အကျိုးအမြတ်ကို ရိတ်သိမ်းလိုခြင်း
Vol. 216 Ch. 3261
“မင်း…”
မဟာကောင်းကင်ဘုံသာလွန်သူတောခွေးက ဆူဇီမို၏ သတ်ဖြတ်ခြင်းကို မတားဆီးနိုင်ခဲ့ပေ။ သူ၏ ရင်ထဲရှိ အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်က အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အသင်္ချေတောကောင်တောင်ကြောရိုး၏ ခေါင်းဆောင်လေးဦးထဲမှ သုံးဦးက ပျောက်ဆုံးသွားပြီဖြစ်သည်။
“ပုရွက်ဆိတ်… ငါမင်းကို မင်းအသက်နဲ့ ပြန်ပေးဆပ်ခိုင်းမယ်”
မဟာကောင်းကင်ဘုံသာလွန်သူတောခွေး၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူက လောကတစ်ခုကို မြှောက်တင်ကာ မဟာတာအို နယ်မြေဖြစ်စဉ်တစ်ခုကို ထုတ်ဖော်လိုက်၏။
သူ၏ လောကကို မဟာတာအိုအငွေ့အသက်များက ပိုမိုကျယ်ပြန့်စွာနှင့် ပိုမိုသိပ်သည်းစွာ ဖုံးလွှမ်းထားလေသည်။ မဟာတာအိုနှင့်လောက၏ ငါးဆယ်ရာခိုင်နှုန်းကျော်က ပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။
ဤသည်မှာ တာအိုသုံးသပ်မှုနယ်ပယ်၏ အဆင့်မြင့်ကျွမ်းကျင်မှုဖြစ်သည်။
ဝုန်း…
လောကနှစ်ခုက ကျယ်လောင်သောမြည်သံနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ဆူဇီမို၏ လောကက ဆက်လက်၍ တောင့်မခံနိုင်တော့သည့်အလား အဆက်မပြတ် ယိမ်းထိုးလာ၏။
သို့သော်လည်း သိပ်မကြာခင် သူ၏ ကစဉ့်ကလျားလောကထဲကနေ အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ကျောက်စိမ်းရောင်ကြာပင်တစ်ပင်က ကောင်းကင်ထက်ကို ပျံတက်ကာ ကစဉ့်ကလျားအလွှာများကို ချိုးဖျက်၍ အလင်းရောင်နှင့်တဖျတ်ဖျတ်လက်နေ၏။
“ကစဉ့်ကလျားမဟာတာအို”
ထိုသည်ကို တွေ့မြင်သောအခါ မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်က အံ့အားတသင့်ရေရွတ်လိုက်၏။
“ဒါ့ကြောင့် သူ့လိုမျိုး သာလွန်သူတစ်ဦးရဲ့လောကက ကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို ဖိနှိမ်နိုင်ခဲ့တာကိုး”
မဟာကောင်းကင်ဘုံသာလွန်သူမဟူရာဆိတ်က တီးတိုးရေရွတ်လိုက်၏။
ကစဉ့်ကလျားမဟာတာအိုသည် မဟာတာအိုသုံးထောင်ကြားမှာ အသန်မာဆုံးနှင့် ကျင့်ကြံရအခက်ခဲဆုံးဖြစ်လေသည်။
ဤနှစ်များအားလုံးမှာ ဤမဟာတာအိုကို ကျင့်ကြံဖို့ကြိုးစားခဲ့သူ မရှိသလောက်နီးပါးပင်။
ဤမဟာတာအိုကိုကျင့်ကြံသောသူများကပင် အပယ်ခံဘဝနှင့် ရှင်သန်နေထိုင်ရပေလိမ့်မည်။
မဟာတာအိုက မတွေ့မြင်နိုင်၊ ထိတွေ့၍မရနိုင်ဟုဆိုလျှင်…။
ကစဉ့်ကလျားမဟာတာအိုသည် ဖမ်းဆုပ်ဖို့၊ နားလည်ဖို့နှင့် ဆင်ခြင်ဖို့ ပို၍ပင် ခက်ခဲလေသည်။
မဟာတာအိုသုံးထောင်ကြားမှာ တောခွေးတာအိုကဲ့သို့ တစ်စုံတစ်ရာသည် တစ်ခုသောကျင့်ကြံမှုနယ်ပယ်သို့ ရောက်ရှိလာသည်နှင့်အမျှ တောခွေးမျိုးနွယ်မှ မည်သူမဆို ကျင့်ကြံနိုင်သောအရာဖြစ်လေသည်။
ဒါ့အပြင် မျိုးဆက်သွေး၊ ဝိညာဉ်နှင့် မှတ်ဉာဏ်များကဲ့သို့ အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် သူတို့သည် တာအိုကို ပိုမိုရှင်းလင်းစွာ နားလည်ဆင်ခြင်ပြီး အာရုံခံမိနိုင်ကြ၏။
ဓားတာအိုမှာတော့ ဓားကျင့်ကြံသူများသည် သူတို့၏ ဓားနည်စနစ်များ၊ ဂမ္ဘီရကျင့်စဉ်များ၊ ဓားစိတ်ဆန္ဒနှင့် ဓားနှလုံးသားတို့ကနေတစ်ဆင့် မဟာတာအိုကို နားလည်ဆင်ခြင်နိုင်ကြ၏။
ရေတာအိုမှာဆိုလျှင် နားလည်ဆင်ခြင်ရန် ကျင့်ကြံသူများကို အကူအညီပေးနိုင်သည့် မြစ်များ၊ ရေကန်များ၊ ပင်လယ်များ၊ ဆီးနှင်း၊ မိုးနှင့် နှင်းတို့ရှိလေသည်။
နေ၊ လ၊ ကြယ် သို့မဟုတ် တောင်တန်းများနှင့်မြစ်များမှာ အရာရာတိုင်းအတွက် နှိုင်းယှဉ်စရာတချို့ အမြဲတမ်းရှိနေကြ၏။ သို့သော်လည်း ကစဉ့်ကလျားမဟာတာအိုအတွက် နှိုင်းယှဉ်နားလည်ဆင်ခြင်စရာ ဘာမှမရှိပေ။
စကြဝဠာ၏ ဆင့်ကဲပြောင်းလဲမှုကနေ ယခုအချိန်ထိ အရာရာတိုင်းသည် ကစဉ့်ကလျား၏ အခြေအနေကနေ လွတ်မြောက်လာခဲ့ပြီဖြစ်၏။
ကစဉ့်ကလျားမဟာတာအိုက စွမ်းအားကြီးမားသော်လည်း တစ်ယောက်ယောက်က ၎င်းကို နားလည်ဆင်ခြင်နိုင်ခြင်းမရှိဘဲ သူတို့၏ ကျင့်ကြံမှုနယ်ပယ်က ရပ်တန့်နေမည်ဆိုလျှင် သူတို့သည် နောက်ဆုံးမှာ နောင်တများနှင့် သေရပေလိမ့်မည်။
မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်က ပြောလိုက်၏။
“ဒီလူက တော်တော်ရည်မှန်းချက်ကြီးတာပဲ… သူက ကျင့်ကြံဖို့အတွက် ကစဉ့်ကလျားမဟာတာအိုကိုတောင်မှ ရွေးချယ်ထားတယ်”
“ဟမ့်…”
မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်က လှောင်ရယ်လိုက်၏။
“ဒီလူက ကစဉ့်ကလျားမဟာတာအိုမှာ ဘယ်လောက်ဝေးဝေးရောက်နိုင်တယ်ဆိုတာကို အသာထားဦး… သူက အရမ်းကို ပါရမီအရည်အချင်းရှိမယ်ဆိုရင်တောင် သူက လက်ကျန်ဘဝတစ်လျှောက်လုံး တာအိုကြီးစိုးမှုနယ်ပယ်မှာပဲ ရပ်တန့်နေလိမ့်မယ်… သူတော်စင်တစ်ပါးဖြစ်လာဖို့အတွက် တာအိုကိုပေါင်းစည်းဖို့ သူ့မှာ အခွင့်အရေးသေချာပေါက်မရှိဘူး”
“ဘာလို့ အဲလိုပြောတာလဲ”
မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်က မေးလိုက်၏။
မဟာကောင်းကင်ဘုံသာလွန်သူမဟူရာဆိတ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မဟာတာအိုက ပိုမိုသန်မာလေ… နောက်ပိုင်းမှာ တာအိုကိုပေါင်းစည်းဖို့က ပိုပြီးအန္တရာယ်များလေပဲလို့ တာအိုသာလွန်သူတစ်ဦးပြောတာကို ငါကြားဖူးတယ်”
သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်တဲ့ပြိုင်စံရှားတွေက သူတို့ရဲ့တာအိုကို ပေါင်းစည်းရင်း မဟာတာအိုရဲ့ တန်ပြန်ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိဘဲ သေခဲ့ကြရတယ်… အဲဒါကြောင့်ပဲ ပြိုင်စံရှားမွန်းစတားအတော်များများက တာအိုကြီးစိုးမှုနယ်ပယ်မှာ ရပ်တန့်နေကြပြီး သူတို့ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး နောက်ဆုံးအဆင့်ကို မလှမ်းရဲကြဘူး”
မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်က နားလည်သဘောပေါက်သွားသည့်အလား ခေါင်းညိတ်ပြလိုက်၏။
သူ့ကျင့်ကြံမှုနယ်ပယ်အရ သူသည် တာအိုကြီးစိုးမှုနယ်ပယ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များစွာကို မရရှိနိုင်ပေ။ သူတော်စင်နယ်ပယ်နှင့်ပတ်သက်၍တော့ သူက ပို၍ပင် မသိရှိပေ။
တကယ်တမ်းမှာ ဆူဇီမိုသည် ကစဉ့်ကလျားမဟာတာအိုကို ဤအဆင့်ထိ ကျင့်ကြံလာနိုင်သည်မှာ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်း၏ ပေါင်းစည်းမှုနှင့် ထိုကြာပန်းနှစ်ခုကနေ သူ့ထံဆောင်ကျဉ်းပေးလာသော မျိုးဆက်မှတ်ဉာဏ်များကြောင့်ဖြစ်သည်။
“အဲဒါက တကယ်ကို ကစဉ့်ကလျားမဟာတာအိုပဲ”
“တာအိုရောင်းရင်းဆူက ကစဉ့်ကလျားနန်းတော်တဲ့ရေစက်ပါတယ်လို့ သူ တစ်ခါပြောခဲ့ဖူးတာ အံဩစရာမရှိတော့ဘူး”
ရှုလွေနှင့်အခြားသူများက အကြည့်ချင်းဖလှယ်ပြီး ဆူဇီမိုကို သူတို့ခေါ်ဆောင်လာစဉ်က သူပြောခဲ့သည့်စကားတချို့ကို ပြန်လည်အမှတ်ရလိုက်၏။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။
လေထဲမှာရှိသောမြင်ကွင်းသည် အသင်္ချေတောကောင်တောင်ကြောရိုးမှသားရဲများစွာကိုလည်း တုန်လှုပ်သွားစေ၏။
တာအိုပြယုဂ်နယ်ပယ် သာလွန်သူတစ်ဦးသည် တာအိုသုံးသပ်မှုနယ်ပယ်မှာ အဆင့်မြင့်ကျွမ်းကျင်မှုရရှိထားသည့် မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးနှင့် အရေးနိမ့်ခြင်းမရှိဘဲ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေ၏။
ထိုမျှသာမက မဟာကောင်းကင်ဘုံသာလွန်သူတောခွေးသည် မကြာသေးခင်ကမှ အဆင့်ချိုးဖျက်တက်လှမ်းထားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဆူဇီမို၏ အမြုတေစိတ်ဝိညာည်တာအိုအမှတ်အသားဖြင့် သက်ရောက်ခံထားရသောကြောင့် သူ၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျနေ၏။
ခဏမျှတိုက်ခိုက်ပြီးနောက် ဆူဇီမိုသည် သိသိသာသာ အသာစီးရရှိလာ၏။ သူ၏ တိုက်ခိုက်မှုများက မုန်တိုင်းတစ်ခုကဲ့သို့ မွှေနှောက်ဝင်ရောက်လာပြီး မဟာကောင်းကင်ဘုံသာလွန်သူတောခွေး၏ အော်ရာကို လုံးလုံးလျားလျားဖိနှိမ်နေ၏။
ထိုအခိုက်အတန့်မှသာ ဆူဇီမိုသည် အသင်္ချေတောကောင်တောင်ကြောရိုးသို့ ဘာ့ကြောင့်ရောက်လာရဲသလဲ ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက နားလည်သဘောပေါက်သွားကြ၏။
ထို့ကြောင့်ပင် သူသည် အသင်္ချေတောကောင်ခန်းမထဲမှာ ဤမျှအထိ တည်ငြိမ်နေနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ကောင်းကင်ဘုံသာလွန်သူများနှင့် မဟာကောင်းကင်ဘုံသာလွန်သူများကိုပင် တွေ့မြင်ရသည့်အချိန်မှာ သူက ဣန္ဒြေရနေခြင်းဖြစ်၏။
သူ၏ အကြီးမားဆုံမှီခိုအားထားရာသည် မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သော သူ၏ တိုက်ခိုက်ရည်ခွန်အား ဖြစ်လေသည်။
ထိုသို့ဆိုလျှင်တောင် ကစဉ့်ကလျားနန်းတော်မှလူတိုင်းက စိုးရိမ်ပူပန်နေကြဆဲဖြစ်၏။
မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးက ဘေးကနေရပ်ကြည့်နေကြဆဲဖြစ်၏။
မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦး ဝင်ရောက်တိုက်ခိုက်လာသည်နှင့် အခြေအနေက သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။
ဒါ့အပြင် အသင်္ချေတောကောင်တောင်ကြောရိုး၏ ဘေးပတ်လည်မှာ စုဝေးရောက်ရှိနေသော သားရဲတောကောင်ပေါင်း သိန်းချီရှိနေ၏။
ထိုသားရဲများသည် တိုက်ပွဲကို အာရုံစိုက်ထားသောကြောင့်သာ တခြားဘာမှမလုပ်ကြသေးခြင်းဖြစ်သည်။
မဟာကောင်းကင်ဘုံသာလွန်သူတောခွေးက အမိန့်တစ်ချက်ပေးလိုက်ပြီး သားရဲများက စုပြုံတိုးဝင်လာသည်နှင့် သူတို့သည် မည်သည့်နည်းစနစ်ကိုမှ ထုတ်ဖော်စရာမလိုဘဲ ကစဉ့်ကလျားနန်းတော်မှ သူတို့ကို အသားပျော့ဖတ်များဖြစ်သည်အထိ နင်းချေနိုင်လေသည်။
တကယ်တမ်းမှာ မဟာကောင်းကင်ဘုံသာလွန်သူမဟူရာဆိတ်နှင့် မဟာကောင်းကင်ဘုံမဟူရာရွှေချပ်ဝတ်သည် ယခုတင် တိတ်တဆိတ်ဆက်သွယ်ပြောဆိုနေကြ၏။
လက်ရှိအခြေအနေက သူတို့နှစ်ယောက်အနေဖြင့် ဝင်ရောက်တိုက်ခိုက်ဖို့ကို အလောတကြီးရှိနေစရာမလိုပေ။ သူတို့သည် ဆူဇီမိုနှင့် မကောင်းကင်ဘုံသာလွန်သူတောခွေးကို စိတ်ကြိုက်တိုက်ခိုက်ခိုင်းထားမည်ဖြစ်သည်။ နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်သောရလဒ်ထွက်ပေါ်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထိုအခါ သူတို့က အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်မည်ဖြစ်သည်။
တစ်ယောက်ယောက်က အနိုင်ရခဲ့မည်ဆိုလျှင်တောင် အဲဒါသည် ဆိုးဆိုးရွားရွားအနိုင်ရလဒ်သာ သေချာပေါက်ဖြစ်ပေလိမ့်မည်။
သူတို့၏ တိုက်ခိုက်ရည်ခွန်အားအရ သူတို့ပူးပေါင်းမည်ဆိုလျှင် သူတို့သည် နောက်ဆုံးအနိုင်ရရှိသူကို အလွယ်တကူသေချာပေါက် ဖိနှိမ်နိုင်မည်ဖြစ်သည်။
“မဟူရာဆိတ်… ရွှေချပ်ဝတ်… မင်းတို့နှစ်ယောက် ဒီတိုင်းပဲ ဘေးကနေ ရပ်ကြည့်နေမှာလား”
တိုက်ရင်းခိုက်ရင်း ပို၍ပင် သန်မာလာနေသော ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်မှာ မဟာကောင်းကင်ဘုံသာလွန်သူတောခွေးသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ နောက်ဆုံးမှာ အော်ပြောလိုက်ရ၏။
မဟာကောင်းကင်ဘုံသာလွန်သူမဟူရာဆိတ်က တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ပြုံးနေ၏။ သူက သူ့ဘာသာသူ စိတ်ထဲကတွေးလိုက်၏။
‘အခုချိန်မှာ ငါတို့တွေက ဘေးမှာထွက်ထိုင်နေပြီး နောက်ပြီးကျမှ အကျိုးအမြတ်ကို ရိတ်သိမ်းရုံပဲလေ.. ငါတို့က သွေးထွက်သံယိုမရှိဘဲနဲ့တောင် အသင်္ချေတောကောင်တောင်ကြောရိုးကို သိမ်းပိုင်နိုင်ဦးမယ်။’
မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်ကလည်း ရယ်မော၍ တိုက်ခိုက်ဖို့စိတ်ကူးမရှိပေ.
မဟာကောင်းကင်ဘုံသာလွန်သူတောခွေး ထိုသို့ပြောလိုက်သည့်ခဏမှာပင် သူ၏ အော်ရာက မတည်မငြိမ်ဖြစ်သွားပြီး ဆူဇီမို၏ တိုက်ခိုက်မှုမှာ သူ၏ နောက်ဘက်ရှိလောကက ယိမ်းထိုးသွားလေသည်။
မဟာကောင်းကင်ဘုံသာလွန်သူတောခွေးသည် သူတို့က ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် သေဘေးကနေ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို နားလည်သဘောပေါက်သွား၏။ သူ၏ အတွေးများ ခုန်ပေါက်ပြေးလွှားနေစဉ် မဟာကောင်းကင်ဘုံသာလွန်သူတောခွေးက စိတ်ပိုင်းဖြတ်လိုက်၏။ သူက သူ၏ မာန်မာနကို လွှတ်ချပြီး အံကိုကြိတ်ကာ ပြောလိုက်၏။
“မဟာကောင်းကင်ဘုံသာလွန်သူတို့… ကျေးဇူးပြုပြီး ကျုပ်ကိုကယ်တင်ပေးပါဦး… အခုကစပြီး ကျုပ်က ခင်ဗျားတို့နောက်ကို လိုက်ပါမယ်… ခင်ဗျားတို့ကို ဘယ်တော့မှ သစ္စာမဖောက်တော့ဘူး”
မဟာကောင်းကင်ဘုံသာလွန်သူတောခွေး၏ စကားလုံးများသည် သူက မဟူရာဆိတ်တောင်ကြောရိုးထံ အညံ့ခံဖို့ ရွေးချယ်လိုက်သည်ဟု ဆိုလိုလေသည်။
လူတိုင်း၏ ရှေ့မှာ သူ့စကားကို ပြန်လည်ရုပ်သိမ်းနိုင်တော့မည် မဟုတ်ပေ။
မဟာကောင်းကင်ဘုံသာလွန်သူမဟူရာဆိတ်နှင့် မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်က အကြည့်ချင်းဖလှယ်ပြီး စိတ်ပါယိမ်းယိုင်လာကြ၏။
သူတို့သည် မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးကို ခေါ်ယူစုဆောင်းနိုင်မည်ဆိုလျှင် မဟူရာဆိတ်တောင်ကြောရိုးအတွက် အကျိုးယုတ်စရာမရှိပေ။
ဒါ့အပြင် ဤသည်က အသက်ကယ်ကျေးဇူးတစ်ခုလည်းဖြစ်၏။
ယခုကစ၍ မဟာကောင်းကင်ဘုံသာလွန်သူတောခွေးသည် သူတို့အပေါ် အသက်ကြွေးတင်သွားပေလိမ့်မည်။
မဟာကောင်းကင်ဘုံသာလွန်သူတောခွေးကို စိတ်လိုလက်ရ အညံ့ခံစေခြင်းဖြင့် သူတို့နှစ်ယောက်သည် သူတို့၏ ရည်ရွယ်ချက်ကိုလည်း အထမြောက်သွားမည်ဖြစ်သည်။
ထိုသို့အတွေးဖြင့် သူတို့နှစ်ယောက်သည် ခေါင်းညိတ်ပြီး အကြည့်ချင်းဖလှယ်လိုက်ကြ၏။ တစ်ချိန်တည်းမှာပင် သူတို့က ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။ သူတို့သည် ဆူဇီမိုရှိရာသို့ အမြုတေစိတ်ဝိညာဉ်တာအိုအမှတ်အသားနှစ်ခုကို ထုတ်ဖော်လိုက်လေသည်။
သူတို့နှစ်ယောက်အတွက်တော့ လက်ရှိအခြေအနေကို ဖြေရှင်းဖို့က အရမ်းကို လွယ်ကူလွန်းလေသည်။
ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ်တာအိုအမှတ်အသားကို ယခုတင် ထုတ်ဖော်ထားခါစဖြစ်ပြီး အဆက်မပြတ်တိုက်ခိုက်နေခဲ့ရ၏။ သူ့အနေဖြင့် သူတို့၏ တိုက်ခိုက်မှုများကိုခုခံရန် နောက်ထပ် အမြုတေစိတ်ဝိညာည်တာအိုအမှတ်အသားတစ်ခုကို စုဖွဲ့ဖို့က မဖြစ်နိုင်တော့ပေ။
ဆူဇီမိုသည် သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ဆိုလျှင်တောင် သူ၏ အမြုတေစိတ်ဝိညာဉ်တာအိုအမှတ်အသားသည် နှစ်ယောက်တစ်ယောက်ယှဉ်ပြိုင်တိုက်ခိုက်ဖို့ လွယ်ကူမည် မဟုတ်ပေ။
ရှုလွေနှင့်အခြားနှစ်ယောက်က ထိုသည်ကိုတွေ့မြင်သောအခါ ရင်ထဲမှာဆို့နင့်သွား၏။
သူတို့အစိုးရိမ်ရဆုံးအခြေအနေက ဖြစ်ပျက်လာဆဲပင်။
မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးက တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြပြီဖြစ်၏။