← Chapters

နန်းတော်အရှင် ကစဉ့်ကလျား

Vol. 216 Ch. 3265

နန်းတော်အရှင် ကစဉ့်ကလျား

Vol. 216 Ch. 3265

ရှုလွေနှင့် အခြားသူများက မှင်တက်သွားကြ၏။

သူက ဘာကို ဆိုလိုတာလဲ…

သူတို့က ဘယ်လို ပြန်ဖြေပေးရမှာလဲ…

အစကတော့ သူတို့သုံးယောက်သည် အောင်ပွဲခံချင်ကြ၏။ သို့သော်လည်း ဆူဇီမိုက အတော်လေး မချိတင်ကဲဖြစ်နေပုံရ၏။

ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စေညွှန်ပြီး အဝီစိဓားနှင့် တမလွန်ဓားကို ပြန်လည်ရိတ်သိမ်းလိုက်၏။

“ဒီဓားနှစ်လက်က တော်တော်စွမ်းအားကြီးမားတာပဲ… ငါ နောက်ကျရင် သူတို့ကို ကိုင်တွယ်တဲ့အခါ သတိထားရမယ်”

ဆူဇီမိုက သူ့ဘာသာသူ တွေးလိုက်၏။

ဒါ့အပြင် သူသည် အဝီစိဓားနှင့် တမလွန်ဓားကို စောစောက ပြန်ခေါ်စဉ် ဓားနှစ်လက်သည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး သူ့ထိန်းချုပ်မှုကနေ ရုန်းထွက်ချင်သည့် လက္ခဏာများပင် ပြသနေ၏။ ထိုသို့မဟုတ်လျှင် တမလွန်ဓား၏ ဓားချီသည် မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်၏ အရေပြားကို ထိုးဖောက်ချင်မှ ထိုးဖောက်နိုင်ခဲ့ပေလိမ့်မည်။

“တာအိုရောင်းရင်းဆူ… ရှင်က အဲ့ဒီမဟာကောင်းကင်ဘုံသာလွန်သူနှစ်ယောက်ကို မသတ်ဖြတ်ချင်ခဲ့တဲ့ပုံပဲ”

ချန်ချင်းဟယ်က အကဲစမ်းမေးမြန်းလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြီး ထိုကိစ္စကို ဖုံးကွယ်ထားခြင်း မရှိပေ။

“ငါ့ရဲ့ နဂိုစိတ်ကူးက သူတို့နှစ်ယောက်ကို ချိုးနှိမ်ပြီး ကစဉ့်ကလျားနန်းတော်အတွက် မဟူရာဆိတ်တောင်ကြောရိုးကို သူတို့ကို ထိန်းချုပ်ခိုင်းမလို့ပဲ”

“ကြည့်ရတာတော့ သူတို့ သေဆုံးသွားပြီးတဲ့နောက် မဟူရာဆိတ်တောင်ကြောရိုးမှာ သာလွန်သူနေရာအတွက် သားရဲတောကောင်တွေ ယှဉ်ပြိုင်တိုက်ခိုက်မယ့် ရုန်းရင်းဆန်ခတ် အခြေအနေတစ်ခု ပေါ်ထွက်လာတော့မှာပဲ… ငါတို့က မဟူရာဆိတ်တောင်ကြောရိုးကို သိမ်းပိုက်ဖို့ မလွယ်တော့ဘူး”

သူ၏ခွန်အားအရ သူသည် မဟူရာဆိတ်တောင်ကြောရိုးကို စိုးမိုးခြယ်လှယ်နိုင်လေသည်။

သို့သော်လည်း ကစဉ့်ကလျားနန်းတော်မှာ လူအရေအတွက် သုံးထောင်ကျော်ကျော်သာလျှင် ရှိ၏။

ဒါ့အပြင် သူတို့အများစုသည် ကျင့်ကြံမှုနယ်ပယ် နိမ့်ကျပြီး လုံလောက်အောင် သန်မာမှု မရှိကြပေ။

သူတို့သည် မဟူရာဆိတ်တောင်ကြောရိုးကို သိမ်းပိုက်မည်ဆိုလျှင်ပင် သူတို့သည် ဤကဲ့သို့ ကြီးမားသော ပိုင်နက်နယ်မြေတစ်ခုကို ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာသည့် အဓိကအကြောင်းရင်းမှာ သူ၏ကျင့်ကြံမှုကို တတ်နိုင်သမျှမြန်မြန် မြှင့်တင်ပြီး သူ၏ ခွန်အားကို ပိုမိုသန်မာလာစေဖို့ဖြစ်၏။

သူ့အနေဖြင့် ရင်းမြစ်သတ္တုတွင်းများနှင့် ပိုင်နက်နယ်မြေများအတွက် သားရဲတောကောင်များနှင့် နေရာတိုင်းမှာ လိုက်လံတိုက်ခိုက်နေစရာ အကြောင်းမရှိပေ။

“တာအိုရောင်းရင်းဆူ... တကယ်တော့ ခင်ဗျားက မဟူရာဆိတ်တောင်ကြောရိုးက မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို ချမ်းသာပေးမယ်ဆိုရင်တောင် သူတို့တွေက စိတ်လိုလက်ရ အညံ့ခံမှာ မဟုတ်ဘူး”

ရှုလွေက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“နှစ်ပေါင်း ခြောက်ဘီလီယံကျော်ကြာအောင် မျိုးနွယ်စုအမျိုးမျိုးက ပညာရှင်တွေက အရှေ့တောင်ဒေသမှာ နှစ်ပေါင်းများစွာကြာအောင် စိုးမိုးခြယ်လှယ်နေကြတာ… သူတို့တွေက တခြားသူတွေထံမှာ ဘယ်လိုလုပ် အညံ့ခံချင်ပါ့မလဲ”

“ကျုပ်တို့က သူတို့ကို ကျုပ်တို့ဘေးမှာ ထိန်းထားမယ်ဆိုရင် သူတို့တွေက အချိန်မရွေး ကျုပ်တို့ကို သစ္စာဖောက်နိုင်တယ်… သူတို့က ပုန်းလျှိုးနေတဲ့ ကြီးမားတဲ့ အန္တရာယ်တွေတောင် ဖြစ်လာနိုင်တယ်”

ချန်ချင်းဟယ်ကလည်း ခေါင်းညိတ်ကာ ဝင်ပြောလိုက်၏။

“ရှင်က အသင်္ချေတောကောင် တောင်ကြောရိုးက ခေါင်းဆောင်လေးဦးကို သတ်ခဲ့ပြီးပြီ… ဒါပေမဲ့ တခြားသားရဲတောကောင်တွေက ဒီမှာနေဖို့ မရွေးချယ်ကြဘူး… သူတို့က ခြေဦးတည့်ရာကို ထွက်ပြေးကုန်ကြပြီ”

“သူတို့ရဲ့ နှလုံးသား အနက်ပိုင်းထဲမှာ သူတို့က ကျွန်မတို့ကို လုံးဝ အသိအမှတ်ပြုမထားဘူး”

မုံ့ရှစ်က သူ ပြောနေကျအတိုင်း ပို၍ပင် မုန်းတီးစွာဖြင့် ဝင်ပြောလိုက်၏။

“ဒီနှစ်တွေအားလုံးမှာ တခြားမျိုးနွယ်က သက်ရှိတွေက အရှေ့တောင်ဒေသမှာ မရေမတွက်နိုင်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်… သူတို့ရဲ့ ပြစ်မှုတွေက ခွင့်လွှတ်လို့ မရဘူး… သူတို့ကို သတ်လိုက်တာ ပိုကောင်းတယ်”

ဆူဇီမိုက နှုတ်ဆိတ်နေ၏။

ကြည့်ရသည်မှာ သူသည် သားရဲတောကောင်များကို ချန်ထားမည်ဆိုလျှင်တောင် အနာဂတ်တွင် ကစဉ့်ကလျားနန်းတော်မှာ ပဋိပက္ခများ မလွဲမသွေ ရှိလာပေလိမ့်မည်။

ထိုသို့အတွေးဖြင့် ဆူဇီမိုသည် ထွက်ပြေးနေသော သားရဲတောကောင်များကို ရပ်တန့်တားဆီးဖို့ စိတ်ကူးမရှိတော့ပေ။

ရုန်းရင်းဆန်ခတ် အခြေအနေကို အခွင့်ကောင်းယူကာ ထွက်ပြေးနေသော သားရဲတောကောင်များကြားတွင် လူတစ်ယောက် ရောနှောပါဝင်နေ၏။ သို့သော်လည်း သူ့ကို ထွက်ခွာခွင့်မပေးနိုင်ပေ။

ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး ထိတ်လန့်တကြားဖြင့် ပြေးလွှားနေသော ကျင့်ကြံသူအပေါ် ဆင်းသက်ရောက်ရှိသွား၏။ ရုတ်တရက် သူက သူ၏ လက်ကို ဆန့်ထုတ်ပြီး လေဟာနယ်ကနေ ထိုလူကို ဖမ်းဆွဲကာ မြေပြင်ပေါ်သို့ သာမန်ကာလျှံကာ ပစ်ချလိုက်၏။

ထိုလူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေ၏။ သူက ကစဉ့်ကလျားနန်းတော်ကို သစ္စာဖောက်ခဲ့သော ဖန်းမူ ဖြစ်လေသည်။

အသင်္ချေတောကောင်တောင်ကြောရိုးနှင့် မဟူရာဆိတ်တောင်ကြောရိုးမှ မဟာကောင်းကင်ဘုံသာလွန်သူများနှင့် ကောင်းကင်ဘုံသာလွန်သူများ ဆက်တိုက်သေဆုံးသွားပြီးမှသာ ဆူဇီမိုသည် သူ့ကို အသင်္ချေတောကောင်တောင်ကြောရိုးသို့ ဘာကြောင့်ခေါ်ဆောင်လာသလဲနှင့် သူ့ကို အေးအေးချမ်းချမ်း သေခွင့်ပေးမည်ဟုပင် ဘာကြောင့်ပြောဆိုခဲ့သလဲ ဖန်းမူက နောက်ဆုံး နားလည်သဘောပေါက်သွား၏။

“သစ္စာဖောက်”

မုံ့ရှစ်က အော်ဟစ်ကာ ကျိန်ဆဲလိုက်၏။

ဆူဇီမိုက ရှုလွေကိုကြည့်ပြီး မေးလိုက်၏။

“ကစဉ့်ကလျားနန်းတော်မှာ ဒီလိုမျိုး လူတွေအတွက် အပြစ်ဒဏ်ပေးဖို့ ချမှတ်ထားတဲ့ ဂိုဏ်းစည်းမျဉ်းစည်းကမ်းတွေ ရှိလား”

သူသည် ကစဉ့်ကလျားနန်းတော်မှ လူတိုင်းကို ကယ်တင်ပေးခဲ့ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ထိပ်တန်းအဆင့်မှာ ရှိသော်လည်း မည်သို့ပင်ဆိုစေ သူက နန်းတော်အရှင် ကစဉ့်ကလျား မဟုတ်ပေ။

ဤကဲ့သို့သော ကိစ္စမျိုးကို ရှုလွေထံ လွှဲပေးသည်က ပိုကောင်းလေသည်။

ရှုလွေက သူ၏ လက်နှစ်ဖက်ကိုယှက်ပြီး ပြန်ဖြေလိုက်၏။

“ကျုပ်တို့ဘိုးဘေးတွေ ပြောပုံအရ အရင်တုန်းက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရဲ့ ဂိုဏ်းစည်းမျဉ်းစည်းကမ်းတွေက အတော်လေး ပေါ့လျော့ပြီး သဘောကောင်းခဲ့တယ်… ကစဉ့်ကလျားနန်းတော်က သက်ရှိတွေပေါ် တင်းကျပ်တဲ့ ကန့်သတ်မှုတွေ မရှိဘူး… သူတို့တွေက စိတ်ကြိုက် လာနိုင်သွားနိုင်တယ်”

“ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက အန္တရာယ်နဲ့ ကြုံတွေ့ပြီး သူတို့က ထွက်ခွာဖို့ ရွေးချယ်မယ်ဆိုရင်တောင် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက သူတို့ကို အပြစ်ပေးမှာ မဟုတ်ဘူး… ဒါပေမဲ့ သူတို့တွေက အနာဂတ်မှာ အထွတ်အမြတ်ခိုလှုံရာဆီ ဘယ်တော့မှ ပြန်လာနိုင်မှာတော့ မဟုတ်ဘူး”

ဆူဇီမိုက ညင်သာစွာ ခေါင်းညိတ်လိုက်၏။

ကြည့်ရသည်မှာ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာသည် တကယ်ပင် သဘောမနောကောင်းသည်ဟု ဆိုနိုင်သည်။

အပင်မျိုးနွယ်မှာ အစကတည်းက သန်မာသော သတ်ဖြတ်လိုစိတ် မရှိသောကြောင့် အဲ့ဒါကို နားလည်လက်ခံ၍ ရနိုင်၏။

အောက်ဘုံလောကများနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာပင် ဤကဲ့သို့ ပေါ့လျော့၍ သဘောကောင်းလွန်းသော ဂိုဏ်းစည်းမျဉ်းစည်းကမ်းများစွာ မရှိပေ။

ရှုလွေက ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ဖန်းမူက ကစဉ့်ကလျားနန်းတော်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ရုံတင်မကဘူး… သူက တခြားအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး သူတို့နဲ့ ကစဉ့်ကလျားနန်းတော်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်… အဲ့ဒါက သည်းခံလို့ မရဘူး”

ဖန်းမူသည် ကစဉ့်ကလျားနန်းတော်မှာ မနေလိုဘူးဆိုလျှင် သို့မဟုတ် သူတို့နှင့် အေးအတူပူအမျှ မတွေ့ကြုံ မခံစားလိုဘူးဆိုလျှင်တောင် ကစဉ့်ကလျားနန်းတော်၏ ဂိုဏ်းစည်းမျဉ်းစည်းကမ်းက သူ့ကို အပြစ်ပေးလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ကစဉ့်ကလျားနန်းတော်ကို တိုက်ခိုက်ဖို့အတွက် အပြင်လူများနှင့် ပူးပေါင်းခြင်းသည် သူက အောက်စည်းကို ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။

စောစောက အသင်္ချေတောကောင်ခန်းမမှာ ဖန်းမူသည် ကစဉ့်ကလျားနန်းတော်မှ လူတိုင်းကို ဖျက်ဆီးဖို့အတွက် အသင်္ချေတောကောင်တောင်ကြောရိုးနှင့် မဟူရာဆိတ်တောင်ကြောရိုးကိုပင် အသုံးချလိုခဲ့လေသည်။ ထိုလုပ်ရပ်က ခွင့်လွှတ်၍ မရနိုင်သော ပြစ်မှုဖြစ်လေသည်။

“နန်းတော်အရှင်... ကျေးဇူးပြုပြီး အမိန့်ပေးပါ”

ထိုစဉ်မှာပင် ရှုလွေက ရုတ်တရက် ဆူဇီမိုဘက်ကိုလှည့်ပြီး ဦးညွှတ်လိုက်၏။

ချန်ချင်းဟယ်နှင့် မုံ့ရှစ်ကလည်း ဤကိစ္စကို ဆွေးနွေးပြီးသား ဖြစ်သည့်အလား ဦးညွှတ်လိုက်ကြ၏။

“ငါက အခုမှ တက်လှမ်းလာတာပဲ”

ဆူဇီမိုက အနည်းငယ် မှင်တက်သွား၏။

“နန်းတော်အရှင်... ခင်ဗျားက ကစဉ့်ကလျားနန်းတော်ကို ကယ်တင်ပေးထားတယ်… ခင်ဗျားက ကျုပ်တို့ရဲ့ ကျေးဇူးရှင်ပဲ”

“နောက်ပြီး ခင်ဗျားက ကစဉ့်ကလျားမဟာတာအိုကို ကျင့်ကြံထားတယ်… ခင်ဗျားက ကစဉ့်ကလျားနန်းတော်အရှင်ဖြစ်ဖို့ သေချာပေါက် အဆင့်မီတယ်… ကျေးဇူးပြုပြီး မငြင်းပယ်လိုက်ပါနဲ့”

ရှုလွေက လေးနက်သော အသံဖြင့် ပြောလိုက်၏။

ချန်ချင်းဟယ်က ထပ်ပြောလိုက်၏။

“နန်းတော်အရှင်... ကျေးဇူးပြုပြီး ကစဉ့်ကလျားနန်းတော်ကို ကူညီပေးဖို့ သဘောတူပေးပါ”

“ဒီနှစ်တွေထဲမှာ ကစဉ့်ကလျားနန်းတော်မှာ အစစ်အမှန်နန်းတော်အရှင် ဘယ်တုန်းကမှ မရှိခဲ့ဘူး… ကျုပ်တို့တွေက စီနီယာတွေအဖြစ် ဦးဆောင်ပေးနေရုံပဲ”

မုံ့ရှစ်က ပြောလိုက်၏။

“အခုကစပြီး ကျုပ်... မုံ့ရှစ်က ခင်ဗျားဆီမှာပဲ အညံ့ခံလိုတယ်”

ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က သူတို့၏ မျက်လုံးထဲရှိ မျှော်လင့်စောင့်စားမှုနှင့်အတူ ဆူဇီမိုကို ဦးညွှတ်လိုက်ကြ၏။

သူတို့အားလုံးသည် ဆူဇီမိုထံမှာ မျှော်လင့်ချက် တစ်စွန်းတစ်စကို တွေ့မြင်နေရ၏။

ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ ဂုဏ်ကျက်သရေက တစ်နေ့မှာ ပြန်လည်ပေါ်ထွက်လာနိုင်လေသည်။

ဒါ့အပြင် လက်ရှိကစဉ့်ကလျားနန်းတော်သည် အသင်္ချေတောကောင်တောင်ကြောရိုးမှာ အခြေချနိုင်သော်လည်း သူတို့သုံးထောင်ကျော်ကျော်မျှနှင့် ခြေကုပ်ရယူနိုင်မည် မဟုတ်ပေ။

ဆူဇီမို ရှိနေမှသာ ကစဉ့်ကလျားနန်းတော်က ရှင်သန်နိုင်မည်ဖြစ်၏။

“ကောင်းပြီလေ”

ထိုသို့အတွေးဖြင့် ဆူဇီမိုက သဘောတူလက်ခံလိုက်၏။

အစကတော့ သူသည် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်းကို ပေါင်းစည်းထားခဲ့ပြီဖြစ်ပြီး သူ့ကို ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းတစ်ဝက်ဟု ဆိုနိုင်ပြီဖြစ်သည်။ သူက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာနှင့် ရင်းရင်းနှီးနှီး ပတ်သက်ဆက်စပ်နေသည်ဆိုမှတော့ သူ့အနေဖြင့် ငြင်းပယ်စရာ မလိုတော့ပေ။

သူကလွဲလျှင် ကစဉ့်ကလျားနန်းတော်ကို ဦးဆောင်ဖို့ အဆင့်မီသည့် တခြားသူ မရှိလောက်တော့ပေ။

“ဟုတ်ပြီဟေ့..”

ဆူဇီမို သဘောတူလိုက်သည်ကို တွေ့မြင်သောအခါ မုံ့ရှစ်တို့အားလုံးက ပြုံးရွှင်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်ကြ၏။

ဤနှစ်များအားလုံးမှာ သူတို့သည် ယနေ့လိုမျိုး ပျော်ရွှင်မှုနှင့် ဂုဏ်ယူဝင့်ကြွားမှုကို ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပေ။

လွန်ခဲ့သည့်တစ်ရက်ကပင် ကစဉ့်ကလျားနန်းတော်သည် အသက်ဓာတ်မဲ့၍ လူတိုင်းက စိတ်အားညှိုးငယ်နေခဲ့ကြ၏။

သို့သော် ယခု ကစဉ့်ကလျားနန်းတော်မှ ကျင့်ကြံသူတိုင်းသည် စိတ်လိုလက်ရ အပြုံးများနှင့် ပေါကြွယ်ဝသော အသက်ဓာတ်အားဖြင့် ပြည့်နှက်လာပြီဖြစ်၏။

ဤအရာများ အားလုံးသည် ဖန်းမူနှင့် မသက်ဆိုင်တော့ပေ။

ဖန်းမူသည် ရင်းနှီးနေကျ မျက်နှာများနှင့် သူ့မိတ်ဆွေဟောင်းများ၏ မျက်နှာများပေါ်မှ အပြုံးများကို ကြည့်နေ၏။ သူသည် လူတိုင်းနှင့်အတူ ကျင့်ကြံပြီး အတူတကွပြေးလွှားခဲ့ရသည့် နေ့ရက်များကို ပြန်လည်အမှတ်ရလာ၏။

ထိုနေ့ရက်များသည် ပါးလွှာသော ရေခဲပြင်ပေါ်မှာ လျှောက်လှမ်းနေရသည့်အလား ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များခဲ့သော်လည်း လူတိုင်းက အတူတကွ စုစည်းမိနေကြပြီး ဝမ်းသာစရာများနှင့် ဝမ်းနည်းစရာများကို အတူတကွ တွေ့ကြုံခံစားခဲ့ကြ၏။

သူတို့သည် အေးအတူပူအမျှ ဖြတ်ကျော်ပြီး ဆင်းရဲဒုက္ခများကြားမှာ ပျော်ရွှင်စရာကို ရှာဖွေရင်း ကစဉ့်ကလျားနန်းတော်အတွက် နောက်ဆုံးမျှော်လင့်ချက်ကို ကိုင်စွဲထားခဲ့ကြ၏။

ရုတ်တရက် ထိုနေ့ရက်များနှင့် သူ့ရှေ့မှ လူများသည် သူ၏ စိတ်ထဲတွင် စွဲထင်နေပြီး အစားထိုး၍ မရနိုင်သော နေရာတစ်ခု သိမ်းပိုက်ထားသည်ကို ဖန်းမူက ရုတ်တရက် နားလည်သဘောပေါက်သွား၏။

အဆုံးမဲ့နောင်တနှင့် မလုပ်မလဲခံစားချက်များက သူ့နှလုံးသား၏ အနက်ပိုင်းထဲမှာ ပေါ်ထွက်လာ၏။

“အစကတော့ ငါက မင်းတို့ထဲကတစ်ယောက် ဖြစ်ခဲ့ရမှာ”

ဖန်းမူက တီးတိုး ရေရွတ်လိုက်၏။

သူ့စကား မဆုံးခင် ဖန်းမူက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏မျက်လုံးထဲရှိ အလင်းရောင်က တဖြည်းဖြည်း ပျက်ပြယ်သွားလေသည်။ သူက ရှုလွေနှင့် တခြားသူများကိုကြည့်ပြီး နောက်ဆုံးမှာ အပြုံးတစ်ခုကို ထုတ်ဖော်ရင်း ဗလုံးဗထွေး ပြောလိုက်၏။

“အားလုံးပဲ ဂရုစိုက်ကြပါ”

ထိုသို့ ပြောပြီးနောက် ဖန်းမူက သူ့ကိုယ်သူ သတ်သေပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

All Chapters