← Chapters

မြွေနဂါးကျွန်း

Vol. 216 Ch. 3267

မြွေနဂါးကျွန်း

Vol. 216 Ch. 3267

ဆယ်နှစ်ကြာပြီးနောက်...

ပေါင်းမိုးပြည်နယ်မှာ...

အရှေ့တောင်ဒေသ၏ ပြည်နယ် ၁၂ခုကြားမှာ ပေါင်းမိုးပြည်၏ အကြီးမားဆုံး အဖွဲ့အစည်းသည် အဆိပ်ငါးမျိုးနန်းတော်ဖြစ်ပြီး ပြည်နယ်ထဲရှိ တစ်ခုတည်းသော ပထမတန်းစား အဖွဲ့အစည်းလည်းဖြစ်သည်။

နယ်မြေဒေသတစ်ခုကို အုပ်စိုးသော အဆိပ်ငါးမျိုးနန်းတော်၏ လက်အောက်မှာ ဒုတိယတန်းစား အဖွဲ့အစည်း ထောင်ချီ ရှိလေသည်။

တတိယတန်းစား အဖွဲ့အစည်းများက မရေမတွက်နိုင်အောင် ရှိနေ၏။

အဖွဲ့အစည်းတစ်ခုမှာ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် တာအိုသုံးသပ်မှုနယ်ပယ်ပညာရှင်တစ်ဦး ရှိနေမှသာ ထိုအဖွဲ့အစည်းကို ဒုတိယတန်းစားအဖွဲ့အစည်းတစ်ခုဟု ခေါ်ဆိုဖို့ အဆင့်မီလေသည်။

ဒုတိယတန်းစား အဖွဲ့အစည်းများအကြားမှာ သန်မာသော အဖွဲ့အစည်းများနှင့် အားနည်းသော အဖွဲ့အစည်းများ ရှိနေ၏။

အရင်က ထိန်းသိမ်းစောင့်ရှောက်ပေးမည့် ကောင်းကင်ဘုံသာလွန်သူ လေးဦးသာ ရှိနေခဲ့သည့် အသင်္ချေတောကောင်တောင်ကြောရိုးကိုတော့ ဒုတိယတန်းစားအဖွဲ့အစည်းများကြားမှာ အောက်ဆုံးအဆင့်တွင်သာ ရှိသည်ဟု ဆိုနိုင်သည်။

ဒုတိယတန်းစား အဖွဲ့အစည်းများကြား အစစ်အမှန် အရှင်သခင်များမှာ အန္တိမကောင်းကင်ဘုံသာလွန်သူများ ရှိသည့် အဖွဲ့အစည်းများ ဖြစ်လေသည်။

မြွေနဂါးကျွန်းက သူတို့ထဲမှ တစ်ခုဖြစ်၏။

မြွေနဂါးကျွန်းအရှင်သည် အစကတည်းက မြွေနဂါးမျိုးနွယ်မှဖြစ်ပြီး စွမ်းအားကြီးမားသော ကိုယ်ကာယနှင့် မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည်။ ဒါ့အပြင် သူသည် ပကတိတာအိုသုံးသပ်မှုနယ်ပယ်မှာ ရောက်ရှိနေပြီး အန္တိမကောင်းကင်ဘုံသာလွန်သူပညာရှင်များကြားမှာ ကျော်ကြားလေသည်။

မရေတွက်နိုင်သော အန္တိမကောင်းကင်ဘုံသာလွန်သူပညာရှင်များက သူ့လက်ထဲမှာ သေခဲ့ရဖူးသည်။ သူသည် ကျင့်ကြံမှုနယ်ပယ်တူမှာ အခြားသူများကို ရှုံးခဲလေသည်။

မြွေနဂါးကျွန်းအရှင်မှာ လျှို့ဝှက်ဆန်းကြယ်သော စိတ်ဝိညာဉ်ရတနာတစ်ခုရှိပြီး ၎င်းသည် ရတနာများကို ဝါးမျို၍ စွမ်းအားကြီးမားသော ရန်သူများကို ချုပ်ထိန်းထားနိုင်သည်ဟုဆိုသည်။

အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးသည် မြွေနဂါးကျွန်းအရှင်နှင့် တိုက်ခိုက်နေသည့် တိုက်ပွဲအတွင်း ရုတ်တရက်ပျောက်ကွယ်သွားသည်ကို လူတစ်ယောက်က မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရဖူးသည်။

ထိုအန္တိမကောင်းကင်ဘုံသာလွန်သူသည် လောကကနေ တစ်စွန်းတစ်စမကျန် ဖျောက်ဖျက်ခံလိုက်ရပုံရသည်။

ထို့ကြောင့်ပင် မြွေနဂါးကျွန်းမှာ အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးသာ ရှိသော်လည်း အန္တိမကောင်းကင်ဘုံသာလွန်သူများ ရှိသည့် အခြားသော ဒုတိယတန်းစားအဖွဲ့အစည်းများက သူတို့ကို အလွယ်တကူ ရန်မစလိုကြပေ။

ဤနေ့မှာ မြွေနဂါးကျွန်းအရှင်သည် သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ စွမ်းအင်အတက်အကျတစ်ခုနှင့်အတူ တံခါးပိတ်ကျင့်ကြံရာကနေ နိုးထလာ၏။

တာအိုသုံးသပ်မှုနယ်ပယ်မှာ လူတစ်ယောက်၏ ဘဝသက်တမ်းက နှစ်ပေါင်း တစ်ဘီလီယံအထိ ရောက်ရှိနိုင်သည်။

ယခုအချိန်မှာ သူ့အသက်က နှစ်ပေါင်း သန်း ၈၀၀ ရှိခဲ့လေပြီ။

တာအိုသုံးသပ်မှုနယ်ပယ်မှာ သူရောက်ရှိနေခဲ့သည့်အချိန်ကပင် နှစ်သန်း ၅၀၀ ဖြစ်သည်။

တာအိုသုံးသပ်မှုနယ်ပယ် အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးအနေဖြင့် အသက် နှစ်သန်း ၈၀၀ အရောက်မှာ သူ၏ အထွတ်အထိပ်အရွယ်ကနေ စတင်ကျဆင်းလာခဲ့ပြီဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ သူသည် ပို၍အိုမင်းလာပြီး သူ၏ အမြုတေချီနှင့် စိတ်ဝိညာဉ်အပါအဝင် သူ့ခန္ဓာကိုယ်၏ အချိုးအစားတိုင်းက ကျဆင်းလာပေလိမ့်မည်။

သူ့အနေဖြင့် အဆင့်ချိုးဖျက်တက်လှမ်းဖို့ကလည်း ပို၍ ပို၍ ခက်ခဲလာပေလိမ့်မည်။

သူသည် နောက်တစ်ဆင့်ကို မတက်လှမ်းနိုင်ဘဲ တာအိုကြီးစိုးမှုနယ်ပယ်သို့ မဝင်ရောက်နိုင်လျှင် သူသည် သူ၏လက်ကျန်ဘဝတစ်လျှောက်လုံး ပကတိတာအိုသုံးသပ်မှုနယ်ပယ်မှာ ရပ်တန့်နေပေလိမ့်မည်။

လူတစ်ယောက်သည် တာအိုကြီးစိုးမှုနယ်ပယ်ကို ဝင်ရောက်သည်နှင့် သူတို့၏ ဘဝသက်တမ်းက နှစ် ဆယ်ဘီလီယံ ဖြစ်လာပေလိမ့်မည်။

ဘဝသက်တမ်းသည် တာအိုသုံးသပ်မှုနယ်ပယ်မှာထက် ဆယ်ဆတိုးလာမည် ဖြစ်သည်။

မိုးပျံမြွေနဂါးအရှင်က မချင့်မရဲခံစားနေရ၏။

သူသည် အရင်တုန်းက အမည်မဲ့ရတနာကားချပ်တစ်ခုကို ရရှိခဲ့ပြီးကတည်းက သူသည် အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းသလောက်နီးပါးဖြစ်ခဲ့သည်။

သို့သော်လည်း နှစ်ပေါင်းများစွာကြာအောင် ထိုရတနာကားချပ်ကို နားလည်ဆင်ခြင်ပြီးတာတောင် သူက မည်သည့်အရာကိုမှ မရရှိနိုင်ပေ။

ထိုအမည်မဲ့ ရတနာကားချပ်ကို အသုံးချပြီး သူပြုလုပ်နိုင်သည့်အရာမှာ ထောင်ချောက်တစ်ခုကို ခင်းကျင်းပြီး စွမ်းအားကြီးမားသော ရန်သူများကို သတ်ဖြတ်နိုင်ခြင်းသာ ဖြစ်လေသည်။

မိုးပျံမြွေနဂါးကျွန်းအရှင်က ခန်းမတစ်ခုထဲကို ရောက်ရှိလာ၏။

ထိုအခိုက်အတန့်မှာ ခန်းမ၏ နှစ်ဖက်ခြမ်းစလုံးတွင် လူများဖြင့် ပြည့်နှက်နေပြီဖြစ်၏။ ကြည့်လေရာနေရာတိုင်းမှာ ကျင့်ကြံမှုအနိမ့်ဆုံးသူများက သာလွန်သူများဖြစ်ပြီး အခြားသူများက ကောင်းကင်ဘုံသာလွန်သူများနှင့် မဟာကောင်းကင်ဘုံသာလွန်သူများ ဖြစ်ကြသည်။

“အဖေ... တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ်… နေနဲ့လလို ကျော်စောတောက်ပပြီး ထာဝရရှင်သန်ပါစေ”

မြွေနဂါးခန်းမထဲမှာ ကျွန်းအရှင်၏ မျိုးဆက်များသည် အရင်ဆုံး ရှေ့သို့ထွက်ပြီး သူ့ဘက်ကို ဒူးထောက်ကာ ဂုဏ်ပြုစကား ကျယ်လောင်စွာ ပြောဆိုလိုက်၏။

“ကျွန်းအရှင်... တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ်… နေနဲ့လလို တောက်ပကျော်စောပြီး ထာဝရရှင်သန်ပါစေ”

ထို့နောက် ချက်ချင်းပင် သာလွန်သူများ၊ ကောင်းကင်ဘုံသာလွန်သူများနှင့် မဟာကောင်းကင်ဘုံသာလွန်သူများက ခန်းမထဲမှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချလိုက်၏။

ဤလူများသည် ကျွန်းအရှင်၏ အသက် နှစ်သန်း ၈၀၀ပြည့် မွေးနေ့ကို ဂုဏ်ပြုရန် ဤနေရာကို ရောက်ရှိလာသည့် မြွေနဂါးကျွန်း၏ ပညာရှင်များ ဖြစ်ကြလေသည်။

“ထကြ...”

မြွေနဂါးကျွန်းအရှင်က ညင်သာစွာ ခေါင်းညိတ်ပြီး စိတ်အာရုံ ပျံ့လွင့်စွာဖြင့် ပြောလိုက်၏။

“အဖေ... ခင်ဗျားစိတ်ထဲမှာ တစ်ခုခုရှိနေလို့လား”

မြွေနဂါးကျွန်းအရှင်၏ လေးယောက်မြောက်သား မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်က သူ့အဖေ အကျပ်ရိုက်နေသည်ကို တွေ့မြင်သောအခါ မတ်တတ်ထရပ်ပြီး မေးလိုက်၏။

“ထာဝရရှင်သန်ဖို့လား... ထာဝရရှင်သန်မှုတဲ့လား... ဟမ့်...”

မြွေနဂါးကျွန်းအရှင်က ရယ်မောပြီး သူ၏ခေါင်းကို ခါယမ်းလိုက်၏။

“ထာဝရရှင်သန်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး”

“အဖေ... ခင်ဗျားက အရွယ်ကောင်းမှာပဲ ရှိသေးတယ်. ခင်ဗျား သေချာပေါက် နောက်တစ်ဆင့်ကို တက်လှမ်းပြီး တာအိုကြီးစိုးမှုနယ်ပယ် တာအိုသာလွန်သူတစ်ဦး ဖြစ်လာမှာပါ”

မြွေနဂါးကျွန်းအရှင်၏ ရှစ်ယောက်မြောက်သား မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက အလောတကြီး ဝင်ပြောလိုက်၏။

မြွေနဂါးကျွန်းအရှင်က ပြုံးပြီး သူ၏ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်၏။

သူ့မှာ မျိုးဆက်များစွာ ရှိပြီး သူ၏ လေးယောက်မြောက်သားနှင့် ရှစ်ယောက်မြောက်သားသည် သူ့သားများစွာကြားမှာ ပါရမီအရှိဆုံးနှင့် အထူးချွန်ဆုံး နှစ်ယောက်ဖြစ်လေသည်။

နဂါးမင်းသားနှစ်ပါးသည် နှစ်ပေါင်းများစွာကြာအောင် ပေါ်ပေါ်ထင်ထင်တစ်မျိုး တိတ်တဆိတ်တစ်မျိုး ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့ကြ၏။ မြွေနဂါးကျွန်းအရှင်က အရာရာတိုင်းကို မသိချင်ယောင်ဆောင်ထားလေသည်။

မည်သို့ပင်ဆိုစေ၊ ဤသားနှစ်ယောက်သည် သူ၏ မျက်နှာသာကို ရရှိဖို့အတွက် ယှဉ်ပြိုင်နေကြခြင်းဖြစ်ပြီး သူတို့ပြုလုပ်သမျှ အရာရာတိုင်းက သူ့ကို စိတ်ကျေနပ်စေသည်။

ရုတ်တရက် မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက ပြောလိုက်၏။

“အဖေ... မကြာသေးခင် နှစ်တွေထဲမှာ ကိစ္စတစ်ခုကို ကျုပ်ကြားခဲ့ရတယ်… အဲဒါက ခင်ဗျားကို တာအိုကြီးစိုးမှုနယ်ပယ် တက်လှမ်းနိုင်အောင် ကောင်းကင်ဘုံက ပို့ပေးလိုက်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်နိုင်တယ်”

“အို...”

မြွေနဂါးကျွန်းအရှင်၏ နှုတ်ခမ်းမွေးက စိတ်ဝင်တစားဖြင့် တွန့်သွား၏။

သူသည် တာအိုကြီးစိုးမှုနယ်ပယ်သို့ တက်လှမ်းနိုင်မည့် မည်သည့်အခွင့်အရေးကိုမှ လက်မလွှတ်လိုပေ။

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက သူ့ကို အရင်ဆုံး စိတ်လှုပ်ရှားစေပြီးမှ မေးလိုက်၏။

“အဖေ... ကစဉ့်ကလျားနန်းတော်ကို ကြားဖူးလား”

မြွေနဂါးကျွန်းအရှင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“ကစဉ့်ကလျားနန်းတော်က ရှိသေးလို့လား... ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ ဖျက်စီးခံရတုန်းက ကျေးကျွန်တစ်အုပ်စုက ပြေးရင်းလွှားရင်း သူတို့ရဲ့အဖွဲ့အစည်းကို ဆက်ထိန်းထားတယ်လို့တော့ ငါကြားမိတယ်… သူတို့တွေက အကုန်သေသွားလောက်ပြီလို့တောင် ငါထင်နေတာ”

“အဖေ... ခင်ဗျားက အမျှော်အမြင် ရှိပါပေတယ်”

မြွေနဂါးကျွန်းအရှင်က ဘာပဲပြောပြော မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက အရင်ဆုံး မြှောက်ပင့်ပြီးမှ ဆက်ပြောလိုက်၏။

“ကစဉ့်ကလျားနန်းတော်က တကယ်ပဲ ဖျက်စီးခံရတော့မယ့်ဆဲဆဲပဲ… ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက နန်းတော်အရှင်သစ်တစ်ပါးက ကစဉ့်ကလျားနန်းတော်မှာ မွေးဖွားပေါ်ထွက်လာတယ်… သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက လာတဲ့ တက်လှမ်းလာသူတစ်ယောက်လို့ ဆိုတယ်”

“နန်းတော်အရှင်သစ် ကစဉ့်ကလျားက အရင်ဆုံး မဟူရာကြွက်ဂိုဏ်းကို ဖျက်စီးလိုက်တယ်… ပြီးတော့ သူက အသင်္ချေတောကောင်တောင်ကြောရိုးမှာ တိုက်ခိုက်ပြီး ကောင်းကင်ဘုံသာလွန်သူ သုံးဦးနဲ့ မဟာကောင်းကင်ဘုံသာလွန်သူ သုံးဦးကို သတ်ဖြတ်လိုက်တယ်… သူတို့ထဲက မဟာကောင်းကင်ဘုံသာလွန်သူ နှစ်ဦးက မဟူရာဆိတ်တောင်ကြောရိုးကပဲ”

“အဲဒီတိုက်ပွဲအပြီးမှာ ကစဉ့်ကလျားနန်းတော်က အသင်္ချေတောကောင်တောင်ကြောရိုးကို သိမ်းပိုက်လိုက်တယ်… အခု သူတို့က ရင်းမြစ်သတ္တုတွင်း ၁၂ တွင်းကို သိမ်းပိုက်ထားပြီ.. မကြာသေးခင် နှစ်တွေထဲမှာ နာမည်ဂုဏ်သတင်း မြင့်မားလာတယ်”

“ကျုပ်လည်း အဲဒီအကြောင်းကို ကြားမိတယ်”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်က ထပ်ပြောလိုက်၏။

“ဟဲဟဲ”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက သရော်တော်တော် အမူအရာဖြင့် လှောင်ရယ်လိုက်၏။

“အစ်ကို-၄... မင်း တခြားဘာသိသေးလို့လဲ”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်က နှုတ်ဆိတ်သွား၏။

မြွေနဂါးကျွန်းအရှင်က မေးလိုက်၏။

“အဲဒီ တက်လှမ်းလာသူက ဘယ်ကျင့်ကြံမှုနယ်ပယ်မှာလဲ... ဘယ်မျိုးနွယ်ကလဲ”

“အဖေ... ခင်ဗျားက တကယ့်ကို ဉာဏ်ရှိတာပဲ… မေးခွန်းတစ်ခုတည်းနဲ့ အဓိကအချက်ကို ထွင်းဖောက်မြင်နိုင်တယ်”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက ထပ်မံ၍ ချီးကျူးလိုက်၏။

“နန်းတော်အရှင် ကစဉ့်ကလျားက သာမန်မျိုးဆက်သွေးနဲ့ လူသားတစ်ဦးပဲ… သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က တာအိုပြယုဂ်နယ်ပယ်ရဲ့ တတိယအသွင်ပြောင်းလဲခြင်းမှာပဲ ရှိတယ်”

“အို...”

မြွေနဂါးကျွန်းအရှင်က တစ်စုံတစ်ရာ လွဲမှားနေသည်ကို ပြောနိုင်ပြီး မေးလိုက်၏။

“တာအိုပြယုဂ်နယ်ပယ် တတိယအသွင်ပြောင်းလဲခြင်းမှာ ရှိတဲ့ သာလွန်သူတစ်ဦးက ကောင်းကင်ဘုံသာလွန်သူ သုံးဦးနဲ့ မဟာကောင်းကင်ဘုံသာလွန်သူ သုံးဦးကို အဆင့်ကျော်ပြီး သတ်ဖြတ်လိုက်တာလား”

“ဟုတ်ပါတယ်”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက ခေါင်းညိတ်ပြလိုက်၏။

“ဘယ်လိုမျိုးလဲ...”

မြွေနဂါးကျွန်းအရှင်က ချက်ချင်းပင် မေးလိုက်၏။

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက ပြောလိုက်၏။

“ကျုပ်သိရသလောက်ဆိုရင် နန်းတော်အရှင် ကစဉ့်ကလျားမှာ ပြိုင်ဘက်ကင်း ရတနာဓားနှစ်လက် ရှိတယ်… မဟာကောင်းကင်ဘုံသာလွန်သူတွေတောင်မှ အဲဒီလက်နက်တွေကို မခုခံနိုင်ဘူး… အဲဒီလက်နက်တွေက သေချာပေါက် ထူးခြားဆန်းကြယ်နေရမယ်”

“ဓားနှစ်လက်လား...”

မြွေနဂါးကျွန်းအရှင်က စိတ်ပျက်လက်ပျက်ဖြင့် တီးတိုးရေရွတ်လိုက်၏။

၎င်းသည် နတ်ဘုရားလက်နက်များသာ ဖြစ်သည်ဆိုလျှင် သူတို့သည် သူအဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် အသုံးဝင်မှုများစွာ ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း လုံယွီပြောပုံအရ ထိုဓားနှစ်လက်ကို တကယ်ပင် ရှားရှားပါးပါး ရတနာများဟု ဆိုနိုင်သည်။

တာအိုပြယုဂ်နယ်ပယ်သာလွန်သူတစ်ဦးကပင် မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့လေသည်။

၎င်းက သူ့လက်ထဲကို ရောက်ရှိလာမည်ဆိုလျှင် မည်ကဲ့သို့သော စွမ်းအားမျိုး ထွက်ပေါ်လာမလဲ။

“ကစဉ့်ကလျားနန်းတော်က အခု ဘယ်လောက်ထိ သန်မာလဲ”

မြွေနဂါးကျွန်းအရှင်က မေးလိုက်၏။

“အဖေ...”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကျုပ် အဲဒီကိစ္စကို ထောက်လှမ်းပြီးသွားပြီ… အခုအချိန်မှာ ကစဉ့်ကလျားနန်းတော်မှာ ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ မဟာကောင်းကင်ဘုံသာလွန်သူ ၁၂ ဦး ရှိတယ်… ဒါပေမဲ့ အဲဒီမဟာကောင်းကင်ဘုံသာလွန်သူ ၁၂ ဦးက သိပ်ပြီး မသန်မာဘူး… သူတို့က ခြိမ်းခြောက်နိုင်စွမ်း သိပ်မရှိဘူး”

“တကယ်တမ်း ကိုင်တွယ်ရ အခက်အခဲဆုံးက နန်းတော်အရှင် ကစဉ့်ကလျားပဲ”

“ကစဉ့်ကလျားနန်းတော်ရဲ့ ရင်းမြစ်သတ္တုတွင်းတွေကို လုယူဖို့ ကြိုးစားခဲ့တဲ့ တခြားမဟာကောင်းကင်ဘုံသာလွန်သူပညာရှင်တွေ ရှိခဲ့ပေမဲ့ ကျရှုံးသွားတယ်လို့ ဆိုတယ်…. သူတို့တွေက ကစဉ့်ကလျားနန်းတော်မှာပဲ သေဆုံးသွားကြရတယ်”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက ထိုသို့ပြောရင်း သူက မြွေနဂါးကျွန်းအရှင်၏ မျက်လုံးထဲရှိ အကြည့်ကို အကဲခတ်ကြည့်နေ၏။ ထိုသူက စိတ်ပါယိမ်းယိုင်လာသည်ကို တွေ့မြင်သောအခါ သူက ဆက်ပြောလိုက်၏။

“အဖေ... ခင်ဗျား ခွင့်ပြုပေးတာနဲ့ ကျုပ်က ကစဉ့်ကလျားနန်းတော်ဆီ သက်ဖြတ်ခြင်းနဲ့ လမ်းဖောက်ဖို့ ကျွန်းမှာရှိတဲ့ စစ်တပ်တစ်တပ်ကို ဦးဆောင်သွားလိုက်မယ်… ပြီးရင် ဒီနေ့ ခင်ဗျားအတွက် ရတနာဓားနှစ်လက်ကို ပြန်ယူလာခဲ့မယ်။”

All Chapters