← Chapters

အခန်း (၃၆၁-၃၆၅)

Vol. 15 Ch. 361-365

အခန်း (၃၆၁-၃၆၅)

Vol. 15 Ch. 361-365

အပိုင်း (၃၆၁) မုန်တိုင်းထန်တဲ့ သိမ်းငှက်တွေရဲ့ ထွက်ပေါ်လာမှု

လွန်ခဲ့တဲ့ အအတွင်း သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ် နှစ်ခုစလုံး တော်တော်လေး ခံစားခဲ့ရပါတယ်။ အယောက်၁၀၀ ကျော်ကနေ အခုဆို ဒါဇင်ကျော်လောက်ပဲ ကျန်ပါတော့တယ်။ ကျန်ရှိနေတဲ့ လူတွေကြားက ဆက်ဆံရေးကလည်း အရမ်းကို ခိုင်မြဲပါတယ်။

ရှန်ချူနဲ့ နန်ရှန်းက ဟူညီအစ်မ နှစ်ယောက်ကို ဈေးထဲမှာရောင်းတဲ့ ဂေါ်ဖီထုပ်တွေလို ဆက်ဆံနေတာကို မြင်နေရတော့ သူတို့ ဒေါသမထွက်ပဲ ဘယ်နေပါ့မလဲ.

ဖန်ဇီဂျိက လှောင်ပြုံးပြုံးလိုက်ပြီး နန်ရှန်းကို ကြည့်ကာ “သခင်လေးနန်၊ သခင်းလေးရှန်၊ ပထမအဆင့် အင်အားစုတွေက ဒုတိယအဆင့် အင်အားစုတွေရဲ့ သေခြင်း၊ ရှင်ခြင်းကို သူတို့ စိတ်ရှိသလို ဆုံးဖြတ်လို့ ရတာလား”

“မင်းဘာပြောချင်တာလဲ” နန်ရှန်းက ဖန်ဇီဂျိက အေးစက်စက် အကြည့်နဲ့ လှမ်းကြည့်လိုက်တယ်။

“အဲ့လိုသာဆိုရင် ကျုပ်တို့မှာလည်း ဘာမှ ပြောစရာ မရှိတော့ပါဘူး”

“အဲ့လိုဆိုရင် မင်းသောက်ပါးစပ်ကို ပိတ်ထားလိုက်” နန်ရှန်းက သူ့အင်္ကျီလက်စကို ခါလိုက်ပြီး အထင်အမြင်သေးစွာနဲ့ ပြောလိုက်တယ် “တစ်ခုခုကို အပြစ်တင်ချင်တယ် ဆိုရင် ကိုယ့်ကိုယ်ကို နိမ့်ကျပြီး မွေးလာတာကိုပဲ အပြစ်တင်လိုက်တယ်။ ကမ္ဘာပေါ်က ဂိုဏ်းတွေ၊ မိသားစုတွေ၊ အင်အားစုတွေကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်တွေ အဖြစ် ဘာလို့ ခွဲခြားထားတာလို့ မင်းထင်လဲ။ မင်းတို့လို အမှိုက်တွေက အဆင့်အတန်းတွေကြားက ခြားနားချက်ကို မမြင်နိုင်သေးဘူးလား။ မင်းသာ ပထမအဆင့် အင်အားစုက လူတစ်ယောက် ဖြစ်နေတယ်ဆိုရင် ဒီသခင်လေးရှေ့မှာ အခုလိုမျိုး ခယဝပ်တွားစရာ လိုမယ်ထင်လား”

နန်ရှန်းက ပြောနေရင်းနဲ့ လှောင်ပြောင်လိုက်ပါသေးတယ်။ သူဘာပြောနေလဲဆိုတာကို နန်ရှန်းအနေနဲ့ နည်းနည်းလေးတောင် သောက်ဂရုမစိုက်ပါဘူး။ မွေးကတည်းက အဆင့်အတန်း မြင့်မြင့် မွေးလာတာ ဖြစ်လို့ သူ့ရဲ့ စကားပြောပုံ၊ ဆိုပုံတွေ အထက်စီး ဆန်နေတာလည်း မဆန်ပါးဘူး။

နန်ရှန်းက ဆက်ပြောလိုက်တယ် “မင်းသာ မဟာအင်အားစုကြီးတွေထဲ လူတစ်ယောက် ဖြစ်နေခဲ့ရင် ဒီသခင်လေးက မင်းရှေ့မှာ ဦးညွှတ်နေရမှာ။ ဒါက တောတွင်း ဥပဒေပဲ၊ အားကြီးသူက ဘုရင်၊ အားနည်းသူက အစေခံဆိုတာ ဒါကို ပြောတာ။ ဒီလောက် ရိုးရှင်းတဲ့ အရာလေးကိုတောင် မင်းတို့ နားမလည်တာ တကယ်ကို ရယ်စရာ ကောင်းတယ်ကွာ။ တစ်နေ့ မင်းရဲ့ အဆင့်အတန်းနဲ့ ခွန်အားက ငါ့အထက်မှာ ရှိနေလို့ ငါ့ကို အနိုင်ကျင့်မယ်ဆိုရင် ငါ့အနေနဲ့ တစ်ခွန်းတောင် ပြန်ပြောမှာ မဟုတ်ဘူး”

“အဲ့လိုနေ့တော့ ရှိလာဦးမှာပါ” ဖန်ဇီဂျိက သုန်မှုန်စွာနဲ့ ပြောလိုက်တယ်။

နန်ရှန်းကတော့ အထင်အမြင်သေးစွာနဲ့ တံတွေးထွေးလိုက်တယ်။

ရန်ကိုင်က တစ်ချိန်လုံး စကားတစ်ခွန်းတောင် မပြောခဲ့ပဲ ဘေးကနေ ထိုင်ကြည့်နေခဲ့တာပါ။ လက်နောက်ပစ်ရင်း ဘေးကနေပဲ သူတို့တွေ ပြောဆိုနေတာကိုပဲ တိတ်တဆိတ် စူးစမ်းလေ့လာနေခဲ့တယ်။ သူ့အထင်အမြင်ကို နည်းနည်းလေးတောင် ဝင်မပြောခဲ့ပါဘူး။ အခု ဖြစ်ပျက်နေတာတွေ အားလုံးက သူ့နဲ့ မဆိုင်သည့်အလား။

ဒါပေမယ့် နန်မိသားစုနဲ့ ရှန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် လေးယောက်ကတော့ ရန်ကိုင်ကို သတိမပြတ် စောင့်ကြည့်နေခဲ့ပါတယ်။

လူမျိုးဆက် အဖွဲ့ဝင်တွေ အားလုံးထဲမှာ ရန်ကိုင် တစ်ယောက်သာ သူတို့ အာရုံစိုက်မှုကို ထိုက်တန်တာပါ။ အစစ်အမှန်ဒြပ်စင်အဆင့်၆ ဖြစ်နေတာကလွဲလို့ သူ့ သွေးစွမ်းအားနဲ့ အစစ်အမှန်ချီ သန့်စင်မှုက အံ့အားသင့်စရာ ကောင်းတဲ့ အတိုင်းအတာ တစ်ခုအထိ ရောက်နေခဲ့ပါပြီ။ ထို့ကြောင့် ရန်ကိုင် ဘယ်လောက်တောင် သန်မာလဲ ဆိုတာကို သူတို့ မခန့်မှန်းနိုင်ခဲ့ပါဘူး။

ရန်ကိုင် တိတ်ဆိတ်နေရတာက သူ့ကို ထောက်ခံပေးမယ့်လူ၊ သူ့ကို ကူညီပေးမယ့်လူ ဘယ်လောက် များများ ရှိတယ်ဆိုတာကို သိချင်လို့ပါပဲ။

စကားပုံ တစ်ခုရှိတယ်၊ ရှည်လျားလှတဲ့ လမ်းတစ်ခုကပဲ မြင်းတစ်ကောင်ရဲ့ သက်လုံနဲ့ ခွန်အားကို ဆန်းစစ်နိုင်မယ်တဲ့။ တစ်ယောက်ယောက် အကြောင်းကို သိဖို့ဆိုရင် သူတို့နဲ့ အချိန်အတော်ကြာ ကုန်ဆုံးဖူးမှပဲ ထိုလူအကြောင်းကို သိလာလိမ့်မှာပါ။

အခုလို ပြဿနာကြီးနဲ့ ကြုံတွေ့မှပဲ လူတစ်ယောက်ရဲ့ တကယ့်စရိုက်နဲ့ စိတ်နေစိတ်ထာကို သိနိုင်မှာပါ။

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ် တပည့်တွေက ဝင်မပါပဲ ပါးစပ်ပိတ် ငြိမ်သက်နေမယ် ဆိုရင်တောင် ရန်ကိုင်က အံ့အားသင့်မိလိမ့်မှာ မဟုတ်ပါဘူး။

သူ့တို့ အသက်ကို ကာကွယ်ဖို့ဆိုရင် ပါးစပ်ပိတ်ပြီး ငြိမ်နေတာလောက် ကောင်းတဲ့အရာ မရှိတော့ပါဘူး။ အခု ရှန်မိသားစုနဲ့ နန်မိသားစုက အထက်စီးမှာပါ။ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်လေးတွေက သူတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။ သူတို့သာ ဆက်ပြီး ခုခံနေမယ်ဆိုရင် ကို့ယ်ပျက်စီးရာ ပျက်စီးကြောင်းကို ကိုယ့်ဘာသာ ဖန်တီးလိုက်သလို ဖြစ်သွားမှာပါ။

ဒါပေမယ့် သူ့အရင်းနှီးဆုံး သုံးယောက်က သူ့ကို တစ်ယောက်တည်း ထားမပစ်ခဲ့ပါဘူး။

ဟူညီအစ်မ နှစ်ယောက်ဖြစ်၊ ဖန်ဇီဂျိဖြစ်စေ၊ သူ့ဘက်ကနေ ကူပြီး ရပ်တည်ပေးဖို့ နည်းနည်းလေးတောင်မှ တုန့်ဆိုင်းမနေခဲ့ပါဘူး။ ခွန်အား ကွာခြားချက်ကို သိနေပေမယ့်လည်း သူတို့ သူ့ကို တစ်ယောက်တည်း ပစ်မသွားခဲ့ပါဘူး။

သူ့နှလုံးသားလေး နွေးထွေးသွားခဲ့ရပြီး ပြုံးလိုက်ကာ ရှေ့တိုးသွားလိုက်ပြီး ဟူညီအစ်မ နှစ်ယောက်ရဲ့ ပုခုံးကို ပုတ်လိုက်တယ။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ လေးယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်ချူနဲ့ နန်ရှန်းဆီ လှမ်းကြည့်လိုက်ကာ ဟူညီအစ်မ နှစ်ယောက်ကို တိုးတိုးလေး ပြောလိုက်တယ် “ငါ့ကို စိတ်မပူနဲ့၊ ငါသာ ထွက်သွားချင်တယ် ဆိုရင် ဘယ်သူမှ ငါ့ကို တားနိုင်မှာ မဟုတ်ဘူး”

ထိုစကားကို ကြားလိုက်တာနဲ့ ဟူမေးအာနဲ့ ဟူကျောင်းအာတို့ နှစ်ယောက်စလုံး စိတ်သက်သာရာ ရသွားခဲ့ကြတယ်။ ရန်ကိုင် ဘယ်ကနေ ယုံကြည်မှုတွေ ရနေလို့ အခုလို ပြောလဲဆိုတာကို သူမတို့ နားမလည်နိုင်ပေမယ့် သူအခု ပြောတာက သူလုပ်နိုင်လို့ ပြောတယ်ဆိုတာကို သူမတို့ နှစ်ယောက် နည်းနည်းလေးတောင် သံသယမဝင်ပါဘူး။

ရှန်ချူနဲ့ နန်ရှန်းတို့ရဲ့ မျက်နှာတွေကတော့ သုန်မှုန်သွားခဲ့တယ်။

ဖန်လောင်က အထင်အမြင်သေးစွာနဲ့ နှာခေါင်းရှုံ့လိုက်ပြီး “ကောင်စုတ်လေး၊ ငါတို့ လေးယောက် ဒီမှာ ရှိနေတာကိုတောင် မင်းက အရှက်မရှိ ကြွားရဲသေးတယ်ပေါ့”

“ငါ့ကို စမ်းကြည့်စေချင်လား” ရန်ကိုင်က လှောင်ပြုံးပြုံးရင်း ပြန်ပြီးတော့ လှောင်ပြောင်လိုက်တယ်။

ဖန်လောင်ရဲ့ မျက်ဝန်းအစုံက အန္တရာယ်ရှိသည့် အရိပ်အယောင်တို့ လက်သွားခဲ့ပြီး ရန်ကိုင်မျက်ဝန်းအစုံကို သေချာ စူးစိုက်ကြည့်လိုက်တယ်။ ဒါပေမယ့် ရန်ကိုင် မျက်နှာထက် ထိတ်လန့် ကြောက်ရွံ့နေသည့် အရိပ်အယောင် နည်းနည်းလေးကိုမှ သူတို့ မတွေ့ရပါဘူး။

သူဘယ်လိုပဲ ပြောနေပါစေ ထိုကောင်စုတ်လေးမှ ဒီနေရာကနေ လုံလုံခြုံခြုံနဲ့ ထွက်သွားနိုင်ဖို့ ယုံကြည်ချက် အပြည့်ရှိနေတဲ့ ပုံပါပဲ။

“သူ့ကို ဝိုင်းလိုက်ကြ” နန်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်တယ်။ ရန်ကိုင်ရဲ့ မောက်မာပြီး အဖက်မလုပ်တဲ့ ပုံစံက သူ့ရဲ့ မာနကို ရန်စလိုက်ပါပြီ။ အဆင့်၂ အင်အားစုက ဘယ်တပည့်မှ သူ့ကို အခုလိုမျိုး အထင်မသေးရဲပါဘူး။

သူအကြည့်က လူတစ်ယောက်ရဲ့ နှလုံးကို ထိုးဖောက်သွားနိုင်တဲ့ ဓါးတစ်စင်းလို ထက်ရှနေဲ့တယ်။

ပထမအဆင့် အင်အားစုတစ်ခုရဲ့ သခင်လေး အနေနဲ့ အခုလိုမျိုး လှောင်ပြောင်၊ အထင်သေးခြင်းကို ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပါဘူး။

နန်ရှန်း အမိန့်ပေးလိုက်တာနဲ့ သူ့နောက်မှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က ချက်ချင်း ပြေးထွက်သွားလိုက်ပြီး ရန်ကိုင် နောက်ဘက်၌ ဆင်းသက်လိုက်ကြတယ်။ ထို့နောက် ရှန်မိသားစုရဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်နဲ့အတူ ပူးပေါင်းကာ ရန်ကိုင်ကို အရပ်လေးမျက်နှာကနေ ဝိုင်းထားလိုက်ကြတယ်။

ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇၊ အအဆင့်၈ ရှိတဲ့ ကျင့်ကြံသူ လေးယောက် ဝိုင်းတာကို ခံနေရတာတောင် ရန်ကိုင်က တည်ငြိမ်ပြီး အေးဆေးနေဆဲပါ။ သူ့မျက်ဝန်းအစုံသာ အနည်းငယ်လေး မှေးကျဉ်းသွားခဲ့ပါတယ်။

သူ့ရဲ့ လက်ရှိ အခြေအနေနဲ့ဆို အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်လက်ကနေ အသာလေး ရုန်းထွက်သွားနိုင်ပါတယ်။ ဒါပေမယ့် လေးယောက်ဆိုရင်တော့ အဲ့လောက် မလွယ်ကူတော့ပါဘူး။ သူ့အနေနဲ့ တန်ဖိုးတစ်ခုခုကို ပြန်ပေးဆပ်ပြီးမှပဲ ထွက်ပြေး လွတ်မြောက်နိုင်ပါလိမ့်မယ်။

ဒါကတော့ ရန်ကိုင်ရဲ့ ယူဆချက် သက်သက်ပဲ ရှိပါသေးတယ်၊ အနာဂတ်မှာ ဘာဖြစ်မယ် ဆိုတာကို ကြိုတင်ခန့်မှန်းလို့မှ မရတာ။ ထို့ကြောင့် သူထင်ထားသလိုမျိုး ဖြစ်လာလိမ့်မယ်လို့တော့ ကျိန်းသေပေါက် ပြောလို့ မရဘူးပေါ့။

ဒါပေမယ့် သူတို့သာ ရန်ကိုင်ကို တစ်ချက်တည်းနဲ့ တန်းမသတ်နိုင် သရွေ့ သူထွက်ပြေးလွတ်မြောက် နိုင်လိမ့်မယ်လို့ ရန်ကိုင်မှ ယုံကြည်ချက် အပြည့်ရှိပြီးသားပါ။

“သွားလေ၊ ပြေးလေ၊ မင်းဘယ်လို ထွက်ပြေးမလဲ ကြည့်ရသေးတာပေါ့” နန်ရှန်းက မောက်မာတဲ့ လေသံနဲ့ ရန်ကိုင်ကို ထေ့ငေါ့ လှောင်ပြောင်လိုက်တယ် “အကြီးအကဲတို့ လေးယောက်၊ ဒုတိယအင်အားစုက တပည့်တွေ သူတို့အတွက် ဘာက ကောင်းလို့ကောင်းမှန်း မသိပဲ ဝင်စွက်ဖက်ဖို့ ကြိုးစားမယ်ဆိုရင် တစ်ခါတည်းသာ တန်းသတ်ပစ်လိုက်၊ ခေါင်းခြောက်ခံနေဖို့ မလိုဘူး”

“ဟုတ်ကဲ့ပါ၊ သခင်လေး” အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ လေးယောက်က တစ်ပြိုင်တည်း ခေါင်းညိတ်ပြလိုက်တယ်။

နဂါးဟိန်သံနှင့်အတူ လေထဲ ဝဲနေတဲ့ နဂါးနက်က ရန်ကိုင်ကို စက်ဝိုင်းပုံသဏ္ဏာန် လှည့်ပတ်ရင်း ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်လေးယောက်ကို အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။

နန်ရှန်းက သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေကို စိုက်ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးရင်း အမိန့်ပေးလိုက်တယ် “နတ်ဆိုးဆီကနေ ထွက်ခွါဖို့ ဒီသခင်လေးက မင်းတို့ကို အသက်ရှူချိန် ဆယ်ရှိုက်စာ ပေးမယ်၊ အဲ့အချိန်ကုန်လို့မှ ထွက်မသွားသေးဘူး ဆိုရင်တော့…”

ရှန်ချူက မျက်မှောင်ကြုံ့လိုက်ပြီး ခပ်မြန်မြန် ပြောလိုက်တယ် “ကျောင်းအာ၊ မေးအာ၊ အဲ့လောက်အထိ ခေါင်းမာမနေနဲ့တော့”

“နင်အရမ်းလွန်ကဲသွားပြီ” ဟူကျောင်းအာက မုန်းတီးစွာနဲ့ ပြောလိုက်တယ်။

ရှန်ချူရဲ့ မျက်နှာ အေးစက်သွားခဲ့တယ်။ ထိုညီအစ်မ နှစ်ယောက်ကို သူကြိုက်တာ မှန်တယ်။ ဒါပေမယ့် သူမတို့ နှစ်ယောက်ကို မရရင် သေရပါလိမ့်မယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ပထမအဆင့် အင်အားစု တစ်ခုရဲ့ သခင်လေး တစ်ယောက်အနေနဲ့ ဘယ်လို မိန်းမလှလေးမျိုးကို သူမရရနိုင်လို့လဲ။ ထိုမိန်းမလှလေးတွေက သူတို့အတွက်တော့ ဖျော်ဖြေရေး ကိရိယာတွေပါ။ သူ နှစ်သက်တာက သူတို့ကို လိုက်လံပိုးပန်းပြီး သူတို့ရဲ့ နှလုံးသားကို အောင်နိုင်ရတာကိုပါ။

ဒါပေမယ့် အခုလို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ လာရချိန်မှာတော့ ထိုညီအစ်မ နှစ်ယောက်ရဲ့ နှလုံးသားကို သူအပိုင် မသိမ်းနိုင်တော့ဘူး ဆိုတာကို ရှန်ချူ နားလည်လိုက်တယ်။ ထို့ကြောင့် သူ့ရင်ထဲ ဒေါသလှိုင်းတံပိုးတို့ လှိမ့်တက်လာခဲ့တယ်။

ထိုလှိမ့်တက်လတဲ့ ဒေါသက မကျေမချမ်းနိုင်တဲ့ ခံစားချက်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ ထိုအကျိုးမဲ့တဲ့ ကစားပွဲကို ဆက်ကစားဖို့ သူစိတ်မပါတော့ပါဘူး။

“အချိန်ပြည့်သွားပြီ” နန်ရှန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပြီး လူအုပ်ကြီးကို ကြည့်ကာ အမိန့်ပေးလိုက်တယ် “စတော့”

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ လေးယောက်လည်း ရုတ်တရက် သူတို့ရဲ့ အစစ်အမှန်ချီကို လှည့်ပတ်လိုက်ပြီး မျက်လုံးချင်း အချက်ပြလိုက်တယ်။

အဲ့အချိန်မှာပဲ….

စူးရှပြီး ကြည်လင်တဲ့ သိမ်းငှက်အော်သံ တစ်သံ ထွက်ပေါ်လာခဲ့တယ်။

ထိုအော်သံက အရမ်းကို စူးရှလွန်ပြီး အော်သံထဲ ရှင်းပြမရနိုင်တဲ့ ဆန်းကြယ်သည့် စွမ်းအားတစ်မျိုး ပါဝင်နေသလိုပါပဲ။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ လေးယောက်တောင် လုပ်လုက်စ အလုပ်တွေကို ရပ်တန့်လိုက်ပြီး အလျင်စလို မော့ကြည့်လိုက်ကြတယ်။

မြေပြင်ကနေ မီတာတစ်ထောင် အမြင့်ထက် ရွှေရောင်အလင်း တစ်ချက် လက်သွားခဲ့တယ်။

ထိုရွှေရောင်အလင်းဟာ အရမ်းကို တောက်ပလွန်းတဲ့ အတွက် သေးငယ်လှတဲ့ နေလုံးလေးတို့တောင် ထင်မှတ်ရပါတယ်။ မြင်သူတိုင်း အကြည့်မလွှဲနိုင်လောက်အောင် ဖြစ်သွားမယ့် မြင်ကွင်းတစ်ခုပါ။

ရွှေရောင်အလင်းက အားလုံးရဲ့ ခေါင်းထက် စက်ဝိုင်းပုံသဏ္ဏာန် ဝဲနေခဲ့ပြီး သိမ်းငှက်အော်သံတွေကို အားကာယံထက် ပဲ့တင်ထပ်နေခဲ့တယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်မျက်နှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားခဲ့ပြီး ထိုစက်ဝိုင်းပုံသဏ္ဏာန် လှည့်ပတ်နေတဲ့ ရွှေရောင်အလင်းကိုပဲ ဆက်ပြီး စူးစိုက်ကြည့်နေခဲ့တယ်။

ပေါက်ကွဲလုမတတ် ဖြစ်နေတဲ့ အခြေအနေတွေက ထိုရွှေရောင်သိမ်းငှက်ရဲ့ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ပျက်စီးသွားခဲ့ရတယ်။

“ဘယ်လောက်တောင် လန်းလိုက်တဲ့ သိမ်းငှက်လဲကွာ” နန်ရှန်းက ချီးကျူးအော်ပြောလိုက်တယ်။

ရွှေရောင်သိမ်းငှက်က မီတာ၁၀၀၀ အမြင့်မှာ ပျံသန်းနေတာ ဖြစ်ပေမယ့် ဒီမှာ ရှိနေတဲ့ လူအားလုံးကလည်း သာမန် မဟုတ်ကြပါဘူး။ သူတို့ရဲ့ အမြင်အာရုံနဲ့ ဆိုရင် ထိုရွှေရောင်အလင်းက ငှက်တစ်ကောင်ရဲ့ ပုံစံနဲ့ တူတယ်ဆိုတာကို အသာလေး မြင်နိုင်ပါတယ်။

“ဒီရွှေရောင် သိမ်းငှက်…” ရှန်မိသားစုက ရှုလောင်က မျက်မှောင်ကြုံ့လိုက်ပြီး တစ်ခုခုကို ပြန်စဉ်းစား ကြည့်နေလိုက်တယ်။

“ဒီသခင်လေး ဆုံးဖြတ်လိုက်ပြီ။ အဲ့သိမ်းငှက်ကို ဖမ်းပြီး အိမ်ပြန်ခေါ်သွားရမယ်” နန်ရှန်းက အကျယ်ကြီး အော်ရယ်လိုက်တယ်။ သူ့မှာသာ အခုလို ကြီးကျယ်မြင့်မြတ်တဲ့ သိမ်းငှက်တစ်ကောင်ကို ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင် ကြွားလို့လည်း ကောင်းသလို သေချာသာ ပြုစုပျိုးထောင်ပေးမယ် ဆိုရင် အနာဂတ်မှာ သူ့ကို အကူအညီ အကြီးကြီး ပေးနိုင်ပါသေးတယ်။

နန်ရှန်း ပြောတာကို နားထောင်ရင်း ရန်ကိုင်က လှောင်ပြုံးပြုံးကာ ပြောလိုက်တယ် “မင်းမတတ်နိုင်ပါဘူးကွာ”

နန်ရှန်းက ရန်ကိုင်ကို တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်ကာ တစ်ခွန်းမှတော့ ပြန်မပြောခဲ့ပါဘူး။ ထို့နောက် အကြီးအကဲဘက် လှည့်လိုက်ပြီး မေးလိုက်တယ် “ခင်ဗျား အဲ့သိမ်းငှက်အကြောင်း ကြားဖူးလား”

ရှုလောင် မျက်မှောင်ကြုံ့လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ် “တစ်နေရာရာမှာ ကြားခဲ့ဖူးသလိုပဲ ….”

“ဘယ်နေရာမှာ ကြားခဲ့ဖူးတာလဲ” ရှန်ချူလည်း ထိုရွှေရောင်သိမ်းငှက်အကြောင်း စိတ်ဝင်စားနေတာ ဖြစ်တဲ့အတွက် ခပ်မြန်မြန်ပဲ မေးလိုက်တယ်။

ရှုလောင်က မျက်မှောင်ကြုံ့ပြီး တွေးတောစဉ်းစား နေလိုက်တယ်။ ဒါပေမယ့် သူဘယ်လောက်ပဲ စဉ်းစား၊ စဉ်းစား ထိုသိမ်းငှက်ကို မမှတ်မိနိုင် ဖြစ်နေခဲ့တယ်။

ကောင်းကင်ထက်မှ သိမ်းငှက်က သူရှာနေတဲ့ တစ်ခုခုကို တွေ့သွားသည့် အလား သိမ်းငှက်အော်သံတွေက ပိုပြီး စူးရှပြင်းထန် လာခဲ့တယ်။ ထို့နောက် ချက်ချင်းဆိုသလို လူအုပ်ကြီး ရှိရာဆီသို့ ပြေးဆင်းလာလိုက်တယ်။

ထိုသိမ်းငှက်ကို ဘယ်လို ဖမ်းရင်ကောင်းမလဲ ဆိုပြီး အကြံအိုက်နေစဉ်မှာပဲ သိမ်းငှက်က သူ့ဘာသာ ထိုးဆင်လာတာကို နန်ရှန်း တွေ့လိုက်ရတယ်။ သူလည်း ပျော်သွားတာပေါ့။ အင်္ကျီစကို လိပ်တင်လိုက်ပြီး ပြုံးကာ “စိတ်ဝင်စားစရာပဲ၊ ဒီသခင်လေးနဲ့ တွေ့ရုံပဲရှိသေးတာကို မင်းက ါင့ဆီရောက်ဖို့ မစောင့်နိုင်တော့ဘူး ဟုတ်လား”

ရှန်ချူလည်း အသာအယာလေး ပြုံးလိုက်ပြီး ထပ်ပေါင်း ပြောလိုက်တယ် “ညီအစ်ကိုရှန်ရဲ့ အရမ်းဆွဲဆောင်အား ကောင်းလို့နေမယ်၊ အဲ့လိုဆိုမှတော့ ဒီက ညီငယ်လေးက ညီအစ်ကိုရှန်နဲ့ တိုက်ခိုက် မနေတော့ပါဘူး”

နန်ရှန်းက ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး “ကောင်စုတ်လေး၊ ကြည့်ရတာ မင်းတော့ နည်းနည်းလေး အသက်ပိုရှည်မယ့် ကံဇာတာ ပါလာတဲ့ပုံပဲ။ အဲ့မှာထိုင်စောင့်နေ၊ ဒီသခင်လေး အဲ့သိမ်းငှက်ကို ဖမ်းပြီးမှ မင်းနဲ့လာ စရင်းရှင်းမယ်”

“လုပ်လေ၊ ငါစောင့်နေမယ်” ရန်ကိုင်က ပြန်ပြီး ပုခုံးတွန့်ပြလိုက်တယ်။

“ရန်ကိုင်၊ ဒီအချိန်ကို အခွင့်ကောင်းယူပြီး နင်ထွက်ပြေးဖို့ ကြိုးစားသင့်တယ်” ဟူမေးအာက တိုးတိုးလေး ပြောလိုက်တယ်။

ဒါပေမယ့် ရန်ကိုင်ကတော့ ခေါင်းခါယမ်းလိုက်ပြီး ပြန်ပြီးတော့သာ ပြုံးပြလာခဲ့တယ်။

“နင်ဘာတွေ တွေးနေတာလဲ” ဟူကျောင်းအာက စိုးရိမ်စွာနဲ့ ဆူပူလိုက်တယ် “သိမ်းငှက်ကို ဖမ်းလို့ ပြီးသွားတာနဲ့ သူတို့အာရုံက နင့်ဆီ ပြန်ရောက်လာလိမ့်မယ်”

“မဖြစ်နိုင်ဘူး။ သူတို့မှာ အခွင့်အရေးကို မရှိတာ” ရန်ကိုင်က အသာအယာလေး ရယ်မောပြီး ပြောလိုက်တယ်။

ဟူညီအစ်မ နှစ်ယောက်က စိုးရိမ်ပြီး စိတ်ရှုပ်သွားခဲ့ပေမယ့် ရန်ကိုင် ဘာလို့ ဒီလောက်သေချာနေလဲ ဆိုတာကို သူမတို့ နားမလည် နိုင်အောင် ဖြစ်နေခဲ့ရတယ်။

တစ်ခဏကြာပြီးတဲ့ အချိန်မှာတော့ ရွှေရောင်သိမ်းငှက်က သူတို့တွေနဲ့ မီတာဒါဇင်ကျော် အကွာသို့ ရောက်ရှိလာခဲ့တယ်။ နန်ရှန်းက လေထဲကို ခုန်တက်လိုက်ပြီး မျှော်လင့်ချက် အပြည့်နဲ့ ထိုသိမ်းငှက်ကို လှမ်းဖမ်းဆွဲလိုက်တယ်။

ရွှေရောင် သိမ်းငှက်ရဲ့ ပုံစံက လှပရုံသာမက ခွန်အားကလည်း မနိမ့်ကျပါဘူး။ နန်ရှန်းဖမ်းဆွဲတာကို အသာအယာလေး ရှောင်တိမ်းသွားလိုက်ပြီး ရွှေရောင်အလင်းတန်း တစ်ခုနဲ့ တန်ပြန်ပစ်လွှတ်လိုက်တယ်။

နန်ရှန်းရဲ့ အမူအရာ လေးနက်သွားခဲ့ပြီး ထိုရွှေရောင်အလင်းတန်းကို အလျင်စလိုနဲ့ ရှောင်တိမ်းလိုက်ရင်း စိတ်လှုပ်ရှားစွာနဲ့ အော်ပြောလိုက်တယ် “အဆင့်ငါးသားရဲပဲ၊ အကြီးအကဲတွေ.. ငါ့ကို လာကူပါဦး”

ပျံသန်းနိုင်တဲ့ အဆင့်ငါး သားရဲ တစ်ကောင်ဆိုတာ တကယ့်ကို ရှားပါတဲ့ ရတနာတစ်ခုပါ။

သာမန် အဆင့်ငါးသားရဲ တစ်ကောင်က အရမ်းကြီး အဖိုးမတန်ပေမယ့် ပျံသန်းနိုင်တဲ့ အဆင့်ငါးသားရဲ ဆိုရင်တော့ နောက်ထပ် ပုံပြင်တစ်ပုဒ် ဖြစ်သွားခဲ့ပါပြီ။ ထိုအဆင့်ငါးသားရဲ ကိုသုံးပြီး ရန်သူတွေရဲ့ တပ်စခန်းတွေကို ထောက်လှမ်းနိုင်သလို သူတို့ရဲ့ တည်နေရာကိုလည်း ခြေရာကောက်နိုင်ပါတယ်။ ပြီးတော့ ရန်သူကို သူတို့ရဲ့ သခင်နဲ့ အတူပူးပေါင်းပြီး တိုက်ခိုက်နိုင်ပါသေးတယ်။

သူသာ ထိုအဆင့်ငါးသားရဲကို ဖမ်းဆီး နိုင်ခဲ့ရင် သူ့ခွန်အားက တော်တော်လေး တိုးတက်သွားမှာပါ။

ထိုသိမ်းငှက်ရဲ့ ခွန်အားကို မြင်တွေ့လိုက်ရပြီးနောက် ရှန်ချူ နောင်တရချင်လာခဲ့တယ်။ ထိုကဲ့သို့ သိမ်းငှက်မျိုးက သာမန်အဖိုးတန် ရတနာတွေထက် အများကြီး ပိုတန်ဖိုးကြီးပါတယ်။ ဒါပေမယ့် အရမ်း နောက်ကျသွားခဲ့ပါပြီ။ သူအခု နောင်တရနေရင်တောင် နန်ရှန်းဆီက ထိုသိမ်းငှက်ကို သွားပြီး ဓါးပြတိုက်လို့ မရဘူးဆိုတာကို ရှန်ချူ သိထားတဲ့အတွက် ဘေးကနေ ထိုင်ကြည့်နေရုံသာ တတ်နိုင်ပါတော့တယ်။

Martial Peak

အပိုင်း (၃၆၂) ရွှေရောင်ငွေသွေးသိမ်းငှက်

ရွှေရောင်သိမ်းငှက်က သူ့ရဲ့ တောင်ပံကို ဖြန့်ကျက်လိုက်တဲ့အခါ အတောင်ပံက တစ်မီတာလောက်အထိ ကျယ်ပြန့်သွားခဲ့တယ်။ သိမ်းငှက်ခြေသည်းတွေဆိုရင် သံမဏိတွေလို မာကျောထက်ရှပြီး သာမန်လက်နက်တွေ ထက်တောင် ပိုပြီးမာကျော ထက်ရှပါသေးတယ်။

ပြီးတော့ သိမ်းငှက်က မွေးရာပါစွမ်းရည် တစ်ခုကို ပိုင်ဆိုင် ထားပါသေးတယ်။ ရွှေရောင်အလင်း… ထိုရွှေရောင်အလင်း စွမ်းအားကို သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပါတယ်။

နန်ရှန်းက အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွ ကြားမှာ လက်ရွေးစင် တစ်ယောက်လို့ ပြောလို့ရပေမယ့် ထိုသိမ်းငှက်ကို မဖမ်းဆီးနိုင်သေးပါဘူး။ ထို့ကြောင့် သိမ်းငှက်ကို သူတစ်ယောက်တည်း မဖမ်းနိုင်တော့တာနဲ့ နန်မိသားစု အကြီးအကဲ နှစ်ယောက်ဆီကနေ ချက်ချင်း အကူအညီ တောင်းခံလိုက်ပါတယ်။

အကြီးအကဲ နှစ်ယောက်ကလည်း နည်းနည်းလေးတောင် တုန့်ဆိုင်း မနေခဲ့ပါဘူး။ အမိန့်ရရချင်း ချက်ချင်းဆိုသလိုပဲ သိမ်းငှက်ရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ အစစ်အမှန်ချီစွမ်းအင် နှစ်ခုကို ရိုက်ထုတ်လိုက်တယ်။

“နေဦး”ရှန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်တဲ့ ရှုလောင်က ရုတ်တရက် အော်လိုက်တယ်။ နောက်ဆုံး ထိုသိမ်းငှက်ရဲ့ ဇာတ်မြစ်ကို မှတ်မိသွားတာနဲ့ ခပ်မြန်မြန်ပဲ တိုက်ပွဲကို တားဖို့ လုပ်လိုက်တယ်။

နန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်နှစ်ယောက် မျက်မှောင်ကြုံ့လိုက်တယ်။ ရှုလောင်က သူတို့ကို ဘာလို့ တားလိုက်မှန်း သူတို့ နားမလည်ပါဘူး။ သံသယလည်း ဖြစ်မိသလို စိတ်လည်း ရှုပ်မိသွားခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်မသွားခဲ့ပါဘူး။

အသံအကျယ်ကြီး နှစ်သံနှင့်အတူ ရွှေရောင်သိမ်းငှက်ကို အကြီးအကဲ နှစ်ယောက်ရဲ့ ရိုက်ချက် ထိမှန်သွားခဲ့တယ်။ သိမ်းငှက်ရဲ့ ခန္ဓာကိုယ်ကြီး လေထဲ သုံးလေးပတ်လောက် ကျွမ်းထိုးလိုက်ရပြီး ကောင်းကင်ကနေ ပြုတ်ကျမလိုတောင် ဖြစ်သွားခဲ့ရတယ်။

ထိုအဆင့်ငါးသားရဲက အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားကိုပဲ ပိုင်ဆိုင်ထားတာလေ။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး ခုခံနိုင်ပါ့မလဲ။

သိမ်းငှက် လွင့်ထွက်သွားတာကို မြင်လိုက်တာနဲ့ နန်ရှန်းရဲ့ မျက်လုံးအစုံက တောက်ပသွားခဲ့ပြီး ချက်ချင်းဆိုသလိုပဲ သိမ်းငှက်ဆီ တစ်ဟုန်ထိုး ပြေးဝင်သွားလိုက်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သိမ်းငှက်ကို ဖမ်းဖို့ လုပ်လိုက်တယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရှုလောင်က ရှန်ချူဘေးကနေ ချက်ချင်း ပြေးထွက်သွားလိုက်ပြီး နန်ရှန်းရှေ့ ရပ်ရင်း အော်လိုက်တယ် “သခင်လေးနန် အဲ့လိုလုပ်လို့ မဖြစ်ဘူး”

အော်ဟစ်နေရင်း ရှုလောင်က နန်ရှန်းက အကွာအဝေးတစ်ခုအထိ ပြန်တွန်းထုတ်လိုက်တယ်။

သိမ်းငှက်အော်သံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သိမ်းငှက်က ဒေါသထွက်သွားတဲ့ ပုံပါပဲ။ ချက်ချင်းပဲ ကောင်းကင်ပေါ် ပျံတက်သွားလိုက်ပြီး လေထဲ ဝဲနေရင်း သူ့ကို တိုက်ခိုက်လိုက်တဲ့ လူတွေကို စိုက်ကြည့်နေလိုက်တယ်။

“ခင်ဗျား ဒါဘာလုပ်တာလဲ” သိမ်းငှက်ကို ဖမ်းမိခါနီးနေမှ ရှုလောင်က သူ့ကို ဝင်တားလိုက်တဲ့အတွက် နန်ရှန်း တော်တော်လေး မကျေမနပ် ဖြစ်နေခဲ့တယ်။ သူ့ကိုယ်သူ တည်ငြိမ်သွားအောင် လုပ်ပြီးတာနဲ့ ရှုလောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အေးစက်စက် လေသံနဲ့ မေးလိုက်တယ် “ညီငယ်လေးရှန်၊ မင်းငါ့ကို အကြောင်းပြချက် ကောင်းကောင်း တစ်ခုလောက်တော့ ပေးသင့်တယ်”

သူ့တို့မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက ဘာလို့ အခုလို တစွတ်ထိုး လုပ်လိုက်ရလဲ ဆိုတာကို သူကိုယ်တိုင်လည်း နားမလည်တဲ့အတွက် ရှန်ချူ မျက်မှောင် ကြုံ့လိုက်မိတယ်။ ထို့နောက် ရှုလောင်ကို ကြည့်လိုက်ပြီး “ရှုလောင်၊ ဘာလို့ အဲ့လို လုပ်လိုက်တာလဲ’

ရွှေရောင်သိမ်းငှက်ကို လှမ်းကြည့်နေရင်း ရှုလောင် နဖူးထက်ကနေ ချွေးအေးတို့ စီးကျလာခဲ့တယ်။ ထို့နောက် လက်သီးဆုပ်လိုက်ပြီး “သခင်လေးနန်၊ ကျုပ်တောင်းပန်ပါတယ်”

“ဟန့်” နန်ရှန်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး သုန်မှုန်နေတဲ့ အမူအရာနဲ့ မေးလိုက်တယ် “ငါ့ကို ဘာလို့ တာလိုက်ရလဲ ဆိုတာကိုပဲ ပြောစမ်းပါ”

ရျုလောင်က သူ့နဖူးထက်က ချွေးတွေကို အရင်သုတ်ပစ်လိုက်ပြီးနောက် ပြန်ပြောလိုက်တယ် “သိမ်းငှက်မှာ ပိုင်ရှင်ရှိပြီးသား၊ သခင်လေးရဲ့”

“ပိုင်ရှင် ရှိနေပြီးသားလား” နန်းရှန်းက တစ်ခဏလောက် ကြောင်အသွားခဲ့ပြီး ရက်တော့မယ့် အသွင်နဲ့ ပြုံးလိုက်ကာ “ပိုကောင်းသွားတာပေါ့၊ ငါတို့ နန်မိသားစုနဲ့ ရှန်မိသားစုက ပထမအဆင့် အင်အားစုတွေလေ၊ ဘယ်သားရဲကိုများ ငါတို့ မရနိုင်လို့လဲ။ ဒီသိမ်းငှက်မှာသာ ပိုင်ရှင် ရှိပြီးသားဆိုရင် သိမ်းငှက်ကို ဒီသခင်လေးဆီ လက်ဆောင်ပေးဖို့ သွားပြောလိုက်ရုံပေါ့”

ထိုစကားကို ကြားလိုက်တာနဲ့ ရှုလောင် မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူ့မျက်နှာ တစ်ခုလုံး ထိတ်လန့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်သွားခဲ့တယ်။

အခြေအနေတွေက တစ်ခုခု လွဲနေတာကို သတိပြုမိလိုက်တာနဲ့ ရှန်ချူက အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီး မေးလိုက်တယ် “ရှုလောင်၊ ဒီသိမ်းငှက်နဲ့ ပက်သက်ပြီး တစ်ခုခု ထူးခြားနေလို့လား”

ရှုလောင်ရဲ့ အမူအရာက ခပ်မြန်မြန်ပြ ပြန်တည်ငြိမ်သွားခဲ့တယ်။ ထို့နောက် သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေဆီ လှမ်းကြည့်လိုက်တယ်။ သူ့အကြည့်ထဲ အရင်လို မောက်မာ အထင်းသေးမှုတို့ ပါဝင်မနေတော့ပဲ ကြောက်ရွံ့မှု အရိပ်အယောင်တို့ ပါဝင်နေခဲ့တယ်။

ထို့နောက် ကျန်တဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို လှမ်းကြည့်လိုက်ပြီး သုန်မှုန်နေတဲ့ မျက်နှာနဲ့ “အဆင့်ငါးသားရဲ ဖြစ်တဲ့ ရွှေရောင်သိမ်းငှက်ကို မြင်လိုက်တာနဲ့ မင်းတို့ တစ်ခုခု ပြန်အမှတ် မရလိုက်ဘူးလား”

ရှုလောင် ပြောတာကို ကြားလိုက်ပေမယ့် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်လုံး ဇဝေဇဝါ ဖြစ်နေတုန်းပါပဲ။

ထိုစိတ်ရှုပ်ထွေးနေတဲ့ အမူအရာတွေကို မြင်တွေ့လိုက်တာနဲ့ ရှုလောင်က ခါးခါးသီးသီး ရယ်မောလိုက်ပြီး “မင်းတိုးအားလုံးက အရမ်းကို ဗဟုသုတ နည်းတယ်လို့ပဲ ငါပြောရမလား။ ဟူး… အရမ်းကြီးတော့လည်း မကြာသေးပါဘူး။ လွန်ခဲ့တဲ့ နှစ်၂၀ တုန်းကလောက်ပေါ့၊ ဟန်မင်းဆက် တစ်ခုလုံး ပုံစံတူသိမ်းငှက် များစွာကြောင့် ဂယက်ရိုက်သွားခဲ့တယ်လေ…”

လွန်ခဲ့တဲ့ နှစ်၂၀ လောက်တုန်က…

ရုတ်တရက် လျှပ်စီး ပစ်ချခံလိုက်ရသလို အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်စလုံး အရေးကြီးတဲ့ သတင်းအချက်အလက် တစ်ခုခုကို ပြန်အမှတ် ရမိလိုက်တယ်။

နန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူထဲက တစ်ယောက်က မနေနိုင်ပဲ အသံထွက် ပြောလိုက်မိတယ် “ရွှေရောင်ငွေသွေးသိမ်းငှက်”

ရွှေရောင်ငွေသွေးသိမ်းငှက်

ထိုနာမည်ကို ကြားလိုက်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ အားလုံးရဲ့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့တယ်။

ဖန်လောင်က တိုးတိုးလေး မေးလိုက်တယ် “ရန်မိသားစုရဲ့ ရွှေရောင်ငွေသွေးသိမ်းငှက်တွေကို ပြောတာလား”

ရှုလောင်က ခေါင်းညိတ်လိုက်ပြီး ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “ဟုတ်တယ်၊ အဲ့ကောင်က ရန်မိသားစုရဲ့ ရွှေရောင်ငွေသွေး သိမ်းငှက်တွေထဲက တစ်ကောင်ပဲ ဖြစ်ရမယ်”

“ဒါပေမယ့် …. ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ နောက်ထပ် လေး၊ငါးနှစ်လောက် ကျန်သေးတယ် မဟုတ်ဘူးလား…”

“ရန်မိသားစုထဲ အရေးကြီးတဲ့ တစ်ခုခု ဖြစ်ပွါးခဲ့တဲ့ပုံပဲ။ ဒါကြောင့် ရွှေရောင်ငွေသွေးသိမ်းငှက်တွေကို အချိန်မတိုင်ခင် ကြိုလွှတ်လိုက်တာ ဖြစ်ရမယ်” ရှုလောင်က ရဲတင်းစွာနဲ့ ခန့်မှန်းလိုက်တယ်။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် လေးယောက်က တိုးတိုးတိတ်တိတ်နဲ့ ဆွေးနွေးနေတာ မဟုတ်တဲ့အတွက် သူတို့ ပြောနေတာကို အားလုံး သေသေချာချာ ကြားလိုက်ရပါတယ်။

ဒုတိယအဆင့် အင်အားစုက ဂျူနီယာတွေက ဘူးမသိ၊ ဘားမသိနဲ့ နားထောင်နေပေမယ့် ပထမအဆင့် အင်အားစုတွေရဲ့ လူငယ်မျိုးဆက် ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ရှန်ချူနဲ့ နန်ရှန်း နှစ်ယောက်စလုံး သူတို့ ဘာအကြောင်းကို ပြောနေလဲဆိုတာ နားလည်ခဲ့ကြတယ်။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ပြီး သူတို့တစ်ကိုယ်လုံး မသိမသာလေး တုန်ရင်သွားခဲ့ကြတယ်။

“သူတို့တွေ ဘာအကြောင်း ပြောနေတာလဲ” ဖန်ဇီဂျိက မျက်မှောင်ကြုံ့ရင်း မေးလိုက်တယ်။

“ဦးလေးလဲ့၊ သူတို့ ဘာတွေပြောနေလဲဆိုတာ နားလည်လားဟင်” ဟူကျောင်းအာက ကွမ့်ချီလဲ့ဆီ လှည့်ပြီး သိချင်စိတ် အပြည့်နဲ့ မေးလိုက်တယ်။

ကွမ့်ချီလဲ့က ရန်ကိုင်ကို တွေးတွေးတောတောနဲ့ ကြည့်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်ရင်း အသာအယာလေး ပြောလိုက်တယ် “လူကြီးမျိုးဆက်က ဘယ်သူမဆို နားလည်သင့်တဲ့ အကြောင်းပေါ့”

“ကျွန်မတို့ကို ရှင်းပြလေ” ထိုအဆင့်ငါးသားရဲ လေးတစ်ကောင်က ရှန်မိသားစုနဲ့ နန်မိသားစုက လူတွေကို ဘာလို့ ဒီလောက် လေးနက်သွားစေလဲ ဆိုတာကို သူမ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

ဒီရွှေရောင်သိမ်းငှက်ရဲ့ ပိုင်ရှင်က ကျော်ကြားနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေမယ် ဆိုရင်တောင် ဒီလောက်အထိ အဖြစ်သည်းနေစရာ မလိုဘူးလားလို့

“ကောင်းပြီလေ” အခု ဖုံးကွယ်ထားလို့လည်း ဘာမှ မထူးဘူးဆိုတာကို ကွမ့်ချီလဲ့ သိထားပါတယ်။ ရွှေရောင်အရိုးခြောက်က ပေါ်လာပြီဆိုမှာတော့ ဟန်မင်းဆက် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ဖို့ သိပ်မကြာတော့ဘူးလို့ ဆိုလိုပါတယ်။ ထို့ကြောင့် အလျင်မလိုပဲ ဖြေးဖြေးချင်း ရှင်းပြလိုက်တယ် “ရန်မိသားစုကို အားလုံး ကြးဖူတးယ်မလား”

အားလုံးက ခေါင်းညိတ်ပြလိုက်တယ်။ ဥဩငှက် ရန်မိသားစု၊ မိသားစုကြီး ရှစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရန်မိသားစု အကြောင်းကို ဘယ်သူက မကြားဖူးပဲ နေပါ့မလဲ။

“ရန်ကိုင်က သူတို့ရဲ့ တိုက်ရိုက်မျိုးဆက်တွေကို အထူးနည်းလမ်း တစ်ခုနဲ့ လေ့ကျင့်ပေးကြတာ။ သင့်တော်တဲ့ အချိန်ရောက်ပြီ ဆိုတာနဲ့ တိုက်ရိုက်မျိုးဆက် အားလုံးကို အပြင်လောကဆီ စေလွှတ်လိုက်ကြတယ်။ ဆယ်နှစ်မပြည့်မချင်း မိသားစုဆီ ပြန်လာလို့ မရဘူး။ အဲ့လိုမျိုး အပြင်ဘက် ထွက်ပြီး လေ့ကျင့်နေတဲ့ အချိန်အတောအတွင်း မှာလည်း ဘယ်သူမိသားစုဝင်ဆီကမှ အကူအညီ တောင်းလို့ မရသလို သူတို့ ဘယ်သူဖြစ်တယ် ဆိုတာကိုလည်း ထုတ်ဖော်ပြောလို့ မရဘူး”

“ဆယ်နှစ် ပြည့်သွားတဲ့ အချိန်ကျ တိုက်ရိုက်မျိုးဆက်ဝင်တွေ အားလုံးကို မိသားစုဆီ ပြန်ခေါ်ကြပြီး အဲ့မျိုးဆက်တွေထဲ နောက်ထပ် မိသားစုခေါင်းဆောင် အသစ်ကို ရွေးချယ်ကြတယ်။ ဒါပေမယ့် ဆယ်စုနှစ် တစ်ခုလောက် ကြာပြီးနောက် လူတစ်ယောက်က တော်တော်လေး ပြောင်းလဲသွားကြတယ်။ အားလုံးကို သူတို့ဘယ်သူဆိုတာ အခြားသူတွေ မသိအောင် ဖုံးကွယ်ထားရတာ ဖြစ်လို့ သူတို့ကို ပြန်ရှာဖို့ဆိုတာ တော်တော်လေး ခက်ခဲတယ်။ ဒါကြောင့် ရန်မိသားစုက အထူးနည်းလမ်း တစ်ခုကိုသုံးပြီး သူတို့ရဲ့ မျိုးဆက်တွေကို ပြန်ရှာကြတယ်”

“ဘာနည်းလမ်းလဲ”

“သူတို့တွေက အထူးသားရဲတစ်ကောင်ကို ငယ်စဉ်ကတည်း ပြုစုပျိုးထောင် ထားကြတယ်” ကွမ့်ချီလဲ့က ကောင်းကင်ကို လက်ညိုးထိုးပြလိုက်ပြီး “အဲ့သိမ်းငှက်က ရန်မိသားစုရဲ့ ရွှေရောင်ငွေသွေး သိမ်းငှက်ပဲ။ အဲ့သိမ်းငှက်တွေကို သားပေါက် အရွယ်ကတည်းက ရန်မိသားစုရဲ့ သွေးအဆီအနှစ်နဲ့ ကျွေးမွေးပြီး ပြုစုပျိုးထောင်ကြတယ်။ ဒါကြောင့်ပဲ အဲ့သိမ်းငှက်တွေက ရန်မိသားစုရဲ့ သွေးမျိုးဆက်ကို အာရုံခံနိုင်ကြတယ်။ ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်သာ သူတို့နဲ့ အကွာအဝေး တစ်ခုအတွင်းမှာ ရှိနေကြည့်၊ အဲ့တိုက်ရိုက် မျိုးဆက်ကို သူတို့ ကျိန်းသေ ရှာတွေ့နိုင်တယ်”

ကွမ့်ချီလဲ့ ရှင်းပြတာကို နားထောင်ပြီးတော့မှပဲ အားလုံး နားလည်သွားခဲ့ကြတယ်။

ရန်မိသားစုရဲ့ ရွှေရောင်ငွေသွေးသိမ်းငှက်က ဒီနေရာမှာ ပေါ်လာတာ ဆိုတော့ ရန်မိသားစုက တိုက်ရိုက်မျိုးဆက် တစ်ယောက်က ဒီနေရာမှာ ရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ ဒါပေမယ့် အဲ့တိုက်ရိုက် မျိုးဆက်က ဘယ်သူလဲ?

ကွမ့်ချီလဲ့က ရန်ကိုင်ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်မြန်မြန်ပဲ ဆက်ပြောလိုက်တယ် “ဒီကမ္ဘာကြီးမှာ ရွှေရောင်ငွေသွေးသိမ်းငှက် ဒါဇင်လောက်ပဲ ရှိတယ်။ ဒါပေမယ့် အဲ့သိမ်းငှက်တွေ အားလုံးကို ရန်မိသားစုက ပိုင်ဆိုင်ထားကြတယ်။ သူတို့ရဲ့ တိုက်ရိုက်မျိုးဆက်ကို ပြန်ရှာတဲ့ အချိန်ကလွဲပြီး ရွှေရောင်ငွေသွေးသိမ်းငှက်တွေကို အပြင်ကို လွှတ်လေ့ မရှိဘူး။ ဒါပေမယ့် ရွှေရောင်ငွေသွေး သိမ်းငှက်တွေ ပေါ်လာပြီ ဆိုတာနဲ့ ရန်မိသားစုက သူတို့ရဲ့ တိုက်ရိုက်မျိုးဆက်တွေကို ပြန်ဆင့်ခေါ်နေပြီလို့ ဆိုလိုက်တာပဲ။ တစ်နည်းနည်းနဲ့ ပြောရရင်တော့…. ရန်မိသားစုနဲ့ အမွေခံ တိုက်ပွဲစတော့မယ်လို့ ကြေညာလိုက်တာနဲ့ အတူတူပဲ”

“ရန်မိသားစုရဲ့ အမွေခံ တိုက်ပွဲလား” ဖန်ဇီဂျိ မျက်မှောင် ကြုံ့မိလိုက်တယ်။ သူတော်တော်လေး သိချင်မိသွားခဲ့တယ်။

“အင်း၊ ၁၀နှစ်တာ ဘဝအတွေ့အကြုံကို ရင်ဆိုင်ခဲ့ရပြီးနောက် ရန်မိသားစုဝင် တိုက်ရိုက်မျိုးဆက်တွေထဲက ဘယ်သူက နောက်ထပ် မိသားစု ခေါင်းဆောင် တစ်ယောက် ဖြစ်လာမလဲ ဆိုတာကို သူတို့ အချင်းချင်း ပြန်ပြိုင်ကြရတယ်။ လွန်ခဲ့တဲ့ ၁၈နှစ်တုန်းက ရန်မိသားစု အမွေခံတိုက်ပွဲမှာ လူများစွာ သေကြေခဲ့ကြတယ်။ ရန်မိသားစုရဲ့ အမွေခံတိုက်ပွဲမှာ ရန်မိသားစုဝင်တွေသာမက ကမ္ဘာပေါ်မှာရှိတဲ့ အင်အားစု အသီးသီးပါ ဝင်ပြိုင်ကြရတယ်။ မင်းလည်း မင်းခွန်အားကို ယုံကြည်ချက် အပြည့်ရှိတယ်ဆိုရင် အဲ့တိုက်ပွဲမှာ ဝင်ပြိုင်လို့ရတယ်” (မင်းသားတွေ အချင်းချင်း နန်းလုတာပေါ့)

ကွမ့်ချီလဲ့ ပြောနေတဲ့အတွက် ရှန်မိသားစုနဲ့ နန်မိသားစုက ဘယ်သူမှ ကြားဝင် မနှောင့်ယှတ်ခဲ့ပါဘူး။ ဒုတိယအဆင့် အင်အားစု အသီးသီးက တပည့်တွေကို‌ အေးအေးဆေးဆေး နားထောင်ခွင့် ပေးထားလိုက်တယ်။ တကယ်တော့ ထိုကဲ့သို့ သတင်းမျိုးက ဂျူနီယာတွေအတွက်ပါ အရေးကြီးတာကိုး။

ကွမ့်ချီလဲ့ ပြောလို့ ပြီးသွားတာနဲ့ လူအုပ်ကြီး တစ်ခုလုံး အပ်ကျသံတောင် ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားခဲ့တယ်။

နန်ရှန်းကတော့ သူ့လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လို့ ထားခဲ့ပြီး ချွေးအေးတွေက သူ့နဖူးထက်ကနေ စီးကျလာနေခဲ့တယ်။ ခုဏကလေးကပဲ ရွှေရောင်ငွေသွေးသိမ်းငှက် သူ့ကို လက်ဆောင်အဖြစ်ပေးဖို့ ရွှေရောင်ငွေသွေးသိမ်းငှက်ပိုင်ရှင်ကို သွားပြောမယ်ဆိုပြီး လုပ်နေတာပါ။ ဒါပေမယ့် ထိုသိမ်းငှက်ကို ရန်မိသားစုက ပြုစုပျိုးထောင်ထားတဲ့ သိမ်းငှက်မှန်း သိလိုက်ရချိန်မှာတော့ နန်ရှန်း ထိုသိမ်းငှက်ကို တော်တော်လေး ကြောက်လန့်သွားခဲ့တယ်။

ရှုလောင်က စိုးရိမ်တကြီးနဲ့ သူ့ကို တားလိုက်တာလည်း အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ။

ထိုရွှေရောင်သိမ်းငှက်ကို ထိခိုက်ဒဏ်ရာရအောင် မလုပ်မိတာကို တွေးပြီး ကောင်းကင်ဘုံကို နန်ရှန်း ကျေးဇူးတင်လိုက်တယ်။ မဟုတ်ရင် ရွှေရောင်သိမ်းငှက်ကို သူထိခိုက်ဒဏ်ရာရအောင် လုပ်လိုက်တာကို ရန်မိသားစုကလူသာ တွေ့သွားခဲ့ရင်တော့ အကျိုးဆက်တွေကို သူဆက်မတွေးရဲတော့ပါဘူး။

ထိုရွှေရောင်သိမ်းငှက်တွေက အရမ်းကို ရှားပါးတဲ့အပြင် ရန်မိသားစုဆိုတာကလည်း အရမ်းကို မောက်မာပြီး ကိုယ့်ကိုယ်ကို အထင်ကြီးကြတဲ့ ကောင်တွေနဲ့ ဖွဲ့ထားတဲ့ မိသားစုတစ်ခုပါ။ ထို့ကြောင့် သူသာ ထိုရွှေရောင်သိမ်းငှက်ကို ဒဏ်ရာရအောင် လုပ်မိလိုက်မယ်ဆိုရင် ထိုပြဿနာက ငွေနဲ့ လျော်ကြေပေးလိုက်လို့ ကျေအေးသွားနိုင်မှာ မဟုတ်ပါဘူး။

တစ်ခဏကြာပြီးနောက် ရှုလောင်က ကွမ့်ချီလဲ့ဆီ ပြေးသွားလိုက်ပြီး “ဒီကမိတ်ဆွေက ဒီလူအိုကြီးတောင် မသိတဲ့ အကြောင်းအရာတွေကို ချက်ကျလက်ကျ သိထားတာပဲ။ အခုလို ရှင်းပြပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်”

ရှုလောင်ရဲ့ အပြုအမူကို မြင်လိုက်တာနဲ့ ကွမ့်ချီလဲ့က လှောင်ပြောင် ပြောဆိုလိုက်တယ် “လွန်ခဲ့တဲ့ ၁၈နှစ်က ဘယ်သူမဆို ဒီအကြောင်းကို အကုန်သိကြပါတယ်။ ခင်ဗျားမသိတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

အခြေအနေတွေက တစ်မျိုးတစ်ဖုံး ပြောင်းလဲသွားတဲ့အတွက် ရှုလောင်က အခုအချိန်ကို အခွင့်ကောင်းယူပြီး နှစ်ဖက်ကြားက တင်းမာမှုတွေကို လျှော့ချချင်တာပါ။ ထို့ကြောင့် အခုလိုမျိုး ဖားဖားယားယားနဲ့ သွားပြောတာပါ။ ဒါပေမယ့် ရှုလောင်ရဲ့ ရည်ရွယ်ချက်ကို ကွမ့်ချီလဲ့က နားမလည်ပဲ ဘယ်နေပါ့မလဲ။ ထို့ကြောင့် ကွမ့်ချီလဲ့က ချက်ချင်းဆိုသလို ပြန်ပြီး လှောင်ပြောင် ပြောဆိုလိုက်တာပါ။

တစ်ခဏကြာ တိတ်ဆိတ်နေလိုက်ပြီးနောက် ရှန်ချူက မေးလိုက်တယ် “ဒါပေမယ့်… ကျုပ်မှတ်မိသလောက်ဆို ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေကို လွန်ခဲ့တဲ့ငါးနှစ်၊ ခြောက်နှစ်လောက်က လွှတ်လိုက်တာပါ။ သူတို့ ပြန်ခေါ်ရမယ့် ဆယ်နှစ်အချိန် မပြည့်သေးဘူးမလား”

ရန်မိသားစုရဲ့ ဆယ်နှစ်တာ ဘဝအတွေ့အကြုံ အချိန်အကန့် အသတ်က မပြည့်သေးတဲ့ အတွက်ကြောင့်သာ ထိုရွှေရောင်သိမ်းငှက်တွေကို မြင်မြင်ချင်း မမှတ်မိလိုက်ကြတာပါ။

နောက်နှစ်အနည်းငယ်မှသာ ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးက ရန်မိသားစုရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့် နေမှာဖြစ်တဲ့အတွက် ထိုရွှေရောင်သိမ်းငှက်တွေကို မြင်လိုက်တာနဲ့ ထိုသိမ်းငှက်တွေက ရန်မိသားစုက ပြုစုပျိုးထောင်ထားတဲ့ သိမ်းငှက်မှန်း ချက်ချင်း တန်းသတိပြုမိမှာပါ။

နန်ရှန်းကလည်း ခေါင်းညိတ်လိုက်ပြီး “ငါလည်း အဲ့အကြောင်း ကြားဖူးတယ်၊ အဲ့သိမ်းငှက်က ရန်မိသားစုက ရွှေရောင်ငွေသွေး သိမ်းငှက်နဲ့ တူနေတာရော မဖြစ်နိုင်ဘူးလား”

ရှုလောင်က ခေါင်းခါယမ်းလိုက်ပြီး “အဲ့ဒါကြောင့်ပဲ ရန်မိသားစုထဲမှာ အရေးကြီးတဲ့ တစ်ခုခု ဖြစ်ပျက်ခဲ့ရမယ်လို့ ငါပြောခဲ့တာပေါ့။ ဒါကြောင့်ပဲ သူတို့ရဲ့ တိုက်ရိုက်မျိုးဆက်တွေကို အစောကြီး ပြန်ခေါ်တာလေ။ အဲ့သိမ်းငှက်က ရန်မိသားစုက ပြုစုပျိုးထောင်းထားတဲ့ ရွှေရောင်ငွေသွေး သိမ်းငှက် တစ်ကောင် ဖြစ်တယ်ဆိုတာ လုံးဝ ကျိန်းသေတယ်”

“ဒါပေမယ့် အဲ့ဒါသာ အမှန်ဆိုရင် …” ရှန်ချူ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီး လူအုပ်ကြီးကို တစ်ချက် ဝှေ့ကြည့်လိုက်တယ်။ သူ့အကြည့်က ရန်ကိုင်ဆီ ရောက်ရှိသွားတဲ့ အချိန်မှာတော့ သူ့တစ်ကိုယ်လုံး မသိမသာလေး တုန်ရင်သွားခဲ့တယ်။ ထို့နောက် ချက်ချင်း အကြည့်လွှဲလိုက်ပြီး လက်သီးတင်းတင်း ဆုပ်ကာ “အခြားတစ်နည်း ပြောရရင် ဒီမှာ ရှိနေတဲ့ ဂျူနီယာတွေထဲမှာ ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက် ရှိနေတာပေါ့”

ချက်ချင်းဆိုသလိုပဲ အားလုံးက တစ်ယောက်ကို တစ်ယောက် စိုးရိမ်တကြီးနဲ့ လိုက်ကြည့်ကြပါတော့တယ်။

မကြာသေးခင်ကပဲ အဖွဲ့နှစ်ဖွဲ့က ရွာတော့မယ့် မိုးလို တိုက်ခိုက်မယ့် သည်းသည်း ဖြစ်နေကြတာပါ။ လိုအုပ်ရင် တစ်ယောက်နဲ့ တစ်ယောက် ပြန်သတ်ဖို့လည်း ဝန်လေးနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ရဲ့ ရန်သူ၊ မိတ်ဆွေတွေထဲမှာ လုံးဝကို ရန်မသင့်တဲ့ လူတစ်ယောက် ရှိနေတယ် ဆိုတာကို အားလုံး သိရှိလိုက်ကြတယ်။

ရန်မိသားစုက သခင်လေးက သူတို့ဘက်က ဆိုရင် အဆင်ပြေနိုင်ပေမယ့် သူတို့ရန်သူဘက်က ဖြစ်နေမယ် ဆိုရင်တော့…

Martial Peak

အပိုင်း (၃၆၃) မသိနားမလည်တဲ့ လူတွေကို အပြစ်မတင်ဘူး

အခုလို အခြေအနေမျိုးမှာတော့ ဘယ်သူမှ တည်ငြိမ် မနေနိုင်တော့ပါဘူး။

သူတို့ထဲမှာ ရန်မိသားစုက သခင်လေးတစ်ယောက် ရှိနေတယ် ဆိုပေမယ့် ဘယ်သူက ရန်မိသားစု သခင်လေးမှန်း သူတို့ ဘယ်လို ခွဲရမှာလဲ။

ပထမအဆင့် အင်အားစုတွေတောင် မိသားစုကြီး ရှစ်ခုနဲ့ အတူတူ ပူးပေါင်းလုပ်ကိုင်ဖို့ အရည်အချင်း မပြည့်မှီပါဘူး။ ပြီးတော့ ရန်မိသားစု ဆိုတာ မိသားစုကြီး ရှစ်ခုရဲ့ ခေါင်းဆောင်ပါ၊

ဒီမှာ ရှိနေတဲ့ ရန်မိသားစုရဲ့ သခင်လေးက အနာဂတ်မှာ ရန်မိသားစု ခေါင်းဆောင် ဖြစ်လာနိုင်ချေ ရှိပါတယ်။ ထို့ကြောင့် ရန်မိသားစု သခင်လေးရဲ့ ခွန်အား နိမ့်ကျနေတဲ့အချိန်က သူနဲ့ မိတ်ဆွေဖွဲ့လို့ အကောင်းဆုံး အချိန်ပါပဲ။ သူနဲ့သာ မိတ်ဆွေဖွဲ့နိုင်ရင် သူတို့အနာဂတ် တွေက ပိုပြီး တောက်ပလာနိုင်ပါတယ်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဘယ်သူက ရန်စ စော်ကားချင်မှာလဲ။

ရှန်ချူနဲ့ နန်ရှန်း တို့နှစ်ယောက်စလုံး သူတို့ရဲ့ မောက်မာပြီး အထက်စီးဆန်တဲ့ ဟန်ပန်တွေကို ချက်ချင်းဆိုသလို ပြောင်းလဲလိုက်ကြတယ်။ ထို့နောက် အာရုံစူးစိုက်မှု အပြည့်နဲ့ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ကြတယ်။

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေကတော့ ရန်ကိုင်ကို အံ့အားသင့်မှု၊ မျှော်လင့်မှုအစုံတို့ဖြင့် ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ လှမ်းကြည့်လိုက်တယ်။ သူ့နာမည်၊ အရည်အချင်းတွေနဲ့ ဆက်စပ်ကြည့်မယ် ဆိုရင် ရန်ကိုင်ဆိုတာ ရန်မိသားစုက သခင်လေးမှန်း သူတို့ အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် ခန့်မှန်းခြေပဲ ရှိပါသေးတယ်။ အမှန်လို့ ယူဆလို့ မရသေးပါဘူး။ ရန်ကိုင်ကိုလည်း တိုက်ရိုက်ကြီး သွားမေးလို့ အဆင်မပြေတဲ့အတွက် ခန့်မှန်းနိုင်ရုံပဲ တတ်နိုင်ခဲ့ပါတယ်။

ရန်ကိုင် မျက်နှာကတော့ အခု အဖြစ်အပျက်တွေ တစ်ခုလုံးက သူနဲ့ ဘာမှ မသက်ဆိုင်သည့် အမူအရာနဲ့ပါ။ ထို့ကြောင့် ရန်ကိုင်က အားလုံးထဲမှာ သံသယဝင်စရာ အကောင်းဆုံး ဖြစ်လာခဲ့တယ်။

ရှန်ချူက အားတင်းပြုံးလိုက်ပြီး လူအုပ်ကြီးဆီ လှည့်လိုက်ကာ လက်သီးဆုပ်ရင်း “ဘယ်သူက သခင်လေးရန်ပါလဲခင်ဗျ”

ရန်ကိုင်ရဲ့ နာမည်ကို သူမသိတာ မဟုတ်ပါ။ အဲ့အစား ရန်ကိုင်ကို ရန်မိသားစုရဲ့ သခင်လေးလို့ သူမယူဆရဲတာပါ။ ရန်မိသားစုရဲ့ သခင်လေးက သူ့အဖွဲ့သားတွေထဲက တစ်ယောက် ဖြစ်ပါစေလို့ပဲ ရှန်ချူ တိတ်တဆိတ် ဆုတောင်းနေခဲ့တယ်။

ရှန်ချူက မေးသာမေးလိုက်ပေမယ့် ဘယ်သူကမှ ပြန်မဖြေခဲ့ပါဘူး။

ရန်ကိုင်က တစ်ခဏလောက် အံ့အားသင့်သွားခဲ့ပြီး ခြောက်ကပ်ကပ်နဲ့ ရယ်မောလိုက်ပါတော့တယ်။

ဟား ဟား ဟား ဟား …

ချက်ချင်းဆိုသလို အားလုံးရဲ့ အကြည့်က ရန်ကိုင်ဆီ ရောက်သွားခဲ့တယ်။ အားလုံးရဲ့ အကြည့်အောက်မှာပဲ ရန်ကိုင်ခေါင်းထက် ဝဲနေတဲ့ နဂါးနက်က သူ့ကိုယ်ထဲ ပြန်ဝင်သွားခဲ့တယ်။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ မီတာ၁၀၀ ရှည်လျားတဲ့ နဂါးနက်ကြီးက ရန်ကိုင်ကိုယ်ထဲ တိုးဝင်ပျောက်ကွယ် သွားခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ကောင်းကင်ကို တုန်လှုပ်သွားစေနိုင်တဲ့ မိစ္ဆာချီတွေ ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်လည်း သာမန် အစစ်အမှန်ဒြပ်စင်အဆင့်၆ ကျင့်ကြံသူ တစ်ယောက်အဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့တယ်။

ရှန်နဲ့ နန်မိသားစု နှစ်ခုစလုံး စူးပေါ် ဖင်ခုထိုင်နေရသလို ဖြစ်လာခဲ့တယ်။

ရန်ကိုင်က တိုက်ခိုက်တော့မယ့်ဟန် မပြပဲ လက်လျှော့တဲ့ ပုံစံလုပ်လိုက်တာက သူတို့ကို စိတ်သက်သာရာ မရစေရုံမက ပိုပြီးတော့ စိုးရိမ်သွားစေခဲ့ပါတယ်။

ကောင်းကင်ထက် ဝဲနေတဲ့ ရွှေရောင်ငွေသွေး သိမ်းငှက်ကို မော့ကြည့်လိုက်ရင်း ရန်ကိုင် မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။

ထို့နောက် သူ့လက်ချောင်းကို နှုတ်ခမ်းနားတေ့ပြီး လေချွန်လိုက်တယ်။

အမိန့်ရလိုက်သည့်အလား ကောင်းကင်ထက် ဝဲနေသည့် ရွှေရောင်ငွေသွေး သိမ်းငှက်က ချက်ချင်းဆိုသလို မြေကြီးထက် ထိုးဆင်းလာခဲ့တယ်။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ ရွှေရောင်သိမ်းငှက်က လူအုပ်ကြီးခေါင်းထက် ရောက်ရှိလာခဲ့တယ်။ သိမ်းငှက်ရဲ့ တောက်ပပြီး စူးရှတဲ့ မျက်ဝန်းအစုံက နန်မိသားစု သုံးယောက်အတွဲကို မုန်းတီးမှု အပြည့်နဲ့ စိုက်ကြည့်လိုက်ကာ ရန်ကိုင်ပုခုံးထက် သတိအပြည့်နဲ့ ဆင်းသက်လာခဲ့တယ်။

ထို့နောက် သူ့အတောင်ပံကို ဖြန့်လိုက်ပြီး ရွှေရောင်ငွေသွေး သိမ်းငှက်က နန်မိသားစုက သုံးယောက်အတွဲကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်တယ်။

ရှန်မိသားစုနဲ့ နန်မိသားစု လူတွေ အကုန်လုံး ဖြူလျော်သွားခဲ့ကြတယ်။ ရှန်ချူက ရန်ကိုင်ကို ကြက်သေသေသေပြီး ငေးကြောင် ကြည့်နေခဲ့တယ်။ သူမြင်နေရတာ တွေက အမှန်တွေ ဆိုတာကို ရှန်ချူ မယုံနိုင်အောင် ဖြစ်နေခဲ့တယ်။

ရန်မိသားစုရဲ့ အမှတ်သညာ ဖြစ်တဲ့ ရွှေရောင်ငွေသွေးသိမ်းငှက်က ရန်ကိုင် ပုခုံးထက် ဆင်းသက်လိုက်တာနဲ့ ရန်မိသားစုရဲ့ သခင်လေးက ဘယ်သူဆိုတာ အားလုံး ရှင်းရှင်းလင်းလင်း သိသွားခဲ့ပါပြီ။

ဟူညီအစ်မ နှစ်ယောက်လည်း ရန်ကိုင်ကို ငေးကြောင်ပြီး ကြည့်နေလိုက်တယ်။ ရန်ကိုင်က ရုတ်တရက် လူစိမ်းတစ်ယောက် ဖြစ်သွားသလို သူမတို့ ခံစားလိုက်ရတယ်။

မိုးကြိုးအလင်းဂိုဏ်းက ရှဲ့ရုန်နဲ့ သက်တန့်နန်းတော်က လီဖူတို့လည်း မြေကြီးပေါ် ပြိုလဲကျသွားခဲ့ရလေပြီ။ နှစ်ယောက်စလုံးက ရှန်ချူရဲ့ အားကိုးရတဲ့ နောက်လိုက်တွေ ဖြစ်လာဖို့အတွက် ရန်ကိုင်ကို လှောင်ပြောင်၊ ရန်စ၊ အရှက်ရအောင် လုပ်ခဲ့ရုံမက သူ့ကို သတ်ဖို့တောင် လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ ရန်စလိုက်တဲ့လူက ရှန်ချူတောင် ရန်မစရဲတဲ့လူ ဖြစ်နေခဲ့တယ်။

မျက်လုံးသာ ရှိပေမယ့် မမြင်နိုင်ခဲ့တဲ့ သူတို့ရဲ့ ဘဝပါ။

သူတို့ နှစ်ဂိုဏ်းစလုံးက တော်တော်လေး ခံစားခဲ့ရပြီးပါပြီ။ ဂိုဏ်းက အကြီးအကဲ နှစ်ယောက်နဲ့ တပည့်တော်တော် များများ ရန်ကိုင် လက်မှာ သေဆုံးခဲ့ရမက ကျန်ရှိနေတဲ့ တပည့်တော်တော် များများကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြပါတယ်။ ရန်ကိုင်ကို လက်စား ပြန်ချေနိုင်ဖို့အတွက် သူတို့ရဲ့ မျှော်လင့်ချက် အားလုံးကို ရှန်ချူပေါ် စုပုံးထားခဲ့တာပါ။ ရန်ကိုင်ကိုလည်း လက်စားချေနိုင်၊ အနာဂတ်အတွက် သစ်ပင်ကြီးဖြစ်တဲ့ ရှန်မိသားစုရဲ့ အကာအကွယ်ကိုလည်း အကြံနဲ့ပေါ၊ ဒါပေမယ့် အခုတော့…

သူတို့ရဲ့ အားစိုက်ထုတ်မှုအားလုံးက အချည်းနှီး ဖြစ်သွားခဲ့ရပါပြီ. လက်စားကို မေ့လိုက်ဦး။ ဒီကနေ အသက်နဲ့ကိုယ် တွဲရက်လေး ထက်သွားနိုင်ရင်တောင် သူတို့အနေနဲ့ တော်တော်လေး ကံကောင်းနေပြီလို့ ပြောလို့ ရနေပါပြီ။

ထို့ကြောင့် ရန်ကိုင်က သူ့ကို ရန်စလိုက်လို့ ပေးဆပ်ရမယ့် တန်ဖိုးကို သူတို့ မတတ်နိုင်ဘူးလို့ ပြောခဲ့တာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူး။

သူတို့ တကယ်ပဲ မတတ်နိုင်ပါဘူး။

“သခင်လေးရန်” ရှန်ချူက ရန်ကိုင်ကို တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ကြည့်လိုက်တယ်။ သူ့ကျောပြင် တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့ပေမယ့် အလွန်အမင်း ဆန္ဒမရှိပေမယ့် မမေးလို့လည်း ရမှမရတာကိုး။

နန်ရှန်းက သူ့ပါးစပ်ကို ဟလိုက်ပေမယ့် စကားတစ်လုံးမှ ထွက်မလာခဲ့ပါဘူး။ အခု သူလုံးဝကို နောင်တရနေခဲ့ပါပြီ။

အမှန်တကယ် ပြောရမယ်ဆို ဒီကိစ္စက သူနဲ့ ဘာမှ မဆိုင်ပါဘူး။ နန်မိသားစုဆီ ပြန်နေရင်း ရှန်ချူ မပြန်သေးတာကို တွေ့လို့ တစ်ချက်သွား ကြည့်လိုက်တာပါ။ မိန်းကလေးနှစ်ယောက်နဲ့ ရှန်ချူ တိုက်ပတ်နေတာကို မြင်တော့ သူက သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ ဝင်ကူပေးလိုက်မိတာပါ။ ဒါပေမယ့် အခုတော့ ဓါးခုတ်ရာ လက်ဝင်လျှိမိလို့ သူပါ ဒုက္ခများသွားရပါပြီ။

အခုလို ဖြစ်မယ်မှန်း အစကတည်းကသာ သိခဲ့မယ်ဆိုရင် တစ်ချက်ကလေးတောင် မနားပဲ ချက်ချင်း နန်မိသားစုဆီ တန်းပြန်သွားမိမှာပါ။ ဒါပေမယ့် နောင်တအတွက် ကုသစရာ ဆေးရှိမနေခဲ့ပါဘူး။

ရှန်ချူခေါ်တာကို ကြားလိုက်ပေမယ့် ရန်ကိုင်က တစ်ချက်ကလေးသာ လှည့်ကြည့်လိုက်ပါတယ်။ ပြီးတာနဲ့ ရွှေရောင်ငွေသွေးသိမ်းငှက်ရဲ့ တောင်ပံတွေကိုသာ ပြန်ပြီး စူးစိုက်ကြည့်နေခဲ့တယ်။

ထိုပျံသန်းနိုင်တဲ့ အဆင့်ငါးသားရဲက တော်တော်လေး ထူးခြားပါတယ်။ သူ့ရဲ့ အတောင်ပံတွေက ရွှေရောင်တောက်နေပြီး ကြီးကျယ်မြင့်မြတ်တဲ့ အသွင်းအပြင်ကို ပေးစွမ်းနေခဲ့တယ်။ ထိုငှက်က ရန်မိသားစုမှာ ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီးဖြစ်ပြီး မွေးကတည်းက သေချာပြုစု ပျိုးထောင်လာခံခဲ့ရတာပါ။

အမွှေးအတောင် တစ်ချောင်းချင်းစီက ဓါးသွားတစ်ချောင်း ထက်ရှပြီး မြေကမ္ဘာအလယ်အလတ်အဆင့် လက်နက်တစ်ခုရဲ့ ထက်ရှမာကျောမှုအောက် မနိမ့်ကျပါဘူး။ သူ့ရဲ့ ကွေးနေတဲ့ နှုတ်သီးနှင့် သင်တုန်းဓါးလို ထက်ရှတဲ့ လက်သည်းတွေနဲ့ ဆိုရင် သာမန်အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။

အနည်းဆုံးတော့ အစစ်အမှန်ဒြပ်စင်အဆင့်၇ ကျင့်ကြံသူ တစ်ယောက်ပဲ ထိုသိမ်းငှက်ကို အနိုင်ယူနိုင်ပါလိမ့်မယ်။

ရန်ကိုင်က ပြန်မထူးခဲ့ပေမယ့် ရှန်ချူက မကျေနပ်သည့် အရိပ်အယောင် နည်းနည်းလေးတောင် မပြရဲခဲ့ပါဘူး။ သူမကျေနပ်ဘူး ဆိုရင်တောင် ထိုနေရာမှာပဲ လက်သီးဆုပ် ခေါင်းလေးငုံရင်း မတ်တပ်ရပ်နေခဲ့ပါတယ်။

နန်ရှန်းရဲ့ မျက်နှာက ဖြူရာမှ နီသွားခဲ့ပြီး တုန်တုန်ရီရီနဲ့ ပြောလိုက်တယ် “သခင်လေးရန်၊ ဒီနန်က မျက်စိရှိပေမယ့် မမြင်နိုင်ခဲ့ပါဘူး။ အခု ကိစ္စတွေအားလုံးက ဒီနန် နားလည်မှု လွဲသွားတာကြောင့်ပါ။ သခင်လေးရန် အနေနဲ့ ဒီကိစ္စကို စိတ်ထဲမထားဖို့ ဒီနိမ့်ကျတဲ့လူက တောင်းဆိုပါတယ်”

နန်ရှန်း ပြုမူပုံကိုကြည်ပြီး ဟူကျောင်းအားလည်း ရယ်မောမိလိုက်တယ်။ ဒုတိယအဆင့် အင်အားစုက တပည့်တွေ ရှေ့မှာတုန်းက ထိုကောင်က သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးလို ပြုမူနေခဲ့တာပါ။ ဒါပေမယ့် အခု ရန်မိသားစုလို မဟာအင်အားစုကြီးနဲ့ တွေ့လိုက်ရတဲ့ အခါမှာတော့ ရန်ကိုင်ရဲ့ ခွင့်လွှတ်ပေးမှုကို ကြောက်ကြောက်လန့်လန့်နဲ့ တောင်းဆိုနေရပါတယ်။

နန်ရှန်းရဲ့ ပြောင်းလဲသွားတဲ့ အမူအရာကို ကြည့်ရင်း သူ့နေရာမှာ အခြားလူတစ်ယောက် အစားထိုသွားတာလားဆိုးပြီး လူတော်တော်များများ တွေးမိလိုက်ကြတယ်။

ဟူကျောင်းအာရဲ့ ရယ်မောသံကို ကြားလိုက်တာနဲ့ သူ့မျက်နှာ တစ်ခုလုံး ရှုံ့မဲ့သွားခဲ့တယ်။ ဒါပေမယ့် အားတင်းကာ အပြုံးဆိုးကြီး တစ်ခုကို ဆင်မြန်းရင်း အလျင်စလို ပြန်ပြောလိုက်တယ် “မိန်းမပျိုလေးကို ဒီနန် ရန်စစော်ကားမိခဲ့တာများရှိရင် အပြစ်မယူပေးဖို့ တောင်းပန်ပါတယ်”

“ဟွန့်” ဟူကျောင်းအာက နန်ရှန်းကို နည်းနည်းလေးတောင် မျက်နှာသာ မပေးပဲ နှာခေါင်းရှုံ့လိုက်တယ်။ ထိုကောင် စိတ်ရင်းနဲ့ တောင်းပန်နေတာ မဟုတ်မှန်း သူမသိတာပေါ့။

ရှန်မိသားစုနဲ့ နန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ လေးယောက်လည်း အားတင်းပြုံးရင် လက်သီးဆုပ်ကာ လေးလေးစားစားနဲ့ “သခင်လေးရန်၊ ကျုပ်တို့ရဲ့ အစောပိုင်းတုန်းက ရိုင်းပြမှုကို သဘောထားကြီးကြီးနဲ့ ခွှင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

ရန်ကိုင်က မောပန်းတဲ့ပုံစံနဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီး ထိုလသူတွေကို စိုက်ကြည့်လိုက်ကာ မထူးခြားနားသည့် အမူအရာကို ဆင်မြန်းရင်း ပြုံးလိုက်ကာ “မသိနားမလည်တဲ့ လူတွေကို ငါအပြစ်မတင်ပါဘူး”

ရန်ကိုင် ထိုစကား ပြောတာကို ကြားလိုက်တော့မှပဲ ရှန်မိသားစုနဲ့ ချူမိသားစုတွေ အားလုံး သက်ပြင်း ချနိုင်တော့တယ်။

ရန်ကိုင်က ထိုကိစ္စကို နဲ့ပက်သက်ပြီး အခဲမကြေ ဖြစ်မနေသရွေ့ အားလုံး အဆင်ပြေပါတယ်။ ရန်မိသားစုရဲ့ အမွေခံတိုက်ပွဲကြီး စဖို့ကလည်း သိပ်မလိုတော့ပါဘူး။ အမွေခံစစ်ပွဲ စတဲ့အခါကျ ရန်ကိုင် အနေနဲ့ အမျိုးမျိုးသော အင်အားစုတွေကို စုစည်းပြီး သူ့နဲ့ ကူတိုက်ခိုင်းရမှာပါ။ အခုလိုမျိုး ဖြစ်သွားတော့ နှစ်ဖက်စလုံးအတွက် ကောင်းသွားတာပေါ့။

တကယ်တော့ ရှန်မိသားစုနဲ့ နန်မိသားစု နှစ်ခုစလုံးက ပထမအဆင့် အင်အားစုတွေပါ၊ ရန်ကိုင်သာ ဆန္ဒရှိနေသရွေ့ အမွေအနှစ်တိုက်ပွဲကို သူကျိန်းသေအနိုင်ရမှာပါ။ စကားပုံတစ်ခုတောင် ရှိသေးတယ်လေ… ထာဝရရန်သူဆိုတာ မရှိဘူး၊ ထာဝရ အကျိုးအမြတ်ပဲ ရှိတယ်တဲ့။ ဒီနေ့ ရန်ကိုင်က အရမ်းကြီး ခံစားခဲ့ရတာလည်း မဟုတ်ပါဘူး။ အမွေခံတိုက်ပွဲကလည်း ရှိနေသေးတော့ ထိုကိစ္စကို လျစ်လျူ ရှုပေးလိုက်တာ သဘာဝကျပါတယ်။

သူတို့သာ ကောင်းကောင်း မွန်မွန်ပြုမူခဲ့ရင် ဒီကနေ့ ရန်ကိုင်နဲ့ မိတ်ဆွေ့ဖွဲ့ရင်တောင် ဖွဲ့နိုင်လိမ့်မှာပါ။

ထိုကဲ့သို့ တွေးတော စဉ်းစားရင်း ရှန်ချူနဲ့ နန်ရှန်းတို့ရဲ့ သုန်မှုန်နေတဲ့ မျက်နှာတွေက ရွှင်ပြလာခဲ့တယ်။

သူတို့ ထိုကဲ့သို့ စဉ်းစားနေတုန်းမှာပဲ ရန်ကိုင် ပုခုံးထက် နားနေသည့် ရွှေရောင်သိမ်းငှက်က စူးစူးရှရှ အော်ဟစ်လိုက်ပြီး တောင်ပံကို ဖြန့်ကာ ချက်ချင်းဆိုသလို ကောင်းကင်ပေါ် ပျံပြေးတက်သွားခဲ့တယ်။

“ဘာဖြစ်တာလဲ” ရှန်ချူက စိတ်ရှုပ်ထွေးစွာနဲ့ ရန်ကိုင်ကို လှမ်းကြည့်လိုက်တယ်။ အားလုံးလည်း ရှန်ချူလို စိတ်ရှုပ်နေခဲ့ကြတယ်။

အားလုံးကို ရန်ကိုင်ကို လှမ်းကြည့်လိုက်တဲ့အချိန် ရန်ကိုင်က ရွှေရောင်ငှက်တောင်မွှေး နှစ်ချောင်း ကိုင်ထားတာကို သူတို့ တွေ့လိုက်ရတယ်။ ထိုရွှေရောင်ငှက်တောင်မွှေးတွေက ရွှေရောင်ငွေသွေး သိမ်းငှက်ဆီကနေ ဆွဲနှုတ်ထားတာ အသိသာကြီးပါ။

သိမ်းငှက် ပျံပြေးတာလည်း မထူးဆန်းတော့ပါဘူး။

ငှက်မွှေးနှစ်ချောင်းကို နှုတ်ပြီးတာနဲ့ တစ်ချက်ကလေးတောင် မကြည့်ပဲ အောက်ပစ်ချလိုက်တယ်။

“သခင်လေးရန်၊ မင်းဘာလုပ်ချင်တာလဲ” နန်ရှန်းက မြူဆိုင်းနေတဲ့ မျက်နှာနဲ့ ရန်ကိုင်ကို သတိထားကြည့်ရင်း မေးလိုက်တယ်။

ရွှေရောင်ငွေသွေး သိမ်းငှက်က မြင့်မြတ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ သိမ်းငှက်တစ်ကောင်ပါ။ ထိုသိမ်းငှက် အရမ်းကို အဖိုးတန်ပါတယ်။ ထိုသိမ်းငှက်က ရန်ကိုင် အသက်ကို ကယ်တင်ပေးခဲ့တဲ့ အသက်ကယ် ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။ သိမ်းငှက်ကို မကြိုက်ရင်တောင် အခုလိုမျိုး မလုပ်သင့်ပါဘူး။

သူဘာလုပ်ချင်နေတာလဲ နန်ရှန်း လုံးဝကို နားမလည်နိုင်ခဲ့ပါဘူး။

ပိုပြီး နက်နက်နဲနဲ တွေးတော စဉ်းစားနိုင်လွန်းသူကြီး ဖြစ်တဲ့ ရှန်ချူကတော့ ရန်ကိုင် လုပ်ရပ်ကိုကြည့်ပြီး မျက်မှောင် ကြုံ့မိလိုက်တယ်။

ထို့နောက် ရန်ကိုင် အောက်ပစ်ချလိုက်တဲ့ ရွှေရောင်ငှက်တောင်မွှေး နှစ်ခုကို ကြည့်ပြီး သူ့စိတ်ထဲ စိုးရိမ်စိတ်တို့ တိုးဝင်လာခဲ့တယ်။ ဒါပေမယ့် ရန်ကိုင် ဘာလုပ်ဖို့ ကြံနေတယ် ဆိုတာကို အဖြေမထုတ်ရသေးခင်မှာပဲ မိုးကုတ်စက်ဝိုင်းအောက်၌ ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့ပြီး သူတို့တွေ ရှိနေတဲ့နေရာဆီ မြန်ဆန်စွာ ပျံသန်းလာနေခဲ့တယ်။

သူတို့ ပျံသန်းနေတဲ့နှုန်းက အလွန်အမင်း မြန်ဆန်သလို သူတို့ဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါကလည်း ကြောက်မက်ဖွယ် ကောင်းလှပါတယ်။ နှစ်ယောက်စလုံးက ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားတယ် ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့တင် တန်းသိနိုင်ပါတယ်။

သူတို့ကြား မီတာတစ်ထောင်လောက် ခြားနေပေမယ့် ထိုနှစ်ယောက်က သူတို့ဆီ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့တယ်။

အသစ်ရောက်လာတဲ့ လူနှစ်ယောက်ထဲမှာ တစ်ယောက်က ယောကျာ်းဖြစ်ပြီး တစ်ယောက်က မိန်းမပါ။ ယောကျ်ားက ရှိန်လောက်တဲ့ ပုံစံနဲ့ အေးစက်စက် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပါတယ်။ သူ့မျက်နှာတစ်လျှောက်ကို ကန့်လန့်ဖြတ်ထားတဲ့ အမာရွတ်ကြီးနဲ့ပါ ဆိုတော့ သူ့ပုံစံက တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ အတွေ့အကြုံ ရင်ကျက်နေတဲ့ စစ်သည်တော် တစ်ယောက်နဲ့ ပိုတူနေခဲ့တယ်။

မိန်းမကတော့ မြင့်မြတ်တဲ့ အသွင်အပြင်နဲ့ တင့်တယ်ကြော့မော့သော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားခဲ့ကာ သူမ အသက်ဘယ်လောက် ရှိနေပြီလဲ ဆိုတာကို ပြောရခက်ပါတယ်။

သူမက ကျော့ရှင်းတည်ကြည်ပြီး လှပတဲ့ မိန်းမတစ်ယောက်ပါ။ စူးရှတဲ့ အလင်းတို့ဖြင့် ပြည့်နေသည့် ထက်ရှတဲ့ မျက်ဝန်းတစ်စုံကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့ ပြီးပြည့်စုံတဲ့ မျက်နှာထက် ပျော်ရွှင်သည့် အရိပ်အယောင် နည်းနည်းလေးတောင် မတွေ့ရပဲ မျက်နှာတစ်ခုလုံးက ဘယ်သူ့ကိုမှ ဂရုမစိုက်ဟန်ရသည့် အေးစက်မှုတွေနဲ့သာ ပြည့်နေခဲ့တယ်။

နှစ်ယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေပါ။ သူတို့ဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါနဲ့တင် ထိုနှစ်ယောက်က ရှန်နဲ့နန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူတွေထက် ပိုသန်မာတယ် ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။

အားလုံးက ထိုနှစ်ယောက်ကို မြင်လိုက်တာနဲ့ ချက်ချင်းဆိုသလို နန်နဲ့ ရှန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ လေးယောက်နဲ့ ယှဉ်ကြည့်လိုက်တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အားလုံးစိတ်ထဲ တူညီတဲ့ အဖြေတစ်ခု ထွက်လာခဲ့ပါတယ်။ လူအိုကြီးလေးယောက်ထဲက ဘယ်သူမှ ထိုနှစ်ယောက်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။

ရန်မိသားစုရဲ့ ရွှေရောင်ငွေသွေး သိမ်းငှက်နောက်ကို ရန်မိသားစုက ပညာရှင်တွေ လိုက်သွားလေ့ ရှိပါတယ်။ အဲ့လိုမှပဲ ရန်မိသားစုရဲ့ သခင်လေးကို တွေ့တာနဲ့ ရန်မိသားစုဆီ လုံလုံခြုံခြုံနဲ့ ပြန်ခေါ်သွားနိုင်မှာကိုး။

ထိုအသစ်ရောက်လာတဲ့ နှစ်ယောက်က ရွှေရောင်ငွေသွေး သိမ်းငှက်နောက်ဆီ လိုက်လာတဲ့ လူတွေပါ။

နှစ်ယောက်စလုံး ခါးထက် “ရန်”ဆိုတဲ့ သွေးနီရောင် စကားလုံး ရေးထွင်းထားတဲ့ ကျောက်စိမ်းပြား တစ်ခုကို ချိတ်ဆွဲထားကြတယ်။

“ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေလား” ဖန်လောင်က အံ့အားသင့်စွာနဲ့ အော်ဟစ်မိလိုက်တယ်။

ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေ ဆိုတာက ရန်မိသားစုကို မျိုးဆက်များစွာကြာအောင် အမှုထမ်းလာတဲ့ လူတွေ ဖြစ်ကြသလို ရန်မိသားစုရဲ့ အယုံကြည်ရဆုံး အမှုထမ်းတွေဆိုလည်း မမှားကြပါဘူး။ တစ်ယောက်ချင်းစီက မြင့်မားတဲ့ ပါရမီကို ပိုင်ဆိုင်ထားကြပြီး ရန်မိသားစုက အရင်းများစွာ သုံးပြီး ထိုသွေးစစ်သည်တော်တွေကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးလာခဲ့တာပါ။

သူတို့ရဲ့ သွေးမျိုးဆက်က ရန်မိသားစုရဲ့ သခင်လေး၊ သခင်မလေးတွေလောက် မမြင့်မြတ်ပေမယ့် သူတို့ရဲ့ အဆင့်အတန်းနဲ့ အရေးပါမှုက တိုက်ရိုက်မျိုးဆက်တွေအောက် မနိမ့်ကျပါဘူး။

တစ်ချိန်တုန်းက သွေးစစ်သည်တော် တစ်ယောက် ဖြစ်ခဲ့ပြီး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်သွားနိုင်လို့ မဟာအကြီးအကဲ ဖြစ်သွားတဲ့ ရန်မိသားစုဝင် တစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ ရန်မိသားစုက ထိုထူကို လေးစားရတဲ့ ကာကွယ်သူတစ်ယောက် အနေနဲ့ ဆက်ဆံနေရပါပြီ။ တိုက်ရိုက်မျိုးဆက်တွေက ထိုလူကို တွေ့ရင်တောင် ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်ရမှာပါ။

ရန်မိသားစုရဲ့ သွေးစစ်သည်တော် တစ်ယောက်ချင်းစီက အားကောင်းလှတဲ့ တိုက်ပွဲစွမ်းရည်ကို ရည်ညွှန်းပါတယ်။ ပြီးတော့ အားလုံးက သူတို့ထက် အဆင့်တစ်ဆင့်မြင့်တဲ့ သာမန်ကျင့်ကြံသူတွေကို ယှဉ်ပြိုင်တိုက်ခိုက် နိုင်ကြပါတယ်။ အဆင့်တူမှာ ဆိုရင် သူတို့တွေက ပြိုင်ဘက်ကင်းတယ်လို့တောင် ဆိုနိုင်ပါတယ်။

အရေးအကြီးဆုံးကတော့ သူတို့ရဲ့ သေသည်အထိ သစ္စာရှိမှဒပါ၊ ရန်မိသားစု အတွက်ဆို သူတို့အသက်ကို ပေးရမယ်ဆိုရင်တောင် ဝန်လေးနေမယ့် လူတွေ မဟုတ်ကြပါဘူး။

တကယ်တော့ ရန်မိသားစုရဲ့ တည်ရှိမှုက အားလုံးထက် ပိုပြီး အရေးကြီးတယ် ဆိုတဲ့ အယူဝါဒကို သူတို့တွေရဲ့ ခေါင်းထဲ ဟိုးငယ်ငယ်လေးကတည်းက ရိုက်သွင်းပေးလာခဲ့တာပါ။ ထိုစစ်သည်တော်တွေကို ပြုစုပျိုးထောင် ပေးဖို့အတွက်နဲ့ ရန်မိသားစုက တော်တော်လေး ကုန်ကျခဲ့ရပါသေးတယ်။

Martial Peak

အပိုင်း (၃၆၄) သိမ်းငှက်လေးကို ထိခိုက်အောင်လုပ်လို့ အပြစ်ပေးတာလေးပဲ ရှိသေးတယ်

ရွှေရောင်ငွေသွေး သိမ်းငှက်က ရန်မိသားစုက ဟုတ်၊ မဟုတ် ဆိုတာကို အနည်းငယ် သံသယ ရှိနေသေးတယ် ဆိုပေမယ့် ထိုသွေးစစ်သည်တော် နှစ်ယောက်ကို မြင်လိုက်တာနဲ့ သူတို့စိတ်ထဲ သံသယ နည်းနည်းလေးတောင် မရှိတော့ပါဘူး။

ထိုရွှေရောင်ငွေသွေးသိမ်းငှက် ရန်မိသားစုက ဆိုတာ သေချာသွားပြီ ဖြစ်သလို ရန်ကိုင်ကလည်း ရန်မိသားစုရဲ့ သခင်လေးဆိုတာလည်း သေချာသွားခဲ့ပါပြီ။

“ရန်မိသားစုရဲ့ သခင်လေး ဘယ်မှာလဲ” သက်လတ်ပိုင်း လူကြီးရဲ့ သိမ်းငှက်မျက်ဝန်းတွေလို ထက်ရှတဲ့ မျက်ဝန်းအစုံက လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။ ရှန်နဲ့နန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို မြင်တာတောင် သူ့အမူအရာက နည်းနည်းလေးတောင် မပြောင်းလဲသွားခဲ့ပါဘူး။

သူထိုမေးခွန်းကို မေးလိုက်တာနဲ့ အမျိုးသမီး သွေးစစ်သည်တော်လည်း လူအုပ်ကြီး ဝေ့ကြည့်လိုက်ပြီး ရန်မိသားစုရဲ့ သခင်လေးကို ရှာဖွေလိုက်တယ်။

အားလုံးရဲ့ အကြည့်တွေက ရန်ကိုင် အပေါ်ကို ရောက်ရှိသွားခဲ့တယ်။

သွေးစစ်သည်တော် နှစ်ယောက်ရဲ့ အကြည့်ကလည်း ရန်ကိုင်ဆီ ရောက်ရှိသွားခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ရဲ့ မျက်နှာ၊ သူ့ရဲ့ အသက်နဲ့ ကျင့်ကြံခြင်းအဆင့်ကို မြင်ပြီးနောက် သူတို့ မျက်နှာထက် သံသယ အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။

သွေးစစ်တော်တွေ ဖြစ်တာနဲ့အညီ သူတို့ နှစ်ယောက်စလုံး ရန်မိသားစုရဲ့ သခင်လေးတွေနဲ့ တွေ့ခဲ့ဖူးပါတယ်။ ထို့ကြောင့် သူတို့ အနေနဲ့ ရန်မိသားစုရဲ့ သခင်လေးတွေနဲ့ အရမ်းကြီး မဆက်ဆံဖူးဘူး ဆိုရင်တောင် သူတို့ရဲ့ ပုံပန်းသွင်ပြင်ကိုတော့ မှတ်မိနိုင်ပါသေးတယ်။

နှစ်ယောက်စလုံးက သိမ်းငှက်နောက် လိုက်လာပြီး ရန်မိသားစုရဲ့ သခင်လေး ရှိနေတဲ့ နေရာကို ရောက်တာနဲ့ သူတို့ သခင်လေးရဲ့ မျက်နှာကိုကြည့်ပြီး ထိုသခင်လေးက ဘယ်သခင်လေးလဲ ဆိုတာကို ချက်ချင်း တန်းခန့်မှန်းနိုင်လိမ့်မယ်လို့ ထင်မှတ်ထားခဲ့ကြတာပါ။

ဒါပေမယ့် ရန်ကိုင်ကို မြင်လိုက်သော်လည်း သူတို့ နှစ်ယောက်စလုံး သူ့ကို မမှတ်မိခဲ့ကြပါဘူး။

ရန်မိသားစုက အတွေ့အကြုံရှာဖို့ လွှတ်လိုက်တဲ့ ဒီတစ်ခေါက် သခင်လေးတွေထဲမှာ ဒီလောက်အထိ အသက်ငယ်တဲ့ သခင်လေး ရှိလို့လား။ ပြီးတော့ သူ့ပုံစံကိုလည်း သူတို့ နှစ်ယောက်စလုံး မရင်းနှီးကြပါဘူး။

ရန်ကိုင် ဘယ်သူ၊ ဘယ်ဝါကို သူတို့ သံသယရှိတယ် ဆိုတာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ ဘာလို့လဲဆိုတော့ ရန်ကိုင် အိမ်ကနေ ထွက်လာတုန်းက သူ့အသက်က ၁၂နှစ်ပဲ ရှိသေးတာကိုး။ သူထွက်လာတဲ့ အချိန်တုန်းက ရန်ကိုင်က သာမန် သေမျိုးတစ်ယောက်နဲ့ ဘာမှ မခြားနားပါဘူး။ ဒါပေမယ့် အပြင်ကမ္ဘာ၌ ၅နှစ်လောက် ကျင်လည်ပြီးနောက် ရန်ကိုင် အသွင်အပြင်၊ အရှိန်အဝါ၊ စိတ်နေစိတ်၊ စရိုက်… အကုန်လုံး အပြောင်းကြီး ပြောင်းလဲသွားခဲ့ပါတယ်။

တစ်ခဏကြာပြီးမှပဲ အမျိုးသမီး သွေးစစ်သည်တော်က ရုတ်တရက်ကြီး ထိတ်လန့်တကြားနဲ့ အော်မေးလိုက်တယ် “သခင်ငယ်လေးလား”

သက်လတ်ပိုင်း လူကြီးရဲ့ မျက်ဝန်းအစုံလည်း မှေးကျဉ်းသွားခဲ့တယ်။ သူ့နှလုံးသား တစ်ခုလုံး ထိတ်လန့် တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

သခင်ငယ်လေးလား… ဒီတစ်ကြိမ် အပြင်ကမ္ဘာဆီ စေလွှတ်လိုက်တဲ့ ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တွေထဲမှာ ရန်မိသားစုရဲ့ အသက်အငယ်ဆုံး တိုက်ရိုက် မျိုးဆက် တစ်ယောက်ဖြစ်တဲ့ တတိယသခင်ကြီးရဲ့ သားလည်း ပါပါတယ်။ ဒါပေမယ့်… တတိယသခင်ကြီးရဲ့ သားက မွေးကတည်း ကျင့်ကြံလို့ မရဘူးဆို။

ရန်မိသားစုက ထွက်လာတုန်းက သခင်ငယ်လေးကို တွေ့ရင် သေသေချာချာ ဂရုစိုက်ပြီး ပြန်ခေါ်လာဖို့ သွေးစစ်သည်တော် တွေအားလုံးကို သတိပေးလိုက်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ ရန်မိသားစုရဲ့ သခင်ငယ်လေးက သာမန် သေမျိုး တစ်ယောက်တောင် မသန်မာလို့ပါပဲ။

ရန်မိသားစုရဲ့ ရန်သူတွေက နေရာအနှံ့မှာပါ။ ထို့ကြောင့် အခုအချိန်ကို အခွင့်ကောင်းယူပြီး ရန်မိသားစုရဲ့ သခင်လေးတွေကို လုပ်ကြံသတ်ဖြတ် နိုင်ပါတယ်။

ဒါပေမယ့် အခု သခင်ငယ်လေးကို သူတို့ တွေ့ခဲ့ပါပြီ။ ဒါပေမယ့် သူက သာမန်လူတစ်ယောက်တော့ ဟုတ်မနေခဲ့ပါဘူး။ ထိုလူငယ်လေးက အစစ်အမှန်ဒြပ်စင်အဆင့်၆ ကျင့်ကြံသူ တစ်ယောက်တောင် ဖြစ်နေခဲ့ပါပြီ။ ထိုကျင့်ကြံခြင်း အဆင့်က သူ့မျိုးဆက်တွေကြား အရမ်းကြီး မြင့်တယ်လို့ မပြောနိုင်သလို အရမ်းကြီး နိမ့်ကျတယ်လို့လည်း ပြောလို့ မရပါဘူး။

သက်လတ်ပိုင်းလူကြီးနဲ့ အမျိုးသမီးတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နောက် သူတို့ပုံရိပ်တွေက ဖျက်ခနဲလက်သွားခဲ့ကာ ရန်ကိုင်ရှေ့ ရောက်ရှိလာခဲ့တယ်။ ချက်ချင်းဆိုသလို မမြင်ရတဲ့ အရှိန်အဝါ တစ်ခုက ဘေးပတ်ဝန်းကျင်က လူတွေအားလုံးကို မီတာဒါဇင်ကျော်အထိ တွန်းထုတ်ပစ်လိုက်တယ်။

ရန်ကိုင်မိသားစုရဲ့ လွှမ်းမိုးခြယ်လှယ်လိုစိတ် ပြင်းထန်တဲ့ သဘောထားကို မြင်တွေ့နိုင်ပါတယ်။

ဟူညီအစ်မ နှစ်ယောက်လည်း မီတာဒါဇင်ကျော်လောက်အထိ ဆုတ်ခွါလိုက်ရတဲ့အတွက် စိတ်ပျက်ပျက်နဲ့ နှုတ်ခမ်းရှုံ့မိလိုက်တယ်။

“ငါ့ဘေးမှာ ရှိနေတဲ့ လူတွေအားလုံးက ငါ့မိတ်ဆွေတွေ ချည်းပဲ” ရန်ကိုင်က သူ့ရှေ့က လူနှစ်ယောက်ကို အသာအယာလေး ပြောလိုက်တယ်။

သက်လတ်ပိုင်းလူကြီးနဲ့ အမျိုးသမီးတို့ နှစ်ယောက်စလုံး မှုန်တေတေ အမူအရာကိုပဲ ဆက်လက် ဆင်မြန်းထားကြပြီး ရန်ကိုင် စကားတွေကို အတည်မယူခဲ့ပါဘူး။

သူ့ရဲ့ အဆင့်အတန်းကို အတည်မပြု ရသေးခင်အထိ သွေးစစ်သည်တော် နှစ်ယောက်က ရန်ကိုင်ကို ရိုသေလေးစား နေမှာ မဟုတ်ပါဘူး။

“မင်းက သခင်ငယ်လေးလား” သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုံ့ရင်း ရန်ကိုင်ကို လှမ်းမေးလိုက်တယ်။

ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး သူ့လက်ချောင်းထိပ်ကို အစစ်အမှန်ချီနဲ့ ဖောက်လိုက်တယ်။ ထိုလက်ချောင်းထိပ်ကနေ ချက်ချင်းဆိုသလို သွေးတွေ ထွက်လာခဲ့တယ်။

အမျိုးသမီးရဲ့ မျက်ဝန်းအစုံ လက်သွားခဲ့ပြီး ကျောက်စိမ်းတစ်ခုကို ခပ်မြန်မြန် ထုတ်ယူလိုက်ကာ ရန်ကိုင် လက်ချောင်းထိပ်က သွေးစက်တွေကို ထိုကျောက်စိမ်းနဲ့ ခံယူလိုက်တယ်။

သွေးစက်က ကျောက်စိမ်းပေါ် ကျသွားတာနဲ့ ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့တယ်။ သာမန်ပဲလို့ ထင်ရတဲ့ ထိုကျောက်စိမ်းက ရန်ကိုင် သွေးစက်ကို စုပ်ယူပြီးတာနဲ့ ချက်ချင်းဆိုသလို တောက်ပလာခဲ့တယ်။

ရန်မိသားစုက တိုက်ရိုက်မျိုးဆက် တစ်ယောက်ရဲ့ သွေးမှသာ ထိုကျောက်စိမ်းကို အခုလို လင်းလက်တောက်ပ စေနိုင်ပါတယ်။

အတည်ပြုပြီး သွားခဲ့ပါပြီ။

သက်လတ်ပိုင်း လူကြီးနဲ့ အမျိုးသမီးတို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်ကြပြီးနောက် လေးလေးစားစားနဲ့ ဒူထောက်လိုက်ပြီး “သွေးစစ်သည်တော် တုဖုန်း…”

“သွေးစစ်သည်တော် တန်ယုရှန်း”

“သခင်လေးကို လာရောက် ခေါ်ဆောင်တာပါ”

“ထတော့”

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ခပ်မြန်မြန်ပဲ မတ်တပ်ရပ်လိုက်ကြတယ်။ ဒီတစ်ကြိမ် ရန်ကိုင်ကို ကြည့်တဲ့ သူတို့ရဲ့ အကြည့်တွေက လေးစားသည့်၊ အသိအမှတ်ပြုသည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့တယ်။

ရန်မိသားစုက အစစ်အမှန်ဒြပ်စင်အဆင့်၆ ရောက်နေတဲ့ အခြားသခင်လေးတွေသာဆို သူတို့မျက်နှာတွေ အခုလို အမူအရာတွေနဲ့ ဖြစ်နေမှာ မဟုတ်ပါဘူး။

ဒါပေမယ့် သခင်ငယ်လေးကတော့ ကွဲပြားပါတယ်။

ထိုနှစ်တုန်းက ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တဲ့အတွက် သခင်လေး မွေးလာတဲ့ အချိန်၌ သူ့မှာ မွေးရာပါချို့တဲ့မှု တစ်ခု ပါလာခဲ့တယ်။ ထို့ကြောင့်ပဲ သခင်ငယ်လေးက မွေးကတည်းက မကျင့်ကြံနိုင်ခဲ့ပဲ ရန်မိသားစုမှာ ရှိနေတဲ့ ဆယ်နှစ်လုံးလုံးကို သာမန်လူတစ်ယောက် အနေနဲ့ ဖြတ်သန်း ကုန်ဆုံးခဲ့ရတာပါ။ ဒါပေမယ့် အခုအချိန်၌ ထိုသခင်လေးက အစစ်အမှန်ဒြပ်စင်အဆင့်၆ အထိ ကျင့်ကြံထားနိုင်ခဲ့ပါပြီ။

ငါးနှစ်အတွင်း ရန်မိသားစုရဲ့ အကူအညီမယူပဲ ကိုယ့်အားကိုယ်ကိုးပြီး အစစ်အမှန်ဒြပ်စင်အဆင့်၆ထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့တယ်လို့ ပြောနေတာနဲ့ အတူတူပါပဲ။

ထိုကျင့်ကြံနှုန်းကြောင့် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်တောင် ရန်ကိုင်ကို လေးစားမိချင်သွားခဲ့တယ်။ ဘယ်သူကများ ဒီသခင်ငယ်လေးကို နောက်တစ်ကြိမ် အထင်သေးရဲတော့မှာလဲ။

ပိုဆိုးတာက သခင်ငယ်လေးက အခုအချိန်၌ အရမ်းအန္တရာယ်များတဲ့ အခြေအနေထဲ ရောက်နေခဲ့တာပါ။ ဒီနေရာက တိမ်မိစ္ဆာနယ်မြေရဲ့ ရှေ့တန်းတိုက်ပွဲ နေရာပါ။ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက် အနေနဲ့ ဒီနေရာကို ဘာကိုယ်ရံတော်မှ မပါပဲ လာရဲတယ်ဆိုတော့ ရန်ကိုင့် သတ္တိက တကယ်ကို ချီးကျူးစရာပါပဲ။

ဒီတစ်ကြိမ် သူတို့တာဝန်က တော်တော်လေး ပျင်းစရာ ကောင်းနေလိမ့်မယ်လို့ ထင်မှတ်ထားခဲ့တာပါ။ ဒါပေမယ့် တွေ့တွေ့ချင်းမှာပဲ သခင်ငယ်လေးက သူတို့ကို အံ့အားသင့်စရာ အကြီးကြီး ပေးခဲ့ပါတယ်။

ရန်မိသားစုရဲ့ သခင်လေးတွေ အားလုံးက မယုံနိုင်စရာ ပါရမီရှင်တွေ ချည်းပါပဲ။ သူတို့တွေကို သာမန်လူတွေကို ကြည့်တဲ့ အမြင်နဲ့ သွားကြည့်လို့ မရပါဘူး။

လေးစားမှုအပြည့်နဲ့ ရန်ကိုင်ကို တစ်ခဏလောက် ကြာတဲ့အထိ စိုက်ကြည့်နေလိုက်တယ်။

ရန်ကိုင်ကို တစ်ခဏလောက် ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး “ဒီနေရာကို ဘယ်သူတာဝန် ယူထားတာလဲ”

ရှန်ချူ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး အလျင်စလို ရှေ့ထွက်လိုက်ပြီး အားတင်းပြုံးကာ လက်သီးဆုပ်လိုက်ရင်း “ဒီနေရာက ကျွန်တော်တို့ ရှန်မိသားစုရဲ့ စီမံကွပ်ကဲမှုအောက်မှာပါ စီနီယာ”

“ရှန်မိသားစု…” တုန်ဖုန်းက မျက်ခုံးပင့်လိုက်ပြီး အသာအယာလေး ခေါင်းညိတ်လိုက်ကာ “တိုက်ပွဲကြီးက လွန်ခဲ့တဲ့ ၂ရက်ကပဲ ပြီးဆုံးသွားခဲ့ပြီ။ နောက်ထပ် လုပ်စရာ ဘာမှ မရှိတော့ဘူးဆိုရင် ငါတို့ သခင်လေးနဲ့အတူ ထွက်သွားတော့မယ်။ မင်းမှာ ဖြေရှင်းစရာ ကိစ္စတွေ ရှိသေးလို့ ငါတို့ အကူအညီ လိုတယ်ဆိုရင် သခင်လေးဆီမှာ တောင်းဆိုလို့ရတယ်”

“ဂျူနီယာ မလုပ်ရဲပါဘူး” ရှန်ချူ အနေနဲ့ အခုအချိန်၌ တော်တော်လေး စိုးရိမ်ပူပန်နေတဲ့အတွက် ထိုရန်မိသားစုဝင်တွေကို မြန်နိုင်သမျှ မြန်မြန် ထွက်သွားစေချင်နေတာကို သူတို့ ဘယ်လိုလုပ်ပြီး ဆက်နေခိုင်း ချင်ပါတော့မလဲ။ “ဒီမှာ ဖြေရှင်းစရာ ကိစ္စတွေလည်း မရှိတော့ပါဘူး။ ကျွန်တော်တို့လည်း အခုပဲ ထွက်ခွါတော့မလို့ပါ။ စီနီယာတို့ အနေနဲ့ ကျွန်တော်တို့ကို ကူညီပေးစရာ မလိုတော့ပါဘူး”

“အင်း” တုဖုန်းက ရှန်ချူကို ခေါင်းညိတ်ပြလိုက်တယ်။ ထိုလူငယ်လေးရဲ့ စီနီယာတွေကို လေးလေးစားစား ဆက်ဆံတတ်တဲ့ ပုံစံကို ကြည့်ပြီး တုဖုန်း တော်တော်လေး ကျေနပ်သွားခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ကို ခေါ်ပြီး ထွက်သွားဖို့ လုပ်နေတုန်းမှာပဲ သူမျက်ဝန်းအစုံက မှေးကျဉ်းသွားခဲ့ပြီး ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တို့ သူ့ဆီကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တယ်။

တန်ယုရှန်ရဲ့ လှပတဲ့ မျက်နှာလေးဟာလည်း ရေခဲတမျှ အေးစက်သွားခဲ့ပြီး မြေပြင်ပေါ်က ရွှေရောင်ငှက်မွှေး နှစ်ချောင်းကို စူးစိုက်ကြည့်နေလိုက်တယ်။

ထိုနှစ်ယောက် ဘာလို့ အခုလို ဖြစ်သွားမှန်း ရှန်နဲ့နန်မိသားစုဝင် မသိကြပေမယ့် သူတို့ကို ဖိနှိပ်လာတဲ့ အရှိန်အဝါကြောင့် ကြောက်ရွံ့မှုနှင့်အတူ တုန်ရီသွားခဲ့ရတယ်။

“ဟဲဟဲ…” တုန်ဖုန်းက နှစ်ကြိမ်ကြိမ်တိတိ ကြိတ်ရယ်လိုက်တယ်။ သူ့မျက်နှာပေါ်က အမာရွတ်ကြီးကြောင့် သူ့ပုံစံက ပိုပြီး ကြောက်မက်ဖွယ် ကောင်းသွားခဲ့ကာ ရေခဲတမျှ အေးစက်နေတဲ့ လေသံနဲ့ လူအုပ်ကြီးကို ကြည့်ပြီး မေးလိုက်တယ် “သိမ်းငှက်က ကြောက်ကြောက်လန့်လန်နဲ့ ကောင်းကင်ပေါ်မှာပဲ ဘာလို့ ဝဲနေလဲဆိုတာကို အခုမှပဲ ငါနားလည်သွားတော့တယ်”

ထိုစကားတွေကို ကြားလိုက်တာနဲ့ ရှန်နဲ့နန်မိသားစု အဖွဲ့ဝင်တွေ အကုန်လုံး ကြောက်ရွံ့မှုကြောင့် ထခုန်မိလိုက်ကြတယ်။

ရှန်ချူရဲ့ မျက်ဝန်းအစုံး ပြူးကျယ်သွားခဲ့ပြီး ချက်ချင်း ဆိုသလို ရန်ကိုင်ကို လှမ်းကြည့်လိုက်တယ်။ ထိုကောင်က အကြောင်းအရင်း သက်သက်မရှိပဲ သိမ်းငှက်အမွှေးအတောင် နှစ်ချောင်းကို ဆွဲနှုတ်ပြီး ဘာလို့ မြေကြီးပေါ် ပစ်ချလိုက်လဲဆိုတာကို သူအခုမှပဲ နားလည်သွားပါတော့တယ်။

သူက သူတို့ကို ချောက်ချနေချင်တာကိုး။

“ငါတို့ ရန်မိသားစုက သိမ်းငှက်ကို ဘယ်သူတိုက်ခိုက်ခဲ့တာလဲ” တန်ယုရှန်းရဲ့ အမူအရာက ပိုပို အေးစက်လာခဲ့ပြီး သူမရဲ့ စူးရှတဲ့ အကြည့်က ရှန်နဲ့နန် မိသားစုဝင်အပေါ် ဖြတ်ပြေးသွားခဲ့ပြီး အသံအကျယ်ကြီး အော်ဟစ် အမိန့်ပေးလိုက်တယ် “ရှေ့ထွက်လာခဲ့စမ်း”

တုဖုန်းကလည်း ရက်စက်တော့မယ့် အပြုံးကို ဆင်မြန်းရင်း ထပ်ပေါင်း ပြောလိုက်တယ် “ရန်မိသားစုရဲ့ ရွှေရောင်ငွေသွေး သိမ်းငှက်တစ်ကောင်ချင်းစီက အရမ်းကို အဖိုးတန်ပြီး မိသားစုဆီကနေတောင် ပေးလွှတ်လေ့ မရှိဘူး။ အခု ကြည့်ရတာက အချို့အရူးတွေက ငါတို့ မိသားရဲ့ သိမ်းငှက်ကို တိုက်ခိုက်ရဲတဲ့ပုံပဲ။ စိတ်ဝင်စားစရာပဲ…. တကယ်ကို စိတ်ဝင်စားစရာပဲ”

“လေးစားရတဲ့ စီနီယာ” ရှန်ချူက တုန်တုန်ရီရီနဲ့ ရှေ့တက်လိုက်တယ်။ သူ့နဖူးထက်ကနေ ချွေအေးတို့ စီးကျနေခဲ့ပြီး ရန်ကိုင်ရဲ့ အကြံအစည်ကို အခုမှပဲ သူနားလည်သွားတော့တယ်။ ဒါပေမယ့် ကူကယ်ရာမဲ့စွာနဲ့ပဲ သူ့အကြံအစည်ထဲ ကျသွားခဲ့ရပါတယ်။ တုန်တုန်ရီရီနဲ့ ရှေ့တက်လာပြီးနောက် ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလိုက်တယ် “ကျွန်တော်… ကျွန်တော်တို့တွေ အနေနဲ့ ရွှေရောင်ငွေသွေးသိမ်းငှက်ကို မြင်မြင်ချင်း မမှတ်မိလိုက်လို့ပါ၊ ဒါပေမယ့် သိမ်းငှက်ကို ဒဏ်ရာရအောင် မလုပ်ခဲ့ပါဘူး ကျွန်တော် ကျိန်ဆိုရဲပါတယ်”

“မမှတ်မိတာလား” တုဖုန်းက အေးစက်စက်နဲ့ နှာခေါင်း ရှုံ့လိုက်ပြီး “မမြင်ဘူးဆိုရင် မင်းမျက်လုံးတွေကို ဘာလုပ်ဖို့ သုံးနေသေးတာလဲ”

တန်ယုရှန်းကလည်း ဆက်ပြောလိုက်တယ် “ဒဏ်ရာရအောင် မလုပ်ခဲ့ဘူး ဟုတ်လား၊ အဲ့ဒါဆိုရင် အဲ့အမွှေးနှစ်ချောင်းက ဘာလို့ မြေကြီးပေါ် ရောက်နေတာလဲ”

“အာ… အဲ့ဒါက…” ရှန်ချူ ပြောစရာ စကားမဲ့သွားခဲ့ရတယ်။

ရန်ကိုင်က သိမ်းငှက်ဆီကနေ ငှက်မွှေးနှစ်ချောင်း နှုတ်ပြီး အဲ့နေရာမှာ ပစ်ချထားလို့ သူပြောလို့ မရမှန်း သူသိပါတယ်။ ရန်ကိုင်က သိမ်းငှက်အမွှေးကို ဆွဲနှုတ်ခဲ့တယ် ဆိုရင်တောင် သူတို့က သိမ်းငှက်ကို တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲလို့ မရပါဘူး။ မျက်မြင်သက်သေတွေလည်း အများကြီး ရှိနေတော့ သူတို့ ငြင်းဆန်ချင်ရင်တောင် ငြင်းဆန်လို့ မရနိုင်ပါဘူး။

ရန်မိသားစုရဲ့ လူကိုလူလို မထင်တဲ့ မောက်မာမှုကို လူတော်တော်များများ နားလည်ထားပါတယ်။ အခု သူတို့ရဲ့ ရန်မိသားစုရဲ့ အဖိုးတန်သိမ်းငှက်တွေထဲက တစ်ကောင်ကို ဒဏ်ရာရအောင် လုပ်မိသွားခဲ့ပါပြီ။ အခုလို လုပ်ခဲ့ပြီးမှာ တန်ဖိုးတစ်ခုခု မပေးဆပ်ပဲ ဒီနေရာကနေ သူတို့ ထွက်သွားနိုင်လိမ့်မှာ မဟုတ်ပါဘူး။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရှန်နဲ့နန်မိသားစုဝင်တွေရဲ့ မျက်နှာက နာကျည်းမှု၊ ဒေါသ၊ မလိုလားမှု၊ နောင်တတို့ဖြင့် ပြည့်နေခဲ့တယ်။ အစောပိုင်းတုန်းက ဖိနှိပ်ခံခဲ့ရတဲ့ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က လူတွေကတော့ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲကြိတ်ပြီး အူမြူးနေခဲ့ကြတယ်။

ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုသလိုပဲ သူတို့လည်း သူတို့လုပ်ခဲ့တာတွေ အတွက် ပြန်ပြီးခံစား နေရပါပြီ။ ကောင်းကင် မျက်လုံးအောက်ကနေ ဘယ်အရာကမှ ပြေးမလွတ် နိုင်ပါဘူး။

အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်ကို သုံးပြီး ရန်ကိုင်ကို ချောက်ချဖို့ သူတို့ ကြိုးစားခဲ့သလို အခု သူတို့ ပြန်ပြီး ချောက်ချ ခံနေရပါပြီ။

ရန်ကိုင်ကို ချောင်ပိတ်အောင် တွန်းအားပေးခဲ့လို့ အခု သူတို့ ချောင်ပိတ် မိနေရပါပြီ။

ရှန်ချူက ကံကြမ္မာကို အရှုံးမပေးချင်သေးပါဘူး။ ထို့ကြောင်း အကြောင်းပြချက် ပေးဖို့ ကြိုးစားချင်ပေမယ့် သူ့ဘေးမှာ ရှိနေတဲ့ ရှုလောင်က ခေါင်းသာယမ်းနေခဲ့ပါတယ်။

ရန်မိသားစုက လူတွေကို သွားပြီး အကြောင်းပြချက် ပေးတာက အသိဥာဏ်မရှိတဲ့ သားရဲတစ်ကောင်ကို သွားပြီး ရှင်းပြနေသလိုပါပဲ။ ဘာမှ ထူးခြားလာလိမ့်မှာ မဟုတ်ပါဘူး။

စိတ်ဓါတ်ကျနေတဲ့ အမူအရာနဲ့ ရှုလောင်က ပြောလိုက်တယ် “ဒီကိစ္စက နားလည်မှုလွဲသွားတာပါ။ အေးအေးဆေးဆေးလေး ဖြေရှင်းလို့ မရဘူးလား”

“ဟန့်၊ မင်းတို့ကို ဘာကို မျှော်လင့်ထားတာလဲ” တုဖုန်းက ပြန်ပြီး လှောင်ပြောင်လိုက်တယ်။

အင်မော်တယ် တက်လှမ်းခြင်း လေးယောက်စလုံးရဲ့ အသားအရေ ဖြူလျော်သွားခဲ့တယ်။

တစ်ခဏကြာပြီးနောက် လေးယောက်စလုံး နက်နက်နဲနဲ သက်ပြင်းချလိုက်တယ်။ ဒီနေတော့ သံမဏိပြားကို သွားကန်မိပြီမှန်း အားလုံး နားလည်လိုက်ကြတယ်။

နန်ရှန်းနောက်မှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က ရှေ့ထွက်လာလိုက်ပြီး သုန်မှုန်နေတဲ့ အမူအရာနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ ထို့နောက် သူတို့ရဲ့ လက်ချောင်းတွေကို ဆန့်ထုတ်လိုက်ပြီး အစစ်အမှန်ချီကို ဓါးသွားအဖြစ် အသွင်ဖွဲ့တည် လိုက်တယ်။

နန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ မျက်ဝန်းထဲ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေခဲ့တယ်။ သူ့တို့ နှစ်ယောက်စလုံး တုန်တုန်ရီရီနဲ့ ထိုနေရာမှာ ရပ်နေရင်း တုန့်ဆိုင်း နေမိခဲ့ကြတယ်…

တုဖုန်းက ထိုနှစ်ယောက်ကို စိုက်ကြည့်လိုက်ရင်း နှာခေါင်းရှုံ့လိုက်ကာ သူ့ကိုယ်ကနေ အစစ်အမှန်ချီကို လှိုင်းလုံးသဖွယ် ထွက်ပေါ်လာခဲ့တယ်။ တန်ယုရှန်ရဲ့ မျက်နှာ လှလှလေးဟာ ဆိုရင်လည်း ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။ သူတို့သာ ဆက်ပြီး တုန့်ဆိုင်းနေရင် သူမက ထိုနှစ်ယောက်ကို ချက်ချင်း တန်းသတ်ပစ်လိုက်တော့မှာပါ။

“ဟူး…” အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်စလုံး သက်ပြင်းချလိုက်ပြီး မျက်လုံးစုံပိတ်လိုက်ကာ သူတို့ မျက်နှာတွေကတော့ ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည်နေခဲ့တယ်။

သူတို့ရဲ့ အစစ်အမှန်ချီ ဓါးသွားတွေကို ခုတ်ပိုင်းချလိုက်တယ်။ လက်ခနဲ အလင်းရောင်နဲ့အတူ သွေးတွေ ပန်းထွက်လာခဲ့ပြီး တံတောင်ဆစ်မှနေ၍ လက်မောင်းနှစ်ဖက် ပြတ်ထွက်သွားခဲ့တယ်။

ပြီးတာနဲ့ ချက်ချင်းပဲ လူအိုကြီး နှစ်ယောက်ရဲ့ မျက်နှာက ဖြူလျော်သွားခဲ့ပြီး အစစ်အမှန်ချီကို သုံးကာ သွေးထွက်နေတာကို ချက်ချင်း ရပ်တန့်လိုက်တယ်။ သူတို့ထဲက တစ်ယောက်က တုန်တုန်ရီရီနဲ့ တုဖုန်းကို ကြည့်ပြီး မေးလိုက်တယ် “ဆာ၊ ကျေနပ်ပြီလား”

အင်အားစုအသီးသီးက တပည့်တွေ အကုန်လုံး အံ့အားသင့်သွားခဲ့ကြတယ်။

ရန်မိသားစုရဲ့ မောက်မာတဲ့ စရိုက်ကို ကြားဖူးခဲ့ကြပေမယ့် ဒီလောက် အတိုင်းအတာအထိ မောက်မာကြလိမ့်မယ်လို့တော့ သူတို့ တစ်ခါမှ မထင်ထားခဲ့ပါဘူး။ သွေးစစ်သည်တော် တစ်ယောက်ဆီက မေးခွန်းတစ်ခုကြောင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်ရဲ့ လက်မောင်းကို ဖြတ်ပစ်လိုက်ရတယ်။

ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကလည်း အဆင့်၇ ဒါမှမဟုတ် အဆင့်၈ ကျင့်ကြံသူတွေပါ။ ထိုသူတွေသာ သူတို့ဂိုဏ်းဆီ လာခဲ့ရင် သူတို့ရဲ့ ဂိုဏ်းချုပ်နဲ့ တန်းညီစွာ ဆက်ဆံခံရမယ့် အပြင် အကြီးအကဲချုပ် ရာထူးကို ပေးအပ်ခံရဦးမှာပါ။

ဒါပေမယ့် အခုတော့ ထိုကျင့်ကြံသူ နှစ်ယောက် အနေနဲ့ နည်းနည်းလေးတောင် ပြန်မပြော၊ မခုခံရဲတဲ့အထိ အနိုင်ကျင့်ခံနေခဲ့ရပါတယ်။

ရန်မိသားစုဆိုတာ ဘာလဲ.. မိသားစုကြီးရှစ်ခုရဲ့ ခေါင်းဆောင်က ဘာကို ရည်ညွှန်းတာလဲ ဆိုတာကို အခုမှပဲ ဒုတိယအဆင့် အင်အားစုလူတွေ တကယ် နားလည်သွားတော့တယ်။ ထိုကဲ့သို့ ခိုင်မြဲတဲ့ အမွေအနှစ်နဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားနဲ့ဆိုရင် ပထမအဆင့် အင်အားစုတွေဆိုတာ သူတို့အတွက်တော့ အမှိုက်သာသာပါပဲ။

ဒါပေမယ့် တုဖုန်းက အေးစက်စက် လေသံနဲ့ ပြန်ပြောလိုက်တယ် “ငါလက်နှစ်ဖက်ပဲ တွေ့သေးတယ်၊ လူက လေးယောက် ရှိနေတာ မဟုတ်ဘူးလား”

ရှန်မိသားစု အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးစလုံး စိတ်ပျက်အားလျော့ သွားခဲ့ကြတယ်။

ဖန်လောင်နဲ့ ရှုလောင်က ရွှေရောင်ငွေသွေး သိမ်းငှက်ကို တိုက်ခိုက်ခဲ့တဲ့အထဲ မပါခဲ့ပါဘူး။ နန်မိသားစုကို ရန်စပြီးတော့တောင် ရှုလောင်က နန်ရှန်း သိမ်းငှက်အား တိုက်ခိုက်မှာကို တားဆီးခဲ့တာပါ။ ဒါပေမယ့် ရန်မိသားစုက သွေးစစ်သည်တော်ကတော့ သူတို့ကိုတောင် လွှတ်မပေးခဲ့ပါဘူး။

“လေးစားရတဲ့ စစ်သည်တော်တို့၊ ကျုပ်တို့က သိမ်းငှက်ကို မတိုက်ခိုက်ခဲ့ပါဘူး” ရှုလောင် နဖူးထက်ကနေ ချွေးအေးတို့ စီးကျနေခဲ့ပြီး ခပ်မြန်မြန်ပဲ ရှင်းပြလိုက်တယ်။

လက်မောင်းတစ်ဖက် ဆုံးရှုံးတာက သာမန် ဒဏ်ရာ တစ်ခုမဟုတ်ပါဘူး။ လက်မောင်းတစ်ဖက် ဆုံးရှုံးသွားခဲ့ရင် သူတို့ရဲ့ တိုက်ပွဲစွမ်းရည်က နှစ်ဆယ် ရာခိုင်နှုန်းလောက် ထိုးကျသွားနိုင်ပါတယ်။ ကံဆိုးရင် အဲ့ထက်တောင် ပိုဆိုးသွားနိုင်ပါတယ်။ အနာဂတ်ကျရင် သူတို့က အမှိုက်တစ်ဝက်နဲ့ ခြားနားသွားတော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် တုဖုန်းကတော့ ထိုအရာတွေကို နည်းနည်းလေးတောင် ဂရုမစိုက်တဲ့ ပုံပါပဲ။ စူးစူးရဲရဲ ပြန်စိုက်ကြည့်လိုက်ပြီး အေးစက်စက် လေသံနဲ့ ပြောလိုက်တယ် “လက်မောင်းတစ်ဖက် ဒါမှမဟုတ် မင်းတို့အသက်၊ ကြိုက်တာရွေး”

ဖန်ယောင်နဲ့ ရှုလောင်တို့ နှစ်ယောက်စလုံး ဖြူလျော်သွားခဲ့ကြတယ်။ တုဖုန်းက ဒီလောက်အထိ မောက်မာ အထက်စီးဆန်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး။

“အသက်သုံးကြိမ် ရှူရှိုက်စာ ပြီးတာနဲ့ မင်းတို့မှာ ရွေးချယ်စရာ ရှိတော့မှာ မဟုတ်ဘူး” တုဖုန်းက ခြိမ်းခြောက်လိုက်တယ်။

ရှုလောင်နဲ့ ဖန်လောင်တို့ရဲ့ မျက်ဝန်းအစုံ မှိန်ကျသွားခဲ့ပြီး စိတ်ညစ်စိတ်ပျက်စွာနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ခါးခါးသီးသီးနဲ့ ခေါင်းခါယမ်းမိလိုက်ကြတယ်။

“အကြီးအကဲနှစ်ယောက်၊ ဒီတစ်ကြိမ် ကျုပ်ရှန်ချူက ခင်ဗျားတို့ နှစ်ယောက်ကို အကြွေးတင်တယ်လို့ပဲ သဘောထားလိုက်ပါ” ရှန်ချူက သက်ပြင်းချရင်း ကတိပေးလိုက်တယ်။

သူတို့ နှစ်ယောက်အနေနဲ့ သဘောတူလိုက်ရုံပဲ ရှိပါတော့တယ်။ သူတို့ သခင်လေးက အနားမှာ ရှိနေပေမယ့် သွေးစစ်သည်တော်တွေက ပထမအဆင့် အင်အားစု တစ်ခုရဲ့ အမွေဆက်ခံသူကို သတ်လိမ့်မှာ မဟုတ်ဘူးဆိုတာကို သူတို့ သိထားပါတယ်၊ ဒါပေမယ့် သူတို့ကိုတော့ သတ်မှာပါ။

“နားလည်ပါပြီ သခင်လေး” ရှုလောင်နဲ့ ဖန်လောင်တို့ နှစ်ယောက်စလုံး မျှော်လင့်ချက် ကင်းမဲ့နေသည့် အမူအရာနဲ့ အစစ်အမှန်ချီကို ဓါးအသွင် ဖန်တီးလိုက်ပြီး သူတို့ရဲ့ လက်မောင်းတွေကို တုန့်ဆိုင်းခြင်းမရှိ ဖြတ်ချလိုက်တယ်။

“ဆရာ၊ လုံလောက်ပြီလား” ရှုလောင် မျက်နှာ ဖြူလျော်သွားခဲ့တယ်။

“ကျန်သေးလား” တုဖုန်းက သိမ်းငှက်မျက်ဝန်းအစုံနဲ့ လူအုပ်ကို ဝေ့ကြည့်လိုက်ရင်း မေးလိုက်တယ်။

သူ့အကြည့်က နန်ရှန်းပေါ် ရောက်သွားတဲ့အခါမှာတော့ နန်ရှန်းတစ်ကိုယ်လုံး တုန်ရင်သွားခဲ့ပြီး သူ့လည်ပင်းလေး ကျုံ့သွားခဲ့တယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်က နန်ရှန်းကို ပျော်ရွှင်စွာနဲ့ ပြုံးပြလိုက်တယ်။

နန်ရှန်းမျက်နှာ ရုတ်ချည်း ဖြူလျော်သွားခဲ့တယ်။

တကယ်တော့ နန်ရှန်းက ရွှေရောင်ငွေသွေးသိမ်းငှက်ကို အရင်စတိုက်ခဲ့တဲ့ လူပါ။ ရှန်မိသားစုက ရှုလောင်နဲ့ ဖန်လောင်က သိမ်းငှက်ကို မတိုက်ခိုက်ခဲ့ပေမယ့် အခုလို အခြေအနေမျိုးနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

“တစ်ယောက် ကျန်နေသေးတဲ့ပုံပဲ” နန်ရှန်း မျက်ဝန်းထဲက တုန်လှုပ်ခြောက်ခြားမှုကို မြင်လိုက်တာနဲ့ အခုကိစ္စက နန်ရှန်းနဲ့ ဆက်စပ်နေမယ် ဆိုတာကို ချက်ချင်း တန်းသိလိုက်ပြီး ခပ်မြန်မြန်ပဲ မေးလိုက်တယ် “ကိုယ့်ဘာသာလုပ်မလား၊ ငါလုပ်ပေးရမလား”

နန်နဲ့ရှန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ လေးယောက်စလုံးရဲ့ မျက်နှာ ရှုံ့မဲ့သွားခဲ့ကြတယ်။

သွေးစစ်သည်တော်တွေက သူတို့ လက်မောင်းတွေကို အတင်းအကြပ် ဖြတ်ခိုင်းမယ်ဆိုတာကို သူတို့ အနေနဲ့ သိပြီးသားပါ။ ဒါပေမယ့် တုဖုန်းက နန်ရှန်းရဲ့ လက်ကိုတောင် ဖြတ်ခိုင်းနေပါတယ်။ ဒါကတော့ လုံးဝကို ကွဲပြားတဲ့ ကိစ္စတစ်ခု ဖြစ်သွားပါပြီ။

နန်ရှန်းက သာမန်လူတစ်ယောက် မဟုတ်ပါဘူး။ သူက ပထမအဆင့် အင်အားစု တစ်ခုရဲ့ သခင်လေး တစ်ယောက်ဖြစ်သလို ဆက်ဆံသူလည်း ဖြစ်ပါတယ်။ သူ့လက်တစ်ဖက်သာ ဒီနေရာမှာ အဖြတ်ခံလိုက်ရမယ်ဆိုရင် ပြဿနာ အကြီးကြီး တက်သွားမှာပါ။

ထိုအချက်ကို သိလိုက်တာနဲ့ သွေးစစ်တော်တွေက သူတို့ထက် ပိုပြီး အားကောင်းတယ် ဆိုတာကို သိထားပေမယ့်လည်း အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ လေးယောက်စလုံးက တုဖုန်းကိူ စူးရဲမုန်းတီးစွာနဲ့ စိုက်ကြည့်လိုက်ပြီး အစစ်အမှန်ချီကို တိတ်တဆိတ် လှည့်ပတ်ထားလိုက်ကြတယ်။

ထိုလူသာ သူတို့ကို ဆက်ပြီး တွန်းအားပေးနေမယ် ဆိုရင် သူတို့ အသက်သေရမယ် ဆိုရင်တောင် ပြန်ပြီး တိုက်ခိုက်တော့မှာပါ။

ထိုအချိန်၌ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တဲ့ ရန်ကိုင်က ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်တယ် “သခင်လေးနန်ရဲ့ အဆင့်အတန်းက မြင့်မြတ်တဲ့၊ ဒါကြောင့် သူ့အနေနဲ့ လက်တစ်ဖက် ဆုံးရှုံးစရာ မလိုပါဘူး”

တုဖုန်းရဲ့ မျက်ဝန်းအစုံ လက်သွားခဲ့တယ်။ ဒါပေမယ့် ဘာမှ မပြောခဲ့ပါဘူး။ နန်ရှန်းကတော့ ရန်ကိုင်ကို အံ့အားသင့်နေသည့် အမူအရာနဲ့ လှမ်းကြည့်လိုက်တယ်။ သူ့အကြည့်ထဲ ကျေးဇူးတင်သည့် အရိပ်အယောင်တို့လည်း ပါဝင်နေခဲ့ပါတယ်။ ရန်ကိုင်က သူ့ကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးလိုက်လိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။

“သူအနေနဲ့ လက်ချောင်းနှစ်ချောင်း ဖြတ်ပစ်ဖို့ပဲ လိုအပ်တယ်” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးလိုက်ပြီး ဆက်ပြောလိုက်တယ်။

နန်ရှန်း မျက်လုံးထဲက ကျေးဇူးတင်သည့် အရိပ်အယောင်တို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး အလွန်အမင်း ပြင်းထန်သည့် ဒေါသ၊ မုန်းတီးမှုတို့က အစားထိုး ဝင်ရောက်လာခဲ့တယ်။

“အင်း၊ သခင်ငယ်လေးက အခုလို ဆုံးဖြတ်လိုက်မှတော့ မင်းအနေနဲ့ လက်နှစ်ချောင်း ဖြတ်ဖို့ပဲ လိုအပ်တော့တယ်” တုဖုန်းက ခေါင်းညိတ်လိုက်ပြီး နန်ရှန်းကို လက်ဆောင်ကောင်းကြီး တစ်ခု ပေးလိုက်တဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

“ကောင်းတယ်” နန်ရှန်းကလည်း ရက်စက်ပြတ်သားသည့် လူတစ်ယောက်ပါ။ စကားနည်းနည်းလေးတောင် ဆက်ပြော မနေတော့ပဲ သူ့ခါးကနေ ဓါးမြောင်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး သူ့လက်ချောင်းနှစ်ချောင်းကို ချက်ချင်း ဖြတ်ပစ်လိုက်တယ်။ သူ့လက်နှစ်ချောင်းကို ဖြတ်နေစဉ်အတွင်း တစ်ချက်ကလေးတောင် မျက်တောင် မခတ်ခဲ့ပါဘူး။

“ဒါနန်ရှန် မင်းကို မှတ်ထားမယ်” နန်ရှန်းက အံကြိတ်လိုက်ပြီး ရန်ကိုင်ကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

ဒါပေမယ့် ရန်ကိုင်က ရယ်မောပြီးတော့သာ ပြန်ပြောလိုက်တယ် “သခင်လေးနန်၊ မင်းမှားနေပြီ ထင်တယ်။ လက်နှစ်ချောင်းက သိမ်းငှက်ကို ဒဏ်ရာရအောင် လုပ်လို့ အပြစ်ပေးတာပဲ ရှိသေးတယ်လေ။ ငါတို့နှစ်ယောက်ကြားမှာ ရှင်းစရာ ကိစ္စတွေ ကျန်နေသေးတယ် ဆိုတာကို မင်းမေ့သွားတာလား”

နတ်ဆိုးတစ်ကောင်ရဲ့ တိုးတိုးလေး ပြောသံကို ကြားလိုက်ရသည့်အလား နန်ရှန်းရဲ့ မျက်နှာ ရုတ်တရက် ဖြူလျော်သွားခဲ့တယ်။

Martial Peak

အပိုင်း (၃၆၅) အရမ်းကို အကျင့်ယုတ်တာလား

ရန်ကိုင်နဲ့ သူတို့ အဖွဲ့ကြားမှာ မကျေနပ်ချက် အကြီးကြီးတစ်ခု ရှိနေခဲ့ပါတယ်။ အခုလေးတင်ပဲ သူတို့တွေက ရန်ကိုင်ကို သတ်ဖို့ လုပ်နေကြတာပါ။ ရွှေရောင်ငွေသွေးသိမ်းငှက်သာ စောပြီး ပေါ်မလာခဲ့ရင် ရန်ကိုင် အနေနဲ့ အခုအချိန်လောက်ဆို သေရေး၊ ရှင်ရေး တိုက်ပွဲကို ဆင်နွှဲနေရလောက်ပါပြီ။

ရန်ကိုင်ကို သူ့ကို လာကျော၊ လာဖိနှိပ်ရင် ငြိမ်ခံနေမယ့် လူစားမျိုးမှ မဟုတ်တာ။ သူအောက်စီး ရောက်နေတုန်းတော့ ဘာမှ ပြန်မလုပ်နိုင်ပေမယ့် အထက်စီး ရောက်သွားတာနဲ့ ချက်ချင်း ပြန်လက်စား ချေမယ့် လူစားမျိုးပါ။

ထို့ကြောင့် အခွင့်ရေး ရတာနဲ့ ရွှေရောင်ငွေသွေး သိမ်းငှက်ဆီက ငှက်မွှေးနှစ်ချောင်းကို ချက်ချင်း နှုတ်ပစ်ပြီး မြေကြီးပေါ် ပစ်ချထားလိုက်တာပါ။ အဲ့ဒါကြောင့်ပဲ သူ့အနေနဲ့ ချက်ချင်း လက်စားချေခွင့် ရတခဲ့တာလေ။

ရန်ကိုင်ကို ပြောတာကို ကြားလိုက်ပေမယ့် တုဖုန်းနဲ့ တန်ယုရှန်းတို့ရဲ့ မျက်နှာ အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲ မသွားခဲ့ပါဘူး။ သူတို့ ကြည့်ရတာ ရန်ကိုင်နဲ့ ထိုအဖွဲ့ကြားမှာ မကျေနပ်ချက်တွေ ရှိနေတယ် ဆိုတာကို အစောကြီးကတည်းက သတိပြုမိထားတဲ့ ပုံပါပဲ။

သွေးစစ်သည်တော် နှစ်ယောက်က စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပဲ ထိုကိစ္စကို ရန်ကိုင် ဘယ်လို ဖြေရှင်းမယ် ဆိုတာကို စဉ်းစားရင်း သူတို့ရဲ့ သခင်ငယ်လေးကိုသာ စူးစိုက်ကြည့်နေလိုက်တယ်။

သွေးစစ်သည်တော်တွေရဲ့ ဒီတစ်ခေါက် တာဝန်က သူတို့ သခင်လေးတွေကို ရန်မိသားစုဆီ လုံလုံခြုံခုံနဲ့ ပြန်ခေါ်သွားပေးဖို့ပါပဲ။ အခြား ဘာညွှန်ကြားချက်မှ မရှိပါဘူး။ ရှန်နဲ့န်မိသားစုက ပညာရှင်တွေကို သနားစရာကောင်းတဲ့ အခြေအနေအထိ တွန်းအားပေးလိုက်ရတာက ရွှေရောင်ငွေသွေး သိမ်းငှက်ရဲ့ ဒဏ်ရာကြောင့်ပါပဲ။

အခု ရန်ကိုင်သာ ပြဿနာ ရှာမယ်ဆိုရင် ဒီကိစ္စက သူရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်သွားပါပြီ။ သူတို့နဲ့ ဘာမှ မဆိုင်တော့ပါဘူး။

သူတို့တွေက ရန်မိသားစုကို သစ္စာရှိတာပါ။ ရန်ကိုင်ကို မဟုတ်ပါဘူး။ တစ်နည်းပြော ရမယ်ဆိုရင်တော့ ရန်ကိုင်က သူတို့ကို ဘာလုပ်ပါ၊ ညာလုပ်ပါ ဆိုပြီး အမိန့်ပေးဖို့ အရည်အချင်း မရှိပါဘူး။ သူ အသက်အန္တရာယ် ရှိနေမှပဲ သွေးစစ်သည်တော်တွေက လှုပ်ရှားမှာပါ။

ဘေးပတ်လည်ကို လိုက်ကြည့်ရင်း ဒီတစ်ခေါက် သခင်ငယ်လေးကို လာခေါ်ရတဲ့ တာဝန်က အရမ်းကို စိတ်ဝင်စားစရာ ကောင်းတာပဲလို့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး တွေးလိုက်မိကြတယ်။

သူတို့တွေ ရန်မိသားစုဝင်တွေပါ။ ရန်မိသားစုဝင်တွေ ဆိုတာ သူတို့ကိုယ်သူတို့ ဟုတ်လှပြီလို့ ထင်နေတဲ့ လူတွေချည်းပါပဲ။ ရန်ကိုင်က အထက်စီးဆန်ဆန်နဲ့ ဘာကိုမှ သောက်ဂရုမစိုက်တဲ့ အပြုအမူက ရန်မိသားစုရဲ့ စရိုက်နဲ့ အရမ်းကို ကိုက်ညီလှပါတယ်။

ထိုအချိန်၌ ရန်ကိုင် ဘာဆက်လုပ်မယ် ဆိုတာကို သူတို့ နှစ်ယောက်စလုံး တကယ်ကို သိချင်နေမိခဲ့ကြတယ်။

ရှန်ချူက ခါးခါးသီးသီး ရယ်မောလိုက်ပြီး မေးလိုက်တယ် “သခင်လေးရန်က အစောပိုင်းတုန်းက ကိစ္စတွေကို ဘယ်လို ဖြေရှင်းချင်လို့လဲ”

တစ်ဖက်ရဲ့ လက်သီးက သူတို့ထက် အားပြင်းနေမှတော့ ရှန်ချူလည်း သူ့ကိုယ်သူ နှိမ့်ချရတော့မှာပေါ့။

ရှုလောင်က သူ့ပြတ်နေတဲ့ လက်က နာကျင်မှုကို တောင့်ခံရင်း မျက်မှောင်ကြုံ့ကာ “ပြောရတာ နောက်ကျနေပြီ ဆိုပေမယ့် စကားပုံ တစ်ခုတောင် ရှိသေးတယ်… ရန်ငြိုးတွေကို အရမ်းကြီး မစွဲလန်းနေသင့်ဘူးတဲ့။ မိတ်ဆွေတစ်ယာက် ရှိတာက ရန်သူ တစ်ယောက်ရှိတာထက် အများကြီး ပိုကောင်းတယ်တဲ့။ သခင်လေးရန်က ရန်မိသားစုရဲ့ အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ရတော့မှာ ဆိုတော့ တစ်ခုခုကို မလုပ်ခင် နှစ်ကြိမ်လောက် သေချာ စဉ်းစား သင့်တယ်နော်”

ရန်ကိုင် အမူအရာက ရုတ်တရက် အေးစက်သွားခဲ့ပြီး အထင်အမြင် သေးစွာနဲ့ နှာခေါင်းရှုံ့လိုက်တယ် “နှစ်ကြိမ်တွေးရမယ်လို့ ခင်ဗျား ပြောလိုက်တာလား။ ငါ လခွမ်းမို့လို့ ီးစကားတွေ လာပြောနေတာလား”

သူ့အသံ ပျောက်ကွယ်သွားတာနဲ့ သွေးနီရောင် ပွင့်ချပ်နှစ်ခုက သူ့ကိုယ်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

ပွင့်ချပ်တစ်ထောင် သွေးပန်း…

ထိုပွင့်ချပ်တွေကထဲ လေထဲတွင် လွင့်မျောနေခဲ့ပြီး နောက် အနီရောင် အလင်းတန်းနှစ်ခုအဖြစ် ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး တိုက်ပွဲကွင်းပြင်ကို ဖြတ်သန်းသွားခဲ့တယ်။

ဖောက်… ဖောက်…

မြည်သံနှစ်သံနှင့်အတူ အလင်းမိုးကြိုးဂိုဏ်းက ရှဲ့ရုန်နဲ့ သက်တန့်နန်းတော်က လီဖူတို့ မြေကြီပေါ်သို့ အမူအရာ ကင်းမဲ့စွာနဲ့ လဲပြိုကျဆင်း သွားလိုက်ရတယ်။

ကျန်ရှိနေတဲ့ လူတွေ အကုန်လုံး ထိတ်လန့် အံ့အားသင့်သွားခဲ့ကြတယ်။

တုဖုန်းနဲ့ တန်ယုရှောင်တို့ နှစ်ယောက်လည်း ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ လှမ်းကြည့်လိုက် မိကြတယ်။ နန်နဲ့ ရှန်မိသားစုဝင် တွေလည်း တစ်ယောက်ကို တစ်ယောက် စိုးရိမ်စွာနဲ့ ကြည့်လိုက်ကြတယ်။

အားလုံးရဲ့ အကြည့်အောက်မှာပဲ ရန်ကိုင်က လူသတ်ရဲဦးမယ်လို့ သူတို့ထဲက ဘယ်သူမှ ထင်မှတ် မထားခဲ့ပါဘူး။

ရှဲ့ရုန်နဲ့ လီဖူတို့ သေသွားတာနဲ့ အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က တပည့်တွေက အကုန်လုံး ကြက်သေသေ သွားခဲ့ကြတယ်။ နေရာမှာပဲ ငေးကြောင် ရပ်နေရင်း ရန်ကိုင်ကို ကြောက်ရွံ့မှုအပြည့်နဲ့ ကြည့်လိုက်ကြတယ်။ သေမင်းတံစဉ်က သူတို့ခေါင်းထက် ရောက်နေသလို အားလုံး ခံစားလိုက်ကြရတယ်။

ပွင့်ချပ်နှစ်ခုက သွေးနီရောင် အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လေကိုခွင်းကာ သက်တန့်နန်းတော်နဲ့ အလင်းမိုးကြိုးဂိုဏ်းက တပည့်တွေကို တစ်ယောက်မကျန် လိုက်လံ သတ်ဖြတ်နေခဲ့တယ်။ သူတို့ ဘယ်နေရာမှာပဲ ပုန်းပုန်း၊ ဘယ်လိုပဲ ရှောင်ရှောင် အသက်ရှူချိန် ၁၀ ရှိုက်စာ အတွင်းမှာပဲ သူတို့အာလုံး သေသွားခဲ့ကြရတယ်။

သေဆုံးသွားတဲ့ အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က တပည့်တွေရဲ့ အလောင်းခန္ဓာကိုယ်တွေကို ကြည့်ရင်း ရှန်ချူနဲ့ နန်ရှန်းတို့ရဲ့ အသက်ရှုသံတွေ ရပ်တန့်သွားခဲ့ပြီး ရင်တထိတ်ထိတ်နဲ့ တံတွေးတစ်လုပ် မျိုချမိလိုက်တယ်။

“သုံးလအတွင်း ငါ့ကို စော်ကားရန်စခဲ့တဲ့အတွက် မင်းတို့ဘက်က ရိုးရိုးသားသား တုန့်ပြန်မှုကို ငါစောင့်မျှော်နေမယ်၊ မဟုတ်ရင်တော့… မင်းတို့ ပထမအဆင့် အင်အားစု နှစ်ခုကို မျက်နှာပျက်အောင် လုပ်ရမယ်ဆိုရင်တောင် ငါသောက်းဂရု စိုက်နေမှာ မဟုတ်ဘူး” ရန်ကိုင်က ထိုသူတွေကို အေးစက်စက် ကြည့်လိုက်ရင်း ရက်စက်ကောက်ကျစ်တော့မယ့် ပုံစံနဲ့ ရယ်မောလိုက်ကာ “မင်းတို့ တွေကိုတော့ နည်းနည်းလောက် အသက်ဆက်ရှင်ခွင့် ပေးထားရသေးတာပေါ့”

ရှန်ချူရဲ့ အမူအရာ အလွန်အမင်း ရုပ်ဆိုးသွားခဲ့ပြီး ခါးသီးတဲ့ အရသာက သူ့လည်ချောင်းတစ်လျှောက် ပျံ့နှံ့သွားခဲ့တယ်။

နန်ရှန်း အမူအရာက ပိုတောင် ဆိုးရွားပါသေးတယ်။ ဒဏ်ရာရနေတဲ့ သူ့လက်ကိုကိုင်ရင်း ရန်ကိုင်ကို မုန်းတီးစွာနဲ့ စိုက်ကြည့်လိုက်တယ်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှန်ချူက အပြုံးဖွဖွလေး တစ်ခုပြုံးလိုက်ပြီး ရန်ကိုင်ကို ဦးညွှတ်လိုက်ကာ “အခုလို သနားညှာတာပေးတဲ့အတွက် သခင်လေးရန်ကို အများကြီး ကျေးဇူးတင်ပါတယ်။ သွားကြစို့”

ပြောပြီးတာနဲ့ ရှန်ချူက သူ့ရဲ့ လူတွေကို ခေါ်ပြီး ချက်ချင်း ထွက်သွားဖို့ လုပ်လိုက်တယ်။

“အဲ့တိမ်သွားမြင်း သုံးကောင်က တော်တော်လေး အသုံးဝင်တဲ့ ပုံပဲ။ သုံးကောင်စလုံး ချန်ခဲ့လိုက်” ရန်ကိုင်က နန်မိသားစု စီနင်းနေတဲ့ တိမ်သွားမြင်း သုံးကောင်ကို ကြည့်ရင်း လှမ်း အော်ဟစ်အမိန့်ပေးလိုက်တယ်။

တိမ်သွားမြင်းပေါ် တက်ထိုင်နေတဲ့ နန်ရှန်းက ဒေါသတကြီး အံတင်းတင်း ကြိတ်လိုက်ပေမယ့် တိမ်သွားမြင်းပေါ်က‌နေ ခပ်မြန်မြန်ပဲ ခုန်ဆင်းလိုက်ပါတယ်။ ပြီးတာနဲ့ သူနဲ့အတူ ပါလာတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်က သူ့ကို လက်ကနေ ကိုင်ပြီး လျင်မြန်စွာပဲ ပျံသန်းထွက်ခွါသွားခဲ့တယ်။

တန်ယုရှန်းက သွားပေါ်အောင် ပြုံးလိုက်ပြီး ရန်ကိုင်အား လှမ်းကြည့်လိုက်တယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း သူတို့ရဲ့ သခင်ငယ်လေးက တော်တော်လေး အတွေ့အကြုံ ရင့်ကျက်လာပြီး သူ့ရဲ့ အားသာချက်တွေကို အကောင်းဆုံး အသုံးပြုလာတတ်တယ်လို့ တန်ယုရှန်း တွေးလိုက်မိတယ်။

သူမ ပါးစပ်ဟပြီး တစ်ခုခု ပြောဖို့ လုပ်နေတုန်းမှာပဲ တုဖုန်းက ဖြေးဖြေးချင်း ခေါင်းခါပြလိုက်တယ်။

“သခင်ငယ်လေး၊ ကျွန်တော်တို့ အဲ့နေရာမှာ စောင့်နေပါ့မယ်” တုဖုန်းက ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်တယ်။ သူ့ပုံစံက ဦးနှောက်တစ်ခုလုံး ကြွက်သားတွေနဲ့ ပြည့်နေတဲ့ ပုံစံပေါက်နေပေမယ့် သူ့က အခြေအနေကို သိနားလည်တဲ့ လူတစ်ယောက်ပါ။ ရန်ကိုင်မှာ သူ့မိတ်ဆွေတွေနဲ့ ပြောစရာ စကားတွေ ကျန်ရှိနေသေးမယ် ဆိုတာကို နားလည်ထားတဲ့အတွက် တန်ယုရှန်းကို ခေါ်ပြီး ထိုနေရာကနေ အရင်ထွက်သွားလိုက်တယ်။

“အင်း” ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြိလိုက်တယ်။

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေပဲ ကျန်တော့တဲ့ အချိန်မှာတော့ ထိုလူတွေက သူ့ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။

လူများစွာတို့ရဲ့ မျက်နှာက ရိုသေကျိုးနွံ့မှု၊ လေးစားမှုတွေနဲ့ ပြည့်နေခဲ့ပေမယ့် ဟူညီအစ်မ နှစ်ယောက်ရဲ့ ဖန်ဇီဂျိတို့ရဲ့ အမူအရာက သာမန်အတိုင်းပဲ ရှိနေတာကို တွေ့လိုက်ရတဲ့အတွက် ရန်ကိုင် တော်တော်လေး ကျေနပ်သွားခဲ့တယ်။ ဟူကျောင်းအာ ဆိုရင် ဒေါသလေးတောင် ထွက်နေပါသေးတယ်။

“နင်တို့မှာ မေးစရာ ရှိသေးလား” ရန်ကိုင်က သူ့နှာခေါင်းကို ပွတ်လိုက်ရင်း ဟူညီအစ်မ နှစ်ယောက်ကို ကြည့်ကာ မေးလိုက်တယ်။

ဟူမေးအာက ခြောက်သွေ့နေတဲ့ သူမရဲ့ နှုတ်ခမ်းလေးတွေကို လျှာနဲ့ သပ်လိုက်တယ်။ သူမမှာ မေးစရာတွေ အများကြီး ရှိနေပေမယ့် ဘယ်ကနေ စမေးရမှန်းမသိ ဖြစ်နေတဲ့ ပုံပါပဲ။

ဒါပေမယ့် သူမရဲ့ ညီမလေးက ဘာမှ ပြန်မပြောရသေးခင်မှာပဲ ဟူကျောင်းအာက ခပ်ပြတ်ပြတ်ပဲ ကောက်ပြောလိုက်တယ် “မရှိဘူး”

“အန်…” ရန်ကိုင်လည်း ကြောင်သွားခဲ့ပြီး သေချာအောင် ထပ်မေးလိုက်တယ် “နင်သေချာလား”

“ငါပြောခဲ့တယ်လေ မရှိဘူးလို့၊ အဲ့ဒါကြောင့် မရှိဘူး။ ငါတို့ သိဖို့လိုတာတွေ အကုန်လုံး သိပြီးသွားမှတော့ ဘာတွေ ထပ်မေးနေရဦးမှာလဲ” ဟူကျောင်းအာက ရန်ကိုင်ကို ရက်ရက်စက်စက်နဲ့ ခွန်းတုန့်ပြန်လိုက်ပြီး သူမရဲ့ ညီမလေးနဲ့ မျက်လုံးနဲ့ အချက်ပြလိုက်ကာ “သွားကြမယ်၊ အိမ်ပြန်ကြတာပေါ့”

“အင်း…” ဟူမေးအာက ရန်ကိုင်ကို တောင်းတောင်းပန်ပန်နဲ့ ပြုံးပြလိုက်ပြီးနောက် သူမ အစ်မကြီးနောက် ခပ်မြန်မြန်ပဲ လိုက်သွားလိုက်တယ်။

ကွမ့်ချီလဲ့လည်း ရန်ကိုင်ကို လေးလေးစားစားနဲ့ လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီးနောက် ရယ်မောလိုက်ရင်း ကျန်တဲ့လူတွေ အကုန်လုံးကို ဦးဆောင်ခေါ်သွားလိုက်တယ်။

ဖန်ဇီဂျိက တစ်ခလောက်လောက် ရပ်နေခဲ့ပြီးနောက် တိတ်တဆိတ်နဲ့ မေးလိုက်တယ် “ညီအစ်ကိုရန်၊ အမွေခံတိုက်ပွဲက စိတ်ဝင်စားစရာ ကောင်းလား”

“ငါလည်း မသိဘူး။ ငါကိုယ်တိုင်လည်း တစ်ခါမှ ပါဝင်မဆင်နွှဲဘူးဖူး”

“ဝင်ပြိုင်ဖို့ လိုအပ်ချက်တွေ ရှိလား” ဖန်ဇီဂျိက မျက်မှောင်ကြုံ့ပြီး မေးလိုက်တယ်။

“မင်းမှာ သင့်တော်တဲ့ ခွန်အားအတိုင်းအတာ တစ်ခုအထိ ရှိနေပြီဆိုရင် ဝင်ပြိုင်လို့ ရတယ်။ ဒါပေမယ့် ငါ့ဆီကနေ အရင်ဆုံး ခွင့်ပြုချက် တောင်းရလိမ့်မယ်” ရန်ကိုင်က ရှင်းပြလိုက်တယ်။

“စိတ်ဝင်စားစရာပဲ၊ အဲ့လိုဆိုရင် နောက်ကျမှပဲ ညီအစ်ကိုရန်ဆီ လာလည်တော့မယ်” ဖန်ဇီဂျိက ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။

“ငါမင်းကို စောင့်နေမယ်” ရန်ကိုင်က ပြုံးလိုက်တယ်။

လေက ရန်ကိုင်ဆံပင်ကို တိုက်ခတ်သွားခဲ့တယ်။ သူကတော့ နေရာမှာပဲ ရပ်နေရင်း သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေ ကိုယ်စီကိုယ်စီ ထွက်ခွါသွားနေတာကို ငေးကြည့်နေခဲ့တယ်။ နောက်ဆုံး ဟိုးအဝေးကြီး မရောက်သေးခင် အထိ ရန်ကိုင်ကို လှည့်လှည့်ကြည့်နေခဲ့တဲ့ မိန်းကလေး နှစ်ယောက် ရှိနေခဲ့တယ်။

တစ်ခဏကြာပြီးနောက် တုဖုန်းနဲ့ တန်ယုရှန်းက တစ္ဆေစုံတွဲအလား ရန်ကိုင် ဘေးနား၌ တိတ်တဆိတ် ထွက်ပေါ်လာခဲ့တယ်။

“ကျုပ်ခဏလောက် တံခါးပိတ်ကျင့်စဉ်ဝင် လိုက်ဦးမယ်။ ကျုပ်ကို ခဏစောင့်ကြပ်ပေးထား” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပြီး တံခါးပိတ် ကျင့်စဉ်ဝင်ဖို့ နေရာတစ်ခုလောက် တွေ့လိုငြား စခန်းဆီ ပြန်သွားလိုက်တယ်။

“အာ…” တန်ယုရှန်း အံ့အားသင့်သွားခဲ့တယ်။

တစ်ခဏလောက် ကြာပြီးနောက် တန်ယုရှန်းက မျက်မှောင်ကြုံးရင်း ပြောလိုက်တယ် “တံခါးပိတ်လေကျင့်ဖို့လား။ သခင်ငယ်လေးက နောက်တစ်ဆင့် ချိုးဖျက်ချင်လို့လား”

“အင်း၊ ဖြစ်နိုင်လောက်တယ်” တုဖုန်းက ခေါင်းညိတ်လိုက်ပြီး “သူ့ရဲ့ အစစ်အမှန်ချီက အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်နေတယ်၊ အဲ့ဒါက နောက်တစ်ဆင့်ကို ချိုးဖျက်တော့မယ့် အမှတ်လက္ခဏာပဲ”

“ငါတို့ မရောက်ခင် တိုက်ပွဲကြီး တစ်ခုကို သူဆင်နွှဲခဲ့ရတဲ့ပုံပဲ”

ထိုအကြောင်းပြချက် ကြောင့်သာ မဟုတ်ရင် ရန်ကိုင်က ချက်ချင်းဆိုသလို နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားလိမ့်မှာ မဟုတ်ပါဘူး။

တုဖုန်းက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ကောင်းကင်ထက်က ရွှေရောင်ငွေသွေး သိမ်းငှက်ကို ကြည့်ရင်း မေးလိုက်တယ် “ယုရှန်း၊ သခင်ငယ်လေးက နှလုံးသား ပျောံညံ့တယ်လို့ နင်ထင်နေတာလား”

ယုရှန်းက တုဖုန်းကို လှမ်းကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ် “သူက ငယ်လေးတယ်လေ။ အဲ့ဒါကြောင့်ပဲ သူက ထင်သလောက် မရက်စက်တာလည်း မထူးဆန်းတော့ပါဘူး”

ဒါပေမယ့် တုဖုန်းက ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်တယ် “မဟုတ်ဘူး။ သူက ရန်မိသားစုဝင် တစ်ယောက်ပဲ။ သူက ကလေးတစ်ယောက် ဆိုရင်တောင် နင်သူ့ကို အထင်မသေးသင့်ဘူး။ နင်ရန်မိသားစုမှာ နေလာတာ ဒီလောက် ကြာပြီးတာတောင် အခုထို သူတို့အကြောင်းကို နားမလည်သေးဘူးလား။ သခင်ငယ်လေးက မြင်သလောက် မရိုးရှင်းဘူး”

“ဘာလို့လဲ” တန်ဖုရှန်း သိချင်မိသွားခဲ့တယ်။

“သူနဲ့ ရှန်၊နန် မိသားစုကြားမှာ ရန်ငြိုးရှိတယ်ဆိုတာ နင်လည်း တွေ့တယ်မလား”

တန်ယုရှန်းက အကျယ်ကြီး အော်ရယ်လိုက်ပြီး “ငါက အကန်းမဟုတ်ဘူးဟဲ့။ မမြင်ပဲ နေပါ့မလား။ မြင်တာပေါ့။ ပြီးတော့ သူတို့ကြားက ရန်ငြိုးကလည်း ပေါ့သေးသေး မဟုတ်တဲ့ပုံပဲ”

“အဲ့ဒါကို သိနေမှတော့ သခင်ငယ်လေး ဘာလုပ်မယ်လို့ နင်ထင်လဲ”

“သတ်မှာပေါ့” တန်ယုရှန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “ဘာတွန့်ဆုတ်နေစရာ ရှိလို့လဲ။ အမွေခံတိုက်ပွဲမှာ သူတို့လို အကူအညီမျိုးကိုမှ မလိုအပ်တာ။ သူက ရှန်နဲ့နန်မိသားစုက လူတွေကို ရန်စပြီးတာတောင် ကျားကို တောထဲ ပြန်လွှတ်ပေးလိုက်သေးတဘ်။ ရှန်နဲ့နန် မိသားစုက အမွေခံတိုက်ပွဲမှာ သူ့ရန်သူ ကျိန်းသေ ဖြစ်လာလိမ့်မယ်”

“အဲ့ဒါကြောင့် နင်က ရန်မိသားစုဝင်တွေကို အခုထိ နားမလည်သေးဘူးလို့ ငါပြောတာပေါ့” တုဖုန်းက ပြောပြီးတာနဲ့ “သခင်ငယ်လေးက အဲ့ကလေး နှစ်ယောက်ကို အလွယ်တကူ မသတ်နိုင်ဘူး။ သူတို့ နှစ်ယောက်စလုံက ရှန်နဲ့နန်မိသားစုရဲ့ မိသားစုခေါင်းဆောင် ဖြစ်လာမယ့်လူတွေ။ သူသာ အဲ့ကလေး နှစ်ယောက်ကို သတ်လိုက်ရင် ပြဿနာကို ကိုယ့်ဆီ ဖိတ်ခေါ်နေသလို ဖြစ်သွားမှာပေါ့။ အခုအချိန်မှာ သူ့အနေနဲ့ အဲ့လို ပြဿနာတွေကို ကိုင်တွယ်နိုင်လောက်တဲ့ အထိ အားမကောင်းသေးဘူး။ နောက်ထပ် ရှိသေးတယ်၊ အင်မော်တယ် တက်လှမ်းခြင်းအဆင့် လေးယောက် စောင့်ကြည့်နေတဲ့ ကြားကနေ အဲ့ကလေးနှစ်ယောက်ကို သူမှ မသတ်နိုင်သေးတာ”

“သူက အဲ့နှစ်ယောက်ကို သူ့ဘက်ပါအောင် ဆွဲခေါ်ဖို့ စဉ်းစားနေတာလား” တန်ယုရှန်းက မယုံကြည်နိုင်သည့် လေသံနဲ့ တိုးတို‌လေး ပြောလိုက်တယ်။

“မဟုတ်ဘူး။ သူတို့ ကြားမှာ ဒီလောက် ကြီးမားတဲ့ ရန်ငြိုး ရှိနေမှတော့ သူတို့ကို သူ့ဘက်ပါအောင် ဆွဲခေါ်တာ မြွေပွေးခါးပိုက် ပိုက်ထားတာနဲ့ အတူတူပဲ ဖြစ်သွားမှာပေါ့။ အဲ့နှစ်ယောက်ကို သူ့ဘက် ဆွဲခေါ်နိုင်ခဲ့ရင်တောင် သူတို့တွေက သခင်ငယ်လေးကို အပေါ်ယံဟန်ပြပြီးတော့ပဲ ကူညီပေးမှာ။ သူ့အတွက် အသုံးမဝင်ပဲ သူ့ပြိုင်ဘက်ဆီ ရောက်သွားမယ့် လူတွေကို ဘာလို့ ဆွဲခေါ်ထားဦးမှာလဲ။ အဲ့အစား သူတို့စိတ်ထဲ အကြောက်စိတ် ရိုက်သွင်းပေးလိုက်ပြီး သူတို့ ခွန်အားကို တတ်နိုင်သမျှ လျှော့ပစ်လိုက်တာက အကောင်းဆုံးပဲ” တုဖန်းရဲ့ မျက်ဝန်းအစုံ လက်သွားခဲ့ပြီး “သူတို့ကိုသာ တစ်သက် မမေ့လောက်မယ့် သင်ခန်းစာ တစ်ခု ပေးနိုင်ခဲ့ရင် သခင်ငယ်လေးကို မြင်ရုံနဲ့တင် သူတို့ ကြောက်လန့်ပြီး ခြေမကိုင်မိ၊ လက်မိကိုင်မိတွေ ဖြစ်ကုန်မှာ။ အဲ့လို သင်ခန်းစာ ပေးလိုက်တာကမှ အကောင်းဆုံးပဲ”

“ဒါပေမယ့် သခင်ငယ်လေးမှာ အဲ့လိုလုပ်ဖို့ ခွန်အား မရှိဘူးမလား”

“ဟုတ်တယ်၊ သခင်ငယ်လေး အဲ့လို မဟုတ်နိုင်ဘူး။ တကယ်တော့ သူက ငယ်ငယ်လေးပဲ ရှိသေးတာလေ။ ဒါပေမယ့် ရှန်နဲ့နန်မိသားစုက ကလေးတွေကိုတော့ လုံလောက်တဲ့ အထင်အမြင် ပေးစွမ်းနိုင်ခဲ့တယ်၊ မဟုတ်ရင် သူတို့ရှေ့မှာ ဒီလောက် မောက်မာအထက်စီး ဆန်တဲ့ ပုံစံ လုပ်ပြနေခဲ့မှာ မဟုတ်ဘူး။ အမွေခံတိုက်ပွဲမှာ သူဘယ်လိုတွေ လုပ်မလဲ ဆိုတာကို ငါတကယ်ပဲ သိချင်နေပြီ”

ထိုစကားကို ကြားလိုက်တာနဲ့ တန်ယုရှန်း ခေါင်းရှုပ်သွားခဲ့တယ် “နင်ရုတ်တရက်ကြီး ဘာလို့ သူ့အပေါ် ဒီလောက် စိတ်ဝင်စားလာရတာလဲ”

တဖုန်းက ပြုံးလိုက်ပြီး မြေကြီးပေါ်မှာ ကျနေတဲ့ ငှက်မွှေးနှစ်ချောင်းကို ကောက်ယူလိုက်တယ်။ ထို့နောက် ထိုငှက်မွှေးနှစ်ချောင်းကို တန်ယုရှန်းဆီ ပေးလိုက်ပြီး ပြောလိုက်တယ် “အဲ့ငှက်မွှေးနှစ်ချောင်းက နည်းနည်းလေးမှ ပုံစံ ပျက်ယွင်းမနေခဲ့ဘူး။ အဲ့ဒါကြောင့် ဒီငှက်တောင် မွှေးတွေက တိုက်ခိုက်ခံလိုက်ရလို့ ကျွတ်ကျလာခဲ့တာ မဟုတ်ဘူး”

တန်ယုရှန်လည်း မျက်လုံး မှေးစဉ်းလိုက်ပြီး ငှက်မွှေးနှစ်ချောင်းကို စစ်ဆေးလိုက်တယ် “ငှက်မွှေးတွေက နှုတ်ခံထားရတာလား။ ဒါပေမယ့် ဘယ်သူနှုတ်သွားတာလဲ”

“ဘယ်သူ ဖြစ်ရဦးမှာလဲ”

တန်ယုရှန်းက ရန်ကိုင်ရှိနေတဲ့ နေရာကို ငေးကြောင်ကြည့်နေလိုက်ပြီး ထိတ်လန့်တကြား ထပြောလိုက်တယ် “သူက အရမ်း ကောက်ကျစ်လွန်း မနေဘူးလား။ ငါတို့ကိုတောင် တကယ်ပဲ အသုံးချသွားခဲ့တယ်”

ထိုအချက်ကို နားလည်သွားတာနဲ့ သူမက တုဖုန်းဘက်လှည့်ပြီး မေးလိုက်တယ် “နင်က သိနေမှတော့ ဘာလို့ သူ့အစီအတိုင်း လိုက်ကစား ပေးလိုက်တာလဲ”

“ငါက သူ့အစီအစဉ်ကို အားလုံးရှေ့မှာ ထုတ်ပြောရမှာလား” တုဖုန်းက မျက်ခွံလှန်လိုက်ပြီး “ဘယ်လိုပဲ ဖြစ်ဖြစ် သူက ရန်မိသားစုရဲ့ သခင်လေး တစ်ယောက် ဖြစ်နေသေးတယ်လေ၊ လူအများကြီးရှေ့မှာ သူ့ကို မျက်နှာပျက်အောင် လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ”

“အဲ့ကောင်စုတ်လေးက တကယ်ကို ဉာဏ်များလွန်းတယ်” တန်ယုဖုန်းက စိတ်ပျက်ပျက်နဲ့ အံကြိတ်လိုက်တယ်။

လူငယ်လေး တစ်ယောက်ရဲ့ ကစားကွက်ထဲ သူမတကယ်ပဲ ကျသွားခဲ့ရပါတယ်။ ထို့ကြောင့် တန်ယုဖုန်း အနေနဲ့ စိတ်ပျက်နေတာလည်း အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ သူမက ရန်မိသားစုရဲ့ အမှုထမ်း တစ်ယောက် ဆိုပေမယ့် သူမကိုယ်တိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်မြင့်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် ထိုကောင်စုတ်လေးရဲ့ လှည့်ကွက်ကို သူမ မမြင်နိုင်ခဲ့ပါဘူး။ ဒါက နည်းနည်းတော့ ရှက်ဖို့ ကောင်းလှပါတယ်။

တုဖုန်းက မျက်မှောင် ကြုံ့လိုက်ပြီး ရုတ်တရက် ကောက်ပြောလိုက်တယ် “ဒီတစ်ကြိမ် အမွေခံတိုက်ပွဲမှာ ဘယ်သွေးစစ်သည်တော်တွေ ဝင်ပါရမလဲဆိုတာ ငါတို့ မသိသေးဘူး။ ငါတို့ နှစ်ယောက်စလုံးသာ ရွေးချယ်ခံရမယ် ဆိုရင် အနည်းဆုံးတော့ အားကောင်းပြီး ယုံကြည်လို့ရနိုင်တဲ့ သခင်လေး တစ်ယောက်ကို ရှာဖို့လိုတယ်။ ငါတို့သာ အဖွဲ့မှားရွေးမိရင် အကျိုးဆက်တွေက အရမ်းကို ပြင်းထန်သွားလိမ့်မယ်”

“သူ့နောက်ကို လိုက်ချင်နေတာလား” တန်ယုရှန်းက မျက်မှောင် ကြုံ့လိုက်ပြီး မေးလိုက်တယ်။

“ဟင့်အင်း၊ အနည်းဆုံးတော့ အခု မဟုတ်သေးဘူး။ ငါတို့က သူ့ကို အခုမှ တွေ့ရုံပဲ ရှိသေးတာ။ သူ့ရဲ့ နည်းလမ်းတွေက တကယ်ကို အထင်ကြီးဖို့ ကောင်းပေမယ့် ဆုံးဖြတ်ချက် မချရင် နည်းနည်းလောက်တော့ ထပ်ပြီး လေ့လာဖို့ လိုသေးတယ်။ ဟဲဟဲ… ရန်မိသားစုက သခင်လေးတွေကို အိမ်ပြန်ခေါ်သွားတဲ့ လမ်းတစ်လျှောက်မှာ သူတို့က ငါတို့ကို သူတို့ဘက် ဆွဲခေါ်ဖို့ ကြိုးစားရသလို ငါတို့ကလည်း သူတို့ခေါင်းဆောင်မှု နောက်လိုက်ဖို့ ထိုက်တန်လား၊ မထိုက်တန်ဘူးလား ဆိုတာကို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် လေ့လာဆန်းစစ် ရတာက ရန်မိသားစုရဲ့ မပြောထားတဲ့ စည်းကမ်း တစ်ခုပဲ မဟုတ်ဘူးလား”

“ကောင်ပြီလေ၊ ငါအခု နင်ပြောတာကို နားထောင်ထားလိုက်မယ်” တန်ယုရှန်းက ခေါင်းညိတ်လိုက်ပြီး ခက်ထန်တဲ့ အပြုံးကို ဆင်မြန်းလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်တယ် “ဒီတစ်ခါ အိမ်ပြန်တဲ့အခါ ငါ့အားလုံးကို သေချာ လိုက်ပြီး အာရုံစိုက်ထားရမယ်၊ အဲ့ဒါမှ သူ့ကစားကွက်ထဲ အခုလိုမျိုး အလွယ်တကူ ထပ်မကျသွားမှာ”

“ဟားဟားဟား” တုဖုန်းက အကျယ်ကြီး အော်ရယ်လိုက်ပြီး ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။

All Chapters