အခန်း (၄၆၈-၄၆၉)
Vol. 30 Ch. 468-469
Chapter 468
အန္တရာယ်၊ အားနည်းချက် ၃
“ထရပ်ကားတွေကို နှိုးလိုက်… ချိုးဖျက်ခံရတဲ့နေရာကို ပိတ်ဆို့လိုက်”
ချီလီက အော်ဟစ်လိုက်သည်။
“မီးလောင်နိုင်တဲ့ ပစ္စည်းတွေ ယူလာခဲ့”
ယခုအချိန်တွင် ပိုးကောင်သံချပ်ကာပုံစံသို့ ပြောင်းလဲသွားသော လျောင်မင်သည် လီကွမ်းဝမ်နှင့်အတူ ဧရာမ နှင်းတစ္ဆေကြီးကို ဟန့်တားရန် အလျင်အမြန် ပြေးဝင်လာသည်။
“ကြေမွလက်သီး”
လီကွမ်းဝမ် အော်ဟစ်ပြီး ပေါက်ကွဲအားဖြင့် ထိုးလိုက်သည်။ နှင်းတစ္ဆေ၏ ရှေ့ခြေထောက်နှင့် ဦးခေါင်းတစ်ဝက်သည် သွေးသံရဲရဲဖြင့် ပေါက်ကွဲသွားသည်။
အခွင့်အရေးကို ယူပြီး လျောင်မင်သည် ထိုမွန်းစတား၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ သူ၏ သန္ဓေပြောင်းထားသော လက်များဖြင့် ဆုပ်ကိုင်ပြီး ဆွဲဖြဲလိုက်ရာ ထိုမွန်းစတား၏ ဦးခေါင်းမှ ကျန်ရှိနေသည့် အစိတ်အပိုင်းများကို ဆုတ်ဖြဲပစ်လိုက်သည်။
နှင်းတစ္ဆေကြီးသည် ရိုင်းစိုင်းစွာ ရုန်းကန်နေပြီး ၎င်း၏ မျိုးနွယ်တူများကို နင်းခြေနေသည်။ ဦးနှောက်များ ပြန့်ကျဲသွားစဉ် နောက်ဆုံး အမြီးဆူးချွန်တစ်ခုသည် လျောင်မင်ဆီသို့ ပစ်လွှတ်လာသည်။
ဘန်း
ကြမ်းတမ်းသော ဆူးချွန်သည် သူ၏ ညာလက်မောင်းနှင့် ရင်ဘတ်တစ်ဝက်ကို ဆွဲဖြဲပစ်လိုက်ပြီး သူ့ကို လွင့်စင်သွားစေသည်။ သူ၏ သွေးစွန်းနေသော လက်တစ်ဖက်က မွန်းစတားအလုံးအရင်းထဲသို့ ကျရောက်သွားသည်။
“ဦးလေးလျောင်”
လီကွမ်းဝမ်သည် သူ၏ ပတ်ပတ်လည်ရှိ မွန်းစတားအုပ်ကို ထိတ်လန့်တုန်လှုပ်ဖွယ် လက်သီးချက်များဖြင့် ပစ်ခတ်လိုက်ပြီး လျောင်မင်ကို ပြန်ဆွဲထုတ်ရန် အလျင်အမြန် ပြေးသွားသည်—သို့သော် အပြင်းအထန် ဒဏ်ရာရနေသော မြင်ကွင်း၌ ရပ်တန့်သွားသည်။
လျောင်၏ ပခုံးနှင့် ရင်ဘတ်သည် ပွင့်ထွက်နေသည်။
“ငါ့ကို ဂရုမစိုက်နဲ့တော့… မင်းနောက်မှာ”
လျောင်မင် သွေးအန်ချရင်း ပြောလိုက်သည်။
ရွှစ် ရွှစ် ရွှစ်
လီကွမ်းဝမ်သည် တုံ့ဆိုင်းမနေပေ။ သူသည် အမြီးဆူးချွန်ထိုးနှက်မှု အများအပြားကို ခံ၍ ရှေ့သို့ တတ်ကာ လျောင်မင်ကို လက်တစ်ဖက်ဖြင့် မကာ အလျင်အမြန် ဆုတ်ခွာလိုက်သည်။
“ခံစစ် ကျိုးသွားပြီ”
ရှေ့တန်းတွင် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
လီကွမ်းဝမ်တွင် ရွေးချယ်စရာမရှိဘဲ လျောင်မင်ကို လော့ယန်နှင့် လျန်လေးတို့ဆီသို့ ပစ်ပေးလိုက်သည်။ လော့ယန်သည် ချိန်ရွယ်မနေတော့ပဲ ပတ်ပတ်လည်ကို ပစ်ခတ်လိုက်သည်၊၊ သူ၏ စွမ်းရည်ကို အလွန်အကျွံ သုံးစွဲထားသောကြောင့် မျက်လုံးများမှ သွေးများ စီးကျနေသည်။
အုန်း အုန်း ဝုန်း
ပေါက်ကွဲမှုများက မွန်းစတားအုပ်ကြီးကို တုန်ခါသွားစေသည်။ ပေါက်ကွဲမှုများသည် ရန်သူများကို လွင့်စင်သွားစေသည်။ မီးခိုးများကြားတွင် လျန်လေးသည် အာမင်နှင့် လိုလိုတို့ကို ကာကွယ်ရင်း—လဲကျလုနီးပါး ဖြစ်နေသည်။
ဒက် ဒက် ဒက်
နေမင်းယဥ်တန်းနှင့် အဝေးပြေးယဉ်တန်းမှ အဖွဲ့ဝင်များသည် ရိုင်ဖယ်များဖြင့် ဝင်ရောက်လာပြီး လျန်လေး၏ နေရာကို ဝိုင်းရံလိုက်သည်။ လော့ယန်နှင့်အတူ ၎င်းတို့သည် မွန်းစတာအုပ်ကို ပစ်အားဖြင့် ဖိထားပြီး ဒဏ်ရာရသူများကို ဘေးကင်းရာသို့ ဆွဲထုတ်နေကြသည်။
သို့သော် အနောက်ဘက်မှ အကာကွယ်မရှိတော့ပဲ ကျူးကျော်ခံထားရသည်။ စစ်ကူမရှိတော့သောကြောင့် နှင်းတစ္ဆေများသည် အဖွဲ့ကို တစ်ခဏအတွင်း ဝိုင်းလိုက်သည်။
“ငါတို့ အဝိုင်းခံလိုက်ရပြီ”
လော့ယန်သည် အံကြိတ်ပြီး ဒဏ်ရာရနေသော လျန်လေးကို ဆွဲထုတ်လိုက်သည်။ သူ၏ သွေးထွက်နေသော မျက်လုံးများက ပြင်းထန်နေသည်။
“ဦးလေး—ငါတို့ ဖောက်ထွက်သွားမယ်”
“အားးးး”
“သူတို့ကို ထိန်းထားလို့ မရတော့ဘူး”
“ငါတို့ ကျည်ကုန်ပြီ…”
နှင်းတစ္ဆေများသည် ကျိုင်းကောင်ပင်လယ်ကဲ့သို့ ချဉ်းကပ်လာပြီး အမြီးဆူးချွန်များဖြင့် အရူးအမူး ထိုးစိုက်နေသည်။ ဘေးပတ်ပတ်လည်တစ်ခုလုံးသည် သေစေနိုင်လောက်သော အခြေအနေ ဖြစ်သည်။
“ငါလုပ်မယ်”
လီကွမ်းဝမ်သည် လျောင်မင်၏ ကျန်ရှိနေသော လက်မောင်းဖြင့် ထောက်ကာ နေစေပြီး ၎င်းတို့နောက်ဘက်သို့ ထိတ်လန့်တုန်လှုပ်ဖွယ် လက်သီးချက်တစ်ခု ထပ်မံ ပစ်လွှတ်လိုက်သည်။
ဘန်း
တစ်စက္ကန့်မျှ နေရာလွတ်တစ်ခု ပွင့်သွားသည်—ထို့နောက် အလုံးအရင်းသည် တစ်ဖန် ထိုးတက်လာသည်။
“ငါတို့ ဒုက္ခရောက်နေပြီ… အရမ်းများတယ်”
ဗရူးး ဝူး
ရုတ်တရက် အင်ဂျင်သံတစ်ခု။
Heavy-duty ထရပ်ကားကြီးတစ်စီးသည် အလုံးအရင်းကို ဖြတ်ကျော်ပြီး အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကာ ဒါဇင်နှင့်ချီသော မွန်းစတားများကို ၎င်း၏ ဘီးများအောက်တွင် ကြေမွသွားစေသည်။
မဟာလင်းယုန်ယဉ်တန်းမှ စစ်ကူများ ရောက်လာသည်။ ပြင်းထန်သောပစ်အားဖြင့် ထွက်ပြေးရန် လမ်းကြောင်းတစ်ခုကို ရှင်းလင်းပေးနေသည်။
“သူတို့ကို အရင် အထဲသွင်းလိုက်” ဦးလေးဝူသည် ထရပ်ကားထဲမှ အော်ဟစ်လိုက်သည်။
“သူတို့ကို ကယ်—သူတို့ကို အရင် ကယ်ပါ”
“ဟိုခွေးသူတောင်းစားတွေကို သတ်ပစ်”
ထပ်-ထပ်-ထပ်— နှင်းတစ္ဆေများသည် ထရပ်ကားပေါ်သို့ တက်လာကြသည်။ ဝူကျန်းဟိုင်သည် ချိုးဖျက်ခံရသည့်လိုင်းနှင့် ပြိုလဲနေသည့် နောက်ဘက် ကာကွယ်ရေးကို ကြည့်ပြီး အံကြိတ်ကာ စတီယာတိုင်ကို ဆွဲလှည့်ကာ လီဗာကို ဆောင့်နင်းချလိုက်သည်၊၊
“ဦးလေးဝူ” လော့ယန်၊ လီရီနှင့် ကျန်သူများ အော်ဟစ်လိုက်ကြသည်။
ထရပ်ကားသည် ရှေ့သို့ တိုးသွားပြီး ဘီးများသည် မွန်းစတားများကြားတွင် လည်ပတ်နေသည်။ ဝူကျန်းဟိုင်သည် အထဲရှိ အထူးခလုတ်တစ်ခုကို ဖွင့်လိုက်ရာ နောက်ဘက် ပေါက်ကွဲပစ္စည်းများတွင် အနီရောင်မီးများ လင်းလာသည်။
“တိုက်ပွဲလိုင်းကို ထိန်းထား။ မင်းတို့ ကလေးတွေ ဒီနေ့ မသေရဘူး”
သူသည် ယာဉ်မောင်းခန်းကို ကုပ်တွယ်နေသော မွန်းစတားများကို လျစ်လျူရှုကာ ရေဒီယိုထဲသို့ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူသည် တွင်းပေါက်ထဲသို့ တည့်တည့် ဝင်တိုးလိုက်သည်။
အုန်း
ထရပ်ကားသည် ထိုးကျပြီး ပေါက်ကွဲသွားသည်။ မီတာ ဒါဇင်နှင့်ချီ မြင့်သော မီးတောက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ တုန်ခါမှုလှိုင်းသည် အရာအားလုံးကို ပြားချပ်သွားစေပြီး အနီးအနားရှိ မွန်းစတားအားလုံးကို မြေမြှုပ်ပစ်လိုက်သည်။
စီလန်လေဆိပ် တိုက်ပွဲသည် သွေးချောင်းစီးသော တိုက်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
အပြင်ဘက် လေဆိပ်လမ်းမကြီးတွင် အပျက်အစီးများသည် မျက်စိတစ်ဆုံးဖြစ်နေသည်။ ကျည်ဆန်နှင့် ဒုံးကျည်များသည် လူ့ယဉ်ကျေးမှု၏ အခြေအမြစ်အားလုံးကို ဖျက်ဆီးခဲ့သည်။ မီးတောက်နှင့် မီးခိုးများသည် ကောင်းကင်ကို ဖုံးလွှမ်းနေသည်။ မြေပြင် ဗဟိုချက်တွင် ကြီးမားသော တွင်းပေါက်တစ်ခုသည် အပြင်သို့ ဖြာထွက်နေပြီး နှင်းတစ္ဆေများနှင့် မိစ္ဆာများသည် ဆက်လက် စုဝေးနေသည်။
အဆုံးမရှိ… ဒီရေအလား… ပင်လယ်ကဲ့သို့။
လေထဲတွင် သေဆုံးခြင်းနှင့် စိတ်ပျက်အားငယ်ခြင်း အငွေ့အသက်များလွှမ်းခြုံနေသည်။
အရှေ့၊ တောင်၊ မြောက်တို့မှ အဓိကခံတပ်ဇုန်သုံးခု— ပြိုလဲလုနီးနီး ဖြစ်နေသည်။
မြို့တွင်း၌ အမဲလိုက်တပ်ဖွဲ့ ၃၅ ခုအနက် ၂၃ ခုသာ အပြည့်အစုံ ကျန်ရှိတော့သည်။ ဖျက်သိမ်းခံရသော အဖွဲ့များသည် ပြန်လည်စုစည်းခြင်း သို့မဟုတ် ရှေ့တန်းသို့ ပြန်လည် တာဝန်ပေးခြင်း ခံရကာ မွန်းစတားလှိုင်းလုံးကို တွန်းလှန်ရန် ကူညီနေကြသည်။
ကျန်ရှိသူများသည် တွင်းနက် ပိုးကောင်ကို ဆွဲဆောင်ရန်နှင့် တိမ်တိုက်များထဲရှိ ဖုံးကွယ်နေသော S-Class သတ္တဝါကို တိုက်ခိုက်ရန် မြို့တွင်း၌ ဆက်လက်ပြေးလွှားနေကြသည်။
“ဖာ့ခ်…သောက်ကျိုးနဲ ပိုးကောင်ကြီး… ငါးရှဉ့်တစ်ကောင်လိုပဲ တူးပြီး ပြေးနေတယ်” ချင်ရွှမ်မင်သည် လေထဲတွင် ကျိန်ဆဲလိုက်သည်။ သူ၏ အဖွဲ့သည် ဒဏ်ရာများ ရရှိထားပြီး မောဟိုက်ဖြစ်နေကြသည်။
(မှတ်ချက်- နောက်အပိုင်းတွေမှာ Sea Urchinလို့သုံးထားတဲ့အတွက် ကောင်းကင်ပေါ်က S-Class သတ္တဝါကို ပင်လယ်ဖြူကောင်လို့ သုံးသွားပါမယ်)
“ကောင်းကင်က ပင်လယ်ဖြူကောင်ကို ရှင်းထုတ်ဖို့ လိုတယ်”
ကီကီက မောပန်းစွာ ပြောသည်။
“ငါတို့ ပိုးကောင်ကို သတ်တော့မယ်ဆိုရင် အဲဒါက မျက်လှည့်ဆန်ဆန် အကာအကွယ်ပေးပြီး ပေါ်လာတယ်။ စောက်ရမ်း စိတ်ရှုပ်ဖို့ ကောင်းတယ်”
အစောပိုင်းက ၎င်းတို့သည် မြောက်ဘက်လေဆိပ်အနီးရှိ တွင်းနက် ပိုးကောင်ကို အနီးကပ် သတ်နိုင်လုနီးနီး ဖြစ်ခဲ့သည်—တိမ်တိုက်ပေါ်က ပင်လယ်ဖြူကောင်လို S-Class သတ္တဝါသည် ၎င်း၏ လက်တံများကို ချပြီး ဒုံးကျည်နှင့် ဗုံးကြဲတိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ပေးထားသည်၊၊
လုရှင်းချန်သည် ဘာမှမပြောဘဲ သူ၏ လက်ကိုသာ စိုက်ကြည့်နေသည်။ သူ၏ နတ်ဘုရားမီးတောက်သည် သူ့ကို ပထမဆုံးအကြိမ်အဖြစ် ကျရှုံးစေခဲ့သည်။ သူ တုန်လှုပ်ချောက်ချားနေသည်။
ဟန်ကျွမ့်က တီးတိုးရေရွတ်လိုက်သည်၊၊
“အဲဒီ သတ္တဝါက မွန်းစတားတွေကို ပိုပြီး ဆွဲဆောင်နေတယ်… ငါတို့နောက်ကို လိုက်နေပေမဲ့ သူ့ကိုယ်သူ ထုတ်မပြဘူး။ ဘာလို့လဲ”
အဖွဲ့ခေါင်းဆောင် ဝမ်ကျိုး၏ အမူအရာ မှောင်မိုက်သွားသည်။
“စောင့်နေတာ… ငါတို့အကုန် ပြိုလဲသွားတာကို စောင့်နေတာ။ ငါတို့ ထိန်းချုပ်မှု လွတ်သွားတဲ့ ဒုတိယအကြိမ်—ကြောက်ရွံ့မှုက ငါတို့ကို သန္ဓေပြောင်းသွားစေတဲ့အချိန်—အဲဒီတော့မှပဲ အဲဒါက တိုက်ခိုက်လိမ့်မယ်”
“ဒါဆို ကျုပ်တို့ ဘယ်လိုလုပ် တိုက်ခိုက်ရမှာလဲ”
“မတိုက်ခိုက်နိုင်ဘူး”
ဝမ်ကျိုးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
Chapter 469
အန္တရာယ်၊ အားနည်းချက် ၄
“အဲဒါက ကြောက်ရွံ့မှုကို အာရုံခံနိုင်တယ်။ အဲဒါကြောင့်ပဲ အဆင့်-၅ အမှတ်အသားနဲ့ လူတွေကို မှတ်သားနိုင်တာ… ပုန်းနေလည်း အကျိုးမရှိဘူး”
“ဖာ့ခ်”
“ငါက သွေးကပ်ဘေးပန်းကို လေထဲ ယူသွားမယ်။ အဲဒီအကောင် မပေါ်လာရင် ဒီမြို့တစ်ခုလုံး ကျသွားလိမ့်မယ်”
ဝမ်ကျိုးသည် သွေးကပ်ဘေးပန်းထည့်ထားတယ် သတ္တုသေတ္တာကို ဖွင့်လိုက်သည်။
“နောက်ဆုံး အခွင့်အရေးပဲ”
“ဒရက်နော့အဆင့် သယ်ယူပို့ဆောင်ရေးစစ်သင်္ဘောက အသင့်ဖြစ်နေပြီ။ ငါတို့ ပင်လယ်ဖြူကောင်ကို အရင်တိုက်ခိုက်မယ်”
ဝူး—
အပေါ်တွင် ကျန်းချန်ဇီသည် စစ်သင်္ဘော၏ ကွပ်ကဲရေးစခန်းတွင် မတ်တပ်ရပ်ပြီး ဝေဟင်တပ်စုတစ်ခုလုံးကို စောင့်ကြည့်နေသည်။
“ဘာပဲဖြစ်ဖြစ်… ပထမဦးစားပေး ပစ်မှတ်က တိမ်တိုက်တွေထဲက S-Class သတ္တဝါပဲ”
ကျိုးယုသည် အရှေ့ဘက် တံတိုင်းပေါ်မှ အမိန့်ပေးလိုက်ပြီး စစ်မြေပုံကို စူးစိုက်ကြည့်နေသည်။
“Yes, Sir”
“ရေဒါ အချက်အလက်တွေကို စောင့်ကြည့်”
ဟီကျန်းသည် မြောက်ဘက်တံတိုင်းပေါ်မှ အမိန့်ပေးလိုက်သည်။ အပြင်ဘက်တွင် သန်းချီသော မွန်းစတားအုပ်ကြီးက အလုံးအရင်းနှင့်ထိုးတက်လာသည်။ CIWS အမြောက်များနှင့် Grear Wall-50 လျှပ်စစ်သံလိုက်အမြောက်များသည် အဆက်မပြတ် ကျယ်လောင်စွာ ပစ်ခတ်နေသည်၊၊
သံလိုက်အမြောက်များသည် ကောင်းကင်ကို လင်းထိန်စေပြီး ကောင်းကင်ယံမှ အတောင်ပံပါ မွန်းစတားများကို ပုံဖော်ပေးနေသည်။
ဒုန်းးးး— မြေငလျင်တစ်ခုက မြေကြီးကို တုန်ခါသွားစေသည်။ တွင်းနက် ပိုးကောင်ကြီးသည် တစ်ဖန် ပေါ်ထွက်လာတော့မည်။
“လာနေပြီ”
ဝမ်ကျိုးသည် အပေါ်သို့ ကြည့်လိုက်သည်။
“တိုက်ပွဲလိုင်းကို ထိန်းထား—ငါ အဲဒီ ကောင်စုတ်ကို ရှာမယ်”
သူသည် သွေးကပ်ဘေးပန်းဖြင့် ကောင်းကင်သို့ ပျံတက်သွားသည်။ တိုက်လေယာဉ် နှစ်စီးက နောက်မှ လိုက်ပါသွားသည်။
ဟူးး ဝေါ— နှင်းမုန်တိုင်းက ဝမ်ကျိုး၏ မျက်နှာပေါ်တွင် နှင်းများကို အေးခဲသွားစေသည်။ သူသည် လေမှုတ်ထုတ်ပြီး မုန်တိုင်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် တိမ်တိုက်များထဲသို့ တည့်တည့် ပျံဝင်သွားသည်။
သူသည် မှန်အိမ်ထဲရှိ သွေးကပ်ဘေးပန်းကို ကြည့်လိုက်သည်။ ၎င်းကို အပြင်ထုတ်လိုက်ပြီဖြစ်ရာ နီမြန်းသော အလင်းရောင်ဖြင့် တောက်ပနေကာ ပန်း၏ပတ်လည်တွင် ရစ်ဝဲနေသော အနက်ရောင်မြူများဖြင့် ဆွဲဆောင်နေသည်။
ဝုန်း
အောက်ဘက်တွင် မြေငလျင်က ပို၍ ပြင်းထန်လာသည်။
တွင်းနက် ပိုးကောင်ကြီးသည် ရောက်ရှိလုနီးနီး ဖြစ်နေသည်။
သူသည် သွေးကပ်ဘေးပန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်လုံးများက ထက်ရှနေကာ ဘေးပတ်ဝန်းကျင်နှင့် ကောင်းကင်ကို အာရုံစိုက်နေသည်။ ထိုအခိုက်အတန့်တွင် ထူးဆန်းသော ခံစားမှုတစ်ခုက သူ၏ ကျောရိုးပေါ်သို့ တွားသွားလာသည်။
အပေါ်မှာ တစ်ခုခုက... သူ့ကို စောင့်ကြည့်နေသည်။
ဘဇ်
တိုက်လေယာဉ်နှစ်စီး အပေါ်မှ အော်ဟစ်ကာ ပျံသန်းသွားသည်။ ထိုအချိန်တွင် သူ၏ နားကြပ်မှ အစောင့်အဖွဲ့မှ သတင်းစကားတစ်ခု ရောက်လာသည်–
“ခေါင်းဆောင်ဝမ်… ရေဒါက တစ်ခုခုကို ဖမ်းမိနေတယိ—ခဗျားရဲ့ အပေါ်တည့်တည့်မှာ”
“ဒုံးကျည်တွေ ပစ်ကြ”
ရွှီ ရွှီ ရွှီ
လျှပ်တစ်ပြက်အတွင်း တိုက်လေယာဉ် နှစ်စင်းစလုံးသည် မဖော်ထုတ်ရသေးသော အပေါ်ရှိ ပစ်မှတ်ဆီသို့ ဒုံးကျည်များကို ပစ်လွှတ်လိုက်သည်။
ဝမ်ကျိုးသည် အပေါ်သို့ စူးစူးဝါးဝါး ကြည့်လိုက်သည်—သူ၏ အမူအရာ တောင့်တင်းသွားသည်။ ကြီးမားသော အနက်ရောင်သတ္တဝါကြီးတစ်ကောင်သည် တိမ်တိုက်များထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် ရှည်လျားသော အနက်ရောင်ဆူးချွန်များဖြင့် ဖုံးအုပ်ထားသည်။ ၎င်းသည် ကောင်းကင်ပေါ်ရောက်နေသော ပင်လယ်ဖြူကောင်အလားပင်၊၊
သို့သော် ဤအရာသည် ကြီးမားရုံသာမက—ထိုအနက်ရောင် ဆူးချွန်များသည် မိုးမျှော်တိုက်တစ်ခုထက်ပင် ပိုရှည်သည်၊၊ ၎င်းတို့သည် ခြိမ်းခြောက်နေသလို လှုပ်ရှားနေပြီး တိမ်တိုက်များထဲမှ ထွက်ပေါ်လာသည့် အစိတ်အပိုင်းသည် မီတာရာနှင့်ချီ၍ ရှိနေပြီ ဖြစ်သည်။ မြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ရာ ဖြစ်နေသည်၊၊
အုန်း အုန်း အုန်း
ရုတ်တရက် ဒုံးကျည်များသည် လေထဲတွင် ထူးဆန်းစွာ ပေါက်ကွဲသွားပြီး မမြင်နိုင်သော အကာအကွယ်တစ်ခုကို ထိမှန်သကဲ့သို့ တုန်ခါမှုလှိုင်းများ ထလာသည်။
“မင်းက မပုန်းတော့ဘူးလား”
ဝမ်ကျိုး၏ အကြည့်သည် အေးစက်သွားသည်။ သူ့ဘေးရှိ သံမဏိချောင်း အများအပြားကို ချက်ချင်း အပေါ်သို့ ပစ်လွှတ်လိုက်သည်။ သတ္တဝါ၏ ကြီးမားသော ဆူးချွန်များ ရွေ့လျားသွားသောအခါ သူသည် မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခု အပြင်သို့ ပေါက်ကွဲသွားသည်ကို ခံစားလိုက်ရသည်။ သံမဏိချောင်းတစ်ခုသည် စူးရှသော သတ္တုသံဖြင့် တစ်စုံတစ်ခုကို ထိမိသွားပြီး ထိပ်ဖျားသည် အနည်းငယ် ပုံပျက်သွားသည်—စွမ်းအင်နယ်ပယ်တစ်ခုကို ထိမှန်သွားပုံရသည်၊၊
ဝမ်ကျိုး၏ မျက်လုံးများ တောက်ပလာပြီး သူ၏ စွမ်းရည်သည် ရုတ်တရက် မြင့်တက်လာသည်။ ယခုအခါ သူသည် ၎င်းကို ရှင်းလင်းစွာ ခံစားနိုင်သည်—ထို အကာအကွယ်သည် အမှန်တကယ်ရှိသည်။ ခိုင်မာကာ ထိုးဖောက်၍မရနိုင်ပေ၊၊
ဘဇ်
လေထုကို ဖြတ်လာသည် အသံတစ်ခု ရုတ်တရက် ပေါ်လာသည်။ ဝမ်ကျိုးသည် ချက်ချင်း တုံ့ပြန်ပြီး ဘေးသို့ ရှောင်တိမ်းလိုက်သည်။
သူရပ်နေသည့် နေရာကို ဧရာမ အနက်ရောင်ဆူးချွန်တစ်ခုက ရိုက်ခတ်သွားပြီး အလွန်ပြင်းထန်သော လေဖိအားကို ယူဆောင်လာကာ သူ့ကို ကောင်းကင်ထဲတွင် မီတာအတော်များများ လွင့်စင်သွားစေသည်။
“အား”
သူသည် လေထဲတွင် လှည့်ပတ်နေစဉ် အံကြိတ်လိုက်သည်၊၊ နောက်သို့ လွင့်စင်သွားသော်လည်း သူသည် သံမဏိချောင်းများကို ထိန်းချုပ်ထားသည်။
သို့သော်—သူ တစ်ခုခုကို သတိထားမိသည်။ လေထဲတွင် ရပ်တန့်သွားခဲ့သော သံမဏိချောင်းများသည် ရုတ်တရက် အပေါ်သို့ ပြန်၍ တက်လာသည်။ သူသည် သူ့ကိုယ်သူ လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး သံလိုက်ထိန်းချုပ်မှုကို အသုံးပြုကာ သံမဏိချောင်းများကို တိမ်ထုထဲမှ ပင်လယ်ဖြူကောင်၏ ဆူးချွန်များဆီသို့ ပစ်လွှတ်လိုက်သည်။
အနက်ရောင်ဆူးချွန်များသည် တစ်ဖန် ပွင့်သွားသည်။ ဤတစ်ကြိမ်တွင် သံမဏိချောင်းများသည် ရွှံ့နွံအိုင်ထဲကို ကျသွားသကဲ့သို့ စုပ်ယူခံလိုက်ရပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။
နောက်တစ်စက္ကန့်တွင် ထိုသံမဏိချောင်းများကို ကြီးမားသော အင်အားဖြင့် ပါးလွှာသော အပြားများအဖြစ် ကြေမွသွားစေပြီး သူတို့ ရပ်တန့်ခဲ့သည့် နေရာ—ဒုံးကျည်များ ပေါက်ကွဲခဲ့သည့် နေရာသို့ ကြမ်းတမ်းစွာ ပြန်လွင့်လာသည်။
ဝမ်ကျိုး၏ မျက်လုံးများ ပြူးကျယ်လာပြီး သဘောပေါက်သွားသည်။ သူ၏ ဆက်သွယ်ရေး ကိရိယာထဲသို့ အော်ဟစ်လိုက်သည်–
“ဟို ဖြူကောင်ရဲ့ စွမ်းအားနယ်ပယ်က သတ်မှတ်ထားတဲ့ အကွာအဝေး ရှိတယ်။ ပြီးတော့ အဲဒီအရာက တိုက်ခိုက်တဲ့အခါ အကာအကွယ်က အလုပ်မလုပ်ဘူး… ဒါ ငါတို့ အခွင့်အရေးပဲ—အခုပဲ တိုက်ခိုက်ကြ”
ချက်ချင်းပင် ထိုသတင်းစကားသည် ယူနစ်အားလုံးကို ပျံ့နှံ့သွားပြီး လူတိုင်းကို ချက်ချင်း အားတတ်သွားစေသည်၊၊
အောက်ဘက်တွင် ကီကီက ချက်ချင်း ပြန်အော်လိုက်သည်–
“ကျွန်မတို့ အဲဒီ ဧရာမပိုးကောင်ကို တိုက်ခိုက်ချင်ယောင်ဆောင်မယ်။ ဖြူကောင်က တိုက်ခိုက်လိုက်တာနဲ့ ရှင်တို့ရဲ့ အမြောက်တွေ အားလုံး—ကောင်းကင်ကို ပစ်ကြ”
“ရတယ်”
ဒရက်နော့အဆင့် သယ်ယူပို့ဆောင်ရေးယာဥ်ပေါ်တွင် ကျန်းချန်ဇီသည် အသင့်အနေအထား ရှိနေသည်။
ဝုန်း
လုရှင်းချန်သည် သူ၏ မီးလျှံများကို စတင် စုစည်းနေပြီဖြစ်သည်။
“အမြောက်သမားတွေကို အမိန့်ပေးလိုက်”
မြောက်ဘက်မြို့ရိုးတွင် အဆက်မပြတ် မွန်းစတားလှိုင်းများကို ရင်ဆိုင်နေရသော်လည်း ဟီကျန်းသည် ချက်ချင်း အမိန့်ပေးလိုက်သည်—အမြောက်ကြီးများနှင့် လျှပ်စစ်သံလိုက်အမြောက်များကို ကောင်းကင်ဆီသို့ လှည့်လိုက်သည်။
“ထောက်လှမ်းရေး-၀၃ က ဝေဟင်ဇုန်ကို နေရာရှာတွေ့ပြီ။ ထောက်လှမ်းရေး ကွပ်ကဲရေးကို တည်နေရာ ပို့လိုက်ပြီ”
“မိုးလေဝသ အစီရင်ခံစာ: အန္တိမဇုန်ထဲမှာ ဒုံးကျည်ပစ်လွှတ်မှု သတ်မှတ်ချက်များနှင့် ကိုက်ညီသည်”
“LF21 တုံ့ပြန်နှုန်းမြင့် ဒုံးကျည်ယူနစ်၊ ပစ်ခတ်မှု အချက်အလက်တွေကို မှတ်သား—ပစ်လွှတ်ဖို့ အသင့်ပြင်”
ဒုန်းးး…
တုန်ခါမှုလှိုင်းများ မြို့တစ်လျှောက် လှုပ်ခတ်သွားသည်။ ကီကီနှင့် ကျန်သူများသည် အသင့်အနေအထား ရှိနေသည်။ အောက်ရှိ မြေပြင်သည် အလွှာလိုက် အက်ကွဲသွားပြီး ဖုန်မှုန့်များ တက်လာသည်။ မြေငလျင်များသည် ခင်းထားသော လမ်းကို ရေပြင်ကဲ့သို့ လှိုင်းထစေသည်။
ထို့နောက်—ဒုန်း
မြေကြီးက ပေါက်ကွဲသွားသည်။ ကွန်ကရစ်များ အလွှာလိုက် ကြေမွသွားပြီး အပျက်အစီးများ ကောင်းကင်ယံသို့ လွင့်ပျံလာသည်၊၊
ကြီးမားသော ဒဏ်ရာအမာရွတ်များရှိသော အနက်ရောင်တွင်းနက်ပိုးကောင်ကြီးတစ်ကောင်က မြေကြီးထဲမှ ထွက်ပေါ်လာသည်။
ကီကီ၊ မီးတောက်၊ ဟန်ကျွမ့်နှင့် ချင်ရွှမ်မင်တို့သည် နေရာယူပြီးသား ဖြစ်နေသည်။