အခန်း (၂၉၆-၃၀၀)
Vol. 12 Ch. 296-300
အပိုင်း(၂၉၆) ညို့ချက်ပြင်းလွန်းသည့်စုန်းမ
ပြောပြီးတာနဲ့ ထိုဒိုင်းကာကို သူမခန္ဓာကိုယ်ထဲ ပြန်သိမ်းထားလိုက်ပြီး လက်ကွက်အမျိုးမျိုးကို ဖန်တီးပါတော့တယ်။ ချက်ချင်းပဲ သူမခန္ဓာကိုယ်ဆီမှ အမျိုးမျိုးသော စွမ်းအင်တို့ ပေါက်ကွဲထွက်ပေါ်လာခဲ့တယ်။
လေ၊ တိမ်၊ မိုးကြိုး နဲ့ လျှပ်စီးတို့ သူမနားတွင် စုစည်းလာခဲ့ပြီး ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်မုန်တိုင်း တစ်ခုကို ဖြစ်ပေါ်လာစေခဲ့တယ်။
“ငါ့မှာ နင်နဲ့ ကစားနေဖို့ အချိန်မရှိဘူး” ရန်ကိုင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရှေ့တည့်တည့်ကို သူ့ဓါးနဲ့ ပိုင်းချလိုက်ပါတယ်။ ဒါပေမယ့် ချူရီမန်က သူ့ကို နှောင့်နှေးစေနိုင်ခဲ့အတွက် သူနဲ့အနီးဆုံးကို ရောက်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ရန်ကိုင်ကို လှမ်းပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။
ရန်ကိုင်က တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး သူ့ဆီ တိုးဝင်လာခဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး ဓါးတစ်သောင်းခုတ်ချက်ကို ထုတ်ဖော်လိုက်တယ်။
ကောင်းကင်တစ်ခုလုံး ဓါးချီတို့ဖြင့် ပြည့်နှက်သွားခဲ့ပြီး ရန်ကိုင်က အသူရာဓါးကို လျင်မြန်စွာ ဝှေ့ရမ်းလိုက်တယ်။ မရေမတွက်နိုင်တဲ့ ချီဓါးသွားတွေရဲ့ တစ်ဝက်က ရန်ကိုင်ကို ကာကွယ်ထားလိုက်ပြီး ကျန်တဲ့တစ်ဝက်တော့ လမ်းဖောက်ဖို့အတွက် ချူရီမန်တို့ဆီ တိုးဝင်သွားခဲ့တယ်။
“ရပ်လိုက်စမ်း” ဘေးဘက်ကနေ ဒေါသတကြီး အော်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး “မင်းကများ သခင်မလေးချူကို မလေးမစား လုပ်ရဲတယ်။ သေချင်နေတာပဲ”
ထိုလူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရန်ကိုင် ဖန်တီလိုက်တဲ့ ဓါးချီတွေ အကုန်လုံးကို ဖျက်စီးလိုက်ပြီး ရန်ကိုင်ကို နောက်ပြန်ဆုတ်သွားစေလိုက်တယ်။
အရိပ်တစ်ခုက သူ့လမ်းလာပိတ်နေခဲ့တယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆ ကျင့်ကြံသူ တစ်ယောက်က သူ့လမ်းကို ပိတ်ဆို့ထားခဲ့ပြီး ရန်ကိုင်ကို အေးစက်စွာ စိုက်ကြည့်နေလိုက်တယ်။
“မင်းစကားကို ပြန်ရုပ်သိမ်းနိုင်မလား ကြည့်ရသေးတာပေါ့” ရန်ကိုင်က ကြောက်လန့်သည့် အရိပ်အယောင် နည်းနည်းလေးတောင် မပြပါဘူး။ အဲ့အစား လှောင်ပြောင်လိုက်ပြီး များစွာသော ချီဓါးသွားတွေကို စုစည်းကာ ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူဆီ ပစ်လွှတ်လိုက်တယ်။
တစ်ချိန်တည်းမှာပဲ သူ့ကိုယ်ကနေ သွေးနီရောင် ပွင့်ချပ်ကလေးတွေ ထွက်ပေါ်လာခဲ့ပြီး ပွင့်ချပ်တစ်ခုစီတိုင်းကလည်း အလွန်အမင်း ထက်ရှလှသည့် လူသတ်လက်နက်တွေ ဖြစ်နေပါတယ်။
ပွင့်ချပ်တစ်ထောင် သွေးပန်း…
ပန်းကြွေနန်းတော်ရဲ့ ထွတ်မြတ် ရတနာကို သန့်စင်ပြီးတဲ့နောက်ပိုင်း ထိုရတနာကို ရန်ကိုင် တစ်ခါမှ အသုံးမပြုခဲ့ဖူးသေးပါဘူး။
ပွင့်ချပ်တစ်ထောင်က သူ့ကိုယ်ကို ဝိုင်းပတ်လို့ နေခဲ့တယ်။ ထိုပွင့်ချပ်တွေက သူ့ကိုယ်ပိုင် လက်တွေအလား သူ့စိတ်ဆန္ဒအတိုင်း လှုပ်ရှားနေခဲ့တယ်။ အနီရောင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ရန်ကိုင်က ထိုပွင့်ချပ်တွေကို အင်မော်တယ် တက်လှမ်းခြင်းအဆင့်၆ ကျင့်ကြံသူဆီ ပစ်လွှတ်လိုက်တယ်။
“ကောင်းကင်အဆင့် လက်နက်လား” ထိုလူက တော်တော်လေး အမြင်စူးရှတဲ့အတွက် ရန်ကိုင်လက်နက်ရဲ့ ထူးခြားမှုကို တစ်ခဏလေးအတွင်း မြင်သွားနိုင်ခဲ့ပါတယ်။ ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူက အစစ်အမှန်ချီကို အဆုံးစွန်ထိ လှည့်ပတ်လိုက်ပြီး ထိုပွင့်ချပ်တွေကို သူ့လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။ မှုန်ဝါးဝါး တောင်ပုံရိပ်တစ်ခု သူ့ရှေ့တွင် ဖြစ်ပေါ်လာခဲ့ပြီး ပွင့်ချပ်တစ်ထောင် သွေးပန်းကို ချက်ချင်း ဖိနှိပ်လိုက်တယ်။
ထိပ်တိုက်တွေ့ သွားတဲ့အချိန် ပွင့်ချပ်တစ်ထောင်စလုံး အဘက်ဘက်ကို ပျံ့လွင့်သွားခဲ့ပြီး တောင်ပုံရိပ်လည်း တစ်မုဟုတ်ချည်း မှိန်ကျသွားခဲ့တယ်။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ရန်ကိုင်က အသူဓါးကိုကိုင်ပြီး ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကို ထိုးချလိုက်တယ်။ ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက အစစ်အမှန်ချီကို အဆုံးစွန်အထိ အသုံးပြုပြီး အားကောင်းတဲ့ သိုင်းပညာရပ် တစ်ခုကို ထုတ်ဖော်လိုက်ရတဲ့အတွက် အနည်းငယ် အားနည်းနေခဲ့ပါတယ်။ သို့ပေမယ့် သူ့အနေနဲ့ အသက်လေးတောင် ကောင်းကောင်း မရှုရသေးခင်မှာပဲ ရန်ကိုင်က ရုတ်တရက်ကြီး ဝင်တိုက်ခိုက် လာတဲ့အတွက် အလျင်စလို ရှောင်တိမ်းလိုက်ရပါတယ်။
ဒါပေမယ့် ထိုတိုက်ခိုက်မှု အယောင်ပြပါပဲ။ ထိုဆရာသခင်ကို တစ်ချက်ကလေးတောင် မကြည့်တော့ပဲ ရန်ကိုင်က ထွက်ပြေးလိုက်တယ်။
“နင်ဘယ်ပြေးဖို့ ကြိုးစားနေတာလဲ” ချူရီမန်က အော်ဟစ်လိုက်တယ်။ သူမလေသံထဲ အေးစက်ပြီး အလျှော့မပေးလိုတဲ့ မာနအရိပ်အယောင်တို့ ပါဝင်နေခဲ့တယ်။
ပြင်းထန်လှတဲ့ အားတစ်ခုက သူ့ကို ပြန်ဆွဲထားခဲ့တယ်။ ရန်ကိုင်လည်း ရပ်တန့်လိုက်ရပြီး ချူရီမန်ရဲ့ စွမ်းအင်လေးနယ်ပယ်ကို လှမ်းကြည့်လိုက်တယ်။ ထိုစွမ်းအင်လေးမျိုး နယ်ပယ်ကြောင့်ပဲ သူ့လှုပ်ရှားမှုတွေ နှေးကွေးသွားခဲ့ရပြီး သူ့ခန္ဓာကိုယ်က အရှေ့မတိုးနိုင် ဖြစ်နေခဲ့ရတာပါ။
“ဒီမိန်းမပျက်မ ကတော့ကွာ” ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး ဓါးကိုဝှေ့ရမ်းလိုက်ကာ မရေမတွက်နိုင်တဲ့ ဓါးသွားတွေကို ချူရီမန်ဆီ ပစ်လွှတ်လိုက်တယ်။
ချူရီမန်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ မတ်တပ်ရပ်နေခဲ့ပါတယ်။ သူမမျက်နှာထက် အပြုံးတစ်စ ထွက်ပေါ်လာခဲ့ပြီး အစောပိုင်းတုန်းက ဒိုင်းကာလေးက သူမလက်ထဲ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ကာ ရန်ကိုင်ရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်တယ်။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ပွင့်ချပ်တစ်ထောင်က ပြန်လည်စုဝေးသွားပြီး ချူရီမန်ဆီ တိုးဝင်သွားခဲ့တယ်။
“အစ်မချူ၊ သတိထား” လော့ရှောင်မန်က မြန်ဆန်စွာနဲ့ အော်ဟစ်သတိ ပေးလိုက်ပြီး သူမလက်ကို ဝှေ့ရမ်းကာ အလင်းတန်တစ်ခုကို ပစ်လွှတ်လိုက်တယ်။ ထိုအလင်းတန်းထဲကနေ လက်နက်မျိုးစုံ ထွက်ပေါ်လာခဲ့ပြီး ပွင့်ချပ်တစ်ထောင်ကို တားဆီးလိုက်တယ်။
“နင့်မှာ ထွက်ပြေးဖို့ အပေါက် မရှိတော့ပါဘူး။ လိမ်လိမ်မာမာနဲ့ပဲ ငါတို့ဖမ်းတာကို ခံလိုက်စမ်းပါ” ချူရီမန်က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ရယ်မောကာ ရန်ကိုင်ကို တိုက်ခိုက်လိုက်တယ်။
“မှန်တယ်၊ နတ်ဆိုးကလေး၊ မင်းဒီနေ့ မလွတ်မြောက်နိုင်တော့ဘူး” ထိုအသံနှင့်အတူ လူရိပ်နှစ်ခု ထွက်ပေါ်လာခဲ့တယ်။ ကျန်ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်နှစ်ယောက်လည်း ရောက်ရှိလာခဲ့ပါပြီ။
ရန်ကိုင် အမူအရာက အလွန်အမင်း သုန်မှုန်သွားခဲ့ပြီး မကျေမနပ်သည့်၊ ကူကယ်ရာမဲ့သည့် ခံစားချက်တို့ သူ့စိတ်ထဲ ထွက်ပေါ်လာခဲ့တယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်တစ်ယောက်နဲ့ ရင်ဆိုင်ရရင် သူ့မှာ ရှိရှိသမျှ အကုန်အစင် ထုတ်သုံးမယ် ဆိုရင်တော့ ထွက်ပြေးနိုင်ပါသေးတယ်။ ဒါပေမယ့် အခု အင်မော်တယ် တက်လှမ်းခြင်းအဆင့် သုံးယောက်ရှိနေတာလေ။ သူဘယ်လိုလုပ်ပြီး ထွက်ပြေးလို့ လွတ်ပါတော့မလဲ။
အားနည်းလွန်းတယ်။ ငါအရမ်း အားနည်းလွန်းတယ်။ အစစ်အမှန်ဒြပ်စင်အဆင့်၃က မလုံလောက်သေးဘူး
အသစ်ရောက်ရှိလာတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က အပိုစကားတွေ ပြောမနေတော့ပဲ သူတို့ရဲ့ သိုင်းပညာရပ် အသီးသီးကို ချက်ချင်း ထုတ်သုံးလိုက်တယ်။
ရန်ကိုင်က ခုခံနိုင်လိုက်တယ် ဆိုပေမယ့် အပြည့်အဝတော့ မခုခံနိုင်ခဲ့ပါဘူး။ တိုက်ခိုက်မှုကို မရောင်ရှားနိုင်ခဲ့တဲ့ သူ့ပုခုံးနဲ့ ရင်ဘတ်နေရာမှ အရိုးတွေ ကျိုးကြေကုန်ပြီး သည်းမခံနိုင်လောက်တဲ့ နာကျင်မှုက သူ့တစ်ကိုယ်လုံး ပျံ့နှံ့လာခဲ့တယ်။ ထိုနာကျင်မှုကြောင့် ရန်ကိုင်လည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ ကြိုးပျက်သွားတဲ့ စွန်တစ်ခုလို ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာခဲ့တယ်။
သူလှည့်ကြည့်လိုက်တဲ့အချိန် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်၊ ချူရီမန်နဲ့ လော့ရှောင်မန်တို့ သူ့ပြေးပေါက်တွေ အကုန်လုံးကို ပိတ်ထားတာကို တွေ့လိုက်ရတယ်။
သူ့လက်ထဲက အသူရားဓါးကို ကြည့်ရင်း ချူရီမန်တောင် လောဘဖြစ်မိပါတယ်။ ပြီးတော့ ထိုပွင့်ချပ်တစ်ထောင် သွေးပန်းဆိုတာကလည်း ရှိပါသေးတယ်။ နှစ်ခုစလုံးက ရှားပါးတဲ့ ရတနာတွေချည်းပါပဲ။
“လက်လျှော့ဖို့ အဆင်သင့်ပဲလား” ချူရီမန်က လှောင်ပြောင်လိုက်တယ်။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက်ကလည်း အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး မသိမသာလေး ဖိအားထုတ်ဖော်လိုက်တယ်။
“နတ်ဆိုးကလေး၊ မင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်လိုက်၊ မဟုတ်ရင် ဒီလူအိုကြီးကိုယ်တိုင် လုပ်ပေးမယ်” အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူတွေ ထဲက တစ်ယောက်က အေးစက်စက်လေသံနဲ့ အော်ပြောလိုက်တယ်။
ထိုကဲ့သို့ ပြဿနာတွင်းထဲ ရောက်နေတာတောင်မှ ရန်ကိုင်က ပြုံးလိုက်ပါတဘ်။ သူ့ကိုယ်ကနေ မိစ္ဆာချီစွမ်းအင်တွေ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့တယ်။
သူက ဝန်းရံထားခံရပေမယ့် သူ့မှ လွတ်မြောက်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့တော့ မဆိုလိုဘူးလေ။ သူသာ မယိမ်းယိုင်သော စိတ်ဆန္ဒကို အသက်သွင်းပြီး ယန်မီးတောက်တောင်ပံကို သုံးလိုက်မယ်ဆိုရင် အခုလို ဝန်းရံထားခံရာကနေ လွတ်မြောက်နိုင်လိမ့်မယ်လို့ ရန်ကိုင် ယုံကြည်နေပါသေးတယ်။
ယန်မီးတောက် တောင်ပံသုံပြီး သူပျံတဲ့ အမြန်နှုန်းက သာမန်အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေထက်ကို မြန်ဆန်ပါတယ်။ ထို့ကြောင့် သူသာ ပထမဆုံးတိုက်ခိုက်မှုတွေကို သေချာ ရှောင်တိမ်းနိုင်မယ်ဆိုရင် အခုလို ဝန်းရံထားခံရာကနေ လွတ်မြောက်နိုင်ချေ ရှိပါတယ်။
တစ်ခုတည်းသော မေးခွန်းက ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို သူခုခံနိုင်မှာလား။ ရန်ကိုင်လည်း ထိုငါးယောက်ပေါင်းရဲ့ ပူးပေါင်းတိုက်ခိုက်မှုကနေ ထွက်ပြေးလွတ်မြောက် နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ချက် မရှိပါဘူး။
“ပူးပေါင်းဖို့ ငြင်းဆန်တယ်ပေါ့” ရန်ကိုင်က ဘာမှ ပြန်မပြောတကို တွေ့လိုက်ရတော့ ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူက ဒေါသထွက်လာပြီး ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်က ဆုံးဖြတ်ချက် ချလိုက်ပြီး ကံစမ်းဖို့ လုပ်လိုက်ပါတယ်။ ဒါပေမယ့် အဲ့အချိန်မှာပဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ သုံးယောက်က ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်တယ်။
အဝေးကနေ အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားတစ်ခု သူတို့ဆီ နီးကပ်လာနေတာကို ခံစားမိလိုက်တာနဲ့ ရန်ကိုင်လည်း မျက်မှောင်ကြုံ့လိုက်တယ်။ ထိုဖိအားက သူ့ရှေ့မှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သုံးယောက် ထုတ်ဖော်ထားတဲ့ ဖိအားထက်တောင် ပိုပြီး ကြီးမားပါသေးတယ်။
“သခင်မလေးနှစ်ယောက်၊ ဂရုစိုက်” အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ သုံးယောက်က ရန်ကိုင်ကို လုံးဝ လျစ်လျူထားလိုက်ပြီး ချူရီမန်နဲ့ လော့ရှောင်မန်ရှေ့ မှာ ကာကွယ်ထားလိုက်ကြတယ်။ သူတို့ မျက်နှာတွေကတော့ သုန်မှုန်နေလို့ပေါ့။
တစ်ခဏကြာပြီးနောက် မိုးကုတ်စက်ဝိုင်းအောက်မှ အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ ပုံရိပ်တစ်ခုက သူတို့ဆီ လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့ပြီး သူတို့နဲ့ မီတာအနည်းငယ် အကွာမှာ ရပ်တန့်သွားခဲ့တယ်။
ထိုပုံရိပ်က မိန်းမပျို တစ်ယောက်ပါ။ ဆွဲဆောင်အားကောင်းပြီး ညုတူတူ လုပ်မယ့် မိန်းမပုံစံမျိုးပါ။
မီးနီရောင် အဝတ်အစားတွေက သူမတစ်ကိုယ်လုံးကို ကောက်ညင်းထုပ် တစ်ထုပ်လို ရစ်ပတ်ထားခဲ့တယ်။ သူမပုံရိပ်က ကျက်သရေရှိလှပြီး အရမ်းကို နှစ်လိုဖွယ်ကောင်းနေခဲ့တယ်။ သူမ၏ကျောက်စိမ်းသဖွယ် ချောမွတ်တဲ့ လက်နှစ်ဖက်မှာတော့ ငွေရောင်လက်ကောက်ဝတ် နှစ်ခုကို ဝတ်ဆင်ထားခဲ့တယ်။
သူမ အသားအရေက သန့်စင်တဲ့ ကျောက်စိမ်းဖြူတစ်ခုလို ဖွေးဥနေပြီး သူမ၏ ခြေတံရှည်တွေဟာ ဆိုရင်လည်း ဖြောင့်စင်းနေခဲ့ကာ သူမ၏ ခါးလေးကတော့ မို့မောက်စွံ့ကားနေတဲ့ တင်ပါးနဲ့ တခြားစီပါပဲ။ သူမ ခြေထောက်မှာတော့ ကျောက်စိမ်းဖြင့် ဖန်တီးထားတဲ့ ဖိနပ်တစ်ခုတစ်ရံကို ဝတ်ထားခဲ့ပြီး နူးညံ့လှတဲ့ ခြေချောင်းလေးတွေကိုလည်း အထင်းသား မြင်တွေ့နေရပါတယ်။
လှခြမ်းကွေးသဖွယ် ကွေးညွတ်နေတဲ့ မျက်ခုံးအစုံက သူမ၏ တောက်ပတဲ့ မျက်ဝန်းအစုံကို ပိုမိုလှပအောင် ဆောင်ကျဉ်းပေးနေခဲ့ပါတယ်။ ထိုမျက်ဝန်းအစုံက လိင်တစ်ဖက်သားကို ဆွဲဆောင်နိုင်တဲ့ အလင်းတို့ကို ထုတ်လွှတ်နေခဲ့ပါတယ်။ နူးညံ့ဖြောင့်စင်းတဲ့ နှာတံ၊ ချယ်ရီရောင်နှုတ်ခမ်းအစုံ နှင့် နို့နှစ်ရောင်သန်းနေတဲ့ သူမ၏ ပါးနုနုလေးတို့ကြောင့် နှစ်လိုဖွယ်ကောင်းတဲ့ လေထုက သူမနားတစ်ဝိုက် ဝိုင်းပတ်နေခဲ့ပြီး သူမတစ်ကိုယ်လုံး အဆုံးမရှိသော ဆွဲဆောင်မှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။
သူမကိုယ်လေးက သေးသွယ်လွန်းလို့ လေညင်းလေး တစ်ချက်လောက် တိုက်တာနဲ့တင် လဲသွားမယ့်ပုံပါ။ သူမ၏ မျက်လုံးထောင့်စွန်း နားမှာတော့ မျက်ရည်စက် အရွယ်လောက်ရှိတဲ့ မှဲ့လေးတစ်စက် ရှိနေခဲ့ပါတယ်။ ထိုအရာကပင် သူမ၏ ဆွဲဆောင်မှုကို ပိုတိုးသွားစေခဲ့ပါတယ်။
လေထဲတွင် မတ်တပ်ရပ်နေတဲ့အချိန် သူမ၏ ပါးလေးတွေက အနည်းငယ်လေး နီမြန်းနေခဲ့တယ်။ ကြည့်မိလိုက်တဲ့ လူတိုင်းကို စိတ်ကူးထဲ နစ်မြောသွားစေနိုင်တဲ့အထိ ညို့ချက်ပြင်းလွန်းလှပါတယ်။
စုယန်က သန့်စင်မှုအရာမှာ အားလုံး၏ အထက်၌ တည်ရှိနေတဲ့သူ ဖြစ်ပြီ ရှနင်းချန်းက ရိုးသားအပြစ်ကင်းစင်သည့် အရာမှာ အထွတ်အထိပ်၌ တည်ရှိနေသည် ဆိုပါက ထိုမိန်းမပျိုလေးကတော့ ဆွဲဆောင်မှုအရာမှာ အထွတ်အထိပ်၌ တည်ရှိနေတဲ့သူပါ။ ထိုနေရာမှာ ဒီအတိုင်း ရပ်နေတာတောင် သူမဆီကနေ ညို့ငင်ဆွဲဆောင်နိုင်တဲ့ အရှိန်အဝါတို့ ဖြာထွက်နေခဲ့ပါတယ်။
ထိုလူအနည်းငယ်က သူမဆီကနေ အကြည့်မခွါနိုင်တော့ပါဘူး။ လူငယ်ဖြစ်ဖြစ်၊ လူအိုဖြစ်ဖြစ်၊ သူတို့အားလုံ တံတွေးတစ်လုတ်စီ မျိုးချလိုက်မိကြပြီး သူတို့၏ အသက်ရှုသံတွေလည်း မြန်ဆန်လာခဲ့တယ်။
သူမ၏ အရည်လဲ့နေတဲ့ မျက်ဝန်းအစုံက လူတိုင်း၏ ဝိဥာဉ်ကို ဆွဲစုပ်ယူနိုင်တဲ့ ညို့ငင်မှု တစ်မျိုးများပါနေသလားလို့တောင် ထင်စရာပါ။
မိန်းမလေးတွေ ဖြစ်ကြတဲ့ ချူရီမန်နဲ့ လော့ရှောင်မန်တို့တောင် သူမဆီကနေ အကြည့်မခွါနိုင်ခဲ့ ဖြစ်ခဲ့ရပါတယ်။ သူမတို့၏ ပါးလေးတွေဆို နီမြန်းလာခဲ့ကာ နှလုံးခုန်သံလေးတွေကလည်း မြန်ဆန်လာခဲ့ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ ချူရီမန်က အသိပြန်ဝင်လာခဲ့ပြီး သူမစိတ်ထဲ အနည်းငယ် ရှက်ရွံ့သွားခဲ့တယ်။ သူ့မဘေးပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပြီးနောက် အံ့ကြိတ်ပြီး ကျိန်ဆဲလိုက်တယ် “ယောကျ်ားတွေက တကယ်ကို အရှက်မရှိတာပဲ”
အင်မော်တယ်တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ သုံးယောက်စလုံး ရှက်သွားခဲ့တယ်။ လှောင်ပြုံး ပြုံးလိုက်ပြီးနောက် သူတို့ထဲ ဘယ်သူမှ အလျင်စလို မလှုပ်ရှားရဲ ကြတော့ပါဘူး။ သူမဆီက ရတဲ့ ဖိအားနဲ့တင် သူမခွန်အားက သူတို့အောက် မနိမ့်ကျဘူးဆိုတာ သူတို့အားလုံး သိလိုက်တယ်။
ထိုမိန်းမပျိုလေးက တစ်ချက် ဝှေ့ကြည့်လိုက်ပြီးနောက် သူမအကြည့်က နောက်ဆုံး ရန်ကိုင်ဆီမှာ ရပ်တန့်သွားခဲ့တယ်။ သူမ၏ နှုတ်ခမ်းလေးကို အသာအယာလေး ကိုက်လိုက်ရင်း မျက်မှောင်လေးကြုံ့နေလိုက်တယ်။ သူမပုံစံ ကြည့်ရတာ တစ်ခုခုကို လွန်ဆွဲနေသည့် ပုံပါပဲ။ ထို့နောက် ခဏလောက် တွေးလိုက်ပြီး မေးလိုက်တယ် “နင်တို့ထဲမှာ ဘယ်သူက ခေါင်းဆောင်လဲ”
သူမ၏ ပျားသကာလို ချိုမြိန်လှတဲ့ စကားကို ကြားလိုက်ရချိန် တစ်ခုခုက သူတို့နှလုံးသားကို ဖမ်းကိုင်လိုက်ပြီး သူတို့ ဝိဥာဉ်ထဲ စိမ့်ဝင်လာကာ ထိုအမျိုးသမီးကို မလေးစားပဲ မနေနိုင်အောင် လုပ်လိုက်တာကို အားလုံး ခံစားမိလိုက်တယ်။
“ဘယ်ခေါင်းဆောင်လဲ” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး ထိုအမျိုးသမီးရဲ့ မေးခွန်းကို သူ့ရဲ့ မေးခွန်းနဲ့ ပြန်ဖြေလိုက်တယ်။ ထိုအမျိုးသမီးက ဘာကိုမေးနေမှန်း သူတကယ်ကို နားမလည်ပါဘူး။
“အန်…” ထိုအမျိုးသမီးရဲ့ မျက်လုံးထဲ အံ့ဩသည့် အရိပ်အယောင် တစ်စွန်းတစ်စ ဖြတ်ပြေးသွားခဲ့တယ်။ ရန်ကိုင်က ဒီလောက်မြန်မြန်နဲ့ အသိပြန်ဝင်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။ သူမရဲ့ လက်ရှိအခြေအနေနဲ့ဆို သူမဘာစကားမှ မပြောရင် အဆင်ပြေနေပေမယ့် သူမသာ တစ်ခွန်းလောက် ပြောလိုက်တာနဲ့ ဘယ်သူပဲဖြစ်ဖြစ် သူမရဲ့ ညို့ငင်ဆွဲဆောင်မှုကနေ လွတ်မြောက်နိုင်လိမ့်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် သွေးဆာသည့် အရှိန်အဝါတို့ဖြင့် ဖုံးလွှမ်းနေသည့် ထိုလူငယ်လေးကတော့ သူမ၏ ညို့ငင်မှုကနေ ရုန်းထွက်သွားနိုင်ခဲ့ပါတယ်။
တကယ်တော့ ရန်ကိုင်က ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကနေ ဖြစ်တည်လာတဲ့ အလိုဆန္ဒတွေကို အစဉ်အမြဲ ဖိနှိပ်နေခဲ့ရတာလေ။ ဒီတော့ ထိုကဲ့သို့ အလိုဆန္ဒတွေကို ဖိနှိပ်တဲ့နေရာမှာ အခြားသူတွေထက် ပိုပြီး သာလွန်နေတာ အံ့ဩစရာတော့ မရှိပါဘူး။
“မေ့လိုက်တော့၊ ငါ့မှာ နင်နဲ့ ပေါက်ပေါက်ဖောက် စကားပြောနေဖို့ အချိန်မရှိဘူး” ပြောပြီးတာနဲ့ သူမက ပန်းဆီရောင် ဖဲကြိုးတစ်ခုကို ပစ်လွှတ်လိုက်ပြီး ရန်ကိုင်ခါးကို ရစ်ပတ်သွားစေလိုက်တယ်။
ရန်ကိုင် အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး အသူရာဓါးကို တင်းတင်းဆုပ်ကိုင်ကာ ပြန်တိုင်ဖို့ ပြင်ဆင်ထားလိုက်တယ်။ ဒါပေမယ့် သူတောင် မတုန့်ပြန်နိုင်သေးခင်မှာပဲ ထိုအမျိုးသမီးက သူ့ရှေ့မှာပေါ်လာပြီး သူမ၏ ချယ်ရီရောင်နှုတ်ခမ်းအစုံမှ ထူးဆန်းသည့် မွှေးရနံ့တစ်ခု ထွက်ပေါ်လာခဲ့တယ်။
ထိုမွှေးရနံ့ကို ရှုရှိုက်မိလိုက်တာနဲ့ တစ်ပြိုင်နက် ရန်ကိုင် တစ်ကိုယ်လုံး ပျော့ခွေသွားခဲ့ပြီး ခုခံဖို့ ခွန်အားအကုန်အစင် ဆုံးရှုံးသွားခဲ့ရတယ်။
သန်မာလိုက်တာ။ ဒီမိန်းမက အနည်းဆုံးတော့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ ဖြစ်ရမယ်။ ဒါပေမယ့် သူမက ဘာလို့ဒီလောက် ငယ်နေရတာလဲ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ
“နင်တို့အားလုံးက ငါ့ကို မြင်သွားပြီ ဆိုမှတော့၊ ငါနင်တို့ကို တစ်ယောက်မှ အသက်ရှင်လျက် လွှတ်ပေးလို့ မဖြစ်ဘူး” ထိုအမျိုးသမီးက ဖွဖွလေး သက်ပြင်းချလိုက်ပြီး သူမ၏ လက်ကောက်ဝတ်လေးကို လှုပ်ရှားလိုက်တယ်။ ငွေရောင် လက်ကောက်တစ်ကွင်းက ကြောင်အနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ သုံးယောက်ဆီ ပျံထွက်သွားခဲ့တယ်။
Martial Peak
အပိုင်း(၂၉၇) ညိုးကျနေသည့် ပျိုးနီပန်းပွင့်
ငွေရောင်အလင်းတန်း လက်သွားတာနဲ့ ရန်ကိုင် အသည်းအသန် ခုခံတိုက်ခိုက်နေရတဲ့ အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်စလုံး သွေးအိုင်တွေ အဖြစ်ပြောင်းလဲသွားခဲ့တယ်။ သူတို့အနေနဲ့ နည်းနည်းလေးတောင် မခုခံနိုင်ခဲ့ပါဘူး။
ငွေရောင်အလင်းတန်းက ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်ဆီပါ ဆက်ပြီး တိုးဝင်သွားခဲ့တယ်။။
သေခြင်းရှင်းခြင်း အခိုက်အတန့်ကို ရောက်ရှိလာတာနဲ့ ချူရီမန်၏ နားတွင် ဝတ်ဆင်ထားသည့် တစ်မူထူးခြားသည့် နားကပ်အစုံက တောက်ပသည့် အလင်းရောင်တို့ ထုတ်လွှတ်လာခဲ့တယ်။ ထိုရုတ်တရက် ပေါက်ကွဲထွက်လာသည့် အလင်းရောင်ကြောင့် ချူရီမန်လည်း ကြက်သေသေနေရာမှ အသိပြန်ဝင်လာခဲ့တယ်။
ချက်ချင်းပဲ ချူရီမန်က သူမရဲ့ အကာအကွယ် ရတနာကို ထုတ်ယူလိုက်ပြီး သူမကိုယ်သူမ ကာကွယ်ထားလိုက်တယ်။
ဘန်းခနဲဆိုတဲ့ မြည်သံနှင့်အတူ ချူရီမန်က အနောက်ဘက်ကို လွင့်စင်ထွက်သွားခဲ့ပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရတယ်။ ဒါပေမယ့် သူမက ထိုငွေရောင်အလင်းတန်းကို အောင်အောင်မြင်မြင်နဲ့ ဟန့်တားနိုင်ခဲ့ပါတယ်။
မိန်းမပျိုလေးက မျက်မှောင်ကြုံ့လိုက်တယ်။ သူမ၏ နူးညံ့သည့် ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ရင်သွားခဲ့ပြီး သူမနှုတ်ခမ်းကို ကိုက်ထားသည့် နေရာကနေ သွေးတစ်စက် စီးကျလာခဲ့တယ်။ သူမ၏ လက်ရှိအခြေအနေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အစစ်အမှန်ချီကို ချက်ချင်း လှည့်ပတ်လိုက်ပါတယ်။
ချူရီမန်နဲ့ လော့ရှောင်မန်တို့ ထပ်မံတိုက်ခိုက်ဖို့ မကြိုးစားတော့ပဲ ချည်နှောင်ထားခြင်း ခံရတဲ့ ရန်ကိုင်ကို ဆွဲခေါ်သွားပြီး အလျင်စလို ပြေးထွက်သွားလိုက်ပါတော့တယ်။
လော့ရှောင်မန်၏ ပါးလေးတွေဟာ နီရဲနေလို့ပါ။ သူမ၏ မျက်ဝန်းအစုံဟာ ဆိုရင်လည်း ဝေဝါးနေခဲ့ပြီး သူမပါးစပ်ကနေလည်း ညည်းသံလေးတွေ အဆက်မပြတ် ထွက်ပေါ်နေခဲ့တယ်။ သူမပုံစံ ကြည့်ရတာ သူမပါးစပ်ကနေ ထွက်ပေါ်နေတဲ့ ညည်းသံတွေကို ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားနေရတဲ့ ပုံပါပဲ။
သူမ၏ ခြေထောက်နှစ်ချောင်းကို တင်းတင်းကြပ်ကြပ် ပူးကပ်ထားနေခဲ့ပါတယ်။ လျှပ်စီးအလား သူမတစ်ကိုယ်လုံးကို ပျံ့နှံ့နေတဲ့ အဆုံးမရှိသော ကြည်နူးမှုတွေကြောင့် သူမ၏ အောက်ပိုင်းဟာဆိုရင် အကြောသေသလို ဖြစ်နေခဲ့ပြီး သူမ၏ ကိုယ်လုံးလေးကလည်း အဆက်မပြတ် တုန်ရီလို့နေခဲ့ပါတယ်။ ချက်အောက်မှ အပူစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး ပူးနွေးနွေးဝတ်ရည်တို့က သူမ၏ လျှို့ဝှက်နေရာမှ အလိုလိုစီးကျလာခဲ့ကာ ပျော့ပျောင်းတဲ့ ပိုးသားအတွင်းခံ တစ်ခုလုံးကို စိုရွှဲသွားစေခဲ့တယ်။
သူမမြေကြီးပေါ် ပြိုလဲကျသွားခဲ့ပါပြီ။ မြေကြီးပေါ်မှာ ဒူးထောက်နေခဲ့ပြီး ပါးတွေဟာလည်း နီရဲနေခဲ့ကာ အမောတကော အသက်ရှူနေခဲ့ရတယ်။ မို့မောက်နေတဲ့ ရင်အစုံကနိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပြီး ညည်းသံသဲ့သဲ့လေးတွေ ဟာလည်း သူမ၏ပါးစပ်ဖျားမှ အစဉ်မပြတ် ထွက်ပေါ်နေခဲ့ပါတယ်။
“ရှောင်မန်… ညီမလေး…” ချူရီမန်က အော်ခေါ်လိုက်တယ်။
“အာ…” ချူရီမန်၏ အော်ခေါ်သံကို ကြားတော့မှပဲ လော့ရှောင်မန်လည်း အသိပြန်ဝင်လာခဲ့တယ်။ သူမ ပေါင်တစ်ခုလုံး စိုရွှဲနေတာကို ခံစားမိလိုက်တာနဲ့ အစောပိုင်းတုန်းက သူမ၏ အခြေအနေကို ပြန်သတိရလိုက်ပြီး သူမ၏ မျက်နှာလှလှလေးဟာ ဆိုဖြင့် အရင်ကထက် တစ်မုဟုတ်ချည်း ရဲတက်သွားခဲ့ပါတော့တယ်။
ဘာလို့ အဲ့လိုတွေ ဖြစ်သွားခဲ့မှန်း လော့ရှောင်မန် လုံးဝကို နားမလည် နိုင်ခဲ့ပါဘူး။ ထိုအနီအရာင်ဝတ်စုံနဲ့ အမျိုးသမီးက စကားလုံး အနည်းငယ်ကို ရွတ်ဆိုလိုက်ပြီး သူမကို ပုံရိပ်ယောင် တစ်ခုထဲ ကျရောက်သွားစေတာကိုပဲ မှတ်မိလိုက်ပါတယ်။ ထိုပုံရိပ်ယောင် ထဲတွင် သူမက အရှက်သိက္ခာတို့ ဘာတို့ကို ဂရုမစိုက်သလို ရှက်လည်း မရှက်တတ်တော့ပါဘူး။ မြင့်မြတ်ပြီး ကျက်သရေရှိတဲ့ မိန်းမငယ်လေး တစ်ယောက်လို နေထိုင်နေရတာကို မကျေနပ်တော့ပဲ အဆုံးမရှိတဲ့ အသွေးအသား စိတ်ဆန္ဒတို့ကို လိုလားတောင့်တလာခဲ့ပါတယ်။
ပြီးတော့ သူမ၏ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ တောင်ဆိုခံရတဲ့ လူတွေကလည်း ရန်ကိုင်ကို ဖမ်းဖို့ သူမနဲ့အတူ လာခဲ့တဲ့ လူငယ်အဖွဲ့တစ်ဖွဲ့ပါ။ ထိုအကြောင်းတွေကို ပြန်တွေးမိလိုက်တာနဲ့ အလွန်အမင်း ရှက်ရွံ့သွားခဲ့မိတယ်။ သူမ၏ လှပတဲ့မျက်ဝန်းတစ်စုံ ဟာဆိုရင်လည်း မျက်ရည်တို့ဖြင့် ဝဲတက်လာခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ အဆုံးမရှိတဲ့ ဒေါသတို့ဖြင့် ပြည့်လာခဲ့တယ်။
“ရှောင်မန်… ငါ့ကို လာကူပေးပါဦး” ချူရီမန်က လှမ်းအကူအညီ တောင်းလိုက်တယ်။ သူမနားက အစစ်အမှန်ချီစွမ်းအင်လှိုင်းတွေက ပရမ်းပတာ ဖြစ်နေပြီး သူမသွေးတွေတောင် ပြောင်းပြန်စီးတော့ လုမတတ် ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် လော့ရှောင်မန်က ထိုနေရာမှသာ ငေးကြောင်ပြီး ထိုင်နေတာကို တွေ့လိုက်ရတော့ မနေနိုင်တော့ပဲ အော်ဟစ် အကူအညီ တောင်းလိုက်ရတာပါ။
“အန်…အင်း..” လော့ရှောင်မန်က ဒယီးဒယိုင်နဲ့ ထရပ်လိုက်တယ်။ လေညင်းလေးက သူမကိုယ်ကို ဖြတ်သန်းတိုက်ခိုက် သွားတဲ့အခိုက် သူ့မ၏ ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံး အေးစိမ့်သွားခဲ့ရတယ်။ ထိုအေးစိမ့်တဲ့ ခံစားချက်က သူမအား ထူးဆန်းတဲ့ ကြည်နူးမှုကို ပေးစွမ်းတဲ့အတွက် သူမခန္ဓာကိုယ်လေးက မသိမသာလေး တုန်ရင်သွားခဲ့တယ်။
“ဘာတွေ ဖြစ်ခဲ့တာလဲ။ တစ်ခုခု မှားနေတာလား” ချူရီမန်က သူမကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်လိုက်တယ်။ လော့ရှောင်မန် ထူးထူးဆန်းဆန်း ပြုနေတာကို ကြည့်ရင်း ချူရီမန်လည်း မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့ရတယ်။
“ဘာ…ဘာမှ မဟုတ်ပါဘူး။ ဘာမှမဟုတ်ပါဘူး” လော့ရှောင်မန်က အလျင်စလို ပြန်ဖြေလိုက်ပြီး ချူရီမန်ဆီ ခပ်မြန်မြန်သွားလိုက်ကာ သူမ၏ အင်္ကျီလက်စထဲကနေ ဆေးပုလင်းတစ်ပုလင်း ထုတ်၌ ချူရီမန်ကို တိုက်ကျွေးလိုက်တယ်။
သူမ ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်တဲ့အချိန် မြေကြီးပေါ်မျာ ကျန်ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ သုံးယောက်ရဲ့ သွေးအိုင်သုံးခုကို သတိပြုမိသွားခဲ့ပြီး လော့ရှောင်မန် ကျောတစ်လျှောက် စိမ့်တက်သွားခဲ့တယ်။
အချိန်အတော်ကြာပြီးနောက် ချူရီမန်က သက်ပြင်းအရှည်ကြီး ရှူထုတ်လိုက်တယ်။
“အစ်မချူ၊ အဲ့မိန်းမက ဘယ်သူလဲ” လော့ရှောင်မန်က ဒူးလေးကိုလက်လေးနဲ့ ပိုက်ပြီး ထိုင်နေရင်း မေးလိုက်တယ်။ ထိုမိန်းမအကြောင်း တွေးမိလိုက်တာနဲ့ သူမကြောက်ရွံ့နေမိ တုန်းပါပဲ။
ဒါပေမယ့် ချူရီမန်က ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး “ငါမသိဘူး။ ဒါပေမယ့် သူမဘယ်သူပဲ ဖြစ်ဖြစ်၊ သူမရဲ့ ညို့ငင်နိုင်စွမ်းက အရမ်းကို အားကောင်းတယ် ဆိုတာတော့ သံသရရှိစရာကို မလိုဘူး။ ငါတို့ နောက်တစ်ကြိမ် ထပ်တွေ့မယ် ဆိုရင် သေချာဂရုစိုက်ရမယ်”
“အို…” လော့ရှောင်မန် အာမေဋိတ်သံလေး လုပ်လိုက်တယ်။
စကားလေး တစ်ခွန်းနဲ့တင် ယောယောကျ်ားနဲ့ မိန်းမကြားက ကိစ္စတွေအကြောင်း ဘာမှမသိသေးတဲ့ အပြစ်ကင်းသန့်စင်တဲ့ မိန်းကလေး တစ်ယောက်ကို ရမက်ထန်သွားစေနိုင်ခဲ့ပါတယ်။ ထိုမိန်းက အရမ်းကို အားကောင်းလွန်းတဲ့ ဆွဲဆောင်ညို့ယူတဲ့ ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားတယ်ဆိုတာ အသိသာကြီးပါ။ ထိုကဲ့သို့ကျင့်စဉ်ကို လေ့ကျင့်တဲ့ မိန်းမတစ်ယောက်က ဘယ်လိုလုပ်ပြီး အကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ မိန်းမတစ်ယောက် ဖြစ်နိုင်ပါ့မလဲ။
သိပ်မကြာခင်မှာပဲ တကွဲတပြား ဖြစ်နေတဲ့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေအားလုံး ချူရီမန်နှင့် လော့ရှောင်မန်တို့ဆီ ရောက်လာခဲ့တယ်။
ဘိုင်ယွမ်ဖုန်းလည်း ထိုအဖွဲ့သားတွေထဲမှာ ပါဝင်ပါတယ်။ သူက ကံကောင်းခဲ့တဲ့ ပုံပါပဲ။ လေဟာနယ်လျှောက်လမ်းကြောင့် ဘာထိခိုက်ဒဏ်ရာမှ မရခဲ့တဲ့အပြင် အစောပိုင်းတုန်းက တိုက်ပွဲမှာလည်း မပါခဲ့ရပါဘူး။ အဲ့ဒါကြောင့် သူ့တစ်ကိုယ်လုံးမှာ ဘာဒဏ်ရာမှ ရှိမနေခဲ့ပါဘူး။
အဖွဲ့သားတွေ ပြန်စုမိပြီးနောက် ချူရီမန်၏ အခြေအနေကို တစ်ဖန် ပြန်လည် လေ့လာသုံးသပ် ကြည့်ပြီးနောက်မှာတော့ သူမနှလုံးသား တစ်ခုလုံး နစ်မြုပ်သွားခဲ့ရတယ်။
အခု ဆယ်ယောက်ပဲ ကျန်ပါတော့တယ်။ သူမတို့နဲ့ အတူပါလာတဲ့ သုံးယောက်တည်းသော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ အားလုံးကလည်း အသတ်ခံလိုက်ရပါပြီ။
“အနီးအနားကို တစ်ချက်လောက် အရင်စူးစမ်းပြီးမှ အစီအစဉ် ချကြတာပေါ့” ချူရီမန်က အားလုံးကို ညွှန်ကြားလိုက်တယ်။
…
အဖွဲ့သားတွေရဲ့ အထက်၊ အနီရောင်အရိပ်တစ်ခုက ပျံသန်းသွားခဲ့တယ်။
ထိုအရိပ်က အမည်မသိတဲ့ ညို့ချက်ပြင်းတဲ့ မိန်းမငယ်လေးပါပဲ။ သူမကျင့်ကြံခြင်းအဆင့်က တကယ်ကို အံ့ဩဖွယ်ကောင်းပါတယ်။ လေထဲမှာတောင် လေအလျင်အလား ပျံသန်းနေနိုင်ခဲ့ပါတယ်။ ရန်ကိုင်ကတော့ ပန်းရောင်ဖဲကြိုးနဲ့ တုန်နှောင်ခြင်း ခံထားရပြီး မည်သည့် စွမ်းအင်ကိုမှလည်း ထုတ်သုံးနိုင်ခြင်း မရှိခဲ့ပါဘူး။
ကျားအုပ်လိုက်ဖမ်းတာကို လွတ်ပြီးလို့ ထင်လိုက်ပါတယ်၊ ဝံပုလွေအသိုက်ထဲ တစ်ခါတည်း ရောက်သွားတော့ပဲ လို့ ရန်ကိုင် တွေးလိုက်တယ်။
ထိုမိန်းမက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ သုံးယောက်ကို မျက်တောင်တစ်ချက်တောင် မခတ်ပဲ သတ်ပစ်ခဲ့ပါတယ်။ သူတို့ဘယ်သူလဲ၊ သူတို့ဘာလို့ ဒီနေရာကို ရောက်နေတာလဲ ဆိုတာကိုတောင် တစ်ချက်ကလေး မမေးပဲ ချက်ချင်းပဲ တန်းသတ်ပစ်လိုက်ပါတယ်။ သူမက ကြင်နာတတ်တဲ့ လူတစ်ယောက် မဟုတ်တာ အသိအသာကြီးပါပဲ။ ဒါပေမယ့် သူမက ဘာလို့သူကို ခေါ်လာရတာလဲ။
ရန်ကိုင် တကယ့်ကို မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့ရတယ်။
အစစ်အမှန်ချီစွမ်းအင်ကို လှည့်ပတ်ဖို့ ကြိုးစားလိုက်တဲ့အခါ နည်းနည်းလေးတောင် လှည့်ပတ်လို့ မရတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။ ကောင်းကင်စိတ်အာရုံကို အသုံးပြုလို့ ရသေးတယ် ဆိုပေမယ့် အခုလိုမျိုး ကျွမ်းကျင်သူ တစ်ယောက်ရှေ့မှာ သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို ဘယ်လိုလုပ်ပြီး ထုတ်လွှတ်ရဲပါ့မလဲ။
“အချိန်ဖြုန်းမနေနဲ့၊ နင်ငါ့ရဲ့ ဝိဥာဉ်ထံထိုင်းမွှေးရနံ့ကို ရှူရှိုက်မိသွားပြီ။ အဲ့ဒါကြောင့် နင့်ရဲ့ခန္ဓာကိုယ်ခွန်အားကို ထုတ်သုံးလို့ ရတော့မှာ မဟုတ်သလို အစစ်အမှန်ချီကိုလည်း လှည့်ပတ်လို့ ရတော့မှာ မဟုတ်ဘူး။ နင့်ခွန်အားက ငါ့ထက်မြင့်မားနေမှပဲ အရင်လို ပြန်ဖြစ်နိုင်လိမ့်မယ်” ထိုမိန်းမငယ်လေးရဲ့ ညင်သာပြီး နှစ်လိုဖွယ် ကောင်းတဲ့ အသံကို ကြားလိုက်တာနဲ့ ရန်ကိုင် နှလုံးခုန်မြန်သွားခဲ့ရတယ်။
“ဝိဥာဉ်ထုံထိုင်းရနံ့လား” ရန်ကိုင်က ရယ်မောလိုက်ပြီး “ဘယ်လောက်တောင် ကောင်းလိုက်တဲ့ နာမည်လဲ”
ဒီနာမည်က ကာမအားတိုးဆေး တစ်မျိုးရဲ့ နာမည်နဲ့ တူသလိုပဲ
ရန်ကိုင်က အတွင်းကြိတ် ကျိန်ဆဲလိုက်တယ်။ သူ့ရှေ့ကလူက တကယ့်ကို ညို့ငင်ဖြာယောင်းတတ်တဲ့ နတ်ဆိုးတစ်ကောင်ပါပဲ။ အခု သူက သူမလက်ထဲ ရောက်နေခဲ့ပါပြီ။ ဘယ်အချိန်ကောက်ပြီး သူ့ရဲ့ အသက်စွမ်းအင် အဆီအနှစ်တွေနဲ့ အစစ်အမှန်ချီတွေကို အကုန်အစင် စုပ်ယူသွားမလဲ ဆိုတာကို မပြောနိုင်သေးပါဘူး။ ထိုကဲ့သို့သာ စုပ်ယူခံရမယ် ဆိုရင်တော့ သူမှာ အရိုးခွံတစ်ခုပဲ ကျန်ခဲ့မှာပါ။
ထိုမိန်းက တစ်ဖက်သတ်ဆန်တဲ့ ယင်ယန်မိစ္ဆာကျင့်စဉ် တစ်ခုကို လေ့ကျင့်ထားတာ ဖြစ်ရမယ်လို့ ရန်ကိုင်က စိတ်ထဲကနေ တွေးလိုက်တယ်။
သူသာ အဲ့လိုမျိုး သေသွားခဲ့ရင် အရမ်းကို နောင်တရစရာ ကောင်းမှာပါ။
“ငါ့ရဲ့ ဝိဥာဉ်ထုံထိုင်းရနံ့ အကြောင်းကို နင်တစ်ခါမှ မကြားဖူးဘူးလား” ထိုမိန်းမက အနည်းငယ် အံ့အားသင့်သွားသည့် ပုံစံနှင့် မေးလိုက်တယ်။
ငါသိသင့်လို့လား ရန်ကိုင်က သူမမေးတဲ့ မေးခွန်းကို ချက်ချင်း ပြန်မဖြေခဲ့ပဲ အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ဆူပွက်လာတဲ့ သူ့သွေးတွေကို မနည်းကြိုးစား ဖိနှိပ်ထားလိုက်ပါတယ်။ “မေ့လိုက်တော့၊ ငါ့ကိုစကား လာမပြောနဲ့တော့၊ မဟုတ်ရင် ငါ့ကိုယ်ငါ နင့်အပေါ်ကို တွန်းအားပေးမိလိမ့်မယ်”
မသိရတဲ့ ခက်ခဲမှုကို တောင့်ခံနေရတဲ့ ထိုမိန်းမငယ်လေးက ရန်ကိုင် ပြောတာကို ကြားပြီးတဲ့ နောက်မှာတော့ တခစ်ခစ် မရယ်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရပါတယ်။ ထို့နောက် နှစ်လိုဆွဲဆောင်ဖွယ် ကောင်းလှသည့် မျက်ဝန်းအစုံနှင့် ရန်ကိုင်ကို လှည့်ကြည့်လိုက်ပြီး သူမရဲ့ ဝိဥာဉ်ထုံထိုင်းရနံ့ကိုတောင် မသိတဲ့ ထိုကောင်စုတ်က ထွတ်မြတ် ကုန်းမြေတစ်ခုခုရဲ့ တပည့်တစ်ယောက် မဖြစ်လောက်ဘူးလို့ တွေးလိုက်တယ်။
သူမက ရန်ကိုင်ကို လှည့်ကြည့်တဲ့အချိန် ရန်ကိုင်ကလည် သူမကို ပြန်ကြည့်လိုက်တယ်။
ထိုမိန်းမငယ်လေးက ချိုသာစွာ ပြုံလိုက်တဲ့အခိုက် သူမ၏ ပါးလေးတွေက အနည်းငယ် နီးမြန်းသွားခဲ့ပြီး သူမကို အလွန်အမင်း ဆွဲဆောင်မှု ရှိသွားစေခဲ့တယ်။
ငေးကြည့်နေတုန်း ရန်ကိုင်အကြည့်က တစ်နေရာရာဆီ အလိုလို ရောက်သွားခဲ့တယ်။ သူမဝတ်စုံအောက်က လျှို့ဝှက်မြင်ကွင်း တစ်ခုဆီကိုပေါ့။
ရန်ကိုင် နှလုံးပြင်းပြင်းထန်ထန် ခုန်သွားခဲ့တယ်။
ထိုမိန်းမငယ်လေးရဲ့ စကတ်အောက်တွင် ရမက်ထန်စေနိုင်တဲ့ အနက်ရောင် ကြိုးသိုင်းအတွင်းခံလေး တစ်ထည်ကို ဝတ်ဆင်ထားခဲ့ပါတယ်။ ထိုအတွင်းခံလေးက သူမ၏ ထွတ်မြတ် နယ်မြေလေးကို ဖုံးရုံလေးသာ ဖုံးကွယ်ထားခဲ့ပြီး ထိုနောက်ကွယ်မှာ ရှိနေတဲ့ အဆုံးမရှိသော အံ့ဩဆန်းကြယ်မှုတို့ကို မီးမောင်းထိုးပြနေခဲ့တယ်။ သူမ၏ သွယ်လျတဲ့ ခြေတံရှည်လေးတွေ နဲ့ပါဆိုတော့ ထိုမြင်ကွင်းက ပိုပြီး နှစ်လိုဖွယ်ကောင်းနေခဲ့ကာ ကမ္ဘာပေါ်ရှိ နှစ်လိုဖွယ်ထဲမှာ အကောင်းတကာ့ အကောင်းဆုံး ကြွေရုပ်လေး တစ်ရုပ်ကို ကြည့်နေရသည်နှင့်တောင် တူနေပါသေးတယ်။
ထိုခြေတံရှည်သွယ်သွယ်လေးက သေမျိုးတို့ ပိုင်ဆိုင်သည့် ပုံပေါက်မနေခဲ့ပဲ ကောင်းကင်ဘုံက နတ်သမီး သို့ မဟာဖြာယောင်းခြင်း နတ်ဆိုးသခင်မ ပိုင်ဆိုင်သည်နှင့်တောင် ပိုတူနေပါသေးတယ်။ ထိုခြေတံရှည်အစုံက လူတစ်ယောက်ရဲ့ ဝိဥာဉ်ကိုတောင် စုပ်ယူနိုင်တဲ့ အဆုံးမရှိတဲ့ ညို့ငင်ဆွဲဆောင်မှုတို့ကို ထုတ်လွှတ်နေခဲ့ပြီး ရန်ကိုင်နှလုံးသားထဲ စိတ်ဆန္ဒရိုင်းတို့ကိုတောင် ပြင်းပြင်းထန်ထန် လှုံ့ဆော်သွားခဲ့ပါတယ်။ သူ့မျက်လုံးတို့ ရီဝေလာခဲ့ပြီး သူ့ရဲ့အသက်ရှုသံလည်း ပြင်းထန်ကြမ်းရမ်း လာခဲ့တယ်။
မှိုင်းမိနေသလိုမျိုး၊ ဘယ်ကရလို့ ရမှန်းမသိတဲ့ ခွန်အား၊ သတ္တိနဲ့ ရန်ကိုင်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ရူးသွပ်စွာနဲ့ ထိုမိန်းကလေးရဲ့ ခြေသလုံးသားလေးကို တိုက်ရိုက်လှမ်းထိလိုက်ပြီး သူ့စိတ်ရှိတိုင်း ပွတ်သပ်နေလိုက်တယ်။
မိန်းမငယ်လေး တစ်ကိုယ်လုံး ရုတ်တရက်ကြီး လျှပ်စီးနဲ့ ပစ်ချခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူမ၏ အာရုံအလုံးစုံက မတည်မငြိမ် ဖြစ်နေတဲ့ စိတ်အခြေအနေပေါ်မှာသာ အာရုံစိုက်နေရသဖြင့် ရန်ကိုင်ရုတ်တရက်ကြီး ကောက်ထိလိုက်တာကို မကာကွယ်နိုင်ခဲ့ပြီး
သူမမျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ပြီး ပါးလေးတွေဆိုရင်လည်း ရဲတွတ်သွားခဲ့တယ်။ သူမအမူအရာက ပိုပြီးဆွဲဆောင်မှု ရှိလာပြီး အရိုးတွေကို ပျော့ခွေးသွားစေနိုင်လောက်တဲ့ အသံလေးက သူမ၏ လည်ချောင်းထက်မှ ထွက်ပေါ်လာခဲ့ကာ သူမ၏ ခန္ဓာကိုယ်လေး ဆိုရင်လည်း ပြင်းပြင်းထန်ထန် တုန်ရီလို့ နေခဲ့ပါတယ်။
“ကောင်စုတ်” ဘာလုပ်ရ ဘာကိုင်ရမှန်း မသိဖြစ်နေတဲ့ မိန်းမငယ်လေးက သူမအမူအရာကို အလျင်စလို ပြန်ထိန်းလိုက်ပြီး အံ့ကြိတ်ကာ ကြိမ်းမောင်းလိုက်တယ်။ ရန်ကိုင်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာ မဟုတ်မှန်း သိပေမယ့် သူမရဲ့ လက်ရှိအခြေအနေကြောင့် အခုလိုလေး အနည်းငယ်လေး ထိတွေ့တာကတောင် သူမကို မခံမရပ်နိုင် ဖြစ်စေခဲ့ပါတယ်။ +
ထိုလက်ကြမ်းကြီးက သူမခြေသလုံးသားလေးတွေကို အဆက်မပြတ် ပွတ်သပ်နေတဲ့ အခါမှာတော့ သူမတစ်ကိုယ်လုံး အဆက်မပြတ် လျှပ်စီးနဲ့ တို့ခံနေရသလို ခံစားလိုက်ရတယ်။ သူမက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ ဆိုရင်တောင်မှ အခုလို အခြေအနေမျိုးနဲ့ ဆက်ပြီး ပျံသန်းနိုင်လိမ့်မှာ မဟုတ်ပါဘူး။
ရန်ကိုင်က သူမကို အဆက်မပြတ် ပွတ်သပ်နေတဲ့အတွက် သူမလည်း မပျံသန်းနိုင်တော့ပဲ လေထဲမှာပဲ ရပ်တန့်လိုက်ရတယ်။
“ငါကိုလွှတ်စမ်း” မိန်းမငယ်လေးက နောက်ဆုံးတော့ အော်ပြောလိုက်ပါပြီ။ ထို့နောက် ပန်းဆီရောင်ဖဲကြိုးကို ဆွဲယူပြီး ရန်ကိုင်ကို သူမနားဆွဲကပ်လိုက်ကာ သူ့ပုခုံးကို ကန်ကျောက်လိုက်ပါတယ်။
အခုလို အကန်ခံလိုက်ရတာနဲ့ ရန်ကိုင်၏ မှိုင်းဝေနေတဲ့ မျက်ဝန်းအစုံက ရုတ်တရက် ရူးသွပ်တဲ့အလင်းရောင်တို့ဖြင့် လက်သွားခဲ့ပြီး မိစ္ဆာဆန်ဆန် ပြုံးလိုက်ရင်း အားကုန်သုံးကာ ထိုစုန်မးမရဲ့ သွေးသွယ်တဲ့ ခါးလေးကို လှမ်းဖက်လိုက်တယ်။
“နင်…” မိန်းမငယ်လေး အံ့အားသင့်သွားခဲ့ရလေပြီ။ ရန်ကိုင် အသိပြန်ဝင်လာလိမ့်မယ်လို့ သူမထင်မထားခဲ့ပါဘူး။ ရန်ကိုင် လက်နှစ်ဖက်က ထိုသေးကျဉ်ကျဉ် ခါးလေးကို ဖက်တွယ်ထားရင် ကြည်နူးမှုထဲ နစ်မြောနေခဲ့တယ်။ သူမခါးက အရိုးတစ်ချောင်းမှ မရှိသည့်အလား အရမ်းကို ပျော့ပျောင်းနူးညံ့လွန်းပါတယ်။ အထိအတွေ့တိုင်းက အိကျနေခဲ့ပြီး သူ့အထိအတိုင်းကို ပြည့်စုံစွာ တုန့်ပြန်နေခဲ့ပါတယ်။
သူ့လက်ဆယ်ချောင်းကတော့ သူမကိုယ်အနှံ့ လှုပ်ရှားသွားလာနေခဲ့ပြီး သူမ၏ စိတ်ခံစားချက်တွေကို လှုံ့ဆော်နေခဲ့တယ်။ သူ့ပါးစပ်ကနေလည်း ယဉ်ကျေးမနေခဲ့ပါဘူး။ တုန်ခါနေတဲ့ တောင်မို့မို့နှစ်လုံးပေါ်ကို အနီရောင်ဝတ်စုံပေါ်မှ တစ်ဆင့် အသာအယာလေး ကိုက်နေခဲ့ပါတယ်။
ရန်ကိုင်က အစစ်အမှန်ချီ နည်းနည်းလေမှ မသုံးနိုင်သလို ခွန်အား နည်းနည်းလေးကိုမှလည်း ထုတ်မသုံးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ထိုကိုက်ချက်က မိန်းမငယ်လေးရဲ့ ချက်ကောင်းကို ထိသွားတဲ့ ပုံပါပဲ။
သူ့ပါးစပ်ထဲမှ လေပူတွေက အဝတ်ကို ဖြတ်ကျော်ပြီး သူမ၏ နူးညံ့လှတဲ့ အသားအရေလေးကို ထိတွေ့သွားတိုင်း မိန်းမငယ်လေးရဲ့ ခန္ဓာကိုယ်က ပြင်းပြင်း ထန်ထန် တုန်ရီသွားခဲ့တယ်။ အသာအယာ ကိုက်နေရာကနေ သိပ်မကြာခင်မှာပဲ ညင်သာစွာစုပ်သည့် အဆင့်သို့ ရောက်သွားခဲ့တယ်။ ထိုမိန်းမငယ်လေးရဲ့ အစစ်အမှန်ချီတွေလည်း ပရမ်းပတာဖြစ်ကုန်ကာ သူမနှင့် ရန်ကိုင် နှစ်ယောက်စလုံး လေပေါ်ကနေ အောက်ကို ပြုတ်ကျလာခဲ့တယ်။
“ငါ့ကိုလွှတ်စမ်း” မိန်းမငယ်လေးက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပြီး သူမနှလုံးသားထဲကနေ ထွက်ပေါ်နေတဲ့ ခံစားချက်ရိုင်းတွေကို တောင့်ခံဖို့ ကြိုးစားနေခဲ့တယ်။ နှုတ်ခမ်းကို ဖိကိုက်ထားလွန်းလို့ ချယ်ရီရောင် နှုတ်ခမ်းလေးကနေ သွေးတွေတောင် စီးကျနေခဲ့ပါပြီ။
သူမ၏ သွေးသွယ်သွယ် လက်အစုံကတော့ ရန်ကိုင်ခေါင်းကို သူမနဲ့ ဝေးရာဆီ တွန်းဖုတ်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အဆက်မပြတ် လှုံ့ဆော်မှုကြောင့် သူမတစ်ကိုယ်လုံး ထုံထိုင်းသွားခဲ့ရပြီး စွမ်းအင်မဲ့သွားခဲ့ရတယ်။ ပြီးတော့ အချိန်ကြာလာတာနဲ့အမျှ သူမစိတ်ဆန္ဒရိုင်းတွေက ပိုပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့တယ်။
“မလုပ်ချင်ဘူးလား” ရန်ကိုင်၏ ပါးစပ်က သူမ၏ ကြာဖူးလေးတွေကို စုပ်လိုက်၊ ကိုက်လိုက် လုပ်နေခဲ့ပြီး လေပူတွေကို သူမ၏ နှင်းဖြူရောင် အသားအရေပေါ် အဆက်မပြတ် မှုတ်ထုတ်ပေးနေခဲ့တယ်။ သူ့ရဲ့ မြွေသဖွယ် လျှာလေးကတော့ မိန်းမငယ်လေးရဲ့ ကြာဖူးလေးတွေထက် ရစ်ပတ်ခွေလိမ်နေခဲ့တယ်။
ထိုမိန်းမငယ်လေးရဲ့ အခုလက်ရှိပုံစံက တစ်ခုခု လွဲနေသလိုပါပဲ။ သူမပုံစံက အရမ်းကို အားကောင်းလွန်းတဲ့ ကာမအားတိုးဆေးဒဏ်ကို ခံနေရတဲ့ ပုံစံမျိုး ပေါက်နေခဲ့ပါတယ်။ ထိရုံလေးထိတာကတောင် သူမတစ်ကိုယ်လုံး ကြည်နူးမှုတွေနဲ့ ပြည့်နှက်သွားစေခဲ့ပါတယ်။ ဒါပေမယ့် သူမခွန်အားက အရမ်းကို မြင့်မားလွန်းပါတယ်။ ထို့ကြောင့် သူအသက်ရှင်ချင်တယ် ဆိုရင် အောက်တန်းကျ၊ ညစ်ပတ်တဲ့ နည်းလမ်းတွေကို သုံးရပါလိမ့်မယ်။
မိမိအသက်ရှင်ဖို့က အဓိက၊ ကျန်တာတွေက ဒုတိယပါ။
“နင်သေချင်နေတာလား။ နင်ငါ့ကို အခုမလွှတ်ဘူးဆိုရင် ငါတို့ နှစ်ယောက်စလုံး သေလိမ့်မယ်” ရမက်ထန်နေတဲ့ ညည်းသံတွေကြား မပီမပြင်နဲ့ မိန်းမပျိုလေးက ပြောလိုက်တယ်။ သူတို့နှစ်ယောက်စလုံးက မြေကြီးပေါ် ရောက်တော့မှာပါ။ မီတာထောင်ပေါင်းများစွား အမြင့်ကနေ ပြုတ်တာဆိုတော့ သူမရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်မားတယ် ဆိုရင်တောင် သွေးပုံအဖြစ် ပြောင်းလဲသွားမှာကတော့ မလွဲမသွေပါပဲ။
“ဟဲဟဲ။ ဒီနေရာမှာ နင်နဲ့အတူ သေရမယ်ဆိုရင် ငါပျော်ပျော်ကြီး သေလိုက်မှာ” ရန်ကိုင် အကြောက်အလန့်မဲ့စွာ ပြုံးလိုက်ပြီး သူမလေးကို စနောက်လိုက်တယ်။ သူ့ပုံစံက သေခြင်း၊ရှင်းခြင်းကို လုံးဝဂရုမစိုက်တဲ့ ပုံစံမျိုးပါ။
မိန်းမပျိုလေးရဲ့ အမူအရာ နောက်ဆုံး သုန်မှုန်လာခဲ့တယ်။ ထိုအရှက်မရှိတဲ့ ကောင်စုတ်ကို စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲနေလိုက်တယ်။ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မသက်မသာ ခံစားရမှုနှင့် သူမနှလုံးသားထဲက တောက်လောင်နေတဲ့ ရမက်မီးတွေကို တည်ငြိမ်စေလိုက်ပြီး အစစ်အမှန်ချီကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်တယ်။ ဒီလိုနဲ့ပဲ ကံကောင်းပြီး အစစ်အမှန်ချီကို လှည့်ပတ်နိုင်ခဲ့တဲ့အတွက် အကျသက်သာအောင် လုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူမ ထုတ်သုံးလိုက်တဲ့ အစစ်အမှန်ချီစွမ်းအင်တွေက ပြင်ပသက်ရောက်မှုကြောင့် သိပ်မကြာခင်မှာပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့ပါတယ်။
ဘုန်းခနဲ ဆိုတဲ့ အသံနှင့်အတူ ရန်ကိုင်နှင့် မိန်းမပျိုလေးတို့နှစ်ယောက် မြေကြီးနဲ့ မိတ်ဆက်လိုက်ကြတယ်။ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက် ဖက်ထားရင်း အကြိမ်များစွာ လှိမ့်ပြီးတော့မှာ ရပ်တန့်သွားခဲ့တယ်။
Martial Peak
အပိုင်း(၂၉၈) ပါစပ်တစ်ခုလုံးကမဟုတ်တုတ်ကစကားတွေနဲ့ပဲ ပြည့်နေတယ်
ကံကောင်းစွာနဲ့ သူမရဲ့ နောက်ဆုံးအကြိမ် ကြိုးစားလိုက်မှုကြောင့် မြေကြီးပေါ်ကို အသက်ရှင်လျက် သက်ဆင်းနိုင်ခဲ့လိုက်တယ်။ သူတို့အဝတ်အစားတွေက ဖရိုဖရဲ ဖြစ်ကုန်ပေမယ့် သူတို့နှစ်ယောက်စလုံး တစ်ယောက်မှ ဒဏ်ရာမရခဲ့ပါဘူး။
အစစ်အမှန်ချီစွမ်းအင်ကို အသုံးမပြုဘူးဆိုရင် ရန်ကိုင် ခွန်အားက ပိုပြီး သန်မာပါတယ်။
ဖုန်တွေရှင်းသွားတာနဲ့ ရန်ကိုင်က ထိုမိန်းမပျိုလေးကို မြေကြီးပေါ် ဖိကပ်လိုက်ပြီး သူ့လက်ကို သူမအင်္ကျီထဲ ထိုးထည့်လိုက်ကြာ သူမ၏ ရင်အစုံကို ဖမ်းဆုပ်လိုက်ပါတယ်။ သူ့လက်ချောင်းလေးတွေက သူမ၏ ချယ်ရီသေးလေးတွေကို ဖျစ်လိုက်၊ ညစ်လိုက် လုပ်ရင်း နှိပ်နယ်ပေးနေခဲ့တယ်။
သူမ၏ အနီရောင်အဝတ်အစားက တစ်ပိုင်းတစ်စ လှစ်ဟာသွားချိန်တွင် စွဲမက်အံ့အားသင့်ဖွယ် ကောင်းတဲ့ နှင်းဖြူရောင်ရင်သားအစုံက ရန်ကိုင်မြင်ကွင်းရှေ့ ထွက်ပေါ်လာခဲ့တယ်။ အရည်ရွှမ်းနေတဲ့ ရင်အစုံက ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့ကာ ကျန်ရှိနေတဲ့ အဝတ်တစ်ပိုင်းတစ်စကနေ ရုန်းထွက်ဖို့ ကြိုးစားနေပြီး သူတို့၏ ပုံစံအပြည့်အဝကို ထုတ်ဖော်ဖို့ ကြိုးစားနေသလားတောင် ထင်မှတ်ရပါတယ်။
သူ့ရဲ့ တရစပ်လှုံ့ဆော်မှုကြောင့် ကောင်မလေးမှာ ခုခံဖို့ စွမ်းအင် မရှိတော့တဲ့ ပုံပါပဲ။ သူမ၏ အိမ်မက်ဆန်ဆန် မျက်ဝန်းတွေက အသာအယာလေး ပိတ်နေခဲ့ပြီး မျက်တောင်မွှေးလေးတွေ ဆိုရင်လည်း မသိမသာလေး တုန်ခါနေခဲ့ပါတယ်။ သူမ၏ ပျော့ပျောင်းနူးညံ့တဲ့ မြွေလိုခန္ဓာကိုယ်လေးဟာတော့ ရန်ကိုင်၏ လှုံ့ဆော်မှုကြောင့် အဆက်မပြတ် တွန့်ကွေး တုန်ခါနေခဲ့ပါတယ်။
အဆုံးမရှိတဲ့ ရမက်ဆန္ဒတွေနဲ့ ပြည့်လျမ်းနေတဲ့ ဖိနှိပ်ရုံလေးသာ ဖိနှိပ်ထားနိုင်တဲ့ ညည်းသံလေးတွေပါ သူမပါးစပ်ကနေ ထွက်ပေါ်နေခဲ့တယ်။
ဖြစ်ချင်ရာဖြစ် ဒါကငါ့ကံကြမ္မာပဲ ဆိုတဲ့ ပုံစံနဲ့ မိန်းမပျိုလေးက ဆက်ပြီး ခုခံဖို့ မကြိုးစားတော့ပါဘူး။ သူမ လက်အစုံကို ဆန့်ထုတ်လိုက်ပြီး သူမရင်ဘတ်နားမှာ ပျော်မြူးနေတဲ့ ရန်ကိုင် ခေါင်းကို သူမမျက်နှာထက်ဆီ ဆွဲခေါ်လိုက်တယ်။ သူမ၏ ပါးလေးတွေဆို ရှက်လွန်းလို့ နီရဲနေခဲ့ပါတယ်။
ရန်ကိုင်က သူမ၏ ဝိဥာဉ်ထုံးထိုင်းရနံ့ကို အစဉ်မပြတ် သတိထားနေခဲ့တာပါ။ ဒါပေမယ့် သူမက အရင်ဆုံးစပြီး သူနဲ့ပူးပေါင်းလာမှတော့ ရန်ကိုင်ကလည်း ဆက်ပြီး ယဉ်ကျေးမနေတော့ပါဘူး။ ဝံပုလွေတစ်ကောင်လို ခုန်အုပ်လိုက်ပြီး သူမကို မက်မက်မောမော နမ်းရှိုက်လိုက်တယ်။
ချိုမြိန်လှတဲ့ အရသာက သူ့လျှာတစ်လျှောက် ပျံ့နှံ့သွားခဲ့တယ်။ ဒါပေမယ့် ထိုအံ့ဩဖွယ်ကောင်းတဲ့ အရသာကို ခံစားမိရုံပဲ ရှိသေး၊ ထိုမိန်းမက ဆွဲဆောင်မှုရှိလှသည့် သူမ၏ မျက်ဝန်းအစုံကို ချက်ချင်း ဖွင့်လိုက်ပြီး လှည့်ဖျားတတ်ပြီး အောင်နိုင်သူတို့ ကြည့်လေ့ရှိသည့် အကြည့်က ထိုမျက်ဝန်းထဲ လက်သွားခဲ့တယ်။
ကြောင်အသွားခဲ့ပြီး ရန်ကိုင်က သူမနဲ့ ချက်ချင်း နှုတ်ခမ်းချင်း ခွါလိုက်တယ်။
“နင်…” သူစကားတစ်လုံးတောင် မပြောရသေးခင်မှာပဲ သူ့ရှေ့မှာ ရှိနေတဲ့ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားခဲ့ပြီး ချက်ချင်း သတိလစ်သွားကာ အားအင်ကင်းမဲ့စွာနဲ့ မိန်းမပျိုလေးရဲ့ ရင်ဘတ်ပေါ် လဲကျသွားခဲ့တယ်။
မိန်းမပျိုလေးက ပြင်းပြင်းထန်ထန် အသက်ကို ရှူရှိုက်နေပြီး သူမရင်ထဲက လောင်မြိုက်နေသည့် ရမက်မီးတောက်တို့ကို တည်ငြိမ်အောင် အသည်းအသန် ကြိုးစားနေခဲ့တယ်။ အချိန်နည်းနည်း ကြာသွားတော့မှပဲ သူမရဲ့ ရမက်ဆန္ဒတွေကို ပြန်လည် ထိန်းချုပ်သွားနိုင်ခဲ့တယ်။ ထို့နောက် ရန်ကိုင်ကို မပြီး ဘေးဘက်ကို တွန်းထုတ်လိုက်တယ်။ ပြီးတာနဲ့ ဖြေးဖြေးချင်း ထိုင်ချလိုက်ပြီး အံ့ကြိတ်ကာ ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။ သူမနှလုံးသားတစ်ခုလုံး ဒေါသတွေနဲ့ ပြည့်နေခဲ့ပါပြီ။
တစ်ခဏကြာပြီးနောက် မိန်းမပျိုလေးက ရုတ်တရက် ကောက်ပြုံးလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ ပြောလိုက်တယ် “နင့်လို ကောင်စုတ်လေးက အရည်အချင်းတော့ ရှိသားပဲ။ နင်ပုံစံအရတော့ နင်က လူကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။ ဟွန့်… ဒီဘုရင်မရဲ့ အလှက မြည်းချင်တိုင်း အလွယ်တကူ မြည်းစမ်းလို့ ရတဲ့ အလှမဟုတ်ဘူး”
ပြောပြီးတာနဲ့ မိန်းမပျိုလေးက ခပ်မြန်မြန် မတ်တပ်ရပ်လိုက်ပြီး သူမအဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လုပ်လိုက်တယ်။ ထို့နောက် မြေကြီးပေါ်မှာ သတိလစ်နေတဲ့ ရန်ကိုင်ကို အံ့ကြိတ်ကာ ကြည့်လိုက်ပြီး ဖဲကြိုးစနှင့် ရန်ကိုင်ကို ချည်နှောင်လိုက်ကာ လေထဲကို ပျံသန်းသွားလိုက်ပါတယ်။
…
သူပြန်နိုးလာခဲ့အချိန် သူ့တစ်ကိုယ်လုံး ကိုက်ခဲ၊နာကျင်နေတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ သူ့တစ်ကိုယ်လုံး အပ်ပေါင်း၁၀၀၀နဲ့ ထိုးဆွခံထားရသလိုပါပဲ။ ဘေးပတ်ဝန်းကျင် တစ်ခုလုံးကလည်း မည်းမှောင်နေပြီး နံရံပေါ်မှာ စိုက်ထားတဲ့ မီးတုတ်နေရာကပဲ လင်းနေခဲ့ပါတယ်။
ချိုမြိန်တဲ့ မွှေးရနံ့လေးက သူ့နှာခေါင်းထဲ ပျံ့လွင့်လာခဲ့တယ်။ အဲ့အနံ့က… ရင်းနှီးနေသလိုပါပဲ။ ထိုအနံ့က ထိုကလူတူတူ ညူတူတူ မိန်းမရဲ့ အနံ့ပဲ ဖြစ်ရမယ်။
ထိုအနံ့က အရမ်းကြီး မပြင်းထန်သလို အနံ့မရှိတာလည်း မဟုတ်ပါဘူး။ ထိုအနံ့က ကာမအားတိုးဆေးရဲ့ အကျိုးသက်ရောက်မှုလေး အနည်းငယ် ပါဝင်နေတဲ့ ပန်းစည်းတစ်ခုရဲ့ အနံ့ပါပဲ။
ထိုမိစ္ဆာမိန်းကလေး အကြောင်း ပြန်တွေးမိလိုက်တာနဲ့ ရန်ကိုင်က ချက်ချင်းပဲ သူ့ပတ်ဝန်းကျင်ကို သတိကြီးကြီးထားရင်း စစ်ဆေးလိုက်ပါတယ်။ မိန်းမပျိုလေးက သူနဲ့ သိပ်မဝေးတဲ့ နေရာမှာ ထိုင်နေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။ သူမဆီမှ အစစ်အမှန်ချီစွမ်းအင်တို့ ပြင်းထန်စွာ ထွက်ပေါ်နေခဲ့ပြီး သူမက မျက်လုံးမှိတ်ကာ လျှို့ဝှက်ကျင့်စဉ် တစ်မျိုးမျိုးကို လှည့်ပတ်နေသည့် ပုံပါပဲ။
သူ့ရဲ့ လက်ရှိခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့တယ်။
သူ့ခွန်အား အများစုကို ပြန်ရပြီး ဖြစ်သလို အစစ်အမှန်ချီကိုလည်း ပြန်ပြီး လှည့်ပတ်လို့ ရနေခဲ့ပါပြီ။ ဒါပေမယ့် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို မမြင်နိုင်တဲ့ အားတစ်ခုက ချုပ်နှောင်ထားတဲ့အတွက် လှုပ်မရ ဖြစ်နေခဲ့ပါတယ်။
သူအဆိပ်ခတ်ခံထားရသည့် ပုံပါပဲ။ အစစ်အမှန်ချီကို လှည့်ပတ်လေ သူပိုပြီး ခေါင်းမူးလာလေ ဖြစ်နေခဲ့ပါတယ်။ တုန်လှုပ်သွားခဲ့ပြီး ရန်ကိုင်က အစစ်အမှန်ချီစွမ်းအင် လှည့်ပတ်နေတာကို ချက်ချင်း ရပ်ပစ်လိုက်တယ်။
သူ့ဘေးပတ်လည်ကို စူးစမ်းကြည့်လိုက်ပြီးနောက် သူတို့ ရောက်နေတာက ဂူတစ်ခုခု ဖြစ်ရမယ်လို့ ရန်ကိုင် ခန့်မှန်းလိုက်တယ်။ လိုဏ်ဂူက အရမ်းကို မကျယ်ပါဘူး။ မီတာအနည်းငယ်လောက်ပဲ ရှိတာပါ။ သူတို့အခု ထိုင်နေတဲ့ နေရာက လိုဏ်ဂူရဲ့ အတွင်းကျဆုံး အပိုင်းပါ။ သူ့ကို ဖမ်းခဲ့တဲ့ မိန်းမပျိုလေးကတော့ သူ့ရှေ့တည့်တည့်မှာ ထိုင်နေခဲ့ပါတယ်။
ထိုမိန်းမပျိုလေးကို သေချာစူးစမ်း ကြည့်ပြီးနောက် ထိုမိန်းကလေးက ရှားမှရှားတဲ့ အလှဂဟေး တစ်ယောက်ဆိုတာတော့ သူဝန်ခံရပါမယ်။ သူမက အရမ်းကို ဆွဲဆောင်မှု ရှိလွန်းပါတယ်။ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းက ဆွဲဆောင်မှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ အထူးသဖြင့် သူမမျက်လုံးတောင့်စွန်း မျက်ရည်စက်သဏ္ဍာန် မှဲ့လေးက ဆွဲဆောင်မှု အရှိဆုံးပဲပေါ့။ ထိုအရာက အရမ်းကို စွဲမက်ဖွယ် ကောင်းလွန်းပါတယ်။
ရန်ကိုင်၏ ရဲတင်းသည့် အကြည့်ကို အာရုံခံမိလိုက်တာနဲ့ မိန်းမပျိုလေးက သူမ၏ မျက်ဝန်းအစုံကို ဖွင့်ကြည့်တယ်။ သူမရဲ့ အရည်လဲနေတဲ့ မျက်ဝန်းအစုံက အနည်းငယ် ရီဝေနေခဲ့ကာ မြင်လိုက်ရသူတိုင်း၏ ဝိဥာဉ်ကို စုပ်ယူနိုင်သည်အထိ စွဲမက်ဖွယ် ကောင်းလှပါတယ်။ ပါးလေးတွေကလည်း ပန်းရောင်သန်းနေခဲ့ကာ အသက်တစ်ချက်ရှူလိုက်တိုင်း လေပူတွေကို မှုတ်ထုတ်နေခဲ့ပါတယ်။
“ဒီတော့ နင်နိုးလာပြီပေါ့” မိန်မပျိုလေးက ချိုသာစွာ ပြုံးလိုက်ရင်း ရန်ကိုင်ကို စိတ်ဝင်တစား ကြည့်လိုက်တယ်။
“အစ်မကြီး၊ ဒါဘာအဓိပ္ပါယ်လဲ” ရန်ကိုင်က အရှက်ကင်းမဲ့စွာနဲ့ ပြန်ကြည့်လိုက်ပြီး ရယ်မောလိုက်ရင်း “ခင်ဗျားက ကျွန်တော့်ကို ဖမ်းထားပြီးနေပြီလေ။ အဲ့ဒါတောင် ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ထားစရာ လိုသေးလို့လား”
မိန်းမပျိုလေးက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး “ငါသာ နင့်ကို ချည်မထားခဲ့ရင် နင်ထွက်ပြေးတာကို ငါဘယ်လို တားရမှာလဲ”
ရန်ကိုင်က အရှက်မရှိစွာနဲ့ ပြန်ပြောလိုက်တယ် “ကျွန်တော်က ဘာလို့ ထွက်ပြေးရမှာပါ။ ညတာက ရှည်သေးတာကို ဂျူနီယာ မောင်လေးက ဒီကအစ်မကြီးကို ဘယ်လိုလုပ်ပြီး တစ်ယောက်တည်း ထားရက်ခဲ့ပါ့မလဲ။ တကယ်တော့ အစ်မကြီးသာ ဆန္ဒရှိတယ်ဆိုရင်၊ တစ်ခွန်းပဲ ပြောလိုက်။ ဒီက ဂျူနီယာမောင်လေးက အစ်မကြီးရဲ့ ဆန္ဒပြည့်ဝ စေဖို့အတွက် ဓါးတောင်ပဲ ကျော်ရကျော်ရ၊ မီးပင်လယ်ပဲ ဖြတ်ရဖြတ်ရ၊ တစ်ချက်ကလေးတောင် နောက်တွန့်မသွားစေရဘူး”
မိန်းမပျိုလေးက မျက်မှောင်ကြုံ့လိုက်ပြီး ရန်ကိုင်ကို ကြည့်လိုက်တယ်။ ရန်ကိုင်က သူမတစ်ကိုယ်လုံးကို စိတ်လိုလက်ရ ကိုင်တွယ်ခဲ့တာတွေကို ပြန်တွေးကြည့်လိုက်တဲ့ အချိန်မှာတော့ သူမခန္ဓာကိုယ်က ပူလောင်လာခဲ့ပြီး ဒေါသတကြီး အံ့ကြိတ်မိလိုက်တယ်။
ဒါပေမယ့် ရန်ကိုင် မျက်လုံးအစုံက မီးတောက်တွေအလား ပူးပြင်းလောင်မြိုက်နေတုန်းပါပဲ။ မိန်းမပျိုလေးကို ကြည့်နေရင်း ရန်ကိုင်က နှုတ်ခမ်းသပ်လိုက်တယ်။ သူ့အကြည့်က သူမခန္ဓာကိုယ်အနှံ့ အစုံအဆန် သွားလာလို့ နေခဲ့တယ်။ သူ့ရှေ့ရှိ မိန်းမပျိုးလေးပေါ် ခုန်အုပ်ပြီး သူမအဝတ်အစားတွေကို ဆွဲဖြဲပစ်ချင်တာကို မစောင့်နိုင်တော့သည့်အလား ရန်ကိုင်ဆီကနေ အဆုံးမရှိတဲ့ လောဘ၊ရမက် ဆန္ဒတို့ ဖြာထွက်လာခဲ့တယ်။
ထို့နောက် ရဲတင်းစွာနဲ့ ပြောလိုက်တယ် “တကယ်တော့၊ ကျွန်တော် ရိုးရိုးသားသား ဝန်ခံရမယ် ဆိုရင်တော့ ဒီဂျူနီယာမောင်လေးက အစ်မကြီးကို မြင်မြင်ချင်း ချစ်မိသွားတာပါ။ အဲ့တော့ အစ်မကြီးက ကျွန်တော့်ကို ဘာလို့ မလွှတ်ပေးသေးတာလဲဟင်။ လွှတ်ပေးလိုက်ရင် ကျွန်တော်တို့ အချင်းချင်း လွတ်လွတ်လပ်လပ် စကားပြောလို့ ရတာကို။ ကျွန်တော် တကယ်ပဲ အစ်မကြီးကို ချစ်မြတ်နိုးတာပါ။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာတော့ အစ်မကြီးက ကျွန်တော့်ရဲ့ ကမ္ဘာကြီးဆိုလည်း ဟုတ်တယ်၊ ကျွန်တော့်ရဲ့ နေမင်းကြီးဆိုလည်း ဟုတ်တယ်။ ကျွန်တော့်ရဲ့ လမင်းကြီးဆိုလည်း မမှားပါဘူး။ ကျွန်တော့်ကို အလင်းပြမယ့် ကြယ်တာရာတွေ ဆိုတောင် မမှားပါဘူး”
ရန်ကိုင်၏ ချစ်ခွင့်ပန်စကားကိုး ကြားလိုက်တာနဲ့ မိန်းမပျိုလေးက မရယ်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရပါတယ်။ ရယ်ရလွန်းလို့ သူမပုခုံးလေးတွေက အဆက်မပြတ် တုန်ခါနေခဲ့ပါတယ်။ သူမစိတ်ထဲ ထိုကောင်စုတ်ရဲ့ အရှက်မဲ့မှုကို ကျိန်ဆဲမိသလို သူ့ရဲ့ စကားအရာမှာ ကြွယ်ဝမှုကိုလည်း ချီးကျူးလိုက်မိပါတယ်။ သူ့ ပါးစပ်တစ်ခုလုံး မဟုတ်တုတ်ကစကားတွေနဲ့ပဲ ပြည့်နေတာပါ။ သူမ၏ နို့နှစ်ရောင်လည်တိုင်းလေးဆို ပန်းရောင်တောင် သန်းလို့နေပါတယ်။
သူမက စိတ်ပျက်သည့်၊ ဒေါသထွက်သည့် အမူအရာ မပြတာကို သတိထားမိလိုက်တာနဲ့ ရန်ကိုင်လည်း ပိုပြီး သတ္တိရှိလာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အဖြစ်အပျက်တွေက အခုအခြေအနေထိ ရောက်နေခဲ့ပြီလေ။ ပြီးတော့ သူမခွန်အားကလည်း သူ့ထက် အဆမတန် သာလွန်နေတာကိုပါ ထည့်တွက်ရမယ် ဆိုရင် သူ့မှာ ထွက်ပြေးဖို့ လုံးဝ အခွင့်အရေး မရှိတော့ပါဘူး။ ဒါကြောင့် ဘာလို့ ဒီနေရာဆီ ခေါ်လာခံရတာလဲ ဆိုတာကိုပဲ မေးဖို့ ကြိုးစားရပါတော့မယ်။
သူမက သူ့ကို သတ်ချင်တယ် ဆိုရင် သူ့ကို ဒီလောက်အထိ အသက်ရှင်လျှက် ထားနေစရာ မလိုပါဘူး။ အစကတည်းက သတ်ပစ်လိုက်လို့ ရပါတယ်။
ထိုမိန်းမပျိုလေးရဲ့ ချိုသာတဲ့ အပြုံးက အရမ်းကို စွဲမက်စရာ ေ ကာင်းပါတယ်။ သူမ၏ နူးညံ့ချောမွတ်လှတဲ့ နို့နှစ်ရောင် လက်အစုံက ချယ်ရောင်နှုတ်ခမ်းဖူးဖူးလေးကို ပိတ်ကာထားခဲ့တဲ့အတွက် သူမပုံစံက အရမ်းကို နှစ်လိုဖွယ် ကောင်းသွားခဲ့ပြီး သူမ၏ လှုပ်ရှားမှု တစ်ခုစီတိုင်းက အဆုံးမရှိတဲ့ အလှတရားတို့နဲ့ ပြည့်နေခဲ့တယ်။ သူမက အသာအယာလေး တိုးတိုးလေး ပြောလိုက်တယ် “နင်ငါ့ကို ကြိုက်တယ်ဆိုရင်… အဲ့တုန်းက ငါ့ကို ဘာလို့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တာလဲ။ တကယ်လို့များ ငါ့ခန္ဓာကိုယ်လေးက ကျိုးပဲ့သွားခဲ့ နင်ဘယ်လို ပြန်လျော်ပေးမှာလဲ”
ဒီမြေခွေးမကတော့ ရန်ကိုင်က စိတ်ထဲက တိတ်တဆိတ် ကျိန်ဆဲလိုက်တယ်။ သူမကြောင့် သူ့စိတ်ရိုင်းတွေ နောက်တစ်ကြိမ် ထကြွလာခဲ့ပြန်ပါပြီ။
သူ့စိတ်ကို အလျင်အမြန် တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် စနောက်လိုဟန်ဖြင့် ပြုံးလိုက်ပြီး “ဆိုရိုးစကား တစ်ခုရှိတယ်လေ။ လမ်းတစ်ခုကို ပထမဆုံးအကြိမ် သွားမယ်ဆိုရင် ထိုလမ်းက မိမိနဲ့ စိမ်းနေပါလိမ့်မယ်။ ဒါပေမယ့် ဒုတိယအကြိမ်ဆိုတော့ စိမ်းနေတော့မှာ မဟုတ်ပါဘူးတဲ့။ အစောပိုင်းတုန်းက အစ်မကြီးက ဘယ်လိုမျိုးကို နှစ်သက်လဲဆိုတာ ကျွန်တော်မသိလို့ ကြမ်းမိသွားတာပါ။ ဒါပေမယ့် အခုတော့ အတွေ့အကြုံရသွားပါပြီ။ အစ်မကြီးကများ နောက်တစ်ကြိမ် စမ်းချင်မလား မသိဘူး။ ဒီတစ်ကြိမ်ကျရင် အစ်မကြီးကို လုံးဝကျေနပ်သွားစေရမယ်လို့ ဒီဂျူနီယာမောင်လေးက အာမခံပါတယ်”
“အရှက်မရှိတဲ့ လူယုတ်မာကောင်” မိန်းမပျိုလေးက အံ့ကြိတ်လိုက်ပြီး ကျိန်ဆဲလိုက်တယ်။
ရန်ကိုင်က သူမတွေ့ဖူးတဲ့ လူတွေထဲမှာ အရေအထူဆုံး ဆိုတာတော့ သံသယရှိစရာ မလိုပါဘူး။ စကားချိုချိုလေးတွေ ပြောတဲ့နေရာမှာတော့ သူ့အစွမ်းဆုံးက ပထမတန်းစားပါပဲ။ ပြီးတော့ အစောပိုင်းတုန်းက သူ့ရဲ့ တို့လိတို့လိနဲ့ ကျိစယ်သည့် လုပ်ဆောင်မှုတို့ပါ ထည့်ပေါင်းလိုက်မယ် ဆိုရင် ရန်ကိုင်က အတွေ့အကြုံ မရှိတဲ့ လူဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ ထိုကောင်က မရေမတွက်နိုင်တဲ့ မိန်းမငယ်လေးတွေရဲ့ သန့်စင်မှုကို ရိတ်သိမ်းခဲ့တဲ့ အယုတ်တမာကောင် တစ်ယောက်ပဲ ဖြစ်ရပါမယ်။
သူမကိုယ်သူ အထိန်းအချုပ် ကင်းမဲ့တဲ့ မိန်းမတစ်ယောက်လို့ တွေးနေခဲ့ပေမယ့် ရန်ကိုင်ရဲ့ တိုက်ရိုက်ရန်စတဲ့ စကားတွေကို ကြားလိုက်ရချိန်မှာတော့ သူမကိုယ်တိုင်တောင် ရှက်သွားခဲ့ရပါတယ်။ ပြီးတော့ အခု သူမအခြေအနေက အထိမခံနိုင်သည့် အခြေအနေမျိုးပါ။ ထို့ကြောင့် ထိုကောင်စုတ်ရဲ့ စကားတွေကို သူမဆက်ပြီး နားမထောင်နိုင်တော့တာပါ။
သူ့စိတ်ထဲက စိုးရွံ့မှုတွေကို ဘေးဖယ်ထားလိုက်ပြီး ရန်ကိုင်က ရဲတင်းစွာနဲ့ မေးလိုက်တယ် “အစ်မကြီးက ကာမအားတိုးဆေး တစ်မျိုးမျိုး မိလာတာလား”
သူမအခြေအနေက သာမန်မဟုတ်တာက အသိသာကြီးပါ။ ထို့ကြောင့် သူမစိတ်ဆန္ဒတွေ ရုန်းကြွလာပြီး သူမကိုယ်ထဲက ရာဂမီးကို ဖြေဖျောက်ပေးဖို့ ယောကျ်ားတစ်ယောက် ရှာချင်စိတ်တွေ ထွက်ပေါ်လာအောင် တစ်ခုခုက လုပ်လိုက်တာပဲ ဖြစ်ရပါမယ်။ အခု သူမက သူမတောင့်ခံနိုင်တဲ့ အကန့်အသတ်ကို ရောက်နေခဲ့ပါပြီ။ ဒါတွေ အားလုံးက ရန်ကိုင်ကို ဇဝေဇဝါ ဖြစ်သွားစေခဲ့တယ်။
တစ်ခဏတာလောက် အံ့အားသင့်သွားပြီးနောက် မိန်းမပျိုလေး၏ အမူအရာက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပြီး ရှက်ကိုးရှက်ကန်း ရယ်မောကာ ပြောလိုက်တယ် “နင်ပြောတာက မှန်လည်းမှန်တယ်၊ မှားလည်းမှားတယ်”
“မှန်လည်းမှန်တယ်၊ မှားလည်းမှားတယ်… ဘာကြီးလဲ” ရန်ကိုင်က ဇဝေဇဝါနဲ့ ပြန်မေးလိုက်တယ်။
“နင်ထင်သလိုပါပဲ။ ဒါပေမယ့် အဆိပ်ကတော့ ငါကိုယ်တိုင်ကကို ဖြစ်နေတာ။ အခြားတစ်ယောက်က ခတ်လိုက်တာ မဟုတ်ဘူး” မိန်းမပျိုလေးက ရန်ကိုင်ကို ကြည့်လိုက်ပြီး ဖုံးကွယ်လိုခြင်း အရှင်းမရှိပဲ ပြောလိုက်တယ် “ငါ့ရဲ့အခြေအနေက ငါလေ့ကျင့်နေတဲ့ လျှို့ဝှက်ကျင့်စဉ် အဆင့်ချိုးဖျက်သွားတာ ကြောင့်ပဲ။ ငါအဆင့် ချိုးဖျက်တဲ့အကြိမ်တိုင်း အခုလိုမျိုး ဖြစ်တယ်။ ငါအဆင့်ချိုးဖျက်ပြီး ခရီးသွားနေတုန်း ချုံခိုတိုက်ခိုက်ခံခဲ့ရတယ်။ အဲ့ကနေ ဒဏ်ရာရပြီး ငါခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေက ပိုပြီး ပြင်းထန်လာတာ။ ငါဆက်ပြီး တောင့်ခံနိုင်ပါ့မလား ဆိုတာ ငါကိုယ်တိုင်တောင် မသေချာဘူး…”
“အဲ့တော့ ခင်ဗျားက ကျွန်တော့်ကို လိုရမယ်ရ ဖမ်းခေါ်လာခဲ့တာပေါ့” ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့တယ်။
သူ့နှလုံးသားထဲ မုန်တိုင်း ထန်လာခဲ့တယ်။ ဘယ်လို လျှို့ဝှက်ကျင့်စဉ်ကများ မိန်းမတစ်ယောက်ကို အဆင့်ချိုးဖျက်တိုင်း အခုလို ရမက်ထန်သွားစေရတာလဲ။
မိစ္ဆာကျင့်စဉ်… မိစ္ဆာကျင့်စဉ်ပဲ ဖြစ်ရမယ်။
သူမလေ့ကျင့်တဲ့ ကျင်စဉ်က ယင်ယန်စုပ်ယူခြင်းကျင့်စဉ် ဖြစ်နိုင်ချေ ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ရန်ကိုင် သွေးတွေ တစ်မုဟုတ်ချည်း အေးစက်သွားခဲ့တယ်။ သူ့စွမ်းအင် အဆီအနှစ် အားလုံးသာ ထိုမိစ္ဆာစုပ်ယူတာ ခံလိုက်ရမယ်ဆိုရင် တော်တော်လေး ဝမ်းနည်းစရာ ကောင်းသွားမှာပါ။
“လိုရမယ်ရပါပဲ” မိန်းမပျိုလေးက ခေါင်းလေးညိတ်လိုက်ပြီး ငြင်းဆန်းခြင်း မရှိခဲ့ပါဘူး။
ရန်ကိုင်က အခုအချိန် ဖမ်းထားခံရတာ ဖြစ်တဲ့အတွက် ပြန်ပြီးတော့ မတိုက်ခိုက်နိုင်ပါဘူး။ ထို့ကြောင့် သူမက သူ့ကို လိမ်စရာ အကြောင်းမရှိပါဘူး။
“ဒါဆို ကျွန်တော့်ကို ဘာလို့ ရွေးလိုက်တာလဲ”
“အဲ့တုန်းက နင့်အပြင် လူအိုကြီးသုံးယောက်နဲ့ မိန်းကလေး နှစ်ယောက်ပဲ ရှိတာလေ… နင်ကလွဲပြီး ငါက ဘယ်သူ့ကို ဖမ်းခေါ်လာရဦးမှာလဲ” မိန်းမပျိုလေးက ချိုသာစွာ ပြုံးပြပြီး ပြန်ပြောလိုက်တယ်။
ငါ့လခွမ်း… ဆိုးလိုက်တဲ့ ကံကွာ။ အဲ့ခွေးစုတ်လေး ဘိုင်ယွမ်ဖုန်းက ဘာလို့ ငါတို့နဲ့ အတူမရှိလိုက်ရတာလဲ မသိဘူး။ အဲ့ကောင်သာ ရှိနေခဲ့ရင် ငါအခုလိုမျိုး အဖမ်းခံလိုက်ရမှာ မဟုတ်ဘူး
“အစ်မကြီးကို ပြုစုခွင့်ရတာ ဒီဂျူနီယာလေးရဲ့ ကံကောင်းမှုပါပဲ” ရန်ကိုင်က အပြုံးတုကို ဆင်မြန်းရင်း ပူးလောင်ပြင်းပြတဲ့ အကြည့်နဲ့ သူမကို စိုက်ကြည့်လိုက်ပြီး “အဲ့လောက်ကြီး ခက်ခက်ခဲခဲ ခုခံနေစရာ မလိုပါဘူး။ အစ်မကြီးသာ အဆင်ပြေရင် ကျွန်တော်က အခုစလို့ ရပါပြီ”
မိန်းမပျိုလေးက သူမအပြုံးကို ဖုံးကွယ်လိုက်ပြီး အရွှန်းဖောက်ကာ ပြောလိုက်တယ် “နင့်ခေါင်းထဲမှာ အလှလေးတွေက လွဲပြီး ဘာမှမရှိဘူးပဲ။ ငါလေ့ကျင့်တဲ့ လျှို့ဝှက်ကျင့်စဉ်က တော်တော်လေး ထူးခြားတယ်။ ဒီတစ်ကြိမ် မအောင်မြင်ရင် ငါဆက်ပြီး လေ့ကျင့်လို့ ရသေးတယ်။ ဒါပေမယ့် ငါ့ကျင့်ကြံနှုန်းကတော့ တော်တော်လေး နှေးကျသွားရလိမ့်မယ်။ ငါက ခြေတစ်လှမ်းပဲ ကွာဝေးတော့တာကို ဘာလို့ အလျှော့ပေးရမှာလဲ”
ရန်ကိုင် မျက်လုံးအစုံက တောက်ပသွားခဲ့ပြီး “အဲ့တော့ အစ်မကြီးက ပြီးပြည့်စုံတဲ့ အဆင့်နား ရောက်ခါနီးနေပြီပေါ့။ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ကြည့်ရတာက အစ်မကြီးနဲ့ ဒီဂျူနီယာမောင်လေးက ရေစက်ပါလာတဲ့ ပုံပဲ။ အစ်မကြီးသာ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူးဆိုရင် ဒီဂျူနီယာမောင်လေးကို ပြောလိုက်တယ်။ ကျွန်တော် ကျန်တာကို ကိုင်တွယ်လိုက်မယ်”
ရန်ကိုင် နှလုံးကတော့ ဒရမ်အလား ပြင်းပြင်းထန်ထန် ခုန်နေခဲ့တယ်။ ထိုမိန်းမရဲ့ စုပ်ယူခြင်းကိုသာ ခံလိုက်ရမယ်ဆိုရင် ဘယ်လိုအကျိုးဆက် တွေကို ရင်ဆိုင်ရမလဲ ဆိုတာ မသိပေမယ့် သူမလေ့ကျင့်တဲ့ မိစ္ဆာကျင့်စဉ်ရဲ့ စွမ်းအားကို မြင်လိုက်ရရုံနဲ့တင် အကျိုးဆက်က သေးလိမ့်မှာ မဟုတ်ဘူးဆိုတာကိုတော့ ရန်ကိုင် ခန့်မှန်းမိပါတယ်။
အဲ့တာကြောင့် ထိုမဟာဆန်တဲ့ အလှပိုင်ရှင်နဲ့ သိပ်မကြာခင်မှာပဲ ချစ်တင်းနှောရမယ် ဆိုရင်တောင် ရန်ကိုင်ကတော့ နည်းနည်းလေးတောင် ရမက် မထန်နိုင်ပါဘူး။
မိန်းမပျိုလေးက ရန်ကိုင်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ပြီး သူမမျက်လုံးထဲ သနားသည့်အကြည့်နှင့် နောင်တရသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားကာ “နင့်နာမည် ဘယ်လိုခေါ်လဲ”
“ရန်ကိုင်”
“ရန်ကိုင်လား…” မိန်းမပျိုလေးက တိုးတိုးလေး ရေရွတ်လိုက်ပြီး ခေါင်းညိတ်ကာ “နင့်နာမည်ကို ငါမှတ်ထားလိုက်မယ်။ ငါ့နာမည်ကတော့ ရှန်ချင်းလော့ပဲ”
“ဘယ်လောက်တောင် နာဝင်ချိုလိုက်တဲ့ နာမည်လေးလဲ…” ရန်ကိုင်က မျက်မှောင်မကြုံပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရတယ်။ ထိုနာမည်… အဲ့နာမည်ကို သူတစ်နေရာရာမှာ ကြားခဲ့ဖူးသလိုပါပဲ။
ထိုမိန်းမပျိုလေးရဲ့ ခွန်အားအရဆိုရင် သူမကိုယ်တိုင် နာမည်ကျော်ကြားတဲ့ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေမှာ မလွဲမသွေပါပဲ။ ထို့ကြောင့် သူမနာမည်ကို ကြားဖူးတာကလည်း ပုံမှန်ပါပဲ။ ဒီလိုနဲ့ ရန်ကိုင်က သူမနာမည်နဲ့ ပက်သက်ပြီး ဆက်ပြီး မတွေးတော့ပါဘူး။
“နင်ရဲ့ အစစ်အမှန်ချီကို ငါချိတ်ပိတ်မထားဘူး။ ဒါကြောင့် နင့်ကိုယ်နင် ပြင်ဆင်ထား။ နင့်အသိစိတ်ကို ဆုံးရှုံးမသွားစေနဲ့” ရှန်ချင်းလော့က ချိုသာစွာ ရယ်မောလိုက်ပြီး ရန်ကိုင်ကို သတိပေးလိုက်တယ် “နင်က ဥာဏ်ထက်ပေမယ့် နောက်လာမယ့် အရာကို နင်ဘယ်လို ခုခံမလဲဆိုတာကိုတော့ ငါလည်း မသိဘူး။ အဲ့ဒါအပြင်… ငါအောင်မြင်ပါစေလို့ နင်ဆုတောင်းတာ ပိုကောင်းလိမ့်မယ်”
“အဲ့လိုမှ မဟုတ်ရင်ရော” ရန်ကိုင် နှလုံးသား တစ်ခုလုံး ခါးသီးတဲ့ ခံစားချက်တို့ဖြင့် ပြည့်နှက်သွားခဲ့တယ်။
“ဟဲဟဲ…” ရှန်ချင်းလော့ အသာအယာလေး ရယ်မောလိုက်ပြီး ရန်ကိုင် မေးခွန်းကို ပြန်မဖြေခဲ့ပါဘူး။ သူမ၏ အရည်လဲ့နေတဲ့ မျက်ဝန်းအစုံက ရန်ကိုင်ကို တစ်ခဏလောက်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ပြောလိုက်တယ် “နင်က တော်တော်လေး ချောတာပဲ။ နင့်ပါးစပ်က တစ်ချိန်လုံး မဟုတ်တုတ်က ၊ အရေမရ အဖတ်မရစကားတွေပဲ ထွက်နေပြီး အရှက်မရှိတဲ့ အယုတ်တမာကောင် တစ်ယောက်လို လုပ်နေပေမယ့် ဒါကနင့်ရဲ့ ပုံစံအမှန်မဟုတ်ဘူးဆိုတာ ငါသိတယ်။ ဒီက အစ်မကြီးက နင့်ကိုတောင် ကြိုက်ချင်သလို ဖြစ်လာပြီ”
ပြောပြီးတာနဲ့ သူမပါးလေးတွေက နီမြန်းသွားခဲ့တယ်။ သူမက ရန်ကိုင်ကို ပြန်ပြောခွင့်တောင် မပေးတော့ပဲ မျက်လုံးပိတ်ကာ အလျင်အမြန်ပဲ အစစ်အမှန်ချီကို စတင်လှည့်ပတ်လိုက်ပါတော့တယ်။
Martial Peak
အပိုင်း(၂၉၉) မဟာကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေနိုင်လောက်သည့် ညို့ငင်ခြင်းနည်းစနစ်
ရန်ကိုင်က သူ့ပါးစပ်ကို ချက်ချင်းပိတ်လိုက်ပြီး ရှန်ချင်းလော့၏ အခြေအနေကို သေသေချာချာ စူးစမ်းပါတော့တယ်။ သူမပြောခဲ့တဲ့ စကားတွေအရဆို သူမက ခက်ခဲတဲ့ အခြေအနေတစ်ခုထဲ ရောက်နေတယ် ဆိုတာကို ရန်ကိုင် မသိပဲ မနေပါဘူး။ ဒါပေမယ့် သူမတစ်ယောက်ထဲ ခက်ခဲနေတာမဟုတ်ပါဘူး၊ ရန်ကိုင်လည်း ထိုခက်ခဲတဲ့ အခြေအနေထဲ ပါဝင်ပက်သက်နေတာပါ။
သူမက သူ့ကို နောက်ဆုံး ကောက်ရိုးမျှင် အဖြစ်အသုံးချဖို့ ခေါ်လာခဲ့တာပါ။ သူမက လျှို့ဝှက်ကျင့်စဉ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တောင့်မခံနိုင်တော့တာနဲ့ သူ့ကို ဝါးမြိုမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ရလဒ်အနေနဲ့… သူလည်း သိပ်မသေချာပေမယ့် သူမလေသံအရ သိပ်ပြီးတော့ ကောင်းမွန်မယ့် ပုံမပေါက်ပါဘူး။
ရန်ကိုင်က သူ့ရှေ့က မြင်ကွင်းကို သတိကြီးကြီးထားရင်း ကြည့်နေခဲ့တယ်။
ရုတ်တရက်ကြီး လိုဏ်ဂူတစ်ခုလုံး အလင်းရောင်တွေနဲ့ ပြည့်သွားခဲ့တယ်။ ရှန်ချင်းလော့ဆီကနေ အစစ်အမှန် ချီစွမ်းအင်တွေ ပေါက်ကွဲထွက်လာခဲ့ပြီး သိပ်သည်းလှတဲ့ အရောင်အဝါတွေကို ထွက်ပေါ်လာစေခဲ့တယ်။ သူမ၏ အစစ်အမှန်ချီတွေက ပတ်ဝန်းကျင်လေထုထဲ ရောနှောသွားခဲ့ပြီး အဖြူရောင် ခရစ်စတယ် အမျှင်တန်းလေးတွေ ဖြစ်သွားခဲ့တယ်။
ထိုအမျှင်တန်းလေးတွေက ရှန်ချင်းလော့အနား အဆုံးမရှိစွာ ရှည်ထွက်နေခဲ့ပြီဂ သူမ၏ခန္ဓာကိုယ်ကို ဖြေးဖြေးချင်း ရစ်ပတ်သွားခဲ့တယ်။ အချိန်တွေ ကုန်လာတာနဲ့အမျှ အမျှင်တန်းလေးတွေနဲ့ ဖန်တီးထားတဲ့ ပိုအိမ်ကြီးက ပိုပိုသိပ်သည်း လာခဲ့တယ်။
ရန်ကိုင် ကြောင်သွားခဲ့ရတယ်။
ထိုအမျှင်တန်းတွေက… ပင့်ကူမျှင်တွေနဲ့ တူနေခဲ့ပါတယ်။ ဒါပေမယ့် ပိုးချည်မျှင်နဲ့လည်း တူနေပါသေးတယ်။ အမျှင်တန်း တစ်ခုချင်းစီက မယုံကြည်နိုင်စရာ ကောင်းတဲ့ ကွေးဆန့်နိုင်စွမ်း၊ မာကျောမှုနှင့် အံ့အားသင့်စရာ ကောင်းတဲ့ စွမ်းအင်ပမာဏကို ပိုင်ဆိုင်ထားပါတယ်။
နာရီဝက်လောက် ကြာပြီးနောက် ရှန်ချင်းလော့ တစ်ကိုယ်လုံးကို ထိုအမျှင်တန်းတွေနဲ့ ဖုံးအုပ်သွားခဲ့ပါပြီ။ သူမ၏ ပြစ်ချက်ကင်းမဲ့တဲ့ ခန္ဓာကိုယ်လေးကို ဆက်ပြီး မမြင်ရတော့ပါဘူး။ ရန်ကိုင် မြင်နိုင်တော့တာဆိုလို့ အဖြူရောင် ပိုးအိမ်ကြီးတစ်ခုပဲ ရှိပါတော့တယ်။
ထိုခရစ်စတယ် အမျှင်တန်းတွေနဲ့ ဖန်တီးထားတဲ့ ချည်မျှင်အိမ်ထဲ ရှန်ချင်းလော့ ရှိနေခဲ့ပါတယ်။ ဖျော့လျသည့် မွှေးရနံ့တစ်ခုက လိုဏ်ဂူထဲ ပျံ့နှံ့လာခဲ့တယ်။ ထိုသင်းရနံ့ကို ရှူရှိုက်မိလိုက်ချိန်မှာတော့ ရန်ကိုင် နှလုံးခုန်မြန်ဆန်သွဦးခဲ့တယ်။ သူ့သွေးတွေ ဆူပွက်လာခဲ့ပြီး သူ့အသက်ရှူသံကလည်း ပြင်းထန် ကြမ်းရမ်းလာခဲ့တယ်။
ရှန်ချင်းလော့ ကိုယ်ကနေ ထွက်ပေါ်လာတဲ့ ထိုစွဲမက်ဖွယ်ကောင်းတဲ့ သင်းရနံ့က ကမ္ဘာပေါ်ရှိ အားအကောင်းဆုံး၊ အသန့်စင်ဆုံး ကာမအားတိုးဆေးနဲ့ အတူတူပါပဲ။
မကောင်းတော့ဘူး ရန်ကိုင် တိတ်တဆိတ် အော်ဟစ်လိုက်ပြီး အစစ်အမှန်ယန်ကျင့်စဉ်ကို ခပ်မြန်မြန်ပဲ လှည့်ပတ်လိုက်တယ်။
သူပိုခုခံလေ၊ သူ့အတွက် ပိုပြီး ခက်ခဲလာလေ ဖြစ်နေခဲ့ပါတယ်။ ရန်ကိုင်က သူ့ရဲ့ စိတ်အခြေအနေကို ထိန်းသိမ်းဖို့ အသန်းအသန် ကြိုးစားနေတဲ့အချိန်တွင် ရှန်ချင်းလော့ ရှိနေတဲ့ နေရာမှာ စိတ်ကြွဖွယ်ရာ ညည်းသံတို့ ထွက်ပေါ်လာခဲ့တယ်။ ထိုချိုမြိန်တဲ့ အသံလေးကို ကြားလိုက်တာနဲ့ ရန်ကိုင် မျက်ဝန်းအစုံက ရှန်ချင်းလော့ရှိရာဆီ ချက်ချင်း ရောက်သွားခဲ့တယ်။
သူ့ဘေးပတ်ပတ်လည်က မြင်ကွင်းတွေ အကုန်လုံး ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ အနက်ရောင် လိုဏ်ဂူ မရှိတော့ပါဘူး။ နံရံပေါ်မှာ စိုက်ထားတဲ့ မီးတုတ်လည်း မရှိတော့ပါဘူး။ အဖြူရောင် ခရစ်စတယ်မျှင်လေးတွေနဲ့ ဖန်တီးထားတဲ့ ခရစ်စတယ်ကြိုးမျှင် ပိုးအိမ်ကြီးလည်း မရှိတော့ပါဘူး။
အခု သူ့ဘေးပတ်ဝန်းကျင် တစ်ခုလုံးက သင်းပျံ့တဲ့ ရနံ့တို့ဖြင့် မွှေးကြိုင်းနေခဲ့ပြီး ပန်းပွင့်ချပ်လေးတွေက အခန်းထဲ ပျံ့လွင့်လို့ နေခဲ့တယ်။ ကြမ်းပြင်တစ်ခုလုံးကိုလည်း တောက်ပတဲ့ တန်ဖိုးကြီး အနီရောင်ကော်ဇောဖြင့် ခင်းကျင်းထားပါတယ်။
တခစ်ခစ်ရယ်သံတို့ ရုတ်တရက် သူ့နားထဲ ပျံ့လွင့်လာခဲ့တယ်။ သူလှည့်ပတ်ကြည့်လိုက်တဲ့အချိန် လုံရုံလေးသာ ဝတ်စားဆင်ယင် ထားတဲ့ မိန်းမငယ်လေးတွေကို တွေ့လိုက်ရတယ်။ ထိုမိန်းကလေးတွေ အကုန်လုံးက သူမတို့ရဲ့ အဖိုးတန် နေရာတွေကိုသာ ပိုးချည်အဝတ်စလေးနဲ့ ဖုံးကာထားခဲ့ပြီး အလွန်အမင်း ပြင်းထန်လှတဲ့ ညို့ငင်မှုတို့ကို ထုတ်လွှတ်နေခဲ့ပါတယ်။
စည်းချက်ကျကျ တေးသံက အဝေးကနေ ပျံ့လွင့်လာခဲ့တယ်။ မိန်းကလေး ဒါဇင်လောက်က တောက်ပစွာ ပြုံးလိုက်ပြီး ရန်ကိုင်ဆီ လှမ်းလာလိုက်ကာ တေးသီးကျူးရင်း သူ့ဘေးနား ဝိုင်းကြီးပတ်ပတ်လည်ကာ ကပြနေခဲ့တယ်။
ထိုမိန်းကလေး တစ်ယောက်ချင်းစီက ကိုယ်ပိုင်ပုံစံ တစ်မျိုးချင်းစီကို ပိုင်ဆိုင်ထားကြီး တစ်ယောက်ချင်းစီတိုင်းကလည်း သူ့အလှနဲ့သူ ဆွဲဆောင်မှု ရှိလှပါတယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်သူပဲဖြစ်ဖြစ်၊ သူတို့အားလုံးက အရမ်းကို စွဲမက်ဖွယ်ကောင်းပြီး ဆွဲဆောင်မှု ရှိလှလွန်းတယ် ဆိုတာကတော့ သံသယရှိစရာ မလိုပါဘူး။ အချို့က လောက အညစ်အကြေး အားလုံးကနေ ကင်းစင်ကာ သန့်စင်လှပါတယ်။ အချိုကတော့ ရှက်နေကြပြီး အချို့ကတော့ ရဲတင်းပါတယ်။ အချို့မိန်းကလေးတွေကျတော့ တစ်ဖက်သားကို ညို့ယူဖြာယောင်းနိုင်တဲ့ အလှကို ပိုင်ဆိုင်ထားကြပြီး အချို့ကတော့ ကျော့ရှင်းတဲ့ အလှကို ပိုင်ဆိုင်ထားကြပါတယ်။
မိန်းကလေးတွေက ရန်ကိုင်ကို ဝိုင်းပတ်ရင်း သီးချင်းဆိုနေကြပြီး သူ့ဆီ အချက်ပြတယ့် အကြည့်တွေကိုလည်း အဆက်မပြတ် ပို့လွှတ်နေခဲ့ပါတယ်။ သူတို့အားလုံးက သူ့ကျေနပ်စေဖို့ အစွမ်းကုန် ကြိုးစားနေကြသလိုပါပဲ။ တစ်ယောက်ချင်းစီတိုင်းက သူ့ကို ပွတ်တိုက်သွားလေ့ရှိပြီး စွဲမက်စရာ ကောင်းတဲ့ ညည်းသံလေးတွေက သူမတို့၏ အနီရောင်နှုတ်ခမ်းအစုံကနေ ထွက်ပေါ်နေခဲ့ကာ သူမတို့၏ အဆုံးမရှိတဲ့ စိတ်ဆန္ဒတွေကို တီးတိုးလေး ရေရွတ်ပြနေခဲ့ပါတယ်။
ဟုတ်တာပေါ့… ယောကျ်ားတစ်ယောက် အနေနဲ့ ရန်ကိုင်၏ အသက်ရှူသံက မိုးထိအောင် မြင့်တက်သွားတာပေါ့။
သူ့ရှေ့ ရမက်သွေးကြွဖွယ် ကောင်းတဲ့ မြင်ကွင်းက လူတစ်ယောက်ရဲ့ ဟိုးနှလုံးသား အတွင်းပိုင်းထဲမှာရှိတဲ့ စိတ်ဆန္ဒရိုင်းတွေကို ဖော်ထုတ်ပေးနိုင်တဲ့ ပုံပါပဲ။ သူတို့ရဲ့ တွေးတောနိုင်စွမ်းတွေကို ဆုံးရှုံးသွားစေပြီး သားရဲတစ်ကောင်လို ဖြစ်သွားစေနိုင်ပါတယ်။
သူ့ပါးစပ်ထဲကနေ တစ်ချက်လောက် အော်ဟစ်မြည်ကြွေးလိုက်ပြီးနောက် ရန်ကိုင်က ဘေးနားမှာရှိနေတဲ့ မိန်းကလေးတစ်ယောက်ကို ဖမ်းဆွဲလိုက်ပြီး အကျယ်ကြီး ဟိန်းဟောက်လိုက်ကာ သူမကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်တယ်။
ကောင်မလေးက နာကျင်မှုကြောင့် မျက်မှောင်လေး ကြုံ့လိုက်မိတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံလိုက်ရတဲ့အတွက် ရန်ကိုင်ကို စိတ်ဆိုးဒေါသထွက်ခြင်း နည်းနည်းလေးတောင် မရှိပဲ နာကျင်မှုကို တောင်ခံရင်း ရန်ကိုင်ကို ညင်သာစွာ ကြည့်နေလိုက်တယ်။ စွဲမက်ဖွယ်ကောင်းတဲ့ ညည်းသံတွေကလည်း သူမပါးစပ်ကနေ အဆက်မပြတ် ထွက်ပေါ်နေခဲ့ပါတယ်။ သူမ၏ ကျက်သရေရှိပြီး ပန်းရောင်လေး သန်းနေတဲ့ လက်အစုံကို ဆန့်ထုတ်လိုက်ပြီး ရန်ကိုင်လည်းပင်း တစ်ဝိုက် ရစ်ပတ်လိုက်တယ်။
ရန်ကိုင်က ပြန်ပြုံးလိုက်ပြီး သူ့မျက်နှာထက် လွန်ဆွဲနေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ကာ နောက်ဆုံးမှာတော့ ပြတ်သားစွာဖြင့် မိန်းကလေးရဲ့ မျက်နှာကို ထိုးချလိုက်တယ်။
ထိုတစ်ချက် ပြီးတာနဲ့ ဘေးပတ်လည်မှာရှိတဲ့ မိန်းကလေးတွေ အားလုံး ပျောက်ကွယ်သွားခဲ့တယ်။ ရန်ကိုင် အင်္ကျီတစ်ခုလုံး ချွေးစေးတို့ဖြင့် စိုရွှဲနေခဲ့ပြီး သူ့နှလုံးသားကို လက်အေးကြီး တစ်ဖက်က ဆုပ်ကိုင်ထားသလို ခံစားလိုက်ရတယ်။
ထိုပြိုင်ဘက်ကင်း မိန်းမလှလေးတွေနဲ့ ပြည့်နေတဲ့ ပုံရိပ်ယောင်ကမ္ဘာကြီးက လူတစ်ယောက်ရဲ့ စိတ်စွမ်းအားကို စစ်ဆေးဖို့ လုပ်ထားတာပါ။ ရန်ကိုင်လည်း ပုံရိပ်ယောင်ရဲ့ သက်ရောက်ခြင်းကို ခံလိုက်ရပေမယ့် အချိန်မှီ ပြန်ထွက်လာနိုင်ခဲ့ပါတယ်။
ပုံရိပ်ယောင်ကနေ ချိုးဖျက်ထွက်လာနိုင်ခဲ့ပေမယ့် ရန်ကိုင်က မတ်တတ်ရပ်ပြီး ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်တဲ့အချိန် မြင်ကွင်းတစ်ခုလုံးက မပြောင်းလဲသေးတာကို တွေံလိုက်ရတယ်။ မိန်းကလေးတွေကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်မှာတော့ ခန်းမကြီးတစ်ခုရှိနေပြီး ထိုခန်းမထဲ ပါလျတဲ့ လိုက်ကာတစ်ခုကို တပ်ဆင်ထားတဲ့ ကုတင်တစ်လုံး ရှိနေခဲ့တယ်။
ကုတင်ပေါ်မှာတော့ မြင်သူတိုင်း၏ စိတ်နှလုံးကို သိမ်းကျုံးဖမ်းစား သွားနိုင်တဲ့ မိန်းမပျိုလေး တစ်ယောက်ရှိနေခဲ့တယ်။ လက်ကလေး တစ်ဖက်နှင့် မျက်နှာကို ထောက်မှီထားရင်း မိန်းမပျိုလေးက ညူတူတူအသံလေးနဲ့ ရယ်မောလိုက်တယ်။
ထိုမှုန်ဝါးဝါး လိုက်ကာကို ကျော်ဖြတ်ပြီး သူမ၏ ထိုးဖောက်မြင်ရလု မတတ် ဖြစ်နေတဲ့ အတွင်းခံလေးကို သူလှမ်းမြင်နေရပါတယ်။
နှစ်လိုစွဲမက်ဖွယ်ကောင်းတဲ့ ရယ်သံလေးက လိုက်ကာအတွင်း ဘက်မှ ပျံ့လွင့်လာခဲ့ပြီး ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မိန်းမပျိုလေးက ရန်ကိုင်ကို လက်ယပ်ခေါ်လိုက်တယ်။ အဆုံးမရှိတဲ့ ညို့ငင်မှုတွေနဲ့ ပြည့်နေတဲ့ သူမ၏ ရယ်သံချိုချိုလေးက ရန်ကိုင်၏ အသိစိတ်ကို နောက်တစ်ဖန် ဝေဝါးသွားစေခဲ့ပြန်တယ်။
ရန်ကိုင်မျက်လုံးအစုံက နီရဲသွားခဲ့ပြီး ရမက်ထန်နေတဲ့ သားရဲတစ်ကောင်လို ကုတင်ဆီ လမ်းလျှောက်သွားလိုက်ပြီး လိုက်ကာကို အကြမ်းပတမ်း ဖယ်ရှားပစ်လိုက်တယ်။
သူ့ကို နှုတ်ဆက်နေတာကတော့ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ရှန်ချင်းလော့ရဲ ပုံရိပ်လေးပါ။ ထိုမိစ္ဆာမရဲ့ မဟာကောင်းကင် တစ်ခုလုံးကို မုန်တိုင်းထန်သွားစေနိုင်တဲ့ ပုံရိပ်ကို သူအကုန် မြင်နေခဲ့ရပါတယ်။ သူမ၏ အပြစ်အနာအဆာ ကင်းမဲ့လှသည့် အသားအရေ၊ စွံကားနေတဲ့ တင်ပါးတွေ၊ သူမ၏ စွဲမက်ဖွယ် ခန္ဓာကိုယ်ကို တစ်ပိုင်းတစ်စ ဖုံးအုပ်နေသည့် အပြာရောင်ပိုးသားစ၊ ပြီးပြည့်စုံလှသည့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်က သူ့သွေးတွေကို ဆူပွက်လုမတတ် ဖြစ်သွားစေခဲ့တယ်။
ညူတူစွာနဲ့ ရယ်မောလိုက်ပြီး ကုတင်ပေါ်ကနေ ဖြေးဖြေးချင်း ထလိုက်တယ်။ သူမ၏ မျက်ဝန်းအစုံးက ဖြာယောင်းသွေးဆောင်မှု အမျိုးပေါင်း တစ်ထောင်တို့ဖြင့် ပြည့်နေခဲ့ပြီး ရန်ကိုင်ကို ကုတင်ထက် ညင်သာစွာ ဆွဲခေါ်လိုက်ကာ သူ့ကို အိပ်ရာပေါ် ဖြေးဖြေးချင်း တွန်းလှဲလိုက်တယ်။
ရန်ကိုင်ကလည်း မခုခံခဲ့ပါဘူး။ သူမလုပ်ချင်တာ လုပ်ပစေဆိုပြီး လွှတ်ထားလိုက်တယ်။
ရှန်ချင်းလော့၏ မျက်ဝန်းအစုံက တလက်လက် တောက်ပနေခဲ့ပြီး ရန်ကိုင် ကိုယ်ပေါ်ကို ဖြေးဖြေးချင်း တက်လိုက်ကာ သူ့အဝတ်တွေကို ဖြေးဖြေးချင်း ချွတ်ပေးလိုက်ပါတယ်။ သူမ၏ ပါးလေးတွေဆိုရင် ပန်းရောင်သန်းနေခဲ့ပြီး အရက်မူးနေသည်နှင့်တောင် တူနေပါသေးတယ်။ သူမပုံစံက ရှက်လည်း ရှက်နေသည့် ပုံပေါက်သလို စိတ်အားထက်သန်သည့် ပုံလည်း ပေါက်နေခဲ့ပါတယ်။
ထို့နောက် ပါးလွှာသည့် သူမ၏ ပိုးသားစလေးကို ဖြေချလိုက်ပါတယ်။ ရှန်ချန်းလော့က သက်ပြင်းလေး ချလိုက်တယ်။ သူမ၏ အသက်ရှူသံက မြန်ဆန်လာခဲ့ပြီး နှုတ်ခမ်းလေးကို ကိုက်လိုက်ရင်း တင်ပါးဆုံတွေကို အသာအယာ လှုပ်ရမ်းကာ ရန်ကိုင်ပေါ်သို့ ဖြေးဖြေးချင်း ထိုင်ချလိုက်တယ်။
ပျော့ပျောင်း၊ နွေးထွေးပြီး စိုစွတ်တဲ့ အထိအတွေ့ကို ခံစားမိလိုက်တာနဲ့ ရန်ကိုင်၏ မှိုင်းဝေနေတဲ့ မျက်ဝန်းအစုံက ရုတ်တရက် တုန်ရင်သွားခဲ့တယ်။ ထိုအခိုက် ရန်ကိုင်လည်း ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို အလိုလို လှည့်ပတ်မိသွားလိုက်တယ်။ သူ့အောက်ပိုင်းကနေ အရင်းခံတဲ့ ပြင်းထန်သည့် စုပ်အားတစ်ခုက အခန်းအတွင်း ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
သူ့အပေါ်မှာ ရှိနေတဲ့ ရှန်ချင်းလော့က ရုတ်တရက်ကြီး နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့ပတ်ပတ်လည်ရှိ ပုံရိပ်ယောင် အားလုံးလည်း ပြိုကျပျက်စီး ကုန်ပါတော့တယ်။
သူ့မျက်လုံးအစုံ ပွင့်လာခဲ့တဲ့ အခါမှာတော့ သူ့တစ်ကိုယ်လုံး ချွေးအေးတို့ဖြင့် စိုရွှဲနေပြီး မူလနေရာမှာပဲ ထိုင်နေသေးတာကို တွေ့ရှိလိုက်ရတယ်။
ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တဲ့အချိန် ရှန်ချင်းလော့ရဲ့ ခရစ်စတယ်ပိုးမျှင်အိမ်ကို တွေ့လိုက်ရတယ်။ အချိန်တွေ ဘယ်လောက်ကုန်သွားလဲဆိုတာ သူမသိပေမယ့် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို လှည့်ပတ်လိုက်တာနဲ့ ထိုခရစ်စတယ်ပိုးမျှင်အိမ်မှ အလွန်အမင်း သန့်စင်လှတဲ့ စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ သူ့သွေးကြောတွေထဲ စီးဝင်လာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။
သူ့ကျောမှာ ရှိနေတဲ့ နဂါးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ကောင်းကင်ပေါ် မော့ပြီး ဟိန်းဟောက်နေတာကို သိပ်မကြာခင်မှာပဲ ရန်ကိုင် သတိပြုမိလိုက်တယ်။
ရန်ကိုင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆူပွက်နေတဲ့ သူ့သွေးတွေကို တည်ငြိမ်အောင် ပြန်လုပ်ဆောင်လိုက်တယ်။
ထိုပုံရိပ်ယောင်တွေ ဘာလို့ ရုတ်တရက် ပျက်စီးသွားမှန်း သူမသိပါဘူး။ ဒါပေမယ့် သူ့ရဲ့ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်နဲ့ တစ်မျိုးတစ်ဖုံ ပက်သက်နေတယ် ဆိုတာကိုတော့ သူသိပါတယ်။
သူ့ရဲ့ ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်က ဖိုမကျင့်စဉ်(စုံတွဲလို့ မသုံးတော့ဘူးနော်) တစ်ခုဖြစ်တာတောင့် ရှန်ချင်းလော့ ညို့ငင်ခြင်းကျင့်စဉ်ကို တားဆီနိုင်တာ ဖြစ်နိုင်လောက်ပါတယ်။ ထို့ကြောင့်ပဲ ထိုပုံရိပ်တွေထဲကနေ သူလွတ်မြောက်နိုင်ခဲ့တာ ဖြစ်ရပါမယ်။
သူ့အခြေအနေကို နောက်တစ်ကြိမ် စစ်ဆေးပြီးလိုက်တဲ့အချိန် သူမလှုပ်ရှားနိုင်သေးတာကို တွေ့လိုက်ရချိန်မှာတော့ ရန်ကိုင် ကူကယ်ရာမဲ့သွားခဲ့ရတယ်။
သူမစိုးရိမ်ပါဘူး။ ရှန်ချင်းလော့က ရက်စက်ပြီး မိစ္ဆာဆန်တဲ့ မိန်းမတစ်ယောက်နဲ့ တူပေမယ့် တကယ်တမ်းတော့ သူမက ပေါင်းသင်းရ လွယ်ကူတဲ့ မိန်းမတစ်ယောက် ဖြစ်ပြီး သူ့အပေါ်လည်း သတ်ဖြတ်လိုစိတ် နည်းနည်းလေးတောင်မှ မရှိပါဘူး။
သူ့စိတ်သူ တည်ငြိမ်အောင် လုပ်လိုက်ကာ သူ့စိတ်ထဲက စိုးရိမ်မှုတွေကို ဘေးဖယ်ထားလိုက်ပြီးနောက် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို လှည့်ပတ်သည့် နေရာမှာပဲ အာရုံစိုက်ထားလိုက်တယ်။
ယင်ယန်ပေါင်းစည်းခြင်း ကျင်စဉ်၏ လွှမ်းမိုးမှုအောက်မှာပဲ သန့်စင်လှတဲ့ စွမ်းအင်စီးကြောင်းတွေက ရှန်ချင်းလော့၏ ပိုးမျှင်အိမ်မှတစ်ဆင့် သူ့သွေးကြောတွေထဲ စီးဝင်လာခဲ့တယ်။ တဖြည်းဖြည်းနဲ့ သူနဲ့ရှန်ချင်းလော့ကြားမှာ နက်နဲသည့် ဆက်သွယ်ချက် တစ်ခုဖြစ်တည်လာတာကို ရန်ကိုင်ခံစားမိလိုက်တယ်။ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ထိုခံစားချက်က ပိုပြီး အားကောင်းသထက် အားကောင်းလာခဲ့တယ်။
ထို့နောက် ရုတ်တရက် အော်သံတစ်သံ ထွက်ပေါ်လာခဲ့တယ်။
ရန်ကိုင် မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အချိန် ရှန်ချင်းလော့၏ စွဲမက်ဖွယ်ကောင်းတဲ့ မျက်ဝန်းအစုံက သူ့ကို ထိတ်လန့်မှုအပြည့်နဲ့ ငေးစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
“အန်…” ရန်ကိုင် ကြက်သေသေသွားခဲ့တယ်။
“ဒီထဲကို နင်ဘယ်လို ရောက်လာတာလဲ” ရှန်ချင်းလော့က မေးလိုက်တယ်။ သူမလေသံထဲ နားမလည်သည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့တယ်။
“ဘာ” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်တယ်။ သူလှည့်ပတ်ကြည့်လိုက် အချိန် သူက ရှန်ချင်းလော့ ရှေ့တည်တည့်တွင် ထိုင်နေခဲ့ပြီး ကျယ်ပြောအံ့ဩဖွယ်ကောင်းတဲ့ ပင်လယ်ပြင်က သူတို့ကို ဝိုင်ရံထားတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။
“ ‘ဘာ’ မဟုတ်ဘူး။ နင်ရဲ့ ကောင်းကင်စိတ်အာရုံပဲ။ နင့်ရဲ့ကောင်းကင်စိတ်အာရုံက ငါ့ရဲ့ အသိစိတ်ပင်လယ်ထဲ ရောက်နေတာ” ရှန်ချင်းလော့က ထိတ်လန့်တကြား ပြောလိုက်ပြီး သူမမျက်နှာထက်မှာတော့ အံ့အားသင့်နေသည့် အမူအရာကို အထင်းသား မြင်တွေ့နိုင်ပါတယ် “ငါ့ရဲ့ အသိစိတ်ပင်လယ်ထဲကို နင်ဘယ်လို ရောက်လာတာလဲ”
“ငါလဲမသိဘူး” ရန်ကိုင်က ခေါင်းခါလိုက်တယ်။ သူငုံ့ကြည့်လိုက်တဲ့ အခါမှာတေ့ သူ့မှာ အသွေးအသား ခန္ဓာကိုယ် မရှိတာကို သတိပြုမိလိုက်တယ်။ သူ့ရဲ့ ကောင်းကင်စိတ်အာရုံက ရှန်ချင်းလော့ရဲ့ အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လာခဲ့တာပါ။
ထို့နောက် သိချင်စိတ်အပြည့်နဲ့ ဘေးပတ်လည်ကို လိုက်လံစူးစမ်း ကြည့်လိုက်ပြီးနောက် အံ့အားသင့်ဖွယ် အဖျက်စွမ်းအားကို ခံစားမိလိုက်တဲ့ အချိန်မှာတော့ ရန်ကိုင်က အလိုအလျောက် မေးမိလိုက်တယ် “ဒါက နင့်ရဲ့ အသိစိတ်ပင်လယ်လား…”
“ထွက်သွားစမ်း” ရှန်ချင်းလော့က ထိတ်လန့်တကြား အော်ဟစ်လိုက်တယ်။
လူတစ်ယောက်ရဲ့ အသိစိတ်ပင်လယ်ထဲမှာ သူတို့ရဲ့ အလျှို့ဝှက်ဆုံး အတွေးတွေနဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေခဲ့ပါတယ်။ တစ်ယောက်ယောက်က သူတို့ရဲ့ အသိစိတ်ပင်လယ်ထဲကို လာရောက် ချောင်းမြောင်းတာနဲ့ သူတို့ရဲ့ တစ်ဘဝစားလုံး လျှို့ဝှက်ချက်တွေကို ပေးသိလိုက်ရမှာပါ။
ထိုအတွက်ကြောင့် လူတိုင်းက သူတို့ရဲ့ အသိစိတ်ပင်လယ်ကို စောင့်ကြပ်ရာမှာ အလွန်အမင်း သတိရှိကြပါတယ်။
ပြီးတော့ အခြားတစ်ယောက်ရဲ့ လျှို့ဝှက်ပင်လယ်ထဲ ထိုးဖောက်ဝင်ရောက်ဖို့ ဆိုတာကလည်း ရိုးရှင်တဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။
ရှန်ချင်းလော့လို ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ သူမမှာ အားကောင်းတဲ့ ဝိဥာဉ်အကာအကွယ် ရတနာတစ်ခုလောက် မရှိပဲ ဘယ်နေပါ့မလဲ. ပြီးတော့ အကာအကွယ် ဝိဥာဉ်ပညာရပ် တစ်ခုခုကိုလဲ မလေ့ကျင့်ထားပဲ ဘယ်နေပါ့မလဲ။
ဒါပေမယ့် ရန်ကိုင်ရဲ့ ကောင်းကင်စိတ်အာရုံက သူမရဲ့ အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ စိတ်ရှုပ်ထွေးမှု၊ တုန်လှုပ်အံ့အားသင့်မှုတို့ ကြားမှာပဲ ရန်ကိုင်က သူ့မရဲ့ အသိစိတ်ပင်လယ်ကို ဆက်ပြီး စိုက်ကြည့်နေတာကို မြင်လိုက်ရချိန်မှာတော့ ရှန်ချင်းလော့က မနေနိုင်ပဲ အော်ဟစ်လိုက်ပါတော့တယ် “နင်ထွက်သွားသေးဘူးဆိုရင် ငါနင့်ကို ဒီနေရာမှာ ထာဝရ နေသွားရအောင် လုပ်လိုက်မယ်”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်က ကြောင်အနေရာကနေ အသိပြန်ဝင်လာခဲ့ပြီး ပြောလိုက်တယ် “ခဏ၊ ခဏစောင့်ပါဦး။ ကျွန်တော် အသိစိတ်ပင်လယ်တစ်ခုကို တစ်ခါမှ မမြင်ဖူးလို့ ကြည့်မိတာပါ။ စပ်စုချင်ရုံလေးပါ”
ပြောပြီးတာနဲ့ ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြေးထွက်သွားပါတော့တယ်။
ရန်ကိုင်ရဲ့ ကောင်းကင်စိတ်အာရုံ မရှိတော့ဘူးဆိုတာ သိလိုက်ရတော့မှပဲ ရှန်ချင်းလော့ စိတ်သက်သာရာ ရသွားခဲ့တယ်။ အစောပိုင်းတုန်းက သူမက အလွန်အမင်း အန္တရာယ်များတဲ့ အခြေအနေမှာ ရောက်နေခဲ့တာပါ။ ရန်ကိုင်သာ သူမရဲ့ လျှို့ဝှက်ချက်တွေကို တွေ့သွားခဲ့မယ် ဆိုရင် သူမက သူ့ရှေ့မှာ အဝတ်ဗလာနဲ့ ရပ်နေတာနဲ့ အတူတူပဲ ဖြစ်သွားပါလိမ့်မယ်။
အဲ့ဒါတာမဟုတ်ပဲ သူမနှင့်ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ နှစ်ခုသာ ပေါင်းစပ်သွားခဲ့မယ် ဆိုရင် အကျိုးဆက်တွေက ခန့်မှန်းလို့တောင် မရပါဘူး။
လူနှစ်ယောက် ချစ်တင်းနှောတဲ့ အခါလိုမျိုး ဝိဥာဉ်နှစ်ခု အတူတကွ ပေါင်းစည်းတဲ့အခါ ကြည်နူးမှု တစ်မျိုးမျိုးကို ခံစားရစေပါတယ်။ ဒါပေမယ့် ထိုဝိဥာဉ်ချင်း ပေါင်းစပ်ရာကနေ ထွက်ပေါ်လာတဲ့ အထိအတွေ့ ခံစားချက်က ခန္ဓာကိုယ်ချင်း ထိစပ်တာထက် အစပေါင်းများစွာ ပိုပြီး ပြင်းထန်ပါတယ်။ တစ်ကြိမ် ခံစားဖူးသွားတာနဲ့ ဘယ်တော့မှာ မခွဲချင်လောက်အောင် ဖြစ်သွားပါလိမ့်မယ်။ ရန်ကိုင်က ခေါင်းမာမာနဲ့ သူမရဲ့ အသိစိတ်ပင်လယ်ထဲမှာ ဆက်ရှိနေမှာကို သူမစိုးရိမ်နေတာပါ။ ကံကောင်းစွာနဲ့ပဲ သူက စုပ်စုရုံလေး စပ်စုပြီးတာနဲ့ ချက်ချင်း ထွက်သွားခဲ့ပါတယ်။
သူဘယ်လိုလုပ်လိုက်တာလဲ
ရှန်ချင်းလော့ရဲ့ နှလုံးသားထဲ မေးခွန်းတွေနဲ့ ပြည့်နေပေမယ့် သူမအဆင့်ချိုးဖျက်နေရင်း တန်းလန်းကြီး ဖြစ်နေပါတယ်။ ထို့ကြောင့် သူမရဲ့ အာရုံကို အခြားတစ်နေရာ ပြောင်းလိုက်လို့ မဖြစ်သေးပါဘူး။ သူမစိတ်ထဲက သံသယတွေကို ဖိနှိပ်ထားလိုက်ပြီး လျှို့ဝှက်ကျင့်စဉ်ကို လှည့်ပတ်တဲ့ နေရာမှာ ပြန်ပြီး အာရုံစိုက်နေလိုက်တယ်။
ရန်ကိုင်က ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို လှည့်ပတ်ပြီး ခရစ်စတယ်ပိုးမျှင်အိမ်မှ စွမ်းအင်တွေကို ဆက်လက် စုပ်ယူနေခဲ့တယ်။ အချိန်တွေ ကုန်လာတာနဲ့အမျှ ခရစ်စတယ် ကြိုးမျှင်အိမ်က တဖြည်းဖြည်း ပါးလာခဲ့ပြီး ထိုထဲတွင် ရှိနေတဲ့ ကျက်သရေရှိလှသည့် ပုံရိပ်လေးကို တဖြည်းဖြည်း လှစ်ဟာပြလာခဲ့တယ်။
Martial Peak
အပိုင်း(၃၀၀) အဲ့ဒါဒီဘုရင်မပဲ
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။
မျက်တောင်တစ်ခတ် အတွင်းမှာပဲ ဆယ်ရက်ကုန်ဆုံးသွားခဲ့တယ်။ ရန်ကိုင်က ဖြေးဖြေးချင်း မျက်လုံးဖွင့်လိုက်ပြီး အကြောအချဉ် လျှော့လိုက်တယ်။ ရုတ်တရက် တဖျောက်ဖျောက် မြည်သံတို့ ထွက်ပေါ်လာခဲ့ပြီး အဆုံးမရှိတဲ့ စွမ်းအင်တွေ သူ့ကိုယ်ထဲကနေ ပေါက်ကွဲထွက်လာသည့် ပုံပါပဲ။ သူ့ရဲ့ အစစ်အမှန်ချီစွမ်းအင်တွေက လှိုင်းထန်နေခဲ့ပြီး သူ့တစ်ကိုယ်လုံး အံ့ဩဖွယ်ကောင်းတဲ့ စွမ်းအင်တွေနဲ့ ပြည့်နေသလို ခံစားလိုက်ရတယ်။
အစစ်အမှန်ဒြပ်စင်အဆင့်၄…
ရှန်ချင်းလော့ရဲ့ ခရစ်စတယ် ပိုးချည်မျှင်အိမ်မှ သန့်စင်တဲ့ စွမ်းအင်တွေနဲ ဆယ်ရက်ကြာအောင် လေ့ကျင့်ပြီးနောက် အစစ်အမှန်ဒြပ်စင်အဆင့်၄သို့ သူချိုးဖျက်သွားနိုင်ခဲ့ပါပြီ။
သူလှည့်ပတ်ကြည့်လိုက်တဲ့ အချိန် မိစ္ဆာမက သူနဲ့ ဆန့်ကျင်ဘက်မှာ ရှိတဲ့ နံရံကို ပျင်းရိပျင်းတွဲနဲ့ မှီနေတာကို တွေ့လိုက်ရတယ်။ သူမ၏ လှပသည့် မျက်ဝန်းအစုံက ရှုပ်ထွေးသည့်အကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေခဲ့တယ်။
ရန်ကိုင်က ထိတ်လန့်တကြား ထခုန်လိုက်ပြီး အစစ်အမှန်ချီစွမ်းအင်ကို အလိုလို လှည့်ပတ်ထားလိုက်တယ်။
ဒါပေမယ့် ရှန်ချင်လော့က ခြောက်ကပ်ကပ်နဲ့သာ ရယ်မောလိုက်ပြီး “ငါနင့်ကို သတ်ချင်တယ်ဆိုရင် နင့်မှာ အသက်ဘယ်နှချောင်းပဲ ရှိရှိ သေတာ ကြာနေလောက်ပြီ”
ရန်ကိုင် အမူအရာက အနည်းငယ် ရှုံ့မဲ့ဿွားခဲ့တယ်။ ဒါပေမယ့် သူမပြောတာကို တွေးကြည့်လိုက်တော့ သူမပြောတာတွေက အမှန်တွေ ချည်းပါပဲ။ ချက်ချင်းပဲ လှောင်ရယ်ရယ်လိုက်ရင်း လက်သီးဆုပ်ကာ ပြောလိုက်တယ် “အစ်မကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
ရှန်ချန်းလော့က ခေါင်းခါလိုက်ပြီး “ငါနင့်ကို ဘယ်တုန်းကမှ မသတ်ချင်ခဲ့ဘူး။ နင့်ကို ဖမ်းခေါ်လာတယ် ဆိုတာကလည်း လိုရမယ်ရပဲလေ”
ပြောနေရင်းနဲ့ ရှန်ချင်းလော့က ချောင်းတစ်ချက်ဆိုးလိုက်ပြီး သူမ၏ အသားအရေက အနည်းငယ်လေး ဖြူလျော်သွားခဲ့တယ်။
“ခင်ဗျား ဘာဖြစ်သွားတာလဲ” ထိုမိန်းမက ပြင်းပြင်းထန်ထန် ဒဏ်ရရသွားသလိုမျိုး အရင်ကထက် ပိုပြီးအားနည်းလာတာကို ခံစားမိလိုက်တာနဲ့ ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်တယ်။
“ဒါတွေ အားလုံးက နင့်ကြောင့် ဖြစ်လာတာ မဟုတ်ဘူးလား” ရှန်ချင်းလော့က အံကြိတ်ရင်း ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။
“ကျွန်တော်လား” ရန်ကိုင်က သူ့ကိုယ်သူ လက်ညိုးထိုးလိုက်ပြီး သူမဘာကို ဆိုလိုမှန်း နားမလည်နိုင်အောင် ဖြစ်နေခဲ့ရတယ်။
“နင်ငါ့ကို ဘာလုပ်ခဲ့လဲ”
“ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး” ရန်ကိုင်က ထုံအစွာနဲ့ ပြန်ပြောလိုက်တယ်။
“ငါ့ကို ဘာမှ မလုပ်ခဲ့ဘူးဆိုရင် ငါ့ဆီကနေ စွမ်းအင်အများကြီးကို နင်ဘယ်လို စုပ်ယူလိုက်တာလဲ” ရှန်ချင်းလော့က ဒေါသတကြီး အံကြိတ်ရင်း ပြောလိုက်တယ်။
ရန်ကိုင် ကြက်သေသေသွားခဲ့တယ်။ သူအဖမ်း ခံလိုက်ရတဲ့ အချိန်က စပြီး ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် အားလုံးကို ပြန်စဉ်းစားကြည့်လိုက်တယ်။ ထို့နောက် မျက်မှောင်ကြုံ့လိုက်ပြီး “ကျွန်တော် ပုံရိပ်ယောင်တစ်ခုထဲကို ကျသွားခဲ့တယ်။ အဲ့ပုံရိပ်ယောင်ထဲ ခင်ဗျားနဲ့ တွေ့တယ်။ အဲ့နောက် အစ်မကြီးနဲ့ အတူတူ ဟိုဟာလုပ်ရင်း လျှို့ဝှက်ကျင့်စဉ် တစ်ခုကို ကျွန်တော် လှည့်ပတ်မိလိုက်တယ်။ အဲ့လိုနဲ့ပဲ ပုံရိပ်ယောင်က ပြိုကွဲသွားပြီး…”
ရှန်ချင်းလော့က ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့ပြီး ရန်ကိုင်ကို အဓိပ္ပါယ်ရှိရှိကြည့်ရင်း မေးလိုက်တယ် “ငါနဲ့လား”
“အင်၊ အဲ့တုန်းက ခင်ဗျားက အရမ်းကို ရဲတင်းပြီး တည့်တိုးဆန်တာ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အိပ်ရာထက်ပေါ်က ရှန်ချင်းလော့၏ လုပ်ဆောင်မှုကို ပြန်စဉ်းစားလိုက်တာနဲ့ သူ့သွေးတွေ ဆူပွက်လာခဲ့တယ် “ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲကွာ” ရန်ကိုင်က သက်ပြင်းချလိုက်ပြီး သူ့မျက်နှာထက် စိတ်ဓါတ်ကျသည့် အရိပ်အယောင် ထွက်ပေါ်လာခဲ့တယ်။
“သေနာကောင်” ရှန်ချန်းလော့ အသာအယာလေး ကျိန်ဆဲလိုက်တယ်။ သူမမျက်နှာဟာ ဆိုရင်ဖြင့် အခုဆိုရင် ရဲရဲနီလို့နေပါပြီ။
“ခင်ဗျားကိုရော အကျိုးသက်ရောက် သွားတာလား” ရန်ကိုင်က မျက်မှောင်ကြုံ့ပြီး မေးလိုက်တယ်။
“နင်ဘယ်လိုထင်လဲ” ရှန်ချင်းလော့၏ အသက်ရှူသံသက မြန်ဆန်လာခဲ့တယ်။ သူမ၏ ရင်အစုံဟာဆိုရင်လည်း ပြင်းပြင်းထန်ထန် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့ပြီး အင်္ကျီထဲကနေ ပေါက်ထွက်တော့မလားတောင် ထင်ရပါတယ်။ “ငါက နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ နည်းနည်းလေးပဲ လိုတော့တာ။ အဲ့အချိန်မှာ နင်က ငါ့အဆင့်ချိုးဖျက်ဖို့ လိုအပ်တဲ့ စွမ်းအင်တွေ အားလုံးကို စုပ်ယူသွားခဲ့တာလေ… ဟဟ၊ အဲ့ဒါကို နင်က အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြောချင်နေတာလား”
ရန်ကိုင် ရုတ်တရက် ရှက်သွားခဲ့ပြီး ချက်ချင်းပဲ တောင်းပန်လိုက်တယ် “အဲ့လိုဖြစ်သွားတာလား။ ကျွန်တော်လည်း ရည်ရွယ်ပြီး လုပ်လိုက်တာ မဟုတ်ပါဘူး”
“နင်သာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လိုက်တာဆိုရင် ငါနင့်ကို အစောကြီးကတည်းက သတ်ပစ်ပြီးလောက်ပြီ” ရှန်ချင်းလော့က ရန်ကိုင်ကို ခါးသီးစွာကြည့်လိုက်ပြီး “ငါနင့်ကို ဘာလို့ အခုအချိန်အထိ အသက်ရှင်လျက် ထားထားရဦးမှာလဲ”
“အဲ့တော့ ခင်ဗျား နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်ခဲ့ရဲ့လား” ရန်ကိုင် မျက်ဝန်းအစုံ အရောင်လက်သွားခဲ့တယ်။
“မချိုးဖျက်နိုင်ခဲ့ဘူး။ မချိုးဖျက်နိုင်ခဲ့တဲ့ အပြင်ကိုမှ လျှို့ဝှက်ကျင့်စဉ်ကနေ ဘေးထွက်ဆိုးကျိုးကိုပါ ခံစားလိုက်ရတယ်။ နောက်တစ်ကြိမ် ပြန်ချိုးဖျက်နိုင်ဖို့ အချိန်ဘယ်လောက် ကြာကြာ ထပ်စောင့်ရမလဲ ဆိုတာ ငါတကယ်ကို မသိတော့ဘူး။ အဲ့ဒါတွေ အားလုံးက နင့်အပြစ်ပဲ”
“ဘယ်လိုလုပ်ပြီး ကျွန်တော့်ကိုပဲ အပြစ်တင်ရတာလဲ…” ရန်ကိုင်က သူ့နှာခေါင်းကို ပွတ်လိုက်တယ်။ ဒါပေမယ့် သူမက ဘေးထွက်ဆိုးကျိုးကို ခံစားလိုက်ရတယ်လို့ ပြောတာကို ကြားလိုက်တော့ ရန်ကိုင် တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့တယ်။ သူမကို လေးနက်အဓိပ္ပါယ်နဲ့ စိုက်ကြည့်လိုက်ပြီး မေးလိုက်တယ် “ခင်ဗျားရဲ့ လက်ရှိခါန်အားကာ…”
“အစစ်အမှန်ဒြပ်စင် ပထမအဆင့်နဲ့ အတူတူပဲ။ နင်အခု ကျေနပ်ပြီလား” ရှန်ချင်းလော့က မကျေမနပ်နဲ့ ပြန်ဖြေလိုက်တယ်။ သူမအကြည့်ထဲ မဆုံးနိုင်တဲ့ ဒေါသတို့နဲ့ ပြည့်နေခဲ့တယ်။
“ဟဟ၊ တကယ်ပဲလား” ရန်ကိုင်က ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။ အခုမှပဲ သူလည်း စိတ်သက်သာရာ ရသွားတော့တယ်။
ထိုမိန်းမရဲ့ ကျင့်ကြံခြင်းအဆင့်က အစစ်အမှန်ဒြပ်စင်အဆင့်၁ပဲ ရှိတာဆိုတော့ သူမရဲ့ လက်ရှိခွန်အားက သူ့ထက်နိမ့်ကျနေပါပြီ။ ထို့ကြောင့် သူမနဲ့ပက်သက်ပြီး သူဆက်ပြီး စိတ်ပူနေစရာ မလိုတော့ပါဘူး။
ဟုတ်တာပေါ့၊ သူမရဲ့ လက်ရှိအဆင့်က သူ့ထက်နိမ့်ကျနေပေမယ့် သူမက ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေတုန်းပဲလေ။ ထို့ကြောင့် သူနဲ့သူမသာ တကယ် တိုက်ခိုက်မယ်ဆိုရင် ဘယ်သူနိုင်မလဲဆိုတာ ပြောရခက်ပါတယ်။
ကံကောင်းစွာဖြင့် သူတို့နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်လိုစိတ် မရှိကြပါဘူး။ ထို့ကြောင့် ဘာမှ စိတ်တင်းကြပ်နေစရာ မလိုတော့ပါဘူး။
“ဟူး… ငါနင့်ကိုချည်းပဲ အပြစ်တင်လို့လည်း မရဘူး။ ငါသာ နင့်ကို ခေါ်မလာခဲ့ရင် အခုလို ကံကြမ္မာဆိုးမျိုးကို ငါဘယ်တော့မှာ ခံစားရလိမ့်မှာ မဟုတ်ဘူး။ ငါ့ကံကြမ္မာ ငါဖန်ခဲ့တာပဲ” ရှန်ချန်းလော့က တိတ်တဆိတ် သက်ပြင်းချလိုက်တယ်။
သူမက ရိုးရိုးသားသား ပြောနေတာကို ကြားတော့ ရန်ကိုင်လည်း အပြစ်ရှိသလို ခံစားလိုက်ရပြီး ရှက်ရွံ့စွာနဲ့ ခေါင်းညိတ်လိုက်တယ် “အင်း… ကျွန်တော် ဘယ်လိုပြောရမလဲ… အဲ့တုန်းက ကျွန်တော့်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
“နင့်မှာ အသိစိတ်တော့ ရှိသေးသားပဲ၊ နှာဗူးကောင်စုတ်” ရှန်ချင်းလော့က အသာအယာလေး ရယ်မောလိုက်တယ်။ ဒီတစ်ကြိမ် အဆင့်ချိုးဖျက်ရာမှာ ကျရှုံးမှုက သူမရဲ့ ယုံကြည်ချက်ကို နည်းနည်းလေးတောင်မှု လှုပ်ယိမ်းနိုင်စွမ်း ရှိသည့်ပုံမပေါက်ပါဘူး။ သူမရဲ့ နည်းနည်းလေးတောင် စိုးရိမ်စရာ ကောင်းမနေခဲ့ပါဘူး။
တစ်ခဏတာလောက် စကားစမြည် ပြောပြီးနောက် ရန်ကိုင်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်တယ် “ခင်ဗျားအနားယူနှင့်၊ ကျွန်တော်စားဖို့ တစ်ခုခု သွားရှာလိုက်ဦးမယ်”
“အပြင်မှာ သတိထားဦး…” ရှန်ချင်းလော့ နူးညံ့စွာဖြင့် တိုးတိုးလေး ပြောလိုက်တယ်။
ရန်ကိုင်က အံ့အားသင့်စွာနဲ့ သူမကို ပြန်လှည့်ကြည့်လိုက်တယ်။ ထိုညူတူတူမိန်းမက ဘာလို့ ရုတ်တရက်ကြီး သူ့အတွက် စိုးရိမ်ပေးနေလဲဆိုတာကို ရန်ကိုင် မသေမချာ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ထိုအကြောင်းကို ဆက်မတွေးတော့ပဲ ခပ်မြန်မြန်ပဲ ပြန်လှည့်လိုက်ပြီး လိုဏ်ဂူထဲကနေ ထွက်သွားလိုက်တယ်။
ရန်ကိုင် ထွက်သွားပြီးနောက် ရှန်ချင်းလော့က သူမ၏ နူးညံ့သွယ်လျလှတဲ့ လက်ကလေးကို နှလုံသားနေရာပေါ်တင်ပြီး အသာအယာလေး သက်ပြင်းချလိုက်တယ်။ သူမမျက်နှာလေးဟာ ဆိုရင်ဖြင့် ပန်းရောင်လေး သန်းနေခဲ့ပြီး သူမကိုယ်သူမ ပြန်မေးလိုက်တယ် “ဒီတလှပ်လှပ် ခံစားချက်က… မဖြစ်နိုင်ဘူးမလား…”
သူမလေ့ကျင့်တဲ့ ကျင့်စဉ်ကြောင့် ရှန်ချင်းလော့မှာ ထူးခြားတဲ့ အခြေအနေ တစ်ရပ်ရှိပါတယ်။ သူမက အပြင်ပန်းမှာသာ ညူတူတူ လုပ်ပြီး တစ်ဖက်သားကို ဆွဲငင်ညို့ယူသည့်ဟန် ပေါက်နေပေမယ့် တကယ်တော့ သူမတစ်ဘဝလုံးမှာ လူတစ်ယောက်ကိုပဲ ချစ်နိုင်တာပါ။ ပြီးတော့ ထိုလူနဲ့လည်း တစ်ဘဝလုံးမှာ အစစ်အမှန် တစ်ကြိမ်ပဲ ရှိခွင့်ရှိတာပါ။
သူ့ကို ချစ်တဲ့ သူမအချစ်တွေက တဖြည်းဖြည်းနဲ့ တိုးဟွားလာနေမှာပါ။ နောက်ဆုံး အကန့်အသတ်ကို ရောက်သွားတဲ့ အခါကျ သူ့အကြောင်းကိုချည်း သူမတွေးနေလိမ့်မှာပါ။ အဲ့အခါက သူမကိုယ်သူမ ထိုလူ့ဆီ ပုံအပ်ပေးလိုက်မှာပါ။
ပြီးတော့ အဲ့ညမှာပဲ အဲ့လူ သေရပါမယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ လျှို့ဝှက်ကျင့်စဉ်ကလည်း ပြီးပြည်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပါလိမ့်မယ်။
သူမအပေါ် ရဲတင်းစွာပြုမူခဲ့တဲ့ ရန်ကိုင်ရဲ့ အရင်အပြုအမူတွေ၊ ပိုပြီး အရေးကြီးတာက ရန်ကိုင်ရဲ့ ကောင်းကင်စိတ်အာရုံက သူမရဲ့ အသိစိတ်ပင်လယ်ထဲကို မရည်ရွယ်ပဲ ဝင်ရောက်မိခဲ့ခြင်းပါပဲ။ ထိုကဲ့သို့ ဝင်ရောက်လာပြီးနောက် သူပြန်ထွက်သွားတဲ့အချိန် ရန်ကိုင်ရဲ့ ကောင်းကင်စိတ်အာရုံ အရှိန်အဝါ တစ်စွန်းတစ်စက ရှန်ချင်းလော့ရဲ့ အသိစိတ်ပင်လယ်ထဲ ကျန်ရစ်ခဲ့ပပြီး မရည်ရွယ်ထားတဲ့ အစေတစ်စေ့ကို သူမဝိဥာဉ်ထဲ စိုက်ပျိုးမိခဲ့တဘ်။
ထိုအစေ့ အချစ်စေ့ပါပဲ။
သူမ၏ မိသားစုမျိုးဆက်တိုင်း အလွန်အမင်းကို ဝမ်းနည်းစရာ ကောင်းပြီး ရက်စက်သည့် ကံကြမ္မာကို ရင်ဆိုင်ကြရပါတယ်။ မိသားစုတိုင်းမှာ မျိုးဆက်တစ်ယောက်ပဲ ရှိပါတယ်။ ရှိတဲ့ မျိုးဆက်တိုင်းကလည်း မိန်းကလေးတွေချည်းပါပဲ။
မျိုးဆက်တိုင်းက မိန်းကလေးတိုင်း ထိုလူမဆန်သည့် နှိပ်စက်မှုကို ခံစားကြရပါတယ်။
ရှန်ချင်းလော့ကလည်း သူမအမေ ဘယ်လို ခံစားခဲ့ရလဲ ဆိုတာကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ သူမ မွေးဖွားလာသည့် အချိန်ကတည်းက သူမမှတ်မိတာဆိုလို့ သူမအမေ အဖေ့ကို ဘယ်လောင်တောင် လွမ်းဆွတ်သတိရတာတွေ၊ သူမနှလုံးသားထဲ အဆက်မပြတ် ခံစားခဲ့ရတဲ့ နာကျင်မှု၊ နှိပ်စက်မှုတွေ၊ နောက်ဆုံး သူမဘယ်လို စိတ်ပျက်စွာနဲ့ သေဆုံးသွားခဲ့ရတာတွေ၊ ထိုအရာတွေသာ သူမမှတ်ဥာဏ်ထဲ ရှိလို့နေခဲ့ပါတယ်။
ဒါပေမယ့် ထိုအချစ်ဆိပ်က အချိန်ကြာလာတာနဲ့ ပိုပြီး ပြင်းထန်လာနေမှာပါ။ ထိုအချစ်စိတ်ကပဲ သူမရဲ့ လျှို့ဝှက်ကျင့်စဉ်ကို ပြီးပြည်စုံခြင်းအဆင့်ထိ ရောက်သွားစေမှာပါ။
သူမရဲ့ အချစ်စစ်နဲ့ တစ်ညကုန်ဆုံးပြီးနောက် အဲ့ညမှာ သူမချစ်တဲ့လူက သူမလက်မှာ သေသွားရမှာပါ။
ဘယ်လိုမိန်းကလေးကများ ထိုကဲ့သို့ ကံတရားကို လက်ခံနိုင်ပါ့မလဲ။
ဒါပေမယ့် အခုတော့ ထိုကံကြမ္မာဆိုးက သူမဆီသို့ ကျဆင်းလာခဲ့ပါပြီ။
သူမ၏နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး ဘာလုပ်လို့ ဘာကိုင်းရမှန်းမသိ ဖြစ်သွားခဲ့တယ်။ အခုအဖြစ်အပျက်က ရုတ်တရက်ကြီး ဖြစ်သွားခဲ့တာ ဖြစ်ပြီး သူမအနေနဲ့ ပြင်ဆင်ချိန် နည်းနည်းလေးတောင် မရခဲ့ပါဘူး။
အစကတော့ နောက်ထပ် နှစ်အနည်းငယ်လောက် ကြာအောင် စောင့်ပြီး သူမချစ်တဲ့ လူတစ်ယောက်ကို ရှာမလို့ပါပဲ။ တွေ့တာနဲ့ ထိုလူနဲ့ ဆက်ဆံရေး ထူထောင်ဖို့ပါ။ ဒါပေမယ့် အခြေအနေတွေက အခုလို ဖြစ်လာလိမ့်မယ်လို့ သူမတစ်ခါမှ မထင်ထားခဲ့ပါဘူး။
…
တစ်ခုခု ကျိုးကြေသွားသံနှင့်အတူ အသားကင်အနံ့က သူမနှာခေါင်းထဲဆီသို့ ပျံ့နှံ့လာခဲ့တယ်။ ရှန်ချင်းလော့လည်း မျက်လုံး ဖွင့်ကြည့်လိုက်တယ်။
ရန်ကိုင်ကတော့ သူမနဲ့ မီတာအနည်းငယ် အကွာမှာ ထိုင်နေခဲ့ပါတယ်။ သူက မီးပုံလေးဖိုပြီး အသားအနည်းငယ်ကို ကင်နေခဲ့ပါတယ်။
“ခင်ဗျားကြည့်ရတာ အရမ်းကို စိတ်ပြေလက်ပျောက် ဖြစ်နေတဲ့ပုံပဲ” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး ပြောလိုက်တယ်။ သူပြန်လာတုန်းက ထိုမိန်းမပျိုလေးက အိပ်ပျော်နေတာကို တွေ့လိုက်ရတော့ ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့တယ်။
“ငါဘာလို့ စိတ်ပြေလက်ပျောက် မနေသင့်တာလဲ၊ ဒါမှမဟုတ် နင်က ငါ့ကိုစားဖို့ ကြိုးစားနေတာလား” ရှန်ချင်းလော့က ရန်ကိုင်ကို စနောက်လိုက်တယ်။
“အင်း၊ ခင်ဗျားသာ စိတ်ထဲ မထားဘူးဆိုရင်ပေါ့”
“နင့်ကံက အဲ့လောက်မကောင်းမှာ ငါကြောက်မိတယ်” ရှန်ချင်းလော့က ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်တယ်။
သိပ်မကြာခင်မှာပဲ အသားက လုံးဝကျက်သွားခဲ့ပါပြီ။ ရန်ကိုင်က အသားတစ်စကို ဖဲ့လိုက်ပြီး ရှန်ချင်းလော့ဆီ ပေးလိုက်တယ်။ အသားစလေးကို ဖြေးဖြေးချင်း ဖဲ့လိုက်ပြီး ညင်သာစွာနဲ့ သူမပါးစပ်ထဲ ထည့်ကာ ဖြေးဖြေးချင်း ဝါးပါတော့တယ်။
ရန်ကိုင်ကတော့ ရှန်ချင်းလော့နဲ့ ဆန့်ကျင်စွာ သူ့ပါးစပ်ကို ဝင်သလောက် ထိုးသွတ်နေခဲ့တယ်။
“ဘယ်လောက်တောင် ပက်စက်လဲလို့…” ရှန်ချန်းလော့က ရန်ကိုင်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်တယ်။
ဒါပေမယ့် ရန်ကိုင်က အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ပြီး သူ့ပါးစပ်ထဲ အသားတွေ ထိုးသွတ်နေရင်း မေးလိုက်တယ် “ကျွန်တော်ခင်ဗျားကို မေးချင်နေတာကြာပြီ။ ဒီနေရာက ဘာနေရာလဲ”
“နင်ဘယ်ရောက်နေလဲဆိုတာတောင် တကယ်မသိတာလား” ရှန်ချင်းလော့က ရန်ကိုင်ကို သံသယအကြည့်နဲ့ ကြည့်လိုက်ပြီး “နင်က ထွတ်မြတ်နယ်မြေရဲ့ တပည့်တစ်ယောက် မဟုတ်ဘူးလား”
“ထွတ်မြတ်နယ်မြေ၊ ထွတ်မြတ် နယ်မြေဆိုတာ ဘာလဲ” ရန်ကိုင်က စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်တယ်။
သူတို့ စတွေ့တုန်းက ရှန်ချင်းလော့ သူတို့ကို ဘယ်ခေါင်းဆောင်ရဲ့ တပည့်လဲလို့ မေးခဲ့ပါတယ်။ အခု အဲ့အကြောင်း ပြန်တွေးလိုက်တော့မှပဲ သူမမေးခွန်းတဲ့ ထိုထွတ်မြတ်နယ်မြေဆိုတာနဲ့ ပက်သက်နေမှန်း ရန်ကိုင် သိလိုက်ရတော့တယ်။
ရုတ်တရက် တစ်ခုခု အကြောင်းတွေးလိုက်မိပြီး ရန်ကိုင်က အလျင်စလို မေးလိုက်တယ် “ဒါက ဟန်မင်းဆက် မဟုတ်ဘူးလား”
ရှန်ချင်းလော့က ရုတ်တရက် ဝါးလုံးကွဲအော်ဟစ် ရယ်မောပါတော့တယ် “နင်အဲ့လောက်တောင် တုံးတာလား၊ ရူးနေတာလား။ ဒါက ဟန်းမင်းဆက် မဟုတ်လို့ ဘယ်နေရာ ဖြစ်ရမှာလဲ”
ရန်ကိုင်က သက်ပြင်းချလိုက်ပြီး “ကျွန်တော် တကယ်ပဲ စိတ်ရှုပ်နေခဲ့တာ။ ကျွန်တော်က ဒီနေရာကို မတော်တဆ ရောက်လာခဲ့မိတာလေ”
ရန်ကိုင်ပုံစံက လိမ်နေတဲ့ ပုံစံမပေါက်တော့ ရှန်ချင်းလော့က လေးနက်စွာနဲ့ ပြန်ဖြေပေးလိုက်တယ် “ဒီနေရာက တိမ်မီးခိုးထွတ်မြတ် နယ်မြေပဲ”
“တိမ်မီးခိုးထွတ်မြတ်နယ်မြေလား” တိမ်မိစ္ဆာနယ်မြေပေါ့” ရန်ကိုင် ကြောင်အသွားခဲ့တယ်။ ထို့နောက် ရှန်ချင်းလော့ ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်တယ်။
(အခုကနေစပြီး တိမ်မိစ္ဆာနယ်မြေလို့ သုံးသွားပါမယ်)
“နင်က ထွတ်မြတ်နယ်မြေရဲ့ တပည့်တစ်ယောက် မဟုတ်ဘူးလား” ရှန်ချင်းလော့ရဲ့ မျက်နှာလှလှလေးက တစ်မျိုးတစ်ဖုံး ရှုံ့မဲ့သွားခဲ့ပြီး ဒေါသတကြီး ပြန်အော်လိုက်တယ် “မိစ္ဆာနယ်မြေဆိုတာ နင်ဘာကို ပြောချင်တာလဲ။ ဘယ်လောက်တောင် အရုပ်ဆိုးလိုက်တဲ့ နာမည်လဲ။ နင်တို့ မိသားစုကြီးရှစ်ခုကသာ ငါတို့မိစ္ဆာကျင့်ကြံသူတွေလို့ ခေါ်ပြီး အားလုံးကြား ပဋိပက္ခတွေ ဖြစ်အောင် လုပ်နေတာဟဲ့”
“တိမ်မိစ္ဆာနယ်မြေ… ရှန်ချင်းလော့…” ရန်ကိုင်အတွေးတွေက မြန်ဆန်စွာ ပြေးလွှားနေခဲ့ပြီး ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားတဲ့ ပုံပါပဲ။ ထို့နောက် ထိုစွဲဆောင်မှု ရှိလှသည့် မိန်းမဆီ ပြန်လှည့်ကြည့်လိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြောလိုက်တယ် “ခင်ဗျားက နတ်ဆိုးဘုရင်မ ရှန်ချင်းလော့လား”
တိမ်မိစ္ဆာနယ်မြေမှာ မိစ္ဆာအရှင်သခင်တစ်ပါးနှင့် မိစ္ဆာဘုရင်ခြောက်ပါး ရှိပါတယ်။
မိုးကြိုးသွားသားရဲဘုရင်၊ မဟာခွန်အားဘုရင်၊ ယင်တစ္ဆေဘုရင်၊ ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မ၊ လျှပ်စီးအရိပ်ဘုရင်၊ သုတ်သင်ခြင်းအဆိပ်ဘုရင်။
အသစ်ထွက်ပေါ်လာတဲ့ နတ်ဆိုးအရှင်သခင်က သူနဲ့ ဆက်စပ်နေတဲ့ အတွက် ရန်ကိုင်က တိမ်မိစ္ဆာနယ်မြေအကြောင်းနဲ့ ပက်သက်ပြီး တော်တော်များများကို လေ့လာထားခဲ့ပါတယ်။ မိစ္ဆာဘုရင်ခြောက်ပါးလည်း အပါအဝင်ပေါ့။
ထိုမိစ္ဆာဘုရင်ခြောက်ပါးထဲတွင် မိန်းမတစ်ယောက်ပဲ ရှိပါတယ်။
ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မ ဆိုသူက သူ့ရှေ့မှာရှိနေတဲ့ ရှန်ချင်းလော့ကလွဲပြီး အခြားသူ မဟုတ်ပါဘူး။ သူမနာမည်ကို ကြားဖူးနားဝါး ရှိနေတယ်လို့ ခံစာမိနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။
ရန်ကိုင်ရဲ့ အရမ်းအံ့အားသင့်နေတဲ့ ပုံစံကိုကြည့်ရင်း ရှန်ချင်းလော့က တခစ်ခစ် ရယ်မောလိုက်ပြီး ပြောလိုက်တယ် “နင်ပြောတာ မှန်တယ်။ ဒီဘုရင်မပဲ။ ဘာလဲ နင်ကြောက်သွားပြီလား”
“အို” ရန်ကိုင်က ရုတ်တရက် ပြုံးလိုက်ပြီး မထူးခြားနားစွာနဲ့ ပြန်ပြောလိုက်တယ် “ဘာလို့ ကြောက်ရမှာလဲ။ ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံးမိန်းကလေးက ကျွန်တော့်ရှေ့မှာ ရောက်နေလို့ အံ့အားသင့်သွားရုံပါပဲ”
ရှန်ချင်းလော့ကို အထက်အောက် အစုံအဆန် နောက်တစ်ကြိမ် ထပ်မံကြည့်လိုက်ပြီးနောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရတယ်။
ဖြာယောင်းခြင်းနတ်ဆိုးဘုရင်မနဲ့ ပက်သက်ပြီး ကောလဟာလများစွာကို သူကြားခဲ့ဖူးပါတယ်။ အခုတော့ သူမကို မျက်စိနဲ့ တပ်အပ် မြင်တွေ့နေခဲ့ရပါပြီ။ ကြည့်ရတာကတော့ ကောလဟာလတွေကလည်း အခြေအမြစ်မရှိ လျှောက်ပြောနေတာတော့ မဟုတ်ဘူးပဲ။ ဆွဲဆောင်မှု ရှိတယ် ဆိုတာ ဘာလဲဆိုတာ သိချင်ရင် ရှန်ချင်းလော့ကို ကြည့်လိုက်တာနဲ့ သိနိုင်ပါလိမ့်မယ်။
“ကြည့်လို့မဝသေးဘူးလား၊ ကောင်စုတ်ရဲ့” သူမခန္ဓာကိုယ် တစ်လက်မ မကျန် အနှံ့အစပ် ရွေ့လျားနေတဲ့ ရန်ကိုင်ရဲ့ ပူလောင်ပြင်းပြတဲ့ အကြည်ကို ခံစားမိတာ ကြာလာသည့် အချိန်မှာတော့ မနေနိုင်တော့ပဲ ပြောလိုက်တယ်။ ထို့နောက် သူမလက်ထဲက အသားစနဲ့ ရန်ကိုင်ကို ပစ်ပေါက်လိုက်ပါတယ်။
ရန်ကိုင်ကလည်း အလျင်စလို ရှောင်တိမ်းလိုက်တယ်။ ထို့အတွက်ကြောင့် သူမရဲ့ ပစ်ချက်က လေကိုသာ ထိမှန်သွားခဲ့ရတယ်။ ထို့နောက်ကြိတ်ပြုံးပြုံးကာ ပြန်ထိုင်လိုက်ပြီး အတွေးထဲ မျောနေလိုက်တယ်။
လေဟာနယ်လျှောက်လမ်း ပြိုကွဲ ပျက်စီးသွားတော့ တိမ်မိစ္ဆာနယ်မြေဆီ သူရောက်သည့်ပုံပါပဲ။ အခုဆို သူနဲ့စုယန်ကြားက အကွာအဝေးက တော်တော်လေး ဝေးကွာသွားပါပြီ။ အချိန်တစ်ခဏအတွင်း သူမနဲ့ ပြန်တွေ့နိုင်တော့မှာ မဟုတ်ပါဘူး။
ပြီးတော့ တိမ်မိစ္ဆာနယ်မြေဆိုတာကလည်း မိစ္ဆာကျင့်ကြံသူတွေ ပျော်ပါးတဲ့နေရာလေ။ ဒီကနေ လုံလုံခြုံခြုံနဲ့ သူဘယ်လို ထွက်သွားရမှာလဲ။
ရှန်ချန်းလော့နဲ့ သူ့ကြားက ဆက်ဆံရေးကို အခွင့်အရေးယူပြီး ထွက်သွားမှပဲ ရပါလိမ့်မယ်။ သူမ၏ အဆင့်အတန်းနဲ့ သူမရဲ့ နာမည်ကို အသုံးချုပြီး ထွက်သွားမယ် ဆိုရင် တိမ်မိစ္ဆာကျွန်းကနေ ထွက်ခွါဖို့က သူ့အတွက် ခက်ခဲတဲ့ ကိစ္စတစ်ခု မဟုတ်တော့ပါဘူး။
ဆုံးဖြတ်ချက် ချပြီးသွားတာနဲ့ ရန်ကိုင်က အသားစတစ်စကို ထုတ်ယူလိုက်ပြီး ယဉ်ကျေးစွာနဲ့ သူ့ဘေးနာမှာရှိနေတဲ့ ဖြာယောင်းခြင်းတို့၏ အရှင်သခင် နတ်ဆိုးဘုရင်မအား ပေးလိုက်တယ်။
ရှန်ချင်းလော့ ချက်ချင်းပဲ အကြည့်လေး လွှဲသွားလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “အသားတစ်ခုလုံး နင့်သားရေတွေနဲ့ ပေရေနေတာ… ငါမစားချင်ဘူး”
“ငါ့ပါးစပ်က မထိဘူးတာလည်း မဟုတ်တာကို” ရန်ကိုင်က ရေရွတ်လိုက်ပြီး သူမကို ဆက်ပြီး တွန်းအားမပေးခဲ့ပါဘူး။
ရှန်ချင်းလော့၏ အသက်ရှူသံ မြန်ဆန်လာခဲ့တယ်။ ရန်ကိုင်နဲ့ နှုတ်ခမ်းချင်းနမ်းမိလိုက်တဲ့ အချိန်ကို ပြန်တွေးမိလိုက်တာနဲ့ သူမသွားတွေ ကျိုးကြေလုမတတ် အံကြိတ်မိလိုက်တယ်။