည့်များမှာတော့ ရန်ကိုင်ကိုသာ ပါးစပ်အဟောင်းသားဖြင့် ကြောင်ကြည့်နေကြလေသည်။
ဤနေရာတွင် ရှိနေသည့် တပည့်အများစုကို ရန်ကိုင်မှ ထုန်းရွှမ်လောကကြီးဆီမှ ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုအတွက်ကြောင့် အတော်များများမှာ ရန်ကိုင်အား သိကြသည်။ ရန်ကိုင်အား မသိသည့် လူများသည်ပင်လျှင် စုယန်ကို သိကြပေသည်။ ထိုအတွက်ကြောင့် ထက်ကောင်းကင်ဂိုဏ်းမှ နှစ်ပေါင်းများစွာကြာအောင် ပျောက်ဆုံးနေခဲ့သော လူနှစ်ဦး ရုတ်တရက် အတူတကွ ပေါ်လာသည်ကို မြင်သည့်အခါ ထိုလူအားလုံး အလွန်ကိုမှ အံ့အားသင့်သွားကြခြင်း ဖြစ်လေသည်။
ရန်ကိုင်တို့ နှစ်ဦးစလုံးကို မြင်လိုက်သည့် တပည့်တိုင်း အလွန်ကိုမှ အံ့ဩ မှင်တက်သွားကုန်ကြရာ အချိန်အတန်ကြာသည့်အထိတိုင် အသိပြန်မဝင်လာနိုင်ကြဘဲ ရန်ကိုင်တို့ကိုသာ ငေးကြောင်ကြောင်ဖြင့် ကြောင်ကြည့်နေကြလေသည်။
ထက်ကောင်းကင်ဂိုဏ်းထဲရှိ လူအားလုံးမှာ ညှို့ဓာတ်ပညာရပ်တစ်ခုခုဖြင့် ညှို့ခံထားရသည့်အလား စိတ်နှင့်လူနှင့် မကပ်ဖြစ်နေကြလေသည်။ အချိန်မှာ ရပ်တန့်သွားသလို အကုန်လုံးမှာ အေးခဲသွားသည့်အလား ရန်ကိုင်၏ နှုတ်ဆက်သံသည်သာ အထက်ကောင်းကင်ဂိုဏ်းထဲ ထွက်ပေါ်နေခဲ့၏။
"ရန်ကိုင်၊ ရန်ကိုင်ပဲဟ" ဒေါင်ချင်းဟန်က ရုတ်တရက် ထအော်လေသည်။ သူ့အရှေ့ရှိ မြင်ကွင်းသည် ပုံရိပ်ယောင်များ ဖြစ်နေမလား အထင်ဖြင့် မျက်လုံးကို ပွတ်သပ်၍ နောက်တစ်ကြိမ် သေချာပြန်ကြည့်လိုက်သည်။ ထို့နောက် လျန်ချူတျဲ၏ လက်ကိုကိုင်၍ ပြောလိုက်လေ၏။ "နင်တွေ့လား၊ ရန်ကိုင် ပြန်လာပြီ"
လန်ချူတျဲကလည်း ငေးကြောင်ကြောင် အမူအရာဖြင့် ခေါင်းညိတ်ရင်းမှ ပြန်ပြောလိုက်လေသည်။ "ဟုတ်တယ်၊ သူတကယ်ကြီး ပြန်လာပြီ"
လူငယ်မျိုးဆက်များကြား ရန်ကိုင်တို့အား သိနေကြသည့် လူများမှာ စတင်၍ စိတ်ဂနာမငြိမ် ဖြစ်လာကြလေသည်။ ရီရှီယွင်၊ ချူလင်းရှောင်နှင့် အခြားသော အကြီးအကဲများ ဖြစ်ကြသည့် ထက်ကောင်းကင်ဂိုဏ်း၏ ထိပ်သီးအကြီးအကဲများသည်ပင်လျှင် သူတို့၏ ဟန်အမူအရာကို ထိန်းသိမ်းထားနိုင်ခြင်း မရှိကြတော့ပေ။
တခဏအကြာ၌ ရန်ကိုင် ထိုလူများရှေ့သို့ ရောက်လာခဲ့လေသည်။ လူအုပ်ကြီးအား တစ်ချက် ဝေ့ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။ "ကျုပ်ပြန်လာပြီ"
ရန်ကိုင် မျှော်လင့်ထားသည့် ကြိုဆိုမှုမျိုး ထွက်ပေါ်လာခြင်း မရှိခဲ့။ ထိုအစား အကုန်လုံးသည် ရန်ကိုင်ကိုသာ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေကြလေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာလည်း ရှက်လာခဲ့ပြီး နှာခေါင်းကို လက်ဖြင့်ပွတ်ကာ ပြောလိုက်လေသည်။ "ကျုပ်ပြန်လာပြီလေ"
ရန်ကိုင်မှ ထိုစကားကို ပြောပြီးပြီးချင်းမှာပင် ဒေါင်ချင်းဟန်သည် ရန်ကိုင်ဆီသို့ ခုန်ဝင်လာပြီး သူ့အား အားပါးတရ ဖက်လိုက်လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏ ကျောပြင်အား အားပါးတရ လက်ဖြင့် ရိုက်ချလိုက်လေ၏။
ရန်ကိုင်မှာတော့ ရယ်ရခက် ငိုရခက် ဖြစ်နေခဲ့လေသည်။ ပြန်လာသည်ကို ပထမဦးဆုံး ဝမ်းသာအားရဖြင့် ထကြိုသည့်လူမှာ ဤဖက်တီးလေး ဖြစ်နေလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့။ ရန်ကိုင်သည်လည်း တစ်ခဏမျှ ရပ်ကြည့်နေပြီးသည့်နောက် ပြန်၍ စလိုက်လေသည်။ "ဟျောင့်၊ မင်းဝိတ်လျှော့ဖို့ အချိန်တန်ပြီနော်"
"တကယ်ကြီး မင်းလား" ထိုအခါမှသာလျှင် ဒေါင်ချင်းဟန်သည် ရန်ကိုင်နှင့် လူချင်းခွာလိုက်ပြီး ရန်ကိုင်အား သေသေချာချာကို စစ်ဆေးကြည့်လေ၏။
"ဟုတ်တယ်၊ ငါပဲ"
ထို့နောက်တွင် ဒေါင်ချင်းဟန်သည် လူအုပ်ကြီးဘက်သို့ လှည့်၍ ရန်ကိုင်ကို လက်ညှိုးထိုးပြရင်းမှ ပြောလိုက်သည်။ "ရန်ကိုင် ပြန်လာပြီ"
ရန်ကိုင် ပြန်လာကြောင်းကို သူသာလျှင် ပထမဦးဆုံး တွေ့ရှိခဲ့သည့်အလား။
အကုန်လုံးမှာ အလေးအနက် အမူအရာများဖြင့် ရန်ကိုင်အား ဦးညွတ်နှုတ်ဆက်ကြလေသည်။ "ဂိုဏ်းချုပ် ပြန်လာတာကို ကြိုဆိုပါတယ်" အကုန်လုံး၏ အသံများမှာ အနည်းငယ် တုန်ယင်နေခဲ့လေသည်။
ရန်ကိုင်မှာတော့ သူ့စွမ်းအားကို သုံးရင်း ထိုလူများအား ဦးမညွှတ်အောင် ထိန်းပေးလိုက်လေသည်။ ထို့နောက် အလေးအနက် အမူအရာဖြင့် ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ဦးညွတ်ကာ ပြောလိုက်လေ၏ "ဆရာဘိုးဘိုး၊ ကျုပ်ပြန်လာခဲ့ပြီ"
ချူလင်းရှောင်သည် ကောင်းကင်စံအိမ် ဘိုးဘေးတည်ထောင်သူဖြစ်ကာ လင်းတိုင်ရှုမှာတော့ ရန်ကိုင့်အဖေ၏ ဆရာဖြစ်ပေသည်။ သူတို့နှစ်ဦးစလုံးသည် ရန်ကိုင်၏ စီနီယာများ ဖြစ်ကြသည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ ထိုနှစ်ဦးထက် ပိုမြင့်ပါသော်ငြား ရန်ကိုင်သည် သူ့ကိုယ်သူ ထိုလူနှစ်ဦးထက် ပို၍ အဆင့်မြင့်သည်ဟု တစ်ခါမျှ မှတ်ယူခဲ့ခြင်း မရှိပေ။ ထိုအတွက်ကြောင့် ထိုလူနှစ်ဦး သူ့အား ဦးညွတ် အလေးပြုလာမည်ကိုလည်း ရန်ကိုင် မခံယူလိုပေ။
ထိုသို့သာ ဖြစ်သွားမည်ဆိုလျှင်တော့ သူ့အဖေ ရန်ရင်ဖုန်းသည် ရန်ကိုင်အား လုံးဝအလွတ်ပေးလိမ့်မည် မဟုတ်ပေ။
ချူလင်းရှောင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "မင်းက အထက်ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေပြီပဲဟာကို၊ အဲဒီလိုမျိုးတွေ လုပ်မနေစမ်းပါတော့နဲ့"
လင်းတိုင်ရှုကလည်း ပြောလိုက်သည်။ "ဟုတ်တယ် မင်းကြောင့်ပဲ ငါတို့လည်း အခုလိုအဆင့်မျိုး ရောက်နိုင်တာ၊ ရှင်းရှင်းပြောရရင် မင်းလည်း ဂိုဏ်းချုပ်တစ်ဦး ပုံစံမျိုး နေသင့်နေပြီ”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဖြစ်နေတယ်ဆိုရင်တောင် စီနီယာတွေကိုတော့ မလေးမစား လုပ်လို့မရဘူးလေ၊ အနည်းဆုံးတော့ စီနီယာတွေကို လေးစားရဦးမှာပေါ့"
ချူလင်းရှောင်နှင့် လင်းတိုင်ရှုတို့ အကြည့်ချင်း ဖလှယ်လိုက်ကြလေ၏။
"အစ်ကိုရန်" ဝူရီသည် ရှေ့ထွက်လာပြီး ရန်ကိုင်အား နှုတ်ဆက်လိုက်လေသည်။
ရန်ကိုင်က ဝူရီဘက်သို့ လှည့်၍ ပြုံးကာ ပြောလိုက်လေ၏။ "ငါတို့ မတွေ့ရတာတောင် ကြာသွားပြီနော်၊ နင်အဆင်ပြေရဲ့လား"
အရိပ်ကြယ်သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်မှာ ဝူရီ၏ အကူအညီကြောင့်သာလျှင် ဤနေရာ၌ ခြေကုပ်ရယူနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ဝူရီနှင့် သူမမိသားစု၏ တပည့်များသည် အရိပ်ကြယ်ပေါ်သို့ ရောက်ပြီးသည့်နောက် ရန်ကိုင်၏ ပထမဦးဆုံးသော မိတ်ဆွေများနှင့် မဟာမိတ်များ ဖြစ်ကြပေသည်။ ထိုလူများသာ မရှိပါက ထက်ကောင်းကင်ဂိုဏ်းလည်း ရှိလာနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
"အဆင်ပြေတယ်" ဝူရီက ပြုံး၍ ပြန်ပြောလိုက်သည်။ ဝူရီသည်လည်း ရန်ကိုင်အား အမှန်တကယ်ကို လွမ်းနေမိလေသည်။ ရန်ကိုင်နှင့် ပြန်တွေ့လိုက်ခြင်းသည် နှစ်ပေါင်းများစွာကြာအောင် ငြိမ်သက်နေခဲ့သော သူမ၏ နှလုံးသားထဲ လှိုင်းထသွားခဲ့ရလေ၏။ သို့သော်ငြား ရန်ကိုင်ဘေးနားတွင် ရှိနေသော အမျိုးသမီးကို မြင်ပြီးသည့်နောက် ထိုလှိုင်းမှာ ချက်ချင်း ပြန်လည်ငြိမ်သက်သွားခဲ့ရလေသည်။
လူတိုင်းအား တစ်ယောက်ချင်းစီ လိုက်လံနှုတ်ဆက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ရီရှီယွင်ကို ကြည့်ကာ ပြုံးကာ ပြောလိုက်လေသည်။ "ကျုပ်မရှိတဲ့ အချိန်အတောအတွင်း ဂိုဏ်းကို စောင့်ရှောက်ပေးထားလို့ အကြီးအကဲချုပ်ကို တကယ် ကျေးဇူးအများကြီး တင်ပါတယ်"
ရီရှီယွင်က ပြန်ပြောလိုက်သည်။ "နင်ပြန်လာတာ အချိန်ကိုက်ပဲ၊ အခုတော့ ငါလည်း နင့်ဆီ ဂိုဏ်းချုပ်ရာထူး ပြန်ပေးပြီးတော့ အေးအေးဆေးဆေး အနားယူလို့ရပြီ"
ရန်ကိုင်က အထိတ်တလန့်ဖြင့်... "အကြီးအကဲချုပ် ခင်ဗျား အရွယ်ကောင်းမှာ ရှိနေသေးတာပဲဟာကို၊ ဘာဖြစ်လို့ ရုတ်တရက်ကြီး အနားယူချင်ရတာလဲ"
ရီရှီယွင်က နှာခေါင်းရှုံ့လိုက်လေသည်။ "ငါ့ကိုလာဖားနေလို့လဲ အပိုပဲ၊ ငါဆုံးဖြတ်ပြီးသွားပြီ၊ နင်ဘယ်လိုပြောပြော ငါစိတ်ပြောင်းတော့မှာ မဟုတ်ဘူး" [နင်ကျင့်ကြံခြင်း ဘယ်လောက်မြင့်မြင့် ငါဂရုမစိုက်ဘူး၊ ဒီအလုပ်ကိုတော့ ငါတော်ပြီပဲ၊ ငါဂိုဏ်းတစ်ခုလုံးကို ထိုင်ကြည့်နေရတာ အရမ်းပင်ပန်းလွန်းအားကြီးတယ်၊ ငါ့ဘာသာငါပဲ အေးအေးဆေးဆေး နေပြီးတော့ လျှောက်ပတ်သွားတော့မယ်]
ရန်ကိုင်က သက်ပြင်းချလျက် ပြောလိုက်သည်။ "အကြီးအကဲချုပ်က အခုလိုမျိုး ပြောလာတယ်ဆိုမှတော့လည်း ကျုပ်လည်း အတင်းတွန်းအားပေးနေလို့ ဘယ်ဖြစ်ပါ့မလဲ၊ ဘာပဲဖြစ်ဖြစ် မကြာခင် အကြီးအကဲချုပ်တို့ အားလုံးကို ကျုပ်နေရာသစ်တစ်ခုဆီ ခေါ်သွားပေးမယ်၊ အဲဒီအချိန်ကျရင်တော့ အကြီးအကဲချုပ်တို့ စိတ်ရှိသလောက် အနားယူပေတော့ပေါ့"
"နေရာသစ်"
"ဘယ်နေရာလဲ"
"မင်းလာခဲ့တဲ့ နေရာလား"
အကုန်လုံးမှာ ရန်ကိုင် ပြောသည့် နေရာသစ်အကြောင်းကို သိချင်နေမိကြလေသည်။
ရန်ကိုင်ကမူ ပြုံးသာ ပြုံးပြနေပြီး ပြန်မပြောခဲ့ပေ။ တစ်ခဏအကြာ၌ ပြန်၍ မေးလိုက်လေ၏။ "ခုနတုန်းက ခင်ဗျားတို့တွေ တစ်ခုခုနဲ့ ပတ်သက်ပြီးတော့ ငြင်းခုံနေကြသလိုပဲ၊ ဘာတွေ ဖြစ်နေကြတာလဲ၊ ထက်ကောင်းကင်နန်းတော်ကို တစ်ယောက်ယောက်က လာပြဿနာရှာနေလို့လား"
ထိုစကားကို ကြားသော် အကုန်လုံး တိတ်ကျသွားကုန်ကြလေသည်။ မည်သူမျှ စိတ်လှုပ်ရှားနေခြင်း မရှိကြတော့။
ထိုလူများ၏ အမူအရာကို မြင်ပြီးသည့်နောက် အထက်ကောင်းကင်ဂိုဏ်းထဲတွင် အရေးကြီးသည့် ကိစ္စရပ်တစ်ခုခု ဖြစ်သွားရမည်မှန်း ရန်ကိုင် ချက်ချင်း သိလိုက်လေသည်။
ရီရှီယွင်က ပြောလိုက်သည်။ "အထဲကို အရင်သွားကြရအောင်"
ခန်းမထဲသို့ ဝင်လာပြီးသည့်နောက်တွင် ရီရှီယွင်သည် ကြယ်စီရင်စုကြီး၏ လက်ရှိအခြေအနေကို ရန်ကိုင်အား ရှင်းပြလိုက်လေသည်။
ထိုအခါမှသာလျှင် ပြဿနာတက်နေသည်မှာ အထက်ကောင်းကင်ဂိုဏ်း မဟုတ်ဘဲ ဟုန်းလော့ကြယ်စီရင်စုကြီး ဖြစ်ကြောင်းကို ရန်ကိုင် နားလည်သွားရတော့သည်။
စုယန် မူလကုန်းမြေဆီသို့ ထွက်သွားသည့် အချိန်အထိ ကြယ်စီရင်စုကြီးမှာ ငြိမ်းချမ်းနေခဲ့ရသည်။ သို့သော်ငြား စုယန် ထွက်သွားပြီး နှစ်အနည်းငယ်ခန့် အကြာ၌ ထူးဆန်းသည့် လေဟာနယ်လိုဏ်ခေါင်းတစ်ခု ကြယ်စီရင်စုကြီးထဲ ပေါ်လာခဲ့လေသည်။ ထိုလေဟာနယ်လိုဏ်ခေါင်းမှတစ်ဆင့် မြောက်များလှစွာသော ကြယ်သင်္ဘောများနှင့်အတူ အားကောင်းလှသည့် ကျင့်ကြံသူများ ဟုန်းလော့ကြယ်စီရင်စုကြီးထဲသို့ ရောက်ရှိလာကြပြီး ဟုန်းလော့ကြယ်စီရင်စုကြီးကို စတင်ကျူးကျော်တော့လေသည်။ ထိုလူများသည် ဟုန်းလော့ကြယ်စီရင်စုကြီးထဲတွင် ရှိနေသော ကျင့်ကြံရေးကြယ်များဆီသို့ သွားကာ ထိုနေရာရှိ အင်အားစုများကို ဖျက်ဆီး၍ အဖိုးတန်ပစ္စည်းများကို ဓားပြတိုက်လုယက်ကြသည်။
အစပိုင်းတွင်တော့ ဘာတွေဖြစ်လို့ ဖြစ်နေသလဲဆိုသည်ကို မည်သူမျှ မသိကြသေးပေ။ ကျူးကျော်လာသည့် လူများသည် အလွန်တရာကိုမှ အားကောင်းလှသည် ဟူ၍သာ သိထားကြပေသည်။ ဟုန်းလော့ကြယ်စီရင်စုကြီးသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ချိတ်ပိတ်ထားခြင်း ခံရသည့်အတွက်ကြောင့် ထိုလူများကဲ့သို့သော ကျင့်ကြံသူမျိုးကို တစ်ခါမျှ မြင်ခဲ့ရဖူးခြင်း မရှိပေ။ ထိုအတွက်ကြောင့် ရုတ်တရက်ကြီး အလစ်ငိုက်ချောင်း တိုက်ခိုက်ခံလိုက်ရသည့် အချိန်မျိုးတွင် ဟုန်းလော့ကြယ်စီရင်စုကြီးမှာ လုံးဝကို အလစ်ငိုက်မိသွားသည်ဟု ပြော၍ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျင့်ကြံရေးကြယ်ပေါင်းများစွာ ကျူးကျော်သူတို့ လက်ထဲသို့ တစ်ခဏအတွင်း ကျရောက်သွားကုန်ကြရလေ၏။
စစချင်း၌ အကုန်လုံးမှာ တစ်ကွဲတစ်ပြား ဖြစ်နေခဲ့ပြီး ရန်သူများ၏ ကျူးကျော်ဝင်ရောက်လာမှုကြောင့် အထိတ်တလန့် ဖြစ်နေခဲ့ကြလေသည်။ သို့သော်ငြား အစပိုင်း ပြီးသွားသည့်နောက် လက်ကျန်အင်အားစုများမှာ အခြေအနေကို နားလည်လာခဲ့ကြပြီး အတူတကွ ပူးပေါင်းကာ ကျူးကျော်လာသည့် ရန်သူများကို ခုခံကြတော့သည်။ ထိပ်သီးအင်အားစုများ ဖြစ်ကြသော ထက်ကောင်းကင်ဂိုဏ်း၊ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၊ ခရမ်းကြယ်နှင့် ဓားအဖွဲ့အစည်းတို့သည် အရှေ့ဆုံးမှ ဦးဆောင်၍ ဟုန်းလော့ကြယ်စီရင်စုကြီးထဲတွင် ရှိနေသည့် ပညာရှင်ပေါင်းများစွာကို စုဝေးကာ ကျူးကျော်လာသည့် ရန်သူများကို စစ်ပွဲဆင်နွှဲကြတော့သည်။ ထိုစစ်ပွဲအတွင်း မရေမတွက်နိုင်သော ကျင့်ကြံသူပေါင်းများစွာ အသတ်ခံခဲ့ကြရသည်။ ထက်ကောင်းကင်နန်းတော်သည်ပင်လျှင် လူပေါင်းများစွာ ဆုံးရှုံးခဲ့ရပေသည်။
ထိုအကြောင်းကို ကြားလိုက်ချိန် ရန်ကိုင် မျက်နှာပျက်သွားတော့လေ၏။ အစောပိုင်းက ခန်းမထဲတွင် သူနှင့် ရင်းနှီးနေသည့် လူပေါင်းများစွာကို တွေ့ခဲ့ရပါသော်ငြား သူနှင့် အရင်းနှီးဆုံးသော အမျိုးသမီးများကိုမူ မတွေ့ရကြောင်း သတိထားမိခဲ့သည်။ သူ့မိဘများကိုပင်လျှင် ဤနေရာ၌ မတွေ့ရပေ။
ရီရှီယွင်သည် ရန်ကိုင် မည်သည့်အရာအား စိတ်ပူနေသလဲဆိုသည်ကို သတိပြုမိသည့်အလား ရန်ကိုင်အား နှစ်သိမ့်ပေးလိုက်လေ၏။ "နင့်မိန်းမတွေ အကုန်လုံး အဆင်ပြေတယ်၊ အခုလောလောဆယ် သူတို့ရဲ့ကြယ်တွေကို သွားပြန်ကာကွယ်ပေးနေလို့ ဒီမှာမရှိတာ"
ထိုအခါမှသာလျှင် ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့လေ၏။
[ဒါဆိုရင် ရှန်ချင်းလော့က မွန်းစတားဧကရာဇ်ကြယ်ဆီ ပြန်သွားပြီးတော့၊ စီနီယာမမလေးက ထုံရွှင်းလောကကြီးဆီ ပြန်သွားတာပေါ့၊ ရွှယ့်ယွယ်လည်း ဟုန်းလော့ကြယ်စီရင်စုကြီးရဲ့ ရေလကြယ်ဆီ သွားပြီးတော့ ကူညီပေးနေတာ ဖြစ်ရလိမ့်မယ်] ကြယ်စီရင်စုကြီးတစ်ခုလုံး ဒုက္ခရောက်နေသည် ဖြစ်သည့်အတွက်ကြောင့် ထိုလူများသည် အထက်ကောင်းကင်ဂိုဏ်းထဲတွင်သာ နေနေပြီး ဘာမျှမလုပ်ဘဲ နေကြလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ရန်ကိုင် ထွက်မသွားသေးခင်က ကြယ်စီရင်စုကြီးထဲ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ပေါင်းများစွာကို ခင်းကျင်းပေးခဲ့လေသည်။ မွန်းစတားဧကရာဇ်ကြယ်၊ ထုန်းရွှမ်လောကကြီးနှင့် ရေလကြယ်တို့ အားလုံးသည် အရိပ်ကြယ်ပေါ်ရှိ အထက်ကောင်းကင်ဂိုဏ်းနှင့် ဆက်သွယ်ထားကြသည်။ ထိုအတွက်ကြောင့် သူတို့အနေဖြင့် ထိုကြယ်များဆီသို့ သွားရန် အချိန်ကုန်ခံနေစရာ မလိုပေ။ ထိုကြယ်များ၌ အန္တရာယ်တစ်ခုခုနှင့် ကြုံရမည်ဆိုလျှင်ပင် ကမ္ဘာခြားအစီအရင်ကို သုံး၍ ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်လည်ဆုတ်ခွာလာနိုင်သည်။
"ကျူးကျော်လာတဲ့ လူတွေက ဘယ်ကလာတာလဲ" ရန်ကိုင်က မေးလိုက်သည်။
ဟုန်းလော့ကြယ်စီရင်စုကြီး၌ သူ မရှိစဥ် အတောအတွင်း သူ၏ကြယ်စီရင်စုကြီးကို အခြားလူများမှ ကျူးကျော်လာရဲလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။
ရီရှီယွင်က ပြန်ပြောလိုက်သည်။ "တစပြင်ကန္တာရ ကြယ်စီရင်စုကြီးက လာတယ်လို့တော့ ကြားတာပဲ"
ထိုစကားကို ကြားသော် ရန်ကိုင်၏ အမူအရာ ကသိကအောက် ဖြစ်သွားခဲ့လေ၏။ "တစပြင်ကန္တာရ ကြယ်စီရင်စုကြီးထဲက လာတာ သေချာလား"
ရီရှီယွင်က ခေါင်းညိတ်လိုက်သည်။ "သေချာတယ်"
စစ်ဖြစ်နေသည်မှာ ဆယ်နှစ်ကျော် ကြာနေပြီဖြစ်သည့်အတွက်ကြောင့် သူတို့၏ ရန်သူများ မည်သည့်နေရာမှ လာသလဲဆိုသည်ကို မသိမှသာလျှင် ရယ်စရာဖြစ်နေပေလိမ့်မည်။ သူတို့၏ ကြယ်စီရင်စုအား အခြားကြယ်စီရင်စုမှ ကျင့်ကြံသူများ ကျူးကျော်လာကြောင်း ကြားသိလိုက်ရချိန် ဟုန်းလော့ကြယ်စီရင်စုထဲ ရှိနေကြသည့် ကျင့်ကြံသူများ အံ့အားသင့်သွားကုန်ကြရလေသည်။ ကျူးကျော်ခံရသည့် အတွက်ကြောင့်တော့မဟုတ်၊ ဤလောကကြီးထဲ အခြားသော ကြယ်စီရင်စုများ ထပ်ရှိနေသေးကြောင်း သိလိုက်ရသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။
"ဂိုဏ်းချုပ်က တစပြင်ကန္တာရ ကြယ်စီရင်စုအကြောင်းကို သိနေတာလား" ရီရှီယွင်သည် ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။
ရန်ကိုင်က ရယ်သွမ်းသွေးလိုက်လေ၏။ "အင်း၊ ဟုတ်တယ်၊ သိတယ်"
[တိုက်ဆိုင်လိုက်တာပါလား]