တစ်ကိုယ်တည်းသွားခြင်း
Vol. 216 Ch. 3269
ပို၍အရေးပါသည်မှာ မြွေနဂါးကျွန်းသည် တိုက်ခိုက်ဖို့အတွက် စစ်တပ်တစ်တပ်ကို စုစည်းလာမည်ဆိုလျှင် ကစဉ့်ကလျားနန်းတော်သည် သူတို့၏ လက်ရှိအခြေခံအုတ်မြစ်နှင့်ခွန်အားအရ လုံးဝခုခံနိုင်မည် မဟုတ်ပေ။ သူ့မှာ ဝှက်ဖဲများစွာရှိလေသည်။ အလွန်ဆုံး သူသည် သူ၏ အစွမ်းကုန်နှင့် တိုက်ခိုက်ရုံသာဖြစ်၏။
အနည်းဆုံးတော့ သူသည် ဤနေရာကနေ ထွက်ပြေးတိမ်းရှောင်နိုင်ပြီး မည်သူကမှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကစဉ့်ကလျားနန်းတော်မှ လူတိုင်းသည် အကုန်ရှင်းလင်းခံရပေလိမ့်မည်။
တကယ်တော့ ဤသည်မှာ သူတွေးထင်ထားသည့် အဆိုးဝါးဆုံးဖြစ်နိုင်ခြေဖြစ်သည်။
“ဒီတစ်ခေါက်မြွေနဂါးကျွန်းက အနီးနားဝန်းကျင်က ဒုတိယတန်းစားအဖွဲ့အစည်းပေါင်း ရာချီဆီ ဖိတ်စာတွေပို့ထားတယ်လို့ ငါကြားတယ်… ဒီမွေးနေ့ဂုဏ်ပြုစားသောက်ပွဲက သေချာပေါက် စည်ကားသက်ဝင်နေမှာပဲ… သူရဲကောင်းတွေအများကြီးလည်း စုဝေးရောက်ရှိနေကြလိမ့်မယ်”
မုံ့ရှစ်က အနည်းငယ် စိတ်လှုပ်ရှားတက်ကြွနေ၏။
“မြွေနဂါးကျွန်းအရှင်က ငါတို့ဆီ ဖိတ်စာတစ်စောင်ပို့လိုက်တယ်ဆိုတာ ကစဉ့်ကလျားနန်းတော်ကို အသိအမှတ်ပြုထားပြီး ငါတို့ရဲ့ နန်းတော်အရှင်ကို မြင့်မြင့်မားမား သတ်မှတ်ထားလို့ပဲ”
ချန်ချင်းဟယ်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်၏။
“ငါတို့တွေ သူ့ရဲ့မွေးနေ့ကို ဂုဏ်ပြုပေးဖို့ မြွေနဂါးကျွန်းကို သွားကြမယ်ဆိုရင် ငါတို့လက်ဗလာနဲ့ သွားလို့တော့မဖြစ်ဘူး… ငါတို့ လက်ဆောင်တချို့ပြင်ဆင်ရလိမ့်မယ်”
“ဘာပဲပြောပြောဒါက ကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲပဲ… မြွေနဂါးကျွန်းက အဲဒါကိုသေချာပေါက် အလေးအနက်ထားလိမ့်မယ်… ငါတို့တွေက အရှက်မရအောင် အတော်အတန်ကောင်းမွန်တဲ့လက်ဆောင်တွေကို ကမ်းလှမ်းမှရမယ်”
ရှုလွေက ခေါင်းခါလိုက်၏။
“အရင်တုန်းက ကစဉ့်ကလျားနန်းတော်က နေရာတိုင်းမှာ ထွက်ပြေးနေရတာ… ငါတို့က မကြာသေးခင်ကမှ အသင်္ချေတောကောင်တောင်ကြောရိုးမှာ အခြေချနိုင်ခဲ့တာပဲ… ငါတို့မှာ ဘယ်လိုလုပ် ကောင်းမွန်တဲ့လက်ဆောင်ရှိပါ့မလဲ”
“ငါတို့ ကျောက်စိမ်းရေသန္တာကျောက်ကိုယူသွားလို့ရတယ်”
ဆူဇီမိုက ပြောလိုက်သည်။
မဟာကောင်းကင်ဘုံသာလွန်သူတောခွေး၏ သိုလှောင်အိတ်ထဲမှာ နှစ်ပေါင်းဘီလီယံချီသက်တမ်းရှိသည့် ကျောက်စိမ်းရေသန္တာကျောက်ရှိပြီး ၎င်းကို ရေတာအိုမှော်စာလုံးတချို့က လွှမ်းခြုံထားလေသည်။
ရေမဟာတာအိုကို ကျင့်ကြံသော ကျင့်ကြံသူများအတွက် ၎င်းသည် ဉာဏ်အလင်းဖွင့်ရန် ကူညီပေးနိုင်လေသည်။
ရှုလွေနှင့် အခြားသူများ၏ မျက်လုံးများက ရင်နာနေသောအကြည့်များကို ထုတ်ဖော်လိုက်ကြ၏။
သူတို့သုံးယောက်သည် ရေမဟာတာအိုကို ကျင့်ကြံခြင်းမရှိဘဲ နောက်ပိုင်းမှာ အဲဒါကို အသုံးမပြုနိုင်ပေ။
သို့သော်လည်း ဤကဲ့သို့ အကြွင်းအကျန်မှော်စာလုံးများသည် တာအိုသုံးသပ်မှုနယ်ပယ်ပညာရှင်များအတွက် ရှားရှားပါးပါးရတနာများဖြစ်လေသည်။
ချန်ချင်းဟယ်က ပြုံး၍ပြောလိုက်၏။
“အဲဒီရတနာနဲ့ဆို မြွေနဂါးကျွန်းအရှင်က ငါတို့နန်းတော်အရှင်ရဲ့ စိတ်ရင်းမှန်ကန်မှုကို သေချာပေါက်အာရုံခံမိမှာပဲ… သူက ကောင်းမွန်တဲ့ ပစ္စည်းတချို့ကိုတောင်မှ ပြန်ပေးနိုင်တယ်”
“နန်းတော်အရှင်…”
မုံ့ရှစ်က စိတ်အားထက်သန်စွာဖြင့်မေးလိုက်၏။
“ခင်ဗျား ဒီတစ်ခေါက် လူဘယ်လောက်များများ ခေါ်သွားမှာလဲ… ကျုပ်ကိုလည်းခေါ်နော်… ကျုပ်က မြွေနဂါးကျွန်းကို အရင်ကတစ်ခါမှ မရောက်ဖူးဘူး… နောက်ပြီး ကျုပ်က ဒီလောက်များတဲ့ ကောင်းကင်ဘုံသာလွန်သူတွေရဲ့အစုအဝေးကိုလည်း မတွေ့မြင်ဖူးဘူး”
“ဒီတစ်ခေါက် ငါတစ်ယောက်တည်းသွားမှာ”
ဆူဇီမိုက ညင်သာစွာခေါင်းခါပြလိုက်၏။ သူ၏အမူအရာက တည်ငြိမ်နေပြီး သူ၏ လေသံက မှင်သေသေဖြင့်ရှိနေသော်လည်း မေးခွန်းမထုတ်နိုင်သောစွမ်းအားတစ်ခု ပါဝင်နေ၏။
သူတစ်ယောက်တည်းသာဆိုလျှင် သူသည် ရှုပ်ထွေးသောအခြေအနေတစ်ရပ်ကို ကိုင်တွယ်နိုင်လေသည်။
သူသည် ရှုလွေနှင့်အခြားသူများကို ခေါ်ဆောင်သွားမည်ဆိုလျှင် သူ့အနေဖြင့် ပို၍ စိုးရိမ်ပူပန်ရပေလိမ့်မည်။
မုံ့ရှစ်က ချက်ချင်းပင် မျက်နှာညှိုးသွား၏။
ချန်ချင်းဟယ်က ပြုံး၍ ပြောလိုက်၏။
“ဂျူနီယာမောင်မုံ့… ကစဉ့်ကလျားနန်းတော်ကို စောင့်ကြပ်ဖို့က အရေးကြီးဆုံးကိစ္စပဲ… တာအိုသုံးသပ်မှုနယ်ပယ်ကို တတ်နိုင်သမျှမြန်မြန်ရောက်အောင် ကျင့်ကြံ… နောက်ပိုင်း ဒီလိုမျိုးကိစ္စတွေထပ်ပြီးပေါ်လာမယ်ဆိုရင် နန်းတော်အရှင်က နင့်ကို သေချာပေါက် ခေါ်သွားလိမ့်မယ်”
တစ်စုံတစ်ရာကို ပြောနိုင်သည့်အလား ရှုလွေက အကဲစမ်းမေးမြန်းလိုက်၏။
“နန်းတော်အရှင်… ခင်ဗျား တစ်ခုခုကို စိုးရိမ်နေတာလား”
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
မြွေနဂါးကျွန်းအရှင်၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲမှာ နောက်ထပ်ရည်ရွယ်ချက်တွေ ရှိနေနိုင်မလား။
ရှုလွေက ဖြစ်နိုင်ခြေတစ်ခုကို တွေးပြီး ထိတ်လန့်သွား၏။
“ဒါက မွေးနေ့ဂုဏ်ပြုစားသောက်ပွဲတစ်ခုဆိုတာထက် ပိုနေလောက်တယ်… နန်းတော်အရှင် ခင်ဗျား ဖိတ်ခေါ်ချက်ကို ငြင်းပယ်လိုက်ပါလား”
“အဲဒါကို ငြင်းဖို့ကလည်း မသင့်လျော်ဘူး”
ဆူဇီမိုက သူ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြလာ၏။
ရှုလွေက ပြောလိုက်၏။
“မြွေနဂါးကျွန်းက ကျုပ်တို့ကို ထိခိုက်အောင်လုပ်ဖို့ တကယ်ပဲ ရည်ရွယ်ချက်ရှိနေတယ်ဆိုရင်… ခင်ဗျားက ရွေးချယ်စရာမရှိဘဲ ဒီခရီးကို သွားရမယ်ဆိုရင် အဲဒါက ခြင်္သေ့တစ်ကောင်ရဲ့ သားရဲတွင်းထဲကို ဝင်ရောက်သွားတဲ့ သိုးတစ်ကောင်လိုဖြစ်နေလိမ့်မယ်”
ချန်ချင်းဟယ်ကလည်း တုံ့ပြန်လိုက်၏။
“ငါတို့ ကစဉ့်ကလျားနန်းတော်နဲ့ ရန်ငြိုးရန်စရှိထားတဲ့ ဧရာမ စိတ်ဝိညာဉ်တောင်ကြား၊ ဆန်းကြယ်ငှက်တောအုပ်နဲ့ အေးခဲဆီးနှင်းလွင်ပြင်က ခေါင်းဆောင်တွေကလည်း အဲဒီမှာရောက်ရှိနေမှာပဲ… သူတို့တွေအားလုံးက မဟာကောင်းကင်ဘုံသာလွန်သူတွေပဲ… သူတို့က အခွင့်အလမ်းကိုချိန်ဆပြီး ပြဿနာရှာမလာဘူးလို့ အာမမခံနိုင်ဘူး”
“အဲဒါက အဓိက မဟုတ်သေးဘူး”
ရှုလွေက တည်တံ့သောအမူအရာဖြင့် ပြောလိုက်၏။
“မြွေနဂါးကျွန်းအရှင်က အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးပဲ… သူက နှစ်ပေါင်းများစွာကျော်ကြားလာခဲ့တာ… သူ့မှာ တကယ်တမ်း သတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိမယ်ဆိုရင် နောက်ပိုင်းဆက်ဖြစ်လာမှာတွေကို စဉ်းစားကြည့်လို့တောင်မရဘူး”
“အဆင်ပြေပါတယ်”
ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။
“ငါ… ထွက်သွားချင်တယ်ဆိုရင် မြွေနဂါးကျွန်းမှာ ဘယ်သူကမှ ငါ့ကို မတားနိုင်ဘူး”
အခြားတစ်ယောက်ယောက်က ထိုစကားကိုပြောမည်ဆိုလျှင် အဲဒါသည် အလွန်တရာရယ်စရာကောင်းသည်ဟု သူတို့သေချာပေါက် ခံစားရပေလိမ့်မည်။
တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်းမှာရှိသော သာလွန်သူတစ်ဦးက ဤကဲ့သို့ မောက်မာဝင့်ကြွားသောစကားကို ဘယ်လိုလုပ်ပြောဆိုနိုင်ပါ့မလဲ။ သို့သော်လည်း ဆူဇီမိုမှာ လက်ခံယုံကြည်စေနိုင်သော စွမ်းအားတစ်ခုရှိနေ၏။ ရှုလွေနှင့်အခြားနှစ်ယောက်သည် ဆူဇီမို၏နည်းလမ်းများကို သူတို့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးလေသည်။
မဟာကောင်းကင်ဘုံသာလွန်သူများပင် သူ၏ အလွယ်တကူသတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
နန်းတော်အရှင်က အန္တိမကောင်းကင်ဘုံသာလွန်သူတွေကို ရင်ဆိုင်နိုင်တဲ့ တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်နေပြီလား။
ဆူဇီမိုအတွက်တော့ အဆိုးဝါးဆုံးအခြေအနေက သူ၏ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို ပေါက်ကြားစေရခြင်းပင်။
“ငါ ထွက်သွားပြီးရင် ရင်းမြစ်သတ္တုတွင်းဆယ့်နှစ်ခုက ကျင့်ကြံသူတွေအားလုံးကို ပြန်ခေါ်ဖို့အမိန့်ထုတ်လိုက်… သူတို့ကို ဒီတောင်ထွတ်ပေါ်မှာ စုဝေးခိုင်းထားလိုက်”
ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒီတောင်ထွတ်ရဲ့ဘေးပတ်လည်မှာ ငါခင်းကျင်းထားတဲ့ ကန့်သတ်အစီအရင်ဝင်္ကပါတွေရှိတယ်… တခြားတစ်ခုခု ဖြစ်လာမယ်ဆိုရင် အဲဒါတွေက ခံစစ်စီးကြောင်းတစ်ခုအဖြစ် အသက်ဝင်လာလိမ့်မယ်”
“နန်းတော်အရှင် တစ်ယောက်ယောက်က ဒီအခွင့်အလမ်းကို ချိန်ဆပြီး ကစဉ့်ကလျားနန်းတော်ကို ထိခိုက်အောင်လုပ်လာမှာ ခင်ဗျားစိုးရိမ်နေတာလား”
ရှုလွေက ချက်ချင်းပင် တုံ့ပြန်လိုက်၏။
“အဲဒါက ဖြစ်နိုင်ခြေတစ်ခုပါပဲ”
ဆူဇီမိုကပြောလိုက်၏။
“တကယ်တော့ ငါအတွေးလွန်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်”
“ကျုပ်တို့က ရင်းမြစ်သတ္တုတွင်းဆယ့်နှစ်ခုစလုံးကို လက်လွှတ်လိုက်ရမှာလား”
မုံ့ရှစ်က အနည်းငယ်ဝန်လေးနေ၏။
“အကုန်လုံးပြီးသွားရင် သိပ်မကြာဘူး ငါပြန်လာခဲ့မယ်”
ဆူဇီမိုက ပြောလိုက်၏။
“ဒီအချိန်အတောအတွင်းမှာ ရင်းမြစ်သတ္တုတွင်းဆယ့်နှစ်ခုကို ဘယ်သူကမှ မသိမ်းပိုက်လောက်ပါဘူး”
“သူတို့တွေကို သိမ်းပိုက်ထားမယ်ဆိုရင်လည်း ငါပြန်လာတာနဲ့ အဲဒါကို ပြန်ယူပေးနိုင်တယ်”
ရှုလွေက ခေါင်းညိတ်လိုက်၏။
မွေးနေ့ဂုဏ်ပြုစားသောက်ပွဲ၏ နောက်ကွယ်မှာ တစ်ခုခုရှိနေပြီး ဤကိစ္စသည် ကစဉ့်ကလျားနန်းတော်၏ ရှင်သန်နိုင်မှုနှင့် ပတ်သက်နေဖို့များသည်ကို သူက အာရုံခံမိနေပြီဖြစ်၏။
“နန်းတော်အရှင်.. ခင်ဗျား အဲဒီမွေးနေ့ပွဲကို မသွားပါနဲ့တော့လား… ကျုပ်တို့တွေ အခုပဲထွက်ပြေးကြတာပေါ့”
ဆူဇီမိုက မွေးနေ့ဂုဏ်ပြုပွဲကို တစ်ယောက်တည်းတက်ရောက်မည်ဆိုလျှင် တစ်ခုခုဖြစ်လာမည်ကို မုံ့ရှစ်က စိုးရိမ်လာ၏။
“အဆင်ပြေပါတယ်”
ဆူဇီမိုက ညင်သာစွာပြုံးပြလိုက်၏။
ချန်ချင်းဟယ်က ပေါ့ပေါ့ပါးပါးပုံစံဖြင့် ဟန်ဆောင်ပြုံးပြလိုက်၏။
“နန်းတော်အရှင်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားရုံပါပဲ… ဒါက ရိုးရှင်းတဲ့ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲတစ်ခုဖြစ်ပြီး ဘာအန္တရာယ်မှမရှိတာလည်း ဖြစ်နိုင်တာပဲ”
“ငါလည်း အဲလိုမျှော်လင့်တာပဲ”
မုံ့ရှစ်က တီးတိုးရေရွတ်လိုက်၏။
သူတို့သုံးယောက်က နောက်သို့ဆုတ်ခွာသွားပြီး အသင်္ချေတောကောင်တောင်ကြောရိုး၏ ဘေးပတ်လည်မှာဖြန့်ကြက်ထားသည့် ကျင့်ကြံသူများစွာကို ဆူဇီမို၏ လှိုဏ်ဂူခန်းဝါရှိရာ တောင်ထွတ်ဆီသို့ စတင်၍ ခေါ်ယူစုဝေးလိုက်၏။
ဆူဇီမို၏ အချိန်နှင့်စွမ်းအင်က အကန့်အသတ်ရှိနေသည်။
အသင်္ချေတောကောင်တောင်ကြောရိုး၏ ပိုင်နက်နယ်မြေက အရမ်းကိုကြီးမားပြီး သူသည် ကန့်သတ်အစီအရင်ဝင်္ကပါများနှင့်အတူ အသင်္ချေတောကောင်တောင်ကြောရိုးတစ်ခုလုံးကို ဖုံးလွှမ်းဖို့ အချိန်များစွာမရပေ။
ပြီးခဲ့သည့် ဆယ်နှစ်မှာ သူသည် ဤတောင်ထွတ်၏ ဘေးပတ်လည်မှာသာ အစီအရင်ဝင်္ကပါတချို့ကိုသာ ခင်းကျင်းထားခဲ့ရလေသည်။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် တင်းခြောက်ပါးနှင့်ကျားခြောက်ပါး နတ်ဘုရားဆယ့်နှစ်ပါးကို ဆင့်ခေါ်ပြီး တောင်ထွတ်၏ ဝင်္ကပါမျက်လုံးဆယ့်နှစ်ခုကို စောင့်ကြပ်စေလိုက်၏။
ဆူဇီမိုသည် တောင်ထွတ်၏ ဘေးပတ်လည်မှာ ကန့်သတ်အစီအရင်ဝင်္ကပါများကို ထပ်မံအားဖြည့်ဖို့အတွက် နောက်ထပ်အချိန်တစ်ရက်ယူလိုက်၏။
အရာရာတိုင်းကို စီစဉ်ပြီးနောက် ဆူဇီမိုက မြွေနဂါးကျွန်းသို့ တစ်ယောက်တည်းထွက်ခွာသွားလေသည်။
မြွေနဂါးကျွန်းသည် အလွန်တရာကျယ်ပြောသော ပင်လယ်ထဲမှာ တည်ရှိနေ၏။
၎င်းကို စီတန်းနေသော ကျွန်းများဖြင့် ဖွဲ့စည်းထားလေသည်။ အဝေးကနေ ကြည့်လျှင် ၎င်းသည် ခမ်းနားသောအော်ရာတစ်ခုနှင့်အတူ ပင်လယ်ရေမျက်နှာပြင်ကိုသိမ်းပိုက်ထားသည့် ဧရာမမြွေနဂါးတစ်ကောင်နှင့်တူနေ၏။
ဆူဇီမိုက ဤပင်လယ်ဧရိယာသို့ ရောက်ရှိလာသည့်ခဏမှာပင် သူသည် မြွေနဂါးကျွန်းမှ အစောင့်တပ်သားတစ်အုပ်စုကို တွေ့မြင်လိုက်ရ၏။ သူတို့၏ ခေါင်းဆောင်ဖြစ်သူက တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်းမှာရှိသော သာလွန်သူတစ်ဦးပင် ဖြစ်လေသည်။
ကစဉ့်ကလျားနန်းတော်၏ အမည်ကို ထုတ်ဖော်ပြောဆိုပြီးနောက် အစောင့်တပ်မှူးသည် သူ့မျက်လုံးအနက်ပိုင်းထဲရှိ အထင်အမြင်သေးသော အငွေ့အသက်တစ်ခုနှင့်အတူ ဆူဇီမိုကို အကဲခတ်ကြည့်နေ၏။
သူတို့နှစ်ယောက်စလုံးသည် ကျင့်ကြံမှုနယ်ပယ်တူပြီး ဆူဇီမိုက နန်းတော်အရှင်တစ်ဦးဖြစ်လျှင်တောင် ဤအစောင့်တပ်မှူးသည် ဆူဇီမိုကို အထင်အမြင်သေးဖို့ ယုံကြည်မှုရှိနေ၏။
သူသည် မြွေနဂါးကျွန်း၏ အစောင့်တပ်မှူးတစ်ယောက်ဖြစ်နေသောကြောင့်ပင်။
သူတို့၏ နောက်ခံများက သူတို့၏ အဆင့်အတန်းများကို အဆုံးအဖြတ်ပေးလေသည်။
“ငါ့နောက်က လိုက်ခဲ့”
အစောင့်တပ်မှူးက ဆူဇီမိုကို အခက်တွေ့အောင်မလုပ်ဘဲ အေးစက်စွာဖြင့်သာပြောလိုက်၏။
“မင်းလာတာ နောက်ကျနေတယ်… ခေါင်းဆောင်တွေအားလုံးက ဒီမှာရောက်နေကြပြီ”
ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး ထိုလူကို လျစ်လျူရှုထားသည်။
အစောင့်တပ်မှူး၏ ဦးဆောင်မှုဖြင့် ဆူဇီမိုသည် နဂါးဦးခေါင်းရှိရာနေရာကို ကိုယ်စားပြုသည့် ကျွန်းပေါ်သို့ ရောက်ရှိလာ၏။ နောက်ဆုံးမှာ သူသည် ကြီးမား၍ ခမ်းနားထည်ဝါသော မြွေနဂါးခန်းမကို တွေ့မြင်လိုက်ရလေသည်။