ကောင်းကင်ဓားဖြင့် မိစ္ဆာဓားမကို ချုပ်နှောင်ခြင်း (၂)
Vol. 17 Ch. 245
~လူအုပ်ကြီး၏ အာရုံစိုက်မှုအောက်တွင်၊
ဓားမမိစ္ဆာသည် အစစ်အမှန်သိုင်း ဓားကျောက်စာတိုင် ရှေ့တွင် တိတ်ဆိတ်နေခဲ့၏။
“ဓားမမိစ္ဆာက ဘာလုပ်နေတာလဲ။ ဘာလို့ အခုထိ စိန်မခေါ်သေးတာလဲ”
များစွာသော လူတို့သည် စိတ်ထဲမှ တီးတိုး ရေရွတ်နေကြတော့သည်။
သို့သော် နေကို လိုက်သော ဓားဘုရင် ကဲ့သို့သော ပုဂ္ဂိုလ်များကမူ တစ်စုံတစ်ခုကို အာရုံခံစားမိလိုက်သဖြင့် သေချာ မဆုံးဖြတ်နိုင် ဖြစ်နေကြ၏။ သူတို့၏ မျက်ဝန်းနက်များထဲတွင် ထိတ်လန့်မှုများ တဖြည်းဖြည်း မြင့်တက်လာနေသည်လေ။
ဆွေးနွေးသံများအကြား၌၊
အစွမ်းထက်သော မိစ္ဆာဆန်သည့် ဓားစိတ်ဆန္ဒ တစ်ခုသည် ဓားမမိစ္ဆာထံမှ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လေနှင့် တိမ်တိုက်များကို မွှေနှောက်လိုက်တော့၏။
ထိုဓားစိတ်ဆန္ဒသည် ဓားကျောက်စာတိုင်ကို လွှမ်းခြုံထားပြီး တောင်များနှင့် မြစ်များကိုပါ လွှမ်းမိုးထားသကဲ့သို့ ထင်ရသော်လည်း၊ အမြဲတမ်း ဓားကျောက်စာတိုင်အောက် တစ်ဆင့် နိမ့်နေသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေသည်။
ယခုတစ်ကြိမ်တွင်၊
ကျင့်ကြံမှု အဆင့်နိမ့်သူများပင် တစ်စုံတစ်ခု လွဲမှားနေကြောင်းကို ဝိုးတဝါး အာရုံခံစားမိလိုက်ကြ၏။
ကျယ်ပြော ပင်လယ် ဓားဂိုဏ်းမှ လူများသည် မယုံနိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။
“စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က တကယ်ပဲ အဲ့ဒီအဆင့်ကို ရောက်သွားပြီလား”
ကျယ်ပြော ပင်လယ် ဓားဂိုဏ်းခေါင်းဆောင်သည် ကျယ်ပြော ပင်လယ် ပုလဲကျွန်းမှ မထွက်ခွာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ဓားမမိစ္ဆာ၏ စိန်ခေါ်မှုကြောင့်သာ မဟုတ်လျှင် သူ အစစ်အမှန်သိုင်းတောင်သို့ လာဖြစ်မည် မဟုတ်ပါ။
စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ အမည်နာမကို ကြားဖူးသော်လည်း ဤမျှ တိုက်ရိုက် ခံစားလိုက်ရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
လူအုပ်ကြီး၏ နှလုံးသားများ တုန်လှုပ်သွားကြ၏။
ဓားမမိစ္ဆာသည် လေထဲတွင် ရပ်တန့်နေပြီး သူ့ပတ်ပတ်လည်၌၊ ပြင်းထန်သော လေပြင်းများ တဝီဝီ တိုက်ခတ်နေသည်။ သူက မော့ကြည့်လိုက်ပြီး ဟိန်းဟောက်လိုက်တော့၏။
“စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်... ကျေးဇူးပြုပြီး ကျုပ်ကို ဉာဏ်အလင်း ပေးပါ”
သူ၏ နက်မှောင်သော မျက်ဝန်းများမှတစ်ဆင့် မယုံနိုင်စရာ ကောင်းသော တိုက်ခိုက်လိုစိတ်နှင့် ပြင်းပြသော မျှော်လင့်ချက်များကို လူတိုင်း ခံစားလိုက်ရသည်။
လူတိုင်း အသက်ရှူ ရပ်တန့်သွားကြ၏။ ဓားမမိစ္ဆာ၏ သဘောထား ပြောင်းလဲသွားသည်ကို သတိထားမိလိုက်ကြသည်လေ။
ယခင် တိုက်ပွဲ တစ်ဒါဇင်ကျော်တွင် သူသည် တိုက်ပွဲမစမီ မည်သည့်အခါမျှ စကားမပြောခဲ့ပေ။ သို့သော် ယခု သူက 'ဉာဏ်အလင်း ပေးပါ' ဟု ပြောလိုက်ခြင်းသည် အဓိပ္ပာယ်များစွာ သက်ရောက်နေသည် မဟုတ်ပါလား။
လူတိုင်းက အစစ်အမှန်သိုင်းဂိုဏ်း၏ နောက်ဘက်သို့ မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် ထိုနေရာတွင် တံခါးပိတ် ကျင့်ကြံနေကြောင်း လူတိုင်း သိထားကြသည်လေ။
နင်ချီ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။
သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့် အဝေးမှ တိုက်ခိုက်လျှင်ပင် သတိမပြုမိဘဲ ဓားမမိစ္ဆာကို အနိုင်ယူရန် မခက်ခဲလှပေ။
သို့သော် သူ သိပ်ပြီး မကြွားဝါချင်ပါ။
သူ့စိတ်အလိုအရ ဝတ်ရုံနက်နှင့် ပုံသဏ္ဌာန်တစ်ခုသည် အစစ်အမှန်သိုင်းတောင်၏ နောက်ဘက်မှ ပျံတက်လာခဲ့သည်။
ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ရောက်ရှိပြီးနောက် ပုံသဏ္ဌာန်မဲ့ ကိုယ်အကာအကွယ် နည်းစနစ်ကို ထပ်မံ အဆင့်မြှင့်တင်ထားပြီး ဖြစ်ရာ၊ နင်ချီ၏ စွမ်းအား ၇၀ မှ ၈၀ ရာခိုင်နှုန်းကို အလွယ်တကူ ထုတ်သုံးနိုင်လေသည်။ ထိန်းချုပ်နိုင်သော အကွာအဝေးကလည်း ပိုဝေးလာပြီး ကိုယ်ပွားသည် ပိုမို သွက်လက် လှုပ်ရှားနိုင်၏။ သို့သော် ဤအခိုက်တွင် ဝတ်ရုံနက်နှင့် အဘိုးအို၏ မျက်နှာအမူအရာကတော့ ယခင်အတိုင်း အေးစက်ပြီး ခံစားချက် ကင်းမဲ့နေဆဲပင်။
လူအများစုသည် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ ပုံပန်းသဏ္ဌာန် အစစ်အမှန်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသဖြင့် တိုးတိုးတိတ်တိတ် အာမေဋိတ် ပြုနေကြတော့သည်။
ဤအချိန်တွင်၊
ဓားမမိစ္ဆာနှင့် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်တို့ မျက်နှာချင်းဆိုင် ရပ်နေကြ၏။ မမြင်နိုင်သော အရှိန်အဝါ တစ်ခုသည် တောင်များကို ရိုက်ခတ်သော လှိုင်းလုံးများကဲ့သို့ လွင့်ပျံထွက်လာသည်။
မိန်းမော တွေဝေဖွယ်ရာ အခြေအနေတစ်ခုတွင် ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံကြီးတစ်ခု လေဟာနယ်ထဲတွင် ပဲ့တင်ထပ်နေသကဲ့သို့ပင်။
စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ ဘေးတွင် ဓားစိတ်ဆန္ဒ အမျှင်တန်းများ လွင့်မျောနေ၏။
ထိုအခိုက်အတန့်တွင်၊ ပြိုင်ဘက်ကင်း ဓားသိုင်းသမား အားလုံး မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကြပြီး သိမ်မွေ့သော သဲလွန်စအချို့ကို ရှာဖွေ တွေ့ရှိလိုက်ကြသည်။
ပုံမှန်အားဖြင့် စကားနည်းသော ဓားမမိစ္ဆာသည် ရုတ်တရက် စကားများသူ တစ်ဦး ဖြစ်လာသကဲ့သို့ပင် ကောင်းကင်သို့ မော့ကြည့်ကာ အားရပါးရ ရယ်မောလိုက်တော့၏။
“ကောင်းတယ်... ခင်ဗျားကို နောက်ဆုံးမှ ရင်ဆိုင်ရတာ ဝမ်းသာတယ်။ ခင်ဗျား ကျုပ်ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူးပဲ”
သို့သော် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်ကတော့ ယခင်အတိုင်း ဂရုမစိုက်ဘဲ တိတ်ဆိတ်နေဆဲပင်။
ဓားမမိစ္ဆာ၏ စကားလုံးများ၏ အဓိပ္ပာယ်ကို လူတိုင်း စဉ်းစားနေကြသည်။
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဓားမ စိတ်ဆန္ဒ တစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်ကို သူတို့ မြင်လိုက်ရသည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို စုစည်းပြီး မိစ္ဆာစွမ်းအားများ ပြည့်နှက်နေသော မမြင်နိုင်သော လေပွေများအဖြစ် လေဟာနယ်အတွင်း လိမ်တွန့်သွားစေ၏။ ဤသည်မှာ ဓားမမိစ္ဆာ၏ နာမည်ကျော် သုံးပါးပေါင်းစည်း မိစ္ဆာဓားမ ပင် ဖြစ်လေသည်။
“လူသား မိစ္ဆာ ဓားမ..” အေးစက်သော စကားသံများ လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွား၏။
ဓားမမိစ္ဆာသည် သူ၏ လက်နက်နှင့် ပေါင်းစည်းသွားပြီး မိစ္ဆာဓားမ တစ်လက် ဖြစ်သွားတော့သည်။
အရာရာကို ဝါးမြိုမည့် မိစ္ဆာသဘာဝကို သယ်ဆောင်လျက် အနက်ရောင် မိစ္ဆာဓားမကြီးသည် လေဟာနယ်ကို ခွဲစိတ်တော့မည့်အလား အပေါ်သို့ ပင့်ပိုင်းလိုက်တော့သည်။
အင်အားကြီး ပုဂ္ဂိုလ်များစွာတို့၏ နှလုံးသားများ တုန်လှုပ်သွားကြ၏။ များစွာသော သူတို့သည် ဓားမမိစ္ဆာ၏ ဤဓားချက်ကို ရင်ဆိုင်ရန်ပင် မထိုက်တန်ကြပေ။
နတ်ဘုရားလေ ဓားမအရှင် ကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများပင် ဤဓားချက်အောက်တွင် ရှုံးနိမ့်ခဲ့ရဖူးသည်။ ယခု ဓားမမိစ္ဆာသည် ၎င်းကို တိုက်ရိုက် ထုတ်သုံးလိုက်ပြီ ဖြစ်ရာ နေကို လိုက်သော ဓားဘုရင် နှင့် တိုက်ခိုက်စဉ်ကထက် များစွာ ပိုမို ပြင်းထန်နေတော့သည်။
နေကို လိုက်သော ဓားဘုရင် က မျက်လုံးများကို မှေးစင်းလိုက်၏။ ထိုစဉ်က သူသည် သူ၏ မဟာနေမင်း ဓားစိတ်ဆန္ဒကို အကုန်ထုတ်သုံးပြီးမှသာ ဤဓားချက်ကို မရှုံးနိမ့်အောင် ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် မည်သို့ တုံ့ပြန်မည်ကို သူ အလွန် သိချင်နေတော့သည်။
သို့သော် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က လက်ကို နောက်ပစ်လျက် ရပ်နေဆဲပင်။
သူ၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိဘဲ လက်ချောင်း တစ်ချောင်းကိုသာ ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ အဆုံးမဲ့ လေဟာနယ်သည် ဓားစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွား၏။
တစ်ခဏအတွင်းမှာပင် သာမန်ဟု ထင်ရသော်လည်း သေချာကြည့်လျှင် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဓား တစ်လက် စုစည်းလာသည်။ အချို့က ၎င်း၏ အစွန်းရောက် ထက်ရှမှုကို မြင်ကြပြီး၊ အချို့က မြစ်များကဲ့သို့ အဆုံးမရှိ စီးဆင်းမှုကို မြင်ကြကာ၊ အချို့ကမူ ကောင်းကင်မိုးကြိုးကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စွမ်းအားကို မြင်ကြလေ၏။
ဖြစ်ရပ်ဆန်းကြယ် အဖြာဖြာကို ဖော်ပြနေသော ကောင်းကင်ဓား တစ်လက်ပင်။
နင်ချီက ခပ်ပါးပါး ရယ်လိုက်သည်။
ထိုအခိုက်အတန့်တွင်၊ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က လက်ချောင်းကို မြှောက်လိုက်သည်နှင့် ကောင်းကင်ဓားသည် ပြိုကျလာတော့၏။
ကိုးထပ် ကောင်းကင်ဘုံ နန်းတော်မှ သူတော်စင် တစ်ပါး အမျက်ထွက်၍ ဒဏ်ခတ်လိုက်သကဲ့သို့ပင်။
လူတိုင်း၏ မျက်လုံးထဲတွင် ထင်ဟပ်နေသည်မှာ အပေါ်သို့ ထိုးတက်လာသော မိစ္ဆာဓားမကြီးသည် ဘာမျှ မရှိသည့် အခြေအနေသို့ ရောက်သွားကာ ကြေမွ ပျက်စီးသွားသည့် မြင်ကွင်းပင် ဖြစ်လေသည်။
ကောင်းကင်ဓားသည် ပြိုကျလာ၏။
ပြီးနောက် ဓားမမိစ္ဆာ၏ ရှေ့ သုံးပေအကွာတွင် ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားတော့သည်။
ထို့နောက်၊ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ ဂရုမစိုက်သော စကားသံ ပဲ့တင်ထပ်လာ၏။
“မင်းရဲ့ အပြင်းထန်ဆုံး နည်းစနစ်ကို ထုတ်သုံးလိုက်စမ်းပါ”
လူတိုင်း အံ့အားသင့်သွားကြ၏။
ဒီ ဓားကွက် တစ်ကွက်တည်းနဲ့တင် အနိုင်အရှုံးက ရှင်းလင်းသွားခဲ့ပြီလေ။
နေကို လိုက်သော ဓားဘုရင် ၏ စိတ်ခံစားချက်များ လှုပ်ရှားသွားသည်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း သူ တုန်လှုပ်နေဆဲပင်။ သူ ခက်ခဲစွာ ပြောလိုက်၏။
“ဓားလမ်းစဉ်ရဲ့ အမြင့်ဆုံး နယ်ပယ်... အရာအားလုံးဟာ ဓား ဖြစ်နိုင်တယ်ဆိုတာ ဒါကိုး...”
သူသာမက ကောင်းကင်ဘုံလူသား အဆင့်စာရင်းရှိ ပြိုင်ဘက်ကင်း အင်အားကြီး ပုဂ္ဂိုလ်များစွာလည်း မြင်တွေ့လိုက်ကြရသည်။ သူတို့၏ ရင်ထဲတွင် လှိုင်းတံပိုးများ ထသွား၏။
စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က ဒီလို နယ်ပယ်မျိုးကို အမှန်တကယ် ရောက်ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ရှေးခေတ်က ပြောစကားများအရ ဆိုလျှင် ဒါက သိုင်းသူတော်စင် ဖြစ်လာဖို့ လိုအပ်ချက် တစ်ခု ဖြစ်သည်ဟု ဆိုကြသည် မဟုတ်ပါလား။
“စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က သိုင်းသူတော်စင် နယ်ပယ်ကို ရောက်သွားပြီလား”
ဒီအတွေးက လူတိုင်းကို ထိတ်လန့်သွားစေသည်။ သို့သော် သူတို့ အလျင်အမြန် ခေါင်းခါလိုက်ကြ၏။
နှစ်ပေါင်း နှစ်ထောင်ကျော်အတွင်း မဟာယန် သိုင်းသူတော်စင်မှလွဲ၍ အခြား မည်သည့် သိုင်းသူတော်စင်မှ ပေါ်ထွက်မလာခဲ့ဘူးချေ။ ထို့ကြောင့် ဖြစ်နိုင်ချေ မရှိဟု ယူဆလိုက်ကြသည်။
လူတိုင်း၏ အတွေးများ လှုပ်ရှားနေကြ၏။
သို့သော် ဓားမမိစ္ဆာကမူ တစ်ခါမှ မကြုံဖူးသော ဖိအားကို ခံစားနေရသည်။
ဤသည်မှာ သူ တောင့်တခဲ့သော နယ်ပယ်ပင်။
ဤအခိုက်အတန့်တွင်၊
သူသည် ဝတ်ရုံနက်နှင့် တာအိုပညာရှင်ကို ပြင်းပြသော အကြည့်ဖြင့် စိုက်ကြည့်နေပြီး အရုဏ်ဦး အလင်းရောင် တစ်မျိုးကို မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ယခင် စမ်းသပ်မှုများသည် လုံးဝ မလိုအပ်ခဲ့ကြောင်း သူ သဘောပေါက်လိုက်၏။
ဓားမမိစ္ဆာက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
သူ၏ ဓားမစိတ်ဆန္ဒကို ချွင်းချက်မရှိ ထုတ်လွှတ်လိုက်တော့၏။
ဤအခိုက်တွင် သူ၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်၊ အောက်ခြေရှိ မြေပြင်နှင့် သူ၏ ခန္ဓာကိုယ် ကိုယ်တိုင်ပင်လျှင် ကြောက်မက်ဖွယ်ကောင်းသော ဓားမစိတ်ဆန္ဒများ မြင့်တက်လာနေတော့သည်။