← Chapters

အခန်း (၄၆၀-၄၆၁)

Vol. 30 Ch. 460-461

အခန်း (၄၆၀-၄၆၁)

Vol. 30 Ch. 460-461

Chapter 460

စစ်ပွဲ စတင်ခြင်း ၃

တစ်ချိန်တည်းမှာပင်၊ တွင်းနက် ပိုးကောင်ကြီး ဖန်တီးခဲ့သော နောက်ထပ် မြေကျင်းတစ်ခုမှ နှင်းတစ္ဆေများနှင့် နှင်းမွန်းစတားများသည် လှိုင်းလုံးသဖွယ် လမ်းများစွာသို့ စီးဝင်နေခဲ့သည်။

“အဖွဲ့ ၆”

ဝူးး

လေတိုက်ခတ်သံတစ်ခု တိုးဝင်လာခဲ့သည်။ သွေးကပ်ဘေးပန်းသည် ဝမ်မို့ချန်း၏ လက်ထဲသို့ ကျလာခဲ့သည်။ သူသည် ၎င်းကို ရှုချင်းထံသို့ ချက်ချင်း လွှဲပြောင်းပေးလိုက်သည်။

“ပြေး”

TRP သံချပ်ကာဝတ်စုံ၏ အရှိန်မြှင့်စက်များ စတင်လည်ပတ်သွားခဲ့ပြီး၊ ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ရှုချင်းသည် ကျားသစ်တစ်ကောင်အလား အဆောက်အအုံများကြားမှ လျှပ်တစ်ပြက် ပြေးထွက်သွားခဲ့သည်။ မြေပြင် တုန်ခါနေစဉ်၊ လျှပ်စစ်ဓားမှ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး သံချေးတက်နေသော ကြော်ငြာဆိုင်းဘုတ်ထဲသို့ မြှုပ်ဝင်သွားခဲ့သည်။ လုချန်သည် ပင့်ကူလူသားအလား သံမဏိကြိုးပေါ်မှ လွှဲဝင်လာပြီး ရှုချင်းထံမှ ပန်းကို လေထဲမှ ကြားဖြတ်ယူကာ နောက်ထပ် ခေါင်မိုးတစ်ခုဆီသို့ ခုန်တက်သွားခဲ့သည်။

“အဖွဲ့ ၂ က အတောင်ပံပါတဲ့ မွန်းစတားတွေနဲ့ ရင်ဆိုင်နေရတယ်။ ချုံခို တိုက်ခိုက်ရေး နေရာ ၁ ကို လမ်းကြောင်း ပြောင်း”

“ရပြီ”

လှည့်ပတ်နေသော လျှပ်စစ်ဓားသည် မြင့်မားသော အဆောက်အအုံပေါ်သို့ တက်လာနေသော နှင်းတစ္ဆေအုပ်စုကို ဖြတ်တောက်ပစ်လိုက်သည်။ လုချန်သည် စူပါမားကတ် ခေါင်မိုးပေါ်သို့ သွက်လက်စွာ ဆင်းသက်ပြီး တစ်ဖန် ရှေ့သို့ အပြေးအလွှား သွားခဲ့သည်။

ထပ် ထပ် ထပ်

ရုတ်တရက်၊ ကြီးမားသော နှင်းမွန်းစတားတစ်ကောင်သည် ဧရာမ ပင့်ကူသဖွယ် ဘေးဘက်မှ တွားတက်လာခဲ့သည်။ ၎င်း၏ လက်သည်းများအနက် တစ်ခုသည် လုချန်၏ ခေါင်းဆီသို့ လှီးဖြတ်လာသည်၊၊

“ဖာ့ခ်”

ချုံခိုတိုက်ခိုက်မှုက သူ့ကို အနေထားပျက်သွားစေခဲ့သည်၊၊

[အန္တရာယ်သတိပေးချက် အန္တရာယ်သတိပေးချက်]

သူ၏ စွမ်းအားဝတ်စုံမှ ဟိုက်ဒရောလစ် ကြွက်သားများက အလိုအလျောက် စတင် အလုပ်လုပ်သွားခဲ့ပြီး၊ သူ့ကို နောက်ပြန်ဂျွမ်းပစ်ကာ အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုကို ရှောင်တိမ်းစေခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ပျံသန်းနေသော ဓားတစ်ချောင်းသည် ထွက်ပေါ်လာပြီး နှင်းမွန်းစတား၏ ခန္ဓာကိုယ်ကို နက်ရှိုင်းစွာ ခုတ်ဖြတ်လိုက်ရာ—အရိုးထိအောင် ရောက်ရှိသွားခဲ့သည်။

သို့သော် ထိုမွန်းစတားသည် မျှော်လင့်ထားသည်ထက် ပို၍ သန်မာလေသည်၊၊ ၎င်းသည် မသေဆုံးခဲ့ပေ။

လုချန်လည်း ထိတ်လန့်တုန်လှုပ်သွားသည်၊၊ နောက်ထပ် လက်သည်းတစ်ခု သူ့ထံသို့ အရှိန်ဖြင့် ပြေးဝင်လာနေသည်ကို မြင်လိုက်ရသည်။

သူသည် နှစ်လှမ်းခန့် နောက်ဆုတ်ပြီး မြေပြင်ပေါ်သို့ လှဲချလိုက်သည်။

ဘန်း

သူသည် ခြေထောက်နှစ်ချောင်းကို ကားလိုက်ရာ နှင်းမွန်းစတား၏ လက်သည်းသည် သူ၏ ခြေထောက်များကြားရှိ ကြမ်းပြင်ကို အပေါက်တစ်ခု ထိုးဖောက်လိုက်သည်။ ဝှစ်… သူ၏ လက်ကောက်ဝတ်ရှိ ကြိုးဆွဲစက်သည် လျင်မြန်စွာ လည်ပတ်သွားကာ လျှပ်စစ်ဓားကို နောက်ပြန် ဆွဲယူခဲ့သည်။ သူသည် ၎င်းကို ဖမ်းဆုပ်ပြီး အပေါ်သို့ ပစ်ပေါက်လိုက်ပြီး ဓားကို မွန်းစတား၏ နဖူးထဲသို့ တိုက်ရိုက်ထိုးသွင်းလိုက်သည်။

သို့သော် ၎င်းသည် မသေဆုံးသေးပဲ— တစ်ဖန် ခုန်အုပ်လာပြန်သည်။

“သောက်ကျိုးနည်း”

“ရှောင်လိုက်”

အစိမ်းရောင် အရိပ်တစ်ခုသည် အပေါ်မှ ပျံသန်းသွားခဲ့သည်။ သွယ်လျသောခြေထောက်တစ်ချောင်းသည် နှင်းမွန်းစတား၏ ရှေ့ခြေထောက်ပေါ်သို့ နင်းချလိုက်ပြီး၊ လက်တစ်ဖက်သည် လုချန်၏ လက်ကောက်ဝတ်ကို ဆွဲကာ— ဓားကိုင်ထားသောကျန်လက်တစ်ဖက်ဖြင့် လှုပ်ရှားသွားသည်၊၊

ရွှစ်

ဓားသည် လေထုကို လျင်မြန်စွာဖြတ်သွားပြီး မွန်းစတား၏ ဦးခေါင်းခွံကို သေသေသပ်သပ် ဖြတ်တောက်သွားခဲ့သည်။ သွေးများ မပန်းထွက်လာခင် ထိုပုံသဏ္ဍာန်သည် လှည့်ပတ်ကာ နူးညံ့သိမ်မွေ့စွာ ဆင်းသက်လာခဲ့သည်။

“ပေး”

ရှောင်ချင်းသည် လုချန်၏ ရှေ့တွင် ရပ်နေပြီး လက်ကမ်းလိုက်သည်။

လုချန် သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး သွေးကပ်ဘေးပန်းကို ပစ်ပေးလိုက်သည်။

“ဟေး”

စူပါမားကတ်၏ အောက်ဘက်၊ ကားပါကင်တွင် နန်ကျင်းသည် လက်သီးတစ်ချက်ဖြင့် နှင်းမွန်းစတားနှစ်ကောင်နှင့် နှင်းတစ္ဆေ ဒါဇင်ပေါင်းများစွာကို ကွဲထွက်သွားစေခဲ့သည်။ ထိခိုက်မှုလှိုင်းသည် သူမ၏ ရှေ့တွင် ပျက်ယွင်းသွားသော လေဟာနယ်တစ်ခုကို ချန်ထားခဲ့သည်—လေထုသည် မီးလောင်ထားသော အသားညှော်နံ့များနှင့် ဆိုးဆိုးဝါးဝါးဖြင့် လောင်ကျွမ်းနေခဲ့သည်။

“သွားကြ” နန်ကျင်းသည် လုချန်ဘက်သို့ အော်ပြောသည်။

ဝှစ်

လေပွေတစ်ခု တိုက်ခတ်လာခဲ့သည်။

ဝမ်မို့ချန်းသည် အပေါ်မှ ဝဲပျံလာပြီး လေစွမ်းအင်ကို အသုံးပြု၍ လူတိုင်းကို အရှိန်မြှင့်စေခဲ့သည်။ ရှုချင်းသည် နောက်ဆုံးမှ ပါလာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းတွင် လမ်းတစ်ခုလုံးနှင့် စူပါမားကတ်သည် နှင်းတစ္ဆေများဖြင့် ပြည့်နှက်သွားခဲ့သည်။

“အဲဒီ ပိုးကောင်ကြီး လာနေပြီ”

ဝမ်မို့ချန်းသည် ရှောင်ချင်း ပစ်ပေးလိုက်သော သွေးကပ်ဘေးပန်းကို ဖမ်းယူလိုက်ပြီး ဟိုလိုဂရမ်မြေပုံကို ကြည့်လိုက်သည်—ထို့နောက် ၎င်းကို လေထဲသို့ ပစ်ပေါက်လိုက်သည်။

“အဖွဲ့ ၁၁”

“အဖွဲ့ ၁၁—လက်ခံရရှိ”

လင်းနို့တောင်ပံများနှင့် အမျိုးသမီးတစ်ဦးသည် အတောင်ပံပါသော မွန်းစတားအုပ်စုကြားမှ ပေါ်ထွက်လာပြီး ၎င်းကို လေထဲမှ ကြားဖြတ်ဖမ်းယူကာ စီလန်ပန်းခြံဆီသို့ အရှိန်အပြည့်ဖြင့် ပျံသန်းသွားခဲ့သည်။

“ရှုချင်း၊ လုချန်၊ နန်ကျင်း၊ ရှောင်ချင်း—ခေါင်မိုးပေါ်ကို တက်ကြ”

သွေးကပ်ဘေးပန်းကို လွှဲပြောင်းပြီးနောက်၊ ဝမ်မို့ချန်းသည် လေစွမ်းအင်ကို အသုံးပြု၍ မွန်းစတားများကို နောက်ပြန် တွန်းပို့လိုက်ပြီးနောက် ၎င်းတို့ လေးဦးကို အဆောက်အအုံ၏ ဘေးဘက်သို့ ဆွဲတင်သွားခဲ့သည်။

“အဖွဲ့ ၇၊ ကျုပ်တို့ လမ်းမကြီးပေါ်က နေမင်းမျှော်စင်မှာ”

“အဖွဲ့ ၇—မှတ်သားလိုက်ပြီ”

“အဖွဲ့ ၂၃ နှင့် ၃၀၊ လက်ခံဖို့ ပြင်ဆင်ထား”

“အဖွဲ့ ၄—မှတ်သားလိုက်ပြီ”

“ငြိမ်းချမ်းရေး လမ်းမကြီးက ပိတ်ဆို့နေတယ်။—အဖွဲ့ ၁၉၊ မြောက်ပိုင်း ကွင်းပတ်လမ်းမကြီးဆီကို လမ်းလွှဲ”

“အဖွဲ့ ၃၂—နေရာကို ရောက်ပြီ”

စီလန်ပန်းခြံ၏ အစွန်တွင်၊ ပြုပြင်မွမ်းမံထားသော ကိုယ်ပိုင်ပျံသန်းရေးဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးဖြစ်သည့်—အဖွဲ့ ၃၂ ၏ ခေါင်းဆောင်သည် မျက်နှာတင်းမာစွာဖြင့် ကြည့်နေခဲ့သည်။ မွန်းစတားလှိုင်းများသည် သူမ၏ ရှေ့ရှိ မြင့်မားသော လမ်းမကြီးမှ စီးဆင်းကျလာခဲ့သည်။

ချီတာတစ်ကောင်လို ခြေလေးချောင်းပါ စွမ်းအားရှင်တစ်ဦးသည် အဆောက်အအုံများကြားမှ ခုန်ထွက်လာပြီး သွေးကပ်ဘေးပန်းအထုပ်ကို သူမဆီသို့ ပစ်ပေးလိုက်သည်။

“အဖွဲ့ ၃၂၊ လက်ခံဖို့ အသင့်ပဲ”

“လာပြီ”

ဝီ ဝီ

မီနီ-ဒရုန်း နှစ်စင်းသည် သူမ၏ ဘေးမှ လျင်မြန်စွာ ထွက်ပေါ်လာကာ ပစ္စည်းကို လေထဲမှ ဖမ်းယူလိုက်သည်။ သို့သော် သူမ လက်လှမ်းလိုက်စဉ်၊ သူမ၏ ခြေထောက်အောက်တွင် ပြင်းထန်သောမြည်ဟည်းသံဖြင့် ငလျင်လှုပ်ခတ်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

“သတိထား”

ဝှီး

အန္တရာယ်ကို ခံစားမိသဖြင့် သူမသည် အရှိန်မြှင့်ရန်အတွက် ပျံသန်းရေးဂျက်ကို ဖွင့်လိုက်သည်။

ဒုန်း

ဧရာမ တွင်းနက်ပိုးကောင်ကြီးသည် မြေပြင်မှ ပေါက်ကွဲထွက်လာခဲ့သည်။ အနိမ့်ပိုင်း အဆောက်အအုံနှင့် ၎င်း၏ အုတ်မြစ်သည် အပျက်အစီး တိမ်တိုက်တစ်ခုထဲတွင် ပေါက်ကွဲသွားခဲ့သည်။ သူမ၏ အောက်တွင် ဟင်းလင်းပြင်ကြီးတစ်ခု ပွင့်သွားခဲ့သည်။

ကြီးမားသော လေဟာနယ်ကွက်လပ်မှ အားသည် သူမကို အောက်သို့ စုပ်ယူလိုက်ပြီး၊ အရှိန်အပြည့်ဖြင့် သွားနေသော်လည်း သူမသည် မလွတ်မြောက်နိုင်ခဲ့ပေ—ပိုးကောင်ကြီး၏ ပါးစပ်ထဲသို့ အကူအညီမဲ့စွာ ဆွဲသွင်းခံနေရသည်။

“အားးး”

ဝှမ်းး

ထိုစဉ်တွင်၊ စိတ်စွမ်းအင်လှိုင်းတစ်ခုသည် လေထုကို ဖြတ်၍ သူမကို လှမ်းဆွဲလိုက်ရာ—သူမကို ကွဲကြေနေသော ကွန်ကရစ်များနှင့် ဟင်းလင်းပြင်ကြီးမှ လွတ်မြောက်သွားစေခဲ့သည်။

ကီကီ၊၊

နောက်တစ်စက္ကန့်တွင်—ဝမ်ကျိုးသည် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

ဝှစ်

ကြီးမားသော သံမဏိချောင်းဆယ်ခုသည် ကောင်းကင်မှ ကျလာခဲ့သည်။

၎င်းတို့သည် ကျလာစဉ် ကျယ်လောင်သော သတ္တုသံများဖြင့် သံလိုက်စွမ်းရည် ထိန်းချုပ်မှုအောက်တွင်၊ ၎င်းတို့သည် မွန်းစတား၏ ခန္ဓာကိုယ်အနှံ့ကို သံမှိုများသဖွယ် မီတာတစ်ဝက်နီးပါးအထိ မြှုပ်ဝင်သွားခဲ့သော်လည်း ၎င်းကို အပြည့်အဝ ထိုးဖောက်ရန် မအောင်မြင်ခဲ့ပေ။

“အဲ့ကောင်ကို ချုပ်ထား”

ဝမ်ကျိုးသည် သူ၏ သွားများကို စေ့လိုက်ပြီး ပိုးကောင်ကြီးကို မြေပြင်တွင် ချည်နှောင်ရန် ကြိုးစားနေခဲ့သည်။ ကီကီသည်လည်း စိတ်စွမ်းအင်ကို ထုတ်လွှတ်ရင်း ပူးပေါင်းလိုက်သည်။

“ရပြီ”

သူမ၏ မျက်လုံးများ တောက်ပနေကာ ခရမ်းရောင် ဆံပင်များက ဝဲပျံနေခဲ့သည်။ သူမသည် တိုက်ခိုက်မှုထဲသို့ သူမ၏ စိတ်စွမ်းအင် အားလုံးကို အသုံးချလိုက်ရာ—သူမ၏ စိတ်စွမ်းအင်သည် တွင်းနက် ပိုးကောင်ကြီးအပေါ်တွင် တောင်ကြီးတစ်လုံးသဖွယ် ဖိချလိုက်သည်။

“ပလာစမာ ရောင်ခြည်ကြိုးလောင်ချာတွေ ပစ်ကြ”

ခရက် ခရက်

စီလန်ပန်းခြံတစ်ဝိုက်ရှိ အဆောက်အအုံများ လင်းထိန်သွားခဲ့သည်။ ပလာစမာ ရောင်ခြည်ကြိုးလောင်ချာသုံးဆယ့်နှစ်ခုသည် နေရာယူလိုက်ပြီး အရပ်မျက်နှာပေါင်းစုံမှ ပူလောင်သော အပြာရောင်လျှပ်စီးကြောင်းများကို ထုတ်လွှတ်လိုက်သည်။

ထိုရောင်ခြည်များသည် ပိုးကောင်၏ အသားကို ဖြတ်၍ ထိုးဖောက်သွားပြီး မီးတောက်များသည် ၎င်း၏ ခန္ဓာကိုယ်အနှံ့ ပေါက်ကွဲထွက်လာခဲ့သည်။

ဝွန်းးးးး

ပိုးကောင်ကြီးသည် သင်္ဘောဥသြသံကဲ့သို့သော အသံဖြင့် အော်ဟစ်လိုက်သည်။

၎င်းသည် အပြင်းထန် ရုန်းကန်နေခဲ့သည်။ အဆောက်အအုံများ တုန်ခါနေခဲ့သည်။ ပလာစမာရောင်ခြည်ကြိုးများသည် ငါးဖမ်းစက်များသဖွယ် လည်ပတ်နေခဲ့ရာ—မီးပွားများ လွင့်စင်နေခဲ့သည်။

သို့သော် ပိုးကောင်ကြီးသည် မလွတ်မြောက်နိုင်သေးပေ။

ကရက် ကရက် ကရက်

ကြိုးများသည် ဖိအားအောက်တွင် အသံမြည်နေခဲ့သည်။ ဝမ်ကျိုးသည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး အမဲလိုက်အဖွဲ့၏ ဆက်သွယ်ရေးလိုင်းထဲကို အော်ပြောလိုက်သည်။

“လူတိုင်း တိုက်ခိုက်ကြ”

“ရပြီ”

“သွားကြမယ်”

“သူ့ကို မလွတ်စေနဲ့”

“ကောင်းကင်ကို ကြည့်ထား—အဲဒီ အတောင်ပံပါတဲ့ မွန်းစတားတွေက နေရာတိုင်းမှာ ရှိတယ်”

လမ်းများပေါ်တွင် ယခုအခါ မွန်းစတားများ ပြည့်နှက်နေသည်။ ကောင်းကင်တွင်၊ အတောင်ပံပါသော မွန်းစတားများသည် အမှောင်တိမ်တိုက်များသဖွယ် အုပ်စုဖွဲ့နေကြသည်။ လေကြောင်း အထောက်အပံ့ မရှိသောကြောင့် ရူးသွပ်သူအဆင့် စွမ်းအားရှင်တစ်ရာကျော်သည်ပင် ဖိအားကို ခံစားနေရသည်။

သူတို့၏ အချိန်သည် နည်းပါးလာနေပြီ။

လုရှင်းချန်နှင့် ချင်ရွှမ်မင်တို့သည် တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ကြသည်။

“နတ်ဘုရားမီးလျှံဓားသွား”

လုရှင်းချန်သည် သူ၏ လက်ချောင်းများဖြင့် ဓားတစ်ချောင်းပုံ ဖန်တီးလိုက်ပြီး လည်ပတ်နေသော မီးတောက်ကို အရှိန်မြှင့်လိုက်သည်။

အသက်ရှူတစ်ဝက်ချိန်အတွင်းတွင်၊ သူသည် အလယ်ဗဟို၌ အဖြူရောင်-အပူရှိန်မြင့် ကြီးမားသော မီးဓားသွားကို ပစ်လွှတ်လိုက်သည်။

ဒုန်း

အသံမြန်နှုန်းမြင့် ပေါက်ကွဲသံသည် လေထုကို ကွဲအက်သွားစေခဲ့သည်။ ပြန်ကန်အားကြောင့် သူသည် ကောင်းကင်သို့ လွှင့်တက်သွားခဲ့သည်။

မီးဓားသွားသည် ခဏတာမျှ လင်းလက်သွားကာ—ပိုးကောင်ကြီး၏ ကျောဘက်တွင် ထရပ်ကားတစ်စီးစာမျှ ကျယ်ဝန်းသော ဒဏ်ရာတစ်ခုကို ပေးလိုက်သည်။ အပူကြောင့် မြေပြင် အရည်ပျော်သွားပြီး ချိုင့်ခွက်တစ်ခုကို ချန်ထားခဲ့သည်၊၊

ကီကီသည် ပိုးကောင်ကြီးကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သည်။ လုရှင်းချန် ပျံတက်သွားသည်ကို မြင်သောအခါ၊ သူမသည် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး လေထဲမှ သူ့ကို ဆွဲချလိုက်သည်။

“နင် ရူးနေတာလား… ဘာလဲ နင်က ဂြိုလ်ပတ်လမ်းကြောင်းထဲ ပစ်လွှတ်ဖို့ ကြိုးစားနေတာလား”

သို့သော် လုရှင်းချန်က ပြန်မဖြေခဲ့ပေ။ သူသည် အံ့သြသင့်စွာဖြင့် သူ၏ လက်များကို စိုက်ကြည့်နေပြီး၊ မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေခဲ့သည်။

“ဟဟ... အသိပညာက တကယ်ကို စွမ်းအားပဲ”

Chapter 461

ယူနစ်-၀၁ - ဖန်ကူ ပြန်လည် နိုးထခြင်း ၁

ဘန်း ဘန်း ဘန်း

သံမဏိတန်း ဆယ်ချောင်းသည် တုန်ခါမှုနှင့်အတူ အသံမြည်နေသည်။ ပလာစမာကြိုး သုံးဆယ့်နှစ်ချောင်းသည် ပေါက်ကွဲအားဖြင့် မီးလောင်ကျွမ်းသွားပြီး ကြီးမားသည့် မမြင်ရသော စိတ်စွမ်းအင်သည် တွင်းနက်ပိုးကောင်ကြီးကို ၎င်းနေရာ၌ ဖိချထားလိုက်သည်။

ဝမ်ကျိုးနှင့် ကီကီတို့က ဖိအားပေး ချုပ်ထားစဉ်… အနီးရှိ အမဲလိုက်တပ်ဖွဲ့မှ အဖွဲ့ခွဲများအားလုံးသည် ပိုးကောင်ကြီးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။

ချက်ချင်းဆိုသလို မီးတောက်များ၊ ကျည်ဆန်၊ လျှပ်စီးတန်းမျာူ၊ စွမ်းအင်ပေါက်ကွဲမှုများနှင့် အေးခဲလက်နက်များ — စိတ်ကူးနိုင်သမျှသော တိုက်ခိုက်မှုတိုင်းသည် တောင်ကြီးတစ်ခုလို ထင်ရှားနေသော သတ္တဝါပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်လာသည်။ တစ်ချိန်က ထိုးဖောက်၍မရသော အခွံမာသည် ယခုအခါ ပျက်စီးနေသည့် နေရာများစွာကို ပြသနေပြီး၊ အတွင်းသားများမှာလည်း အကြိမ်ကြိမ် ပွင့်ထွက်နေသည်။

တွင်းနက် ပိုးကောင်ကြီးသည် ကြမ်းတမ်းစွာ ရုန်းကန်နေသည်။ ၎င်းတစ်ချက်လှုပ်ရှားလိုက်သည်နှင့် စီလန်ပန်းခြံ၏ ရှေ့တံခါးမကြီးနှင့် အနီးရှိ တိုက်ခန်းအဆောက်အအုံများစွာကို ဖျက်ဆီးပစ်ကာ ဖုန်မှုန့်များ ထသွားစေသည်။

“အခု ချက်ချင်း သတ်လိုက်ကြ”

“အဲ့ဒီအကောင်မှာ တူးပြီး ထွက်ပြေးတာကလွဲပြီး တခြားဘာမှမရှိဘူး။ အဲ့ဒါကို ဖယ်ရှားနိုင်ရင် မြို့ထဲက မွန်းစတားလှိုင်းတွေက အားနည်းသွားလိမ့်မယ်”

“သွား သွား သွား”

“အဲ့ဒါကို ထွက်ပြေးခွင့်မပေးနဲ့”

သို့သော် ထိုအချိန်၌ — ဝုန်း ကောင်းကင်ယံ၌ အသံတစ်ခု မြည်ဟည်းသွားသည်။ မုန်တိုင်းအတွင်း၌ ကြီးမားသော အရိပ်နက်ကြီးတစ်ခု ကောင်းကင်၌ ပေါ်ထွက်လာရာ လူတိုင်း မော့ကြည့်လိုက်ကြသည်။ ၎င်းမှာ စက်ဝိုင်းပုံသဏ္ဌာန်ဖြစ်ပြီး ဆီးနှင်းမုန်တိုင်းကြားမှ ခွဲခြားရန် မလွယ်ကူပေ။

မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရသေးမီ…. ကြောက်မက်ဖွယ် ရှည်လျားသော ဆူးချွန်လက်တံကြီးတစ်ခုသည် ကောင်းကင်မှ ရုတ်တရက် ဒေါင်လိုက် ချိန်သီးတစ်ခုလို ကျဆင်းလာကာ လမ်းမဘက်သို့ ရိုက်ခတ်လာသည်။

“သတိထား”

“ဆုတ်ကြ”

ကြီးမားသော အသံလှိုင်းသည် လေထုကိုပင် တုန်ခါသွားစေသည်။ ထိုကြီးမားသော လက်တံသည် လေထဲတွင် ရှိနေသော ဝမ်ကျိုးနှင့် ကီကီတို့အပေါ်သို့ ကျဆင်းလာသည်။

ဝုန်း ဝုန်း ဝုန်း

လေထဲ၌ တွဲလောင်းကျနေသည့် ထိုလက်တံကြီးသည် ဧရာမ ကောင်းကင်ဘုံမှ တိုင်ကြီးအလားပင်။ ၎င်းသည် လမ်းမတစ်ခုလုံးကို တစ်ချက်တည်းနှင့် ပျက်ဆီးသွားစေပြီး ပေါက်ကွဲမှုများကို ဆက်တိုက်ဖြစ်ပေါ်စေခဲ့သည်။

တိုက်ခိုက်မှုကြောင့် ကီကီနှင့် အခြားသူများ လွင့်စင်သွားကြသည်။

“အား”

ကီကီ၏ စိတ်စွမ်းအင် အကာအကွယ်သည် ကွဲလုနီးပါး ဖြစ်သွားကာ သွေးများအန်ထွက်လာပြီး အဝေးမှ သတ္တဝါများအစုအဝေးဆီသို့ ပစ်လွှတ်ခံလိုက်ရသည်။

အမဲလိုက်တပ်ဖွဲ့မှ အဖွဲ့ခွဲများစွာသည် ချက်ချင်း လွင့်စင်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည် — မည်မျှ ထိခိုက်မှုရှိသည်ကို မပြောနိုင်ပေ။

လေထဲတွင် ဟန်ကျွမ့်သည် သူ၏ ရေစွမ်းရည်ကို အလျင်အမြန် အသုံးပြုပြီး ကြီးမားသော ရေလှိုင်းကြီးကို ဖန်တီးကာ ကျဆင်းစေသည်။ သုညဒီဂရီအောက် အပူချိန်၌ ၎င်းသည် ချက်ချင်း ရေခဲအဖြစ် ခဲသွားပြီး မွန်းစတားလှိုင်း၏ တစ်ဝက်ခန့်ကို ရေခဲပန်းပုများအဖြစ်သို့ ပြောင်းလဲသွားစေသည်။

ဝမ်ကျိုးသည် နာကျင်မှုကို ခံစားရင်း အံကြိတ်ကာ အဖွဲ့ဝင်အချို့၏ ခါးမှ သံကြိုးများကို သံလိုက်အားဖြင့် ဆွဲယူပြီး အနီးရှိ အထပ်မြင့် အဆောက်အအုံဆီသို့ ပျံသန်းသွားသည်။ ချင်ရွှမ်မင်သည် အရင်ဆုံး ဆင်းသက်လိုက်ပြီး… ခေါင်မိုးပေါ်၌ ပြည့်ကျပ်နေသော နှင်းတစ္ဆေများနှင့် နှင်းမွန်းစတားများကို ပေါက်ကွဲအားတစ်ခုဖြင့် ဖယ်ရှားပစ်လိုက်သည်။

“အဲ့ဒါ S-Class အဆင့် သတ္တဝါပဲ”

“ဘယ်လိုလုပ်…. အခုလို မြန်မြန် ထွက်လာတာလဲ”

“ဟိုမှာကြည့်…. ပိုးကောင်ကြီး ဆုတ်ခွာနေပြီ”

ဟန်ကျွမ့် အော်ပြောလိုက်သည်။

ဝေါင်းးးးး

ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော အော်သံနှင့်အတူ တွင်းနက်ပိုးကောင်ကြီးသည် ပလာစမာကြိုးများ အားလုံးကို ဖြတ်တောက်ပစ်လိုက်ပြီး ကျယ်လောင်သော တုန်ခါမှုကြားမှ မြေအောက်သို့ ပြန်လည် တူးဝင်သွားသည်။

ဝမ်ကျိုးသည် ကောင်းကင်ပေါ်ရှိ အရိပ်နက်ကြီးကို တစ်ချက်ကြည့်ပြီး အမဲလိုက်တပ်ဖွဲ့၏ အခြေအနေကို စစ်ဆေးလိုက်သည်။

“အဖွဲ့ခွဲအားလုံး… အခြေအနေ သတင်းပို့”

“အဖွဲ့ ၁၃ ပျက်စီးသွားပြီ—ဒီဘက်မှာ မွန်းစတားလှိုင်းက အရမ်းများနေတယ်”

“အဖွဲ့ ၂၈၊ ကယ်ဆယ်ရေး သွားကြ၊ သူတို့ ပိတ်မိနေတယ်”

“အပေါ်ကို ကြည့်—အား”

“ပြန်ဆုတ် ပြန်ဆုတ်”

ဆက်သွယ်ရေးလိုင်းထဲတွင် အသံများသည် ကသောင်းကနင်းဖြစ်ကာ ဆူညံနေသည်၊၊

ပြိုကျနေသော တိုက်အဆောက်အအုံများနှင့် ထူထပ်သော မီးခိုးငွေ့များကို စိုက်ကြည့်ရင်း အမဲလိုက်အဖွဲ့ ၁ မှ အဖွဲ့ဝင်များအားလုံး မျက်နှာပျက်နေကြသည်။

“သေစမ်း… ကောင်းကင်ပေါ်က အဲ့ဒီအရာကြီး... ပျောက်သွားပြီ...”

ချင်ရွှမ်မင် မော့ကြည့်လိုက်သည်။ ဆီးနှင်းမုန်တိုင်းထဲတွင် လွှမ်းမိုးထားသည့် အရိပ်သည် တစ်ဖန် ပျောက်ကွယ်သွားခဲ့လေပြီ။ အစောပိုင်းက ကျန်ရစ်ခဲ့သည့် ဖိအားသည် လူတိုင်း၏ နှလုံးသားများကို ညှစ်ဖျစ်ထားသလိုပင်၊၊

အမြဲတမ်း တည်ငြိမ်နေသော ဝမ်ကျိုးနှင့် ဟန်ကျွမ့်တို့ပင် ထိတ်လန့်တုန်လှုပ်နေပုံရသည်။

“မြန်မြန်၊ ဒဏ်ရာရသူတွေကို အရင် ကယ်ကြ”

အခြေအနေသည် မူလ တိုက်ပွဲအစီအစဉ်ထက် လုံးဝကျော်လွန်သွားခဲ့သည်။ S-Class အဆင့် ထူးဆန်းသည့် သတ္တဝါအကြောင်း မေ့ထားလိုက်ဦး — ပိုးကောင်ကြီးကိုပင် အချိန်မီ ဖယ်ရှားနိုင်ခြင်း မရှိသေးပေ။

မြေကျင်းများနှင့် မွန်းစတားလှိုင်းများသည် အရပ်မျက်နှာပေါင်းစုံမှ မြို့ထဲသို့ စီးဝင်လာနေသဖြင့် ဝမ်ကျိုးလည်း လိုက်လျောညီထွေပြောင်းလဲရန်မှလွဲ၍ အခြား ရွေးချယ်စရာမရှိတော့ပေ။

“အရန်အစီအစဉ်ကို စမယ်—ပိုးကောင်ကြီးကို မြောက်ဘက်ခြမ်းဆီ လှည့်ခေါ်သွား… အဲ့ဒီမှာ ငါတို့ရဲ့ ပိုအားကောင်းတဲ့ ပစ်အားရှိတယ်”

“ရပြီ”

စိတ်ရှုပ်ထွေးနေဆဲဖြစ်သော ကီကီသည် မီးတောက်နှင် ချင်ရွှမ်မင်တို့ကို ဆွဲခေါ်ကာ ပစ်ကွင်းပိုကောင်းသော လေဆိပ်ဘက်သို့ ထွက်ခွာသွားသည်။ အရှေ့ဘက် သံမဏိစက်ရုံ၌ ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်သည် သူမ၏ စိတ်ထဲတွင် လေးလံနေသည် — မြောက်ဘက်တွင်လည်း အလားတူ ဖြစ်လာမည်လား။

သို့သော် အမဲလိုက်တပ်ဖွဲ့သည် မွန်းစတားလှိုင်းကို ဆက်လက်ထိန်းထားနိုင်စွမ်း မရှိတော့ပေ။ သူတို့သည် ခံတပ်ဇုန်များဆီသို့ ဆုတ်ခွာရန်သာ လုပ်ဆောင်နိုင်တော့သည်။ ဝမ်ကျိုးသည် ဟီကျန်းထံသို့ သတင်းပို့ပြီးဖြစ်ကာ၊ မြောက်ဘက်ဇုန်ရှိ တြိဂံပုံ ကာကွယ်ရေးလိုင်းသည် စစ်ပွဲမီးတောက်များဖြင့် လုံးလုံးလျားလျား လွှမ်းခြုံခံထားရသည်။

ဒက် ဒက် ဒက် ဘန်း ဘန်း အုန်း အုန်း

ရထားဘူတာရုံပြင်ပရှိ ရင်ပြင်၌ ကျုံးဇီလမ်းမကြီးသည် အမှောင်ထုအောက်၌ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်၊၊ ဒါဇင်နှင့်ချီသော စက်ဝိုင်းသဏ္ဌာန် ရှာဖွေရေးမီးကြီးများက လမ်းမကြီးကို ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်ဖြင့် ဆေးခြယ်ထားသည်။ မီးအလင်းရောင်များ လှည့်ပတ်သွားသည့် နေရာတိုင်းတွင် စိတ်ကို လုံးဝတုန်လှုပ်သွားစေနိုင်သော မွန်းစတားအစုအဝေးကို ထုတ်ဖော်ပြနေသည်။

အဆောက်အအုံများ၊ ခေါင်မိုးများနှင့် အထပ်မြင့် အဆောက်အအုံများတွင် နှင်းမွန်းစတားများဖြင့် ပြည့်နှက်နေသည်။ ကောင်းကင်ယံ၌ အတောင်ပံပါသော သတ္တဝါဆိုးများက တိမ်များကို ဖုံးသွားစေသည်၊၊

လက်နက်ကြီး တစ်ထောင်ကျော်ခန့်သည် တစ်ပြိုင်နက်တည်း ဟိန်းဟောက်ကာ သတ္တုကျည်ဆံများဖြင့် ရင်ပြင်ကို ရွာချနေသည်၊၊ လေယာဉ်ပစ် အမြောက်များသည် အထက်ကောင်းကင်သို့ ဒေါသတကြီး ပစ်ခတ်နေပြီး ထူထပ်သော ကျည်ဆန်ကွန်ရက်ကို ရက်လုပ်နေသည်။

ဘူတာရုံအတွင်း၌ ကမ္ဘာပျက်ကပ်ရထား ၂၂ စီးသည် ပြင်းထန်သော ပစ်အားများဖြင့် ဆူညံနေသည်၊၊ နဂါးတောင် ၁ နှင့် ဘုရင်မ မိုနီကာမှ ဒုံးကျည်များသည် မြေပြင်နှင့် ကောင်းကင်ယံတစ်လျှောက် ပေါက်ကွဲလျက်ရှိသည်။

လက်နက်စခန်းများရှိ စွမ်းအင်မြင့် စက်သေနတ်ကြီးများသည် ပလာစမာစီးကြောင်းများကို ပန်းထုတ်ကာ ရထားလမ်းများတစ်လျှောက်နှင့် လူနေရပ်ကွက်များနောက်မှ ရောက်ရှိလာသော မွန်းစတားလှိုင်းများကို ဖြတ်တောက်ရှင်းလင်းနေသည်။

All Chapters