အခန်း (၄၆၆-၄၆၇)
Vol. 30 Ch. 466-467
Chapter 466
အန္တရာယ်၊ အားနည်းချက် ၁
စခရီး…
ဒရာကာမာ ရေခဲချိုင့်ဝှမ်းဒေသအထက်တွင် ပြင်းထန်သော နှင်းမုန်တိုင်းထဲ၌ အတောင်ပံပါသော မွန်းစတားတစ်ကောင်၏ နားကွဲလုနီးပါး အော်သံသည် ဆီးနှင်းပြင်တစ်လျှောက်သို့ လှိုင်းဂယက်များ ထသွားစေသည်၊၊ မုန်တိုင်းက အရာအားလုံးကို တစ်ချီတည်းမျိုချတော့မည့်အလား ဖြစ်နေစဉ် ရုတ်တရက် ဧရာမ ယန္တရားလက်မောင်းကြီးတစ်ခု ထိုးထွက်လာပြီး လေထဲပျံဝဲနေသော အတောင်ပံပါ မွန်းစတား၏ အမြီးကို ဆုပ်ကိုင်လိုက်သည်။
အားပြင်းစွာ ဆွဲဆောင့်လိုက်ရာ ထိုသားရဲ၏ မီတာဒါဇင်နှင့်ချီ အရှည်ရှိသော ကြီးမားသည့်အတောင်ပံများသည် ရိုင်းစိုင်းစွာ လှုပ်ရှားသွားကြသည်။ ဒုတိယအော်သံကို မထုတ်နိုင်မီပင် ဧရာမ နီညိုရောင် ကြိမ်နှုန်းမြင့်ချိန်းဓားကြီးတစ်ခုသည် အသံထက်မြန်သော အရှိန်ဖြင့်__ ထိုမွန်းစတား၏—အတောင်ပံများနှင့် ခန္ဓာကိုယ်အလယ်မှ နှစ်ပိုင်း ဖြတ်လိုက်လေသည်။
ဓားသွားကြီးသည် နီရဲတောက်ပနေပြီး ကျောက်စိုင်များကဲ့သို့ မာကျောသော မွန်းစတား၏ အရေပြားနှင့် အရိုးများကို ထောပတ်ကို ဓားပူပူဖြင့်လှီးသကဲ့သို့ အားစိုက်ထုတ်စရာမလိုဘဲ ခုတ်ဖြတ်လိုက်သည်၊၊
ကလန်
ဝုန်း
ယူနစ် ၀၁ သည် မြေကြီးကိုပါ တုန်ခါစေနိုင်သည့် နားကွဲလုမတတ် ယန္တရားသံကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် အတောင်ပံပါ မွန်းစတား၏ ကိုယ်တစ်ပိုင်းကို ကျင်းထျန်၏ တပ်ဖွဲ့နောက်မှ လိုက်လာနေသော နှင်းတစ္ဆေများထံသို့ ပစ်လွှတ်လိုက်သည်။ နာရီစက်တစ်ခုအလုပ်လုပ်သည်နှယ် ချောမွေ့စွာပင် ၎င်း၏ ညာလက်မောင်းကို မြှောက်ကာ ကြိမ်နှုန်းမြင့် ချိန်းဓားကို ပြန်သိမ်းယူလိုက်သည်။
ချလွင်-ချလွင်-ချလွင်— ၎င်း၏ ယန္တရားလက်ချောင်းများနှင့် လက်ကောက်ဝတ်သည် တြိဂံ ပလာစမာ အဆင့်ကွင်းတစ်ခုအဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်။
“ပလာစမာ အမြောက်ကို အသက်သွင်းပါ”
“ပလာစမာ အမြောက်ကို အသက်သွင်းပါ”
ဟူးးးး
လျှပ်စစ်သံလိုက်ကို အရှိန်မြှင့်တင်သည့် ပတ်လမ်းများသည် အပိုင်းလိုက် အလင်းများ တက်လာသည်နှင့်အမျှ ထိုတြိဂံအဝိုင်းသည် အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။ ဆဌဂံ ပုံသဏ္ဍန် စူပါလျှပ်ကူးကွိုင်များသည် အလွန်အမင်း အေးခဲနေသည့် အအေးဒဏ်ကို ဖြတ်ကျော်ကာ ကျယ်လောင်သော မြည်သံကို ထုတ်လွှတ်လိုက်သည်။
ဘစ်ဇ်-ခရစ် ဘစ်ဇ်-ခရစ် ဘစ်ဇ်-ခရစ်
အပူချိန်ဒီဂရီပေါင်းများစွာရှိသည့် ပလာစမာပေါက်ကွဲမှု သုံးခုသည် ပေါ်ထွက်လာပြီး တောင်ကြားအထက် ကောင်းကင်ကို နေ့ခင်းအလား လင်းထိန်စေကာ နှင်းတစ္ဆေ အလုံးအရင်း၏ အလယ်ဗဟို၌ ပေါက်ကွဲသွားသည်။
ကျင်းထျန်း၏ တပ်ဖွဲ့ မြင်ကွင်းမှကြည့်လျှင် ကောင်းကင်သည် ထူးဆန်းသော အပြာရောင် လျှပ်စီးကြောင်းဖြင့် လက်ခနဲ ဖြစ်သွားသည်။ နောက်တစ်ခဏအတွင်း လိုက်နေသည့် သတ္တဝါအလုံးအရင်းကို ပလာစမာ မီးပွားများက မျိုချလိုက်သည်။ သံမဏိကိုပင် ဖြတ်တောက်နိုင်သည့် နှင်းတစ္ဆေများနှင့် ၎င်းတို့အောက်ရှိ နှင်းဖုံးမြေပြင်ပါ ချက်ချင်း အငွေ့ပျံသွားသည်။ ပလာစမာ၏ လွင့်စင်ပေါက်ကွဲမှုက အစွန်းရှိ မွန်းစတားများကိုပါ ဆွဲဆုတ်လိုက်သည်။ ပြတ်တောက်နေသော လက်ချောင်းခြေချောင်းများနှင့် မီးလောင်ထားသော အသားစများသည် တုန်ခါမှုလှိုင်းနှင့်အတူ အရပ်ရှစ်မျက်နှာသို့ လွင့်ပျံထွက်ကုန်ကြသည်။
ခဏအကြာတွင် စခန်းအပြင်ဘက်၌ ကမ္ဘာကြီးက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကျန်ရှိနေသည်မှာ နှင်းမုန်တိုင်းမှ လေတိုက်ခတ်သံသာ ဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့သည် အမောတကော အသက်ရှုနေကြပြီး မျက်လုံးများ ပြူးကျယ်နေသည်။ အမြင်အာရုံပိတ်ဆို့မှုများကြောင့် တောင်ကြီးတစ်လုံးအရွယ်အစားရှိ မီကာ၏ ပုံရိပ်ကိုသာ မြင်နိုင်ကြသည်။ ၎င်း၏ အချက်ပြမီးများနှင့် နျူကလီးယားစွမ်းအင်သုံး အင်ဂျင်သည် မုန်တိုင်းထဲမှ မီးပြတိုက်ကဲ့သို့ လင်းလက်နေသည်။
“အဲဒါ အင်ပါယာပရောဂျက်က မီကာလား”
“သောက်ကျိုးနဲ… ဒါကြီးက ရူးလောက်စရာပဲ”
“ငါတို့ လုပ်နိုင်ခဲ့လား”
“လခွမ်း…. အားလုံးကို
ရှင်းပစ်လိုက်ပြီ”
စခန်းအပြင်ဘက်တွင် ယုဟန်နှင့် ကျန်ပရောဂျက်အဖွဲ့သားများသည် တမူထူးခြားသော စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုများ ရောယှက်နေသော အမူအရာများဖြင့် မတ်တပ်ရပ်နေသည့် ပုံရိပ်ကို စိုက်ကြည့်နေကြသည်။
“ငါတို့… ငါတို့ တကယ်ပဲ ယူနစ် ၀၁ ကို ပြန်အသက်သွင်းနိုင်ခဲ့တာလား”
ယုဟန်သည် နှင်းပြင်ပေါ်သို့ လဲကျသွားပြီး သူရဲကောင်းဆန်သော မီကာ၏ ပုံရိပ်ကို ကြည့်ရင်း မယုံနိုင်သေးပေ၊၊
“ကပ္ပတိန်ယု… ကျင်းထျန်း”
ယူနစ် ၀၁ ၏ အာရုံကြော-ထပ်တူပြုထိန်းချုပ်ခန်းအတွင်း၌ လင်းရှန်သည် ဟိုလိုဂရမ်မျက်နှာပြင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
“ကျုပ်တို့ ပြန်သွားကြမယ်… အခုချက်ချင်းပဲ”
…..
နံနက် ၀၁:၅၄ - အနောက်အရပ်မှ စီလန်မြို့
ဝုန်း ဝုန်း အုန်း
မြို့၏ တောင်ဘက်ရှိ ဒူဂါ ရေဒါစတေရှင်စခန်းတွင် နှင်းတစ္ဆေများ၏ မီးလောင်ထားသော အလောင်းများသည် တောင်ကုန်းများကို ဖုံးလွှမ်းနေသည်။ လေထဲတွင် မီးလောင်နေသော အသားနှင့် အိုဇုန်းဓာတ်ငွေ့ အနံ့များ လေထုထဲ ပြည့်နေသည်။ အမျက်ထွက်နေသော မီးမုန်တိုင်းများသည် အအေးဒဏ်ကို နည်းနည်းလေးမျှပင် ချန်မထားခဲ့ဘဲ ရှုပ်ထွေးမှုများကို ဝါးမျိုနေသည်။
ကာကွယ်ရေးလမ်းကြောင်းတစ်လျှောက်တွင် စက်သေနတ်ကြီးများ ပျက်စီးနေသည်ကို တွေ့ရသည်။ တောင်ဘက်မြို့ရိုးမှ လေယာဉ်ပစ်အမြောက်များသည် နာရီပေါင်းများစွာ ပစ်ခတ်နေပြီး ကောင်းကင်ကို အဆက်မပြတ် မိုးခြိမ်းသံအလား ဆူညံနေစေသည်၊၊
ရှေ့တန်းတွင် ပျက်စီးနေသော မီကာအများအပြားသည် နှင်းများထဲတွင် နစ်မြုပ်နေပြီး ၎င်းတို့ပတ်လည်တွင် လူသားနှင့် မွန်းစတားများ၏ အလောင်းများ မရေမတွက်နိုင်အောင် ဝန်းရံနေသည်။ စစ်မြေပြင်သည် သွေးနံ့နှင့် ယမ်းနံ့များဖြင့် ထူထပ်နေလေသည်၊၊
ဒုန်း
“ဟို ပိုးကောင်ကြီးက ထပ်လှုပ်ရှားနေပြီ—တွင်းပေါက်ကြီးကို ဗုံးကြဲလိုက်”
“ဗုံးကြဲတပ်ဖွဲ့ လာနေပြီ”
“တောင်ကြားလမ်းကို လက်လွတ်ရတော့မယ်—ဒဏ်ရာရတဲ့သူတွေ အရမ်းများနေပြီ။ လူအင်အား မလုံလောက်တော့ဘူး”
“ဒဏ်ရာရတဲ့သူတွေကို ပြန်ဆွဲထုတ်—ရှေ့တန်းကို ထိန်းထား… မဟုတ်ရင် ငါတို့အားလုံး သေပြီ”
“ကပ္ပတိန်ရှောင်က အားဖြည်ည့်ပြီးပြီ… မီကာတပ်ဖွဲ့က မနည်းထိန်းထားရတယ်”
“ကလေးတွေကို ဆုတ်ခွာခိုင်းလိုက်။ ငါတို့ လိုင်းကို ထိန်းထားမယ်”
ဒက် ဒက် ဒက် ဝုန်း ဝုန်း
ကီလိုမီတာပေါင်းများစွာ ရှည်လျားသော ရှေ့တန်းတစ်လျှောက်တွင် စစ်သား ၃၀,၀၀၀ ကျော်သည် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်နေကြသည်။ သို့သော် တောင်ဘက်နှင့် မြို့ထဲမှ မွန်းစတားအလုံးအရင်းသည် အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။
သုတ်သင်ရှင်းလင်းရေး နှစ်လှိုင်းအပြီးတွင် တောင်ဘက်၌ တွင်းနက်နှစ်ခု ထပ်၍ ပွင့်လာသည်။ မွန်းစတားအလုံးအရင်းက ပတ်ဝန်းကျင်မှ ဖိအားပေးလာသည်နှင့်အမျှ ကာကွယ်ရေးသည် ပြိုလဲလုနီးနီး ဖြစ်လာသည်။
အရှေ့ဘက် လက်နက် စက်ရုံ၌ ပထမကာကွယ်ရေးအလွှာသည် ကျဆုံးသွားခဲ့ပြီး ဖြစ်သည်။ ခုခံသူများသည် စက်ရုံအတွင်းသို့ ပြန်ဆုတ်ခွာခဲ့ကြရသည်။ အပြင်ဘက်တွင် စက်မှုလုပ်ငန်းသုံး အဝေးပြေးလမ်းများကို နှင်းတစ္ဆေများက ဖုံးလွှမ်းထားသည်၊၊ အလင်းမဟာမိတ်ယာဥ်တန်း၏ တစ်ဝက်ခန့်က ပျက်စီးဆုံးရှုံးခဲ့ရသည်။ ကပ္ပတိန် ချန်ရှောင်၏ အလောင်းအပိုင်းအစများသည် သားရဲများ၏ နင်းချေမှုကို ခံရကာ လမ်းပေါ်တွင် ပြန့်ကျဲနေသည်။
ကြီးမားသော မီးလောင်ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော တွင်းကြီးများသည် စက်ရုံဇုန်ကို ရှေးခေတ်အပျက်အစီးများအဖြစ် ပြောင်းလဲထားသည်။ ပေါက်ကွဲထားသည့် ရထားလမ်းပေါ်တွင် တပ်ဆင်ထားသော လျှပ်စစ်သံလိုက်အမြောက်နှစ်လက်သည် တွင်းများထဲ၌ မီးခိုးများဖြင့် ရှိနေဆဲဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲ၏ ကြောက်မက်ဖွယ်ရာ အမှတ်သားများပင်၊၊
မြောက်ပိုင်း ခရီးသည်တင်ဂိတ်မှ မွန်းစတားအလုံးအရင်းသည် ရထားလမ်းများကို ချိုးဖျက်ဝင်ရောက်ခဲ့သည်။ ရထားများစွာသည် နှင်းတစ္ဆေများဖြင့် ပြည့်နှက်နေပြီး အချို့ရထားတွဲများမှာ မီးလောင်ကျွမ်းနေသည်။ ကွင်းပြင်သည် သွေးအိုင်များဖြင့် ပြည့်နှက်နေသည်၊၊
ကျိုးပဲ့နေသော ရှေ့တန်းတစ်လျှောက်တွင် မြေကြီးကို ထိန်းချုပ်နိုင်သည့် စွမ်းအားရှင် လုယောင်သည် ချိုးဖျက်ခံရသည့်နေရာ၌ မတ်တပ်ရပ်နေပြီး လှိုင်းလုံးကို ရပ်တန့်စေခဲ့သည်။ သို့သော် ၎င်း၏ ကျောက်တုံးသံချပ်ကာသည် မွန်းစတားများ၏ လက်သည်းကြောင့် အပေါက်များ ပြည့်နေပြီး သွေးအလွန်အကျွံ ထွက်နေသည်။
ဒက် ဒက် ဒက် အုန်း အုန်း
အကူညီပစ်အားများက အလုံးအရင်းကို အနည်းငယ် နောက်ပြန်တွန်းပို့လိုက်ရာ လုယောင်သည် မာန်သွင်းသံတစ်ခုထုတ်ကာ လှည့်ကြည့်လိုက်သည်။
သွေးများရွှဲနေသော်လည်း သူသည် တိုက်ပွဲဝင်စိတ်ဓာတ် ရှိနေဆဲဖြစ်သည်။
“ငါ့xxလာစား… နဂါးတောင် ၁က မကျဆုံးသေးဘူး… လူတိုင်း အသက်ရှင်ရမယ်”
သူသည် မြေကြီးပေါ်သို့ လက်သီးဖြင့် ထိုးချလိုက်ပြီး မြေငလျင်ငယ်တစ်ခုကို ဖြစ်ပေါ်စေသည်။ ဧရာမ ကျောက်ပြားများ မြေပြင်မှ ထိုးထွက်လာပြီး ချိုးဖျက်ခံရသည့် နေရာကို ပိတ်ဆို့ထားသည့် နံရံတစ်ခု ဖန်တီးလိုက်သည်။
ဝှစ် ဒုတ်
စက္ကန့်ပိုင်းအတွင်း လက်သည်းများ၊ အမြီးဆူးချွန်များက သူ့နောက်မှ ထိုးဖောက်ဝင်ရောက်လာသည်။
“လု”
သွေးနီရောင်မျက်လုံးများဖြင့် ရှီတိယွမ်သည် ကျားကြီးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားပြီး ကွန်တိန်နာခံတပ်မှ ခုန်ထွက်လာကာ ဥက္ကာခဲကြွေကျသည့်အလား ဆင်းသက်လာသည်၊၊ သူသည် နှင်းတစ္ဆေများ အစုအဝေးကို ဆုတ်ဖြဲပစ်လိုက်ရာ စစ်မြေပြင်တစ်လျှောက်တွင် တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားသည်။
သူ့နောက်မှ စစ်ကူများ အလျင်အမြန် ပြေးလာကြပြီး စက်သေနတ်များ၊ လျှပ်စစ်အမြောက်များနှင့် မီးလျှံပစ်လက်နက်များကို တပ်ဆင်ကာ တိုက်ပွဲလိုင်းကို ထိန်းထားကြသည်။
ရှီတိယွမ်သည် လုယောင်ထံသို့ ရောက်ရှိလာပြီး နောက်ကျောမှ ဆူးချွန်များကို ဆွဲနုတ်ပေးလိုက်သည်။
“’ဖာ့ခ်… ဟေ့ကောင်ကြီး… ငါ မင်းကို အကူအညီ ခေါ်ပေးမယ်”
Chapter 467
အန္တရာယ်၊ အားနည်းချက် ၂
“ကပ္ပ... တိန်...”
လုယောင်၏ အသံသည် တုန်ယင်စွာ ထွက်ပေါ်လာပြီး ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။
“ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့… တိုက်ပွဲလိုင်းကို ထိန်းထားပေးပါ၊၊ သူတို့… သူတို့အားလုံး အသက်ရှင်ချင်ကြတယ်...”
လုယောင်၏ မျက်လုံးများ မှေးမှိန်သွားသည်။
“မင်းက ခွေးxxxပဲ… အခုလိုမျိုး ထွက်သွားရလား…. လု”
ရှီတိယွမ် စိတ်လွတ်သွားကာ အော်ဟစ်ပြီး မွန်းစတားအုပ်ကြီးကို တစ်ဖန် အရူးအမူး ပြန်လည်တိုက်ခိုက်လိုက်သည်။
အားးးး
……
အနောက်ဘက်မှ နှင်းတစ္ဆေလှိုင်းလုံးတစ်ခု တက်လာသည်။ သံမဏိဓားကြီးသည် လေထဲတွင် ကြိတ်စက်တစ်ခုလို ရွေ့လျားပြီး မွန်းစတားများကို ဆုတ်ဖြဲနေသည်။
တာလို့၏ ခန္ဓာကိုယ်သည် အနီရောင်တောက်ပနေပြီး မွန်းစတားအုပ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။ သူသည် လည်ပတ်နေသည့် ဓားကို လေထဲမှ ပြန်ဆွဲလိုက်ကာ ခုန်ဆင်းလာသော အတောင်ပံပါ မွန်းစတားတစ်ကောင်၏ ဦးခေါင်းကို တစ်ချက်တည်း ရက်စက်စွာ ဖြတ်လိုက်သည်။ ဒဏ်ရာများသည် သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေပြီး အလျင်အမြန် ပြန်လည်ကောင်းမွန်လာသော်လည်း— တစ်ခနအတွင်း ဒဏ်ရာအသစ်များက ဆက်တိုက်ဖြစ်ပေါ်နေသည်၊၊
“အစ်ကို… ထိန်းထားဦး”
ဝုန်း ဝုန်း ဝုန်း
ရှားရှားသည် ဆယ်လီကို မောင်းနှင်နေပြီး မီးတောက်အမြောက်က လုံးလုံး ကုန်သွားပြီဖြစ်သည်။ ပင်မ အမြောက်နှင့် အနီးကပ်တိုက်ပွဲသုံးဓားသာ ကျန်ရှိတော့သည်။ သူမသည် တာလို့ဘေးသို့ ခုန်ဝင်လာသည်။
“ငါတို့ ဆုတ်ခွာရမယ်”
“အစ်မချန်… ကျွန်မတို့ရဲ့ ဘေးက ခံစစ်လိုင်းတွေ ပြိုလဲနေပြီ”
ဘန်း ဘန်း
ခေါင်မိုးပေါ်တွင် ချန်ဆီရွှမ်သည် သူမ၏ Meteor-3 ရိုင်ဖယ်ဖြင့် အတောင်ပံပါ မွန်းစတားများကို အဆက်မပြတ်ပစ်ခတ်နေသည်။ မြောင်လုသည် သွေးများ စွန်းထင်းနေပြီး ပစ္စတိုနှင့် ဓားကို လက်တစ်ဖက်စီတွင် ကိုင်ထားလျက် အော်ဟစ်လိုက်သည်–
“ခေါင်းဆောင်ချန်… နောက်ထပ် လာနေပြန်ပြီ။ ဘာလုပ်ရမလဲ”
ဟူးးး
ထိုးဖောက်နိုင်စွမ်းအားကောင်းသည့် sonic လှိုင်းတစ်ခုသည် လေထဲမှ ဖြတ်သွားပြီး ရထားလမ်း နယ်နိမိတ်တစ်လျှောက် တက်လာနေသော မွန်းစတားများကို ဆုတ်ဖြဲပစ်လိုက်သည်။ မိုနီကာသည် ယခုအချိန်တွင် ပျက်စီးနေသော သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ချန်ဆီရွှမ်ဘေးတွင် ဆင်းသက်လာသည်။
“နောက်ထပ် မွန်းစတားလှိုင်းက ဒီကို ဦးတည်နေတယ်။ နောက်ထပ် တွင်းနက်တစ်ခု ပွင့်လာရင် ငါတို့ ဒုက္ခရောက်ပြီ။ အခုပဲ ပစ်အားကို ပြောင်းရွှေ့ဖို့ လိုတယ်”
“သိပ်အကူညီမဖြစ်ဘူး—ငါတို့ရဲ့ အကောင်းဆုံး အခွင့်အရေးက မြောက်ဘက်မြို့ရိုးနဲ့ လေတပ်အဖွဲ့ပဲ။ ဝေးလွန်းတာကြောင့် အပြောင်းအလဲ မဖြစ်နိုင်ဘူး”
ချန်ဆီရွှမ်သည် ပစ်ခတ်နေရင်း ပြောလိုက်သည်။
“ငါတို့ အလုပ်က ဒီတိုက်ပွဲလိုင်းကို ထိန်းထားပြီး အမဲလိုက်တပ်ဖွဲ့အတွက် အချိန်ဆွဲဖို့ပဲ၊၊ တခြား ရှေ့တန်းတွေက ဖိအားကို လျှော့ချပေးဖို့ပဲ။ ဘယ်ဘက်ကပဲ ပြိုလဲပြိုလဲ၊ ကွင်းဆက် တုံ့ပြန်မှုက အကြီးအကျယ် ဖြစ်လာလိမ့်မယ်”
မိုနီကာ၏ ရင်ဘတ်ထဲတွင် တင်းကျပ်နေပြီး သွေးစွန်းနေသော ဘူတာရုံကွင်းပြင်ကို ငုံ့ကြည့်နေသည်။
“ဖာ့ခ်… မိုးမလင်းမချင်း ငါတို့ ဘယ်လိုလုပ် ထိန်းထားနိုင်မှာလဲ”
“တတ်နိုင်သလောက် အဆုံးထိ ထိန်းထားမယ်” ချန်ဆီရွှမ်က ပြောလိုက်သည်၊၊
သူမ၏ ခန္ဓာကိုယ်ရှိ အာရုံကြောတိုင်းသည် တင်းမာမှုဖြင့် အော်ဟစ်နေပြီး သူမ၏ စိတ်ထဲတွင် နာမည်တစ်ခုဖြင့် ပဲ့တင်ထပ်နေသည်–
လင်းရှန်… ကျွန်မတို့ အကြာကြီးထိန်းထားနိုင်တော့မှာ မဟုတ်ဘူး… ရှင်ဘယ်မှာလဲ….
ရွှပ်၊ ရွှပ်၊ ရွှပ်— မွန်းစတားအလုံးအရင်းကြားတွင် အားဖြည့်ထားသော ကွင်းဆက်ဓားများသည် ကြယ်အလင်းတန်းများလို လျှပ်တစ်ပြက် လင်းလက်နေသည်။ မိန်းကလေးနှစ်ဦးသည် ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုဖြင့် လှုပ်ရှားနေသည်၊၊ ၎င်းတို့၏ တိုက်ပွဲဝင်သံချပ်ကာများမှ အလိုအလျောက် ခြေရာခံ စက်သေနတ်များနှင့် စစ်မြေပြင်အခြေအနေ အသိပေးစနစ်သည် ၎င်းတို့၏ လမ်းကြောင်းရှိ နှင်းတစ္ဆေတိုင်းကို မှတ်သားထားသည်။ ၎င်းတို့သည် အရိပ်များကဲ့သို့ ပြောင်းလဲကာ မွန်းစတားအုပ်ထဲမှ လျင်မြန်စွာ ထိုးထွက်လာပြီး၊ ကွင်းဆက်ဓားများသည် မွန်းစတားများကို ဘယ်မှ ညာသို ခုတ်ပိုင်းနေသည်၊၊ မကြာမီပင် ၎င်းတို့သည် ကြီးမားသော၊ အမြီးသုံးချောင်းပါ နှင်းတစ္ဆေကြီးတစ်ကောင်ထံသို့ ချဉ်းကပ်သွားကြသည်။
“ငါ ဘယ်ဘက်က သွားမယ်”
“ငါက ညာဘက် ယူမယ်”
၎င်းတို့၏ အဖြူရောင်ကွင်းဆက်ဓားများသည် လေထဲတွင် ဖြတ်သန်းသွားပြီး ကြိမ်နှုန်းမြင့် လျှပ်စီးများဖြင့် မြည်ဟည်းနေပြီး၊ အစုအဝေးထဲသို့ ဖြတ်သန်းသွားသည်၊၊ မျက်တောင်တစ်ခတ်အတွင်း နှင်းတစ္ဆေအများအပြားသည် တိကျစွာ နှစ်ပိုင်းပြတ်သွားသည်။ နှင်းတစ္ဆေကြီးသည် အန္တရာယ်ကို ခံစားမိသွားကာ အော်ဟစ်လိုက်သည်၊၊ ၎င်း၏ နောက်ဘက်ရှိ ချွန်ထက်သော အမြီးဆူးချွန် သုံးချောင်းသည် ၎င်းတို့ဆီသို့ လေထဲမှ ရိုက်ခတ်လာသည်။
ရွှစ်—ရွှစ်။
အာမင်သည် ချက်ချင်း တုံ့ပြန်ပြီး သူမ၏ စွမ်းအားသံချပ်ကာဝတ်စုံဖြင့် ခုန်ထွက်လိုက်သည်။ ရိုက်ခတ်လာသော အမြီးဆူးချွန်ကို ရှောင်တိမ်းပြီးနောက် သူမသည် ထိုသားရဲကို ပစ်မှတ်ထားကာ ကြိမ်နှုန်းမြင့် လျှပ်စီးကွင်းဆက်ဓားဖြင့် တိုက်ခိုက်လိုက်သည်။
သို့သော် သူမကို အံ့အားသင့်စေသည်မှာ နှင်းတစ္ဆေသည် ရုတ်တရက် ၎င်း၏ ရှေ့လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ၎င်း၏ ဦးခေါင်းကို ကာကွယ်လိုက်သည်။ လျှပ်စီးဓားသည် အသားကို တစ်ဝက်တစ်ပျက်သာ လှီးဖြတ်နိုင်ခဲ့သည်။ ၎င်းသည် အော်ဟစ်ပြီး အမြီးဆူးချွန် သုံးချောင်းလုံးကို အာမင်ဆီသို့ ထိုးသွင်းလိုက်သည်၊၊
“သတိထား” လိုလို အော်လိုက်သော်လည်း နောက်ကျသွားလေပြီ။
အာမင်၏ ဝတ်စုံမှ အချက်ပေးသံများ မြည်ဟည်းလာသည်။ သူမ၏ နှလုံးခုန်နှုန်းမြင့်တက်လာသည်။ သူမသည် ကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး တိုးဝင်လာသော ဆူးချွန်တစ်ခုကို ဖြတ်လိုက်သည်။ သူမ၏ နောက်ခြေတစ်ဖက်သည် မြေပြင်ကို အားယူကာ ဒုတိယဆူးချွန်ကို ကပ်၍ ရှောင်တိမ်းလိုက်သည်။ သို့သော် တတိယတစ်ခုက အပေါ်မှ လာနေသည်—
ရွှစ်
၎င်းသည် သူမ၏ ဘယ်ဘက်ခြမ်းကို ထိုးဖောက်ဝင်ရောက်သွားသည်။
“အားးး”
အာမင်သည် အော်ဟစ်လိုက်ပြီး ပူလောင်သော နာကျင်မှုက သူမ၏ စိတ်ကို လုံးဝ လစ်ဟာသွားစေသည်။
ခရက်ခ်
ရွှေရောင်အရိပ်တစ်ခု လျင်မြန်စွာ ဖြတ်သွားသည်—ချီလီသည် ဆူးချွန်ကို ဖြတ်ကန်ချလိုက်ပြီး အာမင်ကို လိုလိုဆီသို့ ပစ်ပေးလိုက်သည်။
“သူ့ကို ဖမ်းထား—သွားတော့”
ဝုန်း
အခြားတစ်နေရာတွင် ကြီးမားသော နှင်းမွန်းစတားအလုံးအရင်းသည် ၎င်းတို့ဆီသို့ ဦးတည်လာသည်။ ရှန်းယောင်နှင့် သူ၏ အဖွဲ့သည် ရှေ့တန်းတွင် အသင့်အနေအထား ရှိနေသည်။ ခရမ်းရောင်စွမ်းအင်သည် အပြင်သို့ ထိုးထွက်လာပြီး ရန်သူအများအပြားကို နောက်သို့ တွန်းပို့လိုက်သော်လည်း မွန်းစတားများက တံတိုင်းကြီးတစ်ခုလို ၎င်းတို့ကို လေထဲသို့ လွင့်စင်သွားစေသည်။
ချီလီသည် မွန်းစတားတံတိုင်းကြီးကို တစ်ဖန် ပြန်တိုက်ခိုက်လိုက်သည်။
“အာမင်… လိုလို”
“ဒီကနေ ထွက်သွားတော့”
ရှေ့တန်း ပြိုလဲတော့မည့် အရိပ်အယောင်ကို ခံစားမိသဖြင့် ကျန်သူများသည် အကူအညီပေးရန် အလျင်အမြန် ပြေးဝင်လာကြသည်။
လိုလိုသည် အာမင်ကို ဖမ်းမိလိုက်သော်လည်း မခုန်ထွက်နိုင်မီ အနီးနားရှိ နှင်းတစ္ဆေများ၏ အမြီးဆူးချွန်နှစ်ခုက သူမ၏ ပေါင်နှင့် ဝမ်းဗိုက်ကို ထိုးစိုက်လိုက်သည်။ စွမ်းအင်ဝတ်စုံ၏ လျှပ်စီးပတ်လမ်းများ ပြတ်တောက်သွားသည်။ မိန်းကလေးနှစ်ဦးစလုံး မြေပြင်ပေါ်သို့ ဆွဲချခံရသည်။
နှင်းတစ္ဆေများသည် လှိုင်းလုံးကဲ့သို့ ထိုးတက်လာပြီး သတ်ဖြတ်ရန် ချဉ်းကပ်လာကြသည်။
ထိုအခိုက်အတန့်တွင် အနက်ရောင် အရိပ်တစ်ခု ရှေ့မှ လျှပ်တစ်ပြက် ဖြတ်သွားသည်။ လျန်လေးသည် ၎င်းတို့နှစ်ဦးအပေါ်မှာ ကာထားပေးလိုက်ပြီး သူ၏ အရေပြားသည် ငွေရောင်သတ္တုသို့ ပြောင်းလဲသွားသည်။
ကလန်-ကလန်-ကလန်
လက်သည်းများနှင့် ဆူးချွန်များသည် မိုးသီးမိုးပေါက်ကဲ့သို့ ကျလာပြီး သူ၏ အဝတ်များကို ဆုတ်ပြဲစေကာ သတ္တုဖြစ်နေသော ခန္ဓာကိုယ်တစ်လျှောက်တွင် နက်ရှိုင်းသော ဒဏ်ရာများ ဖြစ်ပေါ်စေသည်။ သွေးများ ပန်းထွက်လာသည်၊၊
“အားးး”
အုန်း
ပေါက်ကွဲမှုတစ်ခုသည် မွန်းစတားအလုံးအရင်းကို ဆုတ်ဖြဲပစ်လိုက်သည်။ လော့ယန်သည် သံမဏိကြိုးတစ်ခုဖြင့် အပေါ်မှ ဆင်းသက်လာပြီး သူ၏ မျက်လုံးများသည် ပေါက်ကွဲနိုင်သော စွမ်းအင်ဖြင့် နီရဲတောက်ပနေသည်။
“ဦးလေးလျန်—ရွှေ့တော့”
လျန်လေးသည် ဒဏ်ရာများကို လျစ်လျူရှုကာ ရုန်းကန်ပြီး ထရပ်လိုက်သည်။ သူသည် မိန်းကလေးနှစ်ဦးလုံးကို ဆွဲပြီး ကာကွယ်ရေးလမ်းကြောင်းဆီသို့ ပြေးသွားသည်။
သို့သော် ဧရာမ နှင်းတစ္ဆေကြီးသည် တစ်ဖန် အော်ဟစ်လိုက်သည်။ ၎င်း၏ အမြီးသည် ကြာပွတ်တစ်ခုကဲ့သို့ ရိုက်ခတ်လိုက်ရာ လျန်လေးသည် မွန်းစတားလှိုင်းထဲသို့ ပြန်ရိုက်ချပစ်ခံလိုက်ရသည်။ မွန်းစတားအလုံးအရင်းသည် ချက်ချင်း ဝိုင်းအုံလာသည်။
“လေဇီ”
လီရီ၏ မျက်လုံးများ နီရဲလာသည်။
“သူတို့ကို မဖြတ်စေနဲ့”
မွန်းစတားအစုအဝေးသည် သံချပ်ကာ ထရပ်ကားကြီးတစ်စီးကို ကြေမွသွားစေပြီး သွေးအိုင်များကိုသာ ချန်ထားခဲ့သည်။ ချီလီသည် တစ်ဖန် ပြန်လှည့်သွားပြီး သူ၏ စူပါအရှိန်ဖြင့် မွန်းစတားများကို ထိုးနှက်နေသည်။