← Chapters

အခန်း (၂၈၁-၂၈၅)

Vol. 12 Ch. 281-285

အခန်း (၂၈၁-၂၈၅)

Vol. 12 Ch. 281-285

အပိုင်း(၂၈၁)

မန်ဝူရနှင့် ရှောင်ဖူချန်းကို စကားများတာ တစ်နေ့လုံးနီးပါး ကြာသွားခဲ့ပါတယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက် သဘောတူညီချက် တစ်ခုကို ရသွားတဲ့ပါပဲ။ အပြုံးပန်းကို ကိုယ်စီ ဆင်မြန်းရင်း အခန်းထဲကနေ ထွက်လာခဲ့ကြတယ်။

ရှောင်ဖူချန်းက ရှနင်းချန် ဆေးသူတော်စင် ရုပ်ထုကို လေ့လာပြီး ဉာဏ်အလင်းအသစ်တွေ ရစေဖို့အတွက် ဆေးရေကန်ကို ဖွင့်လှစ်ဖို့ စတင်ပြင်ဆင်ပါတော့တယ်။

ဆေးရေကန်ဖို့ ဖွင့်ရတာ တော်တော်လေး အကုန်အကျ များပါတယ်။ ဘာလို့လဲဆိုတော့ ဆေးရေကန်တစ်ခါဖွင့်တိုင်း ဆေးသူတော်စင် ရုပ်ထုကို အမျိုးမျိုးသော ဆေးလုံးတွေနဲ့ ပူဇော်ရတာ ကြောင့်ပါပဲ။ အဲ့လိုမှပဲ ဆေးသူတော်စင် ရုပ်ထုက ဆန်းကြယ်တဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြသမှာကိုး။

လိုအပ်တဲ့ ဆေးလုံး အရေအတွက်ကလည်း တစ်ရာထက် မနည်းပါဘူး။ ပြီးတော့ ပိုဆိုးတာက ဆေးလုံး အရည်အသွေး မြင့်မှ ဆေးသူတော်စင် ရုပ်ထုက ပိုပြီး အချိန်ကြာကြာ အသက်ဝင်နေမှာပါ။

ကုန်ကျစရိတ် များလွန်းတဲ့အတွက် ဆေးဘုရင်တောင်ကြားတောင် ဆေးရေကန်ကို အမြဲတမ်းလိုလို မဖွင့်နိုင်ပဲ တစ်နှစ်မှ နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ ဖွင့်နိုင်ပါတယ်။ ဖွင့်လိုက်တဲ့ အကြိမ်တိုင်းကလည်း အကြီးအကဲ တစ်ယောက်အတွက် ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် လက်ရွေးစင် တပည့်တစ်ယောက်က ဆေးဘုရင်တောင်ကြား အတွက် ပေါက်ပေါက်မြောက်မြောက် ဆောင်ရွက်ပေးနိုင်ခဲ့လို့ ဆုချတဲ့ သဘောပါပဲ။

ဆေးဘုရင်တောင်ကြားက မဟုတ်တဲ့ သူတွေအတွက် ဆေးသူတော်စင် ရုပ်ထုကို လေ့လာနိုင်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးက ဆေးပညာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ပါပဲ။

ဆေးပညာပြိုင်ပွဲကို ငါးနှစ်တစ်ကြိမ် ကျင်းပပြီး ကျင်းပြလိုက်တဲ့ အကြိမ်တိုင်း နေရာအသီးသီး၊ အင်အားစု အသီးသီးက ဆေးပညာရှင်တွေ လာရောက်ယှဉ်ပြိုင်ကြပါတယ်။ ပြိုင်ပွဲအတွင်း ဆေးပညာရှင်တွေ သန့်စင်တဲ့ ဆေးလုံးတိုင်း၊ ဆေးလုံး အရည်အသွေး နိမ့်နိမ့်၊မြင့်မြင့်၊ ဆေးလုံးအရေအတွက် နည်းနည်း၊များများ အကုန်လုံးက ဆေးရေကန်ထဲ ရောက်သွားမှာပါ။ အဲ့လိုမှပဲ တားမြစ်နေရာကို ဖွင့်လှစ်လို့ ရမှာကိုး။

အဲ့လိုနဲ့ ဆေးပညာပြိုင်ပွဲမှာ ထိပ်ဆုံး၅၀ထဲ ဝင်တဲ့လူတွေကို ဆေရေကန်ထဲ ဝင်ပြီး ဆေးသူတော်စင် ရုပ်ထုကို လေ့လာခွင့် ပေးပါတယ်။ အခု အဲ့လိုလုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့အတွက် ဆေးရေကန်ထဲ ဆေးလုံးဘယ်လောက် ရောက်သွားပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ပါဘူး။ ထိုကြောင့်ပဲ ဆေးရေကန်ဆိုတဲ့ နာမည် ဖြစ်ပေါ်လာရတာပါ။

ဆေးရေကန်နဲ့ ဆေးသူတော်စင် ရုပ်ထုကြားမှာ ဆန်းကြယ်တဲ့ ဆက်သွယ်မှု တစ်ခုရှိနေပါတယ်။ ထိုဆက်သွယ်မှုကို ဆေးဘုရင်တောင်ကြားက အကြိမ်များစွာ စူးစမ်းကြည့်ပေမယ့် ဘာထူးခြားတာကိုမှ ရှာမတွေ့ခဲ့ပါဘူး။

အချိန်တွေ ကြာလာတာနဲ့ အမျှ ထိုနေရာက တစ်ကမ္ဘာလုံးရှိ ဆေးပညာရှင်တွေရဲ့ ထွတ်မြတ်နယ်မြေ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဆေးသူတော်စင်ရုပ်ထုက ဆေးပညာရှင်တိုင်း လေ့လာဖို့ အိမ်မက်မက်ရတဲ့ ရတနာတစ်ခု ဖြစ်လာခဲ့တယ်။ ဆေးပညာရှင်ပေါင်းများစွာက ဆေးသူတော်စင် ရုပ်ထုရှေ့ တစ်ခဏလေး ထိုင်ခွင့်ရဖို့ သူတို့တစ်ဘဝလုံး ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ကြတယ်။

ဆေးရေကန်ကို ရှနင်းချန်အတွက် ဖွင့်ပေးမယ်ဆိုတဲ့ သတင်းကို ကြားလိုက်တာနဲ့ ရန်ကိုင် နှလုံးခုန်သံ မြန်ဆန်လာခဲ့တယ်။ ဆေးရေကန်ထဲကို ရှနင်းချန်နဲ့ အတူတူ လိုက်မသွားနိုင်ပေမယ့် အခြေအနေတွေကို စူးစမ်းဖို့ နတ်ဆိုးအိုကြီးကို လွှတ်လိုက်နိုင်ပါသေးတယ်။

ဆေးရေကန်ထဲ ဝင်နိုင်ဖို့အတွက် ရန်ကိုင် ပြင်ဆင်ထားတာတွေက တော်တော်လေး အသေးစိတ်ကျပါတယ်။ ဝိဥာဉ်ဖျက်စီးခြင်း အရိုးနဲ့ နတ်ဆိုးအိုကြီးကို ရှနင်းချန်အား အပြည့်အဝ ထိန်းချုပ်ခွင့် ပေးထားလိုက်ပါတယ်။ ပြီးတော့ နတ်ဆိုးအိုကြီးရဲ့ အရှိန်အဝါကို ဖုံးကွယ်ဖို့ ဒေါင်ချင်းယန်ရဲ့ ရတနာကိုတောင် ငှားယူလိုက်ပါသေးတယ်။

ထိုကျောက်စိမ်း အပိုင်းအစ‌ လေးကြောင့်သာ မဟုတ်ရင် နတ်ဆိုးအိုကြီးရဲ့ နတ်ဆိုးချီကြောင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူတွေက သူ့ကို ကျိန်းသေ သတိပြုမိလိမ့်မှာပါ။

နှစ်ရက်ကြာပြီးနောက် အားလုံး ပြင်ဆင်ပြီးသွားတဲ့အချိန်မှာတော့ ရှောင်ဖူချန်းက ရှနင်းချန်ကို ဆေးသူတော်စင် တောင်ထွတ်ဆီ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်သွားခဲ့တယ်။ အရေထူတဲ့ မန်ဝူရက ရှနင်းချန်နဲ့ အတူလိုက်ချင်တယ်လို့ ပြောခဲ့ပေမယ့် ရှောင်ဖူချန်းကတော့ ရက်ရက်စက်စက် ငြင်းဆန်းခဲ့ပါတယ်။

မန်ဝူရကိုတောင် ခွင့်မပြုမှတော့ ဆေးဘုရင်တောင်ကြားက ထိုတားမြစ်နေရာကို ဘယ်လောက်တောင် အလေးထားလဲဆိုတာ ပေါ်လွင်နေပါတယ်။ ရှနင်းချန် ထွက်သွားတဲ့ နေ့မှာပဲ မန်ဝူရက ရန်ကိုင်ကို လာရှာခဲ့ပါတယ်။

သူတို့နှစ်ယောက် စကားပြောနေစဉ်အတွင်း သူထွက်သွားတဲ့အချိန် စုယန် ဘယ်လောက် ပိန်လာကြောင်း၊ သူမ မျက်ကွင်းတွေ ဘယ်လောက်တောင် ချောင်လာကြောင်း၊ သူမ သူ့ကို ဘယ်လောက် လွမ်းနေကြောင်း၊ ရှဲ့ဟုန်းချန်က သူ့မနာ တဝီဝီ လုပ်နေတဲ့အတွက် သူမ ဘယ်လောက်တောင် စိတ်ပျက်နေရကြောင်း၊ တတွတ်တွတ် ပြောဆိုနေခဲ့ပြီး ပြောနေစဉ် အတောအတွင်းမှာလည်း ရန်ကိုင် အမူအရာကို အဆက်မပြတ် အကဲဖြတ်နေဲခဲ့ပါတယ်။

မန်ဝူရပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်ပြီး နောက်ဆုံးမှာတော့ ရန်ကိုင်က ရယ်မောလိုက်ပြီး “ဘဏ္ဏာထိန်းမန်၊ ဝေ့ဝိုက်ပြီး ပြောမနေတော့နဲ့။ ခင်ဗျားက ကျွန်တော် စီနီယာမမလေးနဲ့ တစ်ခုခုဖြစ်သွားမှာကို ကြောက်နေတာမလား”

မန်ဝူရက ရန်ကိုင်ကို ချက်ချင်း စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။ ရန်ကိုင်က ထိုကိစ္စကို တိုက်ရိုက် ပြောရဲလောက်တဲ့အထိ အရေထူလိမ့်မယ့်လို့ သူမထင်ထားခဲ့ပါဘူး။ အပြုံးကြီး ပြုံးလိုက်ရင်း “ရန်ကိုင်လေးရယ်၊ မင်းငယ်ငယ်ကတည်းက မင်းကြီးပြင်းလာတာကို ငါစောင့်ကြည့်လာခဲ့တာပါ။ အဲ့တော့ မင်းက အရမ်းလောဘကြီးတဲ့ သားရဲ တစ်ကောင် မဟုတ်မှန်း ငါသိပါတယ်။ ဟုတ်တယ်မလား။ ချန်းအားက အသက်လည်း မကြီးသေးဘူး။ ပြီးတော့ အရမ်းကို ဖြူစင်ရိုးသားလွန်းတယ်။ အဲ့ဒါကြောင့်ပဲ သူမက အလွယ်တကူ လှည့်စားခံရတတ်တယ်။ ဟာ… ဟုတ်တာပေါ့၊ ငါက မင်းကို ဦးတည်ပြီး ပြောနေတာ မဟုတ်ပါဘူး။ သူမကိုယ်သူမ နာကျင်စေမယ့် အခြေအနေကိုပဲ ငါမရောက်စေချင်တာပါ။ အဲ့စုယန် ဆိုတဲ့ မိန်းကလေးက တကယ်ကို ကောင်းကင်ကင် ကောင်းချီးပေးခံရတဲ့ မိန်းကလေပဲ။ မင်းကြည့်ကွာ… သူမ မျက်နှာသာ ပေးတာ နည်းနည်းလောက် ခံရတာနဲ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ယောကျ်ားတွေ အကုန်ရူးသွပ်သွားနိုင်တယ်။ ဒါပေမယ့် သူမက ဘယ်သူ့ကိုမှ စိတ်ဝင်မစားဘူး… မင်းအကြောင်းပဲ အမြဲတမ်းတွေးနေတာ။ မင်းခွက်က ပြည့်နေပြီပဲလေ။ အဲ့တော့ နောက်တစ်ခွက် ရှာရလောက်တဲ့အထိ လောဘမကြီးသင့်ဘူးလေ။ ဟုတ်တယ်မလား”

ဒါက ရှနင်းချန် ကိစ္စနဲ့ပက်သက်ပြီး မန်ဝူရက ရန်ကိုင်ကို ပွင့်ပွင့်လင်းလင်း ပြောတဲ့ ပထမဆုံးအကြိမ်ပါ။

ဒါပေမယ့် ရန်ကိုင်က ရယ်သာရယ်လိုက်ပြီး “ဘဏ္ဏာထိန်းမန်၊ ကျွန်တော့်မှာ ခင်းဗျာကို မေးစရာ မေးခွန်းတစ်ခုရှိတယ်”

“အင်း”

“ခင်ဗျား စီနီယာမမလေးကို အနာဂတ်မှာ လက်ထပ်ပြီး ကလေးတွေ မွေးစေချင်လား၊ ဒါမှမဟုတ် သူမကို လက်ကျန်တစ်ဘဝလုံး အထီးကျန် သွားစေချင်လား”

“သူမ အထီးကျန်နေတာကို ငါက ဘယ်လိုလုပ်ပြီး ခံစားရက်မှာလဲကွ” မန်ဝူရ၏ မျက်လုံးအစုံက မှေးစင်းသွားခဲ့ပြီး “သူမက ငါ့ရဲ့ အဖိုးတန် တပည့်လေးလေး။ အဲ့တော့ သူမဘဝ ပျော်ရွှင်နေတာကိုပဲ ငါမြင်ချင်တာပေါ့ကွ”

“အဲ့လိုဆိုရင်၊ ဒီကမ္ဘာကြီးမှာ စီနီယာမမလေးက ဘယ်သူနဲ့ ထိုက်တန်တယ်လို့ ခင်ဗျားယုံကြည်လဲ”

မန်ဝူရက တုန့်ဆိုင်းခြင်းမရှိ ခေါင်းခါယမ်းလိုက်ပြီး မာနတစ်ခွဲသားနဲ့ ပြန်ပြောလိုက်ပါတယ် “ဘယ်သူမှ မထိုက်တန်ဘူး။ ဒီလူအိုကြီးရဲ့ တပည့်က သန့်စင်လှတဲ့ ကျောက်စိမ်းပုလဲလေးနဲ့ တူတယ်။ သူမနဲ့ ထိုက်တန်တဲ့ လူဆိုတာ အခုထိ မမွေးသေးဘူး”

“စုယန်ဆိုရင်‌ရော။ သူမနဲ့ စီနီယာမမလေးကို နှိုင်းယှဉ်ကြည့်ရင်ရော ဘယ်လိုလဲ” ရန်ကိုင်က ပြုံးရင်း မေးလိုက်တယ်။

မန်ဝူရက ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်တယ် “စုယန်လေးက တော်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဒီလူအိုကြီးက ကြွားပြောတာတော့ မဟုတ်ဘူး။ သူမက ငါ့ရဲ့ ချန်းအားကို မမှီသေးဘူး”

“အဲ့လိုဆိုရင်… သူမက ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲက အမွေအနှစ်ကို ရခဲ့တယ်ဆိုရင်ရော ဘယ်လိုလဲ” ရန်ကိုင်က လေ့သံနှိမ့်ပြီး မေးလိုက်တယ်။

မန်ဝူရ၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး “သူမ တကယ်ပဲ ရခဲ့တာလား”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။

မန်ဝူရက မသိမသာလေး မျက်မှောင်ကြုံ့လိုက်ပြီး ထို့နေ့က နဂါးနဲ့ ဖီးနစ် အဖြစ်အပျက်ကို ပြန်စဉ်းစားလိုက်တယ် “သူမသာ အမွေအနှစ်ကို တကယ်ရခဲ့မယ်ဆိုရင် သူမရဲ့ အနာဂတ်က အကန့်အသတ် မဲ့သွားပြီ။ ချန်းအာနဲ့တောင် ယှဉ်လို့ရသွားလိမ့်မယ်”

“ဟဲဟဲ” ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်က အဓိပ္ပါယ်ရှိရှိ ရယ်မောလိုက်တယ်။ မန်ဝူရက ရန်ကိုင် သံသယအကြည့်နဲ့ လှမ်းကြည့်လိုက်ရတယ်။ ရုတ်တရက် ရန်ကိုင် စကားတွေကို ဘာလို့ ဝေ့ဝိုက်ပြီး ပြောနေရလဲဆိုတာကို သူနားလည်သွားခဲ့ပါတယ်။

စုယန်ရဲ့ အရည်အချင်းက ရှနင်းချန်ရဲ့ အရည်အချင်းနဲ့ တန်းတူအဆင့်မှာ ရှိတယ်လို့ သူအခုပဲ ဝန်ခံခဲ့တာလေ။ စုယန်တောင် လိုလိုလားလားနဲ့ ရန်ကိုင်နဲ့ အတူတူ ရှိနေမှတော့ ရှနင်းချန်ကတော့ ဘာလို့ မရှိသင့်ဘူးဆိုတာ ဖြစ်ရမှာလဲ။

“ဟန့်၊ တစ်ပန်းကန် စားပြီးတော့ ဘာလို့ နောက်တစ်ပန်းကန် ထပ်မစားရမှာလဲ။ ယောကျ်ားတစ်ယောက် အနေနဲ့ အချစ်နဲ့အမုန်းနဲ့ ပက်သက်လာရင် ရဲတင်းရတယ်။ ကျွန်တော်သာ တုန့်ဆိုင်းနေရင် စီနီယာမမလေးရဲ့ နှလုံးသားကိုပဲ နာကျင်စေမှာပေါ့” ရန်ကိုင်က အခိုင်အမာ ဆိုလိုက်တယ်။

မန်ဝူရ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပါပြီ။ ဘယ်လိုမှကို ပြန်မပြောနိုင်တော့ပါဘူး။ ထို့ကြောင့် ဒေါသတကြီး ထရပ်လိုက်ပြီး ကျိန်ဆဲလိုက်ပါတယ် “ခွေးကောင်စုတ်လေး၊ မင်းက ကောက်ကျစ်စဉ်းလဲတဲ့ ကောင်စုတ်တစ်ယောက်ဆိုတာ အစကတည်းက ငါသိတယ်။ လခွမ်း၊ ဒီလောက် နေရာတွေ အများကြီး ရှိတဲ့ကြားထဲကမှ ဘာလို့ ကောင်းကင်စံအိမ်မှာ သွားအခြေချရတာလဲကွာ”

ဒါပေမယ့် အခုအချိန်မှာ နောင်တရတာက အသုံးမဝင်တော့ပါဘူး။ သူ့အဖိုးတန်တပည့်လေးရဲ့ နှလုံးသားကို ရန်ကိုင်က အပိုင်းသိမ်းထားပြီးနေပါပြီ။ ထိုကောင်စုတ်လေးက သူ့ကို မျက်နှာသာ မပေးပဲ ပြန်ပက်နေမှတော့ သူကကော ဘာလုပ်နိုင်ဦးမှာလဲ။

အံကြိတ်ရင်းနဲ့ပဲ မန်ဝူရအနေနဲ့ ကျိန်ဆဲရုံသာ တတ်နိုင်ပါတော့တယ် “ကောင်စုတ်လေး၊ ချန်းအာကို ဝမ်းနည်းအောင် လုပ်ရဲရင် ဒီလူအိုကြီးက … မင်းတို့ ရန်မိသားစု တစ်ခုလုံးကို အမြစ်ဖြုတ်ပစ်မယ်”

ပြောပြီးတာနဲ့ ချက်ချည်း လှည့်ထွက်သွားခဲ့ပါတယ်။

ရန်ကိုင်ကတော့ နှာခေါင်းလေးကိုသာ ပွတ်လိုက်ပါတယ်။ မန်ဝူရ ပြောသွားတဲ့ စကားတွေကို သူ့စိတ်ထဲ မထားပါဘူး။ မန်ဝူရရဲ့ မဟာနည်းလမ်းတွေနဲ့ ဆိုရင် သူ့ရဲ့ ဇာတ်မြစ်ကို သိနေတာ မထူးဆန်းပါဘူး။ ဂိုဏ်းခေါင်းဆောင် ဆီကနေ သူသိခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လင်းတိုင်ရှုက မန်ဝူရကို ပြောရဲခဲ့မှတော့ မန်ဝူရက ထိုအကြောင်းကို လိုက်မဖွဘူးဆိုတာ သေချာလို့ပဲ ဖြစ်ရပါမယ်။

ထို့ကြောင့် သူ့ဇာတ်မြစ် ပေါက်ကြားသွားမှာကို စိုးရိမ်နေစရာ မလိုပါဘူး။ တစ်ရက်ကြာပြီးနောက် ရှနင်းချန်နဲ့ ရှောင်ဖူချန်းတို့ ပြန်လာခဲ့တယ်။ ဝိဥာဉ်ဖျက်စီးခြင်း အရိုးနှင့် ကျောက်စိမ်းတုံးကို ရန်ကိုင်လက်ထဲ တိတ်တဆိတ် အပ်ပြီးတာနဲ့ ချက်ချင်း တံခါးပိတ်ကျင့်စဉ် ဝင်သွားခဲ့ပါတယ်။

ဆေးသူတောင်စင် ရုပ်ကို တစ်ရက်ကြာအောင် လေ့လာပြီးနောက် သူမ အကျိုးအမြတ် တော်တော်များများ ရိတ်သိမ်းခဲ့ရလောက်ပါမယ်။ အဲ့တော့ သူမ ရရှိခဲ့တဲ့ ဥာဏ်အလင်း အသစ်တွေကို ကြေညက်အောင် အရင်လုပ်ဆောင်ရပါမယ်။

ဝိဥာဉ်ဖျက်စီးခြင်း အရိုးကို ပြန်ရပြီးနောက် ရန်ကိုင်က ချက်ချင်း မေးလိုက်တယ် “အခြေအနေ ဘယ်လိုလဲ”

“အကာအကွယ်က အရမ်းတင်းကြပ်လွန်းတယ်။ ပြီးတော့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ၄ယောက်ကလည်း ဆေးရေကန်ကနေ မီတာ၃၀၀အကွာကနေ စောင့်ကြည့်နေသေးတယ်။ အဲ့နေရာ ဘေးပတ်ဝန်းကျင်မှာ ကင်းလှည့်နေတဲ့ အစစ်အမှန်ဒြပ်စင်အဆင့် အစောင့်အကြပ် ဒါဇင်ကျော်လောက်လည်း ရှိသေးတယ်” နတ်ဆိုးအိုကြီးက အလျင်စလို ပြန်ပြောလိုက်တယ်။

“တစ်ခုခု သိခဲ့ရလား”

“အစေခံအိုကြီးက ဆေးရေကန်ကို သတိတကြည့်ကြည့်နဲ့ စူးစမ်းရုံပဲ တတ်နိုင်ခဲ့တယ်။ ဆေးရေကန်မှာ ဘာမှထူးခြားတာ ရှာမတွေ့ခဲ့ပေမယ့် အောက်ခြေမှာတော့ ဖုံးကွယ်နေတဲ့ စိတ်ဝိဥာဉ် အစီအရင် တစ်ခု ရှိနေတဲ့ ပုံပဲ”

“ဘယ်လို စိတ်ဝိဥာဉ် အစီအရင်မျိုးလဲ”

နတ်ဆိုးအိုကြီးက သူမြင်ခဲ့ရတာတွေကို ရန်ကိုင်မြင်ရအောင် သူ့ရဲ့ နတ်ဘုရားစိတ်အာရုံကို ရန်ကိုင်ရဲ့ နတ်ဘုရား စိတ်အာရုံနဲ့ ချိတ်ဆက်ပေးလိုက်တယ်။ ပုံရိပ်က ဝေးဝါးနေပေမယ့် စိတ်ဝိဥာဉ် အစီအရင် သဲလွန်စတွေကိုတော့ တွေ့နိုင်ပါတယ်။ တစ်ယောက်ယောက်သာ ကန်အောက်ခြေကို စစ်ဆေးခဲ့မယ်ဆိုရင် ထိုစိတ်ဝိဥာဉ် အစီအရင်နဲ့ ပက်သက်တဲ့ မည်သည့် သဲလွန်စကို တွေ့လိမ့်မှာ မဟုတ်ပါဘူး။

“ဒီစိတ်ဝိဥာဉ်အစီအရင်…” အချိန်အနည်းငယ် ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ထိုစိတ်ဝိဥာဥ် အစီအရင်က အနက်ရောင်စာအုပ်ရဲ့ ငါးမျက်နှာမြောက်က စိတ်ဝိဥာဉ်အစီအရင်နဲ့ ဆင်တူနေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။

ထိုနှစ်ခုကြားမှာ ဆက်သွယ်မှု တစ်ခုခုရှိရပါမယ်။ အချိန်အတော်ကြာအောင် စဉ်းစားလေ့လာပြီးနောက် အနက်ရောင်စာအုပ်ရဲ့ ငါးမျက်နှာမြောက်က ထိုစိတ်ဝိဥာဥ် အစီအရင်ကို ဖွင့်ဖို့အတွက် သော့ချက်ဖြစ်ရမယ်လို့ ရန်ကိုင် ကောက်ချက်ချလိုက်တယ်။

ကြည့်ရတာ ငါကိုယ်တိုင် သွားရမယ့် ပုံပဲ။ ဒါပေမယ် ဒီလောက်တောင် အစောင့်အကြပ် တင်းကြပ်နေတာ ငါက အထဲကို ဘယ်လို ဝင်ရမှာလဲ

“သခင်လေး၊ ဆေးပညာပြိုင်ပွဲ စတာနဲ့ ဆေးရေကန်နားက အစောင့်အကြပ်က လျော့ရဲသွားမယ်လို့ အစောင့်တွေ အချင်းချင်း ပြောနေတာ ဒီလူအိုကြီး ကြားခဲ့တယ်။ ဆေးပညာပြိုင်ပွဲ စတာနဲ့ တောင်ကြားတစ်ခုလုံးက လူတွေနဲ့ ပြည့်နေမှာ။ အဲ့တော့ အစောင့်လုံလုံလောက်လောက်သာ မရှိရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဆေးဘုရင်တောင်ကြားမှာ အစောင့်အကြပ် အများကြီး မရှိတဲ့အတွက် ဆေးသူတော်စင် တောင်ထွတ်က အစောင့်တွေက တောင်အောက်ဆင်းပြီး သွားကူပေးရတယ်တဲ့။ အဲ့အချိန်ရောက်ရင် ဆေးသူတော်စင်တောင်ထွတ်မှာ အစောင့်ဆိုလို့ အင်မော်တယ်တက်လှမ်းခြင်း အဆင့်နှစ်ယောက်ပဲ ရှိတော့မှာ။ အဲ့အချိန်က သခင်လေးအတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်တယ်” နတ်ဆိုးအိုကြီးက အကြံပေးလိုက်တယ်။

“အင်မော်တယ် တက်လှမ်းခြင်းအဆင့် နှစ်ယောက်လား…” ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်တယ်။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်က အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ ဖြစ်နေတုန်းပါပဲ။ ရှေးဟောင်းကျောက်စိမ်းကို သုံးပြီး သူ့အော်ရာနဲ့ အစစ်အမှန်ချီလှိုင်းတွေကို ဖုံးကွယ်ထားမယ် ဆိုရင်တောင် သူတို့ရဲ့ မျက်လုံးနဲ့ နာတွေအောက်က လွတ်မြောက်နိုင်ချေ မရှိပါဘူး”

ပြီးတော့ ထိုအင်မော်တယ်တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်အပြင် အခြားလူတွေလည်း ရှိနေနိုင်ပါသေးတယ်။ တစ်ယောက်ယောက်သာ တည်ကြည်လုပ်ပြီး ထိုနှစ်ယောက်ကို မျှားခေါ်သွားနိုင်မယ်ဆိုရင် သူ့မှာ အခွင့်အရေး ရှိနိုင်ပါတယ်။

အဲ့တာဝန်ကို နတ်ဆိုးအိုကြီးကို လုပ်ခိုင်းလို့ရပါတယ်။ သူသာ မြန်မြန်လှုပ်ရှားနိုင်ပြီး တိမ်ဖုံးတောင်ထွတ်ဆီ အချိန်မှီ ပြန်ပြေးနိုင်သရွေ့ အားလုံးက အဆင်ပြေသွားပါပြီ။ ပြဿနာက နတ်ဆိုးအိုကြီးက တစ်ယောက်တည်းနဲ့ အစောင့်အားလုံးကို မျှားမခေါ် သွားနိုင်တာပါပဲ။ အဲ့တော့ တည်ကြက်က တစ်ယောက်မက လိုအပ်ပါတယ်။ ဒါက ရန်ကိုင်ကို မျက်မှောင်ကြုံ့ သွားစေခဲ့တယ်။

ဆေးပညာပြိုင်ပွဲက စီစဉ်ထားတဲ့အတိုင်း သိပ်မကြာခင်မှာပဲ ရောက်ရှိလာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက ဆေးပညာရှင်တွေက ဆေးဘုရင်တောင်ကြားမှာ စုဝေးနေကြပြီး သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ပြဖို့ မစောင့်နိုင်အောင် ဖြစ်နေကြပါပြီ။

ဒါပေမယ့် တိမ်ဖုံးတောင်ထွတ်မှာကတော့ ဘယ်သူမှ ထိုကိစ္စကို စိတ်ဝင်စားတဲ့ ပုံမပေါက်ပါဘူး။ ဒေါင်ချင်းယန် တစ်ယောက်သာ သွားချင်တာပါ။ ရှောင်ဖူချန်းကလည်း သူမကို မတားပါဘူး။ သွားခွင့်ပေးထားပါတယ်။

ရှနင်းချန်နဲ့ မန်ဝူရလည်း တိမ်ဖုံးတောင်ထွတ်မှာ ရှိနေခဲ့ပါတယ်။ သူမက ဒေါင်ချင်းယန်၊ လူအိုကြီးရှောင်နဲ့အတူ ဆေးပညာနည်းလမ်း တွေကို လေ့လာနေကြပါတယ်။ သူတို့နဲ့ ဆေးပညာအကြောင်း ဆွေးနွေးပြီးတာနဲ့ ရှနင်းချန်က ရန်ကိုင်ဆီ မကြာခဏလိုလို သွားတတ်ပြီး တစ်ခါတစ်ရံ စကားတွေပြောလိုက်၊ တစ်ခါတစ်ရံ နှစ်ယောက်သား အတူတကွ တိတ်ဆိတ်စွာနဲ့ ထိုင်နေလိုက် လုပ်တတ်ပါတယ်။

နေ့ရက်တိုင်းက အပျော်တွေနဲ့ ပြည့်နေပြီး သူတို့ရဲ့ အနာဂတ် ရက်တွေကိုလည်း အခုလိုပဲ ကုန်ဆုံးနိုင်မယ်ဆိုရင် ရန်ကိုင် ကျေနပ်လိမ့်မှာပါ။

ဆေးပညာပြိုင်ပွဲက ဆယ်ရက်တိတိ ကျင်းပပါတယ်။ မနက်ဖြန်က နောက်ဆုံးနေ့ပါ။ အခမ်းအနားပြီးတာနဲ့ ထိပ်ဆုံးအယောက် ငါးဆယ်ကို ဆေးသူတော်စင်တောင်ထွတ်ဆီ ခေါ်သွားပြီး ပြိုင်ပွဲအတွင်း သူတို့သန့်စင်ခဲ့တဲ့ ဆေးလုံးတွေကိုသုံးကာ တားမြစ်နယ်မြေကို ဖွင့်လှစ်မှာပါ။ ထိုအယောက်၅၀ကို ဆေးရေကန်ဆီ လည်ပတ်ခွင့်ပြုပြီး ဆေးသူတော်စင်ရုပ်ထုကို လေ့လာဖို့ အခွင့်အရေး ပေးထားပါတယ်။

ဒီပြိုင်ပွဲက ငါးနှစ်ကြာမှ တစ်ကြိမ်ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက ဒီပြိုင်ပွဲကို အာရုံစိုက်ကြပါတယ်။

ထိုညမှာတော့ ရန်ကိုင်က သူ့အခန်းထဲကနေ တိတ်တဆိတ် ထွက်သွားလိုက်တယ်။

မနက်ဖြန်က ဆေးပညာပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့အတွက် ဆေးဘုရင်တောင်ကြားရဲ့ အလုပ်အရှုပ်ဆုံး အချိန် ဖြစ်ပါလိမ့်မယ်။ ရက်ပေါင်းများစွာ ပြင်ဆင်ပြီးသွားတဲ့ အချိန်မှာတော့ သူ့ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ အချိန် ရောက်ရှိလို့ လာခဲ့ပါပြီ။

ရှေးဟောင်းကျောက်စိမ်းကို ကိုင်ထားရင်း အစစ်အမှန်ချီကို ကျောက်စိမ်းထဲ ထည့်သွင်းလိုက်ပြီး သူ့အရှိန်အဝါကို ဖုံးကွယ်ထားလိုက်ပါတယ်။

ညရောင်အောက်တွင် ရန်ကိုင်က အရိပ်တစ်ခုအလား ရွေ့လျားနေခဲ့ပြီး တောင်တွေကို ကျော်ကာ ဆေးသူတော်စင် တောင်ထွတ်ဆီသို့ ဦးတည်းနေခဲ့တယ်။ နာရီဝက်ကြာပြီးနောက် ဆေးသူတော်စင်တောင်ထွတ်ရဲ့ မီတာ၃၀၀၀တားမြစ် နေရာဆီသို့ သူရောက်လာခဲ့တယ်။ နောက်ထပ် ဆက်သွားလိုက်တာနဲ့ ဆေးသူတော်စင် တောင်ထွတ်ဆီ သူရောက်တော့မှာပါ။

အချိန်အတော်ကြာအောင် စိတ်ရှည်ရှည်နဲ့ နားထောင်နေပြီး နောက်ဆုံးမှာတော့ ရန်ကိုင်က ဖြေးဖြေးချင်း စတင်ရွေ့လျားလိုက်တယ်။ ဒါပေမယ့် မီတာ၁၀၀၀ အတွင်း ရောက်တဲ့အချိန်မှာတော့ သွားနေတာကို ချက်ချင်း ရပ်ပစ်လိုက်ပါတယ်။ ထို့နောက် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး ဖြေးဖြေးချင်း စောင့်ဆိုင်းနေလိုက်တယ်။

Martial Peak

အပိုင်း(၂၈၂) ဆေးရေကန်အောက်ခြေ

အနက်ရောင် တိမ်တိုက်တွေက တဖြည်းဖြည်း မျောလာပြီး လရောင်ကို ဖုံးကွယ်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရန်ကိုင်လည်း စတင်လှုပ်ရှားပါတော့တယ်။ သူ့ကို ရှာမတွေ့သွားတဲ့အတွက် ရန်ကိုင် အခုမှပဲ သက်ပြင်းချနိုင်ခဲ့တယ်။ ဒေါင်ချင်းယန်ရဲ့ ရှေးဟောင်းကျောက်စိမ်းကို ကျေးဇူးတင်ရပါမယ်။ မဟုတ်ရင် ဒီတစ်ကြိမ် သူဘယ်လိုလုပ်လို့ လုပ်ရမှန်း သိလိမ့်မှာ မဟုတ်ပါဘူး။

“နတ်ဆိုးအိုကြီး၊ စလိုက်တော့” ရန်ကိုင်က ပြောလိုက်တယ်။

“အစေခံအိုကြီး နားလည်ပါပြီ” နတ်ဆိုးအိုကြီးက ခပ်မြန်မြန်ပဲ တုန့်ပြန်လိုက်ပါတယ်။ ပြောပြီးတာနဲ့ ဝိဥာဉ်ဖျက်စီးခြင်း အရိုးထဲ ဝင်လိုက်ပြီး အဝေးတစ်နေရာဆီ ပျံသန်းသွားကာ သတိထားရင်း သူလုပ်ရမယ့် တာဝန်ကို စတင်လုပ်ဆောင်ပါတော့တယ်။

အသက်ဆယ်ရှိုက်စာ အတွင်းမှာပဲ ဆေးသူတော်စင် တောင်ထိပ်ပေါ်ကနေ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့တယ် “အဲ့နေရာမှာ ဘယ်သူလဲ” ထိုအော်သံနှင့်အတူ အဝေးကနေ လူရိပ်များစွာ ထွက်ပေါ်လာခဲ့တယ်။

ထူးဆန်းတဲ့ ဂျဲဂျဲဆိုတဲ့ ရယ်သံနှင့်အတူ ကြားလိုက်ရတဲ့သူတိုင်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေနိုင်တဲ့ ငရဲကိုးထပ်က တစ္ဆေငိုကြွေးသံလို အသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။ အစတုန်းကတော့ ဆေးရေကန်ကို စောင့်ကြပ်နေတဲ့ အင်မော်တယ်တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူနှစ်ယောက်က တိုက်ပွဲထဲ မပါသေးပါဘူး။ ဒါပေမယ့် ထိုအသံကို ကြားလိုက်ရပြီးချိန်မှာတော့ သူတို့နှစ်ယောက်စလုံး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူတို့ထဲက တစ်ယောက်က အော်ဟစ်လိုက်တယ် “မိစ္ဆနတ်ဆိုးကောင်”

သူတို့နှစ်ယောက်စလုံး မတ်တပ်ရပ်လိုက်ပြီး နတဆိုးအိုကြီး ထွက်ပြေးသွားရာ နေရာဆီ တစ်ပြိုင်တည်း ပြေးလိုက်သွားကြတယ်။ လေထဲမှာပဲ သူတို့နှစ်ယောက်၏ အကြည့်ချင်း ဆုံသွားခဲ့ပြီး တစ်ယောက်က ဆေးရေကန်ဆီ ချက်ချင်း ပြန်သွားလိုက်ကာ အခြားတစ်ယောက်က နတ်ဆိုးအိုးကြီးနောက် ပြေးလိုက်သွားခဲ့တယ်။

ထိုရုတ်ရုတ်သဲသဲ အဖြစ်အပျက်ကို အခွင့်ကောင်းယူကာ ရန်ကိုင်က နောက်ထပ် မီတာ၂၀၀ ရှေ့ဆက်တိုးနိုင်ခဲ့တယ်။ သက်ပြင်းမချရ သေးခင်မှာပဲ ရန်ကိုင်က သူ့အင်ကျီလက်စထဲက တစ်ခုခုကို ထုတ်လိုက်ပါတယ်။ ထိုအရာက မီးခိုရှောင် ယုန်လေးတစ်ကောင်ပါ။

ဆေးဘုရင်တောင်ကြားမှာ မိစ္ဆာသားရဲတွေ မရှိပေမယ့် ယုန်လို သာရဲ တိရစ္ဆာန်လေးတွေတော့ အများကြီးရှိပါတယ်။ သားရဲစည်းတံဆိပ်နဲ့ တံဆိပ်ရိုက်ခံ ရပြီးတဲ့အချိန်မှာတော့ ယုန်လေးက ရန်ကိုင်အမိန့်တွေကို နာနာခံခံနဲ့ နားထောင်ခဲ့ပါတယ်။

ရန်ကိုင်က ယုန်လေးကို သူနဲ့မီတာ ၃၀၀အကွာဆီ လှမ်းပစ်လိုက်တယ်။ ပစ်လိုက်တဲ့ အရှိန်ကြောင့် ယုန်လေးက နှစ်ပတ်သုံးပတ်လောက် လှိမ့်သွားခဲ့ပါတယ်။ ပြီးတာနဲ့ ပြန်ထပြီး ရန်ကိုင် အမိန့်အတိုင်း ဦးတည်ရာတစ်ခုဆီ မြန်နိုင်သမျှ မြန်အောင် ပြေးပါတော့တယ်။

ထိုရုတ်တရက် လှုပ်ရှားမှုက အသံဗလံတွေကို ဖြစ်ပေါ်သွားစေခဲ့တယ်။ ကျန်ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ရဲ့ မျက်လုံးထဲ အေးစက်စက် အလင်းရောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး အသံထွက်ပေါ်လာရာ နေရာဆီ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ကာ ချက်ချင်းပဲ သားကောင်ကို ထိုးသုတ်တော့မယ့် သိမ်းငှက်တစ်ကောင်လို လေပေါ်ပျံတက်သွားလိုက်တယ်။

အခုပဲ

ရန်ကိုင်က အသက်ပြင်းပြင်း ရှုလိုက်ပြီး သူ့ရဲ့ လှုပ်ရှားမှု ပညာရပ်ကို အသက်သွင်းလိုက်တယ်။ လျှပ်စီးတန်းတစ်ခုအလား မျက်တောင်တစ်ခတ် အတွင်းမှာပဲ ဆေးရေကန်ဘေးနားဆီ ရောက်လာခဲ့တယ်။ ရောက်လာတာနဲ့ ဘာကိုမှ မစူးဆန်းတော့ပဲ ကန်ထဲကို တိုးတိုးတိတ်တိတ် ထိုးဆင်းသွားခဲ့တယ်။ မည်သည့် ရေပွက်သံမှ မထွက်ပေါ်ခဲ့ပါဘူး။

ကျန်ရစ်ခဲ့တဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက မီးခိုးရှောင်ယုန်လေးကို အလျင်အမြန်ပဲ ဖမ်းမိသွားခဲ့တယ်။ သူ့လက်ထဲက ရုန်းကန်နေတဲ့ အကောင်လေးကို ကြည့်ရင်း ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက ခေါင်းခါရမ်းလိုက်ပြီး ငါအစိုးရိမ် လွန်နေတာပဲလို့တောင် တွေးလိုက်ပါသေးတယ်။

ထို့နောက် ယုန်လေးကို ဒီအတိုင်းပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။

ရွှတ်ရွှတ်ရွှတ်… အဝတ်စခတ်သံနှင့်အတူ နတ်ဆိုးအိုကြီးနောက်ကို လိုက်သွားတဲ့ အစောင့်ဒါဇင်ကျော်လောက် ပြန်ရောက်လာခဲ့တယ်။

“အခြေအနေ ဘယ်လိုလဲ”

“ငါတို့ သူ့ကို မမိလိုက်ဘူး။ အဲ့နတ်ဆိုးကောင်း ပြေးတာ အရမ်းမြန်တယ်။ ပြီးတော့… အဲကောင်ကြီးက အသက်စွမ်းအင် မရှိသလိုပဲ” နတ်ဆိုးအိုကြီးနောက် လိုက်သွားတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက မျက်မှောင်ကြုံ့လိုက်ပြီး “မင်းဒီမှာ ဘာလုပ်နေတာလဲ”

“ဒီနေရာမှာ လှုပ်ရှားမှုတစ်ချက်ကို အာရုံခံမိလို့ လာစစ်ဆေးကြည့်တာ ယုန်လေးတစ်ကောင် ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားဘူး”

နှစ်ယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သူတို့ရဲ့ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး “အာရုံလွှဲတာ”

ချက်ချင်းပဲ နှစ်ယောက်စလုံး ဆေးရေကန်ဆီ အလျင်အမြန် ပြန်ပြေးပါတော့တယ်။ ထို့်နောက် ဆေးရေကန် ဝန်းကျင်တစ်ဝိုက်ကို သေချာ စစ်ဆေးကြည့်လိုက်ပါတယ်။ ဆေးရေနကန်က ပုံမှန်အတိုင်းပါပဲ။ ဆေးသူတော်စင် ရုပ်ထည်း ဘာမှမပြောင်းလဲ သွားပါဘူး။ အားလုံးက ပုံမှန်အတိုင်းပါပဲ။

အဖွဲ့သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ ထိုနတ်ဆိုးကောင် ဘာလုပ်ချင်နေလဲဆိုတာ သူတို့ တွေးတော မရအောင် ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ ဘာမှ ဖြစ်မသွားခဲ့ပါဘူး။ ဒီနေရာက ဆေးဘုရင်တောင်ကြားရဲ့ အရေးကြီးဆုံး နေရာတစ်ခုဖြစ်သလို အခြေခံအုတ်မြစ် တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ခုခုသာ ဖြစ်သွားခဲ့မယ်ဆိုရင် ဆေးဘုရင်တောင်ကြားအတွက် အရှုံးကြီးရှုံးသွား ရပါလိမ့်မယ်။

ဆေးပညာရှင်တွေ အားလုံးအတွက်ပါ အရှုံးကြီး ရှုံးသွားတယ်လို့ ဆိုနိုင်ပါတယ်။ ထိုကဲ့သို့ အပြစ်မျိုးက သူတို့လို အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ရဲ့ အသက်နဲ့ ကျေအေးပေးနိုင်တဲ့ အပြစ်မျိုး မဟုတ်ပါဘူး။

…

ဆေးရေကန်က သိပ်မနက်ပါဘူး။ ဒါဇင်ကျော်လောက်ပဲ နက်ပါတယ်။ ရန်ကိုင်က ဆေးရေကန်အောက်ခြေဆီသို့ အလျင်အမြန် ကူးခတ်နေခဲ့တယ်။ အနက်ရောင်စာအုပ်ကိုတော့ ဆေးရေကန်ထဲ ခုန်ချလိုက်ကတည်းက သူ့လက်ထဲမှာ ကိုင်ထားခဲ့တာပါ။ အောက်ခြေကို ရောက်တာနဲ့ အနက်ရောင်စာအုပ်ရဲ့ ငါးမျက်နှာမြှောက်ကို တန်းလှန်ပစ်လိုက်ပါတယ်။ ထိုကဲ့သို့ လှန်လိုက်တာနဲ့ စာမျက်နှာကနေ တောက်ပတဲ့ အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ကို လုံးဝ ဖုံးအုပ်သွားခဲ့ပါတယ်။

ဆေးရေကန်အောက်ခြေက စိတ်ဝိဥာဥ် အစီအရင်လည်း တောက်ပလာခဲ့ပြီး ရန်ကိုင်ကို အခြားနေရာတစ်ခုဆီ ပို့ဆောင်လိုက်တယ်။ တစ်ခဏကြာပြီးနောက် ရန်ကိုင့် အမြင်အာရုံ ပြန်ရလာခဲ့တယ်။ သူ့အမြင်အာရုံ ပြန်ရလာတဲ့ အခိုက် သူ့ဘေးနားမှာ ရေတွေ မရှိတော့တာကို ရန်ကိုင် ချက်ချင်း သတိထားမိလိုက်တယ်။ အဲ့အစား သူက သီးခြားလေဟာနယ် တစ်ခုထဲကို ရောက်နေတာပါ။ ထိုလေဟာနယ်က သီးခြားဖြစ်တည်နေတာ ဆိုပေမယ့် ဟာလာဟင်းလင်းကြီး ဖြစ်နေတာတော့မဟုတ်။ ထိုနေရာတွင် ချီစွမ်းအင်က အလွန်အမင်း သိပ်သည်းပြီး လေထု တစ်ခုလုံးကလည်း သင်းပျံ့တဲ့ ရနံ့တို့ဖြင့် ပြည့်နေခဲ့ပါတယ်။

ရုတ်တရက် သူ့ကို ဖုံးအုပ်နေတဲ့ အလင်းရောင်က သူ့ကိုယ်ထဲ စီးဝင်သွားခဲ့ပြီး သူ့စိတ်ထဲ တစ်ခုခု ရောက်သလို ရန်ကိုင် ခံစားလိုက်ရတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ထိုခံစားမှုကို ဂရုမစိုက်နိုင်အားသေးပေ။ သူ့ဘေးပတ်ဝန်းကျင်ကိုသာ အလျင်စလို စစ်ဆေးနေခဲ့ပါတယ်။

ဒီနေရာက ဆေးရေကန်ရဲ့ အောက်ခြေ ဖြစ်ရပါမယ်။ သို့ပေမယ့် စိတ်ဝိဥာဉ် အစီအရင်ကြောင့် ဒီနေရာကို ဘယ်သူမှ ရောက်မလာ ခဲ့ဖူးပါဘူး။ သူတို့ခွန်အားက မြင့်မားနေရင်တောင် ဒီနေရာကို ရှာတွေ့ဖို့ မဖြစ်နိုင်ပါဘူး။

နှစ်ပေါင်းများစွာ ကြာပြီးတာတောင် ဆေးဘုရင်တောင်ကြားက ဆေးရေကန်ရဲ့ ဆန်းကြယ်မှုတွေကို မဖော်ထုတ်နိုင်သေးတာ အံ့အားသင့်စရာ မဟုတ်တော့ပါဘူး။ ဆန်းကြယ်မှုရဲ့ အရင်းအမြစ်က ဒီနေရာမှာ ပုန်းကွယ်နေတာကိုး။ သိချင်စိတ်အပြည့်နဲ့ ရန်ကိုင်က လေဟာနယ်ရဲ့ နေရာလပ်တစ်ခုကို လိုက်ပတ်ကြည့်လိုက်တယ်။

သူနဲ့သိပ်မဝေးတဲ့ နေရာတစ်ခုမှာ ရေတွင်းလို အရာတစ်ခု ရှိနေခဲ့ပါတယ်။ ရေအတွင်းအဝက လက်ဆေးရေဇလုံး တစ်လုံး အရွယ်စာလောက်သာ ရှိပါတယ်။ သူသွားကြည့်လိုက်တဲ့အချိန် ရေတွင်းထဲမှာ နို့နှစ်ရောင်အရည်တွေ ရှိနေတာကို သတိပြုမိလိုက်တယ်။

ရေတွင်းတစ်ခုလုံးကိုလည်း ဆန်းကြယ်တဲ့ ပုံစံကွက်တွေက ဝန်းရံထားပြီး ကြည့်ရတာတော့ ထိုပုံစံကွက်တွေက နောက်ထပ် စိတ်ဝိဥာဉ် အစီအရင် တစ်ခု ဖြစ်ပါလိမ့်မယ်။

စွမ်းအင်အရင်းအမြစ်က ဆေးရေကန်အောက်ခြေ ဖြစ်ပြီး သူ့ရဲ့ ဦးတည်ချက်က ဒီရေတွင်း ဖြစ်ပါတယ်။ ရေတွင်းထဲကို လက်ထည့်ပြီး အရည်တစ်စစက်ကို ယူကာ သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်တယ်။ ချိုသာတဲ့ အရသာတစ်ခုက သူ့လျှာတစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီး ထိုအရည်စက်က နွေးထွေးတဲ့ စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ သူ့အသားနဲ့ အရိုးထဲ စိမ့်ဝင်သွားခဲ့တယ်။

ရန်ကိုင် တစ်ကိုယ်လုံး တွန့်လိမ်သွားခဲ့ပြီး အစစ်အမှန်ဒြပ်စင် အဆင့်၃ရောက်အောင် တားဆီနေတဲ့ အလွှာပါးလေးက ချက်ချင်း ကျိုးပျက်သွားတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ တစ်ချက်တည်းနဲ့ အစစ်အမှန်ဒြပ်စင်အဆင့်၃ကို သူချိုးဖျက် ဝင်ရောက်သွားခဲ့တယ်။

လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ အရှိန်အဝါတစ်ခုက ပျံ့လွင့်လို့လာခဲ့တယ်။ ရန်ကိုင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ ရလေပြီ။ ထိုရုတ်တရက် အဖြစ်အပျက်က ဆေးရေကန်ကို စောင့်ကြပ်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို သတိပေးသလို ဖြစ်သွားမှာကို သူစိုးရိမ်နေတာပါ။

ဒါပေမယ့် ဒီသီးခြားလေဟာနယ်က လုံးဝကို သီးခြားဖြစ်တည်နေတာပါ။ သူအဆင့်တက်လို့ ဖြစ်ပေါ်လာတဲ့ အသံက အပြင်ဘက်ကို မပျံ့လွင့်သွားခဲ့ပါဘူး။ တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း ရန်ကိုင်နှလုံးခုန်သံ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့တယ်။

“အံ့ဩဖို့ကောင်းလိုက်တာ” ရန်ကိုင် တော်တော်လေး ကျေနပ်သွားခဲ့တယ်။ ရေတွင်းထဲက ဆန်းကြယ်တဲ့ အရည်တွေက ဘာတွေလဲ။ ထိုအရည်ရဲ့ အကျိုးသက်ရောက်မှုက တကယ်ကို အံ့အားသင့်ဖို့ ကောင်းလှပါတယ်။

အစစ်အမှန်ဒြပ်စင်အဆင့်၂ရဲ့ အထွတ်အထိပ်ကို ရောက်ပြီလို့ ခံစားရတာ လဝက်ပဲ ရှိသွားခဲ့ပါပြီ။ ထိုအချိန်ကနေပြီး သူအားထုတ် လေ့ကျင့်ခဲ့ပေမယ့် နည်းနည်းလေးမှ တိုးတက်မလာခဲ့ပါဘူး။ ဒါပေမယ့် ထိုထူးဆန်းတဲ့ အရည်စက်လေး တစ်စက်ကြောင့် နောက်တစ်ဆင့်ကို သူချိုးဖျက်သွားနိုင်ခဲ့ပါတယ်။

အစောပိုင်းတုန်က သတင်းအချက်အလက် အသစ်တွေကို သူရရှိလိုက်တာကို ရန်ကိုင် ရုတ်တရက် သတိရလိုက်တယ်။ သူလိုချင်တဲ့ အဖြေက ထိုအထဲမှာ ရှိနေနိုင်ပါတယ်။ ထို့နောက် သူ့စိတ်ထဲ လိုက်ရှာကြည့်လိုက်ပြီး အသစ်ရရှိလာတဲ့ အချက်အလက် အသစ်တွေကို ဖတ်ကြည့်လိုက်တယ်။

တစ်ခဏကြာပြီးနောက် ရန်ကိုင် မျက်လုံးအစုံက အံ့အားသင့်မှုကြောင့် ပြူထွက်တော့မတတ် ပြူးကျယ်သွားခဲ့တယ်။ သူရှာနေတဲ့ အဖြေကို သူတကယ်ပဲ ရှာတွေ့ခဲ့ပါတယ်။

ထိုနို့နှစ်ရောင် အရည်တွေက ဆေးပေါင်းရည်လို့ ခေါ်တဲ့ ဆေးအရည် တစ်မျိုးပါ။

နှစ်စဉ်နှစ်တိုင်း ဆေးရေကန်ထဲကို ဆေးလုံးပေါင်းများစွာ ပစ်ထည့်ကာ ဆေးသူတော်စင် ရုပ်ထုကို ပူဇော်ကြပါတယ်။ ဒါပေမယ့် ထိုဆေးလုံးတွေထဲမှာ ပါဝင်တဲ့ ဆေးစွမ်းအင်တွေက ပျောက်ကွယ်မသွားပဲ ကန်အောက်ခြေရှိ စိတ်ဝိဥာဉ် အစီအရင်၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ဒီရေတွင်းထဲမှာ လာစုဆောင်းနေခဲ့ပါတယ်။

ရေတွင်းထဲရောက်တာနဲ့ ဒုတိယစိတ်ဝိဥာဉ် အစီအရင်က ထိုဆေးစွမ်းအင်တွေကို ဆေးပေါင်းရည်အဖြစ် အသွင်းပြောင်းလိုက်ပါတယ်။

ဒါက တစ်ညတည်းနဲ့ ဖြစ်တည်လာနိုင်တာမျိုး မဟုတ်ပါဘူး။ အဲ့အစား အချိန် နှစ်ပေါင်းများစွာ လိုအပ်သလို ဆေးလုံးများစွာကိုလည်း လိုအပ်ပါသေးတယ်။

ဆေးဘုရင်တောင်ကြား တည်ရှိခဲ့တာ နှစ်ပေါင်း၅၀၀၀၊ ၆၀၀၀ လောက် ရှိပါပြီ။ နှစ်စဉ်နှစ်တိုင်း ဆေးလုံးပေါင်းများစွာကို ဆေးသူတော်စင် ရုပ်ထုအား ပူဇော်သည့် အနေနှင့် ကန်ထဲကို ပစ်ချကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတဲ့ အချိန်မှာတော့ ဆေးရေကန်ထဲက စိတ်ဝိဥာဉ်အစီအရင် စုပ်ယူခဲ့တဲ့ ဆေးလုံးအရေအတွက်က အနည်းဆုံး သန်းနဲ့ချီနေပါပြီ။

သန်းအနည်းငယ်လား… အဲ့ပမာဏက ကမ္ဘာကြီးတစ်ခုလုံးကို လှိုင်းထန်သွားစေနိုင်ပါတယ်။ ဆေးလုံး အဆင့်က နိမ့်ကျတယ် ဆိုရင်တောင် ဆေးလုံး အရေအတွက်နဲ့တင် ကောင်ကင်ဘုံကို လှုပ်ခါပြီး မြေကမ္ဘာကို အက်ကွဲသွားစေနိုင်ပါတယ်။ ပြီးတော့ ဆေးသူတော်စင်ရုပ်ထဲ့ ဆန်းကြယ်မှုတွေကို လေ့လာဖို့အတွက် ဆေးဘုရင်တောင်ကြားက မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့် ဆေးလုံးတွေကို အသုံပြုဖို့တောင် ဝန်မလေးပါဘူး။

ပြီးတော့ နှစ်စဉ်နှစ်တိုင်း ဘိုးဘေးတွေကို ကန်တော့တဲ့အချိန်ကျရင် ဆန်းကြယ်အဆင့် ဆေးလုံးတွေကိုတောင် အသုံးပြုကြပါတယ်။ အဲ့ဆေးလုံးတွေ အားလုံးထဲမှာ ပါဝင်တဲ့ ဆေးစွမ်းအင်တွေ အကုန်လုံးက အခုဒီရေတွင်းထဲ ရောက်လို့နေခဲ့ပါတယ်။

ထိုကြောင့် ထိုဆေးပေါင်းရည်က ဘယ်လောက်တောင် အဖိုးတန်ကြောင်း စဉ်းစားကြည့်နိုင်ပါတယ်။ ထိုအရည်စက်တွေက ဆေးလုံးသန်းပေါင်းများစွာထဲက ဆေးစွမ်းအင်တွေကို သန့်စင်ပြီးတော့မှ ရလာတာပါ။

ထိုဆေးပေါင်းရည်က ဘယ်နေရာတွေမှာ အသုံးဝင်လဲ။ အသုံးဝင်တဲ့ နေရာတွေလား… အများကြီးပါ။ ထိုဆေးပေါင်းရည်က သိုင်းအဆင့်ကို ချက်ချင်း တိုးမြှင့်ပေးနိုင်သလို နေ့စဉ်ပုံမှန် သန့်စင်သုံးစွဲ မယ်ဆိုရင်တော့ ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ ကျင့်ကြံသူရဲ့ အရည်အချင်းက သာမန်ရွက်ကြမ်းရေကျို ဖြစ်နေရင်တောင် ထိုဆေးပေါင်းရည်ကို နေ့စဉ် သုံးစွဲပေးတာနဲ့ တစ်နေ့ကျ ဂျီးနီးယပ်တစ်ယောက် ဖြစ်လာမှာ မလွဲမသွေပါပဲ။

ထိုဆေးပေါင်းရည်ကို ဆေးပညာရပ်မှာလည်း အသုံးပြုနိုင်ပါသေးတယ်။ ဆေးလုံးသန့်စင် နေတဲ့အချိန်မှာ ထိုဆေးပေါင်းရည် တစ်စက်လောက်ကို အသုံးပြုပေးလိုက်တာနဲ့ ဆေးလုံးအဆင့်ကို အဆင့်တစ်ဝက် မြှင့်တင်ပေးနိုင်ပါတယ်။

ဆန်းကြယ်ထိပ်တန်းအဆင့် ဆေးလုံးတွေအတွက်တော့ အဆင့်တစ်ဝက် မြှင့်တင်ပေးနိုင်တယ်ဆိုတာက စိတ်ဝိဥာဉ်အဆင့် ဆေးလုံးဖြစ်ဖို့ သိပ်မဝေးတော့ဘူးလို့ ဆိုလိုပါတယ်။ စိတ်ဝိဥာဉ်ဆေးလုံး ဆိုတာ ရှောင်ဖူချန်းတစ်ဘဝလုံး‌ ဖော်စပ်သန့်စင်နိုင်ဖို့ ကြိုးစားနေခဲ့တဲ့ ဆေးလုံးပါ။

ထိုဆေးပေါင်းရည်က ဆေးလုံးတွေက ဖြစ်လာတာ ဆိုပေမယ့် ဆေးပေါင်းရည်ရဲ့ အစွမ်းက ထိုဆေးလုံးတွေထက် အပုံကြီးသာပါတယ်။ ဘာလို့လဲဆိုတော့ ဆေပေါင်းရည်တစ်စက် ဖြစ်လာဖို့ ဆေးလုံးပေါင်းများစွာရဲ့ စွမ်းအင်တွေကို အချိန်အတော်ကြာအောင် သန့်စင်လာခဲ့ရတာလေ။

ပြီးတော့ ရေအတွင်းနားမှာ ခင်းကျင်းထားတဲ့ စိတ်ဝိဥာဉ် အစီအရင်ကလည်း မိုးမြေစွမ်းအင်တွေကို အဆက်မပြတ် စုပ်ယူပြီး ရေတွင်းထဲရှိ ဆေးပေါင်းရည်တွေကို အဆက်မပြတ် အားဖြည့်ပေးနေခဲ့တာလေ။ အခုလို နှစ်ပေါင်းများစွာ ကြာအောင်အားဖြည်ပေးမှုကြောင့် ဆေးပေါင်းရည်ထဲမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်သွားလဲဆိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

ဆေးဘုရင်တောင်ကြားက အခုလို ကောင်းကင်ရတနာတစ်ခုပေါ် ဖင်ခုထိုင်နေပေမယ့် ထိုရတနာကြီး ဆေးသူတော်စင်ရုပ်ထုကို အသက်ဝင်စေဖို့ ကြားခံတစ်ခုအဖြစ်သာ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ထိုဆေးသူတော်စင် ရုပ်ထု တည်ရှိနေတာကြောင့်ပဲ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေနဲ့ ကမ္ဘာအနှံ့က ဆေးပညာရှင်တွေက ဆေးရေကန်ထဲ ဆေးလုံးတွေ ပစ်ထည့်နေခဲ့ကြတာပါ။ ထိုကဲ့သို့ အကြောင်းတွေကြောင့်ပဲ ဆေးပေါင်းရည် ဖြစ်ပေါ်လာခဲ့ရတာပေါ့။

ဆေးသူတော်စင် ရုပ်ထု မရှိပဲနဲ့ ဆေးပေါင်းရည်ဆိုတာလည်း ရှိလာခဲ့မှာ မဟုတ်ပါဘူး။ ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး သူ့ရင်ထဲ လှိုက်တက်လာတဲ့ စိတ်လှုပ်ရှားမှုကို ပြန်ပြီးတည်ငြိမ်အောင် ထိန်းလိုက်ပါတယ်။

သူတို့နှစ်ပေါင်းများစွာ အားထုတ်ခဲ့တဲ့ အကျိုးကျေးဇူးတွေကို တစ်ယောက်ယောက်က အပိုင်သိမ်းသွားတယ်ဆိုတာကိုသာ သိလိုက်ရင် ထိုဆေးဘုရင်တောင်ကြားက သက်ကြားအိုးကြီးတွေရဲ့ မျက်နှာအမူအရာ ဘယ်လို ဖြစ်နေမလဲဆိုတာ ရန်ကိုင် မသိပါဘူး။ ရန်ကိုင်နဲ့ ဆေးဘုရင်တောင်ကြား ကြားမှာ မည်သည့် မကျေနပ်ချက်မှ မရှိပါဘူး။ သူက အနက်ရောင် စာအုပ်ရဲ့ ညွှန်ကြားချက်အတိုင်းသာ လိုက်ပြီး လုပ်ဆောင်နေတာပါ။ သူတို့ရဲ့ အဖိုးတန်ရတနာကို ဓါးပြတိုက်ဖို့ သူမရည်ရွယ်ထားပါဘူး။

ရန်ကိုင်က အနက်ရောင် စာအုပ်ကို ကိုင်ရင်း တင်ပင်လင်ခွေ ထိုင်ချလိုက်တယ်။ ဒီရေတွင်းထဲမှာ ဆေးပေါင်းရည် များစွာ ရှိနေပေမယ့် သင့်လျော်တဲ့ အိုး၊ခွက်၊ပုလင်း တစ်ခုခု မရှိပဲနဲ့ ထိုဆေးပေါင်းရည်တွေကို သယ်သွားလို့ မရနိုင်ပါဘူး။ လင်းတိုင်ရှုပေးထားတဲ့ သိုလှောင်အိတ်တောင် ထိုဆေးပေါင်းရည်တွေကို သယ်မသွားနိုင်ပါဘူး။

ဒါပေမယ့် ရန်ကိုင် လောမနေခဲ့ပါဘူး။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး အနက်ရောင်စာအုပ်ရဲ့ ခြောက်မျက်နှာမြောက်ကို လှန်လိုက်ပါတယ်။

အစစ်အမှန်ဒြပ်စင်အဆင့် ၃ကို ချိုးဖျက်လိုက်တာနဲ့ အနက်ရောင် စာအုပ်ရဲ့ ခြောက်မျက်နှာမြောက်က အသက်ဝင်လာတာကို ရန်ကိုင် ခံစာမိလိုက်တယ်။ ဒါပေမယ့် ထိုအချိန်တုန်းက ငါးမျက်နှာမြောက်က စိတ်ဝိဥာဉ်အစီအရင်ရဲ့ ဆန်းကြယ်မှုတွေကို သေချာမစစ်ဆေး မစူးစမ်းရသေးတဲ့အတွက် အနက်ရောင်စာအုပ်ရဲ့ ခြောက်မျက်နှာမြောက် ကိစ္စကို ခဏတာ ဘေးဖယ်ထာလိုက်တာပါ။

Martial Peak

အပိုင်း(၂၈၃) အစစ်အမှန် ဆေးပညာလမ်းစဉ်

အနက်ရောင် စာအုပ်ရဲ့ ပထမငါးမျက်နှာမှာ မွှေးရနံ့အိုးကလွဲပြီး ဘာပစ္စည်းမှ မရှိပါဘူး။ မွှေးရနံ့အိုးကို ဘေးဖက်ထားပြီးလိုက်တာနဲ့ ၆မျက်နှာမြောက်ဆီ အစစ်အမှန်ယွမ်ချီကို ထည့်သွင်းလိုက်တယ်။ သူအဲ့လိုလုပ်နေရင်းနဲ့ ခြောက်မျက်နှာမြောက်မှာ အနက်ရောင်လိုင်းတွေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

ထိုလိုင်းတွေက စိတ်ဝိဥာဉ်အစီအရင် တစ်မျိုးမျိုး ဖြစ်ရပါမယ်။ ဒါပေမယ့် ငါးမျက်နှာမြောက်က အစီအရင်နဲ့ ကွဲပြားစွာပဲ ထိုစိတ်ဝိဥာဉ်အစီအရင်ထဲ အစစ်အမှန်ချီ သူဘယ်လောက်ပဲ ဖြည်းဖြည့်၊ ထိုအစီအရင် စုပ်ယူနေတာ ရပ်တန့်မသွားခဲ့ပါဘူး။

စိတ်ဝိဥာဉ်အစီအရင်ရဲ့ မျဉ်းကြောင်းတွေက နောက်ဆုံးမှာတော့ တောက်ပသွားခဲ့ပါပြီ။ တစ်ခဏကြာပြီးနောက် ရန်ကိုင် အစစ်အမှန်ချီစွမ်းအင် အကုန်လုံး ကုန်ဆုံးသွားခဲ့တယ်။ ထိုကဲ့သို့ ဖြစ်သွားတာနဲ့ ရန်ကိုင်က သူ့ဒန်တန်ထဲမှာရှိတဲ့ ယန်အရည်စက်တစ်စက်ကို ချက်ချင်း ဖောက်ခွဲပစ်လိုက်တယ်။ ခြောက်သွေ့သွားတဲ့ သူ့သွေးကြောတွေက အစစ်အမှန်ချီတွေနဲ့ နောက်တစ်ကြိမ် ပြန်လည် ပြည့်ဝလာခဲ့ပါတယ်။

ဒီလိုနဲ့ စိတ်ဝိဥာဉ် အစီအရင်ထဲကို အစစ်အမှန်ချီတွေ ဆက်ပြီး ဖြည့်သွင်းနေလိုက်ပါတယ်။ ယန်အရည်စက်၁၀စက်ကို အသုံးပြုပြီးချိန်မှာတော့ ထိုစိတ်ဝိဥာဉ်အစီအရင်က အကန့်အသတ် ကိုရောက်သွားသည့်အလား စတင်ပြောင်းလဲလာပါတော့တယ်။ ပထမ စာရွက် ခြောက်ရွက်စလုံး ရုတ်တရက် အတူတကွ ပေါင်းစည်းသွားခဲ့ပြီး တစ်ရွက်တည်း ဖြစ်သွားခဲ့တယ်။

ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးကြည့်ပြီးနောက် နှစ်ထောင်းအားရစွာနဲ့ ရန်ကိုင် ရယ်မောပါတော့တယ်။ အနက်ရောင်စာအုပ်ကို ရတာ ၂နှစ်ကနေ ၃နှစ်ကြာသွားခဲ့ပါပြီ။ အနက်ရောင်စာအုပ်ကို ဝိဥာဉ်ကျောက်တုံး အကြီးစားနဲ့ လုပ်ထားတယ်ဆိုတာ သူသိပေမယ့် အခုမှပဲ အနက်ရောင်စာအုပ်က သူ့ရဲ့ အဓိကတာဝန်ကို စတင်ထမ်းဆောင်နိုင်ပါတော့တယ်။

ဝိဥာဉ်ကျောက်တုံးက သိုလှောင်ရတနာတွေ ပြုလုပ်လို့ရတဲ့ အဖိုးတန်ရတနာတစ်ခုပါ။

ဒီလိုရတနာမျိုးက ဒဏ္ဏာရီမှာသာ ကြားဖူးပြီး အပြင်မှာ တစ်ခါမှ ထွက်ပေါ်မလာခဲ့ဖူးပါဘူး။ အနက်ရောင်စာအုပ်ကို ဝိဥာဉ်ကျောက်တုံးနဲ့ လုပ်ထားတယ်လို့ သိကတည်းက ဒီစာအုပ်ကို သိုလှောင်ရတနာအဖြစ် အသုံးပြုနိုင်မယ့်ကို သူစောင့်ဆိုင်းနေခဲ့တာပါ။

လွန်ခဲ့တဲ့ ၁နှစ်အချိန်လောက်က အနက်ရောင်စာအုပ်ကို သိုလှောင်ရတနာအဖြစ် အသုံးပြုချင်တဲ့ စိတ်က ပိုပြီး ပြင်းပြလာတယ်ဆို ပိုမှန်ပါလိမ့်မယ်။ အဲ့တုန်းက လင်းတိုင်းရှုက သူ့ကို သိုလှောင်အိတ် တစ်အိတ် ပေးခဲ့ပါတယ်။ ထိုသိုလှောင်အိတ်ကို အသုံးပြုပြီးကတည်း အနက်ရောင်စာအုပ်ကို သိုလှောင်ရတနာအဖြစ် အသုံပြုချင်နေခဲ့တာပါ။

သူ့မှာသာ သင့်တော်တဲ့ သိုလှောင်ရတနာတစ်ခု ရှိခဲ့မယ်ဆိုရင် ပြဿနာ တော်တော်များများကို ပြေလည်သွားစေနိုင်ပါတယ်။ အခုတော့ သူ့ဆန္ဒက နောက်ဆုံး ပြည့်မြောက်သွားခဲ့ပါပြီ။

အနက်ရောင်စာအုပ်ရဲ့ ခြောက်မျက်နှာမြောက်က ပေးတဲ့အရာကတော့ အနက်ရောင်စာအုပ်ရဲ့ သိုလှောင်နိုင်တဲ့ စွမ်းရည်ကို အသုံးပြုနိုင်တဲ့ စွမ်းရည်ပါပဲ။ ပထမစာမျက်နှာ ၆ရွက်က အတူတကွ ပေါင်းစည်းသွားခဲ့ပြီး လွတ်လပ်တဲ့ သိုလှောင်နေရာလွတ် တစ်ခုကို ဖြစ်ပေါ်လာစေခဲ့တယ်။

သိုလှောင်အိတ်ထဲက နေရာကျဉ်းကျဉ်းလေးနဲ့ ယှဉ်ရင် အနက်ရောင်စာအုပ်က အဆပေါင်းများစွာ ပိုပြီးကျယ်ဝန်းပါတယ်။ အနက်ရောင်စာအုပ်ရဲ့ သိုလှောင်နေရာလွတ်က အိမ်ပေါင်းများစွာကို ထည့်သွင်းနိုင်တဲ့အထိ ကျယ်ဝန်းပါတယ်။

သက်ရှိတွေကို မထည့်သွင်းနိုင်တဲ့ အချက်တစ်ချက်က လွဲလို့ ကျန်တဲ့ ကန့်သတ်ချက်တွေ အားလုံး မရှိတော့ပါဘူး။ ကောင်းကင် စိတ်အာရုံကို သုံးပြီး သိုလှောင်နေရာလွတ် တစ်ခုလုံးကို လှည့်ပတ် စစ်ဆေးကြည့်လိုက်တယ်။

ဒီလောက်ကြီးမားတဲ့ သိုလှောင်နေရာလွတ်ကြီးနဲ့ ဆိုရင် ပစ္စည်တွေ သိုလှောင်တဲ့ ကိစ္စနဲ့ပက်သက်ပြီး သူဆက်ပြီး စိုးရိမ်စရာ မလိုတော့ပါဘူး။

တစ်ခဏကြာပြီးနောက် ရန်ကိုင်က သူ့ရဲ့ကောင်းကင်စိတ်အာရုံကို ပြန်ဆင့်ခေါ်လိုက်တယ်။ ထို့နောက် လက်တစ်ဖက်နဲ့ အနက်ရောင် စာအုပ်ကို ကိုင်ပြီး ကျန်လက်တစ်ဖက်နဲ့ အစစ်အမှန်ချီကို ထိန်းချုပ်ကာ ရေတွင်းထဲရှိ ဆေးပေါင်းရည်တွေကို အနက်ရောင် စာအုပ်ထဲ ဖြေးဖြေးချင်း ရွေ့ပြောင်းပါတော့တယ်။

ဆေးပေါင်းရည် တစ်စက်စီတိုင်းက အလွန်အမင်း အဖိုးတန်တဲ့အတွက် ရန်ကိုင်က ဆေးပေါင်းရည်တွေကို ရွေ့ပြောင်းတဲ့နေရာမှာ တော်တော်လေး သတိထားလုပ်ဆောင်နေရပါတယ်။

ကံကောင်စွာနဲ့ သူက ဖူရှောင်ချန်းရဲ့ ယွမ်ချီထိန်းချုပ်တဲ့ နည်းစနစ်တွေကို အားသွန်ခွန်စိုက် လေ့ကျင့်ခဲ့တော့ သူ့ရဲ့ ယွမ်ချီထိန်းချုပ်နိုင်စွမ်းက အရင်ကထက် ပိုပြီး သာလွန်လာခဲ့ပါပြီ။ ဆေးပေါင်းရည် အကုန်ကို အနက်ရောင်စာအုပ်ထဲ တည့်သွင်းဖို့ လုပ်တာ ၆နာရီ၊၇နာရီလောက် ကြာခဲ့ပါတယ်။

အားလုံးပြီးဆုံးသွားတဲ့ အချိန်မှာတော့ ဆေးပေါင်းရည် ကီလိုဂရမ် ၁၀၀၀ကျော်ကို သူစုဆောင်းနိုင်ခဲ့ပါတယ်။ ရေတွင်းထဲကို ငုံကြည့်လိုက်တဲ့အချိန် တစ်နေရာအရောက်မှာ နို့နှစ်ရောင်လို ဖြူဖွေးနေတဲ့ မျက်နှာပြင်တစ်ခုကို သူမြင်တွေ့လိုက်ရတဘ်။ ထိုအရာက ဆေးပေါင်းရည်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ဆေးပေါင်းရည်က အရည်ဆိုရင် ထိုအရာက အခဲနဲ့ အရည်ကြားမှာပါ။ အဲဒါက ဆေးပေါင်းရည်ထက် တစ်ဆင့်မြင့်တဲ ဆေးပေါင်းနို့နှစ်ပါပဲ။

ရေတွင်းထဲ ရောက်ရှိလာခဲ့တဲ့ ဆေးပေါင်းရည်တွေက နှစ်ပေါင်းများစွာ ကြာညောင်းလာတဲ့အချိန်မှာ အရည်တစ်ဝက်၊ အခဲတစ်ဝက် အခြေအနေကို ရောက်ရှိသွာပြီး ဆေးပေါင်းနို့နှစ်တွေ ဖြစ်လာခဲ့တာပါ။ ထိုအဖြူရှောင် အလွှာထုကို ကြည့်ရင်း ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး အံကြိတ်ကာ စုဆောင်းတဲ့ အလုပ်ကို ဆက်လက်လုပ်ကိုင်လိုက်တယ်။

နောက်ထပ် သုံး၊လေး နာရီလောက် ကြာပြီးတဲ့အချိန်မှာတော့ ဆေပေါင်းနို့နှစ်ကို အောင်အောင်မြင်မြင် စုဆောင်းလို့ ပြီးသွားခဲ့ပါပြီ။ ထိုဆေးပေါင်းနို့နှစ်က ဆေးပေါင်းရည်လောက်တော့ မများပေမယ့် အနည်းဆုံး ကီလိုဂရမ်း၃၀၀၊၄၀၀လောက်တော့ စုဆောင်းနိုင်ခဲ့ပါတယ်။

ဆေးပေါင်းနို့နှစ်က ဆေးပေါင်းရည်ထက် နှစ်ဆစွမ်းပါတယ်။ တစ်နည်းဆိုရသော် ရှောင်ဖူချန်းက ထိုဆေးပေါင်းနို့နှစ်ကို အသုံးပြုခဲ့မယ်ဆိုရင် စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို ချက်ချင်း ဖော်စပ်နိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဆေးပေါင်းနို့နှစ်က ဆေးလုံးအဆင့်ကို အဆင့်တစ်ဆင့် တိုးမြှင့်သွားစေနိုင်လို့ပါပဲ။

ဆေးပေါင်းနို့နှစ် အားလုံးကို စုဆောင်းပြီးတဲ့ အချိန်မှာတော့ ရေအတွင်းအောက်ခြေ၌ အလွှာတစ်လွှာ ရှိနေပါသေးတယ်။ ထိုအလွှာက လုံးဝကို ခဲနေပြီး ဒီရေတွင်းထဲရှိ အဖိုးတန်ဆုံး ရတနာဆိုလည်း မမှားပါဘူး။

ဆေးပေါင်းအဆီအနှစ်၊ ဆေးပေါင်းအဆီအနှစ်က ဆေးပေါင်းနို့နှစ်ထက် နှစ်ဆပိုစွမ်းပါတယ်။

ခေါင်းမူလာတာကို တောင့်ခံရင်း ရန်ကိုင်က စုဆောင်းရေး အလုပ်ကို နောက်တစ်ကြိမ် ထပ်လုပ်လိုက်ပြန်ပါတယ်။

အချိန်အတော်ကြာပြီးနောက် ရန်ကိုင်က သူ့နဖူးထက်ရှိ ချွေးတွေကို သုတ်လိုက်ပြီး တင်ပင်လင်ခွေ ထိုင်ချလိုက်ကာ အမောတကော အသက်ရှုပါတော့တယ်။ သူရရှိခဲ့တဲ့ ဆေးပေါင်းအဆီအနှစ်က သိပ်မများပါဘူး။ ကီလိုဂရမ်ဒါဇင်ကျော်လာက်ပါပဲ။ ဒါပေမယ့် ထိုကီလိုဂရမ်း ဒါဇင်ကျော်လေးက ဆေးလုံးပေါင်းများစွားရဲ့ စွမ်းအင်တွေကို နှစ်ပေါင်းထောင်ကျော် ကြာအောင် စုဆောင်ပြီးမှာ ရလာခဲ့တာပါ။

အခု ရေတွင်းတစ်ခုလုံး ဗြောင်သလင်း ခါသွားခဲ့ပါပြီ။ ပြီးတာနဲ့ ရန်ကိုင်က အဖြစ်အပျက် အားလုံးကို သေချာပြန်စဉ်းစား ကြည့်လိုက်တယ်။ ဆေးသူတော်စင် ရုပ်ထုဆီကနေ ဥာဏ်အလင်းရရှိဖို့အတွက် ဆေးလုံးတွေကို ပူဇော်ရတယ်ဆိုတာက ဆေးပေါင်းရည် ရရှိဖို့အတွက် တမင်သက်သက် လှည့်စားထားတာပါ။

ဆေးလုံးတွေအားလုံးက ကန်ထဲရောက်သွားတာနဲ့ ဆေးလုံးထဲမှာ ပါတဲ့ စွမ်းအင်တွေ အားလုံးက ဒီနေရာမှာ လာစုဝေးမှာပါ။ အဲ့လိုနဲ့ နှစ်ပေါင်းများစွာ ကြာတဲ့အချိန်မှာတော့ ဆေးပေါင်းရည် များစွာ ဖြစ်လာပါလိမ့်မယ်။ အနက်ရောင်စာအုပ်ကို ဖန်တီးခဲ့တဲ့ လူက ဒါတွေအားလုံးကို အစီအစဉ် ချခဲ့တာလား။ ရန်ကိုင် မသိပါဘူး။

ဆေးသူတော်စင် ရုပ်ထုသာ ဆက်ပြီး တည်ရှိနေသရွေ့၊ ဆေးရေကန်သာ ဆက်ပြီး တည်ရှိနေသရွေ့၊ ဆေးဘုရင်တောင်ကြားသာ နောက်ထပ် နှစ်ထောင်ကျော်ကြာအောင် ဆက်ပြီး တည်ရှိနိုင်မယ်ဆိုရင်တော့ နောက်ထပ် ဆေးပေါင်းရည် များစွာ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။

ဒါပေမယ့် အချိန်ရဲ့ တိုက်စားမှုအောက်မှာတော့ အရာအာလုံးက တည်မြဲမနေပါဘူး။ ဆေးဘုရင်တောင်ကြားက နှစ်ထောင်ကျော် ကြာအောင် တည်ရှိနေနိုင်တာနဲ့တင် အံ့အားသင့်ဖွယ် ကောင်းနေပါပြီ။ နောက်ထပ် နှစ်ပေါင်းများစွာ ကြာအောင် ဆက်ပြီး တည်ရှိနေနိုင်ဖို့ ဆိုတာကတော့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ပါဘူး။

သူတင်ပလင်ခွေ ထိုင်နေတုန်းမှာပဲ ဒီသီးခြားလေဟာနယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ သူ့အမူအရာ မသိမသာလေး ပြောင်းလဲသွားခဲ့တယ်။ ရန်ကိုင် မျက်လုံးဖွင့် ကြည့်လိုက်တဲ့အချိန် သူ့ရှေ့က လေဟာနယ်က စာလုံး၊ ပုံရိပ်မျိုးစုံတို့နဲ့ ပြည့်နေတာကို တွေ့လိုက်ရတယ်။ စာလုံးတွေက အိုဟောင်းနေပြီး မရှင်းမလင်း ဖြစ်နေတာက သူ့အတွက် ဉာဏ်မမှီနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

ပုံရိပ်တွေကတော့ ထူးဆန်းပြီး တစ်ချက်ကြည့်လိုက် ရုံနဲ့တင် ထိုပုံရိပ်အားလုံး စိတ်ဝိဥာဉ်အစီအရင်တွေမှန်း ရန်ကိုင် ပြောနိုင်ပါတယ်။ အခုဆို သီးခြားလေဟာနယ် တစ်ခုလုံး စာလုံးတွေ၊ ပုံရိပ်တွေနဲ့ ပြည့်လို့ နေခဲ့ပါပြီ။ ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ သေချာစစ်ဆေးကြည့်လိုက်တယ်။

ဒါပေမယ့် ဘာတွေဖြစ်နေလဲဆိုတာ သူအဖြေမထုတ် ရသေးခင်မှာပဲ ထိုပုံရိပ်တွေနဲ့ စားလုံးတွေက မျက်လုံးကျိန်းမတတ် တောက်ပသွားခဲ့ပြီး သူ့ဆီ ပြေးဝင်လာခဲ့တယ်။

မျက်တောင်တစ်ခတ် အတွင်းမှာပဲ ထိုစားလုံးနဲ့ ပုံရိပ်တွေက သူ့စိတ်ထဲမှာ မျောနေခဲ့ပါပြီ။ သူ့ခေါင်းတစ်ခုလုံးက အခုဆိုရင် အရောင်အဝါတွေနဲ့ တောက်ပလို့ နေခဲ့ပါတယ်။ သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မတတ် ရန်ကိုင် ခံစားနေခဲ့ရပြီး နဖူးသွေးကြောတွေ ဆိုရင်လည်း ထောင်တက်နေလို့ပါ။

ထိုအဖြစ်အပျက်က တစ်ခဏတာသာ ကြာခဲ့ပြီး နောက်ဆုံးအလင်ရောင်က ရန်ကိုင် ခေါင်းထဲ တိုးဝင်ပြီးသွားတဲ့ အချိန်မှာတော့ သီးခြားလေဟာနယ် တစ်ခုလုံး တစ်ဖန်ပြန်လည် မှောင်ကျသွားခဲ့တယ်။ သူ့စိတ်တစ်ခုလုံး အပ်နဲ့ ထိုစွနေသလို နာကျင်နေတဲ့အတွက် ရန်ကိုင်အနေနဲ့ အသက်မရှုနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။ နောက်ဆုံးကျတော့မှပဲ အားလုံး ပြန်အဆင်ပြေသွားတော့တယ်။

ရန်ကိုင် သက်ပြင်းတစ်ချက် ရူထုတ်လိုက်တယ်။ ဝိဥာဉ်ကြာပန်းက သူ့ကိုနောက်တစ်ကြိမ် ကယ်သွားပြန်ပြီဆိုတာ ရန်ကိုင် သိလိုက်ပါတယ်။ ထို့နောက် သူ့စိတ်ထဲကို အသိပညာအသစ်တွေ တိုးဝင်လာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ အခုအကြိမ်က အနက်ရောင်စာအုပ်ကနေ အချက်အလက် အသစ်တွေ ရတုန်းကနဲ့ ကွဲပြားပါတယ်။

အနက်ရောင်စာအုပ်ကပေးတဲ့ အချက်အလက်တွေ အားလုံးက သေချာရှင်းပြထားတဲ့အတွက် အလွယ်တကူ နားလည်နိုင်ပါတယ်။ ပြီးတော့ အချက်အလက် ပမာဏကလည်း အရမ်းကို နည်းပါးလွန်းတဲ့အတွက် သူ့ဝိဥာဉ်ကို မလေ့ကျင့်ရသေးရင်တောင် ထိုအချက်အလက်တွေကို အလွယ်တကူ နားလည်နိုင်ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ် သူရလိုက်တဲ့ အချက်အလက် အသစ်တွေက အရမ်းကို များပြားလွန်းပါတယ်။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး အသစ်ရလာတဲ့ အချက်အလက် အသစ်တွေကို လေ့လာကြည့်ဖို့ ရန်ကိုင်ဆုံးဖြတ်လိုက်တယ်။ တစ်ခဏကြာပြီးနောက် ရှင်းပြလို့ မရတဲ့ အချက်အလက် အသစ်တစ်ချို့ကို သူရရှိလိုက်တယ်။

အစစ်အမှန် ဆေးပညာနည်းလမ်း

ခဏလောက် လေ့လာပြီးတဲ့ အချိန်မှာတော့ အသစ်ရရှိလာတဲ့ အသိပညာ၊ အချက်အလက် အသစ်တွေက ဆေးပညာနဲ့ ပက်သက်နေတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။ လျှို့ဝှက်နည်းစနစ်တွေမဟုတ်ပါဘူး။ လျှို့ဝှက်သိုင်းပညာရပ် တွေလည်း မဟုတ်ပါဘူး။ အဲ့အစား ဆေးပညာကို ဘယ်လို လေ့ကျင့်ရမလဲ ဆိုတာနဲ့ ဆေးဘယ်လို ဖော်စပ်ရမလဲဆိုတာ တွေကို ရှင်းပြပေးထားတာပါ။

အစစ်အမှန် ဆေးပညာနည်းလမ်းက ဆေးဖော်စပ်နိုင်ဖို့အတွက် ညွှန်ကြားပြသရုံ နည်းလမ်း စာအုပ် သက်သက် တစ်ခုသာ မဟုတ်ပါဘူး။ ထိုထဲမှာ ဆေးလုံး ဖော်မြူလာတွေ၊ မရေမတွက်နိုင်တဲ့ ဆေးပညာရှင် ဂရမ်းမာစတာတွေနဲ့ အတွေ့အကြုံတွေလည်း ပါဝင်နေပါသေးတဘ်။ များစွာသော ပြိုင်ဘက်ကင်း နည်းလမ်းတွေနဲ့ ထိုးထွင်းသိမြင်မှုတွေကို ထိုထဲမှာ မှတ်သားထားပါတယ်။ ဒါက တကယ့်ကို ကောင်းကင်အဆင့် ရတနာတစ်ခုပါပဲ။ (ဟိုကောင်းကင်အဆင့် ရတနာကို ပြောတာမဟုတ်ပါ)

ရန်ကိုင်က သိုင်းပညာလမ်စဉ်ရဲ့ အထွတ်အထိပ်ကိုသာ ရောက်ချင်ပြီး ဆေးပညာကို စိတ်မဝင်စားပေမယ့် သူ့ရဲ့စီနီယာမမလေးကတော့ ဒီအစစ်အမှန် ဆေးပညာနည်းလမ်းကို ကျိန်းသေလိုအပ်ပါလိမ့်မယ်။ သူမသာ အစစ်အမှန် ဆေးပညာနည်းလမ်းကို ရခဲ့မယ်ဆိုရင် သူမရဲ့ အထူးခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ ဆိုပါက သူမရဲ့ ဆေးဖော်စပ်တဲ့ စွမ်းရည်က တစ်ဟုန်ထိုး မြင့်တက်လာမှာ ကျိန်းသေပါပဲ။

အားလုံးကို ချင့်တွက်ပြီးနောက် ရန်ကိုင်က ပြုံးလိုက်ပြီး ထွက်သွားဖို့ အလျင်မလိုသေးပဲ ထိုအချက်အလက်တွေကိုသာ သေချာ လေ့လာနေလိုက်တယ်။ ဒါပေမယ့် အသက်ရှုရှိုက်စာ ၁၀ ရှိုက်စာ အတွင်းမှာပဲ သူ့တစ်ကိုယ်လုံး အားမရှိတော့ သလို ခံစားလိုက်ရပြီး သူ့စိတ်တစ်ခုလုံး အပ်နဲ့ ထိုးဆွခံရသလို နာကျင်လာခဲ့တယ်။

အမောတကော အသက်ရှုလိုက်ရင်း ဝိဥာဉ်ကြာပန်းရဲ့ အကူအညီအကြောင့်ပဲ သူခံစားနေရတဲ့ နာကျင်မှုက သက်သာသွားခဲ့ပါတယ်။ ဒါပေမယ့် သူတစ်ကိုယ်လုံးကတော့ အားမရှိတော့သလို ခံစားနေရတုန်းပါပဲ။

ရန်ကိုင်ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့တယ်။ အသက်ရှုရှိုက်စာ အချိန်အနည်းငယ် အတွင်းမှာပဲ သူ့စိတ်စွမ်းအားအကုန်လုံး ပြောင်စင်သွားခဲ့ပါပြီ။ (စိတ်စွမ်းအား= ဝိဥာဉ်စွမ်းအား)

လူတစ်ယောက်ဆီမှာ ယွမ်ချီ အကန့်အသတ် ရှိသလို စိတ်စွမ်းအား ဆိုတာလည်း အကန့်အသတ်နဲ့ ရှိပါတယ်။ ယွမ်ချီကုန်ဆုံးသွားတာနဲ့ ကျင့်ကြံသူက ဆက်မတိုက်နိုင်တော့သလို စိတ်စွမ်းအား ကုန်ဆုံးသွားတာနဲ့ ကောင်းကင်စိတ်အာရုံကို ဆက်ပြီး အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေက သူတို့ရဲ့ ဝိဥာဉ်ကို လေ့ကျင့်ကြာတာပါ။ သာမန်အချိန်တွေမှာဆို သူတို့တွေက ကောင်းကင်စိတ်အာရုံကို လွယ်လင့်တကူ အသုံးပြုလေ့ မရှိကြပါဘူး။

ယွမ်ချီက ပြန်ဖြည့်ရတာ လွယ်ပါတယ်။ ဒါပေမယ့် စိတ်စွမ်းအားက ပြန်ပြည့်ဖို့ ခက်ခဲပါတယ်။ စိတ်စွမ်းအားကို တိုးတက်စေတဲ့ ဆေးလုံးတွေ၊ အဖိုးတန် ရတနာတွေဆိုတာ သာမန်ရတနာ၊ ဆေးလုံးတွေထက် အများကြီး ပိုပြီး တန်ဖိုးကြီးပါတယ်။

ရန်ကိုင်ရဲ့ အခုလက်ရှိ ကျင့်ကြံခြင်းအဆင့်က အစစ်အမှန် ဒြပ်စင်အဆင့်မှာပြ ရှိသေးတဲ့အတွက် သူ့ဝိဥာဉ်ကို လေ့ကျင့်လို့ မရသေးပါဘူး။ ဒါပေမယ့် သူ့စိတ်စွမ်းအားက သာမန်အင်မော်တယ် တက်လှမ်းခြင်းအဆင့် ၄၊၅ လောက်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်စွမ်းအားနဲ့ တူညီပါတယ်။ ဒါပေမယ့် ထိုစိတ်အားနဲ့တောင် အစစ်အမှန်ဆေးပညာနည်းလမ်းကို ခဏလေးလေ့လာလိုက်တာနဲ့ သူ့စိတ်စွမ်းအား အကုန်လုံး ကုန်ခမ်းသွားခဲ့ရပါတယ်။

မျက်တောင်ကြုံ့လိုက်ရင်း ရန်ကိုင်က နောက်ထပ် လေး၊ငါးနာရီလောက် တင်ပလင်ခွေ ထိုင်လိုက်ပြီး သူ့စိတ်စွမ်းအားကို ပြန်ဖြည့်နေလိုက်တယ်။

ဝိဥာဉ်ကြာပြန်းကြောင့်ပဲ ဒီလောက်မြန်မြန်နဲ့ သူ့စိတ်စွမ်းအင်ကို ပြန်ဖြည့်နိုင်တာပါ။ သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်တစ်ယောက်သာ သူတို့ရဲ့ စိတ်စွမ်းအင် အပြည့်အဝ ကုန်ဆုံးသွားခဲ့မယ် ဆိုပါက စိတ်စွမ်းအင်ကို အရင်လို ပြန်ဖြည့်ဖိုဆိုရင် အနည်းဆုံး ၁၀ရက်၊ ဒါမှမဟုတ် လဝက်လောက် အချိန်ယူရပါတယ်။

နောက်ပိုင်းကျရင် စိတ်စွမ်းအင်း အားဖြည်းဆေးတွေ ရှာထားရမယ် ရန်ကိုင်က သူ့ဘာသာ တိတ်တဆိတ် တွေးတောလိုက်တယ်။ အစောပိုင်းတုန်းက ရလဒ်ကို မကျေနပ်သေးတာနဲ့ပဲ ရန်ကိုင်က နောက်တစ်ကြိမ် ထပ်မံကြိုးစားကြည့်လိုက်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အရင်အခေါက်ထက် အသက်ရှုရှိုက်စာ အကြိမ်အနည်းငယ် ပိုခံခဲ့ပါတယ်။

ရန်ကိုင်က အစောပိုင်းတုန်းကလို သူ့စိတ်စွမ်းအင် ကုန်ဆုံးမယ့် အချိန်ကို‌ စောင့်မနေတော့ပဲ ဒီတစ်ကြိမ်မှာတော့ ဆေပေါင်းရည်အချို့ကို သောက်သုံးလိုက်ပါတယ်။ ဆေးပေါင်းရည်ကို သောက်သုံးလိုက်တာနဲ့ သူ့စိတ်စွမ်းအင်က မြန်ဆန်စွာပဲ ပြန်ပြည့်လာခဲ့ပါတယ်။ နာရီဝက်အတွင်မှာပဲ သူ့စိတ်စွမ်းအင်က ပြန်ပြည့်သွားခဲ့ပါတယ်။

Martial Peak

အပိုင်း(၂၈၄) မဟာပြောင်းလဲမှုကြီး

အစစ်အမှန် ဆေးပညာနည်းလမ်းကို အကြိမ်များစွာ ဖတ်ရှုပြီးတဲ့ အချိန်မှာတော့ အသိပညာအသစ် အချို့ကို ရန်ကိုင် ရရှိလာခဲ့ပါပြီ။ သူ အသစ်သိလာတဲ့ အရာကတော့ စိတ်ဝိဥာဉ် အစီအရင်ပဲ ဖြစ်ပါတယ်။ ထိုစိတ်ဝိဥာဉ် အစီအရင်ကို မီးဖိုမှာ ထိုးထွင်းပြီး ဆေးလုံးဖော်စပ်မယ် ဆိုရင် ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်တဲ့ နှုန်းကို မြှင့်တင်ပေးနိုင်သလို ဆေးလုံးရဲ့ အရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

စိတ်စွမ်းအင်လည်း များစွာ ကုန်ဆုံးခဲ့ရပြီး ဆေးပေါင်းရည်လည်း အစက်ပေါင်းဒါဇင် ကျော်လောက် ကုန်ဆုံးခဲ့ရပြီးနောက် အခုလို စိတ်ဝိဥာဉ် အစီအရင်ကိုသာ ရလာတဲ့အတွက် ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်ပါတယ်။

အခုရလာတဲ့ ဆုလဒ်က သူ့အတွက်ဆို ကောင်းတာထက် ဆိုးတာက ပိုများမယ်လို့ ရန်ကိုင် တွေးလိုက်တယ်။ အစစ်အမှန် ဆေးပညာနည်းလမ်း တစ်ခုလုံးက နက်နဲပြီး ဆေးပညာရှင်တွေသာ နားလည်နိုင်တဲ့ အသိပညာ ဗဟုသုတ များစွာနဲ့ ပြည့်နေတာပါ။ ဒါပေမယ့် သူ့ရဲ့လက်ရှိ စိတ်စွမ်းအင်က အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာဖို့ မလုံလောက်ဘူး ဖြစ်နေခဲ့ပါတယ်။

ရန်ကိုင်လည်း နည်းနည်း စိတ်အားငယ်သွားခဲ့ပြီး အစစ်အမှန် ဆေးပညာနည်းလမ်းကို တစ်ခဏလောက် ဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အစစ်အမှန် ဆေးပညာနည်းလမ်းကို မလေ့လာရင် သူ့ဝိဥာဉ်ကို အရင်ဆုံး လေ့ကျင့်ရပါမယ်။

သူ့စိတ်စွမ်းအား အနည်းငယ် တိုးတက်လာတာကို ခံစားမိလိုက်တော့ ရန်ကိုင် အနည်းငယ် ပျော်မိသွားခဲ့တယ်။ သူသိချင်နေတာ တစ်ခုက… အစစ်အမှန် ဆေးပညာနည်းလမ်းက ဘာလို့ ဒီနေရာမှာ ပေါ်လာတာလဲဆိုတာကိုပါ။ ပြီးတော့ အဲ့အစစ်အမှန် ဆေးပညာနည်းလမ်းက သူ့စိတ်ထဲကို ဘာလို့ တစ်ဟုန်ထိုး ဝင်ရောက်သွားခဲ့ရတာလဲ။

အနက်ရောင်စာအုပ်ရဲ့ ပိုင်ရှင်သာ သူ့ကို ဆေးပညာလေ့လာ ခိုင်းစေချင်တယ်ဆိုရင် အစစ်အမှန် ဆေးပညာနည်းလမ်းကို အနက်ရောင်စာအုပ်ရဲ့ စာမျက်နှာတစ်ခုခုမှာ ချိတ်ပိတ်ထားလိုက်ရုံပါပဲ။ သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ ဆိုရင် ထိုကဲ့သို့ များပြားလှတဲ့ အချက်အလက် အသစ်တွေကို သူ့မှတ်ဥာဏ်က လက်မခံနိုင်သေးပါဘူး။ ဝိဥာဉ်ကြာပန်းရဲ့ အကူအညီ ကြောင့်သာမဟုတ်ရင် သူ့ဝိဥာဉ်က ကျိန်းသေ ဖျက်စီးခံခဲ့ရမှာပါ။

ဒါတွေအားလုံး ဘာလို့ ဖြစ်ပျက်ခဲ့လဲ ဆိုတာကို သူမသေချာ သေးပေမယ့် ဆေးသူတော်စင်ရုပ်ထုရဲ့ ဆန်းကြယ်မှုကို သူနောက်ဆုံး နားလည်သွားခဲ့ပါပြီ။ ဆေးသူတော်စင်က သူ့ရဲ့ဆေးပညာ အမွေအနှစ်ကို ဒီနေရာမှာ ထားခဲ့တယ်လို ကောလဟာလတွေ ထွက်ခဲ့ဖူးပါတယ်။ မန်ဝူရတောင် ထိုအကြောင်းကို သိတယ်ဆိုတော့ ကောလဟာလတွေက အခြေအမြစ် မရှိတာ မဖြစ်နိုင်ပါဘူး။

ဆေးသူတော်စင် ရုပ်ထုထဲမှာ ဖုံးကွယ်ထားတဲ့ နက်နဲတဲ့ ဆန်းကြယ်မှုဆိုတာက အစစ်အမှန် ဆေးပညာနည်းလမ်းကို ပြောတာပါ။ ဆေးပညာရှင်တွေက ဆေးသူတော်စင်ရုပ်ထုကို လေ့လာတဲ့အချိန် အစစ်အမှန် ဆေးပညာနည်းလမ်းထဲက အချက်အလက် တစ်စိတ်တစ်ပိုင်းကိုသာ လက်ခံရရှိတာပါ။ ဒါပေမယ့် ရန်ကိုင်ကတော့ အစစ်အမှန် ဆေးပညာနည်းလမ်း တစ်ခုလုံးကို ရရှိခဲ့တာပါ။

ဆေးသူတော်စင်ရုပ်ထုက ဆေးပညာရှင်တွေကို ဥာဏ်အလင်းအသစ်တွေ ထပ်မံရရှိ စေပါဦးမလား ဆိုတဲ့အချက်ကို သေချာမသိတော့တာနဲ့ ရန်ကိုင် စိတ်ထဲ မလွယ်ကူသလို ခံစားလိုက်ရတယ်။

ဒါပေမယ့် အားလုံးက ဖြစ်ပျက်ပြီးနေပါပြီ။ ဆန်းကြယ်မှုတွေ အားလုံးကိုလည်း ဖြေရှင်းပြီးသွားပါပြီ။ ကျန်ရှိတော့တာ ဆိုလို့ ခမ်းခြောက်နေတဲ့ ရေတွင်းတစ်တွင်းပြ ရှိပါတော့တဘ်။

သူအခုလုပ်ဖို့က ထွက်သွားဖို့ပဲ ရှိပါတော့တယ်။ သူ့အခြေအနေကို အထွတ်အထိပ် ရောက်အောင် ပြန်လည် ပြင်ဆင်ပြီးနောက် ထွက်ဖို့လမ်းကို စဝင်ရှာဖွေပါတော့တယ်။ အစက်ကတော့ ဒီသီးခြား လေဟာနယ်ကမ္ဘာကြီးထဲမှာ အပြင်ကို ပြန်ထွက်ဖို့ လျှို့ဝှက် တံခါးပေါက် တစ်ခု ရှိနေမယ်လို့ သူထင်ထားခဲ့တာပါ။ ဒါပေမယ့် ရှာကြည့်လိုက်တဲ့ အခါကျတော့ မည်သည့် ထွက်ပေါက်၊ တံခါးပေါက်ကိုမှ မတွေ့ခဲ့ရပါဘူး။

ထိုတွေ့ရှိမှုက ရန်ကိုင်ကို ကိုးယိုးကားယား အခြေအနေသို့ ရောက်ရှိသွားစေခဲ့တယ်။ ထွက်ပေါက် မရှိပဲနဲ့ ဒီနေရာကနေ သူဘယ်လိုလုပ်ပြီး ထွက်သွားရမှာလဲ။ သူဘာသာသူ အားသုံးပြီး ထွက်သွားရမှာလား။ ဒါပေမယ့် ဒီသီးခြား လေဟာနယ် ကမ္ဘာကြီးရဲ့ အပြင်ဘက်မှာ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်နဲ့ အစစ်အမှန် ဒြပ်စင်အဆင့် အစောင့်အကြပ် ဒါဇင် ကျော်လောက် ရှိနေတာလေ။

ဆေးရေကန်ထဲက သူခုန်ထွက်လိုက်တာနဲ့ သူချက်ချင်း ဖမ်းခံရမှာပါ။ ဒီနေမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်တံခါးပေါက် တစ်ခုရှိမယ်လို့ပဲ ရန်ကိုင် ယုံကြည်ထားရပါတော့တယ်။ ဒါပေမယ့် ဒီနေရာတစ်ခုလုံးကို လှည့်ပတ်ရှာပြီးတာတောင် မည်သည့် ထွက်ပေါက်ကိုမှ သူမတွေ့ခဲ့ရပါဘူး။

ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်ပါပြီ။ ဒါပေမယ့် အခြေအနေ တစ်ခုလုံးက တစ်ခုခု လွဲမှားနေသလို ရန်ကိုင် ခံစားလိုက်ရတယ်။ အနက်ရောင် စာအုပ်ရဲ့ ညွှန်ကြားချက်ကြောင့်ပဲ ဆေးပေါင်းရည်ကို ရယူဖို့ သူဒီနေရာကို ရောက်လာခဲ့တာပါ။ အဲဒါကြောင့် အနက်ရောင် စာအုပ်ပိုင်ရှင်က သူ့ကိုဒီနေရာမှာ အလကားသက်သက် ပိတ်မိနေစေလိမ့်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် သူဘာလို့ ထွက်ပေါက် တစ်ခုတောင် ရှာမတွေ့ရတာလဲ။ တစ်ခုခုများ လွဲနေတာလား။ ရန်ကိုင်လည်း မျက်ကန်း တစ်ယောက်လို ထွက်ပေါက်ကို ဆက်ပြီး ရှာဖွေနေလိုက်တယ်။ တဖြည်းဖြည်းနဲ့ နေ့တစ်ဝက် ကုန်ဆုံးသွားခဲ့ပါပြီ။ သူ့စိတ်ရှည်မှုက အကန့်အသတ်ကို ရောက်နေခဲ့ပါပြီ။

ဒီနေရာမှာ ထွက်ပေါက်မရှိဘူးဆိုတာ ရန်ကိုင် သေချာသွားခဲ့ပါပြီ။ အဲ့ဒါကြောင့် ဒီနေရာက ထွက်ချင်တယ်ဆိုရင် ဆေးရေကန်ကို ဖြတ်ပြီး ထွက်ဖို့ပဲ ရှိပါတော့တယ်။ ဒါပေမယ့် အဲ့လိုသာ ဆေးရေကန်ကို ဖြတ်ပြီး ထွက်ရမယ်ဆိုရင် အစောင့်တွေ လက်ထဲ ပြေးဝင်နေတာနဲ့ အတူတူပဲ မဟုတ်တော့ဘူးလား။

ဆေးရေကန်က ဆေးဘုရင်တောင်ကြားရဲ့ တားမြစ်နေရာ တစ်ခုလေ။ သူက တိမ်ဖုံးတောင်ထွတ်ရဲ့ တပည့်တစ်ယောက် ဆိုပေမယ့် ဆေးရေကန်ထဲကနေသာ သူထွက်လာတာကို ဖမ်းမိသွားမယ်ဆိုရင် သူ့အဆုံးသတ်က ကောင်းလိမ့်မှာ မဟုတ်ပါဘူး။

အံကြိတ်လိုက်ရင်း အစောင့်တွေကို ဖြတ်ပြီးတော့သာ ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အစောင့်တွေ အများကြီး ရှိနေပေမယ့် သူသာ မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ခဲ့မယ်ဆိုရင် သူ့ကို ဖမ်းမိမယ်ဆိုတာ မသေချာသေးပါဘူး။

သူ့စိတ်ကို ဒုံးဒုံးချပြီးသွားတာနဲ့ ရန်ကိုင်က သီးခြားလေဟာနယ် ကမ္ဘာရဲ့ မျက်နှာကြက်ကို မျက်နှာမူလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ကား အားပြင်းပြင်းနဲ့ ထိုးချလိုက်တယ်။ ထိုလက်သီးက စမ်းသပ်ရုံပါပဲ။

ဆေးရေကန်က ဆေးဘုရင်တောင်ကြားရဲ့ အာရုံစိုက်စရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုခုများ ရှိနေမလားဆိုပြီး အခုလိုမျိုး တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ ကျွမ်းကျင်သူ များစွာလည်း ရှိခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ကန်အောက်ခြေမှာ ခင်းကျင်းထားတဲ့ စိတ်ဝိဥာဉ် အစီအရင်ကြောင့် ဘယ်သူ တစ်ဦးတစ်ယောက်မှ မအောင်မြင်ခဲ့ပါဘူး။ ထိုလက်သီးချက်က သီးခြားလေဟာနယ်ကမ္ဘာကို ချိုးဖျက်နိုင်မလား၊ မချိုးဖျက်နိုင်ဘူးလား ဆိုတာကို ရန်ကိုင် မသိပါဘူး။

ဒါပေမယ့် ကံတရားက သူ့ဘက်မှာ ရှိနေသည့် ပုံပါပဲ။ ရိုးရှင်းတဲ့ လက်သီးတစ်ချက်နဲ့တင် သူ့ခေါင်းပေါ်က ကျောက်တုံး မျက်နှာကြက်က အက်ကွဲသွားခဲ့ပြီး ပွင့်ထွက်သွားခဲ့ပါတယ်။ ဆေးရေကန်ထဲက ရေတွေလည်း အခန်းလေးထဲဆီ တရဟော စီးဝင်လာပါတော့တယ်။

ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်ပြီး သူ့မျက်လုံးထဲ သံသယတစ်စွန်းတစ်စ ဖြတ်ပြေးသွားခဲ့တယ်။ ဒါပေမယ့် အခု သူ့မှာ တုန့်ဆိုင်းနေဖို့ အချိန်မရှိပါဘူး။ ထို့ကြောင့် အပေါ်ကို ခပ်မြန်မြန် ကူးတက်သွားလိုက်ပြီး အဆိုးဆုံးအတွက် အစစ်အမှန်ချီစွမ်းအင်ကို ကြိုတင်လှည့်ပတ်ထားလိုက်တယ်။

သူကို ဝိုင်းဖမ်းမယ်လို့ ရန်ကိုင် ယုံကြည်ထားပြီး တန်ပြန် တိုက်ခိုက်ဖို့လည်း အကောင်းဆုံး ပြင်ဆင်ပြီးသွားပါပြီ။ ဒါပေမယ့် မမျှော်လင့်စွာပဲ ကန်ထဲကနေ ခုန်ထွက်လာပြီး လေထဲရောက်သည့်တိုင် မည်သည့်တိုက်ခိုက်မှုကို သူမကြုံတွေ့ ခဲ့ရပါဘူး။ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်တဲ့အချိန် ရန်ကိုင် မျက်ဝန်းအစုံတို့ မှေးကျဉ်သွားခဲ့ရပါတယ်။

ဆေးရေကန် ပတ်ပတ်လည်တွင် လူသေအလောင်း များစွာ ရှိနေခဲ့ပြီး သွေတွေကလည်း မြစ်တွေလို စီးဆင်းနေခဲ့ပါတယ်။ အစက မီတာရာကျော် မြင့်မားတဲ့ ဆေးသူတော်စင် ရုပ်ထုကြီးက အခုဆို တစ်စစီ ဖြစ်သွားခဲ့ပါပြီ။ ပတ်ဝန်းကျင် လေထုတစ်ခုလုံးက သွေးညှီနံ့တို့ဖြင့် မွှန်နေခဲ့ပြီး တိုက်ခိုက်သံတို့ကလည်း ပဲ့တင်ထပ်နေခဲ့ပါတယ်။

ရန်ကိုင် အမူအရာက ရုတ်တရက် လေးနက်တည်ကြည်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးရင်း အနီးအနားက တစ်နေရာမှာ ဆင်းသက်လိုက်တယ်။

သူ့ဘေးပတ်ဝန်းကျင် တစ်ခုလုံးက တိုက်ပွဲဖြစ်ပွါးခဲ့သည့် အရိပ်အယောင်တွေနဲ့ ပြည့်လို့ပါ။ ဟိုးအဝေးကို လှမ်းကြည့်လိုက်သည့် အခိုက် တောင်ထွတ်၁၂ ခုလုံးကနေ မီးခိုးတွေ တူလူလူထွက်နေပြီး တောင်ကြားမြို့တစ်ခုလုံး ဆိုရင်လည်း ပရမ်းပတာ ဖြစ်နေတာကို တွေ့မြင်နိုင်ပါတယ်။

လေထဲမှာတော့ ထူးဆန်းသည့် လက်နက်မျိုးစုံနှင့် ကြမ်းတမ်းသည့် သိုင်းပညာရပ် မျိုးစုံကိုသုံးကာ တိုက်ခိုက်နေသည့် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ ရှိနေခဲ့ပါတယ်။

တစ်ယောက်ယောက်က ဆေးဘုရင်တောင်ကြားကို တိုက်ခိုက်နေပါပြီ။ ဘယ်အင်အားစုကများ ဆေးဘုရင် တောင်ကြားကို တိုက်ခိုက်ရဲတဲ့အထိ ရဲတင်းတာလဲ။ ပြီးတော့ ထပ်ပြောရမယ်ဆိုရင် အခုက ဆေးပညာပြိုင်ပွဲကို ကျင်းပနေတဲ့ အချိန်ပါ။ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဆေးဘုရင်‌ တောင်ကြားက ဘယ်အင်အားစုကိုမှ မတိုက်ခိုက်ခဲ့ပါဘူး။

လူကောင်းဖြစ်ပစေ၊ လူဆိုးဖြစ်ပစေ၊ အားကောင်းပစေ၊ အားနည်းပစေ၊ ဆေးဘုရင်တောင်ကြားက ဘက်လိုက်လေ့ မရှိပဲ ကြားနေဝါဒကို လက်ကိုင်ကျင့်သုံး ခဲ့တာပါ။ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ တွေတောင် ဆေးဘုရင်တောင်ကြားဆီ လာပြီး ဆေးဖော်စပ် ခိုင်းလေ့ရှိပါတယ်။ ထိုကြားနေဝါဒကြောင့်ပဲ ဆေးဘုရင်တောင်ကြားက နှစ်ထောင်ပေါင်းများစွာ ကြာအောင် တည်ရှိနိုင်ခဲ့တာပါ။

ဒါပေမယ့် အခုတော့ တစ်ယောက်ယောက်က ဆေးဘုရင်တောင်ကြားကို စတင်တိုက်ခိုက်ခဲ့ပါပြီ။ အသက်ပေါင်း များစွာကို နုတ်ယူသွားခဲ့ရုံမက ဆေးသူတော်စင် ရုပ်ထုကိုပါ ဖျက်စီးခဲ့ပါတယ်။

ဆေးဘုရင်တောင်ကြားက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အင်အားစုတွေနဲ့ သွယ်ဝိုက်ပြီး ဆက်စပ်နေတာပါ။ တောင်ကြားမြို့ မှာဆိုရင်လည်း အင်အားစုအသီးသီးရဲ့ ဆိုင်ခွဲတွေ ရှိနေပါသေးတယ်။ ဆေးဘုရင် တောင်ကြားကို တိုက်ခိုက်တာက တစ်ကမ္ဘာလုံးရဲ့ ရန်သူဖြစ်အောင် လုပ်လိုက်တာနဲ့ အတူတူပါပဲ။ ဘယ်လောက်ပဲ သန်မာတဲ့ အင်အားစု ဖြစ်ပါလေ့စေ၊ တစ်ကမ္ဘာလုံးရဲ့ ရန်သူ ဖြစ်သွားမှတော့ အဖျက်စီးခံရမှာက အနှေးနဲ့အမြန်ပါပဲ။

ဒါပေမယ့် အခုအချိန်မှာတော့ တိုက်ပွဲခေါ်သံတွေ ဆေးဘုရင်တောင်ကြား အနှံ့ ဖြစ်ပျက်နေခဲ့ပြီး ဆေးဘုရင်‌ တောင်ကြားကတောင် အကျဘက် ရောက်နေသည့် ပုံပါပဲ။

ပြီးတော့ ဆေးသူတော်စင်ရုပ်ထုကလည်း လုံးဝကို ဖျက်စီးခဲ့ရပါပြီးပါပြီ။ ဒါက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဆေးပညာရှင်အတွက် ဆုံးရှုံးမှုကြီး တစ်ခုပါ။ ဆေးသူတော်စင် ရုပ်ထု ပျက်စီးရတာနဲ့ အစစ်အမှန် ဆေးပညာနည်းလမ်း သူ့စိတ်ထဲကို ဝင်ရောက်လာတာ နှစ်ခုက ဆက်စပ်နေလိမ့်မယ်လို့ ရန်ကိုင် တွေးတောလိုက်တယ်။ ကတယ်တော့ အစစ်အမှန် ဆေးပညာနည်းလမ်းက ဆေးသူတော်စင် ရုပ်ထုရဲ့ အဓိက သွေးကြောကြီးလေ။

အချိန်အတော်ကြာအောင် အတွေးထဲ နစ်မျောနေပြီးမှ အသိပြန်ဝင်လာခဲ့ပြီး လှုပ်ရှားမှု ပညာရပ်ကို အသက်သွင်းကာ တိမ်ဖုံးတောင်ထွတ်ဆီ ပြေးသွားလိုက်တယ်။

ဒေါင်ချင်းယန်နဲ့ ရှနင်းချန်တို့က တိမ်ဖုံးတောင်ထွတ်မှာ ရှိနေခဲ့တာပါ။ လူအိုကြီးရှောင်နဲ့ ဘာသိုင်းမှ မတတ်တဲ့ ဒေါ်လေးနှစ်ယောက်လည်း ထိုနေရာမှာ ရှိနေခဲ့တာပါ။ မန်ဝူရက တိမ်ဖုံးတောင်ထွတ်မှာ ရှိနေတယ် ဆိုပေမယ့် အခြေအနေတွေက ဘယ်လိုရှိလဲဆိုတာ ဘယ်သူက သိနိုင်မှာ မို့လို့လဲ။

အစွမ်းကုန်သုံး ပြေးလာပြီးနောက် တိမ်ဖုံးတောင်ထွတ်ဆီသို့ ရန်ကိုင် နီးကပ်လာခဲ့တယ်။ ပုံရိပ်က အနည်းငယ် ဝေးဝါးနေခဲ့ပြီး ရန်ကိုင်ကလည်း ဆက်ပြီး ပြေးလွှားနေခဲ့တယ်။ ကောင်းကင်စိတ်အာရုံကို သုံးပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တာနဲ့ သူ့မြင်ကွင်းတစ်ခုလုံး ရှင်းလင်းလာခဲ့တယ်။

နတ်ဆိုးချီနဲ့ မိစ္ဆာချီစွမ်းအင်တွေက ဆေးဘုရင်တောင်ကြား နေရာအနှံ့ ပျံ့နေခဲ့ပြီး ဆေးဘုရင်တောင်ကြား တပည့်တွေနဲ့ တိုက်ခိုက်နေတဲ့ လူတွေချီကနေလည်း နတ်ဆိုးချီတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဆေးဘုရင်တောင်ကြားကို လာရောက် တိုက်ခိုက်ခဲ့တဲ့ လူတွေက မိစ္ဆာကျင့်ကြံသူတွေပါပဲ။ သူတို့တွေက မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်တဲ့ ဂိုဏ်းတစ်ခုခုက ဖြစ်ရပါမယ်။

ဆေးဘုရင်တောင်ကြားက တပည့်တွေအပြင် မိစ္ဆာကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နေတဲ့ ကမ္ဘာအနှံ့က အင်အားစု အသီးသီးရဲ့ ကျင့်ကြံသူတွေ လည်းရှိပါသေးတယ်။ အားလုံးက ဆေးဘုရင်တောင်ကြားကို ကူညီနေကြပေမယ့် ဒီနေရာမှာ ကျွမ်းကျင်သူ များစွာ မရှိတဲ့အပြင် သူတို့ရဲ့ ပူးပေါင်းနိုင်စွမ်း ကင်းမဲ့မှုကြောင့် မိစ္ဆာကျင့်ကြံသူတွေက အပေါ်စီးကနေ တိုက်ခိုက်နေနိုင်ခဲ့ပါတယ်။

သူနဲ့ ကီလိုမီတာ အနည်းငယ် အကွာအဝေးမှာတော့ မီတာထောင်ပေါင်းများစွာကို ဖုံးအုပ်ထားတဲ့ အစိမ်းရောင်အဆိပ်မြူခိုးကြီး တစ်ခုရှိနေခဲ့ပါတယ်။ ထိုအစိမ်းရောင် မြူခိုးထုကြီးထဲမှာ ရှိတဲ့ သစ်ပင်တွေအားလုံး ညိုးလျော်ခြောက်သွေ့ သေဆုံးကုန်ပြီး မြေပြင်တစ်ခုလုံး ဆိုရင်လည်း ပုပ်သိုးဆွေးမြေ့နေတဲ့ ကျင့်ကြံသူ အလောင်းတွေနဲ့ ပြည့်နေခဲ့ပါတယ်။

ကောင်းကင်ထက်မှာတော့ အင်မော်တယ်တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများစွာက သုတ်သင်ခံလိုက်ရပြီး မြေကြီးပေါ်ကို ပြုတ်ကျလာခဲ့တယ်။ အဆင့်မြင့်တဲ့ ကျင့်ကြံသူ အများစုက အင်အားစုကြီးတွေက ဒီနေရာမှာ အခြေချနေတဲ့ ဆရာသခင်တွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ မိစ္ဆာကျင့်ကြံသူတွေက အထက်စီး ရောက်နေတဲ့ ပုံပါပဲ။

ရန်ကိုင် နက်နက်နဲနဲ မျက်မှောင်ကြုံ့မိလိုက်တယ်။ ဆေးဘုရင်တောင်ကြားက အခုလို ကပ်ဆိုးမျိုးကို ဘာကြောင့် ခံစားလိုက်ရလဲဆိုတာ သူမသိပေမယ့် သူ့ခြေလှမ်းတွေကတော့ နည်းနည်းလေးတောင် အရှိန်လျော့ မသွားခဲ့ပါဘူး။ သူသွားနေရင်း လမ်းတစ်ဝက် ရောက်သည့်အချိန်မှာပဲ သွေးတွေနဲ့ စိုရွှဲနေသည့် လူတစ်ယောက်က အသားစ ကပ်ပါနေတဲ့ ဓါးတိုတစ်ချောင်းကို ကိုင်ရင်း ရန်ကိုင်ရှေ့ကနေ ပိတ်ရပ်လိုက်တယ်။

ရက်စက်သည့် အပြုံးကို ဆင်မြန်းရင် လူကြီးရဲ့ ဝံပုလွေမျက်လုံး အစုံနှင့် ဆင်တူသည့် မျက်ဝန်းအစုံက ရန်ကိုင်ကို စိုက်ကြည့်လိုက်တယ်။ ထို့နောက် ဓါးတိုမှာ ကပ်နေသည့် အသားစကို သူ့ပါးစပ်ထဲ ထည့်လိုက်ပြီး ကမ္ဘာပေါ်က အရသာအရှိဆုံး အစားအစာကို စားနေရသလို မြိန်ရေရှက်နေနဲ့ ဝါးစားနေခဲ့တယ်။

ရန်ကိုင်က ထိုလူကြီးကို လှမ်းစစ်ဆေးကြည့်လိုက်တဲ့ အချိန်မှာတော့ လူအိုကြီးခြေထောက်အောက်၌ အလောင်းတစ်လောင်းကို တွေ့လိုက်ရတယ်။ ထိုအလောင်းက ဆေးဘုရင်တောင်ကြားက တပည့်တစ်ယောက်ရဲ့ အလောင်းမဟုတ်ပဲ အခြားအင်အားစု တစ်ခုခုက တပည့်တစ်ယောက်ရဲ့ အလောင်းဖြစ်နိုင်ပါတယ်။ ထိုအလောင်းပုံစံအရ ထိုလူက သေသွားတာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် ရွှံရှာစရာ အကောင်းဆုံး အချက်က ထိုအလောင်းမျက်နှာထက် အသားစကြီးတစ်ခု ပျောက်နေခြင်းပါပဲ။

“နောက်ထပ် အရသာရှိတဲ့ အစားအစာတစ်ခုပါလား” သွေးစွန်းနေသည့် လူကြီး ရက်စက်သည့် အပြုံးကို ဆင်မြန်းထားရင်း နတ်ဆိုးချီတို့ သူ့ကိုယ့်ကနေ ပေါက်ကွဲထွက်ပေါ်လာခဲ့တယ်။

အစစ်အမှန်ဒြပ်စင်အဆင့်၅

ရန်ကိုင်က ရပ်တောင် မရပ်လိုက်ပဲ သူ့မျက်လုံးထဲ အေးစက်စက် အလင်းရောင်တို့ ဖြတ်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို စုစည်းလိုက်ကာ လူကြီးရဲ့ နဖူးတည့်တည့်ဆီ ပစ်လွှတ်လိုက်ပါတယ်။ ထိုသွေးစွန်းနေတဲ့ လူကြီးရဲ့မျက်လုံးက အသိစိတ်မဲ့သွားသလိုမျိုး ဖြစ်သွားခဲ့ပြီး ထိုနေရာမှာပဲ ကြောင်တောင်တောင်နဲ့ ရပ်နေခဲ့ပါတယ်။

ရန်ကိုင်ရဲ့ ကောင်းကင်စိတ်အာရုံက သာမန်အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄၊၅ ကျင့်ကြံသူတစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံထက် အားမနည်းပါဘူး၊ ဒါပေမယ့် သူ့ရဲ့ကောင်းကင် စိတ်အာရုံကို ဒီအတိုင်းပဲ အသုံးပြုနိုင်တဲ့အတွက် ကောင်းကင်စိတ်အာရုံရဲ့ စွမ်းရည် အပြည့်အဝကို ထုတ်မပြနိုင်ပါဘူး။

ဒါပေမယ့် ဒါက လုံလောက်တာထက် ပိုနေပါပြီ။

မျက်တောင်တစ်ခတ် အတွင်းမှာပဲ သွေးစွန်းနေတဲ့ လူကြီးက အသိပြန်ဝင်လာခဲ့တယ်။ ဒါပေမယ့် သူဘာမှတောင် မတုန့်ပြန် နိုင်သေးခင်မှာပဲ ရန်ကိုင်လက်သီးက သူ့ရင်ဘတ်ဆီ ရောက်နှင့်နေပါပြီ။

ဘန်းဆိုတဲ့ အသံအကျယ်ကြီးနှင့်အတူ သွေးစွန်းနေတဲ့ လူကြီးက မြှားတစ်စင်အလား လွင့်ထွက်သွားခဲ့ပြီး သူ့ရင်ဘတ်ကလည်း ချိုင့်ဝင်သွားခဲ့ပါတယ်။ လေထဲမှာတင်ပဲ သွေးစွန်းနေတဲ့ လူကြီးက သွေးမြူတွေအဖြစ် ပေါက်ကွဲသွားခဲ့တယ်။

အစစ်အမှန်ချီကို သုံးပြီး ခုခံဖို့ အချိန်ကလေးတောင် သူမရခဲ့ပါဘူး။ တစ်ချက်ကလေးတောင် ဆက်မကြည့်တော့ပဲ ရန်ကိုင်က ကြယ်ပျံတစ်စင်းလို ပြေးထွက်သွားခဲ့တဘ်။ တစ်ခဏကြာပြီးနောက် တိမ်ဖုံးတောင်ထွတ်ရဲ့ တောင်ခြေဆီသို့ ရန်ကိုင် ရောက်လာခဲ့တယ်။

အခြားတောင်ထွတ်တွေနဲ့ ယှဉ်ရင် တိမ်ဖုံးတောင်ထွတ်က အမြဲတမ်းလိုလို တိတ်ဆိတ်နေတတ်ပါတယ်။ ဒါပေမယ့် အခုတော့ တိုက်ခိုက်သံတွေနဲ ဆူညီနေခဲ့ပါတယ်။ တောင်ထိပ်ကို မရောက်သေးခင် လေပေါ်ကို မော့ကြည့်လိုက်တဲ့အခိုက် မန်ဝူရက မိစ္ဆာကျင့်ကြံသူ များစွာကို တစ်ယောက်တည်း ယှဉ်တိုက်နေတာကို တွေ့ရှိလိုက်ရတယ်။

ဘဏ္ဏာထိန်းမန်ရဲ့ နောက်ကြောင်းက အရမ်းကို ဆန်းကြယ်သလို သူ့ရဲ့ နည်းလမ်းတွေကလည်း တကယ်ကို အံ့အားသင့်ဖွယ် ကောင်းပါတယ်။ သူရဲ့ ကျင့်ကြံခြင်းအဆင့်က အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်သာ ရှိသေးတယ် ဆိုပေမယ့် သူက အခြားအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ ခြောက်ယောက်ကို လက်ရည်တူ ယှဉ်တိုက်နေနိုင်ခဲ့ပါတယ်။ နှစ်ယောက်က အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ ဖြစ်ပြီး ကျန်တဲ့လေးယောက်ကလည်း အားမနည်းပါဘူး။ သူတို့ တစ်ယောက်ချင်းစီက အနည်းဆုံးအနေနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ အထက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေပါ။ ထိုဆရာသခင်တွေ အားလုံးက မန်ဝူရ အရင်တုန်းက တိုက်ခိုက်ခဲ့တဲ့ သွေးတိုက်ပွဲဂိုဏ်း ခေါင်းဆောင်ထက် တစ်ဆင့်ပဲ နိမ့်ကျတာပါ။

အင်မော်တယ်တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ၇ယောက်က လေထဲ၌ ပြင်းထန်တဲ့ တိုက်ပွဲကို နွှဲလို့နေခဲ့ပါတယ်။ လေထဲမှာ ရှိနေတဲ့ မိစ္ဆာ ကျင့်ကြံသူတွေထဲ တစ်ယောက်က အံ့အားသင့်စွာနဲ့ ပြောလိုက်တယ် “ဒီအိုနာကျိုးကန်းကြီးက ဘယ်ကနေ ရောက်လာတာလဲ။ ခွေးအိုကြီးက အရမ်းသန်မာလွန်းတယ်”

မန်ဝူရ နေရာမှာသာ သာမန်အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုရင် မိစ္ဆာကျင့်ကြံသူ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ၆ယောက်ရဲ့ ပူပေါင်းတိုက်ခိုက်မှုအောက်မှာ ကျဆုံးသွားခဲ့တာ ကြာလောက်ပါပြီ။ ဒါပေမယ့် မန်ဝူရကတော့ သူတို့ခြောက်ယောက်ကို တစ်ယောက်တည်း ယှဉ်တိုက်နေတာတောင် နည်းနည်းလေးတောင် အောက်စည်းကို ရောက်မနေခဲ့ပါဘူး။ သူထုတ်လွှတ်လိုက်တဲ့ သိုင်းပညာရပ် တစ်ခုချင်းစီတိုင်းက သူတို့ကို အရိုးထဲထိုတိုင် ကြောက်ရွံသွားစေနိုင်တဲ့ စွမ်းအားကို ထုတ်လွှတ်နေခဲ့ပါတယ်။

Martial Peak

အပိုင်း(၂၈၅) ပန်းမိုး

အစကတော့ ရှောင်ဖူချန်းကို ဖမ်းဆီးဖို့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ပဲ လာခဲ့တာပါ။ အောင်မြင်မှုက သူတို့လက်ထဲမှာ ရှိနေပြီဖြစ်တဲ့အတွက် ထိုနှစ်ယောက်က တော်တော်လေး စိတ်အားတက်ကြွနေခဲ့တာပေါ့။

ဒါပေမယ့် တိမ်ဖုံးတောင်ထွတ်တောင် မရောက်သေးခင်မှာပဲ မန်ဝူရက ရုတ်တရက် ပေါ်လာပြီး ထိုနှစ်ယောက်ကို သတ်ပစ်လိုက်တယ်။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက် သေသွားတာနဲ့ တိမ်ဖုံးတောင်ထွတ်ကို အားကောင်းတဲ့ ကျင့်ကြံသူ တစ်ယောက်က စောင့်ကြပ်နေပြီမှန်း အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ ၆ယောက်လုံး သိလိုက်ကြတယ်။ ထို့ကြောင့် သူတို့ခြောက်ယောက်စလုံး တိမ်ဖုံးတောင်ထွတ်ဆီ ပြေးလာခဲ့ကြတာပါ။

ဒါပေမယ့် သူတို့ခြောက်ယောက်စလုံး ပူပေါင်းတိုက်ခိုက်နေ တာတောင်မှ မန်ဝူရကို အထက်စီးကနေ မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ မန်ဝူရက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်သာ ဆိုပေမယ့် သူတို့ခြောက်ယောက်စလုံးကို တစ်ယောက်တည်းနဲ့ ထိန်းထားနိုင်ခဲ့ပါတယ်။

မန်ဝူရ၏ သိုင်းပညာရပ် တစ်ခုစီတိုင်းက ထိမိလိုက်တာနဲ့ တစ်ခါတည်း တန်းအသက်ထွက် သွားနိုင်တဲ့အထိ အားပြင်းပါတယ်။ ပြီးတော့ သူ့ရဲ့ သိုင်းပညာရပ်တွေကိုလည်း သူတို့တွေ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးခဲ့ပါဘူး။ ထို သိုင်းကွက်တွေကို မြင်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ခြောက်ယောက်စလုံး ပိုပိုပြီး ထိတ်လန့်ကြောက်ရွံ့လာခဲ့တယ်။ သံမဏိပြားကို သွားကန်လိုက် မိပြီဆိုတာ သူတို့အားလုံး သိလိုက်ကြတယ်။

ဘယ်နေရာကနေ ဒီခွေးအိုကြီးက ထွက်လာရတာလ။ လူခြောက်ယေဦက်စလုံး စိတ်ရှုပ်သွားခဲ့တယ်။ တိမ်ဖုံးတောင်ထွတ်မှာ ရှိတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူဆိုလို့ ရှောင်ဖူချန်းပြ ရှိတာ မဟုတ်ဘူးလား။ ထိုအချိန်တွင် ရှောင်ဖူချန်းက တောင်ထိပ်ပေါ်တွင် ရပ်နေရင်း တိုက်ပွဲကို ဇိမ်ပြေနပြေနဲ့ စောင့်ကြည့်နေခဲ့တယ်။

သူက အင်မော်တယ်တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက် ဆိုပေမယ့် သူ့တစ်ဘဝလုံးကို ဆေးပညာမှာပဲ နှစ်မြှပ်ထားခဲ့တာပါ။ သူက တိုက်ခိုက်တဲ့နေရာမှာ မကျွမ်းကျင်ပါဘူး။ သူ့လေ့ကျင့်ထားတဲ့ သိုင်းပညာရပ်တွေကို သုံးပြီးတိုက်မယ် ဆိုရင်တောင် ဘာအကူအညီမှ ဖြစ်မှာမဟုတ်ပါဘူး။

ကျော့ရှင်းတဲ့ အမျိုးသမီးနှစ်ယောက်က သူ့နောက်မှာ မတ်တပ်ရပ်နေပြီး သူမတို့ နှစ်ယောက် နောက်မှာတော့ ဒေါင်ချင်းယန်နဲ့ ရှနင်းချန်တို့ မတ်တပ်ရပ်နေခဲ့ပါတယ်။ မိန်းကလေး လေးယောက်ရဲ့ မျက်နှာထက် စိုးရိမ်ပူပန်သည့် အမူအရာတို့ကို မြင်တွေ့နိုင်ပါတယ်။

“သခင်လေး ပြန်လာပြီ” နတ်ဆိုးအိုကြီး အော်ပြောလိုက်ပြီးတာနဲ့ မကြာပါဘူး တိမ်ဖုံးတောင်ထွတ်ပေါ်မှာ ရန်ကိုင် ပေါ်လာခဲ့တယ်။ ချက်ချင်းပဲ ဝိဥာဉ်ဖျက်စီးခြင်း အရိုးက ရန်ကိုင်ဆီ ပျံသန်းသွားခဲ့တယ်။ ရန်ကိုင်က ဝိဥာဉ်ဖျက်စီးခြင်းအရိုးကို လှမ်းဖမ်းလိုက်ပြီးနောက် အနက်ရောင်အငွေ့တွေက ရန်ကိုင် ကိုယ်ထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်။

ရှောင်ဖူချန်းက ရန်ကိုင်ဆီ တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး စကားတစ်ခွန်းမှာတော့ မပြောခဲ့ပါဘူး။ ဒေါင်ချင်းယန်ကတော့ ရန်ကိုင်ကို လက်ဝှေ့ရမ်းပြနေခဲ့ပြီး ရန်ကိုင်ကို သူမဆီ လာဖို့ အချက်ပြနေခဲ့တယ်။

“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ” ရောက်ရောက်ချင်း ရန်ကိုင်က ချက်ချင်းမေးလိုက်တယ်။

“လွန်ခဲ့တဲ့ တစ်ရက်တုန်းက မိစ္ဆာတိမ်တိုက်ကျွန်းက လူတွေက ဆေးဘုရင်တောင်ကြားကို ရုတ်တရက် တိုက်ခိုက်ခဲ့တယ်။ သူတို့ ပုံစံ ကြည့်ရသလောက်တော့ ဒီကိစ္စကို ဟိုးအရင်အချိန်ကတည်း စီစဉ်းထားတာ ဖြစ်လောက်တယ်။ တောင်ကြားမြို့ကို စောင့်ကြပ်နေတဲ့ အစောင့်အကြပ်တွေကို သတ်ဖြတ်ပြီး ဆေးဘုရင်တောင်ကြားက တောင်ထွတ်ဆီ ၁၂ခုဆီ ချီတက် တိုက်ခိုက်ပြီး တပည့်တွေ အများကြီးကို ဖမ်းဆီးသွားခဲ့တယ်။ ပြီးတော့ ဆေးပညာပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ ဆေးပညာရှင်တွေကို ဖမ်းဆီးသွားခဲ့တယ်”

ရှနင်းချန်က အဖြစ်အပျက် အားလုံးကို သိမ်မွေ့နူးညံ့သည့် လေသံဖြင့် ရှင်းပြသွားခဲ့ပါတယ်။ သူမပြောတာ ကြားပြီးနောက် အဖြစ်အပျက် တော်တော်များများကို ရန်ကိုင် နားလည်သွားခဲ့ပါပြီ။

မိစ္ဆာတိမ်တိုက်ကျွန်းဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ မိစ္ဆာကျင့်ကြံသူတွေ စုဝေးရာနေရာ တစ်ခုဖြစ်ပါတယ်။ နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်တဲ့ သူတွေအတွက် ကောင်းကင်ဘုံပေါ့။ ထိုနေရာက ဟန်မင်းဆက် တောင်ဘက်အစွန်းပိုင်းမှာ တည်ရှီပါတယ်။ တကယ်တော့ တောင်ပိုင်း တစ်ခုလုံးက မိစ္ဆာတိမ်တိုက်ကျွန်း အပိုင်လို့တောင် ပြောလို့ရပါတယ်။

မိစ္ဆာတိမ်တိုက်ကျွန်းမှာ အင်အားစု များစွာနဲ့ ကျွမ်းကျင်သူ များစွာ ရှိနေခဲ့ပြီး သူတို့ထဲက အင်အားစု တော်တော်များများက မိသားစုကြီး ရှစ်ခုအောက် မနိမ့်ကျပါဘူး။ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက မိစ္ဆာတိမ်တိုက်ကျွန်းက အင်အားစုအသီးသီးရဲ့ မျိုးဆက်တွေကို လိုက်လံဖမ်းဆီးနေခဲ့တာပါ။ ဆေးဘုရင်တောင်ကြား အပြင်ဘက်မှာ ဒေါင်ချင်းယန်ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့ ကျင့်ကြံသူတွေတောင် မိစ္ဆာတိမ်တိုက်ကျွန်းကပါ။

ဒီတစ်ကြိမ် သူတို့က ဆေးပညာပြိုင်ပွဲ ကျင်းပတဲ့အချိန်မှ ဝင်တိုက်ခိုက်ကြတာပါ။ ပြီးတာနဲ့ အင်းအားစု အသီးသီးက မျိုးဆက်တွေကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး ထိုအင်းအားစု အသီးသီးကို ဝင်မပါဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဆေးဘုရင်တောင်ကြား တစ်ခုလုံး အောက်စည်း ရောက်သွားခဲ့ရတာပါ။

ဒီတစ်ကြိမ် တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်က ဆေးဘုရင်တောင်ကြားကို ဖျက်စီးဖို့ မဟုတ်ပဲ ဆေးပညာရှင်တွေကို ဖမ်းဆီးဖို့ပါ။ ဆေးဘုရင်တောင်ကြားက တပည့်တွေ ဖြစ်စေ၊ အခြားအင်အားစုတွေက ဆေးပညာရှင်တွေ ဖြစ်စေ၊ သူတို့လိုချင်တာ ဆေးပညာရှင်တွေပါ။ ဆေးပညာရှင်တွေ ဆိုတာနဲ့ ဘယ်အင်းအားစုဖြစ်လို့ဆိုပြီး ဂရုစိုက်နေမှာ မဟုတ်ပါဘူး။

သူတို့က ဆေးသူတော်စင်ရုပ်ထုကိုတောင် သယ်သွားချင်ခဲ့တာပါ။ ဒါပေမယ့် ဆေးသူတော်စင်ရုပ်ထုက အရမ်းကို ကြီးမားတဲ့အပြင် ဆေးရေကန်ကို စောင့်ကြပ်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူတွေကလည်း ဆေးသူတော်စင်ရုပ်ထုကို အသည်းအသန် မရမက ကာကွယ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ဖွဲ့သာ တိုက်ခိုက်နေရင်း ဆေးသူတော်စင်ရုပ်ထုက မတော်တဆ ပျက်စီးသွားခဲ့ပါတယ်။

တိမ်တိုက်မိစ္ဆာကျွန်းက ဆေးဘုရင်တောင်ကြားကို ဖိနှိပ်နိုင်ဖို့ ရနိုင်သမျှ နည်းလမ်း မျိုးစုံကို အသုံးပြုခဲ့ပါတယ်။ တိမ်ဖုံးတောင်ထွတ် အတွက်တော့ မန်ဝူရသာ မရှိခဲ့ရင် ရှောင်ဖူချန်းလည်း အဖမ်းခံရပြီး လောက်ပါပြီ။ ဒါပေမယ့် တိမ်တိုက်မိစ္ဆာကျွန်းထဲရှိ အင်အားစုတွေက အချင်းချင်း မတည့်ကြပါဘူး။ ပြီးတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြဲတမ်းလိုလို ရန်စောင်နေကြတာပါ။ သူတို့ဘာလို့ ဒီလောက် ဆေးပညာရှင် အများကို ဖမ်းဆီးချင်နေရတာလဲ ဆိုတာကတော့ ဆန်းကြယ်မှု တစ်ခု ဖြစ်နေတုန်းပါပဲ။

ကောင်းကင်ပေါ်က တိုက်ပွဲက တကယ်ကို ပြင်းထန်လွန်းပါတယ်။ မန်ဝူရက ခြောက်ယောက်တစ်ယောက် တိုက်ခိုက်နေရပေမယ့် အားကုန်ထုတ်သုံးကာ မတိုက်ခိုက်သေးပါဘူး။

“တိုက်ပွဲပုံစံ” အနက်ရောင်ဆံပင်နဲ့ လူအိုကြီးတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်တယ်။

ထိုအော်သံကို ကြားလိုက်တာနဲ့ မိစ္ဆာကျင့်ကြံသူ ခြောက်ယောက်စလုံး တကွဲတပြား ဖြစ်သွားခဲ့ပြီး ဆန်းကြယ်တဲ့ စိတ်ဝိဥာဉ်အစီအရင် တစ်ခုပုံစံအတိုင်း စီတန်းလိုက်ကြကာ မန်ဝူရကို ဝိုင်းဝန်းတိုက်ခိုက် လိုက်ကြပါတယ်။ မန်ဝူရ၏ အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့ရပါပြီ။

သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်နေစဉ်မှာပဲ မိစ္ဆာကျင့်ကြံသူ ခြောက်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး သူတို့ထဲက တစ်ယောက်က အစီအရင်ကို ဖောက်ပြီး တိမ်ဖုံးတောင်ထွတ်ဆီ ပြေးထွက်သွားလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကျန်တဲ့ မိစ္ဆာကျင့်ကြံသူ ငါးယောက်ကတည်း မန်ဝူရကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြပါတယ်။

“မင်းလုပ်ရဲတယ်လား” မန်ဝူရက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မြေကမ္ဘာတုန်လောက်မယ့် တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်ပြီး မိစ္ဆာကျင့်ကြံသူ ငါးယောက်စလုံးကို နောက်ဆုတ် သွားစေလိုက်ပါတယ်။ ပြီးတာနဲ့ တိမ်ဖုံးတောင်ထွတ်ဆီ ပြေးသွားတဲ့ မိစ္ဆာကျင့်ကြံသူဆီ လက်ဝါးတစ်ချက် ရိုက်ချလိုက်ပါတယ်။

ဆွေးမြေ့ခြင်း ကောင်းကင်လက်ဝါးချက် ဆန်းကြယ်အထွတ်အထိပ်အဆင့် သိုင်းပညာရပ်တစ်ခုပါ။

မြန်ဆန်ပြီး မမြင်နိုင်တဲ့ လက်ဝါးချက်တစ်ချက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မိစ္ဆာတိမ်တိုက်ကျွန်းက ကျင့်ကြံသူဆီ တိုးဝင်သွားခဲ့တယ်။ ထိုကျင့်ကြံသူလည်း အန္တရာယ်ကို ခံစားမိလိုက်တာနဲ့ ချက်ချင်းပဲ အလျင်စလို ရှောင်တိမ်း လိုက်ပါတယ်။

ထိုလက်ဝါးက မိစ္ဆာကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို ပွတ်ကာသီကာလေး ရှပ်ထိသွားခဲ့ပါတယ်။ လက်ဝါးချက် ရှပ်ထိသွားတဲ့ ကျင့်ကြံသူရဲ့ လက်မောင်းက အကြောသေသလို ဖြစ်သွားပြီး သိပ်မကြာခင်မှာပဲ လက်မောင်းတစ်ခုလုံးက သစ်ပင်ခြောက်တစ်ပင်လို မြန်ဆန်စွာ ဆွေးမြေ့သွားခဲ့ပါတယ်။

မိစ္ဆာကျင့်ကြံသူရဲ့ မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေခဲ့ပြီး သူ့ရဲ့ကုသခြင်း ပညာရပ်ကို ချက်ချင်းပဲ လှည့်ပတ်လိုက်ပါတယ်။ လက်ဝါးချက်က သူ့ကို ရှပ်ထိသွားတာပဲ ကံကောင်းသွားပါတယ်။ ထို့ကြောင့်ပဲ ဆွေးမြေ့တိုက်စားခြင်း စွမ်းအင်တွေကို ခုခံနိုင်ခဲ့ပြီး သူ့လက်မောင်းကို အကောင်းအတိုင်း ဖြစ်အောင် ပြန်လည်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ရက်ရက်စက်စက် ရယ်မောလိုက်ရင်း မိစ္ဆာကျင့်ကြံသူ တိမ်ဖုံးတောင်ထွတ်ဆီ နောက်တစ်ကြိမ် ပြေးဝင်သွာလိုက်ပါတယ်။ ထိုပြေးဝင်လာတဲ့ မိစ္ဆာကျင့်ကြံသူကို မြင်လိုက်တာနဲ့ ရန်ကိုင်နဲ့ ကျန်တဲ့လူတွေအားလုံး သူတို့ရဲ့ အစစ်အမှန်ချီကို ရူးသွပ်စွာ လှည့်ပတ်လိုက်ကြတယ်။

တောင်ထိပ်ပေါ်မှာ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ဆိုလို့ ရှောင်ဖူချန်း တစ်ယောက်ပဲ ရှိပါတယ်။ ဒါပေမယ့် သူက မတိုက်ခိုက်နိုင်ပါဘူး။ ထိုမိစ္ဆာကျင့်ကြံသူက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ ကျင့်ကြံသူဆိုရင်တောင် သူတို့အားလုံးကို သတ်ပစ်ဖို့ဆိုတာကတော့ လုံလောက်တာထက်ကို ပိုနေပါပြီ။

ထိုမိစ္ဆာကျင့်ကြံသူက တောင်ထိပ်ပေါ် ရောက်လာတာနဲ့ ဆိုးယုတ်တဲ့ အပြုံးတစ်ခုက သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့ပြီး “ရှောင်ဖူချန်း၊ မင်းမသေချင်ရင် ခုခံမနေနဲံတော့။ ဒီလူအိုကြီးက မင်းကို ငါတို့ရဲ့ ထွတ်မြတ်နယ်မြေဆီပဲ ဖိတ်ခေါ်ချင်တာ။ အဲ့အတွက်နဲ့ စိတ်ဆိုးနေဖို့ မလိုဘူးမလား”

ဒါပေမယ့် လူအိုကြီးရှောင်ရဲ့ အမူအရာကတော့ ပြောင်းလဲသွားခြင်းမရှိပဲ ဘာမှ မထူးခြားသလိုသာ ရှိနေခဲ့ပါတယ်။

လူကြီးက ဒေါ်လေးရှန်နဲ့ ဒေါ်လေးလန်ကို ကြည့်လိုက်တယ်။ ထို့နောက် ရှနင်းချန်နဲ့ ဒေါင်ချင်းယန်ဆီ အကြည့်ပြောင်းလိုက်ပြီး သူ့နှုတ်ခမ်းကို သပ်လိုက်ကာ မိစ္ဆာအပြုံး ပြုံးလိုက်ရင်း ပြောလိုက်တယ် “အရသာရှိတဲ့ အလှလေးတွေ စုဝေးနေတာပဲ… ကံမကောင်းစွာနဲ့ပဲ ဒီနေ့ ဒီလူအိုကြီးမှာ အရေးကြီးတဲ့ တာဝန်ရှိနေတော့ နောက်တစ်ကြိမ်မှာ တူတူ ပျော်ပါးကြတာပေါ့”

ပြောပြီးတာနဲ့ ရှောင်ဖူးချန်ကို လှမ်းဖမ်းဆွဲလိုက်ပါတယ်။ ရှောင်ဖူချန်းကတော့ နှာခေါင်းသာရှုံ့လိုက်ပြီး သူ့လက်ဝါးနဲ့ တန်ပြန်ရိုက်ချလိုက်ပါတယ်။ မိစ္ဆာကျင့်ကြံသူက အထင်အမြင် သေးစွာဖြင့် လှောင်ပြောင်လိုက်ပြီး ရှောင်ဖူချန်း၏ သိုင်းပညာရပ်ကို သူ့လက်ချောင်းတွေနဲ့ ဖျက်စီးလိုက်ပြီး ရှောင်ဖူချန်း၏ ပုခုံးကို ဆက်ပြီး ဖမ်းဆွဲလိုက်ပါတယ်။

အဲ့အချိန်မှာပဲ ရန်ကိုင်၊ ရှနင်းချန်နှင့် ဒေါင်ချင်းယန်တို့က တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ပါတယ်။ သူတို့သုံးယောက်တွေက ဂျူနီယာတွေပဲ ဆိုပေမယ့် သူတို့ရဲ့ ခွန်အားအပြည့်အဝကို အတူတကွ ထုတ်ဖော်လိုက်တဲ့ အချိန်မှာတော့ မိစ္ဆာကျင့်ကြံသူ၏ အမူအရာ ပြောင်းလဲသွားခဲ့ရပါတယ်။ အထူးသဖြင့် ရန်ကိုင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့် အချိန်မှာပါ။ လုံးဝကို သန့်စင်သည့် အစစ်အမှန်ချီတို့ဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးချက် ရိုက်တာကို ခံလိုက်ရပါကာ ဒဏ်ရာမရပဲ နေလိမ့်မည် မဟုတ်ပါဘူး။

သူ့လက်ကို ခပ်မြန်မြန်ပဲ ပြန်ရုတ်လိုက်ပြီး ထိုတိုက်ခိုက်မှုကို သုံးခုကို အလျင်အမြန် ချေဖျက်လိုက်ကာ တန်ပြန်တိုက်ခိုက်လိုက်ပါတယ် “ထွက်သွားစမ်း၊ ဒီလူအိုကြီးမှာ မင်းတို့နဲ့ ကစားဖို့ အချိန်မရှိဘူး”

ဒါပေမယ့် သူ့အသံ မပျောက်ကွယ် သေးခင်မှာပဲ သေးသွယ်တဲ့ လက်ဝါးနှစ်ဖက်က သူ့ဆီတည့်တည့် ကျလာခဲ့ပါတယ်။ ကမ္ဘာချီစွမ်းအင်တွေ လှည့်ပတ်လာခဲ့ပြီး ပတ်ဝန်းကျင် လေထုတစ်ခုလုံးက မရေမတွက်နိုင်တဲ့ ပွင့်ချပ်တွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။ ကောင်းကင်တစ်ခုလုံး ကွဲထွက်သွားပြီး ပန်းပွင့်မိုးရွာချလာသည့် အလား တကယ်ကို ရင်သက်ရှုမောဖွယ် ကောင်းလှပါတယ်။

ထိုမမျှော်လင့်ထားသည့် အဖြစ်အပျက်ကြောင့် ရန်ကိုင်၊ ရှနင်းချန်နှင့် ဒေါင်ချင်းယန်တို့ အကုန်လုံး ကြောင်သွားခဲ့ရတယ်။ ပန်းမိုးထဲမှာတော့ ဒေါ်လေးလန်နှင့် ဒေါ်လေးရှန်တို့၏ ပုံရိပ်နှစ်ခု လက်သွားခဲ့တယ်။ ချက်ချင်းပဲ သူတို့နှစ်ယောက်က တိမ်မိစ္ဆကျွန်းက မိစ္ဆာကျင့်ကြံသူရဲ့ ဘေးနားသို့ ရောက်ရှိလာခဲ့ပါတယ်။

သူမတို့ လှုပ်ရှားမှုတွေက လျင်မြန်ပြီး ပုံရိပ်ယောင်တွေလို ဖြစ်နေခဲ့သလို သူမတို့ ကျော့ရှင်း ကျက်သရေရှိလှသည့် ခန္ဓာကိုယ် နှစ်စုံဟာလည်း တလက်လက် လှုပ်ရှားနေသည့် ပွင့်ချပ်တွေနဲ့အတူ ယိမ်းနွဲ့ကကြိုးဆင်နေခဲ့ပါတယ်။

“မင်း…” မိစ္ဆာကျင့်ကြံသူ အံ့ဩသွားခဲ့ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သဖြင့် ပွင့်ချပ်အနည်းငယ်ကို မျိုချမိသွားခဲ့တယ်။ သူ့ခန္ဓာကိုယ်က ချက်ချင်း အားနည်းလာခဲ့ပြီး “မင်းဘယ်လိုလုပ်ပြီး ဒီလိုပညာရပ်ကို ပိုင်ဆိုင်ထားလဲ”

ဟန့်… ရှောင်ဖူချန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “မင်းက ရောက်လာပြီးမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့တော့”

“ထောင်ချောက်ပဲ” မိစ္ဆာကျင့်ကြံသူက အော်ကြွေးလိုက်တယ်။ ဒေါ်လေးရှန် ဖြစ်စေ၊ ဒေါ်လေးလန်ဖြစ်စေ သူတို့အခုလက်ရှိ ပြသနေတဲ့ ခွန်အားက မိစ္ဆာကျင့်ကြံသူအောက် မနိမ့်ကျပါဘူး။ ထို့ကြောင့် ထိုနှစ်ယောက်ပေါင်း တိုက်ခိုက်မှုနှင့် ရှောင်ဖူချန်း၏ မျက်စိဒေါက်ထောက် ကြည့်နေသည့် အကြည့်အောက်မှ သူဘယ်လိုလုပ်ပြီး ထွက်ပြေးရမှာလဲ။

အမျိုးသမီး နှစ်ယောက် တိတ်ဆိတ်စွာနဲ့ မိစ္ဆာကျင့်ကြံသူကို အေးစက်စွာနဲ့ စိုက်ကြည့်နေလိုက်ပါတယ်။ ဒေါ်လေးရှန်က သူမလက်ကို ဝှေ့ရမ်းလိုက်ပြီး ကျဆင်းလာတဲ့ ပွင့်ချပ်တွေကို သူမလက်ချောင်းထိပ်မှ တစ်ဆင့် မိစ္ဆာကျင့်ကြံသူဆီ ပစ်လွှတ်လိုက်တယ်။

ရွှတ်… ထိုပေါ့ပါးပြီး ပျက်စီးလွယ်ဟန် ပေါက်သည့် ပွင့်ချပ်တွေက မိစ္ဆာကျင့်ကြံသူ၏ ပုခုံးကို ထိုးဖောက်သွားခဲ့တယ်။ ဒေါ်လေးလန်က သူမလက်ကို ဝှေ့ရမ်းလိုက်သည့် အချိန်တွင် လေးပတ်လည်ရှိ ပွင့်ချပ်တွေ အားလုံးက စုဝေးလာခဲ့ပြီး မိစ္ဆာကျင့်ကြံသူကို ဖုံးလွှမ်းသွားခဲ့တယ်။

အဆက်မပြတ် အော်ဟစ်သံတို့ ထွက်ပေါ်နေခဲ့ပါတယ်။ နောက်ဆုံး ပွင့်ချပ်လေပွေ ပျောက်ကွယ်သွားသည့် အချိန်မှပဲ မိစ္ဆာကျင့်ကြံသူ ပြန်ပေါ်လာခဲ့တယ်။ သူ့အဝတ်အစားတွေက စုတ်ပြဲနေခဲ့ပြီး သူ့တစ်ကိုယ်လုံးကလည်း သွေးတို့ဖြင့် ရဲရဲနီနေခဲ့ကာ သူ့ပုံစံက လူရုပ်ပင် မပေါက်တော့ပါဘူး။

ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့ ဂျူနီယာသုံးယောက်စလုံးရဲ့ မျက်နှာတွေကတော့ အံ့အားသင့်မှုတွေနဲ့ ပြည့်လို့ပေါ့။ အထူးသဖြင့် ရန်ကိုင်နဲ့ ဒေါင်ချင်းယန်တို့ နှစ်ယောက်ရဲ့ မျက်နှာတွေပေါ့။ သူတို့နှစ်ယောက် ဒေါ်လေးလန်နဲ့ ဒေါ်လေးရှန်တို့နဲ့ အတူနေလာခဲ့တာ ရှနင်းချန်နေခဲ့တာထက် ပိုကြာခဲ့ပါတယ်။ ဒါပေမယ့် သူမတို့ နှစ်ယောက်က ကျင့်ကြံသူတွေ ဖြစ်မှန်း သူတို့နည်းနည်းလေးတောင် သတိမပြုမိခဲ့ပါဘူး။

အပြင်ကမ္ဘာပျံနေတာကတော့ တိမ်ဖုံးတောင်ထွတ်မှာ ရှောင်ဖူချန်းအပြင် သာမန်အစေခံ နှစ်ယောက်ပဲ ရှိပါတယ်။ လူများစွာ ထိုအစေခံနှစ်ယောက်ရဲ့ နာမည်ကို မသိကြပါဘူး။ ဒါပေမယ့် အခုတော့ ထိုသာမန်အစေခံ နှစ်ယောက်က သူတို့ထင်ထားသလို မဟုတ်ပဲ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ ကျင့်ကြံသူတွေ ဖြစ်နေခဲ့ပါတယ်။

ထိုရုတ်တရက်ကြီး ပြောင်းလဲသွားမှုက တကယ်ကို ကြီးမားပါတယ်။ သူမရှေ့မှာ ရပ်နေတဲ့ လူနှစ်ယောက်က နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ ဒေါ်လေးလန်နဲ့ ဒေါ်လေးရှန်တို့ဆိုတာကို ဒေါင်ချင်းယန်အဖို့ မယုံကြည်နိုင် ဖြစ်နေခဲ့ရပါတယ်။ လူအိုကြီးရှောင်က ဘာလို့ စိတ်ပြေလက်ပြေနဲ့ ထိုင်နေရဲလဲ ဆိုတာကို အခုမှပဲ ရန်ကိုင် နားလည်သွားတော့တယ်။ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ ကျင့်ကြံသူနှစ်ယောက်က သူ့ကို ကာကွယ်ပေးနေတာကိုး။

ဒေါ်လေးလန်၊ ဒေါ်လေးရှန်နှင့် မိစ္ဆာကျင့်ကြံသူကြားက တိုက်ပွဲက ပိုကြာလေ မိစ္ဆာကျင့်ကြံသူက ခုခံနိုင်စွမ်း ပိုကင်းမဲ့လာလေ ဖြစ်နေခဲ့ပါတယ်။ ပွင့်ချပ်မိုးအောက်မှာတော့ အမျိုးသမီး နှစ်ယောက်ရဲ့ ပုံရိပ်က အရှေ့အနောက် စုံချည်ဆန်ချည် ရွေ့လျားနေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ နာကျင်စွာ အော်ဟစ်သံ တစ်သံ အဝေးတစ်နေရာကနေ ထွက်ပေါ်လာခဲ့တယ်။

ထိုအသံကို ကြားလိုက်တာနဲ့ မန်ဝူရနဲ့ တိုက်ခိုက်နေတဲ့ မိစ္ဆာကျင့်ကြံသူ ငါးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး တိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်ကာ တိုက်ပွဲပုံစံကို စွန့်ပြီး ထွက်ပြေးကြပါတော့တယ်။ မန်ဝူရကတော့ သူတို့နောက်ကို လိုက်မဖမ်းခဲ့ပါဘူး။ အဲ့အစား လေထဲမှာ ရပ်နေရင်း ဆူပွက်နေတဲ့ သူ့သွေးတွေကို တည်ငြိမ်အောင် လုပ်နေခဲ့တယ်။

တိမ်ဖုံးတောင်ထွတ်မှာ ရှိနေတဲ့ အင်မော်တယ်တက်လှမ်းခြင်းအဆင့် မိစ္ဆာကျင့်ကြံသူက သူ့အဖော်တွေ ထွက်ပြေးသွားတာကို မြင်လိုက်တာနဲ့ သူ့မှာ လွတ်မြောက်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတာကို နားလည်လိုက်တယ်။ ထို့နောက် ရယ်မောလိုက်ပြီး နောက်တစ်ခဏအတွင်းမှာတော့ သူ့ကိုယ်ကို ဝန်းရံနေတဲ့ မိစ္ဆာချီတွေက ပိုပြီးသိပ်သည်းလာခဲ့တယ်။

“သူ့ကို တားကြ” ရှောင်ဖူးချန်၏ ထီမထင်တဲ့ အမူအရာက ချက်ချင်းပဲ ပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့် အရမ်းနောက်ကျသွားခဲ့ပါပြီ။ ဒေါ်လေးရှန်နှင့် ဒေါ်လေးလန်တို့ မိစ္ဆာကျင့်ကြံကို မဖိနှိပ်ရသေးခင်မှာပဲ ထိုမိစ္ဆာကျင့်ကြံသူကို ဝန်းရံနေတဲ့ မိစ္ဆာချီတွေက တစ်မုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကလည်း ရုတ်တရက် လေးလံနှေးကွေးလာခဲ့တယ်။

သူ့သွေးကြောတွေကို တကယ်ပဲ သူကိုယ်တိုင် ပြန်ဖျက်စီးခဲ့ပါတယ်။

“ဟဲဟဲ…” မသေခင်မှာ ထိုမိစ္ဆာကျင့်ကြံသူ ထူးဆန်းတဲ့ အပြံးပြုံးရင်း လူအုပ်ကြီးကို အထင်တသေး ကြည့်လိုက်ပြီး “နတ်ဆိုးအရှင်သခင် ပြန်လာပြီ။ မင်းတို့ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ငါတို့ တိမ်မိစ္ဆာကျွန်းကိုသာ အညံခံလိုက်စမ်းပါ။ အဲ့လိုဆိုရင်တော့ မင်းတို့ အသက်ရှင်နိုင်ကောင်း ရှင်နိုင်လိမ့်မယ်”

ပြောပြီးတာနဲ့ မြေကြီးပေါ်ကို လဲပြိုကျသွားပါတော့တယ်။ ရှောင်ဖူချန်း၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ် “နတ်ဆိုးအရှင်သခင်…”

All Chapters