← Chapters

အခန်း (၄၅၈-၄၅၉)

Vol. 30 Ch. 458-459

အခန်း (၄၅၈-၄၅၉)

Vol. 30 Ch. 458-459

Chapter 458

စစ်ပွဲ စတင်ခြင်း ၁

ဒုန်းဒုန်း—

အမှောင်ကျသည်နှင့် ပထမဆုံး ပေါ်လာသော ထူးဆန်းသည့် သတ္တဝါမှာ... ယခင်က သေဆုံးပြီးဖြစ်သော တွင်းနက်ပိုးကောင်ကြီး၏ အလောင်း ဖြစ်လိမ့်မည်ဟု စီလန်မြို့မှ မည်သူမျှ မမျှော်လင့်ထားခဲ့ပေ၊၊

ကြီးမားသော ထိခိုက်မှုဒဏ်ကြောင့် ဗဟိုလမ်းမကြီး၏ တစ်ဝက်သည် ချက်ချင်း ပြားသွားခဲ့၏။ ထိုအနက်ရောင် ပိုးကောင်ကြီး၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားကာ၊ လေထုပွတ်တိုက်မှု၏ အပူချိန်မြင့်မားမှုအောက်တွင် အေးခဲနေသော အသားစများနှင့် ကျောက်တုံးသဖွယ် အကြွင်းအကျန်များသည် အရည်ပျော်ပြီး မီတာရာပေါင်းများစွာအထိ ကောင်းကင်ထိပင် ပျံ့နှံ့ပေါက်ကွဲသွားခဲ့သည်။

တစ်ခဏချင်းတွင်၊ မီးခိုးများနှင့် နှင်းများသည် နျူကလီးယား ပေါက်ကွဲမှုအလား ထိုးတက်လာကာ ကြီးမားသော မီးခိုးကန့်လန့်ကာကြီးတစ်ခုသဖွယ် ကောင်းကင်ကို ဖုံးလွှမ်းလိုက်၏၊၊

မြေပြင်ကို တုန်ဟည်းစေသော ငလျင်လှုပ်ခတ်မှုသည် တစ်မိနစ်ကျော်ကြာအောင် ဆက်လက်ရှိနေခဲ့သည်။ ဝမ်ကျိုး၏ အဖွဲ့သည် လေထဲမှ အလောတကြီး ဆုတ်ခွာခဲ့ကြရပြီး သူတို့၏ မျက်နှာများသည် တင်းမာနေကြသည်။ ဟိုလိုဂရမ်စစ်ပွဲမြင်ကွင်းကို ကြည့်လိုက်သောအခါ၊ အမဲလိုက်တပ်ဖွဲ့ ၃၅ ဖွဲ့အနက် သုံးဖွဲ့သည် ချက်ချင်း ပျောက်ကွယ်သွားသည်ကို သူ တွေ့လိုက်ရသည်။

“အဖွဲ့ ၁၂၊ ၁၅၊ ၂၉၊ မင်းတို့ရဲ့ အခြေအနေကို အစီရင်ခံ”

“ဂျစ် ဂျစ်___”

ဆက်သွယ်ရေးလိုင်းပေါ်တွင် ဆူညံသံများသာ ပဲ့တင်ထပ်နေခဲ့သည်။

ကျန်ရှိနေသော ၃၂ ဖွဲ့မှ လူများ၏ မျက်နှာများသည် မှောင်မိုက်သွားကြ၏။

“အဖွဲ့ ၁၂ ကပါ—ခေါင်းဆောင် ကျူကျန်းက ပြိုကျတဲ့ အဆောက်အအုံအောက်မှာ မြှုပ်နေတယ်။ ကျွန်တော်တို့ သူ့ကို ရှာမတွေ့ဘူး။ ကျွန်တော်တို့ လေးယောက်ပဲ ကျန်တော့တယ်”

“အဖွဲ့ ၂၉—ကျွန်တော် တစ်ယောက်တည်းပဲ လွတ်မြောက်လာခဲ့တာ”

ထိုအချိန်တွင် အချို့သော အသံများသည် လိုင်းမှတစ်ဆင့် နောက်ဆုံး၌ ထွက်ပေါ်လာခဲ့သော်လည်း—၎င်းတို့သည် သတင်းဆိုးများကိုသာ ယူဆောင်လာခဲ့သည်။

ဝမ်ကျိုးသည် ဟိုလိုဂရမ်-မြေပုံပေါ်ရှိ အလင်းအစက်များကို စူးစိုက်ကြည့်နေခဲ့ပြီး သူ၏ မျက်လုံးများက အေးစက်နေ၏။ သူသည် တွင်းနက်ပိုးကောင်ကြီးကို ကိုင်တွယ်ရန် ရွေ့လျားနိုင်စွမ်းကို စီစဉ်ထားပြီးဖြစ်သည်။ သို့သော် မည်သူမျှ မမျှော်လင့်ထားသည်မှာ ကောင်းကင်မှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် အလောင်းတစ်ခု ပြုတ်ကျလာခြင်းပင်ဖြစ်၏။ ၎င်းက သူတို့ကို လုံးဝ ကူကယ်ရာမဲ့ဖြစ်စေခဲ့သည်။

“ဒီ ပိုးကောင်အလောင်းက ကောင်းကင်ကနေ ဘယ်လို ပုံစံမျိုးနဲ့ ပြုတ်ကျလာတာလဲ”

ချင်ရွှမ်မင်၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုဖြင့် ပြည့်နေသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာမျိုးသည် သူ့ဘဝတွင် ပထမဆုံးပင် ဖြစ်သည်။

“ခန့်မှန်းဖို့ မလိုဘူး။ ဒါက တိမ်တွေထဲက S-Class သတ္တဝါကြောင့်ပဲ ဖြစ်ရမယ်” ဟန်ကျွမ့်က ပြန်ဖြေသည်။

“ကျုပ်တို့က ဒီပိုးကောင်ကို မြို့ရဲ့မြောက်ဘက် အပြင်ဘက်မှာ တွေ့ခဲ့တာပဲ... တစ်စုံတစ်ယောက်က ဒီလိုမျိုး ပြန်ပစ်ချလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”

“ဒါက အဲ့လောက်ရိုးရှင်းမှာ မဟုတ်ဘူး”

ဝမ်ကျိုးသည် မိုးကုတ်စက်ဝိုင်းကို ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

“မင်းတို့ ဒီ အပုပ်နံ့က အရမ်းပြင်းလွန်းတယ်လို့ မထင်ဘူးလား”

“ဟုတ်တယ်၊ တကယ်ကို နံစော်နေတာပဲ”

ကီကီသည် နှာခေါင်းရှုံ့လိုက်ကာ ရွံရှာစွာ ပြောလိုက်၏။

“ဘာမှားနေလဲ မသိပေမယ့်… မကောင်းတာတစ်ခုခု ဖြစ်တော့မယ်လို့ ငါ ခံစားနေရတယ်”

လုရှင်းချန်က တီးတိုးရေရွတ်နေစဉ် မြို့၏ ဗဟိုဧရိယာတစ်ခုလုံးသည် ထူထဲသော မီးခိုးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ပိုးကောင်ကြီး ပြုတ်ကျလာစဥ်က လေထုပွတ်တိုက်မိမှုကြောင့် ဖြစ်ပေါ်လာသော အပူချိန်သည် ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ရေခဲများကို အရည်ပျော်စေခဲ့သည်။ ထိခိုက်မှုဖြစ်သောအခါ ၎င်းသည် သွေးအိုင်နှင့် အသားတုံးများကို မိုင်ပေါင်းများစွာအထိ လွင့်စင်စေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အနံ့ဆိုးများကိုပါ ထွက်ပေါ်စေခဲ့သည်။

၎င်းသည် လက်တွေ့အားဖြင့် ဇီဝဓာတု လက်နက်တစ်ခုပင် ဖြစ်သည်။

ထိုစဉ်တွင်၊ အောက်ရှိ မြေပြင်သည် ဆက်လက် တုန်ခါနေခဲ့ပြီး—ကောင်းကင်မှ ထူးဆန်းသော ကြားနေကျမဟုတ်သော အသံသစ်တစ်ခု ထွက်ပေါ်လာခဲ့၏။

ပွက်ပွက်ဆူနေသော တိမ်များသဖွယ်။ ရူးသွပ်နေသော သဲမုန်တိုင်းအလား…

ခဏအကြာတွင်၊ အနက်ရောင်ဒီရေများသည် တိမ်များမှ လှိုင်းလုံးကြီးသဖွယ် တိုးထွက်လာခဲ့၏။ လူတိုင်း အပေါ်ကို မော့ကြည့်လိုက်ကြရာ—၎င်းတို့သည် အတောင်ပံပါသော မွန်းစတားများ မဟုတ်သည်ကို သိလိုက်ရသည်။

၎င်းတို့သည် ပို၍ သေးငယ်သော အရာများဖြစ်ကြ၏။ ကြည့်ရသည်မှာ... ကျီးကန်းများနှင့် ဆင်တူသည့် အရာများ။

ကီကီနှင့် လုရှင်းချန်၏ မျက်နှာများ ပြောင်းလဲသွားသည်။

“သေစမ်း… ဖုတ်ကောင်ကျီးကန်းတွေဟ”

ထိုထူးဆန်းသော သတ္တဝါများကို မြင်လိုက်ရသည့်အခါ ကီကီ နှလုံးခုန်ရပ်မတတ် ဖြစ်သွားခဲ့၏။ ကျန်းကျိုးမြို့မှ ဖုတ်ကောင်ကျီးကန်းများ... အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရသနည်း။

“ဒီအရာတွေက သံမဏိကိုတောင် ဝါးမျိုနိုင်တဲ့ ကပ်ပါးပိုး အမျှင်သေးလေးတွေကို ပါလာတယ်။ သူတို့နဲ့ ရင်ဆိုင်ရတာ အရမ်း ခက်ခဲတယ်။ မီးနဲ့ပဲ အလုပ်ဖြစ်မယ်” လုရှင်းချန်က အလေးအနက် ပြောသည်။

“ဘာ… ဒါတွေ ဘယ်က ရောက်လာတာလဲ” ဟန်ကျွမ့်နှင့် ချင်ရွှမ်မင်တို့ နှစ်ဦးစလုံး အော်လိုက်ကြသည်။

ဝမ်ကျိုးသည် ကာကွယ်ရေးလိုင်း သုံးခုလုံးကို ချက်ချင်း သတိပေးလိုက်သည်။

“သတိထားကြ… ဖုတ်ကောင်ကျီးကန်းအုပ်စုတွေ ဝင်လာနေတယ်။ မီးတောက်နဲ့ တိုက်ခိုက်မှုတွေကို သုံးပါ။—ကပ်ပါးပိုးတွေက သံမဏိကိုတောင် စားနိုင်တယ်”

ကာကွယ်ရေး ကွန်ရက်တစ်ခုလုံးတွင်—ကျိုးယု၊၊ ဟီကျန်း၊ ရှောင်ဟယ်မှ စ၍ အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများအထိ—လူတိုင်းသည် ကျောရိုးတစ်လျှောက် အေးစိမ့်မှုကို ခံစားလိုက်ကြရသည်။ သူတို့သည် နှင်းတစ္ဆေများ၊ နှင်းမွန်းစတားများနှင့် အတောင်ပံပါသော မွန်းစတားများအတွက် အသင့်ရှိနေခဲ့ကြသည်။

မည်သူမျှ ပထမဆုံးအနေနှင့် ပို၍ ဆိုးရွားသောအရာတစ်ခု ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ထိုအရာများသည် သံမဏိနံရံများကိုတောင် ဝါးမျိုနိုင်လေသည်၊၊

“ပိုးကောင်ကြီးရဲ့ အနံ့ဆိုးက သူတို့ကို ဆွဲဆောင်လာတာလား”

“အဲ့တာတွေက အရေးမကြီးတော့ဘူး… လု…မီးတောက်ထုတ်”

“နတ်ဘုရားဆင်းသက်ခြင်း”

လုရှင်းချန်သည် တုံ့ဆိုင်းခြင်း မရှိခဲ့ပေ။ သူသည် အပေါ်သို့ ပျံတက်သွားပြီး မြို့တွင်း ရပ်ကွက်အများအပြားကို ထိန်လင်းသွားစေသော ပြင်းထန်သော မီးတောက်ကို လက်နှစ်ဖက်ဖြင့် ထုတ်လွှတ်လိုက်သည်။ ကီကီသည် အံကြိတ်ပြီး နောက်မှ လိုက်လာကာ၊ ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များကို စုစည်းရန်—သူမ၏ စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်၏။

ဝူး ဝှစ်

ဖုတ်ကောင်ကျီးကန်းများအလယ်တွင် ကြီးမားသော မီးတံတိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး ဆက်တိုက် တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ကောင်းကင်သည် မီးလောင်နေသော ဂလက်ဆီသဖွယ် လင်းထိန်သွားပြီး၊ မီးမုန်တိုင်းများသည် ကောင်းကင်ကို ဝါးမျိုလိုက်၏။

“အခုပဲ Fire Jet တွေ အပေါ်ကို ပစ်လိုက်”

“အဲဒီ ကျီးကန်းတွေကို သတိထား”

“မီးလောင်ကျည်တွေကို အသင့်ပြင်ထား”

“အားးးး”

ဖုတ်ကောင်ကျီးကန်းများသည် အနက်ရောင် မိုးရေများသဖွယ် ကျဆင်းလာခဲ့သည်…အော်ဟစ်မြည်တမ်းနေကြသည်… ဖောက်ထွင်းဝင်ရောက်နေကြသည်။ သေမင်းတမန် ရေလွှမ်းမိုးမှုအလားပင်….

မိနစ်အနည်းငယ်အတွင်းတွင်၊ ယာဉ်တန်းတစ်ခုလုံးနှင့် အသက်ရှင်ကျန်ရစ်သူများသည် လွှမ်းမိုးခံခဲ့ရသည်။ ဆူးကြိုးများ၊ သံမဏိနံရံများ၊ အတားအဆီးများ—လူတိုင်း၏ မျက်စိရှေ့တွင်ပင် အရည်ပျော်သွားခဲ့သည်။

မြောက်ပိုင်းလေဆိပ်တွင် အရပ်သားလေယာဉ်တစ်စင်း၏ ကိုယ်ထည်တစ်ဝက်သည် စက္ကန့်သုံးဆယ်အတွင်း ဝါးမျိုခံခဲ့ရသည်။ ကာကွယ်သူများထံမှ အော်ဟစ်သံ တစ်စုံတစ်ရာမှ ထွက်ပေါ်မလာခဲ့ပဲ—၎င်းသည် လျင်မြန်စွာ အဆုံးသတ်သွားသည်၊၊

ကာကွယ်ရေးလိုင်း သုံးခုလုံး—အရှေ့၊ မြောက်နှင့် တောင်ဘက်—မီးတောက်လွှတ်စက်များနှင့် ဒုံးကျည်များက မှောင်မိုက်နေသော ကောင်းကင်ကို ထိန်လင်းသွားစေသည်နှင့်အမျှ မီးများ ကောင်းကင်သို့ ပေါက်ကွဲထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဝုန်း ဝုန်း ဝုန်း

စီလန်မြို့၏ နေရာတိုင်းမှ မီးတိမ်တိုက်များ မြင့်တက်လာခဲ့သည်။

“သူတို့ကို ဆက်တိုက်မီးရှို့ထား... သူတို့က ဆက်တိုက် တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေတယ်”

“အကုန်လုံး ပစ်ကြစမ်း”

“ဖေဖေရေ... မေမေ”

“သူတို့ကို ကူညီပေးလိုက်”

“အဲဒီဘက်ကို မသွားနဲ့—သူတို့မှာ ကပ်ပါးပိုးတွေ ပါလာတယ်”

“ဒီမှာ တစ်ယောက် မီးလောင်နေပြီ မီးသတ်ဆေးဗူး ယူခဲ့”

“မီးတောက်လွှတ်စက်တွေ အခုပဲ”

ဒုန်းဒုန်း—

မြေပြင်သည် တစ်ဖန် ပြန်လည်တုန်ခါလာခဲ့သည်။ ဝမ်ကျိုး၏ မျက်နှာသည် ပို၍ မှောင်မိုက်လာခဲ့ပြီး သူသည် အဆက်မပြတ် ဝင်လာသော အစီရင်ခံစာများကို နားထောင်နေခဲ့သည်။

“သတိထား ပိုးကောင်ကြီးက မြို့အောက်မှာ ရှိနေတယ်”

သူသည် သူ၏ လက်ထဲရှိ သွေးကပ်ဘေးပန်းကို ကြည့်လိုက်ပြီးနောက်—မြေငလျင်လှိုင်းများ ပို၍ နီးကပ်လာရာ အရှေ့ဘက်သို့ ကြည့်လိုက်သည်။

“သူ လာနေပြီ”

ဒုန်း—

ငလျင်လှုပ်ခတ်မှုများသည် ပို၍ ကျယ်လောင်လာပြီး လှေကားထစ်များနှင့် အဆောက်အအုံများမှ ပဲ့တင်ထပ်နေခဲ့သည်။ မှန်များ ကွဲကြေကာ အဆောက်အအုံများ အက်ကွဲကုန်သည်။

မြို့၏ အရှေ့ဘက် သံမဏိစက်ရုံဇုန်တွင် ပေါက်ကွဲမှုများသည် ထိုဧရိယာကို လှုပ်ခတ်သွားစေသည်။ ကောင်းကင်သည် ဖုတ်ကောင်ကျီးကန်းများဖြင့် မီးတောက်လောင်နေသော်လည်း ပိုးကောင်၏ ခြိမ်းခြောက်မှုသည် မပြီးဆုံးသေးပေ—မြေပြင်သည် ပို၍ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲ”

ဒုန်း

လူတစ်သောင်းကျော် ပါဝင်သော လူအုပ်ကြီး မတုံ့ပြန်နိုင်မီ၊ သံမဏိစက်ရုံ၏ နောက်ဘက်တွင် ကပ်ဆိုးကြီးသဖွယ် ငလျင်လှုပ်ခတ်မှုတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ သံရည်ကျိုစက် တစ်ဝက်ခန့်သည် ချက်ချင်း ပြိုကျသွားခဲ့သည်။

ဧရာမ တွင်းနက်ပိုးကောင်ကြီးသည် မြေပြင်မှ ပေါက်ကွဲထွက်လာကာ၊ အမျိုးသမီးများ၊ ကလေးသူငယ်မျနှင့် သက်ကြီးရွယ်အိုများ ပြည့်နေသော အသက်ရှင်ကျန်ရစ်သူ ယာဉ်ဆယ်စီးကျော်ကို ဝါးမျိုလိုက်ပြီး ၎င်း၏ လမ်းကြောင်းရှိ ယာဉ်ဒါဇင်ပေါင်းများစွာကို ပြားချပ်သွားစေခဲ့သည်။

အရှေ့ဘက်တွင် ပေါက်ကွဲမှုကို ကြည့်နေသူတိုင်း အသက်ရှူရပ်သွားခဲ့ကြသည်။ ပိုးကောင်ကြီးသည် သွေးကပ်ဘေးပန်းကိုတောင် စိတ်မဝင်စားဘူးလား။

“သောက်ကျိုးနဲ”

ဟန်ကျွမ့်၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့သည်။ သံမဏိစက်ရုံသည် သူ့၏ Arctic Wind မဟာမိတ်အဖွဲ့ အခြေစိုက်စခန်းဖြစ်၏—အဆိုးဆုံး အခြေအနေသည် ဖြစ်လာခဲ့လေပြီ။

“အကာကွယ်တွေ ဖွင့်ရမလား” ချင်ရွှမ်မင် အော်မေးသည်။

“မဖွင့်နဲ့ အဲဒီသတ္တဝါက ငါတို့ဆီကို တန်းတန်းမတ်မတ် လာနေတယ်” ဝမ်ကျိုးက အသံမြှင့်ကာ ပြောလိုက်သည်၊၊ ဤရှုပ်ထွေးမှုသည် သူတို့ကို အလျင်အမြန် ရိုက်ခတ်လာခဲ့၏။

“ငါတို့ သူ့ကို အာရုံပြောင်းဖို့ သွားမယ်။ အဖွဲ့ ၂ က ငါတို့ကို အကာအကွယ်ပေး။ ကျန်တဲ့သူတွေ—အသင့်အနေထားနဲ့နေကြ”

ထို့နောက် ဝမ်ကျိုးနှင့် ကီကီတို့သည် သူတို့၏ အဖွဲ့ကို ဦးဆောင်ကာ အရှေ့ဘက်ဇုန်သို့ ပျံသန်းသွားကြသည်။

သံမဏိစက်ရုံအောက်ရှိ မြေပြင်သည် လှိုင်းထနေခဲ့သည်။ ကာကွယ်ရေး အဆောက်အအုံများ ပြိုလဲကုန်၏။ ထူထပ်သော ဖုန်မှုန့်တိမ်များ လွင့်ပျံလာခဲ့သည်၊၊

ထပ် ထပ် ထပ် ဝုန်း ဝုန်း ဝေါ

Chapter 459

စစ်ပွဲ စတင်ခြင်း ၂

ကွန်ကရစ်အုတ်မြစ်များ ကွဲထွက်သွားသည်။ အဆောက်အအုံများ ပြိုကျကြသည်။ လေထုထဲမှ ၁၀ တန် အလေးချိန်ရှိသော ဗုံးကြီးတစ်လုံး ပေါက်ကွဲခဲ့သကဲ့သို့ တုန်ခါမှု လှိုင်းများသည် စီလန်မြို့ကို ဖြတ်၍ ရိုက်ခတ်လာခဲ့သည်— ထောင်သောင်းနဲ့ချီသော လူများ၏ နှလုံးသားများ တင်းမာသွားသည်ကို ခံစားလိုက်ကြရသည်၊၊

“ဟိုအကောင်ကြီး လာပြီ”

“သံမဏိစက်ရုံ တိုက်ခိုက်ခံနေရတယ်”

“သူ လာနေပြီ”

“အရှေ့ဘက်မှာ”

ရုတ်တရက် တိုက်ခိုက်မှုကြောင့် လူအများအပြား ထိခိုက်သေဆုံးခဲ့ရသည်။ ပို၍ ဆိုးသည်မှာ—၎င်းချန်ထားခဲ့သော မြေကျင်းကြီးသည် အလွန်ကြီးမားသောကြောင့် မွန်းစတားအုပ်အလုံးအရင်းတစ်ခုလုံးကို မြို့တွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာစေနိုင်သည်။

ဂယား—

ပြိုကျနေသော အပျက်အစီးများအလယ်တွင် ပိုးကောင်ကြီးသည် မြေပြင်ကိုပင် တုန်ခါစေသော နားကွဲမတတ် အော်သံကြီးကို ထုတ်လွှတ်လိုက်သည်။

ဒုန်း ဒုန်း ဒုန်း

နောက်ဘက်မှ ပေါက်ကွဲထွက်လာသော ပိုးကောင်ကြီးကို လူတိုင်း စတင်ပစ်ခတ်လိုက်ကြသည်။

“သတ်ပစ်လိုက်”

“ငါ့ မိန်းမက ကားထဲမှာ ရှိသေးတယ်—ဖာ့ခ်… ငါ ဝင်သွားမယ်”

ဒုန်း ဒုန်း ဒုန်း

နောက်ကျောမှ ရုတ်တရက် တိုက်ခိုက်မှုသည် လူတိုင်း၏ စိတ်ဓာတ်ကို ပျက်ပြားစေခဲ့သည်—ထိုစဉ်တွင် ကောင်းကင်မှ ဖုတ်ကောင်ကျီးကန်းများသည်လည်း ဆက်လက် ဖျက်ဆီးနေခဲ့သည်။ ရှုပ်ထွေးမှုသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ဝှစ် ဝှစ် ဝှစ်—

ဝမ်ကျိုး၏ အဖွဲ့သည် ပထမဆုံး ရောက်ရှိလာခဲ့သည်။ သူ၏ နောက်တွင် တန်ချိန်များစွာ အလေးချိန်ရှိသော သံမဏိချောင်း ဒါဇင်ပေါင်းများစွာ ရှိနေသည်။ ပိုးကောင်ကြီး မြေပေါ်တွင် ထင်ရှားနေစဉ်၊ သူသည် ၎င်းတို့ကို စွမ်းအားအကုန်ထုတ်ကာ ပစ်ပေါက်လိုက်သည်။

“ကျီးကန်းတွေကို အရင် ပိတ်ဆို့ထား” ဝမ်ကျိုးက အဖွဲ့ကို အော်ပြောသည်။

“မီးလက်သီး”

လုရှင်းချန်သည် ထိုသံမဏိချောင်းများကို မီးတောက်များဖြင့် ဖုံးအုပ်လိုက်ပြီး တွင်းနက် ပိုးကောင်ကြီးဆီသို့ ပစ်မှတ်ထားလိုက်၏၊၊

ပိုးကောင်ကြီးသည် ကျိုးယုထံမှ လျှပ်စီးကြောင်း အများအပြားကြောင့် နာကျင်စွာ အော်ဟစ်နေခဲ့သည်။ ထိုအခိုက် တစ်စုံတစ်ရာကို ခံစားမိသဖြင့် ၎င်းသည် လှည့်လာခဲ့ရာ—မီးတောက်နေသော သံမဏိချောင်းများ၏ ပစ်ကွင်းထဲသို့ ရောက်ရှိသွား၏။

ဘန်း ဘန်း ဘန်း

ပြင်းထန်သော အပူရှိန်ဖြင့် သံမဏိချောင်းများသည် ၎င်း၏ ကြီးမားသော မေးရိုးများပေါ်သို့ ထိမှန်သွားကာ အနက်ရောင်သွေးလှိုင်းကို ပေါက်ကွဲထွက်စေခဲ့သည်။ ကီကီသည် ရှေ့သို့ ထွက်လာပြီး သူမ၏ စိတ်စွမ်းအင်ဖြင့် သံချောင်းများကို ထိန်းချုပ်ကာ ပိုးကောင်၏ ပါးစပ်ထဲ၌ ပြင်းထန်စွာ မွှေနှောက်လိုက်သည်။

“ဒါကို စားလိုက်စမ်း”

ဝှမ်း ဝှမ်း ဝှမ်း ကလန်

ပြင်းထန်သော သတ္တုနှင့် မီးတောက်ပေါက်ကွဲမှုများသည် ၎င်း၏ ပါးစပ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ထူထဲသော အနက်ရောင် မီးခိုးများသည် ကောင်းကင်သို့ တက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ဟန်ကျွမ့်သည် လေထဲရှိ ရေငွေ့ကို ကျယ်ပြန့်သော ရေခဲလွှာများအဖြစ် စုစည်းကာ ခုန်ဆင်းလာသော ကျီးကန်းများကို ပိတ်ဆို့ရန်အတွက် လှုပ်ရှားခဲ့သည်။ ထို့နောက် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ဓားမုန်တိုင်းသဖွယ် ရေခဲစပေါင်း သန်းချီ၍ ပစ်လွှတ်လိုက်ပြီး—ကျီးကန်းအုပ်စုကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်သည်။

လုရှင်းချန်သည် လက်တစ်ဖက်ဖြင့် မီးတောက်များကို ပိုးကောင်ကြီးထံ ပစ်လွှတ်နေပြီး ကျန်လက်တစ်ဖက်က ကီကီနှင့် ပူးပေါင်းကာ သူမ၏ စိတ်စွမ်းအင်ဖြင့် ဖုံးအုပ်ထားသော ကြီးမားသော မီးလုံးကြီးကို ကျီးကန်းအုပ်စု၏ အကြွင်းအကျန်များဆီသို့ ပစ်လွှတ်လိုက်သည်။

ဖွမ်း ဖွမ်း ဝုန်း—

မီးတောက်များသည် ကောင်းကင်ကို ဖြတ်၍ တိုက်ခတ်သွားခဲ့သည်။

ဝေါ ဝေါ ဝေါ

ကောင်းကင်သည် မီးပင်လယ်အဖြစ် ပြောင်းလဲသွားပြီး နှင်းမုန်တိုင်းကို လုံးဝ အငွေ့ပျံသွားစေခဲ့သည်။

အောက်ဘက်တွင်၊ ထောင်နှင့်ချီသော အသက်ရှင်ကျန်ရစ်သူများနှင့် စစ်သားများသည် အပေါ်မှ ပြင်းထန်သော အပူလှိုင်းဒဏ်ကို ခံစားလိုက်ကြရသည်။

ထိုအချိန်တွင်၊ ချင်ရွှမ်မင်၏ ခန္ဓာကိုယ်သည် မီးတောက်အက်ကွဲကြောင်းများနှင့် တောက်ပနေကာ ကောင်းကင်ပေါ်မှ ဆင်းသက်လာ၏။ သူသည် ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ကို ဆောင့်ကန်ပြီး ဟိန်းဟောက်လိုက်သည်။

ဘန်း

တိုက်ခိုက်မှုသည် ပိုးကောင်၏ အသားပေါ်တွင် မီတာများစွာ ကျယ်ဝန်းသော ချိုင့်ခွက်တစ်ခုကို ကျန်ရစ်စေခဲ့ပြီး၊ ၎င်း၏ ထူထဲသောအရေပြားသည် အက်ကွဲသွားကာ သွေးများနှင့် အပုပ်ရည်များသည် ပေါက်ကွဲထွက်လာခဲ့သည်။

ဝေါင်းးး

တွင်းနက် ပိုးကောင်ကြီးသည် အော်ဟစ်လိုက်ပြီး ၎င်း၏ မေးရိုးများကို ပိတ်ချလိုက်ပြီး—မီးတောက်များနှင့် သံမဏိချောင်းများကို ဝါးမျိုလိုက်၏။

ထို့နောက်၊ ၎င်းသည် ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ရေခဲများကို ရိုက်ခွဲလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် မြေအောက်သို့ ပြန်လည်တူးဆင်းသွားခဲ့သည်။

“သူ ပြန်ဆုတ်ခွာနေပြီ”

“အဲဒီ အပေါက်ကို ပိတ်လိုက်” ဝမ်ကျိုးက အော်ဟစ်လိုက်ပြီး ရောက်ရှိလာသော အဖွဲ့ ၂ ထံ သွေးကပ်ဘေးပန်းကို ပစ်ပေးလိုက်သည်၊၊

“အဖွဲ့ ၂၊ သူ့ကို မြို့ထဲ မျှားခေါ်သွား”

“သွားကြ”

အဖွဲ့ ၂ သည် သွေးကပ်ဘေးပန်းကို ဖမ်းယူပြီး လွတ်နေသော မြို့လယ်ဘက်သို့ ပျံသန်းသွားခဲ့သည်။

သေချာပေါက်ပင် မြေငလျင်လှုပ်ခတ်မှုများက အဖွဲ့ ၂၏ လမ်းကြောင်းနောက်သို့ လိုက်လာခဲ့ပြီး ပြောင်းလဲသွားခဲ့သည်။

ဝူး ဝူး

ပိုးကောင်ကြီး ဆုတ်ခွာသွားသည်နှင့် သံမဏိစက်ရုံရှိ မြေကျင်းကြီးသည် ဆူပွက်လာခဲ့သည်။ ဝမ်ကျိုးသည် တုံ့ဆိုင်းမနေခဲ့ပေ။

“မွန်းစတားအုပ်ကို ထွက်မလာစေနဲ့”

ဟူးမ်မ်မ်—

သူသည် လက်များကို ဝှေ့ယမ်းလိုက်ပြီး သံမဏိပြားများနှင့် တန်းများကို မြှောက်ကာ အပေါက်ထဲသို့ ပစ်ချလိုက်သည်။ ကီကီသည်လည်း ပါဝင်ခဲ့ပြီး အပျက်စီးများထဲမှ ကွန်ကရစ်တုံးများကို စိတ်စွမ်းအင်ဖြင့် ကျင်းထဲသို့ ပစ်ချလိုက်သည်။

“လုရှင်းချန်—အရည်ဖျော်ပြီး ပိတ်ပစ်လိုက်” ဝမ်ကျိုးက အမိန့်ပေးလိုက်သည်။

“ရပြီ”

လုရှင်းချန်သည် ကောင်းကင်မှ တန်းဆင်းလာပြီး မြေကျင်းထဲသို့ မီးတောက်များကို အားအပြည့် ထုတ်လွှတ်လိုက်သည်။ တစ်ခဏချင်းတွင်၊ ထိုအပေါက်သည် မီးတောင်တစ်ခုသဖွယ် ပေါက်ကွဲထွက်လာခဲ့ရာ—ပြင်းထန်သော မီးတောက်များ တိုးထွက်လာပြီး မြင့်မားသောအပူရှိန်သည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်၊၊

အနီးနားရှိ ယာဉ်များနှင့် အသက်ရှင်ကျန်ရစ်သူများသည် လျင်မြန်စွာ ဆုတ်ခွာခဲ့ကြပြီး၊ မြေအောက်မှ ပေါ်ထွက်လာနိုင်သော မွန်းစတားများကို အထူးသတိအနေထားဖြင့် အပေါက်ဆီသို့ သေနတ်များကို ချိန်ရွယ်ထားလိုက်ကြသည်၊၊

ဝှီးရှ်—ဝှီးရှ်

ပြင်းထန်သောအပူရှိန်သည် သံမဏိများကို အရည်ပျော်စေပြီး ကွန်ကရစ်နှင့် ပေါင်းစပ်သွားစေခဲ့သည်။ ရေနွေးငွေ့များသည် လေထဲသို့ ထိုးတက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ဟန်ကျွမ့်သည် သူ၏ ရေ-အခြေပြု စွမ်းရည်ကို အသုံးပြု၍ အရည်ပျော်နေသော သံနှင့် မီးနီရဲနေသော သံမဏိများကို အေးခဲသွားစေကာ၊ ၎င်းတို့အားလုံးကို ခိုင်မာသွားစေခဲ့သည်။ မကြာမီပင်၊ ဆယ်မီတာကျော် ကျယ်ဝန်းသော ကြီးမားသော ပိုးကောင်တွင်းကို ချိတ်ပိတ်လိုက်နိုင်ခဲ့သည်။ အောက်မှ မြည်ဟည်းသံများ လျင်မြန်စွာ မှေးမှိန်သွားခဲ့သည်။

ဤလှုပ်ရှားမှုသည် မြေပေါ်မှ ရုတ်တရက် ပိုးကောင်တိုက်ခိုက်မှုများကို တန်ပြန်ရန်အတွက် ကြိုတင်စီစဉ်ထားသော လေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ မြို့ရှိ ထိုကဲ့သို့သော ဥမင်လိုဏ်ခေါင်းတိုင်းကို ဤနည်းလမ်းဖြင့် အလုံပိတ်ထားပြီး ဖြစ်သည်။

ဒုန်း

မြို့တွင်းမှ နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်ကျိုးသည် သူ၏ ခေါင်းကို ပြင်းထန်စွာ လှည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“နောက်တစ်ကောင် ပေါ်လာပြန်ပြီ။ သွားကြစို့”

“လေစိမ်း၊ ဒီနေရာကို ပိတ်ဆို့ဖို့ လူတစ်ချို့ကို တာဝန်ပေးလိုက်—အရင်ဆုံး ဝိုင်းထားလိုက်”

ဟန်ကျွမ့်သည် သူ၏ လက်ထောက်ကို အော်ပြောလိုက်ပြီးနောက် ချက်ချင်းပင် အဖွဲ့ ၁ နောက်သို့ လိုက်ကာ ဗဟိုလမ်းမကြီးဆီသို့ သွားခဲ့သည်။

ဒက် ဒက် ဒက် ဘန်း ဘန်း ဘန်း

ဤအချိန်တွင်၊ အရှေ့၊ တောင်နှင့် မြောက်ဘက်များရှိ မြင့်မားသော နံရံများမှ သေနတ်သံများ ထွက်ပေါ်လာခဲ့သည်။ မီးတောက်များသည် ကောင်းကင်ကို ထိန်လင်းသွားစေခဲ့သည်—စစ်ပွဲသည် အပြည့်အဝ စတင်ခဲ့လေပြီ။

တန်ချိန် ၃၀,၀၀၀ အလေးချိန်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် သယ်ယူပို့ဆောင်ရေးလေသ‌ေင်္ဘာသည် မြို့အပေါ်တွင် အမြင့်ပေအနိမ့်ဖြင့် ဝဲနေခဲ့သည်။ Lightning -2 အာကာသတိုက်လေယာဉ်များစွာသည် တိမ်များကြားမှ အမြင့်ပျံသန်းနေခဲ့ကြပြီး၊ ဒုံးကျည်များသည် လေထဲတွင် ပေါက်ကွဲကာ တိမ်များအတွင်း ပုန်းအောင်းနေသော အတောင်ပံပါသော မွန်းစတားများ၏ ပုံသဏ္ဍန်များကို ထုတ်ဖော်လိုက်သည်၊၊

တိုက်ခိုက်ရေး ဒရုန်းများနှင့် ပျံဝဲနေသော ကင်းထောက်ဒရုန်းများသည် ကြီးမားသော အုပ်စုပုံစံဖွဲ့ကာ တိမ်များမှ ထွက်ပေါ်လာကာ အပြည့်အဝ လေကြောင်းတိုက်ခိုက်မှုကို စတင်ခဲ့သည်။ ကောင်းကင်တစ်ခုလုံးသည် စစ်မြေပြင် ဖြစ်လာခဲ့ပြီး ပေါက်ကွဲမှုများနှင့် လျှပ်စီးကြောင်းမျဉ်းကွေးများသည် ကောင်းကင်ကို ထိန်လင်းစေခဲ့သည်။

မြို့၏ တောင်ဘက်ရှိ တောင်တန်းပေါ်တွင် ဒူဂါ ရေဒါစတေရှင်သည် မီးတောက်လွှတ်စက် ထောင်ပေါင်းများစွာကို ပစ်လွှတ်လိုက်ရာ ကြီးမားသော မီးတောက်များသည် ကောင်းကင်သို့ တက်သွားခဲ့သည်။ မြို့ကာကွယ်ရေးများပေါ်ရှိ ပလာစမာရောင်ခြည်လွှတ်စက်များသည် ထူးဆန်းသော အပြာရောင် ပလာစမာရောင်ခြည်များကို ပစ်လွှတ်လိုက်ရာ အပြာနှင့် လိမ္မော်ရောင် မီးရှူးမီးပန်းများ ရောယှက်ထားသလို တောက်ပနေလေသည်၊၊

Great Wall-50 လျှပ်စစ်အမြောက် အခြေစိုက်စခန်းသည် ထူးခြားသော မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲမှုကို ထုတ်လွှတ်လိုက်ရာ ၎င်း၏ အသံမြန်နှုန်းထက်ကျော်လွန်သော လျှစ်စစ်ကျည်ဆန်များသည် လေကြောင်းထိန်းချုပ်ရေးမျှော်စင်များ၏ အသံနှင့်ပင် ဆင်တူနေသည်။ ကောင်းကင်တစ်ခွင်တွင် ခြေရာခံကျည်ဆန်များသည် ဥက္ကာပျံများ မိုးရွာသည့်နှယ် တောက်ပနေခဲ့သည်၊၊

“ဒီကောင်တွေက အများကြီးပဲ… အဲဒီသတ္တဝါက ပြန်ပေါ်လာမှရမယ်—မဟုတ်ရင်၊ ကျွန်မတို့ပေါ်က အမှတ်အသားတွေ အားလုံး ပျောက်သွားလိမ့်မယ်”

လေထဲတွင်၊ ကီကီသည် စိတ်စွမ်းအင် ဒိုင်းကာတစ်ခုကို မြှင့်တင်လိုက်ပြီး မီးတောက်အပါဝင် အခြားသူများနှင့်အတူ လျင်မြန်စွာ ပျံသန်းနေခဲ့သည်။

“အဲဒီသတ္တဝါက ကျုပ်တို့ ဘာလုပ်နေလဲဆိုတာ သိတယ်။ ကျုပ်တို့ ပြင်ဆင်ထားသလို သူလည်း ပြင်ဆင်ထားတာပဲ” ချင်ရွှမ်မင်က ကျိန်ဆဲလိုက်သည်။

“အဲဒီ ခွေးမသားက ကျုပ်တို့ကို ကစားနေတာပဲ”

ဟန်ကျွမ့်၏ မျက်လုံးများ ထက်ရှလာသည်။

“ကျုပ်တို့ရဲ့ ခံစစ်တွေ လုံးဝ ပြိုကွဲမသွားသရွေ့၊ တိမ်တွေထဲက အဲဒီကောင်က ပေါ်လာမှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်။ သူက ကျုပ်တို့ကို ထိတ်လန့်စေချင်တယ်၊ သန္ဓေပြောင်းစေချင်တယ်၊ ရှုပ်ထွေးမှုထဲ ကျရောက်စေချင်တယ်—အဲဒီအချိန်မှ သူက မြို့တစ်ခုလုံးကို အမှတ်အသားလုပ်လိမ့်မယ်”

ဝမ်ကျိုး မျက်မှောင်ကြုတ်လိုက်သည်။

“သူက အားဖြည့်နေတာလည်း ဖြစ်နိုင်တယ်။ ညက ပေါက်ကွဲမှုက ပုံမှန် မဟုတ်ဘူး။ မြို့တစ်ခုလုံးကို အမှတ်အသားလုပ်တာက ရိုးရှင်းတဲ့အလုပ်မဖြစ်နိုင်ဘူး”

“မှန်တယ်”

“ဘယ်လိုပဲဖြစ်ဖြစ်… ကျုပ်တို့က အရင်ဆုံး ထိန်းထားဖို့ လိုတယ်”

“အဲဒီ ပိုးကောင်ကြီးကို ရှင်းပစ်… သူ တူးတဲ့ အပေါက်တိုင်းက ငါတို့ရဲ့ အနောက်ဘက် ကာကွယ်ရေးကို ဖိအားပေးနေတယ်”

“သွား”

ဒုန်း ဒုန်း ဒုန်း

မြို့လယ်အနီးတွင်၊ မြင့်မားသော အဆောက်အအုံများ၏ မှန်ပြတင်းပေါက်များပြုတ်ကျလာကာ အဆောက်အအုံ အတန်းလိုက်ကြီးများသည် ဒိုမီနိုများသဖွယ် ပြိုကျသွားခဲ့သည်။ လမ်းများပေါ်တွင် လှိုင်းထနေပြီး၊ မိလ္လာပိုက် ကွန်ယက်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲခဲ့သည်။ အမဲလိုက် အဖွဲ့ဝင်တိုင်းသည် ကြီးမားသော အရာတစ်ခု နီးကပ်လာနေသည့် ဖိအားပေးမှုများကို ခံစားနေရသည်။

All Chapters