← Chapters

ထုံးတမ်းစဉ်လာ ရတနာ

Vol. 29 Ch. 348

ထုံးတမ်းစဉ်လာ ရတနာ

Vol. 29 Ch. 348

"ထုံးတမ်းစဉ်လာ ရတနာလား...."

ကျန်းရွှမ်က အံ့အားသင့်စွာဖြင့် ထိုကျောက်စိမ်းဆွဲသီးကို ကြည့်လိုက်သည်။

သူသည် ကောင်းကင်ကံကြမ္မာအခမ်းအနား ကို မလေ့လာဖူးသဖြင့် ထိုကံကြမ္မာ၏စည်းမျဉ်းများကို ရှင်းလင်းစွာ သိရှိမထားချေ။

"အမှန်ပဲ...ငါ သိသလောက်ဆိုရင် ထုံးတမ်းစဉ်လာ ရတနာတွေက အမျိုးအစားတွေအများကြီးရှိတယ်...တစ်ခုချင်းစီက မတူညီတဲ့ အခမ်းအနားတွေနဲ့ သက်ဆိုင်ပြီး အဓိကအနေနဲ့ ကျောက်စိမ်းနဲ့ကြေးညိုတို့နဲ့ ပြုလုပ်ထားတယ်"

ထိုစကားကို ပြောဆိုနေစဉ်တွင် ဖုချင်းယောင်၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

"ဒီကျောက်စိမ်းဆွဲသီးကို ငါက ယဇ်ပလ္လင်တစ်ခုကနေ ရခဲ့တာပါ... ဒါက ဘာသာရေး အခမ်းအနားတွေမှာ သုံးတဲ့ပစ္စည်းတစ်ခုနဲ့ တူတယ်.. နင် ဒါကို သန့်စင်လို့ရမရ စမ်းကြည့်ပါအုံး...နင် ဒါကို အောင်မြင်သွားခဲ့ရင် ကျီးလန်တောင်ကြားရဲ့အမွေအနှစ်ကို ရကောင်းရနိုင်တယ်..."

ကျန်းရွှမ်က တုံ့ပြန်မဖြေဘဲ ကျောက်စိမ်းဆွဲသီး ကိုယူပြီး အသာအယာ စမ်းသပ်ကြည့်လိုက်သည်။

ထိုအရာ၏မျက်နှာပြင်ပေါ်ရှိ ပုံစံများမှာ စာလုံးများနှင့် တူညီပုံရသည့်အပြင် ထူးဆန်းစွာ အလှဆင်ထားသော ပုံစံမျိုးနှင့်လည်း တူညီပေ၏။ ထိုအရာများကို သေချာဂရုစိုက်ကြည့်လျှင်ပင် မည်သည့်အရာကို ရေးသားထားကြောင်း ခွဲခြား၍မရနိုင်ချေ။

ကျန်းရွှမ်က သူ၏လက်ချောင်းထိပ်ကို ကိုက်ဖောက်ပြီး သွေးတစ်စက်ကို ထိုအရာအပေါ်သို့ ချလိုက်သည်။ ကျောက်စိမ်းဆွဲသီးသည် အနည်းငယ် တုန်ခါသွားသော်လည်း သွေးစက်သည် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိဘဲ မြေကြီးပေါ်သို့ လျှောကျသွားသည်။

"ငါ စမ်းသပ်ကြည့်ပြီးပြီ... ပုံမှန်သန့်စင်တဲ့ နည်းလမ်းတွေက အသုံးမဝင်ဘူး..."

ဖုချင်းယောင်က ပြောဆိုသည်။

ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး သူ၏ထိုးထွင်းသိမြင်မှုမျက်လုံး စတင်၍အသက်သွင်းကာ အနီးကပ် စစ်ဆေးလိုက်၏။

ဤကျောက်စိမ်းဆွဲသီးတွင် မည်သည့်စိတ်ဝိညာဉ်စွမ်းအား အရိပ်အယောင်မျှရပါဝင်ပုံမရပေ။ ဤအရာကို အစစ်အမှန် ရတနာပစ္စည်းဟုပင် သတ်မှတ်၍ မရသော်လည်း မယုံနိုင်လောက်အောင် ခိုင်ခံ့မာကျောသည်။ ထက်ရှသော မိုတောက်ဓားပင်လျှင် ထိုအရာအပေါ်တွင် ခြစ်ရာတစ်ရာထင်ကျန်အောင် မလုပ်နိုင်ခဲ့ချေ။

"လောလောဆယ်တော့ ဒါကို ထားလိုက်ပါအုံး... မင်းတို့အားလုံး မင်းတို့ကိုယ်မင်းတို့ မြန်မြန်ကုသကြတော့...ငါ့ရဲ့ခန့်မှန်းချက်သာ မှန်ရင် ကိစ္စကြီးတစ်ခု ဖြစ်လာတော့မယ်..."

အချိန်တခဏကြာမျှ လေ့လာပြီးနောက် ကျန်းရွှန်သည် ထိုကျောက်စိမ်းဆွဲသီးကို သန့်စင်ရန် မအောင်မြင်သဖြင့် နံဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး ညွှန်ကြားလိုက်၏။

"ကောင်းပြီလေ"

လူများအားလုံး တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြပြီး သူတို့ထံ၌ စိတ်သက်သာရာရသွားသော အမူအယာများ ထင်ဟပ်လာပြီး ကျင့်ကြံခြင်းကို စတင်၍ ပြုလုပ်လိုက်ကြတော့သည်။

သူတို့သည် ဤနေရာသို့ရောက်ရောက်ချင်း လိုက်လံတိုက်ခိုက်ခြင်း ခံခဲ့ရသဖြင့် သူတို့၏ခံနိုင်ရည်စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့သည်။ ဤအချိန်ကျမှသာ သူတို့၏တင်းမာနေသောစိတ်များကို လျှော့ချနိုင်ကြတော့သည်။

"သူရဲ့အခြေအနေက ဘယ်လိုနေလဲ"

ကျောက်စိမ်းဆွဲသီးကို ဖုချင်းယောင်ထံသို့ ပြန်ပေးရင်း ကျန်းရွှမ်သည် ကျင့်ကြံနေသော ဖုယင်ယင်ကို ကြည့်လိုက်၏။

"ဒီနေရာကို ရောက်လာပြီးတော့ မကြာခင်မှာပဲ သူက ဉာဏ်အလင်းပွင့်သွားပြီး ဘိုးဘေးအမွေအနှစ် နဲ့ ထိတွေ့မိသွားပုံရတယ်... အခုဆိုရင် သူကျင့်ကြံနေတာ အချိန်တော်တော်ကြာနေပြီ..."

ဖုချင်းယောင်က ရှင်းပြသည်။

ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ထိုမိန်းကလေး၏ပါရမီသည် သာမန်မျှသာ ဖြစ်သော်လည်း သူမ၏ကံတရားကမူ ကောင်းမွန်ပုံရသည်။ သူမသည် ဖုမိသားစုဘိုးဘေးထံမှ အမွေအနှစ်ကို အပြည့်အဝ နားလည်သဘောပေါက်ပြီး ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပါက ပြဿနာ အမြောက်အများ ရှိတော့မည် မဟုတ်ပေ။ သူမထံတွင် သတ္တမအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်ပင် အခွင့်အရေး ရရှိကောင်းရရှိနိုင်သည်။

သူမသာ အောင်မြင်ခဲ့ပါက ဖုမိသားစု သည် ကျိုးယီမြို့တွင် ထိပ်တန်းမိသားစုအဖြစ်သို့ မြင့်တက်သွားမည်ဖြစ်ပြီး တော်ဝင်မိသားစုပင်လျှင် သူတို့ကို သတိထားရပေလိမ့်မည်။

ဤတစ်ကြိမ်တွင် ဖုယင်ယင် အလွန်အမင်း အကျိုးအမြတ်များရရှိသွားပုံပင်။

ဒေါင်...ဒေါင်.. ဒေါင်....

ကျန်းရွှမ် စဥ်းစားတွေးတောနေစဉ်မှာပင် ကျယ်လောင်သော ခေါင်းလောင်းသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ပဲ့တင်ထပ်သွားသည်။

ကျန်းရွှမ်က မျက်မှောင်ကြုတ်ပြီး အလျင်အမြန် မတ်တတ်ထရပ်လိုက်၏။

ခုန်းရှီ ပြောခဲ့ဖူးသည်မှာ ရင်းမြစ်စွမ်းအင်များ အကြွယ်ဝဆုံး နေရာသို့ ဦးတည်သွားပါက သူ့အား လမ်းပြမည့် ဖြစ်ရပ်ဆန်းများ ပေါ်ပေါက်လာလိမ့်မည်ဟူ၍ပင်။ ဤခေါင်းလောင်းသံသည် ထိုအရာပင် ဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

သူသည် ခြေလှမ်းအနည်းငယ်ဖြင့် လှိုဏ်ဂူဝသို့ ရောက်ရှိသွားသည်။ ယခုအချိန်တွင် တောအုပ်ထဲရှိ မြူခိုးများသည် ခေါင်းလောင်းသံအောက်တွင် တိတ်တဆိတ် ပျောက်ကွယ်သွားပြီး အဝေးရှိ ကြီးမားသော တောင်တန်းကြီးတစ်ခု တဖြည်းဖြည်း မြင်ကွင်းထဲသို့ ထွက်ပေါ်လာသည်။

ဤတောင်တန်းကြီးသည် ကောင်းကင်ယံသို့ ထိုးဖောက်ဝင်ရောက်နေပြီး အမြင့်ကို မခန့်မှန်းနိုင်ချေ။ ယခင်က မြူခိုးများ ဖုံးကွယ်ထားသော်လည်း ယခု မြူများ ကွဲသွားသောအချိန်၌ ထိုအရာသည် သူတို့နှင့် လီအနည်းငယ်သာ ဝေးကွာကြောင်း ကျန်းရွှမ် သိလိုက်ရသည်။

"အဲ့ဒါက ကျီးလန်တောင်ကြားရဲ့ ဗဟိုချက်ပဲ ဖြစ်မယ်.. အခွင့်အလမ်းတွေကို ရှာချင်တဲ့လူတွေက အဲဒီနေရာကို သွားကြလိမ့်မယ်..."

ဖုချင်းယောင် က ပြောသည်။

ဤအချိန်တွင် ဒဏ်ရာရသူများသည် အပြည့်အဝ ပြန်မကောင်းသေးသော်လည်း သူတို့၏ မျက်နှာသွင်ပြင်များသည် သိသိသာသာ ကောင်းမွန်လာခဲ့လေပြီ။

"ငါ မသွားတော့ဘူး...တကယ်လို့ ငါ သွားရင်တောင် တန်ဖိုးရှိတာတွေကို ရမယ်မထင်ဘူး...ဒီနေရာမှာပဲ ငါက အေးအေးဆေးဆေး ကျင့်ကြံပြီး အဆင့်တက်အောင်လုပ်တာ ပိုကောင်းလိမ့်မယ်"

လူအုပ်အကြားမှ တစ်စုံတစ်ယောက်က ပြောဆိုသည်။

"ငါလည်း အဲ့ဒီလိုပဲ ခံစားရတယ်.. ခေါင်းလောင်းသံ မြည်လာပြီးတော့ မြူတွေ ကွဲသွားတာက လူတွေအားလုံးကို အဲ့ဒီနေရာဆီလာဖို့ ဆင့်ခေါ်နေတယ်ဆိုတာ သိသာထင်ရှားပေမယ့်..ငါ့ရဲ့စွမ်းအားနဲ့ဆိုရင် ကျန်တဲ့လူတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံပဲ ရှိလိမ့်မယ်"

တခြားလူတစ်ယောက်က ခေါင်းခါယမ်းပြရင်း ပြောဆိုသည်။

"မဟာအကြီးအကဲ...ကျွန်မတို့ကို ဒီနေရာမှာပဲ နေခဲ့ခွင့်ပြုပါ"

ဖုချင်းချင်းက ပြောဆိုလိုက်၏။

"ပထမအချက်က ကျွန်မတို့က ဒီနေရာမှာ အေးအေးဆေးဆေး ကျင့်ကြံနိုင်ပြီးတော့ ဒုတိယအချက်က ဆက်ခံသူကို ကာကွယ်စောင့်ရှောက်ဖို့ပါ..."

သူမတို့၏စကားများကို ကြားချိန်တွင် ဖုချင်းယောင်သည် အချိန်တခဏကြာမျှ တွေဝေသွားပြီးမှ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

ဤတပည့်များသည် ကျင့်ကြံဆင့်နိမ့်ပါးသည့်အပြင် ဒဏ်ရာများလည်း ရထားသဖြင့် သူမတို့ကို အတင်းအကြပ် ခေါ်ဆောင်လာလျှင် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။ သူမတို့ကို ဤနေရာ၌ နေရစ်ခဲ့စေခြင်းက ပို၍ကောင်းပေမည်။

ယခုအချိန်တွင် လူများအားလုံးသည် ခေါင်းလောင်းသံနှင့်အတူ ရုတ်တရက် ထွက်ပေါ်လာသော ကြီးမားသည့် တောင်တန်းကြီးကိုသာ စိတ်ဝင်စားနေကြသည်။ ဤနေရာကို မည်သူမျှ သတိထားမိရန် မဖြစ်နိုင်ချေ။ ထိုကြောင့် သူမတို့ဘက်မှ ပြဿနာမရှာသရွေ့ အလွန်ဘေးကင်းလုံခြုံပေမည်။

"ဒါက ဝင်္ကပါကို အသုံးပြုနည်းပဲ.. အခု ငါက နင်တို့ကို ပေးခဲ့မယ်...အန္တရာယ်တစ်ခုခုရှိလာတာနဲ့ ဒါကိုအသုံးပြုလိုက်ရင် အချိန်တိုအတွင်းမှာ နင်တို့ရဲ့လုံခြုံမှုကို အာမခံပေးနိုင်လိမ့်မယ်"

ဖုချင်းယောင်က စာအုပ်တစ်အုပ်ကို ထုတ်ယူကာ လက်ကမ်းပေးလိုက်၏။

ဖုချင်းချင်းနှင့်တခြားသူများက ထိုအရာကို လက်ခံလိုက်ကြသည်။

"မင်းတို့နှစ်ယောက် ငါနဲ့ လိုက်မလား...ဒီနေရာမှာပဲ နေခဲ့မလား"

ကျန်းရွှမ်က ဟုန်ရီနှင့်ယုရှောင်ယွီတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"တပည့်တို့က ဆရာ့ရဲ့နောက်ကိုပဲ လိုက်မှာပါ..."

တပည့်နှစ်ဦးလုံး တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

သူတို့ နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ နာရီအနည်းငယ်ကြာခဲ့ပြီဖြစ်ကာ

သူတို့သည် လျှူမင်ယွဲ့ ကဲ့သို့ စွမ်းအားများ လျင်မြန်စွာ တိုးတက်လာခြင်း မရှိသော်လည်း အတိုင်းအတာတစ်ခုထိ တိုးတက်မှု ရှိခဲ့ကြသည်။

"မဟာအကြီးအကဲ... ကျန်းရွှမ်... ငါလည်း 'ကောင်းကင်ကံကြမ္မာအခမ်းအနား' ဆိုတာ ဘာလဲ သိရအောင် မင်းတို့နဲ့ လိုက်ချင်တယ်"

ယန်ဆန်းရှစ်ဆန်းက ရှေ့သို့လျှောက်လှမ်းလာရင်း ပြောဆိုသည်။

"ကောင်းပြီလေ"

ကျန်းရွှမ်က ငြင်းဆန်ခြင်းမပြုချေ။ မကြာမီမှာပင် လူများအားလုံး ဆုံးဖြတ်ချက် ချလိုက်ကြသည်။

ဖုချင်းဟုန် ဖုချင်းယောင် နှင့် တခြားကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အကြီးအကဲနှစ်ဦးသည် ကျန်းရွှမ်၏နောက်သို့ လိုက်ပါသွားကြပြီး ဟုန်ရီ ယုရှောင်ယွီနှင့်ယန်ဆန်းရှစ်ဆန်း တို့လည်း ပါဝင်သည်။

လှိုဏ်ဂူထဲမှ ထွက်ခွာလာပြီးနောက် ကျန်းရွှမ်က လျှူမင်ယွဲ့ကို ပြင်ပသို့ ထုတ်ပေးလိုက်သည်။

ဆရာသည် လျှူမင်ယွဲ့ကို အမှန်တကယ် ကယ်တင်ခဲ့ကြောင်း မြင်လိုက်ရချိန်၌ ယုရှောင်ယွီနှင့်တခြားသူများသည် တပြိုင်နက်တည်း သက်ပြင်းချလိုက်ကြ၏။ သို့ရာတွင် သူမသည် ကြယ်စင်မြစ်နယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူတို့နှစ်ယောက် သိလိုက်ရချိန်၌ ပြင်းထန်သောဖိအားကို တဖန်ထပ်၍ ခံစားလိုက်ရသည်။

မူလက သူတို့အားလုံး၏စွမ်းအားများသည် သိသာသောကွာခြားချက် မရှိသော်လည်း ယခုအချိန်၌ ကွာဟချက် ကြီးမားသွားလေပြီ။

သူတို့သည် တောင်တန်းကြီးဆီသို့ အပြေးသွားလိုက်ကြရာ နှစ်နာရီအကြာတွင် တောင်ခြေသို့ ရောက်ရှိလာကြသည်။

ဤနေရာ၌ မရေမတွက်နိုင်သောလူများ စုဝေးရောက်ရှိနေကြပြီး သူတို့တစ်ယောက်စီတိုင်းသည် တောင်ထိပ်သို့ စိတ်လှုပ်ရှားစွာ ကြည့်နေကြ၏။

"ဒါက ကျီးလန်တောင်ကြားရဲ့ဗဟိုချက်ဖြစ်တဲ့ လီတောင်ပဲ....အမွေအနှစ်ကိုရဖို့အတွက် တောင်ထိပ်ကို ခြေကျင်တက်ရမယ်"

"မြန်မြန်လုပ်ကြတော့...လူတော်တော်များများ တက်သွားကြပြီ..ငါတို့တွေ မြန်မြန်မသွားရင် နောက်ကျသွားလိမ့်မယ်"

"တောင်ထိပ်မှာ စိတ်ဝိညာဉ်အခမ်းအနား ပြုလုပ်တဲ့ ယဇ်ပလ္လင်တစ်ခုရှိတယ်လို့ ဆိုကြတယ်...ယဇ်ပလ္လင်ရဲ့ဗဟိုချက်ကို ဝင်နိုင်မှသာ အမွေအနှစ်ကို ရရှိနိုင်လိမ့်မယ်..."

"ငါ အောင်မြင်ရမယ်...ပြီးရင် ငါက လောကကြီးတခွင်လုံးမှာ ထင်ပေါ်ကျော်ကြားတဲ့လူ ဖြစ်လာစေရမယ်"

ဤအချိန်တွင် အငြိုးအတေးရှိသူများပင်လျှင် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခြင်း မပြုကြဘဲ တောင်ပေါ်လမ်းသို့ အလျင်အမြန် ပြေးတက်နေကြသည်။

ထိပ်သီးရတနာတစ်ခု၏ရှေ့မှောက်တွင် အငြိုးအတေးများနှင့်နာကျည်းမုန်းတီးမှုများသည် အနည်းငယ်မျှ အဓိပ္ပာယ်မရှိတော့ချေ။

"သွားကြစို့..."

ကျန်းရွှမ် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ တောင်ပေါ်လမ်းအတိုင်း တောင်ပေါ်သို့ စတင်၍တက်လိုက်၏။

ဤတောင်ပေါ်လမ်းသည် ကြမ်းတမ်းပြီး ကျဉ်းမြောင်းကာ တစ်ကြိမ်လျှင် လူတစ်ယောက်သာ သွား၍ရသည်။ ထို့ပြင် အစစ်အမှန်စွမ်းအားများကို အသုံးပြုခွင့် မရှိချေ။ ဤသည်မှာ မည်သည့်ကျင့်ကြံသူအတွက်မဆို ကြီးမားသော စိန်ခေါ်မှုကြီးတစ်ခုပင်။

ကျန်းရွှမ်နှင့်ဖုချင်းယောင်တို့သည် ရှေ့ဆုံးနှင့်နောက်ဆုံးတွင်နေပြီး ယန်ဆန်းရှစ်ဆန်း ယုရှောင်ယွီ နှင့်တခြားသူများကို အလယ်တွင်ထားကာ ကာကွယ်ရင်း ခြေလှမ်းတစ်လှမ်းချင်း တက်လှမ်းသွားကြသည်။

အချိန်တခဏအကြာတွင် ကွင်းပြင်တစ်ခုက သူတို့၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ လူများအားလုံးသည် ဤနေရာ၌ စုဝေးနေကြပြီး အပေါ်သို့တက်ရန်လမ်း ဆက်မရှိတော့ဘဲ ချောမွတ်သော ကျောက်နံရံကြီးတစ်ခုက ရှေ့တွင်ပိတ်ဆို့နေသည်။

"အားလုံးပဲ. မင်းတို့ ထင်တာ အမှန်ပဲ... ဒါက ဗဟိုချက်ကိုသန့်စင်တာရဲ့ ပထမဆုံးစမ်းသပ်မှု ဖြစ်လိမ့်မယ်... ဒီနေရာမှာ သေးငယ်တဲ့ယဇ်ပလ္လင်ခြောက်ခုရှိပြီးတော့ တစ်ခုစီက မတူညီတဲ့ ပူဇော်သက္ကာရပစ္စည်းခြောက်မျိုးနဲ့ သက်ဆိုင်တယ်...လောလောဆယ် အဲ့ဒီယဇ်ပလ္လင်တွေက ဗလာဖြစ်နေတယ်...တကယ်လို့ မင်းတို့ကသာ အဲ့ဒီရတနာပစ္စည်းတွေကို ပူဇော်လိုစိတ် ရှိမယ်ဆိုရင် နောက်ဆက်တွဲလမ်းကြောင်း ပွင့်သွားပြီးတော့ တောင်ထိပ်ကို တစ်ခါတည်း ရောက်သွားနိုင်တယ်"

ထိုအချိန်မှာပင် ရှေ့တွင်ရှိနေသောတစ်စုံတစ်ယောက်က အော်ဟစ်ပြောဆိုသည်။ ကျန်းရွှမ်က အာရုံစိုက်ပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်၏။

ကျောက်နံရံ၏ရှေ့တွင် ယဇ်ပလ္လင်ပုံစံ ထွင်းထုထားသော ကျောက်တုံးငယ်ခြောက်တုံးရှိပြီး ထိုအရာများအားလုံးပေါ်တွင် ဗလာဟင်းလင်းဖြစ်နေသည်။

All Chapters