← Chapters

အခန်း (၁၉၁-၁၉၅)

Vol. 8 Ch. 191-195

အခန်း (၁၉၁-၁၉၅)

Vol. 8 Ch. 191-195

အပိုင်း (၁၉၁) ယန်မီးတောက်တောင်ပံ

ပုံမှန်ဆိုရင် နတ်ဆိုးအိုကြီးက သူ့ဝိဉာဉ်နဲ့တိုင်တည်ပြောတာနဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက် ယုံကြည်ရပေမသည်။

နတ်ဆိုးအိုကြီးပြောတာကို နားထောင်ရင်း ရန်ကိုင်မျက်နှာလည်း လေးနက်သွားခဲ့သည်။ ထိုစွမ်းအင်ကာသာ

ကောင်းကင်ဥပဒေသစွမ်းအား မှန်တယ်ဆိုရင် သူတစ်ခုခုရခဲ့ရပေမည်။ ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစား

လိုက်ပြီး ရန်ကိုင်ကသူ့ကျောကုန်းလက်ကို အာရုံစိုက်ထားလိုက်သည်။ ထိုစွမ်းအင်ကို သူသန့်စင်ပြီးတဲ့အချိန်တွင်

သူ့ကျောကုန်းနားတွင် ပူလောင်တဲ့နာကျင်မှုကို ခံစားလိုက်ရတာက လွဲလို့ဘာမှမခံစားခဲ့ရချေ။ သူအာရုံစိုက်

ထားလိုက်တဲ့အချိန် ချီစွမ်းအင်တွေက သူ့ကျောကုန်းဘက်ဆီ စီးဆင်သွားခဲ့ပြီး ထူးဆန်းတဲ့ခံစားချက်တစ်ခုကို

ရလိုက်သည်။ ထိုခံစားချက်ကို ခံစားလိုက်ရတဲ့အချိန် ချီစွမ်းအင်စီးဆင်နှုန်းကို အရှိန်မြှင့်လိုက်သည်။

ရုတ်တရက် တစ်ခုခုကွဲထွက်သွားခဲ့သည်။ ရုတ်တရက် အသံဖျော့ဖျော့လေးနဲ့အတူ လိုဏ်ဂူတစ်ခုလုံး

တောက်ပသွားခဲ့ပြီး ရန်ကိုင်လည်း ထိတ်လန့်သွားခဲ့ရသည်။ ‘‘ ကောင်းကင်ဘုံရေ……’’ နတ်ဆိုးအိုကြီးက

သက်ပြင်းရှိုက်လိုက်သည်။ နတ်ဆိုးအိုကြီးလို နှစ်ပေါင်းများစွာ အသက်ရှင်သန်လာခဲ့သူအဖို့ ဒီကမ္ဘာကြီးရှိ

အရာနည်းနည်းကပဲ သူ့ကိုသက်ပြင်းရှိုက်နိုင်အောင် လုပ်နိုင်ပေသည်။ ဒါပေမယ့် အခုအချိန်မှာတော့

နတ်ဆိုးအိုကြီး လုံးဝကိုကြောင်အသွားခဲ့ရပေသည်။

ရန်ကိုင်နောက်ကျောဘက်တွင် အတောင်ပံနှစ်ခု ရှိနေခဲ့ပြီး အစစ်အမှန်ယန်ချီတွေ ထွက်ပေါ်နေခဲ့သည်။

ထိုအတောင်ပံတွေက သိပ်မကြီးပေ။ ၂မီတာလောက်သာ ရှည်ပြီး ထိုတောင်ပံတွေက အစစ်အမှန်ယန်ချီတွေနဲ့

ပြုလုပ်ထားတဲ့ပုံပေါ်ပြီး မတည်မငြိမ်ဖြစ်နေကာ ရန်ကိုင်အတွေး၊စိတ်အခြေအနေနဲ့လိုက်ပြီး ပြောင်းလဲနေပုံ

ပေါ်သည်။ သူပနောက်ကို ကြည့်ရင်း ရန်ကိုင်လည်း တုန်လှုပ်နေခဲ့သည်။ ရန်ကိုင်နှင့်နတ်ဆိုးအိုကြီးတို့

နှစ်ယောက်စလုံး စကားမပြောခဲ့ကြပေ။ သူတို့နှစ်ယောက်စလုံး ဘယ်လိုစကားပြောရမလဲဆိုတာ မေ့သွား

ပုံပေါ်သည်။ သူတို့အာရုံအလုံးစုံက တောင်ပံတွေပေါ်မှာသာ ရှိနေခဲ့သည်။

အချိန်တော်တော်ကြာပြီးနောက် ရန်ကိုင်ရုတ်တရက် အသိပြန်ဝင်လာခဲ့ပြီး အမြန်အဆန် မေးလိုက်သည်

‘‘ နတ်ဆိုးအိုကြီး၊ အဲ့ဒါကဘာလဲ ’’ တံတွေးမျိုချသံနှင့်အတူ နတ်ဆိုးအိုကြီးက ပြန်ပြောလိုက်သည်

‘‘ ကောင်းကင်စွမ်းအား ’’

‘‘ လက္နက္တစ္ခုလား ’’

‘‘မဟုတ်ဘူး။ ဒီရတနာက သာမန်လက်နက်တစ်ခုနဲပ နှိုင်းယှဉ်လို့မရဘူး။ အဲ့ဒါက ကောင်းကင်ကနေ

သခင်လေးကို ချီးမြှင့်လိုက်တဲ့ စွမ်းရည်တစ်ခုပဲ။ အဲ့စွမ်းရည်က ဘယ်လောက်နက်နဲဆိုတာ ဒီအစေံအိုကြီး

မသိပေမယ့် အချိန်တော်တော်ကြာအောင ်လေ့လာပြီးတော့မှပဲ အဲ့စွမ်းရည်ရဲ့ ဆန်းကြယ်မှုတွေကို

သခင်လေး နားလည်လာလိမ့်မယ် ’’ ရန်ကိုင်က ဖွဖွလေးခေါင်းညိတ်လိုက်ပြီး သူ့စိတ်ကတော့ ကုလားဘုရား

လှည့်နေသည့်အလား ဗြောင်းဆန်နေခဲ့သည်။ တောင်ပံတွေကို ခတ်ကြည့်လိုက်တဲ့အချိန် လေပြင်းတစ်ခု

ဖြစ်ပေါ်လာခဲ့ပြီး တကယ်ပဲ သူ့ကိုကြမ်းပြင်ဆီကနေ မြောက်တက်သွားစေခဲ့သည်။

ဒါပေမယ့် သူအမြင့်ကြီး မပျံရသေးခင်မှာပဲ လိုဏ်ဂူမျက်နှာကျက်နှင့် ဆောင့်မိလိုက်သည်။ ယန်မီးတောက်

တောင်ပံတွေလည်း ချက်ချင်းပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်လည်း မြေကြီးပေါ်ကို ပြုတ်ကျလာခဲ့သည်။

အချိန်အတော်ကြာ စမ်းသပ်စစ်ဆေးပြီးတဲ့အချိန်မှာတော့ ကောင်းကင်စွမ်းအားကို ကောင်းကင်ဝါးမြိုအင်းဆက်

ကိုသန့်စင်ပြီး ရလိုက်တယ်ဆိုတာ သေချာသွားခဲ့သည်။ အာလုံးကိုသေချာစစ်ဆေးပြီးတဲ့အချိန် ရန်ကိုင်စိတ်ထဲ

နတ်ကုလားကနေသလို ပျော်ရွှင်မြူးထူးနေခဲ့သည်။ ကျွန်းပေါ်တွင် အချိန်အတော်ကြာ ရှိနေပြီးနောက်

ရန်ကိုင်စိုးရိမ်နေရတဲ့ အချက်တစ်ချက်ရှိပေသည်။ အဲ့ဒါကတော့ ကျွန်းကနေပင်လယ်မြို့တော်ဆီ

ဘယ်လိုပြန်ရမလဲဆိုတာကို မသိချင်းဖြစ်သည်။

အစကတော့ အစစ်အမှန်ဒြပ်စင်အဆင့်ထိရောက်အောင် လေ့ကျင့်ပြီး ကျွန်းကနေ ပျံသန်းထွက်ခွာမည်။

ဒါမှမဟုတ် မိစ္ဆာသားရဲတစ်ကောင်ကို ဖမ်းဆီးပြီးကျွန်းကနေ ထွက်ခါွဖို့ပင်ဖြစ်သည်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်

ထိုအစီအစဉ်က တကယ်ကိုပြဿနာအကြီးကြီးရှိပေသည်။ ပျောက်ဆုံးနေသာကျွန်းကနေ ပင်လယ်မြို့တော်ကို

ရောက်ဖို့ဆိုရင် မိုင်ပေါင်းများစွာကို ဖြတ်သန်းသွားရပေလိမ့်မည်။ အင်မော်တယ်တက်လှမ်းခြင်းအဆင့်

ကျင့်ကြံသူဆိုရင်တောင် အဲ့လောက်အဝေးကြီးကို တောက်လျှောက်ပျံသန်းမသွားနိုင်ချေ။ မိစ္ဆာသားရဲ

တစ်ကောင်ကို ဖမ်းဖို့ဆိုရင်လည်း အနည်းဆုံးအစစ်အမှန်ဒြပ်စင်အဆင့် မရောက်ပဲနဲ့ ဘယ်လိုလုပ်ပြီး

ပျံသန်းနိုင်တဲ့ မိစ္ဆာသားရဲတစ်ကောင်ကို ဖမ်းနိုင်ပ့ါမလဲ။

ဒါပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့အစစ်အမှန်ယန်ချီနဲ့ ယန်မီးတောက်တောင်ပံတွေကို ဖန်တီးပြီး

ပျံသန်းနိုင်ပြီဖြစ်သည်။ သူရင်ဆိုင်နေတဲ့ ပြဿနာတွေအားလုံး အဆင်ပြေသွားခဲ့ပြီဖြစ်သည်။ နတ်ဆိုးအိုကြီး

ပြောပုံအရဆိုရင် ယန်မီးတောက်တောင်ပံက ကောင်းကင်ဥပဒေသစွမ်းအားဆီကနေဖြစ်တည်လာတဲ့

လက်နက်မဟုတ်တဲ့ ပင်ကိုယ်စွမ်းရည်တစ်ခုပင်ဖြစ်သည်။ တစ်ခုတည်းသောပြဿနာက ယန်မီးတောက်

တောင်ပံကို အသုံးပြုဖို့ဆိုရင် ချီစွမ်းအင် အများအပြားလိုအပ်ခြင်းဖြစ်သည်။

လိုဏ်ဂူထဲတွင် ယန်မီးတောက်တောင်ပံကို စမ်းသပ်ဖို့မဖြစ်နိုင်တဲ့အတွက် ရန်ကိုင်လည်းသူ့စိတ်ကို

တည်ငြိမ်အောင်လုပ်လိုက်ပြီး နတ်ဆိုးအိုကြီးကို ရုတ်တရက်မေးလိုက်သည် ‘‘ နတ်ဆိုးအိုကြီး ၊

အပြင်ဘက်က အင်းဆက်တွေ….’’ ‘‘ သခင်လေးက ပိုပြီးလိုချင်နေတာလား ။ ကောင်းကင်ဝါးမြိုအင်းဆက်

ဆိုတာမျိုးကအရမ်းရှားတယ်။ အပြင်ဘက်က အင်းဆက်တွေက ကောင်းကင်ဝါးမြိုအင်းဆက်တွေ

မဟုတ်ဘူး။ အဲ့ကောင်တွေက သာမန်ရိုးရိုးမိစ္ဆာသားရဲတွေပဲ ’’ နတ်ဆိုးအိုကြီး ရန်ကိုင်ဘာတွေးနေလဲဆိုတာ

တကယ်ပဲ သိပေသည်။

‘‘ ဟူး ’’ ရန်ကိုင်သက်ပြင်းချလိုက်သည်။ ရန်ကိုင်က ပြန်ပြောလိုက်သည်‘‘ ဒါပေမယ့် ကောင်းကင်ဝါးမြို

အင်းဆက်ကို သန့်စင်ပြီးနောက် အဲ့ကောင်တွေကို ထိန်းချုပ်လို့ရတယ်လို့ ငါစားနေရတယ် ’’

‘‘ အဲ့လိုဖြစ်နိုင်တာလား ’’ နတ်ဆိုးအိုကြီးက အံ့အားသင့်စွာနဲ့ မေးလိုက်သည်။ ‘‘ စမ်းကြည့်ရတာပေါ့’’

ရန်ကိုင်က အာရုံစူးစိုက်လိုက်ပြီး သိပ်မကြာခင်မှာပဲ လိုဏ်ဂူအပြင်ဘက်တွင ်အင်းဆက်အကြီး၊အသေးတွေ

အကုန်လုံး စုဝေးလာခဲ့ကြသည်။ ဒါပေမယ့် လိုဏ်ဂူကိုတော့ တားမြစ်ထားတဲ့ နေရာတစ်ခုအလား အထဲကို

ဝင်မလာရဲခဲ့ချေ။ ‘‘ အိုး၊ တကယ်ပဲ အလုပ်လုပ်တယ်ဟ ’’ ရန်ကိုင်ရယ်မောလိုက်သည်။

အင်းဆက်သေးသေးလေးတွေက တိုက်ခိုက်နိုင်စွမ်း မကောင်းပေမယ့် အရေအတွက်ကတော့ များလွန်း

သည်။ ဒါပေမယ့် အင်းဆက်ကြီးတွေက အဆင့်သုံး၊အဆင့်လေး မိစ္ဆာသားရဲတွေဖြစ်ပြီး အဆင့်ငါး

မိစ္ဆာသားရဲနှစ်ကောင်တောင် ရှိတေဲ့အတွက် ရန်ကိုင်ကိုကျေနပ်သွားစေခဲ့သည်။ အဆင့်ငါးမိစ္ဆာသားရဲ

တစ်ကောင်က အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တူညီပေသည်။ သူတို့အကူအညီနှင့်

ကျွန်းပေါ်တွင် ရတနာရှာဖို့က ပိုပြီးလွယ်ကူသွားပြီဖြစ်သည်။ အခုလိုကျားပါးစပ်ထဲသွားတဲ့ ခရီးကတကယ်ပဲ

ထိုက်တန်ပေသည်။

ပျော်နေတာနဲ့ ရန်ကိုင်လည်း လိုဏ်ဂူထဲကနေထွက်လိုက်ပြီး ထိုအင်းဆက်တွေကို လမ်းကြောင်းတစ်ခု

လုပ်ခိုင်းလိုက်သည်။ နတ်ဆိုးအိုကြီးလည်း အံ့အားသင့်သွားခဲ့ရသည်။ အခုအချိန်တွင် ရန်ကိုင်က

လိုဏ်ဂူထဲကနေ ထွက်ပြီးကျွန်းကို စူးစမ်းဖို့ ရည်ရွယ်ထားပေသည်။ ဒါပေမယ့် ရုတ်တရက ်လိုဏ်ဂူထဲတွင်

နောက်တစ်ယောက်ရှိသေးတယ်ဆိုတာ သတိရလိုက်သည်။ ယုအောင်းချင်….တိမ်တိုက်နီဂိုဏ်း

ပြိုင်ဘက်ကင်းမိန်းကလေးတပည့်၏ အဆင့်အတန်းအကြောင်း သူမသိချေ။ သူမသာသေသွားခဲ့ရင်း

သူတို့ကြား အရင်ရှိခဲ့တဲ့ ရန်ကြွေးကျေသွားပြီလို့ သတ်မှတ်နိုင်ပေသည်။သူမသာအသက်ရှင်နေသေးရင်တော့

သူမကိုခေါ်ထုတ်သွားချင်ပေသည်။

သူမအသက်ကို သူသိပ်ပြီးဂရုမစိုက်ပေ။ ဒါပေမယ့် ကျွန်းပေါ်တွင် တိမ်တိုက်နီဂိုဏ်းက ဆရာသခင်တွေ

ရှိနေသေးတဲ့အတွက် ယုအောင်းချင်သာ သူ့နားမှာရှိနေမယ်ဆိုရင် အသက်ကယ်ကတ်တစ်ခုရထားတာနဲ့

အတူူတူပင်ဖြစ်ပေလိမ့်မည်။ ထိုအကြောင်းကိုတွေးရင် ရန်ကိုင်လည်း လိုဏ်ဂူထဲလမ်းလျှောက်သွားလိုက်သည်။

အချိန်တော်တော်ကြာ လမ်းလျှောက်ပြီးနောက် ယုအောင်းချင်ရှိနေတဲ့ လိုဏ်ဂူထဲ ရောက်လာခဲ့ပြီး အထဲကို

စစ်ဆေးကြည့်လိုက်တဲ့အချိန် သူ့အမူအရာ ပြောင်းလဲသွားခဲ့ရသည်။ အထဲတွင် ယုအောင်းချင်အပြင်

အခြားလူသုံးယောက်ရှိနေခဲ့ပေသည်။ သူတို့ထဲက နှစ်ယောက်က တိမ်တိုက်နီဂိုဏ်းလူငယ်မျိုးဆက်က

ဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကတော့ အကြီးအကဲ မန်ချင်းယွမ်ပင်ဖြစ်သည်။ ထိုအကြီးအကဲက အစစ်အမှန်

ဒြပ်စင်အဆင့်ရ ဆရာသခင်တစ်ယောက် ဖြစ်ပေသည်။

သူတို့ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ။ ရန်ကိုင်အံ့သြသွားခဲရသည်။ သဘောင်္မြုပ်သွားတဲ့အချိန်ကစပြီး

တိမ်တိုက်နီဂိုဏ်သားတွေ အကုန်လုံးအကွဲကွဲ ဖြစ်သွားခဲ့ရသည်။ မန်ချင်းယွမ်းလည်း ရက်ပေါင်းများစွာ

ရှာဖွေခဲ့ပြီး တပည့်များစွာကို တွေ့ခဲ့ရသည်။ ထို့နောက် ကျန်တဲ့တပည်တွေကို ရှာဖွေဖို့ကျွန်းကိုစူးစမ်းရင်း

အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရကာ နောက်ဆုံးတပည့်နှစ်ယောက်သာ ကျန်ရှိတော့ပေသည်။ သူတို့ဒီနေရာကို

ရောက်လာခဲ့အချိန် အပြင်ဘက်ကမြူခိုးထုက တစ်ခုခုထူးဆန်းနေတယ်ထင်တာနဲ့ အထဲကိုဝင်စစ်ဆေး

ကြည့်လိုက်သည်။ လမ်းတစ်လျှောက်စစ်ဆေးရင်း ချီယွမ်၏ခန္ဓာကိုယ်ကို သူတို့တွေ့ခဲ့ရသည်။

အင်းဆက်လိုဏ်ဂူဝင်ပေါက်ကို ရောက်တဲ့အချိန် ယုအောင်းချင်၏ အဝတ်အပိုင်းအစကို တွေ့ခဲ့ရပြန်သည်။

မန်ချင်းယွမ်လည်း အခြေအနေမကောင်းဘူးဆိုတာ သိလိုက်တာနဲ့ ကျန်တဲ့တပည့်နှစ်ယောက်ကို ဦးဆောင်ကာ

အထဲကို ဝင်စစ်ဆေးကြည့်လိုက်လေသည်။ လမ်းတစ်လျှောက် သူတို့မည်သည့်အန္တရာယ်မှ ရင်ဆိုင်မတွေ့ခဲ့ချေ။

အင်းဆက်တွေကို ရန်ကိုင်ကဆင့်ခေါ်ထားတဲ့အတွက်သာ သူတို့မည်သည့်အန္တရာယ်မှ ရင်ဆိုင်မတွေ့ခဲ့ရခြင်း

ဖြစ်သည်။ ရန်ကိုင်ပြန်လာတဲ့အချိန် ယုအောင်းချင်က သူတို့ခံစားခဲ့ရတဲ့ အခက်အခဲတွေကို ပြန်ပြောပြနေတာ

ဖြစ်ပြီး ကျန်းယု၊လော့ချင်းချင်းတို့ ဘယ်လိုသေဆုံးသွားခဲ့ရလဲဆိုတာ ပြောပြနေခြင်းဖြစ်သည်။ ရန်ကိုင်

ပေါ်လာတဲ့အချိန် သူတို့နှစ်ဖက်စလုံး အံ့အားသင့်သွားခဲ့ရသည်။

မန်ချင်းယွမ်က တိမ်တိုက်နီဂိုဏ်းတွင် အခုလိုတပည့်မျိုး ရှိတယ်ဆိုတာ မကြားဖူးသလို ယုအောင်းချင်လည်း

ရန်ကိုင်အသက်ရှင်နေလိမ့်မယ်လို့ မထင်ထားခဲ့ချေ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ယုအောင်းချင်၏

မျက်လုံးထဲတွင ်အမုန်းတရား၊ဒေါသတွေနဲ့ ပြည့်နှက်သွားခဲ့ပြီး အံ့ကြိတ်ကာ ပြောလိုက်သည် ‘‘ ဦးလေးမန်၊

အဲ့လူက တိမ်တိုက်နီဂိုဏ်းက တပည့်မဟုတ်ဘူး။ သဘောင်္ပေါ်ကို ခိုးကြောင်ခိုးဝှက်လိုက်ပါလာတဲ့

သူတောင်းစားတစ်ယောက်ပဲ။ ဂျူနီယာမောင်လေး ချီယွမ်ကိုသူသတ်လိုက်တာ ဦးလေးမန်၊ ဂျူနီယာမောင်လေး

အတွက် တရားမျှတမှုရှာပေးဖို့ တောင်းဆိုပါတယ် ’’

ရန်ကိုင်က သူမကိုစော်ကားဖို့ ကြိုးစားခဲ့တယ်ဆိုတာကိုတော့ သူမမပြောခဲ့ချေ။ သူမ၏ပုံရိပ်ထိခိုက်သွားမှာကို

သူမကြောက်ပေသည်။ အစောပိုင်းတုန်းကနဲ့ အခုအခြေအနေတွေက မတူတော့ချေ။ မန်ချင်းယွမ်နှင့်

ကျန်တဲ့သူတွေက သူမကိုရှာတွေ့သွားခဲ့ပြီဖြစ်တဲ့အတွက် လိုဏ်ဂူထဲကနေ လုံလုံခြုံခြံုနဲ့ ထွက်သွားနိုင်ပြီ

ဖြစ်သည်။ ရန်ကိုင်ကတော့ သူမအဝတ်အစားတွေကို စုတ်ဖြဲခဲ့ပြီး သူမခန္ဓာကိုယ်ကို စော်ကားခဲ့တဲ့အတွက်

ယုအောင်းချင်က သူ့ကိုအလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်၏အလောင်းကို

အစိတ်စိတ်အမြွှာမြွှာဖြစ်အောင ်တစ်စစီဖျက်ဆီးချင်စိတ်ကို သူမ မနည်းထိန်းချုပ်နေခဲ့ရသည်။

သူသေသွားသရွေ့ ထိုနေ့ကဖြစ်ပျက်ခဲ့တာကို ဘယ်သူမှသိနိုင်တော့မည် မဟုတ်ချေ။ ယုအောင်းချင်က

ရန်ကိုင်လက်ခေါင်းလှည့်လိုက်ပြီး မာနတစ်ခွဲသားနဲ့ လှောင်ပြောင်လိုက်သည်။ မန်ချင်းယွမ်၏မျက်နှာ

အေးစက်သွားခဲ့ပြီး အော်လိုက်သည် ‘‘ ကောင်စုတ်လေး ၊ မင်းသတ္တိကမသေးပါလား။ ငါ့တို့တိမ်တိုက်နီ

ဂိုဏ်းသားကိုတောင်သတ်ရဲတယ်။ သူ့ကိုသတ်ကြစမ်း ’’ ကျန်တဲ့တိမ်တိုက်နီဂိုဏ်းသားနှစ်ယောက်ကို

ချက်ချင်းအမိန့်ပေးလိုက်သည်။

တပည့်နှစ်ယောက်လည်း တုန့်ဆိုင်းမနေပဲရန်ကိုင်ဆီ ပြေးဝင်သွားလိုက်သည်။ ရန်ကိုင်က ယုအောင်းချင်ကို

စိုက်ကြည့်လိုက်ပြီး အေးစက်မှုက သူ့မျက်လုံးထဲက စိမ့်ထွက်နေခဲ့ပြီး သူ့ပုံရိပ်ကာ ရုတ်တရက်

ပျောက်ကွယ်သွားခဲ့ပြီး ပေဆယ်ကျော်အကွာတွင် ပြန်ပေါ်လာခဲ့သည်။ တိမ်တိုက်နီဂိုဏ်သားတွေက

သူ့နောက်လိုက်နေတဲ့အချိန် ရန်ကိုင်ပုံရိပ်က ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သည်။ ‘‘ သူတော်တော်

မြန်တယ် ’’ မန်ချင်းယွမ်လည်း ထိုလှုပ်ရှားမှုပညာရပ်ကို လေးစားမိသွားခဲ့သည်။ ‘‘ ချင်းအား၊

သမီးထွက်သွားဖို့ အဆင်သင့်ဖြစ်ပြီလား ’’ မန်ချင်းယွမ်က လှည့်ပြီး မေးလိုက်သည်။

‘‘ အင်း ’’ ယုအောင်းချင်က ခေါင်းညိတ်လိုက်သည်။ ‘‘ အဲ့လိုဆိုရင်ဦလေးသမီးကိုခေါ်သွားမယ်။ အဲ့ကောင်စုတ်

မြူခိုးထဲကနေ ဘယ်လိုထွက်မလဲဆိုတာ ငါသိချင်သေးတယ် ’’ မန်ချင်းယွမ်က နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်ကို

ဆက်ပြီးဂရုမစိုက်တော့ချေ။ ပျံသန်းနိုင်တဲ့ရတနာမရှိသရွေ့ ထိုမြူခိုးထဲကနေ ထွက်နိုင်လိမ့်မည် မဟုတ်ချေ။

‘‘ ဦးလေး၊သူ့ကိုသတ်ပစ်ရမယ်။ သူကဂျူနီယာညီမလေး လော့ချင်းချင်းကိုတောင် အခွင့်အရေးယူချင်ခဲ့တာ။

သမီးသာသူ့ကို အားသုံးပြီးမတားခဲ့ရင် သူအောင်မြင်သွားနိုင်လောက်တယ် ’’ ယုအောင်ချင်း၏မျက်နှာလေးက

အေးစက်နေခဲ့ပြီး အပြစ်အတုလုပ်ကာ ရန်ကိုင်ခေါင်းပေါ် ပုံချလိုက်ရတဲ့အတွက် အပြစ်ရှိသလို ခံစားရသည့်

ပုံအပေါ်ချေ။ ထိုစကားကိုကြားလိုက်တာနဲ့ မန်ချင်းယွမ်လည်း ဒေါသထွက်သွားခြဲ့ပီး ‘‘ သူကငါတို့

တိမ်တိုက်နီဂိုဏ်းသားကိုတောင် ကြံစည်ရဲတယ်။ ကောင်းကင်ရဲ့အမျက်ဒေါသကိုတောင် မကြောက်ဖူးပဲ။

ချင်းအာ…အေးဆေးသာနေ။ ဦးလေးသူ့ကိုဖမ်းတာနဲ့ သူ့ကိုအရှင်လတ်လတ် အရေခွံခွာပစ်မယ် ’’

ယုအောင်းချင်က တိတ်တဆိတ် အေးစက်စက်ပြုံးလိုက်သည်။

Martial peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၂) ကျောက်တုံးတံခါး

သိပ်မကြာချင်မှာပဲ ယုအောင်းချင်နှင့် မန်ချင်းယွမ်တို့ နှစ်ယောက်စလုံး အပြင်ဘက်ကနေ တိုက်ခိုက်သံတွေကို

ကြားလိုက်ရသည်။ ခဏအကြာတွင် တိမ်တိုက်နီဂိုဏ်းသားနှစ်ယောက်က ယိုင်တိယိုင်တိုင်နဲ့ လမ်းလျှောက်

ပြန်လာတာကို တွေ့လိုက်ရသည်။ ‘‘ ဘာဖြစ်ခဲ့တာလဲ ’’ မန်ချင်းယွမ်က မေးလိုက်သည်။ ‘‘ အကြီးအကဲမန်၊

အင်းဆက်တွေ အများကြီး လာနေတယ် ’’ တပည့်နှစ်ယောက်ထဲက တစ်ယောက်က ပြောလိုက်သည်။

ပြီးအောင်တောင ်မပြောရသေးခင်မှာပဲ တဝှီဝှီမြည်သံတွေကို မန်ချင်းယွမ်ကြားလိုက်ရသည်။ ထို့နောက်

တစ်ခဏအတွင်းမှာပဲ တိမ်တိုက်တွေအလား အုံခဲနေတဲ့ အင်းဆက်အုပ်ကြီးကို တွေ့လိုက်ရသည်။

ထိုအင်းဆက်အုပ်ကြီးတစ်ခုလုံးက လက်သီးအရွယ်အင်းဆက်တွေနဲ့ ပြည့်နေခဲ့ပြီး မရေမတွက်နိုင်အောင်

များပြားလှပေသည်။ ယုအောင်းချင်က အော်ဟစ်လိုက်သည် ‘‘ ဦးလေးမန်၊ အဲ့ကောင်တွေက သမီးတို့ကို

ဖမ်းခဲ့တဲ့ အင်းဆက်တွေပဲ ’’ မန်ချင်းယွမ်လည်း လေးနက်သွားခဲ့ပြီး အော်လိုက်သည် ‘‘ ငါ့နောက်မှာနေ ’’

ရှေ့တက်လိုက်ပြီး အင်းဆက်အုပ်ကြီးကို ပြင်းထန်ကြမ်းတမ်းတဲ့ လက်ဝါးနဲ့ရိုက်ချလိုက်သည်။ မန်းချင်းယွမ်၏

တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ အင်းဆက်တွေအကုန်လုံး ပေါက်စီတုံးတွေအလား မြေကြီးအပေါ်ကို

ပြုတ်ကျကုန်လေသည်။ ‘‘အကြီးအကဲမန်က အရမ်းသန်မာတာပဲ ’’ တိမ်တိုက်နီဂိုဏ်းသားတစ်ယောက်က

အော်ဟစ်လိုက်သည်။

‘‘ ငါတို့တိုက်ခိုက်ပြီး ဖောက်ထွက်ကြမယ် ’’ မန်ချင်းယွမ်က အကျယ်ကြီးမြည်သံပေးလိုက်ပြီး အင်းဆက်တွေကို

ပြင်းပြင်းထန်ထန် စတင်ပြီး တိုက်ခိုက်တော့သည်။ တိမ်တိုက်နီဂိုဏ်သားနှစ်ယောက်က ယုအောင်းချင်ကို

ကာကွယ်ရင်း မန်ချင်းယွမ်နောက်ကနေ လိုက်သွားခဲ့ကြသည်။ တစ်လှမ်းချင်းတစ်လှမ်းချင်း မန်ချင်းယွမ်၏

တိုက်ခိုက်မှုတစ်ခုချင်းစီက အင်းဆက်ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ အကြိမ်ဒါဇင်ပေါင်းများစွာ

တိုက်ခိုက်ပြီးတဲ့အချိန်မှာတော့ မန်ချင်းယွမ်လည်း မောပန်းလာခဲ့ပြီး အသက်ပြင်းပြင်းတစ်ချက်ရှုကာ

နောက်တစ်ဖန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြန်လေသည်။

သူတို့သွားနေတဲ့ လမ်းတစ်လျှောက ်အင်းဆက်အသေကောင်တွေနဲ့ ပြည့်နေခဲ့သည်။ ပေ၅၀၀လောက်

ဖောက်ထွက်လာပြီးတဲ့အချိန်မှာတော့ မန်ချင်းယွမ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့မျက်နှာအမူအရာလည်း

ပြောင်းလဲသွားခဲ့သည်။ လိုဏ်ဂူအတွင်းပိုင်းထဲကနေ အက်ကွဲသံတွေ ထွက်ပေးလာခဲ့ပြီး သူ့ခေါင်းပေါ်ကို

ဖုန်မှုန့်တွေ ပြုတ်ကျလာခဲ့သည်။ ထိုနောက် တဝုန်းဝုန်းမြည်သံနှင့်အတူ လိုဏ်ဂူတစ်ခုလုံး တုန်ခါလာခဲ့သည်။

‘‘ မကောင်းတော့ဘူး ’’ မန်ချင်းယွမ်က အော်ဟစ်လိုက်သည် ‘‘ လိုဏ်ဂူပြိုကျနေပြီ ’’ မန်ချင်းယွမ်နောက်က

တိမ်တိုက်နီဂိုဏ်သားသုံးယောက်လည်း ဖြူလျော်သွားခဲ့ကြပြီး သူ့နောက်ကို အမှီပြေးလိုက်ကြသည်။

ဒါပေမယ့် သူတို့ရှေ့တွင် အင်းဆက်ပေါင်းများစွာက ပိတ်ဆို့နေတဲ့အတွက် အမြန်မသွားနိုင်ခဲ့ကြပေ။

အင်းဆက်တွေက မန်းချင်းယွမ်ကိုကျော်ပြီး သူ့နောက်ရှိတိမ်တိုက်နီဂိုဏ်းသားသုံးယောက်ကို တိုက်ခိုက်ကြ

လေသည်။ တိမ်တိုက်နီဂိုဏ်သားသုံးယောက်လည်း တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ ပေသုံးရာလောက်

ပြေးပြီးတဲ့အချိန်မှာတော့ သူ့တို့ရှေ့ရှိ လိုဏ်ခေါင်းက ရုတ်တရက်ပြိုကျသွားခဲ့သည်။ မန်ချင်းယွမ်နှင့်

တိမ်တိုက်နီဂိုဏ်းသား သုံးယောက်စလုံး ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့ပြီး အထူးသဖြင့် ယုအောင်းချင်က

အထူးစိတ်ဓါတ်ကျသွားခဲ့ရသည်။ သူမတွေ့ရှိခဲ့တဲ့ မျှော်လင့်ချက်အမျှင်တန်းလေးက ပျောက်ကွယ်သွား

ရလိမ့်မယ်လို့ သူမမမျှော်လင့်ထားခဲ့ချေ။

တဝုန်းဝုန်းမြည်သံတွေကို နားထောင်ရင်း ရန်ကိုင်က ဆက်ပြီးပြေးလွှားနေခဲ့သည်။ လိုဏ်ဂူထဲကနေ

သူထွက်လိုက်တာနဲ့ လိုဏ်ဂူတစ်ခုလုံး ပြိုကျသွားခဲ့သည်။ ဆက်ပြီးမနေရဲတော့တာနဲ့ ရန်ကိုင်လည်း

ရှေ့ဆက်သွားလိုက်သည်။ တိမ်တိုက်နီဂိုဏ်သားနှစ်ယောက်ကို သူတိုက်ခိုက်တဲ့အချိန် လိုဏ်ဂူတစ်ခုလုံးကို

ဖြိုချဖို့အင်းဆက်တွေကို သူအမိန့်ပေးခဲ့တာဖြစ်သည်။ သူသာအစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူနှင့်

မျက်နှာချင်းဆိုင် တိုက်ခိုက်မယ်ဆိုရင် တော်တော်ဒုက္ခရောက်ရမယ်ဆိုတာ သိပေသည်။ ထို့ကြောင့်

အင်းဆက်တွေကို အမိန့်ပေးပြီး လိုဏ်ဂူကိုဖြိုချခိုင်းဖို့သာ တတ်နိုင်တော့သည်။ အင်းဆက်တွေအတွက်တော့

လိုဏ်ဂူကိုဖြိုချရတာ တကယ်ကို လွယ်ကူပေသည်။

နောက်ဆုံး သူပြန်လှည့်ကြည့်လိုက်တဲ့အချိန် ပြိုကျနေတဲ့ လိုဏ်ဂူကိုတွေ့လိုက်ရသည်။ အင်းဆက်လိုဏ်ဂူ

တစ်ခုလုံး ပြိုကျသွားခဲ့ပြီဖြစ်သည်။ ဒါပေမယ့် ရန်ကိုင်စိတ်သက်သာရာ မရသေးချေ။ လိုဏ်ဂူကိုဖြိုချရုံနဲ့

အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူကိုသတ်နိုင်တယ်၊မသတ်နိုင်ဘူးဆိုတာ မသေချာသေးပေ။ ထို့ကြောင့်

အသက်ရှင်ကျန်ရစ်နေတဲ့ လူရှိမရှိ ရှာဖို့အင်းဆက်တွေကို အမိန့်ပေးလိုက်သည်။ လက်ဖက်ရည်တစ်ခွက်

စာလောက်ကြာတဲ့အချိန်တွင် ရုတ်တရက်အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံက မန်းချင်းယွမ်၏

အသံပင်ဖြစ်သည်။ အင်းဆက်တွေက သူ့ကိုတွေ့သွားခဲ့လို့ တိုက်ခိုက်နေကြတာဖြစ်ပေသည်။

တဖြည်းဖြည်းနဲ့ သူ့အသံအားနည်းလာခဲ့ပြီး နောက်ဆုံးလုံးဝ ပျောက်ကွယ်သွားခဲ့သည်။ မန်းချင်ယွမလို့

အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတောင်သေမှာတော့ တိမ်တိုက်နီဂိုဏ်းသားတွေကို ပေါက်စနလေး

တွေကတော့ ပြောစရာပင် မလိုချေ။ ‘‘ကံမကောင်းစွာနဲ့ ကျောက်စိမ်းသဖွယ်လှပတဲ့ မိန်းမလှလေး

တစ်ယောက်တော့ သေသွားခဲ့ရပြီ ’’ နတ်ဆိုးအိုကြီးက သက်ပြင်းချလိုက်သည်။ ယုအောင်းချင်က

တကယ်ကို အလှဂဟေးတစ်ယောက်ပင်ဖြစ်သည်။ ဒါပေမယ့် ထိုမိန်းမက တကယ်ကိုကောက်ကျစ်ပြီး

မြွေတစ်ကောင်လို အဆိပ်ပြင်းဉာဏ်များတဲ့အတွက် သေဖို့ထိုက်တန်ပေသည်။

နတ်ဆိုးအိုကြီးက ထိုအရာကို အမှိုက်တစ်ခုလိုပဲ ခံစားလိုက်ရသည်။ ရန်ကိုင်ကတော့ တိတ်ဆိတ်နေခဲ့ပြီး

လုံးဝကိုမထူးခြားနာပင်ဖြစ်ပြီး နေရာမှာပဲ တိတ်တဆိတ်နဲ့ မတ်တပ်ရပ်နေခဲ့သည်။ သိပ်မကြာခင်တွင်

ပတ်ဝန်းကျင်မိုင်းအနည်းငယ်ကနေ မရေမတွက်နိုင်တဲ့ အင်းဆက်တွေကသူ့ကိုဝိုင်းနေလိုက်ကြပြီး

သူ့အမိန့်ကိုစောင့်နေလိုက်ကြသည်။ သူ့ကတိမ်တိုက်နီဂိုဏ်းထဲကို ရောက်ကတည်းက အမြဲတမ်း

မသိမပြတ်ထားကာ နေခဲ့ရသည်။ အခုတိမ်တိုက်နီဂိုဏ်လက်ကနေ လွတ်မြောက်လာခဲ့ပြီ ဖြစ်ခဲ့အတွက်

သူစိတ်သက်သာရာ ရသွားခဲ့တော့သည်။

အနာဂတ်တိုက်ပွဲအတွက ်ပြင်ဆက်ထားဖို့ အချိန်ကလေပြီ။ ထိုအင်းဆက်တွေက ပျံသန်းနိုင်ပြီး

သူတို့အရှိန်ကလည်းမြန်တဲ့အတွက် သူနဲ့အတူထားလို့ စိတ်ပူစရာမရှိပေ။ အင်းဆက်တွေနဲ့အတူ

မြူခိုးထုဆီဦးဆောင်သွားရင်း လမ်းတစ်လမ်းဖောက်ပေးဖို့ အင်းဆက်တွေကို အမိန့်ပေးလိုက်သည်။

အင်းဆက်ကြီးအနည်းငယ် ထွက်လာခဲ့ပြီး မြူခိုးထုထဲ ပျံသန်းသွားကာ အဆိပ်မြူတွေကို စတင်ပြီး

ဝါးမြိုလေသည်။ သူ့မျက်စိရှေ့တည့်တည့်မှာပဲ မြူခိုးထုထဲတွင် လမ်းတစ်လမ်းဖြစ်ပေါ်လာခဲ့သည်။

ထိုမြူခိုးတွေကို အင်းဆက်ကြီးတွေက စုပ်ယူ၊ထုတ်လွှတ်နိုင်တာ ဖြစ်ပြီး အင်ဆက်ငယ်လေးတွေကကတော့

အဲ့လိုလုပ်နိုင်စွမ်း မရှိချေ။ နောက်ရက်အနည်းငယ်အတွင် ရန်ကိုင်ကကျွန်းကိုစူးစမ်းဖို့ လောကြီးမနေခဲ့ချေ။

အဲ့အစား နေရာတစ်ခုရှာပြီး ယန်မီးတောက်တောင်ပံတွေနဲ့ ရင်းနှီးအောင်လေ့ကျင့်နေလိုက်သည်။

ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ ရန်ကိုင်လေပေါ်ပျံကာ ကျွန်းကိုစတင်စူးစမ်းလိုက်သည်။ ထို့နောက်

မဒန်ပေးလိုက်တဲ့ မြေပုံကိုပြန်သတိရလိုက်ပြီး ထိုမြေပုံလမ်းကြောင်းအတိုင်း သွားလိုက်သည်။ အချိန်

အနည်းငယ်လောက် ပျံသန်းပြီးနောက် ရန်ကိုင်မြေပေါ်ဆင်းလိုက်ပြီး လှုပ်ရှားမှုပညာရပ်ကို အသက်သွင်း

လိုက်သည်။ ယန်မီးတောက်တောင်ပံကိုသုံးပြီးသွားတာ ပိုမြန်တယ်ဆိုပေမယ့် ယန်စွမ်းအင်ကုန်ဆုံးနှုန်းက

အရမ်းကိုမြင့်လွန်းပေသည်။ အခုလိုဆန်းကြယ်တဲ့ ကျွန်းပေါ်တွင် ယန်အရည်စက်တွေကို ခရီးသွားဖို့အတွက်

သက်သက်နဲ့ သူမဖြုန်းတီးရဲပေ။ ပြီးတော့ ပျံသန်းတားကလည်း မိစ္ဆားသားရဲတွေ၏ အာရုံကိုဆွဲဆောင်

နိုင်ပေသည်။ သူ့လှုပ်ရှားမှုပညာရပ်က အများကြီးပိုနှေးကွေးပေမယ့် ပိုပြီးလုံခြုံပေသည်။

နောက်ရက်အနည်းငယ်အတွင်း ရန်ကိုင်က ကျွန်းတစ်လျှောက် စူးစမ်းလေ့လာနေခဲ့ပြီး အဖိုးတန်တဲ့ရတနာ

တွေ့ခဲ့ရင် အရွှေရောင်အရိုးခြောက်ကို သုံးပြီးစွမ်းအင်အဖြစ် သန့်စင်လိုက်သည်။ ပျောက်ဆုံးနေသောကျွန်းက

အန္တရာယ်တွေနဲ့ ပြည့်နေခဲ့ပြီး မိစ္ဆာသားရဲတွေကလည်း နေရာမျိုးစုံတွင် ရှိနေပေသည်။ သူသာသတိမထားရင်

အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်ပေသည်။ ထိုရက်အတောအတွင်း တိမ်တိုက်နီဂိုဏ်သားတစ်ယောက်တောင်

မတွေ့ခဲ့ရတဲ့အတွက် တိမ်တိုက်နီဂိုဏ်းသားတွေ အကုန်လုံးသေသွားပြီလားလို့တောင် သံသယဝင်မိ

လိုက်သေးသည်။ ဒါပေမယ့် သူရှာနေတဲ့နေရာကို ရောက်တဲ့အချိန်မှာတေ့ လူအရိပ်အယောင်ကို တွေ့လိုက်

ရသည်။

ကျွန်းအကယ်က ထီးထီးကြီးရှိနေတဲ့ ပေတစ်ထောင်လောက် မြင့်တဲ့တောင်ထွတ်တစ်ခုဖြစ်သည်။

ထိုတောင်ထွတ်က မဒန်ပြောတဲ့နေရာဆိုတာ သူသိလိုက်သည်။ ကံမကောင်းစွာနဲ့ တိမ်တိုက်နီဂိုဏ်းက

ဒီနေရာကို ပစ်မှတ်ထားလိုက်ပုံရသည်။ တစ်ခုတည်းသောမေးခွန်းက လူဘယ်လောက်များများ ရှိပြီး

သူ့တို့ခွန်အားကဘယ်လောက်ထိ သန်မာလဲဆိုတာပင်ဖြစ်သည်။ တောင်ထိပ်ကို ရောက်လာတဲ့အချိန်

ရန်ကိုင်လည်း တစ်ခဏတာတုန့်ဆိုင်နေခဲ့ပြီးနောက် အံကြိတ်ကာ စတင်တက်တော့လေသည်။ သူ့စိတ်ကို

တည်ငြိမ်အောင်လု့ပ်ရင်း အသက်ရှုသံကို ဖိနှိပ်ထားကာ တောင်ထိပ်ကို တက်နေခဲ့သည်။ ဒါပေမယ့်

လမ်းတစ်ဝက်လောက် ရောက်တဲ့အချိန် တောင်ထပ်ပေါ်ကနေ ပြင်းထန်းတဲ့ပေါက်ကွဲသံကို ကြားလိုက်

ရပြီး တောင်ထိပ်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

ရန်ကိုင်လည်း အံ့သြသွားခဲ့ပြီး တောင်ထပ်ပေါ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သိချင်တဲ့အတွက် သူ့အရှိန်ကို

မြှင့်လိုက်သည်။ အမွေးတစ်တစ်တိုင်စာလောက် ကြာတဲ့အချိန်တွင် တောင်ထပ်ပေါ်ကို ရန်ကိုင်ရောက်လာ

ခဲ့သည်။ ဘေးဘက်နားတွင် ပုန်းအောင်းနေရင် အသံထွက်ပေါ်လာရာ နေရာကိုကြည့်လိုက်သည်။ သူနဲ့

ပေတစ်ရာအကွာလောက်တွင ်တိမ်တိုက်နီဂိုဏ်းကကျင့်ကြံသူများစွာ ရှိနေခဲ့သည်။ သေချာလေ့လာ

ကြည့်လိုက်တဲ့အချိန် လူအုပ်ထဲတွင် အကြီးအကဲချုပ ိဟိုရှန်းလန်ကို မတွေ့လိုက်ရတော့မှပဲ စိတ်သက်သာ

ရာရသွားခဲ့သည်။ သူတို့ခေါင်းဆောင်က ယုရှုပင်းဖြစ်ပြီး ကျန်တဲ့လူအနည်းငယ်က အစစ်အမှန်ဒြပ်စင်အဆင့်

ကျင့်ကြံသူတွေဖြစ်သည်။

ဒါပေမယ့် အခုအချိန်တွင် ထိုလူတွေက တော်တော်လေး စိုးရိမ်နေတဲ့ပုံပေါက်နေခဲ့သည်။ ခရီးတစ်လျှောက်လုံး

သူတို့တွေအကုန်လုံးအခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပြီး သူ့တို့တစ်ကိုယ်လုံးတွင် သွေးကွက်တွေ

စွန်းထင်းနေခဲ့သည်။ ထိုလူတွေက လက်နက်တွေ၊ သိုင်းပညာရပ်တွေထုတ်ကာ သူတို့ရှေ့ရှိ

ကျောက်တုံးတံခါးကို အဆက်မပြတ် တိုက်ခိုက်နေကြသည်။ တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းက

ကျောက်တုံးတံခါးကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေခဲ့ပြီး ကျောက်တုံးတံခါးဆီကနေ တောက်ပတဲ့

အလင်းတန်းတွေ ထွက်ပေေါ်လာကာ တိုက်ခိုက်မှုတွေကို ပျက်ပျယ်သွားစေလိုက်သည်။

‘‘ စီနီယာအစ်ကိုယု….’’ ကျင့်ကြံသူတွေထဲက တစ်ယောက်က အမောတကော အသက်ရှုနေရင်း

မေးလိုက်သည် ‘‘ ငါတို့အခုဘာလုပ်သင့်လဲ ’’ ယုရှုပင်းက လက်မလျှော့ချင်တဲ့ပုံစံနဲ့ ‘‘ ငါတို့ဘာလုပ်

နိုင်မှာလဲ။ ဒီကျောက်တုံးတံခါး ပျက်စီတဲ့အထိ ဆက်ပြီးတိုက်ခိုက်ရမှာပေါ့။ ငါတို့တိမ်တိုက်နီဂိုဏ်းက

တော်တော်လေး ဆုံးရှုံးသွားခဲ့ရပြီးပြီ။ အကြီးအကဲချုပ်နှစ်ယောက်လည်း သေသွားခဲ့ရပြီးပြီ။ ငါတို့သာ

ဘာမှမရပဲ လက်ဗလာနဲ့ ပြန်သွားခဲ့မယ်ဆိုရင် ဘယ်လောက်တောင ်ရှက်စရာကောင်းမလဲဆိုတာ

စဉ်းစားကြည့်လိုက်စမ်း ’’ ထိုစကားကိုကြားလိုက်တာနဲ့ ရန်ကိုင်လည်းပျော်မြူးသွားခဲ့သည်။

ဟိုရှန်းလန်း သေသွားခဲ့ပြီဖြစ်သည်။ မေးချင်တာက ထိုအင်မော်တယ်တက်လှမ်းခြင်းအဆင့် မိန်းမအိုကြီး

ဘယ်လိုသေသွားခဲ့လဲဆိုတာပင်။ ဒါပေမယ့် ထိုသတင်းက သံသယမရှိရန်ကိုင်ကို စိတ်သက်သာရာ

ရသွားစေခဲ့သည်။ ယုရှုပင်းက ရှေ့ကိုပြေးသွားလိုက်ပြီး ကျောက်တုံးတံခါးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်က

အော်ပြောလိုက်သည် ‘‘ အကြီးအကဲချုပ်နှစ်ယောက်လည်း သေသွားခဲ့ပြီ။ ငါတို့တပည့်တွေကလည်း

ပျောက်နေတယ်။ ငါ့သမီးလည်းပျောက်နေတယ်။ အဲ့လောက်စတေးခဲ့ရတာက ဒီနေရာကိုလာဖို့ပဲ။

ဒီကျောက်တုံးတံခါးကို မဖွင့်နိုင်ခဲ့ဘူးဆိုရင် ငါ့ကိုယ်ငါသက်သေ လိုက်တော့မယ်။ဘာလို့ ဆက်ပြီး

အသက်ရှင်နေရဦးမှာလဲ ’’

ယုရှှုပင်း၏ ရူးသွပ်စရာကောင်းတဲ့ စကားလုံးတွေက ကျန်ရှိနေတဲ့လူတွေကို ပိုပြီးစိတ်ဓါတ်ကျသွားစေခဲ့သည်။

ပျောက်ဆုံးနေသောကျွန်းကို စူးစမ်းဖို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်က တကယ်ကို မှားယွင်းပေသည်။ ဒီခရီး

သာဒီလောက် အန္တရာယ်များမှန်း သိခဲ့ရင်သူတို့စူးစမ်းဖို့ ကြိုးစားခဲ့လိမ့်မည် မဟုတ်ချေ။ တိမ်တိုက်နီဂိုဏ်းက

ဒီကျွန်းကို စူးစမ်းဖို့ခွန်အား မလုံလောက်ချေ။ ဒါပေမယ့် ယုရှှုပင်း၏စကားလုံးတွေက သူတို့၏တိုက်ခိုက်လို

စိတ်ကို ပိုပြီးနိုးကြားလာစေခဲ့သည်။ ထို့နောက်ကျန်တဲ့လူတွေကလည်း ကျောက်တုံးတံခါးကို

သည်းကြီးမည်ကြီးပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့လေသည်။

ကျောက်တုံးတံခါးက တကယ်ကို အမာခံနိုင်လွန်းပေသည်။ ယုရှှုပင်းတို့ ဒီလောက်တိုက်ခိုက်နေတာတောင်

ကျောက်တုံးတံခါးက မပျက်စီးနိုင်သေးပေ။ ဒါပေမယ့် တစ်နာရီလောက်ကြာအောင ်တိုက်ခိုက်ပြီးတဲ့

အချိန်မှာတော့ ကျောက်တုံးတံခါးပေါ်တွင် အက်ရာသေးသေလေးတွေ ပေါ်လာခဲ့သည်။ နောက်ဆုံးတော့

တိမ်တိုက်နီဂိုဏ်းသားတွေအတွက် မျှော်လင့်ချက်ရှိလာခဲ့ပြီ ဖြစ်သည်။

Martail Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၃) အဆုံးမယ့်ပင်လယ်ကျွန်း၏ လျှို့ဝှက်နေရာ

တဖြည်းဖြည်းနဲ့ ကျောက်တုံးတံခါးပေါ်တွင် အက်ကြောင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ကျိုးပျက်လုနီးပါး

ဖြစ်လာခဲ့ရသည်။ ဒါပေမယ့် အဲ့အချိန်မှာပဲ စူးရှတဲ့လင်းယန်ငှက်အော်သံကို ကြားလိုက်ရသည်။ ကျောက်တုံး

တံခါးကို တိုက်ခိုက်နေတဲ့ ကျင့်ကြံသူတွေအားလုံး ထခုန်လိုက်ကြသည်။ ‘‘ အဲ့ဒါက ဟိုဧရာမလင်းယုန်ကြီးပဲ ’’

ယောကျာ်းတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည် ‘‘ အကြီးအကဲချုပ်ကို တစ်စစီဆွဲဖြဲပစ်ခဲ့တဲ့

လင်းယန်ငှက်ကြီးပဲ ’’ သူတို့ဘယ်လိုလုပ်ပြီး မထိတ်လန့်ပဲနေနိုင်ပါ့မလဲ။ လွန်ခဲ့တဲ့ရက်တုန်းက

အကြီးအကဲချုပ် ဟိုရှန်းက ဦးဆောင်ပြီး ကျွန်းတစ်ခုလုံးကို စူးစမ်းဖို့လုပ်ခဲ့သည်။ အားလုံးကအစပိုင်းတွင်

အဆင်ပြေပြေပင်။ ဒါပေမယ့် သူတို့စူစမ်းနေရင် ငှက်သိုက်တစ်ခုကို တွေ့ခဲ့ရပြီး ထိုငှက်သိုက်ထဲတွင ်

ငှက်ပေါက်လေးတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုငှက်က အကောင်ပေါက်လေးဖြစ်ပေမယ့်

အဆင့်နိမ့်မိစ္ဆာသားရဲမဟုတ်ဘူးဆိုတာကို ကျိန်းသေပြောနိုင်ပေသည်။

ဟိုရှောင်လန်းလည်း ထိုငှက်ပေါက်လေးကို မြင်ပြီးမွေးချင်စိတ်ကို မထိန်းနိုင်ဖြစ်ကာ ထိုငှက်ပေါက်လေးကို

ဖမ်းဆီးလိုက်သည်။ ဒါပေမယ့် အဲ့လိုလုပ်လိုက်တာက ကပ်ဆိုးတစ်ခုကို လက်ရပ်ခေါ်လိုက်တယ်ဆိုတာ

သူမမသိခေဲ့ချေ။ နေ့တစ်ဝက်အတွင်းမှာပဲ သူတို့ကိုငှက်ပေါက်လေးရဲ့ မိဘတွေဖြစ်တဲ့ အဆင့်၆ဧရာမ

လင်းယုန်ငှက်ကြီးနှစ်ကောင်ကရှာတွေ့သွားခဲ့သည်။ ဟိုရှန်းလန်က အင်မော်တယ်တက်လှမ်းခြင်းအဆင့်

ဖြစ်တဲ့အတွက် ဧရာမလင်းယုန်ငှက်ကြီးကို တစ်ကောင်းချင်းယှဉ်တိုက်နိုင်ပေမယ့် ဒေါသသထွက်နေတဲ့

အဆင့်၆မိစ္ဆာသားရဲနှစ်ကောင်နှင့် တိုက်ခိုက်ရချိန်မှာတော့ နာရီဝက်အတွင်းမှာပဲ အရှင်လတ်လတ် တစ်စစီ

ဆုတ်ဖြဲခြင်းခံလိုက်ရသည်။

ထိုအချိန်တွင ်ယုရှှုပင်းနှင့် ကျန်တဲ့လူတွေအကုန်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့ကြသည်။

ထို့ကြောင့် သူတို့တွေအားလုံး တောထဲတွင ်ပုန်းအောင်းနေခဲ့ကြီပြီး အသံတစ်သံတောင် မထွက်ရဲခဲ့ချေ။

ထိုဧရာမသိမ်းငှက်ကြီးတွေက ဟိုရှန်းလန်ကို အရှင်လတ်လတ် တစ်စစီဆုတ်ဖြဲခဲ့တာကို သူတို့ကိုယ်တိုင်

မြင်တွေ့ခဲ့ရပေသည်။ သိမ်းငှက်တွေကလည်း ထိုနေရာတစ်ဝိုက်တွင ်ပျံဝဲနေခဲ့ကြပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို

စူစမ်းနေခဲ့သည်။ ယုရှှုပင်းနှင့် ကျန်တဲ့လူတွေက ဧရာမလင်းယုန်ငှက်ကြီးတွေ လက်ထဲက လွတ်မြောက်ခဲ့ပြီး

လို့ထင်နေခဲ့ပေမယ့် ထိုသိမ်းငှက်ကြီးတွေက အရမ်းကိုအငြိုးကြီးပြီး အခုထိသူတို့ကိုလိုက်ပြီး ရှာနေလိမ့်မယ်လို့

မထင္ထားခဲ့ၾကေခ်။

သိပ်မကြာခင်မှာပဲ နောက်ထပ်လင်းယုန်ငှက်အော်သံတစ်သံကို ကြားလိုက်ရသည်။ ယုရှှုပင်းနှင့်

ကျန်ှရှိနေတဲ့လူတွေအကုန်လုံး သူတို့ပေါ်ကိုနှစ်တစ်ထောင်ရေခဲရေ လောင်းချလိုက်သလို ခံစားလိုက်ရသည်။

ဆန့်ကျင်ဘက်အရပ်ဆီကနေ သူတို့ဆီကိုချဉ်းကပ်လာနေခဲ့အနက်ရောင ်အရိပ်နှစ်ခုကို တွေ့လိုက်ရသည်။

‘‘ မြန်မြန်လုပ်ကြ၊ ကျောက်တုံးတံခါးကို မြန်မြန်ဖျက်ဆီးကြ ’’ ယုရှှုပင်းက သွေးရူးသွေးတန်းနဲ့ အော်ဟစ်လိုက်

သည် ‘‘ ငါတို့ကျောက်တုံးတံခါးကို မဖျက်စီးနိုင်ရင် ငါတို့အားလုံး သေရလိမ့်မယ် ’’

အဆင့်၆မိစ္ဆာသားရဲနှစ်ကောင်ကို အစစ်အမှန်ဒြပ်စင်အဆင့်လေးနဲ့ တိုက်ခိုက်တာက သေကြောင်းကြံတာ

နဲ့အတူူတူပင်ဖြစ်သည်။ ယုရှှုပင်းသတိမပေးပဲနဲ့တင် သူတို့ဘယ်လိုလုပ်ရမလဲဆိုတာ ကျန်တဲ့လူတွေ

အကုန်လုံသိပေသည်။ သူတို့အရှိန်မြင့်ပြီး တိုက်ခိုက်လိုက်ကြပြီး ကျောက်တုံးတံခါးပေါ်တွင် အက်ရာ

များစွာပေါ်လာခဲ့သည်။ ဒါပေမယ့် ကျောက်တုံးတံခါးက သူတို့လမ်းကြောင်းကို တားဆီးထားတုန်းပင်ဖြစ်သည်။

ဧရာမလင်းယုန်ငှက်ကြီးက သူတို့ဆီ တဖြည်းဖြည်း နီးကပ်လာတဲ့အတွက် သူတို့ထဲကအစစ်အမှန်ဒြပ်စင်အဆင့်

ကျင့်ကြံသူတစ်ယောက်က ဆက်ပြီးမနေရဲတော့ပဲ လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းကာ ထွက်ပြေးတော့

လေသည်။

‘‘ ပြန်လာခဲ့။ ဂျူနီယာညီလေး ကျန်း၊ ဒီကိုပြန်လာခဲ့ ’’ ယုရှှုပင်းက အော်ခေါ်လိုက်သည် ‘‘ ငါတို့အားလုံး

ဝိုင်းပြီးတိုက်ခိုက်ရင် ဒီကျောက်တုံးတံးခါးကို ဖျက်ဆီးနိုင်လိမ့်မယ်။ မင်းပြေးရင်တောင် မင်းဘယ်ကိုသွား

မှာလဲ ’’ ဒါပေမယ့် ဂျူနီယာညီလေးကျန်းဆိုတဲ့လူက ဘယ်လိုလုပ်ပြီး ဆက်နေရဲပါတော့မလဲ။ လေအလား

ချက်ချင်းပဲ တောင်ပေါ်ကနေ ပြေးဆင်းသွားလိုက်သည်။ ဂျူနီယာညီလေးကျန်း ထွက်ပြေးတာနဲ့ ကျန်တဲ့

ကျင့်ကြံသူတစ်ယောက်လည်း အလျင်စလို အော်ဟစ်ကာ ထွက်ပြေးတော့လေသည် ‘‘ ပြန်ဆုတ်ကြ။

ကျောက်တုံးတံခါးကို ငါတို့အချိန်မှီဖွင့်နိုင်မှာမဟုတ်ဘူး။ ငါတို့အခုပြေးရင် လွတ်နိုင်သေးတယ် ’’

ပြောပြီးတာနဲ့ ချက်ချင်းပဲ ထွက်ပြေးတော့လေသည်။ လူနှစ်ယောက် ထွက်ပြေးတာနဲ့ ကျန်တဲ့လူတွေလည်း

မျှော်လင့်ချက ်ကင်းမဲ့သွားခဲ့ကြသည်။ ထိုနှစ်ယောက်ကိုစိတ်ထဲ တိတ်တဆိတ် ကျိန်ဆဲလိုက်ကြပြီး

အလျင်စလို ထွက်ပြေးကြတော့လေသည်။ ရန်ကိုင်လည်း တစ်ချက်ကလေးတောင ်မလှုပ်ရှားပဲ

ကျောက်တုံးတစ်ခုလုံး မလှုပ်မယှတ် ပုန်းအောင်းနေခဲ့သည်။ သိမ်မကြာခင်မှာပဲ ဧရာမလင်းယုန်ငှက်ကြီး

နှစ်ကောင် ရောက်လာခဲ့သည်။ စူးရှတဲ့လင်းယုန်မျက်လုံးအစုံက ထွက်ပြေးနေတဲ့ ကျင့်ကြံသူတွေကို

စိုက်ကြည့်လိုက်ပြီး တစ်ခဏအကြာမှာတော့ သူတို့တွေဆီ တစ်ဟုန်ထိုးဆင်းသွားလိုက်သည်။

သိပ်မကြာခင်မှာပဲ စူးရှတဲ့အော်သံတစ်သံကို ရန်ကိုင်ကြားလိုက်ရပြီး သူ့ကျောရိုးတစ်ခုလုံး စိမ့်တက်သွားခဲ့သည်။

လင်းယုန်ငှက်လက်ထဲ ကျင့်ကြံသူတစ်ယောက်သေသွားခဲ့ပြီဆိုတာ ရန်ကိုင်သိလိုက်သည်။ ထို့နောက်

နောက်ထပ်အသံတစ်သံ ထပ်ပြီးထွက်ပေါ်လာခဲ့သည်။ အဆင့်၆မိစ္ဆာသားရဲရှေ့တွင် အစစ်အမှန်ဒြပ်စင်အဆင့်

ကျင့်ကြံသူတွေက ပုရွက်ဆိတ်တွေအလား အသတ်ခံနေခဲ့ရသည်။ ရန်ကိုင်လည်း တစ်နေ့လုံးကြာအောင်

ပုန်းအောင်နေခဲ့သည်။ လင်းယုန်ငှက်တွေ ထွက်သွားပြီး တိမ်တိုက်နီဂိုဏ်းသား ထွက်သွားပြီဆိုတာ သေချာမှာ

ရန်ကိုင်လည်း ပုန်းအောင်းနေရာကနေ ထွက်လာခဲ့သည်။ သူ့မျက်နှာပေါ်မှာတော့ ကြောက်ရွံ့နေတဲ့

အရိပ်အယောင်တွေကို မြင်နေရသေးသည်။

ကံကောင်းစွာဖြင့် ယန်မီးတောက်တောင်ပံတွေကိုသုံးပြီး မပျံသန်းခဲ့လို့သာ သူကံကောင်းပေသည်။ မဟုတ်ရင်

ထိုဧရာမလင်းယုန်နှစ်ကောင်လက်နဲ့ ကိစ္စချောရပေလိမ့်မည်။ ရန်ကိုင်လည်း ကျောက်တုံးတံခါးဆီးသွားလိုက်ပြီး

အက်ကြောင်းများစွာကို စစ်ဆေးလိုက်ကာသူ့လက်သီးတွင် ယန်ချီတွေကို စုစည်းလိုက်ပြီး ထိုးချလိုက်သည်

ကျောက်တုံးတံခါး လှုပ်ခါသွားခဲ့ပြီး အက်ကြောင်းတွေက ပိုပြီးထင်ရှားလာခဲ့သည်။ ထိုအချက်ကို သတိပြုမိ

လိုက်တာနဲ့ ရန်ကိုင်လည်း စိတ်အားတက်ကြွာလာပြီး ကျောက်တုံးတံခါးကို ပိုပြီးပြင်းပြင်းထန်ထန် တိုက်ခိုက်

လိုက်သည်။ ဒါပေမယ့် အချက်တစ်ရာလောက် ထိုးပြီာတာတောင် ကျောက်တုံးတံခါးက ကျိုးပျက်မည့်

အရိပ်အယောင် မပြသေးချေ‘‘ ထူးဆန်းလိုက်တာ ’’ ရန်ကိုင်မျက်မှောင်ကြုံ့လိုက်သည်။

ခဏလောက် စဉ်းစားလိုက်ပြီး စိတ်ကနေတစ်ဆင့် အင်းဆက်ကြီးတွေကို ဆင့်ခေါ်လိုက်သည်။ ထို့နောက ်

အင်းဆက်ကြီးတွေကို ကျောက်တုံးတံခါးအား အဆိပ်မြူခိုးတွေနဲ့ တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။

အင်းဆက်ကြီးတွေလည်း ကျောက်တုံးတံခါးနားသွားလိုက်ပြီး အဆိပ်မြူခိုးတွေကို မှုတ်ထုတ်လိုက်သည်။

ခရက်…ခရက်….အက်ကွဲသံတွေ ထွက်ပေါ်လာခဲ့လေသည်။ ထိုအချင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်လည်း

ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး အင်းဆက်ကြီးတွေကို ဆက်ပြီးတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။

တစ်နာရီလောက် ကြာတဲ့အချိန်မှာတော့ တံခါးပြိုကျသံကြားလိုက်ရပြီး ရန်ကိုင်မျက်လုံးဖွင့်ကြည့်လိုက်တဲ့

အချိန်တွင် ပြိုကျနေတဲ့ ကျောက်တုံးတံခါးကို တွေ့လိုက်ရသည်။ ရန်ကိုင်က အထဲကိုချက်ချင်းမဝင်သေးပဲ

အင်းဆက်တစ်အုပ်ကို အရင်ဆုံးဝင်စစ်ဆေးခိုင်းလိုက်သည်။ နေ့တစ်ဝက်လောက် ကြာတဲ့အချိန်မှာတေ့

အင်းဆက်အုပ်က အန္တရာယ်ကင်းကင်းနဲ့ ပြန်လာခဲ့သည်။ အန္တရာယ်မရှိမှန်းသိတော့မှာပဲ ရန်ကိုင်အထဲကို

လမ်းလျှောက်ဝင်သွားခဲ့သည်။ အထဲဝင်သွားတာနဲ့ အင်းဆက်ကြီးတွေကို ဝင်ပေါက်ကို စောင့်ကြပ်ဖို့

အမိန့်ပေးလိုက်သည်။ အင်းဆက်ကြီးတွေက အဆိပ်မြူခိုးတွေဖြင့် လိုဏ်ဂူဝင်ပေါက်ကို ပိတ်ဆို့ထား

လိုက်သည်။

ထိုအင်းဆက်တွေနဲ့ဆိုရင် တိမ်တိုက်နီဂိုဏ်းက ကျင့်ကြံသူအချို့ လင်းယုန်ငှက်လက်ကနေ လွတ်မြောက်ပြီး

ဒီနေရာကို ပြန်လာနိုင်ခဲ့ရင်တောင် အထဲကိုဝင်နိုင်လိမ့်မည် မဟုတ်ချေ။ ဝင်ပေါက်လမ်းက ဖြောင့်ဖြောင့်

တန်းတန်းမဟုတ်ပဲ မြွေလိမ်မြွေကောက် ဖြစ်နေခဲ့ပြီး အောက်ကို ဦးတည်နေခဲ့သည်။ လိုဏ်ဂူအတွင်းပိုင်း

ထဲတွင် ချီစွမ်းအင်အလွန်းအမင်း သိပ်သည်းပေသည်။ သူပိုဆင်းလေချီစွမ်းအင် ပိုပြီးသိပ်သည်းလာလေပင်

ဖြ်စသည်။ ပေတစ်ထောင်လောက် အောက်ကို ဆင်းလာပြီးတဲ့အချိန်မှာတော့ တောင်ထိပ်ရဲ့အောက်ကို

ရောက်လာပြီးလို့ ရန်ကိုင်ခန့်မှန်းမိလိုက်သည်။ အောက်ခြေတွင် ကြီးမားကျယ်ဝန်းတဲ့ လိုဏ်ဂူတစ်ခု

ရှိနေခဲ့ပြီး နံရံတွေက တလက်လက်တောက်ပနေခဲ့သည်။ လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ကျောက်တုံး

စင်လေးတွေ ရှိနေခဲ့ပြီး စင်တစ်ခုချင်းစီတွင် အလွှာတွေရှိနေခဲ့ကာ အလွှာတစ်ခုချင်းစီတွင်

ပစ္စည်းအသီးသီး ရှိနေခဲ့သည်။

ရန်ကိုင်က ရှေ့ကိုဆက်လျှောက်လာခဲ့ပြီး ကျောက်တုံးစင်တစ်ခုရှေ့ ရောက်လာခဲ့သည်။ နံရံကအလင်းရောင်

အကူအညီဖြင့် ထိုကျောက်တုံးစင်ကို ရန်ကိုင်ကိုစစ်ဆေးကြည့်လိုက်သည်။ ‘‘ အထွတ်အထိပ်

တောင်ထွတ်ဂိုဏ်း ’’ ရန်ကိုင်က ကျောက်တုံးစင်ပေါ်တွင ်ရေးထိုးထားတဲ့ နာမည်ကို ဖတ်ကြည့်လိုက်သည်။

ထိုဂိုဏ်းအကြောင်းကို ပင်လယ်မြို့တော်တွင် သူကြားခဲ့ဖူးပေသည်။ ထိုဂိုဏ်းက ဟန်မင်းဆက်က

မိသားစုကြီးရှစ်ခုနှင့် ယှဉ်နိုင်တဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ကျောက်တုံးစဉ်ပေါ်တွင် ကျောက်တုံး

သတ္တောလေး တစ်လုံးရှိနေခဲ့သည်။ ရန်ကိုင်လည်း ထိုသေတ္တာလေးကို ယူကာဖွင့်ကြည့်လိုက်သည်။ အထဲတွင်

ရတနာတစ်ခုရှိနေခဲ့ပြီး ထိုရတနာပေါ်တွင် ‘‘ အထွတ်အထိပ်တောင်ထွတ် ’’ ဟုရေးထိုးထားပေသည်။

ထိုရတနာက အထွတ်အထိပ်တောင်ထွတ်ပေါ်က အဖိုးတန်လက်နက်တစ်ခုဖြစ်နိုင်ပေသည်။

ရန်ကိုင်က ထိုလက်နက်ကို ပြန်ချထားလိုက်ပြီး နောက်စင်တစ်ခုဆီသွားလိုက်သည်။ ထိုစင်ကလည်း

အစောပိုင်းတုန်းက စင်လိုပဲ စင်ပေါ်တွင် နာမည်တစ်ခု ရေးထိုးထားပေသည်‘‘ ရှေးဟောင်းတိမ်တိုက်ကျွန်း ’’

ထိုရှေးဟောင်းတိမ်တိုက်ကျွန်းအကြောင်းကို ရန်ကိုင်ကြားဖူးပေသည်။ ထိုဂိုဏ်းက အထွတ်အထိပ်တောင်ထွတ်

ဂိုဏ်းလောက် အားမကောင်းပေမယ့် အဆုံးမယ့်ပင်လယ်ကျွန်း၏ ပထမဆင့်အင်အားစုအဖြစ် ယူဆနိုင်ပေသည်။

ဒီတစ်ကြိမ်မှာတော့ ကျင့်စဉ်တစ်ခုဖြစ်သည်။ ရန်ကိုင်လည်း ထိုကျင့်စဉ်ကို ဖတ်ကြည့်လိုက်သည်။

ထိုကျင့်စဉ်အဆင့်က အနည်းဆုံးကောင်းကင်အဆင့်လောက် ရှိပေသည်။ ဒါပေမယ့် သူကအစစ်အမှန်

ယန်နည်းစနစ်နှင့် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို လေ့ကျင့်ထားတဲ့အတွက်ထိုကျင့်စဉ်က သူ့အတွက်

မလိုအပ်ချေ။ ထို့ကြောင့် စင်ပေါ်ကိုပြန်တင်ထားလိုက်သည်။အရှေ့ကိုဆက်သွားလေ ရန်ကိုင်ပိုစိတ်ရှုပ်ထွေး

လာလေ ဖြစ်လာခဲ့ရသည်။

ကျောက်တုံးစင်တစ်ခုချင်းစီတွင် ဂိုဏ်းကြီးတစ်ဂိုဏ်းချင်းစီ၏ အဖိုးတန်ရတနာတွေ ရှိနေခဲ့သည်။ ရတနာတွေက

သိုင်းပညာရပ်တွေ၊ ကျင့်စဉ်တွေ၊ လက်နက်ရတနာတွေနဲ့ အခြားအဖိုးတန်တာတွေ ဖြစ်သည်။ ထိုဂိုဏ်းတွေက

ပထမအဆင့်နှင့်ဒုတိယအဆင့် ဂိုဏ်းတွေဖြစ်ပြီး တစ်ဒါဇင်ကျော်လောက် ရှိပေသည်။ တိမ်တိုက်နီဂိုဏ်းလို

တတိယအဆင့်ဂိုဏ်းကတော့ ကျောက်တုံးစင်မြင့်ပေါ်တွင် ရှိဖို့အရည်းအချင်း မပြည့်မှီချေ။

သေချာစစ်ဆေးကြည့်မယ်ဆိုရင် ထိုရတနာတွေက ဂိုဏ်းတစ်ဂိုဏ်းချင်းစီ၏ အဖိုးတန်ရတနာတွေပင်

ဖြစ်သည်။ ဒါပေမယ့် အဲ့လိုရတနာတွေက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရောက်နေရတာလဲ။ အချိန်အတော်ကြာ

စဉ်းစားလိုက်ြ့ီးနောက် ရန်ကိုင်တစ်ခုခုကို သတိရလိုက်သည်။ ထိုအရာက ပင်လယ်မြို့တော်က လက်ဖက်ရည်

ဆိုင်တွင် ကြားခဲ့ရတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်သည်။ လွန်ခဲ့တဲ့နှစ်သုံးရာတုန်းက ဂိုဏ်းကြီးတွေထဲ တစ်ဂိုဏ်းကို

ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ လူတစ်ယောက်ရှိခဲ့သည်။ ဒါပေမယ့် သူ့အရည်အချင်းက အရမ်းကိုနိမ့်ကျလွန်းတဲ့

အတွက ်ငြင်းပယ်ခြင်းခံခဲ့ရသည်။ အချို့ဂိုဏ်းကတပည့်တွေဆိုရင် ပိုပြီးရက်စက်ပေသည်။ သူ့ကိုရိုက်နှက်ပြီး

ဂိုဏ်းကနေ ကန်ထုတ်ခဲ့သည်။ ထိုလူကဇွဲမလျော့ပဲ ကျန်တဲ့ဂိုဏ်းတွေကို ဝင်ရောက်ဖို့ဆက်လက်

ကြိုးစားခဲ့သည်။ ဒါပေမယ့် သူမအောင်မြင်ခဲ့ချေ။

ဂိုဏ်းကြီးတွေထဲက တစ်ဂိုဏ်းမှ သူ့ကိုလက်မခံခဲ့တဲ့အတွက် ထိုဂိုဏ်းကြီးတွေကို သူမုန်းတီးသွားခဲ့သည်။

ထို့ကြောင့် နည်းလမ်းတစ်ခုခုရှာပြီး ရအောင် ကျင့်ကြံမယ်ဆို့ သူကျိန်ဆိုခဲ့သည်။ ထိုအချိန်တွင်

ထိုကိစ္စက အရေးမပါတဲ့ကိစ္စတစ်ခုသာ ဖြစ်သည်။ ဂိုဏ်းကြီးတွေက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို

ငြင်းပယ်ခဲ့ပြီး သူကထိုလူတွေထဲက တစ်ယောက်ဖြစ်ပေသည်။ ဒါပေမယ့် နှစ်သုံးဆယ်လောက်

ကြာပြီးတဲ့အချိန်မှာတော့ အဆုံးမဲ့ပင်လယ်ကျွန်းတွင် ကြီးမားတဲ့ဂယက်တစ်ခု ဖြစ်သွားခဲ့သည်။

အထွတ်အထိပ်တောင်ထိပ်ဂိုဏ်း၏ ဂိုဏ်းသခင်ချိတ်တံဆိပ် ပျောက်သွားခဲ့သသည်။ သူခိုးတစ်ယောက်က

ဂိုဏ်းရဲ့အထွတ်အမြတ်နေရာထဲ ခိုးဝင်ခဲ့ပြီး ဂိုဏ်းသခင်ချိတ်တံဆိပ်ကို ခိုးယူသွားခဲ့သည်။

သိပ်မကြာခင်မှာပဲ အဆုံးမဲ့ပင်လယ်ကျွန်း၏ ဂိုဏ်းကြီးတွေဆီ အဖိုးတန်ရတနာတစ်ခုစီ ခိုးယူခံခဲ့ရကြောင်း

သတင်းပျံ့လာခဲ့သည်။ အချို့အရာတွေက ဂိုဏ်းရဲ့အထွတ်အမြတ် ရတနာဖြစ်ပြီး အချို့ကတော့

အမှတ်သင်္ကေတွေသာ ဖြစ်သည်။ ဒါပေမယ့် တစ်ခုချင်းစီကတော့ ဂိုဏ်းတစ်ဂိုဏ်းချင်းစီ၏ အထွတ်အမြတ်

ရတနာပင်ဖြစ်သည်။ ဂိုဏ်းကြီးတွေအားလုံးလည်း သူတို့ဂိုဏ်းရဲ့ အထွတ်အမြတ်ရတနာတွေကို

ခိုးယူဖို့ကြိုးစားနေတဲ့ သူခိုးနတ်ဘုရားကို ထိတ်လန့်လာခဲ့ကြသည်။ ဒါပေမယ့် သူတို့ဘယ်လိုပဲ

ကြိုးစားခဲ့ပစေ ခိုးခံရတဲ့ကံကြမ္မာကနေ မလွတ်မြောက်ခဲ့ချေ။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၄) ဝိဉာဉ်ကြာပန်း

ထိုအဖြစ်အပျက်က ဂိုဏ်းကြီးတွေကို မျက်စိပျက်မျက်နှာပျက် ဖြစ်သွားစေခဲ့သည်။ အဖိုးတန်ရတနာဒါဇင်

ပေါင်းများစွာ ခိုးခံရပြီးတဲ့အချိန်မှာတော့ ဂိုဏ်းကြီးတွေလည်း အလွန်အမင်း ဒေါသထွက်သွားခဲ့ကြသည်။

ထို့ကြောင့် ဂိုဏ်းကြီးတွေက စုပေါင်းကာ သူခိုးကိုဖမ်းဆီးပြီး ခိုးခံရခဲ့ရတနာတွေ ပြန်ရအောင်ယူဖို့ ဆုံး

ဖြတ်လိုက်ကြသည်။ တစ်ခါမှပေါ်လာလေ့မရှိတဲ့ တံးခါးပိတ်ကျင့်ကြံနေတဲ့ မွန်းစတားအိုကြီးတွေတောင်

တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ကြသည်။ နောက်ဆုံး ဂိုဏ်းကြီးတွေရဲ့ စုပေါင်းကြိုးစားမှုရလဒ်

ကြောင့် ရတနာတွေကို ခိုးယူခဲ့တဲ့ သူခိုးကလွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက ဂိုဏ်းဝင်ခွင့်စစ်ဆေးပွဲတွင်

ငြင်းဆန်ခံရတဲ့ ကျင့်ကြံသူဆိုတာသိလိုက်ကြသည်။ ထိုလူက နှစ်သုံးဆယ်အတွင်း ဂိုဏ်းကြီးတွေကတောင်

မယှဉ်နိုင်လောတဲ့အထိ အင်အားကောင်းလာလောက်အောင် ဘယ်လိုကံကောင်းမှုမျိုး ကြုံတွေ့ခဲ့ရလဲဆိုတာ

သူတို့မသိချေ။

ထိုအချိန်မှာပဲ ဂိုဏ်းကြီးတွေက သူတို့ရဲ့အထွတ်အမြတ်ရတနာတွေ ဘာကြောင့်ခိုးခံရလဲဆိုတာ နားလည်

သွားခဲ့သည်။ ထိုလူက ဂိုဏ်းဝင်ဖို့ငြင်းဆန်ခြင်းခံခဲ့ရပြီး အရှက်ခွဲခံရတဲ့အတွက် ပြန်ပြီးလက်စားချေနေခြင်း

ဖြစ်သည်။ ဂိုဏ်းကြီးတွေက ဆရာသခင်တွေအားလုံး စုစည်းပြီး ထိုလူအားရတနာတွေကို ပြန်ပေးဖို့

ပြောခဲ့ပေမယ့် ထိုလူက ငြင်ဆန်းခဲ့တဲ့အတွက် ဂိုဏ်းကြီးတွေနဲ့ ထိုလူကြားတိုက်ပွဲဖြစ်ဟွားခဲ့ရသည်။ ထိုလူက

ဂိုဏ်းပေါင်းဒါဇင်ကျော်ကို တစ်ယောက်တည်း ယှဉ်တိုက်ခဲ့ပြီး နောက်ဆုံးဒဏ်ရာရကာ ထွက်ပြေးသွားခဲ့သည်။

ထိုလူသေလား၊ရှင်လားဆိုတာတော့ ဘယ်သူမှမသိခဲ့ချေ။ တိုက်ပွဲကနေ ပြန်လာခဲ့တဲ့ ဆရာသခင်တွေလည်း

ထိုတိုက်ပွဲအကြောင်း တစ်ခွန်းမှမဟခဲ့ချေ။ အချို့လူတွေက သူသေသွားခဲ့တယ်လို့ ပြောကြပြီး အချို့က

သူဒဏ်ရာရကာ ထွက်ပြေးသွားတယ်လို့ ပြောကြသည်။ ဒါပေမယ့် ဘယ်သူမှအမှန်တရားကို မသိခဲ့ကြပေ။

အချိန်တွေကုန်ဆံးလာတာနဲ့ တိုက်ပွဲတွင်ပါဝင်ခဲ့တဲ့ လူတွေလည်း တဖြည်းဖြည်း သေဆုံးပျောက်ကွယ်သွားခဲ့

ကြပြီး ထိုအဖြစ်အပျက်ကလည်း သမိုင်းကြောင်းတစ်ခုအဖြစ်သာ ကျန်ရစ်တော့လေသည်။ ခိုးခံလိုက်ရတဲ့

ရတနာတွေကတော့ ပျောက်ဆုံးနေတုန်းပင်ဖြစ်သည်။ ထိုအဖြစ်အပျက်က သားစဉ်မြေးဆက် လက်ဆင့်

ကမ်းလာတဲ့ ပုံပြင်တစ်ပုဒ်လို့သာ ရန်ကိုင်ထင်ထားခဲ့ပေမယ့် တကယ်ဖြစ်နေလိမ့်မယ်လို့တော့ သူဘယ်တုန်းက

မှ မထင်ထားခဲ့ချေ။ ဒါပေမယ့် သူ့ရှေ့မှာရှိနေတဲ့ ရတနာတွေကြောင့် ထိုအဖြစ်အပျက်က ပုံပြင်သက်သက်

မဟုတ်ပဲ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဆိုတာ သူနားလည်သွားခဲ့ရသည်။

အထွတ်အထိပ်ဂိုဏ်းသခင်စည်းတံဆိပ်က တကယ်ကိုကြောက်မက်ဖွယ်ကောင်းတဲ့ လက်နက်တစ်ခု

ဖြစ်ပေမယ့် အခုအချိန်မှာတော့ ကျောက်တုံးစဉ်မြင့်ပေါ်တွင် ရှိနေခဲ့သည်။ ရှေးဟောင်းတိမ်တိုက်ကျွန်း၏

အထွတ်အထိပ်ကျင့်စဉ်၊ ရှုရာဂိုဏ်းရဲ့ နတ်ဆိုးဖိနှိပ်ခြင်းလက်နက်၊ ပန်းကြွေဘုရားကျောင်းရဲ့ သွေးပန်း

တစ်ထောင် ပွင့်လန်းခြင်းပညာရပ်…..ထိုရတနာတစ်ခုချင်းစီက မြို့တစ်မြို့လောက် တန်ဖိုးကြီးပေသည်။

ထို့ပြင်ထိုရတနာတစ်ခုချင်းစီက ဂိုဏ်းတစ်ခုချင်းစီ၏ အထွတ်အမြတ်တန်ဖိုးထားရတဲ့ရတနာတွေပင် ဖြစ်သည်။

ကျောက်တုံးစင်မြင့်ပေါ်တွင် ရှိတဲ့ရတနာတစ်ခုချင်းစီက အရမ်းကြီးတန်ဖိုးကြီးမနေရင်တောင် သက်ဆိုင်ရာ

ဂိုဏ်းတွေအတွက်တော့ အဖိုးတန်ရတနာတွေပင်ဖြစ်သည်။ မယုံကြည်စွာနဲ့ပဲ ထိုလူခိုးယူခဲ့တဲ့ရတနာတွေက

နေရာတစ်ခုတည်းတွင် ရှိနေခဲ့သည်။ ထိုရတနာတွေသာ နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာခဲ့ရင်

အဆုံးမဲ့ပင်လယ်ကျွန်းတစ်ခုလုံး အုန်အော်သောင်းနင်းဖြစ်သွားပေလိမ့်မည်။

‘‘ သခင်းလေး၊ အဲ့ရတနာတွေရဲ့ အဆင့်ကသိပ်ပြီးမနိမ့်ဘူး။ သခင်လေးနည်းနည်းလောက ်ယူမသွားချင်ဘူး

လား။ ဘာပဲဖြစ်ဖြစ် အဲ့ဒါကသခင်လေးရဲ့ စုပေါင်းတိုက်ပွဲဝင်စွမ်းရည်ကို တိုးတက်စေနိုင်လိမ့်မယ် ’’

နတ်ဆိုးအိုကြီးက ပြောလိုက်သည်။ အထွတ်အထိပ်ဆရာသခင်စည်းတံဆိပ်ကို လေ့ကျင့်ဖို့အထွတ်အထိပ်

တောင်ထွတ်၏ကျင့်စဉ်ကို လေ့ကျင့်ဖို့လိုအပ်ပေသည်။ ကျန်တဲ့နှစ်ခုကကတော့ သန့်စင်ပြီးအသုံးပြုချင်

အသုံးပြုလို့ရပေသည်။ ထိုလက်နက်တွေက အနည်းဆုံးကောင်းကင်အဆင့်တွေ ဖြစ်ကြ၏။ ဒါပေမယ့်

ထိုလက်နက်တွေကို သူအသုံးပြုနေရင်း တစ်ယောက်ယောက်က မှတ်မိသွားတာနဲ့ ပြဿနာတွေက

သူ့ဆီကိုမဖိတ်ခေါ်ပဲ ရောက်လာပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်လည်း တုန့်ဆိုင်းနေခဲ့လိုက်ပြီး

နတ်ဆိုးအိုကြီးပြောတာကို လျစ်လျူရှုထားလိုက်သည်။ ထိုလက်နက်တွေကို ကျောက်တုံးစင်ပေါ်ပြန်တင်

ထားလိုက်ပြီး ရှေ့ဆက်သွားလိုက်သည်။

ခဏကြာအောင ်လမ်းလျှောက်ပြီးနောက် သူ့ရှေ့တွင်အရောင်ငါးမျိုးတောက်ပနေတာကို တွေ့လိုက်ရသည်။

ရန်ကိုင်လည်း အရှိန်မြင့်လိုက်ပြီး ရှေ့ဆက်သွားလိုက်သည်။ နေရာအဆုံးကိုရောက်တဲ့အချိန်

နေရာတစ်ခုကိုတွေ့လိုက်ရပြီး အရောင်းငါးမျိုးက ထိုနေရာကနေ ထွက်ပေါ်နေတာဖြစ်သည်။ ရန်ကိုင်လှမ်း

ကြည့်လိုက်တဲ့အချိန် လေပေါ်တွင်ပေါလောမျောနေတဲ့ လက်ဆေးဗေစဉ်အရွယ်အစားလောက်ရှိတဲ့

အရောင်ငါးမျိုးတောက်ပနေသော ကြာပန်းတစ်ခုကိုတွေ့လိုက်ရပြီး ထိုကြာပန်းကို ရေအကာအရံနဲ့

ကာရံထားလေသည်။ ရေနဲ့တူပေမယ့် ရေမဟုတ်ပေ။ သေချာစစ်ဆေးကြည့်လိုက်တဲ့အချိန် ရန်ကိုင်လည်း

ရှင်းပြလို့မရနိုင်တဲ့ ကြောက်ရွံ့မှုကို ခံဏားလိုက်ရပြီး သူ့ကိုယ်ပိုင်စိတ်ဝိဉာဉ်တောင် မတည်မငြိမ်ဖြစ်လာကာ

ထိတ်လန့်တုန်လှု့ပ်နေခဲ့သည်။

‘‘ ဝိဉာဉ်ကြာပန်း ’’ နတ်ဆိုးအိုကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ‘‘ ဝိဉာဉ်ကြာပန်းပဲ…

ဘုရားရေ….ဝိဉာဉ်ကြာပန်းက ဒီနေရာမှာရှိနေတယ်။ ပြီးတော့ အရောင်ငါးမျိုးတောင် ’’ ‘‘ အဲ့ကြာပန်းက

အဖိုးတန်လား ’’ ရန်ကိုင်က သူ့နှုတ်ခမ်းကိုသပ်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်သည်။ ‘‘ အဖိုးတန်တာလား၊

ဒါကိုအဖိုတန်တယ်လို့ ဘယ်ပြောလို့ရမလဲ။ လုံးဝကိုအဖိုးမဖြတ်နိုင်တဲ့ ရတနာလို့ပြောရမှာ နတ်ဆိုးအိုကြီးက

စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည် ‘‘ ဒါက ဝိဉာဉ်ကိုလေ့ကျင့်ပေးတဲ့ ရတနာတစ်ခုပဲ။ ကမ္ဘာပေါ်မှာရှိတဲ့

ကျင့်ကြံသူတိုင်းလိုချင်နေတဲ့ ရတနာပေါ့။ ခွန်အားဘယ်လောက်ပဲ မြင့်မြင့်၊ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ပဲ

မြင့်မြင့် ဒီကြာပန်းကအသုံးဝင်တယ်။ လခွမ်း…အရင်တုန်းက ဒီဆရာသခင်အိုးကြီးက ဘာလို့ဒီလိုရတနာမျိုးကို

ရှာလို့မတွေ့ခဲ့ရတာလဲကွာ ’’

ရန်ကိုင်က အေးစက်စက်ပြုံးလိုက်ပြီး ‘‘ ပြောရရင်တော့ ခင်ဗျားဒီရတနာကို ယူလို့မရဘူးမလား ’’ နတ်ဆိုးအိုကြီး

၏ဝိဉာဉ်တုန်ရင်သွားခဲ့ပြီး ခပ်မြန်မြန်ပြောလိုက်သည် ‘‘သခင်လေးရယ်မနောက်ပါနဲ့၊ ဒီအစေခံအိုကြီးရဲ့ ဝိဉာဉ်က

အကြွင်းအကျန် ဝိဉာဉ်တစ်ခုပဲလေ။ အဲ့ကြာပန်းကို ယူဖို့နေနေသာသာ သွားထိမိရင်တောင ်ဒီအစေခံအိုကြီး

သေသွားလိမ့်မယ်’’ ‘‘ဒီကြာပန်းက ဘယ်လိုအသုံးဝင်လဲဆိုတာ ပြောပြစမ်းပါ။ ခင်ဗျားက မိစ္ဆာအရှင်သခင်

တစ်ယောက် အဖြစ်ယူဆလို့ရတယ်။ အဲဒါတောင် ဒီရတနာကဘာလို့ခင်ဗျားကို အစောပိုင်းကလို ကိုယ့်ကိုယ်ကို

မထိန်းနိုင်ဖြစ်သွားအောင် လုပ်နိုင်ရတာလဲ ’’

နတ်ဆိုးအိုကြီးလည်း ဆွံ့အသွားခဲ့ပြီး ပြောစရာစကားမဲ့သွားကာ သူ့ဘာသာသူစဉ်းစားလိုက်သည်။

မင်းလိုအကြောက်အရွံ့ ကင်းမဲ့ပြီးမောက်မာတဲ့ ဂျူနီယာလေးက ဒီကြာပန်းဘယ်လောက်ရှားပါးပြီး

တန်ဖိုးကြီးလဲဆိုတာ မသိသေးလို့သာပေါ့။ သိသာလိုက်ရင်တော့…ဟင်း..မင်းလည်း ဒီလူအိုကြီးလို

ဖြစ်သွားမှာပဲ….လခွမ်း….ဒီလူအိုကြီးရဲ့ ကံကဘာလို့အဲ့လောက် မကောင်းရတာလဲ။ ဒီသခင်လေးရဲ့ကံက

ဘာလို့ကောင်းလွန်းနေရတာလဲ။ လွန်ခဲ့တဲ့ရက်ကပဲ ကောင်းကင်ဥပဒေသစွမ်းအင်ဖြစ်တဲ့ ကောင်းကင်စွမ်းအား

ကိုသန့်စင်နိုင်ခဲ့တယ်။ အခုလည်း ဝိဉာဉ်ကြာပန်းကို ထပ်တွေ့ရပြန်ပြီ။ ဘယ်လိုတောင်လဲဟ…သခင်လေးက

ကောင်းကင်ကို ဆန့်ကျင်တဲ့ကံကိုများ ပိုင်ဆိုင်ထားတာလား…ဒီလောက်ကောင်းတဲ့ ကံကြမ္မာတစ်ခုပြီးတစ်ခု

ကြုံရလောက်အောင် ဘယ်လိုကံမျိုး သူပိုင်ဆိုင်ထားရတာလဲကွာ….။

နတ်ဆိုးအိုကြီးက သူ့အတွေးတွေကို ပြန်စုစည်းလိုက်ပြီး ‘‘ ဝိဉာဉ်ကြာပန်းက နာမည်အတိုင်း ဝိဉာဉ်ကို

အထောက်အကူပြုပေးတဲ့ ရတနာတစ်ခုပဲ။ ဒါကသခင်လေးရဲ့ နတ်ဘုရားစိတ်အာရုံကို အာဖြည့်ပေးနိုင်တယ်

လို့လည်း ဆိုလိုတယ်။ သခင်လေးက ချီပြောင်းလဲခြင်းအဆင့်မှာပဲ ရှိသေးတော့ စိတ်ဝိဉာဉ်ကိုလေ့ကျင့်လို့

မရသေးဘူး။ ဒါပေမယ့် အင်မော်တယ်တက်လှမ်းခြင်းအဆင့်ရောက်တာနဲ့ စိတ်ဝိဉာဉ်ကိုလေ့ကျင့်လို့

ရလိမ့်မယ်။ နတ်ဘုးရားစိတ်အာရုံဆိုတာလည်း ဝိဉာဉ်ရဲ့အခွဲတစ်ခုလိုပဲလေ။ ခွန်အားတူတဲ့ ကျင့်ကြံသူ

နှစ်ယောက်တိုက်မယ်ဆိုရင် အားကောင်းတဲ့စိတ်ဝိဉာဉ်ပိုင်ဆိုင်တဲ့ လူကအနိုင်ရမှာ လုံးဝခြွင်းချက်မရှိပဲ။

ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး စိတ်မရှည်စွာနဲ့ ဖြတ်ပြောလိုက်သည် ‘‘ လိုရင်းကိုသာပြော ’’

နတ်ဆိုးအိုကြီးက ငါ့ကိုဘာမှမသိနားမလည်တဲ့ သုံးနှစ်သားလေးများ မှတ်နေလားမသိဘူး။ရန္ကိုင္က

စိတ်ဝိဉာဉ်ကို မလေ့ကျင့်နိုင်သေးပေမယ့် နတ်ဘုရားစိတ်အာရုံနဲ့ စိတ်ဝိဉာဉ်ကို မသိတဲ့လူမျိုး မဟုတ်ချေ။

နတ်ဆိုးအိုကြီးလည်း လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်တော့သည်‘‘ စိတ်ဝိဉာဉ်ကို လေ့ကျင့်ရတာ

ကျင့်ကြံခြင်းအဆင့်နဲ့ သွေးစွမ်းအာကို လေ့ကျင့်ရတာထက် ပိုခက်ခဲတယ်။ အချို့ရှားပါးတဲ့ရတနာတွေကပဲ

စိတ်ဝိဉာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်။ ဝိဉာဉ်ကြာပန်းဆိုတာက ကောင်းကင်နဲ့မြေပြင်အကြား

အထွတ်အထိပ်ဝိဉာဉ်ရတနာတစ်ခုပဲ။ အဲ့ဒါက ဖျက်စီးလို့မရနိုင်ရုံမကပဲ ဘယ်တော့မှလည်း သန့်စင်လို့

မရဘူး။ အဲ့ဒါကိုလက်ခံလို့ပဲ ရတယ်။ လက်ခံလိုက်ပြီဆိုတာနဲ့ ဘာမှလုပ်စရာမလိုပဲ ဝိဉာဉ်ကြာပန်းက

အသိစိတ်ပင်လယ်ထဲမှာ နေထိုင်ပြီး စိတ်ဝိဉာဉ်ကို အားဖြင့်ပေးနေလိမ့်မယ်။ အဲ့လိုနဲ့ စိတ်ဝိဉာဉ်လည်း

တဖြည်းဖြည်း အားကောင်းလာပြီး ပိုပြီးသန်မာလာလိမ့်မယ် ’’

‘‘ ဘယ်တော့မှ သန့်စင်လို့မရဘူးဆိုတော့ ဘယ်တောက်မှ မပျောက်ကွယ်နိုင်ဘူးပေါ့ ’’

‘‘ အမှန်ပဲ။ ဝိဉာဉ်အားပြန်းကို သန့်စင်နိုင်တဲ့ ဝိဉာဉ်ပိုင်ဆိုင်တဲ့လူ ကမ္ဘာပေါ်မှာ တစ်ယောက်မှမရှိဘူး။

ခွန်အားအထွတ်အထိပ်ရောက်နေတဲ့ မွန်းစတားအိုကြီးတွေတောင် မသန့်စင်နိုင်ဘူး ’’ နတ်ဆိုးအိုကြီး၏

လေသံက လေးနက်နေခဲ့ပြီး ‘‘ ဒီရတနာက တကယ်လိုလုံးဝထူးခြားတဲ့ ရတနာတစ်ခုပဲ ။ သခင်းလေး

လွန်ခဲ့တဲ့ရက်ပိုင်းက သန့်စင်ခဲ့တဲ့ ကောင်းကင်ဝါးမြိုအင်းဆက်ရဲ့ ကောင်းကင်ဥပဒေသစွမ်းအားနဲ့

ဒီကြာပန်းနဲ့ ယှဉ်ရမယ်ဆိုရင် ကောင်းကင်းဝါးမြိုအင်းဆက်ရဲ့ ကောင်းကင်ဥပေသစွမ်းအားဆိုတာ

အမှိုက်တစ်ခုထက်မပိုဘူး။ ဘာလို့လဲဆိုတော့ ဒီကြာပန်းက သခင်းလေးနဲ့ တစ်ဘဝလုံးအတူတူရှိနေမှာ။

သခ်လေးရဲ့ စိတ်ဝိဉာဉ်နဲ့ ဆက်သွယ်ပြီးသွားတာနဲ့ သခင်လေးသေတဲ့အထိ သခင်လေးရဲ့ ဝိဉာဉ်ကို

အားဖြည့်ပေးနေလိမ့်မယ်။ သခင်လေးကိုယ်တိုင်က ဘာမှလုပ်စရာမလိုဘူး။ အေးအေးဆေးဆေး

ထိုင်နေပြီး အကျိုးအမြတ်ကို ထိုင်ယူရုံပဲ ’’

‘‘ဒါက တကယ်ကိုထူးခြားတဲ့ ရတနာတစ်ခုပဲ။ ငါလိုချင်တယ် ’’ ရန်ကိုင်လည်း စိတ်လှုပ်သွားခဲ့ပြီး

တုန့်ဆိုင်မနေတော့ပဲ ကြာပန်းဆီပြေးသွားလိုက်သည်။ ‘‘ နေဦး’’ နတ်ဆိုးအိုကြီးက ရုတ်တရက်

အော်လိုက်သည် ‘‘ သခင်လေး မဆင်မခြင်လုပ်လို့ မဖြစ်ဘူး ’’ နတ်ဆိုးအိုကြီး က သေမတတ်

ကြောက်ရွံ့သွားခဲ့ရသည်။ ‘‘ဘာဖြစ်လို့လဲ ’’ ရန်ကိုင်ကမပျော်မရွှင်နဲ့ မေးလိုက်သည် ‘‘ သခင်လေး

ကြာပန်းဘေးနားက အရည်အကာအရံကို မြင်တယ်မလား။ အဲ့ဒါဘာလဲဆိုတာ သခင်လေး

သိလား ’’ ‘‘ အန္…’’

‘‘ အဲ့ဒါက အထွတ်အထပ်ကျင့်ကြံသူတစ်ယောက်ရဲ့ အသိစိတ်ပင်လယ်ပဲ။ သခင်လေးသာ အခုလို

ချီပြောင်းလဲခြင်းအဆင့်လေးနဲ့ ပြေးဝင်သွားခဲ့မယ်ဆိုရင် အဲ့အသိစိတ်ပင်လယ်က သခင်လေးကို ချက်ချင်း

သတ်ပစ်မှာစိုးရိမ်ရတယ် ’’ ‘‘ အသိစိတ်ပင်လယ်လား ’’ ရန်ကိုင်ကြောင်အသွားခဲ့ပြီး ‘‘ သွေးသွားတာနဲ့

အသိစိတ်ပင်လယ်က ဆက်ပြီးရှင်သန်နိုင်သေးတာလား ’’ ‘‘အခြားသူတွေအတွက်တော့ မဖြစ်နိုင်ဘူး။

ဒါပေမယ့် ဝိဉာဉ်ကြာပန်းကို ပိုင်ဆိုင်ထားတဲ့လူအတွက်တော့ ဖြစ်နိုင်တယ်။ ဒါကဝိဉာဉ်ကြာပန်းရဲ့

ခွန်အားပဲ ’’ နတ်ဆိုးအိုကြီးက ရှင်းပြလိုက်သည် ‘‘ သခင်လေးသာ ဝိဉာဉ်ကြာပန်းကိုပိုင်ဆိုင်ထားလို့

တစ်နေ့သေသွားခဲ့မယ်ဆိုရင် အခုလိုမျိုး ဖြစ်နေလိမ့်မယ် ’’

ရန်ကိုင်လည်း မနေနိုင်တော့ပဲ ဝိဉာဉ်ကြာပန်းအောက်ကို ငုံ့ကြည့်လိုကတဲ့အချိန် အရိုးပုံတစ်ပုံကို

တွေ့လိုက်ရသည်။ ထိုအရိုးပုံက အဆုံးမဲ့ပင်လယ်ကျွန်းတစ်ခုလုံးကို အုတ်အော်သောင်းနင်း

ဖြစ်သွားစေခဲ့တဲ့ ကျင့်ကြံသူရဲ့အရိုးတွေပင်ဖြစ်သည်။ သူဒီနေရာမှာ သေသွားခဲ့ပေမယ့် ဝိဉာဉ်ကြာပန်းကြောင့်

သူ့အသိစိတ်ပင်လယ်က ဆက်ပြီးရှိနေခဲ့ပေသည်။ မျက်ခုံးတွန့်လိုက်ပြီး ရန်ကိုင်ကမေးလိုက်သည်

‘‘နတ်ဆိုးအိုကြီး ၊ခင်ဗျား ဝါမြိုးဖို့စိတ်ဝိဉာဉ်စွမ်းအား တကယ်ပဲ မလိုအပ်ဘူးလား ’’ နတ်ဆိုးအိုကြီးက

ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်ပြီး ‘‘ သခင်လေးပြောသလိုပဲ သခင်လေးသာ ဘာမှအမိန့်ပေးစရာ မရှိတော့ဘူး

ဆိုရင် ဒီအစေံအိုကြီးက အဲ့လူရဲ့အသိစိတ်ပင်လယ်ကို စပြီးဝါးမြိုချင်နေပြီ ’’

‘‘ ဘယ်လောက်ကြာမလဲ ’’ ‘‘ ဒီအစေံအိုကြီးလည်း မသေချာဘူး။ အနည်းဆုံးတစ်လလောက်ဖြစ်နိုင်တယ် ’’

နတ်ဆိုးအိုကြီးက ပြန်ပြောလိုက်သည် ‘‘တကယ်တော့ သူအသက်ရှင်နေတုန်းက အားနည်းတဲ့ကျင့်ကြံသူ

တစ်ယောက်မဟုတ်ခဲ့ဘူးလေ။ ပြီးတော့ ဝိဉာဉ်ကြာပန်းကြောင့် သူ့ဝိဉာဉ်ကလည်း ပိုပြီးအားကောင်းနေတယ် ’’

‘‘ တစ်လ၊ကောင်းတယ်။ အဲ့လိုဆိုရင် ငါ့စောင့်နေမယ် ’’ ရန်ကိုင်ခေါင်းညိတ်လိုက်သည်။ ‘‘ မလိုဘူး။

သခင်လေး ကြည့်ကြည့်လိုက်။ ဝိဉာဉ်ကြာပန်းက ဒီနေရာမရှိတဲ့ တစ်ခုတည်းသော ရတနာမဟုတ်ဘူး ’’

ရန်ကိုင်လှည့်ကြည့်လိုက်တဲ့အချိန် လိုဏ်ဂူအောက်ခြေတွင် သန့်စင်သိပ်သည်းတဲ့မြူခိုးထုကိုတွေ့လိုက်

ရသည်။ ဒီနေရာကိုလာတုန်းက ဝိဉာဉ်ကြာပန်းကိုသာ အာရုံစိုက်နေတဲ့အတွက် ထိုအချက်ကို

သတိမထားမိချေ။

‘‘ အဲ့ဒါဘာလဲ ’’

‘‘သန့်စင်တဲ့ချီစွမ်းအင်ကို မြေကမ္ဘာဝိဉာဉ်ကြောလို့ခေါ်ကြမယ်။ သခင်လေးတကယ်ကံကောင်းတာပဲ။

ဒီမြေကမ္ဘာဝိဉာဉ်ကြောနေရာမှာ သခင်လေးလေ့ကျင့်လို့ရတယ်။ ဒီအစေခံအိုကြီး ဟိုကောင်ရဲ့

အသိစိတ်ပင်လယ်ကို ဝါးမြိုတာကို စောင့်ရင်း သခင်လေး ဒီရေမှာကျင့်ကြံလို့ရတယ် ’’

‘‘ မြေကမ္ဘာဝိဉာဉ်ကြောလား ’’ ရန်ကိုင်ကြောင်သွားခဲ့သည်။ ထိုလူရဲ့ပါရမီက နိမ့်ကျပေမယ့်

အခုလိုကောင်းမွန်တဲ့နေရာတွေ့ခဲ့လို့ နှစ်သုံးဆယ်အတွင်း ဂိုဏ်းကြီးတွေနဲ့ယှဉ်တိုက်နိုင်ခဲ့တာ

မထူးဆန်းတော့ပေ။ ဒီနေရာတွင် ဝိဉာဉ်ကြာပန်းသာမက မြေကမ္ဘာဝိဉာဉ်ကြောပါရှိနေခဲ့သည်။

‘‘ ဒါကမြေကမ္ဘာဝိဉာဉ်ကြောသေးသေးလေးပဲ။ သိပ်မကြာခင်ခန်းခြောက်သွားလိမ့်မယ် ’’ နတ်ဆိုးအိုကြီးက

ပြောလိုက်သည်။

‘‘ကောင်းပြီ။ ခင်ဗျားအလုပ် ခင်ဗျားသွားလုပ်တော့။ ငါနဲ့ပက်သက်ပြီး စိတ်ပူစရာမလိုဘူး ’’ နတ်ဆိုးအိုကြီးလည်း

ဝိဉာဉ်ဖျက်စီးခြင်းအရိုးနှင့်အတူ ပျော်ရွှင်စွာဖြင့် ပျံသန်းသွားလိုက်သည်။ အသိစိတ်ပင်လယ်ထဲကိုဝင်သွားတာနဲ့

နတ်ဆိုးအိုကြီးလည်း အရူးအမူနဲ့စတင်စုပ်ယူတော့လေသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၅) ချီပြောင်းလဲခြင်းအဆင့်ကိုး

ရန်ကိုင်လည်း တင်ပလင်ခွေထိုင်လိုက်ပြီး ရေထဲရောက်နေတဲ့ ငါးတစ်ကောင်လို အစစ်အမှန်ယန်နည်းစနစ်ကို

လှည့်ပတ်လိုက်ပြီး စတင်လေ့ကျင့်တော့သည်။ ကံမကောင်းစွာဖြင့် ဒီမြေကမ္ဘာဝိဉာဉ်ကြောက သေးသေးလေး

သာဖြစ်တဲ့အတွက ်နှစ်သုံးဆယ်လောက် သုံးစွဲပြီးချိန်မှာတော့ ချီစွမ်းအင်တွေ အများကြီးမကျန်ရှိတော့ပဲ

ခန်းခြောက်လုနီးပါး ဖြစ်နေခဲ့သည်။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် လက်ကျန်ချီစွမ်းအင်တွေက ရန်ကိုင်ကို

တော်တော်လေး ကူညီပေးနိုင်ပေသည်။ သူ့ခန္ဓာကိုယ်က ထူးခြားတဲ့အတွက် ထိုသူခိုးထက် ချီစွမ်းအင်တွေကို

ပိုပြီးမြန်မြန်စုပ်ယူနိုင်ပေသည်။ ထို့ပြင် ရွှေရောင်အရိုးခြောက်ကလည်း အဆုံးမရှိတဲ့စုပ်ဝဲတစ်ခုအလား

ချီစွမ်းအင်တွေကို ကြိုက်သလောက် စုပ်ယူနိုင်တဲ့အတွက် အများကြီးစုပ်ယူမိလို့ ဒုက္ခရောက်မှာကို စိတ်ပူစရာ

မလိုချေ။

ထို့ပြင်မြေကမ္ဘာဝိဉာဉ်ကြောက ချီစွမ်းအင်က အလွန်အမင်း သန့်စင်တဲ့အတွက် အလွယ်တကူ

သန့်စင်နိုင်ပေသည်။ ရန်ကိုင်က မြေကမ္ဘာဝိဉာဉ်ကြောဆီမှ ချီစွမ်းအင်တွေကို စုပ်ယူနေချိန် နတ်ဆိုးအိုကြီးက

တော့ လက်ကျန်အသိစိတ်ပင်လယ်ကိုဝါးမြိုနေခဲ့သည်။ တစ်ယောက်နဲ့ တစ်ယောက ်နှောက်ယှတ်ခြင်းမရှိပဲ

ကိုယ့်အလုပ်ကိုယ်လုပ်နေကြကာ အချိန်တွေကလည်း တဖြည်းဖြည်းကုန်ဆုံးနေခဲ့သည်။ တစ်လနှင့်လဝက်

ကြာတဲ့အချိန် ရန်ကိုင်က သူ့မျက်လုံးအစုံကို ဖြေးဖြေးချင်းဖွင့်လိုက်သည်။ အချိန်အတော်ကြာလေ့ကျင့်

ပြီးနောက် မြေကမ္ဘာဝိဉာဉ်ကြောက ခန်းခြောက်သွားခဲ့ပြီဖြစ်သည်။

သူ့ကျင့်ကြံခြင်းအဆင့်ကလည်း ချီပြောင်းလဲခြင်းအဆင့်၉ကို ရောက်လာခဲ့ပြီး ချီသန့်စင်ခြင်းအဆင့်ကို

ရောက်ဖို့အဆင့်လေးတစ်ဆင့်သာ လိုပါတော့သည်။ သူ့ချီစွမ်းအင် အရည်အသွေးက ချီသန့်စင်ခြင်းအဆင့်

ကျင့်ကြံသူ၏ ချီစွမ်းအင်အရည်အသွေးနဲ့ နှိုင်းယှဉ်နိုင်တယ်လို့ ရန်ကိုင်ခံစားမိပေသည်။ သူလိုအပ်နေတာက

အဆင့်ချိုးဖျက်ဖို့ ဉာဏ်အလင်းပင်ဖြစ်သည်။ အဆင့်ကြီးတစ်ဆင့် ချိုးဖျက်ဖို့ ကျင့်ကြံသူတစ်ယောက်အတွက်

သေချာတဲ့ဉာဏ်အလင်းပွင့်ဖို့ လိုအပ်ပေသည်။ ဒါပေမယ့် ရန်ကိုင်ကိုယ်တိုင်တွင် လုံးလောက်တဲ့ ထိုးထွင်း

သိမြင်မှုမရှိသေးပေ။ ထိုထိုးထွင်သိမြင်မှုဆိုတာ လေ့ကျင့်နေရုံနဲ့ရတဲ့ အရာမဟုတ်ချေ။ ထိုအရာကိုရဖို့

အခွင့်အရေးနှင့်ကံပေါ်မူတည်ပေသည်။

နတ်ဆိုးအိုကြီးဆီ ကြည့်လိုက်တဲ့အချိန် နတ်ဆိုးအိုကြီးက အသိစိတ်ပင်လယ်ကို ဝါးမြိုပြီးသွားပြီဆိုတာ

တွေ့လိုက်ရသည်။ အရောင်ငါးရောင်တောက်ပနေတဲ့ ဝိဉာဉ်ကြာပန်းကို ကြည့်ရင်း ရန်ကိုင်လည်း

မတ်တပ်ရပ်လိုက်ပြီး ဝိဉာဉ်ကြာပန်းဆီ လမ်းလျှောက်သွားလိုက်သည်။ ‘‘နတ်ဆိုးအိုကြီး၊ ငါအာရုံစိုက်စရာ

များတစ်ခုခုရှိသေးလား ’’ ရန်ကိုင်ကမေးလိုက်သည်။ ‘‘ မရှိသေးဘူး။ သခင်လေးသာ အင်မော်တယ်

တက်လှမ်းခြင်းအဆင့်ကို ရောက်ပြီးစိတ်ဝိဉာဉ်ကို စတင်လေ့ကျင့်နေပြီဆိုရင်တော့ ဝိဉာဉ်ကြာပန်းကို

ရဖို့နည်းနည်းအားစိုက်ရလိမ့်မယ်။ ဒါပေမယ့်သခင်လေးက ချီပြောင်းလဲခြင်းအဆင့်ပဲ ရှိသေးတဲ့အတွက်

အခုအချိန်မှာတော့ ရိုးရိုးလေးလက်ခံလိုက်ရုံပဲ ’’

ဘာမှဆက်ပြီး လုပ်စရာမလိုတော့တဲ့အတွက် ရန်ကိုင်လည်း လက်ဆန့်ထုတ်လိုက်ပြီး ဝိဉာဉ်ကြာပန်းကို

ထိလိုက်သည်။ ဝိဉာဉ်ကြာပန်းပျော်ကွယ်သွားခဲ့ပြီး တစ်ချိန်တည်းမှာပဲ ရန်ကိုင်တစ်ကိုယ်လုံး လန်းဆန်း

သွားသလို ခံစားလိုက်ရသည်။ သူ့စိတ်က အရင်ကထက်အဆပေါင်းများစွာ ပိုပြီးကြည်လင်လာခဲ့ပြီး

သူ့ရဲ့နားလည်ဆင်ခြင်နိုင်မှုကလည်း ပိုပြီးတိုးတက်လာခဲ့သည်။ ရန်ကိုင်လည်း အသက်ပြင်းပြင်းတစ်ချက်

ရှုလိုက်ပြီး သူ့တစ်ကိုယ်လုံး နွေးထွေးမှုနှင့် သက်သောင့်သက်သာ ဖြစ်သလို ခံစားလိုက်ရကာ တုန်ရီသွားခဲ့သည်။

ဝိဉာဉ်ကြာပန်းကို သူလုံးဝအာရုံခံလို့မရတော့ချေ။ ဒါပေမယ့် ထိုဝိဉာဉ်ကြာပန်းက သူ့စိတ်ထဲကို

ဝင်ရောက်သွားတယ်ဆိုတာ သိပေသည်။ စိတ်ဝိဉာဉ်ကို စတင်လေ့ကျင့်နိုင်တော့မှသာ ထိုဝိဉာဉ်ကြာပန်းကို

မြင်နိုင်မှာဖြစ်သည်။ ‘‘အရောင်ငါးမျိုး ဝိဉာဉ်ကြာပန်း ’’ နတ်ဆိုးအိုကြီးက သက်ပြင်းချလိုက်သည်။

‘‘ ဟားဟား ’’ ရန်ကိုင်က အကျယ်ကြီးအော်ရယ်လိုက်သည်။ ‘‘သခင်လေးသာ နောင်ပိုင်းကျဝိဉာဉ်ကို

အထောက်အကူပေးနိုင်တဲ့ ရတနာတွေ ရှာတွေ့ခဲ့ရင် ဝိဉာဉ်ကြာပန်းကို စုပ်ယူခိုင်းလိုက်။ တစ်နေ့

ဝိဉာဉ်ကြာပန်းက ခုနှစ်ရောင်ကခြယ်ဝိဉာဉ်ကြာပန်းဖြစ်သွားခဲ့ရင် သခင်လေးအတွက် ပိုပြီးအကျိုး

ရှိလိမ့်မယ် ’’

‘‘ ဝိဉာဉ်ကြာပန်းက ပေါင်းစည်းနိုင်တာလား ’’ ရန်ကိုင်က အံ့အားသင့်စွာနဲ့ မေးလိုက်သည်။

‘‘ ဟုတ်တာပေါ့ ။ ဝိဉာဉ်ကြာပန်း စတင်မွေးဖွားလာတဲ့အချိန်က တစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းပဲဖြစ်သေးတယ်။

အရောင်ပိုများလေ ဝိဉာဉ်ကြာပန်းအဆင့်က ပိုမြင့်သလို ပိုပြီးအကျိုးရှိလေပဲ။ ဥပမာအားဖြင့်

တစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းက ကျင့်ကြံသူတစ်ယောက်ရဲ့ အသိစိတ်ပင်လယ်ခွန်အားကို နှစ်ဆဖြစ်အောင်

နှစ်တစ်ရာလိုတယ်ဆိုရင် ငါးရောင်ခြယ်ဝိဉာဉ်ကြာပန်းအတွက်တော့ နှစ်၂၀ပဲလိုတယ်။ ခုနှစ်ရောင်ခြယ်

ဝိဉာဉ်ကြာပန်းအတွက်တော့ ၅နှစ်ပဲ လိုတာပေါ့ ’’

‘‘ အံ့သြစရာကောင်းလိုက်တာ ’’ ရန်ကိုင်ထိတ်လန့်သွားခဲ့သည်။ စိတ်ဝိဉာဉ်ကို သူမလေ့ကျင့်နိုင်သေးဘူး

ဆိုပေမယ့် စိတ်ဝိဉာဉ်ကိုလေ့ကျင့်ရတာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ သူသိပေသည်။ နတ်ဆိုးအိုကြီး

ပြောခဲ့သလိုပဲ စိတ်ဝိဉာဉ်ကိုလေ့ကျင့်ရတာက ကျင့်ကြံခြင်းအဆင့်တိုးမြှင့်အောင် လေ့ကျင့်ရတာထက်

အဆတစ်ရာလောက် ပိုခက်ခဲပေသည်။ဒါပေမယ့် ဝိဉာဉ်ကြာပန်း၏အကူအညီနဲ့ဆိုရင် ထိုကိစ္စနဲ့ပက်သက်ပြီး

သူစိတ်ပူစရာမလိုတော့ချေ။‘‘အဲ့လိုဆိုရင် ငါးရောင်ခြယ်ဝိဉာဉ်ကြာပန်းက တကယ်ကိုအံ့အားသင့်စရာကောင်းတဲ့

ရတနာတစ္ခုပဲ ’’

‘‘ ပုံမှန်ဆိုရင် ဒါကတကယ်ကို အံ့အားသင့်စရာကောင်းတဲ့ ရတနာတစ်ခုပဲ။ အဲ့ကြာပန်းသာ ခုနှစ်ရောင်ခြယ်

ဝိဉာဉ်ကြာပန်းဖြစ်တဲ့အထိစောင့် ။ အဲ့ကျရင် တကယ်ကို တုန်လှုပ်ခြောက်ခြေားစရာကောင်းတဲ့ ရတနာတစ်ခု

ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ဒီကြာပန်းက ဝိဉာဉ်ကိုအားဖြည့်ပေးနိုင်တဲ့ ရတနာကိုစုပ်ယူမှပဲ တိုးတက်နို်င်တဲ့

အတွက် သခင်လေးသာ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းထိရောက်အောင် မြှင့်တင်မယ်ဆိုရင် တော်တော်လေး

ခက်ခဲလိမ့်မယ် ’’

‘‘ အဲ့အကြောင်း အခုတွေးစရာမလိုသေးဘူး။ နောက်မှာတွေးလည်း ရတယ် ’’ ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ပင်။

‘‘ သခင်လေး အဲ့လိုတွေးနိုင်တာကောင်းတယ် ’’ နတ်ဆိုးအိုကြီးက လေးစားစွာနဲ့ ပြောလိုက်သည်။

ငယ်ရွယ်ပေမယ့် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တဲ့အတွက် နတ်ဆိုးအိုကြီးလည်း ရန်ကိုင်ကိုလေးစားမိပေသည်။

ရန်ကိုင်နေရာမှသာ အခြားလူငယ်တစ်ယောက်ဆိုရင် နတ်ဆိုးအိုကြီးက ထိုလူငယ်ကိုလက်ဝါးကြီးအုပ်မိုး

ထားလိုက်ပြီဖြစ်သည်။ ဒါပေမယ့် ရန်ကိုင်နဲ့ရင်ဆိုင်ရရင်တော့ နတ်ဆိုးအိုကြီးလည်း အစီအစဉ်မချရဲချေ။

အမြဲတမ်းသာ လေးလေးစားစားနဲ့ ဆက်ဆံခဲ့သည်။

‘‘ သွားကြစို့ ’’ ရန်ကိုင်က အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီး ပြောလိုက်သည်။ ဒီနေရာတွင် ရှိနေတာ

တစ်လလောက်ကြာနေပြီဖြစ်သည်။ ဝိဉာဉ်ကြာပန်းကို ရပြီးပြီဖြစ်သလို မြေကမ္ဘာဝိဉာဉ်ကြောရှိချီစွမ်းအင်

ကိုလည်း စုပ်ယူပြီးသွားပြီဖြစ်တဲ့အတွက် ဒီနေရာတွင် ဆက်နေစရာ အကြောင်းမရှိတော့ချေ။ ထွက်မသွားခင်

ကျင်းတစ်ကျင်းတူးလိုက်ပြီး သူခိုးကိုမြှပ်နှံပေးလိုက်သည်။ သူထွက်ခွာစဉ် ကျောက်တုံးစင်ပေါ်က ရတနာတွေကို

ယူရင်ကောင်းမလား၊ မယူရင်ကောင်းမလားဆိုပြီး လွန်ဆွဲနေမိသေးသည်။ ဒါပေမယ့် သူခိုးကိုယ်တိုင်က

အသုံးမပြုခဲ့တဲ့အတွက် ထိုရတာတွေကို အာရုံခံနိုင်တဲ့နည်းလမ်းတစ်မျိုးမျိုး ဂိုဏ်းကြီးတွေမှာ ရှိလိမ့်မယ်လို့

သူခန့်မှန်းလိုက်သည်။အရင်ဆုံးဒီနေရာကနေ ထွက်ရမယ်။ ကျွန်းကနေထွက်ခွါဖို့ အဆင့်သင့်ဖြစ်ပြီဆိုမှ

ဒီနေရာကို ပြန်လာမယ်

ပေတစ်ထောင်အမြင့်ကို တက်လာပြီးတဲ့အချိန်မှာတော့ ရန်ကိုင်လည်း တောင်ထိပ်ပေါ်ကို ပြန်ရောက်

လာခဲ့သည်။ အင်းဆက်တွေက ဂူပေါက်ကို ဆက်ပြီးစောင့်ကြပ်နေခဲ့ပြီး လိုဏ်ဂူဆီပြန်လာတဲ့

အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်မှ မရှိပေ။ သူတို့တွေအားလုံး ဧရာမလင်းယုန်ကြီးတွေ

သတ်တာခံရလောက်ပြီးဖြစ်သည်။ အင်းဆက်ကြီးတွေအား အဆိပ်မြူခိုးကို ဖယ်ရှားဖို့အမိန့်ပေးလိုက်ပြီး

ရန်ကိုင်လည်း လိုဏ်ဂူထဲကနေ ထွက်လာခဲ့သည်။ တောင်ထပ်ပေါ်တွင ်ရပ်နေရင်း ရန်ကိုင်လည်း

ပတ်ပတ်လည်ကို ကည့်လိုက်သည်။

ဒီနေရာပင်ပင်လယ်မြို့တော် မိုင်တစ်သောင်းကျော်လောက် ကွာဝေးပေသည်။သူသာ ပင်လယြ်မို့တော်ဆီ

ပြန်ချင်တယ်ဆိုရင် ယန်မီးတောက်တောင်ပံတွေပေါ် အားကိုးရုံပဲ တတ်နိုင်လေသည်။ ဒါပေမယ့်

ယန်မီးတောက်တောင်ပံတွေကို အသုံးပြုရတာ ချီစွမ်းအင်တော်တော်ကုန်ပေသည်။ အစောပိုင်းတုန်းက

တိုက်ပွဲတွေကြောင့် သူ့ဒန်တန်ထဲတွင် ယန်အရည်စက်သုံးဆယ်အောက်သာ ရှိတော့ပေသည်။ ထိုပမာဏက

ဒီကနေ ပင်လယြ်မို့တော်ကို ယန်မီးတောက်တောင်ပံသုံးပြီး ပြန်သွာဖို့ မလုံလောက်ချေ။

သူသာပျံသန်းနေရင်း ပင်လယ်ပြင်တွင် မုန်းတိုင်းနဲ့ကြုံခဲ့ရင် ထိုမုန်တိုင်းကိုကွေ့ပတ်ရှောင်နေရပေလိမ့်မည်။

အဲ့လိုဆိုရင် ချီစွမ်းအင်ပိုပြီးကုန်ပေလိမ့်မည်။ဒီနေရာကနေ ထွက်သွားဖို့ဆိုရင် ယန်အရည်စက်၄၀၀လောက်

ရှိနေမှဖြစ်မယ်ရန်ကိုင်စိတ်ဓါတ်ကျသွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် အင်းဆက်ကြီးတွေအား

အဆိပ်မြူခိုးထုးကို ပြန်ဖွဲ့စည်းဖို့အမိန့်ပေးလိုက်ပြီး အင်းဆက်အုပ်တစ်ဝက်ကို ဂူပေါက်ကိုစောင့်ကြပ်ဖို့

အမိန့်ပေးကာ ကျန်တဲ့တစ်ဝက်ကိုသူနဲ့အတူ ခေါ်သွားလိုက်သည်။

ငါးရက်အတွင်း သူ့ဒန်တန်ထဲရှိ ယန်အရည်စက်အရေအတွက်က ၁၀၀ကျော်ရှိလာခဲ့သည်။ မူလန်ယန်ကြောင့်

ယန်အမျိုးအစား ရတနာတွေကို သူပိုပြီး လွယ်လွယ်ကူကူရှာဖွေနိုင်ပေသည်။ ရန်ကိုင်က စိုးရိမ်မနေခဲ့ချေ။

ကျွန်းပေါ်တွင်လူသားဆိုလို့ သူတစ်ယောက်သာ ကျန်ရှိတော့ပေသည်။ ထို့ပြင်ထိုအင်းဆက်တွေနဲ့ဆိုရင်

သူ့ကိုကျွန်းအရှင်သခင်အဖြစ် ယူဆလို့ရပေသည်။ တခြားရတနာတွေ ရှာတွေ့ခဲ့ရင် စုဆောင်းထားလိုက်ပြီး

ယန်အမျိုးအစား ရတနာဆိုရင်တော့ ယန်အရည်စက်အဖြစ် တစ်ခါတည်းပြောင်းလဲပစ်လိုက်သည်။

မိစ္ဆာသားရဲတွေ စောင့်ကြပ်နေတဲ့ ရှားပါးတဲ့ဆေးပင်တွေ၊ပန်းပွင့်တွေ ရှာတွေခဲ့ရင် အင်းဆက်တွေကို

ထိုမိစ္ဆာသားရဲအား အာရုံလွှဲခိုင်းထားလိုက်ပြီး သူကမိစ္ဆာသားရဲမရှိချိန် သွားယူလိုက်သည်။

မဒန်ဆီကနေ ရခဲ့တဲ့မြေပုံက သူ့အတွက်တော်တော်လေး အသုံးဝင်ပေသည်။ မြေပုံပေါ်က

အနက်ရောင်အမှတ်အသားတွေက ဘာလဲဆိုတာ သူမသိတဲ့အတွက် ထိုနေရာကိုသွားပြီး စူးစမ်းကြည့်

လိုက်သည်။ ဒါပေမယ့် ထိုနေရာတွင် အဆင့်၆မိစ္ဆာသားရဲတွေကို တွေ့လိုက်ရတဲ့အတွက် ထိုနေရာက

အန္တာရာယ်ဇုံဆိုတာ သူသိလိုက်သည်။ ထိုအချိန်ကစပြီး ထိုအနက်ရောင်အမှတ်အသားရှိတဲ့ နေရာတွေကို

ရန်ကိုင်ရှောင်ဖယ်ပြီးသွားတော့သည်။ လဝက်အတွင်း ကျွန်းတစ်ခုလုံးကို ရန်ကိုင်ရှာဖွေလို့ပြီးသွားခဲပြီဖြစ်ပြီး

ရတနာတော်တော်များများလည်း ရရှိလိုက်သည်။

အားလုံးက မြေကမ္ဘာအဆင့်နဲ့ကောင်းကင်အဆင့်တွေဖြစ်ပြီး တိမ်တိုက်နီကျွန်းတွင် ရှာတွေ့ခဲ့ရတာထက်

ဆယ်ဆလောက် ပိုများပေသည်။ ယန်အမျိုးအစား ရတနာတွေလည်း တော်တော်များများ ရှာတွေ့ခဲ့ပေမယ့်

သူ့ဒန်တန်ထဲတွင် ယန်အရည်စက် အစက်၃၀၀သာ ရှိပေသေးသည်။ အစက်၃၀၀နဲ့ဆိုရင် ကံကောင်းခဲ့ပါက

ပင်လယ်မြို့တော်ကို ရောက်နိုင်ပေသည်။ ကံမကောင်းရင်တော့ ရန်ကိုင်လည်း မသေချာချေ။ သူသာ

ချီစွမ်းအင်ကုန်ဆုံးသွားခဲ့ပြီး ပင်လယ်ထဲပြုတ်ကျခဲ့မယ်ဆိုရင် နိဂုံးကောင်းလိမ့်မည် မဟုတ်ချေ။ ယန်အရည်စက်

အစက်၄၀၀ပြည့်အောင ်နောက်ထပ်ယန်အမျိုးအစား ရတနာတွေကို ရှာဖွေရပေဦးမည်။

All Chapters