← Chapters

အခန်း (၄၅၆-၄၅၇)

Vol. 30 Ch. 456-457

အခန်း (၄၅၆-၄၅၇)

Vol. 30 Ch. 456-457

ခုရက်ပိုင်း စာစဥ်ထွက်တာ နောက်ကျနေပါတယ်ဗျ၊၊

မူရင်းengမှာ နာမည်နဲ့ ဇာတ်လမ်းအဆက်က တစ်ပိုင်းနဲ့ တစ်ပိုင်း မူကွဲသွားတာတွေကို အစကနေ ပြန်ကြည့်ပြီး ဆီလျော်အောင် ရေးနေရတာကြောင့် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်ဗျ😅

Chapter 456

မြူခိုးသရဖူဝတ်ရုံ ၅

“ကပ္ပတိန်ကျင်း… အချိန်ကျပြီ… ရှေ့ဆက်ဖို့ အသင့်အနေထားရောက်ပြီ”

ထိုအချိန်တွင် စွန်းကိုင်သည် သူ၏ လုံခြုံရေးအဖွဲ့နှင့်အတူ ဝင်လာပြီး မျက်နှာအမူယာသည် တင်းမာနေသည်။

“ကောင်းပြီလေ”

“ဟမ်”

ယုဟန် ရုတ်တရက် စွန်းကိုင်၏ အဖွဲ့ဝင်တစ်ဦးမှ မြူခိုးဝတ်ရုံများ ဝတ်ဆင်ထားခြင်း မရှိသည်ကို သတိထားမိသည်။ တစ်ယောက်မှ မရှိပေ။

“ခဗျားတို့ ညလမ်းလျှောက်သူတွေက ကပ်စေးနည်းတာလား… ဘာလို့ ကိုယ့်လူတွေတောင်မှ ဒီလိုအဓိကပစ္စည်းတွေကို မပိုင်ဆိုင်ကြတာလဲ”

ကျင်းထျန်သည် စွန်းကိုင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ကို လွှဲလိုက်သည်။

စွန်းကိုင်က ပြန်ဖြေသည်။

“ကျုပ်တို့မှာ မတူညီတဲ့ မစ်ရှင်တစ်ခု ရှိတယ်။ ဒါကြောင့် ကျုပ်တို့က မလိုအပ်ဘူး”

“ဘာမစ်ရှင်လဲ”

ယုဟန် စိတ်ရှုပ်ထွေးနေပုံရသည်။

“ကျုပ်တို့အားလုံး မစ်ရှင်တစ်ခုကိုပဲ အတူလုပ်နေကြတာ မဟုတ်ဘူးလား”

စွန်းကိုင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောသည်။

“ဒါရိုက်တာကျိုးက ကျုပ်တို့ကို ခေါ်ပြီး ဆွေးနွေးခဲ့တယ်။ လက်ရှိ ခန့်မှန်းချက်တွေအရ စီလန်အပြင်ဘက်က ထူးဆန်းတဲ့ သတ္တဝါအရေအတွက်က နည်းနေနိုင်တယ်…ဒါပေမဲ့ ကျုပ်တို့ အသင့်ပြင်ထားဖို့တော့ လိုသေးတယ်။

လင်းယုန်အဖွဲ့ ရဲ့ ဗီဒီယိုတွေကို ပြန်စစ်ဆေးပြီးနောက်မှာ လေကြောင်းတိုက်ခိုက်မှု အန္တရာယ် မြင့်မားတယ်လို့ ကျုပ်တို့ ယုံကြည်တယ်။ တိုက်ခိုက်မှုတွေက မြန်မြန်ဆန်ဆန် လာလိမ့်မယ်။ ကျုပ်တို့အားလုံး အဆင့်-၅ အမှတ်အသားရထားတဲ့အတွက် မြူခိုးဝတ်ရုံတွေကို အသုံးပြုပြီး အချက်ပြမှု ပြင်းအား ကွာခြားချက်ကို ဖန်တီးပြီး ရန်သူကို မျှားခေါ်ဖို့ စီစဉ်ထားတယ်”

“မျှားခေါ်မယ်”

ယုဟန်၏ အမူအရာ မှောင်မိုက်သွားသည်။

“ခဗျား ပြောချင်တာ ဘာလဲ”

“ကျုပ်တို့ ညမရောက်ခင် လေပိုင်နက်ကို ကင်းလှည့်ဖို့ ပျံသန်းတဲ့ အဖွဲ့ကို ဦးဆောင်မယ်။ ကျုပ်တို့ လူဖြန့်သွားမယ်… ရန်သူကို တွေ့တာနဲ့ ကျုပ်တို့ ပြေးမယ်—သူတို့ကို ဆွဲဆောင်မယ်—ယူနစ် ၀၁ နဲ့ ကပ္ပတိန်လင်းအတွက် အချိန်ပိုရအောင် လုပ်ရမယ်’”

ယုဟန်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။

“ခဗျားက လာနောက်နေတာပဲ။ ဒီမြူခိုးဝတ်ရုံတွေက အလုပ်ဖြစ်တယ်လို့ သေချာမပြောနိုင်ဘူး။ အဲဒါတွေက ခိုင်မာတဲ့သိပ္ပံနည်းကျ အခြေခံလုပ်ဆောင်မှု မရှိဘူး။ ခဗျားတို့...”

“ကျုပ်တို့ သိပါတယ်”

ကျင်းထျန်က ဖြတ်ပြောသည်။

“ကျုပ် ခုနက ပြောခဲ့သလိုပဲ—အောင်မြင်ဖို့ ၁% အခွင့်အရေးရှိရင်တောင်မှ အာရုံစိုက်မှုကို ဆွဲဆောင်တဲ့ ကွာခြားချက်တစ်ခုကို ဖန်တီးနိုင်ရင်—ဒါက လုံလောက်တယ်”

သူ စကားဆုံးသောအခါ ယုဟန်သာမက နည်းပညာအဖွဲ့တစ်ခုလုံးပါ ရပ်တန့်သွားသည်။ တစ်ယောက်ပြီး တစ်ယောက် ၎င်းတို့ ဝတ်ဆင်ထားသော မြူခိုးဝတ်ရုံများကို ငုံ့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် အံ့သြတုန်လှုပ်မှုဖြင့် ပြည့်နှက်နေသည်။

“ဟမ်”

“ဘာဖြစ်နေတာလဲ”

“ကိုယ်တိုင် ငါးစာအဖြစ် သုံးနေတာလား’”

“ကပ္ပတိန် စွန်း၊ သူ...”

ယုဟန်သည် စွန်းကိုင်ကို စိုက်ကြည့်ပြီးနောက် ကျင်းထျန်ဆီသို့ လှည့်လိုက်သည်။

“ခဗျားလည်း ညလမ်းလျှောက်သူပဲ… ပြီးတော့ ခဗျားက မဝတ်ထားဘူး… ဘာလို့လဲ”

“ကျုပ်တို့က မြေပြင်က ငါးစာစစ်ဆင်ရေးတွေကို ကိုင်တွယ်နေတာပဲ”

ကျင်းထျန်က အနီးရှိ လူငယ်တစ်ဦးကို လက်ညှိုးထိုးပြရင်း ပြန်ဖြေသည်။

“သူ့နာမည် ဖန်းချန်။ သူက ပျံသန်းနိုင်တဲ့ စွမ်းအားရှင်တစ်ယောက်ပဲ။ လိုအပ်ရင် လူလေးယောက်ကို ရွှေ့ပြောင်းပေးနိုင်တယ်”

ပြောပြီးနောက် သူ လှည့်ကာ စွန်းကိုင်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

“သွားကြစို့”

“အိုကေ”

ဝှစ် ဝှစ် ဝှစ်— ချက်ချင်းပင် လူသုံးဆယ် သို့မဟုတ် လေးဆယ်ခန့်သည် ၎င်းတို့၏ စခန်းတဲများမှ တစ်ပြိုင်နက် ထွက်ခွာသွားကြသည်။ စွန်းကိုင်သည် လူငါးဦးကို ဦးဆောင်ကာ Lightning -2 အာကာသတိုက်လေယာဉ်များဆီသို့ ဦးတည်သွားပြီး ကျင်းထျန်က သူ၏ အဖွဲ့ကို အပြင်ဘက် ကာကွယ်ရေးလိုင်းဆီသို့ ခေါ်ဆောင်သွားသည်။

“ခဏလေး”

ယုဟန် ထွက်လာပြီး အော်လိုက်သည်။

“ခဗျားတို့ ကိုယ့်ဘာသာကိုယ် သေတွင်းထဲ လျှောက်သွားနေမှန်း သိရဲ့လား”

အဖွဲ့သည် သူ့ကို ပြန်လှည့်မကြည့်ပဲ ဆီးနှင်းမုန်တိုင်းထဲ၌ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်—မည်သူမျှ ပြန်မဖြေကြပေ။

ယုဟန် တဲအဝင်ဝတွင် မှင်သက်စွာ ရပ်နေပြီး ထိုပုံရိပ်များ ဆီးနှင်းမုန်တိုင်းထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း သူ၏ အမူအရာသည် ထိတ်လန့်တုန်လှုပ်နေပုံရသည်။

မကြာမီ ပတ်ဝန်းကျင်ရှိ တိုက်လေယာဉ်များမှ မီးများလင်းလာသည်။

“စတင် ပျံသန်းဖို့ ပြင်ဆင်ပါ… အမြင့်ပေအကွာဝေးကို ထိန်းသိမ်းပါ”

စွန်းကိုင်သည် ရှေ့ဆုံးမှ Lightning -2 ၏ ထိန်းချုပ်ခန်းတွင် အေးဆေးစွာ ထိုင်နေပြီး သူ၏ ဟဲလ်မက်ကို ဝတ်ဆင်ကာ ပျံသန်းမှုအစီအစဉ်ကို စတင်လိုက်သည်။

သူသည် ကျန်လေယာဉ်ငါးစင်းအား အမိန့်ပေးသည်။ “လမ်းညွှန် မီးတွေ၊ ထိခိုက်မှုအချက်ပြမီးတွေ၊ ဆင်းသက်မီးတွေ အားလုံးကို ဖွင့်ပါ။ ပေ ၁,၀၀၀ အမြင့်မှာ ပျံသန်းရမယ်… ရည်ရွယ်ချက်က ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ အာရုံစိုက်မှုကို ရယူဖို့ပဲ။ ရန်သူကို ငါးစာချပြီး မျှားခေါ်တဲ့နေရာမှာ အောင်မြင်ရင် စခန်းနဲ့ ဝေးတဲ့နေရာကို ချက်ချင်း ဆွဲဆောင်ရမယ်”

“နားလည်ပါပြီ”

ဝူးးးး—

လေနှင့် နှင်းများသည် ပြန့်ကျဲသွားပြီး အာကာသတိုက်လေယာဉ် ခြောက်စင်းသည် ပျံတက်သွားသည်၊၊ ကောင်းကင် ပေ ၁,၀၀၀ အမြင့်သို့ ရောက်သည်အထိ ဆီးနှင်းမုန်တိုင်းထဲ၌ ဆူညံစွာ ဝင်ရောက်သွားသည်။ ထို့နောက် ၎င်းတို့သည် အောက်ဖက်ရှိ ယူနစ် ၀၁ ကို ပတ်ဝိုင်းကာ စတင် ပျံသန်းနေသည်။

တစ်ချိန်တည်းမှာပင် ကျင်းထျန်သည် ကြယ်မီးတောက်ဌာနခွဲမှ စွမ်းအားရှင်များအဖွဲ့နှင့် စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော စစ်သားအဖွဲ့တစ်ဖွဲ့ကို ချိုင့်ဝှမ်းအဝသို့ ဦးဆောင်သွားသည်။

ကျင်းထျန်သည် ဖုတ်ကောင်လှိုင်းများတိုက်ခိုက်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း သိထားသောကြောင့် ညွှန်ကြားလိုက်သည်။

“လူဖြန့်ကြ… ရည်ရွယ်ချက်က သတ်ဖြတ်ဖို့ မဟုတ်ဘူး၊ မျှားခေါ်ဖို့ပဲ… လှိုင်းတွေလို ရွေ့”

“ဟုတ်ကဲ့၊ အမိန့်အတိုင်းပါ”

ဝှစ် ဝှစ် ဝှစ်—အဖွဲ့သည် တစ်မျိုးတည်းသော မော်တော်ပါ နှင်းလျှောစီးများကို ပတ်ချည်ကာ စခန်းရှေ့ရှိ နှင်းထူထပ်သော ကွင်းပြင်တစ်လျှောက် ကွေ့ပတ်ကာ စတင်သွားလာနေကြသည်။

တစ်မိနစ်ပြီး တစ်မိနစ်၊ အချိန်ကုန်လွန်သွားသည်။ ဆီးနှင်းမုန်တိုင်းသည် ၎င်းတို့အား စဉ်းစားရန်ပင် အချိန်မပေးပေ။

ညနေ ၅:၅၀ နာရီ။

လေနှင့် နှင်းများ၏ အော်ဟစ်သံသည် တစ်စုံတစ်ဦးက ခလုတ်တစ်ခုကို ပိတ်လိုက်သကဲ့သို့ ရုတ်တရက် ရပ်တန့်သွားသည်။ ဒရာကာမာ ရေခဲချောက်တစ်ခုလုံးသည် အမှောင်ထဲသို့ ကျဆင်းသွားသည်။ ထိုအချိန်တွင် အဖွဲ့ဝင်တိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် အရောင်များ ရုတ်ခြည်းလင်းလက်လာပြီး ၎င်းတို့ကို တောက်ပနေသော မီးပြတိုက်များအဖြစ် ပြောင်းလဲသွားစေသည်။

ကောင်းကင်ထက်တွင် စွန်းကိုင်နှင့် ပိုင်းလော့ငါးဦးတို့သည် ၎င်းတို့၏ ရေဒါမျက်နှာပြင်များကို အာရုံစိုက် စိုက်ကြည့်နေကြသည်။ စိတ်ကို ပိုင်းဖြတ်ထားသော်လည်း စွန်းကိုင်သည် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။

ဘီပ် ဘီပ် ဘီပ်

ကောင်းကင် မှောင်ကျသွားသည်နှင့် တစ်ပြိုင်နက် အနီရောင်အစက်များသည် ရေဒါထဲတွင် ပြည့်လျှံလာသည်။

“၁၁ နာရီမှာ သူတို့ စီလန်မြို့ကနေ လာနေကြတယ်”

“ဂျက် ၃၊ အမြန်နှုန်း မြှင့်”

ဝူးးးးး—

မည်သူမျှ တုံ့ပြန်ရန် အချိန်မရမီ အနီရောင်အစက်အပြောက်များစွာသည် တိုက်လေယာဉ်များထဲမှ တစ်စင်းဆီသို့ ချဉ်းကပ်လာသည်။ ပိုင်းလော့သည် ခေါင်းခန်းတစ်ခုလုံး သတိပေး အချက်ပြမီးများဖြင့် လင်းနေသည်ကို မြင်သောအခါ အံကြိတ်ကာ ထိန်းချုပ်ရေးမောင်းတံကို ဆွဲတင်လိုက်သည်။

Chapter 457

မြူခိုးသရဖူဝတ်ရုံ

ဝူးးးးးး

ဂျက်အင်ဂျင်က ဆူညံစွာ မြည်ဟည်းလာကာ လေယာဉ်က ရှေ့သို့ အရှိန်မြှင့်သွားကာ လေကာမှန်များသည် နှင်းများဖြင့် ဖြူဖွေးသွားသည်။ သို့သော် ထိုအချိန်တွင် ရေဒါသည် ရှေ့တည့်တည့်မှ အနီရောင်လှိုင်းလုံးကြီးတစ်ခု ရှိနေကြောင်း ပြသနေသည်—

၎င်းတို့သည် လေပွေထဲမှ လာနေကြသည်၊၊

သူ အပေါ်သို့ မော့ကြည့်လိုက်သည်။ တိမ်များ ကင်းစင်သွားသည့် အချိန်တွင် ပါးစပ်ကြီးများဖွင့်ထားသော အတောင်ပံပါ မွန်းစတားအစုအဝေးသည် သူ့ဆီသို့ တည့်တည့်တိုးလာသည်ကို မြင်လိုက်ရသည်။

“အားးး”

ဝုန်းး

“ဂျက် ၃ ပျက်ကျသွားပြီ။ ၁၁ နာရီ—၉ နာရီ—ရှောင်ကြ… အခုချက်ချင်း’”

“အား”

အုန်း အုန်း ဝုန်း

တစ်ခဏအတွင်း ဂျက် ၄၊ ၅ နှင့် ၆ တို့သည် လေထဲတွင် ပေါက်ကွဲကုန်သည်။

အရေးပေါ် မောင်းနှင်မှုများမှ အလွန်အမင်း ဂရက်ဗတီအားသည် ပိုင်းလော့များကို သွေးပေါင်ချိန် မြင့်တက်လာစေသည်။ စွန်းကိုင်သည် သွားများကို တင်းကျပ်အောင် ဖိကြိတ်ကာ သူ၏ လေယာဉ်ကို ရုတ်တရက် အပေါ်သို့ ဆွဲတင်ပြီး ရေဒါကို စိုက်ကြည့်နေသည်။

သူ ရင်ထဲတွင် အော်ဟစ်နေသည်—

“လာစမ်းပါ”

“ငါ့နောက် လိုက်ခဲ့ကြ”

ဘီပီဘီပီဘီပီ—

ရေဒါ၏ နောက်ဘက် မျက်နှာပြင်သည် ရုတ်တရက် သွေးနီရောင် ဖြစ်သွားသည်။

…

တစ်ချိန်တည်းမှာပင် လုံးဝ ပိတ်ဆို့ထားသော စီလန်မြို့တွင် လူပေါင်း ၇၀,၀၀၀ သည် အသက်ရှူခြင်းကိုပင် မေ့ကာ မှောင်မိုက်နေသော ကောင်းကင်ကို ကြည့်နေကြသည်။

ဝူးးးး—

လမ်းမများမှာ ဗလာနတ္တိ ဖြစ်နေကာ မုန်တိုင်း၏ အော်ဟစ်သံမှလွဲ၍ ဘာမျှ မရှိပေ။

ဗဟိုရိပ်သာလမ်းတွင် လက်နက်အပြည့်အစုံဖြင့် စွမ်းအားရှင်အမဲလိုက်တပ်ဖွဲ့ ဝင်များသည် အမိုးများ၊ လမ်းကြားများနှင့် ရင်ပြင်ထဲမှ ရုပ်ထုများပေါ်တွင် ပျံ့နှံ့နေသည်။ ရူးသွပ်သူအဆင့် အဖွဲ့ သုံးဆယ့်ငါးဖွဲ့သည် အသင့်အနေအထားတွင် ရှိနေသည်။

ဝမ်ကျိုးသည် အိန်ဂျယ်ရုပ်တု၏ အတောင်ပေါ်တွင် ထိုင်နေပြီး သွေးကပ်ဘေးပန်းကို ကိုင်ထားသည်။ သူ၏ ဘေးတွင် ဟန်ကျွမ့်၊ လုရှင်းချန်နှင့် ချင်ရွှမ်မင်တို့ ရှိနေသည်။ ကီကီသည် ဆီးနှင်းမုန်တိုင်းကို ပိတ်ဆို့ရန် စိတ်စွမ်းအားအကာကွယ်တစ်ခုကို တည်ဆောက်ထားသည်။

လူငါးဦးထဲတွင် ဟန်ကျွမ့်နှင့် လုရှင်းချန်တို့သည် ရွေ့လျားမှု ကောင်းမွန်သည်—မည်သူမျှ မပျံသန်းနိုင်သော်လည်း။ ချင်ရွှမ်မင်မှာမူ ရွေ့လျားနိုင်စွမ်း အနည်းဆုံး ဖြစ်သော်လည်း သူ၏ စွမ်းအား စုစည်းမှု စွမ်းရည်သည် ကြီးမားသောစွမ်းအားအတော်များများကို ပယ်ဖျက်နိုင်သောကြောင့် လုံးဝအရိုင်းဆန်ပေသည်၊၊

ဝမ်ကျိုးသည် သူ၏ သံလိုက်ထိန်းချုပ်မှုစွမ်းရည်ကို အသုံးပြုကာ ၎င်းတို့အား ပျံသန်းနိုင်ရန် ကူညီပေးနိုင်သော သတ္တုခါးပတ်များကို တစ်ဦးစီအား ပေးထားသည်။ ကီကီသည်လည်း ပျံသန်းမှုကို ကူညီနိုင်ပြီး အဖွဲ့ ၁ ကို အလွန် လျင်မြန်စေသည်။

မြောက်ဘက်၌ ချန်ဆီရွှမ်သည် သူမ၏ Black Hawak ဝတ်စုံဖြင့် အဆောက်အအုံထိပ်တွင် ရပ်နေပြီး ရှေ့ဘက်လမ်းကို ကြည့်နေသည်။ သူမ၏ ဘေးတွင် မြောင်လုနှင့် တာလို့တို့ ရှိနေသည်။ ရှားရှားသည် ကွင်းပြင်ထဲ၌ မီးနတ်ဘုရား မီကာကို မောင်းနှင်နေပြီး ရှီတိယွမ်က ခံစစ်ကို ထိန်းထားသည်။ လေဆိပ်တွင် ချီလီ၊ ဝူကျန်းဟိုင်၊ လျောင်မင်၊ လော့ယန်၊ လီယီ၊ လျန်လေးနှင့် ရှန်းယောင်တို့သည် အဖွဲ့များ ဖွဲ့စည်းထားသည်။ မြောက်ဘက် မြို့ရိုးပေါ်တွင် ဟီကျန်းနှင့် သူ၏ စစ်သားများသည် ရှေ့ရှိ နှင်းထူထပ်သောလွင်ပြင်ကို စိုက်ကြည့်နေကြသည်။

အရှေ့ဘက်တွင် Arctic Windမဟာမိတ်၊ စစ်သည်တော်ယာဉ်တန်းနှင့် အလင်းမဟာမိတ်အပါဝင် ထောင်ပေါင်းများစွာသော လူများသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ၎င်းတို့၏ လျှပ်စစ်သံလိုက်အမြောက်များကို လမ်းအောက်သို့ နှိမ့်ကာ ချိန်ရွယ်ထားသည်။ ကျိုးယုသည် ကွပ်ကဲရေးမျှော်စင်အတွင်းတွင် ရှိနေပြီး မျက်လုံးများကို မှိတ်ထားကာ အာရုံစိုက်နေသည်။

တောင်ဘက်တွင် လူ ၃၀,၀၀၀ ခန့်ရှိ ကာကွယ်ရေးလိုင်းသည် သုသာန်တစပြင်အလား တိတ်ဆိတ်နေသည်။ ရှောင်ဟယ်သည် ရှေ့တွင် ရပ်နေပြီး အကြည့်သည် ရေခဲပမာ အေးစက်နေသည်။

ဝေါ ဝေါ ဝူး

ကောင်းကင် မှောင်မိုက်သွားသည်နှင့် တစ်ပြိုင်နက် ဆူညံသံတစ်ခုက လျင်မြန်စွာ ချဉ်းကပ်လာသည်။ ချက်ချင်းပင် မြို့၏ မြင့်မားသော အဆောက်အအုံများရှိ မှန်ပြတင်းများသည် တုန်ခါလာပြီး မြေပြင်ပေါ်ရှိ နှင်းများက လှုပ်ရှားလာသည်။

“သူတို့ ရောက်လာပြီ။ အဲဒီ ပိုးကောင်ပဲ”

မီရှဲလ် ဘုရားရှိခိုးကျောင်း ထိပ်တွင် ချင်ရွှမ်မင်သည် လက်သီးကို ဆုပ်ထားသည်။

“ငါ စောင့်နေတာ ကြာပြီ”

မီးတောက်သည် အလွန်တက်ကြွနေသည်။ အေးခဲ-အမှောင်ဆေးရည်ကို သောက်ချပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းတွင် အားကောင်းသော မီးစွမ်းအင်များ စုစည်းလာသည်ကို ခံစားနိုင်လေသည်။ တိုက်ခိုက်မှုများဖြင့် ပေါက်ကွဲရန် အသင့်ဖြစ်နေသည်၊၊

“ထင်တဲ့အတိုင်းပဲ၊ အဲဒီပိုးကောင်က ငါတို့ရဲ့ သွေးကပ်ဘေးပန်းဆီကို လာနေတာ”

ကီကီက ပြောလိုက်သည်၊၊

သို့သော် ဟန်ကျွမ့်က မျက်မှောင်ကြုတ်ကာ ကောင်းကင်သို့ ကြည့်လိုက်သည်။

“ခဏလေး” ဝမ်ကျိုးလည်း တစ်စုံတစ်ခုကို ခံစားမိနေသည်။ လေထဲတွင် တုန်ခါမှုများဖြစ်လာသည်၊၊

“ဒါက တုန်ခါမှုလှိုင်းတစ်ခုတည်း မဟုတ်ဘူး...”

ဟန်ကျွမ့်သည် သူ၏ ရေစွမ်းအားဖြင့် လက်မြှောက်လိုက်ပြီး လေထဲရှိ စိုထိုင်းဆကို အာရုံခံလိုက်သည်—သူ၏ မျက်နှာအမူယာ ပြောင်းလဲသွားသည်။

ထိုအချိန်တွင် ပေါက်ကွဲသံတစ်ခုနှင့် လေစီးကြောင်းသည် အပေါ်မှ ကျယ်လောင်စွာ မြည်ဟည်းလာပြီး နားကွဲမတတ်သော အော်ဟစ်သံနှင့် မြေပြင်မှ ကြီးမားသော တုန်ခါမှုနှင့် ပေါင်းစပ်သွားသည်။ ကြီးမားသော ရှည်လျားသော အနက်ရောင် အရိပ်ကြီးတစ်ခုသည် ဆီးနှင်းမုန်တိုင်းထဲတွင် လျင်မြန်စွာ ပေါ်လာပြီး ကောင်းကင်မှ တည့်တည့် ဆင်းသက်လာသည်။

“မဖြစ်ဘူး—အပေါ်မှာ”

“ဆုတ်ခွာကြ”

ဝမ်ကျိုးသည် ပထမဆုံး တုံ့ပြန်သူဖြစ်ပြီး အမဲလိုက်အဖွဲ့များကို အော်ဟစ်လိုက်သည်။

တစ်ခဏအတွင်း သူသည် သံလိုက်ထိန်းချုပ်မှုကို အသုံးပြုကာ လူလေးဦးကို ဖမ်းဆုပ်ပြီး နောက်သို့ ပစ်ချလိုက်သည်။

ဝှစ် ဝှစ် ဝှစ်

ချက်ချင်းပင် အဖွဲ့ ၃၅ ဖွဲ့လုံး ပြန့်ကျဲသွားကြသည်—အချို့က ပျံသန်းကြသည်… အချို့က နံရံများကို တက်ကြသည်၊ အချို့က အဆောက်အအုံများပေါ် ခုန်ကူးကြသည်—လူတိုင်းသည် သူတို့ တတ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်နေကြသည်။

နောက်တစ်စက္ကန့်တွင် ထိုကြီးမားသော အရိပ်ကြီးသည် ဗဟိုရိပ်သာလမ်းဆီသို့ ကျဆင်းလာသည်။

ဘုန်းးးးး

ဥက္ကာခဲတိုက်ခိုက်မှုကဲ့သို့ပင် ထိခိုက်မှုသည် ကြီးမားသော တုန်ခါမှုလှိုင်းဖြင့် ပေါက်ကွဲထွက်လာသည်၊၊

ကြီးမားသော အနက်ရောင်ပုံရိပ်သည် ရိပ်သာလမ်းပေါ်ရှိ မြင့်မားသော အဆောက်အအုံသုံးခုကို တိုက်ရိုက်ပင်ဖျက်ဆီးလိုက်သည်၊၊ အဆောက်အအုံများ ပြိုကျသွားပြီး မီတာ ၂၀၀ မှ ၃၀၀ မြင့်သော မျှော်စင်များသည် တစ်ဝက်စီပြတ်တောက်သွားသည်။

ကီကီ၊ ဝမ်ကျိုးနှင့် အခြားသူများသည် လေထဲတွင် ရှိနေစဉ် တုန်ခါမှုလှိုင်းကြီးသည် သူတို့ထံ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ သူတို့ မြင်လိုက်ရသည်—မြောက်ဘက်မြို့ပြင်မှ တွင်းနက်ပိုးကောင်၏ အလောင်းသည် အမြင့်မီတာတစ်ထောင်အထက် ကောင်းကင်မှ စီလန်မြို့ထဲသို့ တည့်တည့် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။

ဝုန်း ဝုန်း အုန်း—

တုန်ခါလှိုင်းများသည် မြို့ကို ဖြတ်သန်းသွားပြီး မျှော်စင်သုံးခုကို သစ်ကိုင်းများကဲ့သို့ ချိုးဖဲ့ပစ်လိုက်သည်။ ဗဟိုရိပ်သာလမ်းတစ်ဝက်သည် ပျက်စီးသွားပြီး လှိုင်းလုံးကဲ့သို့ လွင့်ပျံလာသော မီးခိုးများနှင့် နှင်းများအောက်တွင် နစ်မြှုပ်သွားသည်။

All Chapters