← Chapters

အခန်း (၄၇၂-၄၇၃)

Vol. 30 Ch. 472-473

အခန်း (၄၇၂-၄၇၃)

Vol. 30 Ch. 472-473

Chaprer 472

ဂြိုဟ်ဖျက်ဆီးအဆင့်အမြောက် ၂

“ကီကီ၊ ဆရာမချန် ခံစစ်ကို ထိန်းထား… ဒါကို ငါ့ဆီ လွှဲထားလိုက်”

မြို့ထဲသို့ ရောက်ရှိလာခြင်းနှင့်အတူ လင်းရှန်နှင့် ချန်ဝေတို့သည် အခြေအနေ မည်မျှ အရေးကြီးနေသည်ကို လျင်မြန်စွာ နားလည်သွားကြသည်။ ရှေ့တန်းမှ ခံစစ်များသည် ကြိုးတန်းပေါ် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေပြီး ဤ S-Class ထူးဆန်းသည့် ပင်လယ်ဖြူကောင်ကြီးကို ဖယ်ရှားခြင်းသည် ယခုအချိန်တွင် အဓိက ဦးစားပေးတာဝန်ဖြစ်ကြောင်း သူတို့ နားလည်ထားကြသည်။

ကျိုးယု ပေးပို့ခဲ့သော ထောက်လှမ်းရေးအချက်အလက်နှင့် အစောပိုင်း တိုက်ခိုက်မှု စမ်းသပ်ချက်များအရ လင်းရှန်သည် သူ၏ သံသယကို အတည်ပြုခဲ့သည်- ဤ S-Class သည် သူတို့ ယခင်က ရင်ဆိုင်ခဲ့ရသော မိုးပျံဂျယ်လီဖစ်သတ္တဝါကဲ့သို့ မခက်ခဲပေ။ မဟုတ်ပါက၊ ၎င်းသည် ပုန်းအောင်းနေပြီး ကင်းထောက်အဖြစ် လှုပ်ရှားနေမည် မဟုတ်ပေ၊၊ ၎င်း၏ ထူးဆန်းသော ကာကွယ်ရေးဒိုင်းကာမပါရှိလျှင် စုံစမ်းထောက်လှမ်းရေးတပ်ရင်း (၇) ၏ ပစ်အားကို တစ်စက္ကန့်ပင် ခံနိုင်မည် မဟုတ်ချေ။

“ဒါကြီးကို ဒဏ်ရာရတုန်း ထပ်ပြီးတိုက်ခိုက်ကြ”

“လေထဲကို ပြန်သွားခွင့်မပေးနဲ့”

ချန်ဝေက သတိပေးသည်။

“ရောက်သွားရင်တော့ ကိုင်တွယ်ရတာ အိပ်မက်ဆိုးပြန်ဖြစ်သွားလိမ့်မယ်”

“ကျုပ်လည်း အဲဒီလိုပဲ ထင်တယ်”

သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် လက်များကို မြှောက်ကာ တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်-

“ဒုံးကျည် လော့ခ်ချဖို့ ပြင်ဆင်”

“ဒုံးကျည် လော့ခ်ချဖို့ ပြင်ဆင်”

ဝှီး-ဝှီး-ဝှီး-ဝှီး

ဖန်ကူ ယူနစ် ၀၁၏ လက်မောင်းများ ပြန့်ကားသွားသည်။ အင်ပါယာအဆင့် ဒုံးကျည်လေးစင်းသည် ရင်ဘတ်တွင် တပ်ဆင်ထားသော အဖုံးများမှ ထွက်ပေါ်လာသည်။ ကျယ်လောင်သောအသံဖြင့် ဒုံးကျည်များသည် ပင်လယ်ဖြူကောင်ကြီး၏ အားနည်းချက်ဆီသို့ လျင်မြန်စွာ ပစ်လွှတ်သွားသည်။

သို့သော် ပင်လယ်ဖြူကောင်ကြီးသည် သတိထားမိနေပြီ ဖြစ်သည်။ ၎င်း၏ လက်တံများကို လိမ်ကွေးပြီး နောက်ပြန်လှိမ့်ကာ ဒုံးကျည်များကို ပိတ်ဆို့ရန် နောက်ဘက်ဒိုင်းကာ ကို အချိန်မီ မြှင့်တင်လိုက်သည်။

ဗုံး

ဒုံးကျည်များသည် ပေါက်ကွဲပြီး လေထဲတွင် မီးတိမ်တိုက်တစ်ခုကို ဖြစ်ပေါ်စေသည်။

လင်းရှန်နှင့် ချန်ဝေတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ တက်သွားကြသည်။ မျှော်စင်က ဆက်လက်စိုက်ဝင်နေသရွေ့ ကာကွယ်ရေးတွင် လစ်ဟာမှုတစ်ခု ကျန်ရှိနေမည်—၎င်းသည် အကောင်းဆုံး အခွင့်အရေးပင်၊၊

သို့သော် ထိုအချိန်တွင် ဖန်ကူ၏ ငလျင်သတိပေးစနစ်သည် အနီရောင်တောက်ပလာသည်—တစ်ခုခုသည် မြေအောက်မှ သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသည်။

ပိုင်းလော့ နှစ်ဦးစလုံး အရေးပေါ်ရှောင်တိမ်းမှုကို စတင်လိုက်သည်—

ဝုန်း

၎င်းတို့ ဆုတ်ခွာသွားခဲ့သော မြေပြင်တွင် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ တွင်းနက်ပိုးကောင်ကြီးသည် အောက်မှ ပေါက်ကွဲထွက်လာပြီး ဖန်ကူ၏ ရင်ဘတ်အထိ မြင့်တက်လာသည်။ တုန်ခါမှုလှိုင်းသည် စက်ရုပ်ကြီးတစ်ခုလုံးကို တုန်ခါသွားစေသည်။

ထိန်းချုပ်ခန်းအတွင်းတွင် သူတို့သည် ထိခိုက်မှုကို ကြံ့ကြံ့ခံပြီးနောက် တစ်ပြိုင်နက် အော်ဟစ်လိုက်သည်-

“အားကုန်ထုတ်ပြီး ထိုး”

ဘန်း ဝုန်း

ကြွက်သားအင်ဂျင်နှစ်ထောင်ကျော်သည် ကျယ်လောင်စွာ အော်ဟစ်ပြီး ဟိုက်ဒရောလစ်ပါဝါဒရိုက်များသည် ထိုးတက်လာသည်။ ဖန်ကူ၏ လက်သီးနှစ်လုံးသည် တန်ချိန်သောင်းနှင့်ချီသောခွန်အားကို ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ထုတ်လွှတ်လိုက်သည်။

ခရက်

အားဖြည့်ထားသော သံလက်သီးများသည် ထူထဲသောအခွံကို ရိုက်ချိုးလိုက်ရာ အပြင်ဘက်သို့ အက်ကွဲကြောင်းများ ကွဲထွက်သွားသည်။

“ထပ်လာ”

“စွမ်းအား ပိုသွင်း”

လူနှစ်ဦးစလုံးသည် ဘေးဘက်သို့ လှည့်ကာ သူတို့၏ ညာဘက်လက်မောင်းများကို အားယူလိုက်သည်။

“တံတောင်ဆစ် jetတွန်းအားပေးစက်ကို ဖွင့်”

“တံတောင်ဆစ် jetတွန်းအားပေးစက်ကို ဖွင့်”

ဖန်ကူ၏ ကိုယ်လုံးသည် ရွေ့လျားပြီး ၎င်း၏ ညာဘက်လက်မောင်းကို နောက်သို့အားယူလိုက်သည်၊၊ တံတောင်ဆစ်ပေါ်ရှိ Jetတွန်းအားပေးစက်သုံးခုက တောက်လောင်လာသည်—

ဗရူး

အသံလှိုင်းကွင်းများ ပေါ်ထွက်လာပြီး Jetတွန်းအားပေးစက်များက ဧရာမလက်မောင်းကို ရှေ့သို့ တွန်းပို့လိုက်သည်။ လက်ဆစ်များသည် ပြောင်းလဲသွားပြီး အားဖြည့်မှုများဖြင့် ဖုံးအုပ်ကာ ကြေးဝါရောင်တောက်ပနေသည်။ ပွတ်တိုက်မှုက လေထုကို အပူပေးပြီး မှိန်ဖျော့သော အနီရောင်ဖြင့် တောက်ပနေသည်။

ဝှမ်း

ထိုးနှက်ချက်သည် နတ်ဘုရားတူတစ်လက်ကဲ့သို့ ထိမှန်ပြီး တွင်းနက်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်အလယ်ပိုင်းကို ထိုးဖောက်သွားသည်၊၊ အသားတုံးများနှင့် အရည်များသည် ရေပန်းတစ်ခုလို ပေါက်ကွဲထွက်လာသည်။

စခီးးးးး

သုံးကြိမ် ထိမှန်ပြီးနောက် ပိုးကောင်ကြီးသည် ထိတ်လန့်တကြား လူးခါသွားသည်။ ၎င်းသည် ဖန်ကူကို ကိုယ်လုံးဖြင့် ရိုက်ချရန် ကြိုးစားနေသည်၊၊

ချန်ဝေနှင့် လင်းရှန်တို့သည် လက်မောင်းများကို မကာ ကာကွယ်ပြီး ခိုင်မာစွာ ရပ်တည်လိုက်သည်။ သူတို့၏ ခြေထောက်တစ်ချောင်းကို နောက်သို့ ဆုတ်လိုက်ပြီး ထိခိုက်မှုကို ခံနိုင်ရန်အတွက် စက်ရုပ်ကြီး တစ်လျှောက်ရှိ ဖိအားလျှော့ချရေး အဆို့ရှင်များကို ဖွင့်လိုက်သည်၊၊

ဘုန်းးးး

ပိုးကောင်ကြီးသည် တောင်တစ်လုံးကဲ့သို့သော ခွန်အားဖြင့် သူတို့ကို တိုက်ပြီး တုန်ခါမှုလှိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ဖန်ကူသည် မီတာတစ်ရာကျော် နောက်သို့ တွန်းပို့ခံရပြီး လမ်းတစ်ဝက်ကို ပျက်စီးသွားစေသည်။

တိုက်ခိုက်မှုမှာ ပြင်းထန်သော်လည်း လျင်မြန်သော ဖန်ကူ ယူနစ် ၀၁ အတွက်မူ အရေးပါသော ထိခိုက်မှု မဟုတ်ပေ။

ပိုးကောင်ကြီးသည် မြေအောက်သို့ ဆုတ်ခွာရန် ကြိုးစားနေသည်—သို့သော် လင်းရှန်နှင့် ချန်ဝေတို့သည် ၎င်းကို အလွတ်မပေးပေ။

သူတို့သည် ရှေ့သို့ တတ်လှမ်းပြီး ညာဘက်လက်မောင်းကို ဆန့်လိုက်သည်—

“ကွင်းဆက်ဓားကို ဖြန့်ကျက်”

“ကွင်းဆက်ဓား ကို ဖြန့်ကျက်”

ချွမ်

ကြိမ်နှုန်းမြင့် ကွင်းဆက်ဓားသည် ညာဘက်လက်မောင်း၏ သံချပ်ကာ အောက်မှ လျှောထွက်လာသည်။ ၎င်း၏ ပင်မကိုယ်ထည်သည် ခေါက်ထားသောပုံစံမှ အဖြောင့်ဖြစ်သွားသည်။ ချွန်ထက်သော ဓားသွားများက တောက်ပနေသည်— တွင်းနက်ပိုးကောင်ကြီး တစ်ကောင်ကို သတ်ခဲ့သော ဓားပင် ဖြစ်သည်။

ထိုအချိန်တွင် သူတို့၏ ရှေ့မှ မြင်ကွင်းသည် အနီရောင်တောက်လာသည်။ ဝင်ရောက်လာသော တိုက်ခိုက်မှုတစ်ခု။

သူတို့သည် ပိတ်ဆို့ရန် ဘယ်ဘက်လက်မောင်းများကို မြှောက်လိုက်သည်—

ဘန်း ဝုန်း ဝုန်း

ကြီးမားသော အနက်ရောင်ဆူးချွန်လက်တံတစ်ခုသည် မြို့တွင်းလမ်းများစွာကို ဖြတ်၍ ဖန်ကူကို ရိုက်ချလိုက်ပြီး အဆောက်အဦတစ်ခုကို ဝင်တိုက်မိသွားစေသည်၊၊

သူတို့ လဲကျနေစဉ် လင်းရှန်နှင့် ချန်ဝေတို့သည် ကွင်းဆက်ဓားကို သိမ်းဆည်းပြီး ပြန်ထရန် အဆောက်အဦတစ်ခုကို အားပြုလိုက်သည်။

ဝှစ်—

နောက်ထပ် ဧရာမ အနက်ရောင်ဆူးချွန်လက်တံတစ်ခုသည် ဖန်ကူကို အလဲထိုးရန် ထပ်မံ တိုက်ခိုက်လာသည်၊၊

“ထိခိုက်မှုအတွက် အသင့်ပြင်ထား”

ဖန်ကူသည် မတ်တပ်ရပ်ပြီး လက်နှစ်ဖက်စလုံးကို မြှောက်ကာ ကိုယ်ကို ရှေ့သို့ ကိုင်း၍ ခြေထောက်တစ်ချောင်းကို နောက်သို့ ဆုတ်လိုက်သည်။ စက်ရုပ်ကြီး၏ ကျောရိုးတစ်လျှောက်ရှိ နောက်ဘက်တွန်းအားပေးစက်တံခါးများ အားလုံး ပွင့်သွားသည်၊၊

ဝုန်း

ကြီးမားသောလက်တံသည် ထပ်မံ ရိုက်ခတ်ပြီး ဖန်ကူကို နောက်သို့ တွန်းပို့လိုက်သည်။ မြေပြင်သည် ကွဲအက်သွားသော်လည်း နောက်ဘက် တွန်းအားပေးစက်များသည် ကျယ်လောင်စွာ ခုခံရင်း ကြီးမားသော တန်ပြန်တွန်းအား ကို ထုတ်လွှတ်လိုက်သည်။

ဝှီးးး-ဝှီးးး

အပေါ်မှ ဒုံးကျည်များနှင့် သံလိုက်အမြောက်ကျည်ဆန်များသည် မိုးရွာသကဲ့သို့ ကျလာသည်။ ဟီကျန်း၏ အမိန့်အရ လေကြောင်းယူနစ် အားလုံးသည် စောင့်ဆိုင်းနေခဲ့ကြသည်။ ပင်လယ်ဖြူကောင်ကြီး လှုပ်ရှားလာသည်နှင့် သူတို့သည် တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

အလုပ်ဖြစ်သွားသည်။ ဆူးချွန်လက်တံနှစ်ချောင်းက တိုက်ခိုက်ရန် ဆန့်တန်းထားသဖြင့် ၎င်း၏ ရှေ့ဘက်ခြမ်းသည် လစ်ဟာနေသည်၊၊ ဒုံးကျည်တိုင်းသည် ၎င်း၏ ပစ်မှတ်ကို ထိမှန်သွားသည်။

အုန်းးးး

မီးတောက်ကြီးများသည် ဗဟိုဧရိယာတစ်ခုလုံးကို နေ့အလင်းရောင်ကဲ့သို့ ထွန်းလင်းစေသည်။

“ကောင်းတယ်”

ထိန်းချုပ်ခန်းအတွင်းတွင် လင်းရှန်နှင့် ချန်ဝေတို့သည် သူတို့၏ ကျေနပ်စွာ လက်သီးလက်မောင်းတန်းလိုက်ကြသည်၊၊

“အဲဒီကောင်ကြီးက အမွေးနက်တွေနဲ့ ဖုံးနေတယ်—အားလုံးကို မီးရှို့လိုက်ရအောင်” ချန်ဝေက အနက်ရောင်ဆူးချွန်များကို လောင်ကျွမ်းနေသော မီးလျှံများကို ကြည့်ရင်း ကြိမ်းဝါးလိုက်သည်၊၊

“Lets Go”

သူတို့သည် တွန်းအားပေးစက် တံခါးများကို ပိတ်လိုက်ပြီး ရှေ့သို့ ကိုင်း၍ လမ်းလျှောက်ခြင်းမှ အပြည့်အဝ ပြေးခြင်းသို့ ပြောင်းလဲလိုက်သည်။

“ဘယ်ဘက်လက်မောင်း: ဂြိုလ်ဖျက်ဆီးအဆင့် သံလိုက်အမြောက်ကို ဖွင့်”

“ဘယ်ဘက်လက်မောင်း: ဂြိုဟ်ဖျက်ဆီးအဆင့် သံလိုက်အမြောက်ကို ဖွင့်”

ကလန်-ကလန်

ဖန်ကူ၏ ဘယ်ဘက်လက်မောင်းသည် နိမ့်ဆင်းသွားသည်။ သံချပ်ကာအပိုင်းများ ကွာကျသွားပြီး ကြီးမားသော လိမ္မော်ရောင် အမြောက်ပြောင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။ မီးလျှံပတ်လမ်းများ ချက်ချင်း မီးတောက်လာကာ မီးခိုးနက်များ အပေါ်ဘက်သို့ တက်လာသည်။

ဒုန်း-ဒုန်း-ဒုန်း—

ဖန်ကူသည် လွှမ်းမိုးနိုင်သော အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ အနက်ရောင်ဆူးချွန်လက်တံတစ်ခုသည် သူတို့ကို ဟန့်တားရန် ဝင်လာသည်။ ဖန်ကူသည် ညာဘက်လက်မောင်းဖြင့် ကာပြီး ဘေးတိုက်လျှောသွားသော်လည်း သူ၏ လမ်းကြောင်းကို ထိန်းထားသည်။

Chapter 473

ဂြိုဟ်ဖျက်ဆီးအဆင့်အမြောက် ၃

သူတို့ ချဉ်းကပ်လာသည်နှင့်အမျှ ဘယ်ဘက်လက်မောင်းက မြင့်တက်လာသည်—

ဖွမ်း

အပူရှိန်ဒီဂရီတစ်ထောင်ရှိသော ပလာစမာလျှပ်စီးကြောင်းသည် အရည်ပျော်နေသော သံမဏိကဲ့သို့ ပစ်ထွက်လာသည်။ အလယ်ဗဟိုတွင် အဖြူရောင်တောက်နေပြီး ကောင်းကင်တစ်ခုလုံးကို လင်းထိန်စေကာ ပင်လယ်ဖြူကောင်ကြီး၏ အရှေ့ဘက် မျက်နှာကို ထိမှန်သွားသည်၊၊

ခရက်... ဇ်ာဇ်ာဇ်ာဇ်ာဇ်ာဇ်ာဇ်ာဇ်ာဇ်ာ

ပင်လယ်ဖြူကောင်ကြီးသည် ၎င်း၏ လက်တံများ ဒေါသတကြီး ဝှေ့ယမ်းကာ မြေပြင်ကို လှုပ်ခါနေသော်လည်း လင်းရှန်နှင့် ချန်ဝေတို့သည် ဂရုမစိုက်ကြပေ။ သူတို့သည် သံလိုက်အမြောက်၏ ထုတ်လွှတ်အားကို အမြင့်ဆုံးသို့ တင်လိုက်ပြီး ဤသတ္တဝါကြီးကို မြေပြင်ပေါ်၌ မီးရှို့ပစ်ရန်နှင့် ၎င်း၏ အတွင်းထဲတွင် “အမြုတေ” ရှိမရှိ ရှာဖွေရန် ဆုံးဖြတ်ထားသည်။

“ဆက်ပစ်ထား”

“အားးး”

သူတို့သည် မျက်စိကျိန်းစက်နေသော အပူရှိန်ကို ကြံ့ကြံ့ခံကာ ရှေ့သို့ တိုးသွားသည်၊၊

ဝုန်း

ရုတ်တရက် ဖန်ကူအောက်ရှိ မြေပြင်က နိမ့်ဆင်းကာ ပြိုကျသွားသည်၊၊

တွင်းနက်ပိုးကောင်ကြီးသည် သူတို့အောက်မှ တွင်းတူးပြီး အပေါ်သို့ ပေါက်ကွဲထွက်လာရာ တန်ချိန်တစ်သောင်း ရှိသော စက်ရုပ်ကြီးသည် လေထဲသို့ လွင့်စင်သွားသည်၊၊ ဘယ်ဘက်လက်မောင်းမှ အမြောက်က ပေါက်ကွဲသွားပြီး ဧရိယာတစ်ခုလုံးကို မီးမုန်တိုင်းဖြင့် ဖုံးလွှမ်းသွားစေသည်။

“လင်းရှန်”

ကီကီ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူမသည် သွေးကပ်ဘေးပန်းကို ဝမ်ကျိုးထံမှ ဆွဲယူပြီး အော်ပြောလိုက်သည်၊၊

“ကျွန်မတို့ အဲဒီ ပိုးကောင်ကြီးကို ဆွဲဆောင်ပြီး ထွက်သွားအောင် လုပ်ရမယ်—လင်းရှန်က စစ်မျက်နှာနှစ်ခုဖွင့်ပြီး မတိုက်ခိုက်နိုင်ဘူး”

“စောင့်—”

ဝမ်ကျိုးက သူမကို တားဆီးရန် ကြိုးစားသော်လည်း သူမသည် ထွက်ခွာသွားခဲ့ပြီ။

ဝမ်ကျိုးသည် မီးတောက်အပါဝင် အခြားသူများနှင့်အတူ ပျံသန်းသွားပြီး ပင်လယ်ဖြူကောင်ကြီး၏ တစ်ဖက်ခြမ်းသို့ ကွေ့ပတ်သွားသည်။ သူသည် အမိန့်ပေးလိုင်းကို လှမ်းပြောလိုက်သည်-

“ပင်လယ်ဖြူကောင်ကြီးရဲ့ အဝေးဖက်ခြမ်းကိုပဲ တိုက်ခိုက်မှုအားလုံး အာရုံစိုက်ကြ… မင်းတို့ လွဲချော်ရင်တောင် ဒါကြီးကို အာရုံလွှဲထား—ဖန်ကူအတွက် အချိန်ရအောင် လုပ်ပေး”

“ရတယ်” ဟီကျန်းက အမိန့်ပေးလိုက်သည်။

“လေကြောင်းယူနစ် အားလုံး၊ လေထဲက သတ္တဝါတွေက်ု လျစ်လျူရှုလိုက်တော့—ဖန်ကူကို ကာဗာပေးကြ”

ဝူး—

ကောင်းကင်ယံတစ်လျှောက်ရှိ လေကြောင်းတပ်ဖွဲ့များသည် မြို့လယ်ဆီသို့ ဝိုင်းရံလာကြသည်။ တောင်ပံပါ မွန်းစတားများသည် အနက်ရောင်တိမ်တိုက်ကြီးများလို သူတို့နောက်မှ လိုက်ပါလာသည်၊၊

“အဲဒီ ပျံသန်းနေတဲ့ကောင်တွေကို ချေမှုန်းဖို့ ကူညီပြီး သူတို့ကို ကာဗာပေး”

မြောက်ဘက်ခံစစ်တွင် ချန်ဆီရွှမ်နှင့် ချီလီတို့သည် လေကြောင်းကာကွယ်ရေး အကူအညီကို ညှိနှိုင်းနေကြသည်။

ဒက် ဒက် ဒက် ဘန်း ဘန်း ဘစ်ဇ် ဘစ်ဇ်

မြောက်ဘက်ခံစစ်ရှိ လေကြောင်းရန်ကာကွယ်ရေး အမြောက်နှင့် လျှပ်စစ်သံလိုက်အမြောက်များအားလုံးသည် တစ်ပြိုင်နက် ပစ်ခတ်နေရာ

ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားသည်၊၊

မရေမတွက်နိုင်သော သတ္တုစီးကြောင်းများနှင့် လျှစ်စစ်တန်းများသည် မိုးကောင်းကင်သို့ စီးဆင်းထိုးတက်သွားပြီး အတောင်ပံပါသည့် သတ္တဝါများကို တရကြမ်း ထိမှန်နေသည်၊၊ တစ်ချိန်တည်းမှာပင် အရှေ့ပိုင်းနှင့် မြောက်ပိုင်းဇုန်နှစ်ခုလုံးရှိ မြင့်မားသော ကာကွယ်ရေးတပ်ဖွဲ့များတစ်လျှောက် တပ်ဆင်ထားသည့် အမြောက်ကြီးများက ဧရာမ ပင်လယ်ဖြူကောင်ကြီးကို ပစ်ခတ်နေကြသည်၊၊

ပင်လယ်ဖြူကောင်ကြီး၏ မမြင်ရသည့် ဒိုင်းကာအပေါ်တွင် သိပ်သည်းသည့် ပေါက်ကွဲမှုများ တရစပ် လွင့်ပျံသွားကာ ၎င်း၏ အနက်ရောင်ဆူးလက်တံများကို ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်စေသည်။ အမြောက်များ၏ ကျယ်လောင်သောအသံသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

ဖန်ကူ ယူနစ် ၀၁သည် တွင်းနက်ပိုးကောင်ကြီး၏ တိုက်ခိုက်မှုကြောင့် မြို့ထဲရှိ ရပ်ကွက်တစ်ခုထဲသို့ ကျသွားကာ အဆောက်အအုံမြင့်များစွာသည် ထိမှန်မှုဒဏ်ကြောင့် ပေါက်ကွဲသွားသည်။ အပျက်အစီးများနှင့် ကြေမွသွားသော မှန်စများသည် ရေလှိုင်းကြီးသဖွယ် ကျဆင်းကုန်သည်၊၊

“သောက်ချီးပိုးကောင်”

ထိန်းချုပ်ခန်းထဲ၌ ချန်ဝေသည် ဒေါသတကြီး ဆဲဆိုရင်း အသက်ကို ပြင်းပြင်းရှူလိုက်၏။

“ဒီကောင်က အဲဒီပင်လယ်ဖြူကောင်ကြီးရဲ့ ရှေ့ပြေးတပ်ဖွဲ့ပဲ ဖြစ်ရမယ်။ သူတို့ကြားမှာ ဆက်သွယ်မှုတစ်မျိုးမျိုး ရှိကိုရှိရမယ်။ အခု သူတို့က နှစ်ဖက်စလုံးကနေ ငါတို့ကို တိုက်ခိုက်နေကြတာ”

လင်းရှန်သည် အသက်ကို ပြင်းပြင်းရှူသွင်းရင်း ရုတ်တရက် နှာခေါင်းမှ နွေးထွေးသည့် အရည်တစ်ခု စီးကျလာသည်ကို ခံစားလိုက်ရသည်။ သူ သုတ်လိုက်သောအခါ အနီရောင်သွေးများကို တွေ့လိုက်ရသည်။

ယန္တရားနှလုံးသားဖြင့်ပင်လျှင် တန်ချိန်ပေါင်းများစွာလေးသော မီကာကို မောင်းနှင်နေရသည့်အပြင် ကိုယ်လုံးအပြည့် စကင်ဖတ်မှုနှင့် ထိန်းချုပ်မှုကို ထိန်းသိမ်းထားရသည်မှာ အလွန်ပင် ပင်ပန်းသော လုပ်ငန်းစဥ်ဖြစ်၏။ သူသည် ချန်ဝေဘက်သို့ လှည့်ကြည့်လိုက်ရာ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး နှာခေါင်းမှ သွေးများက ပိုက်လုံးမှ ကျသကဲ့သို့ စီးကျနေသည်ကို တွေ့ရသည်။

“ခဗျား အဆင်ပြေရဲ့လား… ဆက်ပြီး တိုက်နိုင်သေးလား”

ချန်ဝေက လက်တစ်ဖက်ဖြင့် သွေးများကို သုတ်လိုက်သည်။

“ဘာမှ မဖြစ်ပါဘူး”

“ကောင်းပြီ”

ကလန်… ကလန်…

သူတို့နှစ်ဦးသည် ၎င်းတို့၏ လက်မောင်းထိန်းချုပ်ကိရိယာများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ ခန္ဓာကိုယ်များကို တင်းမာစေပြီး အတင်းအကြပ် ပြန်ထရပ်လိုက်သည်။

ဟူးးးးးးးးးး

ပျက်စီးနေသည့် အပျက်အစီးများထဲမှ ဖန်ကူ ယူနစ် ၀၁၏ နျူကလီးယားတာဘိုင်စက်သည် အသံမြည်ဟည်းလာသည်။ မီကာ၏ ကြွက်သားအင်ဂျင် အစုအဝေးများက ရုတ်တရက် လှည့်ပတ်အားကို ထုတ်လွှတ်လိုက်ပြီး လက်သီးဖြင့် မြေပြင်ကို ထိုးပြီး အားယူကာ—မီကာသည် တစ်ဖန် ထရပ်လိုက်သည်။

ပြင်းထန်စွာ တိုက်ခတ်နေသည့် မီးခိုးများကို ကြည့်ရင်း ချန်ဝေက တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“ငါတို့ ရှေ့ကို တတ်သွားတုန်း အဲဒီ ပိုးကောင်ကြီးက ချုံခိုတိုက်တာပဲ… ငလျင်အာရုံခံကိရိယာတွေက မဖမ်းနိုင်ခဲ့ဘူး။ အခု ပြန်ငြိမ်နေတယ်—ရှင်းနေတာက သူက ငါတို့ကို ချောင်းနေတာပဲ”

လင်းရှန်၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ သူသည် အမြောက်များ ရွာသွန်းနေသည့်အောက်ရှိ အနက်ရောင်ပင်လယ်ဖြူကောင်ကြီးကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“ကျုပ်တို့ ပင်လယ်ဖြူကောင်ကြီးကို ပစ်မှတ်ထားတိုင်း ဒီကောင်က ပေါ်လာတယ်။ ဒါဆို…”

သူသည် ချန်ဝေကို တစ်ချက်ကြည့်လိုက်ရာ ချန်ဝေကလည်း သူ့အား ခေါင်းပြန်ညိတ်ပြသည်။

သဘောပေါက်သွားပြီ။

သူတို့သည် အနက်ရောင် ပင်လယ်ဖြူကောင်ကြီးဆီသို့ စတင် ရွေ့လျားလိုက်သည်။

ဒုန်း ဒုန်း

ယူနစ် ၀၁သည် မီးခိုးများထဲမှ ထွက်ပေါ်လာသည်၊၊ ပင်လယ်ဖြူကောင်ကြီး၏ ဒိုင်းကာက အပြည့်အဝ အသက်ဝင်လာကာ ၎င်း၏ ကြီးမားသော အနက်ရောင်ဆူးများသည် ကြမ်းတမ်းစွာ တွန့်လိမ်နေပြီး မီးခိုးများသည် ၎င်း၏ ပတ်ပတ်လည်မှ အထက်သို့ ကွေ့တက်နေ၏—၎င်းသည် အပေါ်သို့ ပျံတက်ရန် ကြိုးစားနေပုံရသည်။

“ပြေးဖို့ ကြိုးစားနေတာလား”

“မဖြစ်နိုင်ဘူး”

ထိုအရာသာ တိမ်တိုက်များထဲသို့ လွတ်မြောက်သွားပါက သူတို့ နောက်ထပ် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။

ယူနစ် ၀၁သည် အရှိန်မြှင့်လိုက်ပြီး ၎င်း၏ ခြေလှမ်းတိုင်းက မြေကြီးကို တုန်ခါစေသည်။ သို့သော် သူတို့၏အောက်၌ တွင်းနက်များ ပိုးကောင်ကြီးသည်လည်း ရွေ့လျားနေသည်။

“ညာလက်သီး”

“ညာလက်သီး”

သူတို့သည် ပင်လယ်ဖြူကောင်ကြီး၏ ဆူးများဆီသို့ နီးကပ်လာသောအခါ ပိုင်းလော့နှစ်ယောက်လုံးက တစ်ပြိုင်နက် အော်ဟစ်လိုက်သည်။ ဒေါသတကြီး ထိုးလိုက်သော လက်သီးသည်—သို့သော်လည်း လေထုကို ရေကဲ့သို့ လှိုင်းထသွားကာ မမြင်ရသည့် ဒိုင်းကာကို ထိုးမိသည်။ သို့သော် ပင်လယ်ဖြူကောင်ကြီးသည် ပြန်မတိုက်ဘဲ—အမြောက်ကျည်ဆန်မုန်တိုင်းအောက်၌ ဆက်လက်မြင့်တက်နေသည်၊၊

သို့သော် ယူနစ် ၀၁သည် ထိုသို့ လုပ်ခွင့်ပေးမည် မဟုတ်ပေ။

၎င်းသည် ဘေးဘက်သို့ ခုန်လိုက်ကာ မီတာရာပေါင်းများစွာကို ဖြတ်ကျော်ပြီး သူတို့ အစောပိုင်းက မျှော်စင်နှင့် ပစ်ထားသည် ဒဏ်ရာဟောင်းနေရာကို ရောက်ရှိသွားသည်။ ထိုနေရာ ပတ်လည်တွင် စွမ်းအားစက်ကွင်းသည် ပြင်းထန်သောအပူချိန်ဖြင့် တောက်ပနေပြီး မျှော်စင်၏ သတ္တုတည်ဆောက်ပုံကို အရည်ပျော်စေ၏။ ၎င်းသည် ပြုတ်ကျလုနီးပါး ဖြစ်နေသည်။

အခိုက်အတန့်ကို အမိအရဖမ်းဆုပ်၍ လင်းရှန်နှင့် ချန်ဝေတို့သည် ၎င်းတို့၏ ညာလက်မောင်းများကို အတူတကွ မြှင့်တင်လိုက်ကြသည်။

“ဗို့အားမြင့် လျှပ်စစ်တွေကို အသက်သွင်း”

“ဗို့အားမြင့် လျှပ်စစ်တွေကို အသက်သွင်း”

ရှီးးးးးးးးးး

ဟိုက်ဒရောလစ် အစိတ်အပိုင်းများသည် ဆွဲဆန့်လိုက်ပြီး အလွိုင်းထိုးစစ်ပုံစံပြောင်းလဲနိုင်သည့် အစိတ်အပိုင်းများတစ်လျှောက် ဗို့အားမြင့် လျှပ်စစ်မီးပွားများ တဖျတ်ဖျတ်လက်၏။ ထို့နောက်—ဗုန်းးး စိုက်ဝင်နေသော မျှော်စင်ကို အဖျက်စွမ်းအားကြီးမားသော လက်သီးတစ်လုံး ကျရောက်သွားသည်။ လျှပ်စစ်သံလိုက်တုန်ခါမှုလှိုင်းသည် မျှော်စင်ကို ထိမှန်မှန်ကာ ကျယ်လောင်သောအသံဖြင့် ဖြတ်ကျော်သွားပြီး ပင်လယ်ဖြူကောင်ကြီး၏ အပြင်ခွံကို ဆယ်မီတာအထိ ထိုးဖောက်ကာ အနက်ရောင် အဆိပ်အတောက်များပါသည့် အရည်များ စီးကျလာသည်။

ပိုင်းလော့နှစ်ယောက်လုံး အချိန်မီ လှုပ်ရှားကာ ရှောင်လိုက်ကြသည်။

ကျွီ... ရှီးးးးးးးးးး

တိုက်ခိုက်မှုက ဒဏ်ရာကို ပိုနက်သွားစေက—ပင်လယ်ဖြူကောင်ကြီးက ဒေါသထွက်လာပုံရသည်။ ၎င်းသည် မြေကြီးကို တုန်ခါစေသည့် အသံနိမ့်ဖြင့် ဟစ်အော်လိုက်သည်။ ၎င်း၏ အနက်ရောင်ဆူးလက်တံများသည် ရိုင်းစိုင်းစွာ လှုပ်ရှားလာပြီး ဒုံးကျည်များကို လျစ်လျူရှုကာ ယူနစ် ၀၁ ကို တိုက်ခိုက်လိုက်သည်၊၊

All Chapters