← Chapters

ဖိတ်စာ

Vol. 216 Ch. 3268

ဖိတ်စာ

Vol. 216 Ch. 3268

“အဲဒါက မသင့်လျော်ဘူး”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်က ရုတ်တရက် ပြောလိုက်သည်။

“ဘာလို့လဲ… အစ်ကို-၄... ခင်ဗျားက အကျိုးဆောင်မှုကို လုယူချင်လို့လား”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက အေးစက်နေသော အမူအရာဖြင့် မေးလိုက်၏။

“ဟဲဟဲ... ညီ-၈… မင်း နားလည်မှုလွဲနေပြီ”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်က ညင်သာစွာပြုံးပြီး မြွေနဂါးကျွန်းအရှင်ကို ကြည့်လိုက်၏။ သူက ဦးညွှတ်ကာ ပြောလိုက်သည်။

“အခွံမာသီးကို ခွဲဖို့အတွက် ပေါင်တူသုံးစရာမလိုဘူး… ဒါက ဘာမဟုတ်တဲ့ ကစဉ့်ကလျားနန်းတော်တစ်ခုပဲကို… ငါတို့မြွေနဂါးကျွန်းအနေနဲ့ ဒီလိုမျိုး ကြီးမားတဲ့ အင်အားတစ်ရပ်ကို စုဖွဲ့သွားစရာ မလိုပါဘူး”

“ဒီသတင်း ပျံ့နှံ့သွားမယ်ဆိုရင် အဲဒါက မြွေနဂါးကျွန်းရဲ့ နာမည်ဂုဏ်သတင်းအပေါ် ထိခိုက်မှု ရှိလာလိမ့်မယ်”

“ဒုတိယအချက်၊ နန်းတော်အရှင် ကစဉ့်ကလျားရဲ့ ရတနာဓားနှစ်လက်က မဟာကောင်းကင်ဘုံသာလွန်သူတွေကို သတ်ဖြတ်နိုင်တယ်ဆိုမှတော့ ညီ-၈ က ကိုယ်တိုင်သွားမယ်ဆိုရင် သူက ထိခိုက်ဒဏ်ရာ ရရှိနိုင်ရုံတင်မကဘူး… အသက်အန္တရာယ်ပါ ကျရောက်နိုင်တယ်”

“ညီ-၈... ငါတို့တွေက ညီအစ်ကိုတွေပဲ… ငါတို့ရဲ့အသက်တွေက အဖိုးတန်တယ်… ငါ မင်းကို ထိခိုက်ဒဏ်ရာရတာ မမြင်ချင်ဘူး”

“ဟမ်း…”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီသည် ထိုစကားများက သာမန်ကာလျှံကာ ထွက်ကျလာခြင်းသာ ဖြစ်သည်ကို သိထားလေသည်။

သို့သော်လည်း သူသည် မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်၏ စကားကို ပေါ်ပေါ်ထင်ထင် မငြင်းဆန်နိုင်ပေ။

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက မေးလိုက်၏။

“အစ်ကို-၄... ခင်ဗျားက ဘာကို ဆိုလိုချင်တာလဲ… တာအိုပြယုဂ်နယ်ပယ်က ဂျူနီယာတစ်ယောက်ရဲ့ ရတနာကို လုယူဖို့အတွက် မင်းက အဖေ့ကို ကိုယ်တိုင်လှုပ်ရှားစေချင်လို့လား”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်က ပြုံးလိုက်၏။

“သွေးထွက်သံယိုဖြစ်စရာမလိုဘဲ နန်းတော်အရှင် ကစဉ့်ကလျားက သူ့ရဲ့ ရတနာဓားနှစ်လက်ကို နာခံစွာနဲ့ အဖေ့ဆီကို လာရောက်ကမ်းလှမ်းရမယ့် အစီအစဉ်တစ်ခု ငါ့မှာရှိတယ်”

“အို…”

မြွေနဂါးကျွန်းအရှင်က ထိုစကားကို ကြားသောအခါ စိတ်ဝင်တစားအမူအရာတစ်ခုကို ပြသလိုက်၏။

မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်က ဆက်ပြောလိုက်သည်။

“ငါတို့တွေက အဖေ့ရဲ့ နှစ်သန်းရှစ်ရာပြည့်မွေးနေ့ကို အသုံးချပြီး အနီးအနားဝန်းကျင်မှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို ဖိတ်ခေါ်နိုင်တယ်”

“နန်းတော်အရှင် ကစဉ့်ကလျားကိုလည်း သေချာပေါက် ထည့်တွက်ရလိမ့်မယ်”

“ဒီအစီအစဉ်မှာ ငါတို့အတွက် အကျိုးအမြတ် သုံးခုရှိတယ်”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်က ပြုံး၍ ပြောလိုက်၏။

“ပထမအချက်၊ နန်းတော်အရှင် ကစဉ့်ကလျားက ပါးရည်နပ်ရည်ရှိလို့ သူက ဖိတ်ခေါ်စာကို ရရှိပြီးတဲ့နောက် မွေးနေ့ပွဲကို ကောင်းကောင်းမွန်မွန် တက်ရောက်လာမယ်ဆိုရင် သူက မြွေနဂါးကျွန်းကို ရောက်တာနဲ့ သူ့ရဲ့ရတနာဓားနှစ်လက်ကို ထုတ်ပေးခိုင်းဖို့ ငါတို့မှာ နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရှိနေလိမ့်မယ်”

“ဒုတိယအချက်၊ သူက ပါးရည်နပ်ရည်မရှိလို့ လာရောက်ဖို့ ငြင်းဆန်မယ်ဆိုရင် အဲဒါက မလေးမစားပြုမူတာပဲ… မြွေနဂါးကျွန်းက သူတို့ကို တိုက်ခိုက်ချေမှုန်းဖို့အတွက် အကြောင်းပြချက်ကောင်းတစ်ခု ရသွားမယ်”

“တတိယအချက်၊ တခြားအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေက အဖေ့ရဲ့ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲကို လက်ဗလာနဲ့ လာရောက်ဖို့ မဖြစ်နိုင်ဘူး… သူတို့တွေက ရက်ရက်ရောရော လက်ဆောင်တွေကို သေချာပေါက် ပြင်ဆင်လာရလိမ့်မယ်… သူတို့ကြားမှာ အပြိုင်အဆိုင်တွေတောင် ရှိလာနိုင်တယ်”

“အဲဒီလက်ဆောင်တွေထဲမှာ တာအိုကြီးစိုးမှုနယ်ပယ်ကို အဖေတက်လှမ်းဖို့အတွက် အထောက်အကူဖြစ်စေနိုင်တဲ့ ရတနာတချို့ ပါလာနိုင်တယ်”

ခန်းမထဲမှ ပညာရှင်များက ထိုစကားကို ကြားသောအခါ သူတို့က သူ၏ ပြောင်မြောက်လှသော အစီအစဉ်ကို အသိအမှတ်ပြုချီးကျူးကာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြ၏။

မြွေနဂါးကျွန်းအရှင်ပင်လျှင် အတော်လေး ကျေနပ်အားရဖြစ်သွား၏။ သူက ချီးကျူးမှုတစ်စွန်းတစ်စနှင့်အတူ မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်ကို ကြည့်လိုက်၏။

ဤအစီအစဉ်သည် ခဲတစ်လုံးတည်းနှင့် ငှက်သုံးကောင်ကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဆိုနိုင်လေသည်။

ဒါ့အပြင် အကျိုးအမြတ်များအားလုံးက သူနှင့်ပတ်သက်နေသည်ကို ကြားရသောအခါ သူက စိတ်ကောင်းဝင်နေလေသည်။

သို့သော်လည်း မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီ၏ အမူအရာက ညိုမည်းနေ၏။

အစကတော့ ဤကိစ္စကို စတင်အကြံပြုခဲ့သူက သူဖြစ်လေသည်။ နောက်ဆုံးမှာတော့ အကျိုးဆောင်မှုများအားလုံးကို စကားလုံးအနည်းငယ်မျှနှင့် မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်က သိမ်းပိုက်ယူသွားလေသည်။

သူ့အဖေ၏ အမူအရာအရ သူသည် အစ်ကို-၄ ၏ အကြံပြုချက်ကို လက်ခံသဘောတူသွားသည်မှာ သိသာနေ၏။

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက မချင့်မရဲဖြစ်နေပြီး လှောင်ရယ်လိုက်၏။

“နန်းတော်အရှင်ကစဉ့်ကလျားက မွေးနေ့ဂုဏ်ပြုပွဲကို တက်ရောက်လာပေမဲ့ ရတနာဓားနှစ်လက်ကို ထုတ်မပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ”

“အဲဒါက သူ့အပေါ်မှာ မူတည်မနေတော့ဘူး”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“အဲဒီအချိန်ကျရင် အဖွဲ့အစည်းအမျိုးမျိုးက ခေါင်းဆောင်တွေက ရှိနေလိမ့်မယ်… ငါတို့က သင့်လျော်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ထားတာနဲ့ ငါတို့ ဘာမှလုပ်စရာမလိုဘဲ တစ်ယောက်ယောက်က သူ့ကို သတ်ဖြတ်ဖို့အတွက် ပေါ်ထွက်လာလိမ့်မယ်”

“နောက်ပြီး ကစဉ့်ကလျားနန်းတော်က ဒီနှစ်တွေထဲမှာ မြင့်မားတိုးတက်လာပြီးတဲ့နောက် အနီးအနားဝန်းကျင်က အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေ ရှိထားမှာပဲ”

“ကစဉ့်ကလျားနန်းတော်ကို စောင့်ကြည့်ဖို့အတွက် ဘေးပတ်ဝန်းကျင်က အဖွဲ့အစည်းတွေကို ငါ အမိန့်ပေးပြီး ခိုင်းထားလို့ရတယ်… အဲဒီလူက သူ့ရဲ့ရတနာဓားနှစ်လက်ကို ထုတ်မပေးဘူးဆိုရင် တခြားအဖွဲ့အစည်းတွေက ကစဉ့်ကလျားနန်းတော်ကို ဖျက်ဆီးပေးကြလိမ့်မယ်”

“ဒီလိုမျိုးအခြေအနေမှာဆိုရင် သူက ရွေးချယ်စရာမရှိဘဲ ရတနာဓားနှစ်လက်ကို ထုတ်ပေးရမှာပဲ”

မြွေနဂါးကျွန်းအရှင်က အသိအမှတ်ပြု ခေါင်းညိတ်လိုက်၏။

သူ၏ စတုတ္ထသားသည် နည်းဗျူဟာချမှတ်ရာမှာ တကယ်ပင် ထက်မြက်ပြီး ဖြစ်နိုင်ခြေရှိသော အခြေအနေများအားလုံးကို ကြိုတင်တွက်ချက်ထားလေသည်။

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက မုန်းတီးစွာဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။ သို့သော်လည်း သူက မည်သို့ပင် ဦးနှောက်ခြောက်မတတ် စဉ်းစားသည်ဖြစ်စေ၊ သူသည် ထိုအစီအစဉ်မှ အားနည်းချက်ကို ရှာမတွေ့နိုင်ဘဲ ညိုမည်းနေသော အမူအရာဖြင့် နှုတ်ဆိတ်နေရတော့၏။

ဤကိစ္စသည် အစက သူ၏ ကြိုးစားအားထုတ်မှု ဖြစ်ခဲ့ရပေမည်။ နောက်ဆုံးမှာတော့ မဟာကောင်းကင်ဘုံသာလွန်သူ လုံယင်က အမြတ်ထုတ်သွားခဲ့လေသည်။

မြွေနဂါးကျွန်းအရှင်က လက်ကာပြလိုက်၏။

“လုံယင်ပြောတဲ့အတိုင်း လုပ်လိုက်… အမိန့်ထုတ်ပြန်ပြီး ဘေးနားပတ်ဝန်းကျင်က အဖွဲ့အစည်းတွေဆီ ဖိတ်စာ ပို့လိုက်ကြ”

. . . . .

အသင်္ချေတောကောင်တောင်ကြောရိုးမှာ…

ပြီးခဲ့သည့်ဆယ်နှစ်မှာ အသင်္ချေတောကောင်တောင်ကြောရိုးသည် ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။

အစက ခြောက်ကပ်နေသော သွေးစွန်းမြေဆီလွှာက စိမ်းစိုလာပြီး တောင်ကြောရိုးများကြားမှာ ကြီးမားသော တောအုပ်များ ပေါ်ထွက်လာ၏။

သွေးမြစ်များက ကြည်လင်ရှင်းလင်းလာပြီး အထဲမှာ ငါးများ၊ ပုဇွန်များ ကူးခတ်နေကြ၏။ ၎င်းသည် အသက်ဓာတ်အားဖြင့် ပြည့်နှက်၍ အရာရာတိုင်းက ပြန်လည်ရှင်သန်လာသော မြင်ကွင်းတစ်ခုဖြစ်၏။

ဤအရာများအားလုံးသည် ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ကျင့်ကြံသည့်အခါ စုဝေးရောက်ရှိလာသော ကြီးမားလှသည့် ရင်းမြစ်ချီပမာဏကြောင့် ဖြစ်လေသည်။

ရှုလွေနှင့် အခြားသူများကတော့ ဆူဇီမိုသည် သာမန်လူသားတစ်ယောက် မဟုတ်သည်ကို ခပ်ရေးရေး ခန့်မှန်းမိနေကြပြီဖြစ်သည်။

သူတို့သည် ဆူဇီမို၏ ဘေးနားမှာ ကျင့်ကြံစဉ် ဘေးပတ်ဝန်းကျင်မှာရှိသော ရင်းမြစ်ချီက ပို၍ပင် ကြွယ်ဝသည်ကို သူတို့က ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်သည်။

ဒါ့အပြင် သူတို့၏ မျိုးဆက်သွေးနှင့် ဝိညာဉ်များ၏ အနက်ပိုင်းထဲမှာ ဆူဇီမိုအပေါ် ကြည်ညိုလေးစားစိတ်ကို ခံစားလာရလေသည်။

ဤသည်ကား မျိုးဆက်သွေးဆိုင်ရာ ဖိနှိမ်မှု၏ လက္ခဏာတစ်ရပ် ဖြစ်သည်။

ဤနေ့မှာ…

လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်ကနေ သတင်းပို့အဆောင်တစ်ခု ရောက်ရှိလာပြီး ဆူဇီမိုက တံခါးပိတ်ကျင့်ကြံရာကနေ နိုးထလာ၏။

ရှုလွေနှင့် အခြားနှစ်ယောက်က ဤနေရာကို ရောက်ရှိလာသည့်အတွက် အရေးကြီးကိစ္စ တစ်စုံတစ်ရာ ရှိရပေမည်။

ထိုသို့မဟုတ်လျှင် သူတို့သည် ဆူဇီမို၏ ကျင့်ကြံမှုကို ဟန့်တားနှောင့်ယှက်ကြလိမ့်မည် မဟုတ်ပေ။

ဤနှစ်များမှာ ကစဉ့်ကလျားနန်းတော်ကို ဘေးပတ်ဝန်းကျင် အဖွဲ့အစည်းများက ကျူးကျော်ခဲ့ကြ၏။

သို့သော်လည်း ဆူဇီမိုသည် မဟာကောင်းကင်ဘုံသာလွန်သူသုံးဦးကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့ပြီးနောက် ဘေးပတ်ဝန်းကျင်က တဖြည်းဖြည်း ငြိမ်သက်သွားခဲ့လေသည်။

ဤနှစ်များအားလုံးမှာ ကျင့်ကြံသူတချို့သည် ကစဉ့်ကလျားနန်းတော်သို့ ဝင်ရောက်လာကြသော်လည်း သူတို့မှာ ကောင်းကင်ဘုံသာလွန်သူပညာရှင်များ လစ်လပ်နေဆဲဖြစ်၏။

အသစ်ဝင်ရောက်လာသော ကျင့်ကြံသူများ၏ အမြင့်မားဆုံး ကျင့်ကြံမှုနယ်ပယ်က သာလွန်သူနယ်ပယ်မှာသာ ရှိလေသည်။

ဤကဲ့သို့သော အခြေအနေအောက်မှာ မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦး ပေါ်ထွက်လာပြီး တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများက မခုခံနိုင်သရွေ့ ဆူဇီမိုက ဝင်ပါရပေလိမ့်မည်။

ထို့သို့ဖြင့် ပြီးခဲ့သည့်ဆယ်နှစ်အတွင်း ဆူဇီမို၏ တံခါးပိတ်ကျင့်ကြံမှုသည် ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ အဆင့်ချိုးဖျက်တက်လှမ်းမည့် မည်သည့်လက္ခဏာမှ ပြသမလာခဲ့ပေ။

ဒါ့အပြင် ပြီးခဲ့သည့်ဆယ်နှစ်မှာ ဘေးပတ်ဝန်းကျင်အဖွဲ့အစည်းများ ကျူးကျော်လာသောအခါ ဆူဇီမိုအနေဖြင့် အချိန်မီရောက်ရှိဖို့ အချိန်တချို့ကို ယူရလေသည်။ ထိုအခါ ကစဉ့်ကလျားနန်းတော်အတွက် ပျက်စီးထိခိုက်မှုများစွာ ဖြစ်တတ်လေသည်။

“ကစဉ့်ကလျားနန်းတော်ရဲ့ အခြေခံအုတ်မြစ်က အားနည်းနေတုန်းပါလား”

ဆူဇီမိုက မျက်မှောင်ကြုတ်ကာ ကြိတ်၍သက်ပြင်းချလိုက်၏။

ယခုအချိန်မှာ ကစဉ့်ကလျားနန်းတော်တွင် အစစ်အမှန်ကောင်းကင်ဘုံသာလွန်သူ ပညာရှင်တစ်ဦးပင် မရှိပေ။

ဤအတိုင်းသာ ဆက်သွားလျှင် ကစဉ့်ကလျားနန်းတော်မှာ လူတိုင်းသည် တစ်ချိန်လုံး စိုးရိမ်ပူပန်နေရမည်သာမက သူပင်လျှင် အေးအေးဆေးဆေး ကျင့်ကြံနိုင်မည် မဟုတ်ပေ။

“နန်းတော်အရှင်…”

ထိုစဉ်မှာပင် ရှုလွေနှင့် အခြားနှစ်ယောက်က အနားကို ချဉ်းကပ်လာခဲ့ပြီဖြစ်ပြီး ညင်သာစွာ ခေါ်လိုက်၏။

ဆူဇီမိုက ငေးငိုင်ရာကနေ သတိပြန်ကပ်လာပြီး လောလောဆယ်မှာ သူ၏ အတွေးများကို ဖိနှိမ်လိုက်၏။

“ဘာကိစ္စရှိလို့လဲ”

ရှုလွေက လက်နှစ်ဖက်ဖြင့် အနီရောင်ဖိတ်စာတစ်စောင်ကို ကမ်းပေးပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အခုပဲ မြွေနဂါးကျွန်းက လူတစ်ယောက် ဖိတ်စာ လာပို့သွားပါတယ်”

“မြွေနဂါးကျွန်းအရှင်က သူ့ရဲ့ နှစ်သန်းရှစ်ရာပြည့် မွေးနေ့ဂုဏ်ပြုစားသောက်ပွဲကို ကျင်းပနေတယ်လို့ ပြောတယ်… သူတို့တွေက ခင်ဗျားကို လာပြီးဖိတ်တာပဲ”

“မြွေနဂါးကျွန်းအရှင်ရဲ့ မွေးနေ့ပွဲလား...”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်သည်။

ဤနှစ်များမှာ သူသည် ဘေးပတ်ဝန်းကျင် အဖွဲ့အစည်းများ၏ ရပ်တည်ပုံနှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သဘောပေါက်ထားသည်။

မြွေနဂါးကျွန်းသည် ဘေးပတ်ဝန်းကျင်မှာ အသန်မာဆုံး ဒုတိယတန်းစားအဖွဲ့အစည်း ဖြစ်လေသည်။

အသင်္ချေတောချေတောင်ကြောရိုးနှင့် မဟူရာဆိတ်တောင်ကြောရိုး၊ တစ်ခါက ကစဉ့်ကလျားနန်းတော်နှင့် ပဋိပက္ခများ ရှိခဲ့သော ဧရာမစိတ်ဝိညာဉ်တောင်ကြား၊ ဆန်းကြယ်ငှက်တောအုပ်နှင့် အေးခဲဆီးနှင်းလွင်ပြင်ကဲ့သို့ ဒုတိယတန်းစားအဖွဲ့အစည်းများကတော့... သူတို့အားလုံးသည် မြွေနဂါးကျွန်းအပေါ် လေးစားမှုထားရလေသည်။

သူသည် မြွေနဂါးကျွန်းအရှင်၏ မွေးနေ့ဂုဏ်ပြုပွဲကို တက်ရောက်ဖို့ စိတ်ဝင်စားခြင်းမရှိပေ။

သူ့အတွက်တော့ ဤကဲ့သို့သောအရာသည် အချိန်ဖြုန်းမှုတစ်ခုမျှသာဖြစ်၏။ သူသည် တံခါးပိတ်ကျင့်ကြံပြီး တာအိုပြယုဂ်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့သာ ပို၍ စိတ်အားထက်သန်နေ၏။

သို့သော်လည်း သိပ်မကြာခင် ဆူဇီမိုက တစ်စုံတစ်ရာကို တဖြည်းဖြည်း နားလည်သဘောပေါက်သွား၏။

တစ်ခုခု လွဲမှားနေပြီ...

သူသည် မွေးနေ့ဂုဏ်ပြုပွဲဟု ခေါ်ဆိုသော ထိုပွဲကို မတက်ရောက်ဘူးဆိုလျှင် သူသည် မြွေနဂါးကျွန်းကို သေချာပေါက် ဆန့်ကျင်မိသွားပေလိမ့်မည်။

မြွေနဂါးကျွန်းသည် ဤသည်ကို အကြောင်းပြချက်အဖြစ်သုံးပြီး တိုက်ခိုက်ဖို့အတွက် စစ်တပ်တစ်တပ်ကို စေလွှတ်မည်ဆိုလျှင် သူ၏လက်ရှိကျင့်ကြံမှုနယ်ပယ်အရ သူ၏ မျိုးဆက်သွေးကို အသုံးပြုခြင်းမရှိလျှင် အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ သူ့မှာ သေချာပေါက် အနိုင်ရဖို့ အခွင့်အရေးမရှိပေ။

သူက အဝီစိဓားနှင့် တမလွန်ဓားကို ဆင့်ခေါ်မည်ဆိုလျှင်တောင် အနိုင်ရဖို့ အာမခံချက် မရှိပေ။

သို့သော်လည်း သူက သူ၏ မျိုးဆက်သွေးကို ထုတ်ဖော်ပြီး သူ၏ အစစ်အမှန်သရုပ်သကန် ပေါက်ကြားစေမည်ဆိုလျှင်လည်း ပို၍ပင် ဒုက္ခများပေလိမ့်မည်။

All Chapters