အခန်း (၄၇၄-၄၇၅)
Vol. 30 Ch. 474-475
Chapter 474
ဂြိုဟ်ဖျက်ဆီးအဆင့်အမြောက် ၄
ဗုန်း
ပိုင်းလော့များသည် အသင့်အနေထားရှိပြီးဖြစ်သည်၊၊ ဖန်ကူသည် ဆူးလက်တံများများကို ဖမ်းဆုပ်လိုက်ပြီး ၎င်းကို ကောင်းကင်မှ တိုက်ရိုက်ဆွဲချလိုက်သည်၊၊
တစ်ဖက်တွင် ဝမ်ကျိုးသည် ပင်လယ်ဖြူကောင်ကြီး၏ ဒိုင်းကာ ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက်သည်နှင့် တုံ့ဆိုင်းမနေပေ။
“အခုပဲ… ရှိသမျှအကုန်ထုတ်ပစ်ကြ… ဒုံးကျည်တွေ မချန်ထားနဲ့”
ရွှီး ရွှီး ရွှီး
လေကြောင်း ယူနစ်များ၊ မြေပြင်ရှိ အမြောက်များနှင့် အမြောက်များတပ်ဆင်ထားသည့် မျှော်စင်တိုင်း—အားလုံး လင်းထွက်လာသည်။ ကောင်းကင်သည် မီးတန်းများဖြင့် ပြည့်နှက်သွားပြီး မြင့်မားသော တံတိုင်းများပေါ်ရှိ အမြောက်များက ကျယ်လောင်စွာ မြည်ဟည်းနေကြသည်၊၊
ဝမ်ကျိုးနှင့် အမဲလိုက်အဖွဲ့တို့သည် ၎င်းတို့တွင် ရှိသည့် အဝေးပစ် စွမ်းရည်များအားလုံးကို ထုတ်သုံးလိုက်ကြသည်။
ပေါက်ကွဲမှုများသည် ပင်လယ်ဖြူကောင်ကြီးကို ဝါးမျိုသွားသည်၊၊
ဝုန်း ဝုန်း အုန်း
ကြီးမားသော ပေါက်ကွဲမှုများသည် ၎င်း၏ အခွံကို ဆုတ်ဖြဲလိုက်ပြီး အနက်ရောင်ဆူးများကို သစ်ကိုင်းများလို ရိုက်ချိုးလိုက်သည်။ မီးတောက်လောင်နေသော အစိတ်အပိုင်းများသည် မြေပြင်သို့ ပြုတ်ကျကုန်သည်။ ၎င်းသည် အားကောင်းစွာ လောင်ကျွမ်းနေ၏—မီးပွားများသည် စစ်မြေပြင်တစ်လျှောက် မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ လူတိုင်း၏ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြသည်။
ဒုန်းးးးး
ရုတ်တရက် ငလျင်လှုပ်ခတ်မှုများ ပြန်ပေါ်လာသည်။
ချန်ဝေနှင့် လင်းရှန်တို့သည် ချက်ချင်း အသင့်အနေအထား ပြင်ဆင်လိုက်သည်။
မြေပြင်တွင် အက်ကွဲကြောင်းများ ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားသည်။ မျက်နှာပြင်ပြသမှုမြင်ကွင်းက လှုပ်ရှားမှုကို ခြေရာခံနေသည်။ သူတို့၏ မျက်နှာများ ညိုမည်းသွား၏။
“လက်မလွှတ်လိုက်နဲ့။ သူ ပေါက်ထွက်တော့မယ်” ချန်ဝေက အံကြိတ်ကာ အော်ဟစ်လိုက်သည်။
“ကျုပ်… သိတယ်”
လင်းရှန်သည် ယူနစ် ၀၁၏ ရီယက်တာကို အပြင်းအထန် အလုပ်လုပ်စေသည်။ အင်ဂျင်များက အသံကျယ်လောင်စွာဖြင့် အော်ဟစ်ပြီး ပင်လယ်ဖြူကောင်ကြီးကို နေရာတွင် ဖိထားရန် လှည့်ပတ်အားကို အကုန်ထုတ်သုံးလိုက်သည်၊၊
ထိုအချိန်တွင်—အနီရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်၍ အက်ကွဲကြောင်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
လင်းရှန်၏ မျက်လုံးများ ပြူးကျယ်သွားသည်—ထိုအရာသည် သွေးကပ်ဘေးပန်းကို ကိုင်၍ အရှိန်ဖြင့် ပျံသန်းနေသည့် ကီကီ ဖြစ်၏။
“ကီကီ… ပြန်လာခဲ့”
သူ အော်ဟစ်လိုက်သော်လည်း ဆူးလက်တံများအနီးတွင် ဆက်သွယ်ရေးလိုင်းများက ပိတ်ဆို့နေသည်။
လေကြောင်း ယူနစ်များအားလုံးသည် ယူနစ် ၀၁၏ ရွေ့လျားမှုများအပေါ် အခြေခံ၍ တုံ့ပြန်နေကြသည်။ သူမ အန္တရာယ်ထဲသို့ ပြေးဝင်သွားသည်ကို မြင်သောအခါ လင်းရှန်သည် ထိတ်လန့်သွားသည်။
“ပိုးကောင်စုတ်… နင် ဒီပန်းနောက်ကို လိုက်နေတာ မဟုတ်ဘူးလား… လာယူလေ”
ကီကီ၏ မျက်နှာသည် ဖြူဖတ်ဖြူလျော်ဖြစ်နေ၏။ သူမသည် စိုက်ပျိုးရေးမှန်အိမ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး နောက်ဆုံးအခိုက်အတန့်၌ လမ်းကြောင်းကို ပြောင်းလိုက်ကာ မြေငလျင် လှုပ်ခတ်သည့် လမ်းကြောင်းအတိုင်း လျှောတိုက် ပျံသန်းသွားသည်။
“လာလေ… လာ… ငါ့နောက်လိုက်ခဲ့”
ထိုအရာက အလုပ်ဖြစ်သွားသည်။
တွင်းနက်ပိုးကောင်ကြီးသည် ယူနစ် ၀၁ကို တိုက်ခိုက်တော့မည့် အချိန်တွင်____ပန်း၏ ရနံ့ကြောင့် ဆွဲဆောင်ခံရသကဲ့သို့ ရုတ်တရက် လမ်းကြောင်း ပြောင်းသွားသည်
၎င်းသည် ကီကီ၏ နောက်သို့ လိုက်သွားသည်။
သူမ၏ မျက်လုံးများ ဝင်းလက်သွားကာ လွင်ပြင်ဆီသို့ အရှိန်မြှင့်လိုက်သည်။
လင်းရှန်နှင့် ချန်ဝေတို့သည် ကြောင်အစွာ စိုက်ကြည့်နေကြသည်။
“ဒီပိုးကောင်က ဥာဏ်သိပ်မကောင်းဘူး ထင်တယ်” လင်းရှန်က တီးတိုးရေရွတ်လိုကိသည်။
“မျိုးမစစ်ကောင်… မင်းရဲ့ နောက်လိုက်က ထွက်ပြေးသွားပြီ… မင်းသေရမယ့်အချိန် ရောက်ပြီ” ချန်ဝေက ဟိန်းဟောက်လိုက်သည်။
သို့သော် ထိုအခါ—ယူနစ် ၀၁၏ မျက်နှာပြင်ပြသမှုမြင်ကွင်းသည် အနီရောင်များ တဖျတ်ဖျတ်လက်ကာ လင်းထွက်လာသည်။
သတိပေးချက်: ပြင်းထန်သော စွမ်းအင် အတက်အကျကို တွေ့ရှိပါသည်။
သတိပေးချက်: ပြင်းထန်သော စွမ်းအင် အတက်အကျကို တွေ့ရှိပါသည်။
ရုတ်တရက် ပင်လယ်ဖြူကောင်ကြီး၏ မျက်လုံးများစွာသည် အနီရောင်တောက်ပလာသည်။ ၎င်း၏ အနက်ရောင်ဆူးလက်တံအားလုံးက ထောင်မတ်လာသည်၊၊ အနီရောင်အမှုန်လှိုင်းတစ်ခုသည် အရပ်မျက်နှာတိုင်းသို့ ပေါက်ကွဲထွက်လာသည်၊၊
ဗုန်းးးးး
ဒုံးကျည်တိုင်း၊ ကျည်ဆန်တိုင်း—အားလုံးကို ဝါးမျိုလိုက်သည်။
တုန်ခါမှုလှိုင်းများသည် မြို့ကို လောင်ကျွမ်းသွားကာ အဆောက်အအုံများ လေထဲတွင် ပျောက်ကွယ်သွားသည်။ ယူနစ် ၀၁၏ ဒိုင်းကာများ စုတ်ပြဲထွက်ကုန်သည်။ ယန္တရားအစိတ်အပိုင်းများ အရည်ပျော်သွားသည်။ နာနိုကြွေထည်မျက်နှာဖုံး ကွဲကြေသွားသည်။ မီးများ ငြိမ်းသွားကာ မီကာတစ်ခုလုံး လွင့်ထွက်သွားသည်၊၊
ကီကီသည် လေထဲ၌ပင် သူမ၏နောက်မှ လှိုင်းလုံးကို ခံစားလိုက်ရသည်—လှည့်ကြည့်ရန် နောက်ကျသွားလေပြီ။
သူမသည် အဝတ်စတစ်ခုအလား လွင့်ထွက်သွားပြီး သွေးကပ်ဘေးပန်းက သူမ၏ လက်ထဲမှ လွတ်ကျသွားသည်၊၊
အုန်းးးးးးးး
ပေါက်ကွဲမှုသည် စီလန်မြို့အပေါ်တွင် အဖျက်စွမ်းအား၏ တောက်ပသော ခေါင်းလောင်းသဏ္ဍာန်ကို ဖန်တီးလိုက်ပြီး မြို့၏ သုံးပုံတစ်ပုံနီးပါးကို ဖုံးအုပ်လိုက်သည်။ မွန်းစတားအုပ်များ၊ အတောင်ပံပါသည့် သတ္တဝါဆိုးများနှင့် လေကြောင်း ယူနစ်များ—ပျောက်ကွယ်သွားသည်။
အိုင်းယွန်းဓါတ်ရောင်ခြည်သည် လေယာဥ်များမှ အီလက်ထရောနစ်များအားလုံးကို လောင်ကျွမ်းစေသည်။ သူတို့သည် ကောင်းကင်မှ မြေပြင်သို့ ပျက်ကျကုန်သည်။
ဗဟိုဧရိယာတစ်ခုလုံး—ပြားချပ်သွားသည်။
ကီကီသည် နောက်ဆုံးအခိုက်အတန့်၌ စိတ်စွမ်းအင်ဖြင့် ကာကွယ်လိုက်နိုင်ပြီး အပျက်အစီးများထဲသို့ ပြုတ်ကျသွားသည်၊၊
အဟွတ်… အဟွတ်…
သွေးသံရဲရဲနှင့် မူးဝေနေသော သူမသည် ပြိုကျနေသော ကွန်ကရစ်ပြားများကို တွန်းထုတ်ပြီး အပျက်အစီးများအောက်မှ တွားသွားကာ ထွက်လာသည်။
“လင်း… အဟွတ်… ဟွတ်…”
သူမသည် ထိန်းမရအောင် တုန်ယင်နေပြီး မတ်တပ်ရပ်ရန်ပင် မတတ်နိုင်ပေ။
ထို့နောက်—သူမ မြင်လိုက်ရသည်။
မီကာကြီး…
ယူနစ် ၀၁သည် အပျက်အစီးများထဲ၌ လဲလျောင်းနေပြီး ရင်ဘတ်ဒိုင်းကာသည် ကွဲအက်နေကာ ခေါင်းပိုင်းသည် အနီရောင်တောက်နေသည်။
“လင်းရှန်”
သူမသည် အော်ဟစ်ကာ ဆက်သွယ်ရေးကိရိယာကို အဆက်မပြတ် နှိပ်လိုက်သည်—တုံ့ပြန်မှု မရှိပေ။
ဒုန်းးးး
ငလျင်လှုပ်ခတ်မှုများ တစ်ဖန် ပြန်လာသည်။ မီးခိုးများ တငွေ့ငွေ့ ထွက်လာသည်။ ကီကီသည် ထိုအရာက ဘာကို ဆိုလိုသည်ကို သိနေ၏။
ပိုးကောင်ကြီးသာ သွေးကပ်ဘေးပန်းကို ရသွားပါက ယူနစ် ၀၁ က အဆုံးသတ်သွားပေမည်၊၊
“ဘယ်မှာလဲ… ဘယ်မှာလဲ…”
သူမသည် အပျက်အစီးများကို စိတ်လှုပ်ရှားစွာ ရှာဖွေနေသည်။
ထို့နောက် သူမ စဥ်းစားမိသွားသည်။
“ပိုးကောင်ကြီးလည်း ရှာနေတာပဲ”
သူမ လှည့်ကြည့်လိုက်ရာ— မြင်လိုက်ရသည်။
ပန်းသည် လမ်းဘေးမှ အပျက်အစီးများအနီးတွင် မှိန်ဖျော့သောအနီရောင်နှင့် တောက်ပနေ၏။
ကီကီ၏ အသက်ရှူနှုန်း မြန်လာသည်။ သူမ ပျံသန်းရန် ကြိုးစားသည်—သို့သော် သူမ၏ ခန္ဓာကိုယ်က တုံ့ပြန်ခြင်း မရှိပေ။ နှာခေါင်းမှ သွေးများ ပန်းထွက်လာသည်။
ထိုအချိန်—
နှင်းတောစီးယာဥ်တစ်စီးသည် အပျက်အစီးများထဲမှတစ်ဆင့် ကျယ်လောင်စွာ မောင်းလာသည်၊၊
ရှေ့မီးများက မြူများထဲမှတစ်ဆင့် ထိုးထွက်လာသည်။ ၎င်းသည် အပျက်အစီးများဘေးတွင် ရပ်သွားသည်၊၊
တံခါးပွင့်သွားကာ သေးငယ်သော ပုံရိပ်တစ်ခု ခုန်ထွက်လာပြီး ပြေးလွှားသွားသည်—
၎င်းသည် ရှောင်ယွမ် ဖြစ်၏။
“ရှောင်ယွမ်” ကီကီက သူမ၏ ဆက်သွယ်ရေးကိရိယာမှ အော်ဟစ်လိုက်သည်။
“ကီကီ၊ ကျွန်မ သွေးကပ်ဘေးပန်းကို တွေ့ပြီ… ရှင် ဘယ်မှာလဲ” ရှောင်ယွမ်က အပျက်အစီးများထဲမှ ပန်းကို ညင်သာစွာ ဆွဲထုတ်ရင်း ပြန်ပြောသည်။
ဒုန်းးးးး ဒုန်းးးးး
ငလျင်လှုပ်ခတ်မှုများ နီးကပ်လာသည်။ အဝေးမှ မီးခိုးများ ထွက်လာသည်။
ကီကီ၏ မျက်နှာ ပျက်ယွင်းသွားသည်။
“ပြေး ပြေး ငါ့ကို မေ့လိုက်—သွားတော့”
သူမသည် အမဲလိုက်အဖွဲ့လိုင်းသို့ ဆက်သွယ်လိုက်သည်။
“ဝမ်ကျိုး၊ မီးတောက်… ရှင်တို့ ဘယ်မှာလဲ မြန်မြန်”
“ငါ__ ငါတို့ ရောက်တော့မယ်” ဝမ်ကျိုး၏ အသံသည် ပြတ်တောင်းပြတ်တောင်းဖြစ်ကာ ပဲ့တင်ထပ်လာသည်။
ရှောင်ယွမ်သည် ငလျင်လှုပ်ခတ်မှု နီးကပ်လာသည်ကို သတိထားမိကာ ယူနစ် ၀၁လဲကျနေရာဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ပန်းကို ဆုပ်ကိုင်၍ ယာဥ်ဆီသို့ ပြေးသွားသည်။
အင်ဂျင်က ကျယ်လောင်စွာ မြည်ဟည်းသွားသည်။
နှင်းတောသုံးယာဥ်သည် နှင်းများကို ယက်ထုတ်ကာ လွင်ပြင်ဆီသို့ အရှိန်အပြည့်ဖြင့် မောင်းထွက်သွားသည်။
သို့သော် ငလျင်လှိုင်းများက ပိတ်ဆို့လာသည်။
မြန်ဆန်စွာ။
နှင်းတောသုံးယာဥ်သည် တွင်းနက်ပိုးကောင်ကြီးထက် မမြန်နိုင်ပေ၊၊
မြေကြီးသည် လှိုင်းများထလာသည်။ ၎င်းက သူ့ကို လိုက်မီနေလေပြီ၊၊
သူမသည် သွေးကပ်ဘေးပန်းကို ဆုပ်ကိုင်လိုက်သည်—
ဝှစ်
လေတိုးသံတစ်ချက်ဖြင့် ဝမ်ကျိုး ရောက်ရှိလာသည်။
သူသည် သံလိုက်စွမ်းအားကို အသုံးပြု၍ နှင်းတောစီးယာဥ်တစ်ခုလုံးကို မြေပြင်မှ ကြွတက်စေသည်။
Chapter 475
ဂြိုဟ်ဖျက်ဆီးအဆင့်အမြောက် ၅
ဆွဲငင်အားများသည် ရှောင်ယွမ်ကို ထိုင်ခုံနှင့် ဖိကပ်ထားသည်—မျှော်လင့်ချက် ရှိလာပုံရသည်၊၊
ထို့နောက်—အောက်မှ ပေါက်ကွဲမှုတစ်ခု။
အမှောင်ထုကဲ့သို့ နက်ရှိုင်းကြီးမားသည့် ပါးစပ်တစ်ခုသည် မြေကြီးမှ ပေါက်ကွဲထွက်လာပြီး နှင်းတောစီးယာဥ်တစ်ခုလုံးကို တစ်ချက်တည်း ဝါးမျိုလိုက်သည်၊၊
အလင်းရောင်အားလုံး ပျောက်ကွယ်သွားကာ___
သူမ၏ နှလုံးသား ရပ်တန့်သွားသည်။
“ဖမ်းလိုက်”
သူမ အော်ဟစ်လိုက်ပြီး သွေးကပ်ဘေးပန်းကို ဝမ်ကျိုးဆီသို့ ပစ်လွှတ်ရန် သူမ၏ ခွန်အားအားလုံးကို အသုံးပြုလိုက်သည်—ပိုးကောင်ကြီးက သူမ၏ ယာဥ်ကို ဝါးမျိုသည့် အချိန်မတိုင်မီ ဖြစ်သည်။
ဝုန်း
နှင်းတောစီးယာဥ် ပျောက်ကွယ်သွားသည်။
သို့သော် ဝမ်ကျိုးက ပန်းကို ဖမ်းမိလိုက်သည်။
“ရှောင်ယွမ်” ကီကီသည် မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဂျစ် ဂျစ်… “ကိစ္စ… မရှိ… ပါ… ဘူး…”
ဆူညံသံများကြားမှ ရှောင်ယွမ်၏ အသံက ထွက်ပေါ်လာသည်။
“ရှင်… တို့ အား… လုံး… အသက်… ရှင်… ရ… မယ်…”
ပိုးကောင်ကြီး၏ ပါးစပ်အတွင်းထဲ၌ သူမသည် ဆက်သွယ်ရေးကိရိယာကို ဆုပ်ကိုင်ထားသည်။
“ယာဥ်တန်းတိုင်းသည် အနည်းဆုံး ၅ ရာခိုင်နှုန်း သေဆုံးမှုနှုန်းကို ခံစားရသည်...” “အမှောင်ညတိုင်းတွင် ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း… သေဆုံးမှုက အမြဲရှိသည်” “၎င်းသည် အမြဲတမ်း အကာအကွယ်မဲ့သော အားအနည်းဆုံးသူများသာ… သိပ်တော့ မထူးဆန်းလှပေ...”
ဒုန်းးးး
ပိုးကောင်ကြီးသည် မြေအောက်သို့ ဆုတ်ခွာရန် စတင်လိုက်သည်။
သူမ၏ အချက်ပြမှု မှေးမှိန်လာသည်။
သူမသည် သူမ၏ နောက်ဆုံးစကားများကို ပြောရန် အသင့်ဖြစ်လျက် မျက်လုံးများကို မှိတ်လိုက်သည်—
“ကပ္ပတိန်လင်း၊ ကျွန်မ…”
ဂျွမ်း ဝုန်း
နှင်းတောစီးယာဥ်သည် လုံးဝ ဝါးမျိုခံရပြီး အချက်ပြက ပြတ်တောက်သွားသည်။
ဒုန်း… ဒုန်း… ဒုန်း
ထိုအခါမှ ဗဟိုဧရိယာ၏ အပျက်အစီးများ ပြင်းထန်စွာ တုန်ခါလာသည်။ တွင်းနက်ပိုးကောင်ကြီး မြေအောက်သို့ ဆုတ်ခွာရန် နီးကပ်နေစဥ် ဧရာမ မီကာတစ်ခုသည် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။ တုန်ခါမှုသည် အထက်မှ နှင်းမုန်တိုင်းနှင့် မြေပြင်ပေါ်ရှိ မီးတောက်များကိုပင် လွင့်သွားစေသည်၊၊ စစ်မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
“လင်းရှန်” ကီကီ အော်ဟစ်လိုက်သည်။
လင်းရှန်သည် သွေးနီရောင်မျက်လုံးများဖြင့် ထိန်းချုပ်ခန်းထဲ၌ ဖန်ကူ ယူနစ် ၀၁ကို တစ်ယောက်တည်း မောင်းနှင်နေကာ ရှေ့သို့ တိုးဝင်လာသည်။ သူသည် တွင်းနက်ပိုးကောင်ကြီး၏ ပြဲအာနေသော ပါးစပ်အစွန်းကို ဆွဲကိုင်၍ ခုန်ဝင်လိုက်သည်။ သူ၏ ညာလက်မောင်းကို မြှင့်တင်လိုက်ရာ မီကာသည် ပုံသဏ္ဍာန် ပြောင်းလဲရန် လှုပ်ရှားသွားသည်—၎င်း၏ လက်ချောင်းများက သုံးဆင့်လည်ပတ်သော လည်ပတ်ကွင်းဖြစ်သွားကာ အလွန်လျင်မြန်သော အရှိန်ဖြင့် လည်ပတ်နေသည်။
သို့သော် ဤတစ်ကြိမ်တွင် သံလိုက်အရှိန်မြှင့်တင်သည့် လျှပ်စစ်အလင်းက ထွက်မလာပေ။
လင်းရှန်သည် ၎င်းကို လည်ပတ်နေသော ဥမင်တူးစက်ကဲ့သို့ အသုံးပြုနေသည်။
“မင်းက ငါ့ကို စားချင်တယ်ဟုတ်လား… အိမ်မက်မက်နေတာပဲ”
လင်းရှန်သည် ဒေါသတကြီး ကြုံးဝါးလိုက်သည်၊၊ လည်ပတ်နေသည့် ယန္တရားလက်ကြီးသည် တွင်းနက်ပိုးကောင်ကြီး၏ ပါးစပ်ထဲသို့ ထိုးချသွားကာ အသားများကို ကြိတ်ချေပြီး သွေးများကို မုန်တိုင်းကဲ့သို့ ပက်ဖြန်းလိုက်၏။ ၎င်းသည် အောက်သို့ တူးဆင်းသွားသဖြင့် လက်မောင်း၏ အင်ဂျင်ထောင်ပေါင်းများစွာသည် အော်ဟစ်ပြီး ဟိုက်ဒရောလစ်ဝင်ရိုးများက လှည့်ပတ်အားဖြင့် ပေါက်ကွဲထွက်လာသည်။
ကျယ်လောင်သော ဟိန်းဟောက်သံဖြင့် ယူနစ် ၀၁သည် ဝါးမျိုခံထားရသော နှင်းတောစီးယာဥ်ကိုသာမက ပိုးကောင်ကြီး၏ အစာပြွန် အစိတ်အပိုင်းတစ်ခုကိုပါ ဆုတ်ဖြဲကာ ထုတ်ယူလိုက်သည်၊၊
ရှီးးးးးးးးးးးး
တွင်းနက်ပိုးကောင်ကြီးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သွေးများနှင့် အသားများသည် ၎င်း၏ ပါးစပ်မှ မီးတောင်ချော်ရည် ပန်းထွက်သကဲ့သို့ ပေါက်ကွဲထွက်လာသည်။
အတွင်းထဲ၌ သတိလစ်ခါနီး ရှောင်ယွမ်သည် အပေါ်မှ မျက်စိကျိန်းစက်သည့် အဖြူရောင်အလင်းကို တွေ့လိုက်ရသည်—ထို့နောက် လင်းရှန်၏ အသံသည် သူမ၏ ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် အော်ဟစ်လာသည်။
“ကပ္ပတိန်လင်း…” သူမ တီးတိုးရေရွတ်လိုက်သည်၊၊
အပြင်ဘက်တွင် ကီကီနှင့် ဝမ်ကျိုးတို့ နှစ်ယောက်စလုံး မယုံကြည်နိုင်စွာ ရပ်တန့်သွားသည်။ ယူနစ် ၀၁သည် နှင်းတောစီးယာဥ်ကို သူတို့ဆီသို့ ပစ်ပေးလိုက်သည်—ဝမ်ကျိုးသည် ချက်ချင်း တုံ့ပြန်ပြီး သံလိုက်စွမ်းအားဖြင့် ဖမ်းဆုပ်လိုက်ကာ ၎င်းနှင့် ကီကီနှစ်ဦးလုံးကို အန္တရာယ်မှ လွတ်မြောက်ရန် လေထဲသို့ ဆွဲတင်လိုက်သည်။
ဟူးးးးး
ယူနစ် ၀၁၏ ညာလက်မောင်းပေါ်ရှိ သံလိုက်လှိုင်းတစ်လျှောက် သွေးများဖြင့် ရွှဲရွှဲစိုနေပြီး မှိန်ဖျော့ဖျော့အပြာရောင်ဖြင့် လင်းလာသည်။ ဆဋ္ဌဂံပုံ ကြီးမားသောစွမ်းအားများ စီးဆင်းနိုင်သည့် ကွိုင်သည် ရေခဲအဆင့်လေများအောက်၌ အသံမြည်နေသည်။
လင်းရှန်သည် ပလာစမာ အမြောက်ကို မြှင့်တင်ပြီး ပိုးကောင်ကြီး၏ ပြဲအာနေသော ပါးစပ်ကို တည့်တည့်ချိန်လိုက်သည်။
“ရော့—ဒါကို စားလိုက်”
ဘန်း ဘန်း ဘန်း
အပူချိန်သန်းပေါင်းများစွာရှိသော ပလာစမာသည် အမြောက်မှ ပေါက်ကွဲထွက်လာသည်။ ဆုတ်ခွာရန် ကြိုးစားနေသည့် ပိုးကောင်ကြီးသည် ရုတ်တရက် အဖြူရောင်ပူပြင်းသောအလင်းဖြင့် ဖောင်းကားလာသည်—ထို့နောက် ပေါက်ကွဲသွားသည်။
အရည်ပျော်နေသော မီးများနှင့် ချော်ရည်များသည် အပြင်ဘက်သို့ ပန်းထွက်လာသည်။ ပိုးကောင်ကြီး၏ ပါးစပ်သည် ပန်းပွင့်ကဲ့သို့ ကွဲထွက်သွားပြီး ချော်ရည်ကဲ့သို့ တောက်ပနေသည်။
နောက်ဆုံး၌ ၎င်းသည် သေသွားပြီ…
ဗုန်း
ရုတ်တရက် ကြီးမားသော အနက်ရောင်လက်တံတစ်ခုသည် မီးတောက်များကြားမှ လင်းရှန်ကို အလစ်တိုက်ခိုက်လာသည်၊၊
ယူနစ် ၀၁သည် လွင့်စင်သွားပြီး အပျက်အစီးများထဲသို့ နက်ရှိုင်းသော မြောင်းတစ်ခုကို ဖောက်သွားသည်။
ဝေါ့
လင်းရှန်သည် အအေးခံမော်ဂျူးတစ်ခုကို တိုက်မိကာ သွေးများ အန်ထွက်လာသည်။ အာရုံကြောဆက်သွယ်ရေးကြိုးများက ဆက်လက်ချိတ်ဆက်နေဆဲဖြစ်ပြီး သူသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများဖြင့် ပြည့်နှက်နေသည်၊၊ သူ၏ မျက်နှာဖုံးအတွင်းမှ ဂျယ်များသည် စိမ့်ထွက်လာသည်။ သူသည် အသက်ရှူကျပ်နေကာ လေကို မောဟိုက်စွာ ရှူသွင်းနေရသည်။
သတိပေးချက်: ပစ်မှတ် ထူးဆန်းသည့် သတ္တဝါများ ချဥ်းကပ်လာသည်။
အနီရောင်မီးများ တဖျတ်ဖျတ်လက်နေသည်။ သူသည် ဝင်ရောက်လာသော ဧရာမ ပင်လယ်ဖြူကောင်ကြီးကို ကြည့်ပြီး ပြုံးလိုက်သည်။
ထိုအရာသည် ထွက်မပြေးဘဲ—ပိုးကောင်ကြီး သေဆုံးပြီးနောက် ဒေါသတကြီး တိုက်ခိုက်လာသည်။
အသက်ရှင်ကျန်ရစ်သူ တပ်ဖွဲ့များသည် နောက်ဆုံး အမြောက်ပစ်ခတ်မှုကို စတင်လိုက်ကြသည်။ ပင်လယ်ဖြူကောင်ကြီးတွင် အနက်ရောင်ဆူးလက်တံ တစ်ဒါဇင်ခန့်သာ ကျန်တော့သည်။
ဝှီ
နောက်ထပ် ဆူးလက်တံတစ်ခု—ဤတစ်ကြိမ်တွင် ရိုက်ချခြင်း မဟုတ်ဘဲ တိကျသော ထိုးဖောက်မှုဖြစ်ပြီး ယူနစ် ၀၁၏ ရင်ဘတ်ရှိ အဓိက အူတိုင်ကို ပစ်မှတ်ထားနေသည်။
“အား”
လင်းရှန်သည် ထိန်းချုပ်ကိရိယာများပေါ်သို့ လျင်မြန်စွာ ရောက်သွားပြီး မီကာကို ညာဘက်သို့ ရှောင်ရှားရန် အတင်းအကြပ် ဖိအားပေးလိုက်သည်၊၊ ဆူးလက်တံသည် ဘယ်ဘက်ခြမ်းကို ပွတ်ဆွဲသွားပြီး ဒိုင်းကာကို ဆုတ်ဖြဲကာ၊ မောင်းနှင်သည့် ရိုးတံများကို ဖြတ်တောက်ပြီး ဝါယာကြိုးများကို ဖျက်ဆီးလိုက်သည်၊၊
ယူနစ် ၀၁၏ ဘယ်ဘက်လက်မောင်းနှင့် ရင်ဘတ်ဒိုင်းကာ ပေါက်ထွက်သွားပြီး ဒဏ်ရာကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
နေရာတိုင်းတွင် မီးပွားများ… အအေးခံအရည်များ စီးကျလာသည်။ ဆူးလက်တံသည် ယူနစ် ၀၁ကို မြေပြင်၌ ဖိထားသည်။ ပင်လယ်ဖြူကောင်ကြီးသည် အပေါ်မှ ဆင်းသက်လာသည်။ အနီရောင်မျက်လုံးပေါင်းများစွာသည် ထိန်းချုပ်ခန်းဘက် လှည့်လာသည်၊၊ ၎င်း၏ ကျန်ရှိနေသော ဆူးလက်တံများက ဝင်ရောက်လာသည့် တိုက်ခိုက်မှုများကို ပိတ်ဆို့ရန် ဒိုင်းကာများအဖြစ် ပြောင်းလဲလိုက်သည်။
ကွဲအက်နေသော နာနိုကြွေထည်ပြားနောက်မှ လင်းရှန်ကို အနီရောင်မျက်လုံးများက စူးစိုက်ကြည့်နေလေသည်။
သူ၏ နားထဲတွင် ဆူညံသံများ ကြားလိုက်ရသည်—ထူးဆန်းသည့် သတ္တဝါများ၏ အော်ဟစ်သံများ ပဲ့တင်ထပ်နေသကဲ့သို့…. ခဏတာမျှ သူသည် စကြာဝဠာထဲမှ မျက်လုံးတစ်ခုကို မြင်လိုက်သည်—လေထုအပြင်ဘက်မှ သူ့အား စိုက်ကြည့်နေသည့် တည်ရှိမှုတစ်ခုဖြစ်၏။
ပင်လယ်ဖြူကောင်ကြီး၏ မျက်လုံးများမှ သွေးရောင်အမျှင်များစွာ ထွက်ပေါ်လာပြီး အသားစွမ်းအင် အမျှင်များကဲ့သို့ တွန့်လိမ်ကာ နီးကပ်လာသည်။
လင်းရှန် ရွေ့ရန် ကြိုးစားနေသည်—သို့သော် သူ၏ ခန္ဓာကိုယ်က တုံ့ပြန်ခြင်း မရှိပေ။ သူသည် လှုပ်ရှား၍ မရပေ။ စွမ်းအင်ကုန်ခန်းနေကာ ခွန်အားမရှိတော့ပေ။
ဝှီ
ရုတ်တရက်—ယူနစ် ၀၁၏ ချိန်းဓားသည် ၎င်း၏ ညာလက်မောင်းရှိ ခေါက်ထားသည့် ပုံစံမှ ခိုင်ခံ့သော ဓားတစ်ခုအဖြစ် ပြောင်းလဲသွားကာ လွှသွားအနားသတ်များသည် ထက်ရှစွာ တောက်ပနေသည်။
နျူကလီးယား အင်ဂျင်သည် အော်ဟစ်လာသည်—ဓားသည် ပင်လယ်ဖြူကောင်ကြီး၏ ဗဟိုချက် မျက်လုံးအစုအဝေးကို တည့်တည့် ထိုးဖောက်သွားသည်၊
ရုတ်တရက် လင်းရှန်သည် ထိတ်လန့်မှုမှ လွတ်မြောက်သွားသည်။ သူ လှည့်ကြည့်လိုက်ရာ—ချန်ဝေက ထရပ်နေပေသည်၊၊