မတော်တဆသတ်မိသွားခြင်း
Vol. 216 Ch. 3264
ဓားနှစ်လက်ထဲမှတစ်လက်သည် အစိမ်းရောင်အလင်းနှင့်လှည့်ပတ်ပြီး မကောင်းဆိုးဝါးဆန်သော အေးစက်မှုတစ်ခုကို ဖြာထုတ်ပေးနေ၏။ ၎င်းသည် အစိမ်းရောင်ကြာပန်းဓားကို မဟာအဝီစိနှင့်ပေါင်းစည်းပြီးနောက် အသွင်ပြောင်းလဲလာသော အဝီစိဓားဖြစ်လေသည်။
အခြားသောဓားက သွေးများဖြင့်စွန်းထင်းနေသည့်အလား နီညိုရောင်ဖြစ်ပြီး မီးတောက်များဖြင့်လောင်ကျွမ်းနေပုံရလေသည်။ ၎င်းသည် သတ်ဖြတ်လိုစိတ်ဖြင့်ပြည့်နှက်နေပြီး ဝိညာဉ်ကို လှုပ်ခတ်စေနိုင်၏။ ၎င်းသည် အနီရောင်ကြာပန်းဓားကို တမလွန်သွေးပင်လယ်နှင့်ပေါင်းစည်းခြင်းကနေ အသွင်ပြောင်းလဲလာသော တမလွန်ဓားဖြစ်သည်။
ဓားနှစ်လက်ပေါ်ထွက်လာသည့်ခဏမှာပင် သူတို့သည် မရေမတွက်နိုင်သောအကြည့်များကို ဆွဲဆောင်မိသွားသည်။ သို့သော်လည်း သိပ်မကြာခင် သူတို့၏ ခေါင်းများကိုငုံ့ပြီး မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်ကြ၏။
တစ်ချက်ကြည့်ရုံမျှနှင့် သူတို့၏ နှလုံးများက ဆွဲထုတ်ခံရတော့မည့်အလား လူတိုင်းသည် သူတို့၏ မျက်လုံးထဲမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြိး သူတို့က ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြ၏။
မဟာကောင်းကင်ဘုံသာလွန်သူမဟူရာဆိတ်နှင့် မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်က နောက်ပြန််လှည့်ကြည့်လိုက်ကြ၏။ သူတို့သည် တစ်ချိန်တည်းမှာပင် ပင့်သက်ကိုရှိုက်ပြီး ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားလေသည်။
သူတို့နှစ်ယောက်သည် ဓားနှစ်လက်ထံမှ အလွန်တရာအန္တရာယ်များသော အော်ရာတစ်ခုကို အာရုံခံမိနိုင်ကြ၏။
အစကတော့ သူတို့နှစ်ယောက်က နောက်သို့ ဆုတ်ခွာနေရုံမျှသာဖြစ်၏။
အဝီစိဓားနှင့် တမလွန်ဓားကို တွေ့မြင်ပြီးနောက် သူတို့သည် အသက်လုထွက်ပြေးနေသည့်အလား သူတို့၏လှုပ်ရှားမှုနည်းစနစ်များကို အကန့်အသတ်ထိ အရှိန်အဟုန်မြှင့်တင်လိုက်ပြီး သူတို့၏ အဆင့်အတန်းများကို ဂရုမစိုက်နိုင်ကြတော့ပေ။
စောစောက တိုက်ပွဲအပြီးမှာ ဆူဇီမိုသည် သူ၏ တိုက်ခိုက်ရည်ခွန်အားအပေါ် အကြမ်းဖျင်းနားလည်သဘောပေါက်သွားပြီဖြစ်၏။
သူသည် သူ၏ သွေးချီနှင့် မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်မည်ဆိုလျှင် မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို ထိန်းထားနိုင်ပေလိမ့်မည်။ သို့သော်လည်း သူသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာခါစဖြစ်ပြီး မဟာကမ္ဘာတစ်ထောင်လောက၏ အခြေအနေနှင့်ပတ်သက်၍ များစွာမသိရှိပေ။ ဘေးပတ်ဝန်းကျင်ကလည်း ရှင်းလင်းမနေဘဲ သူ့အနေဖြင့် အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို အချိန်မတိုင်ခင် ထုတ်ဖော်ဖို့က မသင့်လျော်ပေ။
စောစောက တိုက်ခိုက်ဖလှယ်မှုအပြီးမျာ သူသည် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်၊ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် ကြမ္မာမီးကြာခုံတို့ကိုပင် မထုတ်ဖော်ခဲ့ပေ။ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ပေါက်ကြားသွားမည်ကို သူက စိုးရိမ်နေသောကြောင့်ဖြစ်၏။
ပြန်လည်ပုံသွင်းထားသော အဝီစိဓားနှင့် တမလွန်ဓားကတော့ သူတို့၏ မူလအော်ရာများကို ပြောင်လဲထားပြီဖြစ်ပြီး သူတို့ကို အခြားသူများက အလွယ်တကူမှတ်မိနိုင်မည် မဟုတ်ပေ။
သူသည် ထိုဓားနှစ်လက်ကို ရရှိပြီးနောက် ယခုအချိန်ထိ အသုံးမပြုရသေးပေ။
ဆူဇီမိုကလည်း ထိုဓားနှစ်လက်၏ စွမ်းအားကို စမ်းသပ်ကြည့်လိုနေ၏။
“သွားတော့…”
ထွက်ပြေးနေသော မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦး၏ နောက်ကျောကို ကြည့်ပြီး ဆူဇီမိုက သူ၏ စိတ်ဝိညာည်အသိစိတ်ဖြင့် စေညွှန်ကာ ရှေ့ကိုလက်ညှိုးထိုးပြီး အော်ငေါက်လိုက်၏။
ဓားနှစ်လက်က အလင်းတန်းနှစ်ခုအသွင် ပြောင်းလဲသွား၏။ တစ်ခုက အစိမ်း၊ တစ်ခုက အနီဖြစ်ပြီး နေရာကနေ ချက်ချင်းပင် ပျောက်ကွယ်ကာ ကြောက်ခမန်းလိလိအလျင်အဟုန်ဖြင့် မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးနောက်သို့ ပြေးလိုက်သွားလေသည်။
မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးသည် ရှေ့သို့ ကြိုတင်ရောက်ရှိနေပြီး ကီလိုမီတာထောင်ချီအကွာအဝေးကို ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်၏။
သို့သော်လည်းအဝီစိဓားနှင့် တမလွန်ဓားသည် လေဟာနယ်ကို ချိုးဖျက်ပြီး တစ်ခဏချင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာ၏။
အဲဒါက အရမ်းကိုမြန်ဆန်လေသည်။
မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်က မရှောင်တိမ်းနိုင်တော့ဘူးဆိုတာကို တွေ့မြင်သောအခါ သူက လောကတစ်ခုကို အလောတကြီးမြှောက်တင်ပြီး သူ၏ မဟာတာအိုနယ်မြေဖြစ်စဉ်ကို စုဖွဲ့လိုက်၏။ သူက သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်ကနေ ကျိန်းစပ်နေသော ရွှေရောင်အလင်းတစ်ခုဖြာထွက်ကာ ထူထဲသော ချပ်ဝတ်တစ်လွှာအဖြစ် သူ့ကိုဖုံးလွှမ်းသွားလေသည်။
တစ်ချိန်တည်းမှာပင် သူက ဆေဘာကို ဆုပ်ကိုင်ပြီး ဝင်ရောက်လာသော အဝီစိဓားကို ခုတ်ပိုင်းချလိုက်၏။
တကယ်ဆို အဝီစိဓားသည် ၎င်းကိုယ်၎င်း တမင်သက်သက် ခုခံနေခဲ့ခြင်းပင်မရှိပေ။ သူ၏ ဆေဘာက အဝီစိဓား၏ အနားစောင်းပေါ်သို့ ဆင်းသက်သွားသောအခါ ၎င်းက နှစ်ပိုင်းကျိုးထွက်သွားလေသည်။
ဖောက်.. ဖောက်.. ဖောက်…
အဝီစိဓားက အဖြောင့်တိုးဝင်လာ၏။
သူ၏ မဟာတာအိုနယ်မြေဖြစ်စဉ်သည် အဝီစိဓား၏ အနားစောင်းမှာ စက္ကူရွက်များကဲ့သို့ ထိုးဖောက်ခံလိုက်ရ၏။
မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်၏ လောကကပင်လျှင် အဝီစိဓား၏ ထက်ရှမှုကို မခုခံနိုင်ပေ။
အဝီစိဓားသည် အထက်ရှဆုံးဖြစ်သည်ဟု အနက်ရောင်ဝတ်အမျိုးသားက ဆူဇီမိုကို တစ်ခါပြောခဲ့ဖူး၏။
ယခု ဆူဇီမိုက အဲဒါကို ကိုယ်တိုင်မြင်တွေ့လိုက်ရပြီး ထိုအကဲဖြတ်မှုက ချဲ့ကားပြောဆိုခြင်းမဟုတ်ကြောင်း သိလိုက်ရ၏။
မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်သည် တုန်လှုပ်နေပြီး အဝီစိဓားက သူ၏ ရင်ဘတ်သို့ ထိုးစိုက်လာသည်ကို ကူကယ်ရာမဲ့စွာကြည့်နေရ၏။
သူ၏ နည်းလမ်းများအားလုံးက ဤဓားနှင့်ရင်ဆိုင်ရချိန်မှာ သုံးစားမရဖြစ်သွားပုံရသည်။
ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှု။
သို့သော်လည်း တစ်ချိန်တည်းမှာပင် မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်က စိတ်သက်သာရာရသွား၏။
ကြည့်ရသည်မှာ ဆူဇီမိုက သူ့ကို သတ်ဖြတ်လိုခြင်းမရှိပုံရလေသည်။
မဟုတ်ပါက ထိုဓားသည် သူ၏ ရင်ဘတ်ကို ချိန်ရွယ်လာလိမ့်မည် မဟုတ်ပေ။ ထိုအစား ၎င်းသည် သူ၏အမြုတေစိတ်ဝိညာဉ်ကိုသတ်ဖြတ်ဖို့အတွက် သူ၏ဦးခေါင်းကို ချိန်ရွယ်လာပေလိမ့်မည်။
ထိုအတွေးက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် အဝီစိဓားသည် သူ၏ ရင်ဘတ်ပေါ်ရှိ ထူထဲသော ရွှေရောင်ချပ်ဝတ်ကိုထိုးဖောက်ပြီး သူ၏ ရင်ဘတ်မှာ ဓားပေါက်တစ်ပေါက် ကျန်ရစ်ခဲ့စေလေသည်။ သူ၏ခန္ဓာကိုယ်ကနေ သွေးစီးကြောင်းများပန်းထွက်လာ၏။
မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်က တုန်လှုပ်ချောက်ချားသွားပြီး သူ၏ အမူအရာက အေးစက်တောင့်တင်းသွား၏။ သူ၏ အကြည့်က အေးခဲတောင့်တင်းသွားပြီး သူ၏ မျက်လုံးများက လျင်မြန်စွာမှေးမှိန်ကာ ဆက်လက်၍ အသက်မရှူနိုင်တော့ပေ။
မဟာအဝီစိဓားဖြင့် ရင်ဘတ်ကို ထိုးဖောက်ခံရပြီးနောက် မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးက နေရာမှာပင် သတ်ဖြတ်ခံလိုက်ရ၏။
အဲဒါကို အာရုံခံမိပြီး ဆူဇီမိုက တိတ်တဆိတ်မျက်မှောင်ကြုတ်လိုက်သည်။
မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်၏ ခန့်မှန်းချက်က မှန်ကန်ခဲ့လေသည်။ သူသည် မဟူရာဆိတ်တောင်ကြောရိုးမှ မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို သတ်ဖြတ်ဖို့ တကယ်ပင် စိတ်ကူးမရှိခဲ့ပေ။
သူသည် အသင်္ချေတောကောင်တောင်ကြောရိုးသို့ ဝင်ရောက်လာပြိး အရိုးများဖုံးလွှမ်းနေသည့်တောအုပ်နှင့် သွေးစွန်းနေသော မြေကို တွေ့မြင်ရပြီးနောက် သူသည် ခေါင်းဆောင်လေးဦးကို လွှတ်ပေးဖို့ စိတ်ကူးမရှိတော့ပေ။
သို့သော်လည်း သူသည် မဟူရာဆိတ်တောင်ကြောရိုးမှ ကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို ချိုးနှိမ်ပြီး သူ့အတွက် အမှုထမ်းဆောင်ပေးရန် အလိုရှိခဲ့၏။
အဲဒါထက် သူတို့ကို ကစဉ့်ကလျားနန်းတော်အတွက် အမှုထမ်းခိုင်းမည်ဖြစ်လေသည်။
ကစဉ့်ကလျားနန်းတော်မှာ လူသုံးထောင်ကျော်ကျော်သာလျှင်ရှိလေသည်။ သူကလွဲလျှင် သာလွန်သူသုံးဦးသာရှိလေသည်။ သူတို့၏ အခြေခံအုတ်မြစ်က အရမ်းကိုအားနည်းလွန်းနေ၏။
သူတို့သည် အသင်္ချေတောကောင်တောင်ကြောရိုးနှင့် မဟူရာဆိတ်တောင်ကြောရိုးကို သိမ်းပိုက်မည်ဆိုလျှင်တောင် သူတို့သည် အဖွဲ့အစည်းနှစ်ခု၏ ရင်းမြစ်သတ္တုတွင်းများကို ထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။
သူသည် မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်နှင့်ရွှေချပ်ဝတ်ကို ချိုးနှိမ်ထားနိုင်မည်ဆိုလျှင် သူသည် မဟူရာဆိတ်တောင်ကြောရိုးကိုပါ ထိန်းချုပ်သွားနိုင်ခြင်းနှင့် တူညီပေလိမ့်မည်။ အနည်းဆုံးတော့ ကစဉ့်ကလျားနန်းတော်ကို ဤနေရာမှာ ခြေကုပ်ရယူနိုင်အောင် သူတို့က ကူညီပေးနိုင်လေသည်။
ထို့ကြောင့် ဆူဇီမိုသည် မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်၏ ရင်ဘတ်ကိုသာ ချိန်ရွယ်ခဲ့ခြင်းဖြစ်၏။
သူသည် ထိုသူကို အသက်ရှင်လျက်ထိန်းထားပြီး သင်ခန်းစာတစ်ခုပေးပြီးနောက် ချိုးနှိမ်ချင်လေသည်။
သို့သော်လည်း ဆူဇီမိုသည် အဝီစိဓား၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို လျှော့တွက်ခဲ့မိ၏။
မဟာအဝီစိကို အဝီစိဓားထဲမှာ ထည့်သွင်းပေါင်းစည်းထား၏။ ၎င်းသည် မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်ကို ထိုးဖောက်သွားသောအခါ သေစေနိုင်သော ထိခိုက်ဒဏ်ရာကို မဖြစ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်၏။
သို့သော်လည်း ဓားထဲမှာရှိသော မဟာအဝီစိသည် ၎င်း၏ စွမ်းပကားကိုထုတ်ဖော်ပြီး မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်၏ အမြုတေစိတ်ဝိညာဉ်ကို ဝါးမျိုကာ သူ့ကို မဟာအဝီစိသို့ ဆွဲခေါ်သွားလေသည်။
မဟာအဝီစိသည် အစိမ်းရောင်ကြာပန်းဓားနှင့် ပေါင်းစည်းကာ ပြန်လည်ပုံသွင်းပြီးနောက် ၎င်း၏ စွမ်းအားက ဆပွားမြင့်တက်လာ၏၊
အရင်တုန်းက မဟာဧကရာဇ်မီးတောက်ကောင်းကင်ဘုံနှင့် ငရဲအရှင်၏ အမြုတေစိတ်ဝိညာဉ်များသည် မဟာအဝီစိမှာ အကျဉ်းချခံရပြီးနောက် သေဆုံးခဲ့ခြင်းမရှိသည်မှာ သူတို့သည် ထာဝရအသက်ကိုပိုင်ဆိုင်ထားပြီး သူတော်စင်နယ်ပယ်ကို ရောက်ရှိနေပြီဖြစ်သောကြောင့်ပင်။
သို့သော်လည်း မဟာကောင်းကင်ဘုံသာလွန်သူရွှေချပ်ဝတ်၏ အမြုတေစိတ်ဝိညာဉ်က ဤကဲ့သို့သောခွန်အားကို ဘယ်လိုလုပ်ပိုင်ဆိုင်နိုင်ပါ့မလဲ။
အဟာအဝီစိဖြင့် ဝါးမျိုခြင်းခံရပြီးနောက် သူက အထဲမှာရှိသော စွမ်းအားဖြင့် ချက်ချင်းပင် သတ်ဖြတ်ခံရကာ သူ၏ ဝိညာဉ်က ပျက်ပြယ်သွား၏။
အပြောင်းအလဲကို အာရုံခံမိသွားပြီး ဆူဇီမိုက အခြားတစ်ဘက်ကို အလောတကြီးကြည့်လိုက်၏။
တမလွန်ဓား၏ ထက်ရှမှုနှင့်ရင်ဆိုင်ရချိန်မှာ မဟာကောင်းကင်ဘုံသာလွန်သူမဟူရာဆိတ်၏ နည်းလမ်းများစွာက ၎င်းကို လုံးဝခုခံနိုင်ခြင်းမရှိဘဲ ပေါင်းပင်များကဲ့သို့ ဖျက်ဆီးခံလိုက်ရ၏။
ဆူဇီမိုက တမလွန်ဓားကို အလောတကြီးထိန်းချုပ်လိုက်၏။ ဓားဖျားက မဟာကောင်ကင်ဘုံသာလွန်သူမဟူရာဆိတ်၏ ရင်ဘတ်ကို ထိုးဖောက်တော့မည့်ဆဲဆဲမှာပင် ၎င်းက ရုတ်တရက်ရပ်တန့်သွား၏။
မဟာကောင်းကင်ဘုံသာလွန်သူမဟူရာဆိတ်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ ရင်ဘတ်ရှေ့မှာ ရပ်တန့်သွားသည့် သွေးနီရောင်ဓားကို ငုံ့ကြည့်လိုက်၏။ သူက ခေါင်းနားပန်းကြီးပြီး လိပ်ပြာလွင့်မတတ်ကြောက်လန့်နေလေသည်။
တမလွန်ဓားသည် ရပ်တန့်သွားပြီး ဓားချီက သူ၏ အဝတ်စကို ဆုတ်ဖြဲကာ သူ၏ ရင်ဘတ်တွင် အပေါ်ယံဒဏ်ရာတစ်ခု ဖြစ်သွားစေရုံသာဖြစ်၏။ ၎င်းက သေစေနိုင်သောဒဏ်ရာမဟုတ်ပေ။ မဟာကောင်းကင်ဘုံသာလွန်သူမဟူရာဆိတ်က စိတ်သက်သာစွာ သက်ပြင်းချတော့မည့်ဆဲဆဲမှာပင် သူ၏မျက်လုံးက တုန်လှုပ်မှုဖြင့်ပြူးကျယ်သွား၏။
မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက သူ့ရင်ဘတ်ရှိ အပေါ်ယံဒဏ်ရာကနေတစ်ဆင့် သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖျစ်ညှစ်လိုက်လေသည်။
မဟာကောင်းကင်ဘုံသာလွန်သူမဟူရာဆိတ်၏ အမြုတေစိတ်ဝိညာဉ်သည် ဖျက်ဆီးခံရပြီး သူ၏ ခေါင်းက လည်ကျကာ နေရာမှာတင် သေဆုံးသွား၏။
မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးက ခြွင်းချက်မရှိသေဆုံးသွားလေသည်။
ဆူဇီမိုသည် ထိုမြင်ကွင်းကို ငေးငိုင်စွာကြည့်နေပြီး အနက်ရောင်ဝတ်အမျိုးသားပြောခဲ့သည့်စကားကို ပြန်လည်အမှတ်ရသွား၏။
‘တမလွန်ဓားက သတ်ဖြတ်ရာမှာ နံပါတ်တစ်ပဲ။’
အပေါ်ယံဒဏ်ရာတစ်ခုမျှသည် မဟာကောင်းကင်ဘုံသာလွန်သူမဟူရာဆိတ်၏ အသက်ကို နုတ်ယူသွားလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
၎င်းက တကယ်ပင် သတ်ဖြတ်ရာမှာ နံပါတ်တစ်ဖြစ်သည်။
ရှုလွေနှင့်အခြားသူများက ထိုသည်ကိုတွေ့မြင်သောအခါ ခဏမျှမှင်တက်ပြီးနောက် အော်ဟစ်လိုက်ကြ၏။
မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို ဆူဇီမိုက ဤမျှအထိ လွယ်ကူစွာ သတ်ဖြတ်ပစ်လိုက်လိမ့်မည်ဟု ဘယ်သူက တွေးမိပါ့မလဲ။
သူတို့သုံးယောက် ဆူဇီမိုဘေးသို့ စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် ပြေးလာကြ၏။ သူတို့က စကားပြောတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက ညင်သာစွာသက်ပြင်းချပြီး မကျေမနပ်ဖြင့်ရေရွတ်လိုက်၏။
“အာ… သွားပါပြီ.. ငါသူတို့ကို မတော်တဆ သတ်မိသွားပြီ”
“ဟမ်…”
သူတို့သုံးယောက်က မျက်လုံးအပြူးသားနှင့် ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။ သူတို့က အလိုမကျဖြစ်နေသော ဆူဇီမိုကို ကြည့်ပြီး သူတို့၏ စိတ်များက ကသောင်းကနင်းဖြစ်ကာ သူတို့က ပြောစရာစကားများ ပျောက်ဆုံးသွားကြလေသည်။