အခန်း (၁၂၆-၁၃၀)
Vol. 6 Ch. 126-130
အပိုင်း (၁၂၆) စွန့်စားခန်း၏အစ
သူ့ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့ကိုဝန်းရံထားတဲ့ အရွယ်အစားအမျိုးမျိုး
ရှိတဲ့ ကျောက်တုံးတိုင်ကြီးတွေကို တွေ့လိုက်ရသည်။ အချို့ကျောက်တုံးတိုင်တွေက ၄မီတာလောက်မြင့်ပြီး အချို့ကတော့ သာမန်သဲပုံတစ်ပုံလောက်သာ ရှိပေသည်။ အခုနေရာတွင် ရှိနေတဲ့
ချီစွမ်းအင်က အပြင်ကမ္ဘာမှာရှိနေတဲ့ ချီစွမ်းအင်ထက် အဆများစွာ ပိုသိပ်သည်းတယ်ဆိုတာကို
ရန်ကိုင်ခံစားမိလိုက်သည်။ သူသာဒီနေရာမှ ထိုင်ပြီးကျင့်မယ်ဆိုရင် အပြင်ဘက်မှာကျင့်တာထက်
၃-၄ဆလောက်ပိုမြန်ပေလိမ့်မည်။ ဝမ်းနည်းစွာနဲ့ပဲ သူအဖို့ဒီမှာထိုင်ပြီး ကျင့်ကြံနေဖို့ အချိန်မရှိချေ။
ဒီနေရာမှသာ ထိုင်ပြီးကျင့်ကြံနေလိုက်ပါက အမွေအနှစ်ရှာဖွေတာကို လက်လျော့လိုက်တာနဲ့
အတူတူပင်ဖြစ်သည်။
သူ့ဘေးနားဝန်းကျင်တွင် လူရှိမလားဆိုပြီး ရှာကြည့်လိုက်ပေမယ့် စုမူကိုမတွေ့ရချေ။ သူနဲ့စုမူ
တစ်ပြိုင်တည်း ဝင်လာခဲ့ပေမယ့် သူတို့နှစ်ယောက် တစ်နေရာဆီရောက်သွားခဲ့သည်။ ရုတ်တရက်
ကြမ်ပြင်ပေါ်တွင် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအရိပ်က တဖြည်းဖြည်းကြီးလာခဲ့ပြီး
ပေါ်တယ်ကနေ လူရိပ်တစ်ခု ပြုတ်ကျလာခဲ့သည်။ ပြုတ်ကျလာတဲ့သူက အမှန်တကယ်ကိုပဲ
လန်ချူးတျယ် ဖြစ်နေခဲ့သည်။
မိန်းကလေးက မြန်မြန်ဆန်ဆန် ထလိုက်ပြီးမတ်တပ်ရပ်လိုက်သည်။ သူမပတ်ပတ်လည်ကိုကြည့်လိုက်တဲ့အချိန်တွင် ရန်ကိုင်ကိုတွေ့လိုက်ရသည်။ ရန်ကိုင်က မြန်မြန်ဆန်ဆန်ပဲ ပြောလိုက်သည်
‘‘နင်ပဲ’’ လန်ချူးတျယ်က ကောင်လေးကိုတွေ့လိုက်ရတဲ့အတွက် ဝမ်းသာသွားပြီး သူ့ဆီကို
လမ်းလျှောက်သွားလိုက်ပြီး‘‘နင်ကတော်တော်လေး ကျွမ်းတာပဲ’’ ‘‘ နင်အခုပဲ ရောက်တာပဲ’’
‘‘အင်း…ဟုတ်တယ်’’´ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ ‘‘လိုဏ်ဂူထဲကိုလူအများကြီး
ဝင်လာခဲ့ပေမယ့် ဘယ်သူတွေက ဘယ်နေရောက်မလဲဆိုတာ မသိမှာတော့ ငါတို့ဒီနေရာမှာဆက်ပြီး စောင့်နေကြရင်မကောင်းဘူးလား…တော်ကြာ နောက်ထပ်တစ်ယောက်ယောက်
ထပ်ပြီးရောက်လာနိုင်သေးတယ်လေ’’´လန်းချူးတျယ်က အကြံပေးလိုက်သည်။
‘‘အဲ့ဒါဆိုလည်း စောင့်တာပေါ့’’ ရန်ကိုင်တွင် ကန့်ကွက်ဖို့ အကြောင်းပြချက်မရှိပေ။
တကယ်တော့ ဒီနေရာတွင် မခန့်မှန်းနိုင်တဲ့ အန္တရာယ်တွေ ရှိနေတဲ့အတွက် အုပ်စုနဲ့
သွားတာက ပိုပြီးဉာဏ်ကောင်းရာကျပေသည်။ အကယ်၍ တစ်ယောက်ယောက်က
အခက်အခဲနှင့် ရင်ဆိုင်ရရင် အတူတူပူပေါင်းပြီး အန္တရာယ်ကို ရင်ဆိုင်နိုင်ပေသည်။
ဒါပေမယ့် ရတနာကိုတွေ့ရင်တော့ ညီတူညီမျှ ခွဲဝေယူရမှာပေါ့။ အခုလိုနေရာမျိုးတွင်
တစ်ယောက်တည်းသွားတာက အသက်ဆုံးရှုံးနိုင်ချေရှိတဲ့အတွက် အုပ်ဖွဲ့သွားပြီး
ရတနာရှာတာက ပိုအကျိုးရှိပေသည်။
ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် ဆက်ပြီးစောင့်နေလိုက်ကြသည်။ တစ်ခဏကြာပြီးနောက်
နောက်ထပ်၃ယောက် ရောက်လာခဲ့သည်။ တစ်ယောက်က ကောင်းကင်စံအိမ်က ဖြစ်ပြီး၊
ကျန်တဲ့နှစ်ယောက်က သွေးတိုက်ပွဲဂိုဏ်းနှင့် မုန်တိုင်စံအိမ်ကပဲဖြစ်သည်။ ထို့နောက်
သူတို့ငါးယောက်ထိုနေရာမှစုစည်းမိလိုက်ကြသည်။ မည်သူမျှ ဘယ်သူက ဘယ်နောက်ခံ
ရှိလဲဆိုတာကို ဂရုမစိုက်ချေ။ အံ့အားသင့်စွာပဲ အကုန်လုံးက တစ်ယောက်နှင့်တစ်ယောက်
အဆင်ပြေနေကြသည်။
သူတို့နောက်ထပ် ထပ်စောင့်နေပေမယ့်လည်း ဘယ်သူမှထပ်ပြီး ပေါ်မလာခဲ့ကြပေ။
ထို့ကြောင့် လန်ချုးတျယ်က ပြောလိုက်သည်‘‘ တစ်ယောက်မှထပ်ပြီး မလာမှတော့ ငါတို့
သွားကြတော့မလား’’ သူ့မ၏အလှ၊ အပြုအမူ၊ ကိုယ့်ကိုယုံကြည်မှု ရှိမှု၊ နှင့် သူမ၏စကားလုံးတွေကြောင့်
သူမကချက်ချင်းပဲ အဖွဲ့တစ်ခုလုံး၏ ခေါင်းဆောင်တစ်ယောက်လို ဖြစ်သွားခဲ့သည်။ လူတိုင်းကသဘောတူခေါင်းညိတ်လိုက်ကြသည်။
‘‘ငါတို့မသွားခင် တစ်ယောက်နှင့်တစ်ယောက် အရင်မိတ်ဆက်ကြရအောင်။ ပြီးတော့ တစ်ယောက်ချင်းစီရဲ့
ကျင့်ကြံခြင်းအဆင့်ကို သိထားတာလည်း ကောင်းတယ်။ အဲ့ဒါမှ တာဝန်ခွဲဝေတဲ့အခါကျ ဘယ်သူကဘယ်တာဝန်နဲ့ ပိုသင့်တော်လဲဆိုတာ အဆင်ပြေပြေခွဲဝေနိုင်မှာ။ ငါအရင်ဆုံး မိတ်ဆက်ပေးမယ်။ငါ့နာမည်က လန်ချူးတျယ်။ ကောင်းကင်စံအိမ်က …ချီပြောင်းလဲခြင်းအဆင့်ရ။ နင်တို့ကောဘယ်လိုလဲ’’
မိန်းကလေး မေးလိုက်ပြီး နောက်ထပ်ကောင်းကင်စံအိမ် တပည့်တစ်ယောက်ကို ကြည့်လိုက်သည်။
ထိုတပည့်က ချက်ချင်းပဲ လန်ချူးတျယ်ကို မျက်နှာချိုသွေးလိုက်ပြီး ‘‘ ငါနင့်နာမည်ကိုကြားဖူးတာကြာပြီ။
နင့်လိုလှတဲ့မိန်းကလေးတစ်ယောက်ကို ဒီနေ့တွေ့ရတာ ငါတကယ်ကို ကံကောင်းလွန်းနေတာပဲ’’
ထိုတပည့်၏ ဖော်လံဖားအပြုအမူက လုံးဝကိုသိသာထင်ရှားနေပြီး ရန်ကိုင်နှင့်ကျန်တဲ့တပည့်တွေက
သူ့ကိုအထင်သေးသွားကြသည်။ လန်ချူးတျယ်က တကယ်ကိုဆွဲဆောင်မှုရှိတဲ့ မိန်းကလေး
တစ်ယောက်ပင်ဖြစ်သည်။ သူမ၏ကိုယ်လုံးကိုယ်ပေါက်က တကယ်ကိုနှစ်လိုဖွယ်ကောင်းပြီး
အထူးသဖြင့် မို့မောက်နေတဲ့ တောင်ပို့ကြီးနှစ်လုံးကို မြင်သူပုရိသအပေါင်းကို အမြင်မလွှဲနိုင်
လောက်အောင် ကြီးမားလွန်းပေသည်။ ယောကျ်ားသားတစ်ယောက်သာ သူမ၏တောင်ပို့နှစ်လုံးကို
ကိုင်လိုက်ရမယ်ဆိုရင်တော့ ထိုယောကျာ်းသားအဖို့ ကောင်းကင်ဘုံရောက်နေသလိုမျိုး
ခံစားနေရပေလိမ့်မည်။
လန်ချူးတျယ်က ပြုံးလိုက်ပြီး‘‘ နင်က…’’ သူမက ကောင်လေးပြောတဲ့စကားလုံးတွေကို
ဂရုတစိုက်နားထောင်ပေးတဲ့ပုံနဲ့ ပြောလိုက်သည်။
ကောင်လေးက သူ့ရင်ဘတ်ကို ဝံ့ကြွားစွာနဲ့ ပုတ်လိုက်ပြီး ခါးကိုကိုင်းကာ အသံတိုးတိုးလေးနဲ့
ပြောလိုက်သည် ‘‘ ငါကနီယုံပါ… ချီပြောင်းခဲခြင်းအဆင့်၄မှာရှိပြီး အဆင့်နိမ့် တပည့်တစ်ယောက်ပဲ’’
ကောင်လေးက ပြုံးလိုက်ပြီး နောက်ပြောင်လိုက်သည်‘‘ စီနီယာအစ်မ၊ အေးအေးဆေးဆေးသာ
နေနော်။ အန္တရာယ်နဲ့ကြုံရင် ငါနင့်ကိုကူညီပေးဖို့အသင့်ပဲ’’ လန်ချူးတျယ်၏မျက်လုံးတွေက
ကောင်လေးကိုကြည့်လိုက်ပြီး ပြုံးရုံးလေးပြုံးကာ ‘‘ ဂျူနီယာမောင်လေး၊ ငါနင့်စကားလုံးတွေကို
မှတ်ထားပါ့မယ်’’
ထို့နောက်သူမကနောက်တစ်ယောက်ကို ကြည့်လိုက်သည်။ ဒီတစ်ကြိမ်မှာတော့ မိန်းကလေး
တစ်ယောက်ဖြစ်သည်။ သူမကပိန်သွယ်သွယ်လေးဖြစ်ပြီး အရမ်းကြီးလည်းအရမ်မရှည်သလို
အရမ်းကြီးလည်း မပုချေ။ ထို့ပြင် သူမဒီနေရာကို စရောက်ကတည်းက အမြဲတမ်းပြုံးနေပြီး
အရမ်းကို ရှက်တတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ သိသာနေခဲ့သည်။ ‘‘ငါနာမည်က
ဒူရိရွှမ်ပါ။ ငါကမုန်တိုင်စံအိမ်ကပါ။ ငါ့ကိုမိန်းကလေးဒူလို့ခေါ်လို့ရပါတယ်။ ငါက ချီပြောင်းလဲခြင်း
အဆင့်၆ပါ…နင်တို့အားလုံးကို တွေ့ရတာဝမ်းသာပါတယ်’’
လူတိုင်း၏အကြည့်က ထိုမိန်းကလေးပေါ်ကို ရောက်ရှိသွားသည်။ သအက်၁၄-၁၅လောက်သာ
ရှိသေးတဲ့ မိန်းကလေးတစ်ယောက် ချီပြောင်းလဲခြင်းအဆင့် ၆မှာရောက်နေလိမ့်မယ်လို့ ဘယ်သူမှထင်မထားခဲ့ချေ။ ထိုနူးညံ့ပုံရတဲ့မိန်းကလေး အဖွဲ့ထဲတွင် ဒုတိယအသန်မာဆုံးဖြစ်သည်။
လန်ချူးတျယ်က ပြုံးလိုက်သည်‘‘ အင်း…ဒါကတော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲ။
ပေါ်တယ်က ငါတို့ကိုခွန်အားအရ ချပေးတာထင်တယ်’’ ‘‘အိုး…နင်နာမည်ဘယ်သူလဲ။ နင်ကကောဘယ်အဆင့်မှာလဲ’’ လန်ချူးတျယ်က ရန်ကိုင်ကိုကြည့်ပြီးမေးလိုက်သည်။ ပေါ်တယ်က စွမ်းအား
အလိုက် ခွဲချပေးသောကြောင့် ရန်ကိုင်က ချီပြောင်းလဲခြင်းအဆင့်မှာ ရှိနေလိမ့်မယ်လို့
လန်ချူးတျယ်ထင်နေခဲ့သည်။ ရန်ကိုင်က ချီပြောင်းလဲခြင်းအဆင့် မဟုတ်သော်ငြားလည်း
သူသာအားကုန်သုံးပြီး တိုက်ခိုက်ပါက ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေကို
တိုကခိုက်နိုင်ပေသည်။
ရန်ကိုင်က ရှက်ရွံ့စွာနဲ့ သူ့ပါးကိုပွတ်လိုက်ပြီး ‘‘ ငါကစဦးဒြပ်စင်အဆင့်ရမှာပဲရှိသေးတယ်။
ကောင်းကင်စံအိမ်ကဖြစ်ပြီး ငါ့နာမည်က ရန်ကိုင်ပါ’’ ကျိုးအန်း၏အကြည့်က ချက်ချင်းပဲ
ရွံ့ရှာစက်ဆုပ်သည့်အကြည့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ‘‘နင်ကနာမည်ကျော်နေတဲ့
ရန်ကိုင်လား’’ လန်ချူးတျယ်၏ ကအံ့အာသင့်သွားခဲ့ပြီး ရန်ကိုင်ကိုသေချာစစ်ဆေးကြည့်
နေလိုက်သည်။ ရန်ကိုင်ဆိုတဲ့နာမည်ကြောင့် နီယုံလည်း လန်ချူးတျယ်လိုဖြစ်သွားခဲ့သည်။
‘‘အင်း’’ ရန်ကိုင်ကခေါင်းညိတ်လိုက်သည်။ ရန်ကိုင်ဆိုတဲ့ နာမည်ကကောင်းကင်စံအိမ်
တစ်ခုလုံးတွင် ကျော်ကြားနေပေသည်။ လန်ချူးတျယ်၏ ရန်ကိုင်ပေါ်မှာသာ
အာရုံစိုက်နေသဖြင့် နီယုံက ရန်ကိုင်ကိုရန်လိုတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
နီယုံက သူ့ကိုရန်လိုတာလည်း မထူးဆန်းပေ။ နီယုံကအဆင့်နိမ့်တပည့်တစ်ယောက်
ဖြစ်တဲ့အတွက် အကယ်၍ ရန်ကိုင်ကသာ ရှဲ့ဟုန်ချန်နှင့် ဝေကျွမ်းတို့နဲ့သာ
ကတောက်ကဆ မဖြစ်ခဲ့ရင် သူငယ်ချင်းဖြစ်နိုင်ပေသည်။ လွန်ခဲ့တဲ့အချိန်တုန်းက
သူကဝေကျွမ်းနှင့် ရှဲ့ဟုန်ချန်ကို အရှက်ခွဲခဲ့သည်။ ထို့ကြောင့် နီယုံနှင့်သူ့ကြားတွင်
မကျေနပ်ချက်ရှိနေတာလည်း မထူးဆန်းချေ။
ဒါပေမယ့် ဒီနေရာက ကောင်းကင်အမွေအနှစ်လိုဏ်ဂူဖြစ်တဲ့အတွက် နီယုံကဘယ်ကိစ္စကိုမဆို
အလောတကြီး လုပ်မှမဟုတ်ဘူးဆိုတာ ရန်ကိုင်သိနေခဲ့သည်။ ထို့ကြောင့် သူကရန်ကိုင်ကို
မတိုက်ခိုက်ရဲတဲ့အတွက် ရန်ကိုင်က အခုအချိန်တွင် လုံခြုံနေပေသည်။ လန်ချူးတျယ်က
ရန်ကိုင်ဆီကနေ အကြည့်လွှဲလိုက်ပြီး ကျန်တဲ့လေးယောက်ကို ကြည့်လိုက်သည်။
‘‘ကောင်းပြီ။အခုလူတိုင်းက တစ်ယောက်နဲ့တစ်ယောက် သိသွားကြပြီဆိုတော့ ငါတို့စထွက်လို့ရပြီပေါ့။ အခုငါတို့အကုန်လုံး ဘယ်နေရာမှ ရတနာရှိတယ်ဆိုတာ မသိတဲ့အတွက်
ငါတို့သာ ရတနာရှာတွေ့ခဲ့ရင် အကုန်လုံးညီတူညီမျှ ခွဲဝေယူကြမယ်။ ရတနာမလောက်လို့
ရှိရင်လည်း ငွေသားနဲ့ဖြေရှင်းကြတာပေါ့။ အဲ့လိုဆိုဘယ်လိုနေလဲ’’
နီယုံက ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပြီး‘‘ မိန်းကလေးလန်ပြောတာကို ငါထောက်ခံတယ်’’
ကျန်တဲ့လူတွေကလည်း လန်ချူးတျယ်ပြောတာကို မကန့်ကွက်ကြပေ။ လန်ချူးတျယ်ကို
မပြောလည်း သူမကအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်လို ဖြစ်နေပြီဖြစ်သည်။ ရန်ကိုင်သူမနှင့်အရောင်းအဝယ်လုပ်တုန်းက သူမအပေါ် အမြတ်ထုတ်ခံမယ့် လူစားမျိုးမဟုတ်ဘူးဆိုတာရန်ကိုင်သိခဲ့၏။ ထိုနည်းတူစွာပဲ လန်ချူးတျယ်က ရည်မှန်းချက်ကြီးတဲ့လူတစ်ယောက်ဖြစ်ပြီး
သူမကိုဖိနှိပ်တာမျိုးကို လက်ခံလိမ့်မည်မဟုတ်ချေ။
‘‘ အခု အားလုံးကသဘောတူတယ်ဆိုတာ့ ငါတို့စထွက်ကြတာပေါ့။ အဖွဲ့ကိုငါအရင်ဆုံး
ဦးဆောင်မယ်။ ၂နာရီကြာရင် ငါ့အစားနောက်တစ်ယောက်က အဖွဲ့ကိုဦးဆောင်ရမယ်’’
လန်ချူးတျယ်က စကားပြောနေတာကိုရပ်ပြီး မြန်မြန်သွားလိုက်သည်။ နောက်မှာ
ကျန်ခဲ့တဲ့သူတွေကလည်း သူမကိုအမှီလိုက်ပြီး နာခံစွာနဲပဲ သူမနောက်ကိုလိုက်ကြသည်။
နီယုံက လန်ချူးတျယ်ကို အမှီလိုက်ပြီး သူမဘေးကိုသွားကာ သူမနှင့်ပုခုံးချင်းယှဉ်ပြီး
လမ်းလျှောက်နေလိုက်သည်။ ထို့နောက် သူကလန်ချူးတျယ်ကို သူမဘယ်လောက်
လှကြောင်း ချီးမွမ်းပြောကာ ပေါက်ပေါက်ဖောက်တော့သည်။ ဒါပေမယ့် သူပြောတဲ့စကားလုံးတွေက လန်ချူးတျယ်အတွက်တော့ ဒီဘက်နားကဝင်ပြီး ဟိုဘက်နားကထွက်သွားသည့် အရေးမပါအပိုစကားတွေပဲ ဖြစ်သည်။
လန်ချူးတျယ်မျက်နှာက နီယုံနဲ့စကားပြောရင်း တစ်ခါတစ်ရံပြုံးသွားတဲ့အတွက် သူမကို
ချီးမွမ်းစကားပြောဖို့ နီယုံကိုအားပေးအားမြှောက်ပြုသလိုဖြစ်နေခဲ့သည်။ ကြမ်းကြမ်းရမ်းရမ်းနဲ့
ကျိုးအန်က သူတို့နှစ်ယောက်နောက်ကနေ လိုက်ရင်း တစ်ခါတစ်ရံ သူတို့ပြောတာကို
နားထောင်နေတတ်သည်။ မိန်းကလေးဒူက ကျိုးအန်နောက်မှာရှိနေတဲ့ ရန်ကိုင်နောက်ကို
အမှီလိုက်ပြီး သူ့ကိုတိုးတိုးလေးပြောလိုက်သည်‘‘ စိတ်မပူပါနဲ့…အနာဂတ်မှာ ချီပြောင်းလဲခြင်းအဆင့် ကိုနင်ကျိန်းသေရောက်မှာပါ’’
ရန်ကိုင်က မိန်းကလေးဒူဘက်ကို လှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည် ‘‘စိတ်ပူစရာမလိုပါဘူး…
ငါလည်းအဲ့ကိစ္စကို သိပ်ပြီးဂရိုစိုက်တာမှမဟုတ်တာ’’
‘‘….’’ ရန်ကိုင်က သူမဘက်ကို လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဒူရီရွှမ် မျက်နှာတစ်ခုလုံးနီရဲသွားခဲ့သည်။ ရန်ကိုင်က ကျိုးအန်၏ပြောခဲ့တဲ့စကားကြောင့် စကာမပြောရဲဘူးထင်ပြီး
သူ့ကိုလာနှစ်သိမ့်ပေးခြင်းဖြစ်သည်။ ‘‘ဟဟ’’ သူမ၏ ချစ်စရာကောင်းတဲ့အပြုအမူကိုကြည့်ပြီး
ရန်ကိုင်ရယ်လိုက်သည်‘‘မိန်းကလေးဒူ…နင့်ကြည့်ရတာ ငါထက်တောင် ငယ်တဲ့ပုံပဲ ။ အဲ့ဒါကို
နင့်ကျင့်ကြံခြင်းအဆင့်က ဘယ်လိုလုပ်ပြီး အဲ့လောက်မြင့်နေရတာလဲ’’
သူမကသူ့ကိုနှစ်သိမ့်ပေးတဲ့အတွက် သူမနဲ့ပက်သက်ပြီး ရန်ကိုင်လည်း အကောင်းမြင်ပေသည်။
ကောင်လေးက မိန်းကလေးအကြောင်း ဆက်ပြီးသိချင်နေခဲ့သည်။ တကယ်တော့ ရန်သူဖြစ်ရတာထက်
မိတ်ဆွေဖြစ်ရတာက ပိုကောင်းပေသည်။ ‘‘ငါက ၁၉နှစ်ရှိနေပြီ…ဘယ်လိုလုပ်ပြီး နင့်ထက်ငယ်သွား
ရတာလဲ’’ ဒူရီရွှမ်က အသံတိုးတိုးနဲ့ ပြောလိုက်သည်။‘‘အိုး….’’ ရန်ကိုင်က ကိုးယိုးကားယား ဖြစ်သွားခဲ့သည်။
ငါးယောက်စလုံး လမ်းလျှောက်နေရင်း သူတို့နှစ်ယောက်အတွဲက ဆက်ပြီးစကားပြောနေခဲ့ကြသည်။
ကျိုးအန်ကတော့ ဘယ်သူနဲ့မှ စကားမပြောပဲ တစ်ယောက်တည်းသာ ဆက်ပြီး လမ်းလျှောက်နေခဲ့သည်။
လမ်းလျှောက်နေရင်း ရုတ်တရက် သူ့ရင်ဘတ်မှာရှိတဲ့ မူလန်ယန်က တုန့်ပြန်လာခဲ့သည်။
သူတို့နဲ့ အရှေ့ဘက်မီတာ၃၀၀အကွာတွင် ယန်အမျိုးအစား ရတနာတစ်မျိုးမျိုး ရှိရပေမည်။
သူတို့ငါးယောက်ဆက်သွားနေရင်း နောက်ဆုံး မူလယန်တုန့်ပြန်တဲ့ နေရာကိုရောက်လာခဲ့သည်။
လန်ချုးတျယ်က ထိတ်လန့်အံ့အားသင့်တကြီး အော်လိုက်ပြီး နီယုံလည်း အဆောတလျင်
အရှေ့ကိုကြည့်လိုက်သည်‘‘ ယန်ကျောက်တုံးနဲ့ ယင်ကျောက်တုံးတွေပါလား’’
သူတို့မြင်တွေ့လိုက်ရတာက ကျိုးကြေနေတဲ့ ကျောက်တုံးပုံကြီးပင်ဖြစ်သည်။ ထို့ပြင်
ထိုကျောက်တုံးတွေက သာမန်ယင်ကျောက်တုံးနဲ့ ယန်ကျောက်တုံးတွေ မဟုတ်ချေ။
ထိုကျောက်တုံးတွေက လေနက်ကုန်သွယ်ရေးနေရာတွင် သွေးတိုက်ပွဲဂိုဏ်းက ရောင်းနေတဲ့
ကျောက်တုံးတွေပဲဖြစ်သည်။ ထိုကျောက်တုံးတွေက အနည်းဆုံး အလယ်အလတ် ဒါမှမဟုတ်
အဆင့်မြင့်ကျောက်တုံးတွေ ဖြစ်နိုင်ပေသည်။
ကျောက်တုံးတစ်တုံးကို ငွေပြား၅၂၀တန်ပြီး ထိုကျောက်တုံးပုံထဲတွင် ကျောက်တုံး၁၀၀၀ထက်မက
ရှိပေသည်။ သူတို့သာ ထိုကျောက်တုံးတွေကို ကောက်ယူသွားပြီး ရောင်းမယ်ဆိုရင်
ငွေပြား၅၀၂၀၀၀ရပေလိမ့်မည်။ သူတို့ငါးယောက်စလုံးက သာမန်တပည့်တွေဖြစ်တဲ့အတွက်
ကျင့်ကြံခြင်းပစ္စည်းတွေ ဖောဖောသီသီ မရရှိချေ။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၇) ပူပင်သောက
ထိုအချိန်တွင် လူတိုင်းအသက်ရှုသံ ပြင်းထန်လာခဲ့သည်။ ဒါပေမယ့် လန်ချူးတျယ်က သတိဝိရိယ
အပြည့်နှင့် ရှိနေပြီး မြန်မြန်ဆန်ဆန်ပဲ လူတိုင်းကိုသတိပေးလိုက်သည်‘‘ ခဏနေဦး…အန္တရာယ်ရှိလား
မရှိလားအရင် စစ်ဆေးကြည့်ဦး။ ယန်နဲ့ယင်ကျောက်တုံး အပုံလိုက်ကြီးက ဒီလိုနေရာမှာ
ရှိနေတာ ထူးဆန်းတယ်’’ လူငါးယောက်က ချက်ချင်းပဲ လူခွဲကာပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
ကံကောင်းစွာနဲ့ပဲ ဘာထောင်ချောက်မှ သူတို့ရှာမတွေ့ခဲ့ချေ။
ပတ်ပတ်လည်ကို စစ်ဆေးပြီးတာတောင် လန်ချူးတျယ်က စိတ်မလျော့နိုင်သေးပ။ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး စစ်ဆေးလိုက်သည်။ ထူခြားတဲ့အရာတစ်ခုမှမတွေ့မှာပဲ
လန်ချူးတျယ်က စိတ်သက်သာရာ ရသွားပြီး ခေါင်းညိတ်လိုက်သည်‘‘ ကောင်းပြီ…ကျောက်တုံးတွေက
အန္တရာယ်မရှိဘူး’’ လူငါးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး
ကျောက်တုံးတွေကို အလျင်စလို ကောက်ယူလိုက်ကြသည်။ အခြားအဖွဲ့သားတွေက
ကျောက်တုံးနှစ်မျိုစလုံးကို ယူကြပေမယ့် ရန်ကိုင်ကတော့ တစ်မျိုးသာလိုတဲ့အတွက်
ယန်ကျောက်တုံးတွေကိုသာ ယူခဲ့သည်။
တစ်ခဏကြာအောင် ကောက်ယူပြီးနောက် လန်ချူးတျယ်၏ အပြုံးရုတ်တရက်အေးခဲသွားရသည်။
သူမကကျောက်တုံးကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီး လွှတ်ချလိုက်သည်။ သူမ၏အပြုအမူက
ချက်ချင်းပဲ နီယုံ၏အာရုံကိုဆွဲဆောင်သွားခဲ့သည်‘‘ မိန်းကလေးလန်၊ ဘာဖြစ်လို့လဲ’’ ‘‘ ကျောက်တုံး
တွေကောက်နေတာ ရပ်လိုက်တော့’’ လန်ချူးတျယ်က ပြောလိုက်သည်‘‘ ငါတို့သာဒီကျောက်တုံး
အိတ်ကိုသယ်ပြီး ဆက်ပြီးခရီးသွားမယ်ဆိုရင် ဝေးဝေးမရောက်ပဲ အားကုန်သွားလိမ့်မယ်။
အဲလိုပဲ ငါတို့အန္တရာယ်နဲ့ တွေလို့ရှိရင်လည်း ကျောက်တုံးအိတ်ကြီးတွေ သယ်ထားရရင်
ထွက်ပြေးလို့လွယ်မှမဟုတ်ဘူး။ အဲ့လိုသာဖြစ်သွားခဲ့ရင် ငါတို့ဘာမှမရပဲ ဒီနေရာမှာပဲ
အဆုံးသတ်သွားလိမ့်မယ်’’
သူမပြောတာကို နားထောင်ပြီးနောက် လူတိုင်းစိတ်ပျက်သွားခဲ့သည်။ လောဘကြောင့် သူတို့အားလုံး
လုံခြုံရေးကို လျစ်လျူရှုမိသွားခဲ့သည်။ လန်ချူးတျယ်က ဆက်ပြောလိုက်သည်‘‘ ပြီးတော့ ငါတို့ဒီနေရာကိုဝင်လာရုံပဲ ရှိသေးတယ်။ အထဲဆက်သွားရင် ပိုပြီးအဖိုးတန်တဲ့ ရတနာတွေ ရှိနေနိုင်သေးတယ်။
သေချာစဉ်းစားကြည့်လိုက်စမ်း….ဒီနေရာမှာ ဘာအန္တရာယ်မှ မရှိဘူး။ တကယ့်အဖိုးတန်တဲ့
ရတနာဆိုရင် ဘာအန္တရာယ်မှ မရှိပဲနေပါ့မလား။ ဒီကျောက်တုံးတွေက အထဲမှာရှိတဲ့ ရတနာတွေလောက်
အဖိုးမတန်လို့သာ ဘာအန္တရာယ်မှ မရှိတာနေမယ်။ တကယ့်တန်ဖိုးကြီးတဲ့ ရတနာတွေက
အထဲမှာပဲ ရှိနေလိမ့်မယ်’’
နီယုံက ခေါင်းညိတ်လိုက်ပြီး
‘‘ အင်း…မိန်းကလေးလန်ပြောတာလည်း ဟုတ်တာပဲ’’
ကျိုးအန်လည်း ခေါင်းညိတ်လိုက်သည်။ ဒူရီရွှမ်းက သူ့မလက်ထဲက ကျောက်တုံးတွေကို
နှမြောတသစွာနဲ့ ကြည့်လိုက်ပြီး မြေကြီးပေါ်ကို လွှတ်ပစ်လိုက်သည်။ ရန်ကိုင်တစ်ယောက်သာ
ခပ်တည်တည်နဲ့ ကျောက်တုံးတွေကို ဆက်ကောက်နေခဲ့သည်။ လန်ချူးတျယ်က မကောက်ဖို့
ပြောပေမယ့်လည်း ရန်ကိုင်ကဆက်ကောက်နေခဲ့သည်။ သူ့အပြုအမူကြောင့် လန်ချူးတျယ်
မျက်မှောင်ကြုံ့မိလိုက်သည်။
ရန်ကိုင်က သူကောက်ယူခဲ့တဲ့ ကျောက်တုံးတွေကို အမျိုးအစားခွဲနေရင်း ရှင်ပြလိုက်သည်
‘‘ ငါတို့သာအန္တရာယ်နဲ့တွေ့မယ်ဆိုရင် ကျောက်တုံးတွေကို လွှတ်ပစ်လိုက်လို့လည်း
နောက်မကျသေးပါဘူး’’ လန်ချူးတျယ်က ရန်ကိုင်ကိုဆက်ပြီး မပြောတော့ချေ‘‘ နင်စိတ်ကြိုက်သာလုပ်’’ ထို့နောက် အခြားတစ်ဖက်ကို လှည့်လိုက်ပြီး လမ်းဆက်လျှောက်လိုက်သည်။
‘‘ ဒါပေမယ့် နင်ကျောက်တုံးတွေကို အမျိုးအစားခွဲနေတာကို ငါတို့စောင့်နေမှာမဟုတ်ဘူး။
အများကြီးတော့လည်း သယ်မလာမိစေနဲ့ဦး’’
ရန်ကိုင်ကခေါင်းညိတ်လိုက်ပြီး ‘‘ သေချာတာပေါ့…မင်းတို့အရင်သွားနှင့်လိုက်’’
ထို့ကြောင့် လန်ချူးတျယ်က အချိန်တစ်စက္ကန့်လေးတောင် ဆက်ပြီးမဖြုန်းတီးတော့ပဲ
ထွက်သွားတော့သည်။ထိုအချိန်တွင် ကျိုးအန်က ရန်ကိုင်ကိုနိမ့်ချတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
နီယုံကတော့ သူ့အထင်အမြင်ကို ဝင်ပြောလိုက်သည်‘‘ မင်က ဒီလိုဏ်ဂူထဲမှာရှိနေတဲ့
အန္တရာယ်တွေကို မသိသေးဘူးပဲ။ အဲ့ကျောက်တုံးတွေကို အနှေးနဲ့အမြန် မင်းလွှင့်ပစ်ရမှာလဲ။
ဘာလို့အလေးခံပြီး သယ်နေသေးတာလဲ’’ ဒူရီရွှမ်းက အခြားသူတွေနဲ့ မတူပေ။
သူမက ရန်ကိုင်အပေါ်တွင် အထင်အမြင်ကောင်းရှိတဲ့အတွက် ကူပြောပေးလိုက်သည်
‘‘ အဆင်ပြေပါတယ်။ ငါသူနဲ့နေခဲ့မယ်’’
ရန်ကိုင်က မြန်မြန်ဆန်ဆန်ပဲ ပြန်ပြောလိုက်သည်‘‘ ရတယ်…ငါတစ်ယောက်တည်းနဲ့
အဆင်ပြေပါတယ်။ နင်အဖွဲ့နဲ့သွားတာ ပိုကောင်းလိမ့်မယ်။ စိတ်မပူပါနဲ့…မကြာပါဘူး။
ငါအမှီလိုက်လာမှာပါ’’ ထို့နောက် ခပ်တည်တည်နဲ့ ကျောက်တုံးတွေကို ဆက်ပြီး
အမျိုးအစားခွဲနေသည်။ ရန်ကိုင်ဘူးခံငြင်းနေတဲ့အတွက် ဒူရီရွှမ်းလည်း ထိုကိစ္စကိုဆက်ပြီးမပြောတော့ချေ။ သူမက ရန်ကိုင်ကိုခေါင်းညိတ်ပြလိုက်ပြီး အဖွဲ့နဲ့သွားပေါင်းလိုက်သည်။
သူတို့လေးယောက်ထွက်သွားတာနဲ့ ရန်ကိုင်က အစစ်အမှန်ယန်နည်းစနစ်ကို ချက်ချင်းလေ့ကျင့်
လိုက်သည်။ သူ့နားမှာရှိနေတဲ့ ယန်ကျောက်တုံးတွေက တဖြည်းဖြည်း အရောင်မှိန်သွားပြီး
သာမန်ကျောက်တုံး တစ်တုံးလိုဖြစ်သွားခဲ့သည်။ သိပ်မကြာခင်မှာပဲ ယန်ကျောက်တုံး
အလုံအလောက်ကို စုပ်ယူပြီးတဲ့အချိန်မှာတော့ သူ့ဒန်တန်ထဲတွင် ယန်အရည်စက်၂၀စက်ကို
ဖွဲ့စည်းနိုင်ခဲ့သည်။ ဒါဆိုရင် လုံလောက်ပြီ။ ရန်ကိုင်က ဆုံဖြတ်လိုက်သည်။ ယန်ကျောက်တုံးတွေ
အများကြီး ရှိနေသေးပေမယ့် ထိုကျောက်တုံးတွေအကုန်လုံးကို အချိန်တစ်ခဏအတွင်း
သူမစုပ်ယူနိုင်ချေ။ လန်ချူးတျယ်ပြောသလိုမျိုးပဲ ထိုကျောက်တုံးတွေက လိုဏ်ဂူထဲတွင်ရှိတဲ့
ရတနာတွေထဲမှာမှ အသုံးမဝင်ဆုံး ရတနာတွေပဲဖြစ်သည်။ ဒီမှာသာဆက်ပြီး
အချိန်ဖြုန်းနေရင် ကျန်တဲ့ရတနာတွေကို ရှာဖို့သူ့တွင ်အချိန်ရှိတော့မည်မဟုတ်ချေ။
ထို့ကြောင့် ရန်ကိုင်လည်း အချိန်ဖြုန်းမနေတော့ပဲ ကျန်တဲ့လေးယောက်နောက်ကို
လိုက်သွားလိုက်သည်။
မိနစ်၃၀လောက်ကြာတဲ့အချိန်မှာတော့ ရန်ကိုင်က လန်ချူးတျယ်တို့နောက်ကို မှီလာခဲ့သည်။
အဖွဲ့ထဲကိုသူဝင်ပေါင်းလိုက်တဲ့အချိတွင် ဒူရီရွှမ်ကလွဲပြီး ကျန်တဲ့သုံးယောက်က သူ့ကို
မကျေနပ်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့သည်။ ကျင့်ကြံခြင်းအဆင့်အရ ရန်ကိုင်က
အဖွဲ့ထဲတွင် အနိမ့်ဆုံးဖြစ်သည်။ ထို့ကြောင့် သူကအဖွဲ့အတွက် ဝန်ပိုရုံသက်သက်ပြီး
အဖွဲ့သားတွေကလည်း သူ့ကိုအသုံးမဝင်တဲ့လူတစ်ယောက်အဖြစ်တွေးတာလည်း
သဘာဝကျပေသည်။ သူတို့သာစံအိမ်တစ်ခုတည်းကမဟုတ်ရင် လန်ချူးတျယ်နှင့်နီယုံကသူ့ကိုအဖွဲ့ထဲပေါင်းခွင့် ပြုလိမ့်မည်မဟုတ်လောက်ချေ။
‘‘ဒီနေရာက တော်တော်လေးကျယ်တယ်။ ငါတို့ဆက်မသွားခင် အရင်နားလိုက်ရင်
ကောင်းမယ်’’ လန်ချူးတျယ်က မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ အရင်ဆုံးနားဖို့နေရာ
အရင်ရှာကြတာပေါ့။ ပြီးမှကျန်တဲ့ကိစ္စကို ဆက်ပြီးဆုံးဖြတ်ကြမယ်’’ လူတိုင်း
ခေါင်းညိတ်လိုက်သည်။ အနားယူပြီးနောက် ….
‘‘အခုဆို၂နာရီရှိသွားပြီ။ အခုအဖွဲ့ကိုဘယ်သူဦးဆောင်ချင်လဲ’’ လန်ချူးတျယ်က ကျန်တဲ့
လေးယောက်ကို ကြည့်ပြီးမေးလိုက်သည်။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲတွင်
အန္တရာယ်တွေကို မမြင်တွေ့ရတဲ့အတွက် ဦးဆောင်တဲ့သူက ထောင်ချောက်တွေထဲ
ကျသွားဖို့ ရာခိုင်နှုန်းများလေသည်။ ထို့ကြောင့် အဖွဲ့သားတွေကိုအလှည့်ကျခေါင်းဆောင်ခိုင်းပြီး
သူမဒုက္ခရောက်မယ့် အခွင့်အရေးကို လျှော့ချနိုင်ပေသည်။
‘‘အရင်ဆုံးဦးဆောင်တဲ့သူက ကောင်းကင်စံအိမ်က ဖြစ်လို့ နောက်တစ်ကြိမ်ဦးဆောင်မယ့်လူက
သွေးတိုက်ပွဲဂိုဏ်း ဒါမှမဟုတ် မုန်တိုင်းစံအိမ်က ဖြစ်သင့်တယ်’’ နီယုံက
ကျိုးအန်နှင့်ဒူရီရွှမ်းကိုကြည့်ရင်း အကြံပေးလိုက်သည်။ ကျိုးအန်က မျက်မှောင်ကြုံ့လိုက်ြ့ီး
ဘာမှတော့မပြောခဲ့ချေ။ ဒူရီရွှမ်းက အသံတိုးတိုးနဲ့ ပြောလိုက်သည် ‘‘အဲ့လိုဆိုရင် ငါပဲ
ဦးဆောင်လိုက်ပါ့မယ်’’
ရန်ကိုင်က စိတ်ထဲမှာပဲ သက်ပြင်းချလိုက်သည်။ အဖွဲ့ကသေးသေးလေးဆိုပေမယ့်
လူတိုင်းက ကိုယ့်အကြံနှင့်ကိုယ်ပင်။ အဖွဲ့ထဲတွင် ကြင်နာပြီး ဘာအစီအစဉ်မှ မရှိတာဆိုလို့
ဒူရီရွှမ်းပဲ ရှိပေသည်။ ရှင်းရှင်ပြောရရင် အဖွဲ့တစ်ခုလုံးက လုံးဝစည်းလုံးမှုမရှိချေ။ အကယ်၍
အန္တရာယ်အကြီးကြီးနဲ့သာ ကြုံတွေ့ခဲ့ရင် အဖွဲ့သားတွေက ကိုယ်လွတ်ရုန်းထွက်ပြေး
ကြပေလိမ့်မည်။ တစ်နာရီလောက် လမ်းလျှောက်ပြီးတဲ့အချိန်မှာတော့ ကျောက်တုံးတိုင်တွေနဲ့
ဝန်ရံထားတဲ့ နေရာတစ်ခုကိုတွေ့လိုက်ရသည်။ ဒူရီရွှမ်း၏ ဦးဆောင်မှုနောက်တွင် အဖွဲ့က
လိုဏ်ဂူအတွင်းပိုင်းထဲကို တဖြည်းဖြည်းရောက်ရှိလာခဲ့သည်။ တစ်ခဏကြာပြီးနောက်
အဖွဲ့ကနောက်ထပ်နေရာတစ်ခုကို ဝင်လာခဲ့သည်။ ထိုနေရာတွင် ကျောက်တုံးတိုင်တွေအစား
လူပုံသဏ္ဍာန်ကျောက်တုံးတွေအများကြီး ရှိနေခဲ့သည်။ လူပုံသဏ္ဍာန်ကျောက်တုံး
တစ်ရာကျော်ရှိနေခဲ့ပြီး ထိုကျောက်တုံးတွေကလည်း အရွယ်အစားအမျိုးမျိုးရှိကြပြီး
လက်နက်အမျိုးမျိုးကိုလည်း ကိုင်ဆောင်ထားပေသည်။
ထိုလူပုံသဏ္ဍာန်ကျောက်တုံးတွေ မြင်လိုက်တာနဲ့ အဖွဲ့သားတွေအကုန်လုံး သတိထားလိုက်ကြသည်။
ထိနေရာကို ရိုးရိုးရှင်းရှင်း လှည့်ပတ်စစ်ဆေးမယ့်အစား လန်ချူးတျယ်နဲ့နီယုံက ထိုနေရာကို
အရင်ဆုံးစစ်ဆေးကြည့်လိုက်သည်။ ထိုနေရာက လုံခြုံတယ်လို့ သိလိုက်တာနဲ့ ဒူရီရွှမ်းတို့လည်း
အတွင်းပိုင်ထဲကို ဆက်ပြီးဝင်သွားလိုက်ကြသည်။ အခုနေရာ လုံခြုံတယ်လို့ ရန်ကိုင်သိနေပေမယ့်လည်း
သူ့စိတ်ထဲမှာတော့ မကောင်းတဲ့ခံစားချက်တစ်ခုရနေခဲ့သည်။ အတွင်းပိုင်းထဲကိုးသွားလေး
သူ့နှလုံးကပိုပြီးမြန်မြန်ခုန်လာလေဖြစ်သည်။
လမ်းလျှောက်နေစဉ် အတောအတွင်း အဖွဲ့သားတွေကလည်း ကျောက်တုံးရုပ်ထုတွေကို
စူးစမ်းကြည့်နေကြသည်။ ပုံမှန်အားဖြင့် သူတို့တွေက သူတို့နားမှာရှိတဲ့ ကျောက်တုံးရုပ်တွေကိုသာ
ကြည့်နေတာဖြစ်ပြီး တော်တော်လေး အသက်ဝင်ကြောင်းကိုလည်း ချီးမွမ်းလိုက်ကြသေးသည်။
ရန်ကိုင်လည်း ကျောက်တုံးရုပ်တွေကို စူးစမ်းကြည့်နေတဲ့အချိန် ကျောက်တုံးရုပ်ထုတစ်ခုပေါ်တွင်
မှိန်ဖျောဖျော့ အနီရင့်ရောင်လေးကို တွေ့လိုက်ရသည်။ သေချာအနီးကပ်ကြည့်လိုက်တဲ့အချိန်တွင်
ထိုကျောက်တုံးကနေ သွေးနံကိုရလိုက်သည်။ ချက်ချင်းပဲ ရန်ကိုင်က မသိစိတ်အရ ထိုကျောက်တုံးကို
ကန်လိုက်ပြီး အလျင်စလိုနောက်ပြန်ဆုတ်လိုက်ပြီး အော်လိုက်သည်‘‘သတိထားကြ’’
ရုတ်တရက် ပတ်ဝန်းကျင်ရှိကျောက်တုံးရုပ်ထုတွေကုန်လုံး တစ်ပြိုင်တည်း လှုပ်ရှားလာကြသည်။
အဖွဲ့သားလေးယောက်စလုံးလည်း အလျင်စလို နောက်ပြန်ဆုတ်လိုက်ကြသည်။ ကံမကောင်းစွာနဲ့
ဒူရီရွှမ်းက ရှေ့ဆုံးမှာရှိနေတဲ့အတွက် အချိန်မှီနောက်မဆုတ်နိုင်ခဲ့ချေ။ ဒူရီရွှမ်းဘေးနားမှာရှိတဲ့
ကျောက်တုံးရုပ်ထုနှစ်ခုလည်း သူ့တို့လက်သီးတွေကို မြှောက်လိုက်ပြီး သူမပေါ်ကို ထုချလိုက်သည်။
ထိုကျောက်တုံးလက်သီးတွေရဲ့ ခွန်အားက ကျောက်ဆောင်တွေကိုတောင် မွစာကြဲသွားနိုင်လေသည်။
ဟင်းချက်အိုးတစ်လုံးစာလောက် ရှိတဲ့လက်သီးနဲ့ဆိုရင် ဒူရီရွှမ်း၏ကျင့်ကြံခြင်းအဆင့်က မြင့်နေရင်တောင်
သူမပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။
ဒူရီရွှမ်းက အန္တရာယ်ကိုခံစားမိလိုက်တာနဲ့ သူမ၏ယွမ်ချီတွေကို ခပ်မြန်မြန်ပဲ ထုတ်လွှတ်လိုက်သည်။
ချက်ချင်းပဲ နူညံ့ညင်သာပုံရတဲ့ မိန်းကလေး အခြားတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့သည်။
ချီစွမ်းအင်ကို ထုတ်လွှတ်နိုင်တာက ချီပြောင်းလဲခြင်းအဆင့်ရောက်မှာ လုပ်နိုင်တာဖြစ်သည်။
ချီပြောင်းလဲခြင်းအဆင့်တွင် ခန္ဓာကိုယ်ထဲတွင် ရှိသော ချီစွမ်းအင်တွေက တည်ငြိမ်နေပေလိမ့်မည်။
ဒါပေမယ့် ကျင့်ကြံသူက ချီစွမ်းအင်ကို ထုတ်လွှတ်လိုက်တာနဲ့ သူ့တို့ခန္ဓာကိုယ်ကနေ
ဖိနှိပ်နိုင်တဲ့ အော်ရာတစ်ခု ထွက်ပေါ်လာပေလိမ့်မည်။ တကယ်၍ ထိန်းချုပ်နိုင်စွမ်းမကောင်းခဲ့ရင်
စွမ်းအာက သူတို့ကိုတစ်ဆင့်ပြန် ထိန်းချုပ်သွားပေလိမ့်မည်။ ထို့နောက် မသိစိတ်နဲ့ စိတ်ခံစားချက်အရ
ရိုင်းစိုင်းကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်လိုဖြစ်သွားပေလိမ့်မည်။ ဒါပေမယ့် ဒူရီရွှမ်းက သူမ၏
ချီစွမးအင်ကိုလှလှပပ ထိန်းချုပ်ပြသွားခဲ့သည်။ သူမမျက်နှာပေါ်တွင် ထိန့်လန့်မှု၊ ကြောက်လန့်မှု၊
ဒေါသအရိပ်အယောင် လုံးဝမတွေ့ရပဲ တည်ငြိမ်မှုသာရှိနေခဲ့သည်။ သူမ၏ခန္ဓာကိုယ်ကို
လှည့်လိုက်ပြီး ကျောက်တုံးရုပ်ထုတစ်ခု၏ တိုက်ခိုက်မှုကို သူမလက်ဝါးနှင့် ပြန်တုန့်ပြန်လိုက်သည်။
ထို့နောက် သူမခန္ဓာကိုယ်ကို နောက်ဘက်ကို ရွေ့လိုက်ပြီး အခြားကျောက်တုံးရုပ်ထုတစ်ခု၏
တိုက်ခိုက်မှုကို ရှောင်လိုက်သည်။ သူမကဒုတိယကျောက်တုံးရုပ်ထု၏ လက်သီးအရှိန်ကို
အထင်သေးမိလိုက်တဲ့အတွက် ထိုလက်သီးက သူ့မ၏ပုခုံးကိုထိခါနီလေး ဖြစ်သွားခဲ့သည်။
ဒူရီရွှမ်း တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ချက်ချင်းပဲ သူမအိတ်ထဲက ယန်ကျောက်တုံးတွေကို
ထုတ်ကာ ကျောက်တုံးရုပ်ထု၏လက်သီးဆီကို ပစ်လိုက်သည်။ ကျောက်တုံးလက်သီးကြောင့်
ယန်ကျောက်တုံးတွေက ဥက္ကာပျံခဲတွေအလား လွင့်ပျံထွက်သွားခဲ့ပြီး ယန်ကျောက်တုံးတွေကလည်း
ကျောက်တုံးလက်သီးအရှိန်ကို အနည်းငယ်သာ လျော့ကျသွားစေခဲ့သည်။ ကံကောင်းစွာဖြင့်
သူမက ကျောက်တုံးလက်သီးကို လမ်းကြောင်းလွဲသွားစေခဲ့ပြီး အကျီင်္အစွန်ဖျားကိုသာ
ထိသွားစေခဲ့သည်။
‘‘ဘေးဖယ်’’ သူမနောက်ကနေ အသံတစ်သံကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က
သူမအကျီင်္ကော်လာကနေ ဆွဲမြောက်လိုက်သဖြင့် သူမတစ်ကိုယ်လုံးပေါ့ပါးသွားပြီး
သူမရှေ့တွင် လက်ဝါးတစ်ဖက်ပေါ်လာတာ အရှိန်နဲ့တိုးဝင်လာတဲ့ ကျောက်တုံးလက်သီးကို
ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ကျောက်တုံးလက်သီးက လမ်းလွဲသွားတာနဲ့ ရန်ကိုင်က
ဒူရီရွှမ်းကိုဆွဲပြီး မြန်မြန်ဆန်ဆန်ပဲ နောက်ဘက်ကို ခုန်ဆုတ်သွားခဲ့သည်။
ဘန်း….ကျောက်တုံးလက်သီးက မြေကြီးပေါ်ကျသွားခဲ့သည်။ အဖွဲ့သားငါးယောက်စလုံး
ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့သည်။ ရုတ်တရက် မြင်းစစ်သည်ပေါင်းများစွာ
ချီတက်လာတဲ့အလား မြေပြင်တစ်ခုလုံး တုန်ခါလာခဲ့သည်။ သူတို့နောက်ပြန်လှည့်ကြည့်လိုက်တဲ့
အချိန်မှာတော့ ရာချီသော ကျောက်တုံးရုပ်ထုတွေက သူတို့နောက်ကိုလိုက်ဖို့ ကြိုးစားနေတာကိုတွေ့လိုက်ရသည်။ ကျောက်တုံးရုပ်ထုတွေက အရှိန်မြန်မြန်နဲ့ ရွေ့လျားနိုင်မယ်လို့ ဘယ်သူမှ
ထင္မွတ္မထားခဲ့ၾကေပ။
‘‘ပြန်လှည့်မကြည့်နဲ့တော့…ကျောက်တုံးရုပ်ထုတွေကို လမ်းပျောက်အောင် ပတ်သာပြေးကြ’’
လန်ချူးတျယ်က အော်လိုက်သည်။
ချက်ချင်းပဲ ငါးယောက်စလုံး ကျောက်တုံးတိုင်တွေကြား ပတ်ပြေးလိုက်ကြသည် ခဏအကြာမှာတော့
ကျောက်တုံးရုပ်ထုတွေလက်ကနေ သူတို့လွတ်မြောက်လာခဲ့ကြသည်။ ဒူရီရွှမ်းကိုတိုက်ခိုက်ခဲ့တဲ့
ကျောက်တုံးရုပ်ထုနှစ်ခုကတော့ သူတို့နဲ့အနီးအနားမှာရှိနေတဲ့ ရန်ကိုင်နှင့်ဒူရီရွှမ်းတို့နောက်ကို
ဆက်လိုက်နေကြသည်.။
‘‘ ရန်ကိုင်ခွေးကောင်……ဘောဖြစ်လို့ ဒီဘက်ကိုခေါ်လာတာလား’’ နီယုံက
ရန်ကိုင်ကိုဆဲရေးရင်း ထွက်ပြေးတော့လေသည်။ အခြားတစ်ဖက်မှာတော့ ရန်ကိုင်က နီယုံကို လုံးဝ
လျစ်လျူရှုထားလိုက်သည်။
ကျောက်တုံးတိုင်တစ်ခုနောက်တွင် ပုန်းနေတဲ့လန်ချူးတျယ်က ရန်ကိုင်နှင့်ဒူရီရွှမ်ကို
ချောင်းကြည့်လိုက်သည်။ သူမနောက်ကို လိုက်နေတဲ့ ကျောက်တုံးရုပ်ထုတွေမရှိပေမယ့်
သူတို့နှစ်ယောက်ကို ဝင်ကူညီဖို့တုန့်ဆိုင်းနေမိသည်။ ဒါပေမယ့် ခဏအကြာမှာတော့
သူမအဖြေတစ်ခုကို စဉ်းစားမိလိုက်ပြီး အော်လိုက်သည်‘‘ ပြေးနေတာရပ်လိုက်တော့…
ကျောက်တုံးရုပ်ထုနှစ်ခုပဲ ဆိုရင်ငါတို့တိုက်လို့နိုင်တယ်’’
သူမပြောတာကို ကြားလိုက်တာနဲ့ အဖွဲ့သားတွေမအကုန်လုံး တုန်ရီသွားခဲ့သည်။
‘‘အစောပိုင်းတုန်းက ရန်ကိုင်နဲ့ဒူရီရွှမ်းက ကျောက်တုံးရုပ်ထုတွေကို တိုက်ခိုက်တာကို
ကာကွယ်နိုင်ခဲ့တယ်။ အဲ့ဒါကြောင့် သူတို့ရဲ့တိုက်ခိုက်တဲ့အစွမ်းက သိပ်ပြီးအားကောင်း
မှာမဟုတ်ဘူး’’ လန်ချူးတျယ်က လုံးဝယုံကြည်ချက်ရှိတဲ့ပုံစံနဲ့ ‘‘ကျိုးအန်၊ ငါတို့လေးယောက်က
ကျောက်တုံးရုပ်ထုတစ်ခုကို တိုက်ခိုက်နေတဲ့အချိန်မှာ နင်ကအခြားကျောက်တုံးရုပ်ထုတစ်ခုကို
မြှားခေါ်သွားလိုက်’’
ကျိုးအန်မျက်မှောင်ကြုံ့လိုက်ပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ချေ။ သူလှည့်ထွက်သွားလိုက်ပြီး
ကျောက်တုံးရုပ်ထု၏ ဧရာမလက်သီးကြီးကို သူ့လက်သီးနဲ့ထိုးချလိုက်သည်။ ကျောက်တုံးရုပ်ထုက
ကျိုးအန်၏လက်သီးကြောင့် ရက်ကန်ရက်ကန် ဖြစ်သွားခဲ့ရသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၈) ကျောက်တုံးရုပ်ထုထဲက ရတနာများ
ထိုကျောက်တုံးရုပ်ထုတွေက တိုက်ခိုက်တဲ့နေရာတွင် တကယ်ကိုအားနည်းပေသည်။ ကျောက်တုံး
ရုပ်ထုတွေကို အနိုင်ယူနိုင်တယ်ဆိုတာ သေချာသွားတော့မှပဲ ကျိုးအန်လည်း စိတ်သက်သာရာ
ရသွားခဲ့သည်။ ရန်ကိုင်နှင့်ဒူရီရွှမ်းတို့နှစ်ယောက် မီတာသ၃၀၀လောက်အထိ ပြေးပြီးနောက်
ပြန်လှည့်ပတ်ပြေးလေသည်။ ထိုကျောက်တုံးရုပ်ထုနှစ်ခုက တော်တော်လေး ခြားနေဖို့လိုပေသည်။
ဒူရီရွှမ်းက သူမ၏သိုင်းပညာရပ်နဲ့တိုက်ခိုက်လိုက်တုန်းက သူမလက်ဝါးတစ်ခုလုံး ရွှေရောင်
ပြောင်းသွားခဲ့သည်။ သူမလက်ဝါးက ကျောက်တုံးရုပ်ထု လက်သီးကိုရိုက်ပြီးသွားတဲ့အချိန်မှာတော့
ကျောက်တုံးရုပ်ထု ယိုင်တိယိုင်တိုင် ဖြစ်သွားခဲ့ပြီး ကျောက်တုံးလက်သီးပေါ်တွင်
အက်ရာလေးတွေ ပေါ်လာခဲ့သည်။
ဆိုးတာက ကျောက်တုံးရုပ်ထုတွေက နာကျင်မှုကိုမခံစားနိုင်ပေ။ ထို့ကြောင့် တိုက်ခိုက်ခံရရင်တောင်
ဆက်ပြီးတိုက်ခိုက်နိုင်ပေသည်။ လန်ချူးတျယ်နှင့်နီယုံတို့နှစ်ယောက် ကျောက်တုံးရုပ်ထုကို
ဝိုင်းပြီးတိုက်ခိုက်လိုက်တဲ့အခါမှာတော့ ဒူရီရွှမ်းက အမြန်အဆန် နောက်ဆုတ်လိုက်သည်။
ရန်ကိုင်က ကျောက်တုံးရုပ်ထုကို သူ့ဆီကိုခေါ်လာတဲ့အတွက် နီယုံက ရန်ကိုင်ကိုမကျေမနပ်နဲ့
စူးစူးဝါးဝါး စိုက်ကြည့်နေလိုက်သည်။ လန်ချူးတျယ်၏ အားကောင်းတဲ့ လေ့လာစမ်းစစ်တဲ့
စကေးကြောင့်သာ ကျောက်တုံးရုပ်ထု၏ အားနည်းကိုချက်ကို ရှာတွေ့နိုင်ခဲ့သည်။။
အဲ့လိုကြောင့်သာမဟုတ်ရင် နီယုံလည်းအချိန်အကြာကြီး ဆက်ပြီးပြေးလွှားနေရဦးပေလိမ့်မည်။
ကျောက်တုံးရုပ်ထု၏ တိုက်ခိုက်မှုတွေက ပြင်းထန်သော်လည်း မထိရင်တော့ ဘာမှအကျိုးမထူးပေ။
ထိုနည်းတူစွာပဲ ကျောက်တုံးရုပ်ထု၏ လှုပ်ရှားတဲ့နှုန်းကလည်း တော်တော်လေး နှေးကွေးပေသည်။
ထို့ကြောင့် ကျောက်တုံးရုပ်ထု၏ တိုက်ခိုက်မှုတွေကို အလွယ်တကူရှောင်ရှားနိုင်ခဲ့သည်။
အချိန်ကြာလာတာနဲ့အမျှ အဖွဲ့သားလေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကျောက်တုံးရုပ်ထု
ပေါ်တွင် အက်ရာတွေတဖြည်းဖြည်း များလာခဲ့သည်။ အောင်မြင်မှုက သူတို့နဲ့နီးကပ်လာတဲ့အချိန်တွင်
လေးယောက်စလုံး၏ တိုက်ခိုက်မှုတွေက ပိုပြီးရက်စက်ကြမ်းကြုတ်လာခဲ့သည်။ အဆုံးမှာတော့
ကျောက်တုံးရုပ်ထုက တစ်စစီဖျက်စီးခံလိုက်ရသည်။ ကျောက်တုံးရုပ်ထုကို ဒဏ်ရာမရပဲ
အနိုင်တိုက်ခိုက်နိုင်ခဲ့ပေမယ့် ချီစွမ်းအင်တော့ တော်တော်ကုန်သွားခဲ့သည်။
လန်ချူးတျယ်က ကျောက်တုံးပုံကြီးနားသွားလိုက်ပြီး မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်
‘‘ထူးဆန်းတယ်’’ လောကနိယာမအရဆိုရင် ဒီကျောက်တုံးတွေက လှုပ်ရှားဖို့စွမ်းအား
အရင်းအမြစ်လိုအပ်ပေသည်။ ဒါပေမယ့် သူမသေချာ အနီးကပ်စစ်ဆေးကြည့်တာတောင်မှ
မည်သည့် စွမ်းအားအရင်းအမြစ်ကိုမှ မတွေ့ရချေ။ တုန့်ဆိုင်းမနေတော့ပဲ လန်ချူးတျယ်က
အော်ပြောလိုက်သည်
‘‘ ကျိုးအန်ကိုသွားကူကြစို့’’ ထို့နောက် လမ်းလျှောက်ထွက်သွားလိုက်သည်။
အရှိန်မြင့်လိုက်ပြီး ငါးယောက်စလုံး ကျောက်တုံးရုပ်ထုကြီးကို ဝိုင်းတိုက်ကြလေသည်။
အားလုံးတိုက်ခိုက်တဲ့ နေရာမှာပဲအာရုံစိုက်နေတဲ့အတွက် တစ်ယောက်နှင့်တစ်ယောက်
စကားတစ်ခွန်းမှ မပြောကြချေ။ ၁၀မိနစ်လောက် ကြာတဲ့အချိန်မှာတော့ ကျောက်တုံးရုပ်ထုကြီးလည်း
ကျောက်တုံးပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ တိုက်ပွဲပြီးနောက် အားလုံးကအမောတကော
အသက်ရှုနေရသည်။ ကျောက်တုံးရုပ်ထုတွေနဲ့ တိုက်ခိုက်ရတာ အလွန်အမင်း အန္တရာယ်များသလို
ချီစွမ်းအင်လည်း တော်တော်ကုန်ပေသည်။
နားနေတဲ့အချိန်တွင် နီယုံ့ ရန်ကိုင်ဘက်လှည့်ပြီးအော်လိုက်သည်
‘‘ ရန်ကိုင်ခွေးသူတောင်းစား၊
ငါတို့ကစံအိမ်တစ်ခုတည်းက မို့လို့မင်းကိုငါက ဘာမှမလုပ်ရဲဘူးလို့ထင်နေတာလား’’
ရန်ကိုင်က မျက်လုံးမှေးလိုက်ပြီး‘‘ဘာ’’
‘‘မင်းဘာလို့ ကျောက်တုံးရုပ်ထုတွေကို ငါ့ဆီခေါ်လာတာလဲ’’
‘‘ငါခေါ်လာခဲ့တာလား’’ ရန်ကိုင်က သူရဲ့တည်ငြိမ်တဲ့ ပုံစံကိုထိန်းထားရင်း အခြားတစ်နေရာကိုကြည့်နေလိုက်သည်။ သူ့ဘာသာသူတောင် အသက်လုပြီး ထွက်ပြေးနေရတဲ့အချိန်တွင်
အခြားသူတွေကို ဂရုစိုက်ဖို့ဆိုရင်တော့ ဝေးသေး။လန်ချူးတျယ်က သူမ၏ဧရာမရင်ဘတ်ကြီးကိုပုတ်ရင်း အော်ပြောလိုက်သည်‘‘ရန်ဖြစ်နေတာ
ရပ်တော့’’ ထို့နောက်ကျောက်တုံးပုံကြီးကို စတင်စူးစမ်းရှာဖွေလိုက်သည်။
နီယုံက ရန်ကိုင်ကိုအေးစက်စက်ကြည့်လိုက်ပြီး ‘‘ အခုလိုမျိုးသာ နောက်တစ်ကြိမ် ဆက်ဖြစ်မယ်ဆိုရင်ငါ့ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့’’ ‘‘အိုး’’ လန်ချူးတျယ်က ကျောက်တုံးပုံထဲက
တစ်ခုခုကိုတွေ့လိုက်ရတဲ့အတွက် အံ့အားသင့်တဲ့အသံ ထွက်သွားခဲ့သည်။
ကျောက်တုံးပုံကြီးထဲတွင် လက်သီးအရွယ် ကျောက်တုံးကလေးလေးတစ်ခု ရှိနေခဲ့သည်။
သူမ၏အံ့အာတသင့် အော်သံက အဖွဲ့သားတွေ၏ အာရုံကိုဆွဲဆောင်သွားခဲ့၏။ ထို့နောက်အဖွဲ့သားတွေက သူမလက်ထဲရှိ ကျောက်တုံးကလေးလေးကို ဝိုင်းအုံကြည့်လိုက်ကြ၏။
ကျောက်တုံးကလေးလေးက ကျောက်စိမ်းနဲ့ ထုလုပ်ထားသယောင်ထင်ရသည်။ လူရုပ်ပီပြင်အောင်သေချာထုလုပ်ထားပြီး ဖောက်ထွင်မြင်နိုင်လောက်အောင် ကြည်လင်နေပြီး တလက်လက်
တောက်ပနေခဲ့သည်။ တကယ်ကို လှပလွန်းပေသည်။
ကျောက်တုံးကလေးလေးထဲတွင် အနီရောင်သွေးကြောတွေကို တွေ့မြင်နေရသည်။ အနီရောင်
သွေးကြောင်းပေါင်း ၃၀ ရှိနေခဲ့သည်။
‘‘ဒါက…’’ ကျိုးအန်က ကျောက်တုံးကလေးလေးကို စိတ်အားထက်သန်နေတဲ့ အမူအရာနဲ့
စူးစိုက်ကြည့်နေလိုက်သည်။ ထိုအချိန်တွင် ဒူရီရွှမ်းနှင့်ရန်ကိုင်တို့လည်း ဘာတွေဖြစ်နေလဲဆိုတာ
သိရအောင် လန်ချူးတျယ်ဆီ လမ်းလျှောက်သွားလိုက်သည်။
‘‘ကျောက်တုံးကလေးလေးကို ဘာနဲ့လုပ်ထားတာလဲ’’ နီယုံကမေးလိုက်သည်။
‘‘ငါလည်းမသိဘူး’’ လန်ချူးတျယ် ခေါင်းခါလိုက်သည်။ သူမကကျောက်တုံးကလေးလေးကနေ
မည်သည့်စွမ်းအင်မှ မခံစားမိတဲ့အတွက် ကျောက်တုံးကလေးလေးကို ဘာနဲ့လုပ်ထားလဲဆိုတာ
မပြောနိုင်ပေ။ သို့ပေမယ့် ကျောက်တုံးကလေးလေးထဲက သွေးကြောတွေက တကယ်ကို
ထူးခြားပေသည်။
‘‘နင်တို့ကော ဘယ်လိုထင်လဲ’’ လန်ချူးတျယ်က ကျန်တဲ့သူတွေကိုကြည့်ရင်း မေးလိုက်သည်။
‘‘ငါတို့သာ ကျောက်တုံးကလေးလေးကို ထိန်းချုပ်နိုင်ရင် ကျောက်တုံးရုပ်ထုကြီးတွေကို
ထိန်ချုပ်နိုင်တာ ဖြစ်နိုင်မလားမသိဘူး’’ ကျိုးအန်က ဖြစ်နိုင်ချေတစ်ခုကို ပြောလိုက်သည်။
လန်ချူးတျယ်က ခေါင်းခါလိုက်ပြီး
‘‘ မဖြစ်နိုင်ဘူး။ ကျောက်တုံးရုပ်ထုတိုင်းမှာ ကျောက်တုံးကလေးလေး
မရှိဘူး။ အဲ့လိုမှတော့ ငါတို့က ကျောက်တုံးရုပ်ထုတွေကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်ရမှာလဲ’’
ရန်ကိုင်က ရုတ်တရက် ဝင်ပြောလိုက်သည်‘‘ အနီရောင်သွေးကြောတွေကို ကြည့်ပြီး နင်တို့
တစ်ခုခုကို မမှတ်မိဘူးလား”
‘‘ဘာကိုလဲ…မင်းလို စဦးဒြပ်စင်အဆင့်တစ်ယောက်က မလိုအပ်ပဲ ဝင်မရှုပ်စမ်းပါနဲ့ကွာ’’
နီယုံက ရန်ကိုင်ကို ရွံ့ရှာစက်ဆုပ်တဲ့ မျက်လုံးနဲ့စူးစူးဝါးဝါး စိုက်ကြည့်နေရင်း ချေပ
ပြောဆိုလိုက်သည်။ ရန်ကိုင်လည်း ဆက်ပြီးမပြောတော့ပဲ လှောင်ပြုံးသားပြံုးပြလိုက်သည်။
လန်ချူးတျယ်က ရန်ကိုင်ပြောတာကို နားလည်သွားပြီး အလျင်စလိုမေးလိုက်သည်
‘‘ငါတို့တွေက စံအိမ်တစ်ခုတည်းကလေ …အဲ့ဒါကိုရန်ဖြစ်နေစရာလိုလို့လား။ ရန်ကိုင်..
နင်ဘာပြောချင်တာလဲ’’
ရန်ကိုင်မျက်လုံး တောက်ပသွားခဲ့ပြီး ပြောလိုက်သည် ‘‘ အဲ့အနီရောင် သွေးကြောလေးတွက
ငါတို့ခန္ဓာကိုယ်ထဲက သွေးကြောတွေနဲ့ တူတယ်လို့မထင်ဘူးလား’’
နီယုံကလှောင်ပြောင်လိုက်သည်
‘‘ အဲ့ဒါများ ငါတို့လည်းသိတာပေါ့’’
လန်ချူးတျယ်က နီယုံကို လျစ်လျူရှုထားလိုက်ပြီး မေးလိုက်သည်‘‘ နင်ဘာပြောချင်တာလဲ’’
ရန်ကိုင်က ယုံကြည်ချက်အပြည့်နဲ့ ပြန်ပြောလိုက်သည်‘‘အနီရောင်သွေးကြောတွေကငါတို့ကို သိုင်းပညာရပ် ဒါမှမဟုတ် ကျင့်စဉ်တစ်ခုခု သင်ပေးတာဖြစ်လောက်မယ်’’
‘‘ဟာသပဲ’’ နီယုံ နှာခေါင်းရှုံ့လိုက်သည်။။ ဒူရီရွှမ်းက ရန်ကိုင်ဘေးသွားလိုက်ပြီး
နီယုံကိုအေးစက်စက် သုန်မှုန်နေတဲ့ အသံနဲ့အော်လိုက်သည်‘‘ ပါစပ်ပိတ်ထားစမ်း’’
နီယုံကချက်ချင်းပဲ ဒူရီရွှမ်းကိုကြည့်လိုက်ပြီး ထိတ်လန့်သွားကာ ဆက်ပြီးစကား မပြောရဲတော့ချေ။
ရန်ကိုင်ကို သူမကြောက်ပေမယ့်လည်း ဒူရီရွှမ်းက သူ့ထက်အဆင့်နှစ်ဆင့်တောင် ပိုမြင့်ပေသည်။
သူတို့နှစ်ယောက်သာ တိုက်ခိုက်မယ်ဆိုရင် သူရှုံးနိုင်ချေများလေသည်။
ကျိုးအန်က နီယုံကို အထင်အမြင်သေးတဲ့ အကြည့်နဲ့ကြည့်ကာ ‘‘ မင်းက တော်တော်
စိတ်ညစ်စရာ ကောင်းတာပဲ’’ ဒါက သူ့ရဲ့ကိုယ်ပိုင်အထင်အမြင်ပင်ဖြစ်သည်။ ရန်ကိုင်ကိုကူပြောပေးတာ မဟုတ်ချေ။
နီယုံက အဖွဲ့သားနှစ်ယောက်၏ အရှက်ခွဲခြင်းကို ခံလိုက်ရသဖြင့် သူ့မျက်နှာကြီးတစ်ခုလုံး
ရှက်ရွံ့မှုကြောင့် နီရဲလာခဲ့သည်။ သူ့ခွန်အားကလည်း ရန်ကိုင်တစ်ယောက်တည်းထက်သာ
မြင့်တာ ဖြစ်တက်အတွက် ထိုနှစ်ယောက်ကိုလည်း ပြန်ခံမပြောရဲပေ။ ထိုအစားသူ့ရင်ဘတ်ထဲမှာ ရှိနေတဲ့ အမုန်းတရားကို ရန်ကိုင်အပေါ်သာ ပုံချလိုက်ပြီး သုန်မှုန်နေတဲ့မျက်နှာထားနဲ့ ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေလိုက်၏။
လန်ချူးတျယ်က စိတ်အားထက်သန်လာပြီး ပြောလိုက်သည်‘‘ ရန်ကိုင်ပြောတာမှန်မမှန်
စမ်းကြည့်ရအောင်’’
ချက်ချင်းပဲ အဖွဲ့သားတွေလည်း သူမပြောတာကို နားလည်လိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။
လန်ချူးတျယ်က ပြုံးလိုက်ပြီး‘‘ အဲ့လိုဆိုရင် ကျေးဇူးပြုပြီး ငါစမ်းသပ်နေတဲ့အချိန် ငါ့ကို
ကာကွယ်ပေးဦးနော်’’ ထို့နောက် သူမမျက်လုံးတွေကို ပိတ်ချလိုက်ပြီး ကျောက်တုံးကလေးလေးထဲက
သွေးကြောအစီအစဉ်အတိုင်း သူမခန္ဓာကိုယ်ထဲမှာရှိတဲ့ ချီစွမ်းအင်တွေကို လှည့်ပတ်လိုက်သည်။
တအောင့်ကြာတဲ့အချိန်မှာတော့ လန်ချူးတျယ် မျက်လုံးပွင့်လာခဲ့သည်။ ထို့နောက် အံ့အားသင့်နေတဲ့
အကြည့်နဲ့ ရန်ကိုင်ကိုကြည့်လိုက်ပြီး
‘‘နင်ပြောတဲ့အတိုင်းပဲ…ကျောက်တုံးကလေးလေးတွေထဲမှာတကယ်ပဲ သိုင်းပညာရပ်တစ်ခု ရှိနေတယ်’’
ကျန်တဲ့သူတွေလည်း အမူအရာ ပြောင်းသွာကြသည်။
‘‘ ကျောက်တုံးကလေးလေးထဲမှာ ရှိတဲ့သိုင်းပညာရပ်ကို ငါသေချာနားမလည်သေးပေမယ့်
မြေကမ္ဘာအလယ်အလတ်အဆင့် သိုင်းပညာရပ်ဆိုတာတော့ ငါသေချာတယ်။ ဒါပေမယ့်ဘယ်လို သိုင်းပညာရပ်လဲဆိုတော့ ငါလည်းမသိဘူး’’
ကျောက်တုံးကလေးလေးထဲတွင် သွေးကြော၃၀ရှိသဖြင့် ကျင့်ကြံသူက ထိုသိုင်းပညာရပ်ကို
လေ့ကျင့်ရန် အလို့ငှာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးကြော၃၀ကို လှုံ့ဆော်ရပေမည်။
လန်ချူတျယ်ပြောသလိုပဲ မြေကမ္ဘာအလယ်အလတ် အဆင့်သိုင်းပညာရပ်ကို
လေ့ကျင့်ဖို့ဆိုရင် သွေးကြော၃၀ သို့ ထို့ထက်မက လိုအပ်ပေသည်။
သူမပြောတဲ့စကားတွေကို ကြားတဲ့အချိန်မှာတော့ ကျန်တဲ့သုံးယောက်လုံး အသက်မရှုနိုင်
ဖြစ်သွားရပြီး ရန်ကိုင်လည်း စိတ်လှုပ်ရှားသွားခဲ့သည်။
ထိုညက လေနက်တောင်ကြားထဲတွင် အခြားသူတွေကို သူဘာလို့အလွယ်တကူ အနိုင်မယူနိုင်လဲ
ဆိုတာ သိလိုက်ရသည်။ အကြောင်းပြချက်ကတော့ သူ့တွင် သိုင်းပညာရပ် ကင်းမဲ့နေလို့ပဲ
ဖြစ်သည်။ တိုက်ခိုက်တဲ့ သိုင်းပညာရပ်တစ်ခုမရှိတဲ့အတွက် ယန်အရည်စက်တွေနဲ့သာ
သူတိုက်ခိုက်နိုင်ပေသည်။ သူ့မှာသာ သိုင်းပညာရပ်တစ်ခုခု ရှိခဲ့ရင် လေနက်တောင်ကြားတွင်
တိုက်ခိုက်တုန်းက သူ့အဖို့ပိုပြီးလွယ်ကူသွားမှာပဲဖြစ်သည်။
ကံဆိုးတာက ကောင်းကင်စံအိမ်က သိုင်းပညာရပ်တွေကို လေ့ကျင့်ဖို့ဆိုရင် အမှတ်အများကြီး
လိုအပ်ပေသည်။ မြေကမ္ဘာအဆင့်နိမ့်ပညာရပ်တစ်ခုတောင် အမှတ်၄၀၀ကနေ၅၀၀အထိ
လိုအပ်ပေသည်။ အခုအချိန်မှာတော့ မမျှော်လင့်ပဲ ဒီနေရာတွင်သိုင်းပညာရပ်တစ်ခုကို
သူရယူနိုင်ပေသည်။ ထို့ပြင် ကျောက်တုံးရုပ်ထုအခု၁၀၀ထက်မ ရှိနေသေးတဲ့အတွက်
သူ့အတွက်လည်း သိုင်းပညာရပ်တစ်ခု ရနိုင်သေးပေသည်။
ရန်ကိုင်ကိုယ်တိုင်သာ ဒီနေရာတွင် ရှိနေတဲ့သူအကုန်လုံးလည်း သိုင်းပညာရပ်တစ်ခု၏
တန်ဖိုးကြီးမားမှုကို သိပေသည်။ လန်ချူးတျယ်က သူမစိတ်ထဲ တိတ်တိတ်လေး ပျော်မြူးနေခဲ့သည်။
သူမသာ ထိုကျောက်တုံးရုပ်ထုနှစ်ခုစလုံးကို မဖျက်စီးခဲ့ရင် ထိုလျှို့ဝှက်ချက်ကို ဘယ်တော့မှ
သိနိုင်လိမ့်မည်မဟုတ်ချေ။
‘‘နင်တို့ကော ဘယ်လိုထင်လဲ’’ လန်ချူးတျယ်က ပါးစပ်နားရွက် တက်ချိတ်တော့မတတ် ပြုံးနေရင်း
ကျန်တဲ့သူတွေကို မေးလိုက်သည်။ ‘‘အင်း…’’ ကျိုးအန်က အသံကြမ်းကြမ်းကြီးနဲ့ ပြန်ပြောလိုက်သည်။
‘‘ကျောက်တုံးကလေးလေးတွေထဲမှာ သိုင်းပညာရပ်တွေ ရှိနေမှာတော့ ငါတို့ဒီအခွင့်အရေးကို
လွဲသွားလို့မဖြစ်ဘူး’’ နီယုံစိတ်ထဲမှာတော့ ကုလားဘုရားလှည့်နေသည့်အလား ဆိုင်းသံဗုံသံ
တခြိမ့်ခြိမ့်ညံနေခဲ့သည်။ ‘‘ဒီနေရာက တကယ်ကို ရတနာသိုက်ပဲ။ ငါတို့ဝင်လာတာ ခဏလေးပဲ
ရှိသေးတယ်…အဖိုးတန်တဲ့ ရတနာတွေကို တွေ့နေရပြီ’’
ရန်ကိုင်နှင့်ဒူရီရွှမ်းလည်း ခေါင်းညိတ်လိုက်သည်။
‘‘ကောင်းတယ်…အားလုံးကသဘောတူနေမှာတော့ ငါတို့ဒီနေရာမှာ ခဏနေကြတာပေါ့’’
လန်ချူးတျယ်က ပြုံးကာ‘‘ ဒီကျောက်တုံးကလေးလေးကို ငါအရင်ယူထားလိုက်မယ်။
နောက်ထပ် သိုင်းပညာရပ်တွေ ရှာတွေ့တော့မှ ငါတို့ပြန်ခွဲကြတာပေါ့။ စိတ်မပူပါနဲ့…
ကျောက်တုံးကလေးလေးထဲမှာ ရှိတဲ့ သိုင်းပညာရပ်တွေကို ငါးခိုးပြီးမလေ့လာပါဘူး’’
‘‘စိတ်ပူစရာမလိုပါဘူး မိန်းကလေးလန်…ငါနင့်ကိုယုံပါတယ်’’ နီယုံက လန်ချူးတျယက်၏
သစ္စာရှိနောက်လိုက် ခွေးတစ်ကောင်အလား ပြောလိုက်၏။ ထို့ကျန်တဲ့သူတွေဘက်
လှည့်ကြည့်လိုက်ပြီး ‘‘မိန်းကလေးလန်က သူမရဲ့သစ္စာရှိမှုကြောင့် ကောင်းကင်စံအိမ်မှာ
ကျော်ကြားတယ်။ သူမမင်းတို့ကို ကျိန်းသေသစ္စာဖောက်မှာ မဟုတ်ပါဘူး’’
နီယုံပြောပြီးတဲ့နောက် ကျိုးအန်နှင့်ဒူရီရွှမ်းတို့လည်း မကန့်ကွက်ခဲ့ချေ။ တကယ့်တော့
သိုင်းပညာရပ်တွေနဲ့ ပက်သက်ပြီးတော့ သူတို့မှာအခြားနည်းလမ်းလည်း မရှိတော့ချေ။
ရတနာခွဲဝေတာနဲ့ ပက်သက်ပြီး ဆွေးနွေးပြီးတဲ့အချိန်မှာတော့ ကျောက်တုံးရုပ်ထုတွေကို
ဘယ်လိုဖျက်ဆီးမလဲဆိုတာ ဆွေးနွေးတော့လေသည်။ ပုံမှန်အားဖြင့် ထိုကျောက်တုံးရုပ်ထုတွေက
လျင်မြန်ပြီး သန်မာတယ်ဆိုတာ သိကြ၏။ ထို့ကြောင့် ကျောက်တုံးရုပ်ထု တစ်ခုစီကို
အဖွဲ့လိုက်ပူးပေါင်း တိုက်ခိုက်ရပေမည်။ ထို့ကြောင့် ကျောက်တုံးတိုင်တွေကြား လှည့်ပတ်ပြေးရင်း
ကျောက်တုံးရုပ်ထုတွေကို မြှားခေါ်ပြီး ဝိုင်းတိုက်ကြဖို့ ဆုံးဖြတ်လိုက်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၉) တိုက်ပွဲ
ကျောက်တုံးရုပ်ထုကို တိုက်ခိုက်တဲ့အချိန် တစ်ယောက်က ကျောက်တုံးရုပ်ထု၏ တိုက်ခိုက်မှုကိုခုခံပြီး ကျန်တဲ့သူတွေက ကျောက်တုံးရုပ်ထုကို ဝိုင်းတိုက်ခိုက်ကြမည်ဖြစ်သည်။ ထိုနည်းလမ်းကသာ
ကျောက်တုံးရုပ်ထုကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဖျက်ဆီးနိုင်မည့် နည်းလမ်းဖြစ်သည်။
ဒါပေမယ့် နောက်ဆုံးအချိန်အထိ သူတို့မဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုရှိနေသေးသည်။ ဘယ်သူက
ကျောက်တုံးရုပ်ထုကို အုပ်ထဲကနေ မြှားခေါ်မှာလဲ။ မြှားခေါ်ရာတွင် ကျောက်တုံးရာပေါင်း
များစွာ လက်က လွတ်မြောက်အောင် ပြေးရမှာဖြစ်တဲ့အတွက် ထိုအလုပ်က အန္တရာယ်အများဆုံးဖြစ်လေသည်။
သေချာသာ ဂရုမစိုက်မိရင် တစ်ခါတည်း အသက်ပျောက်သွားနိုင်ပေသည်။ ထိုအလုပ်က
အလွန်အန္တရာယ်များတဲ့ အလုပ်တစ်ခုဖြစ်တဲ့အတွက် လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ရေရွတ်လိုက်သည်။ နီယုံက ရန်ကိုင်ကို အထင်သေးတဲ့ မျက်လုံးနဲ့
ကြည့်ရင်း ‘‘ မင်းက အားအနည်းဆုံးဖြစ်လို့ တိုက်ခိုက်တဲ့နေရာမှာလည်း အရမ်းကြီး
အသုံးဝင်မှာမဟုတ်ဘူး။ ကျောက်တုံးရုပ်တွေကို မြှားခေါ်တဲ့တာဝန်ကို မင်းမလုပ်သင့်ဘူးလား။
မင်းသာသေချာလုပ်ရင် ဘာအန္တရာယ်မှ ရှိမှာမဟုတ်ပါဘူးလေ။ ပြီးတော့ အစောပိုင်းတုန်းက
မင်းပြေးတာကို ငါတွေ့ဖူးတယ်။ အဲ့တုန်းကလည်း ကျောက်တုံးရုပ်ထုလက်ကနေ မင်းလွတ်အောင်
ပြေးနိုင်တာပဲလေ။ ဒါကြောင့် ကျောက်တုံးရုပ်ထုတွေကို မြှားခေါ်ဖို့တာဝန်ကို မင်းယူသင့်တယ်’’
ရန်ကိုင်က ကြိတ်ပြုံးလိုက်ပြီး ‘‘ကောင်းပြီ’’
ဒူရီရွှမ်းက စိုးရိမ်စွာနဲ့ ရန်ကိုင် အကျီင်္စကိုဆွဲလိုက်ပြီး သူမနားကို ဆွဲကပ်လိုက်သည်‘‘ ရန်ကိုင်’’
ကျောက်တုံးရုပ်ထု နှစ်ခုသူမနောက်လိုက်နေတုန်း အဆုံးစွန်သော ကြောက်ရွံ့မှုကို
သူမခံစားခဲ့ရတဲ့အတွက် သူမခံစားခဲ့ရတဲ့ ကြောက်ရွံ့မှုကို ရန်ကိုင်ကို မခံစားချင်ခဲ့ပေ။
‘‘အဆင်ပြေပါတယ်’’ ရန်ကိုင် ပြုံးလိုက်ပြီး သူမကိုနှစ်သိမ့်ပေးလိုက်သည်။
လန်ချူးတျယ်က ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်ပြီး‘‘ နင်ဘာလို့အဲ့လောက်
ယုံကြည်မှု ရှိနေတာလဲ။ နင်တစ်ယောက်တည်း မလုပ်နိုင်ရင်လည်း အဲ့တာဝန်ကို
ငါတို့တစ်ယောက် တစ်လှည့်စီလုပ်လို့ရတယ်’’
‘‘ အဆင်ပြေပါတယ်။ ကျောက်တုံးရုပ်ထုတွေ
လက်ကနေ အသက်ရှင်လျက် ထွက်ပြေးနိုင်မယ်လို့ ၈၀ရာခိုင်နှုန်းလောက် သေချာတယ်’’
မြှားခေါ်ရမယ့်အလုပ်က အန္တရာယ်များပေမယ့် သူပြသခဲ့တဲ့ အမြန်နှုန်းက အစွမ်းကုန်
မဟုတ်သေးချေ။ လေနက်တောင်တွင် ထိုနေ့ညက အစစ်အမှန်ယန်စွမ်းအင်ကို
သူရှာတွေခဲ့သည်။ ထိုအရာက အထွတ်အထိပ်ပညာရပ်တစ်ခု မဟုတ်ပေမယ့်
သူ့အမြန်နှုန်းကိုတော့ မြှင့်တင်ပေးနိုင်သည်။
ကျောက်တုံးရုပ်ထုတွေနဲ့ တိုက်ခိုက်ရမှာနှင့်ယှဉ်ရင် မြှားခေါ်တဲ့တာဝန်ကို သူပိုသဘော
ကျပေသည်။ ယန်အရည်စက် မသုံးရင်တောင် ကျောက်တုံးရုပ်ထုတွေက သူ့ကိုဒဏ်ရာ
ရအောင် လုပ်ဖို့ခက်ခဲပေသည်။ ဒါပေမယ့် ထိုကဲ့သို့စွမ်းရည်မျိုးကို လျှို့ဝှက်ချက်အဖြစ်
သိမ်းထားတာက အကောင်းဆုံးပင်။
‘‘နင်ကအဲ့တာဝန်ကို ယူချင်နေမှာတော့ ငါတို့တစ်ကြိမ်လောက် စမ်းကြည့်တာပေါ့။
တစ်ခုခုဆိုးရွားတာ ဖြစ်ခဲ့မယ်ဆိုရင် ငါတို့အခြားတစ်နေရာပဲ သွားကြတာပေါ့’’
လန်ချူးတျယ်က မဆုတ်မနစ်တဲ့ လေသံနဲ့ပြောလိုက်သည်။
ထို့နောက် သူတို့ကျောက်တုံးရုပ်ထုတွေ ရှိနေတဲ့နေရာကို ပြန်သွားလိုက်သည်။
ထိုနေရာကို ရောက်တာနဲ့ လန်ချူတျယ်က ချုံခိုတိုက်ခိုက်လို့ကောင်းမယ့် နေရာတစ်ခုကို
ရှာလိုက်သည်။ ‘‘ရန်ကိုင်…ကျေးဇူးပဲ’’ ကျောက်တုံရုပ်ထုတွေ လက်ကနေက သူမကို
ကယ်တင်ပေးခဲ့အတွက် ဒူရီရွှမ်းက ရန်ကိုင်ကိုတကယ်ပဲ နှလုံသားထဲကနေ
လေးလေးနက်နက် ကျေးဇူးတင်နေခဲ့သည်။
ရန်ကိုင်က ရယ်လိုက်ကာ‘‘ အဲ့ကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်စရာမလိုပါဘူး’’
ဒူရီရွှမ်းက ခေါင်းခါလိုက်ပြီး‘‘ မရဘူး…ငါနင့်ကို ကျေးဇူးတင်ရမယ်’’
သူတို့အဖွဲ့က တဖြည်းဖြည်းနဲ့ အစောပိုင်းတုန်းက သူတို့ရောက်ခဲ့တဲ့ နေရာကို
ရောက်လာခဲ့သည်။ လမ်းလျှောက်နေရင်း ကျောက်တုံးရုပ်ထုတွေက နဂိုနေရာမှာ
ပြန်ရောက်နေတယ်ဆိုတာ တွေ့လိုက်ရသည်။
အစောပိုင်းတုန်းက သူတွေ့ခဲ့တဲ့ သွေးစွန်းနေတဲ့ ကျောက်တုံးရုပ်ထုနေရာကို တစ်ဖန်
ပြန်ကြည့်လိုက်တဲ့အချိန်တွင် မြေကြီးပေါ်တွင် လဲနေတဲ့အလောင်းနှစ်လောင်းကို
တွေ့လိုက်ရသည်။ ထိုတပည့်တွေက ဘယ်အင်အားစုကလဲဆိုတာ သူမသိပေမယ့်
ဒီနေရာမှ သေသွားရတာတော့ တော်တော်လေး သနားစရာကောင်းပေသည်။
‘‘နင်ပြင်ပြီးပြီလား’’ လန်ချူးတျယ်က စိုးရိမ်စွာနဲ့ မေးလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်‘‘အင်း’’
‘‘နင်အလိုက်ခံရတာနဲ့ ဒီနေရာကို ပြေးလာခဲ့။ နီယုံနဲ့ငါက ကျောက်တုံးရုပ်ထုနှစ်ခုကို အခြားတစ်နေကိုမြှားခေါ်သွားမယ်။ တစ်ချိန်တည်းမှာပဲ ညီမလေးဒူနဲ့ ကျိုးအန်က အခွင့်အရေးရှာပြီး ကျောက်တုံး
ရုပ်ထုတစ်ခုကို ချောင်းတိုက်ပြီး တစ်ရုပ်နဲ့တစ်ရုပ် မပူးပေါင်းမိအောင် လုပ်ရမယ်။ တစ်ရုပ်ကို
လတ်စသတ်ပြီးတာနဲ့ ကျန်တဲ့သူတွေကို သွားကူပေးရမယ်။ အရေးကြီးဆုံးက လုံခြုံးရေးပဲနော်။
ရန်ကိုင် ငါတို့တိုက်ခိုက်နေတဲအချိန် ကျန်တဲ့ကျောက်တုံးရုပ်ထုကို ထပ်ပြီးမြှားမခေါ်လာနဲ့ဦး…
ငါတို့ပြီးတဲ့အထိ အရင်စောင့်လိုက်။ ငါတို့ နောက်တစ်ကြိမ်တိုက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုမှ
နောက်တစ်ကြိမ်သွားပြီး ဒီနေရာကို မြှားခေါ်လာလိုက်’’
လန်ချူးတျယ်က အသေးစိတ် ရှင်းပြပြီးနောက်မှာတော့ ကျန်တဲ့သူတွေအားလုံး ကိုယ်ဘာလုပ်ရမယ်ဆိုတာ
သိသွားပြီး သဘောတူခေါင်းညိတ်လိုက်ကြသည်။
‘‘အခုနင်သွားလို့ရပြီ…သေချာဂရိုစိုက်ဦးနော်’’ လန်ချူးတျယ်က ရန်ကိုင်ကိုကြည့်ရင်း
အားပေးတဲ့ပုံစံနဲ့ ပြောလိုက်သည်။
ရန်ကိုင်က သူ့ယန်ကျောက်တုံး လွယ်အိတ်ကို မြေကြီးပေါ်တွင် ချထားလိုက်ပြီး
ကျောက်တုံးရုပ်ထုတွေရှိတဲ့နေရာဆီကို လမ်းလျှောက်သွားလိုက်သည်။
တစ်ဖွဲ့လုံးကို ရန်ကိုင်ကို စိတ်အားထက်သန်စွာနဲ့ စူးစိုက်ကြည့်နေကြသည်။ သိုင်းပညာရပ်များ၏
ဆွဲဆောင်ဖြာယောင်းမှု အောက်တွင် နီယုံတောင်ရန်ကိုင် ကျရှုံးပြီးသေသွားမှာကို ကြောက်နေမိသည်။
အခပ်မသင့် ရန်ကိုင်သေသွားခဲ့ရင် ရန်ကိုင်နေရာကို သူအစားဝင်ရမှာ ကြောက်နေမိသည်။
တကယ်တော့ သူ့ရဲ့အစီအစဉ်ကြောင့်သာ ရန်ကိုင်က အခုတာဝန်ကို ယူထားရတာဖြစ်သည်။
‘‘အသုံးမဝင် မဖြစ်စေနဲ့’’ နီယုံက တိုးတိုးလေး ပြောလိုက်သည်။ရန်ကိုင်က ကျောက်တုံရုပ်ထု တစ်ခုအနားသွားလိုက်သည်။ ဒါပေမယ့် အရမ်းကြီးတော့အနီးကပ်မသွားပဲ အကွာအဝေး ခြားကာနေလိုက်သည်။ သို့မှာသာ ကျောက်တုံးရုပ်ထု၏ရုတ်တရက် တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်မှာဖြစ်သည်။ သတိအပြည့်နဲ့ ကျောက်တုံးရုပ်ထုတွေဆီ
ဆက်သွားလိုက်ပြီး သူလက်ကိုထုတ်လိုက်ပြီး ကျောက်တုံးရုပ်ထုတွေကို လှုပ်ရှားအောင်
လုပ်ဖို့ကြိုးစားလိုက်သည်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သတ်မှတ်ထားတဲ့ အကွာအဝေး
အတွင်းကို ဝင်ရောက်သွားတာနဲ့ ကျောက်တုံးရုပ်ထုတွေက လှုပ်ရှားလာတယ်ဆိုတာ
သူတွေ့လိုက်ရသည်။ ကျောက်တုံးရုပ်ထုတွေ၏ အစပိုင်းလှုပ်ရှားမှုက နှေးကွေးပေမယ့်
သိပ်မကြာခင်မှာပဲ မြန်ဆန်လာခဲ့သည်။
အချိန်တစ်စက္ကန့်တောင် မဖြုန်းတော့ပဲ ရန်ကိုင်က အဖွဲ့ဆီပြန်လှည့် ပြေးတော့သည်။
ကျောက်တုံးရုပ်ထု အခု၁၀၀က ရန်ကိုင်နောက်ကို လိုက်နေခဲ့ကြသည်။ ကျောက်တုံးရုပ်ထုတွေက
အဖွဲ့သားတွေ ရှိတဲ့နေရာကို ရောက်လာတဲ့အချိန်တွင် ချုံခိုတိုက်ဖို့ ပုန်းအောင်းနေတဲ့
အဖွဲ့သားတွေက ကျောက်တုံးရုပ်ထုနှစ်ခုကို အုပ်ထဲကနေ အခြားတစ်နေရာကို
မြှားခေါ်သွားလိုက်သည်။ လန်ချူးတျယ်နှင့် နီယုံကတစ်ဖွဲ့၊ ကျိုးအန်နှင့်ဒူရီရွှမ်းကတစ်ဖွဲ့…
နှစ်ဖွဲ့ခွဲကာ ကျောက်တုံးရုပ်ထုနှစ်ခုကို တစ်ဖွဲ့တစ်ခုဆီ နေရာအသီးသီးကို
မြှားခေါ်သွားပြီး တိုက်ခိုက်တော့သည်။
ဘယ်လောက်တောင် အဆင်ပြေလိုက်လဲ…တစ်ဖွဲ့တွင် နှစ်ယောက်ရှိနေတဲ့အတွက် သိပ်မကြာခင်မှာပဲ
ကျောက်တုံးရုပ်ထုကို အနိုင်ယူနိုင်မယ်ဆိုတာ သေချာပေသည်။ ထိုအချိန်တွင် ရန်ကိုင်က
လုံးဝကို သက်သာရာရနေခဲ့သည်။ သူအဖို့ ကျောက်တုံးတိုင်တွေကြား ပတ်ပြေးပြီး
ကျောက်တုံးရုပ်ထုတွေကို မျက်ခြေဖျတ်ဖို့ပဲ လိုအပ်ပေသည်။ အစတုန်းကတော့
သူ့နောက်ကို လိုက်နေတဲ့ ကျောက်တုံးရုပ်ထုတွေ အများကြီးရှိပေမယ့် ကျောက်တုံးတိုင်တွေကြား
ထပ်ခါထပ်ခါ ပတ်ပြေးနေပြီးနောက် သူ့နောက်ကိုလိုက်နေတဲ့ ကျောက်တုံးရုပ်ထု
အရေအတွက်က တဖြည်းဖြည်း နည်းနည်းသွားလေသည်။
၁၅မိနစ်လောက် ကြာတဲ့အချိန်မှာတော့ သူ့နောက်ကိုလိုက်နေတဲ့ ကျောက်တုံးရုပ်ထု
အရေအတွက်က အလွန်အမင်း လျော့ကျသွားပြီး စုစုပေါင်း၃ရုပ်ပဲ ကျန်တော့လေသည်။
ရန်ကိုင်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး နောက်ဆုံး ကျောက်တုံးရုပ်ထုတွေကို
မျက်ခြေမဖျတ်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ အဲ့ဒီအစား အဖွဲ့သားတွေပုန်းနေတဲ့နေရာဆီ
ကျောက်တုံးရုပ်ထုတွေကို မြှားခေါ်သွားလိုက်သည်။ တကယ်တော့ အခုအချိန်လောက်ဆို
သူတို့ကျောက်တုံးရုပ်ထုတွေကို တိုက်ခိုက်တာ ပြီးသွားလောက်ပေပြီ။
ရန်ကိုင်မျှော်လင့်ထားသလိုပဲ သူ့အဖွဲ့သားတွေ ပုန်းနေတဲ့နေရာကို ပြေးသွားတာနဲ့
အဖွဲ့သားတွေကုန်လုံး တရားထိုင်နေပြီး သူပြန်လာမှာကို စောင့်နေတာ တွေ့လိုက်ရသည်။
သူတို့စောင့်နေစဉ် ကျောက်တုံးရုပ်ထုသုံးခုက ရန်ကိုင်နောက်ကို ပြေးလိုက်နေတဲ့အတွက်
မြေပြင်တစ်ခုလုံး တုန်ခါလာခဲ့သည်။
လူလေးယောက်စလုံး ချက်ချင်းပဲ မျက်လုံးဖွင့်လိုက်ပြီး နီယုံကဒေါသတကြီး အော်ပြောလိုက်သည်
‘‘အဲ့အသုံးမကျတဲ့ အမှိုက်ကောင်…ကျောက်တုံးရုပ်ထုတွေကို ဒီနေရာကို မြှားခေါ်လာတယ်။
ငါတို့အရင်ပြန်ဆုတ်သင့်လား’’
နီယုံကတော့ ရန်ကိုင်က ကျောက်တုံးရုပ်ထုတွေကို မျက်ခြေမဖျတ်နိုင်တော့တဲ့အတွက်
သူတို့ပုန်းနေတဲ့ နေရာဆီမြှားခေါ်လာတာလို့ ထင်နေတာဖြစ်သည်။
လန်ချူးတျယ်က တစ်ခဏတာ တုန့်ဆိုင်းသွားခဲ့ပြီး ချက်ချင်းပဲ ခေါင်းခါလိုက်သည်
‘‘ရန်ကိုင်က အဲ့လိုလုပ်မယ့် လူစားမျိုးမဟုတ်ဘူး။ သေချာနားထောင်ကြည့်လိုက်…
သူ့နောက်ကို လိုက်နေတာ အများဆုံးမှ ကျောက်တုံးရုပ်ထု ၂ခု၊၃ခုလောက်ပဲ ရှိမှာ’’
‘‘ကျောက်တုံးရုပ်ထု၃ခုပဲ’’ ကျိုးအန်က ရှင်းပြလိုက်သည်‘‘ ငါ့အကြားအာရုံက သာမန်လူတွေထက်
သာတယ်’’ ‘‘သူရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပဲ’’ လန်ချူးတျယ်က ပြုံးလိုက်ပြီး ‘‘အားလုံး၊
တိုက်ခိုက်ဖို့ပြင်ကြတော့’’ နောက်ဆုံးမှာတော့ ကျောက်တုံးရုပ်ထု ၃ခုက သူတို့မြင်ကွင်းထဲသို့
ဝင်ရောက်လာခဲ့သည်။
သူကအားလုံးကို အကြံလုပ်ဖို့ အချက်ပြလိုက်သည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူက
ကျောက်တုံးရုပ်ထုတစ်ခုကို တစ်ယောက်တည်း မြှားခေါ်သွားပြီး ကျန်တဲ့နှစ်ခုကိုတော့
အဖွဲ့သားတွေနဲ့ ထားပစ်ခဲ့သည်။ သူတို့တိုက်ခိုက်ပြီးတဲ့အချိန်မှာတော့ ရန်ကိုင်ကကျန်တဲ့
ရုပ်ထုတစ်ခုကို သူတို့မြှားခေါ်လာမှာပဲဖြစ်သည်။
‘‘ငါသပြီ…အကြံကောင်းပဲ…..’’ လန်ချူးတျယ်က ရန်ကိုင်ကိုပြုံးပြလိုက်သည်။ သူမ
ထင်ထားတာက ရန်ကိုင်က ကျောက်တုံးရုပ်ထု၃ကို ခေါ်လာတဲ့အတွက် ရုပ်ထု၃ခုစလုံးကို
အားလုံးပေါင်းပြီး တစ်ပြိုင်တည်းတိုက်ခိုက်ချင်နေတာလို့ ထင်နေတာပဲဖြစ်သည်။
တိုက်ပွဲပြီးနောက်…
ကံမကောင်းစွာဖြင့် အစောပိုင်တုန်းက ကျောက်တုံးရုပ်ထုနှစ်ခုကို ဖျက်စီးပြီးနောက်
သူတို့လေးယောက် ဝိုင်းရှာတာတောင် မည်သည့် ကျောက်တုံးကလေးလေးကိုမှ
မတွေ့ခဲ့ရချေ။ ဒါပေမယ့် ဒီတစ်ကြိမ် ရန်ကိုင်မြှားခေါ်လာတဲ့ ကျောက်တုံးရုပ်ထု၃ခုမှ
တစ်ခုတွင် ကျောက်တုံးကလေးလေး ရှိနေခဲ့သည်။
ထိုကျောက်တုံးကလေးလေးက အစောပိုင်းတုန်းက သူတို့ရခဲ့တဲ့ ကျောက်တုံးကလေးလေးလိုပဲ
သွေးကြောအခု၃၀ရှိနေခဲ့သည်။ ဒါပေမယ့် သွေးကြောနေရာတွေက မတူတဲ့အတွက်
သိုင်းပညာရပ်ကလည်း တူညီမည်မဟုတ်ချေ။ ဒူရီရွှမ်းက ကျောက်တုံးကလေးလေးကို
လန်ချူးတျယ်ဆီ ပေးလိုက်သည်။
လန်ချူးတျယ်က ကျောက်တုံးကလေးလေးကို ယူထားလိုက်ပြီး ‘‘ပထဆုံးအကြိမ်တုန်းက
ကျောက်တုံးရုပ်ထု နှစ်ခုဆီကနေ ကျောက်တုံးကလေးလေး တစ်ခုရခဲ့တယ်။ ဒုတိယ
အကြိမ်မှာတော့ ကျောက်တုံးရုပ်ထု၅ခုထဲကနေ ကျောက်တုံးကလေးလေး တစ်ခုရတယ်။
ကြည့်ရတာကတော့ ကျောက်တုံးကလေးလေးတွေ ရဖို့ဆိုရင် ငါတို့ကံပေါ် လုံးလုံးမူတည်
ေနတဲ့ပံုပဲ….’’
နီယုံက ပြုံးဖြဲဖြဲလုပ်ရင်း ‘‘ ကျောက်တုံးရုပ်ထုက အခု၁၀၀လောက်ရှိတော့ ငါတို့သာ
ကျောက်တုံးရုပ်ထု အကုန်လုံးကို ဖျက်စီးနိုင်မယ်ဆိုရင် အနည်းဆုံး သိုင်းပညာရပ်
အခု၂၀ လောက်ရလောက်တယ်’’ အဖွဲ့မှာငါးယောက်ရှိတဲ့အတွက် တစ်ယောက်စီ
ညီတူညီမျှ ခွဲဝေယူမယ်ဆိုရင် တစ်ယောက်ကို သိုင်းပညာရပ်၄ခုရပေလိမ့်မည်။
လူတိုင်း၏အတွေးတွေက လောဘနဲ့လောင်မြိုက်လာခဲ့သည်။
ဒါပေမယ့် လန်ချူးတျယ်က သူမကိုယ်သူမထိန်းချုပ်လိုက်ပြီး ‘‘အရင်ဆုံးအားပြန်ဖြည့်ကြထားရအောင်..
အားလုံးနားပြီးသွားရင် ငါတို့ဒီလိုမျိုးနောက်တစ်ကြိမ် ထပ်လုပ်လို့ရတယ်’’
လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး အိတ်ထဲကဆေးလုံးတွေထုတ်က သောက်လိုက်ပြီး
တရားထိုင်နေလိုက်ကြသည်။ ဒါပေမယ့် ရန်ကိုင်ကတော့ ချွင်းချက်ပင်ဖြစ်သည်။
သူကပြေးရုံသာဖြစ်တဲ့အတွက် ဆေးလုံးလည်းမလိုအပ်ချေ။
နီယုံက လန်ချူးတျယ်နှင့် ပရောပရည် လုပ်ချင်တဲ့အတွက် တရားထိုင်တဲ့အခါက
လန်ချူးတျယ်ဘေးနားတွင် ထိုင်ချင်ခဲ့သည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့
လန်ချူးတျယ်က သူမမျက်နှာပေါ်တွင် အေးစက်စက်အမူအရာတစ်ခုကို ဆင်မြန်းထားပြီး
သူ့ကိုရှောင်ဖယ်နေခဲ့သည်။
ရန်ကိုင်က တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။ လန်ချူးတျယ်က ရည်မှန်းချက်ကြီးတဲ့
မိန်းကလေး တစ်ယောက်ဖြစ်သည်။ သူမလို ကိုယ့်ကိုယ်ကို မြင့်မြင့်မှန်းထားတဲ့ မိန်းကလေး
တစ်ယောက်က နီယုံလိုလူတစ်ယောက်ကို ဘယ်တော့မှ ပြန်ကြိုက်လိမ့်မည် မဟုတ်ချေ။
အများဆုံးမှာ သူမလိုရာခိုင်းစေနိုင်တဲ့ ပွန်းကောင်တစ်ကောင်သာ ဖြစ်နိုင်ပေသည်။
လန်ချူးတျယ်၏ နှလုံးသားကို အပိုင်သိမ်းနိုင်ဖို့ဆိုရင် သူမ၏ခွန်အား၊ယုံကြည်မှု၊လွှမ်းမိုးနိုင်စွမ်း
အားလုံးကို ကျော်လွန်နေရပေမည်။ သူမကမင်းကိုလေးစားမှပဲ မင်းလည်း သူမနှလုံးသားကိုသိမ်းပိုင်နိုင်မှာဖြစ်သည်။ ကြားရတာမကောင်းပေမယ့် လန်ချူးတျယ်က လက်တွေ့ဆန်တဲ့လူတစ်ယောက်ဖြစ်သည်။
သူမကကျော့ရှင်းပြီး နူညံ့ပုံပေါ်ပေမယ့် ထိုအရာက သူမ၏ဟန်ဆောင်မျက်နှာဖုံးဆိုတာကို
ရန်ကိုင်သိပေသည်။ သူမက မောက်မာပြီး လက်တွေ့ဆန်ပေသည်။ သူမအလှကိုလည်း
သိနေတဲ့အတွက် ခွန်အား၊အလားအလာရှိတဲ့လူတွေကိုပဲ သူမချဉ်းကပ်ပေလိမ့်မည်။
နီယုံလိုလူမျိုးက သူမအတွက်တော့ အသုံချစရာ တစ်ခုထက်မပိုချေ။
သူတို့အားလုံး တရားထိုင်နေတဲ့အချိန်တွင် ရန်ကိုင်က ယန်ကျောက်တုံးတွေ ထားရစ်ခဲ့တဲ့
နေရာကိုသွားလိုက်သည်။ ယန်ကျောက်တုံးတွေက လေးလံပြီး သူ့ကိုဝန်ပိုစေတဲ့အတွက်
ချထားခဲ့ရုံကလွဲပြီး အခြားနည်းလမ်းမရှိချေ။ ဒါပေမယ့် အခုအချိန်မှာတော့ အဖွဲ့သားတွေ
အားလုံးနားနေတဲ့အတွက် ထိုအခွင့်အရေးကို သုံးကာ ယန်ကျောက်တုံးတွေကို စုပ်ယူဖို့
သူလုပ်ဆောင်ရပေမည်။
ယန်ကျောက်တုံးတွေကိုသယ်ကာ သီခြားနေရာ တစ်ခုရှာပြီး စတင်စုပ်ယူတော့သည်။
သူ့စွမ်းရည်တွေကို အခြားသူတွေမသိအောင် ဝှက်ထားရပေမည်။ နေ့တစ်ဝက်လောက်
ကြာတဲ့အချိန်မှာတေ့ လူတိုင်းက ပြည့်ပြည့်ဝဝ အနားယူပြီးသွားပြီဖြစ်ပြီး
နောက်တစ်ကြိမ် လုပ်ငန်းစဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထိုအချိန်အတောအတွင်း
ရန်ကိုင်လည်း သူသယ်လာတဲ့ ယန်ကျောက်တုံးတစ်ဝက်လောက်ကို စုပ်ယူနိုင်ခဲ့သည်။
ထို့နောက် နောက်တစ်ကြိမ် လုပ်ငန်းစဖို့ အဖွဲ့သားတွေရှိနေတဲ့ နေရာကိုသူပြန်လာလိုက်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၀) ကိုယ်ပိုင်အစီအစဉ်
အဖွဲ့သားလေးယောက်က ရန်ကိုင်ပြန်လာတာကို တရားထိုင်ရင်း စောင့်နေကြသည်။ ထိုအချိန်အတောအတွင်း
နီယုံက သူ့ဘာသူ ရေရွတ်ရင်း ရန်ကိုင်ကို ကျိန်ဆဲနေကြသည်။ ရန်ကိုင် ရောက်လာတဲ့ အချိန်မှာတော့
လန်ချူးတျယ်က အသက်ပြင်းပြင်းရှုရှိိုက်လိုက်သည်။ သူမ၏တောင်ပို့နှစ်လုံးက အလွန်အမင်း
မို့မောက်နေပြီး အဝတ်ထဲကနေ ရုန်းထွက်နေချင် ပုံပေါ်နေသည်။ အဖွဲ့သားအားလုံးကိုကြည့်ရင်း
မေးလိုက်သည်‘‘ အားလုံး အဆင့်သင့်ဖြစ်ပြီလား’’
‘‘ငါတို့နောက်တစ်ကြိမ် စကြတာပေါ့’’ လန်ချူူးတျယ်က ရန်ကိုင်ကို ကြည့်လိုက်ပြီး ‘‘နင်လူချင်းလဲချင်လား’’
ရန်ကိုင်က ခေါင်းခါလိုက်ပြီး‘‘ မလိုပါဘူး။ တစ်ကြိမ်လုပ်ပြီးသွားတော့ ငါတော်တော်လေး အတွေ့အကြုံ
ရှိသွားပြီး…ကျောက်တုံးရုပ်ထုတွေလက်ကနေ အသက်ရှင်လျက် ထွက်ပြေးနိုင်မယ်လို့ ငါကိုယ်ငါ
ယုံကြည်မှု အပြည့်ရှိတယ်’’
ကျောက်တုံးရုပ်ထုတွေနဲ့ သူမတိုက်ခိုက်ချင်ပေ။ ကျောက်တုံးလက်သီးတွေကို သူ့လက်သီးနဲ့
တိုက်ခိုက်ရမယ်ဆိုရင် သူကိုယ်တိုင်လည်း ဒဏ်ရာရနိုင်ပေသည်။ ‘‘အဲ့လိုဆိုရင်လည်း ငါတို့
နင့်ကိုပဲ နောက်တစ်ကြိမ် အားကိုးရဦးမယ်နဲ့ တူတယ်’’
သူမပြုံးလိုက်တဲ့အချိန်တိုင်း တစ်ယောက်ယောက်ကတော့ ဒုက္ခရောက်တော့မယ်လို့ သူဝေဝေဝါးဝါး
အာရုံခံနေမိသည်။ သူမက နီယုံကိုပြုံးပြရင် သူ့အတွက် အားဆေးတစ်ခွက်ဖြစ်သည်။ သို့ပေမယ့်
ရန်ကိုင်အတွက်တော့ မဟုတ်ခဲ့ချေ။ ထိုအကြောင်းကို ဆက်ပြီးစဉ်းစားမနေတော့ပဲ ရန်ကိုင်လည်း
ကျောက်တုံးရုပ်ထုတွေ ရှိတဲ့နေရာကို ပြန်သွားလိုက်သည်။
ဒီတစ်ကြိမ်က ရန်ကိုင်က သူ့တာဝန်ကိုကျေပွန်အောင် လုပ်ဆောင်ခဲ့ပေမယ့် အဖွဲ့တစ်ခုလုံး
ရုတ်ရုတ်ရုတ်ရုတ် ဖြစ်သွားခဲ့သည်။ ကျောက်တုံးရုပ်ထု နှစ်ခုကို မြှားခေါ်သွားရမယ့်အချိန်တွင် ရ
ကျောက်တုံးရုပ်ထုတစ်ခုက သူ့ရှေ့၌ပိတ်ရပ်နေခဲ့သည်။ ကျောက်တုံးရုပ်ထုသုံးခုနှင့်
ရင်ဆိုင်ရချိန်တွင် တာဝန်တွေ ရောထွေးသွားပြီး အဖွဲ့သားတွေ ထိခိုက်ဒဏ်ရာ ရခါနီး
ဖြစ်သွားခဲ့သည်။ထိုကျောက်တုံးရုပ်ထု ၃ခုနှင့် ရင်ဆိုင်ပြီးချိန်မှာတော့ ရန်ကိုင်က ကျန်တဲ့
ကျောက်တုံးရုပ်ထုနှစ်ခုကို ပြန်မြှားခေါ်လာလိုက်ပြီး ထိုကျောက်တုံးရုပ်ထုနှစ်ခုလဲ
အမြန်မဆန်ပဲ ဖျက်စီးခံလိုက်ရသည်။
ထိုအဖြစ်အပျက်ပြီးနောက် အဖွဲ့တစ်ခုလုံး ပိုပြီးစိတ်ဓါတ်တက်ကြွလာခဲ့သည်။ သူတို့
ကျောက်တုံးရုပ်ထုထဲကနေ ကျောက်တုံးကလေးလေး နှစ်ခုရယူနိုင်ခဲ့သည်။ အခုအချိန်တွင်
သူတို့၌ကျောက်တုံးကလေးလေး ၄ခုရှိနေပြီး နောက်တစ်ခုရတာနဲ့ တစ်ယောက်နှင့်တစ်ယောက်
အပြန်အလှန်ခွဲဝေ ယူနိုင်ပြီဖြစ်သည်။ ရန်ကိုင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ တကယ့်တော့
သူမှာကင်းမဲ့နေတာက သိုင်းပညာရပ်တွေလေ။ သူသာသိုင်းပညာရပ်တစ်ခုကို
ရလိုက်တာနဲ့ သူ့တိုက်ခိုက်နိုင်စွမ်းက အဆင့်တစ်ခု ရောက်ရှိသွားပေလိမ့်မည်။
သူတို့တစ်ဖွဲလုံး နောက်ရက်အနည်းအထိ ကျောက်တုံးရုပ်ထုတွေကို မြှားခေါ်လိုက်ပြီ…
ပြီးနောက် အုပ်ဖွဲ့ချောင်းတိုက်ရင်း ဖျက်စီးလိုက်လုပ်နေခဲ့သည်။ ကံမကောင်းစွာဖြင့်
သူတို့ ကျောက်တုံးရုပ်ထု၃၀ ဖျက်စီးပြီးသွားပေမယ့် ကျောက်တုံးကလေးလေး တစ်ခုတောင်
မရခဲ့ချေ။ အကြိမ်တိုင်း ကျောက်တုံးပုံကြီးကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ရှာလိုက်ပေမယ့်
စိတ်ပျက်မှုတွေနဲ့သာ အဆုံးသတ်ခဲ့ရသည်။
ပိုဆိုးတာက ရန်ကိုင်မြှားခေါ်လာလိုက်တိုင်း ကျောက်တုံးရုပ်ထုနှစ်ခုကို သီးခြားဖြစ်စေဖို့
ပိုပြီးခက်ခဲလာခဲ့သည်။ ထိုနည်းတူ ကျောက်တုံးရုပ်ထုများ၏ ခွန်အားကလည်း ပိုပြီးတိုးမြင့်လာ၏။
လန်ချူးတျယ်နှင့် ကျန်တဲ့သူတွေက ကျောက်တုံးရုပ်ထုနှစ်ခုကို တစ်သီးတစ်ခြားစီ ဖြစ်စေဖို့
ကြိုးစားခဲ့ပေမယ့် ကျောက်တုံးရုပ်ထုအုပ်ကြီး လိုက်တာခံရတဲ့ အကြိမ်တောင် ရှိခဲ့သေးသည်။
ထို့ကြောင့် သူတို့တစ်ဖွဲ့လုံး ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည်။
သူတို့ကြိုးစားလေ အခြေအနေတွေက ပိုပြီးခက်ခဲလာသလို ပိုပြီးတော့လည်း အန္တရာယ်
များလာခဲ့သည်။ ဒါပေမယ့် ငါးခုမြောက် ကျောက်တုံးကလေးလေးကိုတော့ အခုထိတိုင်အောင်
မရသေးချေ။ နောက်ဆုံးမှာတော့ အဖွဲ့အစည်းအဝေး နောက်တစ်ကြိမ် လုပ်ရပြန်သည်။
‘‘ ငါတို့ဒီအတိုင်းသာ ဆက်လုပ်နေမယ်ဆိုရင် တစ်ချိန်ချိန်တော့ ဒုက္ခရောက်လိမ့်မယ်’’
နီယုံက စိုးရိမ်မှုအပြည့်နဲ့ ပြောလိုက်သည်။ ကျိုးအန်က တိုးတိုးလေး ပြောလိုက်သည်
‘‘အခု ငါတို့မှာကျောက်တုံးကလေးလေး ၄ခုပဲရှိသေးတယ်။ ဒါပေမယ့် လူကငါးယောက်
ရှိတယ်…ငါဆို့သာဆက်မလုပ်တော့ဘူးဆို ဘယ်လိုခွဲဝေယူမှာလဲ’’
လူတိုင်းတိတ်ဆိတ်သွားခဲ့သည်။ ဘယ်သူမှလည်း သိုင်းပညာရပ်တစ်ခုက်ို လက်မလွှတ်ချင်ကြ။
တကယ်တော့ သူတို့တွေအကုန်လုံးက သိုင်းပညာရပ်တစ်ခုရတော့မယ်လို့ စိတ်ကူးပြီး
ဒီရက်အတောအတွင်း အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ခဲ့တာဖြစ်သည်။
နီယုံကို ရန်ကိုင်ကို ပြုံးပြရင်း အကြံတစ်ခုကို ပြောပြလိုက်သည်‘‘ လန်မိန်းကလေးက
အစောပိုင်းတုန်းက ပြောခဲ့တယ်လေ။ ငါတို့ရတနာခွဲဝေယူတာမှာ အခက်အခဲဖြစ်ခဲ့ရင်
ငွေနဲ့အစားထိုးလို့ရတယ်လေ။ ရောင်းရင်းရန်က ငါတို့ထဲမှာ အားအနည်းဆုံးဖြစ်လို့
သိုင်းပညာရပ်ကို မင်းလက်လွှတ်ပြီး ငွေပဲအစားထိုးယူလိုက်ပါလား’’
ရန်ကိုင်က နီယုံကိုလှောင်ပြောင်လိုက်သည်။
နီယုံကဆက်ပြောလိုက်သည်‘‘ ရောင်းရင်းရန်က အလုပ်ကြိုးစားခဲ့တာ မှန်ပါတယ်။ ဒါပေမယ့်
သိုင်းပညာရပ်က မလုံလောက်တော့ ငါတို့လည်းမတတ်နိုင်ဖူးပေါ့ကွာ’’
ကျိုးအန်က မျက်မှောင်ကြုံ့လိုက်သည်။ ဒါပေမယ့် တစ်ခွန်းမှ ဝင်မပြောခဲ့ချေ။ တကယ့်တော့
သူကိုယ်တိုင်းလည်း ထိုအဆိုပြုချက်ကို သဘောတူပေသည်။ ဒူရီရွှမ်းက ရန်ကိုင်ကို
ကူပြောပေးလိုက်သည်‘‘ အဲ့ဒါက ဘယ်လိုလုပ်ပြီး မျှတမှာလဲ။ ပိုက်ဆံလား..လူတိုင်း
ေပးနိုင္တာပဲ’’
ရန်ကိုက်က ဆက်ပြီးတော့ လှောင်ပြောင်နေလိုက်သည်။ သူကနီယုံကိုကြည့်နေပေမယ့်
သူ့မျက်လုံးထောင့်စွန်းကနေ လန်ချူးတျယ်ကို တိတ်တဆိတ်စူူးစမ်းနေခဲ့သည်။
လန်ချူးတျယ်၏ ဆုံးဖြတ်ချက်က ရန်ကိုင်၏အပြုအမူကို ဆုံးဖြတ်ပေးပေလိမ့်မည်။
မျှော်လင့်ထားတဲ့အတိုင်း လန်ချူးတျယ်လည်း တိတ်ဆိတ်သွားခဲ့သည်။ ရန်ကိုင်လည်း
ပိုပြီးတော့ လှောင်ပြောင်လိုက်သေးသည်။
တစ်ခဏကြာ တိတ်ဆိတ်မှုပြီးနောက် လန်ချူးတျယ်က ပြောလိုက်သည်‘‘ ငါတို့
နောက်တစ်ကြိမ်လောက် ကြိုးစားကြည့်တာပေါ့။ အကုန်လုံးရပြီး တစ်ယောက်တည်း
ကွက်ပြီးမရတာက ကောင်းတော့မကောင်းဘူးလေ။ ဒါပေမယ့် ငါတို့ကျောက်တုံးကလေးလေး
မရခဲ့ရင် စံအိမ်ကိုပြန်ရောက်တာနဲ့ လျော်ကြေးပေးဖို့ အစွမ်းကုန်ကြိုးစားပေးပါ့မယ်လို့
ငါအာမခံတယ္’’
သူမစကားလုံးတွေက အဖွဲ့အတွက် ပြောနေတယ်ထင်ရပေမယ့် တကယ်တော့ သူမအကျိုးအတွက်
ပြောနေတာဖြစ်သည်။ ‘‘ဒါက ငါတို့အတွက် နောက်ဆုံးအခွင့်အရေးပဲ။ ဂိုဏ်တူမောင်လေးရန်၊
ငါတို့ကို စိတ်မကွက်လောက်ပါဘူးနော်’’ လန်ချူးတျယ်က မတ်တပ်ရပ်ရင်း ရန်ကိုင်ကို
ကြည့်လိုက်သည်‘‘ ဂိုဏ်းတူမောင်လေးရန်၊ နင်မောနေလောက်ပြီပေါ့’’
ရန်ကိုင်က ခေါင်းညိတ်လိုက်ပေမယ့် နောက်ကိုတော့ တစ်ချက်တောင် ပြန်လှည့်မကြည့်ခဲ့ချေ။
ထို့နောက် ယန်ကျောက်လုံးတွေ ထားတဲ့နေရာဆီကို ထွက်သွားလိုက်သည်။
သူရဲ့စိတ်ပျက်ဝမ်းနည်းမှုကို သူမအာရုံခံမိလိုက်တာနဲ့ အားနာတဲ့အရိပ်အယောင် သူမမျက်လုံးထဲ
ဖျတ်ခနဲ လက်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပျောက်ကွယ်သွားခဲ့သည်။ ကျောက်တုံးရုပ်ထုတွေကို
မြှားခေါ်တဲ့ အလုပ်ကို သူအကြိမ်များစွာ လုပ်ပြီးပြီးသွားပြီဖြစ်လို့ ထိုအလုပ်နဲ့ သူတော်တော်လေး
ရင်းနှီးနေပြီဖြစ်သည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့တွင်အခြားအစီအစဉ်ရှိပေသည်။
ပုံမှန်အတိုင်း ကျောက်တုံးရုပ်ထုရာကျော်ကို ချုံခိုတိုက်ခိုက်မယ့်နေရာဆီ မြှားခေါ်လိုက်သည်။
လန်ချူးတျယ်နှင့် အခြားသူတွေက အခြားသူတွေက ကျောက်တုံးရုပ်ထုနှစ်ခုကို
အခြားတစ်နေရာကို မြှားခေါ်ဖို့လုပ်နေကျဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ ကွဲပြားသွားခဲ့လေပြီ။
လန်ချူးတျယ်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ‘‘နီယုံ၊ နင်သွားပြီး ရုပ်ထုနှစ်ခုကို မြှားခေါ်လာလိုက်’’
‘‘ဘာလို့ငါလဲ’’ နီယုံက ထိတ်လန့်တကြား အော်လိုက်သည်။
ဒူရီရွှမ်းက အေးစက်စက် လှောင်ပြောင်လိုက်သည်‘‘ ကျောက်တုံးရုပ်ထုတွေကို မြှားခေါ်ရတာ
လွယ်တယ်လို့ နင်ပဲပြောခဲ့တာမဟုတ်ဘူးလား။ ရန်ကိုင်တောင် ကျောက်တုံးရုပ်ထု ရာကျော်ကို
မြှားခေါ်နိုင်မှာတော့ ကျောက်တုံးရုပ်ထုနှစ်ခုတည်းကို နင်ကဘာလို့မလုပ်နိုင်ရမှာလဲ’’
‘‘လွယ်တယ်လို့ ဘယ်သူပြောခဲ့လို့လဲ’’ နီယုံကို ပြန်ပြီးကျိန်ဆဲလိုက်သည်။ ဒါပေမယ့်
ထိမိန်းကလေးနှစ်ယောက်ကို သူမဆန့်ကျင်ရဲပေ။ ရွေးစရာမရှိတော့တဲ့အတွက်
ကျောက်တုံးရုပ်ထုနှစ်ခုကို တိုက်ခိုက်လိုက်ပြီး ထိုရုပ်ထုနှစ်ခုကို အဖွဲ့ထဲကနေ မြှားခေါ်လိုက်သည်။
သူမြှားခေါ်ပြီးတာနဲ့ ကုန်းရုန်းပြေးတော့သည်။
ရုပ်ထုနှစ်ခုကိုသာ မြှားခေါ်ဖို့ကြိုးစားခဲ့ပေမယ့် နီယုံက မတော်တဆ ကျောက်တုံးရုပ်ထု၃ခုကို
မြှားခေါ်လာမိလိုက်သည်။ ထို့ကြောင့် အဖြစ်အပျက်တွေက ပိုပြီးခက်ခဲလာက အခုအချိန်တွင်
သူတို့ကျောက်တုံးရုပ်ထု၃ခုကို အနိုင်မတိုက်နိုင်သေးချေ။
လူလေးယောက်က တိုက်ခိုက်နေတဲ့အချိန်တွင် ရန်ကိုင်က ကျောက်တုံးရုပ်ထုတွေ ရှိတဲ့နေရာကို
ပြန်သွားလိုက်သည်။ ထို့နောက် ကျောက်တိုင်တစ်ခုပေါ်တက်ပြီး သူ့နောက်လိုက်လာတဲ့
ကျောက်တုံးရုပ်ထု ရှိမရှိကြည့်လိုက်သည်။ အဆင်ပြေတာပဲ…သူ့အစီအစဉ်တစ်ဝက်က
ပြီးမြောက်သွားပြီဖြစ်တဲ့အတွက် ရန်ကိုင်တော်တော်လေး ပျော်နေခဲ့သည်။ ရန်ကိုင်က
ကျောက်တုံးရုပ်ထုများစွာကို အဖွဲ့သားတွေတိုက်ခိုက်နေတဲ့အချိန် သူတို့ဆီမြှားခေါ်သွားဖို့
စဉ်းစားလိုက်သည်။ ဒါပေမယ့် အရမ်းကြီးမရက်စက်ချင်တဲ့အတွက် သူ့အစီအစဉ်ကို
အကောင်အထည် ဖော်ဖို့မကြိုးစားတော့ချေ။
သူ့အဖွဲ့သားတွေသာ ယုံကြည်ရတယ်ဆိုရင်လည်း သူထိုကဲ့သို့ လုပ်လိမ့်မည်မဟုတ်ချေ။
လန်ချူးတျယ်က အရမ်းကို လက်တွေ့ဆန်ပြီး အဖွဲ့ထက် သူမဖို့သာ ဂရုစိုက်တဲ့အတွက်
ရန်ကိုင်လည်းသူတို့ကို မယုံကြည်နိုင်တော့ချေ။ သူတို့သာ ကျောက်တုံးကလေးလေး
မရခဲ့ရင် ရန်ကိုင်လည်း ဝေစုအဖြစ် ဘာကိုမှရလိမ့်မည်မဟုတ်ချေ။ သူမကအုပ်စုကို
ခေါင်းဆောင်ပြီး ကျောက်တုံးကလေးလေး ရဖို့ဆက်ပြီးကြိုးစားတော့မည်မဟုတ်ချေ။
ထို့ကြောင့် သူ့ကိုယ်သူသာ အားကိုးရတော့ပေမည်။
လွန်ခဲ့တဲ့ရက်တွေတုန်းက ကျောက်တုံးရုပ်ထုတွေက ဘာလို့သူ့နောက်လိုက်လဲဆိုတာ
သူအသည်းအသန်စဉ်းစားခဲ့သည်။ ဖြစ်နိုင်တာက ထိုနေရာအတွင်းပိုင်းထဲတွင်
သူတို့ကာကွယ်နေတဲ့အရာ တစ်ခုခုရှိနေလို့ဖြစ်လောက်ပေသည်။
ထိုကာကွယ်နေတဲ့ရတနာက ကျောက်တုံးရုပ်ထုထဲမှာရှိတဲ့ ရတနာတိုင်းထက် ပိုပြီး
အဖိုးတန်လောက်ပေသည်။ ဒါက သူ့ရဲ့အတွေးသက်သက်ဖြစ်ပေမယ့် ကြိုးစားကြည့်တာကလည်း
အချည်းနှီးမဖြစ်ချေ။
ရန်ကိုင်က သူ့နောက်လိုက်နေတဲ့ ကျောက်တုံးရုပ်ထုတွေကို အလယ်ဗဟိုကနေ
ဝေးရာသို့ မြှားခေါ်သွားလိုက်သည်။ တော်တော်ဝေးဝေး ရောက်လာတဲ့အချိန်မှာတော့
အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်သည်။ သူ့ခြေထောက်အောက်တွင်
မီးတောက်တွေ ထွက်ပေါ်လာခဲ့ပြီး ကျန်တဲ့ကျောက်တုံးရုပ်ထုတွေ ရှိနေတဲ့နေရာကို
အလျင်စလို ပြေးသွားလိုက်သည်။
ဒီတစ်ကြိမ်မှာတော့ သူ့အမြန်နှုန်းက နဂိုထက်ပိုပြီးမြန်ဆန်လာခဲ့သည်။ ကံမကောင်းစွာဖြင့်
အစစ်အမှန်ယန်နည်းစနစ်ကို အသုံးပြုမှုက သိုင်းပညာရပ်တစ်ခုအဖြစ် ယူဆ၍မရ…
သာမန်ပညာရပ်တစ်ခုအဖြစ်သာ ယူဆနိုင်သည်။
ဒါပေမယ့် အစစ်အမှန်ယန်နည်းစနစ်ကို အသုံးပြုရာတွင် အားနည်းချက်တစ်ခုရှိသည်။
၇မိနစ်အတွင်းမှာပဲ သူ့သွေးကြောထဲရှိသော ချီစွမ်းအင်တွေ အကုန်လုံးလုံး ပြောင်တလင်း
ခါသွားပြီဖြစ်သည်။
ကံကောင်းစွာဖြင့် ယန်အရည်စက်တစ်စက်က ကုန်ဆုံးသွားတဲ့ ချီစွမ်းအင် အကုန်လုံးကို
ပြန်ဖြည့်တင်းပေးနိုင်ခဲ့သည်။ ယန်အရည်စက်၄စက်ကို အသုံးပြုပြီးတဲ့အချိန်မှာတော့
ကျောက်တုံးရုပ်ထုတွေ ရှိတဲ့နေရာကို ပြန်ရောက်လာခဲ့သည်။ သူအတွင်းပိုင်းထဲကို
ဝင်သွားတဲ့အချိန်မှာတော့ မြက်ခင်းထူတဲ့ ကြမ်းပြင်က ကျောက်သားကြမ်းပြင်အဖြစ်
ပြောင်းလဲသွားခဲ့သည်။ ကျောက်တုံးရုပ်ထုတွေ ပြန်မလာခင် လုပ်ဆောင်ရမှာဖြစ်တဲ့အတွက်
သူ့တွင် ထိုအကြောင်းအရာတွေကို ဆန်းစစ်နေဖို့ အချိန်မရှိချေ။
အလျင်စလိုပဲ အတွင်းပိုင်းထဲကို ဝင်သွားလိုက်ပြီး သူ့သီအိုရီမှန်မမှန် စမ်းသပ်လိုက်သည်။
နောက်ဆုံးမှာတော့ အတွင်းပိုင်းထဲကို ရောက်ရှိလာခဲ့ပြီး အပေါက်လေးတစ်ပေါက်ကို
တွေ့လိုက်ရသည်။ ထိုအပေါက်လေးဘေးတွင် ကျောက်တုံးရုပ်ထုနှစ်ခု စောင့်ကြပ်နေပြီး
ထိုကျောက်တုံးရုပ်ထုနှစ်ခုက အပြင်ဘက်က ကျောက်တုံးရုပ်ထုတွေထက် ပိုပြီးရက်စက်ကြမ်းကြုတ်
ပုံပေါက်လေသည်။ ဒါက….
ထိုနေရာက တကယ်ကို အန္တရာယ်များမှန် ရန်ကိုင်သိနေသဖြင့် ပိုပြီးသတိထားလိုက်သည်။
အပေါက်နားကို ဖြေးဖြေးချင်း သူလမ်းလျှောက်သွားလိုက်သည်။ သူ့အတွေ့အကြုံအရ
ကျောက်တုံးရုပ်နှစ်ခု သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်းကို သူဝင်ရောက်လိုက်တာနဲ့
ထိုကျောက်တုံးရုပ်နှစ်ခု လှုပ်ရှားလာပေလိမ့်မည်။ ထို့ပြင် ထိုကျောက်တုံးရုပ်ထုနှစ်ခုကိုလည်း
သူအခုမတိုက်ခိုက်နိုင်သေးချေ။ အပြင်ဘက်က အားနည်းတဲ့ကျောက်တုံးရုပ်ထုတွေ
ပြန်ရောက်လာပြီး သူ့ကိုဝိုင်းကာ ပူးပေါင်းတိုက်ခိုက်ကြလိမ့်မည်။
ရန်ကိုင်က အပေါက်နားကို တဖြည်းဖြည်းတိုးကပ်သွားခဲ့ပေမယ့် အံ့အားသင့်စရာ ကောင်းတာက
ကျောက်တုံးရုပ်ထုနှစ်ခုစလုံး မလှုပ်ရှားခဲ့ချေ။
……
ပိုပြီးလုံးခြုံစိတ်ချရအောင် ရန်ကိုင်က ကျောက်တုံးရုပ်ထုနှစ်ခုကို ဆက်ပြီးစစ်ဆေးလိုက်သည်။ ဒါပေမယ့်
သူဘယ်လောက်ပဲ နီးကပ်သွားခဲ့ပစေ ထိုကျောက်တုံးရုပ်ထုနှစ်ခု လုံးဝမတုန့်ပြန်ခဲ့ချေ။ ထို့ကြောင့်
ရန်ကိုင်က ပိုပြီးသတ္တိရှိလာခဲ့ပြီး ပြဿနာမီးထွန်းရှာဖို့ ဆုံးဖြတ်လိုက်သည်။ ထိုကျောက်တုံးရုပ်ထုနှစ်ခု
မလှုပ်ရှားတဲ့အတွက် ရန်ကိုင်က အစစ်အမှန်ယန်နည်းစနစ်ကို လှည့်ပတ်လိုက်ပြီး ထိုကျောက်တုံးရုပ်ထုနှစ်ခုကို
အချိန်တိုအတွင်း ဖျက်စီးဖို့ ကြိုးစားလိုက်သည်။