← Chapters

အခန်း (၄၆၄-၄၆၅)

Vol. 30 Ch. 464-465

အခန်း (၄၆၄-၄၆၅)

Vol. 30 Ch. 464-465

Chapter 464

ယူနစ်-၀၁ - ဖန်ကူ ပြန်လည် နိုးထခြင်း ၄

ပိုကြီးလာသော နှင်းမွန်စတားအုပ်စုကို ကြည့်ရင်း ကျင်းထျန်း၏ မျက်နှာသည် တည်ကြည်နေသည်။ သူတို့တွင် လူသုံးဆယ်ကျော်သာ ရှိသည် — မွန်းစတားအားလုံးကို သတ်ပစ်ခြင်းသည် အချိန်နှင့် စွမ်းအင်ကို ဖြုန်းတီးခြင်းပင် ဖြစ်လိမ့်မည်။

ဖုတ်ကောင်များသည် ထူးဆန်းစွာ ပိုများသော အရေအတွက်ဖြင့် ဆက်ပြီး ရောက်လာနေသည်။ အချိန်ဆွဲရန်အတွက် သူတို့သည် ရွေ့လျားနေပြီး ရန်သူကို စက်ဝိုင်းပုံစံ မျှားခေါ်ထားသည်၊၊

ယခုအချိန်တွင် သူတို့အဖွဲ့မှ ခုနစ်ဦးသည် မွန်းစတားများ၏ လက်သည်းများအောက်၌ သေဆုံးသွားခဲ့ပြီ။

ကောင်းကင်ယံတွင် ဖိုက်တာနှစ်စင်းသည် တိမ်များကို ဖြတ်၍ လျှပ်စီးကြောင်းကဲ့သို့ ရှေ့ဆင့်နောက်ဆင့် သွားနေသည်၊၊ သူတို့နောက်တွင် အတောင်ပံပါသော မွန်းစတားရာပေါင်းများစွာသည် ကြောက်မက်ဖွယ်ကောင်းစွာ လိုက်ပါလာသည်။

ပိုင်းလော့များသည် မွန်းစတားများကို နီးကပ်စွာ ထိန်းထားပြီး စခန်းဆီသို့ မဝင်သွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အမြန်နှုန်းကို လျှော့ချထားသည်။

“ကပ္ပတိန်စွန်း၊ ကျွန်တော်တို့ အပေါ်မှာ တစ်ခုခု လင်းကနဲ ဖြစ်သွားတာကို ခုနက မြင်လိုက်တယ်။ အမြင့်ပေကို လျော့ချဖို့ အကြံပြုပါတယ်”

“ကောင်းပြီ—အမြင့်ပေ ၂၂၀၀ ကို ဆင်း”

“၂၂၀၀ ကို ဆင်းနေပြီ”

စွန်းကိုင်၏ အမူအရာသည် သတိကြီးနေသည်။ ရေဒါပေါ်ရှိ သွေးနီရောင် အစက်များကို စိုက်ကြည့်ရင်း

“ပိုမြန်အောင် သွားလို့ မရဘူး။ ဒီသတ္တဝါတွေက ငါတို့ကို ရှင်းထုတ်ဖို့ အသည်းအသန် လုပ်နေတယ်”

“ထူးဆန်းတယ်။ သူတို့ ငါတို့ကို မြင်နေရတယ်လို့ မထင်ဘူး။ အမှတ်သားတွေကိုပဲ တုံ့ပြန်နေတာဖြစ်မယ်”

“ဟုတ်တယ်။ ဒါကြောင့် ငါတို့က အမှတ်သားတွေကို သုံးပြီး အဝေးကိုဆွဲဆောင်ပြီး—ကပ္ပတိန်လင်းနဲ့ ကပ္ပတိန်ယုတို့ အဖွဲ့အတွက် အချိန်ဆွဲပေးထားမယ်”

ဘီပ်၊ ဘီပ်၊ ဘီပ်။

ရုတ်တရက်၊ သူ၏ ရေဒါက သတိပေးချက် ပေးလာပြီး ပြင်းထန်သော လေလှိုင်းများ ဖြစ်ပေါ်လာသည်။

“တစ်ခုခု မှားနေပြီ—ငါတို့ အပေါ်ဘက်မှာ”

ယူနစ် ၂ ၏ ပိုင်းလော့က မော့ကြည့်လိုက်သည် — သူတို့၏ ခေါင်းပေါ်၌ ကြီးမားသော အရိပ်တစ်ခုကိုသာ မြင်လိုက်ရသည်။ အတောင်ပံများသည် ဒါဇင်နှင့်ချီသော မီတာအထိ ကျယ်ပြန့်ပြီး ဆီးနှင်းနှင့် လေများ တိုက်ခတ်နေသည်။ မရေမတွက်နိုင်သော မျက်လုံးများဖြင့် ဖုံးလွှမ်းထားသည့် ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ကြီးတစ်ခုသည် သူတို့၏ အထက်တွင် ပွင့်လာသည်။

“ဒါ… ဒါ ဘာကြီးလဲ”

“ရှောင်ကြ…. အခုချက်ချင်း”

“အား”

ဝူးးး

ဘန်း အုန်း

အဝေးရှိ Lightning-2 ဖိုက်တာတစ်စင်းသည် အနက်ရောင် မီးခိုးငွေ့နှင့် မီးတောက်များကို ထုတ်လွှတ်ရင်း ဆီးနှင်းပြင်ထဲသို့ ထိုးဆင်းသွားပြီး သေးငယ်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။

ကျင်းထျန်၏ ရင်ထဲတွင် ခဲဆွဲထားသကဲ့သို့ လေးလံနေသည်၊၊ နောက်ထပ် လေယာဉ်တစ်စီး ကျသွားပြန်ပြီ။ ကောင်းကင်ယံတွင် တစ်စီးသာ ကျန်တော့သည်။

ယူနစ် ၁ — စွန်းကိုင်။

“အစီရင်ခံပါတယ်- အကြီးစား အတောင်ပံပါတဲ့ မွန်းစတားတစ်ကောင် ပေါ်လာပြီ။ ယူနစ် ၂ ကျသွားပြီ။ ငါ ဒီအကောင်ကို ပိုပြီး ဝေးတဲ့နေရာကို ခေါ်ထုတ်သွားမယ်”

“ဘယ်လို… အကြီးစား”

ကျင်းထျန်၏ မျက်နှာသည် မှောင်မိုက်သွားပြီး ပို၍ များပြားလာသော နှင်းတစ္ဆေအုပ်စုကို ကြည့်လိုက်သည်။ တစ်ခုခုတော့ လုံးဝ မှားယွင်းနေလေပြီ။

“မဖြစ်ဘူး—ငါတို့ ဒီနေရာမှာ ဆက်ပြီး ပတ်နေလို့ မရတော့ဘူး”

ဆက်သွယ်ရေးလိုင်းမှ စွန်းကိုင်၏ ပြတ်သားသော အသံက ထွက်ပေါ်လာသည်— သူသည် နောက်လာမည့် အရာတိုင်းအတွက် အသင့်ဖြစ်နေသည်မှာ ရှင်းနေသည်။

ထိန်းချုပ်ခန်းအတွင်း၌ လင်းရှန်သည် တုန်လှုပ်စွာ နားထောင်နေသော်လည်း ယခုအချိန်တွင် သူသည် ယူနစ် ၀၁ ပြုပြင်မှုကို အရှိန်မြှင့်ရန်မှလွဲ၍ အခြား ရွေးချယ်စရာမရှိပေ။

သူသည် အေးခဲ-အမှောင် ဆေးရည် နောက်ပုလင်းတစ်ခုကို ထုတ်ယူကာ ချက်ချင်း အဖုံးဖွင့်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။

ဂျစ် ဂျစ်...

ထိုအချိန်၌ ယူနစ် ၀၁၏ အချက်ပြ မြှင့်တင်စနစ်သည် အဝေးရှိ လေပိုင်နက်မှ လှုပ်ရှားမှုအချို့ကို ဖမ်းယူမိသွားသည်။

လင်းရှန်နှင့် ချန်ဝေ နှစ်ဦးစလုံး တောင့်တင်းသွားပြီးနောက် ၎င်းကို ဆက်သွယ်ရန် ကြိုးစားလိုက်သည်။

“ဒါက ဖီးနစ်အထူးစစ်ဆင်ရေး ယူနစ်ပါ—ကိုယ့်ကိုယ်ကို ဖော်ထုတ်ပါ”

ဂျစ်-ဂျစ်... “ကျွန်တော်တို့က အနောက်ပိုင်း စီလန်လေကြောင်းအကူညီ အဖွဲ့ ၃ ပါ။ ပြန်လည်စတင်ရေး အစီအစဉ်ကို ထောက်ပံ့ဖို့ အမိန့်နဲ့ ဒီကို ရောက်လာတာပါ။ ပထမ အဖွဲ့နှစ်ဖွဲ့က ကျသွားပြီ — ကျွန်တော်တို့ ရန်သူ့နယ်နိမိတ်ကို ခုမှ ဖြတ်ကျော်လာတာပါ… လက်ရှိ အခြေအနေက ဘယ်လိုလဲ”

လင်းရှန် ချက်ချင်း ပြန်ဖြေသည်၊၊

“အရာအားလုံး လည်ပတ်နေတယ်။ အဆင့်မြင့် ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုအောက်မှာ ရှိနေတယ်။ မြေပြင်နဲ့ ဝေဟင်မှာ အရေးပေါ် အကူအညီတွေ လိုအပ်တယ်”

“နားလည်ပါပြီ… ၂ မိနစ်အတွင်း ရောက်ရှိမယ်”

လင်းရှန်၏ မျက်လုံးများ၌ မျှော်လင့်ချက်ဖြင့် တောက်ပလာသည်။ သူသည် ချက်ချင်း ဆက်သွယ်ရေးကို ဖွင့်ကာ စွန်းကိုင်ကို ခေါ်လိုက်သည်။

“ကပ္ပတိန်စွန်း၊ ထိန်းထားဦး—အကူအညီတွေ ရောက်တော့မယ်”

စခန်းအတွင်း၌ နည်းပညာအဖွဲ့ဝင်များသည် လင်းရှန်၏ သတင်းကြောင့် မျက်နှာများ တောက်ပသွားကြသည်။ ယုဟန်သည် ချက်ချင်း ခေါင်းညိတ်ပြီး

“မင်းတို့ ကြားတယ်မလား။ အကူအညီတွေ လာနေပြီ။ အားလုံး မတုန်လှုပ်ကြနဲ့ — ငါတို့ နောက်ဆုံး အလုပ်တွေကို အမြန်ဆုံး ပြီးအောင် လုပ်ရမယ်”

ထို့နောက် သူသည် ဆက်သွယ်ရေးကိရိယာသို့ တစ်ဖန် ပြောလိုက်သည်၊၊

“စွန်းကိုင်… ခဗျား ကြားလား။ အကူအညီတွေ ရောက်တော့မယ်”

ကရက်... ဘာမှ ပြန်မဖြေပေ။

“ကပ္ပတိန်စွန်း”

လင်းရှန်၏ အသံထွက်လာပြန်သည်၊၊

“ကပ္ပတိန်... လင်း...” ဆက်သွယ်ရေးကိရိယာသည် မသဲမကွဲ အချက်ပြမှုဖြင့် တီးတိုးမြည်နေသည်။ စွန်းကိုင်၏ တိုက်လေယာဉ်သည် လျင်မြန်သော အရှိန်ဖြင့် မောင်းနေပုံရသည်၊၊

“ကပ္ပတိန်စွန်း… အကူအညီတွေ မကြာခင် ရောက်တော့မယ်…. တောင့်ထားဦး… အရမ်းအဝေးကြီး မပျံပါနဲ့”

“ကပ္ပတိန်လင်း... ဒီအတောင်ပံပါတဲ့ အကောင်ကြီးက ငါတို့ရဲ့ ခြိမ်းခြောက်မှုကို ခံစားမိနေတယ်—အဲ့ဒါကို ခေါ်ထုတ်သွားရမယ်။ ငါ့ကို စိတ်မပူပါနဲ့။ ငါက မစ်ရှင်ကို အပြီးသတ်မယ်”

စွန်းကိုင်၏ အသံသည် လေတိုးသံများကြားမှတဆင့် ရောက်လာသည်။

လင်းရှန်၏ အမူအရာသည် စိုးရိမ်ပူပန်လာသည်။ “ဒီမွန်းစတားတွေက စီလန်မြို့ကနေ လာတာ ဖြစ်နိုင်တယ်။ ကျုပ်တို့ တိုက်ခိုက်မှုကို အပြည့်အဝ မခံရသေးဘူးဆိုတာက S-Class သတ္တဝါရဲ့ လွှမ်းမိုးမှုက ဝင်ရိုးစွန်းလေပွေဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားတာကို ဆိုလိုတယ်။ အခု အကူအညီတွေ ရောက်လာပြီဆိုတော့ ကျုပ်တို့ အချိန်ဆွဲနိုင်တာ ဖြစ်နိုင်တယ်၊ ဒါကြောင့်...”

“အခြေစိုက်စခန်းကို ချက်ချင်း ပြန်လာခဲ့” လင်းရှန်က အော်လိုက်သည်။

ဝူးးးး~

Lightning-2 ဖိုက်တာ ထိန်းချုပ်ခန်းအတွင်း၌ စွန်းကိုင်သည် လေယာဥ်၏ အတောင်ပံဘေးမှ ကြီးမားသော သတ္တဝါကြီးကို ထိုးဆင်းလာသည်ကို လှည့်ကြည့်လိုက်သည်။ အသက်ပြင်းပြင်း ရှူသွင်းကာ၊ သူသည် မောင်းတံကို ချက်ချင်း ရှေ့သို့ တွန်းလိုက်ပြီး ဂျက်လေယာဉ်ကို အရှိန်မြှင့်လိုက်သည်။ မှိန်တုတ်မှိတ်တုတ်ဖြစ်နေသော အချက်ပြလှိုင်းများကို စိုက်ကြည့်ရင်း သူသည် ဆက်သွယ်ရေးမှတဆင့် တည်ငြိမ်စွာ ပြောလိုက်သည်-

“ကပ္ပတိန်လင်း”

“ငါ ပြန်လာလို့ မရဘူး… ဆက်သွားပါ”

ဘီပ်...

Chapter 465

ယူနစ်-၀၁ - ဖန်ကူ ပြန်လည် နိုးထခြင်း ၅

စခန်းတဲအတွင်း၌ စွန်းကိုင်၏ အသံနှင့် မှိန်ကျသွားသော အချက်ပြမီးတို့ကြောင့် လူတိုင်းသည် ရပ်တန့်သွားသည်။ လူတိုင်း၏ မျက်လုံးများသည် ယုဟန်၏ စားပွဲပေါ်ရှိ ဆက်သွယ်ရေးကိရိယာဆီသို့ လှည့်သွားသည်။ စာရိုက်နေသည့် သူ၏ လက်များသည် ထိုကိရိယာကို စိုက်ကြည့်ရင်း အနည်းငယ် တုန်ယင်နေသည်။ တဲတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အမျိုးသမီး အဖွဲ့ဝင်အချို့၏ မျက်လုံးများသည် နီရဲနေပြီး တိုးတိတ်စွာ ရှိုက်ကြီးတငင် ငိုကြွေးခြင်းကို မထိန်းနိုင်ကြတော့ပေ။

ကျင်းထျန်သည် နားထောင်ရင်း ကောင်းကင်သို့ မော့ကြည့်လိုက်သည် — သို့သော် ဆီးနှင်းမုန်တိုင်းဖြင့် ပြည့်နေသော ကောင်းကင်ယံအထက်တွင် အနက်ရောင်သာရှိသည်။ ဘာကိုမှ မမြင်ရပေ။

ရွှီ ရွှီ အုန်း အုန်း အုန်း

တစ်မိနစ်အကြာတွင် ဒုံးကျည်များစွာသည် လေထဲ၌ အော်ဟစ်ကာ နှင်းတစ္ဆေအုပ်စု စုဝေးနေသည့် ဆီးနှင်းပြင်ကို ထိမှန်သွားသည်။ ပေါက်ကွဲမှုများသည် လှိုင်းလုံးများအဖြစ် ပေါက်ကွဲကာ မရေတွက်နိုင်သော နှင်းတစ္ဆေများကို ဖယ်ရှားပစ်လိုက်သည်။

ထို့နောက် တိုက်လေယာဉ် ၆စင်းသည် အနိမ့်ပျံသန်းလာသည်။ ဆက်သွယ်ရေးလှိုင်းမှ အသံတစ်ခု ထွက်လာသည်။

“ပြန်လည်စတင်ရေးအဖွဲ့၊ ဒါက လေကြောင်းအကူညီ အဖွဲ့ ၃ ပါ—စစ်ကူပေးဖို့ အမိန့်နဲ့ ဒီကို ရောက်လာတာပါ”

“သတိထား၊ ဒီမှာ အတောင်ပံပါတဲ့ မွန်းစတားကြီးတစ်ကောင် ရှိတယ်”

ယုဟန်က ဆက်သွယ်ရေးကိရိယာကို ချက်ချင်း ဆွဲယူကာ အော်ပြောလိုက်သည်။

“နားလည်ပါပြီ”

ဝူး ရွှီး ရွှီး

ချက်ချင်းပင် နားများကို အူထွက်သွားစေနိုင်သော အသံလှိုင်းသည် ရေခဲချောက်အထက်၌ ပဲ့တင်ထပ်လာသည်။

အတောင်ပံပါသောမွန်းစတားအုပ်စုများသည် စွန်းကိုင် ခေါ်ထုတ်သွားသည့်ဘက်မှ အော်ဟစ်ရင်း ပြန်ရောက်လာသည်။

“မကောင်းဆိုးဝါးတွေ… အတော်လေး ဇွဲကောင်းနေတယ်ပေါ့”

ကျင်းထျန်က ဟိန်းဟောက်ကာ သူ၏ သေနတ်ကို ဆွဲပြီး ကောင်းကင်သို့ ပစ်ခတ်လိုက်သည်။

“သူတို့ကို အောက်ကို ဆွဲဆောင်ထား… စခန်း ဒါမှမဟုတ် ကပ္ပတိန်လင်းဘက်ကို မရောက်စေနဲ့”

ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒက် ဒက်

ချက်ချင်းဆိုသလို အစောင့်တပ်ဖွဲ့မှ ကျန်ရှိနေသည့် လူနှစ်ဆယ်ကျော်သည် ကောင်းကင်သို့ ပစ်ခတ်လိုက်ကြသည်။ ထိုအတောအတွင်း ဝင်လာသော လေကြောင်းစစ်ကူအဖွဲ့သည် ပုံစံတကျ အရှိန်မြှင့်ကာ အတောင်ပံပါသော မွန်းစတားများနှင့် ပြင်းထန်သော ဝေဟင်တိုက်ပွဲကို ဆင်နွှဲနေသည်။

“စခန်းကို ကာကွယ်”

“ဒရယ်နဲ့ ကျားသစ်… ဆွဲတင် ဆွဲတင်”

ဘန်း ဘန်း အုန်း

တိုက်လေယာဉ်နှစ်စီး မလှုပ်ရှားနိုင်ခင် ကြီးမားသော အတောင်ပံပါသော မွန်းစတားကြီးတစ်ကောင်သည် တိမ်များကြားမှ ရုတ်တရက် ထွက်လာသည်။ ၎င်း၏ အတောင်ပံများသည် အဆောက်အအုံကြီးတစ်ခုအလား ကျယ်ပြန့်နေပြီး တစ်ချက်တည်းနှင့် လေယာဉ်နှစ်စီးကို ရိုက်ချလိုက်သည်။ ထိုကြမ်းတမ်းသော လှုပ်ရှားမှုပြီးနောက် ၎င်းသည် အော်ဟစ်သံဖြင့် တိမ်များထဲသို့ ပြန်ပျောက်ကွယ်သွားကာ ဒုတိယအကြိမ် တိုက်ခိုက်ရန် ပြင်ဆင်နေသည်။

ကျင်းထျန်တို့အဖွဲ့၏ သေနတ်သံများသည် အတောင်ပံပါသော မွန်းစတားအုပ်စုကို ဆွဲဆောင်လိုက်သောအခါ ၎င်းတို့ထံ အစုလိုက်အပြုံလိုက် ထိုးဆင်းလာကြသည်။ လူတိုင်းသည် လျင်မြန်သော လှုပ်ရှားမှုများအတွက် ၎င်းတို့၏ ရွေ့လျားနိုင်သော နှင်းလျှောစီးပြားများကို ချက်ချင်း တပ်ဆင်ကြသည်။

ဒက် ဒက် ဒက် ဒက်

“ပစ်ကြ”

“သတိထား”

“ရှောင် ရှောင်”

“အား”

ပျံသန်းနေသော ထူးဆန်းသည့် သတ္တဝါများသည် ကြောက်မက်ဖွယ်ကောင်းသော ဗုံးကြဲလေယာဉ်များကဲ့သို့ ထိုးဆင်းကာ တိုက်ခိုက်နေကြသည်။ အစောင့်များစွာသည် ချက်ချင်း စုတ်ပြတ်သတ်သွားသည်။

မျက်တောင်တစ်ခတ်အတွင်း၌ အခြေအနေသည် အလွန်အန္တရာယ်ရှိလာသည်။

ထိုအချိန်၌ စခန်းအတွင်းရှိ ယုဟန်သည် ယူနစ် ၀၁ပေါ်မှ အချက်အလက်များကို စိုက်ကြည့်နေသည်။ သံချပ်ကာပြားများ၊ အာရုံခံကိရိယာများ၊ ကေဘယ်ကြိုးများ — လက်နက်စနစ်များပင် — အံ့ဩဖွယ်ရာ ပြန်လည်ပြုပြင်နေသည်ကို သူမြင်နေရပြီး သူ၏ နှလုံးခုန်နှုန်း မြန်လာသည်။

ဆက်သွယ်ရေးကိရိယာမှ တစ်ဆင့် တစ်ချက် တစ်ချက် ရောက်လာသော အော်ဟစ်သံများသည် သူ၏ အသက်ရှူခြင်းကိုပင် မေ့သွားစေသည်။ သူ လုပ်နိုင်သည်မှာ စိတ်ထဲမှ တိတ်ဆိတ်စွာ ရွတ်ဆိုခြင်းသာ —

ပိုမြန်ပါဦး

ပိုမြန်ပါဦး

မြန်မြန်...

“အဲ့ဒီ အကောင်ကြီး ပြန်လာနေပြီ”

“လူခွဲသွားကြ… တစ်ကြိမ် ထိုးဆင်းလာရင် တစ်ယောက် စတေးပြီး—အချိန်ဆွဲ”

ဗုံး

ထိုအချိန်၌ ယူနစ် ၀၁၏ မောင်းနှင်စနစ်နှင့် ပိုင်းလော့ ထပ်တူပြုခြင်း အခြေအနေသည် မော်နီတာပေါ်၌ ၁၀၀% ရောက်နေသည်ကို ယုဟန် မြင်လိုက်ရသည်။ သူ၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

ခဏအကြာတွင် လင်းရှန်၏ အသံသည် ဆက်သွယ်ရေးမှတဆင့် ရောက်လာသည်။

“အဖွဲ့ခေါင်းဆောင်ယု၊ ဒုတိယအကြိမ် စတင်ခြင်းကို လုပ်ဆောင်နေတယ် — အဆင့် တစ် စတင်ခြင်း”

“ရပြီ”

ယုဟန်သည် ထိန်းချုပ်ခလုတ်ကို ချက်ချင်း နှိပ်လိုက်သည်။ ယူနစ် ၀၁၏ ထိန်းချုပ်ခန်းအတွင်း၌ လင်းရှန်သည် သူ၏ ပေါင်းစည်း အာရုံကြောသံချပ်ကာကို ဝတ်ဆင်ပြီးသားဖြစ်ပြီး အေးခဲ-အမှောင်ဆေးရည် နောက်ဆုံးပုလင်းကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။

“အဆင်သင့်ပဲလား”

ချန်ဝေသည် ညာဘက်ထိုင်ခုံ — သူ့အစ်ကို တစ်ချိန်က ရပ်ခဲ့သည့် နေရာ၌ ခြေချလိုက်ပြီး လင်းရှန်ကို စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဒီအရာက... အရုပ်မဟုတ်ဘူး”

“စတင်”

လင်းရှန်သည် သူ၏ ဦးထုပ်ကို ဝတ်ဆင်ရင်း ပြောလိုက်သည်။ သူ၏ အသံသည် တည်ငြိမ်ပြီး အေးစက်နေသည်။

“ကျုပ်က သတ်ဖြတ်ဖို့ပဲ လှုပ်ရှားချင်နေတယ်”

“လုံးဝ သဘောတူတယ်”

ချန်ဝေက တစ်ချက်ကြည့်လိုက်ပြီး ထိန်းချုပ်ယူနစ်ခလုတ်များစွာကို နှိပ်ကာ မျက်လုံးများသည် ရေခဲကဲ့သို့ အေးစက်နေသည်၊၊

ဝူးးးး

နာနို-ကြွေထည် မြင်ကွင်းကျယ်ဖန်သားပြင်တစ်လျှောက် မီးများအားလုံးနှင့် ဟိုလိုဂရမ် စနစ်မြင်ကွင်းများ လင်းထိန်လာသည်။

“ပိုင်းလော့ အာရုံကြောစနစ်မြင်ကွင်း ထပ်တူပြုခြင်း စတင်မည်”

ယုဟန်၏ အသံသည် ဆက်သွယ်ရေးမှတဆင့် ရောက်လာသည်။

Ai အမျိုးသမီးအသံ ထွက်ပေါ်လာသည်။

ဘဇ်

လင်းရှန်နှင့် ချန်ဝေနှစ်ဦးစလုံးသည် အားပြင်းသော စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ သူတို့၏ အာရုံကြောစနစ်တစ်ခုလုံးသည် ကြီးမားသော စက်ကြီး၏ စနစ်နှင့် ပေါင်းစည်းသွားပုံရသည်။

“ဒုတိယအကြိမ် အင်ဂျင်စတင်ရန် ပြင်ဆင်ပါ”

လင်းရှန်နှင့် ချန်ဝေတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

“စနှိုးမယ်”

“ရပြီ”

ဝူးးးး

ဒရာကာမာရေခဲချောက်၏ အလယ်၌ အားကောင်းသော ထင်ယောင်ထင်မှားဖြစ်ဖွယ် ပဲ့တင်သံတစ်ခု ထွက်ပေါ်လာသည်။

ဆီးနှင်းမုန်တိုင်းကြား၌ ယူနစ် ၀၁၏ ရင်ဘတ်ရှိ နှစ်မြွှာပေါင်းစည်းဓာတ်ပေါင်းဖိုသည် နိုင်အိုဘီယမ်-တိုက်တေနီယမ် စူပါလျှပ်ကူးပစ္စည်းများဖြင့် စီတန်းထားပြီး တောက်ပသော လိမ္မော်ရောင် ပလာစမာလှိုင်းဖြင့် အပူပေးကာ လျှပ်စစ်လှိုင်းထုတ်လွှတ်ရန် စတင်လိုက်သည်။

ထိုလှိုင်းသည် တဖြည်းဖြည်းနှင့် ထူးဆန်းသော အပြာရောင် ပလာစမာအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းပတ်ပတ်လည်ရှိ ဆီးနှင်းနှင့် ရေခဲအားလုံးကို ချက်ချင်း အငွေ့ပျံသွားစေသည်။ စခန်း၏ ရှေ့ဘက်သည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားသည်!

ယုဟန်သည် တဲထဲမှ အလျင်အမြန် ပြေးထွက်လာသည်။ ထိုမျက်စိကျိန်းစက်ဖွယ် ပေါင်းစည်းတာဘိုင် အူတိုင်ကို ကြည့်လိုက်ရုံနှင့် သူ၏ အသက်ရှူခြင်းက ပိုမို လေးလံလာသည်။

မောင်းခန်းအတွင်း၌ ပေါင်းစည်း အာရုံကြောထိန်းချုပ်မှုစနစ်အောက်တွင် လူနှစ်ဦးသည် ပြီးပြည့်စုံစွာ ထပ်တူကျလျက်ရှိနေသည်၊၊

လင်းရှန်- “ရေခဲတွေ ချိုးဖျက်ဖို့ ပြင်ဆင်”

ချန်ဝေ- “ရေခဲတွေ ချိုးဖျက်ဖို့ ပြင်ဆင်”

ဝူးးးးးးးးးး

ဘန်း ဘန်း ဘန်း

မိုးခြိမ်းသံကဲ့သို့သော သတ္တုလှိုင်းသံများသည် ချောက်ကမ်းပါးတစ်လျှောက် ပဲ့တင်ထပ်လာသည်။ ဖန်ကူ ယူနစ် ၀၁သည် တုန်ခါသွားပြီး ၎င်းကို ဖုံးအုပ်ထားသော ဆီးနှင်းနှင့် ရေခဲများသည် နှင်းပြိုကျသည့်အလား ပြုတ်ကျသွားသည်။ ၎င်း၏ မူလ ဒူးတစ်ဖက်ထောက်နေသည့် အနေအထားသည် ပြောင်းလဲသွားသည် — ၎င်း၏ ကိုယ်အထက်ပိုင်းသည် ဖြည်းဖြည်းချင်း မြှောက်တက်လာသည်။

ထိုအချိန်၌ တန်ချိန်ပေါင်း သောင်းနှင့်ချီရှိသော စူပါလက်နက်...

တစ်ဖန် နိုးထလာခဲ့သည်။

“သတိထား… အကောင်ကြီး ပြန်လာနေပြီ! လေပြင်း—စတေးဖို့ ပြင်ဆင်”

တိုက်လေယာဉ်များမှ အော်ဟစ်သံသည် ဆက်သွယ်ရေးမှတဆင့် ရောက်လာသည်။

သို့သော် လေပြင်းအမည်ရှိ ပိုင်းလော့သည် ဝင်လာသော အတောင်ပံပါသော မွန်းစတားကို ထိပ်တိုက် ဝင်တိုးရန် ပြင်လိုက်စဥ်...

မြေပြင်မှ တုန်ခါလှိုင်းတစ်ခုသည် လေထုကို ဖြတ်၍ ထွက်ပေါ်လာသည၊၊

မွန်းစတား၏ နောက်မှ — ဆီးနှင်းမုန်တိုင်းကို ဖြတ်၍ — ၎င်း၏ ရင်ဘတ်၌ ထူးဆန်းသော အပြာရောင်ပလာစမာများဖြင့် လောင်ကျွမ်းနေသော မတ်မတ်ရပ်နေသည့် မီကာကြီးတစ်ခု… အမှောင်ကို ထိုးဖောက်ကာ လေမုန်တိုင်းများဖြင့် ရစ်ပတ်ထားပြီး ကြီးမားသောတိုင်တန်ကြီးတစ်ကောင်အလား ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဌာန်ကို ဖော်ပြလိုက်သည်၊၊

ထိန်းချုပ်ခန်းအတွင်း၌ လင်းရှန်နှင့် ချန်ဝေတို့၏ အသံများက အေးစက်ထက်ရှစွာ ထွက်ပေါ်လာသည်။

လင်းရှန်- “ချိန်းကြိုးဓားသွား အသင့်”

ချန်ဝေ- “ချိန်းကြိုးဓားသွား အသင့်”

All Chapters